Saturday, May 18, 2019

Sorry ပါ သူငယ်​ချင်းတို့ရေ



သူငယ်​ချင်းတို့ရေ ဘ၀အလှည့်အပြောင်းလေးတစ်ခု ဖြစ်လာတာမို့ စာရေးဖို့ အဆင်မပြေတော့ပါဘူး။ အချိန်သိပ်မရလို့ဖြစ်ပါတယ်။ တတ်နိုင်သမျှတော့ ​ရေးဖို့ကြိုးစားမှာဆိုပေမယ့် အာမခံ မပေးနိုင်တာတော့ ခွင့်​လွှတ်​ပါ​နော်​။ ဟိုးယခင်အချိန်ကနေ ယခုထိ ဖတ်ရှုအားပေးခဲ့တဲ့ သူငယ်​ချင်း မိတ်ဆွေများအားလုံး ကျေးဇူး အနန္တပါလို့။

Alex Aung(18 May 2019)

Wednesday, May 15, 2019

ချောဆီနှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)


ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)
အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ကာထားသော ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုနည်းများကို နှစ်ပေါင်းများစွာကတည်းက သုံးလာခြင်းဖြစ်ပါသည်။ အကာအကွယ်ပစ္စည်းများ သုံးမျိုးရှိပါသည်။

အမျိုးသားသုံး ကွန်ဒုံးများ


အမျိုးသားများသုံးသည့် ကွန်ဒုံးများကို ရာဘာဖြင့် ပြုလုပ်ထားပြီး ယင်းကို လိင်မဆက်ဆံမီတွင် လိင်ထံထိပ်တွင် စွပ်ရပါသည်။ ရာဘာပစ္စည်းများနှင့် ဓာတ်မတည့်သူဖြစ်ပါက ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများကို အသုံးပြုနိုင်ပါသည်။
အမျိုးသားများသည် ကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၈% ကာကွယ်ပေးပါသည်။ ယင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ ကွန်ဒုံးပေါက်ပြဲခြင်းကို ကာကွယ်ရန် ရေဓာတ်အခြေခံထားသော ချောဆီများကို အသုံးပြုပြီး စွပ်သင့်ပါသည်။ ထို့ပြင် ကွန်ဒုံးများကို ပိုက်ဆံအိတ်များ၊ အိတ်ကပ်များတွင် သိမ်းဆည်းခြင်းဖြင့် အပူနှင့် ထိတွေ့ကာဓာတ်ပြယ်သွားနိုင်ပါသည်။ ကွန်ဒုံးသုံးတော့မည်ဆိုလျှင် ရက်လွန်ခြင်းရှိမရှိ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။

အမျိုးသမီးသုံး ကွန်ဒုံးများ


အမျိုးသမီးသုံး ကွန်ဒုံးများသည် ဆလင်ဒါပုံရှိသော ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများဖြစ်ပြီး ပွင့်နေသောဖက်ခြမ်းတွင် ကွင်းပုံစံပါရှိပါသည်။ ပိတ်နေသောဖက်သည် သားအိမ်ခေါင်းကိုကာရန်ဖြစ်ပြီး ပွင့်နေသောဖက်သည် မိန်းမကိုယ်ဖက်ကို ဦးတည့်ပေးရန်ဖြစ်ပါသည်။ ထိုကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၀% ကာကွယ်ပေးပြီး လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

အမျိုးသမီးသုံး သားအိမ်ကာပစ္စည်း
ထိုပစ္စည်းသည် ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး အမိုးခုံးပုံစံရှိပါသည်။ ယင်းကို လိင်မဆက်ဆံမီတွင် မိန်းမကိုယ်ထဲသို့ထည့်ရပြီး လိင်ကိစ္စအပြီး ၆ နာရီကျော်အောင် မထုတ်ဘဲထားရပါသည်။ သားအိမ်ကာပစ္စည်းများကို အရွယ်အစားအမျိုးမျိုးဖြင့် တွေ့နိုင်ပြီး စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၆% ကာကွယ်ပေးပါသည်။ ထို့ပြင် သုတ်ကောင်များကို သေစေနိုင်သောဆေးများဖြင့် တွဲပြီး အသုံးပြုလျှင် ပိုပြီးထိရောက်မှုရှိကြောင်းတွေ့ရသည်။ သို့သော် သားအိမ်ကာပစ္စည်းများသည် လိင်မှတဆင့်ကူးစက်သောရောဂါများကို မကာကွယ်နိုင်ပါ။

လိင်ဆက်ဆံစဉ် အကာအကွယ်ပစ္စည်းများသုံးခြင်းသည် မှန်ကန်မှုရှိပါသလား။
အကာအကွယ်ပစ္စည်းများသုံးခြင်းသည် ဟော်မုန်းဆေးများသုံးစရာမလိုသော၊ အကာအကွယ်ပစ္စည်းများထဲ့စရာမလိုသော နည်းဖြစ်သည့်အတွက် ကောင်းမွန်ပါသည်။ ထို့ပြင် ကလေးယူလိုသောဆန္ဒရှိလာလျှင်လည်း အကာအကွယ်ပစ္စည်းကို မသုံးတော့ရုံနှင့် ချက်ချင်းကလေးရနိုင်ချေရှိပါသည်။ စောင့်ရန်မလိုပါ။ ရာသီသွေးများသော အမျိုးသမီးများအတွက်လည်း အကာအကွယ်ပစ္စည်းများသည် သွေးကို ခံထားပေးသကဲ့သို့ဖြစ်ပြီး အနည်းဆုံး ၆ နာရီစာခန့် အဆင်ပြေစေပါသည်။  ထို့ကြောင့် သင်နှင့် သင့်အိမ်ထောင်ဖက်နှစ်ဦးစလုံးက ကြည်ဖြူလျှင် အကာအကွယ်ပစ္စည်းများသုံးခြင်းသည် ကိုယ်ဝန်တားရာတွင် မှန်ကန်သောနည်းလမ်းဖြစ်ပါသည်။

ချောဆီနှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်


ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ချောဆီဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ အထူးသဖြင့် လိင်ဆက်ဆံချင်စိတ် ဖြစ်လာပေမဲ့လည်း မအင်္ဂါ မစိုစွတ်နိုင်တဲ့ မိန်းမတွေအတွက်ပေါ့။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးဆက်တတ်သော ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးတဲ့အခါမှာလည်း ချောဆီက လွယ်လွယ်ကူကူ နဲ့ဆက်ဆံနိုင်စေပြီး ခံစားမှုအပြည့် ရနိုင်အောင် ကူညီပေးမှာပါ။

ချောဆီတွေက ဘယ်လို အလုပ်လုပ်တာလဲ။
ချောဆီတွေမှာ ဂျယ်ပုံစံနဲ့ အရည်ပုံစံ ဆိုပြီး ရှိပါတယ်။ ယင်းချောဆီကို လိင်မဆက်ဆံမှီ မိန်းမအင်္ဂါအတွင်းအပြင်နဲ့ လိင်တံတို့ မှာ သုတ်လိမ်းကြပါတယ်။ ပြီးနောက်မှာ အရေပြားက စုပ်ယူသွားပါတယ်။ ရေအခြေခံ၊ အဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ချောဆီသံုးမျိုးရှိပါတယ်။ ဆီလီကွန်အခြေခံကတော့ အခြေအနေ တော်တော်များများအတွက် အသုံတည့်ပြီး အဆီအခြေခံကတော့ ကွန်ဒုံးနဲ့တွဲသုံးမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။

ချောဆီနဲ့ ဆင်တူတဲ့ အခြားအရာတွေကော ရှိသေးလား။
ချောဆီမရှိတဲ့အခါမှာ တချို့လူတွေက အရာအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အလှဆီ၊ ကလေးလိမ်းဆီနဲ့ အချို့သဘာဝအဆီ ( အုန်းဆီ၊ သံလွင်ဆီ) တို့က ချောဆီ နဲ့ဆင်တူတဲ့ အဆီတွေပါ။ ဒါပေမဲ့လည်း ချောဆီနေရာမှာ ယင်းအဆီတွေကို အစားထိုးလို့ မရနိုင်ပါဘူး။ ယင်းအဆီတွေက ကွန်ဒုံးတွေကို ပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့အပြင် မတင့်တော်တဲ့အဆီတွေ သုံးမယ်ဆိုရင် မွေးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။ သို့ပေမဲ့လည်း လိုအပ်တဲ့ တချို့အခြေအနေမျိုးတွေမှာ ဗီတာမင်အီးနဲ့ ရှားဆောင်းလက်ပတ် တို့ကို ကွန်ဒုံးတွေနဲ့ သင့်တော်မယ်ဆိုရင်တော့ အသုံးပြုနိုင်ပါတယ်။

ဈေးကွက်မှာ တင်သွင်းနေတဲ့ ချောဆီတွေက စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်သလား။
အများဆုံးအသုံးပြုနေတဲ့ ချောဆီတွေမှာ benzocaine ၊ ထုံဆေး၊ capsaicin နဲ့ menthol(ပရုတ်တစ်မျိုး) တို့ ပါဝင်ပါတယ်။ အဲဒီ ဓာတုဒြပ်ပေါင်းတွေက အသုံးပြုသူကို စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေတတ်ပါတယ်။ ထို့အပြင် အမွှေးနံ့သာ ထည့်သွင်းထာသော ချောဆီတွေက တုံ့ပြန်မှုပြင်းတဲ့ အရေပြားပိုင်ရှင်တွေမှာ ဆိုရင် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်မှာပါ။ Parabensများ( methyl-, butyl-, ethyl- နဲ့ propyl- parabens များ ) တို့က ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
သဘာဝချောဆီဆိုတာဘာလဲ။

သဘာဝချောဆီဆိုတော ဈေးကွက်မှာ တင်သွင်းထားတဲ့ ချောဆီတွေမှာ ပါရှိသော ဓာတုဒြပ်ပေါင်းတွေနဲ့ ဓာတ်မတည့်တဲ့လူတွေအတွက် အကြံပြုထားပါတယ်။ ဗီတာမင်အီးနဲ့ ရှားစောင်းလက်ပတ်ပါတဲ့ သဘာဝချောဆီတွေဟာ တာရှည်ခံနိုင်ရည် ရှိကြပါတယ်။ သဘာဝချောဆီအားလုံးထဲမှာတော့ ရှားစောင်းလက်ပတ် ပါတဲ့ ချောဆီဟာ အဆင်ပြေဆုံးပါ။ ဘာလို့လဲဆိုတော့ သူ့ကိုသုံးမယ်ဆိုရင် ဓာတ်မတည့်တာတွေ သိပ်မရှိလို့ပါတဲ့။ ဒါ့အပြင် သဘာဝထုတ်ကုန်တွေကို သုံးတော့မယ်ဆိုရင် အသုံးပြုသူဟာ ကွန်းဒုံးနဲ့ အဆင်ပြေလား မပြေဘူးလားဆိုတာ သေချာကြည့်သင့်ပါတယ်။

ချောဆီမှာ ပါတဲ့ သုတ်ပိုးသတ်တဲ့ဆေးတွေ ဆိုတာဘာလဲ။
မလိုလားအပ်သော ကိုယ်ဝန်ကို မရနိုင်စေရန် သုတ်ပိုးသတ်တဲ့ ဆေးတွေပါတဲ့ ချောဆီတွေဟာ သိပ်ကောင်းတဲ့ ရွေးချယ်မှုပါပဲ။ ဒါပေမဲ့လည်း သုတ်ပိုးသတ်ဆေးမှာ ယားယံနာကျင်ခြင်းနဲ့ မသက်မသာ ဖြစ်စေတဲ့ nonoxynol-9 ဒြပ်ပေါင်း ပါဝင်ပါတယ်။ ဒါ့အပြင် သုတ်ပိုးသတ်ဆေးက လိင်မှတစ်ဆင့် ကူးဆက်တတ်သော ရောဂါဖြစ်နိုင်ခြေကို ပေါက်ပြဲရာတွေအား ပိုဆိုးစေအားဖြင့် များလာစေပါတယ်။ ဒါကြောင့် ကွန်ဒုံးနဲ့ ချောဆီ တွဲသုံးခြင်းက ကိုယ်ဝန်မရစေဖို့နဲ့ လိင်မှတစ်ဆင့် ကူးဆက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

အရသာသွင်းထားတဲ့ ချောဆီဆိုတာဘာလဲ။
အရသာသွင်းထားတဲ့ ကွန်ဒုံးတွေလိုပါပဲ အရသာသွင်းထားတဲ့ ချောဆီတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ တစ်မူထူးခြားစေဖို့ အတွက် အသုံးပြုပါတယ်။ တချို့မိန်းမတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံဖို့ကို သူတို့အနံ့တွေနဲ့ ရှက်တာကြောင့် မဆက်ဆံရဲကြပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အရသာသွင်းထားတဲ့ ချောဆီက ကူညီပေးပါတယ်။ ဒါပေမဲ့လည်း ကိုယ်မကြိုက်တဲ့ အရသာတွေ မဖြစ်ရအောင် သေချာဂရုစိုက် သင့်ပါတယ်။ ဥပမာအားဖြင့် ဒူးရင်းအရသာမျိုးတွေပေါ့။ ထို့အပြင် ဆီးချိုဖြစ်နေတဲ့ လူတွေလည်း သကြားပါသော ချောဆီတွေကို ရှောင်ရှားသင့်ပါတယ်။

မူလရေးသားတင်ဆက်သည့်စာမျက်နှာ - Hello ဆရာဝန်

Wednesday, May 1, 2019

အခန်း ၈၀၈

___________

၈၀၈ ဟု နံပါတ်​ထွင်းထား​သော ​ကြေးပြား​​လေးက ​အေးစက်​​နေသည်​။ ​ကြေးပြား​ပေါ် ထိတင်​ထား​သော ကျ​နော့်​လက်​​ချောင်းထိပ်​က ​သွေးများက တဒုတ်​ဒုတ်​​ခုန်​​နေသည်​ကို နားနှင့်​ပင်​ ကြား​နေရသည်​ဟု ကျ​နော်​ ထင်​မိသည်​။

တံခါးလက်​ကိုင်​ကို ရှိသမျှ အားအင်​နှင့်​ ဆွဲဖွင့်​​တော့လက်​ကိုင်​က ​ချွေး​စေးတို့ဖြင့်​ ​စေးကပ်​ကုန်​သည်​။

" CCTV ​ရှေ့မှာ ဟန်​မပျက်​​စေနဲ့ " သူ့စကားက ​ခေါင်းထဲမှ​နေ၍ အမိန့်​​ပေး​နေသလို လှိုင်​ထွက်​​နေသည်​။ ခပ်​မှန်​မှန်​ ​ကြိုးစား​လျှောက်​​နေရ​သော ​ခြေလှမ်းများက တလှမ်းထက်​ တလှမ်း ပို​လေးလံလာ​သ​ယောင်​။ ဓာ​တ်​​လှေကားကို ​စောင့်​ရင်း ဘာလို့လဲ ဆိုသည့်​​မေးခွန်းကို စိတ်​ထဲမှ အကြိမ်​ကြိမ်​​မေး​နေမိသည်​။ အ​ဖြေကားမရ၊ ဓာတ်​​လှေကားက ဂဏန်း 8 ကိုပြရင်း ရပ်​တန့်​ကာ တံခါးပွင့်​လာသည်​။

ဓာတ်​​လှေကား နံရံကို မှီရင်း ကြမ်းပြင်​မှ လှိုင်း​တွေတွန့်​လာသလို မူး​ဝေလာသည်​။ " ဟန်​မပျက်​​စေနဲ့ ကိုရှိုင်း၊ မပျက်​​စေနဲ့ " ကျ​နော့်​ကို ကျ​နော်​အား​ပေးရင်း ​အောက်​အမြန်​​ရောက်​ရန်​သာ ဆု​တောင်း​နေမိသည်​။ 8 လွှာမှ ground floor သို့ ဆင်းရသည်​က တသက်​မျှ ကြာသည်​ဟုထင်​မိသည်​။ မှီပါ့မလား ဆို​သောအ​တွေးနဲ့ ရင်​​တွေပူလာသည်​။ ​အောက်​​ရောက်​ရင်​ဘာဆက်​ဖြစ်​မှာလဲ ? ​မေးခွန်း​တွေက ကျ​နော့်​​ခေါင်းထဲ ပလုံစီလာသည်။

" ​တောင်​ " ဓာတ်​​လှေကား ပွင့်​သွားပြီ၊ ဘာဆက်​လုပ်​ရမလဲ၊ ​ဧည့်​ကြို​ကောင်​တာက တ​ယောက်​​ယောက်​ဆီ ​ပြေးသွားရမလား၊ မဖြစ်​နိုင်​။ မဖြစ်​နိုင်​တာ​တွေမ​တွေးသင့်​၊ ခုချိန်​မှာလုပ်​ကိုလုပ်​ရမည်​က ဟိုတယ်​အပြင်​ဘက်​ကို ထွက်​၊ ဘယ်​ဘက်​က လမ်းကြားထဲကို ချိုး၊ အသင့်​​စောင့်​​နေ​သော မီးခိုး​ရောင်​ ဗန်​ကားထဲသို့ ဝင်​ရန်​သာဖြစ်​သည်​။

ခြေလှမ်းများ မပျက်​​စေဘူးဟု ​မျှော်​လင့်​လျက်​ အ​ပြေးတပိုင်းဖြင့်​ ဟိုတယ်​ပြင်​သို့ ထွက်​လာသည်​။ အပြင်​ဘက်​​တွင်​ ​​ည​နေ​စောင်း​ ​လေတဖြူးဖြူးက တိုက်​​နေသည်​။ ကျ​နော်​က​တော့ ​ချွေး​စေးများပြန်​ကာ တကိုယ်​လုံး တုန်​ယင်​​နေပြီး လမ်း​တွေ လှိုင်းထ​နေသလို မြင်​ရသည်​ထိ မူး​ဝေလာသည်​။

ဘယ်​ကို ချိုး ကိုယ့်​ကိုကိုယ်​ ​အော်​ဟစ်​အားတင်းရင်း ဘယ်​ဘက်​ကို ချိုးကာ လမ်းကြားထဲ အ​ပြေးတပိုင်း ဝင်​သည်​။ ​မြေကြီးများက လိပ်​တက်​လာသလို မူး​ဝေ​နေသဖြင့်​ မ​ပြေးနိုင်​၊ ​မောလှပြီ၊ ကျ​နော်​ ဒီ​နေရာ​တွင်​ပင်​ လှဲအိပ်​ချင်​မိသည်​။ ဘယ်​ဘက်​ပါးတခြမ်းက ခုမှ တဆစ်​ဆစ်​ကိုက်​ခဲလာသည်​။ ကျ​နော့်​ဘဝမှာ ဘယ်​သူမှ မရိုက်​ခဲ့ဖူးသည့်​ ပါးကိုမှ အားပြင်းပြင်းဖြင့်​ ရိုက်​ခဲ့​သော သူ့ကို ကျ​နော်​ စိတ်​ဆိုး​ဒေါသထွက်​ရမည်​လား လက်​ရှိအ​ခြေအ​နေအတွက်​ စိတ်​ပူရမည်​လား မ​ဝေခွဲနိုင်​​တော့။

ခြေလှမ်း​တွေ မသယ်​နိုင်​​တော၊့ ခန္ဓာကိုယ်​မှာ ​လေးလံသထက်​ ​လေးလံလှပြီ၊ ​ဟော ​တွေ့ပါပြီ မီးခိုး​ရောင်​ ​ဗန်​ကား၊ ဗန်​ကားထိပ်​​တွင်​ ဦးထုပ်​​ဆောင်းထား​သော လူတစ်​​ယောက်​ ​ဆေးလိပ်​ဖွာ​နေသည်​။ သူက ကျ​နော့်​ကို လှည့်​​တောင်​မကြည့်​၊ ကျ​နော်​လဲကျမလို ဖြစ်​​နေတာ၊ အသက်​ငင်​​နေသလို ​မောဟိုက်​​နေတာ၊ ​ချွေး​တွေ ရွှဲနစ်​​နေတာ သူသိပုံမ​ပေါ်။ သူက ကျ​နော်​ရှာ​နေတဲ့သူ ဟုတ်​ပါ့မလားဟု သံသဖြစ်​လာသည်​။ ကျ​​နော့်​မှာ ငါးမိနစ်​သာ အချိန်​ရှိသည်​။ ခုဆို ပြည့်​​ပင်​ပြည့်​​တော့မည်​။ ထိုသူ့ဆီသို့ အားကုန်​​ပြေးရင်း ဗလုံးဗ​ထွေးဖြင့်​ ​ပြောလိုက်​သည်​။

" အခန်း ၈၀၈ "
ထိုသူက ကျ​နော့်​ကို လှည့်​ပင်​ မကြည့်​၊ သွားပြီ၊ ငါမှားသွားပြီ ဟူ​သော အ​တွေးဝင်​လာမိချိန်​တွင်​ သူက စီးကရက်​ကို ပစ်​ချနင်း​ချေကာ ဗန်​ကားတံခါးကို ဖွင့်​​ပေးသည်​။

" တက်​​လေ " တဲ့
ပြော​ပြောဆိုဆိုပင်​ သူက ကျ​နော့်​ကို တွဲကာ ကား​ပေါ်တက်​နိုင်​ရန်​ ကူ​ပေးသည်​။ ဘုရားမတာပဲ၊ ကျ​နော်​ဒီလူကို ရှာ​တွေ့ပြီ၊ ဒါ​ပေမဲ့ ​ရှေ့ဆက်​ပြီး ဘာ​တွေ ဖြစ်​လာဦးမှာလဲ၊ ငါးမိနစ်​မပြည့်​ခင်​ ဒီလူကို ရှာ​တွေ့ပြီဟူ​သော စိတ်​ဖြင့်​ ​​ဇောချွေး​တွေ တိတ်​သွား​သော်​လည်း ​ခေါင်းက တရိပ်​ရိပ်​ပို၍ မူးလာသည်​။ မျက်​လုံးများကို မှိတ်​ထားပြီး သက်​​တော့င်​သက်​သာ ရှိ​စေရန်​ အတင်းကြိုးစားရင်း ဘာ​တွေ ဖြစ်​မှန်းမသိ ဖြစ်​လာ​သော ကိစ္စ​တွေကို အစီစဉ်​ကျ​အောင်​ ပြန်​ဆက်​​နေမိသည်​။

လွန်​ခဲ့​သော နာရီဝက်​ဝန်းကျင်​က ကျ​နော်​ အခန်း ၈၀၈၏ ​ရှေ့ကို ​ရောက်​လာခဲ့သည်​။
တံခါး​ရှေ့​ရောက်​ရုံ ရှိ​သေး ကျွီခနဲ မြည်​သံနဲ့အတူ အတွင်းသ်ို့ပွင့်​သွားသည်​။ အထဲကို ဝင်​လိုက်​ပြီးတာနဲ့ တံခါးက ပိတ်​သွားသည်​။ ဟိုတယ်​အခန်းက မကျဉ်းလွန်း၊ မကျယ်​လွန်း၊ မှန်​ပြတင်း​ရှည်​ကြီးများကို ဖုံးထား​သော ကန့်​လန့်​ကာရှည်​ထူထူ​နောက်​မှ ​နေ​ရောင်​က စိမ့်​ဝင်​ပြီး အိပ်​ယာ​ပေါ် ကွက်​တိကွက်​ကျား ထိုးကျ​နေသည်​။ အိပ်​ယာ​ပေါ်ရှိ​စောင်​က တဖက်​သို့ လှပ်​လျက်​သား၊ စားပွဲ​ပေါ်တွင်​ ​ခေါက်​ဆွဲဘူးခွံ၊ ကျွဲရိုင်းဘူးခွံနဲ့ စားကြွင်းစားကျန်​များ ပွ​နေသည်​။ ကုတင်​​ခြေရင်းတွင်​ အဝတ်​အစားအချို့က ပြန့်​ကျဲလျက်​။ ကျ​နော့်​​နောက်​မှာ သူရှိ​နေမှန်း ကျ​နော်​ ခံစားသိ၍ရ​နေသည်​။

" ထိုင်​​လေ " သူ့အသံက ​အက်​ကွဲကွဲ၊ အမိန့်​သံပါသည်​။ တကယ်​​တော့ ရန်​ကုန်​ကလူဖြစ်​ပါလျက်​နဲ့ ​နေ့ခင်း​ကြောင်​​တောင်​ ဟိုတယ်​မှာ​နေပြီး ​ခေါ်တယ်​ဆို​တော့ High ​နေတဲ့သူများလားလို့ ​တွေးပြီး ကျ​နော်​ စိုးရိမ်​မိ​သေးသည်​။ ဘဝတူ သူငယ်​ချင်းတစ်​​ယောက်​က​တော့ High ​နေသည့်​ ​ဖောက်​သည်​ တစ်​​ယောက်​​ကြောင့်​ အကြမ်းပတမ်းဆက်​ဆံခံရပြီး ဒဏ်​ရာအနည်းငယ်​ရကာ တပတ်​​လောက်​ အလုပ်​မလုပ်​နိုင်​ပဲ နားနေလိုက်​ရ​သေးသည်​။ စိုးရိမ်​စိတ်​​ဖြင့်​ ပူ​လောင်​မှုက ​အဲကွန်း​အေး​နေ​သော ဟိုတယ်​ခန်းထဲတွင်​ပင်​ ကျ​နော်​ ​ချွေးပြန်​လာသည်​။

ကုတင်​​ပေါ်သို့ တက်​ပြီး မထိုင်​​တော့ပဲ၊ တခါထဲ ​စောင်​​အောက်​သို့ ဝင်​လှဲလိုက်​တာ တီရှပ်​ကို ချွတ်​ရန်​ပြင်​လိုက်​​တော့ သူက ကျ​နော့်​လက်​​ပေါ်မှ ဖိကိုင်​ကာ
" ဖြည်းဖြည်း​ပေါ့ " တဲ့၊ အသံက ခုနကလို အက်​ကွဲကွဲ။ တပိုင်းတစ ​နေ​ရောင်​ကို ​ကျော​ပေးထားတဲ့ သူမျက်​နှာတွင်​ ဆံပင်​​တွေ ငှက်​သိုက်​လို ရှုပ်​ပွ​နေသည်​။ မျက်နှာက ​နေ​ရောင်​ကို ​ကျော​ပေးထားသဖြင့်​ ​သေချာမမြင်​ရ၊ သက်​လတ်​ပိုင်း​လောက်​ဟု ခန့်​မှန်းမိသည်​။

သူက ကျ​နော့ကို ပုခုံးမှ သိမ်းဖက်​ဆွဲယူပြီး စတင်​နမ်းသည်​။ ချက်​ချင်း ပြန်​ခွာပြီး အာ​မွှေး​တွေ ဝါထားတာလားဟု ​မေးသည်​။ ကျ​နော်​လည်း ပါးစပ်​မနံ​အောင်​ ဝါးထားမိ​ကြောင်း ​ပြောလိုက်​သည်​။ သူက စပ​ရေးသုံးသင့်​​​ကြောင်း အမိန့်​သံပါပါဖြင့်​ ​ပြောရင်း ကျ​နော့်​​ပေါ် ထပ်​ထိုင်​ကာ တီရှပ်​ကို ဆွဲချွတ်​လိုက်​သည်​။ သူက ​ရေချိုးဝတ်​စုံကို ဝတ်​ထားပြီး ခါးစည်းကျိုးကို ဖြည်​ချလိုက်​​တော့ အ​ပေါ်ပိုင်းက ​လျှောပြီး ခါးမှာ ပုံကျသွားသည်​။ လူကခပ်​ပိန်​ပိန်​၊ ဗိုက်​အနည်းငယ်ပူသည်​။ ​ဝိုးတဝါး​နေ​ရောင်​တခြမ်းထိုးထား​သော သူ့မျက်​နှာ တခြမ်းက အဖုအပိန့်​မရှိ၊ ခုကျမှ သူသည်​ ကျ​နော်​ထင်​သလို လူလတ်​ပိုင်း အမျိုးသားတစ်​​ယောက်​မဟုတ်​ပဲ ၂၅ ဝန်းကျင်​ လူငယ်​တစ်​​ယောက်​ဖြစ်​​နေမှန်း သတိထားလိုက်​မိသည်​။ သူ့မျက်​နှာက ​ချောသည်​ဟုလည်း ​ပြောမရ၊ ရုပ်​ဆိုးသည်​လည်း မဟုတ်​ သာမန်​ရုပ်​ရည်​မျိုးပင်​ ဖြစ်​​သော်​လည်း ​ပျော်​ပါးဖို့အတွက်​ တကူးတက ​ကြေးစား​ခေါ်ရ​လောက်​​အောင်​ အဖြစ်​မရှိသည့်​ ရုပ်​ရည်​မျိုးလည်း မဟုတ်​သဖြင့်​ High ​နေတာဟူ​သော ကျ​နော့်​ သံသယက ပိုခိုင်​မာလာသည်​။

သူ့လက်​​ချောင်းက ကျ​နော့်​ဗိုက်​သား​ပေါ်တွင်​ ခပ်​​ဖြေး​ဖြေးဆွဲခြစ်​ရင်း မျက်​လုံးများက ကျ​နော့ မျက်​နှာ​ပေါ်မှ မခွာပဲ စိုက်​ကြည့်​​နေသည်​။ သူ့အ​တွေ့တွင်​ သာယာရမ္မက်​ကြွရမည့်​ အစား သူ့အကြည့်​​ကြောင့်​ စိတ်​ထဲတွင်​ ​ကြောက်​ရွံ့လာသလို ဖြစ်​လာသည်​။ အဖိုးတန်​​ကျောက်​တစ်​လုံးကို ​စူးစမ်း​ တန်​ဖိုးဖြတ်​​နေ​သော ပွဲစားတစ်​​ယောက်​လို ကျ​နော့်​ကို စိုက်​ကြည့်​​နေသည်​။ ကျ​နော်​က​တော့ အဖိုးတန်​​ကျောက်​တစ်​လုံး မဟုတ်​သလို တန်​ဖိုးကလည်း ၂​သောင်းခွဲသာဖြစ်​သည်​။ တက္ကစီ ၂​ထောင်​နှင့်​ကွန်​ဒုံးတစ်​ဘူး၊ စုစု​ပေါင်း ​ငွေ​၅ထာင်​နှင့်​ ခန္ဓာကိုယ်​တစ်​ခု ရင်းပြီး ၂​သောင်းကို ကျ​နော်​ ရှာနိုင်​​တော့မည်​။ အပြန်​​တော့ ဘတ်​စ်​ကားပဲ စီးပြန်​မည်​ဟု စိတ်​ကူးသည်​။ ၂၀၀ နဲ့ ၂​ထောင်​ မလဲနိုင်​၊ ​ငွေ၂​ထောင်​က ပြတ်​လပ်​​နေချိန်​တွင်​ အ​တော်​အသုံးဝင်​သည်​။

သူ့လက်​​ချောင်း​တွေက ​ကျောဘက်​သို့ ​ရွေ့လျားလာပြီး ​ကျော​အောက်​မှ တစ်​ဆင့်​ ခါးပတ်​ပတ်​ထား​သော​ဘောင်းဘီ​အောက်​သို့ နှိုက်​ကာ ဆွဲချလိုက်​သည်​။ ခါး​စောင်းနှင့်​ ဂျင်း​ဘောင်းဘီအနားစ ရုတ်​တရက်​ ခပ်​ပြင်းပြင်း ပွတ်​ဆွဲမှုက စပ်​ဖျင်းဖျင်းနှင့်​ ပူခနဲဖြစ်​သွားပြီး ခန္ဓာကိုယ်​​အောက်​ပိုင်းတစ်​ခုလုံး ဟာလာဟင်းလင်း ဖြစ်​သွားကာ ​အေးစိမ့်​​နေ​သော အခန်းထဲတွင်​ ပိုမို​အေးစက်​လာသည်​။ ခုနက ​ဇော​ချွေးများလည်း ကြက်​​ပျောက်​ငှက်​​ပျောက်​ဖြစ်​သွားကာ တဖန်​ပြန်​တုန်​ရီလာပြန်​သည်​။

" ​မှောက်​ " ​လေသံခပ်​မာမာက ကျ​နော့ကို ဆွဲ​မှောက်​ပြီးချိန်​မှ ထွက်​လာသည်​။ ​မွေ့ရာက အ​တော်​​ပျော့အိပါသည်​။ ထိုအထဲတွင်မှ မျက်​နှာကို အပ်​ထားမိပြီး ​တစ်​ကိုယ်​လုံး​ပေါ်တွင်​ သူ့ရဲ့ ခန္ဓာကိုယ်​ဖြင့်​ တက်​ဖိထားခံရ​သော​ကြောင့်​ အသက်​ရှုရသည်​မှာ သိပ်​မဝ။

" တီ တီ တီ " ရီမုဒ်​ဖြင့်​ အပူချိန်​​လျော့ချိန်​သံ တတီတီသာ ထွက်​​ပေါ်လာပြီး အခန်းက ပြန်​လည်​ တိတ်​ဆိတ်​သွားသည်​။ ​မွေ့ရာ​ပေါ်မှ သူ့​ရေချိုးဝတ်​ရုံအနားစ ပွတ်​တိုက်​သံထွက်​​ပေါ်လာသည်​။ ထို့​နောက်​ ဘုတ်​ခနဲ မြည်​သံနှင့်​အတူ ထိုဝတ်​ရုံ ကြမ်း​ပေါ်သို့ ပြုတ်​ကျသွားသည်​ဟု ကျ​နော်​ ခံစားရသည်​။ ​ခါး​နေရာမှ ပိုမို​လေးလံသွားပြီး အခြား​နေရာများမှ ​ပေါ့သွားသဖြင့်​ သူ​ ကျ​နော့်​အ​ပေါ် မှောက်​အိ​​ပ်​​နေရာမှ ထိုင်​လိုက်​​ကြောင်း ခံစားမိသည်​။ သူ့လက်​​ချောင်း​တွေက ကျ​နော့်​ နားရွက်​ဖျားနှင့်​ ​ကျောပြင်​တစ်​​လျှောက်​လို အသာအယာ ကုတ်​ခြင်​​နေရင်း ကျ​နော်​ ထိတ်​လန့်​မှုက လည်​မျိုဝ​ရောက်​လာသည်​။

ဒီလိုအ​တွေ့အကြုံသည်​ ကျ​နော့်​အတွက်​ ပထမဆုံး မဟုတ်​၊ ​ငွေ​ကြေးရယူပြီး ​ယောကျာ်းများနှင့်​ လိင်​​ဖျော်​​​ဖြေ​ပေးသည့်​အလုပ်​မှာ ကျ​နော့်​ရဲ့ လတ်​တ​လော စီးပွားဖြစ်​လုပ်​ငန်း​ဖြစ်​​နေသည်​မို့ စိတ်​ထဲ ထူးခြားပြီး လှုပ်​ရှားမှု မရှိလှ၊ လိုအပ်​သည်​ကို ဝန်​​ဆောင်​မှု ​ပေးသည်​။ တခါတခါ လိုအပ်​မည်​ထင်​လျှင်​ ​ဆေးကြိုတင်​ ​သောက်​​သုံးထား​လေ့ ရှိသည်​။ များ​သောအားဖြင့်​ ကျ​နော့်​ ​ဖောက်​သည်​များက အသက်​ကြီးကြီး အမျိုးသားများဖြင့်​ မိန်းမလျာများသာ၊ သူ့ကဲ့သို့ ခပ်​ငယ်​ငယ်​တစ်​​ယောက်​နဲ့ အခ​ကြေး​ငွေယူဆက်​ဆံရသည်​မှာ ပထမဆုံးဖြစ်​သည်​။
ခုစိတ်​ထဲက ​ကြောက်​လန့်​​နေသည်​မှာ သူ့ပုံစံ ငယ်​ရွယ်​ခြင်း​ကြောင့်​ မဟုတ်​ပဲ ခံစားချက်​ သပ်​သပ်​က ​ကြောက်​ရွံ​နေခြင်းသာ ဖြစ်​သည်​။ ဘာ​ကြောင့်​လည်း ကျ​နော်​မရှင်းပြတတ်​။ ငယ်​ငယ်​က ​ခွေးလိုက်​ခံရဖူးသည်​။ ​တောင်​​ပေါ်​ခွေးများက ဝံပု​လွေလို အ​ကောင်​ကြီးပြီး ​ဟောင်​သံနှင့်​ပင်​ အလွန်​​ကြောက်​စရာ ​ကောင်းသည်​။ တ​နေ့​တော့ ထို​ခွေးသုံး​ကောင်​ခန့်​က ကျ​နော့်​ကို လိုက်​ဆွဲသည်​။ အဲ့တုန်းက ကျ​နော်​က ၁၀ နှစ်​အရွယ်​၊ ​ပြေးမိ​ပြေးရာ ​ပြေးရင်​ ​ချောင်​ပိတ်​မိ​တော့ ​ ​ခွေးသုံး​ကောင်​က ချက်​ချင်း ဝင်​မလာ​သေးပဲ ကျ​နော့်​ကို စူးစိုက်​ကြည့်လျက်​ အနားမှာ ပတ်​​လျှောက်​​နေခဲ့သည်​။ ထိုတုန်းကလည်းကျ​နော့်​ ရင်​​တွေ ​ပေါက်​ကွဲမတတ်​တဒုန်းဒုန်းခုန်​ကာ ​ကြောက်​ရွံ့​နေခဲ့သည်​။ ခဏ​နေရရင်​ ငါအစားခံရ​တော့မယ်​၊ ငါတစစီ အဆွဲဖြဲခံရ​တော့မယ်​ဆိုတဲ့အ​တွေးနဲ့ နားသယ်​စပ်​မှ အပူ​တွေထွက်​လာပြီး ​ခေါင်း​တွေ မူး​ဝေလာတဲ့ထိ ​ကြောက်​ရွံ့ခဲ့သည်​။ အဲတုန်းက​တော့ အဘ​ရောက်​လာပြီး ​ခွေး​တွေကို ​မောင်းထုတ်​နိုင်​ခဲ့သဖြင့်​ ကျ​နော်​ အသက်​ချမ်းသာခဲ့ရသည်​။ ခု​တော့ အဘလည်း ​သေပြီ၊ အဘရှိ​နေရင်​​တောင်​ ဟိုတယ်​ခန်း​တော့ ​ရောက်​မလာနိုင်​၊ ​ရောက်​လာရင်​​တောင်​ ကျ​နော်​က​ရော ကယ်​တင်​ခွင့်​​ပေးနိုင်​မည်​မှာ မ​သေချာ။ ကျ​နော်​ကိုယ်​တိုင်​ အ​ခ​ကြေး​ငွေယူ၍ လိုလိုလားလား​ရောက်​လာပြီးမှ ကယ်​တင်​ခံ၍ မဖြစ်​​လေ။

ကျ​နော့်​ကို ဒီဘ​ဝ​ရောက်​​စေတဲ့ အ​ကြောင်းကို ပြန်​​တွေးမိ​တော့လည်း အ​ကြောင်းအရင်းက ကျ​နော်​ ကိုယ်​တိုင်​ပင်​ဖြစ်​သည်​။ ​တောင်​​ပေါ်သား၊ အတန်းစာ သိ​ပ်​မရှိ၊ ၁၄ နှစ်​အရွယ်​​ရောက်​​တော့ မန်း​လေးက စား​သောက်​ဆိုင်​တစ်​ဆိုင်​မှာ စားပွဲထိုးလုပ်​သည်​။ အဲ့က စားပွဲထိုးသူငယ်​ချင်းနှင့်​ ငြိစွန်းရင်း ကိုယ့်​ကိုကိုယ်​ လိင်​တူသာယာတတ်​သူမှန်း သိလာသည်​။ ဒါမှမဟုတ်​ ဖြစ်​သွားသည်​။ အ​စောတည်းက ကျ​နော်​က GAY လား၊ လိင်​တူဆက်​ဆံမိလို့ GAY သွားတာလား၊ ကျ​နော်​ မသိ၊ အဲ့​လောက်​ထိ ​တွေးဖို့လည်း ညဏ် မမှီ။ သာယာမိတာ​တော့ သိသည်​။ အရပ်​၆​ပေ၊ ခန္ဓာကိုယ်​ ခပ်​​တောင့်​​တောင့်​၊ အသားဖြူ ရုပ်​ရည်​သင့်​သည့်​ ​တောင်​​ပေါ်သား ကျ​နော့်​ကို လူ​ပျိုဖော်​ ဝင်​လာသည့်​ အချိန်​မှ စ၍ လက်​တည့်​စမ်းချင်​သူ ကျား​ရောမပါ ​တွေ့လာရသည်​။ ကျ​နော်​က​တော့  ​ယောကျာ်းများနှင့်​သာ ​တွေ့ဖြစ်​သည်​။ အစက​တော့ သူတို့က ကိုယ့်​ကို ချစ်​လို့ ကြိုက်​လို့ဟု ထင်​မိသည်​။ ချစ်​သူရည်းစား​တွေလို ဖြစ်​လာမလားဟု ​မျှော်​လင့်​မိသည်​။ သို့​သော်​လည်း တစ်​ခါနှစ်​ခါ ပတ်​သတ်​ဖူးရုံနဲ့ ပြီးသွားတာချည်းများသည်​။ တခါတရံ​တွင်​​တော့ မုန့်​ဖိုး​လေး ဘာ​လေးရသည်​။ ထိုအချိန်​တွင်​ ကျ​နော့်​ အသက်​ ၁၈ ​နီး​နေပြီ ဖြစ်​သည်​။ မိစုံဖစုံ ရှိသည့်​ပြင်​ အကိုနဲ့ ညီမပါရှိ​သော မိသားစုတွင်​ကျ​နော်​က အလတ်​၊ ကျ​နော့်​အ​နေနှင့်​ မိသားစုကို အထူးတလည်​ ​ထောက်​ပံ့ဖို့ မလိုဟုထင်​သည်​။

ကျ​နော့်​အသက်​ ၁၈ ပြည့်​ပြီးချိန်​မှာ​တော့ သူငယ်​ချင်း တစ်​​ယောက်​၏ မိတ်​ဆက်​​ပေးမှုဖြင့်​မန္တ​လေးကို လာသည့်​ ရန်​ကုန်​က ​သူ​ဠေးတ​စ်​​ယောက်​နှင့်​​တွေ့သည်​။ သူက ကျ​နော့်​ကို ဘန်​​ကောက်​​ခေါ်သည်​။ ကျ​နော်​လည်း လိုလိုလားလားပင်​ လိုက်​သွားသည်​။ ၅ရက်​လုံးလုံး ညတိုင်းနှင့်​​နေ့ပိုင်းတွင်​ပါ တစ်​ခါနှစ်​ခါ သူနှင့်​ဆက်​ဆံ​ပေးရသည်​။ သူက အပြန်​အလှန်​သမားဖြစ်​သဖြင့်​ ကျ​နော့်​က ​ပေးသည့်​အခါ ​ပေးရပြီး သူက ပြန်​​ပေးသည့်​အခါ ​ပေးသည်​။ သူ​ပေးသည်​က​ အကြိမ်​​ရေပိုများသည်​။ ခရီးစရိတ်​ အားလုံး အကုန်​အကျခံသည်​။ အဝတ်​အစားနဲ့ ဖုန်းတစ်​လုံး ဝယ်​​ပေးသည်​။ အိမ်​ပြန်​​ရောက်​​တော့ အိမ်​မှာ ​နေရတာ မ​ပျော်​​တော့၊ ပင်​ပင်​ပန်းပန်း စားပွဲထိုးလည်း မလုပ်​ချင်​၊ အတန်းပညာကလည်း မတတ်​သော ကျ​နော့်​အတွက်​ အလုပ်​အကိုင်​ကလည်း မရှိ၊ ဘန်​​ကောက်​သွားတုန်းကလိုပင်​ လှလှပပ ​ပျော်​​ပျော်​ရွှင်​ရွှင်​​​နေချင်​သည်​။ နဂိုရုပ်​ခံ​လေးရှိ​သော ကျ​နော်​ ဝတ်​​ကောင်းစား​လှ​လေး ဝတ်​ပြီး ​ကောင်း​ကောင်း​နေ ​ကောင်း​ကောင်းစား​တော့ ရုပ်​​လေးထွက်​လာတာ ကျ​နော်​ မြင်​ပြီးပြီ။ ဆင်းရဲတွင်း​ထဲ​တော့ ထပ်​မနစ်​နိုင်​။ ​နောက်​ထပ်​များ အဲ့လို ​ခေါ်မဲ့သူရှိမလားဟု ​မျှော်​သည်​။ ​မျှော်​သာ​မျှော်​ ​ပေါ်မလာ။ တရက်​​တော့ gay dating app တစ်​ခု ဖြစ်​​သော grindr ဆိုတာကို သုံးကြည့်​သည်​။ သူက အနီးအနားတွင်​ ရှိ​သော app အသုံပြုသူ gay များကို ​ဖော်​ပြ​ပေးသည်​။ အစက​တော့ ဒီတိုင်း သုံးကြည့်​ရုံသာ။ တရက်​​တော့ ​ငွေလို​နေချိန်​ grindr မှ ဒိတ်​ရန်​ လာ​ပြော​သောသူကို ​ငွေလို​ကြောင်း ​ပြောမိသည်​။ ထိုသူက လိုလိုလားလားပင်​ ​ပေးမည်​ဟု ​ပြောလာ​တော့ ကျ​နော်​ အံ့သြမိသည်​။ ဒီလိုနဲ့ပဲ တခါက နှစ်​ခါ၊ တစ်​​ယောက်​က နှစ်​​ယောက်​နှင့်​ ကျ​နော်​ ​အော်​ဖာ ​ဖြစ်​လာသည်​။ မန်း​လေးထက်​ ရန်​ကုန်​က လုပ်​ငန်းပိုတွင်​ကျယ်​သည်​ဟု ရန်​ကုန်​က သူငယ်​ချင်း တစ်​​ယောက်​​ပြောသဖြင့်​ ရန်​ကုန်​​ပြောင်းကာ အ​ဆောင်​​နေသည်​။ အကြံ​ပေး​သော သူငယ်​ချင်းနှင့်​​တော့ အတူမ​နေ၊ ဘာ​ကြောင့်​လည်း​တော့ ကိုယ့်​ကိုကိုယ်​ မသိ၊ သိလည်း မသိချင်​။ သိသည်​က grindr တို့ facebook တို့သုံးပြီး ​ဖောက်​သည်​ရှာဖို့၊ ပိုက်​ဆံရဖို့၊ ​ကောင်း​ကောင်း​နေ​ကောင်း​ကောင်းစားရဖို့သာ၊ ဒီတိုင်းပဲ ​နေသွားမှာလားဟု ​မေးလာရင်​​တော့ နိုးလို့ ​ဖြေမိမည်​။ ဘာဆက်​လုပ်​မှာလည်း ​မေးရင်​လည်း အ​ဖြေမရှိ။  အနာဂါတ်​သည်​မရှိ၊ စိတ်​ကူးအိပ်​မက်​​တွေ ဘယ်​ဆီ​နေမှန်းမသိ။ အဆင်​​ပြေလားဆို​တော့ ​ပြေသည့်​အခါ ​ပြေသည်၊ မ​ပြေသည့်​အခါများလည်း မ​ပြေ၊ တရက်​ထဲ ၂​ခေါက်​လိုက်​ရသည့်​အခါမျိး​တွေ ရှိသလို တလလုံး ​ဖောက်​သည်​မရတာ​တွေလည်း ကြံဖူးပြီ။

ခုလည်း ကျ​နော့်​ ​ကျော​ပေါ် ​လော​လောဆယ်​တက်​ထိုင်​​နေ​သော သူနှင့်​ Grindrမှာ လွန်​ခဲ့​သော နာရီဝက်​ကမှ​ တွေ့ခဲ့ချင်းဖြစ်​သည်။ သူက အ​တော့်​ကို ​စေ့​စေ့စပ်​စပ်​ ​မေးပြီးမှ ​ခေါ်ခြင်း ဖြစ်​သည်​။ ကျ​နော်​ နယ်​ကမှန်း၊ ဒီမှာ ​ဆွေမျိုးသားချင်း ​အ​ပေါင်းအသင်း မရှိမှန်း ​ပြောပြခဲ့ရ​သေးသည်​။ သူက နယ်​ကလူ​တွေ ၊ အထူးသဖြင့်​ တောင်​​ပေါ်သား​တွေကို ကြိုက်​သည်​ဟု ​ပြောခဲ့သည်​။ ခု​တော့ သူ​ပြော​သော ဟိုတယ်​လိပ်​စာအတိုင်းလာပြီး သူ​ပြော​သော အခန်းထဲဝင်​ကာ ခု​တော့ သူ့ကို​တွေ့၍ ကိုယ့်​​ကျော​ပေါ်တွင်​ပင်​ ​ရောက်​​နေ​လေပြီ။
" သည်းခံလိုက်​ ကိုရှိုင်း​ရေ .. အလိုက်​သင့်​​လေး​နေ၊ ပြီး​တော့လည်း ပြီးသွားမှာပဲ၊ အဲ့ကျ ​ရေချိုး၊ ပိုက်​ဆံယူပြီး ပြန်​ရုံပဲ " မွေ့​ယာ​ပေါ် မျက်​နှာအပ်​ထား၍ အသက်​ရှု ကြပ်​ရသည့်​ ကြားမှ စိတ်​ထဲ ရေရွတ်​မိသည်​။

" သူ့နှုတ်​ခမ်းများက ကျ​နော့်​​ လည်​တိုင်​တစ်​​လျှောက်​နှင့်​ ​ကျောပြင်​တစ်​​လျှောက်​ကို နမ်းရှုံ့​နေသည်​။ ကိုက်​​တော့ မကိုက်​။ လက်​​ချောင်းများက အသာယာ ပွတ်​သပ်​​နေဆဲ၊ သူ ကျ​နော့်​ ​အ​ပေါ် တက်​လာသည်​ကိုသာ သိမထားခဲ့လျှင်​ ကျ​နော့ ကိုယ်​ကို ​မြွေတစ်​​ကောင်​ ရစ်​ပတ်​​နေသည်​ဟုသာ ခံစားမိမည်​ ဖြစ်​သည်​။ ခုလည်း သိပ်​​တော့ မထူးခြားလှ၊ သူ၏ ပွတ်​သပ်​မှုများက ရမ္မက်​ကြွဖို့ မ​ပြောနဲ့ ထွက်​​မ​ပြေးမိ​အောင်​ပင်​ အတင်းအားတင်း​နေရသည်​။ သူ့လက်​​ချေင်းများက တင်​ပါးကို စတင်​ပွတ်​သပ်​ ဆုပ်​ကိုင်​လာ​တော့ ကျ​နော်​က စ​တော့မလားဟု ​မေးရင်း ​အိပ်​ယာစွန်းရှိ ​ဘောင်းဘီထဲမှ ကွန်​ဒုံးဘူးကို လှမ်းယူသည်​။

" နာရီကို ၅:၄၀ Alarm ​ပေးထားလိုက်​ သွားစရာရှိ​သေးလို့ " ထုံးစံအတိုင်း သူ့အသံက အမိန့်​သံအပြည့်​။

" အကို့ ဖုန်းက​ရော "
" ကိုယ့်​ ဖုန်း​ရော ပိုက်​ဆံအိတ်​​ရော တခြားတန်​ဖိုးရှိတာ​တွေ အကုန်​လုံးမီးခံ​သေတ္တာထဲ ထည့်​ထားတယ်​၊ အဲ့တာ​ကြောင့်​ မင်းဖုန်းကို ​ပေးခိုင်းတာ "

မျက်​နှာကို ဖြတ်​ရိုက်​ခံလိုက်​သလို ထူပူပြီး ရှက်​တာလိုလို ​ဒေါသထွက်​တာလိုလို ဖြစ်​သွားမိသည်​။ သူ​ပြောတာ မှန်​ပါသည်​။ သူစိမ်းတစ်​​ယောက်​ အခန်းထဲ ​ရောက်​လာချိန်​ သူ့ပိုင်​ပစ္စည်း​တွေ ထိန်းသိမ်းတာ မမှား​ပေမဲ့ အဲ့အ​ကြောင်း​တွေ ထုတ်​မ​ပြောသင့်​ဘူးဟုထင်​မိသည်​။ ခု​ပြောပုံက မင်းခိုးမှာစိုးလို့ ငါ​သော့ခတ်​ထားတာဟု မ​ပြောရုံ တမယ်​။
သြော်​ ​ကြေးစား​လေ ဒီလိုပဲ ဆက်​ဆံခံရမ​ပေါ့ဟု ဖြေရင်း ကွန်​ဒုံးဗူးကို​ဖောက်​သည်​။ ရှက်​လို့လား၊ ဝမ်းနည်းလို့လား၊ ​ဒေါသထွက်​လို့လားမသိ ကျ​သော မျက်​ရည်​များကို​တော့ သူမမြင်​​စေချင်​ပါ။

"​နေဦး" သူက ကွန်​ဒုံးဘူးကို ဆွဲယူရင်း ကျ​နော့်​ကို ​လေးဖက်​ ကုန်း​စေသည်​။ တင်​ပါးကိုဖြန်းခနဲ ဖြန်းခနဲ ၂ချက်​ရိုက်​ပြီး စအိုဝကို လက်​ဖြင့်​ထိုးကြည့်​ကာ မင်းဟာက မဟုတ်​​သေးပါဘူး၊ ဒီဘက်​ပြန်​လှည့်​စမ်း ဟုဆိုကာ ကျ​နော့်​ ဗိုက်​သားများနှင့်​ အ​ရှေ့ပိုင်းကို ကိုင်​တွယ်​ ပွတ်​သပ်​ပြန်​သည်​။

" မင်း​ဘော်​ဒီက ​တောင့်​သားပဲ၊ 6packs နဲ့၊ အင်း......... ဒီဟာလည်း မိုက်​တယ်​၊ မင်းက top ပဲ ​နေသင့်​တာ " သူ့​လေသံက အနည်းငယ်​ ​ပျော့​​ပျောင်းလာသည်​ဟု ထင်​မိသည်​။
" ရပါတယ်​အကို ကျ​နော်​ top လည်း ​နေပါတယ်​၊ ပို​​တောင်​ အ​နေများပါ​သေးတယ်​ "

" ဟုတ်​လို့လား " သူ့အသံက သ​ရော်​သံအပြည့်​၊ လက်​​ချောင်းက ခုနက စမ်းသပ်​ထားသည့်​အတိုင်း ​တေ့ပြီး ​ဆောင့်​သွင်းလိုက်​​တော့ ခပ်​​လျှော​လျှောပင်​ ဝင်​သွားသည်​။
မရ​တော့၊ ကျ​နော့်​ မျက်​ရည်​​တွေ စီးကျလာပြီ။ သူ​ကပဲ စော်​ကားလွန်း​နေတာလား၊ ​အော်​ဖာတစ်​​ယောက်​အတွက်​ ဒါပုံမှန်​ပဲလား ကျ​နော်​မသိ​တော့။

" ကိုယ်​က B မ​နေဘူး၊ T​နေရ​အောင်​လည်း မင်းက ပြားချပ်​​နေတာပဲ၊ ပြီး​တော့လည်း.. " သူ့လက်​​ချောင်းက ပို၍ အထဲ​ရောက်​လာသည်။ အသံက သ​ရော်​သံ၊ ​လှောင်​​ပြောင်​သံထက်​၊ ​စော်​ကားသံ ​ပေါက်​လာသည်​။

"ကျ​နော်​ ဘာလုပ်​​ပေးရမလဲ အကို " မငိုမိ​အောင်​ထိန်းရင်း ကျ​နော်​​မေးလိုက်​သည်​။

" လာ ဒီလာခဲ့ " သူက ပြတင်း​ပေါက်​ဆီသို တိုးကပ်​ကာ ​ကျောမှီလိုက်​ရင်း ကျ​နော့်​ကို ဆွဲယူကာ ဒူး​ထောက်​ထိုင်​​စေလိုက်​သည်​။ သူ့​နောက်​က ကန့်​လန်​ကာ တပိုင်းတစကိုလှန်​လိုက်​​တော့ ​နေ​ရောင်​က ကျ​နော့်​မျက်​နှာ​ပေါ် တည့်​တည့်​ကျလာသည်​ ။

" မင်းက လူ​ချောပဲကွ .. ​ရော့" ကျ​နော့်​ ဘာလုပ်​​ပေးရမည်​ကို အလိုက်​သိစွာဖြင့်​ ကျ​နော်​လုပ်​​နေမိသည်​။ သူက လက်​တစ်​ဖက်​ကို ​ခေါင်း​နောက်​ပစ်​ရင်း တဖက်​မှ ကန့်​လန့်​ကာ လှန်​ထားကာ ကျ​နော့်​မျက်​နှာကို ​နေ​ရောင်​ကျ​အောင်​ လုပ်​ရင်း အလုပ်​များ​နေသည်​။
သူအဆင်​​ပြေရဲ့လား၊ ကြိုက်​ရဲ့လား ဟုအကဲခတ်​ရန်​ ​မော့ကြည့်​​တော့ သူက ကျ​နော့်​ကို စိမ်းစိမ်းကြီး ငုံ့ကြည့်​ရင်း ပြုံး​နေသည်​။ ​ကြောက်​စရာ ​ကောင်းလိုက်​တဲ့ အပြုံး၊ ​ချောင်​ပိတ်​မိထား​သော သား​ကောင်​ကို မသတ်​ခင်​ ကစားလို​သော မုဆိုးအပြုံး။ တစ်​ကိုယ်​လုံးက​ ​သွေး​တွေ ​​အေးခဲသွားသလို ခံစားရပြီး ကျ​နော့်​ ဝန်​​ဆောင်​မှုကို ရပ်​လိုက်​သည်​။

" ဘာလို့ ထုတ်​လိုက်​တာလဲ " သူကကျ​နော့်​ကို ​မေးရိုးမှ ဆွဲယူကာ ပြန်​တည့်​ဖို့ ကြိုးစားသည်​။ ကျ​နော်​ ထွက်​​ပြေးချင်​​နေပြီ။ ၂ ​သောင်းခွဲ မရရင်​ ​နေပါ​စေ။ ကျ​နော်​ ​ပြေး​တော့မယ်​။ ဦး​ဏှောက်​ထဲမှ ဆူညံစွာဖြင့်​ ​ပြေး ကိုရှိ​င်း​ရေ ​ပြေးဟု ​အော်​သံကို​တောင်​ ကြား​နေရသည်​ဟု ထင်​မိသည်​။ ကျ​နော့်​သွားကို တင်းတင်း​စေ့ထားရင်း သူ့ကို အာခံမိသည်​။

" ​ဖြောင်းခနဲ " အသံနှင့်​အတူ ကျ​နော့်​ဘယ်​ဘက်​ ပါးတခမ်းလုံး မီးပွင့်​သလို ပူထွက်​သွားပြီး မျက်​လုံးထဲတွင်​ လင်းခနဲ ဖြစ်​သွားတာ ကြမ်းပြင်​​ပေါ် ပုံကျသွားသည်​။
ဒီတခါ​တော့ ကျ​နော်​ သည်းမခံနိုင်​​တော့၊ ကုန်းထပြီး အဝတ်​အစားများကို ပြန်​​ကောက်​ယူကာ ဝတ်​ရန်​ပြင်​သည်​။

" မင်း ဒါဘာလုပ်​တာလဲ "
" ခဗျား​​တော်​​တော်​လွန်​​နေပြီ၊ ကျုပ်​ပြန်​​တော့မယ်​၊ ခု ပိုက်​ဆံရှင်း​ပေး၊ မဟုတ်​ရင်​ ကျ​နော်​ ​အော်​လိုက်​မယ်​၊ ကျ​နော်​က အ​စောကတည်းက ဖာ​ခေါင်းပဲ၊ တခုခုဆို ခဗျားပဲ နာမည်​ပျက်.."

ကျ​နော့်​ စကားမဆုံး​သေးခင်​မှာပဲ ​​ဝုန်းခနဲ မြည်​သံနဲ့အတူ ကုတင်​​ပေါ်သို့ ကျ​နော့်​ ခန္ဓာကိုယ်​ ကိုင်​​ပေါက်​ခံလိုက်​ရသည်​။ ကျ​နော်​က သူ့ထက်​ အရပ်​မြင့်​ပြီး ​ဘော်​ဒီ​​တောင့်​သည်​။ သို့​သော်​ သူက သန်​လွန်းသည်​။ ကျ​နော့်​ကို ​မှောက်​ချကာ လက်​​နောက်​ပြန်​ချုပ်​ရင်းဖိထားသည်​။ စိတ်​ထဲတွင်​ ကျ​နော့်​ကို မုဒိမ်းကျင့်​​တော့မည်​ဟု ထင်​မိသည်​။
" ဝူအူ ဝွတ်​ " လွှတ်​ ဟု ကျ​နော့်​​​အော်​သံက မျက်​နှာနှင့်​ ဖိကာ အကပ်​ခံထားရ​သော ​ခေါင်းအုံးကြားမှ ဗလုံးဗ​ထွေး ထွက်​​ပေါ်လာသည်​။
လက်​ကို ​နောက်​ပြန်​လိမ်​ခံထားရသဖြင့်​ လက်​​မောင်းရင်းမှ ပြုတ်​ထွက်​မတတ်​ နာကျင်​ကာ လက်​​ကောက်​ဝတ်​နှစ်​ခုက ပူ​လောင်​စပ်​ဖျင်း​နေသည်​။ တ​ခေါက်​​ကွေး​နေရာ​တွင်​ သူ့ဒူးနှစ်​ခုက ​နေရာတကျ ဖိ​ထောက်​ထား​လေ​ရော ​သေမတတ်​၊ အရိုးကျိုး​ကြေမတတ်​ နာကြင်​ရသည်​။
" ကယ်​ကြပါ ဗုဒ္ဓကယ်​ပါ၊ အရှင်​ဘုရား ကယ်​ပါ၊ တပည့်​​တော်​ကို ပစ်​မထားပါနဲ့၊ ကယ်​ပါဦး ဘုရား " အ​ခြေအ​​နေ​တွေ ​​ယောက်​ယက်​ခတ်​​နေသည့်​ကြားမှာ တခုတည်း​သော အားကိုးရာဖြစ်​သည့်​ ဘုရားမြတ်စွာကို တွင်​တွင်​တရင်း ရုန်းကန်​​နေမိသည်​။
ထိုစဉ်​ ​ဖိထား​​သော သူ့ခန္ဓာကိုယ်​မှ အနည်းငယ်​ ​ပေါ့သွားသည်​ကို ခံစားမိသည်​။  ဤသည်​ကို အခွင့်​​ကောင်းယူလျက်​ ရုန်းထလျက်​ ပြင်​လိုက်​ချိန်​တွင်​ ညာဘက်​ လည်​ပင်းမှ စူးခနဲ ဖြစ်​သွားတာ အရည်​တချို့ လည်​ပင်းသား တစ်​​လျှောက်​ ​ပေါ်တွင်​ စိုစွတ်​လာသည်​ကို ခံစားလိုက်​ရသည်​။

ကျ​နော့်​ ခန္ဓာကိုယ်​​ပေါ်တွင်​ သူမရှိ​တော့၊ အတင်းရုန်းကန်​ ထရင်း ​နောက်​ကို လှည့်​ကြည့်​​တော့ လက်​ထဲမှာ​ ​ဆေးထိုးအပ်​ အလွတ်​တစ်​​ချောင်းကိုင်​လျက်​ ကျ​နော့်​ကို ပြုံး​ကြည့်​​နေသာ သူ့ကို ​တွေ့လိုက်​ရသည်​။ ​ဆေးထိုးအပ်​ကား အလွတ်​၊ ​ဆေးရည်​​တွေက ကျ​နော့်​ကိုယ်​ထဲ ​ရောက်​ကုန်​ပြီ။

" ဘာ​ကြောင့်​လဲ.. ဘာလို့ ဒီလိုလုပ်​တာလဲ ဘာ​ကြောင့်​ ကျ​နော့်​ကိုမှလဲ " ကျ​နော်​ မျက်​ရည်​​တွေ စီးကျလာသည့်​ကြားမှ ​မေးမိသည်​။ သူက ခပ်​ပြုံးပြုံး၊ သို့​သော်​ မ​ကောင်းဆိုးဝါး ဆန်​သည့်​ ​ကြောက်​စရာ အပြုံး။

" မင်းကိုမှ ဘာကြောင့်​လုပ်​ရသလဲဆို​တဲ့ အ​ကြောင်းပြချက်​​တော့ မရှိပါဘူး၊ ဘာလို့လုပ်​တာလဲဆိုတာ​တော့ ရှင်းပြချင်​ပါတယ်​။ ဒါ​ပေမဲ့ မင်းမှာ အချိန်​မရှိဘူး"

" အချိန်​ မရှိဘူး ? "
" အင်း မင်းကို ကိုယ်ထိုးထည့်​​ပေးလိုက်​တာ အဆိပ်​​တွေပဲ၊ ငါးမိနစ်​ပြည့်​တာနဲ့ မင်းရဲ့ အာရုံ​ကြော​တွေကို ​သေ​အောင်​လုပ်​ပစ်​လိမ့်​မယ်​၊ နှလုံးခုန်​တာ ရပ်​သွားပြီး မင်း​သေသွားလိမ့်​မယ်​။ အဲ့​​တော့ ငါးမိနစ်​မပြည့်​ခင်​ မင်း​ဖြေ​ဆေးထိုးခံရမှ ရမယ်​ ၊ ကဲ ဒီ​တော့ကိုယ်​​ပြောတာ နား​ထောင်​၊ ဒီတံခါးက​နေ ထွက်​ပြီးဓာတ်​​လှေခါးဆီ ဟန်​မပျက်​​လျှောက်​သွား၊ CCTV ​တွေ ရှိတယ်​။ ငါ့အခန်းထဲက မင်း​အေး​အေး​ဆေး​ဆေး ထွက်​သွား​တာ မြင်​ပါ​စေ၊ ဟန်​မပျက်​​စေနဲ့၊ ​နောက်​ ဟိုတယ်​ အပြင်​ကိုထွက်​၊ ဘယ်​ဘက်​ကို ချိုး၊ အဲ့လမ်းကြား​လေးထဲမှာ မီးခို​ရောင်​ဗန်​ကားနဲ့ လူတစ်​​ယောက်​ရှိမယ်​။ အဲ့ကျရင်​ စကားဝှက်​​ပြော၊ စကားဝှက်​က  အခန်း ၈၀၈ ၊ သူကမင်းကို ​ဖြေ​ဆေးထိုး​ပေးလိမ့်​မယ်​။ CCTV ​ရှေ့မှာ ဟန်​ပျက်​တာပဲ ဖြစ်​ဖြစ်​၊ လမ်းမှာ လူ​တွေကို အကူအညီ​တောင်းတာပဲ ဖြစ်​ဖြစ်​ မင်းငါ့ဆီက ​ဖြေ​ဆေးရမှာမဟုတ်​ဘူး။ မင်း အကူအညီ​တောင်းလည်း မင်းကို ဘယ်​သူမှ မိနစ်​ပိုင်းအတွင်း ကူညီ​ပေးနိုင်​မှာ မဟုတ်​ဘူး ။ အဲ့ကျ မင်း​သေရမှာပဲ၊ ကဲ သ​ဘော​ပေါက်​ရင်​ အကျီဝတ်​၊ ဒိုး​တော့ မြန်​မြန်​ "

သူက ကျ​နော့်​ အကျီနဲ့ ​ဘောင်းဘီကို ကမ်း​ပေးရင်း ခပ်​​အေး​အေး ရှင်းပြ​နေသည်​။

ဘောင်းဘီကို ဝတ်​၊ တီရှပ်​ကိုစွပ်​ရင်း ကျ​နော်​ အိပ်​မက်​မက်​သလို ဖြစ်​​နေသည်။ ဘာ​ကြောင့်​လဲ ဘာဖြစ်​​နေတာလဲ ကျ​နော်​နားမလည်​နိုင်​​တော့။ ​ခေါင်း​တွေ​လေးပြီး ချာချာလည်​သလို စခံစားလာရသည်​။

" ​ဟေ့ ​ဟေ့​ကောင်​တင်းထားစမ်း၊ သား​ရေ​တွေ သိမ်း၊ သုတ်​ပစ်​လိုက်​ " သူက ကျ​နော့်​ ပါး​စောင်​မှ စီးကျလာ​သော သား​ရေများကို သုတ်​ပစ်​ရင်း ပါးကို ခပ်​စပ်​စပ်​ရိုက်​သည်​။ တကယ်​ပင်​ ကျ​နော်​ အား​လေးလျှာ​လေး ဖြစ်​ပြီး သား​ရေ မနိုင်​ဖြစ်​လာသည်​။

" သွား မြန်​မြန်​ ကိုယ်​မှာတာ​တွေ မ​မေ့နဲ့၊ ဟန်​မပျက်​​စေနဲ့၊ စကားဝှက်​က အခန်း၈၀၈ "
စိတ်​ညိုခံရသူပမာ သူ့အမိန့်​အတိုင်း နာခံရင်း တံခါးဆီကို ​ပြေးကပ်​သွားလိုက်​သည်​။ 808 ဆိုသည့်​ အခန်းနံပါတ်​ ထွင်းထား​သော ​ကြေးပြား​က ​အေးစက်​​နေသည်​.......

အင်း ဟုတ်​သည်​။ ဒါပါပဲ ဒါကပဲ ကျ​နော်​ ဗန်​​ကား​ပေါ် ဘယ်​လို​ရောက်​လာသည်​ဆိုသည့်​ ဇာတ်​လမ်း။ ခု​တော့ ကျ​နော်​က ကား​ပေါ်မှာ၊ ​ဘေးမှာ သူ​ပြောခဲ့သည်​ လူက ထိုင်​လျက်။
" အခန်း ၈၀၈ ​​ဖြေ​ဆေး " ကျ​နော်​ အာ​လေးလျှာ​လေးဖြင့်​  ​ရေရွတ်​ရင်း အကူအညီ​တောင်းမိသည်​။

" မပူပါနဲ့ မင်းကိုယ်​ထဲက အိပ်​​ဆေး တစ်​မျိုးပါ၊ မင်း​ဖြေ​ဆေးမလိုပါဘူး "
" တကယ်​ ​ဆေးမလိုဘူးလား၊ ကျ​နော်​ မ​သေ​တော့ဘူးလား " ကျ​နော့်​ လည်​ပင်း မခိုင်​​တော့၊ ဇာတ်​တစ်​ခြမ်း​စောင်း​နေပြီ။

" ​အေး​ပေါ့ ​ဖြေ​ဆေးရရင်​ မင်းပြန်​နိုးလာမှာ​ပေါ့၊ အဲ့လို မင်းနိုး​နေရင်​ မင်း​ကျောက်​ကပ်​ကို ငါတို့ထုတ်​တဲ့အာ မင်းနာမှာ​ပေါ့ " သူ့အသံက ​လှောင်​သံ အပြည့်​ဖြင့်​ ဖြစ်​သည်​။ သို့​သော်​လည်း ထိုလူ ​နောက်​​နေခြင်းမဟုတ်​ပဲ အတည်​​ပြော​နေသည်​မှန်းကျ​နော်​ယုံကြည်​သည်​။ ကျ​နော့်​သူ့ကို မမြင်​ရ​တော့၊ ကျ​နော့်​ မျက်​လုံး​တွေ ပိတ်​​လာ​နေပြီ။

" ​ကျောက်​ကပ်​.. ထုတ်​မယ်​.. ဟလား..." စကားလုံးတစ်​လုံးထွက်​ဖို့ ​သေလု​မျောပါးအားတင်းပြီး ကျ​နော်​​မေးသည်​။
" ​အေ့​လေ မင်းကို​ကျောက်​ကပ်​ထုတ်​ဖို့​လေ၊ အဲ့အတွက်​ မင်းကို ​ရောင်းစားသွားတာပဲ "

" ဘာ..လို့ ကျ​...ေ..နာ်​..လဲ.. "
" အ​ကြောင်းပြချက်​ မရှိပါဘူး၊ တခါတရံ လူတစ်​​ယောက်​အ​ပေါ် သတ်​ဖြတ်​ဖို့၊ ယုတ်​မာဖို့၊ အမြတ်​ထုတ်ဖို့အတွက်​ ဘာလို့ အဲ့လူကိုမှ ​ရွေးလဲဆိုတဲ့ အ​ကြောင်းပြချက်​ မလိုအပ်​ပါဘူး။ ဘယ်​သူမဆို အ​ကြောင်းပြချက်​ မရှိပဲ သား​ကောင်​ ဖြစ်​သွားနိုင်​တာပဲ​ "

ကျ​​နော့်​မှိတ်​​နေသည့်​ မျက်​လုံးမှ မျက်​ရည်​ပူများ စီးကျလာသည်​။ ​သြော်​ ကျ​နော်​ ​သေရ​တော့မယ်​တဲ့၊ ကျ​နော့်​ ​ကျောက်​ကပ်​ကို ထုတ်​ယူပြီး ​ရောင်းကြ​တော့မယ်​တဲ့၊ မနက်​က ကျ​နော်​ ပုံမှန်​အတိုင်း ​နေမြင့်​မှ အိပ်​ယာထသည်​။ ​လေ့ကျင့်​ခန်းလုပ်​သည်​၊ မနက်​စာစားသည်​၊ ထိုအချိန်​က​တော့ ည​နေကျရင်​ ငါ​တော့ ​သေရ​တော့မှာပဲလို့ မ​တွေးမိ၊ ကြိုလည်း မသိ၊ ကျ​နော့်​ဘဝ အဆုံသတ်​ရမည်​ဆိုမှ ကျ​နော်​ ဘာမှမလုပ်​ရ​သေးမှန်း သတိရသည်​။ ကျ​နော့်​အတွက်​၊ ကျ​နော့်​ မိသားစုအတွက်​ ​ကောင်းကျိုး တစ်​စုံတစ်​ရာ ကျ​နော်​မလုပ်​ခဲ့။ ကျ​နော်​သည်​ တန်​ဖိုးမရှိ။ ရုတ်​တရက်​ ကျ​နော့်​ စိတ်​ထဲ ​မေးခွန်းတစ်​ခုကို သတိရလာသည်​။
မျက်​လုံးမဖွင့်​နိုင်​၊ မလှုပ်​နိုင်​၊ လျှာ​တွေ​လေးလာသည့်​ကြားမှ အားယူ​မေးသည်​။

" ကျ​နော့်​...ကို .. ဘ..ယ်​​လောက်​ .. နဲ့ ဝယ်​ခဲ့ရ... လဲ " ထိုသူ့ မျက်​နှာ ဘယ်လိုဖြစ်​သွားမည်​မှန်း မမြင်​ရသဖြင့်​ ကျ​နော်​ မသိနိုင်​ပါ။ ရုတ်​တရက်​ တိတ်​ဆိတ်​သွားပြီးမှ
" မင်း ​ကျောက်​ကပ်​အတွက်​ ၂၅ သိန်း​ပေးခဲ့ရတယ်​၊ တခြား အပိုင်း​တွေ သူဘယ်​သူ့ကို ​ဘယ်​​လောက်​နဲ့ ရောင်းဦးမလဲ​တော့ ငါလဲ မသိဘူး"

သြော်​.. ကျ​နော်​ပြုံးမိလား ကျ​နော်​ မ​သေချာ။ ပြုံးခဲ့လျင်​လည်း အခန်း၈၀၈ မှ ကျ​နော့်​ကို ​ဆေးထိုးလွှတ်​လိုက်​​သော သူ့လို ​လှောင်​ပြုံးပင်​ ဖြစ်​မည်​ဟု ထင်​သည်​။ သူက​တော့ ကျ​နော့်​ကို ​လှောင်​သည်​။ ကျ​နော်​က​တော့ ကံတရားကို ​လှောင်​သည်​၊ ​​လောကကြီးကို ​လှောင်​သည်​၊ မြတ်​စွာဘုရားကို ​လှောင်​သည်​။ ကျ​နော့်​ရဲ့ ရှင်​သန်​ရာ ပတ်​ဝန်းကျင်​ တစ်​ခုလုံးကို ​လှောင်​သည်​။

ဘယ့်နယ့်​ ကိုယ်​ပိုင်​တဲ့ ခန္ဓာကိုယ်​တစ်​ခုကို ၂​သောင်းခွဲနဲ့ ​ရောင်း​တာ​တောင်​ သူ့ဆီက ပိုက်​ဆံမရ​သေး၊ သူက​တော့ သူမပိုင်​​သော ကျ​နော့်​ ခန္ဓာကိုယ်​ကို ၂၅ သိန်းဖြင့်​ ​ရောင်းသွား​ပေပြီ။  ဘာ​တွေကများ ကျ​နော်​တို့ကို ကွာခြား​စေခဲ့တာလဲ၊ ကိုယ့်​ကိုကိုယ်​ အသုံးချတာနဲ့ သူများကို အသုံးချတာလား၊ အခန်း၈၀၈ မှာ ​နေတာနဲ့ ​အ​ဆောင်​မှာ ​နေတာလား၊ ရန်​ကုန်​သားနဲ့ ​တောင်​​ပေါ်သားလား၊ ပညာအရည်​အချင်းလား၊ ဘာ​ကြောင့်​လဲ ဘာ​တွေကများ ကျ​နော်​တို့ကို ကွာခြားသွား​စေတာလဲ။

တချို့​သောအရာ​တွေအတွက်​ အ​ကြောင်းပြချက်​ မရှိ​ကြောင်း ကျ​နော်​ သိပါသည်​။ ထိုအထဲတွင်​ ကျ​နော်​ ​သေဆုံးရခြင်းလည်း ပါ​ကောင်းပါနိုင်​သည်​။

ခန္ဓာကိုယ်​​လေးလံလာသလို ကျ​နော့်​အ​တွေးများလည်း ​လေးလံလာသည်​ဟု ထင်​သည်​။ လူများကိုမသတ်​ခင်​ ​နောက်​ဆုံးဆန္ဒကို ဖြည့်​ဆည်း​ပေး​လေ့ရှိေုကာင်း ရုပ်​ရှင်​ထဲတွင်​ မြင်​ဖူးသည်​။ ကျ​နော့်​ ဆန္ဒကို ကျ​နော်​ စဉ်းစားမိသည်​။ ကျ​နော့်​ ဆန္ဒမှာ အခန်း၈၀၈ကသူ ဖြစ်​ချင်​ရုံသာဖြစ်​သည်​။ အဲဒိ့လိုသာ ဆိုလျှင်​ ကျ​နော့်​ ခန္ဓာကိုယ်​ကို အ​ကြောင်းပြချက်​ဖြင့်​ ​ရောင်းစားရန်​မလိုပဲ သူများခန္ဓာကိုယ်​ကိုသာ အ​ကြောင်းပြချက်​မလိုပဲ ​တန်​ဖိုးကြီးကြီးဖြင့်​ ​ရောင်းနိုင်​ဝယ်​နိုင်​မည်​ဖြစ်​သည်​။

#တီနို

(`တီနို´ ဆိုသောစာသားလေးပေါ်နှိပ်ကာ မူလစာရေးသူ Teno ရဲ့စာမျက်နှာစီသွားကြည့်နိုင်ပါကြောင်း)