Sunday, March 3, 2024

Traveling Alone (Part One)

 



***Note that the following story is a work of semi-fiction, or maybe "inspired by a true story." Part is 100% true, and part is fantasy, and I leave it to the reader to determine which is which. Certain details have been tweaked to protect the "innocent."***


ကျွန်တော် အသက်အရွယ် နည်းနည်းငယ်တုန်းက မကြာခဏဆိုသလိုကြားဖူးနေကျစကားတစ်ခွန်းရှိတယ်။ အမျိုးသားတိုင်း၊ ယောက်ျားလေးတိုင်း ဘဝမှာ အနည်းဆုံးတစ်ကြိမ် တစ်ဦးတည်းခရီးထွက်သင့်တယ်တဲ့။ ကျွန်တော့်အတွက်တော့ တစ်ဦးတည်း ခရီးသွားတဲ့ကိစ္စနဲ့ပဲ အချိန်ကုန်နေတာမို့ ဘယ်လိုပြောကြမလဲ……WoW.

ကောလိပ်တက်တဲ့ နေ့ရက်တွေစီပြန်သွားရင် နိုင်ငံရပ်ခြားမှာ တစ်နှစ်လောက် ပညာသင်ကြားဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာကနေ စပြောရမှာပါပဲ။ ငယ်ငယ်ကတည်းက စပိန်ဘာသာစကားကို လေ့လာခဲ့တာမို့ အခြားတိုင်းပြည်များထက် စပိန်စကားပြော တိုင်းပြည် တစ်ခု ဘယ်နေရာမှာပဲဖြစ်ဖြစ် အစပျိုးကြည့်ဖို့ အာရုံရခဲ့တာလည်းပါတယ်။ စပိန်၊ အာဂျင်တီးနား၊ မက္ကဆီကို စတဲ့ မြင်သာထင်သာ ခပ်ကြီးကြီးတွေကို ဦးစားပေး စူးစမ်း ကြည့်မိခဲ့တယ်။ ဒါပေမဲ့ တစ်စုံတရာ ထူးခြားကွဲပြားတဲ့ Costa Rica ကိုတွေ့ရှိခဲ့ပါတယ်။ အခုခေတ် မှာ Costa Rica ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အသွားရောက်ချင်ဆုံး နေရာတစ်ခုအဖြစ် နာမည်ကျော်ကြားနေပါပြီ။ ဟိုသည်အချိန်တုန်း ကတော့ အဲ 1990 ခုနှစ်များစီကတော့ ခရီးသွား အများစုရဲ့ မျက်လုံးထဲ မှေးမှိန်နေတဲ့ ဒေသအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာပါ။ သူ့အမည် ကို ကျွန်တော်ကြားကတည်းက အဲသည့်နေရာမှာ သွားရောက်ပညာသင်ကြားဖို့ တွေးခဲ့တယ်။ ကျွန်တော့်ပါးစပ်က ရေရွတ်သံကို ကြား ကတည်းက 'Puerto Rico.' လို့အသံထွက်ရကြောင်း ပြင်ပေးသူ တစ်ယောက်မကဘူးရယ်။

ဟုတ်ပါပြီ ဘယ်လိုအသံထွက်ရ ထွက်ရပါ။ ကိုယ့်ဇာတိမဟုတ်တဲ့ အခြားကမ္ဘာတစ်ခြမ်းကို သွားရောက်ပညာသင်ကြားဖို့စိတ်ကူးကိုတော့ ကျွန်တော့်ဘာသာ သဘောကျတာအမှန်ပဲ။ စဉ်းစားကြည့် မိုးမကြာခဏရွာသွန်းလေ့ရှိတဲ့ သစ်တောအုပ် (the Rainforest) လိုဒေသမှာ ရှင်သန်နေထိုင်ပြမယ်ဆို သူငယ်ချင်းတွေ ပါးစပ်အဟောင်းသားဖြစ်မှာ သေချာတယ်။ ဘာသာစကား လေ့လာရေး ပရိုဂရမ်တစ်ခုမှာ ကျွန်တော် စာရင်းသွင်းခဲ့ပြီး အဲ့ဒေသစီ ထွက်ခွာခဲ့တယ်လေ။

တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တက်ရောက်တဲ့ ပရိုဂရမ်မှာ လူဦးရေ နှစ်ဆယ်လောက်ပဲရှိတာမို့ လူများတယ်လို့မဆိုသာ ပါဘူး။ ကျွန်တော်ကတော့ အလျင်အမြန်ပဲ သူငယ်ချင်းအုပ်စုတစ်စုစာ မိတ်ဖွဲ့နိုင်ခဲ့တယ်။ Costa Rica က အဖျက်အဆီးမခံရသေးတဲ့ သုခဘုံတစ်ခု လို့ပြောရမယ်။ အိပ်မက်ထဲကထွက်လာပြီး ပြင်ပလောကကို လက်တွေ့ ရင်ဆိုင်တွေ့မြင်နေရသလိုမျိုး ကျွန်တော်ခံစားရ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ပ နိုင်ငံခြားသားခရီးသွားအနည်းငယ်လောက်ပဲ ရှိတာကြောင့် ကျွန်တော်တို့တတွေ ဘာလုပ် လုပ်ထင်ရှားနေသလို လုပ်ချင်တဲ့အရာကိုလည်း သိပ်မခက်ခဲဘဲ ရယူနိုင်ခဲ့သယောင်မို့ ဦးစားပေး ပစားပေးကြသလိုမျိုးပဲလို့ ထင်ရတယ်။

ကျွန်တော့် ဘော်ဒါတစ်အုပ်နဲ့ စနေ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေမှာ တတ်နိုင်သမျှ မြို့ရဲ့နေရာအနှံ့သွားကြပါတယ်။ ကျွန်တော်တို့ နေထိုင်ရတဲ့ နေရာနဲ့သိပ်မဝေးသော ဒေသတွေရယ်၊ မြို့အစပ်က မိုးသစ်တောအုပ်ထဲမယ် စခန်းချကြတာမျိုး လုပ်တယ်။ မိုးကာတဲတွေ ကို အစီအစဉ်တကျ စုစုဝေးဝေး ဆောက်လုပ်ပေးနိုင်လို့ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူမိတဲ့ ကျွန်တော်ရယ်ပါ။ သည်အကျိုးကျေးဇူးကြောင့် ကျောင်းနားရက်တွေမှာ မိုးမစိုဘဲ ခြောက်ခြောက်သွေ့သွေ့ နေနိုင်ခဲ့ပါတယ်။

အစပျိုးနေတဲ့စကားကို အဆုံးသတ်ရရင် ဘော်ဒါအုပ်စုထဲက တစ်ယောက်က တိုင်းပြည်ရဲ့ အရှေ့တောင်ဘက်ပိုင်းရှိ Puerto Viejo ဆိုတဲ့ နေရာစီ ရက်တိုခရီးတစ်ခုထွက်ကြဖို့ပြောလာတယ်။ အဲ့နေရာက ပနားမား နယ်နိမိတ်နဲ့ သိပ်မဝေးတဲ့ဒေသမှာရှိပါတယ်။ သွားရမယ့် အရပ်ဒေသက ဆူညံပူညံမဟုတ်ဖို့ မျှော်လင့်မိပေမယ့် လုံးစေ့ပတ်စေ့ပြောရရင် ဘာမှမသေချာပါဘူး။ သွားကြည့်ကြမယ် ကောင်းမယ် ထင်တယ် ဆိုတဲ့ စကားအဆင့်လောက်ပဲ။ ဘော်ဒါတွေ အုပ်စုလိုက် လူစုပြီးသွားကြဖို့ ဆန္ဒရှိပေမယ့် လူတွေက ဘယ်နေရာ ဘယ်လို သွား ဘယ်လိုတည်းဆိုတာကအစ မရေမရာနဲ့မို့ စိတ်ပျက်ရပါတယ်။

ဒါကြောင့်လည်း ဘဝမှာ အနည်းဆုံး တစ်ကြိမ်လောက် တစ်ယောက်တည်း ခရီးထွက်သင့်တယ်ဆိုတဲ့ စကားလူတွေပြောကြတာဖြစ်မယ်။ ကျွန်တော်လည်း ဟိုသည် မစီစဉ် လူမစုတော့ဘဲ စနေ တနင်္ဂနွေလို ကျောင်းပိတ်ရက်နှစ်ရက်ကို တစ်ယောက်တည်းခရီးသွားဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ရည်မှန်းထားတဲ့ နေရာကိုရောက်တာနဲ့ တပြိုင်နက် စွန့်စားခန်းတစ်ရပ်ဆင်နွှဲခဲ့ရတာပါပဲ။ ကျောင်းကားဟောင်းကို ခရီးသွားဘတ်စ်ကား အဖြစ်ပြန်ရှိုင်းထားတဲ့ ကားကိုစီးကာ သွားလိုရာကို စိတ်ရှည်ရှည်သွားခဲ့ရတယ်။ တစ်နေရာနဲ့ တစ်နေရာ လမ်းက အတော်ရှည်လျားသလို ဖုံတွေ တသောသောပဲ မြင်နေရတယ်လို့ပြောရမယ်။ ဒါပေမယ့် လူသွားလူလာတော့ မနည်းဘူးဗျ။ နောက်တော့ လွန်ခဲ့တဲ့နှစ်နှစ်ကမှ လျှပ်စစ်မီးရပါတယ်ဆိုတဲ့ နေထိုင်ကောင်းလို့ နှစ်သက်ဖွယ်ကောင်းမယ်ထင်ရတဲ့ ကျေးရွာတစ်ရွာကို ရှာတွေ့ခဲ့ပါတယ်။ အဆောက်အဦး တွေက အတော်ကြာပြီထင်ရတဲ့ ဗိသုကာဒီဇိုင်းများဖြင့် ဆောက်လုပ်ထားကြတယ်။ ကျွန်တော့်အတွက်တော့ မြင်ဖူးသမျှ ရောက်ဖူးသမျှ နေရာတွေထဲမှာ အံ့သြလောက်အောင် အလှပဆုံးနေရာဖြစ်ခဲ့ပါတယ်။

