Showing posts with label Sexual Health. Show all posts
Showing posts with label Sexual Health. Show all posts

Sunday, September 20, 2026

အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ

 အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ




#အမျိုးသားကျန်းမာရေး

#အမျိုးသားကျန်းမာရေးဆိုင်ရာများ


(Hello Sayarwon Panelမှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Ye Myo Myat မှ ရေးသားသည်။ )


အမျိုးသားတွေဟာ အမြဲ နေပူထဲ သွားလာပြီး အလုပ်လုပ်နေရတာ၊ အားကစား၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရတာကြောင့် အမျိုးသမီးတွေထက် ပိုပြီး ချွေးထွက်ပါတယ်။ အင်္ကျီ၊ ဘောင်းဘီတွေကတော့ တစ်ကြိမ်ထက် ပိုပြီး ဝတ်ဆင်တာ ပြဿနာ သိပ်မရှိပေမယ့် အတွင်းခံဘောင်းဘီတွေကိုတော့ အမြဲ လဲပေးဖို့ လိုအပ်ပါတယ်။ ကျန်တဲ့ နေရာတွေထက် ချိုင်းကြား၊ ပေါင်ခြံနေရာတွေဟာ ပိုပြီး ချွေးထွက်များပြီး အဝတ်အစားနဲ့ အမြဲထိကပ်နေတာကြောင့် ချွေးနံ့အပြင် ဘက်တီးရီးယားပိုးများစွာ ခိုအောင်းနေတတ်ပါတယ်။


 အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ ဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်။


အမျိုးသားတွေ ဘာလို့ အတွင်းခံဘောင်းဘီကို ပုံမှန်လဲသင့်တာလဲ


တစ်ကိုယ်ရေသန့်ရှင်းမှု နည်းတဲ့ အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီကို ကြိမ်ဖန်များစွာ ဝတ်ဆင်ပြီးမှ လျှော်ဖွပ်တတ်ပါတယ်။ ဒါဟာ အရေပြားနဲ့ လိင်တံကျန်းမာရေးအတွက်လည်း မကောင်းတဲ့အပြင် အနံ့အသက်ဆိုးတွေ ဖြစ်စေနိုင်တဲ့ အဓိကတရားခံပါပဲ။ ဒါကြောင့် တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ျားသားတွေ ဖြစ်ဖို့ အပြင်ရုပ်ရည်တင်မကဘဲ ခန္ဓာကိုယ်မမြင်ရတဲ့ နေရာတွေကိုပါ သန့်ရှင်းအောင် ထားဖို့ လိုပါတယ်။ အထူးသဖြင့် အတွင်းခံဘောင်းဘီ ပုံမှန်လျှော်ဖွပ်တာ၊ ပုံမှန်လဲလှယ်တာတွေ လုပ်ပေးသင့်ပါတယ်။


ဒီလို မဟုတ်ဘူးဆိုရင်တော့ ကြာလာတဲ့အခါ


၁။ အနံ့အသက်အလွန်ဆိုးရွားမယ်။


အမျိုးသားတိုင်း သိကြမှာပါ။ အတွင်းခံဘောင်းဘီကို တစ်ရက်လောက် မလျှော်ဘဲ နောက်တစ်ခါ ပြန်ဝတ်တဲ့အခါ အနံ့အသက်က အောင့်သက်သက်နိုင်ပါတယ်။ ဝတ်ပြီးသား အတွင်းခံဘောင်းဘီကို နောက်တစ်ကြိမ် ထပ်ဝတ်လို့ ဘာကောင်းကျိုးမှ မရနိုင်တဲ့အပြင် ကိုယ့်ရဲ့ လိင်တံကိုလည်း ဒီအနံ့တွေ စွဲကပ်နိုင်ပါတယ်။


၂။ အရေပြားပြဿနာဖြစ်နိုင်တယ်။


ပေါင်ခြံတစ်ဝိုက်ဟာ အမျိုးသားတွေအတွက် ချွေးနဲ့ အနံ့ဆိုးတွေ အထွက်ဆုံးနေရာဖြစ်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေအတွက် ခိုအောင်းရာ နေရာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားလုပ်သူတွေ၊ လေ့ကျင့်ခန်းလုပ်သူတွေ၊ အမြဲလှုပ်ရှားသွားလာနေရတဲ့ အမျိုးသားတွေမှာ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။


ဒီလို ချွေးတွေနဲ့ အမြဲစိုစွတ်နေတဲ့ အတွင်းခံဘောင်းဘီကို မလျှော်ပဲ ထားထားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပိုပွားများလာနိုင်ပြီး ပွေး၊ ဝဲ အစရှိတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေ ဖြစ်လာမှာပါ။


၃။ စေးကပ်ကပ်ဖြစ်ပြီး မှိုတက်နိုင်တယ်။


တစ်ခါတစ်လေ ဘာမှမတွေးနေတဲ့အချိန်မှာတောင် လိင်တံဟာ သူ့အလိုလို ထောင်မတ်နေတတ်တာ၊ လိင်စိတ်ထကြွနေတဲ့အချိန်ဆိုရင် သုက်ရည်ကြည် (Pre-cum) လေးတွေ ထွက်တတ်တာ အမျိုးသားတိုင်းလည်း ကြုံဖူးမှာပါ။ ဆီးသွားပြီးတဲ့အချိန် လိင်တံထိပ်မှာ ကျန်နေခဲ့တဲ့ ဆီးစက်တွေကြောင့် ကြာလာတဲ့အခါ အတွင်းခံဘောင်းဘီဟာ စေးကပ်ကပ်ဖြစ်နိုင်ပါတယ်။ မလျှော်ဖွပ်ဘဲ ဒီအတိုင်းထားထားလိုက်တဲ့အခါ အတွင်းခံဘောင်းဘီမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားနိုင်တဲ့အပြင် ဖားဥတွေစွဲပြီး မှိုတက်နိုင်ပါတယ်။


၄။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပိုပေါက်လာနိုင်ပါတယ်။


မျက်နှာကို သေချာမသန့်ရှင်းတဲ့အခါ အဖုအပိမ့်တွေ ထွက်လာသလိုပါပဲ။ သန့်ရှင်းမှုမရှိတဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်တဲ့အခါ လိင်တံ၊ တင်ပါးတစ်ဝိုက် အရေပြားမှာ ဝက်ခြံ၊ အဖုအပိမ့်တွေအပြင် ပွေး၊ ဝဲ၊ ညှင်း အစရှိတဲ့ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။


#အတွင်းခံဘောင်းဘီကို သန့်ရှင်းရေးလုပ်ရာမှာ ဘာတွေ သိထားသင့်လဲ။

၁။ အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အတွင်းခံကို လဲပါ။


၂။ တစ်နေ့ ဝတ်တဲ့ အတွင်းခံဘောင်းဘီကို အပြင်ကနေ ပြန်ရောက်တာနဲ့ လဲပါ။


၃။ တစ်နှစ်ပြည့်တိုင်း ဟောင်းနွမ်းပြီး ရိရွဲနေတဲ့ အတွင်းခံဘောင်းဘီအဟောင်းတွေကို စစ်ဆေးပြီး အသစ်လဲပါ။


၄။ ကပ်စေးစေး ဖြစ်နေတဲ့ အတွင်းခံဘောင်းဘီတွေကို အမြဲလျှော်ဖွပ်ပါ။


၅။ ကိုယ်နဲ့ လိုက်ဖက်ညီပြီး လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝယ်ယူပါ။


နောက််ထပ်ဆောင်းပါး ===>


အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ


အတွင်းခံဘောင်းဘီဆိုတာ အမျိုးသားရော၊ အမျိုးသမီးရော ဝတ်တတ်ကြတဲ့ အရာတစ်ခုပါ။ ဒါနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့


#ချွတ်မလား ဝတ်မလား။

ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။ ဥပမာ အပြင်သွားရမယ်၊ လူကြားထဲ သွားရမယ် ဆိုရင်ပေါ့။


စွတ်စိုပူနွေးတဲ့ အနေအထားဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား ဖြစ်ပါတယ်။


သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက် အားကစားဘောင်းဘီအောက်မှာ အတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။


သာမန်အချိန်တွေနဲ့ အိပ်ချိန်တွေမှာတော့ လေဝင်လေထွက်ကောင်းအောင် ချွတ်အိပ်သင့်ပါတယ်။


#တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။

အမျိုးသမီး အများစုဟာ အတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီအတွင်းခံ အမျိုးအစားတွေဟာ အရမ်းကျပ်ပြီး လှုပ်ရှားတဲ့အချိန်မှာ သင့်အသားနဲ့ ရှေ့တိုးနောက်ဆုတ် ပွတ်တိုက်နေတတ်ပါတယ်။


ဒီလို ပွတ်တိုက်မှုတွေကရော၊ ပူလောင်မှုတွေကပါ သင့်ကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ယောနိထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။


တကယ်တမ်းကျတော့ ဒီအတွင်းခံအမျိုးအစားဟာ ခန္ဓာကိုယ် အနောက်ပိုင်းတင်ပါးပိုင်းနဲ့ ယောနိ/ဆီးလမ်းကြောင်းတို့ အကြား ဘက်တီးရီးယားတွေ ပျော်ပျော်ပါးပါးကြီးသွားလို့ရအောင် ရွှေလမ်းငွေလမ်းဖောက်ပေးထားသလို ဖြစ်စေပါတယ်။


ဒါကြောင့် ဒီအတွင်းခံ အမျိုးအစားက နေ့စဉ်ဝတ်သင့်တဲ့အမျိုးအစားတော့ မဟုတ်ပါဘူး။ ရံဖန်ရံခါ အချိန်ပိုင်းလောက်ပဲ ဝတ်မယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။


ချွေးစုပ်တဲ့ အသားက အကောင်းဆုံးပါ။ 

ပိုးထည်လို အသားမျိုးဟာ ပိတ်လွန်းသလို ဇာကွက်လေးတွေကလည်း သင့်ကို တချိန်လုံး ပွတ်တိုက်နေမှာဖြစ်တဲ့အတွက် မိန်းမကိုယ်နှုတ်ခမ်းသားတွေ ရောင်ရမ်းလာနိုင်ပါတယ်။


အတွင်းခံဟာ ချွေးစုပ်တဲ့ အသားဖြစ်သင့်ပါတယ် (ဥပမာ ချည်သားလေးပေါ့)။ ချည်သားတွေက ချွေးကိုလည်း ပိုပြီးမြန်မြန် စုပ်ယူနိုင်တဲ့အတွက် သင့်ကို ခြောက်သွေ့နေစေပါတယ်။


#ဆီးခုံမွေး ရိတ်မလား၊ မရိတ်မလား။

ဒီခေတ် မိန်းမပျိုလေးတွေ အများအပြားဟာ သူတို့ရဲ့ အောက်ပိုင်းမှာ ရှင်းလင်းနေတော့မှ ပိုပြီးသန့်ရှင်းတယ်လို့ ယူဆတတ်ကြပါတယ်။ သန့်ရှင်းတာမှန်ပေမယ့် ရိတ်တာ၊ ဖယောင်းနဲ့ ခွာတာတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။


ဆီးခုံမွေးတွေဟာ အလွန်နုနယ်တဲ့ နေရာကို ကာကွယ်ဖို့အတွက် သဘာဝအလျောက် ရှိနေတာပါ။


သူတို့ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် သင်ဟာ ကိုယ့်တပ်ကို ပြန်နင်းသလို ဖြစ်သွားတာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊ အရေပြားပွန်းတာတွေ၊ အမာရွတ်ဖြစ်တာတွေ စတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံဖို့ အခွင့်အလမ်းပိုများသွားစေပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ရိတ်မရိတ်က ကိုယ့်သဘောပါပဲ။


#အားကစား လုပ်တတ်တဲ့ သူတွေအတွက် အကောင်းဆုံး အတွင်းခံတွေက ဘာတွေလဲ။ 

တကယ်လို့ သင်ဟာ မာရသွန်ပြေးတာလိုမျိုး အားကစားနည်းတွေအတွက် ပြင်ဆင်နေတာဆိုရင် သင့်အနေနဲ့ အတွင်းခံနဲ့ပတ်သက်ပြီး သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကြာကြီး ဝတ်ထားရမှာမို့ပါ။ နှစ်မိုင်လောက်အရောက်မှာ နည်းနည်းလောက် ပွန်းရာလေးစ ဖြစ်လာရာက မိုင်၂၀လောက်ရောက်တဲ့အခါမှာ အရည်ကြည်ဖု အကြီးကြီး ဖြစ်နေလောက်ပါပြီ။


ရေကူးတာလိုမျိုး ရေနဲ့ ပတ်သက်တဲ့ အားကစားနည်းတွေနဲ့ ပတ်သက်ပြီး ပြောရရင် အပူနဲ့ စွတ်စိုမှုတို့ကို သတိထားသင့်ပါတယ်။ ဒီအပူနဲ့ စွတ်စိုမှုတို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွားတာကို အားပေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်သလို yeast မှိုပိုးကူးတာ ဒါမှမဟုတ် bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။ သင့်အနေနဲ့ အဝတ်စိုကြီးဝတ်ပြီး အကြာကြီး နေရမယ့် အနေအထားမျိုးမှာ ပြဿနာ ပိုတက်ပါလိမ့်မယ်။


#ရာသီလာချိန်မှာ ဘာဝတ်ကြမလဲ။

ဓမ္မတာလာနေတဲ့အချိန်ကျရင်လည်း အတွင်းခံနဲ့ ပတ်သက်ပြီး သိပ်အာရုံနောက်မနေပါနဲ့။ ပွပွချောင်ချောင် အတွင်းခံကြီးကြီးတွေကိုသာ ဝတ်လိုက်ပါ။ Padကြောင့် ပေါင်ပွန်းတာလည်း သက်သာပါလိမ့်မယ်။


Tampon သုံးတာနဲ့ menstrual cup ခွက်လေးတွေကို သုံးတာဟာ သင့်ကို နေရတာ သက်သောင့်သက်သာ ရှိစေပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် နေလို့ အဆင်ပြေဆုံးအရာက သင့်အတွက် အကောင်းဆုံး အရာပဲ ဆိုတာ သိထားရပါမယ်။


အနံ့အသက်အတွက်လား။ ဒါတွေကို ခေါက်ထားလိုက်ပါ။ အောက်ပိုင်းမှာ အနံ့အသက်မွှေးနေဖို့လိုတယ်ဆိုတာ ယုံတမ်းစကားကြီးပါ။ အမျိုးသမီးတွေရဲ့ ပေါင်ခြံမှာ apocrine gland လို့ခေါ်တဲ့ ချွေး/အရည်ထုတ်ပေးတဲ့ ဂလင်းတမျိုးရှိတဲ့အတွက် အနံ့အသက်ကတော့ အနည်းနဲ့ အများ ရှိမှာ သဘာဝပါပဲ။


ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်နေသမျှ ကာလပတ်လုံး အားလုံးအေးဆေးပါ။


#ဆီးမထိန်းနိုင်တဲ့သူတွေကရော ဘာဝတ်ကြမလဲ။

ဆီးမထိန်းနိုင်တာ၊ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ ကလေးမွေးထားတဲ့ အမျိုးသမီး အများအပြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ်။ ကလေးမမွေးဖူးတဲ့ တချို့ အမျိုးသမီးတွေမှာတောင် ဖြစ်တတ်ပါသေးတယ်။


ဒီတော့ လူကြီးသုံး ဆီးခံလေးတွေကို သုံးနိုင်ပါတယ်။ ကလေး သေးခံလို တန်းဝတ်ရုံပဲ ဖြစ်ပါတယ်။


အားပြင်းပြင်းထန်ထန်သုံးလို့ ဆီးထွက်ကျတဲ့ အခြေအနေမျိုးမှာ Kegels လေ့ကျင့်ခန်းကို လုပ်ပေးတာက သက်သာနိုင်ပါတယ်။


ဒါပေမယ့် အခြေအနေပိုဆိုးလာပြီဆိုရင် (ဆီးခံတထည်နဲ့ မရတာ၊ တနေ့ကို ခဏခဏ ထွက်ကျတာ) ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်ပါ။ ဟော်မုန်းကို အသုံးပြုပြီး ကုသတာမျိုး ဒါမှမဟုတ် ခွဲစိတ်ပြီး ကုသတာမျိုးလုပ်ဖို့ ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။


***Hello ဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။

Thursday, August 27, 2026

အမျိုးသားတွေကြီးဆေးထိုးကြတာ ဘာကြောင့်လဲ

 အန္တရာယ်များပေမဲ့ အမျိုးသားတွေကြီးဆေးထိုးကြတာ ဘာကြောင့်လဲ




(ရေးသားသူ,ဂျိမ်းစ် ဂါလာဂါ

ရာထူးတာဝန်,Inside Health တင်ဆက်သူ၊ BBC Radio 4ရေးသားခဲ့သည်။)


ဂျေဆင်တစ်ယောက် ''အချိုရည်ဗူး'' လောက် မဖြစ်ချင်ခဲ့ပါဘူး။ ဒီအသုံးက အမျိုးသားတွေ လိင်ကြီးဆေးထိုးလွန်းလို့ ကြီးလာတဲ့အရွယ်ကို ပြောင်ပြီး ခေါ်တဲ့နာမည်ပါ။


''တချို့လူတွေဆိုရင် တကယ့်အလွန်အကျွံကို ဆေးတွေ ထိုးကြတာ'' လို့ ဂျေဆင်က မန်ချက်စတာမြို့မှာ ကျွန်တော်တို့ဆုံတော့ ပြောပြပါတယ်။


သူလည်း ဆေးထိုးထားပါတယ်။ ၁၆ ရာခိုင်နှုန်းလောက် လုံးပတ်ပိုကြီးလာအောင် ထိုးထားတာဖြစ်ပြီး ဒီအရွယ်ဟာ သူရော၊ သူ့ လက်တွဲဖော်အတွက်ပါ အဆင်ပြေတဲ့အနေအထားလို့ သူက ပြောပါတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု တိုးလာတယ်လို့ ပြောပါတယ်။


ဂျေဆင်ကတော့ အခုအထိ ''အားလုံးပုံမှန်အတိုင်းပဲ'' အလုပ်လုပ်ပါတယ်လို့ ရှင်းပြပြီး ''နည်းနည်း ပိုထွားသွားတာတော့ရှိတယ်'' လို့လည်း ဆိုပါတယ်။


ဂျေဆင်လိုမျိုးပဲ ကြီးဆေးထိုးကြတဲ့အမျိုးသား ဘယ်လောက်အထိ များနေလဲဆိုတာ စာရင်းဇယား မရှိပါဘူး။ ဒါမျိုးက အမျိုးသမီးတွေကြား သိပ်အကြိုက်များနေတဲ့ နှုတ်ခမ်းထူထူ စူစူလေးဖြစ်ဖို့ ဆေးထိုးထားမျိုးလို မြင်သာတဲ့ကိစ္စတစ်ခုလည်း ဟုတ်မနေပါဘူး။


လုပ်ထုံးလုပ်နည်းအရ စည်းကမ်းချထားတာလည်း နည်းပါးလို့ ဘယ်သူမဆို ဒီလိုဆေးမျိုးထိုးပေးနိုင်တဲ့အတွက် ဘယ်သူက ဘယ်နှယောက်ကို ထိုးပေးထားတယ်ဆိုတာမျိုး တရား၀င် မှတ်တမ်းမှတ်ရာလည်း မရှိပါဘူး။


လိင်ကြီးဆေးကိစ္စက ပြီးခဲ့တဲ့ဆောင်းရာသီ အိုလံပစ်မှာတောင် ပြောစရာအထိ ဖြစ်ခဲ့ဖူးပါတယ်။ အမျိုးသားစကိတ်စီးမောင်တွေဟာ ခပ်၀ေး၀ေးခုန်နိုင်ဖို့ သူတို့အ၀တ်တွေ ပွတက်နေအောင် ကြီးဆေးထိုးထားတာမျိုး လုပ်ကြတယ်ဆိုတဲ့ကောလာဟလတွေလည်း ထွက်ခဲ့ပါတယ်။


ဒါပေမဲ့ တချို့အမျိုးသားတွေဟာ ဆေးထိုးအပြီးမှာ လိင်တံညိုမည်းလာတာ၊ အရေပြားတွေလန်ကုန်တာမျိုးဖြစ်လို့ အရေးပေါ်ဌာနကို ရောက်သွားရတဲ့ဖြစ်စဉ်အချို့လည်း ရှိပါတယ်။ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဗြိတိသျှခွဲစိတ်ကုဆရာ၀န်များအသင်းကတော့ အမျိုးသားတွေ ဒီလိုဆေးထိုးတာကို သတိပေးချက် ထုတ်ထားပါတယ်။


Skip အဖတ်အများဆုံး and continue reading

အဖတ်အများဆုံး

နီပေါ-တိဗက်နယ်စပ် ရေကြီးမှု လူ ၉၅ ဦးထက်မနည်း သေဆုံး၊ ခရီးသွားရာနဲ့ချီ ပျောက်ဆုံး

ကွာရှင်းခွင့်၊ ဖုန်းပိတ်ပင်မှုနဲ့ ထိန်းချုပ်မှု - တာလီဘန်တွေ အာဖဂန်ကိုဘယ်လိုအုပ်ချုပ်နေသလဲ

