Friday, September 27, 2013

မွေးကတည်းက (ဂေး) ဖြစ်နေတာလား




Are you born Gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား 

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈၈)
20 Sep 11, 18:30
ဆရာခင်ဗျား ယောက်ျားပီသချင်ပါတယ်။ အခြောက် မဖြစ်ခြင်ပါဘူး။ ဖြတ်ချင်ပါပြီ။ လိင်တူဆက်ဆံတာကို ကူညီပါအုံး။ ဘာဆေးစားရမလဲ။ ဆရာဝန်နဲ့ မပြရဲဘူး။ ဖြေပေးပါအုံး။ တည်တည်တန့်တန့် နေခြင်တာပါ။ သောက်ဆေးဖြစ်ဖြစ်ပါ။

လိင်တူ-ကျန်းမာရေးကို မမေးကြလို့လဲ မရေးဖြစ်သေးသလို အထောက်အထား အကိုးအကားတွေဟာ အနောက်နိုင်ငံတွေ ကသာဖြစ်တော့ သိတဲ့အတိုင်း စီးပွါးချမ်းသာ ကွာတာမဟုတ်ဘဲ လူမှုရေး အယူအဆတွေကလဲ အရှေ့-အနောက်က မတူကြဘူး။ လိင်တူအရေးမှာ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆိုတာတွေကို ပြောရင် သူတို့ဆီကရတဲ့ အကိုးအကားတွေနဲ့ ကိုယ့်ဆီကလူတွေအတွက် မှန်မယ်လဲ မထင်လို့ ဖြစ်ပါတယ်။ စာရင်းအင်းမရှိလို့ ကိုယ့်ဆီက သာတာတွေကို ချန်ရတာလဲ မကောင်းဘူး။
လူတယောက်ဟာ တချိန်မှာ ဒါမှမဟုတ် တသက်လုံး (၁) Heterosexual ဆန့်ကျင်ဘက်လိင်ကိုသာ လိုလားတာ၊ (၂) Homosexual လိင်တူကိုစိတ်ပါတာ နဲ့ (၃) Bisexual နှစ်ခွ-နှစ်မျိုးလုံး ရှိနေတာဆိုပြီး ဖြစ်ရတယ်။ (၄) Asexual ဘာစိတ်မှ မရှိတာလဲ ထည့်ချင် ထည့်နိုင်ပါသေးတယ်။ အနောက်နိုင်ငံတွေမှာ ၂-၁၃% ဟာ Homosexual ဖြစ်တယ်။

(ဟိုမိုဆက်ကျူရယ်လ်) ထဲမှာ အင်္ဂါ (၃) ရပ်ရှိတယ်။ Romantic စိတ်လှုပ်ရှားမှု၊ Sexual attraction လိင်စိတ် နဲ့ Behavior အမူအယာတွေ ဖြစ်တယ်။ တချို့မှာ တမျိုးထဲ၊ တချို့မှာ နှစ်မျိုးတွဲ၊ တချို့မှာ သုံးမျိုးလုံး ရှိတယ်။ အဆင့်က လျော့ကျ သွားနိုင်သလို အဆင့်တိုးသွားနိုင်တယ်။

အတော်များများက ကိုယ့်ကိုယ်ရော သူများကိုပါ မေးတတ်ကြတယ်။
• Am I gay? ငါ (ဂေး) ဖြစ်နေပြီလား၊
• Are you born gay? မွေးကတည်းက (ဂေး) ဖြစ်နေတာလား၊
• What causes people to be gay? ဘာ့ကြောင် (ဂေး) ဖြစ်သွားရတာလဲ။

အဖြေက မလွယ်ပါ။ တယောက်ချင်းအပေါ် မူတည်တယ်။ သီအိုရီတွေတော့ ရှိတာပေါ့။ သုတေသနတွေလဲ ရှိတယ်။ အားလုံးကို အများက သဘောတူတာတော့ မဟုတ်ပါ။

လိင်တူအရေးဟာ နိုင်ငံရေး ငြင်းခုံမှုတခု ဖြစ်လာနေတာ အမေရိကားမှာပါ။ Christian political organizations ခရစ်ယန် အခြေခံ နိုင်ငံရေး အသင်းအပင်းတွေက စိတ်စွမ်းအားနဲ့ ပြောင်းပြစ်လို့ ရတယ်၊ အောင်မြင်မှုတွေ ထောင်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။ Gay and Lesbian rights organizations (ဂေး) နဲ့ (လက်စဘီယန်) အခွင့်အရေးသမားတွေကတော့ တခြား လူတွေက သူတို့ကို နည်းလည်မှု လွဲနေကြပြီး၊ ခွဲခြားဆက်ဆံမှု ပြုနေကြတယ်လို့ ပြောကြတယ်။

• ၂ဝဝ၄ ခုနှစ်မှာ American Academy of Pediatrics ကနေပြောတာက Sexual orientation လိင်အမူအကျင့် ဆိုတာ အချက်တခုထဲကနေ ဆုံးဖြတ်တာမဟုတ်။ Genetic မျိုးဗီဇ၊ Hormonal ဟော်မုန်း နဲ့ Environmental influences ပတ်ဝန်းကျင် လွှမ်းမိုးမှုတွေ ပေါင်းစပ်လို့ ဖြစ်ရတာ။
• ၂ဝဝ၆ Social Workers ပြောတာက ဘယ်အချက်ကြောင့် ဖြစ်ရတယ်ဆိုတာ သိပ္ပံနည်းကျ ပြောမရပါ။
Biological ဇီဝသဘော၊ Psychological စိတ္ကသဘော နဲ့ Social effects ဆိုရှယ်သဘောတွေ ပါနိုင်လောက်တယ်။
• ၂ဝဝ၇ Royal College of Psychiatrists ကနေပြောတာက မိဘတွေထိန်းသိမ်းမှု နဲ့ ကလေးဘဝ အတွေ့အကြုံ တွေကြောင့် ဖြစ်ရတယ်ဆိုတာ သက်သေမပြနိုင်ပါ။ လိင်တူမိဘတွေကနေ မွေးတိုင်း လိင်တူကလေး ဖြစ်မလာပါ။ Biological ဇီဝသဘောနဲ့ Genetic factors မျိုးဗီဇတွေ ရောဖြစ်တာ ဖြစ်နိုင်တယ်။

Homosexual တွေဟာ Straight ပုံမှန်ဖြစ်ချင်ကြတဲ့စိတ် ပေါ်ခဲ့ဘူးသူတွေချည်းပါဘဲ။ အသိုင်းအဝိုင်းထဲ ကုန်ကုန်ပြောရရင် မိသားစုထဲမှာပါ Social outcast အဝိုင်းပယ်ခံတွေလို့ သတ်မှခံကြရတာ များတယ်။ သွေလှူဘဏ် တချို့တောင် သူတို့ကနေ သွေးလှူတာ မယူချင်ကြဘူး။ ဒါကို မခံချင်ကြဘူး။

Can I stop being gay? (ဂေး) ဘဝကနေ ပြောင်းနိုင်ပါသလား၊
တချို့က ယူဆတာကတော့ Homosexuality ဆိုတာ Illness ဝေဒနာတခု ဖြစ်တယ်။ ဒါ့ကြောင့် ကုသရင် ပျောက်ရမယ်။ အဲဒီအယူအဆသမားတွေက Heterosexual ဆန့်ကျင်ဖက်လိင်သမားဖြစ်လာအောင် Psychological therapies စိတ်ပိုင်း-ကုသနည်းတွေကို အားကိုးကြတယ်။ ထိရောက်မှုကို အထောက်အထား ကိန်းဂဏန်း မများလှသေးပါ။

လူအများ ပိုပြီး စိတ်ဝင်စားလာကြတာကတော့ “လက်ရှိ လိင်သတ်မှတ်ချက်ကို ကာယကံရှင်ရဲ့ သဘောဆန္ဒနဲ့ ပြောင်းလို့ ရမလား-မရနိုင်ဘူးလား” ဆိုတာ ဖြစ်ပါတယ်။ ဒီလို လိင်တူစိတ်ရှိနေသူတွေကို ကူညီပြုပြင်ပေးတဲ့ အဖွဲ့အစည်းတွေ ကြားမှာ အမြင် (၂) မျိုး ကွဲနေတယ်။ Psychological reparative methods စိတ်ပိုင်းကုသနည်းနဲ့ Religious healing methods ဘာသာရေးနဲ့ ကုသနည်းတွေ ဖြစ်ပါတယ်။

“လူတယောက်ရဲ့လိင် (ကျား) လား၊ (မ) လား ဆိုတာဟာ Sexuality pre-determined အစကတည်းက ပါလာပြီးသား ဖြစ်တယ်၊ ဒါပေမဲ့ အချိန်မရွေးလဲ ပြောင်းသွားနိုင်တယ်” ဆိုတဲ့ အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာနေကြတယ်။