အညွန်းများသွားပြီထင်တယ်။ ကျွန်တော်နေဖို့နေရာကို ကိုယ့်ဘာသာကိုယ် ရှာနိုင်ခဲ့တယ်။

‘Salsa Brava’ ဆိုတဲ့ အိမ်ခေါ်နိုင်ရုံနေရာမှာ ခြေသလုံးအိမ်တိုင်သမားများအတွက် အိမ်လို့ခေါ်ရမယ့်နေရာဖြစ်ကြောင်း ကျွန်တော် လေ့လာသင်ယူခွင့်ရခဲ့တယ်လို့ပြောရမလားဘဲ။ အင်း စာသင်နှစ်တစ်နှစ်အတွက် ဟန်ကျပန်ကျမဟုတ်တဲ့အချိန်အခါဖြစ်ခဲ့ပါတယ်။ ဘယ်လို ဧည့်သည်မျိုးမှ မလာကြပါဘူး။ သောကြာတို့ စနေနေ့ညတွေမှာ နိုက်ကလပ်တက်သူတွေကို ဧည့်ခံနေကြ အစားအစာမျိုးတွေ ရောင်းချတဲ့ လဟာပြင်စားသောက်ဆိုင်မှာ စားသောက်ရတဲ့အဖြစ်။ မကြိုက်ဘူးလည်းလုပ်လို့မရ။ တကယ်တော့ သည်စားသောက်ဆိုင် က ကျွန်တော်နေတဲ့ အခန်းရှိရာ အိမ်ရာကလူတွေအတွက် အဓိကဖွင့်လှစ်ပေးထားသလိုဖြစ်နေတာပါ။ မီးဖိုချောင်ထဲ ချက်ပြုတ်သူတွေ သို့မဟုတ် ဆိုင်ရှင်ရဲ့ကလေးတွေ ပြေးလွှားဝင်ထွက်နေတဲ့အပေါ် အော်ဟစ်နေသံလည်းကြားရမယ်၊ ပန်းကန်ခွက်ယောက်တွေ ပစ်ချတဲ့ ဂလုံ ဂလွမ်တွေလည်းကြားရမယ် တကယ် တကယ်။

ကျွန်တော် ခပ်သေးသေးအခန်းအနည်းငယ်အချို့ကို ငှားရမ်းဖို့ရှိနေတဲ့ လူကြီးတစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ တွက်ချက်ကြည့်မယ်ဆို တစ်ညကို $2.50 လောက်ကျမယ်။ စုစုပေါင်း အခန်းခြောက်ခန်းရှိပြီး သုံးထပ်သားဆန်ဆန်ဘုတ်ပြားတွေနဲ့အခန်းကန့်ထားတာမှာ မျက်နှာကျက် သို့မဟုတ် ကြမ်းပြင်ထိတဲ့အထိ မကာထားဘူးရယ်။ အခန်းအားလုံးပေါင်းပြီး သန့်စင်ခန်းနဲ့  ရေချိုးခန်းကိုမျှသုံးရပါတယ်။ ပါလာတဲ့ အထုတ်အပိုးတွေကို ရတဲ့အခန်းထဲ သေချာကြည့်ပြီး နေရာချရတယ်။ ကံကောင်းတာက ကျွန်တော့်အခန်းမှာ ပြတင်းတံခါးခပ် သေးသေးလေးတစ်ပေါက် ပါတာပါပဲ။

‘ကောင်းပါပြီ….အိုကေ….ရည်မှန်းတဲ့နေရာရောက်ခဲ့ပြီ။’ ကိုယ့်ဘာသာကိုယ် ခရီးသွားနေခြင်းပေါ့။

ခရီးစဉ်က ရှည်လျားခဲ့ပါတယ်။ အလင်းရောင် ခပ်မှောင်မှောင်မဖြစ်ခင် ကျောတခင်းစာ ကျွန်တော်ရခဲ့တယ်ပေါ့။ Jamaica ကနေ ရွှေ့ပြောင်း နေထိုင်တဲ့ Miss Cicely ရဲ့အိမ်မှာ သောကြာညစာကို ကျွန်တော် ဆွဲဖြစ်တယ်။ အပူပိုင်းဒေသအစားအစာတွေကို သူမ ကောင်းကောင်းချက်ပြုတ်ပြီး တည်ခင်းပါတယ်။ ကျွန်တော့်ဘဝမှာ မစားဖူးတဲ့အစားအစာကို စားခဲ့ရခြင်းပါ။ ဟူး…. မိသားစုလက်ဆုံ စားတာမျိုးကို အခုထိ အိပ်မက်မက်မိနေဆဲထင်ပါရဲ့။ စားသောက်ပြီးနောက် ပတ်ဝန်းကျင်တဝိုက်ကို ဟိုသည်လမ်းလျှောက် စူးစမ်းတာ အများသုံး pool hall တစ်ခု ရဲ့သက်ဝင်လှုပ်ရှားနေတာကို မြင်ရပါရော။ ဘီယာ၊ ရမ် စသဖြင့်သောက်စရာ တစ်ခုခုကိုယူသောက်ဖို့ ကမ်းလှမ်းနေတဲ့ ကောင်တာနားက ငနဲတစ်ပွေကြောင့် သောက်စရာတစ်ခွက်လှမ်းယူလိုက်တယ်။ ဝါး…. Guaro လို့ခေါ်တဲ့ ဒေသ တွင်းထွက် ယမကာ။ ကျွန်တော့်မှာ ဘီယာတောက မထွက်နိုင်ဖြစ်နေရော။

ဖြေးညှင်းငြင်သာစွာ သည်ပတ်ဝန်းကျင်မှာ ကျွန်တော် စီးမျောရတာပေါ့။ Cool music. Cool vibe. သည်နေရာလေးက ဆိုရှယ်ကျသလို ခင်မင်မှုလည်းကောင်းနေတော့ အိမ်ပြန်နောက်ကျလေသတည်း။ နေရာ ဝန်းကျင်တူအရပ်မှ လူပေါင်းစုံက ကျွန်တော့်ကို အချိန်ဆွဲ ထားကြပါတယ်။ အမေရိက ကိုဘယ်လိုမြင်ပါသလဲ၊ အမေရိကန်က မိန်းကလေးတွေက ဘယ်လိုပုံပန်းသွင်ပြင် ထူခြားတာမျိုးရှိသလဲ စသဖြင့် မေးလိုက်တာမှ အမျှင်မပြတ်ဘူး။ သောက်စရာတွေ လာတိုက်သမျှ သောက်မိရသလို သည်ဒေသတွင်းက အဖြစ်အပျက် အတင်းအဖျင်းအစုံရယ်၊ ပြီးတော့ ဘယ်နေရာကိုသွားရင် အကောင်းဆုံး Weed ကိုရနိုင်မယ်ဆိုတာ ကြားရသလို ဘယ်လိုနေထိုင် သွားလာရင်တော့ ရဲဖမ်းခံထိ လိမ့်မယ့်အကြောင်းတွေကောပါတယ်။ 

တကယ်တမ်းတော့ ဘာမှမဟုတ်ဘူး။ ဒါပေမယ့် တကယ့်ကို နှစ်လိုဖွယ်ကောင်းပါတယ်။

မောပန်းသလိုလို ငြီးငွေ့သလိုလိုဖြစ်လာ ခံစားလာရတာကြောင့် ကျွန်တော် နေမယ့်အခန်းကို ယိုင်တိယိုင်တိုင်ပြန်လာခဲ့ပါတယ်။ တောက်ပတဲ့ ပတ်ဝန်းကျင်မှ အလင်းရောင်နဲ့ပဲ ကောင်းကောင်းကြီး အနားယူဖို့ ကျွန်တော်မျှော်လင့်နေတာ။ အခန်းကျဉ်းလေးထဲမှာ တစ်ခုတည်းသော ပြတင်းပေါက်က လေအနည်းငယ် တိုးဝင်နေသလို ခင်းထားတဲ့ အိပ်ရာခင်းမယ် ရေမချိုးဘဲ ချွေးတစိုစိုနဲ့ လှဲအိပ်ချ လိုက်ပါတယ်။

တစ်ခုခု ပွတ်ဆွဲလိုက်သံလား ဘာလား မသဲမကွဲအသံတွေကြောင့် ကျွန်တော် ရုတ်ခြည်းလန့်နိုးလာတယ်။ Damn…ဘေးအခန်းကို တစ်ယောက်ယောက် ပြန်လာပုံရတယ်ဗျ။

ဘာကို စိတ်ထဲခုသွားလည်းဆိုတော့ ကျွန်တော်အိပ်ရာနဲ့ တဘက်ခန်းရှိ အိပ်ရာက ကြားမှာ အခန်းကန့်ထားတဲ့ board ပြားပဲခြားသလို ဖြစ်နေခဲ့တာပါ။

