Sunday, July 9, 2017

လူပျို့အမေ


ဒေါ်တင်မမကြီးအဖို့ ထုရသည့် ရင်ဘတ်သည် သူမ၏ ရင်ဘတ်ဖြစ်နေသောကြောင့် အသံထွက်ရုံ ခပ်သာသာလေး ထုလိုက်ရသည်။ သို့ကြောင့်ပင် စိတ်ထဲတွင် ရှိနေသည့် ကလိတိတိများသည် မကျေမချမ်းနိုင်ဘဲ “ဘယ်နှယ့်တော် … ပြောစရာလား။ တန်မှန်းမသိ၊ မတန်မှန်း မသိ’ ဟု ဆက်ပြီး ရေရွတ်မိ၏။

ထိုသို့ စဉ်းစားရင်းပင် ငြိမ်းလုလု မာနမီးတောက်သည် “ငါ့သား” ဆိုသည့် ဘဝင်လေဟပ်ကာ ချက်ချင်းပင် အသစ်တစ်ဖန် ပြန်လည်ကြီးထွား ပြန်လေရာ ပါးစပ်ကို စေ့စေ့ ပိတ်မထားနိုင်တော့ဘဲ “အံ့ကြီးကို သြပါရဲ့ တော်” ဟု အာလုတ်သံကြီးနှင့် ဟစ်မိ၏။ “သူ့သမီး အသားမည်းမ ကိုများ ငါ့သား အကောင်းစားနဲ့ ပေးစားချင်ရသေး သတဲ့” ဟု မကျေလည်စွာ ပွစိပွစိရွတ်ရင်း သက်ပြင်းမောကို ရှူးခနဲမြည်အောင် မှုတ်လိုက်သည်။

‘သမီးက ရူပဗေဒနဲ့ ကျောင်းပြီးတာလေ၊ သူက ဘွဲ့ရတော့ ကျောင်း ဆရာမ လုပ်ချင်တာ။ အဲဒါကို ကိုယ်တွေက “တော်ပါ သမီးရယ်၊ ကိုယ်က ပညာတတ်ပြီပဲ။ လစာလေး တစ်ပဲခြောက်ပြားနဲ့ အစိုးရလခစားလည်း လုပ်ချင်မနေပါနဲ့။ ကိုယ့်အဖေရဲ့ ကုမ္ပဏီမှာပဲ အလုပ်သင်အဖြစ် ဝင်လုပ်ပါ’ တားရတယ်။ အခုတော့ သူက အဖေအားကိုးရတဲ့ မန်နေဂျာကြီး ဖြစ်နေပြီလေ။

ဒါတောင်မှ ဒီကြားထဲ စီမံခန့်ခွဲမှု သင်တန်းဆိုလား နိုင်ငံခြားကနေ ဘွဲ့တစ်ခု ထပ်ယူလိုက်သေးတယ်” သမီးအကြောင်း ရွှန်းရွှန်းဝေအောင် ကြော်ငြာထိုး သွားသည့် ဒေါ်စိန်ရွှေမြ၏ စကားသံကို ပြန်ကြားမိလျှင် ဒေါ်တင်မမကြီးသည် “ဟင့်”ခနဲ မဲ့၏။ ပြီးလျှင် “လစာလေး တစ်ပဲခြောက်ပြား အစိုးရလခစားလည်း လုပ်ချင် မနေပါနဲ့တဲ့။

အဲဒီတုန်းကများ သူ့သမီး အဲဒီ ကျောင်းဆရာမအလုပ် ရချင်လို့ ဖျပ်ဖျပ်လူးနေတာ မှတ်မိသေးတယ်။ သူ့သမီးကရော နာမည်ကသာ စိန်နီလာ၊ လူက ညံ့လိုက်တာမှ ချာတူးကို လန်လို့။ ဖြေတဲ့ စာမေးပွဲတိုင်း ကျ။ နောက်ဆုံး စေလိုရာစေ လျှောက်တာတောင် ဘယ်မှာ အောင်လို့လဲ။ ဒါနဲ့ပဲ စာမေးပွဲဖြေစရာ မလိုတဲ့ သူ့အဖေရဲ့ အလုပ်ထဲကိုပဲ ဝင်လိုက်ရတာကိုများ အချင်းချင်း ကြွားချင်သေးတယ် ဒင်း (သင်း) က။

ပြီးတော့ ပြောသေးရဲ့ ကုမ္ပဏီတဲ့။ အဖေက ဥက္ကဋ္ဌ၊ သမီးက မန်နေဂျာ၊ အမေက စာရင်းကိုင်၊ သားက ပြာတာ။ လက်ချိုးရေလို့မှ လူက လက်တစ်ဖက် မပြည့်တဲ့ဟာများ ကုမ္ပဏီတဲ့။ ဘာတဲ့ ဆိုင်းဘုတ်က စိန် ရေချိုရေငန်ထွက် ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်တဲ့။ ငါးပိ၊ ငါးခြောက်သည်က ငါးပိငါးခြောက်သည်ပေါ့အေ။ အလကား ကြွားလုံးတွေ” ဟု စိတ်ထဲမှ ချိုးချိုးဖဲ့ဖဲ့ ဆက်တွေးသည်။

ထိုသို့တွေးရင်း မျက်စိရှေ့မှ ဒေါ်စိန်ရွှေမြ ပေးသွားသည့် ငါးပိနှင့် ငါးခြောက် လက်ဆောင်ထုပ်ကို မျက်စိရောက် လျှင်မူ “ဟင်း” ခနဲ သက်ပြင်းရှည်ကြီးတစ်ခု ချ၏။ ပြီးလျှင် “အမယ်လေး … သားကိုတော့ ငါးပိ လေးငါးဆယ်သား လောက်နဲ့တော့ မလဲနိုင်ပါဘူး” ဟု မဲ့မဲ့ရွဲ့ရွဲ့ သာသာထိုးထိုး ဆက်တွေး၏။ ယင်းမှ သားဖြစ်သူအကြောင်း ကို အမျှင်တတန်းတန်း ဆက်တွေးပြန်သည်။

ဒေါ်တင်မမကြီး၏ သားသည် အရပ်မနိမ့်မမြင့် ပိန်ပိန်ပါးပါး ဖြစ်သည်။ အသားညိုစိမ့်စိမ့်တွင် အရိုးအဆစ် ပြေပြစ်လေရာ ကြည့်ပျော်သူ ဖြစ်၏။ အပြစ် ပြောစရာဆို၍ နှာခေါင်းလေးနည်းနည်းကြီးသည့် အချက်တစ်ချက်သာ ရှိ၏။ သို့သော် ဒေါ်တင်မမကြီး၏ စိတ်ထဲတွင်ကား ထိုနှာခေါင်းကို အပြစ်ဆိုစရာဟု မထင်။

အမေပီပီ ယင်းကြောင့်ပင် သူ့သားသည် ပို၍ ခံ့ထည်နေသည်ဟု စိတ်တွင် တွေး၏။ ထို့ပြင် သူမ၏ သားသည် မဂ္ဂဇင်းစာမျက်နှာများတွင် ဓာတ်ပုံ မော်ဒယ်လ်အဖြစ် သုံး, လေးကြိမ်မျှ ပါဖူးသည့် အဖြစ်ကလည်း ဒေါ်တင်မမကြီးအား ပို၍ သွေးနားထင် ရောက်စေ၏။ ပြီးလျှင် သူမ၏ သားသည် လူအများ၏ အလယ်တွင် အဖိုးတန် မျက်နှာပွင့်လှသည့် ဆရာဝန် တစ်ယောက်လည်း ဖြစ်နေသေးသည်ပဲ။

“သားက ဆရာဝန် မော်ဒယ်လ်လေ … အဟင်းဟင်း” ဟု တစ်ယောက်ယောက်ကိုများ ပြောလိုက်ရလျှင် ပါးစပ်ထဲ ဘယ်လောက် စေးစေးပိုင်ပိုင် ရှိလိုက်သလဲ။ ဒီခေတ်ကြီးမှာ ဒီထက် မျက်နှာပွင့်တာ ဘာရှိနိုင်သေးတုံး။ စဉ်းစားရင်းပင် “ခေတ်ကြီးကိုက” ဟူသော အတွေးသည် ဒေါ်တင်မမ ကြီး၏ စိတ်ထဲ ဆက်ဝင်လာပြန်သည်။“အင်း ခက်တယ်… ခက်တယ်၊ ခေတ်ကြီးကိုက ခက်တယ်။ ဘာတဲ့ ‘လူပျို့ အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်မှာပုန်း’ ဆိုတာ တကယ်ပါပဲ။ အင်း … ဒီခေတ်မှ ဒီခေတ်”

နောက်ဆုံး ဒေါ်တင်မမကြီးသည် သူမ၏ အညာ ကောက်ညှင်းထုပ်နှင့် တူလှသည့် ကိုယ်ခန္ဓာကြီးကို ဆက်တီခုံပေါ် ခြေပစ်လက်ပစ် တင်လိုက်ရင်း “ဒီခေတ်ကြီးမှာ သားလူပျို အကောင်းစားနဲ့ အမေလုပ်ရတာလည်း မလွယ်ဘူးတော်ရေ့” ဟု တစ်ယောက်ယောက်ကိုပဲ ညည်းသလိုလို၊ ကိုယ့်ကိုယ်ကိုယ်ပဲ ညည်းသလိုလို ခပ်ကြွားကြွားလေး ဆိုလိုက်ရမှ ရင်ထဲတွင် ချောင်၏။

x x x

သား ပြန်လာမည်ဆိုသည့် သတင်းကြောင့် ဒေါ်တင်မမကြီးသည် မနက်ခင်းတစ်ခုလုံး ဗျာတောက် နေသည်။ ခြံထောင့်ကို ရောက်၏။ “ဒီအမှိုက်တွေ ရှင်းပါဟဲ့” အော်၏။ သစ်ပင်အောက်ကို ရောက်၏။ “ဟို အကိုင်းကို ခုတ်ပစ်လိုက်စမ်း” ဟု ဟစ်၏။ အိမ်၏ ဧည့်ခန်းထဲတွင် ရပ်မိ၏။ “ပန်းအိုးထိုးထားတာကိုက ပုံမကျဘူး” ဟု ဆူ၏။

သားအိပ်မည့် အခန်းထဲ ဝင်ကြည့်ချိန်တွင်ကား ဒေါ်တင်မမကြီး၏ မြည်တွန် တောက်တီးသံများသည် မရပ်တော့။ တစ်အိမ်လုံး လှည့်ပတ်ကြည့်ပြီး လျှင်ကား ဒေါ်တင်မမကြီးသည် “သူမ၏ သား ခဏမျှ အလည်ပြန်လာမည့်အကြောင်း” ကို မြို့ပတ်ကာ မောင်းထု၏။ “သားက အိမ်ပြန်မလာတာ တစ်နှစ်လောက်တော့ ရှိပြီ။ အမယ်လေး … မအားဘူး။ သူတို့ ဆရာဝန် ဆိုတာတွေက ရုံးပိတ်ရက်မရှိ၊ သင်္ကြန် မရှိ၊ အခါမရှိ၊ ဥပုသ်သီတင်း မရှိရယ်။

သူ ဝါသနာပါတဲ့ မော်ဒယ်လ်အလုပ်တောင် ဆက်မလုပ်နိုင်တော့တာသာ ကြည့်တော့” ဟူသော စကားကို ကျယ်လောင်ကျယ်လောင် ဆိုရင်း တဟင်းဟင်း မျှင်းရယ်၏။ ထို့နောက်တွင် သား၏ တော်ပုံ၊ ထက်မြက်ပုံ၊ သွက်လက်ချက်ချာပုံတို့ကို စကားဆက်သည်။ သားအကြောင်း အကောင်းဋီကာ ဖွဲ့ပြီးနောက် အကြွားသန်လေခြင်း မဖြစ်စေရန် အဆုံးသတ်တွင်မှ ဟို ငယ်ငယ် ကလေးဘဝက ဆိုးပုံ၊ တေပုံ၊ ပေပုံများဖြင့် သူမ၏စကားကို အဆုံးသတ်သည်။