"ပိုက်ဆံပေးမှ ထွက်နိုင်တယ်" - ရန်ကုန်လေဆိပ်က ခရီးသည်တွေရဲ့အတွေ့အကြုံ

သေချာပေါက်ရမယ့် ပေါင် ၅ သောင်းကိုယူမလား၊ တစ်ဝက်သေချာတဲ့ပေါင် ၁ သန်းကိုယူမလား

End of အဖတ်အများဆုံး

ဒီတော့ အန္တရာယ်များတဲ့ကြားက အမျိုးသားတွေ ဘာကြောင့်ကြီးဆေးထိုးကြတာလဲ။ ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနိုင်ပါသလဲ။


ဂျေဆင်ကတော့ သူ ဘာလို့ ကြီးဆေးထိုးလဲဆိုတာကို ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းပဲပြောပြပါတယ်။ ဒီနေရာမှာ သူ ဘယ်သူဖြစ်တယ်ဆိုတာကို မဖော်ပြပါဘူး။


သူကတော့ သူ့မှာရှိတဲ့အရှည်ကို အဆင်ပြေပေမဲ့ ပိုကြည့်ကောင်းအောင် ''ဖြောင့်စင်းဖို့'' နဲ့ ''အလုံးအထည်ရှိဖို့'' လုပ်ချင်ခဲ့တာလို့ ပြောပါတယ်။


''ကိုယ့်မှာ အဲဒီအပိုင်းတွေလိုနေသေးတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ လုပ်လိုက်တာပဲပေါ့'' လို့ ဂျေဆင်က ပြောပါတယ်။


ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အတွေးလွန်ဆွဲနေတာ တစ်နှစ်လောက်အကြာမှာတော့ သူ ခွဲစိတ်ဖို့ အထိ စိတ်မကူးတော့ပါဘူး။ အဲဒီအစား သူ ဟိုင်ယာလူရောနစ် အက်ဆစ် အမျိုးအစား ဆေးထိုးဖို့ ရွေးချယ်ပါတယ်။ ဒီဆေးရည်က ထိုးပြီးရင် နောက်ပိုင်းမှာ ''တဖြည်းဖြည်းအရည်ပျော်သွား'' မှာဆိုတော့ ဆေးထိုးပြီး ရလာမယ့်ပုံကို မကြိုက်ရင်လည်း အချိန်တစ်ခုမှာ သူ့ မူရင်းပုံစံ ပြန်မြင်ရမှာကို ဂျေဆင် သိနေလို့ပါ။


ဒါပေမဲ့ အားကောင်းမောင်းသန် ယောက်ျားဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးနဲ့ ဂျေဆင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ''ကိုယ် ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်မှ ယောက်ျားပီသမလဲဆိုတာမျိုးတွေကို ကျွန်တော်က လက်ခံသူ မဟုတ်ပါဘူး'' လို့ သူက ပြောပါတယ်။ အဲဒီအစား အမျိုးသားတွေလည်း သန့်ခန့်ရမယ်ဆိုတဲ့အမြင်တွေကြောင့်သာ အခုလို လုပ်ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။


''အမျိုးသမီးတွေချည်းပဲ အလှအပရေးရာကို အမီလိုက်ဖို့လိုတာ မဟုတ်ဘူး။ အမျိုးသားတွေလည်း လိုက်မီဖို့ လိုတယ်'' လို့ သူက ပြောပါတယ်။


"ပြောရရင် လူမှုအသိုက်အ၀ိုင်းကိုက ပြောင်းလဲနေတာ။ မီဒီယာတွေမှာ ပုံဖော်တာကလည်း လူတိုင်းရဲ့နေ့စဉ်ဘ၀ကို ကြီးမားတဲ့ရိုက်ခတ်မှုရှိတယ်။ ဘယ်နေရာသွားသွား လုံးဝကြည့်ကောင်းနေတဲ့ လူမျိုးကို တွေ့ကိုတွေ့နေရတာမျိုး ဖြစ်လာတယ်။"


တစ်ဖက်မှာလည်း လိင်ကြီးဆေး ၀န်ဆောင်မှုပေးတဲ့ဆေးခန်းတွေရဲ့အင်တာနက်စာမျက်နှာတွေကိုကြည့်လိုက်ရင် မေးတဲ့မေးခွန်းက ''ကိုယ့်မှာရှိတဲ့အရွယ်အစားကြောင့် အရှက်ရ စိတ်မလုံခြုံ ဖြစ်နေလား'' ဆိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ အဲဒီလိုမေးခွန်းမျိုးနဲ့ လူတွေရဲ့လိုအပ်ချက်ဆိုတာမျိုးကို အသုံးချနေကြတာ မြင်သာပါတယ်။


လိင်ကြီးဖို့ဆိုပြီး လုပ်နိုင်တဲ့ရွေးချယ်စရာတွေ များပါတယ်။ ခွဲစိတ်မလား၊ မခွဲစိတ်တဲ့နည်းနဲ့ လုပ်မလား။ လိင်တံထဲ ထိုးတဲ့ဆေးကလည်း စုံလို့ပါ။


လက်ရှိမှာတော့ အများစုအသုံးများတာက ဂျဲလ်လိုပုံစံရှိတဲ့ ဟိုင်ယာလူရောနစ် အက်ဆစ် ထိုးဆေးဖြစ်ပါတယ်။ ဒါကို နှုတ်ခမ်းထိုးဆေးတွေမှာလည်း အဓိကပါ၀င်ပစ္စည်းအဖြစ် သုံးပါတယ်။


ဟိုင်ယာလူရောနစ် အက်ဆစ်က ခန္ဓာကိုယ်ထဲမှာ သကြားမော်လီကျူးအဖြစ် သဘာ၀အတိုင်းရှိတာမျိုးပါ။ ခန္ဓာကိုယ်ထဲ ရေဓာတ်ကို စုပ်ယူထားလို့ "အစိုဓာတ်ယူတဲ့သံလိုက်" လို့တောင် တင်စားကြပါတယ်။


ဗြိတိန်က ဂရိတ်တား မန်ချက်စတာ၊ ပရက်စ်၀ှစ်ချ်မြို့မှာနေတဲ့ ဒေါက်တာ ဂျာဗက် ဟူစိန်ဟာ သူ့ဆေးခန်းမှာ အမျိုးသားတွေအတွက် ကြီးဆေးထိုးပေးတဲ့ ကုထုံး၀န်ဆောင်မှု ပေးနေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။


ဒေါက်တာ ဟူစိန်ဟာ အစောပိုင်းက ဆေးကုတဲ့ဆရာ၀န်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အလှအပရေးရာ ကုသမှုပိုင်းကို ပြောင်းခဲ့သူပါ။ လိင်ကြီးဆေးထိုးတဲ့၀န်ဆောင်မှု လုပ်ဖို့ကတော့ ဥပဒေအရ နောက်ထပ် ဆေးသင်တန်းတက်ရတာမျိုးလုပ်ဖို့ မလိုပါဘူး။


သူကတော့ ၀န်ဆောင်မှု လိုချင်တဲ့သူ တိုးလာတယ်လို့ပြောပြီး အသက်အရွယ်စုံ အမျိုးသားတွေကို ဒီကုသမှုကို ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲ အသက် ၂၀ ၀န်းကျင်အရွယ်တွေ ပါ၀င်သလို အသက်အကြီးဆုံးအမျိုးသားဟာ ၇၂ နှစ်လို့ ဆိုပါတယ်။


ကုသမှုမလုပ်ခင် အရင်ဆုံး လူနာရဲ့ကျန်းမာရေးအခြေအနေ၊ ဘာကြောင့် ဒီကုသမှုလုပ်ချင်တာလဲ၊ ဘယ်လိုရလဒ်မျိုး မျှော်လင့်ထားသလဲ၊ နောက်ပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ဘာတွေရှိနိုင်သလဲဆိုတာကို ဆွေးနွေးကြတယ်လို့ သူက ပြောပါတယ်။


အဲဒီနောက် ကုသမှုပေးတဲ့နေ့ရောက်တဲ့အခါမှာ လိင်တံထဲကို ဟိုင်ယာလူရောနစ် အက်ဆစ်ကို သုံးကြိမ် ထိုးပါတယ်။ ထိပ်ကိုတစ်ချက် ဘေးတစ်ဖက်တစ်ချက်စီကို တစ်ချက်စီ ထိုးတာပါ။ ပြွန်ကိုသုံးပြီး ဆေးရည်က လိင်တံချောင်းတလျှောက်ရောက်သွားတဲ့နည်းလမ်းပါ။


အဲဒီနောက် ထိုးလိုက်တဲ့ဆေး ညီညီညာညာပြန့်သွားအောင် နှိပ်နယ်ပေးရပါတယ်။ လူနာဟာ အိမ်ပြန်ရောက်ရင်လည်း အဲဒီလိုဆက်ပြီး နှိပ်ပေးနေရပါတယ်။


ကုသမှုဟာ ပေါင်ငွေ ၃,၅၀၀ လောက်အထိ ကျနိုင်ပါတယ်။ ဒေါက်တာဟူစိန်ကတော့ အမျိုးသားအများစုဟာ ၆ လကနေ ၈ လလောက်အထိ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လိင်တံကြီးနေတာမျိုး ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။


ဒါနဲ့အတူ အန္တရာယ်တွေလည်း ကပ်ပါလာပါတယ်။ အဲဒါတွေက နာကျင်တာ၊ ဒဏ်ဖြစ်တာနဲ့ ဆေးမညီတာမျိုးတွေလို အနည်းငယ်အပိုင်းကနေ ပိုး၀င်တာမျိုးလို ပြင်းထန်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါတွေက ဆေးထိုးတဲ့ကုသမှုတိုင်းမှာ ဖြစ်တတ်တာတွေပါ။


ဒါပေမဲ့ ဒီနေရာမှာတော့ အမျိုးသားတွေ ပန်းလန်းဖို့ အရေးပါတဲ့သွေးကြောတွေနဲ့ အတွင်းထဲကဖွဲ့စည်းပုံတွေ ပျက်စီးသွားနိုင်တဲ့အန္တရာယ်တွေလည်း ရှိပါတယ်။


ခွဲစိတ်ဆရာ၀န်တွေ စိုးရိမ်ကြတဲ့အပိုင်းနဲ့ ကုသမှုပေးတဲ့အပိုင်း ချိန်ထိုးစဉ်းစားကြည့်မိလားလို့ ဟူစိန်ကို မေးတော့ သူက တချို့တွေ ဘာလို့စိုးရိမ်ကြလဲဆိုတာကို သူ ''လုံး၀နားလည်ပါတယ်'' လို့ ပြောပါတယ်။


''ဆရာ၀န်တွေဆိုတော့ ဒီစိုးရိမ်စိတ်တော့ ရှိတတ်တာ သဘာ၀ပါပဲ'' လို့သူက ပြောပြီး ''တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ရလဒ်တွေ ထွက်နေတယ်ဆိုတာ သက်သေတွေ ထွက်ပေါ်လာနေတာပဲလေ။ အမျိုးသားတွေအတွက် အကျိုးရှိစေမယ့်အရာပေါ့'' လို့ ဆိုပါတယ်။


ဟူစိန်ကတော့ ဆေးထိုးလို့ တစ်ခုခုအတိမ်းအစောင်းဖြစ်တဲ့အခါ ဆေးပျော်သွားအောင် လုပ်မယ့်ဆေးမျိုး အသင့်ဖြစ်နေအောင် ပြင်ထားတာမျိုးလို ''ချက်ချင်းလုပ်နိုင်မယ့် လုပ်ငန်းအစီအစဉ်'' စီမံထားတယ်လို့ ပြောပေမဲ့ ဒီလိုဖြစ်ရပ်မျိုး မကြုံဖူးဘူးသေးဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒီပြောဆိုချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။


ဒါပေမဲ့ တခြားတစ်နေရာမှာ ကုသမှုခံယူပြီး အခြေအနေ မျှော်မှန်းသလိုမဖြစ်လို့ သူ့ဆီ ကုသမှု အကြံဉာဏ် လာတောင်းဖူးသူ လူနာတစ်ဦးတော့ ရှိဖူးတယ်လို့ သူက ပြောပါတယ်။


အဲဒီလူနာဟာ သူ အထိုးခံလိုက်တဲ့ဆေး မမှန်ကန်လို့ လိင်တံက မည်းသွားတာမျိုးဖြစ်နေပြီလို့ သူက ပြောပါတယ်။ ဆေးထိုးချိန် သွေးကြောတွေ ပျက်စီးသွားပြီး အရေပြား ပုပ်စပြုလာလို့ အဲဒီအမျိုးသားဟာ အရေးပေါ်ကို တန်းပြီး သွားလိုက်ရပါတယ်။


မန်ချက်စတာ အမျိုးသားကျန်းမာရေးဌာန (NHS)မှာ အမျိုးသားလိင်ပိုင်းဆိုင်ရာကျန်းမာရေး အထူးကုနဲ့ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာခွဲစိတ်ကု ဆရာ၀န်အဖြစ် တာ၀န်ထမ်းနေတဲ့ပါမောက္ခ ဗိုင်ဘပ် မော့ဂင်းလ်က လိင်ကြီးဆေးထိုးပြီး အဆင်မသင့်လို့ ဆေးရုံရောက်လာတဲ့အမျိုးသားတွေကို ကုပေးခဲ့ရဖူးတယ်လို့ ပြောပါတယ်။


"အဲဒီလိုဖြစ်တဲ့အခါ လူနာအတွက် တကယ်ကို ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။


သူ့အနေနဲ့ "အရေပြားတစ်နေရာ ကွက်ပြီး သေနေတဲ့ လူနာတွေကိုလည်း တွေ့ဖူးတယ်'' လို့ သူက ပြောပြီး ''အဲဒီနေရာက အရေပြားက မည်းပြီး နောက်ဆုံးမှာတော့ ကွာကျသွားတာမျိုး ဖြစ်တတ်တယ်" လို့ ပြန်ပြောပြပါတယ်။


"အမျိုးသားတွေက 'ဒီလိုကြီးဆေးထိုးလိုက်ရင် အရမ်းကောင်းသွားမယ်' လို့ ထင်ပြီး လုပ်ကြတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီး ထွက်လာတဲ့အခါ မလုပ်ခင်ကထက်တောင် ကိုယ့်ကိုယ်ကို မကျေနပ်တာ ပိုဖြစ်လာနိုင်တယ်" လို့ သူက ဆိုပါတယ်။


အဲလက်စ် (နာမည်ရင်း မဖော်ပြချင်သူ) ကတော့ လိင်တံအရွယ်ကြီးအောင် ဂျာမနီကို သွားပြီး အခြားနည်းလမ်းတစ်မျိုးနဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။


သူက လိင်တံကို ပိုရှည်သလို မြင်ရစေဖို့ လိင်တံကို ဆီးခုံရိုးနဲ့ ချိတ်ဆက်ထားတဲ့အရွတ်ကို ဖြတ်တဲ့ခွဲစိတ်မှု လုပ်ခဲ့သလို ကိုယ့်ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေကို ထုတ်ယူပြီး လိင်တံထဲ ပြန်ထိုးသွင်းလို့ အရွယ်အစားကြီးလာအောင်လည်း လုပ်ခဲ့ပါတယ်။


ခွဲစိတ်ပြီး သတိပြန်ရလာချိန်မှာတော့ နာကျင်လွန်းလို့ မတ်တပ်တောင် မရပ်နိုင်ဘူးလို့ အဲလက်စ်က ပြောပါတယ်။


"ကိုယ်မှာ အညိုအမည်းစွဲတာ တော်တော်များများဖြစ်ခဲ့တယ်။ ပေါင်အပေါ်ပိုင်း တစ်လျှောက်လုံးလည်း အဝါရောင် ပြောင်းသွားတယ်။ တစ်လလောက်အထိ ပုံမှန်လမ်းတောင် မလျှောက်နိုင်ခဲ့ဘူး" လို့ သူက ပြောပါတယ်။


နောက်ပိုင်းမှာ အဲလက်စ်ဟာ ဒေါက်တာ မော့ဂင်းလ်ရဲ့ဆေးခန်းမှာ ကုသမှု ဆက်လုပ်ခဲ့ရပြီး နောက်ဆုံးတော့ ပြန်သက်သာသွားပါတယ်။


"လူတိုင်းတော့ ဒီလိုကံမကောင်းကြဘူး" လို့ အဲလက်စ်က ပြောပါတယ်။ "ကျွန်တော်ကတော့ ကံကောင်းလို့ သက်သာသွားတာပါ" လို့ ဆိုပါတယ်။


အဲလက်စ်က သူ့ကိုယ်သူ မူလကတည်းက သေးငယ်တဲ့သူ မဟုတ်ဘူးဆိုတာ သိပေမဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အပြာကားတွေကြောင့် ကြီးတာဟာ "ယောကျ်ားပီသမှုရဲ့အကောင်းဆုံးသင်္ကေတ" လို့ သူ့ကို မြင်လာအောင် ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။


ပါမောက္ခ မော့ဂင်းလ်ကတော့ လိင်တံကြီးအောင် ဆေးထိုးတာတွေရဲ့အချက်အလက် တရား၀င် မရှိသေးပေမဲ့ အွန်လိုင်းမှာ လူတွေ ရှာဖွေတာ၊ ကြော်ငြာတွေထွက်နေတာနဲ့ လူမှုကွန်ရက်ပေါ်က ဆွေးနွေးမှုတွေကို ကြည့်ရင် ဒီလိုကုသမှုလုပ်တဲ့လူဦးရေက တိုးလာနေတယ်ဆိုတာ သိသာတယ်လို့ ပြောပါတယ်။


အဲဒီအခြေအနေကြောင့် ဗြိတိန်ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်များအသင်းက ဒီလိုကုသမှုတွေ မလုပ်သင့်တဲ့အကြောင်း အကြံပြုချက်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။


"မကြာသေးခင်က ကျွန်တော်တို့ ထုတ်ပြန်ခဲ့တဲ့လမ်းညွှန်ချက်အရ ဒီလိုကုသမှုတွေကို ခံယူဖို့အကြံပြုလို့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကုသမှုတွေက အန္တရာယ်ကင်းရှင်းပြီး ထိရောက်တယ်ဆိုတာကို ထောက်ခံပေးနိုင်တဲ့သက်သေအထောက်အထားတွေက အရမ်းနည်းနေပါသေးတယ်" လို့ မော့ဂင်းလ်က ပြောပါတယ်။


အသင်းကတော့ အမျိုးသား ၃,၇၅၀ ဦးပါဝင်တဲ့ သုတေသန ၃၆ ခုကို လေ့လာခဲ့ပေမဲ့ ဒီကုသမှုတွေရဲ့"လုံခြုံစိတ်ချရမှုအဆင့်"ကို အခုချိန်ထိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။


အဲဒီလိုဖြစ်ရတာက ဖေလာ ပစ္စည်းတွေဟာ ရေရှည်အနေနဲ့ လိင်တံကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတဲ့အချက်အလက် မလုံလောက်သေးတာကလည်း တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်း ထူဆေးတွေလိုပဲ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ တရားဝင်ကျွမ်းကျင်မှု လက်မှတ်မျိုးမရှိလည်း လုပ်နိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။


မော့ဂင်းလ်က ဒီလိုကုသမှုတွေကို အပြီးတိုင် ပိတ်ပင်လိုက်တာက "အရမ်းပြင်းထန်လွန်းတဲ့ လုပ်ရပ် ဖြစ်ကောင်းဖြစ်နိုင်တယ်"လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ ဆက်ပြီးရှိနေမယ်ဆိုရင်တော့ "တင်းကျပ်တဲ့စည်းမျဉ်းကြပ်မတ်တာတွေရှိဖို့ အလွန်အရေးကြီးတယ်" လို့ ဆိုပါတယ်။


သူက လိင်တံ ကြီးဆေးထိုးတဲ့ကုသမှုတွေလုပ်တဲ့အခါ မှတ်တမ်းတင်ထားမယ့် နိုင်ငံအဆင့် မှတ်ပုံတင်စနစ် တစ်ခု ထားရှိဖို့နဲ့ ရေရှည်မှာ နောက်ဆက်တွဲအချက်အလက်တွေ စုဆောင်းဖို့ တောင်းဆိုပါတယ်။ ဒါမှ အမျိုးသားတွေက အကျိုးကျေးဇူးနဲ့ အန္တရာယ်တွေကို သေချာသိပြီး အသိဥာဏ်နဲ့ယှဥ်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ဆိုပါတယ်။


ဂျေဆင်ကတော့ သူထိုးထားတဲ့ဆေးတွေ အာနိသင်လျော့သွားတဲ့အခါ ဆေးထပ်အထိုးခံဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။


***BBC Burmese သတင်းစာမျက်နှာမှ  ကူးယူဖော်ပြသည်။


📌ကြီးဆေးနဲ့အတူ အန္တရာယ်တွေလည်း ကပ်ပါလာပါတယ်။ အဲဒါတွေက နာကျင်တာ၊ ဒဏ်ဖြစ်တာနဲ့ ဆေးမညီတာမျိုးတွေလို အနည်းငယ်အပိုင်းကနေ ပိုး၀င်တာမျိုးလို ပြင်းထန်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါတွေက ဆေးထိုးတဲ့ကုသမှုတိုင်းမှာ ဖြစ်တတ်တာတွေပါ။


ဒါပေမဲ့ ဒီနေရာမှာတော့ အမျိုးသားတွေ ပန်းလန်းဖို့ အရေးပါတဲ့သွေးကြောတွေနဲ့ အတွင်းထဲကဖွဲ့စည်းပုံတွေ ပျက်စီးသွားနိုင်တဲ့အန္တရာယ်တွေလည်း ရှိပါတယ်။


အပြည့်အစုံဖတ်ရှုရန် - https://bbc.in/4zYP6zZ


#ဘီဘီစီမြန်မာပိုင်း #အမျိုးသား #ကျန်းမာရေး

Monday, July 20, 2026

အစောကြီး ပန်းဝင်နေတာလား



 (အမျိုးသား ကျန်းမာရေး ပြဿနာ)


အရင်တစ်ခေါက်က အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး အင်ဂျင်နှိုးရခက်တဲ့ ပြဿနာကို ပြောခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက် ညိုကီတို့ အများဆုံး ခေါင်းကိုက်ရတဲ့၊ ဖွင့်ပြောဖို့ အခက်ဆုံးဖြစ်နေတဲ့ နောက်ထပ်ပြဿနာတစ်ခုကို ဆက်ပြောကြရအောင်ဗျာ။


​အဲဒါကတော့ "ဆရာရေ... အင်ဂျင်ကတော့ နှိုးလို့ရပါရဲ့။ ဒါပေမယ့် ဂီယာထည့်ပြီး လီဗာလေး နည်းနည်းနင်းလိုက်တာနဲ့ ပန်းတိုင်ကို ချက်ချင်းရောက်သွားလို့ ဒုက္ခရောက်နေတယ်" ဆိုတဲ့ ကိစ္စပါပဲ။ ဆေးပညာအရတော့ Premature Ejaculation (PE) သုက်လွှတ်မြန်ခြင်းလို့ ခေါ်ပါတယ်။


​ဒီကိစ္စက တကယ်တော့ ရယ်စရာမဟုတ်ပါဘူး။ အမျိုးသားတွေရဲ့ ယုံကြည်မှုကို အထိခိုက်စေဆုံးနဲ့ ပါတနာ နှစ်ယောက်ကြားက ဆက်ဆံရေးကို အသံတိတ် ဖျက်ဆီးပစ်နိုင်တဲ့ တရားခံတစ်ကောင်ပါ။ လိင်မှုကိစ္စဆိုတာ ပထမဆုံးပန်းဝင်တဲ့သူ ဆုရမယ့် ပြိုင်ပွဲမှ မဟုတ်တာဗျာ။ အစောကြီး ပြီးမြောက်သွားတော့ ကိုယ်တိုင်လည်း အားမလိုအားမရဖြစ်၊ အဖော်ဖြစ်သူကလည်း လစ်ဟာမှုတစ်ခု ခံစားရပြီး ကျန်ခဲ့တတ်ပါတယ်။


​ကဲ... ဒီတော့ သုက်လွှတ်မြန်တယ်ဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လို ပြုပြင်ယူလို့ ရသလဲ၊ ဘယ်အချိန်တိုင်းတာချက်က ပုံမှန်လဲ ဆိုတာတွေကို ရှင်းရှင်းလင်းလင်းနဲ့ အေးအေးဆေးဆေး ပြောပြမယ်။ သေချာလေး ဖတ်ကြည့်ကြပါ ညိုကီတို့ရေ။

...