အတော်ဆိုးတယ်။ ငနဲတစ်ပွေနဲ့ ကောင်မလေးတစ်ယောက် အခြားတစ်ဖက်မှာ ဆွဲလွဲနေကြတာ ကျွန်တော် အတတ်သိတယ်။

အားလုံးထဲမှာ အဆိုးဆုံးက သူတို့နှစ်ယောက်စလုံးက အင်္ဂလိပ်ဘာသာစကားကိုသုံးကာ ပြောဆိုနေကြခြင်းဖြစ်ပြီး အဓိပ္ပာယ်ကတော့ ဆွဲလွဲနေကြတဲ့ စုံတွဲစီက Detail အကုန် ကျွန်တော်ကြားသမျှ သိနေရမယ့်အဖြစ်ပါပဲ။ ကာထားတဲ့ နံရံကလည်း ခပ်ပါးပါးလေ။

Oh fuuuuuuck me. သူတို့နဲ့တစ်အိပ်ရာထဲလှဲနေပြီး အတူတကွချစ်ပွဲဝင်နေရတဲ့အတိုင်းဖြစ်နေပါတယ်။

ကျွန်တော်ပြောနိုင်တာကတော့ ကောင်လေးက အမေရိကန်တစ်ယောက်ဖြစ်သလို ကောင်မလေးကတော့ Australian တစ်ယောက်ပါ။ သည်ညရဲ့ ခပ်စောစောအချိန်လောက်ကတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပျော်ပါးဖို့ အလိုရှိနေကြတာတဲ့။ ကျွန်တော် သူတို့ကိုလေးစားတယ်။ တကယ့်ငရဲပဲဗျာ…တစ်ယောက်တည်း လိင်အာသာဖြေတာကို အားမသန်မိဘူးဆိုရင် သူတို့လိုပဲ တစ်ယောက်ယောက်နဲ့ ကျွန်တော် ချိတ်ဖြစ်နေမှာပါ။ သူတို့နှစ်ယောက်အဆင်ပြေပြေ ဇာတ်လမ်းဆက်ဖို့ဆုတောင်းရင်း ကျွန်တော်ငြိမ်နေလိုက်ရတယ်။

ဟူး….သက်ပြင်းမောပဲ ချရမယ့်အဖြစ်ဗျာ သူတို့နှစ်ယောက်ကတော့ လုံးဝမသိတတ်ပါဘူး။ ကြောင်နဲ့ကြွက် အိမ်ထဲမှာ ပြေးတမ်းလိုက် တမ်း ကစားနေသလိုမျိုး နောက်ထပ် သုံးနာရီကြာအောင် ဆက်လက်ပြီး အိပ်ရာခန်းကိစ္စလုပ်နေကြတာ သူများတွေနဲ့ကိုမတူတာပါ။ ကျွန်တော့် စိတ်ထဲမှာ သူတို့နှစ်ဦးနဲ့အတူ သွားရှုပ်ချင်တဲ့စိတ်ရိုင်းတွေက တစ်ချက် တစ်ချက်ထိန်းမရဖြစ်သေး။ ငနဲသားက တစ်နေရာထဲ မဟုတ်ဘဲ အခန်းထဲ နေရာရှိသမျှပြောင်းရွှေ့နေလားမသိ။ တစ်လျှော့ပြီး တစ်လျှော့၊ နောက်ထပ်တစ်လျှော့ဗျာ။ ကျွန်တော့်စံနဲ့ဆိုရင် ကိုယ့်စိတ်ရိုင်းကို သည်လောက်ကြီး အလိုလိုက်မိမယ် မထင်။ အလွန်ဆုံး နှစ်လျှော့ဆိုတော်ပြီလေ။ စိတ်ထဲ ထိန်းထားသမျှ အော်ဟစ်ပစ် လိုက်ချင်တာ စောင် ကိုက်ပြီးထိန်းထားရတယ်။ "Jesus fucking Christ... just DO it and roll over and go to sleep already!"

နောက်ဆုံးမှ ကောင်လေး အရှုံးပေးသွားတယ်။ ကိစ္စပြီးတာနဲ့ ကောင်မလေးက ကသုက်ကရက်ထ သူ့ပစ္စည်းတွေယူပြီး မပြောမဆို အခန်းထဲမှ ထထွက်သွားပါတယ်။ နောက်ဆုံးဆိုပါတော့။

သည်လိုအချိန် သည်လိုအခြေမှာ သောက်ထားသမျှ ယမကာတန်ခိုးက သွေးဆူပြီး အရဲကိုးလှုပ်ရှားဖို့ တိုက်တွန်းနေတယ်။ လမ်းပေါ် ထွက်ပြီး ပါတနာရှာရမလား ဒါမှမဟုတ် တဖက်ခန်းက ကောင်ကလေး ဘာလုပ်နေသလဲ ထကြည့်ဖို့ လုပ်ရမလား စိတ်ထဲလွန်ဆွဲကြ ရော။ စိတ် အထွဋ်အထိပ်ဖြစ်ချိန် ခဏသည်းခံစောင့်ဆိုင်းလိုက်တာက အဖြေမှန်သိရဖို့နီးစပ်တာကြောင့် ကျွန်တော် စိတ်ရှည်ရှည်ထားပြီး သည်ကောင်လေး တစ်ခုခုလုပ်တော့မှာကို စောင့်မိပါတယ်။

သေချာတာပေါ့ ယောက်ျားဟာ ယောက်ျားပါပဲ။ မိနစ်အနည်းငယ်အကြာမှာ ယောက်ျားတစ်ယောက် မတ်တပ်ရပ်လျက် သူ့ငပဲကို ဆော့ကစားတဲ့အသံ ကြားခဲ့ရတယ်။ အံကိုက် အချိန်ကိုက်….အိပ်ရာပေါ်ကနေ အသာအယာထပြီး အများသုံး သန့်စင်ခန်းရှိရာ ခန်းမဘက်ကို ကျွန်တော်သွားလိုက်ပါတယ်။

သည်လို ညချမ်းအချိန် ကိုယ်တွေပဲ အခန်းမှာရှိကြသလား ထင်ရတယ်ဗျ။ ကျွန်တော် သန့်စင်ခန်းကျယ်ထဲရောက်သွားတော့ သူမတ်တပ်ရပ် လိုက်သံကြားရပါတယ်။ ကျွန်တော် နောက်ပြန်လှည့်မယ် ကြံစည်ပြီးမှ အထဲဝင်ချလိုက်တော့ ဝတ်လစ်စလစ်နဲ့ ယောက်ျားပျိုတစ်ယောက်ကို တည့်တည့်တိုးတယ်လေ။ သူ့ငပဲကြီးက မာန်မသေသေးဘဲ ကျွန်တော်ရှိရာဘက်ကို ညွှန်ပြနေဆဲပါ။ Fucking shit.

ကောင်လေးက အခန်းတွေမှာ လူတစ်ယောက်ယောက်ရှိနေနိုင်တယ်ဆိုတာ မတွေးထားသလို သန့်စင်ခန်းထဲ ဝင်ချလာမယ်မထင်တာ ကြောင့် သူမတ်တပ်ရပ်နေရင်း အနောက်ဘက်ကို ခုန်ဆုတ်ရင်း လက်အစုံနဲ့ ပေါင်ခွဆုံကို ဖုန်းကွယ်ဖို့ကြိုးစားပါတယ်။

သန့်စင်ခန်းထဲက မီးအလင်းရောင်က မှိန်ဖျော့ဖျော့ဆိုပေမယ့် သူ့ကို ကျွန်တော်ကောင်းကောင်းကြည့်မြင်နိုင်ပါတယ်။ ရုတ်ခြည်းတွေးမိ ပြန်တာက သည်လိုငနဲကို ထားပြီးသွားတယ်ဆိုတာ အတော်ရူးနှမ်းတယ်လို့။ ဆိုလိုတာကဗျာ….ကျွန်တော် 100% straight ။ ဒါပေမယ့် ကောင်လေးအသွင်အပြင်ကြောင့် ဆွံ့အသွားခဲ့တာပါ။ အားကစားသမားတစ်ယောက်ရဲ့ တောင့်တင်းအချိုးကျတဲ့ ခန္ဓာကိုယ်မျိုးပိုင်ဆိုင် ထားပြီး Gym က ပိုစတာတွေမှာတွေ့ရတတ်တဲ့ မော်ဒယ်လ်ဒီဇိုင်းအပြည့်ဗျ။ ရင်အုပ်တဝိုက် အမွှေးနုတွေတောထနေသလို ဆီးအစပ် အထိ အမွှေးနုလေးတွေ ဆင်းချသွားတာ တဆက်တည်းပဲ။ သူဟာ သန်မာတောင့်တင်းသူတစ်ယောက်၊ လေးထောင့်မကျတကျ မေးရိုး နဲ့မျက်နှာ၊ ပြီးတော့ အမွှေးနုလေးတွေရှိတဲ့ ခန္ဓာကိုယ်အလယ်ပိုင်းက တကယ့်ကိုရင်ခုန်မိစေပါတယ်။

ပြန်သွားတဲ့ ကောင်မလေးတော့ အမှားလုပ်ပစ်ခဲ့တာပါပဲ။

ကြည့်ရတာ သူ့ကို ကျွန်တော် ခြောက်လှန့်လိုက်သွားသလိုဖြစ်ပုံရတယ်။ ကျွန်တော် လက်တစ်ဖက်ကို မြောက်ပြပြီး "Dude,

it's OK, sorry to scare you. Just got up to take a leak." လို့ခပ်အေးအေးပြောလိုက်တယ်။