“ကောင်မလေးကိုက ပါးစပ်ရဲလွန်းတယ်။ ပုံစံကလည်း ပျံတံတံ နန့်တန့်တန့် မပြောလိုက်ချင်ဘူး”မြို့ပတ်ပြီး နှစ်နာရီခန့်ကြာလျှင် ဒေါ်ကင်မမကြီးသည် ပွစိပွစိဖြင့် အိမ်ပြန်ရောက်လာသည်။ အကြောင်းကား လမ်း၌ တွေ့သော ကောင်မလေး တစ်ယောက်မှ “ယောက္ခမကြီး …. ကိုကို အိမ်ပြန်လာမယ်ဆို” ဟု အော်ဟစ်ပြီး နှုတ်ဆက်ဂါရဝ ပြုလိုက်သောကြောင့် ဖြစ်၏။

“ဘယ်နှယ့်တော် … သူ မရှက်ပေမဲ့ ငါက ရှက်တယ် မိန်းမတဲ့ … ဘယ်မှာလဲ ဣနြေ္ဒ၊ ဘယ်မှာလဲ သိက္ခာ။ ခေတ်ကြီးက ကပြောင်းတိ ကပြောင်းပြန်။ ကျုပ်တို့ ငယ်ငယ်တုန်းကများ မိန်းမကြိုက်တော့ မျှော်လိုက်တာ၊ ယောက်ျားကြိုက်တော့ စိုက်စိုက်လာတဲ့။ အခုတော့ မဟုတ်ပေါင်”ဟု အိမ်ရောက်ရောက်ချင်း အော်ကြီးဟစ်ကျယ် လုပ်၏။

သား၏အဖေ၊ လင်ဖြစ်သူမှ “ဟ … ဘာဖြစ်သေးတုံး၊ ကိုယ်က သားရှင်ပဲ။ ဟုတ်တယ် သမီးရေလို့ ပြန်ပြောလိုက်ပေါ့၊ မနာပါဘူး” ဟု ပြောခါမှ ဒေါ်တင်မမကြီးသည် ပိုဆိုးကာ “အမယ်လေးတော်” ဟု ထဟစ်ပြန်သည်။“နာတယ်တော်ရေ့၊ ကိုယ့်ဘက်က သားရှင်ဆိုပေမဲ့လည်း နာတာတွေ ရှိတယ်။ မိန်းကလေး အပျိုဖြစ်တိုင်း သဘောတူစရာ မဟုတ်ဘူး။

ရုပ်ရည်ရူပကာ၊ ပညာ၊ ဥစ္စာ၊ ပြီးတော့ မိဘမျိုးရိုး၊ စာရိတ္တ အကုန်ကြည့်ရမယ် တော်ရေ့ ။ ကိုယ့်သားက အကောင်းစား၊ ဆရာဝန်တော့။ ဘယ့်နှယ် တွေ့သမျှ မိန်းကလေး ချွေးမခေါ်ရအောင် ကိုယ့်သားက အလေနတော မဟုတ်ဘူး” စကားကို အဆက်မပြတ် ဆို၏။ ခဏမျှကြာလျှင် အခဲမကျေ သေးဟန်ဖြင့် “အခုမှ သားက နှစ်ဆယ့်ခွန်ပဲ ရှိသေးတယ်။ ဘယ့်နှယ် ငယ်ငယ်လေး ရှိသေးတာ။

အားလုံး ပြည့်စုံနေတဲ့ မိန်းကလေးဆိုရင်တောင် မပေးစားနိုင်သေးဘူး။ အို ကုန်ကုန်ပြောမယ်ရှင်၊ အခုနေကတော့ သိကြားမင်းရဲ့ သမီးဆိုရင်တောင် မပေးစားနိုင်သေးဘူး” ဟု စကားဆက်၏။ ပြောရင်း ဒေါ်တင်မမကြီးသည် ငါ့စကားများ လွန်ကုန်ပြီလားဟု တွေးမိပြီး လင်အား မသိမသာ ချောင်းကြည့်၏။ လင်ဖြစ်သူ၏ မျက်နှာ ပြုံးရိပ်ရိပ် ရှိနေသည်ကို မြင်လျှင် စိတ်ထဲမလုံဘဲ “ဘာတုံး တော်က” ဟု ရန်လုပ် လိုက်သေးသည်။

x x x

ရထားပေါ်မှ ဆင်းလာသော သားကို မြင်မြင်ချင်း ဒေါ်တင်မမကြီးသည် “အမယ်လေး … သားက ပိုပြီးတော့တောင် ချောလာသေးတယ်” ဟု ဆီးကြိုသည်။ “အမေဖြင့် ပင်ပန်းတာနဲ့ ပိန်သွား မည်းသွားပြီလားလို့ စိုးရိမ်နေတာ” ဟုလည်း ခပ်ပိုပို ဆို၏။ ထို့နောက် သား၏ ဘေးတွင် ပြုံးတုံ့တုံ့ ရပ်နေသည့် လူငယ်အား သတိထားမိပြီး “အို … သားရဲ့ သူငယ်ချင်းလား၊ သားကလည်း အချောလေးပဲ” ဟု လက်ကို ဆွဲယမ်းကာ ဟန်မူပိုပို နှုတ်ဆက်ပြန်၏။

ထို့နောက် အိမ်တွင် သားကြိုက်သော ငါးဆုပ်ဟင်းများ ချက်ထားကြောင်း၊ နောက်တစ်နေ့တွင် ဝက်သားနှင့် မျှစ်ချဉ်ရောပြီး ချက်ရန် စီမံထားကြောင်း၊ သားမွေးထားသည့် ခွေးသည် မကြာသေးခင်ကပင် နေမကောင်းဖြစ်ကြောင်း၊ တိရစ္ဆာန်ဆရာဝန်ထံ နှစ်ခေါက်သွားပြရပြီး ပိုက်ဆံတစ်သောင်းခွဲ ကုန်သွားကြောင်း၊ ပြီးလျှင် သားရှိစဉ်က စိုက်ထားသော နှင်းဆီခင်းသည် ယခု ပွင့်နေပြီဖြစ်ကြောင်းနှင့် လွန်ခဲ့သော တစ်ပတ်က ထိုနှင်းဆီပန်းများကို ဖောက်သည်ပေးရာ ငွေငါးထောင်ကျော် ရကြောင်း ထွေလီကာလီ ဇာတ်စုံခင်း၏။ ပြောရင်း ဒေါ်တင်မမကြီး၏ စကားများသည် သူမအား ယောက္ခမကြီးဟု ခေါ်လိုက်သော မိန်းကလေး အကြောင်းကို ရောက်သွား၏။

“ခေတ်ကြီးကိုက ကြောက်စရာချည်း။ အမေ့ကိုများ သူက ယောက္ခမကြီးတဲ့၊ သူမို့လို့ မရှက်မကြောက်။ ဟိုတုန်းက ပြောကြတဲ့ ‘လူပျို့ အမေ ဆန်တစ်အိတ်နဲ့ တောင်ထိပ်မှာ ပုန်း’ ဆိုတာ ဒီခေတ်ကြီးမှ ဒီခေတ်ကြီး။ အမယ်လေး အခုကြုံတုန်း သားနှစ်ယောက်စလုံးကို မှာလိုက်ချင်ရဲ့။ ရည်းစားလည်း မရှာကြနဲ့ဦး၊ ချစ်သူလည်း မထားကြနဲ့ဦး၊ နောက် ကိုယ်က အထူးကုဆရာဝန်ကြီး ဖြစ်ပြီဆိုမှ အဲဒီကိစ္စတွေကို စဉ်းစား”

စုံစီနဖာ စကားများကို ပြောရင်း ဒေါ်တင်မမကြီးသည် နောက်နားကျကျမှ လိုက်လာသော သားနှစ်ယောက်အား “ပြောသာ ပြောနေရတာ အခုတောင် ရည်းစား ရှိနေကြပြီလား မသိဘူး” ဟု စကားနှိုက်သေးသည်။ သားနှစ်ယောက်က တစ်ဦးကို တစ်ဦး ပြုံးကြည့်ပြီး “မရှိသေးပါဘူး” ဟု အာမဘန္တေ ခံသည့်တိုင် မိန်းမ မကောင်းကြောင်းကို မန်လည်ဆရာတော် ရှုံးလောက်အောင်ပင် ဋီကာဖွဲ့လိုက်သေး၏။

သူမ၏သား ပြန်ရောက်သည့်နေ့မှစ၍ ဒေါ်တင်မမကြီးသည် အိမ်လည်ပြီး အတင်းမတုတ်နိုင်ရှာ။ အကြောင်းကား သူမ၏ သားအကောင်းစားအား ကင်းစောင့်တာဝန် ကျနေသောကြောင့် ဖြစ်၏။ အခါတိုင်းတွင် အမြဲလိုလို ပြုံးချိုရယ်မောနေသော ဒေါ်တင်မမကြီး၏ မျက်နှာသည် သား၏ မိန်းကလေး သူငယ်ချင်း တစ်ယောက်ယောက် လာလျှင်မူ အလိုလိုပင် တင်းကာ သွားသည်။

ထို့နောက် အသံမာမာဖြင့် “သားရေ ဧည့်သည်” ဟု ခေါ်ပေး၏ ။ ပြီးလျှင် ထိုမိန်းကလေး မပြန်မချင်း ဟိုဟာလုပ်သလိုလို ဒီဟာလုပ်သလိုလို အနားတွင် ရစ်သီရစ်သီ လုပ်၏။ ထိုမိန်းကလေးသူငယ်ချင်း အိမ်ပြန်သွားချိန်တွင်ကား “အဲဒီကောင်မလေးက …” အစချီကာ ဘယ်တုန်းက ရည်းစားထားဖူး၊ ကြက်ဥပင် မပြုတ်တတ်၊ ငရုတ်သီးပင် မထောင်းတတ် စသည်ဖြင့် ထိုမိန်းကလေး၏ မကောင်းကွက် အဖုံဖုံကို ဇာတ်စုံခင်း၏။

နောက်ဆုံး ယောက်ျားဖြစ်သူမှ “တော်ပါတော့ မိန်းမရယ်၊ မင်းမလည်း အပျို အတင်းပေါင်းချုပ် ဖြစ်နေပြီ” ဟု တားရသည်။ ထိုအခါတွင်လည်း ဒေါ်တင်မမကြီးသည် ဆိတ်ဆိတ်ငြိမ်မခံ။ “အို … ကိုယ်က သားရှင်ဆိုတော့ ဘယ်မိန်းကလေးက ဘယ်လိုဆိုတာ လေ့လာထားရတယ် တော်ရေ၊ စပ်စုချင်လွန်းလို့ မဟုတ်ဘူး။ သိတယ် မဟုတ်လား။ တချို့က မျက်နှာမှာ ပေါင်ဒါအဖွေးသားနဲ့ ပေါင်မှာ သေးစီးကြောင်းနဲ့ ဆိုတာ” ဟု ကက်ကက်လန် အကြောင်းပြန်သည်။

တစ်ရက်သားတွင်မူ ဒေါ်တင်မမကြီးသည် အိမ်တွင် အမြို့င့်သား ထိုင်နေရင်းပင် ဒေါသပုန် ထရသေး၏။ အကြောင်းကား မြို့၏ အပျို့ဂေဇက် သတင်းစာတွင် သူမအား အာသာဝတီ နွယ်နီနတ်ပန်းအား စောင့် ကြပ်သည့် ဘီလူးမကြီးအဖြစ် ရယ်ပွဲဖွဲ့နေကြကြောင်း တစ်ဆင့်စကား ကြားလိုက်ရသောကြောင့် ဖြစ်၏။