၁၉၇ဝ ကျော်လောက်ကတည်းက နည်းမျိုးစုံ သုံးပြီး ကုပေးခဲ့ကြတာမှာ Castration သင်းကွပ်နည်း၊ Hypnosis အိပ်မွေ့ချနည်း၊ Aversion therapy စိတ်ကုသနည်း၊ Nausea-producing drugs အန်စတဲ့ဆေးပေးနည်။ Electroshock လျှပ်စစ် (ရှော့ခ်) နည်း နဲ့ Brain surgery ဦးနှောက် ခွဲစိတ်နည်းတွေ ပါတယ်။ နောက်ဆုံး ပေါ်ပြူလာနည်းကို Reparative therapy ပြုပြင်ပေးနည်းလို့ ခေါ်တယ်။ ဒါက Behavior modification အမူအကျင့်ပြုပြင်ပေးနည်း၊ Psychoanalysis စိတ်ခွဲခြမ်းစိတ်ဖြာနည်းနဲ့ Religious prayer ဘာသာရေးနည်းတွေ ရောထားတာပါ။ သိပ္ပံနည်းကျ ပြောရရင် စာရင်းဇယား အားနည်းတယ်။ အောင်မြင်မှုနှုန်း နည်းပေမဲ့ သုည မဟုတ်တာ သတိပြုသင့်တယ်။

American Psychological Association (APA) အမေရိကန် စိတ်ပညာအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်က “လိင်တူချင်း စိတ်ဝင်စားခြင်းသည် စိတ်ရောဂါ မဟုတ်။ (ဂေး)၊ (လက်စဘီယံ)၊ (လိင်နှစ်ခွ) မှန်သမျှသည် စိတ်ဝေဒနာဖြစ်သည်၊ ထိုကဲ့သို့ ဖြစ်နေသဖြင့် လိင်ပြောင်းလဲဘို့ ကုသရန်လိုအပ်သည်ဟူ၍ ဖေါ်ပြချက်မှန်သမျှကို ဆန့်ကျင်သည်။”

ဘာသာရေး ပြင်းပြသူတွေကတော့ Homosexuality ဆိုတာ Sinful အကုသိုလ်လို့ သတ်မှတ်ကြတယ်။ Breach of the bible သမ္မာကျမ်းစာကို ချိုးဖေါက်ရာ ရောက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Prayer techniques ဆုတောင်း ပေးနည်းနဲ့ ပျောက်ကင်းတယ် ဆိုတာမှာ သိပ္ပံနည်းကျ သက်သေပြစရာ မရှိပါ။ ရှိရင်လဲ နည်းနည်းသာ ရှိပါမယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာကနေ တတ်နိုင်လောက်တဲ့ နေရာ ၃ မျိုးရှိပါတယ်။
၁။ Bisexuals လိင်နှစ်ခွဖြစ်သူတွေမှာ သူနဲ့ ဆန့်ကျင်ဘက်လိင်နဲ့ လိင်ကိစ္စကို နည်းနှိုင်သမျှ နည်းပါးစေတာ။
၂။ Homosexuals တွေကို Celibate လိင်မှုကိစ္စ နည်းနိုင်သမျှ နည်းပါးစေဘို့နဲ့ လိင်တူချင်း လက်ထပ်တာကို ရှောင်ရှားစေဘို့။
၃။ Gay men (ဂေး) ယောက်ျားတွေ နဲ့ Lesbians (ဂေး) မိန်မတွေကို လက်ရှိ အမူအကျင့်တွေသာမက သူတို့နဲ့ ဆန့်ကျင်ဘက် လိင်တွေနဲ့ပါ တွဲနေစေဘို့။

လိင်စိတ်သဘာဝမှာ ထူးဆန်းတာလေးတွေ ရှိသေးတယ်။ Straight people ပုံမှန် လူတချို့မှာ လိင်တူကို တခါတလေ စိတ်ဝင်စားမှု ရှိလာတတ်သလို (ဂေး) တွေမှာလဲ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာပါ ဖြစ်တတ်တယ်။ Kinsey Report (ကင်ဆေး-ရီပို့တ်) အရ လူတွေဟာ အဲလို စိတ်အပြောင်းအလဲဖြစ်တာ တသက်မှာ တခါက မဖြစ်တတ်ပါသတဲ့။ သတိပြုဘို့က အဲလိုအပြောင်းအလဲကို အတင်းလုပ်ယူလို့ ဖြစ်စေတာ မဟုတ်ပါ။ ဥပမာ Starbucks (စတားဘတ်ခ်) မှာ အလုပ်နေပေမဲ့ ကော်ဖီကို ကြိုက်ချင်မှ ကြိုက်တယ် မဟုတ်ပါလား။

နောက်အရေးကြီးတဲ့ အချက်တခုက (ဂေး) တယောက်ကို အတင်း လိင်တူချင်း ဆက်ဆံပါလို့ တိုက်တွန်းလို့ မရပါ။ ဆိုပါစို့ (ဂေး) ပေမဲ့ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူ ဖြစ်နေရင် သူများတွေထက် ပိုပြီး ရှောင်ကြဉ်ပါလိမ့်မယ်။ ဓမ္မဆရာ အဆင့် ရှိနေသူဟာ (ဂေး) ဖြစ်နေပေမဲ့ Immoral act နီတိနဲ့ ဆန့်ကျင်တယ်လို့ ယုံကြည်သူမို့ Abstinently လုံးဝရှောင်တာအထိ ဖြစ်နိုင်တယ်။

Ex-gay movement (ဂေး) ဟောင်းများ-လှုပ်ရှားမှု နဲ့ Reparative therapy organizations ပြုပြင်ကုသပေးရေး အဖွဲ့ အစည်းတွေမှာ အောင်မြင်တဲ့ ဇာတ်လမ်းတွေ မရှိဘူးတော့ မဟုတ်ပါ။ ကုသပေးတဲ့ အဖွဲ့အစည်းတွေထဲကို ဝင်ဘို့၊ မဝင်ဘို့တော့ အတင်း မတိုက်တွန်းချင်ပါ။ (ဂေး) အရေအတွက်က နည်းပါးတယ်။ ဒါကြောင့် ကိုယ်လိုလူမျိုး ရှာရတာ ခက်တယ်။ အထီးကျန်စိတ်ဝင်လာမယ်။ အဆင်မသင့်သူတွေမှာ Suicide rates ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း များလို့ ဖြစ်ပါတယ်။ လူတွေဟာ အစားအသောက် အကြိုက်ပြောင်းတတ်ကြသလို ဒီအရေးမှာလဲ ပြောင်းနိုင်ပါတယ်။ ဆိုပါစို့ ကောလိပ်ကျောင်းသူဘဝတုံးက (လက်ဘီယန်) လိုနေခဲ့တဲ့ မိန်းကလေး ကျောင်းပြီးတော့ ယောက်ျားနဲ့ဘဲ တွဲတော့တယ်။

Love in Action ဆိုတာကို ၁၉၇၃ ကစဖွဲ့ခဲ့တယ်။ နောက်ပိုင်း ထပ်ဖွဲ့လာကြတဲ့ Ex-gay organizations (ဂေး) ဟောင်းများ အဖွဲ့တွေ ရှိလာပြီး၊ Exodus International ဆိုတာ အကြီးဆုံး ဖြစ်လာတယ်။ ဒီအဖွဲ့ကြီးရဲ့ လမ်းညွှန်ချက်ကတော့ -
• Attaining abstinence from homosexual behaviors လိင်တူ အမူအကျင့်တွေကနေ ရှောင်ရှားရန်၊
• Lessening of homosexual temptations လိင်တူစိတ် ဖြစ်ပေါ်လာမျိုး လျှော့နည်းစေရန်၊
• Strengthening their sense of masculine or feminine identity ယောက်ျားပီသမှု၊ မိန်းမပီသမှုတွေကို အဖြောင့်အတိုင်း ခံယူစေရန် နဲ့
• Correcting distorted styles of relating with members of the same and opposite gender ကိုယ်နဲ့ လိင်အတူတူ ရှိသူတွေအပေါ်မှာ တလွဲယူဆတဲ့ ဆက်ဆံမှုပုံစံတွေကို ပြုပြင်ရန် ဆိုတာတွေ ဖြစ်တယ်။

International Healing Foundation နိုင်ငံတကာ ကုသမှုအဖွဲ့ကြီးက Change is possible ပြောင်းပြစ်တာ ဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ Building Gay Men's Health (ဂေး) ယောက်ျား ကျန်းမာရေးအသင်းကလဲ ဘဝတူချင်း ကူညီမှုနဲ့ AIDS ရောဂါကအစ ကျန်းမာရေး ကောင်းစေအာင် ကူညီနေပါတယ်။

အမေရိကား၊ ယူကေ နဲ့ ဥရောပမှာ HIV နဲ့ AIDS တွေဟာ အရွယ်ကောင်း (ဂေး) ယောက်ျားတွေမှာ ပိုဖြစ်ကြတယ်။ အမေရိကားမှာ လိင်တူဆက်ဆံမှု ပြုကြတဲ့ ယောက်ျားပေါင်း ၂၅၅ဝဝဝ လောက်မှာ HIV/AIDS ရှိတယ်။ ဒီရောဂါနဲ့ သေဆုံးရသူပေါင်း ၅၄ဝဝဝ ရှိနေပါပြီ။ ဒါက ၂ဝဝ၇ စာရင်းသာ ဖြစ်ပါသေးတယ်။ ၂ဝဝ၉ တုံးက (ယူကေ)မှာ HIV ရှိသူ ၄၅၉၄၇ ယောက်က ဒီအမျိုးအစားဖြစ်တယ်။ ၅၃% ဟာ အသက် ၃၅ နှစ်အောက်တွေ ဖြစ်တယ်။