သူလည်း အနည်းငယ် စိတ်အေးသွားပုံရပြီး ကျွန်တော့်ကို ခေါင်းငြိမ့်ပြကာ တစ်ခုခုပြောမလိုလုပ်ရင်း "Uhhh... OK..." လို့ဆိုလျက် မလှမ်းမကမ်းမှာချထားသော ဘောင်းဘီတိုကိုကောက်ယူလိုက်ပါတယ်။ နောက်တော့ ကျွန်တော်လာရာလမ်းကြောင်းဘက်ကို သူ တစ်ချက်ကြည့်ရင်း မလုံမခြုံဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေ့ကိုလည်း ဝေ့ဝိုက်ကြည့်ရင်း "Oh fuck. Were you...? Did you...? Oh... fuck. Fuck fuck fuck. Dude..I am so sorry." လို့ အယောင်ယောင်မှားမှား စကားဆိုပြန်ရော။

အခုတော့ သူ့အပြောအဆိုအရရော ဝတ်လစ်စလစ်နဲ့ ရှေ့တည့်တည့်မှာ အရှင်းသားမြင်နေရတာရောကြောင့် ကျွန်တော့်မှာ ကြက်သီး ဖျဉ်းကနဲထတဲ့အထိ ရှက်သွေးမွှန်သွားရပါတယ်။ အခန်းခြင်းကပ်ရက်မှာ သူတို့အတွဲ ချစ်ပွဲဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ အသံတွေကို ခဏ နေက ကြားခဲ့တယ်မဟုတ်လား။ အခုကျတော့ ဘာတွေလုပ်နေပါလိမ့်….အမ်း…."Dude, no... it's cool. It's totally cool." အရေးထဲ ဘာစကားဆက်ပြောရမှန်းမသိ စကားလုံးတွေပျောက်ကုန်တယ်။ "It's my fault... I should have warned you. I'm so sorry."

Damn…လတ်တလော ဖြစ်ပျက်ကြုံဆုံရတဲ့ ပြဿနာကို ဘယ်လိုရှင်းရမှန်းမသိ။ ရှေ့တည့်တည့် မတ်တပ်ရပ်နေတဲ့ ငနဲကလည်း ကြောင်အမ်းအမ်းနဲ့ရပ်နေတယ်။ ပြောဖို့စကားလုံးတွေကို အမြန်စဉ်းစားပြီး နှစ်ယောက်သားကြား စကားသံတိတ်နေတာကို အရင် ဖျောက်ရမယ်။ နောက်တော့ ကျွန်တော့် ပါးစပ်က ဗလုံးဗထွေးနဲ့ တောင်စဉ်ရေမရ လွှတ်ကနဲပြောလိုက်မိပါတယ်။ "Dude, you were doing everything right. Fuck her. She was crazy. I mean, look at you! I have no idea what her problem was... I'd fucking do you in a second."

အိုး….သောက်ရှက်ပဲ ကျွန်တော်ဘာတွေပြောမိလိုက်ပါလိမ့်။ မရင်းနီးသေးတဲ့ သူစိမ်းတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကို ဘွင်းဘွင်းကြီး သွားပြောပြီး ရှက်စရာအကောင်းဆုံး အခိုက်အတန့်မှာ အဆိုးရွားဆုံးစကားလုံးတွေသုံးမိခဲ့တယ်ထင်ရပါရော။

"Shit," စကားဆက်မပြောဘဲ ကျွန်တော်ခဏငြိမ်လိုက်ရတယ်။ ‘ဟာကွာ….ငါ အဲသလိုမဆိုလိုပါဘူး….ငါပြောချင်တာက မင်းကို…..Shit’

ကျွန်တော့်အတွေးက နှစ်ယောက်သားကြား စကားစရှာမရမှာစိုးရိမ်လို့ ရှာကြံပြောနေမိတယ်ထင်ပါရဲ့။ Romeo ပဲဆိုပါတော့ အဲ့ကောင် လေးက သူ့ငပဲကိုလက်နဲ့ဖုံးကိုင်ထားရင်း ကျွန်တော့်ကိုကြည့်ကာ စတင်ရယ်သွမ်းသွေးပါတော့တယ်။ ပြီးတော့ လုပ်လက်စ သူ့လိင် အာသာဖြေ တာကို ဆက်လုပ်တာမို့ ကျွန်တော်လည်း ကြည့်ရင်း အလားတူ လက်ကစားပစ်တာပေါ့။ နှစ်ယောက်သား အကြည့်ခြင်း ဆုံလိုက် လက်က ကိုယ်စီလှုပ်ရှားလိုက်ဆိုပါတော့။

‘Oh God, ရပ်…ရပ်တော့! ငါ ဆီးအရမ်းသွားချင်နေပြီ ပေါက်ထွက်တော့မယ်’ ကျွန်တော်ပြောပြောဆိုဆို အိမ်သာခန်းရှိရာဘက်ကို ပြေးပြီး ကြွေကမုတ်ထဲ အားရပါးရပန်းထည့်လိုက်ပါတယ်။ ပြန်လှည့်လာတော့ Romeo က တဘက်တစ်ထည်ကို ခါးမှာပတ်ပြီးဖြစ် နေပြီဗျ။ သူ့ အနား တိုးကပ်သွားပြီး ‘Ok, ဘော်ဒါရေ…ငါတို့ ရုတ်တရက် အခြေအနေတစ်ခုကြုံဆုံဖြစ်ပျက်လုနည်းပါးဆိုပေမယ့် အခုအပုံစံလေးပဲ ကောင်းပါတယ်။ အဲ…သည်လောက်နဲ့ လမ်းခွဲကြတာပေါ့’

သူကလည်း ခပ်သွက်သွက် ခေါင်းငြိမ့်ပြသလို ကျွန်တော်လည်း လှစ်ကနဲဆို သန့်စင်ခန်းထဲကထွက်လာပြီး အိပ်ခန်းစီပြန်လာခဲ့ပါတယ်။

မနက်ခင်း အချိန်ရောက်တော့ ရှို့တို့ရှန့်တန့် အနည်းငယ်ဖြစ်တဲ့စိတ်နဲ့နိုးထလာပါတယ်။ သန့်စင်ခန်းထဲ ကျွန်တော် ရေမိုးချိုးပြီး ပြန်အထွက် သူ့ကိစ္စဝိစ္စပြုလုပ်ဖို့ လှမ်းဝင်လာတာကို နောက်တစ်ကြိမ်မြင်လိုက်ရပါတယ်။ ကျွန်တော်က အခန်းထဲက အထွက် သူကအဝင် ပခုံးချင်း ပွတ်တိုက်မိမလို အနေအထားနဲ့ တစ်ယောက်ကိုတစ်ယောက် ရှောင်လိုက်ရတဲ့အဖြစ်။ ရေချိုးခန်းထဲကို ယူလာတဲ့ပစ္စည်းပစ္စယတွေ အစုံပြန် ယူလာမိလားကိုယ့်လက်ထဲကိုယ် တစ်ချက်ငုံ့ကြည့်ပြီး ခပ်တည်တည်ပဲ အိပ်ခန်းကိုပြန်လာ လိုက်ပါတယ်။ ခပ်သေးသေးမြို့လေးထဲက ခပ်သေးသေး အခန်းတစ်ခုမှာ နေထိုင်ကြသူအချင်းချင်း သည်လိုပဲ တိုက်ရိုက်ပြောဆိုလုပ်ကိုင် အဆုံးသတ်တာကောင်းတယ် ထင်ပါရဲ့။

ရေးမိုးချိုးပြီးနောက် အချိန်အနည်းငယ်လောက် သူ့အတွက်ပေးကာ ကျွန်တော်စောင့်ဆိုင်းရင်း အခန်းတံခါးကို ခပ်ဖွဖွခေါက်လျက် ခေါင်းပြူကြည့်လိုက်ပါတယ်။ 

‘ဟေး….ဘော်ဒါ အချိန်နည်းနည်းလောက်ရမလား။ စကားနည်းနည်းပြောချင်လို့ပါ’ 

ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ပလာနဲ့ သူမတ်တပ်ရပ်နေတာကို မြင်ရပါရော။ ေ-ာက်ရမ်းကြည့်လို့ကောင်းပါလား။ ကျွန်တော့်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြပါတယ်။ သည်တော့လည်း ကျွန်တော် စကားဆက်ရတာပေါ့။ ‘မနေ့ညက အဖြစ်အပျက်တွေအတွက် ဆောရီးကွာ။ မင်းကို ချောင်းမြောင်းကြည့်ဖို့ ဒါမှမဟုတ် မင်းကို အလန့်တကြားဖြစ်စေဖို့ ငါမရည်ရွယ်ပါဘူး။ ငါ အဲ့နေရာကို အခန့်မသင့် ရောက်လာမိကြောင်း တစ်ခုခုအချက်ပြတာမျိုး လုပ်သင့်တာ။ ငါတို့တစ်ယောက်ကို တစ်ယောက်တွေ့လိမ့်မယ်ဆိုတာတော့ သိပါတယ်။ မင်းစိတ်ထဲ သည့်ထက်ပိုပြီး ကို့ရို့ကားယား ကမောက်ကမ ဖြစ်အောင် ငါမလုပ်ချင်တာကွာ….ဆောရီးကွာ….ဘော်ဒါ’

