Sunday, March 31, 2013

Penis enlargement (2)



ကျားအင်္ဂါ ကြီးစေခြင်း (၂) (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၂))

Injection ဆေးထိုးနည်း


May 15, 2011 at 3:23 PM
Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ဆရာ ဖေါ်ပြထား တာတွေအပြင် ဘာ (ဆိုက်အဖက်) တွေရှိ နှိုင်ပါသေးလဲခင်ဗျာ။ ဥပမာ ဆီးသွာခြင်းကို ထိခိုက်စေနှိုင်ပါသလား။ နောက် အသက်ကြီးလာလို့ ရေရှည်မှာ ဘာဆိုးကျိုးတွေ ထပ်ဖြစ်ပေါ်နှိုင်ပါသေးလဲ။ ဆရာ့ဆေးခန်းမှာ လုပ်ပေးပါသလား။

ကျားအင်္ဂါ ကြီးစေခြင်း ယေဘုယျနည်းတွေ (၁) မှာ ရေးခဲ့ပါတယ်။ မေးလာတာရှိလို့ နည်းတနည်းကို ဆေးပညာ ရှုဒေါင့်က ရေးပါ့မယ်။ Injection of liquid silicone into the penis and the scrotum ကျားလိင်အင်္ဂါ (လိင်တံ နဲ့ ကပ်ပယ်အိတ်) ထဲကို (စီလီကွန်) ဆေးထိုးပေးနည်း ဖြစ်တယ်။

ကျားအင်္ဂါ ကြီးစေနည်းတွေ အမျိုးမျိုး စမ်းကြ၊ လုပ်ကြတယ်။ အရွယ်ရောက်ပြီးသား လူတယောက် အရပ်ရှည်ချင်တာဟာ လွယ်တာ မဟုတ်ပါ။ တခြား ကြွက်သားတွေ သန်အောင်၊ ထွားအောင်တော့ သေခြာပေါက် လုပ်လို့ရတယ်။ ဒါပေမဲ့ အရိုး အခြေခံတဲ့ လူ့အရပ်၊ အရိုးလည်းမပါ၊ ကြွက်သားအစစ်လဲ မပါတဲ့ လိင်အင်္ဂါကို ပြုပြင်ဘို့ မလွယ်ပါ။

ဒီနည်းရဲ့ထူးခြားမှုက အလျင်အမြန် သိသာစေနိုင်တဲ့နည်း ဖြစ်ပေမဲ့ လူကြိုက်များလှတော့ မဟုတ်ဘူး။ သိသာမှာက Girth လုံးပတ် တိုးလာတာ ဖြစ်တယ်။ Shaft အရှည်ကို တိုးတာ မဟုတ်ဘူး။ အများစုကတော့ ၉ဝ% တိုးစေကြတယ်။ သိပ် ထူးခြားချင်သူတချို့က Penis volume ထုထည် ၉ဝဝ% တိုးစေအောင်အထိ စံချိန်တင်ထားတယ်လို့ ဖတ်ရပါတယ်။

အဲ့ ဒါပေမဲ့ ဘာအသုံးကျပါသလဲ မေးရင်၊
• လိုတာ မရောက်ဘဲ (ကန်တော့ပါ) “သေးပေါက်တာသာ ထူးစေပါသတဲ့”။
• ဒီဆေးထိုးလိုက်လို့ ကောင်းလာတာဖြစ်ဖြစ် ဆိုးလာတာဖြစ်ဖြစ် Irreversible အရင်လိုတော့ ပြန်မဖြစ်နိုင်တော့ပါ။
• Silicone ဆေးထိုးလိုက်ရင် Blood vessels သွေးကြောတွေနဲ့ Nerves အာရုံကြောတွေကို Disrupting သက်ရောက် နှောင့်ယှက်မှု ဖြစ်စေနိုင်တယ်။
• ရလဒ်ကတော့ Loss of sensation အာရုံခံနိုင်မှုနည်းပြီး Penetration လိင်အင်္ဂါ ထိုးသွင်းမှုကို ခက်ခဲစေမယ်။
• ကိုယ်လိုချင်တာက ကြီးဘို့သက်သက်မဟုတ်ဘဲ ဆက်ဆံမှုသာဆိုရင် ပြောင်းပြန်ဖြစ်စေပါမယ်။

တခြား Side effects ဘေးထွက်ဆိုးကျိုးတွေလဲ ရှိအုံးမယ်။
• Inflammation ရောင်ရမ်းတာနဲ့ Discoloration ဆေးထိုးရာ နေရာတဝှိုက် အရောင် ပြောင်းလဲသွားမယ်။
• Silicone ကြောင့်ဖြစ်တဲ့ Granulomas အသားနုဟာ ရောင်နေတဲ့ Nodules အကျိတ်လို ဖြစ်တယ်။
• Silicone ဟာ ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေဆီကိုလဲ Migrate ရွေ့ပြောင်းနိုင်တယ်။

ဒါ့ကြောင့် FDA က အသိအမှတ်ပြုဘို့ ငြင်းထားတယ်။ ဒါတွေကို ပြန်ထုတ်ချင်ရင် မရဘူးတော့ မဟုတ်ပါ။ ကရိကထများပြီး ဈေးကြီးတယ်။ ဒီဆေးထိုးထားတဲ့ လိင်အင်္ဂါဟာ ပုံမှန်မဟုတ်တာ သိသာနေမယ်။

သုတေသနတခုမှာ လွန်ခဲ့တဲ့ ၁၄ နှစ်က ဆေးအများကြီး ထိုးထားခဲ့သူ ဘယ်လ်ဂျီယန် နိုင်ငံသားတဦး Silicone foreign body reaction ရတယ်လို့ ရောဂါဗေဒအသုံးက ခေါ်တာတွေ ဖြစ်လာတယ်။ Massive edema အလွန်ရောင်နေတယ်၊ Impotence ပန်းသေသွားတယ်။ Pills ဆေးလုံး၊ Patches ဆေးကပ်ခွါ၊ Traction devices ဆွဲဆန့်ကရိယာတွေလောက် လူသုံး မများပါ။ ကျွန်တော့် ဆေးခန်းမှာ မလုပ်ပါ။

ဒီဆေးပညာစာမှာ ပုံမထည့်တော့ပါ။ ဆေးထိုးထားသူတယောက် (ကိုလာကိုလာ) သံဗူးနဲ့ ယှဉ်ပြထားတဲ့ ပုံမျိုး ရှာရင် တွေ့မယ်။ အဲဒီ ယောက်ျားဟာ ဓါတ်ပုံရိုက်ဘို့သာ မင်းသားဖြစ်လိမ့်မယ် ထင်ပါတယ်။

Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html

Dr. တင့်ဆွေ
၁၆-၅-၂ဝ၁၁

Wednesday, March 27, 2013

သူချစ်တဲ့ သူမ



သြစတြေးလျ တောကျတဲ့မြို့လေးတစ်မြို့ရဲ့ တစ်ခုသောဆေးရုံရှိ အခန်းငယ်တစ်ခုပိုင် ပြတင်းပေါက်ဘေးနားက ခုတင်ပေါ်မှတစ်ဆင့် ကျွန်တော် နေ၀င်ချိန်ကို… နေလုံးကြီးငုံ့လျှိုးသွားတာကို ထိုင်ကြည့်နေမိပါတယ်။ စစ်မှု့ထမ်းရင်း oversea training နဲ့ပါလာစဉ် ခြေ ထောက်မှာ ဒဏ်ရာရခြင်းကြောင့် အနားယူနေရခြင်းပါ။ ကျွန်တော် သူနာပြုဆရာမလေး အကူအညီနဲ့ အပြင်ကိုလမ်းထွက် လျှောက် ပါတယ်။ ကျွန်တော့်မှာ ချိုင်းထောက်ကြီးနဲ့ သူနာပြုဆရာမလေးကို အဖော်ပြုရင်း လမ်းဘေးတလျှောက် သဘာဝရှုခင်းတွေ ကိုကြည့်ရင်း လျှောက်လာလိုက်တာ သတိပြုမိရတာက ဒီမြို့ကလေးရဲ့ ရှုခင်းတွေက သိပ်ကိုလှပနေတာပါပဲ။  လျှောက်လာတဲ့ခဏ မိုးစက်လေးတွေ ကောင်းကင်ပြင်က တဖွဲဖွဲကျလာတယ်။ သူနာပြုဆရာမလေးခမျာ စိတ်ပူစပြုသွားတယ်ထင်ပါရဲ့။ နေကောင်းကာစ လူနာတစ်ယောက် အနေနဲ့ မိုးရေထဲ လမ်းမလျှောက်သင့်တာအမှန်ပဲ မဟုတ်လား။ သူမက ကားမှတ်တိုင်က ခုံကလေးတွေနားရောက်တော့ ကျွန်တော့်ကို ထိုင်ခိုင်းထားခဲ့ပြီး သူမက ဆေးရုံဘက်ကကို ကားယူဖို့ ခပ်သွက်သွက်ပြန်သွားတယ်။ အချိန်က ညနေ ၆နာရီခွဲလောက်ရှိနေပြီဆိုပေမဲ့ မိုးအုံ့နေတာကြောင့် မှောင်လုနီးနီးဖြစ်နေပြီ။

ဟိုး….ညို့နေတဲ့မိုး တဖွဲဖွဲကျနေတဲ့မိုးက သဲကြီးမဲကြီးရွာချလာတယ်။ ရွာနေတဲ့မိုးတွေကို အမှတ်တမဲ့ ငေးကြည့်နေမိပါရဲ့။ ချိုင်းထောက် ကြီးကို နံဘေးမှာချ ခုံလေးမှာ ခပ်လျော့လျော့ထိုင်ရင်း ဆရာမလေးမသိအောင် ထည့်လာတဲ့ စီးကရက်ကိုထုတ်ကာ အားရပါးရ ဖွာရှိုက် နေမိပါတယ်။ အဲဒီအချိန်မှာ “ ကျွန်တော့်ကို စီးကရက်တစ်လိပ်လောက်ပေးနိုင်မလား ခင်ဗျာ” ဆိုပြီး ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် ကျွန်တော့်ဘေးကိုကြည့်လိုက်တယ်။ မိုးတွေစိုရွှဲနေတဲ့ ကျွန်တော့်အရွယ် ၂၃နှစ်ဝန်းကျင်လောက် ရှိတဲ့ လူတစ်ယောက်။ နှာတံပေါ်ပေါ် ဆံနွယ်ကွေးကောက်ကောက်လေးတွေမှာ မိုးရေစက်တွေ တွဲလဲခိုလို့။ ကောလိပ်ကျောင်းသားဝတ်စုံနဲ့ဗျာ။ ကျွန်တော်လည်း စီးကရက် ဘူးကိုကမ်းပေးလိုက်တယ်။ သူ့နှုတ်ခမ်းတွေ တွန့်ကွေးသွားရင်းပြုံးလိုက်တော့ ပါးချိုင့်လေးတွေက နှစ်လိုစွာပေါ်လာပါရော။

ကျွန်တော်အမှန်အတိုင်း ၀န်ခံရရင် မနာလိုဘူးသူ့ကို။ ကျွန်တော့်မှာ သူ့လိုဖြူစင်တဲ့အပြုံးမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့။ သူက စီးကရက်ကို နှုတ်ခမ်းဖျားမှာတေ့လိုက်တော့ ကျွန်တော်က မီးခြစ်ကို ခြစ်ပြီး မီးညှိပေးလိုက်တယ်။ ထူးဆန်းတာက သူ့ရဲ့ စီးကရက်က လုံးဝ မီးမစွဲဘူး။ ကျွန်တော် နောက်တစ်ကြိမ် မီးခြစ်ကိုခြစ်ပြီး မီးညှိပေးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဒီတစ်ခါလည်း မီးမစွဲပြန်ဘူး။ သူ့ရဲ့ မျက်နှာက ညှိုးကျသွားတယ်။ ကျွန်တော်လည်း စိတ်ရှုပ်ရှုပ်နဲ့ ကျွန်တော်သောက်နေဆဲ စီးကရက်ကို သူ့အားပေးလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးလေးတွေက အရောင်တောက်လာပြီး နှုတ်ခမ်းဖျားလေးတွေက ပြုံးရောင်သန်းသွားပါရဲ့။ သူက စီးကရက်ကိုလှမ်းအယူမှာ လက်ချောင်းချင်းတွေ့ထိသွားတော့ သူ့ရဲ့လက်တွေက အရမ်းအေးစက်နေတယ်ဗျ။ “မင်းရဲ့လက်တွေ အရမ်းအေးစက်နေတာပဲ” လို့ ကျွန်တော်ကပြောလိုက်တော့ သူက ခင်ဗျားရဲ့လက်တွေကလည်း အရမ်းအေးစက်နေတဲ့လက်တွေထဲမှာ ပါပါတယ်တဲ့။ ကျွန်တော့်မှာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်ပေါ့။

သူက “ကျွန်တော့်နာမည် အေသင်ပါ” ဆိုပြီး ကျွန်တော့်ကို နှုတ်ဆက်လက်ဆွဲဖို့ လက်ဆန့်တန်းပေးပါတယ်။ ကျွန်တော်က တကာရှီပါလို့ပြောရင်း အလိုက်သင့်လက်ပြန်ကမ်းပေးလိုက်ပါတယ်။ ကျွန်တော်နဲ့လက်ဆွဲနှုတ်ဆက်ရင်း သူက “ ကျွန်တော့်ရဲ့ လက်တွေကလေ အရင်ကအရမ်းနွေးထွေးခဲ့ဖူးတယ်၊ ပြီးတော့ အရင်က လက်တွေအမြဲအေးစက်နေတတ်တဲ့ ချစ်သူရှိခဲ့ဖူးတယ်”တဲ့။ ကျွန်တော်က ရွာနေတဲ့မိုးတွေကိုငေးကြည့်ရင်း “အဆင်ပြေသွားမှာပါ”လို့ သူ့ကိုပြောလိုက်ပါတယ်။ သူက သူ့ချစ်သူအဆင်ပြေ နေမယ်လို့ ထင်ပါတယ်တဲ့ပြောပြန်တယ်။ အဲ့ဒီနောက် သူ့ရဲ့လက်က ကျွန်တော့်သောက်လက်စ စီးကရက်လေးကိုကြည့်လိုက်တော့ မီးသေနေတယ်။ ကျွန်တော်လည်း စိတ်လေသွားရပေါ့။ သူက “ကျွန်တော်တစ်ခုတောင်းဆိုလို့ရမလား ခင်ဗျာ”တဲ့။ ကျွန်တော်က “ပြောကြည့်လေ” လို့ ပြောလိုက်တယ်။ “ကျွန်တော့်ဘက်ကို စီးကရက်ငွေ့တွေ မှုတ်ထုတ်လိုက်ပါလား” ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အားရပါးရရယ်မိလိုက်ကြတယ်။ “အိုကေကွာ” လို့ပြောပြီး ရူးကြောင်ကြောင်လုပ်ရပ်ပေမဲ့ ဆေးလိပ်သောက်သူအချင်းချင်း စာနာစိတ်နဲ့ ကူညီဖို့သဘောတူလိုက်တယ်။ သူက ခပ်ပါးပါးမှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေကို မက်မက်မောမော ရှူရှိုက်လိုက်ပါတယ်။ 

အချိန်နည်းနည်းကြာ စီးကရက်တစ်လိပ်ကုန်သွားတော့ ရွာနေဆဲမိုးတွေကိုကြည့်ပြီး သူကပြောတယ် “တာကာသိလား အချစ်စစ်ဆိုတာ မင်းကိုမင်းသတ်သေဖို့အကောင်းဆုံးနည်းလမ်းပဲ”လို့။ ကျွန်တော်ဘယ်လိုမှ နားမလည်ဘူး။ အထူးသဖြင့် အချစ်ဆိုတာကို ကျွန်တော် မသိဘူး။ ကျွန်တော်ပြုံးလိုက်မိတယ်။ သူ့မျက်လုံးလေးတွေက အရောင်တောက်ပလာပြီး အားရပါးရနဲ့ ဆက်ပြောတယ် “ဟုတ်တယ် အရင်က ကျွန်တော့်မှာ အရမ်းချစ်ရတဲ့ချစ်သူရှိတယ်”တဲ့။ ကျွန်တော်က “မင်းချစ်သူကံကောင်းမှာပါ”လို့ ပြောလိုက်တယ်။ ခဏလေး တွေ့ရတဲ့ အချိန်တိုလေးအတွင်းမှာ ကျွန်တော့်လို သူစိမ်းတစ်ယောက်ကတောင် ခင်မင်နှစ်လိုစိတ်ဝင်ခဲ့တာပဲဟာ။ သူ့မျက်နှာလေး ညှိုးကျသွားရင်း “ကျွန်တော်ချစ်တာ သူမက လုံးဝမသိဘူး” “ကျွန်တော်က သူ့ရဲ့အနားမှာနေရရင်ကို ပျော်နေတဲ့သူ တစ်ခါတလေဆိုရင် သူ့ချစ်သူနဲ့တွေ့ဖို့ ကျွန်တော်ကပဲ သူ့အိမ်ကနေခေါ်ထုတ်ပေးရတယ်” တဲ့စကားဆက်တယ်။  ကျွန်တော့်မှာ ပြောစရာစကားလုံးတွေ ဆွံ့အသွားရပါတယ်။ “တကယ်တော့ အချစ်က တကယ်ချစ်တဲ့သူတစ်ယောက်အနေနဲ့ ချစ်နေရရင်ပြီးပါတယ်” ကျွန်တော် သူ့ကို တိုးတိုးလေးပဲစကားတုန့်ပြန်လိုက်ရတာက “အချစ်ဆိုတာ ကျွန်တော့်အတွက် သိပ်နားလည်ဖို့ ခက်ခဲနေသလိုပဲ” လို့။ အပြင်မှာ မိုးတွေက ပိုပြီး သည်းသည်းမည်းမည်းရွာလာတယ်။

သူက စကားဆက်တယ် “သူမကလည်း သူမရဲ့ချစ်သူကိုသိပ်ချစ်တယ်”
“အဲ့ဒါကပဲ ကျွန်တော့်အတွက် အချစ်စစ်ဆိုတာအတွက် ကိုယ့်ဟာကို သတ်သေဖို့အကောင်းဆုံးအကြောင်းပြချက်ဖြစ်သွားတယ်”   
“ကျွန်တော်တို့ ကောလိပ်ကအပြန်မှာပေါ့ စက်ဘီးတွေစီးလာကြရင်းနဲ့ လမ်းအကွေ့မှာ ကုန်ကားကြီးတစ်စီးက ရုတ်တရက်ကွေ့ လာတော့ ကယ်တင်ရင်းနဲ့ ကားတိုက်ခံလိုက်ရပြီး သေသွားတယ်ခင်ဗျ”     

ကျွန်တော် သူ့ရဲ့မျက်နှာကို အလန့်တကြားနဲ့ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက သက်ရှိတစ်ယောက်လိုသွေးရောင်မရှိ သွေးဆုတ် ဖြူရော်နေပြီး ၀တ်ထားတဲ့အပြာရင့်ရောင် ကုတ်အကျ င်္ီမှအနီကွက်တွေနဲ့ စွန်းနေကြောင်း သေချာကြည့်မှ သတိထားမိသွားတယ်။ သူက ရှိုက်ကြီးတငှင်နဲ့ ကလေးတစ်ယောက်လိုငိုချတော့တာ။ ကျွန်တော့်စိတ်မှာ ကြောက်စိတ်မ၀င်သလို ကြောက်လည်းမကြောက်မိ။သူ့ကို တွေးရခက်စွာ သနားသွားတယ်။ သူ့ရဲ့ပခုံးလေးကို ငြင်သာစွာပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်လေ။ သူ့ဆီက အေးစက်နေတဲ့ အငွေ့အသက်ကို ခံစားရပြီးတဲ့နောက် သူဟာ လူစင်စစ်တစ်ယောက်မဖြစ်နိုင်မှန်း နားလည်သွားပါတယ်။ “ဟုတ်ပြီ အေသင် မင်းရဲ့ချစ်သူ ကို ကယ်ရင်းနဲ့ မင်းသေဆုံးခဲ့တာပေါ့”လို့မေးလိုက်တယ်။ သူက ငိုနေရာကနေ ကျွန်တော့်ကိုကြည့်ပြီး “မဟုတ်ဘူး သူမရဲ့ ချစ်သူကို တွန်းထုတ်ရင်းနဲ့ ကျွန်တော် ကိုယ့်ဟာကိုယ်သေဆုံးဖို့ ရွေးချယ်လိုက်တာပါ”လို့ဖြေတယ်။ ကျွန်တော် ဆွံ့အငြိမ်သက် သွားရတယ်။ သူက တိုးရှအက်ကွဲနေတဲ့ အသံနဲ့ “ကျွန်တော် သူမကိုအရမ်းချစ်သလို သူမရဲ့ချစ်သူကိုလည်း သူမက အရမ်းချစ် တယ် လေ” “သူမ မရှိရင် ကျွန်တော်အသက်ရှင်ရက်နဲ့သေဆုံးသလိုခံစားမှာမျိုး သူမကို မခံစားစေချင်ဘူး၊ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်အတွက် နောင်တမရ ခဲ့ပါဘူးဗျာ”ပြောပြန်တယ်။ ကျွန်တော် သူ့ရဲ့အေးစက်နေတဲ့လက်တွေကို တလေးတစားနဲ့ ဆုပ်ကိုင်ဖျစ်ညှစ်လိုက်ပါတယ်။ အဲ့ဒီအချိန် မှာပဲ အဝေးကနေ မောင်းလာတဲ့ ကုန်ကားကြီးတစ်စီးရဲ့ မီးရောင်ကိုမြင်လိုက်ရတယ်။

အေသင်က ကျွန်တော့်ကိုကြည့်ပြီး “ကျွန်တော်သွားတော့မယ်နော် ခင်ဗျားရဲက စီးကရက်ငွေ့တွေအတွက် ကျေးဇူးတင်နေမှာပါ” တဲ့။ ကျွန်တော်က မင်းဘယ်သွားမလို့လဲလို့မေးတော့ သူက အေးစက်စွာရှိနေရာက ပါးချိုင့်လေးတွေပေါ်အောင်ပြုံးလိုက်တယ်။ “ကိုယ့် ဟာကိုယ် သတ်သေဖို့ ရွေးချယ်တဲ့သူတစ်ယောက်အနေနဲ့ နေ့တိုင်း အဲ့ဒီအချိန်ရောက်ရင် ဒီလိုပဲ ထပ်ခါတလည်းလည်း နာကျင်စွာ သေဆုံးရတယ်” ကုန်ကားကြီးရဲ့ မီးရောင်က တဖြည်းဖြည်းနဲ့နီးလာတယ်။ “ခင်ဗျားရဲ့လက်တွေကိုနွေးထွေးအောင် လက်အိပ်တစ်စုံ တော့ဆောင်ထားဖို့မမေ့နဲ့”လို့ မှာရင်း ကုန်ကားကြီးဆီပြေးထွက်သွားပါတယ်။ “အေသင်” ကျွန်တော်အော်ခေါ်လိုက်သော်လည်း သူ မကြားတော့ပါ။ မိုးတွေက ပိုသည်းလာခြင်းလား ကျွန်တော့်မျက်လုံးက မျက်ရည်တွေကြောင့်လား အရာရာကေ၀၀ါးသွားတယ်။ ဆေးရုံက ကားလေး ကျွန်တော့်ရှေ့ဆိုက်ရောက်လာတယ်။ ပြီးတော့ စိုးရိမ်စွာနဲ့ ဆင်းလာသော သူနာပြုဆရာမလေး.....

နောက်တစ်ပါတ်ခန့်ကြာသောအခါ ကျွန်တော်ဆေးရုံကနေ ဆင်းခွင့်ရချိန် သူနာပြုဆရာမလေးကို ဒီမြို့ကလေးရဲ့ သချုင်္ံင်းကိုလိုက်ပို့ ပေးဖို့တောင်းဆိုလိုက်ပါတယ်။ သူမက ပင်ကိုယ်ခင်မင်ရင်းစွဲလည်းရှိတော့ သူမနဲ့ သူမရဲ့အမျိုးသားစစ်ဗိုလ်တို့ လိုလိုလားလားပဲလိုက် ပို့ကြပါတယ်။ သချုင်္ံင်းရောက်တော့ သူမရဲ့အမျိုးသားက ကားနားမှာစောင့်နေခဲ့ပြီး သူမကစိတ်မချနိုင်စွာလိုက်ပို့ပါတယ်။ သချုင်္ံင်းသာဆို တာ စနစ်တကျစောင့်ရှောက်မှုကြောင့် ပန်းခြံတစ်ခုနှင့်ပင်တူသည်လေ။ ကျွန်တော်က အေသင်ရဲ့ အုတ်ဂူရှေ့တွင်ရပ်လိုက်တော့ သူနာပြု ဆရာမလေးက ကျွန်တော့်ကိုစူးစိုက်ကြည့်တော့သည်။ သိုးမွှေးလက်အိပ်ကို ချွတ်ပြီး အေသင့်အုတ်ဂူလေးအပေါ်ကိုတင်ပေးလိုက်ပါ တယ်။ “ကိုယ့်မှာအပိုတစ်စုံရှိတယ်” လို့တိုးတိုးလေးပြောမိတာပေါ့။ ပြီးတော့ စီးကရက်ကို ထုတ် မီးငြိကာ ဖွာရှိုက်ပြီးနောက် သူ့ရဲ့ အုတ်ဂူဆီကို စိတ်ရှည်လက်ရှည်နဲက မှုတ်ထုတ်ပေးလိုက်တယ်။ အဲ့ဒီအချိန် နောက်ပါးစီက သူနာပြုဆရာမလေးရဲ့ငိုရှိုက်သံလေးကို ကြားလိုက်ရပါတယ်။ ကျွန်တော်က ကြည့်လိုက်တော့ သူမ ခပ်တိုးတိုးလေးပြောလိုက်တာ “အေသင်က ကျွန်မရဲ့အချစ်ဆုံး သူငယ်ချင်းပါ” တဲ့။

တိုက်တိုက်ဆိုင်ဆိုင် ခပ်လှမ်းလှမ်းက ဘုရားကျောင်းရဲ့ခေါင်းလောင်းထိုးသံကို ကြားလိုက်ရပါတယ်။

ကျွန်တော့်နှုတ်ဖျား ပြောစရာ စကားလုံးတွေ ဆွံ့အနေခဲ့ပြန်ပါပေါ့။

Tuesday, March 19, 2013

လိင်တူချစ်သူများ၏ ဆက်ဆံရေးနှင့်ပြဿနာများ


တစ်ဦးကိုတစ်ဦးဘယ်လောက်ထိရည်ရွယ်ထားလဲ? ဘယ်လောက်ထိချစ်နိုင်ကြမှာလဲ?


ဒီခေါင်းစဉ်ကတော့ နံပါတ်တစ်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ကိုယ်က ချစ်သူထားမှာလား ဒါမှမဟုတ် ရည်းစားထားမှာလားဆိုတာကိုပါပဲ။ ချစ်သူနဲ့ရည်းစားက တကယ်တော့ အဓိပ္ပါယ်ချင်းမတူပါဘူး။ အပေါ်ယံကြား ရင်ခပ်ဆင်ဆင်ရှိပေမယ့် ချစ်သူဆိုတဲ့အဓိပ္ပါယ်ကတော့ ကိုယ်တကယ်ချစ်တဲ့သူ ကိုယ့်ကိုလဲ တကယ်ချစ်သူ ကိုချစ်သူလို့ခေါ်ပါတယ်။ ရည်းစားဆိုတာကတော့ အပျော်ထားရုံ အပျင်းပြေရုံသက်သက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်တွဲတော့မယ်ဆိုရင် သူ့ဖက်ကိုဖက် အဆင်ပြေအောင် ညှိယူနိုင်ဖို့အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးသည်းခံ နိုင်မှုအတိုင်းအတာကလဲ အဲ့ဒီလူနှစ်ဦးကြားမှာရှိတဲ့ သံယောဇဉ်အတိမ်အနက်ကိုဖော်ပြပါတယ်။ ဘယ်လောက်ပဲ ရန်ဖြစ်ရန်ဖြစ် မကွဲနိုင်ကြတဲ့ လင်မယားတွေကိုတွေ့ဖူးမှာပေါ့။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တစ်သက်တာထိ လက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဖြစ်လာသမျှ ပြဿနာကို အေးအတူပူအမျှ ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။

Role ကိစ္စ

ဒါကလဲ ဟိုမိုတွေအတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။  တစ်ခါတစ်လေ တစ်ဦးနဲ့တစ်ဦးချစ်ကြ ပေမယ့် role ကိစ္စအဆင်မပြေတာတွေ ရှိနေတတ်ပါတယ်။ ဥပမာ ကိုယ်ကလဲ top ကိုယ့်ချစ်သူကလဲ top ဖြစ်နေတာမျိုးတွေ role ချင်းတူနေတာမျိုးတွေကိုဆိုလိုတာပါ။ ဒါပေမယ့် စောစောကပြောသလို တစ်ဦးနဲ့တစ်ဦး တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ထားတယ် သူမှသူ တစ်ခြားလူဆို ဘယ်သူမှမချစ်နိုင် ပါဘူးဆိုရင်တော့ role ချင်းညှိယူရပါလိမ့်မယ်။ ကိုယ်နဲ့ role ချင်းတူနေတဲ့ချစ်သူက ကိုယ့်ကိုလိုက်လျောပြီး top ကနေ ver အဖြစ်ဆင်းပေးလိုက်သည် ဆိုပါစို့။ အဲ့ဒီအခါကျ ကိုယ်က top ကပဲနေနေရုံနဲ့ မပြီးသေးပါဘူး။  သူကတောင် ကိုယ့်ကိုချစ်လို့ လိုက်လျောပေးထားရင် ကိုယ်က top ကြီးပဲနေမယ်ဆိုတော့ တရားမျှတမှု ရှိရဲ့လားဆိုတာကို စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမိုအချစ်ဆိုတာမျိုးက သာမန်အချစ်လို ဆက်ဆံရေးနဲ့နေလို့မရလို့ပါဘူး။ လောကကြီးကိုဆန့်ကျင်ထားတဲ့ အချစ်ဖြစ်တဲ့အတွက် သဘာဝမကျတဲ့ အလေ့အကျင့်တွေကို သဘာဝကျအောင် ဖန်တီးရယူရပါမယ်။ ဒီကိစ္စက role မတူတဲ့သူတွေအတွက်တော့ ပြဿနာတစ်ခုမဟုတ်ပါဘူး။


Marry လုပ်ဖို့လိုအပ်သလား?

လူဆိုတဲ့အမျိုးက ဘဝကိုဘယ်တော့မှ တစ်ယောက်ထဲရပ်တည်သွားလို့မရပါဘူး။ အသက်အရွယ်ကြီးရင့်လာ တဲ့အခါ ကိုယ့်ကိုဖေးကူးစောင့်ရှောက်မယ့်သူ၊ ကြုံဆုံသမျှ ဆင်းရဲချမ်းသာ ဒုက္ခသုက္ခမျိုးစုံကို မျှဝေခံစားပေးမယ့် သူအနားမှာ တစ်ယောက်တော့ရှိဖို့လိုအပ်ပါတယ်။ အဲ့သည်လို လူတစ်ယောက်နဲ့တစ်ယောက် ဘဝကို စတင်လက်တွဲကြတော့မယ်ဆိုရင် လက်ထပ်ပွဲကျင်းပကြပါတယ်။  ဒါပေမယ့် ကျွန်တော်တို့ ဟိုမိုတွေကတော့ လက်ထပ်ပွဲဆိုတာ အကြီးမားဆုံး အခက်အခဲကြီတစ်ခုလို့လဲပြောလို့ရပါတယ်။ မိဘတွေအနေနဲ့ မကန့်ကွက်ကြဘူးဆိုရင်တောင် ပတ်ဝန်းကျင်အခြေအနေ နောက်ပြီး လက်ထပ်ချင်းကို ကာကွယ်ပေးမယ့် ဥပဒေတွေက လိုအပ်နေပါသေးတယ်။ အချို့နိုင်ငံမှာ လိင်တူလက်ထပ်ချင်းကို တရားဝင်ခွင့်ပြုထားပြီး အဲ့ဒီအတွက် ဥပဒေတွေကို ရေးဆွဲပြဋ္ဌန်းထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ထပ်လိုက်ခြင်း အားဖြင့် ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပိုရစေလာပါတယ်။ ကာမပိုင်ဆိုတာ ဖြစ်သွားတဲ့အတွက် ချစ်သူရည်းစားဘဝကလို အမှုမဲ့အမှတ်မဲ့ ဖောက်ပြန်တတ်တဲ့ အမှားမျိုးလေးတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ဆင်ခြင်နိုင်သွားပါလိမ့်မယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကွာရှင်းပြတ်စဲ ကြတော့မယ်ဆိုရင် သူ့ပိုင်ဆိုင်မှု ကိုယ့်ပိုင်ဆိုင်မှုကို တရားဥပဒေနဲ့ ရင်ဆိုင်ဖြေရှင်းလို့ရပါတယ်။ ဒါကတော့ လက်ထပ်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေပါ။

   ဒါပေမယ့် ဒီလက်ထပ်ခြင်းကိစ္စကတော့ ကျွန်တော်တို့မြန်မာနိုင်ငံက ဟိုမိုတွေအတွက် အိမ်မက်တစ်ခု လိုပဲဖြစ်နေပါတယ်။ အိမ်မက်ဆိုတာ အိပ်နေတဲ့အချိန်လေးမှာပဲ ဖြစ်ခွင့်ရနိုင်ပြီး လက်တွေ့ဘဝမှ မရရှိနိုင်တာမျိုးပါ။ လိင်တူချစ်သူတွေကို မုန်းတီးကြောက်ရွံ့သူ(Homophobia ခေါ် Homophobic) တွေကလဲ ဒုနဲ့ဒေးရှိနေပါတယ်။ ဒါကြောင့် အစိုးရက တရားဝင်ခွင့်ပြုပေးမယ်ဆိုရင်တောင် အခြားနောက်ဆက်တွဲ အကျိုးဆက်တွေက မနည်းပါဘူး။ ပြီးတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက အရှက်အကြောက်ကြီးတယ် ဂုဏ်သိက္ခာကိုတန်ဖိုးထားကြတယ် ရှေးရိုးစွဲအယူအဆတွေကို ယနေ့ထိမပစ်ပယ်နိုင်ကြသေးတာရယ်ကြောင့် ဒီလက်ထပ်ဖို့ကိစ္စ ဆိုတာ ဟိုမိုတွေအတွက် မဟာအခက်အခဲကြီးဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ စိတ်ထဲမှာ စွဲထင်နေတာက အခြောက်တို့ ဂန်ဒူးတို့ မိန်းမလျာတို့ ယောက်ျားလျာတို့ကို အတိတ်ဘဝက ဝဋ်ကံနာကြောင့် ဝဋ်လည်နေသူတွေအဖြစ်သာ မြင်တတ်ကြပါတယ်။ ဘာသာရေးအယူအဆနဲ့ မတွေးပဲ လူသားချင်းစာနာတဲ့ စိတ်နဲ့  သြော်သူတို့တွေဟာ လိင်စိတ်ပြောင်းလဲနေကြသူတွေပါလားဟူသော အတွေးမျိုးနဲ့ တွေးမိသူက ခပ်ရှားရှားပါပင်။ဒါကြောင့် မြန်မာနိုင်ငံက ဟိုမိုတွေအတွက်တော့ လက်ထပ်တာ လက်မထပ်တာက အဓိကမကျတော့ပါဘူး။ အဓိကက တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ သစ္စာရှိဖို့နဲ့ ယုံကြည်မှုရှိနေဖို့ပဲလိုအပ်ပါတယ်။

Jealous ဖြစ်ချင်း

မုန့်ကိုပဲဝေစားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူး ဆိုသလိုပေါ့။ ဘယ်သူမဆို ကိုယ့်ချစ်သူကို သဝန်တိုတာ သဘာဝပါပဲ။ ဒါပေမယ့် သဝန်တိုတာကိုလဲ limit လေးတစ်ခုသတ်မှတ်ထားဖို့လိုအပ်ပါတယ်။ ကိုယ့်ဖက်က ချစ်လို့သဝန်တိုတာမှန်ပေမယ့် ကိုယ့်ချစ်သူအနေနဲ့ ငါ့ကိုတောင် မယုံကြည်တော့ဘူးလား ဆိုတဲ့ အမြင်မျိုး မြင်သွားတတ်ပါတယ်။ နောက်ပြီးတော့ သဝန်တိုချင်းရဲ့ အကျိုးဆက်တွေက မကြာခဏ ကတောက်ကဆ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်တာ များလာရင် စိတ်ကုန်သွား စိတ်ပျက်သွားတတ်ကြပါတယ်။ “မင်းကိုဒီလောက်နားလည်ရခက်နေရင် အစကတည်းက မချစ်ခဲ့ပါဘူး “ ဆိုတဲ့ အတွေးမျိုးတွေ တွေးမိလာတတ်ကြပါတယ်။ နောက်ပြီးတော့ လူကြားသူကြားထဲ သဝန်တိုတဲ့ အမူအယာ မျိုးလုပ်တာတွေ ရှောင်ရှားရပါမယ်။ ကိုယ့်ချစ်သူက ဆိုပါတော့ လူသိမခံဝံ့တဲ့သူ ဥပမာ စစ်ဗိုလ်တစ်ယောက် ပဲဆိုပါတော့။ ကိုယ့်ရှေ့မှာ မိန်းကလေးတွေနဲ့ စနောက်နေတာမျိုး  ဒါမှမဟုတ် အခြားသဝန်တိုစရာ တစ်ခုခု လုပ်နေတာမျိုး ကြုံတွေ့ခဲ့ရင်လဲ လူကြားသူကြားထဲမှာ ကိုယ့်အနေနဲ့ ဘာမှမဖြစ်သလိုနေနိုင်ရပါမယ်။ မနေနိုင်သေးဘူးဆိုရင်လဲ နေနိုင်အောင်ကျိုးစားဖို့ တိုက်တွန်းချင်ပါတယ်။

နေရာဒေသ မတူချင်း

ကျွန်တော်ဘာဖြစ်လို့ နေရဒေသမတူချင်းဆိုတဲ့ ခေါင်းစဉ်ကိုတပ်ရသလဲ ဆိုတော့ နေရာဒေသမတူချင်းကလဲ အဓိကပြဿနာတစ်ခု ဖြစ်နေတတ်လို့ပါပဲ။ ဟိုမိုအများစုဟာ အပြင်ကနေ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းပြီး ချစ်သူဖြစ်သွားကြတယ်ဆိုတာ ရာခိုင်နှုန်းနည်းပါတယ်။ များသောအားဖြင့် online ကနေ chat ရင်း date လုပ်ကြပြီး အဆင်ပြေသွားတတ်ကြတာပါ။ အဲ့ဒီအခါမှကိုယ်နဲ့ ကိုယ့်ချစ်တဲ့သူက နေရာဒေသချင်း မတူတဲ့ အခါအကြီးအကျယ်စိတ်ညစ်လာရပါတယ်။ ဥပမာ ကိုယ်ကရန်ကုန်မှာနေတယ် ကိုယ့်ချစ်သူက နယ်မှာနေတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြပြီး နောက်ဆုံးတော့ date လုပ်ကြတယ်။ ပြီးတော့ ကိုယ့်ဒေသကိုယ် ပြန်လာတယ်။ ကိုယ်ကလဲ ကိုယ့်ချစ်သူနေတဲ့ဒေသမှာ မနေနိုင် ကိုယ့်ချစ်သူကလဲ ကိုယ့်ဆီမှာ လိုက်မနေနိုင်နဲ့ နေရာဒေသကလဲ အရမ်းစကားပြောပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ်နဲ့ဝေးတဲ့သူဆိုရင် မစဉ်းစားတာကောင်းပါတယ်။

မိဘတွေသိသွားရင်

ဒါကတော့ အကြီးမားဆုံး အန္တာရယ်ရှိတဲ့ကိစ္စပါပဲ။ ကိုယ်ဟာဟိုမိုတစ်ယောက် ကိုယ့်မှာ လိင်တူချစ်သူတစ်ယောက် ရှိနေပြီဆိုတဲ့ကိစ္စကို မိဘတွေ သိသွားခဲ့ရင် ဘာတွေဖြစ်နိုင်လဲ??? ဒါကတော့ ကျွန်တော်ကိုယ်တိုင်လဲ သိချင်နေတဲ့ကိစ္စ တစ်ခုပါပဲ။ ကျွန်တော်ကိုယ်တိုင်ကလဲ မိဘတွေကို အသိပေးလို့ မဖြစ်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘယ်မိဘမဆို ကိုယ်မွေးထားတဲ့ သားသမီးက ဒီလိုဖြစ်နေတယ်ဆိုရင် ရင်ထုမနာဖြစ်ကြမှာပါပဲ။ မတော်လို့သိသွားရင် ဒေါသထွက်ပြီး အရိုက်ခံရနိုင်သလို အိမ်ပေါ်ကလဲ မောင်းချခံရနိုင်ပါတယ်။ ဒီလိုဖြစ်နေတဲ့ သားသမီးမျိုးကို နားလည်ပေးနိုင်တဲ့ မိဘဆိုတာ ခပ်ရှားရှားပါပဲ။ နောက်ပြီး ပညာမတတ်တဲ့ ရိုးလွန်းအလွန်း ရှေးရိုးစွဲအယူရှိတဲ့မိဘတွေဆိုရင်ပိုဆိုးပါ လိမ့်မယ်။ ဒါကြောင့် ကျွန်တော်ကတော့ မိဘတွေကို ဖွင့်ပြောမလား ဇွဲကြိုးချပြီး ကိုယ့်ကိုယ်ကို သတ်သေမလားဆိုရင် ဒုတိယဟာကိုပဲ ရွေးလိုက်ပါတော့မယ်။

နောက်ပြောင်ကျီစယ်ခံရခြင်း

ကိုယ့်ကို ဟိုမိုတစ်ယောက်မှန်း ပတ်ဝန်းကျင်ကဖြစ်စေ ကိုယ်နဲ့ရင်းနီးတဲ့ လူ့အသိုင်းအဝိုင်း ဥပမာ သူငယ်ချင်း တွေကဖြစ်စေ သိသွားခဲ့ရင် အနည်းဆုံးတော့ အစအနောက်ခံရနိုင်ပါတယ်။ တမင်တကာ ပျော်စေပျက်စေ နောက်တာစတာမျိုးကို သည်းညည်းခံနိုင်ကြပေမယ့် ကိုယ့်ကိုယ်ချိုးနှိမ့်ပုတ်ချ ပြီးနောက်ပြောင်တာမျိုးကိုတော့ ကိုယ့်အနေနဲ့ သည်းညည်းခံနိုင်မှာမဟုတ်ပါဘူး။ အဲ့သည်လိုမျိုးတွေ ကြုံလာတဲ့အခါ ဘယ်လိုရင်ဆိုင် ဖြေရှင်းကြမလဲ။ ဒါကလဲ ပြဿနာတစ်ခုပါပဲ။ ခက်သည်က လူတွေက ကိုယ့်ထမင်းကိုယ်စားပြီး သူများအကြောင်းမပြောရင် မနေတတ်ကြတဲ့သူတွေအများသားဆိုတော့ ဒီကိစ္စကလဲ ပြဿနာတစ်ခု အဖြစ် အကျုံးဝင်လာခဲ့သည်ဆိုပါစို့။ အဲ့လိုပြဿနာမျိုးကြုံကြိုက်လာတဲ့အခါ ဥပမာ ကိုယ့်ကိုလူတစ်ယောက်က အခြောက်တွေဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး စလိုက်တယ်ဆိုပါစို့ ဒါမှမဟုတ် ကိုယ်နဲ့ကိုယ့်ချစ်သူ တွဲသွားတာကို အခြောက်တွေအချင်းချင်းကြိုက်ကြတယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး စော်ကားထိခိုက် လာရင် ကိုယ့်ဖက်က တုန့်ပြန်နိုင်ဖို့လိုပါတယ်။ အဲ့ဒါကြောင့် ဟိုမိုနဲ့ဆိုင်တဲ့ အသိပညာ ဗဟုသုတတွေ လေ့လာထားရပါတယ်။ ဒါမှကိုယ့်ကိုသူများပြောရင် ကိုယ်ကလဲ ပြန်ပြောနိုင်မှာပေါ့။ နို့မဟုတ်ရင် သူများဘာပြောပြော ကိုယ်ကဘာမှပြန်မပြောတတ်ပဲ ကြက်ကြီးလည်လိမ်ထားသလို အီလည်လည်နဲ့ ခံနေရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုနာအောင်ပြောတဲ့သူတွေကို အနည်းဆုံးတော့ အသိတရားတစ်ခု ရသွားအောင် ပြန်ပြောနိုင်ရင် အကောင်းဆုံးပါ ဒါမှ နောက်မစရဲတောမှာလေ။

ကျန်းမာရေးပြဿနာ

ကျန်မာရေးပြဿနာနဲ့ပက်သက်ပြီး မိမိကိုယ်ကို ဆင်ခြင်နိုင်ဖို့ပဲအရေးကြီးပါတယ်။ တစ်ခုသိထားရမှာက လိင်တူဆက်ဆံခြင်းက လိင်ကွဲဆက်ဆံခြင်းထက် HIV ကူးစက်ခံရဖို့ အခွင့်အရေး 99.99% ပိုရှိတယ်ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စအိုဆိုတာ သဘာဝက လိင်ဆက်ဆံဖို့ ဖန်တီးပေးထားတဲ့ နေရာ မဟုတ်ပါဘူး။  စအိုရဲ့ အတွင်းပိုင်း အသားအရေပြားအမြှေးပါးလေးတွေဟာ အလွန်အင်မတန်မှ နူးညံ့ပြီး ပါးလွှာပါတယ်။ ဒါကြောင့် လိင်တံနဲ့ထိုးသွင်းလိုက်တဲ့အခါမှ အရေပြားတွေဟာ အလွယ်တကူနဲ့ ပွန်းပဲ့သွား နိုင်ပြီး ရောဂါကူးစက်နိုင်ပါတယ်။ ဒါပေမယ့် HIV ဆိုသည့် ရောဂါပိုးက ဟိုမိုတွေ straight တွေမခွဲခြားပါဘူး။ လိင်တူဆက်ဆံတာမှ မဟုတ်ပါဘူး လိင်ကွဲဆက်ဆံရင်လဲကူးတာပါပဲ။ ဟိုမိုချင်းလိင်ဆက်ဆံပေမယ့် အကာအကွယ်သုံးတာနဲ့ လိင်ကွဲဆက်ဆက်ပြီး အကာအကွယ်မသုံးတာနဲ့ ဘယ်ဟာရောဂါပိုကူးစက်ခံရနိုင် သလဲဆိုတာ ယှဉ်ကြည့်နိုင်ပါတယ်။ လိင်တူချင်းဆက်ဆံတဲ့အခါ အဆင်မပြေနိုင်တဲ့ ကျန်းမာရေးပြဿနာ တွေကိုတော့ မိမိဖာသာလေ့လာသင့်ပါတယ်။ ဥပမာ ချောဆီမပါပဲ ဆက်ဆံတဲ့အခါ စအိုနာကျင်တာမျိုးတွေ၊ လိင်ဆက်ဆံတဲ့အခါ အဆင်မပြေဖြစ်တတ်တာမျိုးတွေ ရှိတတ်ပါတယ်။

      လိင်ဆက်ဆံပြီးသွားတဲ့အခါတိုင်းလဲ သုတ်ရည်ကို စအိုထဲမှာ မထွက်သွားစေဖို့ ဂရုစိုက်စေလိုပါတယ်။ ကွန်ဒုံးသုံးရင် ဒီကိစ္စက ပြဿနာမရှိပေမယ့် ကွန်ဒုံးမသုံးတဲ့ စုံတွဲတွေအတွက်ကတော့ ဒါက ပြဿနာတစ်ခုပါ။ စအိုထဲမှာ သုတ်ရည်ဝင်သွားရင် စအိုကိုမသန့်မရှင်းဖြစ်စေပါတယ်။ အိမ်သာသွားပြီးအလေးသွားတဲ့ အခါကျမှ မစင်တွေနဲ့ ရောပါလာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် သုတ်ရည်ကို အပြင်ဖက်မှစွန့်တာ ကောင်းပါတယ်။ လိင်ကျန်းမာရေးအနေနဲ့ အခြားပြဿနာများကို မိမိနှင့်နီးစပ်ရာ စာပေ နဲ့အခြား ဗဟုသုတ များကို လေ့လာစေလိုပါတယ်။ မိမိဟာ လိင်တူချစ်သူ တစ်ယောက်ဖြစ်နေရင် ဒီပြဿနာတွေက တစ်နေ့မှာ မလွဲမသွေ ကြုံလာမှာပါ။ ဒါကြောင့် ငါနဲ့မဆိုင်ဘူးဆိုပြီးနေလို့မရပါဘူး အဲ့လိုနေလိုက်ရင် တကယ်တမ်းကြုံ လာတဲ့အခါကျမှ ပြဿနာတတ်ပါလိမ့်မယ်။ ချစ်သူရည်စားရှိသူတွေအနေနဲ့လဲ လိင်ဆက်ဆံခြင်းကို အတက်နိုင်ဆုံး အဆင်ပြေအောင် ညှိယူစေလိုပါတယ်။ ဥပမာ တစ်နေ့ကို နှစ်ချီသုံးချီလုပ်နေတယ်ဆိုတာမျိုးက မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။


                                                                                                                       ဖတ်ရှုအားပေးခြင်းအတွက်ကျေးဇူးတင်ပါတယ်
                                                                          Lovealone   
                                                                        boytheboy.sept@gmail.com

Friday, March 15, 2013

Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း



(၁) General ယေဘုယျ
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၅)

October 22, 2009 9:35 PM
ယောက်ျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင့်လဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။

အမေးရှိလို့ ရေးရပြန်ပါပြီ။ “ကျားအင်္ဂါ ကြီးစေခြင်း” Penis enlargement ကြော်ညာတွေ ဘယ်လောက် ဆွဲဆောင်မှုရှိပါစေ မယုံပါနဲ့ဆိုတာ ပဌမဆုံး မှတ်သား စေချင်ပါတယ်။
ရှေးဟောင် ဂရိပန်းပုလက်ရာ Polyclitus, Marathon Youth, Hermes တွေကို ကြည့်ကြည့်၊ (ရီနေဆန်) ခေတ်က Michelangelo နဲ့ Donatello တို့ရဲ့ Statue of David ရုပ်ထုတွေကိုဘဲ ကြည့်ကြည့် ကျားလိင်အင်္ဂါကို ခပ်သေးသေးသာ ထုဆစ်ထားတာ တွေ့ရပါမယ်။ ဒီခေတ်မှာ ယောက်ျားတယောက်ဟာ ကိုယ့်အင်္ဂါကိုယ် ပြန်ကြည့်ရင် သူများတွေထက် သေးနေသလို ထင်မှတ်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ အပေါ်ကနေ မိုးကြည့်ရတာကိုး။ စိုးရိမ်သူများ ဆရာဝန်ဆီ ရောက်လာလို့ သူတို့ကို စနစ်တကျ တိုင်းထွာတဲ့အခါမှာ ပုံမှန် အရွယ်အစား ဖြစ်နေကြတာ များတယ်လို့ တွေ့ရပါတယ်။

ဂရိ (မိုက်သော်လော်ဂျီ) ထဲက Priapos ဆိုတာ ဥယျာဉ်ခြံမြေ၊ မွေးမြူရေးနဲ့ အသီးအနှံတွေရဲ့ ဘုရားအဖြစ် သာမက ကျားလိင်အင်္ဂါရဲ့ အရှင်သခင်လို့ သတ်မှတ်ပါတယ်။ သူ့အင်္ဂါဟာ အမြဲတမ်း သန်မာနေတာမို့ ဆေးပညာမှာ အဲလို ပြန်မလျော့ဘဲ ကျားအင်္ဂါ သန်မာနေတာကို Priapism လို့ ခေါ်တယ်။ သူတို့ဘုရားလဲ ရောဂါမကင်းဘူး။ ၉ ရာစု Arabian Nights ပုံပြင်တွေထဲက Ali with the Large Member မှာတော့ ကျားအင်္ဂါ အရွယ်အစားကို သရော်ထားပါတယ်။ “ဒါ ကြီးတိုင်းသာ ဆရာတင်ချင်ရင် ‘လား’ ကိုသာတင်ကြ” တဲ့။

ခက်နေတာက ဘာမဆို ကြိုက်သလို ပြုပြင်လို့ရတဲ့ Image manipulation ခေတ်ဖြစ်လေတော့ ကြည့်တဲ့သူတွေအဖို့ လှလိုက်တာ၊ ကောင်းလိုက်တာ၊ ကြီးလိုက်တာ၊ စတာတွေဟာ တကယ်ဘဲလို့ ထင်မှတ်စေတယ်။ အမှန်က Illusion ထင်ရောင်ထင်မှား ဖြစ်အောင် Deception လှည့်စားတာတွေပါ။ ဒီတော့ကား အရင်ပေါ် CRT နောက်ပေါ် TFT-LCD (မော်နီတာ) တွေကို မကြည့်ဘဲ ပြဒါးသုတ် ကြေးမုံမှန်ကိုသာ ကြည့်ဘို့ အကြံပြုပါတယ်။

ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် လူကို အပြင်ပမ်း အင်္ဂါရုပ် ကြည့်ပြီး၊ မွေးရာပါအင်္ဂါက ဘယ်လိုနေမယ်လို့ မှန်းဆပြီး၊ တိုးတိုး တိတ်တိတ် ပြောလေ့ရှိတဲ့ ပေါ်ပြူလာ ယဉ်ကျေမှုက ရှိသေးတယ်။ သုတေသန လုပ်ကြည့်တော့ ဒီလိုမှန်းဆချက်တွေဟာ မတိကျဘူး ဆိုတာ သိရတယ်။ ကိုယ့်ကို ကောင်းတာပြောတာ မဟုတ်ရင် မယုံကြပါနဲ့။

ကျားလိင်အင်္ဂါရဲ့ အရွယ်အစားဟာ အသက်နဲ့လဲ ဆိုင်တယ်။ မွေးကာစ Flaccid penile က 4 cm ရှိပြီး၊ လူပျိုပေါက်မှာ သိသိသာသာ ရှည်လာတယ်။ အရွယ်နဲ့အမျှလဲ တိုးတက်မှု ရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေကို သုတေသန လုပ်ကြတော့ တချို့က သေးသွားတယ် ပြောသလို၊ တချို့က ပိုကြီးလာသတဲ့။ သုတေသနတိုင်းကိုလဲ အားမကိုးရပြန်ဘူး။

သန်မာ (သာမန် မဟုတ်ပါ) နေချိန် Erectile penis ကို တိုင်းထွာပြီး၊ September 1996 Journal of Urology မှာ ရေးခဲ့တာကတော့ 12.9 cm (5.08 in) ပျမ်းမျှ ရှိပါတယ်။ ဒီဂျာနယ်ကဘဲ ဆိုပြန်သေးတာက ဘယ်လောက်ဘဲ နဂိုက အရွယ်အစားရှိနေနေ သန်မာလာရင် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာကို တိတိကျကျ မှန်းမရပါဘူးတဲ့။ ဂျူး-ကော့ကေးဆပ် ယောက်ျားတွေဟာ သန်မာချိန်မှာ ပျမ်းမျှ 13.6 cm (5.35 in) လို့ December 2000 International Journal of Impotence Research က ထုတ်ပြန်ပါတယ်။ သိပ္ပံနည်းကျ တိုင်းထွာကြတာမှာ တယောက်နဲ့ တယောက် မတူကြလို့ အများပြောသမျှ ထဲကနေ ပျမ်းမျှယူတဲ့အခါ 12.9–15 cm (5.1–5.9 in) ရှည်ပြီး၊ 2.4 and 5.5 cm (0.9 and 2.2 in) လုံးဝန်းတယ်လို့ မှတ်ယူနိုင်တယ်။ Nine inches monster ဆိုတာ သူရဲခြောက်ပြတာ သက်သက်ပါ။

ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။ လိင်ဟော်မုန်းနဲ့ ဆိုင်တာပါ။ Testosterone ပေးရတယ်။ ခွဲစိတ်ပေးရတယ်။ ဆီးထွက်ပေါက်က ပန်းထိပ်ဖျားမှာ မရှိဘဲ၊ လိင်တံရဲ့ အောက်ခြေ တနေရာရာမှာ ရှိနေတာမျိုးက Hypospadias ဆိုတဲ့ မွေးရာပါဖြစ်တယ်။ ခွဲစိတ် ပြုပြင်လို့ရတယ်။ ဒီအင်္ဂါရဲ့အရွယ်အစားဟာ မျိုးရိုးအရ မဟုတ်ဘဲ၊ အစာအာဟာရ၊ ပတ်ဝန်းကျင်တို့နဲ့လဲဆိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာ Pesticides, Triclosan, Plasticizers, Lavender oil ဓါတုဆေးတွေ ညစ်ညမ်းနေတာမျိုး ဖြစ်ပါတယ်။

နောက်တချက် မှတ်ဘို့က ဒီလို “ကဲ” ဘို့ တကယ်တန်း မလိုလှပါ။ Psychology Today ရဲ့ (ကာဗာ-စတိုရီ) တခုမှာ အမျိုးသမီး ၁၅၅ဝ ယောက်ရဲ့ အများစုက “အရွယ်အစား ဂရုမစိုက်ဘူး” ဆိုပါတယ်။ ၇၁% သော ယောက်ျားတွေကသာ ကိုယ့်ဟာကို ဂရုအစိုက် လွန်နေကြပါသတဲ့။ ၂ဝဝ၅ ခုနှစ်တုံးက Internet survey တခုမှာ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားသူပေါင်း ၅၂ဝ၃၁ ယောက်ကို မေးမြန်းတဲ့အခါ ကိုယ့်အရွယ်အစားကို ကျေနပ်ကြသူ ယောက်ျား ၅၅% ရှိပြီး၊ အမျိုးသမီး ၈၅% ကတော့ သူတို့ အဖေါ်တွေရဲ့ အရွယ်အစားကို ကျေနပ်ကြကြောင်း ဖြေပါတယ်။ အမျိုးသမီး ၆% ကသာ အနုတ်သဘောဖြေတယ်။ သူတို့တတွေထဲကဘဲ ၇ဝ%သော အမျိုးသမီးများက ကိုယ့်ရင်သားကိုယ် ကျေနပ်ကြပြီး၊ ၅၆% သော ယောက်ျားများကတော့ သူတို့အဖေါ်ရဲ့ ရင်သားကို ပိုထွားစေချင် ကြပါသတဲ့။ ဒီတော့ လိုတာထက် ပိုချင်နေကြတာ ယောက်ျားများပါဘဲ။

BMC Women's Health ကနေ သုတေသနလုပ်တော့ width rather than length လို့ ဆိုပါတယ်။ ဒီတော့ ဆန္ဒပိုလို့ အလိုရှိသူများ ဘာလုပ်သင့်ပါသလဲ။ ဆရာဝန်တွေအဖို့ ရောဂါကို ကုရတာထက် ရောဂါမဟုတ်တာကို ကုရတာ ပိုပြီး လက်ဝင်လှပါတယ်။

“ဒါး”နဲ့ စပြောပါမယ်။ ခွဲစိတ်ပြုပြင်နည်း။ Penis lengthening (Enhancement Phalloplasty) နဲ့ Penis widening (Girth Enhancement) ဆိုတာတွေ Urologic literature ထဲမှာ ပါနေပါတယ်။ ခွဲစိတ်-ခန္ဓာဗေဒအရ ကျားလိင်အင်္ဂါရဲ့ သုံးပုံတပုံ ကနေ တဝက်လောက်ဟာ ကိုယ်အတွင်းထဲက ဆီးစပ်ရိုးအောက်ခြေမှာ တွယ်နေပါတယ်။ ဒါ့ကြောင့် ဒီအပိုင်းကို အပြင် ရောက်လာအောင် Fundiform ligament နဲ့ Suspensory ligament အရွတ် ၂ ခုကို ခွဲစိတ်ပြီး၊ အပြင်ကို ထုတ်ပေးတာပါ။ တခုက ကောက်နေအောင် ဆွဲပေးထားခဲ့တာမို့ ဖြတ်လိုက်ရင် ဖြောင့်ပြီး၊ 2-3cm (0.78-1.18 in) ပိုရှည် လာစေတယ်။ ဒါပေမဲ့ လန်ဒန် St. Peter's Andrology Centre and Institute ကနေ ခွဲစိတ်ကုသခံသူ လူနာ အများစုဟာ သိပ်ကြေနပ်မှု မရှိကြကြောင်း၊ ၂ဝဝ၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နောက် ခွဲစိတ်နည်း တခုကတော့ Dermal implant ခေါ်တယ်။ Fat cells တွေကို Transplant လုပ်ပေးတာပါ။ နောက် တနည်း ကတော့ Inflatable implants ဖေါင်းစေတဲ့ပစ္စည်း ထည့်ပေးတဲ့နည်းပါ။ ဒီနည်းကို ပန်းသေနေသူတွေအတွက် လုပ်ပေးတာပါ။ စပေါ်တော့ အမှတ်ရသေးတယ်။ Time International မဂ္ဂဇင်းမှာတောင် ပါခဲ့သေးတာ။ Penis pump ဆိုတဲ့ ဆလင်ဒါလို လေဟာနယ် ကရိယာလည်း ရှိတယ်။ ပန်းညှိုးသူတွေအတွက် လုပ်ပေးတာပါဘဲ။ Clamping နည်း၊ Stretching and hanging နည်းလဲရှိတယ်။ တခြားနည်းတွေကိုတော့ လေးစားခံရတဲ့ ဆေးပညာ အသိုင်းအဝိုင်းက အသိအမှတ် မပြုပါ။ ဒီအထဲ မပါတာဆိုရင် ဘေးချိတ်ပေါ့ဗျာ။

“ဒါး”ပြီးတော့ “လက်” လာမယ်။ (အက်တာနက်) မှာ Penis enlargement pills, Penis patches, Ointments တွေ အမျိုးမျိုး ကြော်ညာနေတယ်။ Spam email messages တွေထဲမှာ အများဆုံးပါဘဲ။ အမိုင်နိုအက်စစ်တမျိုးကို Lotion for men လိမ်းဆေးအဖြစ် သုံးကြတယ်။ Andractim DHT Gel - DHT (Dihydrotestosterone) ဆိုတာက Testosterone ကို အားကောင်းအောင် လုပ်ထားတဲ့ လိမ်းဆေး။ Micropenis လို ဖြစ်နေသူတွေအတွက်ပါ။ ဒါပေမဲ့ Flora Research of California နဲ့ University of Maryland တို့ကနေ အဲဒါတွေမှာ (mold, yeast, E. coli bacteria, pesticides, and lead) အန္တရာယ် ပေးတဲ့အရာတွေ အများကြီး ပါတယ်လို့ ရေးပါတယ်။

ကျားလိင်အင်္ဂါမှာ ကြွက်သားဆိုတာ မရှိလို့ Penis Exercises လေ့ကျင်ခန်းလုပ်တာ မထူးဘူးလို့ ယေဘူယျပြောနိုင်တယ်။ ဒါပေမဲ့ ကြွက်သားတမျိုးတည်းကိုသာ လေ့ကျင့်ခန်း လုပ်ပေးနိုင်တာတော့ မဟုတ်ပါ။ အင်္ဂါကို လှုတ်ရှားစေအောင် ကြွက်သားတွေ၊ အရွတ်တွေ၊ အာရုံကြောတွေ စုပေါင်းရွက်ဆောင်ပေးရတာ ဖြစ်ပါတယ်။ Disuse atrophy အသုံးမပြုတာ ကြာတဲ့ အရာတွေဟာ သေးငယ်သွားတတ်တယ်။ အသုံးပြုပေးရင် ပိုလာစေတယ်။ အလွန်အကဲတော့ မဟုတ်ဘူးပေါ့။

ဆေးဝါးတွေနဲ့စာရင် လေ့ကျင့်ခန်းဆိုတာက ဘေးထွက်ဆိုကျိုးကို မစိုးရိမ်ရပါ။ ဒါ့ကြောင့် Jelqing Technique နည်းဆိုတာ ဘာသာပြန် ရေးရရင် - ရေနွေးချိုးပါ၊ ရေနွေးဝတ်သုံးပါ။ ပိုးသန့်တဲ့ ဆီတခုခု လိမ်းပါ။ အရင်းကနေ အဖျားဆီ လက်တဖက်နဲ့ ခပ်တင်းတင်း ကိုင်ပြီး၊ ဆွဲချပေး။ လက်ကိုလဲ ဘယ်-ညာပြောင်း၊ ၁၅ကြိမ်လုပ်ပါ။ သန်မာလာတာကို ၂ဝ-၄ဝ% အထိသာ ဖြစ်လာပါစေ။ ပိုမသွားအောင် နားပါ။ ဆီ ဆိုရာမှာ အိန္ဒိယဆိုရင် မုံညင်းဆီ၊ မြေထဲပင်လယ်ဒေသမှာဆို သံလွင်ဆီ စသဖြင့် သုံးတယ်။ သူတို့အရပ်မှာ ပေါတာတွေကိုး။ ဗမာပြည်မှာ နှမ်းဆီ၊ အုံးဆီ၊ ကြက်ဆူဆီ စတာတွေ သုံးနိုင်ပါမယ်။ ဒီကိစ္စအတွက် သီးသန့်ခွဲထားပေါ့။ မဟုတ်ရင် မှိုရောဂါဝင်တတ်တယ်။ ပြီးရင် ဆပ်ပြာနဲ့ ကောင်းကောင်း ဆေးကြောပါ။

မင်းတုံးမင်းကြီးဟာ ဒီကိစ္စမှာ ရာဇဝင်တွင် နာမည်ကြီးခဲ့သူပါ။ သူ့ခေတ်က တိုင်းရင်းဆေး ခေတ်မို့ ဆေးစွမ်းကောင်းတွေ ရှိခဲ့တယ်လို့ ယုံကြည်ရပါတယ်။ မင်းကြီးမှာလဲ Priapism ရောဂါ ရှိခဲ့ပုံရပါတယ်။ ကျားအင်္ဂါဟာ ၂ နာရီ ကြာတာတောင်မှ နဂိုအနေ ပြန်မရောက်ရင် အရေးပေါ် ဆေးကုပေးဘို့ လိုပါတယ်။ Pseudoephedrine 120 mg orally ဆေးမရှိသေးလို့ သူ့မိဘုရားကြီးကဘဲ ဆေးကုပေးရတယ်လို့ ဖတ်ရတယ်။ ဆေးသုတေသနအရ မဟုတ်ပါ။ နန်းတွင်း ဆောင်ကြာမြိုင် ဇာတ်လမ်း အရသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ အစစအရာရာ အကန့်အသတ်တွေက လိုတာထက် များလွန်လွန်းလို့၊ သုတေသနဆိုတာ ဝေလာဝေး၊ ထုတ်ပြော၊ ဖွင့်ရေး၊ အပြန်အလှန် ငြင်းခုန်တာတွေ မရှိလို့ ဘယ်သူပြောတာ ယုံရမလဲ မသိဖြစ်နေရတယ်။ ကုန်းဘောင်ခေတ် ဆေးနည်းတွေ ကုံးကောက်နေရသလို ဖြစ်သွားနေရတာ သိပ်နှမြောဘို့ ကောင်းလှတယ်။

အနောက်တိုင်းကဖြစ်ဖြစ်၊ တိုင်းရင်းဆေးဖြစ်ဖြစ်၊ တကယ်တန်း လက်ခံနိုင်တဲ့ ဆေးနည်းတွေကို လက်လှမ်းမီဘို့၊ အများသူငါ သိနိုင်၊ သုံးနိုင်ကြဘို့၊ တိုးတက်အောင် မလုပ်နိုင်၊ မဖြစ်နိုင်သေးတဲ့ ခေတ်ကာလမှာတော့ အလိုရမက်များ နည်းပါးနိုင်ကြပါစေ။

Dr. တင့်ဆွေ
၅-၁-၂ဝ၁ဝ
Credit: Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html