Wednesday, July 31, 2013

ကိုကိုယောကျာ်းမဟုတ်ဘူး



 ပြာလွင့်နေတဲ့ကောင်းကင်ကြီးကမွန်းတည့်နေရဲ့စူးရှတောက်ပမှုကြောင့် တောက်ပကြည်လင်ကာရှင်းသန့်နေ လေရဲ့။အဲ့ဒီ့နောက်မှာတော့ ဖြူမို့မို့တိမ်သားဆိုင်တေကမွမွတတ်ပြီးအလိပ်လိုက်အလိပ်လိုက်လွင့်မြောရွေ့လျား နေလိုက်တာဝါဂွမ်းမှို့ကြီးတွေ့လိုပါပဲ။အဝေးကလေနတ်သားလေးသယ်ဆောင်လာတဲ့ လေပြေတစ်ချို့ကကျွန်မရဲ့ ပုတုန်းရောင်ဆံနွယ်တွေကို တဖြတ်ဖြတ်ခတ်ပြီး လွင့်လူးနေစေပါတယ်။ ကျွန်မရဲ့မျက်နှာသားတစ်လျှောက်နဲ့ လက်မောင်းလက်ဖြန်တွေကို ကျွန်မပွတ်သပ်ကြည့်မိတယ်။ အသားအရေကနေရောင်ကြောင့် လားတော့မသိဘူး ဝင်းဝါညက်ညာစိုပြေနေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကို ဒီနေ့မလှမှာအရမ်းစိုးရိမ်ခဲ့ပါတယ် ...

ဒါကြောင့်မနက်အစောကြီးထရေချိုးပြီး ဖြီးဖြီးလိမ်းပြင်ဆင်လိုက်တယ်။ ပြီးတော့မှန်ရှေ့မှာမတ်တတ်ရပ်ပြီးကျွန်မနဲ့လိုက်မယ့်အဝတ်စားတွေကို ရွေးနေရတာတော်တော်တောင်အချိန်ကြာသွားတယ်ရှင့်။ ဒါပေမယ့်ကျွန်မကြေနပ်ပါတယ် ကျွန်မလိုချင်တဲ့လှလှပပပုံစံလေးရအောင်တော့ကျွန်မ ရအောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါမှလည်းကျွန်မက ကိုကို့ကိုစိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်မှာပေါ့။

အဟင်းဟင်း ကျွန်မကအသက် ၁၇ နှစ်ရွယ်မိန်းကလေး တစ်ယောက်ဆိုပေမယ့် ကျွန်မကိုယ်ကျွန်မယုံကြည်မှုအပြည့်ရှိပါတယ်ကျွန်မဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယာက် ဆိုတာကိုပေါ့။ ဒါကလည်း ကျွန်မကိုမြင်ရုံနဲ့ လူတိုင်းက သိနေကြတာပါပဲ ။  ကျွန်မကလှတယ်လေ။ ချစ်စရာလဲ ကောင်းတယ်။ ကျွန်မကတော့ ကိုကို့ဆီက အသည်းနှလုံးလေးကိုပဲ လိုချင်နေမိတယ်။ ကိုကိုနဲ့ကျွန်မက လွန်ခဲ့တဲ့ငါးနှစ် ကျွန်မဆယ့်နှစ်နှစ်သမီးကတည်းက ရင်းနီးခဲ့ကြတာလေ။ ကိုကိုကမျက်ခုံးကောင်းပြီးနှာတံစင်းတယ် ကိုကို့မျက်လုံးအိမ်ကနက်နေပြီးသူ့အကြည့်တွေက စူးရှမှုရှိတယ်။ ကိုကိုက ပြောမယ်ဆိုရင်လူချောတစ်ယောက်ပါ။ ရယ်လိုက်ရင်ပါးချိုင့်ရေယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာပြီး ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ကျွန်မချစ်မိနေတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ကမှကျွန်မကိုယ်ကျွန်မသိလိုက်ရတယ်။

              ပြီးတော့ကျွန်မမြတ်နိုးရတဲ့ကိုကို့ရဲ့အပြုအမူလေးတွေရှိသေးတယ်။ ကိုကိုကရေသောက်ပြီဆိုရင် နှုတ်ခမ်းမှာရေစက်လေးတွေမပေအောင် သေသေသပ်သပ်လေးသောက်တတ်တာ။ ခြေချောင်းဖြူဖြူလေးတွေနဲ့လိုက်ဖက်တဲ့ ကတ္တီပါဖိနပ်လေးပေါ်မှာ ဖုန်မှုန့်လေးတွေ ကပ်နေပြီဆိုဆိုရင် မနေတတ်ပဲ လက်ကလေးနဲ့ တောက်ခါတတ်တာ။ ပြီးတော့ နေတာထိုင်တာ ဝတ်တာစားတာကအစ သပ်သပ်ရပ်ရပ်နဲ့ Smart ကျကျနေတတ်တာ။ ဒီအပြုအမူလေးတွေက ကိုကို့ကိုကျွန်မရင်ထဲမှာစွဲလန်းသွားစေဖို့ တွန်းအားတွေ အများကြီးပေးခဲ့ပါတယ်။

ကျွန်မထက်အသက်သုံးနှစ်ကြီးတဲ့ ကိုကိုကကျွန်မကို ညီမလေးဆိုပြီးဂရုတစိုက်ရှိလှပါတယ်။ တစ်ခါတုံးကဆို ကိုကိုအိပ်နေတုံး ကျွန်မကိုကိုအခန်းထဲ ဝင်သွားလိုက်တာ ကိုကိုကအိမ်မက်ဆိုးတွေမက်နေပြီးလန့်နိုးလာတယ်ကျွန်မကိုလဲတွေ့ရော ညီမလေးဆိုပြီးဖက်ထားလိုက်တာ အကြာကြီးပဲ။

အဲ့ဒီ့အချိန်က ကျွန်မနှလုံးသား ရဲ့အနက်ရှိုင်းဆုံးနေရာက အစိုင်အခဲတွေလှုပ်ရှားသွားတာလေ။ ကျွန်မရဲ့ရင်ခုန်သံတွေဟာ ပေါက်ကွဲပြီးအပြင်ဖက်ကို လွင့်စင်လာတော့မလားအောက်မေ့ရတယ်။ ကျွန်မရဲ့လှိုက်မောမှုတွေကို ကိုကိုက ဆွဲထုတ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ကိုကို့အပေါ်မှာ ယိမ်းယိုင်သွားခဲ့တယ်ထင်ပါ့။   ကိုကို့အိမ်နဲ့ကျွန်မအိမ်က အရမ်းရင်းနီးကြတယ်လေ။ ဒီတော့ကျွန်မက ကိုကကိုကို့ဆီကို တံခါးမရှိဓါးမရှိဝင်ထွက်လို့ရနေခဲ့တယ်။

ကျွန်မလက်ထဲက ကိုကို့အတွက်လမ်းကဝယ်လာတဲ့ ရေခဲစိမ်ပက်စီ အချိုရေဘူးလေးတောင်မှ အရည်တွေတစက်စက်ကြနေပြီ ကိုကိုရောက်မလာသေးပါဘူး။ ဒီနေ့ကျွန်မကို ကိုကိုကတစ်နေရာကိုသွား လည်မယ်ဆိုပြီးချိန်းထားခဲ့တာလေ။ အင်း ကိုကိုရောက်လာလို့ကျွန်မကိုမြင် ဘယ်လိုများပြောမယ်မသိပါဘူး။ ကျွန်မရဲ့ဝတ်စားဆင်ယင်ပုံက ခါတိုင်းထက်ထူးခြားနေတယ်မဟုတ်လား။ ကျွန်မတစ်ယောက်ထဲအတွေးလွန်နေတုံး..........

"ကလင် ကလင် ကလင်........."


အနောက်ဖက်ကနေ စက်ဘီးဘဲတီးသံကြားတယ်။ ကိုကိုရောက်လာပြီထင်တယ်။ ကျွန်မလှည့် မကြည့်ဘဲနဲ့မျက်လုံး နှစ်ဖက်ကိုမှိတ်ထားလိုက်တယ်။တဖြည်းဖြည်းနဲ့ ကိုကို့စက်ဘီးသံက နီးကပ်လို့လာပါတယ်။ စက်ဘီးသံကကျွန်မနားမှာဝဲနေလေရဲ့။ သေချာတယ် ကျွန်မကိုပတ်ပြီးကိုကိုနင်းနေတာပဲနေမှာ။ ကျွန်မရဲ့နှုတ်ခမ်းတွေဟာပြုံးနေပေမယ့် ကျွန်မမျက်လုံးကိုတော့မှိတ်ထားဆဲပါ။ ခဏနေတော့ စက်းဘီးသံရပ်သွားတယ်။ ကျွန်မမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာပြုံးပြီးကြည့်နေတဲ့ ကိုကို..........

"ဘာတွေဝတ်လာတာလဲညီမလေးရယ် ကိုယ့်ကိုယ်ကိုလဲကြည့်ပါဦး ကလေးနဲ့တောင်မတူတော့ဘူး"

"ကိုကိုနော် ကိုကိုပဲကလေးကုလားပုံတွေ ဝတ်မလာနဲ့ဆို"


"ဟားဟား အလကားစတာပါညီမလေးရာ အခုလိုဝတ်ထားတော့ညီမလေးက အပျိုကြီးဖားဖားဖြစ်လာသလိုပဲ"

ဟင်းဟင်း ကိုကိုကကျွန်မကိုကလေးလို့ထင်နေတာကိုး ကျွန်မကလေးမဟုတ်တော့ဘူး အပျိုရှင့်အပျို သိရဲ့လား။ ကိုကို့ကိုချစ်နေတာပါပြောလိုက်ရင် ကိုကိုဖျားသွားလိမ့်မယ်။

"ကဲပါ ထားလိုက်ပါ ရော့ဒါကိုကိုအတွက်PESSIဘူး"



"ကျေးဇူးညီမလေး အဲဒါကြောင့်ညီမလေးကိုချစ်နေရတာ"


"တော်ပါကိုကိုကသိပ်ပိုတာပဲ ကဲအခုညီမလေးတို့ဘယ်သွားကြမှာလဲ"


"ညီမလေးကိုဒီနေ့ချိန်းထားတာ ရင်ခုန်စရာကောင်းတဲ့ ကြည်ပြာရောင်လှိုင်းလုံးတွေကြားထဲမှာ သည်းထိပ်ရင်ဖိုမော်တော်ဘုတ်စီးမလို့  ။ဘယ်နှယ့်လဲ။"

"ဟား........ဒါဆိုပင်လယ်ထဲမှာလျှောက်စီးကြမှာပေါ့ ပျော်စရာကြီး။"

"အင်း ဟုတ်တယ် ကိုယ့်သူငယ်ချင်းတစ်ယောက်လဲပါမယ်။ လာစက်ဘီးပေါ်တက် ကိုယ်တို့ကမ်းနားကိုသွားရအောင်"

ကျွန်မကကိုကိုနဲ့နှစ်ယောက်ထဲလို့ထင်ထားခဲ့တာအခုတော့ကြားထဲမှာတစ်ယောက်ကပါဦးမယ်တဲ့။ကိုကိုနဲ့အတူ ရင်ခုန်စရာပျော်ရွှင်ကြည်နူးမှုတွေကိုကျွန်မဖန်တီးချင်တာလေ။ ကိုကိုနဲ့အတူလွတ်လွတ်လပ်လပ်အချစ်ဂီတသံစဉ်အောက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းသာယာချင်တာလေ ကိုကိုရယ်။ အခုတော့ကျွန်မျှော်လင့်ချက်တွေ တစ်စစီယိုင်လဲပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်ကုန်ပါပြီ။  ကျွန်မလေ ကိုကို့ကိုသိပ်ပြီးအားမလိုအားမရဖြစ်တာပဲ။


"ကဲဘာတွေစဉ်းစားနေတာလဲ တက်လေ"

"ဟုတ်......"

ကျွန်မကျေနပ်ပါတယ်ကိုကိုရယ်။ ကိုကိုနဲ့အခုလိုသွားနေခွင့် ရတာကိုကကျွန်မအတွက် မဟာအခွင့်အရေးကြီးပါပဲ။ ကျွန်မစက်ဘီးပေါ် ခွထိုင်လိုက်ပြီး ကိုကို့ခါးကို အတင်းဖက်ထားလိုက်တယ်။ ကိုကိုဝမ်းဗိုက်သား ကိုကိုင်ထားရတာနွေးနေတာပဲ။ ကျွန်မရင်ထဲ ဘယ်ကနေဘယ်လိုဝင်လာမှန်း မသိတဲ့အပျော်တွေက ခုန်ပေါက်ပြီးဝုန်ဒိုင်းကျဲနေလေရဲ့။  သစ်ရွက်ခြောက်လို လူးလွင့်နေတဲ့ ကျွန်မရဲ့ ရင်ခုန်သံတွေလေ။

ကိုကိုက စက်ဘီးကိုအရှေ့ကနေ ခပ်မှန်မှန်လေးနင်းနေတယ်။ ။ဖြတ်သန်းလာတဲ့လမ်းတလျှောက်မှာ စိမ်းစိမ်းစိုစိုနဲ့သစ်ပင်ကြီးတွေက အစီအရီပါပဲ။ လေလေးတဖြူးဖြူးနဲ့နေသာသာအောက်မှာ စက်ဘီးစီးရင်းရတဲ့အရသာက ကျွန်မအတွက်ဘာနဲ့မှမလဲနိုင်ပါဘူး။ ကိုကို့ကျောပြင်လေးကိုမှီထားရင်း ကျွန်မစိတ်ထဲအူတွေယားလာတယ်။ ဒါကြောင့် ကိုကို့ကိုဖက်ထားတဲ့ ကျွန်မလက်တစ်ဖက်နဲ့ ကိုကို့ဗိုက်သားနွေးနွေးလေးကို ဖွဖွလေးညှစ်ကြည့်လိုက်တယ်။ ကိုကိုနဲနဲတော့တွန့်သွာပါတယ်။ ။ပြီးမှကျွန်မကိုနောက်လှည့်ပြီးပြောတယ်.......

"က....လေး.....မ......နော်......" တဲ့။

                                                                          ********


ကျွန်မတို့ကမ်းနားကိုရောက်တော့ ကိုကိုက သူ့သူငယ်ချင်းအိမ်ကို ခဏဝင်ပြီးသူ့သူငယ်ချင်းကိုဝင်ခေါ်ပါတယ်။ စက်ဘီးကိုလည်းအဲ့ဒီ့အိမ်မှာပဲထားခဲ့ကြပြီး ကျွန်မတို့လမ်းလျှောက်လာခဲ့ကြတယ်။ ကိုကိုကသူ့သူငယ်ချင်းနဲ့လဲတွေ့ရော စကားတွေပြောလိုက်တာဟာဖောင်ဖွဲ့မတတ်ပဲ။ ကျွန်မကိုလဲမေ့သွားတယ်ထင်ပါ့။ ကိုကို့သူငယ်ချင်းလေးကလဲ ကိုကို့လိုပါပဲ အရပ်ရှည်ရှည်ရုပ်အေရပ်ရှည်ရှည်ရုပ်ချောချာနဲ့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့်ကျွန်မစိတ်ထဲမှာ ဘာကြောင့်မှန်းမသိဘူး သူ့ကိုသိပ်ပြီးမလိုလားမနှစ်သက်သလိုပဲ။ ကိုကိုကကျွန်မကို သူ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးလေရဲ့ ....

"ညီမလေး ဒါကိုကို့သူငယ်ချင်း ကိုဦးတဲ့"


"ဟုတ်ကဲ့ပါကိုကို"

ကျွန်မစိတ်ထဲကမပါပေမယ့် စပြုံးပြလိုက်ရပါတယ်။ ကိုကို့သူငယ်ချင်းကကျွန်မကိုကြည့် ပြီးပြန်ပြုံးပြပါတယ်။ ပြီးတော့ကိုကို့ဖက်ကိုလှည့်ပြီး.....

"မင်းညီမလေးလား"

"အင်း ဟုတ်တယ်"

"ချစ်စရာလေးပဲကွ ......ညီမလေးရည်းစားတွေရှိနေပြီလား"

ကြည့်စမ်းထောင့်မကျိုးလိုက်တာ ဒါမိန်းကလေးတစ်ယောက်ကိုမေးရမယ့် စကားလား။  ကျွန်မသူ့ကို မာန်ပါပါနဲ့ နဂါးမျက်စောင်းတစ်ခုကျွေးလိုက်တယ်။ ဒီတော့မှဒင်းက မျက်နှာပိုးသတ်သွားတယ်။ ကိုကိုနဲ့ပက်သက်နေလို့ပေါ့ နို့မီုဆိုကျွန်မအကြောင်းကောင်းကောင်းသိသွားမယ်။ကျွန်မမျက်နှာကိုစူပုပ်ပုပ်လုပ်ထား လိုက်ပြီးရှေ့ကနေခပ်သုတ်သုတ်လေးလျှောက်လိုက်တယ်။

သိပ်မကြာလိုက်ဘူး ကျွန်မတို့ကမ်းနားကိုရောက်လာကြတယ်။ ကမ်းနားမှား စက်လှေတွေ ငါးဖမ်းမော်တော်တွေ နဲ့ပင်လယ်ကူးသဘောင်္ကြီးတွေ တွေ့ရတယ်။ နေရောင်ခြည်ကြောင့် ပင်လယ်ရေပြာပြာကြီးက လတ်လတ် လဲ့လဲ့ နှင့်မျက်စိတောင်စူးပါတယ်။ ကျွန်မတို့ သုံးဦးသားဆိပ်ခံဘောတံတားမှတဆင့် မော်တော်ဘုတ်ရှိရာကိုလျှောက်လာခဲ့ကြတယ်။ ကျွန်မတို့စီးမယ့်မော်တော်ဘုတ်လေးက ချစ်စရာလေးပါပဲ။ ဦးခေါင်းချွန်ချွန်နဲ့ ရေထဲမှာ ဖိုက်ဘာရောင်လေးပါ။ကိုကို့သူငယ်ချင်းက ဘုတ်ပေါ်အရင်တက်သွားတယ်ပြီးတော့ကိုကိုတက်တယ် ပြီးမှကျွန်မကို လက်ကမ်းပေးပြီးတွဲခေါ်ပါတယ်။

"လာတက်လေညီမလေး ကိုကို့ကိုလက်ပေး"

"ဟုတ်ကဲ့ "

အဲ့ဒီ့နောက် မော်တော်ဘုတ်နဲ့ကျွန်မတို့ ပင်လယ်ထဲကိုထွက်ခဲ့ကြထယ်။ ကိုကိုကတော့သိပ်ပျော်နေတဲ့ပုံပါပဲ။ သူ့သူငယ်ချင်းနဲ့ အရှေ့မှာထိုင်ပြီးရယ်လို့မောလို့။ ကျွန်မကတော့ အနောက်မှာတစ်ယောက်ထဲ ထိုင်ပြီးလိုက်ပါလာခဲ့တယ်။ ကိုကိုမတရားဘူး ကျွန်မကိုတစ်ယောက်ထဲပစ်ထားတယ် အခုချိန်မှာပျော်ရွှင်မှုရမယ့်အစား ကျွန်မရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီးနဲ့ကြေကွဲနေရတယ်။ ကျွန်မကိုကို့ အကျယ်ကြီးအော်ပြီး ရိုက်ထုပစ်လိုက်ချင်တယ်သိလား။ ကွန်မဒီလိုစိထ်ဆင်းရဲရမယ်မှန်းသိရင် အစကတည်းကလိုက်မလာပါဘူး။ ဒီမော်တော်ဘုတ်စီးရတာ ကကိုကိုနဲ့စက်ဘီးစီးရတာလောက် ကျွန်မအတွက်အရသာမရှိပါဘူး။ ကျွန်မအတွက်တော့တစ်ကယ့် ငရဲလိုပါပဲ။ ကျွန်မလေ သိပ်စိတ်ညစ်တာပဲ ရေထဲသာခုန်ချပစ်ချင်လိုက်တော့တယ် တကယ်။

ငြိမ်သက်နေတဲ့ ရေပြင်ကို ဓါးတစင်းလိုပဲထိုးခွင်း လိုက်တော့ အနောက်မှာ ရေလှိုင်းဂရက်လေးတွေထပြီးကျန်ခဲ့တယ်။ ကျွန်မတို့ဘေးနားကနေ တစ်ခါတစ်ခါဖြတ်သွားတဲ့ကုန်တင် သဘောင်္ကြီးတွေ အုတ်သြဆွဲလိုက်တာများ ပင်လယ်တစ်ခွင်ကို ပဲ့တင်သံတွေရိုက်ခတ်သွားတယ်။ ရေပြင်ပေါ်မှာ ရှပ်ပြေးနေတဲ့ကျွန်မတို့ မော်တော်ဘုတ်လေးကတော့ အရှိန်မှန်မှန်ပါပဲ။

လေတွေကလည်းတဟူးဟူးနဲ့ တိုက်လိုက်တာ ကျွန်မအသားအရေတွေကြမ်းတမ်းကုန်ပလားတောင်မသိဘူး။ ဒီအချိန်မှာ ကျွန်မလိုချင်တာ ကိုကို့ရဲ့ရင်ခွင်နွေးနွေးလေးပါပဲ။ ကိုကို့ရဲ့ရင်ခွင်လေးက ကျွန်မအတွက်တစ်ကယ်ကို လုံခြုံနွေးထွေးစေပါတယ်။ကျွန်မတစ်ယောက်ထဲ ထဲအားငယ်လာသလိုဖြစ်လာတယ်။ ကျွန်မစိတ်ပျက်ပျက်နဲ့ ထိုင်ခုံပေါ်မှီပြီး မှိန်းနေလိုက်တယ်။ ညကတော်ရုံနဲ့အိပ်မပျော်တာကော ဒီမနက်အစောကြီးထထားတာကြောင့်ကောလားမသိဘူး ကျွန်မမျက်ခွံတွေလေးလံလာပြီးအိပ်ချင်လာယ်။ ကျွန်မ မျက်လုံးကိုမှိတ်ထားရင်း တဖြည်းဖြည်း အမှောင်ထုထဲကိုရောက်လာတယ် ။ နားထဲမှာနေသံတွေသဲ့သဲ့သာကြားရတော့ပြီး ကျွန်မအသိစိတ်ကခဏအနားယူပြီး ကျွန်မနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်။

ညလေအေးတစ်ချို့ကြောင့်ကျွန်မ အေးလာပြီးလန့်နိုးသွားတယ်။ ဘုရားရေ မိုးတောင်ချူပ်နေပါပကောလား။ ကျွန်မအချိန်တော်တော် ကြာအောင်အိပ်ပျော်သွားခဲ့တာပဲ။ ကျွန်မကိုယ်ပေါ်မှာ ကိုကိုကသူ့ဂျင်းဂျာကင်လေးကို ခြုံထားပေးတာပဲ။ ကျွန်မတို့မော်တော်ဘုတ်က ဘောတံတားကိုပြန်ရောက်နေပါပြီ။ လရောင်ဖွေးဖွေးအောက်မှာ လှုပ်စိလှုပ်စိနဲ့ အခြားရေယာဉ်တွေက ငြိမ်သက်နေကြပါတယ်။

ကိုကိုတို့နှစ်ယောက်ကိုကြည့်လိုက်တော့ မော်တော်ဘုတ်ထိပ်မှာထိုင်နေကြပါတယ်။ ကျွန်မအိပ်ပျော်နေတာကို မနှိုးရက်လို့စောင့်ရင်း မိုးချုပ်သွားတယ်ထင်ပါ့။ ကိုကိုသူငယ်ချင်း ကိုကို့ကိုလရောင်အောက်မှာဖက်ထားတာတွေ့ရပါတယ်။ ကိုကိုတို့စကားပြောသံကတိတ်သွားပြီး ကိုကိုက သူ့သူငယ်ချင်းပုခုံးပေါ်ကို မှီလိုက်တယ်။ ဒီမြင်ကွင်းက ကျွန်မကို တုန်လှုပ်ခြောက်ခြားသွားစေပါတယ်။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ပြီလဲ။ ဟင် .......ကျွန်မကြည့်နေတုန်းမှာပဲ...... ကိုကိုက သူ့သူငယ်ချင်းကို နှုတ်ခမ်းချင်းတေ့ပြီးနမ်းလိုက်ပါလား။

အိုမြတ်စွာဘုရား ကယ်တော်မူပါ။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးတွေတဖြန်းဖြန်းထသွားတယ်။ တစ်ယောက်နဲ့တစ်ယောက်နမ်းနေလိုက်တာများ ရုပ်ရှင်ထဲကအတိုင်းပဲ။ ကိုကိုကသူ့သူငယ်ချင်းရဲ့ ဆံပင်စတွေကိုပွတ်သပ်ရင်း နမ်းနေတယ်။ ကိုကို့သူငယ်ချင်းကလဲ ကိုကို့ကိုဖက်ထားရင်းငြိမ်သက်နေတယ်။   ကိုကိုတို့နှစ်ယောက်နမ်းနေရင်းကတဖြည်းဖြည်း အရှိန်တက်လာတယ်ထင်တယ်ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်တော့ပါဘူး။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒါဟာကျွန်မလုံဝကိုနားမလည်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါဆို ဒါဆို.......ကိုကိုက ယောကျာင်္းစစ်စစ်တစ်ယောက်မဟုတ်ဘူးပေါ့။ ဟင့်အင်း.....ဟင့်အင်း ကိုကိုဒီလိုမဖြစ်ရဘူး။ ကျွန်မချစ်တဲ့ ကိုကိုဟာ ဒီလိုမဖြစ်သင့်ပါဘူး။

ကျွန်မရင်ထဲအြ အံ့သြမှုတွေအပြည့်အကျပ်နဲ့ ဝမ်းနည်းလှိုက်မောမှုတွေ ဆို့တက်တာပါတယ်။ ကျွန်မအသားတွေ တဆက်ဆက်တုန်လာပြီး ကျွန်မရဲ့အသက်ရူသံတွေကိုတောင် ကျွန်မပြန်ကြားနေရတယ်။ ကျွန်မရဲ့ ပါးပြင်မှာလဲ စွတ်စိုပြီးပူနွေးနေတဲ့ မျက်ရည်စတွေ တသွင်သွင်စီးကျလာပါတယ်။ ဝင်သက်ထွက်သက်တွေဟာ လှိုက်ခုန်လာပြီး ကျွန်မအသက်ရှူရတာတောင် ခက်ခဲလာတယ်။ မခံနိုင်တော့တဲ့အဆုံး ကျွန်မ ဝုန်းကနဲထရပ်ပစ်လိုက်တယ်။ ကိုကို တို့နှစ်ယောက်လုံးလန့်သွားပြီး ကျွန်မဆီကိုအကြည့်တွေရောက်လာတယ်။

"ညီမလေး ဘာဖြစ်တာလဲ နိုးပြီလား"

ကျွန်မဒေါသထွက်လွန်းလို့ကွက နားထဲမှာဘာမှမကြားတော့သလိုပါပဲ။ ကိုကို ကိုကိုကျွန်မအနားကို ရောက်လာပြီး ကျွန်မပုခုံးကိုကိုင်ပြီးမေးတယ်။ ကိုကို့မျက်လုံးမှာ စိုးရိမ်မှုတွေနဲ့ ထိတ်လန့်မှုတွေ စိုစွတ်နေမှန်းကျွန်မရိပ်မိလိုက်တယ်။  ကျွန်မမျက်ရည်တွေနဲ့ ကိုကို့ကိုနှမြောတသတစ်ချက်ကြည့်လိုက်ပြီး.....

"ကိုကို ကိုကိုတို့ဘာတွေလုပ်နေကျတာလဲဟင်။ကိုကိုတို့က ဘာတွေလဲဟင်။ ညီမလေးနားမလည်တော့ဘူး။ အဟင့်အဟင့် ကိုကိုယောင်္ကျင်္ား စစ်စစ် မဟုတ်ဘူးလားကိုကိုရယ် အဟင့်အဟင့် ......ညီမလေးသိပ်ဝမ်းနည်းတာပဲ"


"ညီမလေးရယ် ကိုကို........"

"ဟင့်အင်း.... အဟင့်အဟင့် .........ညီမလေးဘာမှမသိချင်ဘူး။ ကိုကို့ကို ယောင်္ကျင်္ားကောင်းတစ်ယောက်ပီသတယ်ဆိုပြီး လေးစားထားတာအလကားပဲ။ ကိုကို့ကို ခင်တွယ်ခဲ့တဲ့ညီမလေးလေ အခုလိုမြင်ကွင်းမျိုးကိုမြင်လိုက်ရတော့ ညီမလေးရင်ထဲမှာတစ်မျိုးကြီးပဲ ညီမလေးမခံစားတတ်တော့ဘူး။  အခုတော့ညီမလေးရဲ့ မျှော်လင့်ချက်တွေအားလုံး အဟင့်အဟင့် သဲထဲရေသွန်ဖြစ်ကုန်ပြီ။ ကိုကို့အပေါ်မှာ ညီမလေးလေ အဟင့်........ တော်ပြီကိုကိုရယ်"

"ညီမလေးရယ် ကိုကိုရှင်းပြပါရစေဦးနော်"


" တော်ပြီကိုကို ညီမလေးမှာ ခံနိုင်ရည်စွမ်းမရှိတော့ဘူး။ ဘာမှမကြားချင်တော့ဘူး။ ပြီးတော့ ပြီးတော့ အဟင့် .......ကိုကို့ကိုမုန်းတယ် အရမ်းမုန်းတယ်။"

ကျွန်မကိုကို့လက်ကို ဖယ်လိုက်ပြီး ထွက်ပြေးလာခဲ့တယ်။
ညအမှောင်ထုကြီးထဲမှာ ညီမလေး........ဆိုပြီးအော်ကျန်ခဲ့တဲ့ ကိုကို့အသံက ကမ်းနားတစ်လျှောက်လုံး ဖုံးလွှမ်းလို့သွားပါတယ်။ အမှောင်ထုထဲမှာ ကျွန်မတစ်ယောက်ထဲပြေးလွှားရင်းရင်ခုန်သံတွေဟာ မောဟိုက်နွမ်းလျလာတယ်။ ကျွန်မရဲ့ ပါးပြင်ပေါ်က အတားအဆီးမဲ့ကျဆင်း လာတဲ့မျက်ရည်ပူတွေဟာ ကျွန်မလည်ပင်းတစ်ခုလုံးတောင် ရွှဲရွှဲစိုနေပြီ။ ကျွန်မရဲ့အနာဂတ်ဟာလဲ မှုန်ဝါးပျေက်ကွယ်သွားပြီလေ။  အို ................ကျွန်မအတွက် ဘာဆိုဘာမှအဓိပ္ပါယ်မရှိတော့ပါဘူး။


Saturday, July 20, 2013

Masturbation at a Restless Night




‘နွေးထွေးတဲ့ အိပ်ယာပေါ်မှာ ဘယ်ဘက်ကိုစောင်းအိပ်အိပ်၊ ညာဘက်ကိုစောင်းအိပ်အိပ် ဘယ်လိုအနေအထားနှင့် လှဲလျောင်းပါစေ ကိုယ်ခန္ဓာကို သက်သောင့်သက်သာရှိစေတယ်ဆိုရင် အိပ်မောကျသွားတဲ့အဆင့်ကို သူ့အလိုလို အနှေးနှင့်အမြန်ရောက်ရှိသွားမယ်’ လို့တော့ ကျွန်တော်ထင်မိပါတယ်။

အခုတော့ မဲမဲမှောင်နေတဲ့ ကျွန်တော့်အခန်းထဲက အိပ်ယာပေါ် ကျောခင်းကာ ဘာမှမမြင်ရပေမဲ့ မျက်လုံးတွေကိုဖွင့်ထားမိပါရဲ့။ မျက်နှာကျက်ရှိရာကို အဓိပ္ပာယ်မဲ့ငေးရင်း အတွေးကမ္ဘာထဲ ချာချာလည်နေပါတယ်။

ကျွန်တော် TV လည်းမကြည့်ချင်သလို တခြားဘာကိုမှ လုပ်ချင်စိတ်မရှိပါ။

ကျွန်တော် -ွင်းထုဖို့ဆုံးဖြတ်လိုက်တယ်။

ဟေး! ဘာဖြစ်လို့မလုပ်ရမှာလဲ ကျွန်တော်က ယောက်ျားလေးပဲဟာ။

နုနုညံ့ညံ့ ည၀တ်ဘောင်းဘီအောက်မှာရှိနေတဲ့ ညီဘွားကို ပွတ်သပ်ချော့မြှူလိုက်တယ် ပုံစံမျိုးစုံပေါ့။ ညအိပ်ဘောင်းဘီရှည်ပါးပါးမှာ ကြယ်သီးအချို့ရှိနေတော့ အတော်အဆင်ပြေပါတယ် တဖြေးဖြေးရှည်လျားလာတဲ့ ညီဘွားကို အပြင်ထွက်ခွင့်ပေးဖို့လွယ်တာပေါ့နော်။

Wow! ကျွန်တော့်ငပဲက ညီဘွား မခေါ်နဲ့ မကြိုက်ဘူးဆိုပြီး ခေါင်းထောင်ထထာတာ လည်တံကိုမော့နေရော။ 
ကျွန်တော်-ွင်းမထုဖြစ် ခဲ့တာ တော်တော့်ကိုကြာပြီပဲ။ အလုပ်ကိစ္စတွေနှင့် ဇယားရှုပ်နေခဲ့ခြင်းကြောင့်လေ။

ရှည်ရှည်လျားလျား အညောင်းဆန့်လာတဲ့ ငပဲကို အားရပါးရ အပေါ်အောက်အပြန်အလှန် ကျွန်တော် စတင်လက်ကစားခဲ့ပါတယ်။ ကျွန်တော့်အောက်နှုတ်ခမ်းသားကို ဖိကိုက်မိတဲ့အထိ ကိုယ့်ဖာသာဆန္ဒမီးတွေ ပိုမိုတောက်လောက်စေရော။ ညာဘက်လက်ကို ဆန့် တန်းရင်း အမှောင်ထဲမှာ ပစ္စည်းပျောက်ရှာမိတယ်။ အတန်ကြာစမ်းသပ်ပြီးမှ ခုတင်ဘေးရှိ ဘီရိုပုလေးရဲ့ အံဆွဲကိုစမ်းမိရပြီ။ အံဆွဲကို အလောတကြီးဆွဲထုတ်လိုက်သံက ညမှောင်မှောင်မှာ ကျယ်ကျယ်လောင်လောင် အသံပြုပါတယ်။ အံဆွဲထဲ ဟိုသည်နှိုက်ရင်း ရင်းနှီး နေတဲ့ Tube ဘူးကြီးကို ဆွဲယူလိုက်တာများ ၀မ်းသာအားရပေါ့နော်။

ညအိပ်ဘောင်းဘီရှည်ကို ဆွဲချွတ်၊ အတွင်းခံဘောင်းဘီပါမကျန်ဖယ်ရှား၊ အပေါ်ပိုင်းက တီရှပ်ကိုလည်း ကိုယ်ခန္ဓာပေါ်က ဝေးကွာစေ လိုက်တယ်။ စောင်ကိုလည်း အိပ်ယာပေါ်က ကန်ချ၊ပြီးတော့ ခေါင်းအုံးတွေကို သုံးလေးလုံးထပ်ကာ နောက်မှီလို့အဆင်ပြေအောင် ဆက်လုပ်တာပေါ့။

ရှည်လျားပြီး ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ငပဲတစ်ချောင်းလုံးပေါ်ကို ချောဆီတွေ Lotion လူးသလို လူးပစ်လိုက်တယ်။ လက်နှင့် နေရာအနှံ့ ချောဆီတွေရွှဲစိုသွားအောင် ကစားသေးတာပါ။ ကျွန်တော့်ငပဲဟာ အေးမြစိုရွှဲတဲ့ အထိအတွေ့ကြောင့် ပိုမိုမာတောင့်လာသလို ပိုပြီးလည်း တုတ်လာတယ်။

ငပဲထိပ်ပိုင်း ကွမ်းသီးခေါင်းကို လက်သီးဆုပ်ထဲမြှုပ်နေအောင် ခပ်တင်းတင်း ဆုပ်ကိုင်ပြီးနောက် သဲသဲမဲမဲ အထက်အောက် လက်ကို စတင်ကစားပါတော့တယ်။

ကျွန်တော့်အတွေးစိတ်ကူးတွေကို လွတ်လပ်ရိုင်းစိုင်းစွာပြေးချင်ရာပြေးခိုင်းလိုက်ပါရဲ့။ အလင်းရောင်နည်းနေတဲ့ အိပ်ခန်းရဲ့ အမှောင် ထုဟာ ကျွန်တော့်စိတ်ကူးကို သေချာမမှောင်စေခဲ့ပါဘူး။ မျက်ဝန်းတွေကို မျက်ခွံတွေနှင့် တင်းတင်းကြပ်ကြပ် ပိတ်စေ့လိုက်တယ်။

ကျွန်တော် ဒီဖီလင်ထက် ပိုကောင်းတဲ့ သာယာမှုမျိုး ခံစားချင်ခဲ့တယ်ဆိုပါရစေ။

ကျွန်တော့်ငပဲကို ဘယ်ဘက်လက်နှင့် ပြောင်းယူဆွဲကိုင်ပြီး အိပ်ယာပေါ်ကျောပြင်ကပ်သွားအောင် လှဲလျောင်းလိုက်ပါတယ်။ ပြီးတော့ ခြေထောက်တွေကို လေထဲမြှောက်ကာ ကုတင်ဘောင် အမြင့်ပေါ်တင်လိုက်ပါရော။

ကျွန်တော်.....ကျွန်တော့် ညာဘက်လက်ညှိုးကို ချောဆီနည်းနည်းဆွတ်ကာ ခရေ၀ထဲ အသာထိုးထည့်လိုက်တယ်။
နောက်တော့လည်း ကျွန်တော့်လက်ချောင်းလေးကို အတွင်းထဲ အထုတ်အသွင်းလုပ်နေတာနှင့် တပြိုင်နက်တည်း ဘယ်ဘက်လက်က ငပဲကိုဆုပ်ကိုင်ကာ -ုနေမိပါတယ်။ ခံစားရတဲ့ သာယာမှုဟာ မပြောပြနိုင်လောက်အောင် ကောင်းတယ်ဗျာ။ 

ရှည်လျားပြီး တုတ်ခိုင်တဲ့ ငပဲ တစ်ချောင်း အခုအထုတ်အသွင်းလုပ်နေတဲ့ လက်ချောင်းတွေအစားရှိနေရင် ပိုကောင်းမှာပဲ စိတ်ကူးယဉ်မိရဲ့။ ဒါပေမဲ့ လောလောဆယ် တော့ လက်ချောင်းတွေကို အားကိုးနေရပါတယ်။

ကျွန်တော် -ွင်းထုနေတာကို ရပ်ပစ်ပြီး ကျွန်တော့်ခရေ၀ထဲ လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းပူးပြီး ထည့်လိုက်တယ်။ ကျွန်တော့် ငပဲ ဟာ မာတောင်ဆဲ ခေါင်းတဆတ်ဆတ်ငြိမ့်ဆဲဆိုပါတော့။

ကျွန်တော့် လက်ချောင်းနှစ်ချောင်းကို ခရေ၀ထဲမှ အသွင်းအထုတ်လုပ်နေခြင်းဟာ မျက်ဖြူဆိုက်လောက်အောင်ကောင်းပါတယ်။ မပြော ပြတတ်တဲ့ဖီလင်ပါ။

ကျွန်တော့်စိတ်ကူးထဲမှာတော့ ကိုကြီး သူငယ်ချင်း ဇေယျာဆိုတဲ့ ငနဲက -ိုးနေတယ်လို့ မြင်ယောင်မိနေရော။ ခပ်ကျဉ်းကျဉ်း အပေါက် လေးက မထင်မှတ်စွာ ရုတ်တရက်ဆိုသလို ကျွန်တော်သူ့ကိုမြင်ခဲ့ရတယ်။ အိမ်ကိုပါလာတဲ့တစ်ရက် ကျွန်တော့်အစ်ကို့ အခန်းထဲ အ၀တ်လဲနေတာ တံခါးကို စေ့စေ့မပိတ်ဘဲနဲ့လေ။ ကျွန်တော်အသံမထွက်အောင် ငြိမ်နေရင်းချောင်းကြည့်နေခဲ့တာပေါ့။ တီရှပ်ကို ဦးခေါင်းကနေဆွဲချွတ်တော့ ပေါ်လာတဲ့ ရင်အုပ်တွေ၊ ဗိုက်ကြွက်သားအမြှောင်းမြှောင်းတွေက အားရစရာပါ။ ခန္ဓာကိုယ်အောက်ပိုင်းကို ကြည့်မိတော့....အိုး...ခပ်တုတ်တုတ်ငပဲက တရမ်းရမ်းဖြစ်နေပါတယ်။ 

လိင်တံထိပ်အရေပြားဖြတ်မထားတော့ ရင်ခုန်ဖို့ပိုကောင်းရ တယ်နော်။ ပျော့နေတဲ့အခြေအနေမှာတောင် အနည်းဆုံးငါးလက်မလောက်ရှိမယ်။

သူ့ရဲ့အ၀တ်မပါတဲ့ ကိုယ်ခန္ဓာကောက်ကြောင်းကို ပြန်စဉ်းစားမိရုံနဲ့ ကျွန်တော့် အောက်နှုတ်ခမ်းကို ဖိကိုက်မိတဲ့အထိ ဖီလင်ဝင်မိ ပါတယ်။

မနေနိုင်တော့ဘူးကွာ! ခုတင်ဘေးက စားပွဲပုမှ အံဆွဲငယ်လေးကို ခပ်မြန်မြန်ပြန်ဖွင့်ကာ ရှာဖွေရေးပြန်ဆင်းရတယ်။ တိုက်တိုက်ဆိုင်ဆိုင် အလုပ်က တချို့သော Project တွေမှာ condom စွပ်နည်းပြတဲ့အခါသုံးတဲ့ dildo တစ်ခုရှိနေတာကို သတိရမိလို့ပေါ့ဗျာ။ လန့်တော့လန့် တယ် သူ့ကိုလည်း ချောဆီဆွတ်ကာ ခပ်ဖြေးဖြေး ဖိသွင်းရတာ ရင်ထဲ တစ်မျိုးကြီးပဲ အီလည်လည်နှင့်။ ဖိဖိသွင်းလိုက်တော့ ၀င်သွားတာ က တစ်မျိုး၊ ပြန်ပြီးဆွဲထုတ်တော့ တစ်ဖုံ အား...အ...အား။
ကြက်သီးတွေ တဖြန်းဖြန်းထရင်း dildo အထုတ်အသွင်းကို အရှိန်မြှင့်လိုက်ပါတယ်။ 'အို...အို...အာ..အ' အမျိုးအမည်မသိ ဖီလင်တွေ တစ်ကိုယ်လုံး ဖုံးနေပါရော။

ကျွန်တော့် Climax တစ်ခုဖြစ်ဖို့ ဆိုက်ရောက်ချိန်နီးကပ်လာပါပြီ။ ကျွန်တော် dildo ကို အထုတ်အသွင်းလုပ်နေတာကို ရပ်၊ ငပဲကိုပြန် လည်ဆုပ်ကိုင်ကာ ခြေထောက်တွေကို ဆန့်ထားရင်း -ွင်းထုဖို့ဆုံးဖြတ်လိုက်ပါတယ်။

ပူနွေးချွဲပျစ်တဲ့ သုတ်ရည်တွေ ကျွန်တော့်ငပဲထိပ်ဝကနေ လေးလျော့လောက် ပန်းထုတ်ပစ်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကို မထိန်းသိမ်း နိုင်စွာပဲ နှုတ်ဖျားက ညည်းညူသံတွေ ကျယ်လောင်စွာထွက်သွားရော။ ဘယ်သူကြားကြား ကျွန်တော် ဂရုမစိုက်မိတော့။ ကျွန်တော့် အားရပါးရ ဇာတ်လမ်းတစ်ခုအဆုံးသတ်ခြင်း။ ကျွန်တော့်ပါးစပ်ထဲ ပန်းဝင်ဦးမလား ယောင်ရမ်း ဟ မိပါသေးတယ်။ ကျွန်တော့်ဗိုက်သား ပြင်၊ ဆီးစပ်တလျောက်တော့ သုက်ရည်တွေအိုင်ထွန်းနေတာပေါ့လေ။

ကျွန်တော့် ခြေထောက်တွေလည်း အိပ်ယောပေါ်မယ် အ၀တ်ပုံတစ်ခုလို ပုံကျလို့။ လှုပ်ရှားမှုမရှိ အတန်ကြာငြိမ်သက်နေမိပါတယ်။

ဒါပေမဲ့ ငပဲတစ်ခုလုံး မာတောင့်နေဆဲ တစ်ခုခုကျန်နေသလိုဆိုတော့ လက်နှင့်အသာဆွပြီး ဆက်ထုပြန်တာ ပူနွေးချွဲပျစ်တဲ့သုတ်ရည် များဟာ ရင်ဘတ်ပေါ် နွေးကနဲ နွေးကနဲပါပဲ။

ကျွန်တော့်တစ်ကိုယ်လုံးဟာ ဒုတိယအကြိမ်မြောက် သုတ်ရည်တွေ ပန်းထုတ်ရတာ တဆတ်ဆတ်ကို ခါလို့။

ဒီတော့မှ ကျွန်တော့်ငပဲဟာ တဖြည်းဖြည်း ပျော့သွားသလို မျက်ခွံများလည်း လေးလံလာရပါတယ်။

နောက်ဆုံးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကာ အိပ်မက်ကမ္ဘာဆီသို့ အသွား......၀ါး…Good night Buddy!! ။

Alex Aung (21 May 2012)
Label: Masturbation

Sunday, July 14, 2013

Gay တွေက မိန်းကလေးတွေကိုလိုအပ်နေရခြင်းအကြောင်းပြချက် (၁၀)ချက်



Top 10 Reasons Gays Need Girls

ကျွန်တော်တို့ မျိုးတူယောက်ျားအခြင်းခြင်း ကြိုက်နှစ်သက်ပါသည်ဆိုသော Gay အမျိုးသားတွေဟာဘာကြောင့် လိင်ကွဲ အမျိုးသမီး၊ အမျိုးသမီးလေးတွေကို လိုအပ်နေသေးတာလဲ စဉ်းစားမိကြမလား? ‘ကမ္ဘာမြေပေါ်ဝယ် ယောက်ျားလေးအပြင် မိန်းကလေးလည်းရှိတယ် လေ ဒီတော့ တစ်ယောက်ယောက်ကို လိုအပ်ချင် လိုအပ်မှာပေါ့ မေးစရာမလိုဘူးထင်တယ်’ လို့လဲ တစ်ခါတရံ ကျွန်တော်တွေးမိပါ သေးတယ်။ 

ကိုယ့်မျိုးဆက်ကိုပွားများပေးနိုင်မှာကြောင့်၊ကိုယ့်ဖြစ်တည်မှုကိုဖုန်းကွယ်ဖို့လိုအပ်တာကြောင့် ကဲ…ဘယ်လိုသောအကြောင်းပြချက် များရှိသလဲဆိုတာ ကျွန်တော်စဉ်းစားမိသမျှ အချက်(၁၀)ချက်ကိုမျှဝေလိုက်ပါတယ်နော်။

(၁) ရယ်မောအောင်လုပ်နိုင်လို့ (Girls make us laugh)
Girls make us Laugh: မိန်းကလေးတွေကို ကျွန်တော်တို့ ဂေးတွေ ဘာကြောင့်လိုအပ်သေးတယ်လို့ ခံစားကြရသလဲတွေးကြည့် မိလား? သူတို့တွေက ကျွန်တော်တို့ ရယ်မောကြည်နူးအောင်ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ 

အထက်တန်းကျောင်းတက်စဉ်ကာလတွေကိုပဲ ပြန်စဉ်းစားကြည့်လိုက်ပါဦး ကျွန်တော်တို့တွေဟာ တခြားသူတွေထက် နည်းနည်းလေးတော့ထူးခြားကြတယ် ဟုတ်တယ်မဟုတ်လား။ သတိထားကြည့်လိုက်တော့ ဂေး သို့မဟုတ် straight ၊မိန်းကလေး ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သူငယ်ချင်းတစ်ယောက်ယောက် လိုချင် ခဲ့တာပဲလေဗျာ။ ကျွန်တော်တို့ရဲ့ တခစ်ခစ်ရယ်မောစရာတွေကို ဝေမျှနိုင်ဖို့ပေါ့။ ဒီကိစ္စမျိုးကို မိန်းကလေးတွေက မျှဝေရယ်မောပေးနိုင် တယ်ဗျ။ မဟုတ်ဘူးလား ကဲ?

(၂) ကျွန်တော်တို့ အမေတွေက မိန်းကလေးတွေပဲလေ (Our mothers are girls)
Our mothers are girls: ဟေး!!! ကျွန်တော်တို့ ကောင်မလေးတွေကိုလိုအပ်နေဆဲပဲလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ မိခင်ဖြစ်သူတွေကို လိုအပ် နေဆဲပဲဗျာ။ ဟုတ်တယ်နော်? အမေတွေအားလုံးက ကောင်မလေးတွေပဲမဟုတ်ဘူးလား။ ဂေးတွေအားလုံး သူတို့အမေတွေကို ချစ်ခင် မြတ်နိုးကြပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ပြီး ရှင်သန်နေထိုင်ရတာကိုက ဘ၀ပါ။ ကျွန်တော်တို့နှလုံးသားတွေရဲ့ နုညံ့သော အစိတ်အပိုင်းတစ်နေရာမှာရှိနေတဲ့ နံပါတ်တစ်မိန်းကလေးဟာ ဘယ်သူလဲ? မေမေ…အမေပေါ့။

(၃) မိန်းကလေးတွေကို အတုခိုးရတာပဲ (Our icons are girls)
Our icons are girls: ကြားနေကြစကားတွေ ပြောနေကြစကားတွေလို့ စာဖတ်သူအနေနဲ့ ခေါ်နိုင်မယ်ပြောနိုင်မယ်ထင်ပါရဲ့နော်။ ဒါပေမဲ့ ဂေးတွေအားလုံးနီးပါး ရဲ့ အတုယူရသူ icons များဟာ အမျိုးသမီးတွေဖြစ်တတ်ကြပါတယ်။ Judy Garland သို့မဟုတ် Lady Gaga ဒါမှမဟုတ် Siouxsie Sioux သို့မဟုတ် Patti Smith တို့လိုမှေးမှိန်သည်ဖြစ်ပါစေ တစ်ခုခုပြောစရာဖြစ်နေတဲ့ သို့မဟုတ် တစ်ခုခုဆိုစရာရှိနေတဲ့ မိန်းကလေး တစ်ယောက်ယောက်ကို ကျွန်တော်တို့ချစ်ခင်ကြပါတယ်ဗျ။ အရာရာမှာ သန်စွမ်းပြီး အားမလျော့ တတ်တဲ့ အမျိုးသမီးများကြောင့် ကျွန်တော်တို့ တက်ကြွကြရတာ။ ပြီးတော့ သူတို့တွေက ကျွန်တော်တို့စိတ်ဓာတ်တွေကိုအမြဲလို လှုံ့ဆော်ပေးနေသလိုပဲ။

(၄) မိန်းကလေးတွေအကပိုကောင်းတယ် (Girls dance better)
Girls dance better: ကပွဲဆင်နွှဲဖို့ ကျွန်တော်တို့ ငနဲတွေနဲ့လစ်ကောင်းလစ်မယ် ကပွဲကြမ်းပြင်ကိုလေ။ ဒါပေမဲ့ အနောက်တိုင်းနိုင်ငံက အကတွေကိုကမယ် သို့မဟုတ် ဒစ္စကိုကလပ်တစ်ခုမှာ ရှပ်အကျ င်္ီချွတ်ပစ်ရလောက်အောင်ကဲမယ်ဆိုပါဆို့ ဂေးငနဲတွေက ကောင်မလေး တစ်ယောက်ကို ပိုပြီးခေါ်သွားဖို့သဘောတူလိမ့်မယ်။ အခြားသော ဂေးငနဲတွေ စိတ်ကူးရုံသာ ရှိနေနိုင်သေးတဲ့ ကောင်မလေးတွေနဲ့ ခွေနေ သဘော မွှေ့ပြီး ခင်မင်တယ်ဆိုတဲ့ကိစ္စကလည်း အရေးပါတယ်မဟုတ်လားဗျို့။ သက်သောင့်သက်သာဖြစ်တဲ့ ဖက်ရှင်ကို ကျွန်တော်တို့တွေဝတ် ဘယ်နေရာကိုသွားသွား တစ်ပါးသူတွေအမြင်မှာ ကွဲပြားတဲ့အမြင်နဲ့အကြည့်ခံရဖို့နည်းလမ်းသိပ်မရှိဘူး ဆိုပါတော့။

(၅) တစ်ခါတလေ မျက်နှာမှာမုတ်ဆိတ်လေးနဲ့မှကြည့်ကောင်းတယ် (Sometimes we may need a beard)
Sometimes we may need a beard: ဟုတ်တယ် တစ်ခါတရံမှာ ကျွန်တော်တို့မျက်နှာမှာ မုတ်ဆိတ်တစ်ခုလောက် တပ်ဆင်ထားမှ အဆင်ပြေမှာ။ ဒီနေ့အပါအ၀င် ကမ္ဘာမြေရဲ့နေ့ရက်တိုင်းမှာ တစ်ခါတလေတော့ ချိန်းဆိုတွေ့ဆုံမှုတစ်ခုပြုလုပ်ကြည့်ဖို့ လိုအပ်တယ် လို့မထင်မိဘူးလား။ အမျိုးသမီးတစ်ယောက်နဲ့ချိန်းဆိုတွေ့ဆုံတာကိုပါ။ ကျွန်တော်ထိုင်ပြီးတော့ စဉ်းစားကြည့်မိတယ် အဲဒီလိုလုပ် တာဟာ အလိမ်အညာကြီး တစ်ခုပဲ လိမ်ဆင်ကြီးလို့ ပိုပိုသေချာနေပေမယ့် အဲလိုလိမ်ဆင်သဘောလုပ်ထားတာဟာ ကျွန်တော်တို့ အတွက်ပိုပိုလိုအပ်နေသေးသလိုပဲဗျ။ အဓိကတစ်ချက်ကိုပြောကြည့်မယ် - တူစုံမောင်နှံတွေမင်္ဂလာဆောင်တဲ့ မင်္ဂလာပွဲတွေ၊ လုပ်ငန်းနဲ့ ပက်သက်ပြီးကျင်းပတဲ့ ပွဲလမ်းတွေမှာ တူယှဉ်တွဲပြီးတက်ရောက်ဖို့ သူ့ကိုကျွန်တော်တို့လိုအပ်တယ်လေ။

(၆) တီးတိုး တီးတိုး သဖန်းပိုး (They share our crushes)

They share our crushes: ကျွန်တော်တို့တွေဟာ ငယ်ငယ်ကတည်းက ကြယ်ပွင့်တွေလိုတောက်ပတဲ့ မိန်းကလေးတွေနဲ့ ဆက်ဆံ ပေါင်းသင်း ပြီးကြီးပြင်းလာကြပါတယ်။ မနေ့တုန်းက George Michael ရဲ့ အနုပညာလှုပ်ရှားမှုကအစ ဟိုသည်အကြောင်းပြောခဲ့ကြပြီး ယနေ့မှာ တော့ Justin Beiber ရဲ့ အတွင်းရေးကိစ္စတွေအကြောင်းတီးတိုးတီးတိုးပြောကြတာမျိုးဝေမျှပြောဆိုကြတယ်ဆိုတာက ဖြစ်ရိုး သဘောကိုဖြစ်နေပြီ။ ဒီစာရေးရင်း ကျွန်တော်ပိုပိုသတိထားမိလာတာက ငယ်ရွယ်သော ဂေးကောင်လေးတွေရဲ့ Straight သူငယ်ချင်း တွေဟာ သူတို့သူငယ်ချင်း ဂေး ကောင်လေးတွေနဲ့ပေါင်းသင်းဆက်ဆံရမှုအပေါ်လက်ခံလာနေကြပါပြီနော်။ ဒါပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းမိန်းကလေးတွေအပေါ် အရာအားလုံးပွင့်ပွင့်လင်းလင်း အဆုံးမဲ့ပြောဆိုဖို့ဆိုတာ ကန့်သန့်ချက်တွေရှိနေတုန်း ပြောဖို့ လိုအပ်နေတုန်းပါပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့ရဲ့ ဖြစ်ပျက်ခံစားသမျှကို မိန်းကလေးတစ်ယောက်ကိုမျှဝေဖို့ဆိုတာ ဘောင်လေး တော့ရှိနေတာဗျ။

(၇) သူတို့ကအရမ်းကိုအချစ်ဇာတ်လမ်းခင်းတတ်တာ (They're romantics)

They're romantics: အမျိုးသမီးတွေက သူတို့ချစ်ခင်နှစ်သက်မိသောအမျိုးသားအတွက် စိတ်ခံစားလွယ်တယ်၊ အရမ်းချစ်တတ်တယ် ၊ သံယောဇဉ်ထားလွယ်တယ်  တစ်ဘ၀တာလုံး သဘောထားမပြောင်းတတ်ကြပါဘူး။ သူတို့ရဲ့အဲ့ဒီစိတ်အခြေခံတွေကို စိတ်ထဲထည့်မိ ပြီးတော့ လေးစားစိတ်ထားသင့်ပါရဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့ကဂေးဖြစ်ပေမယ့် ကျွန်တော်တို့ဘ၀တွေမှာ အမျိုးသမီးများရှိနေခြင်း က အမျိုးသားခြင်းထက်တောင် အကူအညီလိုအပ်လျှင် အကူညီပိုရတတ်ပါတယ်။ ကျွန်တော်တို့ ပိုပြီး စိတ်လှုပ်ရှားခံစားတတ်သင့် တယ်။ ပြီးတော့ ခံစားချက်ကိုနင့်နင့်နဲနဲထားရှိ ခံစားသင့်တယ်ဗျာ။ ကိုယ်ချစ်ရသောသူတစ်ယောက်အတွက် ကဗျာရေး၊စာဖွဲ့ပေးပြီး အံ့အားတသင့်စိတ်ကျေနပ်သွားစေမယ့်ဖန်တီးမှုလေးတွေနဲ့အချစ်မှာရူးသွပ်ခံစားရမယ်လေ။ အမျိုးသမီးတွေက အဲလိုခံစားချက်လေးတွေ ခံစားတတ်အောင် ချစ်တတ်အောင် သတိပေးနေတာပဲဗျ မဟုတ်ဘူးလား။
(၈) သူတို့ရဲ့သန့်စင်ခန်းတွေ (Their bathrooms)
Their bathrooms: ဂေးအမျိုးသားတွေက အမျိုးသမီးတွေရဲ့သန့်စင်ခန်းတွေကိုအသုံးပြုရတာ ကြိုက်နှစ်သက်ပြန်ပါသေးတယ်။ သန့်ရှင်းမှုကဲလို့လားတော့မသိပါ။ စားသောက်ဆိုင်တွေကိုပဲသွားသွား ကလပ်တွေကိုပဲတက်တက် အမျိုးသားသန့်စင်ခန်းသို့ အမျိုးသမီးသန့်စင်ခန်းသို့ဆိုတဲ့ ထုတ်ပြန်ကန့်သတ်ထားတဲ့အခန်းတွေပဲရှိတယ် ကျွန်တော်တို့အတွက်တော့ အဲလိုထုတ်ပြန်ထားတာ မရှိဘူး။ အဟင်း….ထိုမှတစ်ပါး ကျွန်တော်တို့ ရွေးချယ်စရာအခန်းအများကြီးရှိနေသားပဲ ဘယ်အခန်းကိုမှ ၀င်ဖို့မဖြစ်ရင် ပြောင်ချော နေတဲ့ ကြမ်းပြင်ပေါ် ပေါက်သာချပစ်တော့ ဘေးမှာ မှန်တွေကိုပတ်ပတ်လည်ဝိုင်းလို့မဟုတ်လား။ လုပ်သာလုပ်ချပစ်လိုက် ကိုယ်တွေကို တစ်ခါတလေအခက်တွေ့စေတဲ့ဟာတွေ။ ဘေးမှာ ကျွန်တော်ရှိတယ် ဘာမှမဖြစ်စေဖို့တာဝန်ယူတယ်နော်။
(၉) လက်ကိုင်အိတ်များ (Handbags)
Handbags: ခပ်ထွားထွား ဘဲတစ်ပွေ၊ အားကစားသမားပုံစံတစ်ယောက်၊ ဒါမှ ‘ငါ ဘုရင်မ’ ပုံစံနဲ့ဖြစ်ပါစေ ဘယ်လိုဂေးပဲဖြစ်ပါစေ လက်ကိုင်အိတ်တွေ လက်ပွေ့အိတ်တွေကိုမကြိုက်နှစ်သက်ဘူးလို့ပြောလာရင် ပြောလာတဲ့လူက လူလိမ်တစ်ယောက်ပဲဗျ။ ကျိန်မလား!!! လျှို့ဝှက်စွာ၊ယောက်ျားဆန်ဆန် သို့မဟုတ် ခပ်နွဲ့နွဲ့ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့သွားလေရာမှာ တတွဲတွဲ နဲ့အိတ်တအိတ်တော့ ပါတာပဲလေ။ မှန်တယ်!!! မှန်တယ်မဟုတ်လား?!! ဈေးဝယ်သွားရာမှာပဲဖြစ်ဖြစ်၊ ခရီးထွက်သွားရာမှာပဲဖြစ်ဖြစ်၊ ဖက်ရှင်ဆိုင်တွေဝင်ရင်ပဲဖြစ်ဖြစ် အနည်းဆုံး eBay မှာ ဈေးဝယ်ဖို့ကြည့်တာပဲဖြစ်ဖြစ် ဖက်ရှင်ကျတဲ့ အိတ်ဒီဇိုင်းကိုတော့ မသိမသာရှိုး မိကြတာပါပဲဗျာ။ LV တို့ဘာတို့လို Branded လက်ကိုင်အိတ်တွေများဝယ်ထားရင် ကျွန်တော့်ကိုမပြနဲ့နော် ကျွန်တော်က အရမ်း မနာလိုစိတ်ရှိတတ်တာ။

(၁၀) ပခုံးလေးပေါ် မှီပြီးငိုပါရစေ (Shoulders to cry on)

Shoulders to cry on: အမျိုးသမီးတွေက အငိုကောင်းသူတွေပဲဗျာ။ သူတို့ငိုတဲ့ခံစားချက်မျိုးကို ခဏငှားပြီးခံစားကြည့်လိုက် ကျွန်တော် ဘာဆိုလိုတယ်ဆိုတာကို သဘောပေါက်သွားမယ်။ ကျွန်တော်တို့ ဂေးတစ်ယောက်အဖို့ ဘ၀ကိုရင်ဆိုင်လျှောက်လှမ်းရတာဟာ တစ်ခါ တလေ ဘက်စ်ကတ်ဘောဘောလုံးကို အထက်အောက်ရိုက်ခတ်သလိုမျိုး တက်လိုက်ကျလိုက်နဲ့ခံစားကြရတာဆိုတော့ စာနာစိတ် အပြည့်၊ ဘာဆုံးဖြတ်ချက် ဘာဝေဖန်ချက်မှမပြောတတ်တဲ့ပခုံးတစ်ဖက်ကိုမှီတွယ်ပြီး အားရပါးရငိုချလိုက်ဖို့လိုပါတယ်။ ဒီလိုကိစ္စက သူငယ်ချင်းတိုင်းလုပ်တဲ့အလုပ်: ကျွန်တော်တို့ ခင်ဗျားတို့ပခုံးပေါ်မှီပြီး စကားတတွတ်တွတ်ပြော ရင်ဖွင့်ငိုကြွေးပါရစေ မကြာခင် အိုကေသွားမှာပါဗျာ နော်!!! တကယ် တကယ့်ကိုလိုအပ်တာပါဗျာ အထူးသဖြင့် ခင်ဗျားတို့လိုနားလည်မှုရှိတဲ့ အမျိုးသမီးများ ကိုပေါ့လေ။
Alex Aung (10 July 2013)

Note: ကျွန်တော်ရေးထားသမျှ သူငယ်ချင်းအားလုံး သဘောတူမျှမယ်လို့မထင်ပါဘူး။ ဒါပေမဲ့ ပျှမ်းမျှအားဖြင့်တော့ သဘောညီနိုင်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်နော်။

Sunday, July 7, 2013

ကျမ ရွေးချယ်လို့မရခဲ့ပါ… ရှင်ရော…


“ဟေ့ကောင်… ပြောစမ်း။ မင်း မိန်းမလား ယောက်ျားလား။ ပြောစမ်း ဟိတ်ကောင်” ပါးစပ်ကလည်းပြော လက်ကလည်း ထားဝယ်ကြိမ်လုံးသေးသေးလေးတွေနဲ့ တဖြန်းဖြန်းမြည်အောင် ရိုက်နှက်ခံနေရသော ကလေးငယ်လေးဟာ အလွန်ဆုံးရှိလှမှ ၆ နှစ် ၇ နှစ် သာသာရှိဦးမယ်လို့ ကျမ ခန့်မှန်းနေမိပါတယ်။

ကလေးငယ်လေးဟာ ယောက်ျား၊ မိန်းမ ခွဲခြားလို့ရလောက်အောင် ရုပ်ရည်ပင် မပေါ်ပေါက်သေး။ ကျမ မြင်နေရတာကတော့ ဘိုမရုပ်ကလေးတွေမှာ ၀တ်ပေးနေကြ ဂါဝန်လှလှလေးတွေလိုပုံစံ ဂါဝန်ကို ၀တ်ထားပြီးတော့ နှုတ်ခမ်းနီးတွေ မျက်နှာမှာ ပေကျန်နေတာပါပဲ။

ဟေ့ကောင်… မင်း မိန်းမလား ယောက်ျားလား ဆိုပြီးတော့ တခွန်းပြီးတခွန်းမေးရင်းနဲ့ တဖြန်းဖြန်းနဲ့ မရပ်မနား ရိုက်နှက်နေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ဂါဝန်အစတွေ ကွဲပြဲထွက်နေတာကိုလည်း မြင်နေရတယ်။

အဲဒါအပြင် ကျောပြင်နဲ့ လက်ပြင်တချို့နေရာတွေမှာ ကြိမ်ချက်ကြောင့် သွေးစွန်းနေပြီးတော့ ရှိုက်ကြီးတငင်နဲ့ ငိုရှိုက်နေတဲ့ ကလေးငယ်ဟာ တချက်တချက်မှာ ရှိုက်သံတွေ တိမ်တိမ်သွားပြီးတော့ လူ့လွန့်နေတာဟာ ကျမတို့ မြင်ဖူးနေကြ ငရဲခန်းပန်းချီကားတွေထဲက ငရဲသားတွေနှိပ်စက်ခံနေရတဲ့ နှိပ်စက်ခံလူသားနဲ့ပဲ တူလှပါပေတယ်ရှင်။

ကလေးငယ်ဟာ အသက်နဲ့မမျှအောင် ရိုက်နှက်တာတွေကို မခံနိုင်တော့လို့လား၊ နာကျင်မှုတွေက အသိညာဏ်တွေကို ဆွဲနှုတ်ယူသွားလို့ပဲလား၊ ဒါမှမဟုတ် သူ့ရင်ထဲက ခံစားမှုတစ်ခုခုက အဆုံးစွန်ကို ရောက်သွားတော့ အသိမရှိတော့လို့ပဲလား မသိဘူး မလူးမလွန့်နဲ့ ငြိမ်သက်သွားတာကို ကျမ မြင်နေရပြန်ပါတယ်။

အဲဒီမြင်ကွင်းကို ကျမလိုပဲ လူတော်တော်များများက ၀ိုင်းပြီးတော့ အုံကြည့်နေကြတယ်။ တချို့က အနီးကပ်ကြည့်နေကြတယ်။ တချို့ကတော့ ခပ်လှမ်းလှမ်းကနေ ကြည့်နေကြတယ်။ ကြည့်နေတဲ့သူတွေထဲမှာလည်း တချို့က အေး… ဒီလိုလုပ်ပေးမှပဲ။ နာနာသာ ရိုက်ပစ်။ မှတ်လောက်သားလောက်ပြီး နောက်တခါ ထပ်မလုပ်တော့အောင် ရိုက်နှက်ပေးထားမှ တော်ကာကျမယ် စသဖြင့် အမျိုးမျိုးပဲ ပြောဆိုနေကြပြန်တယ်။

ကလေးငယ်လေး ငြိမ်ကျသွားတဲ့အချိန်မှာ မျက်ရည်စက်လက်နဲ့ အမျိုးသမီးတယောက်က ကိုမြထွန်း ရပ်ပါတော့ရှင်… ကျမ သားလေး သေသွားတော့မယ်။ ရပ်ပါတော့… ရပ်ပါတော့နဲ့ ကလေးငယ်ကို အတင်းဝင်ရောက် ပွေ့ဖက်ရင်းကနေ သား… သား… သား နဲ့ ခေါ်နေတာကိုလည်း ကျမ မြင်ရ ကြားနေရပြန်တယ်။

ဒီမြင်ကွင်းလေးကတော့ ကျမနဲ့ ကျမ သိပ်ချစ်ရတဲ့ ခင်ပွန်းတို့ အားလပ်ရက် ခရီးထွက်ရင်းကနေ မြန်မာနိုင်ငံတောင်ပိုင်းက မြို့နဲ့တော်တော်လေးကို အလှမ်းဝေးလွန်းတဲ့ ရွာလေးတစ်ရွာမှာ ဖြစ်ပျက်နေတာကို တွေ့မြင်ခဲ့ရတာပါ။

အဲဒီမြင်ကွင်းလေးကို ကျမ ဒီကနေအထိ ပြန်မြင်ယောင်မိရင်း စိတ်ထဲမှာ လုံးဝကို မကောင်းနိုင်သလို ကျမ စိတ်ထဲမှာ အခုထိ စိတ္တဇတစ်ခုလို ဖြစ်နေလို့ စာဖတ်တဲ့သူတွေကို ဒီကနေ မျှဝေရင်းနဲ့ ရင်ဖွင့်တဲ့ သဘောပဲ ဆိုပါတော့ရှင်။

ကျမလည်း ကလေးငယ်တယောက်ကို ဒီလောက်အထိ ရိုက်နှက်တာကို လက်မခံနိုင်တာရော၊ ပြီးတော့ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ နိုင်ငံတကာ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် တွေနဲ့ပတ်သက်ပြီးတော့ နည်းနည်းပါးပါး လေ့လာထားဖူးတာနဲ့ ဒါဟာ ကလေးအခွင့်အရေးကို ချိုးဖောက်တယ်လို့ ယူဆတာကတကြောင်းကြောင့် စပ်စုကြည့်တယ် ဆိုပါတော့။

ပြီးတော့ ဒီကလေးငယ်တယောက်ကို မညှာမတာ ရိုက်နှက်မှုမြင်ကွင်းမှာ ကျမအတွက် အထူးကို စိတ်ဝင်စားစေတဲ့ ခိုင်မာလွန်းလှတဲ့ အကြောင်းအရာတစ်ရပ်ကတော့ ဂါဝန်ဝတ်ထားပြီး မျက်နှာမှာ နှုတ်ခမ်းနီတွေ ပေကျံရင်းနဲ့ ရိုက်နှက်ခံနေရတဲ့ ကလေးငယ်ကို နင်… ယောက်ျားလား၊ မိန်းမလား ဆိုပြီးတော့ မေးတာရယ်၊ ဂါဝန်ဝတ်ထားတဲ့ ကလေးကို သား… သား… သား ဆိုပြီးတော့ ၀င်ချီတဲ့ အမျိုးသမီးက ခေါ်တဲ့ကိစ္စပါပဲလို့ ဆိုပါတော့ရှင်။

ကျမလည်း အဲဒီမှာဝိုင်းအုံရပ်ကြည့်နေတဲ့ လူတွေထဲက နည်းနည်းသဘောကောင်းပုံရပြီး ဖော်ရွေမယ်ထင်တဲ့ အမျိုးသမီးကြီး တယောက်ကို ဘာဖြစ်လို့ ကလေးကို အဲဒီလောက် ရိုက်ရတာလဲဟင် အစ်မကြီးလို့ စကားအစ်ကြည့်မိပါတယ်။

အောင်မယ်လေးရှင်။ ကျမတောင် စကားအစ်တာ မဆုံးသေး ဘယ်တုန်းကတည်းက ပြောချင်နေလဲ မသိပါဘူး။ ကျမကို မီးသတ်ရေပိုက်နဲ့ ထိုးနေသလား မှတ်ရတယ် တရစပ်ကို မနားတမ်း အဲဒီမှာ ခွန်းဆင့်ချွေတော့တာပါပဲ။

ဘာဖြစ်ရမှာလဲတဲ့။ ယောက်ျားလေးဖြစ်ပြီးတော့ ယောက်ျားလို မနေဘူးတဲ့။ သူ့ညီမလေးရဲ့ ဂါဝန်တွေကို လစ်ရင်လစ်သလို ခိုးခိုးဝတ်ရတာနဲ့၊ နှုတ်ခမ်းနီဘူးတွေဆိုရင်လည်း ခိုးခိုးဆိုးပြီးတော့ ကရတာနဲ့တဲ့။ ယောက်ျားလေးအ၀တ်အစား ၀ယ်ပေးပြီး ၀တ်ခိုင်းရင် ဘယ်တော့မှ မ၀တ်ချင်ဘူးတဲ့။ နာမည်မေးရင်တောင်မှ သူ့နာမည်ကို ဘယ်တော့မှ မပြောတတ်ဘူးပါ ဆိုလိုက်သေးတယ်တော့။

အဲဒါကို သူ့အဖေဖြစ်တဲ့သူက ယောက်ျားဖြစ်ပြီးတော့ ယောက်ျားမဟုတ်ပဲ အခြောက်ဖြစ်ချင်နေတဲ့ သားဖြစ်တဲ့သူကို လုံးဝကို ကြည့်လို့ရတာမဟုတ်ဘူးတဲ့။ အားရင် အားသလို မာန်နေတာနဲ့၊ ရိုက်နှက်နေတာနဲ့၊ ဆဲဆိုကြိမ်းမောင်းနေတာပဲတဲ့။ သူ့အဖေတင်မဟုတ်ပါဘူးတဲ့။ သူ့ အစ်ကိုကြီးတွေဆိုလည်း လစ်ရင်လစ်သလို ၀ိုင်ဆော်ပေးကြတာပဲတဲ့။

အရင်လက သူတို့အိမ်က ရွာဓလေ့ထုံးစံအတိုင်း ရဟန်းခံ၊ ရှင်ပြုပွဲ လုပ်တယ်တဲ့။ ရွာဓလေ့မှာက အခြောက်ဖြစ်ချင်ရင် ကိုရင်လေးဝတ်ပေးလိုက်ရင် ပြန်လည်ပြီးတော့ ယောက်ျားစိတ်တွေဝင်လာမယ်။ ယောက်ျားပြန်ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုး အယူအဆတွေက မိဘတွေဆီမှာ ရှိတယ်တဲ့လေ။

အဲဒီတော့ သူ့ကို ကိုရင်လေး ၀တ်ခိုင်းပြီးရင် ကိုရင်ဝတ်နဲ့ပဲ ဘုန်းကြီးကျောင်းမှာ စာသင်သားအဖြစ် အပ်ထားမယ်ဆိုတာကို ဒီကလေးက လက်မခံပဲနဲ့ ငြင်းဆန်တယ်ဆိုပဲ။ အိမ်သားတွေက အတင်းချုပ်ပြီးတော့ လုပ်ပေးမယ် လုပ်တာနဲ့ ပျောက်သွားလိုက်တာ တော်တော်လိုက်ရှာခဲ့ကြရသေးတယ်ဆိုပဲ။

အဲဒီနောက်မှ အခု မိန်းကလေးလို ခိုးဝတ်ရင်းနဲ့ ကနေတာကို အဖေဖြစ်တဲ့သူက မြင်သွားပြီးတော့ ဒေါသအိုးပေါက်ကွဲ အိမ်ရှေ့ထုတ်ပြီး ရိုက်နှက်ဆုံးမတော့တာလို့ ပြောပြတာပါပဲရှင်။

ပြီးတော့ သူက ဆက်ပြောသေးတယ်။ ဟုတ်တာပဲတဲ့။ မြင့်မြတ်တဲ့ ယောက်ျားလေးဖြစ် မွေးလာတာတောင်မှ မိန်းမဖြစ်ချင်သေးတယ်။ မြင့်ရာကနေ နိမ့်ရာကို ခုန်ဆင်းချင်နေသေးတယ်၊ တော်တော်လေးကို ဆိုးတဲ့ ကလေးတွေပါရှင် ဆိုပြီးတော့ ဆက်ပြောနေသေးတာ တော့။

ကျမလည်း ပြုံးရင်းသာ အင်း မလုပ် အဲ မလုပ်နဲ့ နားထောက်ဖြစ်ရရင်းက ကျမ ဘေးမှာပါလာတဲ့ ကျမခင်ပွန်းသည်ကို တချက်ဝေ့ကြည့် လိုက်တယ်။ ကျမတို့ ဆက်သွားကြစို့ ဆိုတဲ့သဘောပေါ့။ ကျမတို့နှစ်ယောက်ရဲ့ ဦးတည်ချက်က အဲဒီရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို သွားပြီးတော့ ဆရာတော်ကို ဦးခိုက်ဖို့ သွားတာလေ။

ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းပေါ်မှာ မြင်ခဲ့ရတဲ့ ဒီမြင်ကွင်းလေးကတော့ ကျမတို့ရဲ့ ကြည်နူးစရာ နံနက်ခင်းလေးကို ဆိတ်သုန်း စေခဲ့တယ်လို့ပဲ ပြောပါရစေတော့ရှင်။

လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံနဲ့ တည်ရှိနေတဲ့ ရန်ကုန်မြို့တော်ကြီးကတော့ နေ့စဉ်နဲ့အမျှ အမျိုးစုံလှတဲ့ သွင်ပြင်လက္ခဏာတွေနဲ့ အသက်ဝင်လို့ နေလေရဲ့။

အဲဒီထဲမှာ ၀တီ ကလေ၊ ၀တီ ကလေနဲ့ သူ့ကိုယ်သူ ၀တီလို့ ထည့်ထည့်ပြီးတော့ ပြောတတ်တဲ့ ၁၃ နှစ်အရွယ် ကလေးတယောက် ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆိုပါတော့။

ဝတီတို့ မိသားစုက အရပ်စကားနဲ့ပြောရရင် ပညာတတ်၊ အလယ်လတ်တန်းစားအဆင့်ရှိတဲ့ အသိုင်းအ၀ိုင်းလို့ ပြောလို့ရပါတယ်။ ၀တီတို့မိသားစုနဲ့ ကျမ စတင်တွေ့ဆုံပုံလေးကတော့ အရမ်းကို ရိုးရှင်းလွန်းလှတယ် ဆိုပါတော့ရှင်။ ကျမ ဈေးဝယ်ထွက်ရင်းနဲ့ အ၀တ်အထည်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံကြရင်းနဲ့ ကျမက စိတ်ဝင်စားပြီးတော့ ထုံးစံအတိုင်း စပ်စုတယ် ဆိုပါတော့။

ဝတီရဲ့ ကျောင်းသားကဒ်မှာ နာမည်ကတော့ ကျော်သီဟတဲ့။ ၀တီကလေ ကိုယ့်ကိုကိုယ် အမျိုးသမီး တယောက်လိုပဲ ထင်တယ်။ အမျိုးသမီးတယောက်လိုပဲ ကိုယ့်ဘ၀သက်ရှင်နေသမျှ နေထိုင်သွားချင်တယ်။ ပြီးရင်လေ ၀တီနေတိုင်း ရေချိုးရတဲ့အချိန်တို့ အိမ်သာတက်ရတဲ့အချိန်တို့တွေဆိုရင် ကိုယ့်ကိုကိုယ် သိပ်မုန်းတာပဲသိလား။ ၀တီကလေ မွေးလာတုန်းက ယောက်ျားလေးနဲ့ မိန်းကလေး မှားပြီးတော့ မွေးခဲ့တာပဲ ဖြစ်မယ် ဆိုပြီးတော့ တတွတ်တွတ် ပြောရှာလေရဲ့။ ၀တီရဲ့အဖေနဲ့အမေကလည်း သူ့သမီးလေးကိုကြည့်ရင်းနဲ့ ပြုံးလို့ ရွှင်လို့။

ဆိုတော့ အင်မတန်မှကို စပ်စုချင်တဲ့ ကျမအတွက် အရမ်းကို စိတ်ဝင်စားစရာ ဖြစ်လာရတာပေါ့။ ယောက်ျားလေးအဖြစ် မွေးဖွားလာ ပေမယ့် မိန်းကလေးတယောက်လိုပဲ နေထိုင်ချင်တဲ့ ကလေးတယောက်ကို သူ့မိဘတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပြီးတော့ ထောက်ပံ့မှုတွေ လုပ်ပေးထားတယ်လေ။

ကျမ သူ့မိဘတွေကို မေးကြည့်တယ်။ ဒီလိုမျိုး ယောက်ျားလေးကနေ မိန်းကလေးဖြစ်ချင်နေတဲ့ ကလေးတယောက်၊ အရပ်စကားနဲ့ခေါ်ရ ရင် အခြောက်မလေးတယောက်ကို ဘယ်လိုမျိုး နားလည်မှုတွေနဲ့ လက်ခံအသိအမှတ်ပြုပေးခဲ့တာလဲ ဆိုပြီးတော့ပေါ့။

အဲဒီမှာ ၀တီရဲ့ အမေဖြစ်တဲ့သူက “အိုး… ကျမတို့လည်း ကျမတို့ မွေးထားတာ သားယောက်ျားလေးဆိုတော့ ယောက်ျားလေးပဲ ဖြစ်စေချင်တာပေါ့။ သူ့အဖေကဆိုရင် သားယောက်ျားလေး မွေးလာတယ်ဆိုပြီးတော့ အရမ်းပျော်ခဲ့ရတာလေ။ဒါပေမယ့် ကျမတို့ မွေးလာတုန်းကတော့ သားယောက်ျားလေးဆိုပေမယ့် ကြီးလာတော့ သူ့ကိုယ်သူ မိန်းကလေးဆိုပြီးတော့ ပြောလာတယ်၊ မိန်းကလေးလိုပဲ ၀တ်ချင်စားချင်တယ်၊ ဆော့ချင်တယ်ဖြစ်လာတော့ ကျမတို့လည်း နည်းလမ်းအမျိုးမျိုးနဲ့ ပြင်ကြည့်တာပေါ့ရှင်။ ကျမထင်တယ်။ ဘယ်မိဘမဆို ကိုယ်မွေးလာတဲ့ သားယောက်ျားလေးကို အခြောက်မဖြစ်သွားတာမျိုး မလိုချင်လောက်ပါဘူးလို့။

ကျမတို့လည်း အဲဒီလိုအတွေးစိတ်နဲ့ သူ့အဖေနဲ့ ကျမ ဆရာဝန်လည်း ပြကြည့်တယ်။ စိတ်ရောဂါများလားဆိုပြီးတော့လည်း စိတ်ဆရာဝန်တွေဆီမှာ သွားပြကြည့်တာ။ ပရောဂကြောင့်များလား ဆိုပြီးတော့လည်း ဗေဒင်တွေမေးလိုက်၊ ယတြာတွေချေလိုက်နဲ့ လုပ်လိုက်ရတာ အမျိုးကို စုံနေတာပါပဲ ညီမရယ်။

အဲဒီလို ကျမတို့ လုပ်နေတဲ့ အချိန်တွေမှာဆိုရင် ကိုယ်က မိဘတွေဆိုတော့ ကိုယ့်သားသမီးကိုလည်း အရမ်းကို သနားလာမိတယ်လေ။ ကျမ သားလေးဆိုရင် အရမ်းကို စိတ်ရော၊ လူရော ပင်ပန်းခဲ့ရတာရှင့်။

ကံကောင်းချင်လို့လားတော့ မသိဘူး ညီမရယ်။ ကျမရဲ့ အသိမိတ်ဆွေထဲမှာ ဒီလိုမျိုး လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီးတော့ သိနားလည်တဲ့သူတယောက် ရှိနေခဲ့တယ်လေ။ ကျမလည်း ကျမ သားအကြောင်းကို ရင်ဖွင့်ပြောပြတော့ သူနဲ့ စကားလက်ဆုံ ကျမိတာပေါ့။

အဲဒီမှာ သူက ကျမကို စကားရှည်ရှည်ဝေးဝေး မပြောနေဘူး။ သူ့ဆီမှာရှိတဲ့ Sexual Orientation (လိင်စိတ်ခံယူမှု) ဆိုတဲ့ စာအုပ်ကို ပေးဖတ်ခဲ့တယ်။ စာအုပ်ဖတ်ချင်းတော့ ကျမ တော်တော်နဲ့ နားမလည်ခဲ့ဘူး ညီမ။ ကျမတို့ တစ်ခါမှ မဖတ်ဖူး၊ မကြားခဲ့ဖူး၊ မတွေး တော့တတ်တဲ့ မစဉ်းစားတတ်ခဲ့ဖူးတဲ့ အကြောင်းအရာတွေကို အစိမ်းသက်သက်ကြီး ဖတ်နေရတာကိုး။

ဒါပေမယ့် ကျမကို သူက နောက်ထပ် လိင်စိတ်ခံယူမှုနဲ့ လိင်စိတ်ခံယူမှုအပေါ်မှာ အခြေခံပြီးတော့ ၀ိသေသလက္ခဏာတွေ ကွဲပြားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ပေးဖတ်လာတဲ့အချိန်မှာတော့ ကျမရော ကျမ ခင်ပွန်းသည်ပါ တဖြည်းဖြည်းနဲ့ သဘောပေါက်လာခဲ့တယ်။ ပြောလို့သာ လွယ်တာပါ ညီမရယ်။ အဲဒီလို သဘောပေါက်လာအောင် ကျမတို့ လင်မယား တော်တော်လေးကို ညှိုနှိုင်းရင်းနဲ့ ကြိုးစားလာခဲ့ကြတာပါ။

အဓိက ကတော့ ညီမလေးရယ်။ ကျမတို့ဆီမှာက ဒီလိုမျိုး လိင်စိတ်ခံယူမှု ကွဲပြားတဲ့ အကြောင်းအရာတွေကြောင့် လိင်တူချစ်သူတွေ၊ လိင်တူလိင်ကွဲကြိုက်တာတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို ထုတ်ဝေထား၊ ရေးသားထားတဲ့ စာအုပ်စာပေတွေလည်းမရှိ၊ အရေးတယူ ပြောဆိုနေကြတာလည်းမရှိ၊ ရုပ်ရှင်ဇာတ်လမ်းတွေလည်း မရှိကြဘူးဆိုတော့ လူထုတွေဆီမှာလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ မစဉ်းစားတတ်တော့ လက်မခံနိုင်တာတွေ ဖြစ်နေရတယ် ဆိုပါတော့။

ဆိုတော့ များသောအားဖြင့်ထင်တာက အခြောက်မတယောက်ဖြစ်လာရင် ဒါဟာ ပြုပြင်ပြောင်းလဲလို့ရတယ် ဆိုတာမျိုးတွေ၊ ဘာသာ တရား သဘောလိုလိုနဲ့ပဲ ရှေးဘ၀က သူများသားမယားကို ဖျက်ဆီးခဲ့လို့ ဒီဘ၀မှာ ခံနေရတယ် ဆိုတာမျိုးတွေကို ပြောဆိုကြတယ်၊ ကုသမှုတွေ လုပ်ယူနေကြတယ်၊ အတင်းအကျပ် ပြောင်းလဲပေးမှုတွေ လုပ်နေကြတာလေ။

ကျမတို့ကိုယ်တိုင်လည်း ကျမသားလေးကို လုပ်ယူခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ ပြောင်းလဲလို့ မရဘူးဆိုတာကို ကျမတို့ စာအုပ်စာပေ တွေ၊ စကားဝိုင်းတွေ၊ ရုပ်ရှင်ဇာတ်လမ်း ပညာပေးမှုတွေကနေတဆင့် သိမြင်ခဲ့ရပြီးတဲ့နောက်မှာတော့ ကျမတို့ စဉ်းစားလာတယ်၊ တွေး ခေါ်လာတယ်၊ အဲဒီကနေမှတဆင့် ကျမတို့ လက်ခံအသိအမှတ်ပြုနိုင်လာခဲ့တယ် ဆိုပါတော့ရှင်။

ဆိုတော့ ပြောင်းလဲလို့ မရတဲ့ အရာတစ်ခုကို ကျမတို့က အတင်းအကျပ် ပြောင်းလဲစေမယ်၊ ဖိနှိပ်ထားမယ်ဆိုရင် လုပ်ခံရတဲ့သူတွေရဲ့ ဘ၀တွေပဲ ပိုပိုပြီးနစ်မွန်းသွားမယ်၊ လှောင်ပိတ်သွားမယ်၊ တချို့ဆို ကျမ ကြားဖူးသိဖူးတာ ကိုယ့်ကိုကိုယ် သတ်သေသွားကြတဲ့ ဒီလိုမျိုး ကလေးတွေတောင် အများကြီးဆိုပဲ ညီမရယ်။

အဲဒါတွေကို ကျမတို့က သင်ခန်းစာယူပြီးတော့ ကိုယ့်သားလေးကို သူက မိန်းကလေးဖြစ်ချင်နေတဲ့ဟာ မိန်းကလေးအဖြစ် အသိအမှတ်ပြု ပေးပြီးတော့ သူ့ဘ၀ရဲ့ တိုးတက်မှုတွေကို သူ့အတွက် လိုအပ်မယ်ထင်တဲ့ အရာတွေနဲ့ ထောက်ပံ့မှုတွေ ပေးလာကြတော့ အခုချိန်မှာဆိုရင် ကျမတို့ သားလေးတဖြစ်လဲ သမီးလေးရဲ့ ဘ၀လေး ပျော်ရွှင်နေတာ၊ ကျောင်းမှာဆိုလည်းစာတော်လိုက်တာ မှပဲရှင်။ အဲဒါတွေကိုပဲကြည့် ရင်း ကျမတို့ လင်မယားနှစ်ယောက်လည်း ကျေနပ်နေရတာပေါ့ ညီမလေးရယ်။”

အိုး… ပြောသွားလိုက်တာများ တရှည်တဝေးနဲ့ကို ဒီလိုရှင်းပြသွားခဲ့တာပါရှင်။ ကျမလည်း လွန်ခဲ့တဲ့ ခရီးထွက်တုန်းက မြင်တွေခဲ့ရတဲ့ ယောက်ျားလား… မိန်းမလား လို့မေးပြီးတော့ ရိုက်နေတဲ့ ကလေးရိုက်ကွင်းကို မျက်စိထဲကနေမြင်ယောင်မိရင်းကနေ ကျမစိတ်ထဲမှာ နှိုင်းယှဉ်နေမိတော့တာပါပဲ။

ကျမတို့ မြန်မာနိုင်ငံမှာ ယောက်ျားလား… မိန်းမလား ဆိုပြီးတော့ ရိုက်နှက်ခံနေရတဲ့ ကလေးတွေ ဘယ်လောက်အထိများ ရှိနေလဲ။ မိသားစုက လက်ခံအသိအမှတ်ပြုပေးပြီးတော့ ထောက်ပံ့မြှင့်တင်မှုလုပ်ပေးခံရတဲ့ ကလေးတွေကရော ဘယ်လောက်အတိုင်းအတာ ထိများ ရှိနေမလဲဆိုတာကို တွေးတောနေမိခဲ့ပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေကရော ကလေးတွေအပေါ်မှာ ဘယ်လိုမျိုး အကြိုးသက်ရောက်မှုတွေကို ဖြစ်စေမှာလဲဟင်။


ဖြိုးသစ်လူ