သူ လေးလေးပင်ပင် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျွန်တော့်ကို စက္ကန့်အတော်ကြာအောင် ကြည့်ပါတယ်။ ဘာပြောရမလဲ ဘာလုပ် ရမလဲ သူ့စိတ်ထဲထိန်းညှိနေဟန်တူတယ်။ ‘Nah,man…it’s fine. မင်း ဘာတစ်ခုမှ အမှားမလုပ်ပါဘူး။ ဟိုဟာကွာ….တစ်နေကုန် ရှု့ပ်ယှက်ခက် နေခဲ့တာ။ ဒိတ်တဲ့ကိစ္စကလည်း မရည်ရွယ်ဘဲဖြစ်သွားတာမျိုး။ တချိန်လုံးလိုလို အဲ့စော်က ငါ့ရင်ခွင်ထဲမှာခွေနေတာကွာ။ သူလုံးလုံးလျားလျား စိတ်ပါတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမယ့် လုံးဝပါပဲကွာ….ငါဆိုလိုတာက လွတ်လပ်တဲ့နေရာမှာဆို ငါတို့သည့်ထက် ပိုစိတ်အပြောင်းအလဲ ဖြစ်နိုင်မယ်။ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း အတင်းအကြပ်ကြီး ဆွဲဆောင်တိုက်တွန်းတာမျိုးကလည်း ငါ့အကျင့်မဟုတ်တော့ ခက်တယ်ကွ။ အဲဒါနဲ့….ေ-ာက်ပြဿနာပဲတက်တာ။ မင်းရိပ်မိမှာပါ သည်လောက်ဆို’

‘အေး….ဝမ်းနည်းစရာပဲ ဘော်ဒါရ။ သည်လိုကြီးကတော့ မဖြစ်သင့်တာဘဲ။ သူမအတွက် ဘာက ပြဿနာဖြစ်နေလဲဆိုတာ ငါတော့ မစဉ်းစား တတ်ဘူး။’ ကျွန်တော်လည်း သည်ထက်ပိုပြီး မှတ်ချက်မပေးတတ်တော့လောက်အောင် ငနဲလေးရဲ့ ခန္ဓာကိုယ်အချိုးအစားက အတော်ကြည့် ကောင်းပါတယ်။

‘ဟုတ်တယ်….ပြေလည်မလိုလိုနဲ့ အချိန်တော်တော်ကြာတယ်။ ဒါပေမယ့် ဘာကိစ္စမှ မဖြစ်ခဲ့ပါဘူးကွာ။ ငါ့ကိုယ်ငါတော့ ရုပ်ရည်အသွင် အပြင် ဆိုးရွားတဲ့အထဲပါတယ်လို့မထင်ဘူးရယ်။ အခြား ငကြောင်တွေလို ပေါက်တတ်ကရလည်း ငါမလုပ်ဘူး။ ဒါပေမယ့် လိုအပ်ချက် တွေများတဲ့ ဘဲတစ်ပွေဆိုရင်တော့ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကမှ သည်နေရာကိုရောက်တယ်။ ဒေသပတ်ဝန်းကျင်ရဲ့ အခြေခံလိုအပ်ချက် တစ်ခုမှ မရှိဘူး။ ကျွတ်….သည်တိုင်းပြည်မှာရှိတဲ့ လူတွေရဲ့ စံသတ်မှတ်ချက်တွေက ဘာလဲလို့ငါပြောချင်တာ။ အိမ်ထောင်ပရိဘောဝယ်ဖို့ ပန်းကန်တစ်ချပ်တောင် မဝယ်ဖြစ်သေးတဲ့အဖြစ်ကတော့ အမှန်ပဲ’

ကျွန်တော် သဘောပေါက်စွာ သူပြောသမျှ ခေါင်းငြိမ့်မိတယ်။ ‘ငါသဘောပေါက်ပြီ။ သည်ကိစ္စအတွက်ဆိုရင်တော့ ငါ့မှာ အစီအစဉ်တစ်ခု ရှိပါ တယ်။ ဘယ်ယောက်ျားလေး၊ ဘယ်မိန်းကလေးမှ ခပ်ဟော့ဟော့ အလန်းစားပုံစံတွေဆိုရင် မငြင်းနိုင်တာကတော့ အမှန်တရားပဲ ဟုတ်တယ်ဟုတ်။ ဒါပေမယ့် မိန်းကလေးအယောက်ချင်းစီတိုင်းက ဒေသခံငနဲအချို့နဲ့ဆိုရင်တော့ ငါးမိနစ်အတွင်း ချိတ်မိကြတာလည်း ရှိသေးတာ’

သူ ဟက်ဟက်ပက်ပက်ရယ်မောပါတယ်။ ‘အေး…ငါက ရှုပ်ပွေတတ်တဲ့သူတစ်ယောက်မဟုတ်တာတော့ ဝန်ခံတယ်။ ဒါပေမဲ့ ငါ့အထင် ငရှုပ်တွေလို နည်းနည်းပြုမူမှ အဆင်ပြေလောက်မယ်ထင်တယ်။ Damn!’

နှစ်ဦးသား သဘောတကျ ရယ်မောဖြစ်ကြရော။ ကျွန်တော်လက်တစ်ဖက်ဆန့်ထုတ်ပေးက ‘စကားမစပ် ငါ့နာမည်က Noah’

‘Jesse. မင်းနဲ့တွေ့ရတာဝမ်းသာပါတယ်’ သူ့ရဲ့လက်ဆွဲနှုတ်ဆက်ပုံက ဝမ်းသာအယ်လဲရှိလှပါတယ်။ ‘သည်နိုင်ငံကို မင်းရောက်တာ ဘယ်လောကြာပြီလဲကွ’

‘သည်ကိုရောက်တာ တစ်နှစ်လောက်ရှိပြီ။ Spanish ဘာသာစကားကို လေ့လာရင်းနဲ့အချိန်ကုန်တာပါပဲ။ အပိုဘာသာရပ်တွေလည်း ပါတော့ ပါတာပေါ့။ မင်းကရော’

Jesse က ခေါင်းငြိမ့်ပြပြန်တယ်။ ‘အင်း….ငါကတော့ အကြားအာရုံနဲ့ပဲ လေ့လာဖြစ်တယ်ပြောရမယ်။ သည်မှာ တစ်နှစ်လောက်ပဲ နေချင်နေမယ် ဒါမှမဟုတ် မနေချင်လည်းမနေဘူး။ ကမ္ဘာအနှံ့လျှောက်သွားချင်သေးတယ်။ငါတစ်ခုခုလုပ်ဖို့ စီစဉ်ထားတာတော့ရှိတယ်။ ဒါပေမယ့် အခုတော့ အချိန်ဖြုန်းသလိုဖြစ်နေရော။ သည်နေရာဒေသက မြေပုံထဲကြည့်တော့ အတော်အဆင်ပြေတာနဲ့ ငါ့အတွက် လမ်းကြောင်းတစ်ခုခုရမလားဆိုပြီးလာတာ။ နောက်တစ်နေရာကူးဖို့လည်းမသေချာသေးပါဘူး။ လမ်းဆုံးတစ်ခုထဲ ရောက်နေသလို လိုပါပဲ’

နှစ်ဦးသား ရယ်မောခဲ့ကြပြီးနောက် ကျွန်တော့်ဗိုက်ထဲက အသံဗလံတွေစမြည်လာတယ်။ အချိန် တစ်မိနစ်အကြာ တွေးတောပြီးနောက် ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။ တကယ်တမ်းကျ ကျွန်တော်ဟာ introvert တစ်ယောက်ဆိုတာထက်ပိုသော်လည်း သည်ငနဲရဲ့ vibe ကိုတော့ သဘောကျပျော်ရွှင်နေခဲ့တယ်။ ‘ဟုတ်ပြီ Jesse ရေ….ငါ့ဗိုက်ကတော့ အသံတွေပေး အချက်တွေပြနေပြီကွ နံနက်စာ စားချိန် ရောက်ပြီလို့။ ဘယ်သွားစား ဘယ်မှာစားဖို့ အစီအစဉ်ရှိလဲ။ ငါနဲ့အတူလိုက်စားမလား’

ကျွန်တော်ပြောတဲ့အတိုင်းပဲ သူက နံနက်စာအတူလိုက်စားတာ မျက်နှာမှာရှက်သွေးဖြန်းခြင်းနဲ့အဆုံးသတ်ပါတယ်။ ဟုတ်တယ် …သူ့ ပါးပြင်မှာ တကယ်ရှက်သွေးဖြန်းနေတာ။ ကျွန်နော်တို့နှစ်ယောက်သား connection အချိက်အဆက်မိသွားရုံပါပဲ။ သူဟာ အရာရာ သိပ်မရင့်ကျက်သေးတဲ့ ကောင်လေးတစ်ယောက် တနည်းပြောရရင် အရိုင်းဆန်တဲ့ ဗီဇမျိုးရှိနေမလားလို့ ကျွန်တော့်စိတ်ထဲ မဝံ့မရဲ ကြောက်စိတ်တစ်ဝက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့မှာ အဲသလို အမူအကျင့်စရိုက်ပုံစံ လုံးဝမရှိဘူးရယ်။ အပြောအဆို မတုန့်ဆိုင်းဘဲ ပြောဆိုတတ်ပြီး သူ့ကိုယ်သူ ယုံကြည်ချက်ရှိပုံရတယ်ဗျ။ ယောက်ျားလေးထုံးစံ ဘီယာနဲ့ စော်ကိစ္စတော့ စိတ်ဝင်စားပုံပဲ။ အလားတူ အခြားအကြောင်းအရာတွေကိုလည်း သူ စိတ်ဝင်တစားရှိတယ်။ အမှတ်မထင်ကြုံဆုံရသူများနဲ့ ပြောဆိုဆက်ဆံရာမှာလည်း အထာ ညက်တယ်။ သူနဲ့ မိနစ်အနည်းငယ်လောက် ထိုင်စကားပြောလိုက်တာနဲ့ ကိုယ့်အတွက် အကောင်းဆုံးမိတ်ဆွေသူငယ်ချင်း တစ်ယောက်လို့ ခံစားရမှာသေချာပါတယ်။

နံနက်စာစားသောက်ပြီးနောက် ကျွန်တော်တို့ အစားအသောက်အချို့ထုပ်ပိုးသယ်ဆောင်ကာ မြို့အစွန်မှာရှိတဲ့ ပင်လယ်ကမ်းခြေဘက် ကို ဦးတည်လိုက်ကြပါတယ်။ အတော့်ကိုလှပပြည့်စုံပြီး ဘယ်လိုရည်ညွှန်းရမှန်းမသိပါဘူး။ ကမ်းခြေဘက်မှာ ကျွန်တော်တို့နှစ်ယောက် သာ ရှိနေခဲ့ပြီး တနေကုန်အတူထိုင်ကာ အချိန်ကုန်ဆုံးခဲ့ကြတယ်။ ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းလုံးတွေက လှိုင်းစီးဘုတ်ပြားနဲ့ စီးနင်းရလောက်တဲ့အထိလည်း မရှိဘူးဗျ။ ကမ်းခြေကို စည်းချက်ကျ ရိုက်ခတ်ပြီး တစ်ချက် တစ်ချက် ကမ်းစပ်မှာ မတ်တပ်ရပ်မိသူတွေကို ဟန်ချက် ပျက်သွားအောင်တော့ တွန်းတိုက်တတ်တယ်။ တစ်ခါများ သဲပြင်ပေါ်ကို ကို့ရို့ကားယား ကျွန်တော်လဲကျတော့မလို ဖြစ်သေး တယ်။ Jesse ကတော့ ခပ်အေးအေးပါပဲ။ ကျွန်တော်တို့နှစ်ဦးသား အပေါ်ကဝတ်ထားတဲ့ ဘောင်းဘီတွေကိုချွတ်ချပြီး သဲပြင်ပေါ်ပုံချွတ်ချ လျက် ရေထဲဆင်း စော့လိုက်သေးတာ။

နေ့အလင်းရောင်အောက်မယ် မျက်စိထဲ ထင်သာမြင်သာရှိလှတာက ကျွန်တော့်ဘော်ဒါရဲ့ ခန္ဓာကိုယ် အချိုးအစားဟာ အတော့်ကို ပြီးပြည့်စုံကြောင်းပါ။ အရပ်မြင့်မြင့်နဲ့ တောင့်တင်းသန်မာပုံအပြည့်။ လုံးဝကြီး ကြွက်သားတွေ ကွဲပြားပေါ်လွင်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ပေမယ့် အတော်စစ်မှန်တယ်။ ခန္ဓာကိုယ်အနှံ့ အမွှေးနုပါးပါးလေးတွေလွှမ်းထားပြီး ရင်အုပ်အစပ်ကနေ ဆီးစပ်အထိ လမ်းကြောင်း တစ်ခုလို ဆင်းချသွားပါတယ်။ သူ့ခန္ဓာကိုယ်တောင့်တင်းသန်မာမှုကို သိရှိ ဂုဏ်ယူနေသလိုပဲ။ ဘယ်လိုပြောမလဲ Beach Body ပိုင်သူ ရေလှိုင်းစီးဘုတ်ပြားကို ကိုင်ပြထားတဲ့ မော်ဒယ်နဲ့တူတယ်။ ခပ်နုနုငနဲမဟုတ်သလို အရိုင်းအစိုင်းပုံစံလည်းမဟုတ်ဘူးဗျ အသွင်အပြင်က။

သူနဲ့ကျွန်တော် Key ကိုက်ပုံရတယ်။ ပြီးတော့ နှစ်ယောက်သား ယှဉ်ပြီး မတ်တပ်ရပ်ရင် ကျွန်တော်ပြောနေကြ ရေကူးသမားခန္ဓာကိုယ် အချိုးအဆစ်မျိုးပိုင်တဲ့ သူ့ထက် အရပ်အနည်းငယ်နိမ့်ပါတယ်။ ကျွန်တော့် ခန္ဓာကိုယ်ကလည်း အားကစားသမားပုံဟန်ရှိပေမယ့် Jesse ကတော့ ပိုမိုကျစ်လစ်တောင့်တင်းတယ်။ ကျွန်တော့်ခန္ဓာကိုယ်မှာ အမွှေးနုလေးတွေ ပိုများပါတယ်။ နောက်ဆုံးထားခဲ့တဲ့ မိန်းကလေး ရည်းစားဆိုရင် ကျွန်တော့်ခန္ဓာကိုယ်အောက်ပိုင်းက အမွှေးနုတွေကို အမြဲရိတ်သင်ပေးရတာထုံးစံဖြစ်လို့။ ဒါပေမယ့် သည် Costa Rica မှာတော့ ကိုယ့်ဘာသာကိုယ် ရိတ်သင်ဖို့အဆင်မပြောတာကြောင့် တောထနေပါတယ်။ ကျွန်တော့်အသွင်အပြင်က ဟိုဘက်အိမ်က ကောင်ကလေးဆိုတဲ့ နှစ်လိုဖွယ်အသွင်ဆောင်တယ်လို့ Jesse က အမှတ်မထင်ပြောဖူးတယ်။

အားကစားတစ်မျိုးမျိုး မပြုလုပ်တဲ့ အနားယူတဲ့ရက်တွေ သို့မဟုတ် မြို့ထဲ အတူတူဘီယာသွားသောက်မိချိန်တိုင်း ကျွန်တော်တို့ စကား စမြည်ပြောလို့ အတော်အဆင်ပြေတယ်။ ဟုတ်တယ် စကားပြောလို့အဆင်ပြေတယ်ဆိုတာ ပေါင်းသင်းဆက်ဆံရေး တစ်ရပ်မှာ တကယ် အကောင်းဆုံးလို့ပြောရမယ်။ တကယ်တမ်းဆို ကျွန်တော်က စကားအများကြီးပြောတတ်တဲ့သူတစ်ယောက်မဟုတ်ပေမယ့် Jesse နဲ့ အလိုက်သင့်ပြောဆိုနားထောင်ရင်း စကားလက်ဆုံကျဖြစ်ပါတယ်။ သိတယ်မဟုတ်လား… သူက လုံးဝကို ဒရမ်မာအနည်းငယ်ဆန်ဆန် ခံစားချက်မျိုး အတွက် မရှိမဖြစ် သူစိမ်းသက်သက်တစ်ယောက်ဖြစ်နေခဲ့တာ။ သူ့ကို ကျွန်တော့်အကြောင်းအလုံးစုံပြောပြလို့ရတယ်ဗျာ။ လုံခြုံ စိတ်ချရသလို ခံစားရတယ်။ သည်လို ပါးစပ်မဖွာတဲ့သူတစ်ယောက်ဖြစ်နေတာကိုက လူကြီးလူကောင်းဆန်နေပြီ။ ကိုယ်မဟုတ်တဲ့ အခြားသူတစ်စုံတစ်ယောက်ရဲ့ အတင်းအဖျင်းမျိုး သူပြောလေ့မရှိဘဲ သူ့ဘ၀ သူ့အကြောင်း သူ့အလုပ်အကိုင်တွေရဲ့ ရလဒ် စတာတွေ ကိုသာ ပြောဆိုဆွေးနွေးတတ်တယ်။ အံ့အားသင့်စရာကောင်းတာက သူဟာ အတွေးဉာဏ်ရင့်သန်သူဖြစ်နေတာပါပဲ။ ကျွန်တော်ဘယ် တုန်းကမှ မတွေးမိခဲ့တဲ့ အိုင်ဒီယာမျိုးတွေ အတွေးအကြံ အကြောင်းအရာတွေကို သူက ဝေဖန်ပိုင်းဆစ်ပြတတ်တယ်။ ကောင်းတဲ့အရာ တွေပြုလုပ်ဖို့ ကြံစည်ဖို့ အမြဲတစေ အားပေးတိုက်တွန်းတတ်ပြန်တယ်။