...


​၁။ ဘယ်လောက်ကြာရင် ပုံမှန်လဲ (လက်တွေ့နဲ့ စိတ်ကူးယဉ် ကွာဟချက်)


​ပထမဆုံး သိထားရမှာက ရုပ်ရှင်တွေထဲကလို၊ လူမှုကွန်ရက်က သတင်းမှားတွေထဲကလို နာရီဝက်လောက်၊ တစ်နာရီလောက်ကြီးကြာနေမှ ပုံမှန်ဆိုတဲ့ အထင်အမှားကြီးကို ခေါင်းထဲက အရင်ထုတ်ပစ်လိုက်ပါ။ ဆေးပညာမှာ Intravaginal Ejaculation Latency Time (IELT) ဆိုတဲ့ အချိန်တိုင်းတာချက် ရှိပါတယ်။ အတူနေဆက်ဆံချိန် စတင်တာကနေ ပြီးမြောက်တဲ့အချိန်အထိ ကြာချိန်ပေါ့။


​နိုင်ငံတကာက စုံတွဲပေါင်း (၅၀၀) ကျော်ကို သုတေသနလုပ်ကြည့်တဲ့အခါ ပျမ်းမျှကြာချိန်က (၅.၄) မိနစ် ပါပဲ။


​လုံလောက်တဲ့ အချိန် - (၃) မိနစ်ကနေ (၇) မိနစ် (ဒါက သာမန် အမျိုးသားအများစုရဲ့ အချိန်ပါ)။


​စံပြအချိန် - (၇) မိနစ်ကနေ (၁၃) မိနစ် (စုံတွဲအများစု အကြိုက်ဆုံးနဲ့ နှစ်ဦးစလုံး အဆင်ပြေဆုံးအချိန်လို့ ဆိုကြပါတယ်)။

.


​ကြာတိုင်းလည်း မကောင်းဘူး ညိုကီတို့ရေ။


​တချို့ကိုယ်တော်ချောတွေက ထင်ကြတယ်... အကြာကြီးနေနိုင်လေ ဆရာကျလေ၊ အဖော်ဖြစ်သူက ပိုသဘောကျလေ ဆိုပြီးတော့လေ။ မှားယွင်းတဲ့ အယူအဆတွေကြောင့် အထင်မှားနေကြတာဗျ။ တကယ့် လက်တွေ့ ဘဝမှာကျတော့ လိုတာထက်ပိုပြီး ကြာလွန်းနေတာ (ဆေးပညာအရ Delayed Ejaculation) ဟာလည်း နှစ်ယောက်စလုံးအတွက် ဒုက္ခတစ်ခုပါပဲ။


​စဉ်းစားကြည့်ဗျာ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အားကိုသုံးရတဲ့ကိစ္စမှာ မိနစ် (၂၀)၊ နာရီဝက်လောက်ကြီး ကြာနေရင် နှစ်ယောက်စလုံး အရုပ်ကြိုးပြတ် ပင်ပန်းသွားမှာပေါ့။ ရုပ်ပိုင်းဆိုင်ရာအရကြည့်ရင် အကြာကြီး ပွတ်တိုက်မှု ဖြစ်နေတဲ့အတွက် နှစ်ဦးစလုံးမှာ ပွန်းပဲ့ပြီး နာကျင်လာလိမ့်မယ်။ အထူးသဖြင့် အချိန်ကြာလာတာနဲ့အမျှ သဘာဝအရည်ကြည် ခမ်းခြောက်သွားတတ်လို့ နောက်ပိုင်းကျရင် သာယာမှုထက် နာကျင်မှုကိုပဲ အလူးအလဲ ခံစားရတော့မယ်။ အမျိုးသားတွေဘက်ကလည်း အကြာကြီး အားယူထားရလွန်းလို့ ပင်ပန်းပြီး ပန်းတိုင်မရောက်လိုက်ဘဲ ထောင်မတ်နိုင်စွမ်း ကျဆင်းသွားတတ်တယ်။


​စိတ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတက်တာပဲဗျ။ အဖော်ဖြစ်သူဘက်က "သူ ပြီးကို မပြီးနိုင်ဘူး... ငါ့မှာ ဆွဲဆောင်မှု မရှိတော့လို့လား၊ သူ ငါ့ကို စိတ်မဝင်စားတော့ဘူးလား" ဆိုပြီး သိမ်ငယ်စိတ်တွေ၊ သံသယတွေ ဝင်လာတတ်တယ်။ ကိုယ်တိုင်လည်း "ငါ ဘာဖြစ်နေတာလဲ၊ ဘာလို့ မပြီးနိုင်ရတာလဲ" ဆိုပြီး စိတ်ဖိစီးလာမယ်။


​နောက်ဆုံးကျတော့ အတူနေခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖလှယ်တဲ့ သာယာကြည်နူးစရာကိစ္စ မဟုတ်တော့ဘဲ မပြီးမချင်း မရရအောင် အတင်းလုပ်ရမယ့် တာဝန်ကြီးတစ်ခုလို ဖြစ်သွားပါလေရော။ ဒါကြောင့် "တန်ဆေး လွန်ဘေး" ဆိုသလိုပါပဲ။ သိပ်မြန်လွန်းရင်လည်း ဟာတာတာ ဖြစ်ကျန်ခဲ့သလို၊ သိပ်ကြာလွန်းရင်လည်း နှစ်ယောက်စလုံး နာကျင်ပင်ပန်းပြီး ဒုက္ခရောက်ပါတယ်။ အချိန်တစ်ခု၊ အတိုင်းအတာတစ်ခုအတွင်းမှာ နှစ်ယောက်စလုံး အထွတ်အထိပ်ရောက်ပြီး သာသာယာယာ အနားယူလိုက်နိုင်တာကမှ တကယ့်အကောင်းဆုံး စွမ်းဆောင်ရည်ပါပဲဗျာ။

.


​၂။ အချိန်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါ။


​ဒါဆို "သုက်လွှတ်မြန်တယ်" ဆိုတာ ဘယ်လိုလဲ။ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ ဆေးပညာအဖွဲ့အစည်း (ISSM) ရဲ့ သတ်မှတ်ချက်အရ ဆရာဝန်တွေက အောက်ပါ အချက် ၃ ချက်နဲ့ ချိန်ထိုးပါတယ်။


​၁။ အချိန် - အတူနေချိန် (၁) မိနစ်ကနေ (၂) မိနစ်အတွင်း အမြဲတမ်းလိုလို ပြီးမြောက်သွားတာ။


၂။ ထိန်းချုပ်နိုင်စွမ်း မရှိခြင်း - မိမိက ဆက်ပြီး အချိန်ယူချင်သေးတယ်။ ဒါပေမယ့် လုံးဝ ထိန်းထားလို့ မရဘဲ ပြီးမြောက်သွားတာ။


၃။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာခြင်း - ဒီကိစ္စကြောင့် ကိုယ်တိုင်လည်း စိတ်ပျက်အားငယ်လာတယ်၊ ပါတနာနဲ့လည်း အဆင်မပြေဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှုကို ရှောင်လွှဲချင်လာတဲ့အထိ စိတ်ဒုက္ခရောက်လာတာ။


​(မှတ်ချက် - မိမိက (၂) မိနစ်လောက်နဲ့ ပြီးမြောက်ပေမယ့် ကိုယ်ရော ကိုယ့်အဖော်ရောက သာယာကျေနပ်တယ်၊ ဘာပြဿနာမှ မရှိဘူးဆိုရင် ဒါဟာ ရောဂါမဟုတ်ပါဘူး။)

.


​၃။ မွေးရာပါလား၊ နောက်မှ ဖြစ်တာလား။


​PE မှာ အဓိက အမျိုးအစား (၂) မျိုး ရှိပါတယ်။


• Primary PE (စပြီးတွေ့ကြုံဖူးကတည်းက ဖြစ်နေတာ)


အတွေ့အကြုံ စရှိကတည်းက ဘယ်အချိန်ပဲဖြစ်ဖြစ် ခဏလေးနဲ့ ပြီးသွားတတ်တာ။ ဒါက မျိုးရိုးဗီဇ၊ အာရုံကြောတုံ့ပြန်မှု တအားမြန်တာတွေနဲ့ ဆိုင်တတ်ပါတယ်။


• ​Secondary PE (နောက်မှ ဖြစ်လာတာ)


အရင်တုန်းကတော့ ပုံမှန်ပဲ။ ဒါပေမယ့် နောက်ပိုင်းမှ ဖိစီးမှုတွေ၊ ရောဂါအခံတွေ (ဆီးကျိတ်ရောင်တာ၊ သွေးတိုး၊ ဆီးချို စတာတွေ) ကြောင့် ရုတ်တရက် အချိန်တိုသွားတာ။ အများစုက ဒီအမျိုးအစားထဲမှာ ပါကြပါတယ်။

.


​၄။ စိုးရိမ်စိတ်နဲ့ ပန်းဝင်ခြင်း


​ဒါက စိတ်ပညာရှုထောင့်ကနေကြည့်ရင် အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အချိန်တိုအတွင်း ပြီးမြောက်ရတဲ့ အဓိကတရားခံက "ငါ မြန်မြန်ပြီးသွားမှာလား" ဆိုတဲ့ စိုးရိမ်စိတ်ကြောင့်ပါပဲ။


​ဒီနေ့တော့ အတူနေမယ်ဆိုတာနဲ့ ခေါင်းထဲမှာ "အရင်တစ်ခေါက်ကလို မြန်မြန်ပြီးသွားရင် ရှက်စရာကြီး၊ ဒီတစ်ခေါက်တော့ ထိန်းထားမှပဲ" ဆိုပြီး တွေးပူလာတယ်။ အဲဒီလို စိုးရိမ်စိတ် ဝင်လာတာနဲ့ ခန္ဓာကိုယ်က Sympathetic Nervous System ကို သွားနှိုးလိုက်တယ်။ အဲဒီစနစ်က ပွင့်သွားတဲ့အခါ ခန္ဓာကိုယ်က ကြွက်သားတွေ တင်းလာတဲ့အတွက် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး ပိုတောင် မြန်မြန်ပြီးသွားပါလေရော။ အဲဒီသံသရာထဲကနေ ရုန်းမထွက်နိုင်သရွေ့ အမြဲတမ်း အစောကြီး ပန်းဝင်နေဦးမှာပါပဲ။

.


​၅။ နှစ်ယောက်ကြားက အေးစက်သွားတဲ့ ဆက်ဆံရေး


​PE က အိပ်ရာပေါ်မှာတင် ပြီးသွားတဲ့ ပြဿနာမဟုတ်ဘူးဗျ။ အပြင်ဘက် ဆက်ဆံရေးအထိ ပါလာတယ်။ လိင်မှုကိစ္စဆိုတာ နှစ်ဦးသဘောတူ သာယာမှုကို ရှာဖွေတာဖြစ်ပေမယ့် ဒီလိုပြဿနာ ရှိလာရင် အမျိုးသားဘက်က ယုံကြည်မှု ကင်းမဲ့လာတယ်။ အတူနေခြင်းဟာ စိတ်ဖိစီးစရာ အလုပ်တစ်ခုလို ဖြစ်လာတယ်။


​အဖော်ဖြစ်သူဘက်ကလည်း နားလည်ပေးနိုင်ပေမယ့် ကြာလာရင် စိတ်ပိုင်းဆိုင်ရာ အချိတ်အဆက် ပြတ်တောက်သွားသလို ခံစားရတတ်တယ်။ အဆိုးဆုံးကတော့ ဒါဟာ နှစ်ယောက်ကြားမှာ ဖွင့်မပြောရဲတဲ့ ကိစ္စကြီး ဖြစ်လာတာပါပဲ။ ကိုယ်ကလည်း မစွမ်းဆောင်နိုင်မှာကြောက်လို့၊ အဖော်ကလည်း ဖိအားမပေးချင်လို့ အချင်းချင်း နွေးထွေးတဲ့ အထိအတွေ့တွေ ရှောင်လာကြတယ်။ ဖက်တာ၊ နမ်းတာလေးတွေကစပြီး ရှောင်ဖယ်လာတာဟာ ဆက်ဆံရေးတစ်ခုအတွက် အန္တရာယ် အရမ်းများပါတယ်။

.


​၆။ အစားအသောက်နဲ့ရော ဆိုင်သလား


​အိပ်ရာပေါ်က စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ဆိုရင် ဆေးတွေချည်းပဲ အားကိုးနေလို့ မရပါဘူး ညိုကီတို့ရေ။ နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကလည်း စိတ်အခြေအနေနဲ့ အာရုံကြောစနစ်ကို အများကြီး လွှမ်းမိုးနေပါတယ်။


• ​အပူအစပ်များနဲ့ စိုးရိမ်စိတ်


ညဘက် အတူမနေခင် မာလာရှမ်းကောတို့၊ အထောင်းတို့လို အပူအစပ်တွေ အများကြီးစားထားမိပြီ ဆိုပါစို့။ အစပ်စားလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန် တက်လာတယ်၊ ချွေးထွက်လာတယ်၊ နှလုံးခုန် တအားမြန်လာတယ်။ ဒီရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက စိတ်လှုပ်ရှား စိုးရိမ်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေနဲ့ တစ်ထပ်တည်း သွားကျနေတယ်။ အဲဒီအခါ ဦးနှောက်က "ဪ... ငါ စိုးရိမ်စိတ်တွေ ဝင်နေပြီပဲ" ဆိုပြီး အထင်မှားကာ အာရုံကြောစနစ်ကို သွားနှိုးလိုက်သလို ဖြစ်သွားပြီး အစောကြီး ပန်းဝင်သွားတတ်ပါတယ်။


​• ဘီယာ၊ အရက်နဲ့ အထင်အမှားခြင်း


တချို့က ထင်ကြတယ်... အတူမနေခင် ဘီယာလေး တစ်ခွက် နှစ်ခွက်လောက် သောက်လိုက်ရင် စိတ်ရဲသွားမယ်၊ ကြာကြာနေနိုင်မယ် ဆိုပြီးတော့လေ။ နည်းနည်းပါးပါး သောက်တာက စိတ်ကို ဖြေလျှော့ပေးနိုင်ပေမယ့် များသွားရင်တော့ ဆိုးကျိုးက ပိုများပါတယ်။ အရက်နဲ့ ဘီယာဟာ အာရုံကြောစနစ်ကို ထုံထိုင်းစေတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို လွဲချော်စေပါတယ်။ ဒါ့အပြင် အများကြီး သောက်ထားရင် ထောင်မတ်နိုင်စွမ်းကိုပါ သိသိသာသာ ကျဆင်းသွားစေလို့ အိပ်ရာမဝင်ခင် အလွန်အကျွံ သောက်သုံးတာကို ရှောင်တာ အကောင်းဆုံးပါပဲ။


​• စိတ်ကိုပြေလျော့စေမယ့်အစားအစာများ


ငှက်ပျောသီး (ကြွက်သားတွေကို ပြေလျော့စေတယ်)၊ Dark Chocolate (ပျော်ရွှင်စေတဲ့ ဟော်မုန်းထွက်စေတယ်)၊ ဖရုံစေ့၊ ဗာဒံစေ့ စတဲ့ အစေ့အဆံများ (အာရုံကြောကို ငြိမ်စေတယ်) နဲ့ Green Tea (စိတ်ဖိစီးမှုကို လျှော့ချပေးတယ်) တို့ကို ပုံမှန် စားသုံးပေးရင် စိုးရိမ်စိတ်တွေကို လျှော့ချနိုင်ပါတယ်။

.


​၇။ အထိရောက်ဆုံး ဘရိတ်အုပ်နည်းများ


​ဆေးတွေချည်း အားကိုးနေမယ့်အစား ကိုယ်တိုင်လေ့ကျင့်ယူလို့ရတဲ့ သဘာဝနည်းလမ်းတွေ ရှိပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုပဲ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ လုပ်ရပါမယ်။


• တစ်ကိုယ်တော် လေ့ကျင့်ခြင်း


​ဆေးပညာရှင်တွေနဲ့ Sex Therapist တွေက PE ကို ကုသတဲ့နေရာမှာ မိမိဘာသာ အာသာဖြေခြင်းကို အပြစ်တစ်ခုလိုမမြင်ဘဲ လေ့ကျင့်ရေးကွင်းတစ်ခုလို အသုံးချဖို့ အကြံပေးလေ့ရှိပါတယ်။ ပါတနာနဲ့ အတူရှိနေချိန်မှာ စိုးရိမ်စိတ်တွေ ပါလာတတ်လို့ တစ်ယောက်တည်း အရင်ဆုံး လေ့ကျင့်တာက အကောင်းဆုံးပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ကိုယ်တိုင် သေချာလေ့လာပြီး အဆုံးစွန်ထိ မရောက်ခင် ထိန်းထားနိုင်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။


• ရပ်လိုက်၊ ပြန်စလိုက် နည်းလမ်း


ဒါက ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုကို အလွန်အကျွံမတက်အောင် လေ့ကျင့်ပေးတာပါ။ အတူနေစဉ်မှာဖြစ်စေ၊ ကိုယ်တိုင်လေ့ကျင့်နေစဉ်မှာဖြစ်စေ ပြီးမြောက်တော့မယ့် အခြေအနေကို ရောက်လာပြီ (အာရုံခံစားမှု အမှတ် (၁၀) မှာ (၈) လောက်ကို ရောက်လာပြီ) ဆိုရင် လှုပ်ရှားမှု အားလုံးကို "ချက်ချင်း" ရပ်လိုက်ပါ။ စိတ်အာရုံ ငြိမ်ကျသွားတဲ့အထိ စက္ကန့် (၃၀) ကနေ (၆၀) လောက်အထိ စောင့်ပါ။ အဲဒီလို ငြိမ်သွားပြီဆိုမှ ပြန်စပါ။ (၃-၄) ကြိမ်လောက် လုပ်ပြီးမှသာ နောက်ဆုံး အပြီးသတ်ပါ။


• ညှစ်ပေးခြင်း နည်းလမ်း


ပြီးမြောက်တော့မယ့်အချိန်မှာ ရပ်လိုက်ပြီး အမျိုးသားအင်္ဂါရဲ့ ထိပ်ပိုင်းကို လက်မနဲ့ လက်ညှိုး၊ လက်ခလယ် သုံးပြီး ခပ်နာနာလေး (၁၀) စက္ကန့်ကနေ (၂၀) စက္ကန့်လောက် ညှစ်ထားလိုက်ပါ။ အဲဒီလို ဖိညှစ်လိုက်တဲ့အခါ တုံ့ပြန်မှုကို ချက်ချင်း ရပ်တန့်သွားစေပါတယ်။ ပန်းဝင်ချင်စိတ် ပျောက်သွားမှ ပြန်စပါ။


• Kegel Exercise


ဆီးသွားနေတုန်း ဆီးကိုရပ်သွားအောင် အောင့်ထားတဲ့အခါသုံးတဲ့ ကြွက်သားကို လေ့ကျင့်ပေးတာပါ။ အဲဒီကြွက်သားကို တစ်နေ့ကို အကြိမ် (၁၀) ကနေ (၁၅) ကြိမ်အထိ၊ တစ်ခါလုပ်ရင် (၃) စက္ကန့် ကနေ (၅) စက္ကန့်လောက် တင်းထားလိုက်၊ ပြန်လျှော့လိုက်နဲ့ ပုံမှန်လုပ်ပေးပါ။ ဒီကြွက်သား သန်မာလာပြီဆိုရင် ပြီးတော့မယ့်အချိန်မှာ ကိုယ့်ဘာသာကိုယ် အသိစိတ်နဲ့ "ဘရိတ်အုပ်" လို့ ရလာပါလိမ့်မယ်။

.


