Sunday, July 14, 2013

Gay တွေက မိန်းကလေးတွေကိုလိုအပ်နေရခြင်းအကြောင်းပြချက် (၁၀)ချက်



Top 10 Reasons Gays Need Girls

ကျွန်တော်တို့ မျိုးတူယောက်ျားအခြင်းခြင်း ကြိုက်နှစ်သက်ပါသည်ဆိုသော Gay အမျိုးသားတွေဟာဘာကြောင့် လိင်ကွဲ အမျိုးသမီး၊ အမျိုးသမီးလေးတွေကို လိုအပ်နေသေးတာလဲ စဉ်းစားမိကြမလား? ‘ကမ္ဘာမြေပေါ်ဝယ် ယောက်ျားလေးအပြင် မိန်းကလေးလည်းရှိတယ် လေ ဒီတော့ တစ်ယောက်ယောက်ကို လိုအပ်ချင် လိုအပ်မှာပေါ့ မေးစရာမလိုဘူးထင်တယ်’ လို့လဲ တစ်ခါတရံ ကျွန်တော်တွေးမိပါ သေးတယ်။ 

ကိုယ့်မျိုးဆက်ကိုပွားများပေးနိုင်မှာကြောင့်၊ကိုယ့်ဖြစ်တည်မှုကိုဖုန်းကွယ်ဖို့လိုအပ်တာကြောင့် ကဲ…ဘယ်လိုသောအကြောင်းပြချက် များရှိသလဲဆိုတာ ကျွန်တော်စဉ်းစားမိသမျှ အချက်(၁၀)ချက်ကိုမျှဝေလိုက်ပါတယ်နော်။

(၁) ရယ်မောအောင်လုပ်နိုင်လို့ (Girls make us laugh)
Girls make us Laugh: မိန်းကလေးတွေကို ကျွန်တော်တို့ ဂေးတွေ ဘာကြောင့်လိုအပ်သေးတယ်လို့ ခံစားကြရသလဲတွေးကြည့် မိလား? သူတို့တွေက ကျွန်တော်တို့ ရယ်မောကြည်နူးအောင်ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ 

အထက်တန်းကျောင်းတက်စဉ်ကာလတွေကိုပဲ ပြန်စဉ်းစားကြည့်လိုက်ပါဦး ကျွန်တော်တို့တွေဟာ တခြားသူတွေထက် နည်းနည်းလေးတော့ထူးခြားကြတယ် ဟုတ်တယ်မဟုတ်လား။ သတိထားကြည့်လိုက်တော့ ဂေး သို့မဟုတ် straight ၊မိန်းကလေး ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ သူငယ်ချင်းတစ်ယောက်ယောက် လိုချင် ခဲ့တာပဲလေဗျာ။ ကျွန်တော်တို့ရဲ့ တခစ်ခစ်ရယ်မောစရာတွေကို ဝေမျှနိုင်ဖို့ပေါ့။ ဒီကိစ္စမျိုးကို မိန်းကလေးတွေက မျှဝေရယ်မောပေးနိုင် တယ်ဗျ။ မဟုတ်ဘူးလား ကဲ?

(၂) ကျွန်တော်တို့ အမေတွေက မိန်းကလေးတွေပဲလေ (Our mothers are girls)
Our mothers are girls: ဟေး!!! ကျွန်တော်တို့ ကောင်မလေးတွေကိုလိုအပ်နေဆဲပဲလေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ မိခင်ဖြစ်သူတွေကို လိုအပ် နေဆဲပဲဗျာ။ ဟုတ်တယ်နော်? အမေတွေအားလုံးက ကောင်မလေးတွေပဲမဟုတ်ဘူးလား။ ဂေးတွေအားလုံး သူတို့အမေတွေကို ချစ်ခင် မြတ်နိုးကြပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ပိုင်ဆိုင်ပြီး ရှင်သန်နေထိုင်ရတာကိုက ဘ၀ပါ။ ကျွန်တော်တို့နှလုံးသားတွေရဲ့ နုညံ့သော အစိတ်အပိုင်းတစ်နေရာမှာရှိနေတဲ့ နံပါတ်တစ်မိန်းကလေးဟာ ဘယ်သူလဲ? မေမေ…အမေပေါ့။

(၃) မိန်းကလေးတွေကို အတုခိုးရတာပဲ (Our icons are girls)
Our icons are girls: ကြားနေကြစကားတွေ ပြောနေကြစကားတွေလို့ စာဖတ်သူအနေနဲ့ ခေါ်နိုင်မယ်ပြောနိုင်မယ်ထင်ပါရဲ့နော်။ ဒါပေမဲ့ ဂေးတွေအားလုံးနီးပါး ရဲ့ အတုယူရသူ icons များဟာ အမျိုးသမီးတွေဖြစ်တတ်ကြပါတယ်။ Judy Garland သို့မဟုတ် Lady Gaga ဒါမှမဟုတ် Siouxsie Sioux သို့မဟုတ် Patti Smith တို့လိုမှေးမှိန်သည်ဖြစ်ပါစေ တစ်ခုခုပြောစရာဖြစ်နေတဲ့ သို့မဟုတ် တစ်ခုခုဆိုစရာရှိနေတဲ့ မိန်းကလေး တစ်ယောက်ယောက်ကို ကျွန်တော်တို့ချစ်ခင်ကြပါတယ်ဗျ။ အရာရာမှာ သန်စွမ်းပြီး အားမလျော့ တတ်တဲ့ အမျိုးသမီးများကြောင့် ကျွန်တော်တို့ တက်ကြွကြရတာ။ ပြီးတော့ သူတို့တွေက ကျွန်တော်တို့စိတ်ဓာတ်တွေကိုအမြဲလို လှုံ့ဆော်ပေးနေသလိုပဲ။

(၄) မိန်းကလေးတွေအကပိုကောင်းတယ် (Girls dance better)
Girls dance better: ကပွဲဆင်နွှဲဖို့ ကျွန်တော်တို့ ငနဲတွေနဲ့လစ်ကောင်းလစ်မယ် ကပွဲကြမ်းပြင်ကိုလေ။ ဒါပေမဲ့ အနောက်တိုင်းနိုင်ငံက အကတွေကိုကမယ် သို့မဟုတ် ဒစ္စကိုကလပ်တစ်ခုမှာ ရှပ်အကျ င်္ီချွတ်ပစ်ရလောက်အောင်ကဲမယ်ဆိုပါဆို့ ဂေးငနဲတွေက ကောင်မလေး တစ်ယောက်ကို ပိုပြီးခေါ်သွားဖို့သဘောတူလိမ့်မယ်။ အခြားသော ဂေးငနဲတွေ စိတ်ကူးရုံသာ ရှိနေနိုင်သေးတဲ့ ကောင်မလေးတွေနဲ့ ခွေနေ သဘော မွှေ့ပြီး ခင်မင်တယ်ဆိုတဲ့ကိစ္စကလည်း အရေးပါတယ်မဟုတ်လားဗျို့။ သက်သောင့်သက်သာဖြစ်တဲ့ ဖက်ရှင်ကို ကျွန်တော်တို့တွေဝတ် ဘယ်နေရာကိုသွားသွား တစ်ပါးသူတွေအမြင်မှာ ကွဲပြားတဲ့အမြင်နဲ့အကြည့်ခံရဖို့နည်းလမ်းသိပ်မရှိဘူး ဆိုပါတော့။