ပြောပြလာတဲ့ သူ့ဘဝအကြောင်းစုံ၊ စကားပြောဆို သွားလာလှုပ်ရှားရာမှာမြင်တွေ့ရတဲ့ ကိုယ်ဟန်အမူအယာများအရ ကျွန်တော်ပြော နိုင်တာက သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို အထင်ကြီးလွန်းပြီး ပင်ပင်ပန်းပန်းအလုပ်အကိုင်ကို ကြိုးစားလုပ်ကိုင်ချင်စိတ် အခြေခံမရှိဘူးရယ်။ နည်းနည်းလောက် ကြိုးစားကြည့်လိုက် အခြေအနေမဟန်ရင် ရှေ့ဆက်တိုးမည့်အစား နောက်ကိုပြန်ဆုတ်တဲ့ ခြေလှမ်းကပိုများတတ်တဲ့ လူမျိုးပါ။ ကျွန်တော်တို့နှစ်ယောက်စလုံး baseball အားကစားတစ်ခုကတော့ အကြိုက်တူကြပါတယ်။ သည်နိုင်ငံကို ကျွန်တော်ရောက် ကာစ အတူနေခဲ့ဖူးတဲ့ Costa Rican family အား baseball အားကစားအကြောင်း ရှင်းပြဖို့ကြိုးစားခဲ့တဲ့အကြောင်း Jesse ကိုပြောပြတဲ့ အခါမှာ သူ အူတက်မတတ် ရယ်မောခဲ့ပါတယ်။ နောက်တခါ သူဟာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ရတာကို စိတ်ကူးယဉ်ရတာထက်ပိုကြိုက် တယ်ဗျ။ အဲဒါကြီးက ကျွန်တော့်အတွက် ဆန်းကြယ်နေတယ်။ ကျွန်တော်မွေးဖွားကြီးပြင်းရာ ဒေသမှာတော့ ယောက်ျားလေးတွေဟာ အချင်းချင်း အထူးတလည် အကြောင်းကိစ္စမရှိဘဲ လက်ပါလေ့မရှိ ကိုယ်တွယ်ထိတွေ့လေ့မရှိကြဘူးလေ။ ဒါပေမယ့် Jesse က သူ့ဘဝအကြောင်းအရာ ကိုပြောပြတဲ့အခါဖြစ်ဖြစ် ဝမ်းမြောက်ဝမ်းသာ စိတ်ခံစားမှုရှိတဲ့အခါဖြစ်ဖြစ် ကျွန်တော့်လက်မောင်း၊ ကျောပြင်နဲ့ အခြားအစိတ်အပိုင်းတွေကို တဖတ်ဖတ် လက်သီးနဲ့ထိုးတတ်တယ်။

သူ့ရဲ့ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှု၊ ကျွမ်းဝင်မှု၊ ပေါ့ပေါ့ပါးပါး ဖြစ်မှု၊ အတင်းအကြပ် မတိုက်တွန်း မချုပ်ချယ်သော၊ ထိန်းသိမ်းခြင်း ကင်းတဲ့ ယောက်ျားပီသခြင်း ဖိုသဘာဝတွေမှာ ကျွန်တော်တင်းခံဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်တော်အသားကျနေသော ထိန်းသိမ်းထားတဲ့ အလေ့အကျင့် ထုံးစံများနဲ့ အတော်ကွဲပြားပါတယ်။

အချိန်တွေ စက္ကန့်တွေ မိနစ်တွေ နာရီတွေက ကျွန်တော်နဲ့ Jesse  တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ ကြိုးစားခွင့်အကုန် ဆွဲချသွားတယ်။ လူတစ်ယောက်နဲ့ အချိန်အခါကောင်းတစ်ခုပိုင်ဆိုင်ရတယ်ဆိုတာ သည်လိုမျိုးလို့ ဘယ်တုန်းကမှ မသိခဲ့ဖူးဘူး။ တကယ့် မထင်မရှား သိုသိပ်လျှိုဝှက်ထားတဲ့ အခြေခံကျကျ အကြောင်းအရာတွေကအစပေါ့။ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်နေတဲ့ခံစား ချက်မျိုး ကျွန်တော်ခံစားရပါတယ်။ ရေရှည်အတွက် စိုးရိမ်စရာမလိုသလို ကြုံဆုံရတဲ့အခိုက်အတန့်လေးတင်ပြည့်စုံနေပြီ။ပြီးတော့ ကျွန်တော် Jesse နဲ့အပြင်အတူထွက်တိုင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုတိုးတက်အောင် တည်ဆောက်မိသလိုမျိုး တကယ်ထင်မိလာ တယ်။ ဘဝမှာ ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံးအသွင်အပြင်တစ်ခုအဖြစ်မြင်ရခြင်းပါ။ သူပြောပြောနေတဲ့ ကျွန်တော်ဟာ မယုံ နိုင်စရာကောင်းလောက်အောင် ထူးခြားတဲ့ လူတစ်ယောက် ဆိုတာပေါ့။ ကျွန်တော် ပြောပြတဲ့ ရယ်ရွှင်ဖွယ် ဟာသတွေကို သူနှစ်လို လက်ရ နားထောင်ရယ်မောတယ်၊ ကျွန်တော့်ရဲ့ ဇာတ်လမ်းရင်ခုန်အဖုံဖုံကို နားဆင်ပေးခဲ့တယ်။ တဖြည်းဖြည်း ဘယ်သူနဲ့စကားတင်း ဆိုဆို ကျွန်တော့်ဘက်ကလူအဖြစ် သဘာဝကျကျ ဖြစ်လာပါရော။ ဒါပေမဲ့ သူနဲ့ နီးကပ်ခွင့်မပေး အဝေးကိုတွန်းထုတ်ပါတယ်။ ကျွန်တော် ယခင်က မတွေးထင် မခံစားဖူးတဲ့ တမူထူးခံစားချက်များမို့ ပြန်လည်ဆန်းစစ်ရပါတယ်။ ရှင်းရှင်းလင်းလင်း ပြီးပြီးပြတ်ပြတ် ပြုလုပ်ဖို့ ကိုယ့်ဘာသာကိုယ်တိုက်တွန်းနေသော်လည်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း မလိမ်မညာချင်ခဲ့ဘူး။ ရှက်စရာအကောင်းဆုံး အဖြစ်အပျက်အခိုက်အတန့်တွေ၊ ဘဝရည်ရွယ်ချက် အစီအစဉ်များ၊ မိဘတွေအကြောင်း၊ relationships စသဖြင့် ဖုံးအုပ်ထားတဲ့အချက် တွေ ရှိနေခဲ့ပါတယ်။

ပြီးတော့...sex...

သည်လိင်ကိစ္စအကြောင်းစကားလက်ဆုံကြဖို့အတွက်ကျတော့ သူနဲ့ကဂျိုးကဂျောင်စတွေ့ပုံလေးက အကူအညီရခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ စကားအမျှင်မပြတ်သေးဘူးရယ်။ sex အကြောင်းစကားစမြည်တွေပြောနေတာ မရပ်ကြသေးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ကလူ၏သို့မြူ၏သို့မလုပ် မဆွယ်ဘဲ တကယ့်ကိုစကားစမြည်ပြောရုံပါ။

ဒါသည်ပင်လျှင် ကျွန်တော့်ဘဝရဲ့အကောင်းဆုံး  နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

အဆိုပါနေ့ရဲ့ ညနေစောင်း နေဝင်ရီတရောအချိန် ရေပြင်နောက်ကွယ်ကို ပျောက်ကွယ်သွားတဲ့နေမင်းကြီးကို ကျော်ကြည့်ရင်း ကျွန်တော် ပြောပြတဲ့ ရူးရူးနှမ်းနှမ်းအကြောင်းအရာတွေကို သူရယ်မောလျက်ရှိတဲ့ ပုံရိပ်ဟာ ဓာတ်ပုံရိုက်ထားသလို မှတ်တမ်းတင်ထားသလို မှတ် မှတ် ထင်ထင်ရှိလှပါတယ်။ နေဝင်ချိန်မဟုတ်ဘူးနော် နေ့တစ်နေ့ရဲ့ ရွှေရောင်အတောက်ပဆုံးအချိန်၊ လေရူးသုန်သုန်တိုက်ခတ်မှုကြောင့် ရေပြင်မှာ လှိုင်းကြက်ခွပ်တွေထသည့်အချိန်မှာ ကျွန်တော်နောက်ဆုံးလက်ကျန်ဘီယာကို မော့သောက်လိုက်ပါတယ်။ သူ့ဘယ်ဘက် လက်မောင်းကို ကျွန်တော့်ပခုံးပေါ်မှေးတင်ထားတာမို့ သူ့ညာဘက်ရင်အုံဟာ ရယ်မောမှုကြောင့်တုန်ခါတိုင်း သိသိသာသာ အထိအ တွေ့ကိုခံစားမိစေရော။ ကျွန်တော် သူ့ကိုငေးကြည့်ခဲ့ပါတယ်။ သူ့မျက်ဝန်းများက အညိုရောင်ဆိုပေမယ့် ရွှေရောင်တောက်ပနေတာကို အလင်းထဲမှာမြင်ခဲ့ရတယ်။ သူရယ်မောလိုက်တိုင်း မျက်ဝန်းများကပါ လိုက်လံရယ်မောပုံက မိုင်ပေါင်းများစွာ နက်ရှိုင်းသလို ထင်ရရဲ့။ ကျွန်တော့်မျက်ဝန်းတွေထဲ သူ့ရောင်ခြည်တွေ ပြည့်နှက်နေခဲ့တယ်ပေါ့ဗျာ။

Damn. ဒါကြီးက အတော်ဆန်းကြယ်တယ်။ ဒါပေမဲ့ အဲသည်အခိုက်အတန့်လေးအတွင်း မီလျံချီတဲ့ကောင်းမှုအစုံ ပိုင်ဆိုင်လိုက်ရသလို ခံစားခဲ့ရပါတယ်။ မျက်နှာအရေပြားတဝိုက် Glow နေသယောင်ယောင်ပါပဲ။