​၈။ စိတ်ကို ဖြေလျှော့ပါ၊ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။


​အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့ပါပဲ။ "ကိုယ်တို့ အတူတူ ကြိုးစားကြည့်ရအောင်၊ စိတ်ဖိစီးလို့ ဖြစ်တာပါ" ဆိုပြီး နားလည်မှု ယူပါ။ ကြင်နာတတ်တဲ့ အဖော်တစ်ယောက်ရဲ့ အားပေးမှုက ဘယ်ဆေးထက်မဆို ပိုစွမ်းပါတယ်။ (ရှိကြမယ်လို့လည်း ယုံကြည်ပါတယ်)

...

...


​တကယ်လို့ ဒီနည်းလမ်းတွေနဲ့မှ မရဘူးဆိုရင်တော့ ရှက်မနေပါနဲ့။ လိုအပ်ရင် ဆရာဝန်နဲ့ တို​င်ပင်ပြီး ကိုယ်နဲ့သင့်တော်တဲ့ ဆေးတွေကို သုံးစွဲလို့ရပါတယ်။


​ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ ညိုကီတို့အနေနဲ့ စိတ်ဓာတ်မကျဘဲ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အချိန်ယူ ပြုပြင်သွားမယ်ဆိုရင် ဒီအခက်အခဲကို သေချာပေါက် ကျော်လွှားနိုင်မှာပါ။ လိုအပ်တဲ့ ဆေးဝါး အကြံဉာဏ်တွေ၊ ကုသမှုတွေ ခံယူချင်တယ်ဆိုရင်တော့ တယ်လီကျန်းမာမှာ အခုပဲ booking ယူပြီး ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါလို့ တိုက်တွန်းပါရစေ...။


​စေတနာဖြင့်

အဓိပတိ

Saturday, May 16, 2026

ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ

 ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ



(Htet Htet Zaw Win မှ ရေးသားသည်။ · အထွေထွေရောဂါကုဆရာဝန် · HHG)


လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဘက်တီးရီးယားလည်း မဟုတ်၊ ဗိုင်းရပ်စ်လည်း မဟုတ်ဘဲ အင်းဆက်ဖြစ်နေရဲ့နဲ့ ပါနေတဲ့ ရောဂါတစ်ခု ရှိပါတယ်။ ဒါကတော့ ဆီးခုံသန်း ပါ။ သန်းတွေ အများစုက အနီးကပ်ထိတွေ့မိရုံနဲ့ ကူးစက်တတ်တာဖြစ်ပြီး ဆီးခုံသန်းကတော့ လိင်ကတဆင့် ကူးစက်ပါတယ်။


ဆီးခုံသန်း က လိင်ကနေတဆင့် ဘယ်လိုကူးစက်တာလဲ။

မိမိရဲ့ အဖော်မှာ ဆီးခုံသန်း ရှိတယ်ဆိုရင် အတူနေရင်းကနေ မိမိဆီကို ရောက်လာတတ်ပါတယ်။ ဒါကတော့ တွေ့ရအများဆုံးပါ။


လိင်ဆက်ဆံလို့ မဟုတ်ဘဲ ကူးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ဒါကတော့


သန်းတွယ်နေတဲ့ အတွင်းခံတွေ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲတာ

ဆီးခုံက သန်းက ခန္ဓာကိုယ်ရဲ့ တခြားနေရာ (ဥပမာ ခေါင်း၊ ချိုင်းမွေး)ကို ရောက်သွားပြီး ဒီကနေတဆင့် ကူးစက်တာပဲ ဖြစ်ပါတယ်။


ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ဘာလဲ။

ဆီးခုံသန်းရဲ့ အဓိက ပြဿနာက ယားတာပါ။ နောက်တစ်ခု အမွေးရှိတဲ့ ဘယ်နေရာမှာမဆို ရှိနေနိုင်တာပါ။ ဆီးခုံက သန်းက ခြေသလုံးမွေး၊ ချိုင်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေထိ ရောက်ပြီး ယားနိုင်ပါတယ်။ သန်းကိုက်ရာလေးတွေ ရှိနိုင်ပါတယ်။


သန်းက လူရဲ့ သွေးကို စုပ်တာဖြစ်တဲ့အတွက် အရေပြားမှာ အညိုအမည်း စွဲလာနိုင်ပါတယ်။


ယားလို့ ကုတ်ရင်းနဲ့ အနာတွေ ဖြစ်လာနိုင်ပါတယ်။


ဆီးခုံသန်း ကို ဘယ်လိုကုသနိုင်မလဲ။

အရင်ဆုံးတော့ အိမ်မှာ အရင်ကုသနိုင်ပါတယ်။ ဆေးဆိုင်မှာ ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ သန်းသေဆေးတွေ သုံးနိုင်ပါတယ်။


Permethrin cream. (သို့)

Pyrethrin with piperonyl butoxide စတာတွေက ရှန်ပူတွေ၊ ခရင်မ်တွေအနေနဲ့ လာပါတယ်။


ကုသနည်းကတော့


ခန္ဓာကိုယ်ရဲ့ အမွေးရှိသမျှ နေရာတွေမှာ သန်းကို လိုက်ရှာပါ။ တတ်နိုင်ရင် တစ်ကိုယ်လုံးကို ဆပ်ပြာနဲ့ သေချာချိုးချပြီး ခြောက်အောင်သုတ်ပါ။

အထက်ပါ ဆေးရှန်ပူ၊ ခရင်မ်ကို သန်းရှိမယ်လို့ ထင်တဲ့နေရာတွေမှာ လိမ်းပါ။ မျက်တောင်၊ မျက်ခုံးမွေးမှာ မသုံးရပါ။


ပြီးရင် ဆေးညွှန်းပါအတိုင်း အချိန်တစ်ခုထားပြီး ရေနဲ့ စင်အောင် ဆေးချပါ။


အမွေးအမျှင်တွေကြားမှာ ရှိနေသေးတဲ့ သန်းတွေကို လက်နဲ့ဖယ်တာ ဒါမှမဟုတ် ဘီးစိတ်တိုက်တာ လုပ်ပေးပါ။


အားလုံးပြီးရင် အဝတ်အစားသစ်လဲလိုက်ပါ။

ဒီနည်းအတိုင်း တစ်ပတ်၊ ၁၀ရက်လောက် လုပ်သွားရပါမယ်။


ဆီးခုံသန်း အတွက် အိမ်တွင်းကုသနည်းများ


အသုံးအဆောင်များမှ သန်းဖယ်ရှားနည်း


များသောအားဖြင့်တော့ အိပ်ရာခင်းတွေ၊ အဝတ်အစားတွေ၊ အတွင်းခံတွေမှာ ကပ်နေတာ များပါတယ်။


လျှော်လို့ရတဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေကို ကုသမှု မစခင် ၂ရက်အလိုတည်းက လျှော်ထားရပါမယ်။ ပူရင် သန်းတွေ သေတဲ့အတွက် ရေပူကို သုံးပါ။ ၁၃၀ ဒီဂရီဖာရင်ဟိုက်လောက်ရှိတဲ့ ရေနွေးနဲ့ ဆပ်ပြာကို ဖျော်ပြီး စိမ်လျှော်ပါ။ ပြီးရင် နေပြင်းပြင်းမှာ အနည်းဆုံး မိနစ် ၂၀လောက် လှမ်းထားပါ။

လျှော်မရတဲ့ ပစ္စည်းတွေဆို အလုံပိတ်အိတ်နဲ့ ထည့်ပြီး ၂ပတ်ကြာမှ ပြန်သုံးပါ။

အဝတ်အစားတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပိုးသတ်ဆေး မဖြန်းရပါ။


မိမိအဖော်ကို မကူးစက်စေဖို့


ဆီးခုံသန်းက လိင်ကတဆင့် ကူးစက်တာဖြစ်တဲ့အတွက် မိမိကနေ သူများကို ကူးတာကို ဖြစ်နိုင်သလို သူများကနေ မိမိကို ကူးလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်


မိမိအဖော်ကိုပါ စစ်ဆေးပြီး သန်းရှိရင် ကုသပါ။

၂ပတ်လောက် အတူနေတာကို ရှောင်ပါ။

ဆီးခုံသန်းက အတူနေတဲ့သူကတဆင့် ကူးစက်တာဖြစ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ မဆိုင်ပါဘူး။ ဒါ့ပြင် ဆီးခုံသန်း သေအောင် ဆီးခုံမွေးကို ရိတ်တာကလည်း အကျိုးမထူးပါဘူး။ ဒါပေမယ့် ဆီးခုံမွေးရိတ်ထားတာက သန်းမတွယ်အောင် အထိုက်အလျောက် ကာကွယ်ပေးပါတယ်။


ဆရာဝန်နဲ့ ပြသင့်တဲ့ အခြေအနေ


အပေါ်က ရှန်ပူတွေ၊ ခရင်မ်တွေ တစ်ပတ်၊ ၁၀ရက်လောက် သုံးပြီး မသက်သာရင်

မျက်ခုံးမွေးတွေမှာ ဖြစ်ရင်

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မှာ ဖြစ်နေရင်

ယားနာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။


***Helloဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။

Thursday, February 19, 2026

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

 




အမျိုးသားကျန်းမာရေး

အမျိုးသားကျန်းမာရေးဆိုင်ရာများ


(Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ )


ပုံမှန် ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက် လက်နဲ့ အာသာဖြေပြီး၊ လိင်ဆက်ဆံပြီးနောက် ဆန္ဒအထွတ်အထိပ်ကို ရောက်သွားတဲ့အခါ (Orgasm) ခေါင်းမူးသလို၊ မိုက်ကနဲ လဲချင်သလို ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်တတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိသေးပေမယ့် ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေကိုတော့ ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။ တစ်ခုခုဆို သုက်လွှတ်ပြီးမှ ခေါင်းမူးလာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ပုရိသတွေလည်း အဖြေရှာရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း က ဘာကြောင့်လဲဆိုတာ အဖြေထုတ်ကြည့်လိုက်နော်။


အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း ကို ဒါတွေက ဖြစ်စေတာပါ။


၁။ ဆီးကျိတ်ကြီးဆေး သောက်နေရခြင်း


BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရလွယ်ကူအောင် သောက်ရတဲ့ ဆေးတွေ ရှိပါတယ်။ ဒီဆေးဟာ ရောဂါအတွက် သောက်ဆေးဆိုတာ မှန်ပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ သုက်လွှတ်ဖို့ အချိန်ကြန့်ကြာခြင်း၊ သုက်မလွှတ်နိုင်တာ၊ သုက်လွှတ်ပြီးသွားတဲ့အခါ ခေါင်းမူးသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုး ခံစားနေရတယ်ဆိုရင်တော့ ကိုယ်ပြနေကျဆရာဝန်နဲ့ သေချာပြန်ပြပြီး ဆေးပြောင်းတာ၊ ဆေးရပ်တာမျိုး အကြံတောင်းကြည့်လို့ ရပါတယ်။


၂။ ခွန်အားတွေ အလွန်အကျွံ အသုံးပြုရခြင်း


ဒါကတော့ အာသာဖြေတာထက် လိင်ဆက်ဆံတာနဲ့ ပိုဆိုင်မှာပါ။ လိင်ဆက်ဆံတဲ့အခါမှာ ထိုးသွင်းမှုပြုရတဲ့ အမျိုးသားတွေက ပိုမိုအားစိုက်ထုတ်ရပါတယ်။ ဒီအတွက်ကြောင့် အားအင်ပြည့်ဖြိုးနေမှ လိင်ဆက်ဆံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိရင် လူတွေက အားမရှိတတ်တဲ့အတွက် အားအင်ကုန်ခမ်းလောက်စရာ လိင်မှုကိစ္စ ပြုလုပ်တဲ့အခါ ဦးနှောက်က အောက်စီဂျင်ပြတ်သွားသလို ဖြစ်တတ်ပြီး မူးတတ်ပါတယ်။


ဒါကို ကာကွယ်ဖို့အတွက် လိင်မှုကိစ္စ မစတင်ခင် အနည်းဆုံး ၂နာရီ အလိုမှာ ဝဝလင်လင် အစာစားထားဖို့ လိုပါတယ်။ အစာရှိမှ အားရှိမှာ ဖြစ်လို့ ကိုယ့်လူတွေလည်း ဗိုက်ဟောင်းလောင်းနဲ့ လိင်ဆက်ဆံတာမျိုးတော့ တတ်နိုင်သလောက် ရှောင်ပေးပါနော်။


၃။ ရေဓာတ် မလုံလောက်ခြင်း


အားကစားလုပ်တဲ့အခါ ရေဓာတ် လုံလောက်ဖို့လိုတယ်ဆိုတာ အမျိုးသားတော်တော်များများ သိထားပြီးသားဖြစ်မှာပါ။ ရေဓာတ်ဟာ သွေးတွင်း အောက်စီဂျင်လည်ပတ်စီးဆင်းနှုန်းကို မြန်ဆန်စေသလို အားအင်တွေကို ဖြစ်စေပြီး ဦးနှောက်အာရုံကြောစနစ်ကို လန်းဆန်းတက်ကြွစေတယ်။ ရေဓာတ်မလုံလောက်ဘဲ လိင်ဆက်ဆံမှု ပြုတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုဖြစ်ပြီး ခေါင်းမူးတာ၊ မျက်စိက ပြာကနဲ ဖြစ်သွားတာ၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် လိင်ဆက်ဆံတဲ့အခါ ကိုယ့်အနားမှာ ရေဆောင်ထားဖို့ လိုပြီး အများကြီးသောက်တာထက် အာစွတ်ရုံလောက် သောက်ပေးနိုင်ရင် ရပါတယ်။


၄။ ကြာဆေးများ သောက်ခြင်း


လိင်တံထောင်မတ်နိုင်ဖို့၊ သုက်လွှတ်ရန် အချိန်ကြာဖို့ ကြာဆေးအကူအညီ ယူတဲ့အခါ လိင်အင်္ဂါအတွင်းသာမက ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးကြောများဟာ ကျယ်သွားပါတယ်။ သွေးစီးဆင်းမှုဟာလည်း ပိုမြန်ဆန်လာသလို သုက်လွှတ်လိုက်တဲ့အခါ စုစည်းနေတဲ့သွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးစီသို့ လျင်မြန်စွာ ပြန့်သွားတဲ့အတွက် အောက်စီဂျင် ခေတ္တခဏ ပြတ်လပ်မှုဖြစ်ပြီး မူးသွားတတ်ပါတယ်။


အထူးသဖြင့် ကြာဆေးကို စွဲသောက်နေသူတွေ၊ သွေးတိုး၊ နှလုံးရောဂါရှိသူတွေ၊ အာရုံကြော အားနည်းသူများ ကြာဆေးသောက်ပြီး လိင်ဆက်ဆံတဲ့အခါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကြာဆေး အားပမာဏကို လျှော့သောက်တာ၊ ကြာဆေးအကူမယူဘဲ လိင်ဆက်ဆံခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။


၅။ ရောဂါအခံ တစ်ခုခုရှိခြင်း


ကိုယ်မသိသေးတဲ့ ရောဂါအခံ တစ်ခုခုရှိနေတဲ့အခါ သို့မဟုတ် ကိုယ့်မှာရှိတဲ့ ရောဂါအတွက် ဆေးတွေ သောက်နေရတဲ့အခါ ဒီပြဿနာတွေက ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒနဲ့ လိင်မှုရေးရာကို သွားပြီး သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာ လိင်ဆက်ဆံတဲ့အချိန်တိုင်း မူးပြီး မောနေတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူမဝတာ၊ မျက်လုံးထဲ ပြာပြီး ဘာမှမမြင်ရတာ၊ နားထဲ စူးကနဲ အသံတွေကြားနေရတာတွေ မကြာခဏ ဖြစ်နေတတ်ရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။


ဒီလိုမျိုး သုက်လွှတ်ပြီးနောက် အမျိုးသားများ ခေါင်းမူးသလို အဖြစ်များ ကြုံတွေ့ရခြင်းဟာ အဖြစ်နည်းတဲ့ ကိစ္စဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို ဖြစ်နေရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသားဆရာဝန်နဲ့ ပြသပြီး ကိုယ့်ကျန်းမာရေးကို စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။



***Helloဆရာဝန် စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

Friday, November 14, 2025

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ

 


(Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။)

ချစ်တင်းနှောမှုက အရွယ်ရောက်ပြီးသား ချစ်မြတ်နိုးသူ ၂ ဦးကြားမှာ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်တဲ့ အပြုအမူတစ်ခုလို့ လက်ခံနိုင်ဖွယ်ရာ ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ ဒီလိုပြောရတာက တစ်ခါတလေမှာ ချစ်တင်းနှောမှုက ထင်မှတ်မထားတဲ့ စိတ်ညစ်ညူးစရာတွေကို ပေးစွမ်းနိုင်လို့ပါပဲ။ အတူနေနေချိန်တွေမှာ ခံစားရတာမျိုး ရှိသလို အတူနေပြီးချိန်မှာ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒါက ဘာလဲဆိုတော့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရတာပါ။ ဒီတစ်ခေါက်တော့ အမျိုးသားကျန်းမာရေးရာ တစ်ခုအနေနဲ့ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ

ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြတာ ဘာကြောင့်များလဲ ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါတဲ့နော်။

ကြွက်သားတွေ တောင့်တင်းနေတာ

အတူနေချိန်မှာ အနေအထား တစ်ရပ်ရပ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဝန်ပိပြီး ချစ်တင်းနှောပြီးချိန်မှာ နာကျင်မှုကို ခံစားသိရှိတာမျိုးပါ။ ဒီလို နာကျင်မှုက အမျိုးသားတွေမှာ အဖြစ်များတဲ့ အနေအထား တစ်ရပ်ပါ။ ဒီလို နာကျင်မှုက ခါးအောက်ပိုင်း၊ ဇက်ကြော၊ ပခုံး၊ ပေါင်နောက်ကျောကြွက်သားတွေမှာ ခံစားရနိုင်သလို ဝမ်းဗိုက်အောင်ဘက်နားမှာလည်း နာကျင်မှုကို ခံစားရနိုင်ပါတယ်။

မိနစ် အနည်းငယ်အတွင်းမှာ သက်သာသွားနိုင်သလို နာရီအတော်ကြာမှ သက်သာသွားတာလည်း ရှိပါတယ်။ ဒီလို နာကျင်မှုကို သက်သာစေဖို့အတွက် ရေခဲဝတ်လေး ကပ်ပေးလို့ ရပါတယ်။

ဆီးကျိတ်ရောင်နေတာ

ဆီးကျိတ်ရောင်နေတာက ဆီးသွားတဲ့အချိန်၊ လိင်တံထောင်မတ်တဲ့အချိန်နဲ့ ချစ်တင်းနှောချိန်တွေမှာ နာကျင်တာတွေကို ခံစားရစေနိုင်ပါတယ်။ ဆီးကျိတ်ဆိုတာက တင်ပဆုံရိုး အောက်ဖက်နား ဆီးအိမ်နဲ့ လိင်တံကြားမှာ ရှိတဲ့ ပဲစေ့ပုံ ဂလင်းလေးပါ။ သုက်လွှတ်ဖို့နဲ့ သုက်ပိုးလေးတွေကို ပို့ဆောင်ပေးဖို့ တာဝန်ယူထားတာပါ။

အမျိုးသားတွေမှာ အသက်အရွယ်ရလာလေလေ ဆီးကျိတ်ကကြီးလာလေလေပါပဲ။

လိင်တံမှာ အမာရွတ်ဖြစ်တဲ့ တစ်ရှူးတွေ ရှိနေတာ 

ဒီပြဿနာကို အရွယ်ရောက်ပြီးသူ အမျိုးသား အယောက် ၂၀၀ မှာ ၁ ယောက်နှုန်း ခံစားကြရပါတယ်။ လိင်တံအတွင်းမှာ အမာရွတ်ဖြစ်နေတဲ့ တစ်ရှူးတွေ များလာပြီး လိင်တံ ထောင်မတ်ချိန်မှာ ကွေးကောက်တာမျိုး ဖြစ်စေတာပါ။ ဒီအခြေအနေကလည်း အတူနေချိန်မှာ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ နာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာ

အတူနေချိန်မှာ နာကျင်မှု ခံစားရတာ အတူနေပြီးချိန်တွေမှာ ဗိုက်အောင့်ရတာက ဆီးလမ်းကြောင်းထဲမှာ ဘက်တီးရီးယားတွေ ဝင်ရောက်နေတာကြောင့်ပါ။ ဒီဘက်တီးရီးယားတွေက ဆီးစွန့်ပြွန်ကနေစပြီး ဆီးပို့ပြွန်နဲ့ ကျောက်ကပ်တွေအထိ ရောက်ရှိသွားမယ်ဆိုရင် ဆီးကျင်တာ၊ ခါးနာတာအပြင်  ဗိုက်အောက်ဖက်နားမှာ အောင့်တာကို ပြင်းပြင်းထန်ထန် ခံစားရမှာပါ။

လိင်ကတဆင့် ကူးစက်တဲ့ ရောဂါ တစ်ခုခု ရှိနေတာ

ရောဂါပိုး ရှိနေသူနဲ့ အကာအကွယ် မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေတဆင့် လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ကူးစက်ခံရနိုင်ပါတယ်။ ဒီလို ကူးစက်ခံရမှုကနေ ကလက်မိုင်းဒီယား ၊ ဆီးပူညောင်းကျရောဂါ၊ ထရိုင်ခိုမိုနီရေးစစ် နဲ့ လိင်အင်္ဂါရေယုန် စတာတွေကို ခံစားရနိုင်ပါတယ်။

ဒီလိုရောဂါတွေ ကူးစက်ခံထားရမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကို မြန်မြန် ခံယူနိုင်ဖို့ လိုပါမယ်။

ဝမ်းချုပ်တာ

အစာခြေစနစ်မှာ ပြဿနာ တစ်ခုခု ရှိနေတာကလည်း အတူနေချိန် နဲ့ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက ယာယီသက်သာစေနိုင်ပေမယ့်လည်း IBS လိုမျိုး ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ မအီမသာဖြစ်တာမျိုးကို ခံစားရမယ်ဆိုရင်တော့ ကုသမှု သေချာလေး ခံယူဖို့ လိုပါမယ်။

ကဲ …. အခုလောက်ဆိုရင်တော့ ပုရိသတို့ ချစ်တင်းနှောပြီးချိန်မှာ ဗိုက်အောင့်ကြရတဲ့ အကြောင်းအရင်းတွေကို သိလောက်ပြီ ထင်ပါတယ်နော်။ ကိုယ်တိုင်ရော ဘယ်အချက်နဲ့များ တိုက်ဆိုင်နေလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်တော့နော်။

***Hello ဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။

Friday, October 17, 2025

တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်ရတော့မယ့် ART ဆေးသစ်

 🎉 တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်ရတော့မယ့် ART ဆေးသစ်သတင်းကောင်း!




ART ကုထုံး ကုသမှုအတွက် အရမ်းကို မျှော်လင့်ရတဲ့ သတင်းကောင်းလေးတစ်ခု နိုင်ငံတကာကနေ ထွက်ပေါ်လာလို့ မမမြင့်မာ မျှဝေပေးပါရစေ


တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်ရတော့မယ့် HIV ဆေးသစ် လေးဟာ အရမ်းကို အလားအလာကောင်းနေပါတယ်တဲ့


💊 Ulonivirine (ယူလိုနီဗီရင်း) လို့ခေါ်တဲ့ စမ်းသပ်ဆဲဆေးသစ်တစ်မျိုးဟာ HIV ကို ခုခံကာကွယ်ဆေး (NNRTI) အုပ်စုဝင်ဖြစ်ပြီး၊ အခုဆိုရင် တစ်ပတ်မှ တစ်ကြိမ်သာ သောက်ရတဲ့ HIV ဆေးဝါးများ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ အလားအလာရှိနေတယ်လို့ ရဝမ်ဒါမှာလုပ်တဲ့ HIV သိပ္ပံဆိုင်ရာ နိုင်ငံတကာ AIDS အသင်းညီလာခံ (IAS 2025) မှာ တင်ပြခဲ့တဲ့ Phase II လေ့လာမှုရလဒ်တွေက ဆိုပါတယ်။


ဘာလို့ ဒီဆေးသစ်က အရေးပါတာလဲ?

HIV ကုသမှုအတွက် နေ့စဉ်သောက်ရတဲ့ ဆေးတွေက အရမ်းထိရောက်ပေမယ့် တချို့လူတွေအတွက်တော့ နေ့တိုင်းဆေးသောက်ဖို့က ခက်ခဲတာမျိုး၊ “ဆေးသောက်ရတာ စိတ်ကုန်လာတာ (Pill Fatigue)” မျိုးတွေ ရှိနိုင်ပါတယ်။ 


ဒါ့အပြင် အသားထဲထိုးတဲ့ အကြိမ်ကြာခံဆေး (Injectable drugs) တွေကို မလိုချင်သူတွေအတွက် တစ်ပတ်တစ်ကြိမ် သောက်ရတဲ့ ဆေး ဟာ ဆေးမှန်မှန်သောက်သုံးမှု (Adherence) ကို အများကြီး တိုးတက်စေနိုင်ပါတယ်။


👨‍⚕️ "တစ်ပတ်တစ်ကြိမ် သောက်ရတဲ့ ဆေးစနစ်ဟာ နေ့စဉ်သောက်သုံးရတဲ့ ဆေးစနစ်ထက် တစ်သက်တာလုံး ဆေးမှန်မှန်သောက်သုံးမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်" လို့ သုတေသနခေါင်းဆောင် Dr. Jean-Michel Molina က ပြောခဲ့ပါတယ်။


ရလဒ်အသေးစိတ်လေးတွေက ဘာတွေလဲ?

• ဒီဆေးသစ် (Ulonivirine) ကို Islatravir ဆိုတဲ့ နောက်ထပ်ဆေးတစ်မျိုးနဲ့ ပေါင်းပြီး စမ်းသပ်ခဲ့တာပါ။


• လေ့လာမှုက နဂိုရည်ရွယ်ထားတာထက် စောပြီး ရပ်နားခဲ့ရပေမယ့် (Isalatravir ဆေးပမာဏများလို့ ခန္ဓာကိုယ် ခုခံအားဆဲလ်တွေ ကျဆင်းမှု ဖြစ်ခဲ့လို့ပါ)၊ Ulonivirine ရဲ့ ထိရောက်မှုကတော့ အားရစရာကောင်းနေခဲ့ပါတယ်။


• နေ့စဉ်သောက်နေတဲ့ Biktarvy လိုမျိုး ထိရောက်မှုအတိုင်းပဲ Ulonivirine နဲ့ Islatravir ပေါင်းပြီး တစ်ပတ်တစ်ကြိမ်သောက်သူတွေမှာလည်း ဗိုင်းရပ်စ်ပမာဏ ၅၀ အောက် ထိန်းထားနိုင်ခဲ့ပြီး ကုသမှု မအောင်မြင်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ (လေ့လာမှုမှာ ပါဝင်သူ ၁၅၃ ယောက်အထိ စမ်းသပ်ခဲ့တာပါ)


• အရေးကြီးတာက: ခုခံအားဆဲလ်ကျဆင်းမှုတွေဟာ ဆေးပမာဏများတဲ့ Islatravir ကြောင့်ဖြစ်တာကို တွေ့ရှိခဲ့ပြီး Ulonivirine ကြောင့် မဟုတ်ဘူးလို့ သုတေသီတွေက အခိုင်အမာ ပြောကြားထားပါတယ်။ ဆေးရပ်လိုက်တဲ့အခါမှာလည်း ခုခံအားဆဲလ်တွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။


• ဒါကြောင့် အခုလက်ရှိမှာတော့ Islatravir ကို ဆေးပမာဏ လျှော့ချပြီး Ulonivirine နဲ့ ပေါင်းစပ်တဲ့ တစ်ပတ်တစ်ကြိမ် သောက်ရမယ့် Phase IIb စမ်းသပ်မှုအသစ် တစ်ခု ဆက်လက် လုပ်ဆောင်နေပြီလို့ သတင်းရရှိပါတယ်။


ဒီလိုမျိုး HIV ကုသမှုအတွက် ပိုမိုလွယ်ကူတဲ့ နည်းလမ်းတွေ ပေါ်ထွက်လာတာဟာ တကယ်ကို ဝမ်းသာစရာပါပဲနော်။ 


အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေလို့ မမမြင့်မာက ဆုတောင်းပေးပါတယ်ရှင့်။


📌 ယခု အကြောင်းအရာတွင် ဆေးဘက်

ဆိုင်ရာအချက်အလက်များ Source မူရင်း သတင်းများ ပါဝင်သဖြင့် ပြန်လည်ကူးယူပြီး မိမိစာမျက်နှာတွင် တင်ခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


📌 Research အသေးစိတ်ကို Source > https://www.poz.com/article/ulonivirine-shows-promise-weekly-oral-hiv-treatment


CRISPR ဆိုတာဘာလဲ ? HIV ပိုးပျောက်အောင်ကုတဲ့ နည်းပညာအသစ်လား ? 




နိုင်ငံခြား Page တစ်ခုက တင်နေတော့ အားလုံးက CRISPR အကြောင်းလာမေးကြတာ Page က Reply မပြန်နိုင်လောက်တဲ့အထိပါပဲ 


တကယ်တော့ CRISPR Gene Editing အကြောင်းကို မမ မြင့်မာ တင်ပေးနေတာ ကြာလှပါပြီ။ ဒါက သတင်းအသစ် မထွက်သေးပါဘူး။ ပြောရရင် ပိုကောင်းတဲ့ ကုသနည်း စနစ်တွေဖြစ်အောင် လေ့လာနေကြတာပေါ့ 


ဒါဆိုရင် CRISPR ဆိုတာဘာလဲ ပြန်နွေးကြည့်ရအောင် 


မမမြင့်မာတို့ရဲ့ ဆဲလ်တွေထဲကို ဗိုင်းရပ်စ်တွေကို ဖြတ်ထုတ်နိုင်တဲ့ သေးငယ်တဲ့ကတ်ကြေးလေး တစ်ခုကို စိတ်ကူးကြည့်လိုက်ပါ။ 


ဒါဟာ CRISPR လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကုသရေး နည်းပညာအသစ်ရဲ့ အခြေခံအယူအဆပါ။ ဒီနည်းပညာကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘက်တီးရီးယားတွေမှာ ရှာဖွေတွေ့ရှိခဲ့ပြီး၊ သိပ္ပံပညာရှင်တွေက လူသားရဲ့ DNA ကို တည်းဖြတ်ဖို့ ပြုပြင်မွမ်းမံခဲ့ကြတာပါ။ 


HIV အတွက်ဆိုရင်၊ ဒီနည်းပညာက ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကို ကူးစက်ခံထားရတဲ့ဆဲလ်တွေကနေ ဖယ်ရှားဖို့ ရည်ရွယ်ပါတယ်။


ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အောင်မြင်မှုရခဲ့ပြီ 


၂၀၁၉ ခုနှစ်က အထူးကူးစက်ခံထားရတဲ့ကြွက်တွေမှာ CRISPR နဲ့အတူ ကြာရှည်ခံ HIV ဆေးတွေပေးပြီး စမ်းသပ်ခဲ့ပါတယ်။ ရလဒ်ကရော? CRISPR က HIV ရဲ့ DNA ကို ဆဲလ်တွေထဲကနေ အောင်အောင်မြင်မြင် ဖြတ်ထုတ်နိုင်ခဲ့တယ်၊ ဗိုင်းရပ်စ်လုံးဝမတွေ့ရတော့ပါဘူး။ 


မျောက်တွေမှာလည်း အလားတူအောင်မြင်မှုတွေ့ခဲ့ပါတယ်။l


Temple တက္ကသိုလ်နဲ့ Excision Biotech တို့ပူးပေါင်းပြီး EBT-101/EBT-100 လို့ခေါ်တဲ့ ဆေးတစ်ခါထိုးကုထုံး ဖြင့်စမ်းသပ်ခဲ့ရာ၊ မျောက်တွေရဲ့ကိုယ်ခံဆဲလ်တွေထဲက ဗိုင်းရပ်စ်မျိုးဗီဇတွေ ပျောက်သွားပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့ပါဘူး။


လူသားတွေမှာ စမ်းသပ်မှု (၂၀၂၂)


ဒီအောင်မြင်မှုတွေအပေါ်အခြေခံပြီး ၂၀၂၂ မှာ CRISPR ကို HIV ရောဂါသည်တွေမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်က စေတနာ့ဝန်ထမ်း ၅ ဦးကို EBT-101 ဆေးသွင်းကုသမှုပေးခဲ့ပြီး၊ သူတို့ရဲ့ ပုံမှန် HIV ဆေးတွေကိုလည်း ဆက်သောက်စေခဲ့ပါတယ်။ 


ပထမသတင်းကောင်းက—ဒီကုသမှုဟာ လုံခြုံစိတ်ချရတယ်၊ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးမတွေ့ရပါဘူး။ ဒါပေမယ့်၊ စမ်းသပ်မှုအရ သူတို့ဆေးတွေရပ်လိုက်တဲ့အခါ ဗိုင်းရပ်စ်ပြန်ပေါ်လာခဲ့ပါတယ်။ 


တစ်ယောက်ကတော့ ၁၆ ပတ်အထိ ဗိုင်းရပ်စ်မပြန်ပေါ်ဘဲ နေနိုင်ခဲ့ပါတယ် (ပုံမှန်ထက်ပိုကြာတာမို့ CRISPR က အထောက်အကူဖြစ်နိုင်တယ်လို့ ယူဆရပါတယ်)။ ဒါပေမယ့် လောလောဆယ်တော့ လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။


ဒါဆို CRISPR က HIV အတွက် အဖြေဖြစ်နိုင်မလား?


သိပ္ပံပညာရှင်တွေက သတိနဲ့အတူ မျှော်လင့်ချက်ထားကြပါတယ်။ CRISPR ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့နည်းလမ်းအသစ် ဖြစ်ပြီး အနာဂတ်မှာ ပျောက်ကင်းနိုင်တဲ့အလားအလာရှိတယ်၊ ဒါပေမယ့် အခုအချိန်ထိ အောင်မြင်မှုအပြည့်မရသေးပါဘူး။ HIV ဟာ ခန္ဓာကိုယ်အနှံ့ ပုန်းအောင်းနေနိုင်တဲ့အတွက် CRISPR ကို ဗိုင်းရပ်စ်ရှိသမျှနေရာတိုင်းဆီ ပို့ဖို့ခက်ခဲပါတယ်။ ပြီးတော့ ကတ်ကြေးက DNA အခြားနေရာတွေကို အမှားဖြတ်မိမှာကိုလည်း စိုးရိမ်ရပါတယ်။


အနှစ်ချုပ်


CRISPR ဟာ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာ အလွန်ကောင်းမွန်စွာအလုပ်လုပ်ပြီး၊ လူသားတွေမှာလည်း စိတ်ချရတယ် ဆိုတာ သက်သေပြခဲ့ပါပြီ။ ဒါပေမယ့် အခုချိန်ထိ HIV ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ပုံမှန်ဆေးစစ်ပြီး ရနိုင်တဲ့ဆေးတွေနဲ့ ကုသမှုခံယူဖို့ပါပဲ။ 


CRISPR ရဲ့တိုးတက်မှုကို စောင့်ကြည့်ကြရအောင်… ဒီနည်းပညာဟာ အနာဂတ်မှာ HIV ကုသရေးကို အပြောင်းအလဲကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။


မမမြင့်မာနဲ့ အတူတူ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် ဆက်လက်ကြိုးစားကြရအောင်နော်! ❤️


#HIVEduMM #CRISPR # HIVCure


ဒါကတော့ HIV ပိုးရှိလား မရှိလား စစ်ဆေးနိုင်မယ့် Nationals AIDS Program (NAP) ရှိတဲ့ အစိုးရ ဆေးရုံကြီးတွေဖြစ်ပါတယ်နော်။ 




HIV ပိုးတွေ့ရှိခဲ့မယ်ဆိုရင်လည်း ဆွေးနွေးပေးခြင်း ၊ လိုအပ်တဲ့ စစ်ဆေးမူ့များ ပြုလုပ်ပြီး ART ဆေးအခမဲ့ ပေးပါတယ်နော်။ 


နောက်ထပ် အခမဲ့ ကုသမူ့ ရရှိနိုင်ပြီး ဆက်လက်ထုပ်ယူနိုင်တဲ့ အစိုးရဆေးရုံ လိပ်စာလေးတွေ သိရင်လဲ comment မှာ ရေးပေးကြဖို့ အကူအညီတောင်းချင်ပါတယ်ရှင့်။ 


***Hiv Education Myanmar စာမျက်နှာမှ ကူးယူဖော်ပြသည်။ 


Sunday, September 7, 2025

အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်းအချို့


(Htet Htet Zaw Win မှ ပြန်လည်စိစစ်သည်)

အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေမှာ ဆန္ဒတစ်ခု ရှိပါတယ်။ ဒါကတော့ သင့်တော်တဲ့ အရွယ်အစား ရှိတဲ့ လိင်တံ ပိုင်ဆိုင်ချင်တာပါ။ ဒါကလည်း လိင်တံ အရွယ်အစားက နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်တဲ့ အခိုက်အတန့်ကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတာ‌ကြောင့်ပါ။ ဒါကြောင့် အမျိုးသားထုကြီးက လိင်တံကြီးစေဖို့ နည်းလမ်းတွေကို ရှာနေကြတာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရလား!

အမျိုးသားထုကြီးအနေနဲ့ လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ ဒါက ယာယီပဲ ကြီးစေတယ်ဆိုတာကို သိထားဖို့တော့ လိုပါတယ်။ ခုပြောမယ့် လေ့ကျင့်ခန်းတွေက လိင်တံဆီကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် လိင်တံကြီးသယောင်ယောင် ဖြစ်စေပါတယ်။

ကဲ ….. လိင်တံကြီးစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

#အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း တွေကတော့ –

နှိပ်နယ်ပေးတဲ့ လေ့ကျင့်ခန်း ( Massage Exercise)
ဒီလေ့ကျင့်ခန်း  လုပ်တဲ့အခါ ပုံမှန်အတိုင်း လုပ်ဆောင်လို့ ရသလို ချောဆီသုံးပြီး လိင်တံကို ညင်သာစွာ နှိပ်နယ်ပေးလို့လည်း ရပါတယ်။ ဒီလို လုပ်ပေးတာက လိင်တံကို သွေးစီးဆင်းမှုကောင်းစေလို့ ကြီးသယောင်ယောင် ဖြစ်စေပါတယ်။

 



ပြောင်းဆွဲတဲ့ လေ့ကျင့်ခန်း (Penis Pump Exercise)
ဒါကတော့ ကိရိယာသုံးပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းပါ။ ပြောင်းဆွဲတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက် ပြောင်း လိုအပ်ပါတယ်။ ဒီကိရိယာက လိင်တံကို ရှည်စေဖို့ရော ထောင်မတ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုက လိင်တံထောင်မတ်နိုင်စွမ်း မရှိတဲ့သူတွေမှာပါ ထိရောက်မှု ရှိစေတဲ့ လေ့ကျင့်ခန်းပါ။

ဒီလေ့ကျင့်ခန်း  လုပ်ဆောင်ဖို့အတွက်ဆိုရင် အရင်ဆုံး လိင်တံမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ချောဆီ လိမ်းပေးပါ။ ပြီးရင်တော့ ပြောင်းဆွဲတဲ့ ကိရိယာထဲကို လိင်တံ ထည့်ပြီး ကိရိယာကို ဖွင့်ပြီး မိနစ် အနည်းငယ်လောက် လုပ်ဆောင်ပေးပါ။ ပြောင်းနဲ့ လိင်တံကြီးအောင် လုပ်ပြီးရင် သွေးတွေ ပြန်ဝင်မသွားအောင် လိင်တံစွပ်ကွင်းနဲ့ ထိန်းထားလိုက်ပါ။

ဒီနည်းလမ်းက ယာယီပဲ ကြီးစေတာကြောင့် လိင်ဆက်ဆံခါနီးမှ ပြုလုပ်သင့်ပါတယ်။ လိင်ဆံစွပ်ကွင်းကို အကြာကြီးစွပ်ထားတာကို ရှောင်သင့်ပါတယ်။




(Jelqing Exercise)
ဒီလေ့ကျင့်ခန်းက အမျိုးသားတွေ အာသာဖြေနဲ့ ပုံစံနဲ့ အလားတူပါတယ်။ လက်ညှိုးနဲ့ လက်မကို အဝိုင်းပုံစံလုပ်ပြီး လိင်တံကို အရင်းကနေ အဖျားအထိ ဖြည်းဖြည်းချင်းဆီ ညှစ်ပေးတာပါ။ ပြီးရင် အဖျားကနေ အရင်းအထိ အပြန်အလှန် ညှစ်ပေးရမှာပါ။ တစ်ရက်ကို တစ်ကြိမ်၊ မိနစ် ၂၀ခန့် လုပ်ပေးနိုင်ပါတယ်။

လိင်တံအာသာဖြေတာနဲ့ တူတဲ့အတွက် လိင်တံထောင်မတ်ဖို့၊ ကြီးသယောင်ယောင် ဖြစ်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။




(Kegel Exercise)
ဒီလေ့ကျင့်ခန်းက လိင်တံကို ကြီးစေတာ မဟုတ်ပေမယ့် တင်ပဆုံ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ဒါကြောင့် နှစ်ကိုယ်ကြား ဆက်ဆံရေးမှာပါ အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

လုပ်နည်းကတော့ ဆီးသွားနေချိန်မှာ ကြွက်သားကို ညှစ်ပြီး ဆီးသွားတာကို ရပ်လိုက်ပါ။ အဲ့ဒီ ကြွက်သားတွေကို မှတ်ထားပါ။ ဆီးမသွားတဲ့ အချိန်မှာ အဲ့ဒီကြွက်သားတွေကို ကျုံ့လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ်လောက် လုပ်ပေးပါ။ အဲ့တာကို တစ်နေ့ ၃ကြိမ် လုပ်ပေးပါ။ ဆီးသွားချိန်မှာတော့ မလုပ်ရပါ။




လိင်တံ တကယ်ကြီးတယ်လို့ အာမခံနိုင်တဲ့ နည်းလမ်းရယ်လို့ မရှိသေးပါ။ ဒီလေ့ကျင့်ခန်းလေးတွေက လိင်တံကို ယာယီတော့ ကြီးစေနိုင်ပါတယ်။ ဒါကြောင့် နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်တဲ့ အတွေ့အကြုံလေးတွေကို ဖန်တီးနိုင်မှာပါ။

***Hello ဆရာဝန် စာမျက်နှာမှ ကူးယူဖော်ပြသည်။

Wednesday, August 20, 2025

လိင်ဆက်ဆံရင် ဝိတ်ကျ သလား

 


(Htet Htet Zaw Win မှ ရေးသားပါသည်။)


စုံတွဲတွေကြားမှာ စနောက်လေ့ ရှိတဲ့စကားက ကယ်လိုရီ သွားburnကြမယ်၊ အိပ်ရာထဲမှာ လေ့ကျင့်ခန်း သွားလုပ်ကြမယ်ဆိုတာပါ။ ဆိုလိုတာက လိင်ဆက်ဆံရင် ဝိတ်ကျ မယ်လို့ ယုံကြည်ကြတာကြောင့်ပါ။ တကယ်လည်း လိင်ဆက်ဆံတဲ့အခါ ခွန်အားသုံးရတာကြောင့် ကယ်လိုရီလောင်ကျွမ်းတာက မှန်ပါတယ်။ ဒါပေမဲ့ ဝိတ်ကျရလောက်အောင် ကယ်လိုရီလောင်ရဲ့လား။


လိင်ဆက်ဆံရင် ဝိတ်ကျ သလား


သုတေသနတွေက ဘာပြောလဲ

လိင်ဆက်ဆံတာနဲ့ ကယ်လိုရီလောင်ကျွမ်းတာအကြား ဆက်စပ်မှု ရှိမရှိကို စိတ်ဝင်စားတာက ကိုယ်တွေတင်မကပါဘူး။ နိုင်ငံခြားက ပညာရှင်တွေလည်း ပါပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက Montrealမှာ ရှိတဲ့ University of Quebecက လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီလေ့လာချက်မှာ သူတို့က အသက် ၂၀ကျော် ကျားမစုံတွဲ ၂၁တွဲကို လိင်ဆက်ဆံချိန်နဲ့ သာမန်လေ့ကျင့်ခန်းလုပ်ချိန်မှာ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏတွေကို လေ့လာခဲ့ကြပါတယ်။


ရလဒ်ကတော့ ၂၄မိနစ်ကြာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေက ၁၀၁ ကယ်လိုရီ (တစ်မိနစ်ကို ၄.၂ ကယ်လိုရီနှုန်း)နဲ့ အမျိုးသမီးတွေက ၆၉ ကယ်လိုရီ (တစ်မိနစ်ကို ၃.၁ ကယ်လိုရီနှုန်း) လောင်ကျွမ်းတာကို တွေ့ရပါတယ်။


ဒီလူတွေကိုပဲ ပြေးစက်ပေါ်မှာ အသင့်အတင့်ပြင်းအားနဲ့ နာရီဝက်လောက် ပြေးခိုင်းတဲ့အခါမှာတော့ အမျိုးသားတွေက ၂၇၆ ကယ်လိုရီလောင်ကျွမ်းပြီး အမျိုးသမီးတွေက ၂၁၃ ကယ်လိုရီ လောင်ကျွမ်းပါတယ်။


နောက်ထပ်တစ်ခုကတော့ New England Journal of Medicineကပါ။ သူ့ရဲ့ လေ့လာချက်မှာတော့ ၁၅၄ပေါင် ရှိတဲ့ အမျိုးသားက လှုံ့ဆော်ရာကနေ ပြီးမြောက်သည်အထိကို တစ်မိနစ် ၃.၅ ကယ်လိုရီနှုန်း (တစ်နာရီကို ၂၁၀ ကယ်လိုရီနှုန်း)နဲ့ လောင်ကျွမ်းတယ်လို့ ဆိုပါတယ်။


၂၁၀ ကယ်လိုရီလောင်ကျွမ်းဖို့ လမ်းလျှောက်မယ်ဆိုရင် တစ်နာရီကို ၂.၅မိုင်နှုန်းနဲ့ လျှောက်ရင်ရပါပြီ။ တစ်ခုရှိတာက အမျိုးသားတွေအနေနဲ့ အသက် ၃၀ကျော်လောက် ဖြစ်လာပြီဆိုရင် ပြီးမြောက်ဖို့ မီးကုန်ယမ်းကုန် ဆက်ဆံတာက (နှိုးဆွတာနဲ့ ပုံမှန်ဆက်ဆံတာမပါ) ၆မိနစ်လောက်ပဲ ရှိတာကြောင့် တကယ်တမ်းမှာ ၂၁ကယ်လိုရီလောက်ပဲ ဖြစ်ဖြစ်မြောက်မြောက် လောင်ကျွမ်းမှာ ဖြစ်ပါတယ်။


ဆိုလိုတာက လိင်ဆက်ဆံရင် ကယ်လိုရီလောင်ကျွမ်းတာ မှန်ပေမယ့် လေ့ကျင့်ခန်း လုပ်သလောက်တော့ မများဘူးဆိုတာပါပဲ။


လိင်ဆက်ဆံတဲ့အခါ ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေဖို့

ပုံမှန်ဆက်ဆံတာထက် ကယ်လိုရီပိုလောင်ချင်တယ်ဆိုရင်တော့ -


ကြာကြာ ဆက်ဆံပါ။

ဒါကတော့ ရှင်းပါတယ်။ များများလောင်ကျွမ်းချင်ရင် ကြာကြာဆက်ဆံရမှာပါ။ ဒါပေမဲ့ သတိထားရမှာက ကိုယ်နဲ့ ကိုယ့်အဖော် ခံနိုင်ရည်ရှိတာထက် မကျော်လွန်ဖို့ပဲ ဖြစ်ပါတယ်။


ဆက်ဆံတဲ့ အနေအထားတွေ ပြောင်းကြည့်ပါ။

ခန္ဓာကိုယ်ကို ပိုပြီး အားစိုက်ရစေတဲ့ ပုံစံတွေ ပြောင်းကြည့်ပါ။ ကယ်လိုရီလောင်ကျွမ်းမှုက ကျား/မ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ့်ရဲ့ metabolismပေါ်  မူတည်တယ်ဆိုပေမယ့် အားပိုစိုက်ရရင် ကယ်လိုရီလည်း ပိုလောင်ကျွမ်းနိုင်ပါတယ်။


ဥပမာ missionary positionနဲ့ နေတဲ့အခါ အမျိုးသားက ပေါင် ၁၉၀၊ အမျိုးသမီးက ပေါင် ၁၄၀ ဖြစ်မယ်ဆိုရင် ၁၀မိနစ် အတွင်းမှာ အမျိုးသမီးက ၁၄ ကယ်လိုရီပဲ လောင်ပေမယ့် အမျိုးသားကတော့ ၄၇ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အနေအထားတစ်ခုတည်းမှာတောင် အားပိုစိုက်ရတဲ့သူက ကယ်လိုရီ ပိုလောင်ပါတယ်။


မတ်တပ်ရပ်ပြီး ဆက်ဆံတယ်ဆိုရင်လည်း ၁၀မိနစ်ကို အမျိုးသမီးက ၃၀ ကယ်လိုရီလောင်တဲ့အချိန်မှာ အမျိုးသားက ၅၁ ကယ်လိုရီ လောင်ကျွမ်းပြီးပါပြီ။


ချီပြီး ဆက်ဆံတယ်ဆိုရင်လည်း အလေးမတာနဲ့ အလားတူလို့ ၁၀မိနစ်ကို အမျိုးသားက ၆၅ ကယ်လိုရီ၊ အမျိုးသမီးက ၄၀ ကယ်လိုရီ လောင်ကျွမ်းမှာ ဖြစ်ပါတယ်။


လိင်ဆက်ဆံရင် ဝိတ်ကျ သလား

ဒီအဖြေအတွက် ရှင်းပြရရင် လိင်ဆက်ဆံတာက ကယ်လိုရီလောင်ပါတယ်။ ဒါပေမဲ့ သိသိသာသာ ဝိတ်ကျရလောက်အောင်တော့ မဟုတ်ပါဘူး။ နေ့စဉ် ကယ်လိုရီလောင်ကျွမ်းဖို့ အထောက်အကူ တစ်ခုလောက်ပဲ ဖြစ်ပါတယ်။


တကယ်ပဲ ဝိတ်ကျချင်ရင်တော့ လေ့ကျင်ခန်း သေချာလုပ်ပြီး အစားအသောက်ကို တွက်ချက် စားသောက်ရမှာပါ။ လိင်ဆက်ဆံတာက ကယ်လိုရီလောင်စေပေမယ့် ဒါက လေ့ကျင့်ခန်း လုပ်တာကို အစားထိုးဖို့တော့ မဟုတ်ပါဘူး။


***Hello ဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။ 

Tuesday, July 15, 2025

အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား

အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား



(Hello Sayarwon Panel မှ အချက်အလက်များကို စစ်ဆေးပြီးပါသည်။)


အခုတစ်လော အိမ်ထောင်ဖက်တွေ၊ အတူနေ ချစ်သူစုံတွေ မကြာခဏ ရင်ဖွင့်တိုင်ပင်ကြလို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးလိုက်ရတာပါ။ သူတို့ရဲ့ အဓိက ပြဿနာက ချစ်သူ၊ အိမ်ထောင်သက်တမ်း ကြာလာလို့ ချစ်ရသူက လိင်ဆက်ဆံရမှာကို စိတ်မပါတော့သလို၊ ပျင်းနေသလိုကြီး ဖြစ်နေတဲ့ ပြဿနာပါ။ အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်တတ်ပေမဲ့ ဒါက ရှင်းလို့ မရတာတော့ မဟုတ်ပါဘူး။


အိမ်ထောင်သက်တမ်း ကြာလာလေ၊ လိင်မှုဘဝ ရိုးအီလာလေ ဖြစ်နေပြီလား

တကယ်တော့ လူတော်တော်များများမှာ လိင်စိတ်ကို လုံးဝခံစားလို့ မရနိုင်တဲ့အချိန်တွေ အများကြီး ရှိပါတယ်။ မွေးကတည်းက လိင်စိတ်ကို ခံစားလို့မရတဲ့ Asexual တွေကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လူရယ်လို့ ဖြစ်လာရင် နေ့စဉ် အလုပ်ခွင်၊ မိသားစုရေးရာ၊ လူမှုရေးရာ အဖြာဖြာကနေ စိတ်ဖိစီးမှု ပေါင်းစုံ ဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ လူတွေရဲ့ လိင်စိတ်ကို လုံးဝ ငြိမ်ကျသွားစေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ အရာပါ။


အိမ်ထောင်သက် ကြာလာတဲ့ စုံတွဲတွေမှာ မိသားစု စားဝတ်နေရေး၊ စရိတ်တွေ၊ သားသမီးအတွက် နောင်ရေး ပူပန်ရတာတွေ၊ ခင်ပွန်းသည်က ရုံးမှာ ပူလောင်ရတယ်၊ ဇနီးသည်က အိမ်မှာ ပူလောင်ရတယ်၊ နှစ်ယောက်သား ဆုံပြန်တော့လည်း အပူတွေ စုမိသလိုဖြစ်ပြီး မအေးချမ်းတော့ လိင်မှုကိစ္စဆိုတာ ငြိမ်းသွားသလို ဖြစ်သွားတတ်တာပေါ့။ ဒါပေမယ့် ဒါတွေအားလုံးက အခိုက်အတန့်ပါပဲ။


အိမ်ထောင်သက်တမ်း ကြာလာလို့ လိင်ဆက်ဆံရတာ ရိုးအီသွားဖို့ လိုလား။

တကယ်တော့ မလိုပါဘူးဗျ။ အပေါ်မှာ ပြောထားတဲ့ ပြဿနာတွေက လူတိုင်း ကြုံတွေ့နေရတဲ့ ပြဿနာဆိုပေမယ့် အမြဲတမ်း လိင်ဆက်ဆံချင်စိတ် ပျောက်သွားရလောက်တဲ့အထိ သက်ရောက်မှုတော့ မရှိနိုင်ပါဘူး။ အထူးသဖြင့် အိမ်ထောင်၊ ချစ်သူ သက်တမ်းကြာလာတဲ့အခါ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကိုယ့်အဖော်က ဘာကြိုက်တတ်လဲ၊ ဘာမကြိုက်တတ်ဘူးလဲ၊ ဘယ်လို အနေအထားမျိုးက သူ့အတွက် အဆင်ပြေမလဲဆိုတာကို ထပ်ပြီး ညှိနှိုင်းနေစရာမလိုဘဲ သိနေတဲ့အတွက် ရိုးသွားစရာ၊ အခက်တွေ့စရာလည်း အကြောင်းမရှိသလို ပိုပြီးတောင် အသစ်အဆန်းလေးတွေ ဖန်တီးနိုင်တဲ့အတွက် စိတ်လှုပ်ရှားစရာတောင် ကောင်းနေနိုင်ပါတယ်။


လိင်ဆက်ဆံရမှာကို စိတ်မပါတော့တဲ့ စုံတွဲတွေအနေနဲ့ ဘာလုပ်သင့်လဲ။

၁။ အရင်ဆုံး သိထားဖို့ လိုအပ်တာက ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ရှိနေနိုင်လားဆိုတာပါ။ လူတွေက စိတ်ဖိစီးလာရင် လိင်ဆက်ဆံဖို့ကို စိတ်မပါတော့တဲ့အတွက် ဒီကိစ္စကို အရင်ဆုံး ဖြေရှင်းဖို့ လိုပါတယ်။ ဘာတွေခံစားနေရလဲဆိုတာ သိမှ သူတို့ ခံစားနေရတဲ့၊ ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် ကိုယ့်ဘက်က ဘယ်လို အားပေးလို့ ရမလဲ၊ နှစ်သိမ့်ပေးလို့ ရမလဲ၊ ဝေဒနာတွေကို ဝေမျှပေးလို့ ရမလဲဆိုတာကို ကိုယ်က စဉ်းစားလို့ ရမှာပါ။


၂။ ကိုယ့်ဘက်က လိုအပ်တာ၊ လစ်ဟာခဲ့တာများ ရှိသလား ပြန်တွေးကြည့်ပါ။ တစ်ခါတလေ လူတွေက ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို ဖွင့်ဟမပြောဘဲ မျိုသိပ်ထားတတ်ပါတယ်။ မျိုသိပ်တယ်ဆိုတာ မေ့ပစ်လိုက်တာ မဟုတ်ပါဘူး၊ အနာကို သဲနဲ့ ဖုံးထားလိုက်တာပါ။ နောက်ပြဿနာ တစ်ခု ဖြစ်လာပြီဆိုတာနဲ့ ဖုံးထားတဲ့ အရာတွေကို ဆထပ်တိုးပြီး ခံစားရာကနေ စိတ်ဒဏ်ရာလို ဖြစ်သွားနိုင်ပါတယ်။


အိမ်ထောင်ဖက်တွေမှာလည်း ဒီလိုပါပဲ။ တစ်ခါတလေ အလုပ်မအားလို့ ကိုယ်ချစ်ရသူကို ဂရုမစိုက်ဘဲ ပစ်ထားတာ၊ မေးထူးခေါ်ပြောလောက်ပဲ လုပ်ပြီး အရင်လို ကြင်ကြင်နာနာ စကားတွေ မပြောတော့တာ၊ ကိုယ့်ရဲ့ တစ်နေ့တာ ကြိုးစားအားထုတ်မှုကို အသိအမှတ် မပြုခံရတာ (ခင်ပွန်းအတွက်သာမက ဇနီးအတွက်ပါ သက်ဆိုင်ပါသည်) စတဲ့အချက်တွေကို အစပိုင်းမှာ သည်းခံလာနိုင်ရင်တောင် ကြာလာရင် ဒီအချက်တွေက ကိုယ့်ရဲ့ လိင်မှုဘဝကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။


၃။ အခုပြောပြမယ့် အချက်တွေကတော့ အတူနေစုံတွဲတွေနဲ့ ပိုပြီး သက်ဆိုင်မယ်ထင်ပါတယ်။ ကျွန်တော်တို့ လူတစ်ယောက်ကို စချစ်ကြိုက်ပြီးနောက်ပိုင်းမှာ လက်ထပ်ခြင်း မပြုခင် အတူနေပြီး တစ်ယောက်နဲ့ တစ်ယောက် ရေရှည်ပေါင်းသင်းဆက်ဆံလို့ ဖြစ်မဖြစ် လေ့လာညှိနှိုင်းရပါတယ်။ ဒီလိုအချိန်မျိုးမှာ စုံတွဲသက်တမ်း ကြာလာလို့ အချစ်တွေ ကျန်နေသေးတာမျိုး မဟုတ်ဘဲ အချိန်အကြာကြီး တွဲထားခဲ့လို့ မပြတ်ချင်တော့ဘဲ လက်ကျန် သံယောဇဉ်တွေနဲ့ ဆက်နေကြတာမျိုးတွေလည်း ရှိပါတယ်။ တကယ့် လက်တွေ့ဘဝမှာကို အဲဒီလို စုံတွဲတွေ မရေမတွက်နိုင်အောင် များတာကို တွေ့ရပါတယ်။


၄။ တချို့စုံတွဲတွေကျတော့လည်း အတူနေရတာ ကြာလာတော့ အပေါ်မှာပြောခဲ့သလို  ချစ်ခြင်းတွေ ပေါ့သွားပြီး ပုံမှန်အတူနေတဲ့ သူငယ်ချင်း၊ မိသားစုပုံစံတွေလို ဖြစ်လာတဲ့အတွက် လိင်ဆက်ဆံဖို့ကို သိပ်ပြီးတော့ အာရုံစိုက်တာမျိုး မရှိတော့ပါဘူး။ ပြောရမယ်ဆိုရင် လိင်ဆက်ဆံချင်စိတ် ဖြစ်လာခဲ့ရင်တောင် ဒီလူနဲ့ မဟုတ်ဘဲ တခြားတစ်ယောက်နဲ့ ပြောင်းပြီး ဆက်ဆံချင်စိတ် ဖြစ်လာတာမျိုးပါ။


လိင်ဆက်ဆံရမှာ ပျင်းရိလာတဲ့ ချစ်ရသူကို ကိုယ့်ဘက်က ဘာတွေလုပ်ပေးနိုင်မလဲ။

၁။ လိင်ဆက်ဆံဖို့အတွက် အတင်းအကျပ်တိုက်တွန်းနေတာထက် အနုနည်း သုံးပြီး ပြန်ချဉ်းကပ်ပါ။ ပြောချင်တာကတော့ စစချင်း ချစ်ကြိုက်ကာစက ကိုယ့်ကို ပြန်ကြိုက်ဖို့ အတင်းလိုက်ရောခဲ့သလို ပုံစံမျိုးပေါ့။


၂။ လက်ဆောင် ဝယ်ပေးတာ၊ စကားလေးတွေ ပြောတာ၊ အတူလျှောက်လည်တာ၊ ခရီးအတူသွားတာ အစရှိသဖြင့် ချစ်သူ၊ အိမ်ထောင်ဖက် နှစ်ဦးတည်းသာ အတူလုပ်လို့ရမယ့် အရာတွေ များများ လုပ်ပေးပါ။


၃။ ကိုယ့်အပေါ် အမြဲကောင်းပေးတဲ့ ဒီလိုချစ်ရသူကို ပိုင်ဆိုင်ရတဲ့အတွက် အမြဲ ချီးကျူးစကား ဆိုပေးပါ။ မေတ္တာထားပါ။ တန်ဖိုးထားပါ။ ကိုယ့်ရဲ့ မေတ္တာကို တစ်ဖက်လူသိအောင်လို့လည်း အပြောနဲ့ရော အလုပ်နဲ့ပါ သက်သေပြပါ။


၄။ ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ ကိုယ်ချစ်ရသူအတွက် အချိန်ပေးဖို့ မမေ့ပါနဲ့။


၅။ ညဘက်တွေမှာ ဘာမှမပြောမဆိုနဲ့ ကိုယ့်ဘာသာ အရင်အိပ်ချလိုက်တာမျိုး မလုပ်ပါနဲ့။


၆။ ကိုယ့်ချစ်ရသူအပေါ် အပြစ်တင်တာ၊ အပြစ်မြင်တာ၊ လိုအပ်ချက်တွေကို ဖိနှိမ်ပြီး ပြောဆိုတာ၊ အားနည်းချက်ကို လိုက်ထောက်တာမျိုးတွေက အိမ်ထောင်၊ စုံတွဲသက်တမ်းကို မြန်မြန်တိုစေနိုင်ပါတယ်။


သေးသေးလေးဆိုပြီး ဂရုမစိုက်ဘဲ ပစ်ထားတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ “အမှိုက်စ ပြဿာဒ် မီးလောင်” ဆိုသလိုပါပဲ၊ ကိုယ် လျစ်လျူရှု၊ မေ့လျော့ထားခဲ့တဲ့ အသေးအမွှားကိစ္စလေးတွေက တစ်ချိန်မှာ ကိုယ့်ရဲ့ အိမ်ထောင်ရေးနဲ့ ချစ်ရသူကိုပါ သွားပြီး ထိခိုက်စေနိုင်တယ်ဆိုတာကို အမြဲတမ်း သတိရပေးပါ။ ချစ်ရသူကို တန်ဖိုးထားပါ။


Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


***Hello ဆရာဝန်စာမျက်နှာမှ ကူးယူဖော်ပြသည်။

Monday, June 30, 2025

အမျိုးသားလိင်တံထိပ် အရေပြားဖြတ်ထုတ်ခြင်း

အမျိုးသားလိင်တံထိပ် အရေပြားသန့်ရှင်းရေးနှင့် အရေပြားဖြတ်ထုတ်ခြင်း  (Foreskin hygiene and Circumcision)



အမျိုးသားတွေမှာ လိင်အင်္ဂါသန့်ရှင်းမှု အားနည်းတဲ့အခါ အနံ့ဆိုးထွက်တာ၊ လိင်တံနာကျင်တာ၊ ယားယံပြီး နေရခက်တာ၊ ရောဂါပိုးဝင်တာတွေအပြင် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ခြေများလှပါတယ်။


ဒါ့အပြင် လိင်အင်္ဂါသန့်ရှင်းမှု အားနည်းခြင်းဟာ လိင်တံကင်ဆာ (Penile Cancer) ဖြစ်ပွားနိုင်ခြေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သုတေသနစာတမ်းတွေက ဆိုပါတယ်။ 


အတူနေ လိင်ဆက်ဆံဖော် (ဒါမှမဟုတ်) ကိုယ့်အိမ်ထောင်ဖက်အတွက်လည်း ဒါဟာ စိတ်အနှောက်အယှက်ဖြစ်စေပြီး လိင်ဆက်ဆံရေးကိုပါ ထိခိုက်စေတာမို့ လိင်တံ( အရပ်အ

ခေါ်  “ ညီလေး” )ကို သန့်ရှင်းရေး ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။

..

..


ပုံမှန်အားဖြင့် အမျိုးသားလိင်တံထိပ်ကို ဖုံးအုပ်ပေးထားတဲ့ ထိပ်အရေပြား (foreskin) ရဲ့အောက်မှာ ဆဲလ်အသေတွေ၊ အဆီတွေနဲ့ ချွေးတွေစုပြီး အချိန်ကြာလာတဲ့အခါ အဖြူအနှစ်အဖတ်လေးတွေ (Smegma) ဖြစ်လာတတ်ပါတယ်။ လိင်တံထိပ်အရေပြားကို ဆွဲလှန်တဲ့အခါ တွေ့ရတတ်ပါတယ်။ 


လိင်တံထိပ်အရေပြားဖြတ် (Circumcision) ထားတဲ့ အမျိုးသားတွေမှာတော့ သန့်ရှင်းရေးလုပ်ရလွယ်သွားတာမို့ အညစ်အကြေးတွေစုပုံနေတာ၊ အနံ့အသက်ဆိုးထွက်တာကနေ လျော့ပါးသက်သာစေပါတယ်။ 

..

..


🔷 လိင်တံထိပ်အရေပြားဖြတ်ခြင်းအပေါ်  …. 


အချို့က လိင်တံထိပ်အရေပြားဖြတ်တာကို မလိုအပ်ဘဲ ပုံပျက်စေတယ်လို့ တွေးတတ်ကြပေမယ့် အချို့ကလည်း ဘာသာရေးအယူအဆအရ၊ ရိုးရာဓလေ့ထုံးတမ်းအရ အရေပြားထိပ်ဖြတ်ခြင်းက်ိုပြုလုပ်ကြပါတယ်။ 


အထူးသဖြင့် ဂျူးလူမျိုး၊ အစ္စလာမ်ဘာသာဝင်တွေ (Jewish and Islamic communities) နဲ့ အာဖရိကဖွား လူမျိုးစုအချို့မှာ အရေပြားထိပ်ဖြတ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ကြပါတယ်။

ထိုသူတွေမှာ လိင်တံကင်ဆာဖြစ်ပွားနှုန်း ပိုနည်းတာကိုလဲ တွေ့ရပါတယ်။


လိင်တံထိပ်အရေပြားဟာ လိင်တံထိပ်ကို သဘာဝအားဖြင့် ကာကွယ်ပေးထားတာဖြစ်လို့ ဆရာဝန်တွေအနေနဲ့လည်း ပုံမှန်အားဖြင့် (အထူးသဖြင့် မွေးကင်းစကလေးငယ်လေးတွေမှာ) ထိပ်အရေပြားဖြတ်ဖို့ကို အားမပေးတတ်ကြပါဘူး။ 


ဒါပေမယ့် သန့်ရှင်းရေးသေချာမပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုရင်တော့ လိင်တံထိပ်အရေပြားကို ဖြတ်လို့ရပါတယ်။ 

.


🔷 ထိပ်အရေပြားဖြတ်တာရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့… 


- ထိပ်အရေပြားကို ဆွဲလှန်ရခက်ခဲ/မရ ဖြစ်စေတဲ့ ရောဂါ (Phimosis)


- လိင်တံထိပ်အရေပြားကို အားသုံးနောက်သို့ ဆွဲပြီးနောက် (after forceful retraction) အရေပြားပြန်ဖုံးမရဘဲ လိင်တံထိပ်ရောင်ရမ်းသောရောဂါ (Paraphimosis)


- လိင်တံအရေပြားနှင့် လိင်တံထိပ်ရောင်ရမ်းရောဂါ (Balanitis)နဲ့ 


- လိင်တံကင်ဆာ (Penile cancer) ဖြစ်ပွားမှုတွေကနေ ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ 

..

..


ထိပ်အရေပြားဖြတ်ထားသူ အမျိုးသားတွေဟာ အရေပြားဖြတ်မထားသူတွေထက်စာရင် ဆီးလမ်းကြောင်းပိုးဝင်ရောဂါ (Urinary tract infection) နဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (Sexually transmitted infections)တွေ ဖြစ်ပွားနိုင်​ခြေလည်း ပိုနည်းတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။


ဒါ့အပြင်…. လိင်တံထိပ်သန့်ရှင်းနေခြင်းဟာ လက်တွဲဖော်အမျိုးသမီးတွေအတွက်လည်း သားအိမ်ခေါင်းကင်ဆာ (Cervical cancer) ဖြစ်ပွားနိုင်​ခြေကို လျော့ပါးစေတယ် ဆိုကြပါတယ်။

...

...


🔷 လိင်တံထိပ်အရေပြားဖြတ်တာဟာ ဆိုးကျိုးရော ရှိသလား ?


❗လိင်တံထိပ်အရေပြားဖြတ်တာဟာ လိင်တံထိပ်အရေပြားမဖြတ်လို့ရလာတဲ့ နောက်ဆက်တွဲရောဂါတွေလောက် ဆိုးကျိုးမများဘူးလို့ ဆိုလို့ရပါတယ်။ 


❗အရေပြားဖြတ်တာဟာ လိင်စိတ်ခံစားမှုအပေါ်  ပုံမှန်အားဖြင့်လည်း ဆိုးကျိုးတစ်စုံတစ်ရာ မရှိစေနိုင်ပါဘူး…. 


❗ဒါပေမယ့် Circumcision ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးထွက်တာ၊ နာကျင်တာ၊ အခန့်မသင့်ရင် ထပ်မံခွဲစိတ်ဖို့လိုအပ်လာနိုင်တာ….ဒါမျိုး ဆိုးကျိုးတွေတော့ ရှိလာနိုင်ပါတယ်။

.တတ်သိပညာရှင်ဖြင့် ပြုလုပ်ပါက ဆိုးကျိုးအလွန်နည်းပါတယ်။


❗ထို့အပြင် circumcision လုပ်ရာတွင် ပိုးသတ်ထားသော ပစ္စည်းကိရိယာများ။ ဓါးများ နှင့် တစ်ခါသုံး ဆေးပစ္စည်းများကို အသုံးမပြုပါက သွေးမှတဆင့်ကူးစက်တတ်သောရောဂါများ (ဥပမာ- အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ အိခ်ျအိုင်ဗွီပိုး) ကူးစက်နိုင်ပါသည်။ 

ထို့ကြောင့် အန္တရာယ်နည်းအောင် တတ်သိကျွမ်းကျင်သော ဆေးပညာရှင်များထံတွင် ပိုးသတ်ထားသော ခွဲခန်းကဲ့သို့နေရာတွင်ပြုလုပ်ရန် အကြံပေးလိုပါတယ်။


..

🔷 ထိပ်အရေပြားမဖြတ်ထားတဲ့ အမျိုးသားတွေ (Uncircumcised men) အတွက် ညီငယ်လေးကျန်းမာစေဖို့ အတွက်ဆိုရင်… 


(၁) 🚿ရေချိုးတဲ့အခါ


- လိင်တံထိပ်သားတွေ အလုံးစုံပေါ်တဲ့အထိ အရေပြားကို အသာအယာ ဆွဲလှန်ပါ။


- လိင်တံထိပ်သားနဲ့ ထိပ်အရေပြားကို ရေသီးသန့်သုံးပြီးဖြစ်စေ၊ နူးညံ့တဲ့ဆပ်ပြာနဲ့ဖြစ်စေ သေချာစွာ ဆေးကြောပေးပါ။


- ရေချိုးအပြီး လိင်တံထိပ်ရော ထိပ်အရေပြားပါ ခြောက်သွေ့သွားတဲ့အခါ ထိပ်အရေပြားကို ပြန်ဆွဲအုပ်ဖို့ မမေ့ပါနဲ့။

.


(၂) 🚽ဆီးသွားတဲ့အခါ 


အမျိုးသားတွေ ပုံမှန်ဆီးသွားတဲ့အခါ ထိပ်အရေပြားကို ဆီးတွေပေကျံတာ ဖြစ်တတ်ပါတယ်။ 


ဒါ့ကြောင့်…. လိင်တံထိပ်သားလေးပေါ်ရုံ ထိပ်အရေပြားကို လှန်ချပြီးမှ ဆီးသွားပေးပါ။ 

...

...


အမျိုးသားတွေရဲ့ဘဝမှာ အိမ်ထောင်မှုဘဝ သာယာချမ်းမြေ့ဖို့၊ စိတ်ခံစားမှုကောင်းစေဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေဖို့က ညီငယ်လေးကျန်းမာနေဖို့ကလည်း အရေးကြီးပါတယ်.....


ညီငယ်လေးကျန်းမာစေဖို့ကလည်း သန့်ရှင်းမှုက အဓိကပါပဲ… 


ဒါကြောင့်...လိင်တံထိပ်အရေပြား ဖြတ်သည်ဖြစ်စေ၊ မဖြတ်ဘဲ သဘာဝအတိုင်းထားသည်ဖြစ်စေ လိင်တံ သန့်ရှင်းရေးကိုတော့ အစဥ်ဂရုပြုပေးဖို့ လိုအပ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ရပါတယ်။


References 📚

📎John Murtagh's Patient Education, Sixth Edition: Circumcision pg-24

📎John Murtagh's Patient Education, Sixth Edition: Foreskin hygiene pg-97

📎Mayo Clinic | Male Circumcision 


❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️


👉 တယ်လီကျန်းမာ စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

Tuesday, May 13, 2025

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်


(Hello Sayarwon Panel မှ အချက်အလက်များကို စစ်ဆေးပြီးပါသည်။)

ကွန်ဒုံး အရပ်အခေါ်အရဆိုရင် ဦးထုပ် သို့မဟုတ် အကာအကွယ်ပေါ့ဗျာ။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်တယ်။ လိင်မှတစ်ဆင့် ရောဂါတွေ ကိုယ့်ဆီကိုရော၊ ကိုယ့်အဖော်ဆီကိုပါ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ဒီတော့ အဖက်ဖက်ကနေ အသုံးဝင်တဲ့ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့၊ အသုံးပြုတဲ့နည်းလမ်းကို ပုရိသတို့အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်။ ကဲ …. ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။


ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားဖို့ လိုပါမယ်။


ကွန်ဒုံးကို ဘယ်အချိန်မှာ အသုံးပြုဖို့ လိုအပ်လဲ။

ထိုးသွင်းမှု ပါတဲ့ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပေးရပါမယ်။ ထိုးသွင်းဆက်ဆံမှုလို့ ဆိုရာမှာ အမျိုးသား လိင်တံနဲ့ ဆက်ဆံဖော်ရဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုဝအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ HIV အပြင် ကာလသားရောဂါ၊ ရေယုန် အစရှိတဲ့ ရောဂါတွေ ကူးစက်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုပေမယ့် လုံးဝမကူးစက်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါကြောင့် အသုံးပြုသင့်တယ်လို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။


ကွန်ဒုံးအစားထိုး သုံးစရာပစ္စည်းတွေရော မရှိဘူးလား။

လူတော်တော်များများ အထူးသဖြင့် အမျိုးသားတွေကိုယ်တိုင်က ကွန်ဒုံး ဝယ်ရမှာကို ရှက်သလို၊ စိတ်မလုံသလို ဖြစ်တတ်ပါတယ်။ တကယ်တော့ လိင်ကိစ္စဆိုတာ လူသားတိုင်း ရှောင်လွှဲလို့ မရတဲ့ ကိစ္စဖြစ်တာကြောင့် အကောင်းဆုံးကတော့ ကွန်ဒုံးတွေကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားဖို့ပါပဲ။


ကွန်ဒုံးအစားထိုးပစ္စည်းလို့ ဆိုရာမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကို တားဆီးပေးဖို့ အရေးပေါ် သန္ဓေတားဆေး၊ လက်မောင်းတွင်း ထိုးဆေးတွေ ရှိသလို၊ သုက်ရည်ကို အပြင်ဘက်မှာ စွန့်ထုတ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ HIV ပိုး မကူးစက်စေဖို့ ကြိုတင်သောက်လို့ ရတဲ့ PreP ဆေးဝါးတွေ၊ အရေးပေါ် PeP ဆေးတွေ ရှိပါတယ်။ ဒါပေမယ့် ဒီဆေးတွေဟာ ကွန်ဒုံးလိုမျိုး ကာကွယ်ပေးနိုင်တာမျိုး မဟုတ်ပါဘူး။ ကိုယ်ဝန်နဲ့ HIV ကိုပဲ ကာကွယ်ပေးတာဖြစ်ပြီး တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ (ဥပမာ – ဂနို၊ ရေယုန်၊ ကာလသားရောဂါ) ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအိမ်ထောင်ဖက်နဲ့ ဖြစ်စေ၊ တခြားအဖော်နဲ့ဖြစ်စေ လိင်ဆက်ဆံတော့မယ်ဆိုရင် ကွန်ဒုံးကိုပဲ မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုတာ အကောင်းဆုံးပါပဲ။


အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ ကွန်ဒုံးတစ်ခု ဘယ်လိုရွေးချယ်မလဲ။


အမျိုးသားတိုင်း ကွန်ဒုံးဝယ်တော့မယ်ဆိုရင် အောက်မှာပြထားတဲ့အချက်တွေအတိုင်း သေချာစစ်ကြည့်ဖို့ အရေးကြီးပါတယ်။


၁။ ကွန်ဒုံးရဲ့ ကုန်ဆုံးမယ့်သက်တမ်းကို စစ်ကြည့်ပါ။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေ၊ ကုန်ဆုံးသက်တမ်း မပါဝင်တဲ့ ပစ္စည်းတွေကို လုံးဝ မဝယ်ပါနဲ့။


၂။ ကွန်ဒုံးဖောက်ပြီးသွားတဲ့အခါ လက်နဲ့ စမ်းကြည့်ပါ။ ကြွပ်ဆတ်ဆတ် ဖြစ်နေတာ၊ စေးကပ်နေတာ၊ အရောင်ပြောင်းနေတာ၊ အနံ့ထွက်နေတာ အစရှိတဲ့ ပုံမှန်မဟုတ် လက္ခဏာတွေ တွေ့ရရင် မသုံးပါနဲ့။


၃။ ကွန်ဒုံးကို အသုံးမပြုခင်မှာ ပေါက်နေတာ၊ ပြဲနေတာမျိုး ရှိ၊ မရှိ သေချာစစ်ကြည့်ပါ။ အထူးသဖြင့် အပြင်ဘက်က ပိတ်ထားတဲ့ ပါကင်မှာ ပြဲနေတာမျိုး တွေ့ရင် ဆက်မသုံးပါနဲ့တော့။


၄။ လိင်တံနဲ့ ကွန်ဒုံးအရွယ်အစား ထပ်တူကျဖို့ လိုပါတယ်။ ကြီးနေရင်လည်း ဆက်ဆံနေရင်း ကျွတ်ဖို့ လွယ်နိုင်သလို သေးလွန်းရင်လည်း စွပ်ဖို့ အဆင်မပြေတာ၊ ပေါက်ပြဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။


၅။ ပူလွန်းတဲ့ နေရာတွေမှာ ကွန်ဒုံးကို မထားပါနဲ့။ အပြင်သွားစရာ မရှိဘူးဆိုရင် ကွန်ဒုံးကို အခန်းအပူချိန်မှာပဲ ထားထားပါ။ ဘောင်းဘီအိတ်၊ ပိုက်ဆံအိတ်ထဲ အကြာကြီးထည့်ထားရင် ပူလွန်းတဲ့အတွက် ပြဲသွားနိုင်ပါတယ်။


အမျိုးသားသုံး ကွန်ဒုံးကို ဘယ်လိုမှန်ကန်စွာ အသုံးပြုမလဲ။




အမျိုးသားတွေ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်နေစဉ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်တွေ မိန်းမကိုယ်တွင်း မဝင်သွားစေဖို့၊ အပြင်ကို ထွက်မလာစေဖို့ အထိန်းအစွပ်အနေနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီကွန်ဒုံးကို မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းသာမက ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။


ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမလဲဆိုရင် -


၁။ ကွန်ဒုံးထည့်ထားတဲ့ အထုပ်ကို သတိထားပြီး ဖွင့်ပါ။ သွားနဲ့ ကိုက်ဖွင့်လိုက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုးမလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးပါ ပေါက်ပြီးပြဲသွားနိုင်ပါတယ်။


၂။ ကွန်ဒုံးကို မစွပ်ခင်မှာ ပေါက်ပြဲနေတာ၊ ထိခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ အရင်စစ်ဆေးပါ။


၃။ ကွန်ဒုံးရဲ့ ဖုဖောင်းနေတဲ့ ထိပ်ကလေးကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပါ။


၄။ ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ ကွန်ဒုံးအနားသားတွေကို အောက်ကို ဖြည်းဖြည်းချင်း ဆွဲချပါ။ ဆွဲလို့ အဆင်မပြေတာ၊ အရမ်းကျပ်နေတာ၊ ဆွဲနေရင်းနဲ့ ပြဲသွားတာဆိုရင် လွှင့်ပစ်ပြီး အသစ်တစ်ခု ယူသုံးပါ။


၅။ ထိခိုက်ပွန်းပဲ့မှု နည်းစေဖို့နဲ့ ထိုးသွင်းဆက်ဆံတာ ပိုလွယ်သွားအောင် ရေအခြေပြု (Water-based) ချောဆီနည်းနည်းကို ကွန်ဒုံးအပြင်ဘက်ကို သုတ်လိမ်းထားပါ။


၆။ သုက်လွှတ်ပြီးသွားချိန် လိင်တံမပျော့သွားခင် အမြန်ဆွဲထုတ်ပြီး ကွန်ဒုံးကို လွှင့်ပစ်ပါ။ လိင်တံပျော့သွားတဲ့အခါ စွပ်ထားတဲ့ ကွန်ဒုံးက ချောင်ပြီး အပြင်ကို ကျွတ်ထွက်သွားနိုင်သလို သုက်ရည်တွေပါ စိမ့်သွားနိုင်တာကြောင့်ပါ။


၇။ ကွန်ဒုံးကို ဆွဲချွတ်တဲ့အခါ ထိပ်နားကို လက်နဲ့ထိန်းပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးရပါမယ်။


၈။ ပြီးတာနဲ့ သုက်ရည်တွေကို အပြင်ဘက် မဖိတ်ကျအောင် သေချာဂရုစိုက်ပြီး အမှိုက်ပုံးထဲ ကွန်ဒုံးကို ပစ်လိုက်ရုံပါပဲ။


လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတယ်လို့ သံသယရှိရင် အမြန်ဆုံးဆွဲချွတ်ပြီး အသစ်တစ်ခု ပြန်တပ်ပါ။ ပြဲနေတဲ့ကွန်ဒုံးကို ဆက်ပြီး သုံးနေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီနည်းလမ်းတွေအတိုင်း ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကိုယ်ဝန်အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ တားဆီးပေးနိုင်မှာပါ။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို တကယ့်အရေးအကြောင်းရယ်မှ ကွန်ဒုံးနဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ မဖြစ်ရလေအောင် ဒီနည်းလမ်းတွေနဲ့ ကြိုတင်လေ့ကျင့်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။


*** Hello ဆရာဝန် စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

Thursday, April 10, 2025

လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်

 လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက် 🥳




လိင်တံထောင်မတ် မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။


ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမှာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ 


လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်


၁။ အာဟာရနဲ့ စားသောက်မှုပုံစံ ။


Antioxidant ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို အသီးအနှံစားသုံးအခါမှာလည်း အရောင်ပိုရင့်လေ ပိုပြီး antioxidant ကြွယ်ဝလေပါပဲ။ လေ့လာချက်တစ်ခု အရတော့ ဘလက်ဘယ်ရီသီးကို နေ့စဉ်စားသုံးတဲ့ အမျိုးသားတွေဟာ မစားသုံးတဲ့ အမျိုးသားတွေထက် ပိုပြီး ထောင်မတ်မှု အားကောင်းကြောင်းတွေ့ရှိခဲ့ရပါတယ်။


ဒါ့အပြင် ငါးကို ပိုများများစားစားသင့်ပြီး အမဲသားနဲ့ တိရစ္ဆာန် အဆီတွေကို လျှော့စားသင့်ပါတယ်။ အစားအသောက်စားတဲ့အခါမှာလည်း ပုံမှန် နေ့စဉ်စားသုံးသင့်ပါတယ်။


၂။ ခန္ဓာကိုယ် အလေးချိန်။


ကိုယ်အလေးချိန်များနေတယ်ဆိုတာ လိင်ကိစ္စမှမဟုတ်ဘဲ တခြားသော ကျန်းမာရေးတွေ အတွက်လည်း မကောင်းပါဘူး။ ကိုယ်အလေးချိန်များတာကြောင့် သွေးဖိအား ပိုများစေနိုင်ပြီး ဟော်မုန်းတွေကိုထိခိုက်စေနိုင်တဲ့အပြင် ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။ ဒါတွေအားလုံးက လိင်တံထောင်မတ်မှုကို ချို့ယွင်းစေနိုင်ပါတယ်။


၃။ လေ့ကျင့်ခန်း။


လေ့လာချက် အများအပြားအရ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိခြင်းဟာ အသက်ကြီးလာတဲ့ အရွယ်မှာတောင် လိင်တံထောင်မတ်မှုကို ထိန်းထားစေနိုင်ပြီး ပုံမှန် အလုပ်လုပ်စေနိုင်တယ်လို့ ဆိုထားကြပါတယ်။ ကိုယ်လက်လှုပ်ရှားရမယ်ဆိုပြီး နေ့တိုင်း Gym မှာ နာရီပေါင်းများစွာ အချိန်ပေးစရာ မလိုပါဘူး။


အပတ်တိုင်း လမ်းခပ်သွက်သွက် လျှောက်ပေးရင်တောင် သင့်ရဲ့ လိင်မှုကိစ္စဆိုင်ရာမှာ ပြောင်းလဲမှု အများအပြား ဖြစ်သွားစေနိုင်ပါတယ်။ “Couch potato” ဘဝနေထိုင်မှုပုံစံဆိုတဲ့ အထိုင်များတဲ့ပုံစံနဲ့ပဲ နေထိုင်မယ်ဆိုရင် အသက်ကြီးလာတဲ့ အခါလိင်တံထောင်မတ်မှု ပြဿနာ erectile dysfunction (ED) ဖြစ်စေနိုင်ပါတယ်။


၄။ အရက် ယမကာ။


အလွန်အကျွံ အရက်သောက်ခြင်းဟာ သင့်ရဲ့ အသည်း၊ ဦးနှောက်နဲ့ တက်စတိုစတီရုန်း ဟော်မုန်းရဲ့ ရင်းမြစ်ဖြစ်တဲ့ ဝှေးစေ့ကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။ သင့်အနေနဲ့ အရက်သောက်ပြီးတာနဲ့ ချက်ခြင်း လိင်တံချို့ယွင်းမှု ပြဿနာကိုတွေ့ရမှာ မဟုတ်ပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းဟာ လိင်တံထောင်မတ်မှု ပြဿနာ ED ဖြစ်ပွားနိုင်ချေ မြင့်မားစေပါတယ်။


၅။ ဆေးခြောက် (Marijuana) ။


ဆေးခြောက်ကို လူတော်တော်များများက အန္တရာယ်မရှိဘူးလို့ လက်ခံထားကြပါတယ်။ အမေရိကန်ပြည်နယ် အချို့မှာ တရားဝင် ခွင့်ပြုထားပေမဲ့ ဆေးခြောက်ပုံမှန် သုံးစွဲခြင်းက တက်စတိုစတီရုန်း ပမာဏကို နည်းပါးစေနိုင်ပြီး ထောင်မတ်မှု ပြဿနာနဲ့ တခြားသော ရောဂါများကို ဖြစ်စေနိုင်ပါတယ်။


၆။ အသုံးပြုမှုမရှိ၍ ခန္ဓာကိုယ် သိမ်သွားခြင်း။


ခန္ဓာကိုယ်အင်္ဂါတွေ ပုံမှန် အလုပ်လုပ်နေဖို့ ကျွန်တော်တို့ ပုံမှန်သုံးပေးနေဖို့လိုပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ လိင်တံကိုလည်း သွေးပုံမှန် စီးနေဖို့နဲ့ နာဗ်ကြောများ ပုံမှန် ဖြစ်နေစေဖို့ အတွက် တစ်ပတ်ကို အကြိမ်အနည်းငယ်လောက် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုရှိနေဖို့လိုပါတယ်။ အာသာဖြေတာ ဖြစ်ဖြစ်ပေါ့။


၇။ သွေးဖိအားများခြင်းနဲ့ ဆေးဝါးများ။


သွေးဖိအားများခြင်းဟာ လိင်တံထောင်မတ်ဖို့အတွက် လိုအပ်တဲ့ သွေးကြောများကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားများခြင်းကို ကုသဖို့အတွက် သောက်ရတဲ့ ဆေးဝါးတွေကလည်း လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ တချို့သော ဆေးဝါးတွေကလည်း လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဆေးတွေ သောက်သုံးမယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။


၈။ စိတ်ဖိစီးမှုနဲ့ ဆေးဝါးများ။


စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးမှုကို ကုသရာမှာ အသုံးပြုရတဲ့ ဆေးဝါးများဟာ လိင်တံထောင်မတ်မှုကို သတ်ပစ်နိုင်တဲ့အရာ များဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီလို ဆေးဝါးတွေသောက်သုံးနေရပြီး လိင်တံထောင်မတ်မှု ပြဿနာလည်းရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကာ လိင်တံထောင်မတ်မှုပြဿနာ မဖြစ်စေနိုင်တဲ့ ဆေးဝါးများကိုသောက်သုံးသင့်ပါတယ်။


၉။ အိပ်နေစဉ် အသက်ရှူရခက်ခြင်း။


အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတဲ့ အမျိုးသားတွေဟာ ပိုပြီး ထောင်မတ်မှု ပြဿနာ ဖြစ်ပွားလွယ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ညဘက်အိပ်မပျော်ဘူးဆိုရင် အိပ်ရေးဝအောင် ဘယ်လိုအိပ်စက်ရမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။


၁၀။ သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာ။


ကျန်းမာပြီး ကောင်းကောင်း အလုပ်လုပ်နေတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောများဟာ လိင်တံထောင်မတ်ခြင်းအတွက် လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိုလက်စထရော ပမာဏ မြင့်တက်ခြင်း၊ သွေးဖိအား များပြားခြင်း၊ အာရုံကြောစနစ် ချို့ယွင်းခြင်းနဲ့ ဆီးချိုရောဂါ တို့ဟာ လိင်တံထောင်မတ်ဖို့ အတွက် အရေးကြီးတဲ့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်ပါတယ်။


သင့်အနေနဲ့ အခုအချိန် လိင်တံထောင်မတ်မှုနဲ့ ပတ်သတ်ပြီး ပြဿနာ ကြုံနေရတယ်ဆိုရင် ဖြစ်ပွားရခြင်း အကြောင်းရင်းကို သိဖို့ အတွက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံထောင်မတ်မှု ပြဿနာတွေဟာ တစ်ခါတစ်ရံမှာ ပိုပြီး ပြင်းထန်တဲ့ ရောဂါတွေ ရှိနေကြောင်း ညွှန်ပြနေတာ ဖြစ်ပါတယ်။


တခြားသော ခန္ဓာကိုယ်ဆိုင်ရာ ကျန်းမာရေးလိုပဲ လိင်တံ အမြဲတမ်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ အခုချိန်တည်းက လိင်တံပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံထားမှရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးကောင်းနေရင် သင့်ရဲ့ နှလုံး၊ ဦးနှောက်စတဲ့ တခြားသောကျန်းမာရေးတွေအပြင် လိင်တံထောင်မတ်မှု အတွက်လည်း ကောင်းမွန်လို့ပါ။


ရေးသားသူ- Arkar Hein


ရင်းမြစ်များ


https://blogs.webmd.com/mens-health-office/2016/12/10-things-that-can-affect-erections.html


https://www.webmd.com/erectile-dysfunction/how-an-erection-occurs


https://www.medicinenet.com/antidepressants/article.html


https://www.nhlbi.nih.gov/health-topics/sleep-apnea


***ကူးယူဖော်ပြသည်။

Thursday, March 27, 2025

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့

လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာ







(Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။ 

Ye Myo Myat မှ ရေးသားသည်။)


ငယ်ပါက သေးလိုက်တာဆိုပြီး အမြဲ ညည်းညူနေတတ်တဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်တမ်း လိင်ဆက်ဆံရေးမှာ လိင်အင်္ဂါ အရွယ်အစားထက် စွမ်းဆောင်ရည်ဟာ ပိုပြီး အရေးကြီးပါတယ်။ စွမ်းဆောင်ရည်ကောင်းမှ၊ သက်လုံကောင်းမှသာ ကိုယ့်ဆက်ဆံဖော်အတွက် အကောင်းဆုံးသော ကာမသုခကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရွယ်အစား သေးလိုက်တာဆိုပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ပစ္စည်းကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ။ ဘယ်လို Position အနေအထားမျိုးနဲ့ ဆက်ဆံတာ ထိရောက်လဲ စတဲ့ လိင်ပညာပေး ဗဟုသုတတွေကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ ….. လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ လိင်မှုရေးရာအဖြာဖြာကို ကြည့်လိုက်ကြရအောင်လား။


လိင်တံ သေးတာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်လဲ။


လိင်တံ သေးတဲ့အမျိုးသားများ သိထားသင့်တဲ့ အရာတွေက -

အမျိုးသားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ကိုယ့်ကိုယ်ကိုယ် ငယ်ပါ သေးတယ်လို့ အမြဲ စိတ်ထဲမှာ တွေးထင်နေတတ်ပါတယ်။


အမျိုးသားတစ်ယောက်ရဲ့ ပုံမှန်အရွယ်အစား အဖြစ် သတ်မှတ်ထားတာက ထောင်မတ်နေချိန်မှာ အရှည် ၅ လက်မခန့် ရှိပါတယ်။


အမျိုးသမီး အများစုက အမျိုးသားများရဲ့ လိင်တံ အရွယ်အစားထက် စွမ်းဆောင်ရည်ကို ပိုပြီး တန်ဖိုးထားကြပါတယ်။


အထိရောက်ဆုံး ကာမသုခကို ပေးစွမ်းနိုင်ဖို့ လိင်ဆက်ဆံပုံ အနေအထားက အများကြီး အရေးပါပါတယ်။


စိတ်ရှည်ပါ။ ထိုးသွင်းဆက်ဆံဖို့ လောတာထက် ကိုယ့်ဆက်ဆံဖော်ကို လိင်စိတ်ဆန္ဒ နှိုးဆွပေးတာမျိုး လုပ်ပေးပါ။


လိင်ဆက်ဆံတော့မယ်ဆိုရင် ဘာတွေ သိထားသင့်လဲ။
သမားရိုးကြီး ဘာမှမလုပ်ဘဲ ထိုးသွင်းဆက်ဆံတာမျိုးက အရင်ခေတ်မှာ ကျန်ခဲ့ပါပြီနော်။ ဒီလို အပြုအမူတွေက ကိုယ်ပဲ ကောင်းပြီး ဆက်ဆံဖော်အတွက် ဘယ်လိုကာမသုခမှ မခံစားရဘဲ ဖြစ်သွားတတ်ပါတယ်။ ဒီအတွက် နှိုးဆွတာကနေ စလို့ ဆက်ဆံတဲ့ ပုံစံအနေအထားထိပါ သေချာသိထားသင့်ပါတယ်။


နှိုးဆွခြင်း (Foreplay)
အမျိုးသား အများစုက နှိုးဆွရာမှာကို အရမ်းပျင်းသလို လုပ်လည်း မလုပ်ချင်ကြပါဘူး။ ဒီလိုမျိုး နှိုးဆွခြင်းဟာ ကိုယ်တိုင်ရော၊ ကိုယ့်ဆက်ဆံဖော်အတွက်ပါ ပိုမိုကောင်းမွန်တဲ့ ကာမသုခကို ပေးစွမ်းနိုင်သလို အထိအတွေ့ရဲ့ ခံစားချက်ကြောင့် ဆက်ဆံဖော်အနေနဲ့လည်း ထိုးသွင်းဆက်ဆံရာမှာ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။


အထူးသဖြင့် လိင်တံ အရွယ်အစား သေးတဲ့ အမျိုးသားတွေဆိုရင် နှိုးဆွတာမျိုး အရင်လုပ်ပေးခြင်းက ကိုယ့်ရဲ့ ဆက်ဆံဖော်ကို လိင်မှုကိစ္စမှာ ပိုပြီး စိတ်ကျေနပ်အားရမှုရှိအောင် ပံ့ပိုးပေးတာနဲ့ အတူတူပါပဲ။ နှိုးဆွပေးတဲ့ နေရာမှာ -

ပါးစပ်၊ လျှာဖြင့် ဆက်ဆံဖော်ရဲ့ မိန်းမကိုယ်၊ စအို၊ လိင်တံကို နှိုးဆွခြင်း၊ စုပ်ယူခြင်း၊


လက်ချောင်းဖြင့် ဖြည်းညှင်းစွာ ထိုးသွင်းပြီး နှိုးဆွခြင်း၊


လိင်အာသာဖြေ အရုပ်များကို အသုံးပြုခြင်း
နမ်းခြင်း၊


ပွေ့ဖက်ခြင်း၊


လိင်စိတ်ထစေဖို့ ကြည်နူးစရာ သို့မဟုတ် ညစ်ညမ်းစကားများ ပြောပေးခြင်း၊


ခန္ဓာကိုယ် နေရာအနှံ့ ပွတ်သပ်ကျီစယ်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။


ပါးစပ်ဖြင့် လိင်အင်္ဂါကို နှိုးဆွခြင်း (Oral Sex)
ကျွန်တော်တို့ မြန်မာလူမျိုး အများစုကတော့ လိင်အင်္ဂါကို ပါးစပ်နဲ့ ထိတွေ့ရမှာ အရမ်းရွံတတ်ကြပါတယ်။ တကယ်တော့ ထိုးသွင်းဆက်ဆံခြင်း မပြုခင် ကိုယ့်ဆက်ဆံဖော်ကို လိင်စိတ် ထကြွစေဖို့ အကောင်းဆုံး နှိုးဆွပေးနိုင်တဲ့ အရာတွေထဲမှာ ပါးစပ်နဲ့ လျှာလည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့မထိတထိ ခံစားချက်က စိတ်ထဲမှာ ဖုံးထားတဲ့ လိင်စိတ်တွေကို ဖွင့်ဟပေးသလို ဖြစ်စေတယ်။


တချို့တွေက လိင်စိတ်ထကြွလာဖို့ အချိန်နည်းနည်း စောင့်ပေးရပါတယ်။ ဒီအခါမှာ ထိုးသွင်းဆက်ဆံခြင်းနဲ့ အစပျိုးတာထက် ဖြည်းဖြည်းချင်း နှူးနှပ်ပြီး စိတ်ပါလာအောင် အချိန်ယူပြီး ဆွပေးတာမျိုး လုပ်သင့်ပါတယ်။


အထူးသဖြင့် လိင်တံ အရွယ်အစား သေးတဲ့ အမျိုးသားတွေ ကိုယ့်ငယ်ပါကြောင့် ကိုယ့်အဖော် စိတ်တိုင်းမကျမှာ စိုးရိမ်နေရတယ်ဆိုရင် ဒီနည်းလမ်းနဲ့ စတင်ခြင်းဖြင့် ကိုယ့်ရဲ့ အရည်အချင်းကို တစ်ဖက်လူက အသိအမှတ်ပြုပေးမှာပါ။


ဘယ်လိုပုံစံနဲ့ပဲ လိင်ဆက်ဆံနေပါစေ၊ နှစ်ဦးနှစ်ဖက်လုံး ကောင်းဖို့ အရေးကြီးတဲ့အတွက် ယောက်ျားရယ်၊ မိန်းမရယ်ဆိုပြီး ခွဲခြားမနေဘဲ ကိုယ့်တာဝန်ကိုယ် လုပ်ပေးပါ။


မိန်းမကိုယ်ဖြင့် ဆက်ဆံခြင်း (Vaginal Sex)
မိန်းမကိုယ်မှာ သဘာဝချောဆီ အလိုအလျောက် ထွက်တာရယ်၊ အမျိုးသားရဲ့ လိင်အင်္ဂါ အရွယ်အစားက သေးနေတဲ့ အချက် နှစ်ချက်ကြောင့် ချောဆီ အများကြီး သုံးပေးဖို့တော့ မလိုပါဘူး။ ဒါပေမယ့် အစပိုင်းမှာ အဝင်အထွက် ချောစေမယ့် ရေအခြေပြု ချောဆီ နည်းနည်း စွတ်ပြီးမှ စတင်ရင် ပိုကောင်းမှာပါ။ မိန်းမကိုယ် မဟုတ်ဘဲ စအိုကို ထိုးသွင်းဆက်ဆံမှာဆိုရင်တော့ ချောဆီ နည်းနည်းပိုသုံးဖို့ လိုပါမယ်။ 

သေးငယ်တဲ့ ငယ်ပါကိုမှ ကိုယ့်ဆက်ဆံဖော် စိတ်တိုင်းကျစေမယ့် ဆက်ဆံပုံ အနေအထားတွေဆိုရင် -

ဆက်ဆံဖော်က ပက်လက်လှန်ပြီး ခြေထောက်ကို အပေါ် မြှောက်ပေးခြင်း၊

လေးဘက်ကုန်း အနေအထား၊


မျက်နှာချင်းအနေအထားကိုမှ ဆက်ဆံဖော်က အပေါ်မှ ထိုင်ချသော အနေအထား၊


လှေကြီးရိုးရိုးထိုး ပက်လက် အနေအထား စတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံနိုင်ပါတယ်။


ဒီနည်းလမ်းတွေဟာ လိင်အင်္ဂါအရွယ်အစား သေးနေတဲ့ အမျိုးသားများ ကိုယ့်ဆက်ဆံဖော်ကို ပိုပြီး ထိရောက်စွာ ကာမသုခ ပေးစွမ်းနိုင်စေမယ့် အနေအထားတွေပဲ ဖြစ်ပါတယ်။




လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် အဓိက သိထားဖို့ လိုအပ်တာက တစ်ဦးနဲ့ တစ်ဦး အပေးအယူ မျှဖို့နဲ့ ကိုယ်ကောင်းရော ပြီးရောဆိုတဲ့ တစ်ကိုယ်ကောင်းဆန် စိတ်ဓာတ်မျိုးတွေ ဖယ်ရှားဖို့ပါ။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ သေးခြင်းဟာ ရှက်စရာကိစ္စ တစ်ခုလို့ ခံယူမထားသင့်ပါဘူး။

 အရွယ်အစားထက် စွမ်းဆောင်ရည်၊ သက်လုံ၊ ထောင်မတ်နိုင်စွမ်း စတဲ့ အရည်အချင်းတွေသည်သာ အရေးကြီးတယ်ဆိုတာ အမြဲတမ်း မှတ်ထားပေးပါ။ 

ဒါကြောင့် အန္တရာယ်များတဲ့ ဆီလီကွန်ထိုးတာ၊ ဂေါ်လီထည့်တာတွေ မလုပ်ပါနဲ့။ နောက်ပြီး ကူးစက်ရောဂါတွေနဲ့ ကိုယ်ဝန်တွေ တားနိုင်ဖို့ ကွန်ဒုံးသုံးဖို့လည်း မမေ့ပါနဲ့။


Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

***Hello ဆရာဝန်စာမျက်နှာမှ ကူးယူဖော်ပြသည်။