ထို့ နောက်တွင် ဒေါ်တင်မမကြီးသည် ပို၍ မျက်နှာကြော တင်းလာ၏ ။ ရံဖန်ရံခါ မိန်းကလေး အသံနှင့် ဖုန်းဝင်လာလျှင် ဘာဘာညာညာ မေးမနေဘဲ “မရှိဘူးဟေ့” ဟု ဆောင့်ကြီးအောင့်ကြီး ဖြေပြီး “ဂေါက်”ခနဲနေအောင်ပင် ဖုန်းကို ချ၏။ ပြီးလျှင် “ကောင်မလေးတွေက ကဲကိုကဲ လွန်းတယ်” ဟု ဆက်ရေရွတ်၏။

(၄) မနက်ခင်းတစ်ခုတွင် ဒေါ်တင်မမကြီးသည် သားက အိမ်သားများကို မပြန်ခင် ငါးပေါင်း လုပ်ကျွေးမည်ဟု ဆိုသဖြင့် လိုအပ်သည့် အဆာပလာများ ဝယ်ပြီး ပြန်လာ၏။ လမ်း၌ ထုံးစံအတိုင်း “သားပြန်လာသဖြင့် အိမ်ပင် မလည်နိုင်ကြောင်း၊ ယခုခေတ် ကောင်မလေးများကလည်း ကဲလွန်းကြောင်း” အော်ကြီးဟစ်ကျယ် ပြော၏။

ဤတွင် ဒေါ်တင်မမကြီးအား အတော် မြင်ပြင်း ကတ်နေဟန်တူသည့် မိန်းကလေးတစ်ဦးသည် “အန်တီရေ ဒေါင်းများ က,တာ မြင်ဖူးတယ် မဟုတ်လား၊ အရှေ့ဘက်က ကြည့်ရင် သိပ်လှတာ။ အဲ အနောက်က ကြည့်ရင်တော့ တော်တော်ကို ကျက်သရေ မရှိတာ” ဟု ပြောလက်စ, စကားနှင့် မဆီမဆိုင် ပြော၏။ ဘာဆိုလိုသည်ကို ရုတ်တရက် စဉ်းစားမရသဖြင့် ဒေါ်တင်မမကြီးသည် ဘာမျှ ပြန်မပြောလိုက်နိုင်။

အိမ်အပြန်လမ်း တစ်လျှောက်တွင် ထိုစကားကို တအုံနွေးနွေး တွေးကာ “ဒီကောင်မလေး ဘာပြောချင်တာလဲ” ဟု ကြိတ်မနိုင်ခဲမရ ဖြစ်ရ၏။ တစိမ့်စိမ့်တွေးရင်း အိမ်နားသို့ရောက်မှ “ဘုရားရေ၊ ငါ့သားမှာ ရည်းစားရှိနေပြီလို့ ဆိုချင်တာလား” ဟု စဉ်းစားမိသည်။ “ဖြစ်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ အန်တီကသာ တိုနေတာ အန်တီ့သားမှာ ရည်းစားနဲ့လို့ ပြောချင်ပုံပဲ” ဟု ဆက်တွေးမိလျှင် ဒေါ်တင်မမကြီး၏ ရင်သည် တဒိန်းဒိန်း ခုန်လာလေ၏ ။

အိမ်သို့ ရောက်ချိန်တွင် သားနှင့် သား၏သူငယ်ချင်းသည် နှင်းဆီပန်းခင်းအလယ်တွင် ရေပုံးကိုယ်စီ ကိုင်လျက် ခေါင်းချင်းဆိုင် ရယ်နေကြသည်ကို ခပ်လှမ်းလှမ်းမှ မြင်လိုက်၏။ ပြီးလျှင် သူမအနား ရောက်သွားချိန်တွင် ပြုံးစိစိ မျက်နှာများဖြင့် ဘာအကြောင်းမျှ ပြောမနေကြသလို လူချင်း ခွာသွားကြသည်ကိုလည်း သတိထားမိ၏။

ဒေါ်တင်မမကြီး၏ စိတ်ထဲမှ “သေချာပါပြီ၊ ဒါ သူတို့ရည်းစားတွေအကြောင်း ပြောနေတာပဲ နေမှာ၊ သားမှာ ရည်းစားရှိနေပါပြီ” ဟု ပိုထင်လာ၏။ ထို့ကြောင့် “ကဲ သားတို့ မီးဖိုထဲမှာ ကြိုက်သလို ချက်ကြ၊ အမေတော့ မောတာနဲ့ အိမ်ရှေ့မှာ နားလိုက်ဦးမယ်” ဟု ပ,ထုတ်ကာ အားလုံးအလစ်တွင် သားများနေသည့် အခန်းအတွင်း ဝင်ကာ မွှေလေ၏။

ဤသို့ဖြင့် ဆယ်မိနစ်ကျော်ကြာလျှင် ဒေါ်တင်မမကြီး၏ လက်ထဲတွင် မသင်္ကာစရာ စာအုပ်နှစ်အုပ်ကို ဆုပ်မိလေ၏။ စာအုပ်နှစ်အုပ်သည် ပုံစံတူ၊ အရောင်တူဖြစ်ပြီး မတူသည်ကား အထဲမှ လက်ရေး ဖြစ်သည်။၊ ဒေါ်တင်မမကြီး တစ်အုပ်ကို ဖျတ်ခနဲ လှန်ကြည့်မိလေ၏။ “ကောင်းကင်မှာ တောက်ပနေတဲ့ ကြယ်တွေ အများကြီးထဲမှ မင်းက အတောက်ပဆုံး ကြယ်တစ်ပွင့်ပါ” ဟူသော စာကို ဖတ်လိုက်ရ၏။

“ဒါ သား လက်ရေး မဟုတ်ဘူး။ ဟိုကောင်လေး စာအုပ်နေမှာ” ဟု တွေးပြီး ထိုစာအုပ်ကို ချက်ချင်းပိတ်ကာ နောက်တစ်အုပ်ကို လှန်ကြည့်ပြန်၏။“အချိန်တွေ ကြာလာတာနဲ့အမျှ ဘဝတစ်ခုလုံး လက်တွဲရမယ့် လူဆိုတာ သေချာလာတယ်။ တကယ် ဘာကြောင့်ပဲဖြစ်ဖြစ် ဘယ်တော့မှ မခွဲကြေးနော်။ ချစ်တယ်ကွာ … အရမ်းချစ်တယ်။”

ဘုရားရေ … သားလက်ရေးမှ သားလက်ရေး။ ဒေါ်တင်မမကြီးသည် ဒိန်းခနဲ ငယ်ထိပ်တက်ဆောင့်သလို ဖြစ်ကာ စာရွက်များကို ဖျိုးဖျိုးဖျပ်ဖျပ် လှန်ကြည့်၏။ ချစ်သည့် အကြောင်း၊ ကြင်နာသည့် အကြောင်းများသာ တွေ့ရပြီး ကောင်မလေး နာမည်ကား ရှာမတွေ့။ “ရည်းစားရှိတာတော့ သေချာပါပြီ။ ဘယ်က ကောင်မလေးများလဲ မသိဘူး” ဟူသော အတွေးဖြင့် ဒေါ်တင်မမကြီးသည် ထူသလိုလို၊ ထုံသလိုလို ဖြစ်လာကာ အိမ်ရှေ့ခန်းဘက် ပြန်ထွက်ခဲ့၏။

ထိုစဉ်ခဏအချိန်က နှင်းဆီခင်းထဲတွင် သားနှစ်ယောက် ခေါင်းချင်းဆိုင်နေကြသည်ကို ပြန်မြင်ယောင်ပြီး “သူတို့ပဲ ရှိရင်တော့ သူတို့ရည်းစားတွေ အကြောင်း ပြောကြမှာပဲ” ဟု တွေးမိလျက် မီးဖိုခန်းဘက်သို့ ခြေဖွနင်းကာ ထွက်ခဲ့သည်။ ပြီးလျှင် မဟတဟ ရှိနေသည့် တံခါးသို့ကပ်ကာ အသာချောင်းလေ၏။

ဘုရားရေ …။ ဒေါ်တင်မမကြီး၏ ရင်သည် ကုလားဘုရားပွဲ လှည့်သလို တဒုန်းဒုန်း ခုန်လာသည်။ သူမစိတ်တွင် လောကကြီးသည် ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပြီ ထင်ပါရဲ့ဟုလည်း တွေးမိ၏။ ယင်းနောက်တွင်ကား ကိုယ့်ကိုယ်ကိုယ် ထိန်း၍ ထွက်လာသည့်တိုင် ဒေါ်တင်မမကြီး၏ ခြေနှင့်လက်များသည် တဆတ်ဆတ် တုန်ခါနေကြသည်။

ထိုသို့ တုန်တုန်လှုပ်လှုပ် လျှောက်လာရင်းပင် နားထဲ၌ “အင် … အရှေ့မှာ အမေတို့ ရှိနေတယ်နော်” ဟူသော သား၏ ချွဲတဲတဲ စကားသံကို ပြန်ကြားသည်။ ပြီးလျှင် သား၏သူငယ်ချင်းသည် သားအား ရွတ်ခနဲ နမ်းလိုက်သည်ကိုလည်း မြင်ပြန်၏။ ထိုအခါ ဒေါ်တင်မမကြီး ချက်ချင်းပင် ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲနေအောင် ခါယမ်းမိ၏။

“အမယ်လေး … လေး။ ငါ့ကို လူတွေ ဘယ်လောက်များ ရယ်ကြမလဲ မသိဘူး။ ငါကတော့ သားကို တိုလွန်းလို့ ကာလိုက်ရတာ၊ အခုတော့ သားက …။ ဘုရား …၊ ဘုရား … တစ်ခုခုတော့ လုပ်မှဖြစ်မယ်၊ တစ်ခုခုတော့ လုပ်မှဖြစ်မယ်”

ထို့နောက် ဘုရားအလီလီတ,ကာ ယောင်တိယောင်ချာဖြင့် သတိလက်လွှတ် တတွတ်တွတ်ရွတ်ရင်း လျှောက်လာသော ဒေါ်တင်မမကြီးသည် တယ်လီဖုန်းစင်နား ရောက်လျှင် ရုတ်တရက် တုံ့ခနဲရပ်ပြီး ဖုန်းခွက်ကို ဆတ်ခနဲ ကောက်ကိုင်လိုက်သည်။

“ဟယ်လို … မြလား။ အဟင်း … ဟင်း၊ တင်မ ပါ။ ဒီလိုလေ သားက အခု အိမ်ပြန်ရောက်နေတော့ တင်မတို့ကပဲ မြတို့ကို ထမင်းစား ဖိတ်ရမလား၊ ဒါမှမဟုတ် မြတို့ကပဲ တင်မတို့ကို ထမင်းစားဖိတ်မလား တစ်ခုခု စီစဉ်ကြရအောင်လို့လေ …။ အဟင်းဟင်း၊ သိတယ် မဟုတ်လား။ သမီး နီလာလေးနဲ့ သားကို …”

ဒေါ်တင်မမကြီး၏ အသံသည် ချိုမြဝေလွင်နေသော်ငြား မျက်နှာကား မပြုံး။

ရေအေး
ရွှေအမြုတေ၊ စက်တင်ဘာ၊ ၂၀၁၅။

Tuesday, July 4, 2017

Metamorphosis


(ပင်ကိုယ် သဘာဝပြောင်းလဲခြင်း)

ဆောင်းတွင်း တစ်ရက်ရဲ့ နံနက်ခင်းတစ်ခုမှာ ကျွန်တော် စိုးရိမ်ထိတ်လန့်စရာ အိပ်မက်မှနိုးထလာပါတယ်။ ရင်တွေ တဆတ်ဆတ်ခုန်ရင်း အသက်မှန်အောင် ရှူရှိုက်ရင်း ထထိုင်ကာ ရေတစ်ခွက်ကို သောက်လိုက်ရတာပေါ့။ မဖြစ်နိုင်ပါဘူးဆိုပေမဲ့ ကျွန်တော်ရှာဖွေတွေ့ရှိရတာ က ကျွန်တော့် အမျိုးသား သဘာဝပစ္စည်းဟာ အလွန်ကြီးမားသော အရွယ်အစားတစ်ခုအဖြစ် ပြောင်းလဲနေတာကိုလေ။ အိပ်ယာပေါ် ပက်လက်လှဲနေရာကနေ ဦးခေါင်းကိုအသာမပြီး ပေါင်ခြံစီကြည့်လိုက်တော့ အညိုရောင်ကုန်းထနေသော တောင့်တင်းနေတဲ့ -ီးကြီးဟာ လေး(မြှား)ရဲ့ အခုံးကြီးတစ်ခုလိုပဲ ခုန်းထနေရဲ့။ ကျွန်တော့်ရွှေဥတွေဟာ ပေါင်ခြံအတွင်း တနေရာရာမှာ မြင်ကွင်းက ပျောက်နေတယ်။


'ကျွန်တော် ဘာတွေများ ဖြစ်နေလဲ?' တွေးမိရပါတယ်။ ဒါ အိပ်မက်တစ်ခုမဟုတ်ခဲ့ဘူး။ အခန်း...ကျွန်တော်နေတဲ့အခန်းဟာ သာမန် အခန်း တစ်ခုပါ။ နံရံလေးဘက်နှင့် ကာရံထားတဲ့ သေးငယ်သောနေရာလေး။ စားပွဲပေါ်မှာတော့ Lube ဘူးတစ်ခုက အဖုံးပွင့်လျက်၊ condom များနှင့် သေးငယ်သော အရုပ်လေးများပြန့်ကျဲနေတယ်။ နံရံပေါ်မှာတော့ မနေ့က print out လုပ်ခဲ့သောပုံကို ချိတ်ဆွဲထား ရက်သား။ သားမွှေး ဦးထုပ်ဆောင်းထားတဲ့ လက်ဖျံလောက်တုတ်တဲ့ ထိပ်အရေပြားဖြတ်ထားသော ငပဲကို မိုးပေါ်မတ်နေအောင် ထိန်း ကိုင်ထားရင်း မတ်တပ်ရပ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ပုံလေ။


ကျွန်တော်ဟာ အဲဒီကောင်လေးရဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်းဖြစ်နေပါပေါ့လား။ ကျွန်တော် အိပ်ယာပေါ်က ခုန်ထကာ အခန်းနံရံမှာ ချိတ်ထားတဲ့ မှန်ရှေ့ မတ်တပ်ရပ်ကြည့်လိုက်တယ်။ ဟုတ်တယ် ဓာတ်ပုံထဲက ကောင်လေးနှင့် ထပ်တူ။ ၈လက်မထက် မနည်းရှည်သော လက်ကောက်ဝတ်ထက်တုတ်သော ငပဲနှင့်။ ကျွန်တော် ရေချိုးခန်းကို အမြန်ပြေး ကြွေကမုတ်ထဲ ဆီးသွားလိုက်ပါရဲ့။ အိပ်ယာထကာစ ဆီးသွားချင်လို့ အရွယ်အစားပြောင်းနေခြင်းလား စူးစမ်းတာလေ။ ရေချိုးခန်းကထွက်တော့ ငပဲက ၇လက်မလောက်ဖြစ်သွားပါတယ်။ ရေချိုးရင်း တစ်ကိုယ်လုံးဆပ်ပြာတိုက်ရင်း ရှည်ထွက်လာတဲ့ ညီဘွားကို ကိုင်တွယ်ဆေးကြောရတာ ပျော်စရာတော့ကောင်းသား။ ကြည့် နေရင်း ကြည့်နေရင်း သာမန်ဆိုဒ်ကိုပြန်ဖြစ်သွားမလား စဉ်းစားကာကြည့်မိပါတယ်။ စိတ်ထလာမှ မယုံနိုင်စရာ ပြောင်းလဲသွားမယ်လို့ တွေးမိရတာကိုး။ ရေချိုးပြီးတော့ တစ်ကိုယ်လုံးခြောက်သွေ့အောင်သုတ်ကာ အိပ်ယာပေါ်လှဲလှောင်းရင်း ဘာလုပ်ရမလဲ စဉ်းစားမိပါရော။


သာမန် မဟုတ်တဲ့ပြောင်းလဲခြင်းကို သာယာမယ့်အစား မုန်းမိပါတယ်။ ကိုယ်နဲ့ပက်သက်မယ့် ပါတနာတိုင်းနှင့် အိုကေပါ့မလား? သက်ပြင်းအခါခါချရင်း ငြိမ်သက်နေမိစဉ်မှာပဲ အခန်းတံခါးခေါက်သံကို ကြားလိုက်ရပါတယ်။


'ညီညီ' ကျွန်တော့်ကိုလှမ်းခေါ်နေတာ အပြင်က။ အင်း...ကျွန်တော့် ဘော်ဒါ အောင်ဇော်လေ။ '၁၁နာရီတောင် ခွဲနေပြီ မင်း hung-over ဖြစ်နေလား? မင်းပြောတော့ ၁၀နာရီထိုးရင် အသင့်ဖြစ်နေမယ်ဆို'


ကျွန်တော် သူမေးတာကို detail ပြန်ဖြေချင်တယ်။ အရာအားလုံး ရှင်းပြချင်ပါရဲ့။ ဒါပေမဲ့ ကိုယ်ဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မသေချာတာကြောင့် မပြောဖြစ်တော့ပါဘူးလေ။


'Yea, Yea, ကျေးဇူး။ ကိုယ်အသင့်ဖြစ်နေပါပြီကွ'


ကျွန်တော် boxer ဘောင်းဘီတို တစ်ထည်မြန်မြန်ကောက်စွတ်၊ ခါတိုင်း ၀တ်နေကျ skinny jeans အစား ခပ်ပွပွ ဂျင်းတစ်ထည်ကိုဝတ် လိုက်ပါတယ်။ ဒါမှ ကြီးထွားလာတဲ့ပစ္စည်းဟာ နေရတာအဆင်ပြေမှာ။ အ၀တ်တွေ အမြန်လဲပြီး အခန်းတံခါးဖွင့်လိုက်တော့ တောင် တောင်အီအီ စဉ်းစားရင်း အပြင်က စောင့်နေတဲ့ အောင်ဇော်က ဘာလဲဆိုတဲ့မျက်နှာနှင့် ကျွန်တော့်မျက်ဝန်းတွေကိုကြည့်ရဲ့။ ခါတိုင်း ဘောင်းဘီဆို ဒီလိုဝတ်မှဆိုတဲ့ ကျွန်တော့်ပုံစံပြောင်းနေခြင်းကို စူးစမ်းတာ။ ကျွန်တော်တို့က အားလပ်ရက်ဆို မြို့ထဲသွားမွှေနေကြလေ။ ပြီးတော့ ပျော်စရာလေးတွေ ဖန်တီးရင်းပေါ့။ ကိုယ့်ကိုယ်ကိုယ်တော့ အရင်တုန်းကအတိုင်း မပြောင်းလဲဘူးလို့ ခံစားရတာပဲ။ ဒါပေမဲ့ ပေါင် ကြားက ညီဘွားအကြောင်း အာရုံရောက်မိလေတော့ ကိုယ့်နဂိုမူလဆိုဒ်ကို သံသယဖြစ်မိပါတယ်။


'ညီညီ ဒီရုပ်ရှင်ရုံထဲသွားရအောင်'


အောင်ဇော်ကတော့ ဒါမျိုးဆိုတတ်တယ်။ ကျွန်တော်လည်းတွေးမိပါရဲ့ နေရာကောင်းတစ်ခုမှာ အာရုံပြောင်းဖို့။ ကျွန်တော်တို့ ရုပ်ရှင်ရုံ တွေတန်းစီနေတဲ့အထဲက ဒုတိယမြောက် gay porn တွေကိုပြနေတဲ့ ရုပ်ရှင်ရုံထဲ လတ်မှတ်ဖြတ်ပြီး ၀င်လာခဲ့ပါတယ်။ ကျွန်တော်တို့ ခါတိုင်းလုပ်နေကျအတိုင်း တစ်နေရာစီခွဲထိုင်လိုက်တယ်လေ။ ကိုယ်တွေကို စိတ်ဝင်စားလို့ ဇာတ်လမ်းစချင်ရင် အဆင်ပြေဖို့ တစ်ယောက်ကိုတစ်ယောက်မြင်နေရမဲ့ ခုံတစ်ခုစီမှာ ခွဲထိုင်လိုက်ကြတာ။ နည်းနည်း အသက်ကြီးတဲ့ လူလတ်ပိုင်းလောက် လူ တစ်ယောက် အောင်ဇော့်ဘေးမှာထိုင်ကာ မြူတော့ အောင်ဇော်သူ့ပစ္စည်းကို ဘောင်းဘီအပြင်ကိုထုတ်လိုက်တယ်။ သူက အသက် ၁၉နှစ်လောက်နှင့် ၇လက်မနီးပါးငပဲပိုင်ဆိုင်ရတာကို ဂုဏ်ယူနေတာလေ။ သူဘယ်တော့မှ ပြဿနာမဖြစ်ပါဘူး တခြားလူတွေကိုဆွဲ ဆောင်တာမှာ။ သူ ကျွန်တော့်ဘက်ကိုလှည့်ကြည့်တော့ မျက်လုံးတွေဝိုင်းသွားတယ်။ ဘာကြောင့်ဆို ကျွန်တော့်နံဘေးမှာ ထိုင်နေသူက ပိုများတာကိုး။


ကျွန်တော် ချောင်ကျကျနေရာကိုရွှေ့ထိုင်လိုက်တယ်။ ပြီးတော့ အောင်ဇော်လုပ်တဲ့အတိုင်း ကျွန်တော်လုပ်ဆောင်လိုက်တာပေါ့။ ကျွန်တော့်နဂိုမူလဆိုဒ်က အောင်ဇော့်ထက် တိုပြီး ပုံမှန် ၆လက်မ၀န်းကျင်ပဲရှိခဲ့တာ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော်ပိုပြီး ယုံကြည်မှု ရှိနေပြီ။ ဂျင်းဘောင်းဘီကို အသာဇစ်ဖွင့်ပြီး လက်လျှိုထားတော့ ဘေးက လာထိုင်သူက ကျွန်တော့်ပေါင်ကို ပွတ်သပ်ကိုင်တွယ်ရင်း ငပဲကိုစမ်းတယ်။ သူ့နှုတ်ဖျားက အသံကျယ်ကျယ်ထွက်သွားရတာပေါ့။ 'အိုး....အထွားကြီးပဲ'


ခဏတွင်းမှာပဲ သူ..ကျွန်တော့် ဘောင်းဘီဇစ်ကိုဖွင့် ငပဲကိုအပြင်ထုတ်ကာ အားပါးတရကိုင်ပါတော့တယ်။ နောက်ဆုံး အဲဒီသူကပဲ ကျွန်တော့်ငပဲကို မှုတ်တာ ကွမ်းသီးခေါင်းကို သူ့စိတ်ကြိုက် ပါးစပ်ထဲသွင်းနိုင်ပြီး တစ်ခုလုံးကိုတော့ မနိုင်ဝန်ထမ်းချင်စိတ်မရှိ။ ဘာပဲ ဖြစ်ဖြစ် အဆိုပါလူရဲ့ အစုတ်အမှုတ်ကျွမ်းမှုကြောင့် သိပ်မကြာဘဲ ပါးစပ်အပြည့်ပန်းထုတ်ပစ်လိုက်တယ်။ တစ်စက်မှမကျန် လျှာဖြင့် သူလျက်သပေါ့။


ကျွန်တော် ဘောင်းဘီကိုဆွဲဝတ်ပြီး ထလာလိုက်တယ်။ အောင်ဇော်လည်း မကြာခင်မှာ လိုက်လာတာပေါ့။ 'မင်းသိပ်စွံတာပဲ ညီညီ၊ မင်းဘေးမှာ လူတွေဝိုင်းနေတာပဲ'


စကားဆက်မလိုလုပ်ပြီးမှ ကျွန်တော့်ဂျင်းဘောင်းဘီထဲက သိပ်မပျော့သေးသောပစ္စည်းကိုကြည့်ကာ ရပ်တန့်သွားပါတယ်။ ကျွန်တော်နှင့် အောင်ဇော်တို့က လိင်ဆက်ဆံဖက်မဟုတ်ပေမဲ့ တစ်ယောက် ခန္ဓာကိုယ်ကို တစ်ယောက်က အစိမ်းသက်သက်မဟုတ်ပါဘူး။ man to man sex ကိုနှစ်ဦးစလုံးကြိုက်နှစ်သက်ကြတယ်ဆိုတာ သိရှိကြပြီး သူငယ်ချင်းတွေဖြစ်ခဲ့ကြတာ ကာလကြာခဲ့သလို အခုအသက် ၁၉ နှစ်မှာ အချိန်အတူဖြုန်းတာလည်း မကြာခဏပါပဲ။ အပြင်လောကကိုထွက်ပြီး လိင်ကိစ္စအတွက် ပါတနာရှာတော့လည်း အတူတူ။


'ဘာ...ဘာဖြစ်တာလဲ?' အောင်ဇော် အလန့်တကြားအော်တယ်။ ကျွန်တော်အားလုံးရှင်းပြရတာပေါ့ ဒီနေ့မနက်ဖြစ်ပျက်ခံစားခဲ့ရတာ တွေကို။


ကျွန်တော်ပြောတာတွေကိုနားထောင်ရင်း သူအားမလိုအားမရဖြစ်လာဟန်ဖြင့် ကျွန်တော့်ဘောင်းဘီပေါ်ကနေ အသာစမ်းကြည့်တယ်။ ပြီးတော့ သူ့မျက်နှာပေါ်မှာ သဘောကျဟန် အမူအရာပေါ်လာရော။ ဟိုအရင်အချိန်တချို့က ကျွန်တော်ကသာ သူ့ရဲ့ထွားကျိုင်းမှုကို အားကျနေခဲ့ရတာမဟုတ်ဘူးလား။ အခု ကျွန်တော့်ရဲ့ပြောင်းလဲမှုအတွက် သူ တစ်မျိုးတမည်ထင်ပြီး သဘောကျနေတာဖြစ်မှာ။


'မင်း....၂စီစီလား ၃စီစီလား? ဘယ်နားသွားလုပ်ခဲ့တာလဲကွ ? ငါက အော်နော် ဟဟ'


'မရယ်နဲ့ကွာ...ဒါ သူ့ဘာသာ အလိုလို မနက်အိပ်ယာနိုးတော့ ဖြစ်နေခဲ့တာ'


ကျွန်တော့်လို ကျောင်းသားတစ်ယောက်အဖို့ ဒီလိုဆေးသွားထိုးတာမျိုး၊ ခွဲစိတ်တာမျိုးတွေ သွားလုပ်ရအောင်တတ်မှမတတ်နိုင်ခဲ့တာပဲ။ ပြီးတော့ အဲဒီလို ဆေးထိုးပေးတယ်ဆိုတာ တရားဝင်မှ မဟုတ်တာ။ တက်တူးထိုးသလို ဘယ်သူကတော့ လက်ရာကောင်းတယ်ဆိုပြီး သွားကြရတာမဟုတ်လား။ အခန့်မသင့်ရင် အဆမတန်ကြီးပြီး ယောက်ျားဘ၀တောင်ဆုံးသွားနိုင်တယ်။


'ငါ....ငါ ရှက်နေတာကွ...ပြီးတော့ ခါတိုင်းလို အရာရာမှာ မရဲသလိုပဲ'


'ညီညီကလည်း မင်းပစ္စည်းနဲ့ဆို အဖြူကောင်တွေအကြိုက်ဖြစ်မှာပေါ့။ မင်းပဲ ကျောင်းက Jason တို့အခန်းထဲက Alex ကိုသဘောကျ တယ်ဆို'


'အောင်ဇော်....မင်းဟာလေ ငါ့အကြောင်းသိရဲ့သားနဲ့ သဘာဝအတိုင်းမဟုတ်တဲ့ ကိစ္စဆို ငါဘယ်မှာအသားကျတတ်လို့လဲ'


ကျွန်တော်တို့ ရုပ်ရှင်ရုံထဲကအထွက် ကျွန်တော့်အခန်းကိုပဲပြန်ဖို့ဆုံးဖြတ်ပြီး Coke ဘူးအချို့နှင့် အာလူးကြော်ထုပ်တွေ ၀ယ်ပြီး အပြန် လမ်းကိုရွေ့ခဲ့ကြတယ်။ အခန်းကိုရောက်တော့ နောက်နေ့ကျောင်းစာတွေအတွက် ပြင်ဆင်၊ အိမ်စာအတွက် ဖတ်စရာမှတ်စရာ ရေးစရာ တွေကို လုပ်ဆောင်ပြီးသကာလ ထုံးစံအတိုင်း ကျွန်တော်က ညနေစာချက် အောင်ဇော်က ၀ိုင်းကူသလိုလုပ်ပြီး ကွန်ပျူတာသုံးကာ အွန်လိုင်းပေါ်တက်လေရဲ့။


ခဏနေတော့ မွေ့ယာပေါ် အသာလှဲရင်း စာဖတ်နေတဲ့ ကျွန်တော့်နားကို အောင်ဇော်ကပ်လာတယ်။ ဘေးမှာ သူ အသာဝင်လှဲရင်း ည အိပ်ဘောင်းဘီပါးကြောင်း ပေါင်ကြားက ခုံးထနေတဲ့ ကျွန်တော့်ငပဲကို လက်နှင့် အသာပွတ်သပ်ရင်း ကိုင်တွယ်ပါရော။ သူ့မျက်လုံးတွေ ဟာ တဖြည်းဖြည်းတောက်ပလာသလို အရောင်တစ်မျိုးစွန်းလာရဲ့။ နေ့လည်က ရုပ်ရှင်ရုံမှာ ပြီးခဲ့တာကြောင့် သိပ်မမာသေးတာတောင် ညီဘွားက အတော်ထွားနေတာ အခု သွားစနေပြန်ပြီလေ။ အား....လက်ဖ၀ါးရဲ့ နုညံ့မှုကြောင့်ရော ဘောင်းဘီစရဲ့ ပွတ်သပ်မှုကြောင့်ပါ ကျွန်တော့်ပစ္စည်း တဖြည်းဖြည်းခေါင်းထောင်ထလာတာ ဘောင်းဘီပေါက်ထွက်မတတ်ပါပဲ။ ဘောင်းဘီကို တဖြည်းဖြည်းလျှောချွတ် ပေါ် လာတဲ့ ငပဲကြီးကို သူ အားရပါးရကိုင်ကာ နှုတ်ခမ်းလွှာတွေထဲ သွင်းလိုက်ပါတော့တယ်။


'မင်းမနာဘူးလား ညီညီ...တစ်ခုခုလုပ်ထားတဲ့လူဆို သေလောက်အောင်နာနေဦးမှာ'


ဟင့်အင်....ကျွန်တော်မနာပါဘူး။ သူ့ရဲ့လျှာတွေ အာတွေထဲ မဆံ့မပြဲတိုးဝင်ထွက်နေတာ ဖီလင်အတော်ကောင်းတယ်။ ကွမ်းသီးခေါင်း ကိုပဲ အောင်ဇော်ချိုချဉ်စုပ်သလို တပြွတ်ပြွတ်စုပ်နေတာ။ ထိပ်ပေါက်ဝလေးကို လျှာဖြင့်ကလိရင်းပေါ့။ ကျွန်တော် သာယာနေရာကနေ မျက်စိကို ဖွင့်ကြည့်လိုက်တာ ကိုယ့်ပစ္စည်းကိုယ်ပြန်မြင်လိုက်ရတဲ့ခဏ ရင်ထဲကြောက်လန့်စိတ်တွေဝင်လာပြီး ထထိုင်လိုက်ကာ ၀မ်းပန်း တနည်းငိုလိုက်မိပါတယ်။ ကျွန်တော်....ကျွန်တော် ကိုယ်အင်္ဂါအစိတ်အပိုင်းဟာ ဘာကြောင့်များ ဖန်ဆင်းလိုက်သလိုပြောင်းလဲသွားရတာ လဲ ဘယ်လိုမှ လက်မခံနိုင်ဘူးဖြစ်နေရတယ်။ အောင်ဇော် ဘောင်းဘီကိုပြန်ဝတ်ပေးကာ ကျွန်တော့်ကိုသူ့လက်မောင်းတွေနှင့် ပွေ့ဖက် ပြီး နှစ်သိမ့်ပါ၏။


'ဘာမှ မစဉ်းစားနဲ့တော့ ညီညီ...ဒီညငါ့အခန်းမပြန်ဘဲအတူနေပေးမယ်။ မင်း အသားကျသွားမှာပါကွာ'


ကျွန်တော်ခါတိုင်းလိုမဟုတ် တက်ကြွမှုမရှိတာကို သူသဘောမကျဘူးထင့် ရယ်မောစရာဖြစ်အောင် ဟာသတွေနှောပြီး ကျွန်တော့်စိတ် တွေ အနည်ကျအောင် သူကြိုးစားပါတယ်။ ဟူး....တော်ပြီကွာ ဖြစ်လာမှတော့ ဖြစ်တဲ့အတိုင်း အဆင်ပြေအောင်နေရမှာပေါ့။


'နက်ဖြန်ညနေ ကျောင်းချိန်ပြီးရင် Sauna သွားမလား?'


'သွားမယ်လေ....ငါ့ အခန်းကိုလာခဲ့ အောင်ဇော် စောင့်နေမယ်'


နှစ်ဦးသား စကားတပြောပြောနှင့် အိပ်မောကျသွားတာ ဘာမှမလုပ်ဖြစ်ကြတော့။ မနက်မိုးလင်းချိန်မှာ ကိုယ်စီလုပ်နေကျအတိုင်း ကျောင်းကိစ္စကိုပဲ ၀ဲလှည့်ကြပါတယ်။


ကျောင်းကအပြန် ကျွန်တော့်အခန်းမှာ အောင်ဇော် အလာကိုစောင့်ရင်း လိင်တံခွဲစိတ်မှုအကြောင်း ဆောင်းပါးတစ်ပုဒ်ဖတ်မိပါတယ်။ လောလောဆယ်စိတ်ဝင်စားနေရသောအကြောင်းမို့။ ဆွဲဆန့်တဲ့ကိရိယာတွေသုံးရင် ငပဲကတစ်ရှူးတွေ ပျက်စီးသွားနိုင်သတဲ့။ ဆာဂျရီ လုပ်ဖို့ဟာ US လိုနိုင်ငံမျိုးမှာတောင် ကိန်းဂဏန်းက အများကြီးကုန်မှာ မွဲကျောပဲ။


'ဟေ့...ညီညီ Sauna သွားစို့'


ကျွန်တော့်စိတ်တွေက ပြောင်းလဲမှုမှာ အသားကျဖို့လိုအပ်တယ်။ ဒီတက္ကသိုလ်မတက်ချင်လို့ တခြားတက္ကသိုလ်ပြောင်းလို့ရပေမဲ့ သူ့ အလိုလို ထူးဆန်းအံ့သြဖွယ်ရာပြောင်းသွားတဲ့ ကျွန်တော့်ညီဘွားအတွက်တော့ သဘာဝလို့ လက်ခံမိစေဖို့ ကြိုးစားရမှာပါ။


အသက်အရွယ်စုံလူတွေလာလို့ရတဲ့ နာမည်ကြီး gay sauna တစ်ခုကို ကျွန်တော်တို့သွားကြတာပါ။ မ၀င်မီ စားသောက်ဆိုင်စီ ဦးဆုံး ၀င်ကြတာပေါ့။ ကျွန်တော်ကတော့ ခါတိုင်းလို စတိုင်လ်ထွားပဲများမနေမိဘဲ အောင်ဇော်နောက်က တိတ်တဆိတ်သာလိုက်သွားဖြစ်ပါ တယ်။ အလင်းရောင် သိပ်မကွဲတဲ့ ရေနွေးငွေ့တွေထောင်းထောင်းထနေတဲ့ အခန်းထဲ။ တစ်ယောက်ကိုတစ်ယောက်မြင်ဖို့ဆို အလင်း ရောင်က နည်းပေမဲ့ အထိအတွေ့နဲ့တော့လှုပ်ရှားလို့ရပါတယ်။ ခါးမှာပတ်ထားတဲ့ တဘက်ကို ပခုံးပေါ်တင်ပြီး ဟိုစုစု ဒီစုစုလူတွေကြား ထဲ တိုးဝင် ကာ ချောင်ကျကျဘက် တိုးဝင်ခဲ့ပါရဲ့။ ဒီနေရာမှာ လူတွေက လက်တွေနှင့် နေရာအနှံ့ကိုင်တွယ်ရွေးချယ်ကြပါတယ်။ ကျွန်တော်လည်း မသိမသာ နံရံအနားမှာ မှီရပ်ရင်း တစ်ယောက်ယောက်လာစမ်းတာကို ခွင့်ပြုဖို့စောင့်နေဖြစ်ပါရော။ ကျွန်တော့်စီကို ဦးတည်ပြီးလာနေတဲ့ လူတစ်ယောက်နားသွားလိုက်တော့ အဲဒီလူက ပျော့နေဆဲ ကျွန်တော့်ငပဲကို ကိုင်ကာ အသက်ရှူမှားရင်း 'ဘာကြီး ပါလိမ့်?' လို့ပြောဆိုသံကြားရပါတယ်။ လူအတော်များများလာကိုင်တာကို ခွင့်ပြုပြီးမှ နောက်ဆုံး စိတ်ပျက်လာကာ ရေနွေးစိမ်ကန်ကြီး ဘက်ထွက်လာခဲ့ပါတယ်။


ဘော်ဒီရှိုးကြာရှည်ပြမနေဘဲ ရေနွေးစိမ်ကန်ထဲ ဆင်းတဲ့ခဏပေါင်ကြားက ငပဲခတ်မတ်မတ်နှင့် အလန်းစားဘဲတစ်ပွေ ကျွန်တော့်နောက် ကိုသိပ်မကြာခင်မှာ လိုက်လာပါတယ်။ အဲဒီလူက ကျွန်တော့်ပစ္စည်းအတော်ထွားမှန်း သိနေခဲ့တယ်ထင်ပါ့။ ကျွန်တော့်စိတ်ထဲနည်းနည်း ပျော်ရွှင်လာသလိုပဲ။ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိယုံကြည်လာတယ်။ ရေနွေးစိမ်ကန်ဘောင်ပေါ် အသာထိုင်နေလိုက်တော့ လိုက်လာတဲ့ဘဲက နံဘေးမှာထိုင်ရင်း သူ့လက်အစုံနှင့် ကျွန်တော့်ငပဲကိုဆွပြီး ကစားပါရော။ တဖြည်းဖြည်းထွားလာတဲ့ငပဲကိုကြည့်ရင်း သူ့မျက်လုံးတွေဝိုင်းလာပါတယ်။


'အိုး....ထွားလိုက်တာ'


ကျွန်တော်မတ်တပ်ရပ်လိုက်ပါတယ်။ ကျွန်တော့်ငပဲဆိုဒ်ဟာ သူထင်ထားတာထက်ထွားတယ်ဆိုတာ သိပ်မမာသေးပေမဲ့ မြင်သာနေပါပြီ။ ရေနွေးငွေ့တွေဝဲနေတဲ့ အခန်းထဲ ကျွန်တော်ပြန်ဝင်လာလိုက်ကာ ခြေဆန့်လက်သာရှိတဲ့ အခင်းခင်းထားတဲ့ကြမ်းပြင်ပေါ် စိတ်ဝင်စားစွာ လိုက်လာတဲ့ လူနှင့်အတူလှဲလိုက်ပါတယ်။ မလှမ်းမကမ်းနားမှာ အလကားထားပေးထားတဲ့ ကိုယူ ငပဲကိုစွပ်ကာ ဘေးတစောင်းနှင့် သူ့ ခရေ၀ကို ကျွန်တော့်ငပဲနှင့် ဖိတော့ အညှာအတာမရှိ ဖိသွင်းပစ်ပါ၏။ ကျွန်တော့်ဆောင့်သွင်းချက်တိုင်း သူအားရပါးရအော်ကာ ရင်ဘတ် ကို တွန်းပေမဲ့ အကြင်နာမဲ့လိုက်ပါတယ်လေ။ မိနစ်အတော်ကြာသည်အထိ ခပ်ကြမ်းကြမ်းကျွန်တော့်ပြုစုချက်ကြောင့်ထင့် တို့လို့တန်း လန်းမှာ သူ 'အ...အ...နာတယ်...တော်ပြီ' ဆိုပြီး ရုန်းကန်ကာ ထသွားတာပေါ့။


နာရီဝက်လောက်ကြာသည်အထိ ကျွန်တော် ဆုံးခန်းတိုင် ဇာတ်မသိမ်းရသေးပါ။ လူနှစ်ယောက်၊ သုံးယောက်လောက်ပြောင်းသည်အထိ သူတို့လိုအင်သည် ကျွန်တော့်ပစ္စည်းဆိုဒ်နှင့် သဟဇာတမဖြစ်။ အဖြူကောင်တွေနှင့် မတွေ့ရတာနာတာပဲ။ အား...စိတ်ညစ်လာပြီ သူများ တွေ ငပဲဆိုဒ်ကြီးလို့ အဆင်မပြေဖြစ်တာ ပြောသံသိပ်မကြားရဘူး ကျွန်တော်ပဲ အထူးတဆန်းဖြစ်နေတာ။ ကျွန်တော် နောက်ထပ်လူတွေ လာပြီး ဇာတ်လမ်းဆင်ပေမဲ့ စိတ်မပါတော့တာကြောင့် တဘက်ကိုခါးမှာပတ်လိုက်ကာ တခြားသူတွေလှုပ်ရှားနေတာကို မသိမသာ အရိပ် အခြည်ကြည့်ပြီး အာသာဖြေရတော့တာပေါ့။


ငနဲကြီးတစ်ပွေ ကုန်းကုန်းကွကွနဲ့ ခံနေပုံများ အားရစရာကောင်းသေး။ နောက်က ပို့နေတဲ့ ကောင်လေးကလည်း နွားသိုးကြိုးပြတ်သည့် အလားပါ။ ရှေ့က ငနဲကြီးရဲ့တင်ပါးကိုဖြဲ သူ့ငပဲကိုနှဲ့ပြီးသွင်းကာ အထုတ်အသွင်းလုပ်နေတာ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်တော့ဘူး လေ။ Oh My God! သောက်ရမ်းသန်တဲ့ ကောင်လေးပါလား ရှေ့ကငနဲကြီးခမျာ ပါးစပ်ကိုဟပြီး အသံတောင်သိပ်မထွက်နိုင်ဘူး။ ကြည့် ရင်း. ....ကြည့်ရင်း ကျွန်တော်ကိုယ်တိုင် climax ဖြစ်ချင်လာသလို ငပဲထဲကအကြောတွေ တဆတ်ဆတ်ခုန်သွားတယ်။ ဒါပေမဲ့ ကျွန်တော် အောင်ဇော် ကို လိုက်ရှာဦးမှပါဆိုပြီး အပြင်ခန်းတွေစီ လျှောက်လာတော့ အလွန်ချစ်စရာကောင်းတဲ့ငနဲလေးနှင့် ဇာတ်ရှိန်မြင့်နေတာကို တွေ့လိုက်ရပါ တယ်။ အဲဒီကောင်လေးလည်း အောင်ဇော့် တင်ပါးအိအိတွေထဲ ညီဘွားခပ်တုတ်တုတ်ကို အထုတ်အသွင်းခပ်သွက်သွက် လုပ်နေတာများ အောင်ဇော့်မျက်နှာက ပြုံးနေသလားမသိ။ ၁၀မိနစ်လောက်ကြာတော့ ခပ်အုပ်အုပ်အော်ညည်းသံနှင့်အတူ အောင်ဇော် တို့နှစ်ယောက် ဆန့်ငင်ဆန့်ငှင်ဖြစ်သွားကြတာ မြင်လိုက်ရပါတယ်။


ဟူး.....ကျွန်တော်ရပ်နေတာ အောင်ဇော်မြင်သွားချိန်မှာ အပြင်ကစောင့်မယ်လို့ လက်ဟန်ခြေဟန်နှင့်ပြပြီး ကျွန်တော်အ၀တ်လဲခန်းကို သွားခဲ့ပါတယ်။ ဂျင်းဘောင်းဘီဇစ်ကိုတပ် အတွင်းခံဘောင်းဘီထဲခွေနေတဲ့ငပဲကို သတိပြုမိရရင်းတွေးမိတာက မိမွေးတိုင်းဖမွေးတိုင်းကပါ လာတဲ့ ငပဲဆိုဒ်ကသာ ကျွန်တော့်အတွက် အဆင်ပြေပြီး လိင်မှုဘ၀မှာလည်း ပိုမိုသာယာခဲ့ရသလိုပါ။ အောင်ဇော်နဲ့သူ့ငနဲလေး အတူ လာရင်း အ၀တ်လဲနေကြကာ လိပ်စာကဒ်တွေလဲလှယ်နေကြပြီးမှ ကျွန်တော့်ဆီလာပြီး မိတ်ဆက်ပေးပါတယ် အောင်ဇော်ကလေ။


နှစ်ဦးသား စကားမဆိုဖြစ်ဘဲ ကျွန်တော့်အခန်းရှိရာကို ပြန်လာဖြစ်ကြပါတယ်။ အောင်ဇော်က ကျွန်တော်အဆင်ပြေရဲ့လား၊ မင်းနဲ့အိုကေ တဲ့ပါတနာရခဲ့သလားတဲ့။ ကျွန်တော့်အကြိုက်ကို သိရဲ့သားနဲ့မေးနေပြန်ပြီ။ အနောက်တိုင်းသား အဖြူကောင်တွေနဲ့ဆက်ဆံဖို့ဆို ဘယ် တုန်းကမှ မနှစ်သက်ခဲ့တာပဲကို။ ကျွန်တော်နေတဲ့အခန်းဝထိလိုက်ပို့ပြီး အောင်ဇော်က 'good night!' ဆိုကာပြန်သွားပါတော့တယ်။ ကျွန်တော်တော့ ၀တ်ထားတဲ့ အ၀တ်ဟူသမျှကို ချွတ် ရေချိုးခန်းထဲဝင်ကာ တစ်ကိုယ်လုံးဆပ်ပြာမြှုပ်ဖွားဖွားပါအောင်တိုက်ကာ အချိန် အတော်ကြာရေချိုး ပစ်လိုက်ပါရဲ့လေ။


'၀ါး...' တနေကုန် သောင်းကျန်းထားလို့ထင်ပါရဲ့ အ၀တ်အစားလဲလှယ်ပြီး ခုတင်ပေါ်သက်သောင့်သက်သာ လှဲလျောင်းလိုက်တာနှင့် အိပ်ချင်စိတ်က ဖြစ်လာတော့တာပဲ။ အခန်းပြတင်းကိုလှမ်းကြည့်လိုက်တော့ ကောင်းကင်ကို ဟိုးခပ်ဝေးဝေးမှာတွေ့ရတယ်။ နီယွန် မီးရောင်တွေကသာ ကျွန်တော်နှင့် နီးကပ်နေတာ။ အခန်းနံရံက မီးခလုပ်ကိုပိတ် မျက်လုံးများကို မျက်ခွံတွေနှင့်လွတ်လပ်စွာ ပိတ်စေ လိုက်ပါတယ်။