ဟုတ်တယ် အဲဒီ့စိတ်ခံစားချက်က ထူးဆန်းတယ်။ မျက်နှာတဝိုက်လင်းထင်းနေတဲ့တောက်ပမှုဟာ အဝေးကိုထွက်ခွာမသွားသေးဘူး။ ကျွန်တော်တို့နှစ်ယောက်သား ကြွက်တွင်းသာသာကျယ်ဝန်းတဲ့ ဟိုတယ်အခန်းရှိရာ မြို့ထဲက နိုက်ကလပ်ကိုကျောခိုင်းပြီးပြန်လာခဲ့ကြပါ တယ်။ ကိုယ့်အကြောင်း သူ့အကြောင်း ပြောစရာလုံးဝမကျန်တော့တဲ့အထိ တနေကုန် စကားတင်းဆိုနေကြတာ အလုပ်အကြောင်း လည်းပါတယ်၊ personal တွေလည်းပါတယ်လေ။ ကိုယ့်အကြောင်း အူမချေးခါးမကျန် ပြောပြလို့ရတဲ့လူတစ်ယောက်ကို သိရှိပိုင်ဆိုင် ရတာ အတော်ကံကောင်းတယ်။ လူငယ်တွေရဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ အလုံးစုံအောင်မြင်ခြင်းဖြစ်ပါတယ်။ ဘီယာအေးအေးလေးရယ်၊ စားကောင်းမြည်းဖွယ်လေးတွေဟာ ညတစ်ညကို ဖြတ်သန်းဖို့ အဆင်သင့်။

ကျွန်တော်တို့နှစ်ယောက်သား ကျောတစ်ခင်းစာ အခန်းငယ်လေးတွေကနေ ခေါင်းပြူထွက်ကြည့်မိတာ တပြိုင်နက်လိုလိုမို့ ရယ်ပြုံးမိရ ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းအလှကို ကျစ်ကျစ်လစ်လစ်ဖော်ပြနိုင်တဲ့ T-shirt အကြပ်တစ်ထည်ကို ကျွန်တော်ဝတ်ထားသလို၊ Jesse ကတော့ ပွပွချောင်ချောင် ရှပ်အင်္ကျီတစ်ထည်ကို အပေါ်ကြယ်သီးတွေမတပ်ထားသလို ဘောင်းဘီထဲလည်းထိုးမထည့်ဘဲ သည်အတိုင်း ပစ်ထားတော့ မို့မောက်လှပတဲ့ သူ့ရင်အုပ်အစုံရယ် ခပ်စုစုပေါက်နေတဲ့ အမွှေးစွတ်ကြောင်းကို ရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။

Fuck, we were hot!


ကံဆိုးချင်တော့ မြူးထူးကခုန်စရာ ကပွဲကြမ်းပြင်ရှိတဲ့ Nightclub မှာမဟုတ်တာပါပဲ။

အခန်းမှာ အနားယူကြ စကားပြောကြမယ်လုပ်ပြီးမှ နှစ်ယောက်သား ကလပ်တစ်ခုသွားမယ်ဆိုပြီး ပြန်ထွက်လာကြပါတယ်။ သည်မြို့ လေးရှိ လူတွေက အတော်နေစိမ့်ကြတယ်။ Nightclub မှာ အရက်သောက်မယ် ကခုန်မယ် ပြီးရင် နောက်ထပ်ဘာဂွင်တွေဖန်လို့ ရသေးတယ်ဆိုတာ အရိပ်အမြွက်တောင် မပြောပြကြပါဘူး။ ကျွန်တော်တို့ ဝင်သွားတဲ့ ကလပ်ထဲမယ် မြို့ခံမဟုတ်တဲ့ ဧည့်သည်လက် တစ်ဆုပ်စာ အရင်ဦးဆုံး မြင်လိုက်ရတယ်။ မျက်လုံးတစ်ချက်ဝေ့ကြည့်မိသမျှတော့ အမျိုးသားတွေပဲတွေ့ပါတယ်။ အများစုက ဂျာမန်တွေ ဖြစ်လောက်တယ်ဗျ စကားပြောဆို ဆက်ဆံရတာ သိပ်တော့ မခက်ပါဘူး။ ကလပ်ထဲမှာ တွေ့မိသလောက် အမျိုးသမီးများဟာ မြို့ခံတွေ ဖြစ်ကြပြီး သူတို့boyfriends များနဲ့ အတူလက်ချင်းချိတ်ပြီး လာကြတာ။ Jesse နဲ့ ကျွန်တော့် မျက်ဝန်းချင်းအကြည့်တစ်ချက်ဆုံလိုက် ကာ နောက်ကလပ်တစ်ခုကို ရွေ့ကြပါတယ်။ ဘယ်လိုပြောပြော နောက်ဆုံးမှာ လမ်းမကြီးရဲ့အဆုံးမှာရှိတဲ့ Latin beach bar တစ်ခုကို သာ အဆင်ပြေပြေ ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။


ဖွင့်နေတဲ့ music ကလည်း တစ်စုံတစ်ယောက်ရဲ့ နာကျင်ဆွေးမြေ့မှုကို ပိုဆိုးစေမယ့်အတိုင်း ဝင်ဝင်ခြင်းပြေးဆောင့်ပါတယ်။ သည်လို ပြောလို့ အဆွေးသီချင်းထင်ရင်တော့မှားမယ် ကောင်းတဲ့အထဲပါတဲ့ Latin mix တစ်မျိုးပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ကပွဲကြမ်းပြင်ပေါ်မှာ ကကွက်ဖော်ဖို့အတော်ခက်တယ်။ လူသိပ်မရှိတဲ့ ကပွဲကြမ်းပြင်အလယ်မှာ လူတွေဝိုင်းကြည့်ခံရအောင် ကျွန်တော် တစ်ယောက်တည်းလည်း မနန့်ချင်ပါဘူး။

ကပွဲကြမ်းပြင်မှာ ကမယ့်အစား Jesse နဲ့ ကျွန်တော် နှစ်ယောက်စလုံး ဘားမှာပဲ ထိုင်ခဲ့ကြတယ်။ ခပ်စောစော နေ့လယ်ခင်းလောက်က ပင်လယ်စာ အများအပြားအရသာရှိရှိစားမိကြသေးတာ ရုတ်တရက်သတိရလိုက်သေး။ Jesus, အတော်စားကောင်းတာပဲဗျ။ အခုတော့် နှစ်ယောက်သား ဘီယာတစ်ခွက်နဲ့ အစပြုလိုက်ကာ သည်ကလပ်ရဲ့ အထူးစပါယ်ရှယ်သောက်စရာအမျိုးအမည်အချို့ဘက်အမြန်လှည့် လိုက်ကြပါတယ်။ ဖျဉ်းကနဲ ခံစားရစေမယ့် Rum Punch အချို့လို့ပြောရမယ်။


ဟိုငေး သည်ကြည့်ပြီး သောက်စားကာ ခဏအကြာမှာတော့ Jesse နဲ့ကျွန်တော် ကလပ်အပြင်ဘက်ကို ပြန်ထွက်လာခဲ့ကြတယ်။ ကမ်းခြေ သဲသောင်ပေါ် ခုံတန်းလျားလေးတွေ ခုံရှည်တွေ လှတပတ စီရရီချထားတာမို့ တလက်လက်တောက်ပနေတဲ့ ပင်လယ်ရေလှိုင်း နဲ့ ကောင်းကင်ပြင်ထက်က လမင်းကြီးကို ငေးကြည့်မိပါတယ်။ ရှူရှိုက်ရတဲ့ လေရဲ့ ရနံ့ဟာ နွေးထွေးစိုစွတ်သလို သည်ည မိုးရွာမယ့် အရိပ်အငွေ့တွေ ကပ်ပါလာသလိုပဲ။ ဂီတတီလုံး သီချင်းသံတွေဟာ ကလပ်အပြင်ဘက် ကျွန်တော်တို့ရှိရာဘက် တစ်ခါတရံ လျှံကျလာ တတ်တာမို့ နားစွင့် ကြည့်တော့ ငြိမ့်ငြောင်းသာယာတဲ့ အသံမျိုးပြောင်းလာသား။


ကမ္ဘာလောကကြီးတစ်ခွင် မြင်ရှုရသမျှဟာ ရုပ်ရှင်တစ်ခုရဲ့ Romantic Scene တစ်ခုအသွင် ပြောင်းလဲသွားသယောင် ကျွန်တော့်စိတ် အစဉ်ကို ငြိမ်ဆေးကျွေးပေမယ့် ထင်သလောက် စိတ်ထဲမအေးချမ်းပါဘူး။ ကျွန်တော့် နံဘေးမှာ Jesse တစ်ယောက်ရှိနေတယ်။


ကျွန်တော် အမှန်တကယ်ကို ညည်းညူတာ အတွန့်တက်တာ complain မလုပ်နိုင်ဘူးရယ်။ သူဟာ သူ့ဘာသာသူ အံ့မခန်းကို ဆွဲဆောင်မှု ရှိနေခဲ့တာပါ။ လိင်တူအမျိုးသားများကြားထဲမှ မင်းသားတစ်ပါးပေါ့။ နံဘေးကဖြတ်လျှောက်သွားသူတိုင်း လည်ပြန်တစ်ချက် အနည်းဆုံးလှည့် ကြည့်ရမယ့်သူမျိုးဗျ။ ပြီးတော့ သူနဲ့စကားလက်ဆုံ ပြောဆိုဆက်ဆံလိုက်ချိန်ဆို စိတ်ထဲမှာ ခံစားချက်တစ်မျိုးတစ်မည် အလိုလိုဖြစ်လာအောင် လှုံ့ဆော်မှုပေးနိုင်သူ။


သူ ကျွန်တော့်စိတ်အစဉ်ကို အထူးတဆန်း ခံစားချက်ဖြစ်တည်အောင် လုပ်ခဲ့ပါတယ်။ ဟုတ်တယ်….He made me feel...

Shit.

Shit. He was making me feel... I... don't know.


Alex Aung (29 February 2024)


To be continued…..


No comments: