Wednesday, February 28, 2018

Date မိ ကြိုက်မိတယ် ပြီးတော့ RS ချိတ်ကြမယ်

First Dating


Perfect First Date


Do and Don't


Attraction


Same-Sex Relationship


Longtern Relationship


Q & A


Friday, February 16, 2018

Expected Visit, with Surprises


ကျွန်တော် ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ အလယ်အလတ်အဆင့်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှာ အလုပ်လုပ်ဖို့ ပြောင်းရွှေ့နေထိုင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်လုပ်မယ့်အလုပ်ကလည်း အဲ့ဒီနိုင်ငံမှာ အလုပ်ရာထူးလစ်လပ်မှုဖြစ်ခဲ့တာကိုး။ ကျွန်တော်နေထိုင်တာနဲ့ မနီးမဝေးမှာ နေထိုင်ကြတဲ့ အတွဲတစ်တွဲနဲ့သူငယ်ချင်းဖြစ်ခဲ့ပါတယ် သူတို့ကလိင်တူချစ်သူတွေပါ။ ဖီလစ်ကတော့ အောက်ချိုင့်ထဲကို ဆင်းသွားရတဲ့နေရာက တိုက်ခန်းမှာနေသလို Victor ကတော့ blocks အနည်းငယ်ဝေးတဲ့နေရာမှာနေထိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့ Victor နဲ့က မကြာခဏဆိုသလိုပိုတွေ့ဖြစ်ရပါတယ် အလုပ်ဌာနတူတာကော စားသောက်နေထိုင်တဲ့ပုံစံသဘောညီနေကြတာကြောင့်လဲဖြစ် မယ်။ ကျွန်တော့်လို တိုင်းတစ်ပါးကပြောင်းလာကြသူများမဟုတ်ဘဲ ဌာနေတိုင်းရင်းသားတွေဖြစ်ကြပါတယ်။ ညနေဘက် သူတို့ဘာသာစကားကို သိပ်မဝေးတဲ့ တက္ကသိုလ်တစ်ခုမှာ ကျွန်တော်သွားသွားတက်ဖို့လည်း အကူအညီရတယ်ဗျ။

ဗစ်တာက ကျွန်တော်ရယ် ဖိလစ်ရယ် နှစ်ယောက်ထက်ပိုပြီးကြည့်ကောင်းသူပါ။ ဖိလစ်ကတော့ သာမန်ရုပ်ရည်မျိုးပဲပိုင်ဆိုင်သူပါပဲ။ သူတို့ နှစ်ယောက်ကို ကျွန်တော့်သူငယ်ချင်းအဖြစ်ထက်ပိုပြီးမြင်ကြည့်လို့မရခဲ့ဘူးထင်တယ်။ ဗစ်တာရဲ့အသားအရေက တော်တော်ညိုမောင်း ပါတယ်။ စိုပြေတာတော့ရှိတာပေါ့။ မျက်ခုံးမွှေးခပ်ထူထူနဲ့ ဆံပင်တွေက ကောက်ကွေးသေးတယ်…နှုတ်ခမ်းအစုံကတော့ တော်တော် sexy ကျတယ်…..မေးရိုးတွေကခိုင်မာသလို မျက်ဝန်းတွေကလည်း အမြဲလို ရယ်မြူးနေတာပါပဲ။ သူ့အဖေက လူဖြူတစ်ယောက်ဖြစ်ပြီး တော့ သူ့အမေက စပိန်စကားပြောတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။ သူ ဂေးဖြစ်နေခြင်းအပေါ် မိဘနှစ်ပါးစလုံးက အေးဆေးပဲဗျ။ သူ့ကိုယ်သူ ယုံကြည်ချက်ပြင်းထန်တာကော သူ့အသွင်အပြင် သူ့လိင်စိတ်ခံစားချက်အပေါ် သက်သောင့်သက်သာဖြစ်နေတာကိုရော ကျွန်တော် တော်တော်သဘောကျပါတယ်။ ကျွန်တော်ဘာဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြဖြစ်ခဲ့တာ သိပ်တော့မကြာသေးပေမဲ့ သူက ရည်းစားရှာဖို့ကူညီရမလား အလျင်စလိုမလုပ်နဲ့စသဖြင့် စနောက်နေသေးတာလေ။

ဒီနိုင်ငံရဲ့ ပထမဆုံး နွေရာသီအတွေ့အကြုံကာလလေးမှာ တိုက်ခန်းလေးတစ်ခန်းကို အရစ်ကျစနစ်နဲ့ ကျွန်တော်စ၀ယ်ဖြစ်တယ်။ အဲ့ဒီ နောက်တော့ ကျွန်တော်တို့သုံးယောက်ဟာ တိုက်ခန်းရဲ့အနောက်ဘက် ဥယျာဉ်လေးထဲမှာ အမြဲလိုလိုတွေ့ဆုံဖြစ်ကြတယ်ဆိုပါတော့။ ရေကူးကန်လေးလည်းပါတယ် အားကစားခန်းမလည်း ပထမထပ်လောက်မှာပါတယ်ဆိုတော့လေ။ နွေရာသီကတော်တော်လှတယ်ဗျ သိပ်လည်းမပူသလို အရမ်းကြီးလည်း မအေးဘူးနော်။ ဖိလစ်နဲ့ ဗစ်တာက ရေကူးကန်ထဲမှာ ဘာမှမ၀တ်ဘဲ ရေကူးကြဖို့မကြာခဏ ပြောကြတယ်။ ကျွန်တော့်ခန္ဓာကိုယ်က သူတို့ထက် လှပတောင့်တင်းပေမယ့် အခြားသော ဂေးတွေရဲ့ရှေ့မှာအ၀တ်မဲ့ဖြစ်ဖို့တော့ ကိုယ့် ဘာသာမလုံခြုံသလို ခံစားရလို့ပါ။ အဲ….ကျွန်တော်နဲ့သိပ်မရင်းနီးသေးတဲ့ လူတစ်ယောက်နဲ့တော့ အမှောင်ထဲမှာ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး ချစ်သူငယ်ချင်းနှစ်ယောက်ရဲ့ရှေ့မှာ အ၀တ်မဲ့နေဖို့ကိုတော့ နည်းနည်း လန့်သလိုလို ရှက်သလိုလိုခံစားရပါရဲ့။

တစ်ရက်သော စနေနေ့ နေ့လည်ပိုင်းဝယ် ဗစ်တာနဲ့ ဖြစ်ပျက်ပတ်သက်မှုတစ်ခုမမျှော်လင့်ဘဲဖြစ်ခဲ့ပါတယ်။ Margaritas တစ်ခရားထည့် ထားတဲ့ ရေခဲပုံးလေးတစ်ပုံးကို သက်တန့်ရောင်ထီးကြီးအချို့ဖွင့်ထားတဲ့ ခုံစောင်းတွေနားထားထားတယ်….ပြီးတော့ စားစရာသစ်သီး အချို့ထည့်ထားတဲ့ ဗန်းကြီးကိုယူကာပြန်လာတော့ ဖီလစ်ကို သူဝတ်နေကျရေကူးဘောင်းဘီရယ် တီရှပ်တစ်ထည်ရယ်ဝတ်လျက်သား ရေကူးကန်နား တကြွကြွတွေ့ရရော။ ‘ဖိလစ်….ဒီနေ့တော့ ရေမကူးတော့ဘူးလေ’ အဲဒီစကားကို ဗစ်တာနဲ့ ကျွန်တော်မတိုင်ပင်ပဲ တစ်ပြိုင်တည်းလိုပြောမိတာပါ။ တိုင်ပင်ကိုက်သလိုရယ်မိကြစဉ်မှာပဲ ဖန်ခွက်တွေထဲ သောက်စရာကိုငှဲ့ထည့်ပေးကာ သူတို့နှစ်ယောက် ကို ကမ်းပေးလိုက်ပါတယ်။ “Thanks” ပါတဲ့။ ဖိလစ်က ကျွန်တော်တို့နှစ်ယောက်နဲ့မျက်နှာချင်းဆိုင် ခုံမှာထိုင် တစ်စိမ့်စိမ့် စကားမပြော ဘဲ သောက်ပါရော။ ရေကူးကန်ဆိုလို့အကြီးကြီးမမှတ်ပါနဲ့ တိုက်ခန်းနဲ့လိုက်သလောက်ကျယ်ပြီး အနက်ကလည်း ၅ပေလောက်ထိ ပဲရှိတာပါ။ သဘောတော့ကျပါတယ် သဘာဝအတွန့်အခေါက်တွေပါတဲ့ ကြွေပြားတွေကိုကပ်ထားတယ် သန့်ရှင်းတဲ့အငွေ့အသက်ခံစား ရစေတဲ့ ဒီဇိုင်းပါတယ်လေ။ သက်သောင့်သက်သာ ရေစိမ်လို့ရတဲ့ဖြေလျော့မှုတော့ရတာပေါ့။ မြက်ရိတ်ဖို့မလိုလို့တော်သေးတယ် ကျွန်တော်က မြက်ရိတ်ရတာ ပျင်းတယ်ဗျ။

‘ငါ စီဒီအသစ်တွေယူလာတယ်’ ဗစ်တာက စီဒီအိတ်ခပ်ဆန်းဆန်းလေးရယ် ဖွင့်စက် မသေးတသေးလေးရယ်ကို သေတ္တာလေးတစ်ခု ထဲက ထုတ်ယူပြီးပြတယ်။ ကျွန်တော် တော်တော်အံ့အားသင့်သွားတာ သေတ္တာလေးက သိပ်မကြီးပေမယ့် ပစ္စည်းတွေကိုနေရာတကျ ထည့်လို့ရတာကိုး။ ပြီးတော့ ဖွင့်စက်လေးကသေးပေမယ့် အသံကကြည်လင်ပြီးတော့ ခပ်ကျယ်ကျယ်ကိုကြားရတယ်။ အာ…ရင်ခုန်စရာ Club Mixes တွေမဖွင့်ခင် ကျွန်တော်သူ့ကိုတားလိုက်ရမှာဆိုပေမယ့် တီးလုံးသံလေးတွေက ရင်ခုန်သံကိုလှုပ်ရှားစေတာကြောင့် မတားလိုက်မိတာ ကျွန်တော့်အမှားပါ။


“ငါ မင်းကိုဝယ်ဖို့ညွှန်းတာ ဒီလိုစက်မျိုးကိုပြောတာ’ ဗစ်တာက သီချင်းကိုဆက်ဖွင့်လိုက်ရင်းပြောတယ်။

 ‘ရယ်စရာပဲနော် ငါလိုချင်တာတွေမှန်သမျှ မင်းရနေတာကြီးပဲ’ လို့ကျွန်တော်ပြန်ပြောလိုက်တော့ သူ့အပေါ်ဦးခေါင်းကော အောက်က ခေါင်းကရော တဆတ်ဆတ်ငြိမ့်တာကို သတိပြုမိလိုက်ပါတယ်။ သူ့မျက်နှာမှာ အမျိုးအမည်မသိ အပြုံးတစ်ခုပေါ်လာပါရဲ့။ ကျွန်တော် လက်ထဲကိုင်ထားတဲ့ ဖျော်ရည်ခွက်ထဲက ပိုက်ကိုအသာစုပ်လိုက်ရင် တံတွေးကိုပါရောယောင်မျိုချလိုက်ရပါတယ်။ ပြီးတော့မှ သူ့ကို ‘ဒါဆို အဲ့လိုစက်မျိုးဝယ်ထားသင့်တယ်ပေါ့ ဟုတ်လား?’ လို့မေးလိုက်တယ်။

‘အေး..’ ပထမဆုံးသီချင်းသံက ဒရမ်သံခပ်ရှည်ရှည်ပါသော အသံဆူဆူဖြင့် စတင်လာပါတယ်။ ဗစ်တာ သူ့လက်ချောင်းလေးတွေကို သူလှဲလျောင်းနေတဲ့ ခုံစောင်းရှည်လက်ရမ်းများပေါ် တီးလုံးသံနဲ့အတူ တတောက်တောက်ခေါက်နေရော။ ရုတ်တရက် ‘ဒီတော့…. မင်းလိုချင်နေတာ ငါ့မှာရှိနေမလားပဲ’ လို့ သူ့တီရှပ်ကိုဆွဲချွတ်လိုက်ရင်း ကျွန်တော့်မျက်ဝန်းတွေကို မသိမသာစိုက်ကြည့်ရင်းပြောတယ်။ ကျွန်တော့်နှုတ်ဖျားက အဖြေစကားတစ်ခုကိုစောင့်ဆိုင်းတဲ့ပုံစံမျိုးနဲ့လေ။

ကျွန်တော်လည်း သောက်လက်စ Margaritas ကိုအကုန်စုပ်သောက်လိုက်ပြီးနောက် စားပွဲပုလေးတစ်ခုပေါ်တင်လိုက်ကာ ၀တ်ထားတဲ့ တီရှပ်ကို သူ့လိုချွတ်လိုက်တယ်။ အာ….ကျွန်တော် ထိန်းထားတဲ့စိတ်တွေလွတ်သွားပြီးနောက် ၀တ်ထားတဲ့ဘောင်းဘီတိုကိုပါ ကန်ချွတ် ပစ်လိုက်မိတော့ သူတို့နှစ်ယောက်မျက်နှာ အံ့အားတသင့်ဖြစ်သွားကြသဗျ။ ‘မသိဘူးလေ၊ မင်း ငါ့အနားလာရင်တော့ ရှာလို့ရမလားဘဲ’

ဗစ်တာ ထရပ်ကာ ကျွန်တော့်အနားကိုကပ်လာတယ်။ သူ့လက်က Margaritas ခွက်ကိုလည်း ခုံပုလေးပေါ်အလားတူချလိုက်ရင်း သူ့ဘောင်းဘီကိုလည်း ဆွဲချပစ်လိုက်တယ် အောက်ကိုပေါ့။ ဟိုအရင်က ကျွန်တော်တို့ အတူတူရေကူးကြတာအကြိမ်ရေ အတော်များများရှိပါပြီ ဒါပေမဲ့ ခါးမှာ တဘက်လေးတွေပတ်ပြီးမှ ရေကူးကန်နားလာကြတာဆိုတော့ တကိုယ်လုံးအ၀တ်မပါတဲ့ သူ့ကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ ခပ်ပါးပါး သူ့ဘောင်းဘီခွဆုံက အဖုအဖောင်းကြီးကိုကြည့်ပြီး တော်တော်တော့ထွားမယ်လို့မှန်းခဲ့ဖူး ပါတယ်။ ၀ိုး….ရွှေဥကြီးတွေက လုံးဝန်းပြီးနည်းနည်းတွဲကျနေသလို အတံကြီးကလည်း ကျွန်တော်မြင်ခဲ့ဖူးသမျှထဲမှာ တော်တော်ထွား တယ်လို့ဆိုရမယ်။ မကြာခဏ ကျွန်တော့်စိတ်ကို မရိုးမရွဖြစ်စေမယ့် ပစ္စည်းကြီးထင်ပါရဲ့။

သူ့ပစ္စည်းကြီးကို ကျွန်တော်တို့ထိမိတဲ့ခဏ တဖြည်းဖြည်းထွားလာတာကို မြင်ရသလို နွေးပြီး နုညံ့တဲ့အထိအတွေ့ကြောင့် ကျွန်တော် သဘောကျပါတယ်။ အာ…..သီချင်းသံက နောက်တစ်ပုဒ်ပြောင်းသွားသလို ပိုပြီးရင်ခုန်သံကိုဆူလာစေသလိုပါပဲ။

‘မင်း ငါမေးတာကို မဖြေသေးဘူးနော်’ သူ့ငပဲကို ကျွန်တော်စိတ်ဝင်တစားကစားနေတုန်း ဗစ်တာနှုတ်ဖျားကနေ အမေးသံထွက် လာတယ်။

‘အဖြေက….Yes ပေါ့ကွ မင်းကလဲ’ ကျွန်တော်သူ့ကိုမော့မကြည့်ဘဲ ပြန်ဖြေမိလိုက်တယ်လေ။ ကျွန်တော့်မျက်နှာဝယ် မချိုမချဉ် မ၀ံ့မရဲ အပြုံးတစ်ခုတော့ တွဲလွဲခိုနေတာကို နေ့အလင်းရောင်နဲ့အတူ သူမြင်နိုင်မှာတော့မဟုတ်ပါဘူး။

သူ့ငပဲက တဖြည်းဖြည်းမာတောင့်လာတာ ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်ထဲမှာတောင်မမြဲတော့သလို ရွှေဥတွေကို နမ်းနေတဲ့ ကျွန်တော့် နှုတ်ခမ်းသားတွေကိုတွန်းတိုက်နေတာများ အားရစရာပါ။ ကျွန်တော့်ဆံနွယ်လေးတွေကို သူ့လက်ချောင်းလေးတွေနဲ့ ထိုးဖွပေးတယ်…..ငပဲကြီးကို ကျွန်တော့်ပါးပြင်တလျောက်ပွတ်သပ်မိပြန်တော့ ပူနွေးနေတဲ့အထိအတွေ့ သွေးကြောတွေရဲ့ တဆတ်ဆတ် သွေးတိုးနေမှုတွေကို ခံစားနေရသလို သူ့ဆီးစပ် အမွှေးခပ်စုစုလေးဆီကနေရနေသော မွှေးရနံ့လေးကလည်း တမျိုးတစ်ဖုံ ကျွန်တော့် အတွက် လိင်ဆွဲဆောင်မှုပြုနေသလိုခံစားရပါတယ်။

ဘဲဥလေးတွေလို လုံးဝန်းနေတဲ့ သူ့ရွှေဥလေးတွေကို ကျွန်တော့်နှာတံလေးတွေနဲ့ တို့ထိနမ်းမိသလို လျှာကိုအပြားလိုက်ထားကာ ရွှေဥ ကနေ လိင်တံထိပ်ပိုင်း ကွမ်းသီးခေါင်းတစ်ဝိုက်ကို လျက်ပြုလိုက်တယ်။ အတံကိုကျွန်တော့်လက်နှင့် ဆုပ်ကိုင်ဖျစ်ညှစ်ထားရင်း ကွမ်းသီး ခေါင်းလေးကို တပြွတ်ပြွတ်စုပ်လိုက်တော့ ဗစ်တာတစ်ယောက် သက်ပြင်းတွေအခါခါချပါရော။

ကြီးမားသော သံခမောက်တစ်လုံမှောက်ချထားသလိုဖြစ်နေသော သူ့ငပဲခေါင်းကို နှုတ်ခမ်းသားတွေနဲ့ညှပ်ဆွဲသလို လက်ကလည်း ငပဲကြီးကို အထက်အောက် ပွတ်သပ်ပြီး လက်ကစားပေးလှုပ်ရှားပေးရပါတယ်။ ဟစိဟစိဖြစ်နေတဲ့ သူ့ငပဲခေါင်းထိပ်က အပေါက်လေး ကိုလည်း လျှာဖျားချွန်ချွန်လေးနဲ့ ထိုးထိုးပြီး ကလိရတာပေါ့နော်။ ကျွန်တော့်လိုပါပဲ သူလည်း ရင်ထဲကနေ လှိုက်မောနေတယ်ထင်ပါ့ ကျွန်တော့် ပခုံးနှစ်ဖက်ကို သူ့လက်အစုံနဲ့ထိန်းထိန်းကိုင်ရင်း အသံတွေလည်း အားမလိုအားမရထွက်ပြုလာရော။

သူ့ငပဲကို ကျွန်တော်စတင်ပြီး-ုပ်နေပါပြီ…..လျှာဖျားလေးကလည်း သွေးကြောဂလင်းတွေ အကြောဆုံနေရာတွေကို ကလိရသေးတာပေါ့။ ဗစ်တာ ကျွန်တော့်ပခုံးအစုံကို ဖျစ်ညှစ်ပြီးနောက် ဒီထက်ပိုပြီးလုပ်ပေးဖို့တောင်းဆိုပါတော့တယ် သိပ်မကြာပါဘူး။

သူ့လှုပ်ရှားမှုတွေက သူ့ငပဲအရှည်ကြီးကို ကျွန်တော့်လည်မျိုထဲတဆုံးထည့်ဖို့ကြိုးစားနေတဲ့အတိုင်းပဲ အထုတ်အသွင်းက သွက်သွက် လာတယ်။ တစ်ချက် တစ်ချက် ကျွန်တော်ကလက်နဲ့ထိန်းကိုင်လိုက်တာကြောင့်သဘောပေါက်သွားပြီး ကျွန်တော်ထိန်းနိုင်တဲ့အနေ အထားအတိုင်း မနှေးမမြန်လုပ်ပါရော။ ပထမတော့ ခပ်ဖြေးဖြေးအပြင်ကို တစ်ချက်ခြင်းဆွဲထုတ်လိုက် လျောကနဲအဆုံးထိဖိသွင်းလိုက် လုပ်သေးတာပါ။ နောက်တော့ ကျွန်တော့်လျှာတွေနှုတ်ခမ်းတွေရဲ့ကြားမှာ သူဘယ်လိုခံစားရတယ်မသိဘူး အရှိန်မြှင့်ကာ အထုတ် အသွင်းတွေလုပ်တော့တယ်။ သူ့တင်ပါးတွေကို ကျစ်ကျစ်ပြီးအားယူကာ ခပ်ပြင်းပြင်းလေးနဲ့မြန်မြန် -ိုးတော့တယ် ပါးစပ်ကိုလေ။ သူ ကျွန်တော့်ပြုစုတဲ့ အရည်အချင်းကိုဘယ်လိုခံစားရတယ်ဆိုတာ သိချင်မိပေမယ့် သူ့အမူအယာကိုကြည့်ရတာ ကျွန်တော့်စွမ်းဆောင် ချက်က သူ့အတွက် အလုပ်အတော်ဖြစ်တဲ့ဟန်ပေါက်ပါတယ်။ သူ့ကိုယ်ခန္ဓာကို ကြည့်ရတာ ချွေးတွေတစိုစိုဖြစ်လာတော့မှ ကြွက်သား မြှောင်းတွေကိုမြင်လာရတယ် အသားဖြူခြင်းက ကြွက်သားအလှကိုမပြနိုင်ဘူးကိုး။ ကျွန်တော့်ပခုံးအစုံကိုဖျစ်ညှစ်လိုက် ကျွန်တော့် ဦးခေါင်းကို ထိန်းကိုင်လိုက်နဲ့ ပါးစပ်ကလည်း မိန့်မူးသာယာသံတွေနဲ့ အော်ညည်းနေပါတယ်။

ဒါပေမဲ့ ကျွန်တော်သည်လည်း စိတ်ရဲ့ခေါ်ဆောင်ရာကို မထိန်းနိုင်မသိမ်းနိုင်လိုက်ပါသွားမိပါပြီ။ သူ့ငပဲကြီး ကျွန်တော့်ပါးစပ်ထဲ တဆုံး ၀င်ဝင်နေတာကိုလည်း သဘောကျလာသလို သူ့တင်ပါးအစုံကိုထိန်းထိန်းကိုင်ပေးရတာကိုလည်း ကြိုက်လာသလိုပဲ။ သူ့လက်အစုံကို ကျွန်တော့်ပခုံးအစုံအပေါ် သေချာတင်ပြီး အားပြုစေလိုက်ကာ ကျွန်တော်ကလည်း သူ့တင်ပါးကိုစုံကိုင်ပြီး ဆွဲဆွဲယူရင်း ပါးစပ်နှင့် ငပဲ စည်းချက်ညီလှုပ်ရှားပစ်လိုက်တယ်လေ။

ဒါပေမဲ့ ကျွန်တော် စိတ်ထဲရှိသလောက် သောင်းကြမ်းပစ်လိုက်ချင်တာ ဘာမှမထိန်းချုပ်ဘဲနဲ့လေ။ ကျွန်တော့်ပါးစပ်ထဲသာမက လည်မျို ထဲထိတိုင် သူ့ငပဲရှည်ကြီးထိုးထိုးထည့်တာကို သဘောကျတယ်။ သူလည်း အဲ့လိုလုပ်ရတာကို ရူးရူးမူးမူးကို ကြိုက်ပြီးလိုချင်နေတာပါပဲ။ ကျွန်တော့်ဆံပင်တွေကို စိတ်ကြိုက်ဖွ ပခုံးတွေကို ဖျစ်ညှစ်ပြီး သူအားပြုချင်သလောက်ပြု သတိမထားတော့ပါဘူး။

သူ ကျွန်တော့်အထာကိုပေါက်သွားဟန်တူတယ် အရမ်းကြီး မကြမ်းတော့ဘဲ ငပဲကို အဆုံးထိဖိသွင်းလို့ ကွမ်းသီးခေါင်းထိရောက်အောင် ဆွဲထုတ်လိုက်….အို…..ဆီးစပ်က အမွှေးနုတွေနဲ့ ကျွန်တော့်နှာခေါင်းတွေဖိကပ်သွားတဲ့အထိ လျောကနဲဖိလိုက်လုပ်တာ ချွေးစိုနေတဲ့ ကျွန်တော့်မျက်နှာနဲ့တောင် ကပ်သွားမလားထင်ရတယ်။ အထုတ်အသွင်း စည်းချက်တွေဟာ သီချင်းဖွင့်စက်ကနေထွက်ပေါ်နေတဲ့ တီးလုံးသံ အနှေးအမြန် အကြမ်းအနုတွေအတိုင်း တစ်သွေမတိမ်းဖြစ်နေသလိုပဲ….ဒရမ်သံခပ်မြန်မြန်။

‘ကလင် …..ကလင်…..ကလင်’ ရုတ်တရက်ဆိုသလို တံခါးဘဲလ်သံကိုကြားရတာကြောင့် ဘောင်းဘီတိုကောက်စွပ်ပြီးသွားကြည့်တော့ အိမ်နီးချင်းအခန်းက ကောင်လေးက ကျွန်တော့်အခန်းတံခါးပွင့်ပြီး ဟနေတာတွေ့လို့ လူရှိလား မရှိဘူးလား ဘဲလ်တီးကြည့်တာပါတဲ့။ အင်း…..ကျွန်တော်တို့က အခန်းရဲ့ ဟိုးအနောက်ဘက် အဖီဆောင်ဖက်ကိုရောက်နေကြတာလည်းပါတယ် ခဏနေက သေချာပေါက် အ၀င်သံတံခါးကို သော့ခတ်ခဲ့တာလည်းပါတယ်။ အမှန်တကယ်အားဖြင့်တော့ ကျွန်တော် လန့်ဖြန့်သွားရမှာပါ။ ဒါပေမဲ့ ဗစ်တာနဲ့ ကျွန်တော် တစ်ယောက်အပေါ် တစ်ယောက် တိမ်းမူးနေတဲ့အချိန် အခန်းထဲမှာ ဖီလစ်လဲရှိတယ်ဆိုတဲ့စိတ်နဲ့ လွတ်သွားတာလည်း ပါမယ်။ အခုတော့…..ဖိလစ်တစ်ယောက်ထွက်သွားခဲ့တာကို ကျွန်တော် သတိကိုမရခဲ့မိတာလေ။ ဟူး……Sorry Philip.

ဗစ်တာရဲ့ နုညံ့သော စွဲမက်ဖွယ်ကောင်းသော အနမ်းမှာ လှိုက်မောသွားတယ်…..ကျွန်တော့်ရင်အုပ်က ကြွက်သားတွေကို သူဆော့ကစား တာမှာ သာယာသွားမိတာလည်းဖြစ်မယ်….လည်တိုင်လေးကို လေပူနွေးနွေးလေးတိုးဝေ့နေတဲ့အပေါ်သာယာပြီး ခံစားမှုအဟုန်မြင့်တက် မှာစိုးရိမ်ပြီး ထိမ်းနေမိတာလည်းပါမယ်….ခံစားမှု ဒီရေတွေမြင့်ပြီး ဘာမှမလုပ်ဖြစ်ဘဲ ejecting ဖြစ်သွားမှာစိုးရိမ်မိတာကိုး။ ဗစ်တာရဲ့ ကကြိုးတွေထဲမှာ ကျွန်တော် လျင်လျင်မြန်မြန် စီးမျောသွားမိတော့ ဖိလစ်ကို မဖိတ်ခေါ်မိခဲ့တော့ဘူး။

ဗစ်တာ စားပွဲပုလေးပေါ်က လက်ကျန် Margaritas လေးကိုမော့နေတယ်။ နည်းနည်းလေးပဲကျန်နေတဲ့ ကျွန်တော့်ဖန်ခွက်လေးထဲ ကိုလည်းဖြည့်ထားပေးတယ်ဗျ။ ကျွန်တော့်လာတာကိုလည်းမြင်ရော ကမ်းပေးလိုက်တဲ့ သူ့ဟန်လေးကိုကြည့်မြင်လိုက်ရတဲ့ခဏ ကျွန်တော် ရင်တွေအရမ်းခုန်သွားမိပါရော။ အ၀တ်မဲ့ သူ့ကိုယ်လုံးဟာလည်း ကျွန်တော့်ကို ရင်ခုန်သံတွေပြန်ဆူဝေလာစေပါရဲ့။
ကျွန်တော် ဖန်ခွက်လေးကို အသာယူပြီး နှုတ်ခမ်းနဲ့တေ့ကာ စုပ်ယူမျိုချလိုက်စဉ်ခဏ ဗစ်တာ ကျွန်တော့်အနားကပ်လာကာ ကျွန်တော့်ကို ထွေးဖက်သလို လည်တိုင်လေးတလျောက် အနမ်းပေးတာ ကြက်သီးတွေ တဖြန်းဖြန်းထရပါတယ်။
‘အ၀င်သံတံခါး သော့သေချာမခတ်ခဲ့ဘူးဆိုတာ ငါ မင်းကို သတိပေးသင့်တာပါ’ သူက ကျွန်တော့်ကိုပြောတယ်။ ကျွန်တော့်လက်အစုံဟာ မရည်ရွယ်ပါပဲ သူ့ရဲ့ပျော့ပျောင်းစငပဲကို တို့ထိမိပါတယ်။ အဲဒါကြီးက ပျော့သာပျော့တာ ကြီးနေတုန်းပါပဲ။ ကွမ်းသီးခေါင်းထိပ်ဝလေးက တော့အရည်ကြည်အချို့စို့နေဟန်ရှိသဗျ။

‘ငါ ခတ်ခဲ့ပါတယ်ကွာ’ လို့ ကျွန်တော်ပြောလိုက်တော့ သူ့မျက်ဝန်းတွေပြူးကျယ်သွားတယ်။
‘စကားမစပ် ဒီနေ့ရေကူးတာ အ၀တ်မပါဘဲကူးဖို့ စီစဉ်ထားတာလား’
‘မဟုတ်ဘူးကွ….မင်းတိုက်တဲ့ Margaritas ကိုသောက်ပြီးတော့မှ စိတ်ကူးရသွားတာ’
‘ဒါပေမဲ့….အခုလိုဖြစ်ဖို့ကိုတော့ မင်းစီစဉ် စိတ်ကူးထားတယ်မဟုတ်လား’
‘အင်း….ဟုတ်တယ် ကြာလှပြီ’
‘တကယ်??’ ကျွန်တော် သူ့ကိုအံ့အားတသင့်မေးမိရပါတယ်။ ‘ငါ အဲဒါကို သတိမထားမိခဲ့ဘူးကွ၊ ပြီးတော့ ငါတို့နှစ်ယောက်က သူငယ်ချင်းတွေလို့ပဲခံယူထားတာလေ’
‘ငါလည်း အဲ့လိုပဲလေ…..ဒါပေမဲ့ ငါတို့အဲ့ထက်ပိုပြီး တစ်ခုခုလုပ်လို့မရဘူးလားဟ’

ကျွန်တော်တို့နှစ်ယောက်သား ခဏတော့ စကားပြောနေမိကြပါတယ် ခုံတန်လျားပေါ် အတူထိုင်ကြရင်းပေါ့။ ကျွန်တော်လက်ထဲက ဖျော်ရည်လက်ကျန်ကို အဆုံးသတ်လိုက်ပြီးနောက်မှာတော့ နှစ်ယောက်စလုံး ရေကူးကန်ထဲကို ခုန်ချလိုက်ကြပါတယ် အ၀တ်မပါဘဲ ပေါ့နော်။

ရေအတူကူးခတ်ကြတယ်….တစ်ယောက်ကိုတစ်ယောက် ရေပက်ကစားကြတယ်…..မိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့တဲ့ကာလတလျှောက် ကျွန်တော်တို့တွေ ဘယ်လောက်စွဲလမ်း ပျော်ရွှင်နေကြကြောင်း သတိမူမိစေတဲ့အခိုက်အတန့်ပါပဲ။ ရေကူးကန်နံရံကို ကျွန်တော် ကျော ကပ်မိတဲ့အချိန်မှာတော့ ဗစ်တာက ကျွန်တော့်ကိုတိုးဖက်လိုက်ရင်း အနမ်းမုန်တိုင်းထန်ပါတယ်။ နုညံ့တဲ့သူ့လက်ချောင်းလေးတွေဟာ ကျွန်တော့်လည်တိုင်တွေနောက်မှာ စက်ယှက်နေရင်းမှာ နှုတ်ခမ်းသားခြင်း ပူးကပ်နေကြတာ တသားထဲပါပဲ။ ပေါင်ကြားတွေက ငပဲတွေ ဟာ အချင်းချင်းတို့ထိကာ ဟိုထိုးသည်ထိုးဖြစ်နေကြတာပေါ့။

‘မင်းကို အပေါ်မတင်ပေးရမလားဟင်?’ လို့ ဗစ်တာက ရုတ်တရက်မေးတယ်။

သူဘာကိုဆိုလိုတယ်ဆိုတာ မေးသင့်ပေမယ့် ကျွန်တော်ဘာမှမတုန့်ပြန်ခင်မှာပဲ ခါးအစုံကနေမချီတဲ့ပြီး ရေကူးကန်ဘောင်ပေါ်ကို ကျွန်တော့်ကို မတင်လိုက်တယ်ဗျ။ စိုရွှဲနေတဲ့ ရေကူးကန်ဘေးက ကြွေပြားတွေပေါ် တင်သားဆိုင်များဖြင့် တိုက်ရိုက်ထိတွေ့ရပြီပေါ့နော်။ ကျွန်တော်တို့နှစ်ယောက်သား စကားပြောကြတိုင်း သူ့မျက်နှာဟာ ကျွန်တော်ပေါင်ခြံကြားမှာရောက်နေသလိုဖြစ်နေပြီး သူက ကျွန်တော့် မျက်နှာကို အပြုံးချိုချိုဖြင့်မော့ကြည့်လိုက် ကျွန်တော့်ရင်အုပ်ထွားထွားတွေကို သူ့လက်ဖ၀ါးတွေနဲ့ ပွတ်သပ်လိုက်လုပ်တယ်လေ။ ကျွန်တော် မနေတတ်စွာ ဖင်တကြွကြွဖြစ်လာတော့ ကျွန်တော့်ဗိုက်သားလေးတွေကို သူ့နှုတ်ခမ်းအစုံနဲ့ပွတ်သပ်နမ်းရှုံ့တယ် ပြီးတော့ ပေါင်တံတလျောက် မွတ်သိပ်စွာ အနမ်းတွေပေးပါရော။

သူပေးတဲ့ အပြုအစုအထိအတွေ့တွေကြောင့် ကျွန်တော် ပါးစပ်တွေဟ သက်ပြင်းတွေအခါခါချရင်း ကြက်သီးတွေထလာမိတဲ့အထိ ရင်ခုန်မိလာပါတယ်။ အခြားသောသူတွေလို ခပ်သွက်သွက် ခပ်ပြင်းပြင်းလှုပ်ရှားမှုနဲ့မတူ တကယ့်ကို နုညံ့ငြင်သာတဲ့တို့ထိ ကလိမှု တွေဟာ ကျွန်တော့်အတွက် အပျိုစင်တစ်ယောက်လို မရိုးမရွဖြစ်တဲ့အထိ ခံစားမိရစေပါတယ်။ ကျွန်တော့်ငပဲဟာ ဗစ်တာလောက် မထွားပေမယ့် လူတိုင်းက ဆိုဒ်ဂိုက်အပြည့်လို့ သတိပြုမိတဲ့အခြေအနေမှာတော့ရှိပါရဲ့။ သူ့မျက်ဝန်းတွေဟာ ကျွန်တော်ထင့်နေသလို ငပဲဆိုဒ်အပေါ် အာရုံစိုက်မနေဘဲ နှစ်လိုတပ်မက်စွာဖြင့်ရှိနေသလို သူ့လက်တွေဟာ ကျွန်တော်ပေါင်တံတွေကတဆစ့် ရွှေဥတွေကို စတင် ပွတ်သပ်ပါတော့တယ်။ နေ့လယ်နေ့ခင်း တောက်ပနေတဲ့ ကောင်းကင်ပြာကို လှမ်းမျှော်မြင်နေရချိန် စနေနေ့နေ့လယ်ခင်းလေး တစ်ခုဟာ မမျှော်လင့်သော မရိုးမရွ လိင်ဆွဲဆောင်မှုခံစားချက်များဖြင့် ပြည့်နှက်သွားပါတော့တယ်။

ကျွန်တော့် ရွှေဥတွေကို တစ်လုံးခြင်းငုံစုပ်ပြီးသကာလ လိင်တံအရင်းကနေ အဖျားထိတိုင် အပြန်အလှန် လျှာနဲ့ကလိကာ ထိပ်ပိုင်းလေး ကို သူ-ုပ်ပြုပါတယ်။ မိနစ်အနည်းငယ်အကြာ အမြင့်ဆုံးခံစားချက် climax မဖြစ်ခင်လေးမှာ ကျွန်တော်သူ့ကိုဆက်မလုပ်ဖို့တားမြစ်လိုက် ပါတယ်။ ပြီးတော့ သူ့ကို ရေကူးကန်ကနေ အပေါ်ကိုတက်ဖို့ဆွဲခေါ်လိုက်တယ် ကူညီလိုက်တယ်။ စကားတော့မပြောကြဘူး တဘက်လည်း ခါးမှာမပတ်ဖြစ်ကြ သီချင်းဖွင့်စက်ကိုလည်း ပိတ်ပစ်လိုက်ကာ အတွင်းဘက်ပိုင်းဆီကို အ၀တ်မဲ့လျှောက်ဝင်ဖြစ်ကြ ပါတယ်။

‘ငါတို့ အိပ်ယာထဲသွားကြမလား?’ ဗစ်တာကမေးတယ်ဗျ။

ကျွန်တော် တုန့်ဆိုင်းတုန့်ဆိုင်းမဖြစ်ဘဲ ပြန်ဖြေလိုက်ပါတယ် ‘Yes’ ပေါ့။

နှစ်ဦးသား အိပ်ယာပေါ်လှဲချလိုက်ကြစဉ်မှာတော့ သူ့လက်ချောင်းတွေဟာ အမွှေးနုလေးတွေဖုံးနေတဲ့ ကျွန်တော့်ရင်အုပ်တွေပေါ်ကို ပြေးလွှားပါတော့တယ်။ ကျွန်တော်က အိပ်ယာပေါ်မှာပက်လက် သူက ကျွန်တော့်ဘက်ကိုမျက်နှာမူဘေးတစောင်းလှဲပြီးတော့ကလိ နေတာ။ သူ့ကြည့်ရတာ တစ်ခုခုကိုပြောချင် မေးချင်နေသလိုပဲဗျ။

‘ဘာလဲ?’ ကျွန်တော်သူ့လက်အစုံကို ပြန်လည်ကိုင်တွယ်လိုက်ပြီး ငြင်ငြင်သာသာပွတ်သပ်နေမိပါတယ်။ နုညံ့နွေးထွေးလိုက်တာ ကျွန်တော်တို့ပေါင်ခြံတွေအတွင်းမှာရှိတဲ့ အင်္ဂါအစိအတ်အပိုင်းတွေလိုပဲ အထိအခိုက်မခံ နုညံ့မှုမျိုးလိုပါပဲလား။ ကျွန်တော်တို့ နှစ်ဦးသား ခဏတာပွတ်သပ်နေကြပြီးနောက် အိပ်ခန်းရှိရာကို ထသွားလိုက်ကြပါတယ် အတူတကွ။

‘မင်းဘယ်လိုလုပ်ပေးခဲ့တာလဲမသိဘူးကွာ…..ငါ အရမ်း…ဖီလင်မိုက်တယ်ကွ…’
‘ကျေးဇူး’
‘အဲ….ငါလည်းမင်းကို အဲလို ပြန်ပြီးပြုစုချင်တယ်ကွာ’
သူ့ပြောစကားတွေ အပွတ်အသပ်အကိုင်အတွယ်တွေထက် ကျွန်တော့်ကို ပိုမိုနှိုးဆွတဲ့ အပြုအမူတွေကို သူ အနမ်းခပ်ပြင်းပြင်းတွေနဲ့ စတင်လိုက်တယ်။

ကျွန်တော် သူ့ပေါင်ကြားက မာတောင့်နေတဲ့ ငပဲကိုငုံ့ကြည့်လိုက်စဉ်မှာတော့ ပန်းသွေးရောင်တောက်နေတဲ့သူ့မျက်နှာကိုမြင်ရသလို တလှုပ်လှုပ်ဖြစ်နေတဲ့ သူ့ဦးခေါင်းရဲ့လှုပ်ရှားမှုတွေနဲ့အတူ သူ့ပါးစပ်က အထုတ်အသွင်း တပြွတ်ပြွတ်အသံတွေကိုကြားရပါတယ်။ အိုး…သူ ကျွန်တော် သူ့ကိုပြုလုပ်ပေးခဲ့တဲ့ ပုံစံအတိုင်း သူကြိုးစားလုပ်ပေးနေတာပဲလေ။ ကျွန်တော် သူ့ဦးခေါင်းကိုလက်နှစ်ဖက်နှင့် ထိန်းကိုင်လိုက်ကာ ရပ်တန့်စေလိုက်ပါတယ်။ ပြီးတော့ အိပ်ရာပေါ်ကိုပက်လက်အိပ်စေလိုက်ရင်း သူ့ပါးစပ်နားကို ကျွန်တော်ကားယားခွ လိုက်တော့ 69 အနေအထားဖြစ်သွားရော။ ကျွန်တော်သူ့ငပဲခေါင်းလေးကို အသာပြန်ပြီးငုံထွေးဖြစ်တော့ သူ ကျွန်တော့်ငပဲကိုအားရပါးရ ဆုပ်ကိုင်ထားရင်း အတန်ကြာငြိမ်သက်ပြီး အရသာခံနေသေးတာပါ။ ပြီးတော့မှ ကျွန်တော့်ပေါင်သားတွေကို မက်မက်မောမော့နမ်းလိုက် ရင်း ကျွန်တော့်ငပဲကို သူ့ပါးစပ်ထဲတဆုံးထည့်ဖို့ကြိုးစားတယ်ဗျ။ ကျွန်တော်ကတော့ သူ့ငပဲတစ်ချောင်းလုံးကို အားလုံးထည့်ဖို့မကြိုးစား ဘဲ ထိပ်ပိုင်းလေးကိုပဲ တကယ့်ကိုမှ ငြင်ငြင်သာသာလေး ကစားပေးနေမိပါတယ်။ သူ့ရွှေဥတွေကိုလည်း အသာပွတ်သပ်ရင်းပေါ့။

ခဏနေတော့ ကျွန်တော် သူ့ငပဲကို ပါးစပ်ထဲတစ်ဝက်လောက်အထိထည့်ပြီး နှုတ်ခမ်းသားတွေနဲ့ကြပ်နေအောင်စေ့ထားပြီး အထုတ်အသွင်းလုပ်လိုက်ပါတယ်။ နှုတ်ခမ်းသားတွေကို ပွတ်တိုက်ပြီးတော့မှ ငပဲတစ်ချောင်းလုံးလည်မျိုထဲထိတိုင် ကြိုးစားသွင်း ကြည့်မိတာပေါ့ ဘယ်လောက်များသွင်းနိုင်မလဲလို့လေ။ တစ်ချက် တစ်ချက် ကျွန်တော် ကြိုးစားလိုက်တိုင်း ဗစ်တာနှုတ်ဖျားက တမ်းတမ်း တတ မိန့်မူးတဲ့ အသံတွေ တစ်လှေကြီးထွက်ထွက်လာတယ်။ ကျွန်တော့် ပေါင်သားနှစ်ဖက်ကို တရှုံ့ရှုံ့အနမ်းပေးသလို ထွေးပိုက်ဖို့လည်း ကြိုးစားပါရဲ့။ သူ့ငပဲကို ကျွန်တော် ဆက်လက်ပြုစုလိုက်တော့ သူ ကျွန်တော့်ငပဲကို အရင်းကနေဆုပ်ကိုင်ကာ ရွှေဥ တွေကို လျှာနဲ့ကလိလိုက် ငုံစုပ်လိုက်လုပ်ပါတယ်။

နောက်တော့ နည်းနည်း ခပ်ရွံ့ရွံ့ဖြစ်သွားတဲ့ ကျွန်တော့်ငပဲအခြေကို သေချာဆုပ်ကိုင်လိုက်ပြီး ငပဲခေါင်းကို သူ့နှုတ်ခမ်းသားတွေနဲ့နမ်း တယ်။ ပါးစပ်ထဲကို ခပ်ဖြေးဖြေးလေးနဲ့သွင်းရော။ အထုတ်အသွင်း ခဏလုပ်ပြီးနောက်တော့ ကျွန်တော့်ငပဲခေါင်း ဧရိယာတစ်ဝိုက်ကို လျှာနဲ့ အမျိုးမျိုးလျက်ပြုကလိပါတော့တယ်။ ကွမ်းသီးခေါင်းအောက်က အကြောဆိုင် သိုင်းကြိုးကိုသူ သဘောကျပုံရသဗျ။

ကျွန်တော့်ငပဲကိုဆုပ်ကိုင်ထားရတာကိုရော ရွှေဥတွေကို ငုံစုပ်လိုက် လျက်ပြုလိုက်လုပ်ရတာရော ပြီးတော့ ကျွန်တော့်အင်္ဂါအစိတ်အပိုင်း တွေကို တပြွတ်ပြွတ် အနမ်းချွေရတာကိုသဘောကျပုံပေါ်တယ် အပြန်ပြန်အလှန်လှန်လုပ်နေတော့တာပါ။ အနည်းဆုံး ကျွန်တော့်ငပဲ ခေါင်းကို ပါးစပ်ထဲထည့်ပြီး မစုပ်ခင် အမြဲလိုလို အပေါက်လေးကို လျှာဖျားနဲ့အမြဲကလိပြီးမှလုပ်တယ်။ ကျွန်တော်သည်လည်း ထို့အတူ လုပ်တာပါပဲ ဒါပေမဲ့ တကယ့်မရိုးမရွဖြစ်အောင် slow motion လေး ရွရွလေးလုပ်တာများ သူလည်း သုက်ရည်တွေကို ပန်းမထုတ်ခင် ကျွန်တော်သည်လည်း ပန်းမထုတ်ခင်အထိပါပဲ။

ကျွန်တော် သူ့ငပဲအရင်းကို သေချာဆုပ်ကိုင် နှုတ်ခမ်းတွေကိုစုပြီးကြပ်နေအောင်လုပ်ပြီးမှ လည်မျိုထဲထိတိုင်ထည့်တာ နည်းနည်းတော့ အော့အံမိမလိုဖြစ်သေးတာပေါ့။ အရင်က ဒီလောက်ထွားတဲ့ငပဲမျိုး တစ်ခါဖူးမျှမကြိုးစားဘူး မလုပ်ဘူးတာကိုး။ အသံတွေခပ်ကျယ်ကျယ် ထွက်လည်း ဂရုစိုက်စရာမလို စိတ်လိုလက်ရဖြစ်ဖို့ပဲအရေးကြီးကြတယ်။ ကျွန်တော်လှုပ်ရှားမှုလည်းမပျက် သူ့လှုပ်ရှားမှုလည်း ဆက်လက်ဖြစ်ပွားနေတာဆိုတော့ နှစ်ယောက်တည်းကမ္ဘာဖြစ်နေကြတာပါပဲ။ ကျွန်တော့်ငပဲ အောက်ပိုင်းကို သူလက်ကစားနေတုန်း ထိပ်ပိုင်းကိုတော့ သူ့လျှာပူပူနွေးနွေးကြီးနဲ့လျက်ပြုနေတာများတယ်။ ကျွန်တော်လည်းထို့အတူပါပဲလေ။

ကျွန်တော့်နှုတ်ဖျားက အော်ညည်းသံတွေက သူ့ပြုစုမှုရဲ့ထိရောက်ပုံကို သိစေသလို သူ့နှုတ်ဖျားက အော်ဟစ်မှုကလည်း စိတ်ထန်စေ ပါတယ်။ ရုတ်တရက် သူ့ရွှေဥတွေလှုပ်ရှားမှုကို သတိထားမိသလို သူ့တင်ပါးတွေ ကျစ်ကျစ်သွားတာကိုလည်း သတိမူမိတာကြောင့် သူ့ငပဲကို ပါးစပ်ထဲကထုတ်လိုက်ပြီး လက်ကစားတာကိုပဲဆက်လုပ်လိုက်တယ်။ သူ့အသက်ရှူသံတွေ အရှိန်မြင့်သွားပြီးနောက်မှာတော့ တဆတ်ဆတ်ခါသွားတဲ့ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့အတူ ကျွန်တော့်ရင်အုပ်တွေပေါ် သူ့သုက်ရည်တွေ ဖွေးကနဲ ဖွေးကနဲဖြစ်သွားပါ တယ်။ သူ ပန်းထုတ်သွားပြီး မိနစ်အနည်းငယ်ကြာပြီးနောက်တွင်မှ ကျွန်တော်သည်လည်း ခြေဖျားတွေ တဆတ်ဆတ်ခါသွားရင်း သုက်ရည်အများအပြားကို ပန်းထုတ်ပစ်မိပါရဲ့။ အများအပြားသူ့ပါးစပ်ထဲရောက်သွားပြီးမှ ကျွန်တော့်ငပဲကို ပါးစပ်ဟပြီးထုတ်လိုက်တာ သုတ်ရင်အချို့ဟာ ကျွန်တော့်ဆီးစပ်နဲ့ ဗိုက်သားတွေပေါ်ကျသွားရပါရော။

ဗစ်တာကိုကြည့်ရတာ ၀မ်းမြောက်ဝမ်းသာဖြင့် ကျေနပ်ကြည်နူးနေတဲ့ပုံစံဖြစ်နေတယ်။ ဒါကိုကြည့်ခြင်းဖြင့် သူ ကျွန်တော့်အပေါ်စွဲလမ်းမှု ယုံကြည်မှုဘယ်လောက်ရှိနေတယ်ဆိုတာသိနိုင်ပါတယ်လေ။ ကိစ္စပြီးမှာ ဘေးဘီကြည့်မိတာ ညနေစောင်းတောင်ဖြစ်သွားပြီပဲ။ နှစ်ဦးသား အပြန်အလှန်ဖက်တွက်ပြီးနောက် အိပ်မောကျသွားကြပါတယ်။

နာရီအနည်းငယ်ကြာပြီးနောက် ကျွန်တော်တို့နှစ်ဦးသား နိုးလာကြပါတယ်။ ကျွန်တော်နဲ့တွေ့ဆုံကြတယ် ခင်မင်ကြတယ် အလုပ်အတူတူလုပ်ကြတယ် ပြီးတော့ သူ ကျွန်တော့်ကို သဘောကျသလိုဖြစ်လာတယ်ဆိုတဲ့အကြောင်း ဒီထက်ပိုချင်ပေမယ့် ပေါင်းသင်းဆက်ဆံရေးပျက်သွားရမှာ ငြင်းပယ်ခံရမှာတွေကြောက်တာကြောင့် သူဘာမှမလုပ်ဖြစ်ခဲ့တဲ့အကြောင်း အစအဆုံးသူ ပြောပြပါတယ်။ သူ့ပြောဆိုပုံတွေအရ ကျွန်တော့်ရင်ခွင်ထဲမှာနေရမှာထက်ပိုပြီး အခြားအရာတွေကို မလိုချင်ပုံပါ။ ကျွန်တော် သူ့ကို တောင့်တင်းလှတဲ့ သူ့ကိုယ်လုံးကြီးကို ကြင်ကြင်နာနာထွေးဖက်ထားလိုက်တယ်။ ပြီးတော့ နှစ်ဦးသား စကားပြောနေလိုက်ကြတာ နာရီပေါင်းများစွာပါပဲ။

နှစ်ယောက်သား အိပ်ယာပေါ်က ညသန်းခေါင်ယံမှထထိုင်ကြပြီး မီးဖိုချောင်ထဲမတိုင်ပင်ဘဲဝင်သွားမိကြတယ်။ ရေဒီယိုလေးကို ခပ်တိုးတိုးဖွင့်လိုက်ရင်း နှစ်ယောက်သားအတွက် ကျွန်တော် အသားညှပ်ပေါင်မုန့်လုပ်လိုက်ကာ အားရပါးရစားကြတာပေါ့။ သူ တစ်ကိုက် နှစ်ကိုက်လောက် စားအပြီးမှာတော့ သူ့နှုတ်ခမ်းတွေဟာ ဘယ်လောက်လှကြောင်း အဲ့ဒီနှုတ်ခမ်းသားတွေနဲ့ ထိတွေ့ရတာ အရမ်းမိုက်ကြောင်း ကျွန်တော် မရည်ရွယ်ဘဲပြောလိုက်မိပါတယ်။

‘ဘယ်လို?’ သူက စားလက်စကိုရပ်ရင်းမေးတယ်။

‘ဘာမှမဟုတ်ဘူး။ မင်းကို ငါ ဘယ်လောက်ကြိုက်နှစ်သက်မိတယ်….ပြီးတော့ မင်းအနားမှာနေရတာဘယ်လောက်သဘောကျတယ်ဆို တာ သတိမထားမိခဲ့ဘူးလို့ပြောတာ’

‘အာ….ငါရှက်အောင်မပြောနဲ့ကွာ’

‘နောက်ဖေးက ကိစ္စတွေဖြစ်ပြီးကထဲက မင်းရှက်နေတာလေးကိုပဲ မြင်ချင်နေတာဗျ’ ကျွန်တော့်စိတ်ထဲဖြစ်နေတာကို ကြည်ကြည်နူးနူး ပြောလိုက်မိတယ်။

သူ့လက်ထဲက အသားညှပ်ပေါင်မုန့်ကို နောက်ဆုံးတစ်ကိုက်ကိုက်လိုက်ပြီးနောက် သူ ကျွန်တော့်ကို ပြုံးပြီးကြည့်တယ်။ မြိုချလိုက်ပြီး နောက် ‘အင်း…..ထုံးစံအတိုင်းဆို ရှေ့ဆက်ဘယ်လိုလုပ်မယ်ဆိုတာ ငါသိပ်စဉ်းစားလေ့မရှိဘူး။ ကြည့်ရတာ ငါတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ခိုင်ခိုင်မာမာဖြစ်နေပြီထင်တယ်’

စကားမပြောဖြစ်ကြဘဲ အတန်ကြာတစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ ထိုင်နေဖြစ်ကြပါတယ်။ ကျွန်တော်နဲ့ သူ နှစ်ယောက် သား အိပ်ရာရှိရာကိုပြန်မသွားခင် ကျွန်တော် စကားတစ်ခွန်းတော့ ပြန်ပြောဖြစ်ပါတယ် ‘ဒီအခြေအနေလေးကို ငါတို့ဆက်ပြီး ထိန်းထားကြတာပေါ့’ လို့။

Alex Aung (16 Oct 2014)

Note: စာအသစ်တွေ မရေးဖြစ်သလို ရေးဖို့အခွင့်မရနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မိတယ်။ သူငယ်ချင်းတွေလည်း ပျင်းနေရော့မယ် အဟောင်းတွေ ဖတ်နေရလို့။ So Sorry ပါ သူငယ်ချင်းတို့။ 

Wednesday, February 7, 2018

ဘဝမေ့တဲ့အထိ . . .ချစ်ခဲ့တယ်

[Colour Rainbow မဂ္ဂဇင်းကကြီးမှူးကျင်းပတဲ့
ဝဿန်​ LGBTရသစာမူပြိုင်​ပွဲမှာ
တတိယဆုရခဲ့တဲ့ ဝတ္တုတို​လေးပါခင်​ဗျ]


************************
" ကျုပ်အမျိုးသမီးကို လွှတ်ပေးပါ . .
ကျွန်တော့ကိုဖမ်းပါ ကျွန်တော်အစားဝင်ပါရစေ . . "
" ဥပဒေမှာ ကိုယ်စားမရှိဘူးဗျ "
လှိုင်သာယာအပိုင် စခန်မှုးရဲ့စကားကပြတ်သားလိုက်တာ ။ကျုပ်လည်းနားလည်ပေမဲ့ သက်ကိုချစ်တဲ့စိတ်နဲ့ပြောမိခဲ့တာ ။

စခန်းမှူးရဲ့ ' ဥပဒေမှာကိုယ်စားမရှိဘူး' ဆိုတဲ့စကားက ကျုပ်ဒူးတွေကို ကွေးညွှတ်သွားမတတ်ဖြစ်နေတယ် ။ လက်ကကိုင်ဆွဲထားတဲ့ သမီးလေး
ရဲ့လက်နုနုလေးကို တင်းတင်းဆုတ်ကိုင်ရင်း စိတ်ကိုသတိပြန်ဝင်လိုက်ရတယ် ။
ကျုပ်ပြိုလဲလို့မဖြစ်ဘူးလေ ။

" သက်ကိုတွေ့ပါရစေဆရာ "
" သက်သက်ကို ဧည့်တွေ့ပေးလိုက်ဟေ့  . . .
ကဲ . . . ခင်ဗျားဒီတပ်သားနဲ့ ဟိုက်ဘက်အဆောင်လိုက်သွား "

တပ်သားလေးဦးဆောင်ရာနောက်ကို သမီးလေးလက်ဆွဲပြီးလိုက်ခဲ့တယ် ။ ခြေလှမ်းဆယ်လှမ်းလောက်မှာ အသက်နေတဲ့ အမျိုးသမီးအချုပ်ဆောင်ကိုရောက်လေရဲ့ ။

" သက် "

အခန်းထောင့်မှာ မှီထိုင်ရင်းက ကျုပ်အသံကြားလို့ပြေးထလာတဲ့ အသက်က အခန်းသံတိုင်တွေကိုင်ရင်း သမီးကိုတွေတွေကြည့်ပြီး မျက်ရည်တွေတလိမ့်လိမ့်စီးလို့ ။
အသက်လက်ကိုကျုပ်အုပ်ပြီးကိုင်လိုက်တယ် ။

" ကို . . . အစောထဲကပြောတယ် . . .
ဒီလိုအဖြစ်မျိုးတွေကြုံမှာစိုးတယ်လို့ . . .
မင်း . . . ကိုယ့်စကားနားမထောင်ခဲ့ဘူး . . . "
" ကို . . . ဈေးထဲမှာ ကုန်စိမ်းရောင်းနေရုံနဲ့ အဆင်ပြေလားပြော . . .
သက်ခုလို နှစ်လုံး  သုံးလုံး ရောင်းလို့ငွေအဆင်ပြေတာလေ "
"အေး . . . ခုတော့ ဘယ်လိုလုပ်ကြမလဲ "

သံတိုင်ကိုင်ပြီး တအင့်အင့်နဲ့ချုံးပွဲချငိုနေတဲ့ ကျုပ်ဇနီးအတွက် ကျုပ်ဘာလုပ်ပေးနိုင်လဲ စဉ်းစားရင်း အသက်ကိုဖျောင်းဖျဖို့ မေ့နေတယ် ။စိတ်မကောင်းတာကများပြီး အပြစ်တင်နေမိတယ် ။

" သမီးလေး . . . မေမေ့သမီးလေး "

သမီးလက်လေးကိုင်ပြီးငိုနေတဲ့ အသက်ကို ကျုပ်မကြည့်ရက်ဘူး။

"အသက်ဘာစားပြီးပြီလဲ "
" မနက်ကစထွက်လာကတည်းက ဘာမှမစားရသေးဘူး . . .
စားချင်စိတ်လည်းမရှိပါဘူးရှင် "

စခန်းရုံးဧည့်ခန်းက နာရီကို လှမ်းကြည့်လိုက်တော့ ညနေ လေးနာရီကျော်နေပြီ။ လွယ်အိတ်ထဲက ထမင်းနဲ့ဟင်းထုတ်လေးကို တပ်သားလေးပြပြီး အသက်ကိုပေးလိုက်တယ် ။
မနက်ထဲက စခန်းကိုဖမ်းသွားပြီး အသက်နဲ့တွေ့ခွင့်မရ ။
စစ်ဆေးမှုပြီးမှ တွေ့ရမယ်ဆိုတော့ စောင့်ရင်း ညနေစောင်းခဲ့ပြီ။
အသက်နဲ့အိမ်ထောင်ကျပြီး တစ်ခါမှ တစ်ယောက်တည်း ထမင်းမစားခဲ့ဖူးဘူး ။ အသက်လို ကျုပ်လည်း တမနက်လုံးဘာမှမစားနိုင်ခဲ့ ။ ဈေးထိပ်မှာ နှစ်လုံး သုံးလုံးဂဏန်းရောင်းသုတွေ ရဲဝင်ဖမ်းတယ်ဆိုကတည်းက ကျုပ်ခြေလက်တွေမသယ်နိုင်ဖြစ်ခဲ့တာ ။ ထင်တဲ့အတိုင်းအသက်အဖမ်းခံရတော့ ကျုပ်ကုန်စိမ်းဆိုင်လေးသိမ်းပြီး သမီးလက်ဆွဲလိုက်ခဲ့ရတာ တစ်နေကုန် ။

" ကဲ ဧည့်တွေ့ချိန် ပိတ်ပြီ  . . .ဧည့်သည်တွေ ပြန်မယ်"

ကျုပ်နှလုံးသားမီးကင်ခံရသလိုပူလောင်လှတယ်။ အချုပ်ခန်းထဲ ထားခဲ့ရမဲ့ 'သက်'အတွက် ကျုပ်မချိဘူး ။

" မနက်ဖြန်တရားရုံးကိုသွားပြီး ရမန်ယူရမယ် တဲ့ . . .
ကို . . .အဝတ်တစ်စုံ စောစောလာပို့နော် . . .
သမီးကိုဂရုစိုက်နော် . . .
သက်စိတ်ချမယ်နော် . . . "

သက်ကိုခေါင်းငြိမ့်ပြချိန်မှာ ကျုပ်မျက်ရည်တွေ ပြိုကျကုန်တယ် ။
သုံးနှစ်သမီးလေးကတော့ ကျုပ်နဲ့သက်ကို တလှည့်စီကြည့်လို့ ။

 ( ၂ )
ညကတစ်ညလုံးအိပ်မပျော်ခဲ့ဘူး ။ ဘဝမှာ ခုလောက်စိတိဆင်းရဲခဲ့ရတာ မကြုံဖူးဘူး ။ 'သက'်အစားကျုပ်ဖြစ်ရင်တောင်ဒီလောက်ခံစားရမယ်မထင်ခဲ့ဘူး ။'သက်'လည်းအိပ်မှပျော်ပါ့မလား ။ သမီးနဲ့ကျုပ်ကိုတစ်ခါမှ ခွဲပြီးအိပ်ဖူးသူမဟုတ်ဘူး ။ သမီးလေးကတော့ 'သက်'ကိုမတွေ့လို့ခဏတော့ငိုပေမဲ့ ကလေးဆိုတော့ အိပ်ပျော်သွားတာပဲ ။ သမီးကိုကြည့်ပြီးမျက်ရည်ကျနေရတာကျုပ်။
ဒီနေ့တော့ ဈေးလည်းမထွက်နိုင် ။ သမီးကိုနှိုးမျက်နှာသစ်ပေးပြီး' သက်'ဝတ်စုံတစ်ခု ဈေးလွယ်အိတ်ထဲထည့်ပြီး သားအဖနှစ်ယောက် ဈေးကိုအရင်ထွက်ခဲ့ကြတယ် ။

"လေးထူး . . . သမီးနေရဲ့လား "
" ဒီလိုပါပဲ ငိုလိုက်တိတ်လိုက်ပေါ့ "
" ဆိုင်ကကုန်စိမ်းလေးတွေ ညည်းတို့ဆိုင်ကိုပေးထားခဲ့မယ် ရောင်းထားပေးနော်  စပယ်ရေ "
" ဟုတ် . .ထားခဲ့ ရောင်းထားပေးမယ် . . .
မမသက်ကိုမုန့်ဝယ်ထည့်ပေးလိုက်မယ်နော် "

ဘေးဆိုင်က ဈေးသည်ကောင်မလေးကို ပစ္စည်းလေးတွေအပ်ရင်း သက်အတွက်ဘာလိုသေးလဲစဉ်းစားမိတယ် ။

" စပယ်ရေ နင့်မမသက်အတွက် သွားပွတ်တံ သွားတိုက်ဆေး သနပ်ခါးဗူးလေးပါဝယ်ခဲ့ပါ . .
ရော့  . . ငါးထောင်ယူသွား "
" လာ . . သမီးလေး ဖေဖေနဲ့ မုန့်ဟင်းခါးစားမယ် . .
ပြီးရင်မေမေ့စီသွားမယ်နော် . ."

ခေါင်းငြိမ့်ပြတဲ့ သမီးကိုတစ်ချက်နမ်းရင်းကောက်ချီလိုက်တယ် ။
မနက်လင်းတိုင်းဆိုင်ဖွင့်ရင်း သားအဖသုံးယောက်သွားနေကြ မုန့်ဟင်းခါးဆိုင်လေးကိုထွက်လာတော့ မျက်ဝန်းမှာမျက်ရည်တွေခိုလို့ ။
မုန့်ဟင်းခါးဆိုင်ရောက်တော့လည်း ဈေးထဲကလူတွေစုံ ဟိုလူမေးဒီလူုမေးနဲ့ မုန့်စားရတာလည်းမျိုမရ ။လည်ပင်းမှာတစ်စို့လို့။
သမီးကိုဟင်းရည်ချို ငါးပြုတ်ရည်လေးနဲ့ သေချာကျွေး 'သက်' အတွက် တစ်ပွဲပါဆယ်ထုတ်ပြီး ဆိုင်ကိုပြန်ခဲ့တယ်။

" လေးထူးရေ ဒီမှာ . . .မှာတာတွေအစုံပါတယ်
လိုအပ်မယ်ထင်တာလေးတွေလည်း ဝယ်ပေးလိုက်တယ် . . .
ညနေ ဆိုင်သိမ်းပြီးမှစပယ်တို့ မသက်ကိုလာတွေ့တော့မယ် "
" အေး . . . အေး "

စပယ်ကိုနူတ်ဆက်ပြီး ကမ်းပေးတဲ့အိတ်ကိုလက်ကဆွဲလို့ သမီးလေးကောက်ချီရင်း ဆိုင်ကယ်တက္ကဆီဂိတ်ကိုထွက်လာခဲ့တယ်။

( ၃ )

ပါလာတဲ့မုန့်ဟင်းခါးထုတ်ကိုဖြည်ပြီး တခြားအချုပ်သူတွေရဲ့ ဇွန်းနဲ့စားနေတဲ့ သက်ကိုမကြည့်ရက် ။ မျက်တွင်းက နက်နေပြီ ။တစ်ညလုံးအိပ်ပျော်ပုံမရ ။

သမီးအကြောင်း ဆိုင်ကိစ္စအကြောင်း ပြောပြီး အမှုအကြောင်းပြောရင်း "ရုံးထွက်သွားမယ်" လို့လာပြောတဲ့ တပ်သားလေးအသံကြောင့် အချုပ်သူတချို့နဲ့' သက် 'အ ဝတ်လဲဖို့ပြင်ကြတယ် ။

အချုပ်ကားရဲ့ ခေါင်းလေးသာမြင်ရတဲ့ သံတိုင်သေးသေးလေးကြားထဲ ' သက် ' မျက်နှာလေးကို မကြည့်ရက်ပြန်။

" ကိုနဲ့သမီး ဆိုင်ကယ်တက္ကစီနဲ့ လိုက်ခဲ့နော် "

သံတိုင်လေးကြားက လှမ်းကြည့်ပြီးအော်ပြောနေတဲ့ 'သက် ' ကို ကျုပ်ခေါင်းငြိမ့်ပြလိုက်တယ် ။
ဖြည်းဖြည်းခြင်း ထွက်သွားတဲ့ အချုပ်ကားနောက်က လမ်းလျှောက်လိုက်ရင်းဆိုင်ကယ်ငှားဖို့မျက်စိကစားတော့ ဆိုင်ကယ်တက္ကစီတွေများ စခန်းရှေ့လမ်းပေါ်မှာပြည့်လို့ ။
ဒီအချိန်ကို လာစောင့်နေကြပုံ ။
ကျုပ်လိုပဲ တခြားအမှုသည်ရဲ့ မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက် ရုံးနောက်လိုက်ဖို့ပြင်နေကြတာ ။ ဆိုင်ကယ်ဆယ်စီးနီးပါး အငှားလိုက်ခဲ့ရတယ် ။ ကျုပ်လိုပဲ မိသားစုအပူသည်တွေများလိုက်တာ ။

" မသက်သက် . . .  ရှေ့နေငှားမှာလား "

အရာရှိတစ်ယောက်က အမေးမှာ 'သက်'ကကျုပ်ကိုလှမ်းကြည့်တယ် ။
" မငှားတော့ဘူးဆရာ . . . ကျမကစာရွက် ဘောပင်ပါ မိတာဆိုတော့ကျမှာသေချာတယ်  . . .
အမှုမကစားတော့ဘူး . . .ငွေလည်းမတတ်နိုင်ဘူး "

ကျုပ်ဘာမှမပြောနိုင်ခင်မှာ 'သက်' ကဆုံးဖြတ်ချက်ချပြီး အရာရှိကိုပြောပြီးနေပြီ ။ ခက်တာက ကျုပ်ကလည်းဘာမှကိုမသိတာ ။
ကျုပ်ကသုံးတန်းအထိစာသင်ဖူးတာ ။ ' သက် ' ကဆယ်တန်းကို ( ခ ) နဲ့အောင်ထားတာ ။ ကျုပ်ထက်ပိုသိမှာပါ ။

ရုံးလိုက်ခဲ့ဆိုလို့သာလိုက်လာတာ ။သမီးနဲ့နေရပြီး သမီးကိုထိန်းနေရတာ ။ အမှုကိစ္စ ' သက်' ကသူ့ဘာသာစီစဉ်နေသူ ။ နေ့ခင်းထမင်းထုတ်နဲ့ ရေသန့်တစ်ဗူး အချိုရည်တစ်ဗူးဝယ်ပေးပြီးကတည်းက သက်နဲ့တွေ့ခွင့်မရပြန်ဘူး ။
ရုံးရှေ့နားက ဗန်ဒါပင်ကြီးအရိပ်အောက်မှာထိုင်ရင်းသမီးကိုသိပ်ထားရတယ် ။ ရုံးထွက်လာမဲ့ လမ်းကိုတကြည့်ကြည့်နဲ့ ' သက် ' လာပြီလားကြည့်မိတာအမော ။

ညနေသုံးနာရီထိုးမှ ရဲမေနှစ်ဦးနဲ့ 'သက်'တို့ လောင်းကစားမှု အမျိုးသမီးအချုပ်သူ ငါးဦးထွက်လာကြတယ် ။

" ကိုရေ . . .သမီးကိုဂရုစိုက်နော် "

အပင်အောက်မှာထိုင်နေတဲ့ကျုပ်နဲ့ ကျုပ်ပေါ်အိပ်ပျော်နေတဲ့သမီးလေးကို စိတ်မကောင်းတဲ့ မျက်ဝန်းတွေနဲ့ကြည့်ရင်း ပြောသွားတဲ့ ' သက် '
သူ့ကိုယ်သူတော့ စိုးရိမ်ဟန်ကြောက်ရွံဟန်တစ်စက်လေးမှကိုမရှိ ။
ဘာတွေဖြစ်လာမှာလဲ တွေးရင်း ခြေ လက် တွေလေးလာသလိုဖြစ်လာတာက ကျုပ် ။
သမီးကို ပွေ့ချီပြီး' သက'်တို့နောက်ကနေ ရုံးထဲလိုက်ခဲ့တယ် ။

( ၄ )

စခန်းအချုပ်မှာ သုံးရက်နေအပြီး 'သက်'ကိုအင်းစိန် အမျိုးသမီးထောင် အချုပ်ဆောင်ကိုပို့တော့ နေ့တိုင်းစခန်းမှာလို မတွေ့ရ ။ ရုံးချိန်းရှိတဲ့နေ့မှ 'သက်' ကိုတွေ့ရတယ် ။ သမီးကလည်း ' သက်' မရှိတော့ကျုပ်ကို ပိုကပ်သလို ကျုပ်မှာလည်း သမီးစားဖို့သောက်ဖို့အပြင် ဆိုင်အလုပ်ကမနားရဲ ။
 တနေ့ တစ်သောင်းကျော်လောက်အမြတ်ရတဲ့ကုန်စိမ်းဆိုင်လေးက ' သက် ' အတွက် သီးသန့်ခွဲပြီးထောင်ထဲပို့ပေးရသေးတော့ မလောက်ငှတော့ ။

ကုန်စိမ်းရောင်းအပြီး ညနေပိုင်းတစ်နာရီလောက် သူများဆိုင်ကဈေးခြင်းတွေ ကားပေါ်ကချတာတို့ ဆိုင်ကိုသယ်တာတို့ ကျုပ်လုပ်တော့ အပိုငွေ လေးငါးထောင်ရသား ။ ပင်ပန်းပေမဲ့ ကျုပ်ပျော်တယ် ။ ' သက် ' နဲ့သမီး မချို့တဲ့စေရဘူး ။' သက် 'မရှိပေမဲ့ သက်ရှိတုန်းကလို သမီးလိုချင်တဲ့အရုပ် စားချင်တဲ့မုန့် ကျန်းမာရေးကအစ ပြည့်စုံစေရမယ် ။ ' သက်'လိုဘောပင်လေးနဲ့ အလုပ်မလုပ်ရပေမဲ့ ကျုပ်လက်တွေ အားအင်အပြည့် ။

" လေးထူး . . .  လက်ဖျံမှာသွေးထွက်နေတယ် ဘာဖြစ်တာလဲ "

ဈေးခြင်းတွေသယ်နေရင်း ဘေးဆိုင်က' စပယ် ' မေးမှ ကိုယ့်လက်ကိုကြည့်မိတယ် ။
သေချာကြည့်မှ လက်တွေမှာသယ်ပိုးထားတဲ့ဒဏ်ရာတွေအပြည့် ။

" ဈေးခြင်းသယ်ရင်း ရှသွားတာပါဟာ "

ခြင်းတွေရွှေ့ရင်း ' စပယ် ' ကိုပြန်ဖြေလိုက်တယ် ။

" ပေကြီး  . . ပဲယင်ပေါက်ဘယ်ရောက်တားယဲ "

သမီးအသံကြားမှ ဆိုင်ပေါ်ကိုကြည့်မိတယ် ။ ပဲပင်ပေါက်တွေချိန်ခွင်ထဲထဲ့ပြီးဆော့နေတဲ့သမီးလေး ။ သမီးကိုခေါင်းငြိမ့်ပြုံးပြပြီး ကျုပ်အလုပ်တွေလက်စသတ်ဖို့ အာရုံစိုက်နေမိတယ် ။
ဒီနေ့' သက် 'အိမ်ကထွက်သွားတာသုံးလပြည့်သလို ' သက် ' အမှုအတွက် အမိန့်ချမယ့်နေ့ ။

သုံးလဆိုတဲ့ကာလမှာ သက်ကထောင်ထဲမှာအဆင်ပြေအောင်နေတတ်သလို ကျုပ်လည်းအလုပ်သစ်တွေနဲ့နေသားကျလာပြီ ။ ထောင်ထဲက' သက်'ကို ထောင်ဝင်စာ မှန်မှန်ပို့နိုင်ဖို့ ကျုပ်ကြိုးစားရမယ် ။
စာတတ်ပေတတ်အလုပ်မဟုတ်ပေမဲ့ ကျုပ်လက်တွေခွန်အားတွေရှိနေသ၍ ' သက်' နဲ့သမီးမျက်နှာမငယ်စေရဘူး ။
အလုပ်လုပ်နေရင်းက ' သက် ' မှာတဲ့ပစ္စည်းတွေယူဖို့ ဝယ်ဖို့ လုပ်ရအုံးမှာပါလားတွေးရင်း ဆန္ဒစောနေမိတယ် ။
သမီးလေးကတော့ ချိန်ခွင်နဲ့ဆော့ကောင်းတုန်း ။

( ၅ )

" ကို့ လက်တွေအေးစက်လို့ပါလား "
" သက်ကို ကိုစိတ်မကောင်းလို့ပါ "
"သက်ကနေတတ်နေပါပြီ အထဲမှာလည်း သက်လိုဘဝတူတွေအများကြီး  . . .
သမီးကိုသာ ဂရုစိုက်နော် . . .
တနှစ်ဆိုတာခဏလေးပါ  . . ခုတောင်ချုပ်ရက်ကသုံးလဖြစ်နေပြီ "
ရှေ့နေမငှာူနိုင်ပေမဲ့ အစိုရရှေ့နေလေးတစ်ဦးအကူအညီနဲ့မို့ချုပ်ရက်သုံးလနဲ့အမိန့်ချနိုင်ခဲ့ကြတယ် ။

တနှစ်အမိန့်နဲ့ ထောင်ကျတဲ့ ' သက် ' က ကျုပ်ကိုပြန်အားပေးနေတယ် ။'သက်'လက်လေးကိုဆုတ်ကိုင်ပြီး မျက်လုံးချင်းဆုံမိတော့ တကယ်မျက်ရည်တွေပြည့်နေတာက ကျုပ် ။ သက်ကပြုံးရင်းခေါင်းငြိမ့်ပြတယ် ။

" သက်ကိုစိတ်ချပါ ခဏပဲနေရမှာ  . . .
ထောင်ဝင်စာသာ မပျက်ကွက်နဲ့နော် . . .
သက် ငတ်နေမယ်သိလား . . ."
သက်စကားအဆုံး ကျုပ်ခေါင်းကိုသွက်သွက်ငြိမ့်ပြတော့ မျက်ရည်တွေက ကျုပ်ပါးပေါ်တလိမ့်လိမ့် ။

'သက်' ကိုခေါ်သွားတဲ့ အချုပ်ကားကြီးကိုမျက်စိတဆုံးကြည့်နေမိတယ် ။ကျုပ်ကြိုးစားရမယ် ။ဘေးကလက်ဆွဲထားတဲ့သမီးလေးလက်ကိုတင်းတင်းဆုပ်ကိုင်ထားလိုက်တယ် ။ ဒီအချိန်မာသမီးလေးက ကျုပ်ရဲ့အား ။
ရှေ့ဆက်အလုပ်တွေပိုလုပ်ရမယ်စဉ်းစားရင်း သမီးကိုငုံ့ချီလိုက်ပြီးပြန်အထ ဘယ်ဘက်ဆီးစပ်နားကစူးစူးရှရှထိုးအောင့်လာတယ် ။

" သမီးလေးခဏဆင်းအုံး "
ခုပဲချီ ခုပင်ပြန်ချနဲ့ သမီးကကြောင်တောင်တောင်လေးကြည့်လို့ ။
သမီးကိုပြုံးပြရင်းခဏထိုင်ချလိုက်ပေမဲ့ ကျုပ်အပြုံးတွေကိုသမီးကတမျိုးကြည့်နေလေရဲ့ ။
ခုတလောဒီလို မကြာမကြာစူးတင်းတင်းဖြစ်သလို ခံစားမိတာသတိထားမိတယ် ။ အလေးအပင်တွေများ မ မိလို့လားဆိုတဲ့စိတ်နဲ့စဉ်းစားမိတယ် ။ ဘာပဲဖြစ်ဖြစ်ကျုပ်ကျန်းမာမှဖြစ်မယ်လေ ။ ဆိုင်ကယ်တက္ကစီတစ်စီးငှားပြီးပြန်လာတော့ နေတောင်အတော်စောင်းနေပြီ ။

( ၆ )

ဆိုင်ဘေးနားက ဈေးသူဈေးသားတွေကို တစ်ချက်တစ်ချက်ဖြစ်တတ်တဲ့ ကျုပ်ဝေဒနာအကြောင်းမေးကြည့်တော့ . . .

