Monday, March 9, 2020

ယုန္နတ္ဘုရားေလး ထုေအာ္စန္း



#兔兒神 

ဒီတစ္ခါမွာေတာ့ လိင္တူခ်စ္သူမ်ား ကိုးကြယ္ၾကသည့္ ယုန္နတ္မင္း ထုေအာ္စန္း အေၾကာင္း ေျပာျပေပးပါမည္။

兔兒神 ထုေအာ္စန္း ယုန္နတ္မင္းသည္ လိင္တူခ်စ္သူနတ္တစ္ပါး ျဖစ္သည့္အတြက္ လိင္တူအခ်စ္ေရးရာမ်ားတြင္ ကူညီေလ့ရွိသည္ဟု ယုံၾကည္ၾကသည္။ ခ်င္းေခတ္ ခ်မ့္လုံဧကရာဇ္လက္ထက္က ေပၚထြက္လာခဲ့ေသာ စာေပပညာရွင္ ယြမ္ေမ့ ေရးသားခဲ့သည့္ 子不語 စာအုပ္ထဲတြင္ ထုေအာ္စန္းနတ္အေၾကာင္းကို မွတ္တမ္းတင္ထားခဲ့သည္။

ထုေအာ္စန္းနတ္၏ လူဘဝတုန္းက အမည္မွာ 胡天保 ဟူထ်န္းေပါင္ဟု ေခၚၾကသည္။ သူသည္ ဖူက်န႔္ျပည္နယ္တြင္ ေနထိုင္ၿပီး ဖူက်န႔္ျပည္နယ္ စစ္တပ္ထဲမွ တပ္သားတစ္ေယာက္ ျဖစ္ေလသည္။ ဟူထ်န္းေပါင္သည္ ဖူက်န႔္ျပည္နယ္သို့ ေရာက္ရွိေနေသာ ေနျပည္ေတာ္မွ ေစလႊတ္လိုက္သည့္ နန္းတြင္းစစ္ေဆးေရးမွူးအရာရွိငယ္ကို ခ်စ္ႀကိဳက္မိသြားခဲ့သည္။ တစ္ေန႔၌ နန္းတြင္းအရာရွိ ေရခ်ိဳးေနစဥ္ အေပါက္ငယ္ထဲမွ ေခ်ာင္းၾကည္မိေလသည္။ ထိုသို့ ေခ်ာင္းၾကည့္ေနစဥ္ ဖမ္းမိသြားခဲ့ရာ သူ႔အား စစ္ေဆးေမးျမန္းေလသည္။ ဟူထ်န္းေပါင္လဲ ေခ်ာင္းၾကည့္ခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး အရာရွိငယ္ကိုလဲ စိတ္ဝင္စားခ်စ္ႀကိဳက္မိခဲ့ေၾကာင္း လူအမ်ားေရွ႕တြင္ ထြက္ဆိုေလသည္။ ထိုအခါ အရာရွိငယ္လည္း အရွက္ရၿပီး ဟူထ်န္းေပါင္ကို မေသမခ်င္း ရိုက္ႏွက္ၿပီး ေသဒဏ္ေပးရန္ အမိန႔္ခ်မွတ္ခဲ့သည္။


ဟူထ်န္းေပါင္ ေသဆုံးၿပီး တစ္လအၾကာတြင္ သူ၏ ေမြးရပ္ေျမမွ ရြာသူႀကီး ကိုယ္ထင္ျပကာ အိပ္မက္ေပးေလသည္။ သူေသဆုံးသြားသည့္အခါ ငရဲျပည္မွာ အရာရွိတို့က သူ႔အျပစ္အား စစ္ေဆးၾကရာ လူတစ္ေယာက္ကို ခ်စ္ႀကိဳက္မိခဲ့သည့္ အျပစ္မွလြဲ၍ အျခားေသာအျပစ္မ်ား မရွိသည့္အတြက္ မတရားခံရၿပီး ေသဆုံးခဲ့ရျခင္းဟု ဆုံးျဖတ္ခ်က္ခ်တာ လူ႔ျပည္မွ နတ္အျဖစ္ ျပန္လည္တာဝန္ေပးခဲ့သည္ဟု ဆိုသည္။ ဟူထ်န္းေပါင္၏ တာဝန္မွာ လိင္တူခ်စ္သူမ်ားကို သူတို့၏ အခ်စ္ေရးအေပၚ ကာကြယ္ေစာင့္ေရွာက္ရန္ျဖစ္ေလသည္။ ထို့ေနာက္ ဟူထ်န္းေပါင္အေၾကာင္းမွာ ဖူက်န႔္ျပည္နယ္တစ္လုံး ျပန႔္ႏွံ့သြားခဲ့ၿပီးေနာက္ သူ႔အတြက္ နတ္စင္မ်ား တည္ေဆာက္ေပးကာ ထုေအာ္စန္း အမည္ျဖင့္ ကိုးကြယ္ၾကေလသည္။ ထုေအာ္စန္းနတ္သည္ ဖူးစာေရးနတ္မင္းဘိုးဘိုးႀကီး ကဲ့သို့ပင္ လိင္တူခ်စ္သူမ်ားအတြက္ ဖူစာေရးေအာင္သြယ္ေပးျခင္း၊ အခ်စ္ေရးလမ္းခရီး အဆင္ေျပေစေရးအတြက္ လိင္တူခ်စ္သူမ်ားအေနျဖင့္ ဆုေတာင္းနိုင္ၾကသည္။

ထုေအာ္စန္းနတ္ကို မန္ခ်င္းေခတ္တြင္ ကိုးကြယ္ခြင့္ကို ပိတ္ပင္ထားခဲ့ျခင္းေၾကာင့္ လၽွို့ဝွက္နတ္ကြန္းမ်ား တည္ေဆာက္ၿပီး ကိုးကြယ္ခဲ့ၾကသည္။ မန္ခ်င္းေခတ္ေႏွာင္းပိုင္း ေဒါက္တာဆြန္ယက္ဆင္၏ မင္ေကာ္ေခတ္အစပိုင္းတြင္ ထုေအာ္စန္းနတ္ကို ကိုးကြယ္သူမ်ား ပိုမိုမ်ားျပားလာခဲ့သည္။ 兔兒 ထုေအာ္ ဆိုသည္မွာ ယုန္ေလး၊ 神 စန္း ဆိုသည္မွာ နတ္ဟု အဓိပၸါယ္ရသည္။ ေရွးယခင္ တ႐ုတ္မင္းဆက္မ်ားေခတ္က လိင္တူခ်စ္သူမ်ားကို ယုန္မ်ားႏွင့္ ခိုင္းႏွိုင္းခဲ့ၾကသည့္အတြက္ ထုေအာ္စန္း ဆိုသည့္အမည္ႏွင့္ နတ္႐ုပ္ထုမွာ ယုန္ပုံစံ ေပါက္ေနျခင္း ျဖစ္ေလသည္။ ေနာက္ၿပီး အမွတ္မမွားေစရန္မွာ လနတ္သမီး ခ်န္ေအာ္၏ နတ္ယုန္ ထုေအာ္ရဲ့ ႏွင့္ ယခုနတ္မင္း ထုေအာ္စန္းမွ မတူၾကေပ။


ယုန္နတ္မင္း ထုေအာ္စန္းနတ္ကို ဖူက်န႔္ျပည္နယ္တြင္ ကိုးကြယ္သူမ်ားျပားသည္။ ဖူက်န႔္ျပည္နယ္တြင္ ေရွးယခင္တည္းက ထိုကဲ့သို့ေသာ လိင္တူခ်င္း ခ်စ္ႀကိဳက္ၾကသည့္ ဇာတ္လမ္းမ်ား၊ စာေပဝတၳဳမ်ား ေပၚထြက္ခဲ့သည္။ ယခုေခတ္တြင္လည္း ဖူက်န႔္ျပည္နယ္သည္ လိင္တူခ်စ္သူမ်ား အမ်ားဆုံးေနထိုင္သည့္ ျပည္နယ္ျဖစ္နိုင္သည္ဟု ဆိုၾကသည္။

ထိုေခတ္က ေရးသားခဲ့ေသာ ေယာက်ာ္းခ်င္းလက္ထပ္ခဲ့ၾကေသာ ခ်ီရွုံး၊ ခ်ီတိ ဇာတ္လမ္းမွာ ဖူက်န႔္ျပည္နယ္၌ အထင္ရွားဆုံး ျဖစ္ေလသည္။ ထိုဇာတ္လမ္းမွာ ပါးစပ္ရာဇဝင္အေနႏွင့္သာ ရွိခဲ့ၿပီး ထိုအေၾကာင္းကို စာေပပညာရွင္ ၂ ဦးက ျပဇာတ္လမ္းအျဖစ္ ျပန္လည္ေရးသားခဲ့ၾကသည္။ ထို့အတြက္ေၾကာင့္ ႐ုံးေတာ္မွ ေခၚယူသတိေပးျခင္းကို ခံခဲ့ရသည္ဟု သိရသည္။ ထိုဇာတ္လမ္းတြင္ ခ်ီရွုံးဟုေခၚသည့္ အစ္ကိုႀကီးက ခ်ီတိဟုေခၚသည့္ ညီေလးႏွင့္ ခ်စ္ႀကိဳက္ခဲ့ၾကၿပီးေနာက္ ခ်ီတိအိမ္တြင္ လာေရာက္တင္ေတာင္းေလသည္။ ရိုးရာမဂၤလာေဆာင္ ထုံးတမ္းအစဥ္အလာအတိုင္း ထိမ္းျမႇားလက္ထပ္ခဲ့ၾကၿပီး လက္ဖက္ရည္ ၃ ခြက္ေသာက္ကာ တရားဝင္အၾကင္လင္မယား ျဖစ္ခဲ့ၾကသည္ဟု သိရသည္။ ခ်ီတိသည္ ခ်ီရွုံး၏ ေနအိမ္သို့ ေျပာင္းေရႊ႕ေနထိုင္ခဲ့ၿပီး အိမ္မွုကိစၥမ်ားကို ဇနီးမယားကဲ့သို့ ေဆာင္ရြက္ေပးေလသည္။ ခ်ီရွုံးသည္ ခ်ီတိအား ေမြးစားသားကဲ့သို့ ခ်စ္ခင္ၾကင္နာစြာ ဆက္ဆံသလို ခ်ီတိကလည္း ခ်ီရွုံးအား မိဘကဲ့သို့ ေလးစားစြာဆက္ဆံေလသည္။ ထို့အျပင္ ခ်ီရွုံး၏ မိဘမ်ားကလည္း ခ်ီတိအား သားမက္/ ေခၽြးမတစ္ဦးကဲ့သို့ မွတ္ယူေပးခဲ့သည္။ သူတို့ ၂ ဦးသည္ မိဘမဲ့ကေလးကိုပင္ သားသမီးအျဖစ္ ေမြစားခဲ့ၾကေသးသည္ဟု ဆိုသည္။ လက္ထပ္ၿပီး ႏွစ္ေပါင္း ၂၀ အၾကာတြင္ ၂ ဦးသေဘာတူ လမ္းခြဲခဲ့ၾကသည္။ ထို့ေနာက္ သူတို့ ၂ ဦးသည္ အမ်ိဴးသမီးမ်ားႏွင့္ အသီးသီး အိမ္ေထာင္ျပဳသြားခဲ့ၾကသည္ဟု သိရသည္။ (အစစ္မတို့၏ ငံျပာရည္အရသာကို ႀကိဳက္ႏွစ္သက္သြားသည္တို့ ဘာတို့ေပါ့)


ယုန္နတ္မင္း ဟူထ်န္းေပါင္ (သို့မဟုတ္) ထုေအာ္စန္းကို ယခုအခါတြင္ တ႐ုတ္ျပည္မ၌ ဖူက်န႔္ျပည္နယ္တြင္သာ ကိုးကြယ္သူအနည္းငယ္ ရွိေတာ့သည္။ သို့ေသာ္လည္း လိင္တူခ်စ္သူမ်ားကို တရားဝင္ခြင့္ျပဳေပးထားသည့္ ထိုင္ဝမ္၌ ကိုးကြယ္သူမ်ားျပားသည္။ ထိုင္ဝမ္ျပည္နယ္၊ ယုန္ဟယ္ၿမိဳ့နယ္ရွိ ေဝမင္ထန္ 威明堂 ဘုံေက်ာင္းမွာ လူသိမ်ားထင္ရွားသည္။ အဆိုပါ ဘုံေက်ာင္းကို ၂၀၀၆ ခုႏွစ္က လုေဝမင္ ဆိုသည့္ လိင္တူခ်စ္သူတစ္ဦးမွ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ႏွစ္စဥ္ လိင္တူခ်စ္သူေပါင္း ၉၀၀၀ ေက်ာ္ လာေရာက္လည္ပတ္ေလ့ရွိၿပီး အခ်စ္ေရးကိစၥအတြက္ ဆုေတာင္းေလ့ရွိၾကသည္။ အဆိုပါ ေဝမင္ဘုံေက်ာင္းသည္ ကမၻာေပၚတြင္ တစ္ခုတည္းေသာ လိင္တူခ်စ္သူမ်ားအတြက္ ဘာသာေရးအရ ဝတ္ျပဳဆုေတာင္းရန္ ေဆာက္လုပ္ေပးထားသည့္ နတ္ကြန္းဘုံေက်ာင္း ျဖစ္ေလသည္။ (လာေတာ့မယ္၊ ဘယ္သူမွ မကိုးကြယ္ခ်င္ေန ငါတစ္ေယာက္တည္း ကိုးကြယ္မယ္ဆိုတဲ့ Shipper မေတြ)

တ႐ုတ္သမိုင္းထဲမွ လိင္တူခ်စ္သူမ်ားအေၾကာင္း

https://www.facebook.com/1811445109124572/posts/2081498575452556/


#林圛朙「天下第一」

မွတ္ခ်က္။     ။ စာေရးသူ Admin ကေတာ့ Straight စစ္စစ္ႀကီးပါေနာ္။ ရည္းစားမရွိေသးလို့ ေစာ္ရွာေပးၾကပါအုံး။ 😫😫😫🤧🤧🤧

(Unicode)

ယုန်နတ်ဘုရားလေး ထုအော်စန်း


#兔兒神 

ဒီတစ်ခါမှာတော့ လိင်တူချစ်သူများ ကိုးကွယ်ကြသည့် ယုန်နတ်မင်း ထုအော်စန်း အကြောင်း ပြောပြပေးပါမည်။

兔兒神 ထုအော်စန်း ယုန်နတ်မင်းသည် လိင်တူချစ်သူနတ်တစ်ပါး ဖြစ်သည့်အတွက် လိင်တူအချစ်ရေးရာများတွင် ကူညီလေ့ရှိသည်ဟု ယုံကြည်ကြသည်။ ချင်းခေတ် ချမ့်လုံဧကရာဇ်လက်ထက်က ပေါ်ထွက်လာခဲ့သော စာပေပညာရှင် ယွမ်မေ့ ရေးသားခဲ့သည့် 子不語 စာအုပ်ထဲတွင် ထုအော်စန်းနတ်အကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။

ထုအော်စန်းနတ်၏ လူဘဝတုန်းက အမည်မှာ 胡天保 ဟူထျန်းပေါင်ဟု ခေါ်ကြသည်။ သူသည် ဖူကျန့်ပြည်နယ်တွင် နေထိုင်ပြီး ဖူကျန့်ပြည်နယ် စစ်တပ်ထဲမှ တပ်သားတစ်ယောက် ဖြစ်လေသည်။ ဟူထျန်းပေါင်သည် ဖူကျန့်ပြည်နယ်သို့ ရောက်ရှိနေသော နေပြည်တော်မှ စေလွှတ်လိုက်သည့် နန်းတွင်းစစ်ဆေးရေးမှူးအရာရှိငယ်ကို ချစ်ကြိုက်မိသွားခဲ့သည်။ တစ်နေ့၌ နန်းတွင်းအရာရှိ ရေချိုးနေစဉ် အပေါက်ငယ်ထဲမှ ချောင်းကြည်မိလေသည်။ ထိုသို့ ချောင်းကြည့်နေစဉ် ဖမ်းမိသွားခဲ့ရာ သူ့အား စစ်ဆေးမေးမြန်းလေသည်။ ဟူထျန်းပေါင်လဲ ချောင်းကြည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အရာရှိငယ်ကိုလဲ စိတ်ဝင်စားချစ်ကြိုက်မိခဲ့ကြောင်း လူအများရှေ့တွင် ထွက်ဆိုလေသည်။ ထိုအခါ အရာရှိငယ်လည်း အရှက်ရပြီး ဟူထျန်းပေါင်ကို မသေမချင်း ရိုက်နှက်ပြီး သေဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့သည်။


ဟူထျန်းပေါင် သေဆုံးပြီး တစ်လအကြာတွင် သူ၏ မွေးရပ်မြေမှ ရွာသူကြီး ကိုယ်ထင်ပြကာ အိပ်မက်ပေးလေသည်။ သူသေဆုံးသွားသည့်အခါ ငရဲပြည်မှာ အရာရှိတို့က သူ့အပြစ်အား စစ်ဆေးကြရာ လူတစ်ယောက်ကို ချစ်ကြိုက်မိခဲ့သည့် အပြစ်မှလွဲ၍ အခြားသောအပြစ်များ မရှိသည့်အတွက် မတရားခံရပြီး သေဆုံးခဲ့ရခြင်းဟု ဆုံးဖြတ်ချက်ချတာ လူ့ပြည်မှ နတ်အဖြစ် ပြန်လည်တာဝန်ပေးခဲ့သည်ဟု ဆိုသည်။ ဟူထျန်းပေါင်၏ တာဝန်မှာ လိင်တူချစ်သူများကို သူတို့၏ အချစ်ရေးအပေါ် ကာကွယ်စောင့်ရှောက်ရန်ဖြစ်လေသည်။ ထို့နောက် ဟူထျန်းပေါင်အကြောင်းမှာ ဖူကျန့်ပြည်နယ်တစ်လုံး ပြန့်နှံ့သွားခဲ့ပြီးနောက် သူ့အတွက် နတ်စင်များ တည်ဆောက်ပေးကာ ထုအော်စန်း အမည်ဖြင့် ကိုးကွယ်ကြလေသည်။ ထုအော်စန်းနတ်သည် ဖူးစာရေးနတ်မင်းဘိုးဘိုးကြီး ကဲ့သို့ပင် လိင်တူချစ်သူများအတွက် ဖူစာရေးအောင်သွယ်ပေးခြင်း၊ အချစ်ရေးလမ်းခရီး အဆင်ပြေစေရေးအတွက် လိင်တူချစ်သူများအနေဖြင့် ဆုတောင်းနိုင်ကြသည်။


ထုအော်စန်းနတ်ကို မန်ချင်းခေတ်တွင် ကိုးကွယ်ခွင့်ကို ပိတ်ပင်ထားခဲ့ခြင်းကြောင့် လျှို့ဝှက်နတ်ကွန်းများ တည်ဆောက်ပြီး ကိုးကွယ်ခဲ့ကြသည်။ မန်ချင်းခေတ်နှောင်းပိုင်း ဒေါက်တာဆွန်ယက်ဆင်၏ မင်ကော်ခေတ်အစပိုင်းတွင် ထုအော်စန်းနတ်ကို ကိုးကွယ်သူများ ပိုမိုများပြားလာခဲ့သည်။ 兔兒 ထုအော် ဆိုသည်မှာ ယုန်လေး၊ 神 စန်း ဆိုသည်မှာ နတ်ဟု အဓိပ္ပါယ်ရသည်။ ရှေးယခင် တရုတ်မင်းဆက်များခေတ်က လိင်တူချစ်သူများကို ယုန်များနှင့် ခိုင်းနှိုင်းခဲ့ကြသည့်အတွက် ထုအော်စန်း ဆိုသည့်အမည်နှင့် နတ်ရုပ်ထုမှာ ယုန်ပုံစံ ပေါက်နေခြင်း ဖြစ်လေသည်။ နောက်ပြီး အမှတ်မမှားစေရန်မှာ လနတ်သမီး ချန်အော်၏ နတ်ယုန် ထုအော်ရဲ့ နှင့် ယခုနတ်မင်း ထုအော်စန်းမှ မတူကြပေ။

ယုန်နတ်မင်း ထုအော်စန်းနတ်ကို ဖူကျန့်ပြည်နယ်တွင် ကိုးကွယ်သူများပြားသည်။ ဖူကျန့်ပြည်နယ်တွင် ရှေးယခင်တည်းက ထိုကဲ့သို့သော လိင်တူချင်း ချစ်ကြိုက်ကြသည့် ဇာတ်လမ်းများ၊ စာပေဝတ္ထုများ ပေါ်ထွက်ခဲ့သည်။ ယခုခေတ်တွင်လည်း ဖူကျန့်ပြည်နယ်သည် လိင်တူချစ်သူများ အများဆုံးနေထိုင်သည့် ပြည်နယ်ဖြစ်နိုင်သည်ဟု ဆိုကြသည်။


ထိုခေတ်က ရေးသားခဲ့သော ယောကျာ်းချင်းလက်ထပ်ခဲ့ကြသော ချီရှုံး၊ ချီတိ ဇာတ်လမ်းမှာ ဖူကျန့်ပြည်နယ်၌ အထင်ရှားဆုံး ဖြစ်လေသည်။ ထိုဇာတ်လမ်းမှာ ပါးစပ်ရာဇဝင်အနေနှင့်သာ ရှိခဲ့ပြီး ထိုအကြောင်းကို စာပေပညာရှင် ၂ ဦးက ပြဇာတ်လမ်းအဖြစ် ပြန်လည်ရေးသားခဲ့ကြသည်။ ထို့အတွက်ကြောင့် ရုံးတော်မှ ခေါ်ယူသတိပေးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။ ထိုဇာတ်လမ်းတွင် ချီရှုံးဟုခေါ်သည့် အစ်ကိုကြီးက ချီတိဟုခေါ်သည့် ညီလေးနှင့် ချစ်ကြိုက်ခဲ့ကြပြီးနောက် ချီတိအိမ်တွင် လာရောက်တင်တောင်းလေသည်။ ရိုးရာမင်္ဂလာဆောင် ထုံးတမ်းအစဉ်အလာအတိုင်း ထိမ်းမြှားလက်ထပ်ခဲ့ကြပြီး လက်ဖက်ရည် ၃ ခွက်သောက်ကာ တရားဝင်အကြင်လင်မယား ဖြစ်ခဲ့ကြသည်ဟု သိရသည်။ ချီတိသည် ချီရှုံး၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အိမ်မှုကိစ္စများကို ဇနီးမယားကဲ့သို့ ဆောင်ရွက်ပေးလေသည်။ ချီရှုံးသည် ချီတိအား မွေးစားသားကဲ့သို့ ချစ်ခင်ကြင်နာစွာ ဆက်ဆံသလို ချီတိကလည်း ချီရှုံးအား မိဘကဲ့သို့ လေးစားစွာဆက်ဆံလေသည်။ ထို့အပြင် ချီရှုံး၏ မိဘများကလည်း ချီတိအား သားမက်/ ချွေးမတစ်ဦးကဲ့သို့ မှတ်ယူပေးခဲ့သည်။ သူတို့ ၂ ဦးသည် မိဘမဲ့ကလေးကိုပင် သားသမီးအဖြစ် မွေစားခဲ့ကြသေးသည်ဟု ဆိုသည်။ လက်ထပ်ပြီး နှစ်ပေါင်း ၂၀ အကြာတွင် ၂ ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။ ထို့နောက် သူတို့ ၂ ဦးသည် အမျိူးသမီးများနှင့် အသီးသီး အိမ်ထောင်ပြုသွားခဲ့ကြသည်ဟု သိရသည်။ (အစစ်မတို့၏ ငံပြာရည်အရသာကို ကြိုက်နှစ်သက်သွားသည်တို့ ဘာတို့ပေါ့)


ယုန်နတ်မင်း ဟူထျန်းပေါင် (သို့မဟုတ်) ထုအော်စန်းကို ယခုအခါတွင် တရုတ်ပြည်မ၌ ဖူကျန့်ပြည်နယ်တွင်သာ ကိုးကွယ်သူအနည်းငယ် ရှိတော့သည်။ သို့သော်လည်း လိင်တူချစ်သူများကို တရားဝင်ခွင့်ပြုပေးထားသည့် ထိုင်ဝမ်၌ ကိုးကွယ်သူများပြားသည်။ ထိုင်ဝမ်ပြည်နယ်၊ ယုန်ဟယ်မြို့နယ်ရှိ ဝေမင်ထန် 威明堂 ဘုံကျောင်းမှာ လူသိများထင်ရှားသည်။ အဆိုပါ ဘုံကျောင်းကို ၂၀၀၆ ခုနှစ်က လုဝေမင် ဆိုသည့် လိင်တူချစ်သူတစ်ဦးမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် လိင်တူချစ်သူပေါင်း ၉၀၀၀ ကျော် လာရောက်လည်ပတ်လေ့ရှိပြီး အချစ်ရေးကိစ္စအတွက် ဆုတောင်းလေ့ရှိကြသည်။ အဆိုပါ ဝေမင်ဘုံကျောင်းသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော လိင်တူချစ်သူများအတွက် ဘာသာရေးအရ ဝတ်ပြုဆုတောင်းရန် ဆောက်လုပ်ပေးထားသည့် နတ်ကွန်းဘုံကျောင်း ဖြစ်လေသည်။ (လာတော့မယ်၊ ဘယ်သူမှ မကိုးကွယ်ချင်နေ ငါတစ်ယောက်တည်း ကိုးကွယ်မယ်ဆိုတဲ့ Shipper မတွေ)

တရုတ်သမိုင်းထဲမှ လိင်တူချစ်သူများအကြောင်း

https://www.facebook.com/1811445109124572/posts/2081498575452556/

#林圛朙「天下第一」

မှတ်ချက်။     ။ စာရေးသူ Admin ကတော့ Straight စစ်စစ်ကြီးပါနော်။ ရည်းစားမရှိသေးလို့ စော်ရှာပေးကြပါအုံး။ 😫😫😫🤧🤧🤧