'ဒေါက်..ဒေါက်' အခန်းထဲ ဘယ်သူလမ်းလျှောက်နေတာလဲ ပြတင်းတွေရော အခန်းတံခါးတွေကော သေချာသော့ခတ်ထားတာပဲဟာ။ ကျွန်တော့်မျက်ခွံတွေကလေးနေလိုက်တာ အိပ်ချင်စိတ်က ပိုကဲနေတာကြောင့်။ ခြေသံက ကျွန်တော်ရှိရာကိုလာနေတာပဲဗျ။ နံဘေးဘီရို ပုပေါ်က မီးခလုပ်ကို လက်နှင့်အသာစမ်းပြီးဖွင့် လူလည်း ရုတ်တရက်ထရပ်လိုက်တာ ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်သွားရပါရော။ နံရံ ပေါ်ကပ်ထားတဲ့ ဓာတ်ပုံထဲက မော်လ်ဒယ်အရှင်လတ်လတ် ကျွန်တော့်ရှေ့မှောက်ရောက်နေတာဗျ။ သူ့မျက်နှာက ကျွန်တော့်ကိုတပ် မက်တဲ့ အကြည့်တွေနှင့် မြှူဆွယ်နေပြီ။ ခပ်လျော့လျော့အိပ်ယာပေါ်လှဲနေတဲ့ ကျွန်တော့်စီ သူတွားပြီးတက်လာတယ်။ ရင်တွေအရမ်းခုန် လာတယ် ခပ်ဖွဖွ ကျွန်တော့်ခြေဖျားတွေကနေတစ်ဆင့် ပေါင်ခြံဆီအနမ်းပေးနေတာ။ သွေးကြောတွေထဲက တဆတ်ဆတ်တုန်လာတဲ့ အထိ သူဘယ်လိုများ ခံစားစေပါလိမ့်။ ကျွန်တော့်ညီဘွားဟာ တဖြည်းဖြည်းနှင့် ထွားကြိုင်းမတ်ထောင်လာပါတယ်။ ကျွန်တော့်ရွှေဥ တွေကို တစ်လုံးခြင်းငုံစုပ်တယ်၊ ပြီးတော့ ခပ်ထွားထွား ညီဘွားကို သူ့အာခံတွင်းထဲအရောက်သွင်းပါရဲ့။ ကွမ်းသီးခေါင်းကို လျှာနှင့် ဝေ့ ၀ိုက်လိုက် ငပဲတစ်ခုလုံး သူ့လည်မျိုထဲထိ နှဲ့သွင်းလိုက် ဖီလင်အတော် good တယ်။ လက်တစ်ဖက်ကလည်း ကျွန်တော့်ရွှေဥတွေကို ဆက်လက် ပွတ်သပ်သေးတာ။ 'အိုး....အာ...ရှီး 'တစ်နေကုန် စုထားသမျှ အခုသူ့လက်ထဲမှာ အဆုံးသတ်တော့မယ်။ လည်မျိုထဲထိ ငပဲ ကိုသွင်းသွင်း ပြီး ကစားပေးတာလေဗျ။ 'မင်းဆီငှားထားတဲ့ဟာ ငါပြန်ယူတော့မယ်' ဘာပြောတာလဲ? '..အ....အား...အ' သူ့ပါးစပ်ထဲကို ရေပိုက်နှင့်ပန်း သည့်အလား သုတ်ရည်တွေကို အားရပါးရသွင်းလိုက်ပါတယ်။ ဒါကို သူမကျေနပ်နိုင်သေးပဲ ဆက်ပြီးစုပ်မျိုနေသေးတာ။ နည်းနည်းအချိန် ပိုကြာလာသလားဆိုပြီး ကျွန်တော့်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ ကျွန်တော့်ငပဲကို သွားထက်ထက်တွေနှင့် ကိုက် 'အား....!!!'


'ဒုန်းဒုန်း...ဒုန်းဒုန်း'


'ညီညီ...ညီညီ မနိုးသေးဘူးလားကွ? မင်းပြောတော့ မနက် ၁၀နာရီဆို အသင့်ပြောပြီး'


'ခဏ...ခဏ ငါလာပြီ'


အိပ်ယာပေါ်က အမြန်ထ ဘောင်းဘီတို တစ်ထည်ကောက်စွတ်ပြီး အခန်းတံခါးကို သွားဖွင့်လိုက်ပါတယ်။ အောင်ဇော်ရယ် ကျောင်း ကြောပိုးအိတ်နှင့် ကသောကမျောဝင်လာပြီး အိမ်သာဘက်ကို လှမ်းကြည့်ရင်းပါလာသမျှ ကုတင်ပေါ်ပစ်တင်ကာ ၀င်သွားပါရဲ့။ အိမ်သာ ထဲမှ ပြန်ထွက်လာပြီးနောက် ဘာမှ အသင့်မဖြစ်သေးတဲ့ ကျွန်တော့်ကိုကြည့်ကာ

'အမ်...ကြမ်းပြင်ပေါ်မှာလဲ နံရံက ဓာတ်ပုံရောက်လို့ ပြီးတော့ အရည်ပျစ်တွေ....မင်းစောစောစီးစီး ဟိ'


'မှန်းစမ်းပြ...မင်းပစ္စည်း....မင်းပစ္စည်း'


'ဘာမှမဖြစ်ဘူး အမေမွေးကတည်းကအတိုင်းပဲ'


'ဒါဆို....'


Alex Aung (4 April 2011)

Saturday, July 1, 2017

Penis Injection Risks - ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ


ယောက်ျားလေးတွေသဘာဝအရ မိမိမွေးရာပါလိင်အင်္ဂါရဲ့အရွယ်အစားနဲ့ စွမ်းဆောင်ရည်အပေါ် အရည်အသွေးထပ်တူသဘောမျိုး စဉ်းစားလက်ခံတတ်ကြတာများပါတယ်။ ထွားကြိုင်းမှသန်မာမယ် လိင်ကိစ္စမှာအကျိုးပိုထူးမယ်လို့မှတ်ယူတတ်ကြတာကိုးနော်။ ကျွန်တော် ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးတွေရဲ့ ဆန်းစစ်ချက် လေ့လာချက်ဆောင်းပါးတွေကိုလည်း ဖတ်ခဲ့ဖူးတယ် ဆက်စပ်မိရင် စကားပြောမေးမြန်းကြည့်တယ်။ ပြီးတော့ တိုးတက်ပါပြီဆိုတဲ့ အမေရိကက ဆရာဝန်ကြီးများရဲ့ လေ့လာတွေ့ရှိချက်တွေကို ဖတ်ရှုမိရပြန်တော့ အွန်လိုင်းကနေကြေငြာတဲ့ အမျိုးသားများစိတ်ဝင်စားတတ်တဲ့ကိရိယာတွေ သောက်ဆေး လိမ်းဆေးတွေကို တကယ်အာမခံချက်ရှိလားလေ့လာကြည့်ပြန်တော့ ညာတာကခပ်များများပါ။ ဆေးထိုးဖို့မလိုသူကို မိုးရေထိုးပေးပြီး နှစ်သိမ့်ရသလိုမျိုးဆေးတွေများပါတယ်။ ဒီကိစ္စကလည်း စီးပွားရှာလို့ကောင်းတဲ့အနေအထားဆိုတော့ အမျိုးသားများစီက အလုံးအရင်း ရတဲ့ငွေကြေးတွေက မက်စရာကိုးနော်။

ထုကြီးလာအောင်သောက်တဲ့ဆေးတို့၊ရှည်လာအောင်လေ့ကျင့်တဲ့ကိရိယာတွေပြောင်းတွေ အို…အများကြီးပဲရောင်းကောင်းလိုက်တာ များမှများ။ ထိုးဆေးတဲ့ အံကိုက်ဖြစ်တဲ့အခြေအနေရှိသူများကို ဓာတ်ပုံရိုက်ပြပြီးကြေငြာတာလား နဂိုထွားကိုယ်တော်တွေပုံကိုရိုက်ပြီး ပိုက်ပိုက်ပေးပြီး ညာခိုင်းကြေငြာတာလား မစဉ်းစားနိုင်ကြပြီ။ အပြာကားတွေထဲကမင်းသားတွေဆိုတာ သေချာလူရွေးချယ်ပြီးရိုက်ကူး ထားကြတာပါ။ အဆမတန် ဖောင်းကားလာလို့ မရပ်တန့်တော့လို့ ဆီးသွားမရတော့လို့ အလိုလေး အဘလေးအော်နေရသူများရဲ့ ဓာတ်ပုံများကြတော့ မဖော်ပြပါလား။

အခု ခါတိုင်းလိုပါပဲ ကျန်းမာရေးအမေးအဖြေတွေကို ကူးယူနေကြ အမေရိကရောက် ဆရာကြီးဒေါက်တာတင့်ဆွေရဲ့ Facebook ပေ့ခ်ျကနေ “ကျားအင်္ဂါဆေးထိုးတဲ့အန္တရာယ်တွေ” အမေးအဖြေလေးကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။ ဆေးထိုးသမားလုပ်ဖို့ စဉ်းစားနေသူများဖတ်ကြည့်ဆင်ခြင်ပေါ့နော်။
ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေမနည်းပါ။ အများဖတ်အောင်တင်သင့် မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေကြာပါပြီ။ အပြစ်တင်ချင်သူတွေက ကျွန်တော့်ကိုသာတင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေကများမှာမို့ အရင်ရေးထားတာကို (အများကြီးမွမ်းမံပြီး) တင်ပါရစေ။ ပို့လာတဲ့ဓါတ်ပုံတွေတော့ မတင်တော့ပါ။

(၁) ဘယ်သူမှမပြောပဲ မိမိဘာသာလမ်းဘေးကဆိုင်တွေမှာ ကိုယ့်ဘာသာ ဆေးထိုးအပ်သွားဝယ်ပြီး၊ လမ်းဘေးဆိုင်က ငနဲတွေထိုးပေးတယ်ဆိုလို့ သွားထိုးလိုက်မိတယ်။ ကြားမိတာတော့ အဲဒီဆေးကို နည်းနည်းချင်းထိုးရတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် အဲဒီဆိုင်ကငနဲက ၂ ကြိမ်တောင်ထိုးပေးခဲ့ပါတယ်။ အဲဒီဆေးထိုးပြီးရင် လိမ့်ချေပေးရတယ်လို့ ပြောပါတယ်။ အဲဒီလိုမချေပေးရင် ဆေးတွေဟာ တစ်နေရာထဲကို ခဲသွားတယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ လှိမ့်ပြီး ချေနေပါတယ်။ ချေပေးတဲ့အခါ လိုအပ်တယ်လို့ ထင်မိပါတယ်။ နောက်ပြီး ဆေးထိုးလည်း များသွားပုံရတယ်။ ဆေးတွေက တစ်ဖြည်းဖြည်းများသလိုပဲ ဖီးကြမ်းငှက်ပျောသီးထက် ပိုကြီးလာပါတယ်။ ဆေးတွေက တပြင်လုံးအပြင် အရှေ့က အရည်ပြားထဲအထိ ဝင်လာပြီး ထိပ်ကိုဖွင့်လို့မရတော့ဘူး။ နောက်ဆုံး တဖြည်းဖြည်း ဆီးပေါက်တဲ့ အပေါက်ကို တော်တော်နဲ့ ဖွင့်မရတော့ဘူး ဖြစ်လာတယ်။