"အလေးအပင်မလို့ လေးထူး အူကျတာဖြစ်မယ် "
" ဟုတ်ပါဘူးဟာ . . ."
"ဟား . .ဟား . .ဟား . . လေးထူးသတိထား ဘောလုံးတွေဈေးကောင်းတယ် "

ကျုပ်ဝေဒနာကို တစ်ယောက်တစ်မျိုး ရယ်ပွဲဖွဲ့နေကြတယ် ။

" လေးထူးရေ ခရမ်းချဉ်သီးတောင်းတွေကားဂိတ်မှာရောက်နေတယ်ပြောတယ် သယ်မှာလား "
" သယ်မယ် သယ်မယ် ခုသွားပြီ"
" စပယ်ရေ ငါ့သမီးလေးကြည့်ပေးထားဦး . . .ရှေ့ဆိုင်က ခရမ်းချဉ်သီးတောင်းတွေသယ်ပေးလိုက်ဦးမယ်"

' စပယ် ' ခေါင်းငြိမ့်ပြတာနဲ့ကျုပ်အပြေးအလွှားကားဂိတ်ထွက်ခဲ့တယ် ။
နောက်ကျနေလို့မဖြစ် ရတုန်းလုပ်ရတဲ့အလုပ် ။ဒါမှ သက်အတွက် တပတ်စာထောင်ဝင်စာလေးကာမိမယ် ။
ချစ်ရသူဒုက္ခရောက်နေချိန် စားရေးသောက်ရေး နောက်ဆုံးထောင်ထဲနေထိုင်ဖို့ကအစ ကျုပ်ငွေရှာနိုင်မှဖြစ်မှာ ။

ခရမ်းချဉ်သီးခြင်းတောင်းတွေကလည်း အရင်ထမ်းနေကျထက်ပိုလေးနေသလိုလိုခံစားရတယ် ။ဘယ်ဘက်ဆီးစပ်က မျက်ကနဲအောင့်အောင့်နေတာကလည်း ပိုပိုစိပ်လာလိုက်တာ ။

" ထောင်ဝင်စာမပျက်ကွက်နဲ့နော် . .သက်ငတ်နေဦးမယ် "

သက်ရဲ့စကားသံပြန်ကြားမိတော့ ကျုပ်ဝေဒနာကိုမေ့လျော့စေတယ်။
ကျုပ်သွားတိုင်း သံတိုင်ကြားက "သမီးနဲ့ကို့ကိုလွမ်းလိုက်တာ " ပြောတိုင်း ' သက် ' မျက်ဝန်းမှာမျက်ရည်တွေပြည့်သလို ကျုပ်မှာလည်းအပြည့်။ တပတ်မှာကြာသပတေးနေ့တိုင်းထောင်ဝင်စာသွားတွေ့ရင် ' သက် ' အတွက်စားစရာ ဟင်းတစ်ပတ်စာ မုန့် ကော်ဖီမစ် အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျန်ကျောင်းအိတ်ဆိုဒ် အမဲအိတ်ကြီးကိုအပြည့် ။

'သက်'ကဈေးရောင်းကောင်းရဲ့လားမေးတိုင်းကျုပ်က ကောင်းတယ်ပဲပြောခဲ့တာ ။ကျုပ်ကုန်ထမ်းနေတာ ' သက် ' သိလို့မှမဖြစ်တာ ။ထောင်ထဲမှာ' သက်'မျက်နှာမငယ်ရဖို့အဓိက။
'သက'်ကိုပေါင်းလာအတည်းက 'သက်'အတွက်ပဲကျုပ်ကြည့်ခဲ့တာ ။သမီးကိုမွေးလာတော့လည်း ကျုပ်အတွက်အသက်ပေးချစ်ရမဲ့သူထပ်တိုးလာတာပေါ့ ။
မချမ်းသာပေမဲ့ဈေးသည်ဆိုတော့ လက်ထဲမှာတော့ငွေမရှားဘူး ။ပါးစပ်စို အူစိုတယ် ။ သမီးကိုဆို ' သက်' ကိုယ်ဝန်ရစ သားလား သမီးလား မသိခင်ကတည်းက ချစ်ခဲ့ရတာကျုပ် ။

" အမလေး  . . .လေးထူး . . .လေးထူး . . .
ပိုက်ဆံမယူတော့ဘူလား "
"သြော် . . .အေး.  . . အတွေးလွန်နေလို့ပါဟာ . .  "

တစ်ခြင်းသုံးရာနဲ့ထမ်းခဲ့တဲ့ ငွေလေးသုံးထောင်လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဆိုင်ဘက်ကူးခဲ့တယ် ။သမီးလေးက' စပယ်'တို့ဆိုင်မှာအိပ်တောင်ပျော်နေပြီ ။

' စပယ်' ရေ ငါထမင်းစားလိုက်ဦးမယ်ဟာ ပြီးမှသမီးလာခေါ်မယ် "
" ခုမှစားမှာလား  . .နေ့ခင်းနှစ်နာရီကျော်နေပြီ "

စပယ်ကိုခေါင်းငြိမ့်ပြရင်း ဝယ်ထားတဲ့ထမင်းထုတ်လေးဖြည်တော့ လက်ကတုန်လို့ ။ဗိုက်ကတဂွီဂွီမြည်နေပေမဲ့ တကယ်စားတော့ သိပ်မဝင်တော့ ။
' သက်'လည်းထမင်းမှစားကောင်းရဲ့လားတွေးမိတယ်။

( ၇ )

"လေးထူး . . .အစာလေးတော့စားအုံး ဆေးသောက်ရအောင်
 ဒီနေ့ မမသက် ပြန်လာမှာ ဒီကိုတန်းခေါ်ခဲ့မယ်လို့ ပြောကြတယ်. . .
ရှေ့ဆိုင်က အမတွေ မမသက်ကိုသွားကြိုကြတယ် ဘာမှမပူနဲ့
လေးထူးဆေးရုံတက်ကတည်းက သူတို့တစ်ပတ်တစ်ခါ ထောင်ဝင်စာသွားကြည့်ပေးနေတာပဲ ."
" ငါဆေးရုံတက်နေတာ' သက်' တကယ်မသိဘူးနော် "
"မသိဘူးလေ . . . လေးထူးပြောခိုင်းသလိုပုသိမ်က လေးထူးအမေနေမကောင်းလို့ သမီးနဲ့အရေးပေါ်ထွက်သွားရတယ်ပြောထားတာလေ . . .
'မသက်' ကလည်းယုံပါတယ် . . .
ရှေ့မှာလေးထူးတစ်ခါမှ ပျက်ကွက်ခဲ့တာမှမဟုတ်တာ
ခုမှမဖြစ်မနေဆေးရုံတက်ရလို့ပျက်ကွက်ရတာလေ . . .
အမလေး . . .မမသက်ကိုမတွေ့ရတာနှစ်ပတ်ပဲရှိသေးတယ် လွမ်းနေပြီလား "
"လွမ်းတာထက် ခုလိုသူထောင်ကလွတ်မဲ့အချိန် ငါမကြိုနိုင်တာကိုစိတ်မကောင်းတာပါဟာ "
" ဒါတော့လေးထူးရယ် 'မမသက်'အမှုစဖြစ်ကတည်းက ကိုးလခွဲလောက်ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီး တာဝန်ကျေခဲ့တာ စပယ်တို့အသိပါ  . . .
ဒါတောင်' မမသက်' ကသိရှာတာမဟုတ်ဘူး "

ဒီနေ့'သက်'လွတ်ပြီ ။ကျုပ်စီတန်းလာကြမယ်တဲ့ ။ လက်ကဆေးတွေချိတ်ပြီး ဆေးရုံခုတင်ပေါ် ပက်လက်ကနေ 'သက်' အလာကိုဘယ်လိုကြိုရမှာပါလိမ့် ။ တွေးရင်းစိတ်မကောင်းဖြစ်နေမိတယ်။

"ပေကြီးရေ . . .ပေကြီး . . .
မေမေ ကျန်ရာဘီ "
ဆေးရုံအခန်းရှေ့ကတည်းကအော်လာတဲ့သမီးလေးအသံနဲ့အတူ သက်ကိုတွေ့လိုက်ရတယ် ' သက် 'ဘေးမှာလည်းဆိုင်ဘေးဝန်းကျင်ကမိတ်ဆွေတွေနဲ့။

" ဒါ . . .ဒါ . . .ဘယ်လိုဖြစ်တာလဲဟင်.   .' သက်'ကိုပြောတော့ ပုသိမ်သွားတယ်ဆို . ..
လာကြိုတဲ့သူတွေက ဆေးရုံကြီးခဏဝင်စရာရှိတယ်ဆိုလို့ လမ်းကြုံဝင်တယ်ထင်တာ . . .
ပြောပါအုံး 'ကို' ဘာဖြစ်တာလဲလို့ "

"မမသက်ရေ မမသက်အတွက်မျက်နှာမငယ်ရအောင်ကုန်တွေထမ်းပြီးအပိုငွေရှာတယ်လေ ။ ခုလေးထူးက တဖြည်းဖြည်းသွေးဆင်းများလာပြီး ခုသားအိမ်ပါထုတ်ပစ်ရတာ "
" ရှင် "
" ဟုတ်တယ် မမသက် ခုဆေးရုံတက်တာတောင် မမသက်အတွက် နှစ်ပတ်လောက်ပဲထောင်ထဲမှာနေရမှာ ထောင်ဝင်စာတွေ့ရမှာတွေကို ' စပယ်' တို့တာဝန်ယူပါတယ် ဆေးရုံမတက်လို့မဖြစ်တော့ဘူးဆိုမှတက်တာ မမသက်ရေ "

"ကိုရယ် . . .
သက်ဘဝမှာ သမီးလေးကိုယ်ဝန်ရှိကတည်းက တာဝန်မယူတဲ့သူ့အဖေကြောင့် 'ကို ' က 'သက်' ကိုတကယ့်အိမ်ဦးနတ်လို ချစ်ခဲ့စောင့်ရှောက်ခဲ့တာပါ  . . .
သက်ဘဝမှာ' ကို' က ထာဝရ အိမ်ဦးနတ်ယောကျာ်းကောင်းတစ်ယောက်ပါရှင်  . . .
သက်ကိုအစောကတည်းက ထုတ်ပြောခဲ့ရမှာ "

' သက် 'ကကျုပ်လက်လေးကိုင်ပြီးပြောရင်း ခုတင်ပေါ်ပက်လက်နေနေရတဲ့ကျုပ်ရင်ဘတ်ပေါ် သူ့မျက်နှာလေးမှောက်ပြီးအပ်ထားတော့ စိုစွတ်တဲ့'သက်'ရဲ့မျက်ရည်စတွေက ကျုပ်နှလုံးသားထဲစီးလာတယ်ထင်တယ် ။
ကျုပ်မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့။

" ဟာ . . . မမသက်ရဲ့ အိမ်ဦးနတ်ကြီးက မျက်ရည်တွေဝဲနေတယ် "

" ဟား . .  ဟား . . . .ဟား . . ."

'စပယ့်' စကားကြောင့် အားလုံးပွဲကျသွားကြတယ်။
ရှက်ပါဘူးဗျာ . . .
ကျုပ်လည်း နူးညံ့တဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့ အိမ်ဦးနတ်ပဲလေ ။
 
                                                      သွေးနီနီ

Sunday, February 4, 2018

Anejaculation သုက်မထွက်ခြင်း


သူငယ်ချင်းတယောက် သူ့အတွက် မေးပေးပါဆိုလို့။ နည်းနည်း ထူးဆန်းတယ် ပြောရမလားမသိဘူး။ သူက အခုမှ ၂ ခါ လောက်ပဲ ဆက်ဆံဖူးတာပါတဲ့။ ယောက်ျားလေးပါ။ သူ့ချစ်သူနဲ့ အတူနေတာ မပြီးတာလား၊ ပြီးသွားတာ မသိတာလား၊ မသိပါဘူးတဲ့။ ကိုယ်တိုင် မသိလိုက်ပဲ ပြီးသွားတာမျိုး ရှိနိုင်သလား။ သူက အရည်မထွက်ဘူးတဲ့။ ကိုယ့်ဘာသာ ကစားရင်တော့ ပြီးပါတယ်တဲ့။ ဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရမလဲတဲ့။ ရောဂါများလား။

သုက်လွှတ်တာမှာ ပြဿနာ (၄) ရပ်ရှိတယ်။
1. Premature ejaculation သုက်လွှတ်စောခြင်း၊
2. Delayed (Retarded) ejaculation သုက်လွှတ်နောက်ကျခြင်း၊
3. Retrograde ejaculation သုက်ပြောင်းပြန်ထွက်ခြင်း နဲ့
4. Anejaculation သုက်မထွက်နိုင်ခြင်း။

Premature ejaculation သုက်လွှတ်စောခြင်းကို စာ ၂ ပုဒ်၊ Retrograde ejaculation သုက်ပြောင်းပြန် ထွက်ခြင်းလဲ တပုဒ် ရေးထားပါတယ်။ ကျန်တဲ့ ၂ မျိုးကို တွဲရေးပါရစေ။

လိင်ဆက်ဆံပြီးလို့ ဖြစ်ဖြစ် ဖါသာ-အာသာဖြေလို့ဖြစ်ဖြစ် အဆုံးသတ်မှာ ယောက်ျားလိင်တံကနေ သုက်ရည် ထွက်ပါမယ်။ ဒီလို ပုံမှန် ဖြစ်နိုင်စွမ်းရှိတာကို Ejaculation လို့ ခေါ်တယ်။ အဲလို သုက်ထွက်မလာနိုင်တာကို Anejaculation လို့ခေါ်တယ်။ ဒီလိုဖြစ်နေသူမယ် အထဲမှာ သုက်ရည်ကတော့ ဖြစ်နေပေမဲ့ မထုတ်-မထွက်နိုင်ဘူး။ သုက်ကသာ မထွက်တယ် ဆန္ဒပြည့်ဝမှု Orgasmic sensation ကတော့ ရပါလိမ့်အုံးမယ်။ သုက်လဲမထွက်၊ Orgasm ကျေနပ်မှုလဲမရသူ ရှိသေးတယ်။