တခြားတိုင်းပြည်တွေမှာ သူတို့ကိုယ်သူတို့ (ဂေး) လို့ မပြောဘဲ ဒီလိုဖြစ်နေကြတာ များတယ်။ ဥပမာ ဘရာဇီးလ် မှာ AIDS ရောဂါသည်တွေရဲ့ ၄ဝ% ဟာ ဒါဘဲ။ ဒီလို Awareness of HIV & AIDS ကျန်းမာရေး အသိပညာ လူငယ်တွေကြားမှာ (ယူကေ) လို နိုင်ငံမျိုးမှာတောင် နည်းလာနေတယ်။ အဖြစ်များပြီး အသိနည်းလာတာဟာ ကြောက်စရာကောင်းလှတယ်။ လိင်ကတဆင့် ကူးစက်စေတဲ့ Chlamydia, Gonorrhea and Genital herpes ရောဂါတွေဟာ ၁၉၉ဝ နောက်ပိုင်း ၁ဝဝ% များလာတယ်။ ဒါလဲ စာရင်းဇယားထားတဲ့ (ယူကေ) မှာပါ။

ဘာတွေ လုပ်ပေးကြရမလဲ -
1. Raising awareness about HIV & AIDS ကျန်းမာရေး အသိပညာပေးမှု ပိုလုပ်ဘို့၊
2. Providing opportunities for people to develop their personal and social skills တတ်ကြွမ်း နာလည်မှုတွေရော အခွင့်အလမ်းတွေပါ တိုးပေးဘို့ နဲ့
3. Providing accessible and appropriate sexual health services and advice including access to condoms ကျန်းမာရေးစောင်ရှောက်မှု နဲ့ (ကွန်ဒွမ်) လို အကာအကွယ်ပေးတာကို လက်လှမ်းမီစေအောင် ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ကြဘို့ လိုပါတယ်။

Attraction ဆွဲဆောင်မှု ဖြစ်ကြတယ်ဆိုတာ တလမ်းသွား မဟုတ်ပါ။ အပြန်အလှန်သဘော ပါရတယ်။ လူတိုင်းကို လိုက်ကြိုက်နေတာမျိုး မရှိနိုင်ပါ။ သိတဲ့အတိုင်းဘဲ မျိုးပွါးစေဘို့ တခုထဲအတွက် လိင်ဆက်ဆံမှု ပြုကြတာ မဟုတ်ပါ။ သာယာမှု ရှာချင်တဲ့စိတ်ကနေ စေ့ဆော်တယ်။ (ဂေး) တွေမှာလဲ အဲလိုဘဲ။ သာယာမှုနောက် လိုက်ချင်တယ်။

ဘာသာရေးကနေ မလိုလားအပ်တဲ့ စိတ်နဲ့ အပြုအမူတွေ နည်းပါးအောင်၊ ကင်းစင်အောင် သင်ပြပေးနိုင်တယ် ဆိုတာ မှန်တယ်။ ဗုဒ္ဓဘာသာရော တခြားဘာသာတွေမှာရော အများကြီး ရှိတယ်။ ဘာသာရေး တခုထဲ မဟုတ်ပါ။ လူကြီးသူမ အဆုံးအမ၊ မိတ်ဆွေကောင်းတွေရဲ့ အကူအညီ၊ ကျောင်းတွေကလဲ ကောင်းတဲ့ဘက်၊ ကောင်းတဲ့ဆီ ကူညီ ဖေးမပေးနိုင်ကြတာပါဘဲ။

ကာယကံရှင်ကနေ ဒီတောထဲက ထွက်ချင်နေပြီ ဆိုသူမျိုးဟာ ကောင်းလာနိုင်တဲ့ အခွင့်အလမ်း သိပ်များပါတယ်။ ပျောက်ချင်-နည်းချင်ရင် ဖဲရိုက်တဲ့အကျင့်ကို ပျောက်ချင်သူဟာ ဖဲဝိုင်းရှိရာ မသွားတာက စရသလို (ဂေး) ဖြစ်နေတာကို အားပေးသူတွေနဲ့ ကင်းကင်းရှင်းရှင်း နေသင့်တယ်။ (ဂေး) အခွင့်အရေး အသင်းဝင်တွေဟာ တသက်လုံး ဒီဘဝကိုသာ ကျေနပ်နေတော့နိုင်တယ်။ လိင်စိတ် ထကြွစေတာ မှန်သမျှ ရှောင်ရမယ်။ တခြား ပတ်ဝန်းကျင်မှာ ကျင်လည်သင့်တယ်။ အားကစား၊ လူမှုရေး၊ စာပေ၊ အနုပညာ စတာတွေကနေ စိတ်ကို အများကြီး ပြုပြင်နိုင်တယ်။ လူတွေဟာ မွေးကတည်းက ကွန်မြူနစ် အနေနဲ့ မွေးလာကြတာ မဟုတ်ပါ။ နောက်ပြီး ဘာလင်-တံတိုင်း အရှေ့ဖက်ကနေ အနောက်ဖက် ရောက်တာနဲ့ ဘဝပါ ပြောင်းသွားကြပါတယ်။

Dr. တင့်ဆွေ
၂၁-၉-၂ဝ၁၁

Saturday, September 21, 2013

My god he is hot!!!



My God, he is hot!!!! နေ့တစ်နေ့ရဲ့အစ စာသင်ခန်းထဲမ၀င်ခင် အခန်းအပြင်မှာ ကျွန်တော်ထိုင်နေတုန်း ဘယ်တစ်ဦးတစ်ယောက်ကို မှ သတိထားဂရုစိုက်မိတာတွေ လုံးဝမရှိ။ အေးအေးဆေးဆေး ဖတ်စရာရှိတဲ့စာအုပ်တွေကိုသာ ဖတ်နေမိရော။ ဒါပေမဲ့ ကျွန်တော်တို့ကျောင်းရဲ့ counselor ဦးတင်ထွေးနှင့်အတူ လမ်းလျှောက်လာသော သူ့ကိုမြင်တော့ မျက်လုံးများပင်ပြူးသွားမိပါရဲ့။ ကျောထဲစိမ့်သွားမိတဲ့အထိ ခံစားရပါတယ် သူ့ကိုမြင်ရကြည့်ရတာနဲ့တင်လေ။ စိုက်မကြည့်မိဖို့ ဘယ်လိုမှ ထိန်းထားလို့မရဘူးဗျာ။ မရောင်မလည်နဲ့ ဦးတင်ထွေးကိုင်ထားတဲ့ ကျောင်းသားform ကိုပခုံးပေါ်ကနေကျော်ကြည့်လိုက်တော့ သူ့နာမည်က ဘိုဘိုတဲ့။ ဦးတင်ထွေးက ကျွန်တော်တို့တန်းခွဲတစ်ခုလုံးနှင့် သူ့ကိုမိတ်ဆက်ပေးတယ်ဗျ ကျောင်းသားဟောင်းတွေနဲ့ ၀ံ့ရဲစွာပေါင်းသင်းဆက်ဆံလို့ ရအောင်ထင်ပါတယ်။
သင်္ချာချိန်မှာ ဆရာက ပုစ္ဆာတွေရဲ့ အမေးအဖြေ သဘောသဘာဝရှင်းပြတာကို နားထောင်ရင်း ကျွန်တော် ဘိုဘို့ကို အာရုံစိုက်သတိပြုမိ ပါတယ်။ fuck….သူကတော်တော်ကြည့်လို့ကောင်းတာပဲဗျာ။ အရပ်အမြင့်က အနည်းဆုံး ၆ပေလောက်မြင့်မယ်။ ပြီးတော့ မျက်ဝန်း တွေက ရွှန်းလဲ့တောက်ပနေကာ ဆံနွယ်တွေက အညိုနုရောင်ခွေလိပ်လိပ်လေးတွေနဲ့။ သူ့ခန္ဓာကိုယ်က တကယ့်ကို ကောက်ကြောင်း လှတာ ကြွက်သားမြှောင်းတွေတောင်ထင်းလို့။ ရုတ်တရက် ကျွန်တော်သူ့ကိုကြည့်နေတာရိပ်မိသွားလို့ထင့် ကျွန်တော့် မျက်နှာဆီ အကြည့်ရောက်လာတာကြောင့် မျက်လုံးအကြည့်ကိုခပ်မြန်မြန် ရွှေ့ထားလိုက်ရပါတယ်။ သူ ဒီအဖြစ်ကိုလုံးဝသတိမမူမိသွားပါဘူး။ ကျွန်တော်အခုထိ bi ဖြစ်နေတုန်းပါ။ ကောင်မလေးတွေကိုလည်း ချစ်တယ်၊ကောင်လေးတွေကိုလည်း သဘောကျနေဆဲပါ။ ဘိုဘို ကတော့ ကျွန်တော့်အတွက် လုံးဝအသစ်ကြီးတစ်ခုဖြစ်ပါတယ်။ ကျွန်တော် သူ့အတွက်တော့ gay စစ်စစ်ကြီးကိုဖြစ်လို့။
ဘိုဘို့ကိုငမ်းဖို့ အခွင့်ကောင်းတွေနှင့် ရက်များစွာကို ကျော်ဖြတ်ခွင့် ကျွန်တော်ရပါတယ်။ အားကစားအချိန်ဆို ဘောင်းဘီတိုလေးနှင့် ခုန်ဆွခုန်ဆွလုပ်နေတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော့်ပေါင်ခြံထဲက ညီဘွားက ခေါင်းထောင်ထရတာ မနည်းထိန်းရတယ်ဗျာ။ နောက် အတန်းချိန်တစ်ခုပြောင်းဖို့ သက်ပြင်းမောတွေမှုတ်ထုတ်ရင်းစောင့်ဆိုင်းရတာ မကြာခဏလေ။
Shit!!! ကျွန်တော် ခြေသံတစ်ချို့ကို ရုတ်တရက်ကြားလိုက်ရတယ်။ အ၀တ်လဲခန်းထဲ မသိမသာ ၀င်ရပ်နေတဲ့ ကျွန်တော် မသိမသာလျော့ရဲနေတဲ့ ဆီးစပ်က ဘောင်းဘီကိုဆွဲတင်လိုက်ရင်း နောက်ဖက်ကို လှည့်ရပ်လိုက်တယ် ဘိုဘိုလျောက်လာတာကို မြင်ရရော။
သူ ကျွန်တော့်ဆီတည့်တည့်လှမ်းလာရင်း မေးတယ် “မင်း…. ဒီအနောက်ဘက်အခန်းထဲ ဘာလာလုပ်နေတာလဲ?” တဲ့။ ကျွန်တော် ဘာမှ တုန့်ပြန်ဖြေကြားမှုမပြုခဲ့။ စကားတုန့်ပြန်ပြောဖို့ထက် တံတွေးကို အကြိမ်ကြိမ်အခါခါ မျိုချနေရတာကိုး။ ကျွန်တော်ကိုယ့်ကိုယ်ကို ဘယ်လိုမှ မထိန်းနိုင်ခဲ့တာ အမှန်ပဲ။ တဖြည်းဖြည်း သူနှင့်နီးကပ်လာရတာကပဲ ရင်အခုန်ဆုံး။
သူကျွန်တော့် ပခုံးကိုကိုင်ကာ အ၀တ်ဘီရိုနဲ့ဆွဲကပ်လိုက်ရင်း အော်ဟစ်တဲ့အသံနီးပါး “မင်းကို စာသင်ခန်းထဲမှာကတည်းက သတိထားမိ နေတာ….မင်းက gay လား ဒါမှမဟုတ် ဘာလဲကွ?” လို့ပြောရော။
ကျွန်တော်ဘာပြောရမှန်းမသိ စဉ်းစားမရဖြစ်နေချိန်နှုတ်ဖျားကတော့ “ကျွန်တော်…..ကျွန်တော်က bi” ကိုယ့်ကိုယ်ကိုလည်း ဘာလုပ်ရ မှန်းမသိ သူ့မျက်နှာကိုကြည့်တော့လည်း နီရဲဒေါသထွက်နေသလိုဖြစ်ပေမယ့် ဒီထက်ပိုမပြောင်းလဲပြန်ဘူးဗျ။ ကျွန်တော်လည်း သူ့ မျက်နှာကိုမကြည့်ရဲတော့တာကြောင့် အကြည့်ကို အောက်ဘက်ရွှေ့လိုက်တာ မယုံနိုင်စွာ ခပ်တိုတို အားကစားဘောင်းဘီခွကြားက သူ့ငပဲဟာ လေရှူနေရော။ ဘာမဆိုင်ညာမဆိုင် ကျွန်တော့်ညီဘွားက ရုတ်တရက် တင်းကနဲခေါင်းထောင်ထလာပါတယ်။
ကျွန်တော် အဲ့ဒီမြင်ကွင်းကို စက္ကန့်အနည်းငယ်ငေးနေမိပြီး မျက်နှာကိုပြန်အမော့မှာတော့ ကျွန်တော့်နှုတ်ခမ်းသားတွေကို အားရပါးရ စုပ်နမ်းတာကို ခံလိုက်ရပါတော့တယ်။ ပြီးတော့ “ မင်းကြည့်ရတာ အံ့အားသင့်သွားပုံရတယ်။ ငါလည်း bi တစ်ယောက်ပဲ။ သိတယ်ဟုတ်!” တဲ့သူကပြောသည်ပေါ့နော်။
“ခင်ဗျား….ကျွန်တော့်ကိုနောက်နေတာလား? ကျွန်တော် အဲ့လောက်ကံမကောင်းနိုင်ပါဘူး”
“ကောင်းပြီ၊ ဒီဟာကြီးကတော့ ယုံမှာပါ” သူ ကျွန်တော့်ငပဲခပ်တင်းတင်းကို လက်နှင့် အသာအုပ်မိုးဖမ်းကိုင်လိုက်ရင်းပြောတာပါ။ “ မင်း ဒီအနောက်က အခန်းထဲလာပြီး လက်ကစားနေတာ ငါမြင်ပြီးသား….အခု မင်းဇာတ်လမ်းဆုံးအောင် ကူညီပါရစေ”
ဘိုဘို ကျွန်တော့်ရှေ့တည့်တည့်မှာ ဒူးထောက်ထိုင်ချလိုက်ကာ ကျွန်တော်ဝတ်ထားတဲ့ ဘောင်းဘီကို လျှောကနဲ ဆွဲချွတ်ချလိုက်ရောဗျ။ ကျွန်တော့်ငပဲထောင်မတ်နေတာကို ရွှန်းရွှန်းစားစားကြည့်ရင်း သုံးသပ်ချက်များစွာပြောတော့တယ်။ “မိုက်တယ်ကွာ….Wow! တော်တော် တုတ်ပြီး ရှည်တာပဲ” ဆိုတဲ့စကားက သူ့မှတ်ချက်တွေထဲကတစ်ခု။ သွေးတွေတဆတ်ဆတ်တိုးနေတဲ့ ကျွန်တော့်ငပဲကို သူ့နှုတ်ခမ်းသား တွေနှင့် ပွတ်ဆွဲပြီးနောက် သူ့အာခံတွင်းထဲထည့်လိုက်တယ်။ “Oh My god!!” သူ့လျှာကို မွှေရင်း ဘယ်လို-ုပ်နေလဲမသိဘူး။ ကျွန်တော် သူ့ခေါင်းကိုထိန်းကိုင်ရင်း ကျွန်တော့်ငပဲတစ်ချောင်းလုံး သူ့လည်မျိုထဲ ရောက်မတတ်ဖိသွင်းပစ်လိုက်တယ် မှတ်ကရော။ ကျွန်တော် အချိန်သိပ်ကြာကြာ မထိန်းနိုင်တော့ သူ့အပြုအစုမှာ သာယာပြီး သုက်ရည်အများအပြားကို ပန်းထည့်မိတော့တယ်။ “အား…..အ….ပြီး….ပြီးပြီ”
သူ…သူ ကျွန်တော့်ငပဲရဲ့ ကွမ်းသီးခေါင်းကို လျှာနဲ့ရစ်ဝိုက်ပြီး သန့်ရှင်းစေတယ်။ ပြီးတော့ သူ ထွေးမပစ်ဘူးဗျ။ သူလည်း မတ်တပ်ရပ် ကျွန်တော်လည်းလျှောကျနေတဲ့ ဘောင်းဘီကိုဆွဲတင်လိုက်စဉ် “အရမ်းမိုက်တယ်၊ဒီထက်ပိုလုပ်ချင်သေးတယ်ကွာ။ ကျောင်းဆင်းရင် ဒီလိပ်စာအတိုင်းလာခဲ့။ ငါ့မိဘတွေအိမ်မှာ မရှိလောက်သေးဘူး” တဲ့သူကပြောတယ်။ ကျွန်တော့်ကို သူ့ကျောပိုးအိတ်ထဲက တစ်သျှူး တစ်ချို့နဲ့အတူ လိပ်စာကဒ်တစ်ခုပေးပြီးထွက်ခွာသွားပါရဲ့။ သူ့ပေါင်ခြံဆီတစ်ချက်ကြည့်လိုက်မိတော့ ဘောင်းဘီမှာ pre-cum တွေက ရွှဲစိုလို့ ပေါင်တံကနေတစ်ဆင့် မြေပြင်ကိုတောင် တစ်စက်စက်ကျနေသလိုပဲ။
အိုး…အိုး….မိုင်ဂေါ့….ကျွန်တော်ဘယ်လိုမှ ယုံလို့မရနိုင်သလိုကိုဖြစ်နေ ခံစားမိနေပါတယ်။ ဘိုဘိုတစ်ယောက် ကျွန်တော့်ကို blow-job လုပ်ပေးသွားတာ တကယ့်ကို ရူးသွပ်သွားသလားပဲ။ ကျွန်တော် ကျောင်းဆင်းချိန်တွေကုန်ဆုံးဖို့ကိုတောင် တော်တော်ကြာကြာစောင့်ရ သလားထင်နေမိပါတယ်။ ကျွန်တော် တော်တော့်ကို စိုးရိမ်မကင်းစိတ်တွေဝင်နေခဲ့သလိုခံစားရတယ်ဗျ။ သူ…..ကျွန်တော်နှင့် ဘာများထပ် လုပ်ချင်နေသေးသလဲ တော်တော်သိချင်နေမိပါတယ်။ ကျောင်းဆင်းဖို့ သုံးနာရီလောက်စောင့်ရတာကို နှစ်များစွာစောင့်နေရသလိုပဲ ကျောင်းဆင်းဘဲလ်တီးတာနှင့် ဘိုဘိုတို့အိမ်ရှိရာကို စထွက်တော့တာ။
လိပ်စာအတိုင်းရှိတဲ့အိမ်ကိုရောက်ဖို့ မိနစ်နှစ်ဆယ်လောက်ပဲကြာတယ်။ ဒါပေမဲ့ သွားရာလမ်းမှာ ကျွန်တော့်ပေါင်ကြားက ငပဲက တဖြည်းဖြည်းမာတောင့်လာတာ အိမ်ကိုလည်းမြင်ရော မာတောင့်လွန်းလို့ နာတောင်နာတယ်။ ဘိုဘိုပြောထားတဲ့ အိမ်မကြီးဘေးက လမ်းကြားလေးထဲလျှောက် တံခါးချပ်လေးကို ခပ်သာသာလေးခေါက်လိုက်တော့ တံခါးက ခပ်ဖြည်းဖြည်းဟလာတယ်။ ၀ိုး…..ဘိုဘို အ၀တ်မပါ ဗလာကိုယ်ထီးနှင့် ရပ်နေတာ သူ့ငပဲကြီးက ကျွန်တော့်ကိုအမြှောက်နဲ့ချိန်ထားသလိုပဲ။ ကျွန်တော့်ပခုံးနှစ်ဖက်ကိုဆွဲကိုင် နှုတ်ခမ်းသားတွေကို ခပ်ကြမ်းကြမ်းစုပ်မျိုနမ်းရှုံ့တော့တာ…။ သူ့ဒစ်က အနည်းဆုံး ၇လက်မလောက်ရှိမယ် လုံးပါတ်ကလည်း အားရစရာ။ တော်တော် သည်းထိပ်ရင်ဖိုစရာဖြစ်ပေမယ့် ကျွန်တော် စိတ်မှန်းနဲ့တိုင်းထွာမိပြီးသားဖြစ်နေရော။
ကျွန်တော် သူ့ငပဲဆီလက်ရောက်သွားချိန် သူ့လက်ကလည်း ကျွန်တော့်ငပဲကို ဘောင်းဘီထဲလက်လျှိုနှိုက်တယ်။ ရှပ်အင်္ကျီကိုချွတ် ဘောင်းဘီကိုပါ ဖယ်လိုက်ချိန်မှာတော့ ဘိုဘိုရယ်လေ ပထမအကြိမ်တုန်းကလိုပဲ ကျွန်တော့်ငပဲကိုအားရပါးရကိုင်ပါရော။

“ဘယ်လို ကျွန်တော့်ငပဲကိုကြိုက်လို့?  ကျွန်တော်က ခင်ဗျားငပဲ အရှည်ကြီးကို သဘောကျနေတာဗျ ဘိုဘိုရ” သူဘာမှပြန်မပြော ကျွန်တော့်ငပဲကိုဆွဲပြီး ရှေ့ကဦးဆောင်ခေါ်သွားတာက သူ့အိပ်ခန်းထဲ…..ကျွန်တော့်မှာ တရွတ်တိုက်လိုလို ဟတ်ထိုး ဟတ်ထိုးပါ သွားရတယ်။

“My God, He is hot!!!!”

Alex Aung (17 Sep 2013)

Saturday, September 14, 2013

တတိယလိင် မြန်မာမယ်



ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။

သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။

သူ့အမည်ကား သညာမောင်။ အသက်က ၂၉ နှစ်။ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေတွင် နိုဝင်ဘာ ၁ ရက် နေ့၌ ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဆုံး ယှဉ်ပြိုင်မည့်သူလည်း ဖြစ်သည်။

သညာမောင်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာတိဖွားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်နေကာ Ramkhamhaeng တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေးနှင့် အင်္ဂလိပ်စာ ဘာသာရပ်ကို အထူးပြု သင်ကြားလျက် ရှိသည်။

သညာမောင်သည် ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိကာ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်သည့်အပြင် ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးအတွက် စေတနာ့ဝန်ထမ်း အလုပ်ကိုလည်း လုပ်ကိုင်ခဲ့သည်။

Miss International Queen 2013 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရခြင်းကို သူက “ကျွန်မလို အမျိုးတူ Gender အပြောင်းအလဲ ဖြစ်နေသူတွေအတွက်လည်း အခွင့်အရေးကောင်းတွေ ရစေချင်လို့ပါ” ဟု ရင်ဖွင့် ပြောပြသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ရန်ကုန်မြို့တော် အခြေစိုက် အလှ ဖန်တီးရှင် အသိုင်းအဝိုင်းက တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်း ဖြစ်သည်ဟု တူညီစွာ ပြောဆိုကြသည်။
“ဒီပွဲကိုဝင်ပြိုင်ရခြင်းက မြန်မာ့ဂုဏ်ဆောင် တစ်ဦးဖြစ်ချင်တာ” ဟုလည်း သညာမောင်က ဆိုသည်။

Miss International Queen 2013 ပြိုင်ပွဲကို Tiffany’s Show pattaya Co., Ltd. က စီစဉ်ပြီး ပြိုင်ပွဲဝင်များသည် ထိုင်းဘတ်ငွေ တစ်သောင်းခွဲကို ပေးသွင်းရမည်ဖြစ်ပြီး လာရောက် ယှဉ်ပြိုင်ရန်အတွက် ကုန်ကျစရိတ်များကို ကိုယ်တိုင်ကုန်ကျခံရမည် ဖြစ်သည်ဟု ယင်းပြိုင်ပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပြိုင်ပွဲသည် တတိယလိင်အဖြစ် ခံယူထားသူများအတွက် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးခြင်း ဖြစ်ပြီး ဆွဲဆောင်မှုရှိသော ပြိုင်ပွဲဝင် ၃၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နာမည်ကျော် အလှဖန်တီးရှင် မိတ်ကပ်တိုးတိုးကမူ “ပြိုင်ပွဲဝင်တာက အဘက်ဘက်က အရည်အချင်း ပြည့်စုံလို့ ဖြစ်ပါလိမ့်မယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် တတိယလိင်အဖြစ် ခံယူထားသူများကို အချို့က ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာ စသည်ဖြင့် တိုင်းတာကာ လက်ခံနိုင်ခြင်း မရှိကြဘဲ အချို့ကလည်း လူ့ခွင့်အရေး ရှုထောင့်က ရှုမြင်ကာ ထောက်ခံအားပေးသူများလည်း ရှိသည်။
ခေတ်အဆက်ဆက် အစိုးရကမူ တတိယလိင် ကိစ္စကို အားမပေးသော်လည်း မနှိမ့်ချသကဲ့သို့ ထောက်ခံခြင်းလည်း မရှိပေ။

ရန်ကုန်မြို့တော်ကြီးတွင် တတိယလိင် ခံယူသူတို့၏ မော်ဒယ်လ်ရှိုး လျှောက်ပွဲများကို ၂၀၀၉ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်၌ ပထမဆုံး ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် အမျိုးသမီးစစ်စစ် များပင် အရှုံးပေးရလောက်အောင် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။

ယင်းနောက် ၂၀၁၂ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် မော်ဒယ်လ်ရှိုး လျှောက်ပွဲကို Excel Tower တွင် ကျင်းပခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ တတိယလိင်အဖြစ် ခံယူထားသည့် အလှပဂေးများက တရားဝင် လာရောက် ဖျော်ဖြေကြသည်။

ထိုပွဲတွင် မော်ဒယ်လ်အဖြစ် လမ်းလျှောက်သူ အသက် ၂၄ နှစ်အရွယ် အလှဖန်တီးရှင်တစ်ဦးကမူ “မြန်မာနိုင်ငံမှာလည်း ဒါမျိုးရှိုးပွဲတွေ များများလုပ်စေချင်တယ်။ သညာမောင် ဝင်ပြိုင်တာလည်း ဆုရစေချင်တယ်” ဟု နွဲ့နှောင်းသောအသံဖြင့် ဆိုသည်။

သညာမောင် ဝင်ရောက် ယှဉ်ပြိုင်မည့် Miss International Queen ပြိုင်ပွဲကို ပတ္တရားကမ်းခြေတွင် ကျင်းပခဲ့သည်မှာ ၂၀၀၄ ခုနှစ်ကတည်းကပင်ဖြစ်ပြီး ဆုငွေမှာ အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက Kevin Balot က ရရှိထားသည်။

၂၀၀၄ ခုနှစ်မှ စတင်ခဲ့သော ယင်းပြိုင်ပွဲဆုများကို ထိုင်းနိုင်ငံမှ သုံးကြိမ်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့က တစ်ကြိမ်စီ ရရှိထားသည်။

ကမ္ဘာတစ်ဝန်းရှိ တတိယလိင်အဖြစ် ခံယူထားသူများ စိတ်ဝင်တစား လာရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ သညာမောင်က ပထမဆုံး စတင်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။
သညာမောင်က“ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားသွားပြီးတော့ ကျွန်မလိုဘဝတူတွေ အတွက်လည်း အခွင့်အလမ်းကောင်းတွေ ဖော်ဆောင်ပေးချင်လို့ပါ” ဟု ပြောပြသည်။

ဘုရင်မ သရဖူကို ပုံဖော်ထားသော Miss International Queen လိုဂိုအနီးတွင် ပန်းရောင်ဇာပေါက် အင်္ကျီကို ဝတ်ဆင်ထားသည့် စူးရှရှမျက်လုံးများဖြင့် ကြည့်နေသည်။ လိုဂိုအောက်တွင် Contestant -Miss Tanya Maung ဟု ရေးသားထားသည့်အပြင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် နေရာတွင်လည်း မြန်မာဟု ဖော်ပြထားသည်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ဖြစ်သည်။

Miss International Queen 2013 ဆု ရမရကိုတော့ နိုဝင်ဘာ ၁ ရက်နေ့တွင် စောင့်ကြည့်ရဦး မည်ဖြစ်သည်။

မင်းထက်စံ


The Voice Weekly

Wednesday, September 4, 2013

Modified Penis ပန်းအဖျား အဆန်းအပြားလုပ်ခြင်း



အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၂)

1. Modified Circumcision ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
2. Penis modification ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား
3. Circumcision ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား

Modified Circumcision ပန်းအဖျား အဆန်းအပြားလုပ်ခြင်း
Phimosis ပန်းငုံတာကို ဖြတ်ပေးတဲ့ Circumcision လုပ်တာမှာ အဆန်းထွင်တာတွေရှိတယ်။ ဆေးရုံတွေမှာ လုပ်မပေးပါ။ ဆရာများကို တိုးတိုးတိတ်တိတ် အပူကပ်ပြီး၊ တမင်တကာ ပစ္စည်းတခုခု ထည့်ခိုင်းတတ်တယ်။ ဂေါ်လီလုံး လိုမျိုး။ ဒီလိုလုပ်တာက စိတ်ကူးကတော့ လုံးပါတ်ကြီးအောင်ပေါ့။ ထူးအောင်နေမှာပေါ့။ ခွဲစိတ်တုံး ပိုးမွှား မဝင်ရင် ကံကောင်းပါတယ်။ အမှန်က သီအိုရီအရပြောရရင် Foreign body ဖြစ်တာမို့ ကိုယ်ထဲမှာ ကြာကြာ လက်မခံပါ။ နောက်ကြ ထုတ်ပြစ်ရမှာပါ။ "မောင်အေး-နှစ်ခါနာ"ပေါ့။ အတူနေဖက်က ဘယ်လိုစိတ်ထားမလဲ မပြောတတ်ပါ။ ထင်တာတော့ အတွေ့အကြုံများတဲ့ အမျိုးသမီးက တခါတလေ ဆိုတာမျိုး စိတ်လှုပ်ရှားနိုင်မယ်။ ဒါပေမဲ့ အများစု မိန်းကလေးတွေဆိုရင် သဘာဝ မဟုတ်တာကို လက်ခံဘို့ ခက်မယ်ထင်ပါတယ်။ ကိုယ်တွေ့ပါဘဲ၊ ပြန်ထုတ်ပေးရဘူးတယ်။ သူ့ဇနီး သဘောဆန္ဒအရပေါ့။

ယောက်ျားအင်္ဂါရဲ့အပေါ်ဖုံးအရေပြား Foreskin အောက်မှာ အညစ်အကြေး ရှိတာဟာ ရောဂါပိုးကြောင့် ဖြစ်တာက နည်းပါတယ်။ ငယ်ရွယ်သူများမှာ ဒီအရေပြားကို အဖွင့်-အပိတ် သိပ်မလုပ်တာမို့၊ သန့်ရှင်းပေးဘို့လဲ လိုလို့ အရေပြားက ထွက်တဲ့ ချွေး-အဆီတွေက အညစ်အကြေးဖြစ်လာရတယ်။ အဲလိုသာဆိုရင် သာမန်သန့်ရှင်းရေး လုပ်ပေးတာနဲ့ ကောင်းနိုင်ပါတယ်။ အညစ်အကြေးကို ဖယ်ထုတ်၊ ဆပ်ပြာနဲ့ရေသုံးပြီး၊ ဆေးကြောသင့်တယ်။ ရေချိုးတိုင်း သန့်ပေးပါ။ လူပျိုကလေးများမှာ အဖြစ်များတာမို့ အဖေ၊ ဦးလေးတို့ကနေ ပညာပေးသင့်တယ်။ မကောင်းတာတွေ ဖယ်ပြီးရင်၊ Glans penis ပန်းထိပ်အသားက သိပ်နုတာမို့၊ အထိအခိုက် ဂရုစိုက်ရပါမယ်။ ပုဆိုးဝတ်တာတောင်မှ သတိထားရမှာပါ။ လူပျို မပေါက် တပေါက်အရွယ်မှာ ကွမ်းသီးခေါင်းအထိ အရေပြား လှန်ပေးတာကို ခံနိုင်သလောက် ဖြေးဖြေးချင်း၊ လုပ်ပေးသင့်တယ်။ ဒါပေမဲ့ ကလေးဘဝမှာ အပေါ်အရေပြားကို တခါတည်းနဲ့ အတင်းဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ တချို့ ကာလသားကြီးတွေက လုပ်တတ်ကြတယ်။

အဲဒီနေရာမှာ ယားတာကို သန့်ရှင်းရေးလုပ်လို့မှ မပျောက်သေးရင် ၂ ခု စဉ်းစားရပါမယ်။ ပိုးဝင်နေသလား။ ပိုးမဝင်တာက ပိုများပါတယ်။ ဒါဆိုရင် အယားသက်သာမဲ့ မပြင်းတဲ့ဆေးသုံးသင့်တယ်။ Calamine lotion လိမ်းဆေး။ လိုအပ်ရင် Xylocaine 2% ထုံဆေး။

အရွယ်ကြီးသူများမှာ ပိုးဝင်တာလဲ ဖြစ်တတ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ STDs/STIs တွေဆိုရင် သူ့နည်းအတိုင်း ကုရမှာပါ။ မဟုတ်ရင် အနာ-အဆာလိမ်းဆေး Antiseptic တခုခုသုံးပါ။ Cortisone မပါတာသုံးပါ။ လောင်စေတတ်တာမျိုး ရှောင်ပါ။ Dettol, Savlon စတာတွေ သုံးနိုင်ပါတယ်။ (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက်)က အညစ်အကြေးတွေပါ အမြှုပ်ထပြီး၊ သန့်သွားစေမယ်။ အိုင်အိုဒင်း ဆိုရင် ၂% ထက် မပြင်းသင့်ပါ။ အနာလိုဖြစ်မှသာ သုံးပါ။ တင်ချာ-အိုင်အိုဒင်း မသုံးသင့်ပါ။ အသားနုနေချိန်မှာ အရက်ပြန် Methylated alcohol သုံးတာတောင် သိပ်မသင့်သေးပါ။ ပါးစပ်မှာကို သုံးနိုင်တဲ့ Gentian violet ကို အဆီပြန်သလို ဖြစ်နေရင် သုံးနိုင်တယ်။ Chloramphenicol, Tetracycline မျက်စဉ်းမျိုးက အဆီသဘောလဲပါလို့ ပိုအဆင်ပြေပါတယ်။ ကပ်လဲမကပ်ဘူး။

အတို-အရှည်၊ အကြီး-အသေး၊ ထူးခြားမှုဆိုတာက Orgasm နဲ့မဆိုင်ပါ။ နှစ်ဦးနှစ်ဖက် မျှတ ညီညွတ်ဘို့က အဓိကပါ။ တယောက်က နောက်တယောက်ထက် ပိုထူးနေတာက ရည်ရွယ်ချက်ကို မပေါက်ရောက်နိုင်ပါ။

အရွယ်အစား အတွက်ဘဲဖြစ်ဖြစ်၊ ကလိစရာ ပစ္စည်းမျိုး ထည့်တာ၊ သုံးတာတွေက နောက်ကြောင်း မအေးပါ။ ဒီကိစ္စမျိုးကို ဗမာပြည်မှာ ခိုးကြောင်ခိုးဝှက်သာ လုပ်ရတာမို့ ပိုပြီး စိတ်မချရပါ။ လေဟာပြင်ဈေးလို၊ ညဈေးလို၊ နေ့ခင်းလမ်းဘေးဈေး လိုမှာ လူကဲခပ်ပြီး လက်တို့ရောင်းတဲ့ အရာတွေဟာ အညာတွေပါ။ ပရုပ်အမှုံ့ကို ပီယဆွဲဆောင်ဆေး လုပ်ရောင်းတာ ရှိတယ်။ ရာဘာကွင်းမှာ အမွှေးအမျဉ် တပ်ရောင်းတာလဲ ရှိတယ်။ ကိုယ့်အတွက်လဲ စိတ်မချရသလို အဖေါ်ကိုလဲ ထိခိုက်နိုင်တယ်။

နှစ်ယောက်လုံးရဲ့ ဒီလိုဆက်ဆံနေရာတွေက အင်မတန် နူးညံ့လှတဲ့နေရာတွေ ဖြစ်ပါတယ်။ သုတ်ပိုးသတ်ဆေး Spermicide ဆေးပြားတွေက အက်စစ်ဓါတ် ပါလို့ နှစ်ယောက်လုံးကို ပူစပ်စေတယ်။ ဇနီးမှာ Copper T IUCD ထည့်ထားလို့ ၁ လက္မလောက်ချန် ဖြတ်ထားတဲ့ ကြိုးစ ၂ ခုကတောင် ခင်ပွန်းရဲ့ အင်္ဂါထိပ်ကိုထိရင် နာစေတတ်တယ်။ နိုင်လွန်အစား၊ ပိုးကြိုးလေးနဲ့ ထုတ်သင့်တယ် ထင်ပါတယ်။

မွေးလမ်းကြောင်းကနေ ကလေးဖွါးရတဲ့ အမျိုးသမီးတွေဟာ သားဦးမှာ စုပ်ပြဲတတ်တယ်။ တဝက်ကျော်က EPI လမ်းကြောင်းချဲ့ ဖွါးပေးခံရမယ်။ ပြန်ချုပ်တာမှာ ကောင်းဘို့လိုပါတယ်။ ချုပ်ပေးပေမဲ့ ပိုးဝင်လို့ အနာနေရာက ကျယ်သွားတာလဲရှိတယ်။ အခန့်မသင့်လို့ စုပ်ပြဲတာကို မချုပ်ရသူတွေလဲ မနည်းဘူး။ ဒီလိုအမျိုးသမီးများကို အနာ ကောင်းကောင်း ကျက်ပြီးတဲ့နောက် အသစ် ပြန်ချုပ်ဘို့ လိုတယ်။ Perineal repair ပြန်ချုပ်ရာမှာလဲ "မအိုသေးတဲ့သူ အပျိုလေးနဲ့တူ" ဖြစ်အောင် ပြင်ပေးလို့ ရတယ်။ ဆရာဝန်တွေက ပါရမီဖြည့်ပေးသင့်ကြပါတယ်။

ကလေးဖွါးရတာ များသူတွေကိုလည်း Repair လုပ်ပေးသင့်တယ်။ အဝကျယ်နေတာတင်မကဘဲ၊ Vaginal skin အတွင်း မွေးလမ်းကြောင်း အရေပြားနဲ့ အောက်ခံကြွက်သားတွေက ချောင်လာ၊ ပျော့လာလာ၊ တင်းအားတွေ လျော့လာတယ်။ နှစ်ဦးစလုံး စိတ်အလိုနည်းစေမယ်။ သူများတိုင်းပြည်တွေမှာ Colporaphy (vagina thightening) ဆိုတဲ့ မွေးလမ်းကြောင်း အလှပြင်တာကို ဆေးမစားမီပုံ၊ ဆေးစားပြီးပုံနဲ့တကွ ကြော်ညာတာတွေရှိတယ်။ tone, strength, control ကြွက်သား၊ အရွတ်နဲ့ အရေပြားတွေရဲ့ တင်းအား၊ အင်အား၊ ထိန်းအား၊ ကောင်းအောင် ခွဲစိတ် ပြုပြင်ပေးတာပါ။ စောစောပိုင်းက ရေးခဲ့တဲ့ ယောက်ျားလေးတွေကိုပြုပြင် နည်းတွေထက် ဒီလို ပြုပြင်တာမျိုးက လုပ်သင့် လုပ်ထိုက်ပါတယ်။ အပိုလုပ်တာလဲ မဟုတ်ဘူး။ ပျက်သွားတာကို ပြင်ပေးတာ။ မိမွေးတိုင်းဖြစ်အောင် လုပ်ပေးတာပါ။

ကလေး မွေးရတာများသူတွေ၊ မများအုံးတော့ အဆင်မသင့်လို့ ဖြစ်ကြရတဲ့ Prolapse သားအိမ်ကျတဲ့ အမျိုးသမီး များလည်း မွေးလမ်းကို ခွဲစိတ် ပြုပြင်ပေးသင့်ပါတယ်။ အများအားဖြင့် Cystocele ဆီးအိမ်ကြွံတာပါ။ တချို့များဆိုရင် ဆီးအိမ်၊ အစာဟောင်းအိမ်၊ သားအိမ်တွေပါ သုံးပွင့်ဆိုင် ကြွံကြရရှာတယ်။ ကလေးမီးဖွါးခြင်း ဒုတိယအဆင့်မှာ ကောင်းကောင်း ဂရုမစိုက်လို့ ဖြစ်ရတာကများတယ်။ PN Care မွေးဖွါးပြီး စောင့်ရှောက်မှုကိုလဲ လုပ်ရိုးလုပ်စဉ်သာ လုပ်နိုင်ကြလို့ ဖြစ်ကြရတယ်။ ဒီအသိပညာမျိုးကို ပေးလေ့ပေးထ သိပ်မရှိကြသေးဘူး။ သိပ်ဆိုးဝါးတဲ့ အခြေအနေ ဥပမာ ကြွံကျနေတဲ့ သားအိမ်က လမ်းသွားတိုင်း ပေါင်နဲ့တိုက် ပွန်းနေမှ၊ အနာအဆာဖြစ်မှ ဆေးရုံရောက်တာမျိုး။ ထိရောက်တဲ့ ပညာပေးနည်း တခုကတော့ ဆရာမတွေ၊ အမျိုးသမီး လက်ထောက်တွေကို ပြောပြပေးထားပြီး၊ သူတို့ကနေ အမျိုးသမီး အချင်းချင်း တဆင့်ပြောပေးရင် ပိုပြီးပေါက်ရောက် ပြန့်နှံ့စေတယ်။

Pelvis floor exercise ဆိုတဲ့ တင်ပဆုံတွင်း ကြွက်သေားတွေ သန်မာအောင် လေ့ကျင်ခန်းလုပ်နည်းကို အမျိုးသမီးတွေကို ပြောပေးသင့်တယ်။ ခက်တာလဲ မဟုတ်ဘူး။ ဆီးသွားရင်းနဲ့ အပြီးမသတ်ခင် ရပ်အောင် လုပ်တဲ့အခါ ညှစ်ရတဲ့ကြွက်သား တွေကို သိအောင်ပြောပြပါ။ အဲလိုထိန်းရတဲ့၊ ကြွက်သားတွေကို တကယ်ဆီးမသွားဘဲနဲ့ စိတ်ကနေ တင်းလိုက်၊ လျော့လိုက် အလုပ်ခိုင်းတာပါဘဲ။ အချိန်မှန်မှန်။ အကြိမ်မှန်မှန်ဆိုရင် ပိုစနစ်ကျတယ်။ ထမင်းချက်ရင်းဖြစ်ဖြစ်၊ ကွန်ပြူတာရှေ့ ထိုင်ရင်းဖြစ်ဖြစ် ရတာဘဲ။

(ပိုတက်ဆီယမ်) က ကြွက်သားနဲ့ အာရုံကြောတွေကို အားကောင်းစေတယ်။ ဖရဲသီး၊ ခရမ်းချဉ်းသီး၊ စတာတွေမှာ ဒီဓါတ်ဆား ပါပေမဲ့ အလွယ်ဆုံးကတော့ ငှက်ပျောသီးစားပါ၊ ရေနွေးကြမ်းသောက်ပါ။ နေ့စဉ် လိုအပ်ချက် အတွက်ပါ။ တကယ် ကြွက်သား အားနည်းသူတွေဆိုရင် Potassium chloride, Potassium Citrate (Potrate 5) ပေးဘို့ လိုတယ်။ သွေးတိုးကြောင့် ဆီးသွားစေတဲ့ဆေး ပေးရသူတွေကိုလည်း ပေးရတယ်။ ဒါ့ကြောင့် ဓါတ်ဆားထဲမှာ (ဆိုဒီယံ)က ရန်သူဖြစ်ပြီး (ပိုတက်ဆီယံ)က မိတ်ဆွေဖြစ်တယ်။

လိင်ကျန်းမာရေးကို အတိုင်းအတာတခုအထိ ပေးကြ-သင်ကြဘို့၊ မျှဝေကြဘို့ လိုတာ အမှန်ပါ။ သိသလောက်တော့ မျိုးပွါးပညာအကြောင်းနဲ့ လိင်ကတဆင့် ကူးစက်ရောဂါလောက်သာ သင်လေ့ရှိနေသေးတယ်။ HIV/AIDS ကို ပညာပေးတာတွေ ရှိလာတာဟာ ဒီရောဂါက အသက်တွေ သေလွန်း၊ စိတ်ဒုက္ခတွေ ပင်လယ်ဝေလွန်းလို့ ဖြစ်မှာပါ။ အသက်တော့ သေအောင် မလုပ်လို့ တခြား ကျန်းမာရေး ပြဿနာများက ကိစ္စမရှိလှဘူး ထင်ကြပါသလား။ အိမ်ထောင်ရေး သာယာမှု၊ အဆင်ပြေမှုဆိုတာ အင်မတန် လိုအပ်တာပါ။ အဲလို မလုပ်ရလို့၊ မဖြစ်သင့်တာတွေဖြစ်၊ စုံစေ့အောင် မလုပ်ကြလို့ ဖြစ်သင့်တာတွေ မဖြစ်ရဘူး။ တတ်သိသူများက ကြံဆောင်ကြဘို့ လိုပါတယ်။

(ကွန်မင့်)ရေးပေးသူက ပြောတယ်။ "Circumcision လုပ်ရင်း Silicon ထည့်ပေးတယ်" တဲ့။ (ဆီလီကွန်) ကို တော်များများ သုံးကြတယ်။ အထူးသဖြင့် ရင်သားအတုမှာပါ။ FDA ကနေ Silicone breast implants နဲ့ ပတ်သက်ပြီး Moratorium ထုတ်ခဲ့ရတယ်။ ၁၉၉၂ ကြတော့ အဆင်မပြေတာတွေက များလာလို့ FDA ကဘဲ ဒီ (ပလန့်) တွေ general use မလုပ်ဘို့ ပြန်ရုပ်သိမ်းမိန့် ထုတ်ရတယ်။ ဒီခေါင်းစဉ် မဟုတ်လို့ ဒါဘဲရေးပါမယ်။

ပြောချင်တာက ရင်သားမှာလုပ်လို့ တခုခုဖြစ်ရင် အလှအပအတွက်မို့ မလှမပတာဘဲဖြစ်မယ်။ သူတို့မှာက တဖက် မကောင်းရင် နောက်တဖက်ရှိသေးတယ်။ နှစ်ခုမရှိတာကိုတော့ ကိုယ်တော်ချောများ လက်မဆော့သင့်ဘူး။

Dr. တင့်ဆွေ
30-12-09

Penis modification ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား

8 Aug 10, 05:33
လိင်တံမှာ ဂေါ်လီထည့်တာ အန္တရာယ်ရှိနိုင်ပါသလား။ ထည့်ပြီး လိင်ဆက်ဆံတာနဲ့ ရိုးရိုးသာမန် ဆက်ဆံတာနဲ့ ဘာနိုင်ပါသလဲ။ သူငယ်ချင်းက ထည့်ထားပါတယ်ဆရာ။ သူက အခုကျနော်ကိုထည့်ဖို့ တိုက်တွန်းနေလို့ပါ။ ပြီးတော့ ကိုယ့်ဆက်ဆံဖော်က ကိုယ့်အပေါ်စွဲလမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဟုတ်နိုင်ပါ့မလားဆရာ။

သူငယ်ချင်းက ပြောတဲ့ ရည်ရွယ်ချက်အတွက် ဆိုရင် သူပြောတာ တချို့တဝက် မှန်နိုင်ပါတယ်။ လူဆိုတာ တယောက်နဲ့ တယောက် ဘယ်ကိစ္စမှာဖြစ်ဖြစ် အကြိုက် မတူကြပါ။ တယောက်ထဲတောင်မှ တချိန်နဲ့ တချိန် မတူတတ်ပါ။ ဆရာ မြို့နယ်တခုမှာ တာဝန်ကျတုံးက ယောက်ျားတယောက်ကို မေးတဲ့လူရဲ့ သူငယ်ချင်း လုပ်သလို လုပ်ထားခဲ့တာကို ပြန်ထုတ် ပေးခဲ့ရဘူးတယ်။ သူပြောတာက သူ့ဇနီးက ထုတ်စေချင်လို့တဲ့။ လူပျိုဘဝမှာ ထည့်ခဲ့တာနဲ့ တူပါရဲ့။ ဒီအကြောင်း ဆရာရေးထားတာရှိတယ်။ အချိန်ရရင် ဖတ်စေချင်တယ်။

ဆေးပညာသက်သက် ကြည့်ပြောရရင် ကိုယ်အင်္ဂါထဲကို ပစ္စည်းတခုခု ထည့်တယ်ဆိုတာ Foreign body တခု သွင်းထားတာပါ။ လူ့ကိုယ်က ကိုယ့်အရာ မဟုတ်တာဆို လက်မခံဘူး။ နှလုံးအားခိုး၊ အသံအစားထိုး၊ ကျောက်ကပ် အစားထိုးပေးရတာမှာ အဲဒီသဘောကို လွန်ဆန်ဘို့ ကြိုးစားရတာဟာ ဆရာဝန်တွေအဖို့ သိပ်ခေါင်းစားတယ်။ လူနာလည်း ငွေကုန်-လူပန်း မဟုတ်လား။

ခွဲစိတ်ကုသတဲ့အခါ သွေးထွတ်တာ တားဘို့ သွေးကြောကို ချည်ပေးရတဲ့ အပ်ချည်စကိုတောင် တိုနိုင်သမျှ တိုအောင် ဖြတ်ပေးမှ။ ခြေကျိုး-လက်ကျိုး သတ္ထုချောင်းထည့်ထားရင်လည်း နောက်ဆိုပြန် ဖြုတ်ပေးရတယ်။ လူ့အသွေးအသားက သူ့ကိုယ်ပိုင် မဟုတ်တာ ဝင်နေလို့ကတော့ ထုတ်ပြစ်ဘို့ အချိန်ရှိသ၍ ကြိုးပမ်းနေလိမ့်မယ်။ ဗိုက်ခွဲချုပ်ရိုးကနေ အပ်ချည်စ ပြန်ထုတ်ပေးရတာ အကြောင်းမဟုတ်လှဘူး။ သူငယ်ချင်းရဲ့ ဟိုနေရာမှာ တခုခု ဖြစ်လို့ကတော့ ရည်ရွယ်ချက်နဲ့ ပြောင်းပြန် ဖြစ်သွားရင် ပြီးပါလေရော။

လူမှုရေးဘက်က တွက်ရအောင်။ အာရုံခံစားနိုင်စွမ်းဆိုတာ မတူကြပါ။ လိင်မှုဆက်ဆံရေးမှာ ကဲချင်သူရှိသလို၊ လှေကြီးထိုးသမား ပိုများတယ်။ အမျိုးသမီးတွေမှာလည်း ဒီလိုပါဘဲ။ အဆန်းဆိုတာမျိုးက စိတ်လှုတ်ရှားစေတတ်တာ ရှိသလို ကြောက်လန့်စေတာလည်း ဖြစ်နိုင်တယ်။ လူလွတ်ဘဝမှာ ပျော်စရာအတွက် ဆိုရင်လည်း၊ ပျော်စရာနောက်က လိုက်ရတာတွေ ရှိလိမ့်မယ်။ သူများထက် ကဲချင်ရင် သူများထက် သတိကဲစရာတွေ ရှိမယ်။

ကိုယ်အဖေါ်ကို ဆွဲဆောင်ချင်တဲ့စိတ်ဆိုတာက ပုံမှန်ပါဘဲ။ ဒါပေမဲ့ လမ်းမှန်ပါစေ။ အမျိုးသမီးက ဘာကို လိုလားသလဲ။ "သာယာမှု၊ ကျေနပ်မှု၊ လုံခြုံမှု။" ဒါကို ပေးစွမ်း-ဖြည့်ဆီးနိုင်တာဟာ အင်္ဂါထူးခြားတာထက် ပိုတယ်။ ဂဏန်းလို ပြောရင် ပိုရှည်တာ၊ ပိုကားတာတွေက အရည်အတွက်အရ များတာတွေ မှန်ပါတယ်။ ဒါပေမဲ့ ဆက်ဆံရေးဆိုတာ သင်္ချာနည်းတက် လေးနက်-ရှုတ်ထွေး-ကျယ်ပြန့်ပါတယ်။ နောက်ပြီး ပန်းကုံးစွမ်မဲ့လူရှေ့မှာ မောင် (က) နဲ့ မောင် (ခ) ပြိုင်အရွေးခံသလိုမျိုး ဆိုရင်တော့ တမျိုးပေါ့။

Dr. တင်ဆွေ
၈-၈-၂ဝ၁ဝ

Circumcision ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား
Circumcision အကြောင်းသိချင်ပါတယ်။ အချိန်ရရင် ဆွေးနွေးစေချင်တယ်။ ကျနော်ဟာ၂၉ နှစ်ရှိပါပြီး။ လိင်တံထိပ်ဖူး Foreskin ကွယ်နေတာကြောင့် ထိပ်ကို မွေးကတည်းက မမြင်ဖူးပါဘူး။ ဆီးသွားရရုံ အပေါက်သေးသေးပဲ ရှိပါတယ်။ လူစဉ်မမှီသလို ခံစားမိပါတယ် ကျနော်ဟာ အခြောက်တော့ မဟုတ်ပါ။ အများအားဖြင့် အခြောက်တွေ ဖြစ်လေ့ရှိတယ် ပြောကြလို့ပါ။ လိင်ဆက်ဆံရ-မရ သိချင်ပါတယ်။ လာမယ့်နှစ်မှာ လက်ထပ်ဖို့လဲ ရှိနေပါတယ်။ Masturbation တော့ လုပ်လို့ရပါတယ်။ မဖြတ်ပဲ လိင်ဆက်ဆံရင် နာကျင်ပါသလား။ ဒါမှမဟုတ် Feeling ကော ရှိနိုင်ပါသလား။ Circumcision လုပ်ရင် နောက်ကျပါသလား/ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက လုပ်ချင်ပေမယ့် ရှက်တာနဲ့ မလုပ်ဖြစ်ဘူး။ အနာကျက်ဖို့ အချိန် ဘယ်လောက် ယူရပါသလဲ။ အလုပ်တဖက်နဲ့မို့ပါ။ ကောင်းကျိုး-ဆိုးကျိုး သိချင်ပါတယ်။

စိုးရိမ်စရာမရှိပါ။ အိမ်ထောင်ပြုနိုင်ပါတယ်။ ငယ်ငယ်က မပြင်ခဲ့ရလို့ပါ။ အခုလည်း ပြင်ပေးလို့ရပါတယ်။

(မာစတာဘိတ်) လုပ်လို့ မနာသလိုဘဲ နာမှာ မဟုတ်ပါ။ ကလေးရဘို့လည်း မထိခိုက်ပါ။ အခြောက်တွေလိုလည်း မဟုတ်ပါ။ စိတ်ပိုင်းကိုလည်း မထိခိုက်ပါ။ ခံစားမှုမှာတော့ နည်းချင် နည်းနိုင်တယ်။ ကိုယ့်အတွက် ပြောတာပါ။ ဒါလဲ သီအိုရီအရသာ ပြောတာ။ အဲလိုဖြစ်နေတဲ့ မြာပွေသလား မမေးနဲ့ဆိုသူ တယောက် တွေ့ဘူးတယ်။ အနာကျက်ဘို့ ၅-၇ ရက်သာ ကြာမယ်။ မဖြေရတဲ့ချုပ်ရိုးလည်း သုံးချင် သုံးနိုင်တယ်။ ဆက်ဆံဘို့တော့ ၂ ပါတ်ထက် မစောလေ ကောင်းလေးပါ။

အခုအရွယ်မှာ ပြင်ရတာ ငယ်သူတွေနဲ့ မတူတတ်ဘူး။ ကပ်နေတာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးရအုံးမယ်။ အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်ကို အားကိုးပါ။

Dr. တင့်ဆွေ
၁၄-၈-၂ဝ၁ဝ