အဲဒါနဲ့ ကြောက်ပြီး ဆရာဝန်ဆီသွားပြ ဆေးခန်းတစ်ခုမှာ ခွဲဖို့ ပြင်လိုက်ပါတော့တယ်။ တစ်ဖြည်းဖြည်း ခဲခဲလာပါတယ်။ ဆေးတွေထုတ်တဲ့ရက်က ဆေးထိုးပြီး ၃ ရက်မြောက်နေ့ ဖြစ်ပါတယ်။ အဲဒီမှာ ဆရာဝန်က ထုံဆေးပေးပြီး ဆေးတွေကို ထုတ်ပေးပါတယ်။ တစ်ချို့တွေ ကျန်လိမ့်မယ်လို့လည်းပြောပါတယ်။ အဲဒီမှာ ခွဲစိတ်နေတုန်း ထုံဆေးကပြေချင်လာပါတယ်။ အဲဒီတော့ ဆရာဝန်က အမြန်အမြန် ချုပ်လိုက်ပုံရပါတယ်။ ပုံထဲကအတိုင်းကို ဖြစ်သွားပါတော့တယ်။ အခု အဲဒီလိုဖြစ်တဲ့ နောက်ပိုင်း အိမ်ကမသိအောင် ဆေးရုံမှာမနေပဲ ခွဲပြီးပြီးချင်း အိမ်ပဲပြန်ခဲ့ပါတယ်။ ညှော်တော့ မိကောင်းမိခဲ့မယ်ထင်ပါတယ်။

အခု ကျွန်တော် အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့် မိန်းမက မခံစားနိုင်ဘူးဖြစ်နေတယ်။ အတူနေပြီးတိုင်းဖြစ်ဖြစ် မဆက်ဆံပဲ ထားတဲ့အခါဖြစ်ဖြစ် တစ်ချက်တစ်ချက် ဆေးခဲနေတဲ့ နေရာတွေက ကိုက်သလိုလို နာသလိုလိုလေး ခံစားမှု အသေးလေးတွေ ခံစားလာမိပါတယ်။ အဲဒီလို ကိုက်သလိုလိုဖြစ်လာတာက ဒဏ်ရာကျက်ပြီး ၁ နှစ်ကြာပြီးမှ ခံစားလာရတယ်လို့ ခံစားမိပါတယ်။ အဲဒါ ကင်ဆာဖြစ်နိုင်သလား။ နောက်ပြီး ဆေးတွေက ဆီးဖုံးအထိကော ကပ်ပယ်အိတ် (ခေါ်) ဝှေးစေ့ အိတ်ထဲမှာပါ ပြန့်ပြီးခဲနေပါတယ်။

Picture (C) မှာ ဖော်ပြတဲ့အတိုင်း ဆေးတွေရောက်နေတယ်။ အဲဒီလို ဖြစ်ခြင်းအားဖြင့် ကျွန်တော့်မှာ ကလေးကော ရနိုင်ပါ့မလားလို့လည်း သိချင်ပါတယ်။ နောက်ပြီး အဲဒီအထဲက ဆေးခဲတွေကို ခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ထုတ်လို့ကော ရနိုင်ပါ့မလား။ နောက်ပြီး Picture (B) မှာ ပြထားတဲ့အတိုင်း ပိုထွက်နေတဲ့နေရာက ကျွန်တော့်အတွက်ကော ဇနီးသည်အတွက်ပါ တအားအခက်ခဲဖြစ်နေလို့ အဲဒီနေရာကို ပလပ်စတစ် ဆာဂျရီလုပ်လို့ရနိုင်ပါ့မလား။

အဲဒီမှာ အမျှင်ကလည်း တစ်ခါတစ်လေ အတွင်းခံဝတ်တဲ့အခါ ဆွဲထားသလိုဖြစ်ပြီး နာနာနေတယ်။ အဲဒီအမျှင်လေးကို ဖြတ်ထုတ်လို့ကော ရနိုင်ပါ့မလား။ အကယ်၍ ဖြတ်ထုတ်လို့ရပါက ကလေးယူလို့ဖြစ်နိုင်ပါ့မလား။ Picture (D) က အမျှင်ကလေးကို ပြောတာပါ။ ဘယ်ဆရာဝန်နဲ့ ဘယ်လို ပြောပြရမလဲဆိုတာရယ် သိလို့ရနိုင်မလား။ ပလပ်စတစ်ဆာဂျရီ လုပ်လို့ရနိုင်ပါမလား။ ရနိုင်တယ်ဆိုရင် ကောင်းမယ်ထင်တဲ့ဆေးရုံကို လမ်းညွှန်ပေးစေလိုပါတယ်။

လက်လှမ်းမီသလောက် မလုပ်ကြအောင် သတိပေးကြစေချင်ပါတယ်။ အရပ်နည်းတွေ၊ အွန်လိုင်းကြော်ညာတွေကို မယုံကြပါနဲ့။ လူဖြစ်ရှုံးသွားကြသူတွေ မနည်းတော့ပါ။ သူများနိုင်ငံတွေမှာ အဲလိုယောက်ျားလိင်အင်္ဂါကို ဆေးထိုးလို့ ဘာတွေဖြစ်သလည်းဆိုတဲ့ သုတေသန သိပ်မတွေ့သေးပါ။ အဲလုပ်ကြတာ မြန်မာတွေမှာသာ များသလားမပြောတတ်ပါ။ မေးလာသူတွေထဲမှာ ထိုင်းမှာအလုပ်လုပ်နေသူထဲကလည်းပါတယ်။

ပုံမှာ ကျားလိင်အင်္ဂါကိုဆေးထိုးနည်း ပြထားပါတယ်။ အဲတာက လိင်အင်္ဂါကြီးဆေးထိုးဘို့ မဟုတ်ပါ။ တကယ့် ပန်းသေ ပန်းညှိုးဖြစ်နေသူတွေအတွက်သာဖြစ်ပါတယ်။ ဆေးထိုးအပ်ရှောင်ရမယ့်နေရာတွေကို အကြမ်းဖျဉ်းတွေ့ပါလိမ့်မယ်။

• ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က အင်္ဂါကြီးအောင် ဆေးထိုးထားပါတယ်။ ဆေးထိုးပြီးစကတော့ မကြာခဏဆိုသလို ဖောင်းလာလိုက် ပြန်ကျသွားလိုက် တခါတလေ အရမ်းကြီးနာကျင်နေတာတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ အဲ့လိုတွေမဖြစ်တော့ပါဘူး။ အဖျားပိုင်းမှာပဲ ဆေးထိုးထားတဲ့ အရည်တွေ စုနေတယ်နဲ့တူတယ် အဖျားပိုင်းမှာ ကြီးနေတယ်။ ထပ်ဖျားကို အောက်ဆွဲချလို့ မရဘူး။ ဆက်ဆံတာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဆီးပေါက်ရင် ဆီးကအကုန်မထွက်ပဲနဲ့ နည်းနည်းကျန်နေတယ်။ သုတ်လွှတ်ရင်လဲ ပန်းမထွက်ဘူး။ နည်းနည်းချင်း ကျတယ်။ ဒါကို ဖြတ်လိုက်ရမလား။ ဖြတ်ရင် အရင်လိုပြန်သေးသွားမလား။ ဖြတ်လည်းဖြတ်ချင်တယ်၊

• ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ဘာဆေးလဲတော့ မမှတ်မိဘူး။ ထိုးတာက ယိုးဒယား (မယ်ဆိုင်) မှာပါ။ ဖြတ်ချင်တယ်ဆိုတာက အရေပြားကိုပါ။ အရေပြားလှန်လို့မရရင် အန္တရာယ်ရှိတယ်ထင်လို့ပါ။ အရေပြား ဖြတ်ပြီး ဆေးတွေ ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင် သေးသွားမှာပေါ့။ အကောင်းဆုံးကို လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

• ကျွန်တော် ဆရာ့ဆီကို တချိန်တုန်းက ရေးဖူးပါတယ်။ လိင်တံကို ဆေးထိုးထားတဲ့အကြောင်းပါ။ အခုအဲ့ဒါကို ပြန်ပြီးခွဲပစ်ဖို့ ဆုံးဖြတ်လိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဆီးသွားတိုင်းမှာ ဆီးကျန်နေတာရယ်၊ ဆက်ဆံပြီးတိုင်း သုက်ရည်အကုန် အပြင်ကိုမရောက်တာရယ်၊ ထိပ်ဖွင့်လို့မရတာရယ်တွေကြောင့်ပါ။ သိချင်တာက ခွဲစိတ်ရင် အချိန် ဘယ်လောက်ကြာအောင် ဆေးရုံမှာနေရမှာလဲ၊ ခွဲစိတ်ပြီးရင် ဘာတွေကိုရှောင်ကြဉ်ရမှာလဲ၊ (့) မှာ သွားပြီးလုပ်မှာပါ။ ကုန်ကျစရိတ်ကော များနိုင်လား၊ အရည်ပြားကို မဖြတ်ထုတ်ပဲနဲ့ ပြန်ပြီးချုပ်လို့ရနိုင်လား၊

• အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃) ခါထိုးရပါတယ်။ ပင်နင်စလင်အဆီက ခဲနေရင် မီးဝန်းလိုက်ပါသေးတယ်။ ပထမတစ်ခါထိုးပြီး အသားနုလေးတစ်လွာ တက်လာအောင်စောင့်ပြီးမှ ဒုတိယအကြိမ် ပြန်ထိုးရပါတယ်။ တတိယအကြိမ် ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂ်ါအထဲသို့ ရောက်လျင် ပန်းပေါင်းလိုမဟုတ်ဘဲ့ အသားဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခမပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားအင်္ဂါကြီးချင်လို့ ပင်နင်စလင်အဆီကို တော်တော်များများ ထိုးနေကြတာတွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှမရှိတာ သေချာလားဆရာ သိချင်ပါတယ်။ (စာတပုဒ်ရေးထားပါတယ်။)

• ကျွန်တော့်အသက် ၂၅ နှစ်ပါ။့ လို့ခေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာနေပါတယ်။ နားနဲ့မနာ ဖုဝါးနဲ့နာပေးပါ။ ကျွန်တော့်ရဲ့ လိင်တံကို 1.1.2014 နေ့က ထိုင်းအုန်းဆီထိုးခဲ့မိပါတယ်။ ဖြစ်ချင်တော့ဗျာ အုန်းဆီက အသားကို ကြိတ်ထားတဲ့ အဆီမဟုတ်ပဲ အခွံကိုကြိတ်ထားတဲ့အဆီ ဖြစ်နေတယ်။ ဆယ်ရက်လောက်ကြာတော့ ရောင်လာတယ်။ 18.1.2014 နေ့က ဆေးရုံမှာပြတယ်။ ဆေးရုံရောက်တော့ မေးခိုင်ပိုးစားတယ်ဆိုပြီး အရေခွံတွေ လှန်ထုတ်လိုက်ပါတယ်။ အဖျားမှာတော့ လက်တစ်လုံးလောက် ကျန်ပါသေးတယ်။ အဲ့ဒါ အရေခွံပြန်ဖြစ်နိုင်လား။ ဘာဆက်လုပ်ရမလဲဆိုတာ လမ်းညွှန်ပါဦးဆရာ။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၅

ကဲဘယ်လိုလဲ ဘော်ဒါဘောကျွတ်တွေ….ကြီးသည် ငယ်သည် ပျိုမသိ ကြာကြာထိမှချစ်မိသည်ဆိုသောစကားလို ကိုယ်နဲ့ဆက်ဆံတဲ့ ပါတနာကျေနပ်အောင်ပြုစုပေးနိုင်ဖို့အရေးပိုကြီးသည်လို့ မစဉ်းစားမိကြဘူးလားဗျ။

ကျန်းမာသန်စွမ်းသော ယောက်ျားပီသသောသူများ ဖြစ်ကြရင် မွေးရာပါပစ္စည်းကို လိုသလိုသုံးနိုင်ကြပြီး ကျေနပ်စေနိုင်တာပဲလေ။ ဗလမောင်တွေမှာ ကိုယ်ခန္ဓာကြွက်သားတွေက လေ့ကျင့်မှု ကြောင့်ကြီးထွားလာပေမယ့် ငယ်ပါကတော့ မွေးရာပါအရွယ်အတိုင်းမို့ သေးသွားသယောင်ထင်ရတာကလည်း ချွင်းချက်ရှိသေးသနော်။

ကျန်းမာပျော်ရွှင်ကြပါစေကြောင်း…

Alex Aung (6 July 2015)