အမျိုးအစား (၂) မျိုး ခွဲပါမယ်။
1. Situational anejaculation အခြေအနေအရ သုက်မလွှတ်ခြင်း၊ တခါတလေ သုက်လွှတ်နိုင်ပေမဲ့ အမြဲတန်း အဲလို မဖြစ်နိုင်တာမျိုး။ ဆေးစစ်ဘို့ ဆေးခန်းမှာ သုက်ထုတ်ခိုင်းတဲ့အခါမျိုးမှာ ဘေးပါတ်ဝန်းကျင်ကြောင့် စိတ်က ဖိစီးမှုခံနေရလို့ သုက်ထုတ်မရတတ်ဘူး။ အိမ်ရောက်တော့ ပုံမှန်ဖြစ်နေမယ်။ တချို့က လိင်ဆက်ဆံရင် သုက်လွှတ်ပေမဲ့ (မာစတာဘေးရှင်း) လုပ်ရင် မထွက်ဘူး။ တချို့က ပြောင်းပြန်။ မေးတဲ့သူလိုပေါ့။

2. Total anejaculation လုံးဝ သုက်မလွှတ်နိုင်ခြင်း၊ ဘယ်အခါမျိုးမှာမ သုက်ကထွက်မလာသူမျိုး။ ဒီလို ဖြစ်တာကို ထပ်ခွဲနိုင်တယ်။
• Anorgasmic anejaculation အိပ်မပျော်တဲ့ အချိန်မျိုးမှာ ဘယ်လိုလုပ်လုပ် သုက်မထုတ်နိုင်ပေမဲ့ အိပ်ပျော်နေတုံး ဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာ စိတ်ကြောင့်ပါ။ ရုပ်အခြေအနေ ကောင်းပါတယ်။
• Orgasmic anejaculation ဒီအမျိုးအစားဟာ Orgasm စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပေမဲ့ သုက်က မထွက်ဘူး။ ထွက်မှန်းမသိ၊ ဒါမှမဟုတ် အနည်းအပါးလောက်သာ ထွက်မယ်။ Block in the tubes သုက်ထွက်ပြွန်မှာ ပိတ်နေတာ၊ Damage to the nerves အာရုံကြော မကောင်းတာ နဲ့ Retrograde ejaculation သုက်ပြောင်းပြန်ထွက်တာတွေကြောင့် ဖြစ်နိုင်တယ်။

Anejaculation ကို Primary တခါမှ မတခါတာမျိုးနဲ့ Secondary ကောင်းနေရာကနေ အခုမှ ဖြစ်လာတာမျိုးလို့လဲ ခွဲနိုင်တယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ အဖြစ်များတာကနေ စပြောရရင် -
1. Sexual inhibition လိင်ပိုင်းအားနည်းမှု၊
2. Pharmacological inhibition ဆေးဝါးတွေကြောင့်၊
3. Autonomic nervous system malfunction (အော်တိုနောမစ်) အာရုံကြောစနစ် ချို့ယွင်းလို့၊
4. Prostatectomy ဆီးကျိတ် ခွဲစိတ်ထားလို့၊
5. Ejaculatory duct obstruction သုက်ထွက်လမ်း ပိတ်နေလို့။

လိင်စိတ်ကြွ သရုပ်ပြတာတွေထဲမှာ ခွက်နဲ့အပြည့်လောက် သုက်ရည်တွေ တလံမကဝေးတဲ့ဆီအထိ ပန်းထွက်တာတွေဟာ ဖို-မ ဆက်ဆံရေး ကျန်းမာရေး-ပညာပေးမှာ (ဗိုင်းရပ်စ်) ပိုး ဝင်သလိုဘဲ။ လွဲမှားတာကို ထင်စေနိုင်တယ်။ မမှန်ကြပါ။

စိတ်ဆန္ဒပြည့်ဝမှု ရနိုင်ပြီး၊ သုက်မထွက်နိုင်တာနဲ့ သုက်ပြောင်းပြန်ထွက်တာ အခွဲရခက်တယ်။ ဆီးစစ်လို့ ဆီးထဲ သုက်ပိုး ပါနေ-မနေနဲ့ ကြည့်ခွဲရတယ်။ တကယ်လို့ စိတ်ဆန္ဒပြည့်ဝသလို အလိုအလျှောက် တုံခါမှုမျိုး ဖြစ်ပြီး၊ သုက်ရည် နည်းနည်းလေးလောက်သာ ထွက်တာ ဆိုရင် သုက်ထွက်လမ်း ဆို့နေတာ ဖြစ်ပါမယ်။

Delayed or retarded ejaculation သုက်လွှတ်နောက်ကျတာက လိင်စိတ်လဲဖြစ်၊ လိင်အင်္ဂါ သန်မာမှု ပုံမှန်ဖြစ်၊ နှိုးဆွမှုလဲ ကောင်းပါလျှက်ကနဲ့ သုက်ထွက်အောင် အချိန်ကြာလွန်းတာ ဖြစ်တယ်။ ဒီလို ဖြစ်တာ ကောင်းသလိုလိုတော့ ရှိပေမဲ့၊ တခါတလေ မကောင်းဖြစ်ရတယ်။ ကြာလာလေလေ ဘယ်တော့ အပြီးသတ်မလဲ စိတ်ထဲ ပေါ်နေမယ်။ အဖေါ်က ပြည့်ဝတဲ့နောက် ဆန္ဒ ထပ်မပေါ်ရင် စိုစွပ်မှုနည်းလာမယ်။ ကြာရင် ဆက်ဆံရေးပါ အခက်အခဲ ရှိလာနိုင်တယ်။

တချို့ ယောက်ျားတွေက ကိုယ့်လက်နဲ့ ကစားတာကို ပိုသာယာတတ်ကြတယ်။ ပြင်ရင် ရပါတယ်။ Pressure ဖိအားကို ပိုနှစ်သက်ပြီး Touch အထိအတွေ့ကို လျော့တွက်မိလို့ပါ။ ဆန့်ကျင်ဖက် လိင်တွေရဲ့ Attraction ဆွဲဆောင်နိုင်စွမ်းဟာ အကြီးဆုံး အားတခုလို့ နားလည်လိုက်ပါ။ ဖို-မ ဆက်ဆံရေး ဆိုတာမှာ သုက်လွှတ်တာက အစိတ်အပိုင်းလေး တခုမျှသာ ဖြစ်ပါတယ်။ ဒိထက် လေးနက်တဲ့ ဆက်ဆံရေး၊ နက်ရှိုင်းတဲ့ တွယ်တာမှု၊ ရှည်လျားတဲ့ စည်းနှောင်မှုတွေ တလှေကြီး ရှိပါသေးတယ်။

• သုက်ထွက် နှေးသူတွေဟာ လိင်စိတ်ကြွစေတာ မှန်သမျှ စိတ်ထဲ၊ အာရုံတွေထဲ မြင်-ထင်-တွေး-သိ နေသင့်တယ်။
• ကိုယ့်အဖေါ်ကိုလဲ ကိုယ်နှစ်သက်တာမျိုးကို ပြောပြ၊ သင်ပြပေးသင့်တယ်။
• အမျိုးသမီးတချို့က ယောက်ျားတိုင်းဟာ အတူတူဘဲလို့ ထင်တာ မှားတယ်။
• ယောက်ျားကလဲ စိတ်ထကြွနေရင် ငါ့ပုံပန်း ဘယ်လိုပြောင်းလာမယ်၊ တဖက်သား အထင်သေးမလား၊ စတာမျိုး မတွေးပါနဲ့။
• လိင်အင်္ဂါချင်း ထိတွေ့-ဝင်ထွက်မှုကို မစောသင့်ပါ။
• လိင်ဆက်ဆံရေးဆိုတာ အပေးသက်သက်၊ အယူသက်သက် မဟုတ်တာကို သတိပြုကြရမယ်။
• ဒါပေမဲ့ အချိန်ကြာလွန်းသူ ယောက်ျားမျိုးဟာ အရာရာ ငါ့အတွက်သာလို့ သဘောထားတာဟာ ကိုယ်ကျိုးကြည့်တာ ဖြစ်ပေမဲ့ အချိန်ကို တိုစေနိုင်တယ်။
• ဆက်ဆံနေတုံးမှာ ဒေါသစိတ်၊ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်၊ စိတ်ကျနေမှုတွေ မရှိစေပါနဲ့။ Emotions (အီမိုးရှင်း) တွေဟာ Sympathetic nervous system (ဆင်ပသက်တစ်) အာရုံကြောစနစ်ကို နိုးဆွစေတာမို့ Orgasm ဖြစ်မှာကို တားတယ်။
• Obsessive-compulsive disorders စိတ်အခြေအနေ၊ Marital conflict အိမ်ထောင်ရေး ပြဿနာ၊ Chronic substance abuse အရက်-မူးယစ်ဆေး စွဲတာတွေကနေလဲ သုက်ထွက်မှာ ကြာရှည်စေ၊ ခက်ခဲတယ်။
• မိန်းမတွေအပေါ် ထားတဲ့ Anger ဒေါသစိတ်နဲ့ Resentment မနှစ်လိုစိတ်တွေ ရှိသူများလဲ အဲလိုဖြစ်တတ်တယ်။
• Oppressive upbringing ငယ်စဉ်က ဖိနှိပ်ချုပ်ချယ်မှု အောက်ကနေ ကြီးလာသူမျိုးမှာလဲ အဲလို ဖြစ်တယ်။
• အဖေါ်မိန်မသားကို Lack of emotional involvement စိတ်ကနေ ချစ်လိုနှစ်သက်မှု နည်းရင်-မရှိလဲ ဖြစ်မယ်။
• Fear of commitment တာဝန်ယူရမှာကို စိုးရိမ်နေရင်လဲ ဖြစ်မယ်။
• ဆီးချို၊ ကင်ဆာ၊ ဆီးကျိတ်၊ သွေးတိုးရောဂါတွေ ရှိနေရင်လဲ ဖြစ်နိုင်တယ်။
• Spinal cord injuries ခါးရိုး ဒဏ်ရာရထားသူ၊ Parkinson's disease, Multiple sclerosis, Spina bifida အာရုံကြောရောဂါ တခုခုရှိသူ၊ ပေါင်ခြံနေရာ အနာ၊ ဒဏ်ရာ၊ ခွဲစိတ်ခံထားရသူတွေမှာလဲ ဖြစ်တတ်တယ်။
• ရုပ်ပိုင်းအကြောင်းခံနဲ့ စိတ်ပိုင်းအကြောင်းခံတွေ တွဲရှိနေတာလဲ ဖြစ်နိုင်တယ်။
• စိတ်ကြောင့်ဆိုရင် Anorgasmic ဆန္ဒမပြည့်ဝတာနဲ့ တွဲဖြစ်တာ များတယ်။ Orgasm ပါ မရတာကို ဆိုလိုတယ်။
• Situational အခြေအနေအရဖြစ်တာနဲ့ Total လုံးဝဖြစ်တာ ၂ မျိုးရှိတယ်။ အဖေါ်တယောက်နဲ့ စခန်းသွားတာ အားလုံး အဆင်ပြေပေမဲ့ နောက်ယောက်နဲ့ကြ သုက်က ထွက်မလာနိုင်တာမျိုး ရှိတယ်။ (မာစတာဘေးရှင်း) လုပ်ရင် ထွက်ပြီး အဖေါ်နဲ့ကြ မရတာလဲ ရှိတယ်။

ဖြစ်နေသူတွေ စိတ်မပျက်ရပါ။ ကိုယ်လိုလူ မနည်းလှပါ။ Treatment ကုသရာမှာ -
1. Psychosexual counselling စိတ်ကုသနည်း၊
2. Ephedrine နဲ့ Imipramine ဆေးပေးနည်း၊
3. Vibrator therapy ကရိယာသုံးနည်းနဲ့
4. Electroejaculation လျှပ်စစ်သုံးနည်းတွေ ရှိတယ်။
5. Ejaculatory pathway သုက်ထွက်လမ်း ပိတ်နေရင် ခွဲစိတ်ကုသရမယ်။

Anorgasmic Anejaculation ဆန္ဒလဲ မပြည့်ဝ၊ သုက်ကလဲ မထွက်တာမျိုးက အကုရပိုခက်တယ်။ Sexologist နဲ့ဖြစ်ဖြစ် Psychologist နဲ့ဖြစ်ဖြစ် အထူးကုသရမယ်။ လူတိုင်းကတော့ အဲလောက်အထိ မလိုပါ။ တုံခါမှုနဲ့ နှိုးဆွပေးတဲ့ ကရိယာ Vibrator ဆိုတာ သုံးနိုင်ပါတယ်။ ၆ဝ% အောင်မြင်တယ်။ Electro-ejaculation လျှပ်စစ်နည်း ဆိုတာ Seminal vesicles နဲ့ Terminal vas သုက်ထွက်ရာ နေရာတွေကို လျှပ်စစ်နဲ့ ကလိပေးနည်း ဖြစ်တယ်။ ဒါပေမဲ့ ကလေးလဲ မရနိုင်၊ သုက်လဲ မထွက်နိုင်တာကိုသာ လုပ်ပေးတယ်။ မေ့ဆေးနဲ့ လုပ်ရတာမို့ သာယာမှုအတွက် မဟုတ်ပါ။ လုံးဝ သုက်မထွက်နိုင်ပေမဲ့ ကလေး ရအောင်လုပ်နည်းတွေကို အားကိုးနိုင်ပါတယ်။

Dr. တင့်ဆွေ
၁-၄-၂ဝ၁၁

(ကူးယူတင်ပြပါသည်)