(၅) တစ်ခါတလေ မျက်နှာမှာမုတ်ဆိတ်လေးနဲ့မှကြည့်ကောင်းတယ် (Sometimes we may need a beard)
Sometimes we may need a beard: ဟုတ်တယ် တစ်ခါတရံမှာ ကျွန်တော်တို့မျက်နှာမှာ မုတ်ဆိတ်တစ်ခုလောက် တပ်ဆင်ထားမှ အဆင်ပြေမှာ။ ဒီနေ့အပါအ၀င် ကမ္ဘာမြေရဲ့နေ့ရက်တိုင်းမှာ တစ်ခါတလေတော့ ချိန်းဆိုတွေ့ဆုံမှုတစ်ခုပြုလုပ်ကြည့်ဖို့ လိုအပ်တယ် လို့မထင်မိဘူးလား။ အမျိုးသမီးတစ်ယောက်နဲ့ချိန်းဆိုတွေ့ဆုံတာကိုပါ။ ကျွန်တော်ထိုင်ပြီးတော့ စဉ်းစားကြည့်မိတယ် အဲဒီလိုလုပ် တာဟာ အလိမ်အညာကြီး တစ်ခုပဲ လိမ်ဆင်ကြီးလို့ ပိုပိုသေချာနေပေမယ့် အဲလိုလိမ်ဆင်သဘောလုပ်ထားတာဟာ ကျွန်တော်တို့ အတွက်ပိုပိုလိုအပ်နေသေးသလိုပဲဗျ။ အဓိကတစ်ချက်ကိုပြောကြည့်မယ် - တူစုံမောင်နှံတွေမင်္ဂလာဆောင်တဲ့ မင်္ဂလာပွဲတွေ၊ လုပ်ငန်းနဲ့ ပက်သက်ပြီးကျင်းပတဲ့ ပွဲလမ်းတွေမှာ တူယှဉ်တွဲပြီးတက်ရောက်ဖို့ သူ့ကိုကျွန်တော်တို့လိုအပ်တယ်လေ။

(၆) တီးတိုး တီးတိုး သဖန်းပိုး (They share our crushes)

They share our crushes: ကျွန်တော်တို့တွေဟာ ငယ်ငယ်ကတည်းက ကြယ်ပွင့်တွေလိုတောက်ပတဲ့ မိန်းကလေးတွေနဲ့ ဆက်ဆံ ပေါင်းသင်း ပြီးကြီးပြင်းလာကြပါတယ်။ မနေ့တုန်းက George Michael ရဲ့ အနုပညာလှုပ်ရှားမှုကအစ ဟိုသည်အကြောင်းပြောခဲ့ကြပြီး ယနေ့မှာ တော့ Justin Beiber ရဲ့ အတွင်းရေးကိစ္စတွေအကြောင်းတီးတိုးတီးတိုးပြောကြတာမျိုးဝေမျှပြောဆိုကြတယ်ဆိုတာက ဖြစ်ရိုး သဘောကိုဖြစ်နေပြီ။ ဒီစာရေးရင်း ကျွန်တော်ပိုပိုသတိထားမိလာတာက ငယ်ရွယ်သော ဂေးကောင်လေးတွေရဲ့ Straight သူငယ်ချင်း တွေဟာ သူတို့သူငယ်ချင်း ဂေး ကောင်လေးတွေနဲ့ပေါင်းသင်းဆက်ဆံရမှုအပေါ်လက်ခံလာနေကြပါပြီနော်။ ဒါပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းမိန်းကလေးတွေအပေါ် အရာအားလုံးပွင့်ပွင့်လင်းလင်း အဆုံးမဲ့ပြောဆိုဖို့ဆိုတာ ကန့်သန့်ချက်တွေရှိနေတုန်း ပြောဖို့ လိုအပ်နေတုန်းပါပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့ရဲ့ ဖြစ်ပျက်ခံစားသမျှကို မိန်းကလေးတစ်ယောက်ကိုမျှဝေဖို့ဆိုတာ ဘောင်လေး တော့ရှိနေတာဗျ။

(၇) သူတို့ကအရမ်းကိုအချစ်ဇာတ်လမ်းခင်းတတ်တာ (They're romantics)

They're romantics: အမျိုးသမီးတွေက သူတို့ချစ်ခင်နှစ်သက်မိသောအမျိုးသားအတွက် စိတ်ခံစားလွယ်တယ်၊ အရမ်းချစ်တတ်တယ် ၊ သံယောဇဉ်ထားလွယ်တယ်  တစ်ဘ၀တာလုံး သဘောထားမပြောင်းတတ်ကြပါဘူး။ သူတို့ရဲ့အဲ့ဒီစိတ်အခြေခံတွေကို စိတ်ထဲထည့်မိ ပြီးတော့ လေးစားစိတ်ထားသင့်ပါရဲ့။ ဟုတ်ပါတယ် ကျွန်တော်တို့ကဂေးဖြစ်ပေမယ့် ကျွန်တော်တို့ဘ၀တွေမှာ အမျိုးသမီးများရှိနေခြင်း က အမျိုးသားခြင်းထက်တောင် အကူအညီလိုအပ်လျှင် အကူညီပိုရတတ်ပါတယ်။ ကျွန်တော်တို့ ပိုပြီး စိတ်လှုပ်ရှားခံစားတတ်သင့် တယ်။ ပြီးတော့ ခံစားချက်ကိုနင့်နင့်နဲနဲထားရှိ ခံစားသင့်တယ်ဗျာ။ ကိုယ်ချစ်ရသောသူတစ်ယောက်အတွက် ကဗျာရေး၊စာဖွဲ့ပေးပြီး အံ့အားတသင့်စိတ်ကျေနပ်သွားစေမယ့်ဖန်တီးမှုလေးတွေနဲ့အချစ်မှာရူးသွပ်ခံစားရမယ်လေ။ အမျိုးသမီးတွေက အဲလိုခံစားချက်လေးတွေ ခံစားတတ်အောင် ချစ်တတ်အောင် သတိပေးနေတာပဲဗျ မဟုတ်ဘူးလား။
(၈) သူတို့ရဲ့သန့်စင်ခန်းတွေ (Their bathrooms)
Their bathrooms: ဂေးအမျိုးသားတွေက အမျိုးသမီးတွေရဲ့သန့်စင်ခန်းတွေကိုအသုံးပြုရတာ ကြိုက်နှစ်သက်ပြန်ပါသေးတယ်။ သန့်ရှင်းမှုကဲလို့လားတော့မသိပါ။ စားသောက်ဆိုင်တွေကိုပဲသွားသွား ကလပ်တွေကိုပဲတက်တက် အမျိုးသားသန့်စင်ခန်းသို့ အမျိုးသမီးသန့်စင်ခန်းသို့ဆိုတဲ့ ထုတ်ပြန်ကန့်သတ်ထားတဲ့အခန်းတွေပဲရှိတယ် ကျွန်တော်တို့အတွက်တော့ အဲလိုထုတ်ပြန်ထားတာ မရှိဘူး။ အဟင်း….ထိုမှတစ်ပါး ကျွန်တော်တို့ ရွေးချယ်စရာအခန်းအများကြီးရှိနေသားပဲ ဘယ်အခန်းကိုမှ ၀င်ဖို့မဖြစ်ရင် ပြောင်ချော နေတဲ့ ကြမ်းပြင်ပေါ် ပေါက်သာချပစ်တော့ ဘေးမှာ မှန်တွေကိုပတ်ပတ်လည်ဝိုင်းလို့မဟုတ်လား။ လုပ်သာလုပ်ချပစ်လိုက် ကိုယ်တွေကို တစ်ခါတလေအခက်တွေ့စေတဲ့ဟာတွေ။ ဘေးမှာ ကျွန်တော်ရှိတယ် ဘာမှမဖြစ်စေဖို့တာဝန်ယူတယ်နော်။
(၉) လက်ကိုင်အိတ်များ (Handbags)
Handbags: ခပ်ထွားထွား ဘဲတစ်ပွေ၊ အားကစားသမားပုံစံတစ်ယောက်၊ ဒါမှ ‘ငါ ဘုရင်မ’ ပုံစံနဲ့ဖြစ်ပါစေ ဘယ်လိုဂေးပဲဖြစ်ပါစေ လက်ကိုင်အိတ်တွေ လက်ပွေ့အိတ်တွေကိုမကြိုက်နှစ်သက်ဘူးလို့ပြောလာရင် ပြောလာတဲ့လူက လူလိမ်တစ်ယောက်ပဲဗျ။ ကျိန်မလား!!! လျှို့ဝှက်စွာ၊ယောက်ျားဆန်ဆန် သို့မဟုတ် ခပ်နွဲ့နွဲ့ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့သွားလေရာမှာ တတွဲတွဲ နဲ့အိတ်တအိတ်တော့ ပါတာပဲလေ။ မှန်တယ်!!! မှန်တယ်မဟုတ်လား?!! ဈေးဝယ်သွားရာမှာပဲဖြစ်ဖြစ်၊ ခရီးထွက်သွားရာမှာပဲဖြစ်ဖြစ်၊ ဖက်ရှင်ဆိုင်တွေဝင်ရင်ပဲဖြစ်ဖြစ် အနည်းဆုံး eBay မှာ ဈေးဝယ်ဖို့ကြည့်တာပဲဖြစ်ဖြစ် ဖက်ရှင်ကျတဲ့ အိတ်ဒီဇိုင်းကိုတော့ မသိမသာရှိုး မိကြတာပါပဲဗျာ။ LV တို့ဘာတို့လို Branded လက်ကိုင်အိတ်တွေများဝယ်ထားရင် ကျွန်တော့်ကိုမပြနဲ့နော် ကျွန်တော်က အရမ်း မနာလိုစိတ်ရှိတတ်တာ။

(၁၀) ပခုံးလေးပေါ် မှီပြီးငိုပါရစေ (Shoulders to cry on)

Shoulders to cry on: အမျိုးသမီးတွေက အငိုကောင်းသူတွေပဲဗျာ။ သူတို့ငိုတဲ့ခံစားချက်မျိုးကို ခဏငှားပြီးခံစားကြည့်လိုက် ကျွန်တော် ဘာဆိုလိုတယ်ဆိုတာကို သဘောပေါက်သွားမယ်။ ကျွန်တော်တို့ ဂေးတစ်ယောက်အဖို့ ဘ၀ကိုရင်ဆိုင်လျှောက်လှမ်းရတာဟာ တစ်ခါ တလေ ဘက်စ်ကတ်ဘောဘောလုံးကို အထက်အောက်ရိုက်ခတ်သလိုမျိုး တက်လိုက်ကျလိုက်နဲ့ခံစားကြရတာဆိုတော့ စာနာစိတ် အပြည့်၊ ဘာဆုံးဖြတ်ချက် ဘာဝေဖန်ချက်မှမပြောတတ်တဲ့ပခုံးတစ်ဖက်ကိုမှီတွယ်ပြီး အားရပါးရငိုချလိုက်ဖို့လိုပါတယ်။ ဒီလိုကိစ္စက သူငယ်ချင်းတိုင်းလုပ်တဲ့အလုပ်: ကျွန်တော်တို့ ခင်ဗျားတို့ပခုံးပေါ်မှီပြီး စကားတတွတ်တွတ်ပြော ရင်ဖွင့်ငိုကြွေးပါရစေ မကြာခင် အိုကေသွားမှာပါဗျာ နော်!!! တကယ် တကယ့်ကိုလိုအပ်တာပါဗျာ အထူးသဖြင့် ခင်ဗျားတို့လိုနားလည်မှုရှိတဲ့ အမျိုးသမီးများ ကိုပေါ့လေ။
Alex Aung (10 July 2013)

Note: ကျွန်တော်ရေးထားသမျှ သူငယ်ချင်းအားလုံး သဘောတူမျှမယ်လို့မထင်ပါဘူး။ ဒါပေမဲ့ ပျှမ်းမျှအားဖြင့်တော့ သဘောညီနိုင်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်နော်။

No comments: