Saturday, October 31, 2015

Vampire Halloween




အဝေးပြေးကားလမ်းမနဲ့ဝေးရာ မြို့အစွန်တစ်နေရာရဲ့ ဂိုထောင်ပျက်တစ်လုံးမှာ အခုနှစ် Halloween အချိန်သမယလေးကိုဖြတ်သန်း နေခဲ့ပါတယ်။ အစဉ်အလိုက်ပုံစံမျိုးမကျတဲ့ တိမ်တိုက်တွေကြားဖြတ်သန်းကာ ကောင်ကင်ပေါ်မှထိုးကျနေသော အလင်းတန်းများဟာ ဂိုထောင်အမိုးပေါက်တွေကတစ်ဆင့် ထိုးကျနေပုံကိုက သည်နေရာပါဆိုတာကိုညွှန်ပြနေသလိုပါပဲ။
ဂီတသံတွေဟာ လျှပ်စီးလက်သလိုပဲ မြန်ဆန်သော တီးလုံးသံတွေ ခပ်ပြင်းပြင်း ဘေ့စ်သံတွေနဲ့ ဂိုထောင်ကြမ်းပြင်ကိုတောင် တုန်ခါနေစေသလိုတောင်ဖြစ်ရော။

ပါတီပွဲသွားသူအများစုဟာ သွေးစုပ်ဖုပ်ကောင်တွေရဲ့အစွယ်တွေလိုဖြစ်အောင် ပလစ်စတစ်သွားစွယ်တုတွေကိုစွပ်လို့ပြင်ဆင်ထား ကြသလို အချို့သော ပါတီပွဲသွားသူတွေကတော့ မျက်နှာကိုဖြူရော်ရော်ဖြစ်အောင် မိတ်ကပ်တွေနဲ့ပြင်ပြီး tuxedo ၀တ်စုံတွေ ဦးထုပ်တွေကိုဆောင်းလို့ဗျ။ တခြားသော လက်နက်ပုံစံတွေတန်ဆာမဆင်ထားပေမယ့် ဂိုထောင်နံရံအချို့မှာတော့ ထက်မြနေသော ဓားအစုံစုံကလှပနေပါတယ်။ တကယ့် Vampire အစစ်တွေဒီလူအုပ်ထဲရောနေမယ်ဆိုရင်တောင် မသိသာလောက်ဘူး။ အတူရောနှော ပါတီပွဲနွှဲပြီးမှ သူတို့အစာတွေကိုအသာမသွားလို့ရလောက်တယ်။ သူတို့အတွက် ဥပဒေဆိုတာမလိုအပ်ဘူးဆိုတဲ့အချက်အပေါ် မနာလို တော့ဖြစ်မိပါရဲ့။ 

တကယ့်အစစ်တစ်ယောက်ယောက်ကို ခွဲခြားကြည့်ဖို့လွယ်ကူပါတယ် သိနိုင်တယ်ဆိုပါတော့။ ဆလိုက်မီးတွေ မီးရောင်အချို့ဖျက်ကနဲ လက်သွားလင်းသွားချိန်ဝယ် သူတို့မျက်ဝန်းတွေဟာ ငွေရောင် သို့မဟုတ် ရွှေရောင်တောက်နေကြသလို စကားပြောတိုင်း ပြုံးပြလိုက်တဲ့ အချိန်တွေဆိုရင် ချွန်ထက်သောသွားစွယ်တွေကမဖုံးမဖိနိုင်ပေါ်လာတတ်ကြတယ်။ သူတို့အသားအရေဟာ ခြွင်းချက်မရှိ အပြစ် အနာအဆာမဲ့နေတတ်ကြသလို သူတို့ရပ်တည်နေထိုင်ပုံတွေက တော်ဝင်ဆန်တယ်လို့ပြောရမယ်။ အခြားသော ပါတီများ နဲ့ အခြား ကလပ်တွေမှာ တွေ့ခဲ့ဖူးသော gay တစ်ယောက် နှစ်ယောက်လောက်ဟာ vampire အဖြစ်မပြောင်းလဲခင်ကတည်းက စတိုင်လ်ကျ လိုက်တာလို့ ကျွန်တော်သတိထားမိခဲ့ပြီးသားပါ။ အခုသူတို့ဒီပါတီမှာကောရှိလား ကျွန်တော်ရှာကြည့်ရမယ် ကျွန်တော်လည်း သူတို့ထဲက တစ်ယောက်ဖြစ်ချင်လို့လေ။ တိရစ္ဆာန်တစ်ကောင် သူ့သားကောင်ရှိရာ အစာရှိရာကို အနီးကပ်စူးစမ်းတဲ့ဟန်နဲ့ကျွန်တော့် မှာ လိုက်ကြည့်နေရတယ်။ လူတွေကိုလိုက်ကြည့်လိုက် စူးစမ်းလိုက်တိုင်း စူးရှတောက်ပသော မျက်ဝန်းတစ်စုံက ကျွန်တော့်ကို ထပ်ချပ် မကွာကြည့်နေသလားလို့။ အေးစက်စူးရှလိုက်တာများ ကျောရိုးထဲကစိမ့်ပြီး အခုပဲ လည်တိုင်မှာ အကိုက်ခံရတော့မယ့်အတိုင်း ခံစားရပါ တယ်။

ထိုင်ဖို့ခင်းကျင်းထားတဲ့ သားရေထိုင်ခုံတွေ ရှန်ပိန်ပုလင်းတွေ ခွက်တွေ ပြီးတော့ စားမြိန်စဖွယ် အစားအသောက်တွေကို platinum ပန်းကန်ပြားတွေနဲ့ တည်ခင်းထားပါတယ်။ အိုး….ပတ်ဝန်းကျင်က လေထု စိုစွတ်ထိုင်းမှိုင်းလာသလို အလင်းရောင်တွေကလည်း သိပ်မလင်းတော့ဘဲ ဟိုသည်ကွက်ကြားလှည့်ပတ်ကစားနေပါတယ်။ အလင်းသိပ်မများတော့ နံရံအချို့မှာအလှဆင်ထားတဲ့ ကြေးမုံပြင် တွေကနေ အလင်းပြန်တာသိပ်မရှိတော့ဘူး။ သွေးစုပ်ဖုပ်ကောင်တွေရဲ့ ပုံရိပ်တွေဟာ ကြေးမုံပြင်မှာ ပုံရိပ်မထင်ဘူးဗျ။ ကိုယ်တွေ့နေကျ လူတွေ ရင်းနီးပြီးသားလူတွေထဲက လူအချို့ဟာ သွေးစုပ်ဖုပ်ကောင်ဖြစ်နေကြမှန်း အရက်မူးနေသောက်စားပျော်မြူးနေသူတွေတောင်မှ သတိမထားမိကြဘူးထင်တယ်။ သားကောင်ဖြစ်ကြဖို့ဆိုတာ သတိမူမိပါရဲ့လား။

ငါတို့လမ်းခွဲပြီးဟိုသည်ကြည့်ရအောင်ကွာ၊ ထူးထူးခြားခြားဘာရှိလည်းစူးစမ်းခဲ့နော်၊ လူချင်းပြန်စုံဖို့ခက်ရင် ငါပြောထားတဲ့ ကားရပ်ထား တဲ့နေရာမှာပဲပြန်ဆုံကြမယ်၊ ဒီပါတီပွဲကိုဘယ်သူဦးဆောင်လုပ်လဲ သိချင်လို့ကွ..နော်’ ကျွန်တော် ပိုင်ပိုင့်ကို ဂီတသံတွေကြားက သူကြား အောင် အော်ပြီးပြောရတယ်။
‘သတိလဲထားဦး’
‘မင်းလည်း သတိထားဦးဟ….ငါ့ကိုမတွေ့ရတော့ဘူးဆိုရင် Plan B အတိုင်းလုပ်နော် ငါ့လူ’
ပိုင်ပိုင်ဝတ်စားထားတာက ထသွားထလာပုံမှန်စတိုင်လ်၊ မျက်နှာကိုဖြူဖျော့ဖျော့ နှုတ်ခမ်းဖျားမှာ သွေးရောင်စို့လို့ vampire တစ်ယောက် အသွင် တုပပြင်ဆင်ထားတဲ့အခြယ်အသနဲ့ပေါ့။ ကျွန်တော် တီလုံးတွေနဲ့လူးလှိမ့်နေတဲ့ လူလှိုင်းတွေကြား ပိုင်ပိုင်ပျောက်သွားတာကို ကြည့်ပြီး ကိုယ်လုပ်စရာရှိတာကိုလုပ်ဖို့ကြံရွယ်လိုက်ပါတယ်။

ဟိုသည်စူးစမ်းရင်းမှ တစ်ယောက်ယောက်များ ကျွန်တော့်ကိုကြည့်နေသလားလို့ခံစားရတာကြောင့် မသိစိတ်ခေါ်ဆောင်ရာဘက် လှည့် ကြည့်လိုက်တာမှ ဥက္ကာရဲ့ တည်ငြိမ်အေးစက်လွန်းတဲ့မျက်နှာကိုမြင်လိုက်ရပါတယ်။ ပြောင်းလဲခြင်း ခေါက်ရိုးကျိုးခြင်းမရှိတဲ့ မူလပထမ မျက်နှာပိုင်ရှင်ပါပဲ။ သူ့မျက်ဝန်းများဟာလည်း စိန်ပွင့်များအတိုင်းပါ ဆလိုက်မီးများကြားမှာလေ။ 

စင်မြင့်သဘောလုပ်ထားတဲ့ သီးသန့် စားသောက်ဝိုင်းတွေဘက်က သတ္ထုထိုင်ခုံတစ်ခုမှာ သူထိုင်နေတာပါ။ အဲ့နေရာကိုကြည့်မြင်ရတာ ဂိုထောင်အဟောင်းထဲမှာလုပ်နေတဲ့ပွဲ လို့မထင်ရအောင် အသွင်ပြောင်းထားပါတယ်။ သူ့ရဲ့နာမည်ကျော် လေးကိုင်းသဏ္ဌာန်နှုတ်ခမ်းအစုံက လှမ်းပြီးနှုတ်ဆက်ကြိုဆိုနေသ ယောင် ပြုံးပြပါရဲ့။ လှစ်ခနဲ ပေါ်သွားတဲ့ သွားစွယ်ချွန်ချွန်တွေဟာ ကျွန်တော်တို့ချစ်သူရည်းစားဖြစ်စဉ်တုန်းကထက် ပိုမိုချွန်မြနေသလား။ ကျွန်တော်သူ့စီလှမ်းလာခဲ့ဖို့ လက်ဟန်ခြေဟန်နဲ့ ခေါ်လိုက်ပြီးတဲ့နောက် ရုတ်တရက်သူပျောက်သွားပါတယ်။

ဒီအထဲမှာရှိတဲ့ လူတွေအကုန်လုံးဟာ ဥက္ကာရဲ့လူတွေလားလို့တွေးမိပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မေ့ပျောက်လို့မရတဲ့ အချစ်ဦး ex-boyfriend လေးပါ။

စင်မြင့်လေးရဲ့ထောင့်ချိုးအကွယ်လေးမှာ လှေကားလေးတစ်ခုရှိပြီး အပေါ်ထပ်ခိုးအခန်းတွေစီတက်သွားဖို့စွဲဆောင်နေပါတယ်။ တစ်လှမ်းခြင်း တစ်ထစ်ခြင်းတက်သွားလို့အပေါ်လည်းရောက်ရော VIP lounge ပုံစံခင်းကျင်းပြင်ဆင်ထားတာကိုတွေ့ရပါရော။ တစ်ဒါဇင်လောက်ရှိတဲ့ vampire တွေဟာ ပုံစံမတူအ၀တ်မဲ့သဏ္ဌာန်အဆင့်ဆင့်နဲ့တွေ့ရပါတယ်။ အ၀တ်အစားတွေကင်းမဲ့သွားအောင် နပန်းလုံးထားလို့မောပန်းနေတဲ့ဟန်ဖြင့် ငနဲသုံးပွေဟာ ဆိုဖာပေါ်မှာ ၀စ်လစ်စလစ် ခပ်လျော့လျော့လှဲလျောင်းနေကြပါရဲ့။ ခပ်ချောချော ကောင်လေးနှစ်ယောက်ကတော့ သူတို့လည်တိုင်နဲ့ လက်ကောက်ဝတ်တွေကို သူတို့ရဲ့ vampire သူငယ်ချင်းတွေအတွက် အသင့်ပြင် ပေးနေကြတယ်။ ဘာကြောင့်ပြောနိုင်တာလဲဆိုရင် သူတို့လည်တိုင်တွေ သွေးကြောဆုံတဲ့နေရာတွေကို လက်တွေနဲ့ပွတ်သပ် စူးစမ်းနေတဲ့ ဆာလောင်နေသော လူအချို့ကိုတွေ့ရတာကြောင့်ပါဗျာ။

ကောင်ငယ်လေးထဲက တစ်ယောက်ကတော့ သွေးကြောဆုံတစ်နေရာက သွေးကိုအားရပါရစုပ်မျိုနေတာများ သူ့နထင်ကသွေးကြော ကြီးတောင်မှ လှုပ်နေသလားထင်ရပါတယ်။

‘မင်း ဒါကိုလုပ်လိုက်နိုင်တာကို ငါဝမ်းသာပါတယ်’ ကျွန်တော် ဥက္ကာကိုမျက်နှာချင်းဆိုင်ဖို့ သူ့ဘက်ကိုလှည့်လိုက်ရင်းပြောလိုက်ပါတယ်။

‘မင်းလိုချင်တာ မင်းဖြစ်ချင်တာကိုရှာဖွေဖို့ ငါ့ကိုမင်းထားရစ်တယ်။ မင်းဖြစ်ချင်တာ ရှာနေတာတွေ့ပြီပေါ့နော်…အဲဒါက vampire တစ်ယောက် အဖြစ်လား?’

ဥက္ကာ ဟက်ဟက်ပက်ပက်ရယ်မောပါတယ်။ သူ့ရယ်မောသံက လှိုဏ်သံပေါက်နေသလားပဲ။ အရင်က ဒီလိုရယ်မောပုံမျိုးကျွန်တော် မကြားခဲ့ဘူးပါ။ “အများကြီးပေါ့ ဘိုဘို။ မင်းနဲ့အတူ အများကြီး ငါမျှဝေခံစားချင်ပါတယ်”

ကျွန်တော် သူ့စကားသံထဲမှာ ဒေါသအရိပ်အငွေ့တွေယှက်သမ်းနေသလိုခံစားရပါတယ်။

‘မင်းက မင်းတစ်ယောက်တည်းကြိတ်ခံစားတယ် မင်းလိုချင်တဲ့ပုံစံမင်းဖာသာပြောင်းလဲပစ်တတ်တယ်လေ။ ငါ့ဇာတိ ဒီမြို့မှာ မြင်ဖူးသမျှ အကြီးဆုံး vampire အုပ်စုကို မင်းစုစည်းနိုင်ခဲ့တယ်မဟုတ်လား။ ငါ့မှာတော့ မင်းကိုဝေမျှပေးစရာဆိုလို့ ချစ်တတ်တဲ့ ငါ့ရင်ဘတ်ထဲမှာ တဆတ်ဆတ်ခုန်နေဆဲ နှလုံးသည်းပွတ်ပဲရှိခဲ့တာပါ’

အတွေးတစ်ခုတွေးလိုက်သလို လျှင်မြန်မှုမျိုးနဲ့ ကျွန်တော်လက်ကောက်ဝတ်တွေကိုနောက်ဖက်ကနေ ဆုပ်ကိုင်ခံလိုက်ရပါတယ်။ ဥက္ကာရဲ့ သန်မာတဲ့ ညာဘက်လက်မောင်းဟာ ကျွန်တော့်ခါးအစုံကိုရစ်ပတ်ပစ်လိုက်ရော။ အိုး….သံကြိုးကြီးနဲ့တွဲချိတ်ခံလိုက်ရသလို သန်မာခိုင်မြဲတာ လန့်တောင်သွားရပါတယ်။

‘ဘယ်လောက်တောင် တက်မက်စရာကောင်းလိုက်သလဲ’ ဥက္ကာရဲ့စကားသံက ဟိုးအဝေးကြီးကလာသလိုခံစားရပြီး သူ့အသက်ရှူငွေ့ ဟာ ကျွန်တော့်လည်တိုင်မွှေးညှင်းတွေကို အသည်းယားစေရော။ လေးကိုင်းသဏ္ဌာန် သူ့နှုတ်ခမ်းသားတွေဟာ ကျွန်တော့်လည်တိုင်အနှံ့ ကခုန်နေကြတယ်။ ရင်းနှီးခဲ့တဲ့ အပွေ့အဖက် အနမ်းအရှိုက်တွေကို ဘယ်လိုမှမငြင်းနိုင်သလို ရုန်းကန်ဖို့လည်းမစွမ်းတော့သလား ဒူးတွေ တောင် တဆတ်ဆတ်ခါကုန်ရပါရဲ့။ ‘ငါတို့အုပ်စုကိုမင်းလိုက်နေတာက ငါတို့အုပ်စုဝင်ဖြစ်ချင်ခဲ့လို့ပေါ့ ဟုတ်လား။ မင်းခြေပုန်းခုတ်နေတဲ့ ကိစ္စ မင်းဖျက်လိုက်တော့မလို့ပေါ့လေ။ ငါအခုသိပြီ….မင်းလိုချင်တာ ဖြစ်ချင်နေတာကို ငါလုပ်ပေးနိုင်တယ်။ ငါတို့အတူတူ ထာဝရရှိနိုင် နေနိုင်ကြမှာကွ’

ကျွန်တော့် ဗိုက်ကြွက်သားတွေ ခါးပတ်ခေါင်းမှတစ်ဆင့် ကျွန်တော့်အတွင်းခံဘောင်းဘီထဲတိုင် လျှောကျဝင်ရောက်နေသော ဥက္ကာရဲ့ အေးစက်နေသောလက်ကို ကျွန်တော်မရုန်းကန်နိုင်ခဲ့ပါဘူး။

‘မင်းမလိုချင်ဘူးဆိုရင်လည်းပြော…ငါဆက်မလုပ်တော့ဘူး’ ဥက္ကာက ခပ်တိုးတိုး အနားကပ်ပြောပါတယ်။

ကျွန်တော် တံတွေးများကို ခက်ခက်ခဲခဲမျိုချရပါပြီ။ အာ….ဥက္ကာရဲ့သွားအစွယ်များဟာ ကျွန်တော့်လည်တိုင်တလျောက်ခြစ်ပြုနေတာက တကယ့်ကို ကြက်သီးထလောက်အောင်ရင်ခုန်စေပါတယ်။ ပိုင်ပိုင်တစ်ယောက် ပြတင်းပေါက်ကနေ တစ်ဆင့် မျက်လုံးများဝိုင်းစက်နေ အောင်ပြူးကျယ်ပြီး အထိတ်တလန့် အပေါ်ထပ်မှာဖြစ်ပျက်နေတာတွေကို ကြည့်နေတာကို ကျွန်တော်မြင်တော့မြင်လိုက်ရသေးသလိုပဲ။

‘အခြားဘယ်သူမှ ငါမြင်သလိုမမြင်နိုင်သလို…..ငါ မင်းကိုတို့ထိသလိုမျိုးဘယ်သူမှ မတို့ထိနိုင်ဘူး’ သူ့လက်များဟာ တစ်စစနဲ့ နွေးစ ပြုလာပါတယ်။

ဥက္ကာတစ်ယောက် မာတောင့်စပြုလာတဲ့ ကျွန်တော့်ညီဘွားကိုဘောင်းဘီထဲလက်လျှိုကစားနေဆဲဖြစ်သလို ကျွန်တော့်လည်တိုင်ကို လည်း သူ့နှုတ်ခမ်းသားအစုံနဲ့ တပ်မက်စွာအနမ်းပေးနေခဲ့ပါတယ်။ ဟိုးအရင်က အချိန်များစွာ ဖြုန်းတီးခဲ့တဲ့ အိပ်ရာထဲက အဖြစ်အပျက် များစွာဟာ အာရုံထဲမှာ အခုပဲဖြစ်ပျက်နေရသလိုမျိုးထင်မြင်ခံစားရလာတာက ဥက္ကာတစ်ယောက် သူ့သွားစွယ်ချွန်တွေကို ကျွန်တော့် လည်တိုင်ထဲ နစ်မြုပ်ခွင့်အသာတကြည်ပေးနေသလိုပဲ။ အို….မိန့်မူးသာယာဖွယ် အနမ်းတွေ…အမြင့်ဆုံးခံစားချက်တွေစီကို ခေါ်ဆောင် သွားတတ်တဲ့ ဥက္ကာရဲ့ ကျွမ်းကျင်တဲ့လှုပ်ရှားမှုတွေ ခုတင်စောင်းမှာ ဧည့်ခန်းကကြမ်းပြင်ထက်မှာ ရေချိုးခန်းထဲက ရေပန်းအောက်မှာ …. အာ….ကျွန်တော့် ရင်ဘတ်ပေါ်မှာ ပါးပြင်ပေါ်မှာ တင်သားဆိုင်တွေပေါ်မှာ ဖွေးကနဲ ဖွေးကနဲ သုက်ရည်တွေ စိုရွှဲသွားကြတာတွေက… ကျွတ်ကနဲ ညည်းတွားမိရတဲ့အထိ ပြန်ခံစားရပါတယ်။ နေခြည်နွေးနွေးရဲ့အောက်မှာ အတူယှဉ်တွဲပျော်ရွှင်ခဲ့ပုံတွေ….တစ်ယောက်ရင်ခွင် ထဲ တစ်ယောက် နားခိုမှေးစက်ခဲ့တာလေးတွေ….ရင်ခုန်သံစည်းချက်နဲ့အညီအိပ်ပျော်သွားခဲ့တာတွေကိုအခုလား အရင်ကလားေ၀၀ါးမိ သလိုဖြစ်နေရပါရော။ ဥက္ကာနဲ့ ကျွန်တော်လိင်ဆက်ဆံဖြစ်တိုင်း အသံတိုးတိုးတိတ်တိတ်ဆိုတာမရှိခဲ့စဖူး ချွေးတွေစိုရွှဲ ခြေမတွေ ကုတ်ကွေးမိတဲ့အထိ အိပ်ရာခင်းတွေ တွန့်ကြေကုန်တဲ့အထိ အသံကျယ်ကျယ်ထွက်ခဲ့ကြပါတယ်။

အခုအကြိမ်ဟာလည်း သိပ်တော့မကွာခြားပါဘူး။ ကပွဲကြမ်းပြင်က တီးလုံးသံတွေ ဘေ့စ်သံတွေကြောင့် ကျွန်တော်တို့ရှိနေတဲ့အခန်းဟာ တုန်ခါနေသလို ဆာလောင်မွတ်သိပ်နေသော အော်ညည်းသံတွေဟာလည်း ကျွန်တော်တို့နောက်ပါးစီမှ မပြတ်ကြားနေရပါတယ်။ ‘အာ…အ’ အစွမ်းကုန်မာတောင့်နေတဲ့ ကျွန်တော့်ငပဲကို ဥက္ကာဘယ်လိုများဆော့ကစားနေတယ်မသိ ရင်ထဲဟိုက်ကနဲ ဟိုက်ကနဲဖြစ် အောင် ခံစားနေရတာပါ။ နားရွက်နားကိုကပ်ပြီး ‘မင်းမလုပ်ချင်တော့ဘူးဆိုရင် ….ငါ့ကိုပြောနော်…ရပ်လိုက်မယ်’ တဲ့။

ကျွန်တော် စကားပြန်မပြောနိုင်ခဲ့ပါဘူး။ မျက်ဝန်းများကိုအသာမှေးမှိတ်ထားရင်း အဆုံးသတ်ချင်လောက်အောင်ဖြစ်လာတဲ့ စိတ်ဆန္ဒကို အသာချိုးနှိမ်ရင်း ဥက္ကာရဲ့ပြောင်းလဲနေတဲ့အထိအတွေ့ရင်ခွင်ကို အထူးတဆန်းခံစားနေမိပါတယ်။ ချွန်မြနေသော သွားစွယ်များဟာ ကျွန်တော့်လည်တိုင်အနှံ့ဟိုသည်ထိုးစိုက်ပြီး ကလိနေပေမယ့် အခုအချိန်ထိဖောက်မ၀င်သေးပါဘူး။ အေးစက်သော မာတောင့်တောင့် အရာတစ်ခုကလည်း ကျွန်တော့်တင်သားဆိုင်တွေအနှံ့ဟိုသည်ထိုးပြီး ကလိနေပါရဲ့။

ရုတ်တရက်ဆိုသလိုပါပဲ ဥက္ကာရဲ့လက်အစုံနဲ့အတူ ဘောင်းဘီအတွင်းမှာပဲ ကျွန်တော်သုက်ရည်တွေကို အားကုန်ပန်းပစ်လိုက်ပါတယ်။ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ တစ်ပြိုင်တည်းလိုလိုမှာပဲ ဥက္ကာ သူ့ပါးစပ်ကို ခပ်ကျယ်ကျယ်ဟ သူ့သွားစွယ်တွေကို တဆတ်ဆတ်ခုန် နေတဲ့ ကျွန်တော့် လည်တိုင်က သွေးကြောမှာ နစ်မြုပ်ဖို့စတင်လိုက်ပါတယ်။

အဲ့ဒီအခိုက်အတန့်မှာပဲ မီးထိတ်လန့်မှု ဘဲလ်တီးသံနဲ့အတူ ခရာမှုတ်သံအချို့ပေါ်ထွက်လာသလို အလိုအလျောက်ရေဖြန်းစနစ်က ပွင့်ထွက်လာခဲ့ပါတယ်။ ခဏနေကသာယာနေသောအချိန်က ကောက်ပင်တွေကိုရိတ်သိမ်းလိုက်သလို ထိတ်ထိတ်ပျာပျာပြောင်းလဲ ကုန်ပါပြီ။ အပေါ်ထပ်ကရှိနေသော သူတွေအကုန်ဟာ ခြေဦးတည့်ရာထွက်ပြေးခြင်းအခြေအနေတစ်ခုစီပြောင်းလဲကုန်ပါတယ်။

Vampire တွေအတွက် အထိတ်တလန့်ကြောက်ရွံ့တာထက်ပိုသော မချိမဆံ့ခံစားချက်မျိုးဖြစ်ပေါ်ကြပါပြီ။ ဥက္ကာနဲ့ သူ့သူငယ်ချင်း တွေအကုန်ဟာ အသားကုန်အော်ဟစ်ကြပြီး လောင်ကျွမ်းနေသော သူတို့မျက်ဝန်းတွေ သူတို့အရေပြားတွေကိုပွတ်သပ်လိုက်ကြတာ အတုံးအတစ်အဖြစ် ကြမ်းပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်။

ပိုင်ပိုင် အခန်းထဲဝင်လာချိန်မှာတော့ vampire တွေဟာ တငွေ့ငွေ့လောင်ကျွမ်းနေသော အ၀တ်ပုံများအသွင်ဖြစ်နေကြပါပြီ။ ကျွန်တော်နဲ့ ပိုင်ပိုင်တို့နှစ်ယောက် အပေါ်ကအခန်းအနှံ့ရော ကပွဲကြမ်းပြင်ပေါ်က vampire များသွေးအိုင်ထဲမှာလူးလွန့်နေပြီး အမြှုပ်ပုံစံ ပြောင်းလဲပျောက်ကွယ်နေကြတာကို ငြိမ်သက်ပြီးစောင့်ကြည့်နေကြတယ် ခဏတော့။

‘ငါ မင်းကိုလိုက်ရှာတာ လုံးဝမတွေ့တော့ အရမ်းလန့်သွားပြီး မင်းပြောခဲ့တဲ့ Plan B အတိုင်းလုပ်လိုက်တာလေ’တဲ့ ပိုင်ပိုင်က သက်ပြင်းချ ရင်းပြောတယ်ဗျ။ ‘ကြက်သွန်ဖြူအဆီတွေကို ရေဖြန်းပိုက်ထဲရောက်မယ့် ရေလှောင်ကန်ထဲအကုန်လောင်းထည့်ပစ်ခဲ့တာကွ၊ ပြီးတော့ ခပ်မြန်မြန်ပဲ တခြားလုပ်စရာရှိတာတွေကိုလုပ်လိုက်တာ။’ ပိုင်ပိုင် ကျွန်တော့်လည်တိုင်က သွားခြစ်ရာအချို့ကိုသတိထားမိဟန်နဲ့ ကြက်သွန်ဖြူရေအချို့နဲ့ဆေးကြောပေးတယ်။ နှစ်ယောက်သားရဲ့ ရင်ခုန်စိတ်လှုပ်ရှားနေတာတွေ လုံးဝပျောက်မသွားသေးပါဘူး။ ကြက်သွန်ဖြူရေတွေဖြန်းပက်နေဆဲ မျက်နှာကြက်ကို ငေးကြည့်ကြရင်း ကပွဲကြမ်းပြင်ထက်က အဖြစ်အပျက်တွေကို မယုံနိုင်သလို ဖြစ်နေကြပါတယ်။

‘ခေါင်းဆောင်ဘယ်သူဆိုတာ မင်းရှာတွေ့ခဲ့လား?’

‘အေးကွ, ငါစဉ်းစားမိခဲ့တဲ့တစ်ယောက်ကို အဆုံးသတ်နိုင်လိုက်ပြီထင်ပါရဲ့’ ပိုင်ပိုင့်အမေးကို ကျွန်တော် ဇဝေဇ၀ါအဖြေပေးလိုက်ပါတယ်။

‘သူ့အပေါ် မင်းအပြတ်ဖြတ်နိုင်ပြီပေါ့ ဟုတ်လား?’ ပိုင်ပိုင် ကြမ်းပြင်ပေါ်က စေးကပ်ကပ်အ၀တ်ပုံတစ်ပုံအား ကန်ထုတ်လိုက်ရင်း ကျွန်တော့်ကို စူးစမ်းသလိုမေးတော့ ကျွန်တော်သူ့အမေးကိုသိကြောင်းအကြည့်နဲ့အဖြေပေးလိုက်ပါတယ်။

‘လုံးဝပဲ….ကဲအခု ငါတို့ ဒီနေရာက သွားကြစို့….ပြီးတော့ တစ်ခုခုစားကြရအောင်…တစ်ခုခုပေါ့ကွာ ကြက်သွန်ဖြူခပ်များများပါတဲ့ အစားအစာတစ်ခုခု’

‘OK baby…Let’s go’
Alex Aung (4 Nov 2014)
(ကျနော်စာမရေးဖြစ်တာကြာပါပြီ….အခုဒီနေ့တိုက်တိုက်ဆိုင်ဆိုင်အဟောင်းတွေပြန်မွှေရင်း မနှစ်ကရေးခဲ့တဲ့တစ်ပုဒ်ကို သူငယ်ချင်းတို့အပျင်းပြေဖတ်ဖို့ဝေမျှလိုက်ပါတယ်)

Tuesday, October 27, 2015

ကြယ်တို့သည်ပင်ကြွေတတ်သည် (အပိုင်း လေး)




"အဲ့ဒါရှင့်ကြောင့် ..အဲ့ဒါရှင့်ကြောင့် ''

ရွှေကြာအံကြိတ်သံဖြင့်ပြောရင်းလရောင်ရင်ဘတ်ကိုရိုက်နှက်ရင်းငိုသည်။လရောင်သွေးသံရဲစွာပါသွားသောမိုးစစ်မျက်နှာကိုမြင်ယောင်ရင်းရွှေကြာရိုက်တာကိုငြိမ်ခံနေမိသည်။မိုးစစ်သေသွားမှာလားးဟင့်အင်း....မဖြစ်နိုင် မိုးစစ်သည်သူ့အားဒီလိုပုံမျိုးဖြင့်ခွဲခွာသွားမည့်သူုမဟုတ်။ အော်ပရေးရှင်းအခန်းရဲ့တံခါးဗျန်းကနဲပွင့်လာပြီးဆရာမနစ်ယောက်ထွက်လာကာ

''လူနာအတွက်သွေးလိုတယ် ...ဆေးရုံမှာယူပေးနိုင်မလား ...တစ်ယောက်ယောက် ''

''ကျွန်တော်ပေးပါရစေ...ကျွန်တော် -သွေးပါ ..လူနာနဲ့တူတူပါဘဲ''

''ကျွန်မလည်းတူတယ်...ကျွန်မပေးပါ့မယ်ဆရာမ....ဒီမှာ...ရှင်ထွက်သွားနောက်တခါမိုးစစ်နားကိုဘယ်တော့မှမလာပါနဲ့...ရှင်နဲ့ပတ်သတ်သမျှသူ့မှာနာကျင်ရတယ် ...ယောက်ျားခြင်းချစ်တာရှင်မရှက်ဘူးလားး .....ရှင်အသိစိတ်ရှိပါတော့ကိုလရောင် ...ဖြစ်နိုင်ရင်ရှင်....ဒီနားမှာ နေကိုမနေပါနဲ့....သွားးးရှင် .....ထွက်သွားးးး''

ရွှေကြာ့အသံကတဖြည်းဖြည်းကျယ်လောင်လာတာမို့အနားပတ်ဝန်းကျင်မှတချို့လူတွေကစူးစူးစမ်းစမ်းကြည့်ကုန်ကြသည်။လရောင်ခေါင်းငုံ့ငြိမ်သက်နေရာမှမျက်ရည်တို့ကတာကျိုးသလိုတတုတ်တုတ်ကျလာပြီး

''နေပါရစေရွှေကြာ ...မိုးစစ်အတွက်လိုတာမှန်သမျှလုပ်ပေးပါရစေ ...ပြီးရင်...ပြီးရင်ကျွန်တော်ထွက်သွားပါ့မယ် ....မိုးစစ်ဘာလို လိုကျွန်တော်ပေးပါရစေ..ခွင့်ပြုပေးပါဗျာ ''

''မပေးရဘူးး...ကွန်မချစ်သူကိုယ်ထဲကိုရှင့်သွေးစီးစရာမလိုဘူး၊ ရှင်ဘာလုပ်ပေးနိုင်ပေးနိင် ရှင့်ဆီကဘာမှမလိုချင်ဘူး... ရှင်ထွက်သွား ရှင်ထွက်သွား''

''ရှင်တို့ဒီနေရာမှာဘာလို့ဆူနေတာလည်း ...တခြားလူနာစောင့်တွေအားနာပါဦး..''

အပြာဝတ်ဆရာမတစ်ယောက်ပြောသံကြောင့်ရွှေကြာသူ့ကိုမုန်းတီးစွာကြည့်ရင်း ''မိုးစစ်နဲ့မပတ်သတ်ဖို့သတိထားပါ..ရှင်ထွက်သွားတော့ ''

လရောင်မမြင်နိုင်မှန်းသိရက်နှင့် မိုးစစ်ကိုထားရာအခန်းကိုတစ်ချက်ကြည့်ရင်းတိတ်ဆိတ်စွာလှည့်ထွက်လာလိုက်သည်။ တကယ်ဆို သူ့ကြောင့်မိုးစစ်ဒုက္ခရောက်ရတာသူ့စိတ်ထဲမကောင်း။သူသာဖြစ်လိုက်ပါတော့လား။အခုတော့သူ့လိုရောဂါသည်ကိုထားပြီးလောကမှာလူတော်တသ်ယောက်ဖြစ်မယ့်တောက်ပလာမယ့်ကြယ်လေးကိုမှ။သူသွားရင်းရှိုက်ကြီးတငင်ငိုပစ်လိုက်သည်။

''ငါ့ကိုခွင့်လွှတ်ပါ...မိုးစစ်ရယ် ''

+++++++++++++

'ချပ်’ကနဲတံခါးဖွင့်သံကြောင့်လရောင်ဒရင်းဘတ်ပေါ်မှိန်းနေရာကဆက်ကနဲထကာအခန်းတခါးကိုဖွင့်လိုက်သည်။မိုးစစ်တပည့်လေးကမိုးစစ်အခန်းတံခါးကိုဖွင့်ရင်းသူ့ကိုတွေ့တော့ခပ်နွမ်းနွမ်းပြုံးရင်း ''အကိုလရောင် ...မအိပ်သေးဘူးလား ''

''အင်း....လရောင်..သတိရပြီလားဟင်....ဘာထူးလည်းအခြေအနေ''

''အကိုနံရိုးတစ်ချောင်းကျိုးတယ်ကံကောင်းလို့အသည်းကိုမထိုးမိတာတဲ့..ထိုးမိရင်သေနိုင်တယ်တဲ့...ဒါပေမယ့်မျက်လုံးတွေကတော့အခြေအနေမကောင်းဘူးး''

''အခုဘာလာလုပ်တာလည်းး''

''အကို့အတွက်လိုတာလေးတွေလာယူတာ ''

''အင်း…ပြင်ထားတယ် ...အကုန်လုပ်ပြီးသားငါ့အခန်းထဲမှာ ..ပြောပါဦးသူ...အသက်အန္တရာယ်စိုးရိမ်လားး ''

''မသေနိုင်ပေမယ့်မျက်စိကတော့မလွယ်ဘူးတဲ့ မှန်ကွဲစတွေထုတ်နိုင်ရင်တောင် ...ပြန်မြင်ပါ့မလားမသိဘူးလို့ပြောတယ်.. ကျွန်နော်လည်းသေချာမသိဘူးအကို ''

လရောင်ပူပန်ကြီးစွာဖြင့် ''အကိုလိုက်ခဲ့မယ် ....''

''အကိုလိုက်လို့မရဘူးထင်တယ်...သူ့အဖေဆိုတာလည်းရောက်နေတယ် ..အကိုမိုးစစ်ကသူ့အဖေသဘောမတူတာလုပ်လို့ မောင်းချထားတာလို့ပြောတယ်....အကိုလိုက်တာကြိုက်ပါ့မလား ...မသိဘူးး''

လရောင်သူ့အခန်းထဲကလက်ဆွဲအိတ်လေးသွားပြန်ယူခဲ့ပြီး

''ဒါသူလဲလို့အဆင်ပြေအောင်ပုဆိုးနဲ့အင်္ကျီမျက်နှာသူတ်ပုဝါနဲ့တခြားလိုမယ်ထင်တာလေးတွေမင်းသွားတဲ့အခါယူသွားပေါ့ ...တခြားဘာလိုသေးလည်း''

''အကိုသတိရမှဘဲလိုတာထပ်လာယူတော့မယ် ...အခုတော့ဒါယူပြီးပြန်လိုက်တော့မယ်လေ ''

''အကို့ကိုသော့ပေးထားခဲ့ ..လိုတာရှိရင်ဖုန်းဆက်လိုက်အကိုပြင်ထားပေးမယ်...''

ကောင်လေးကသူ့လက်ထဲကသော့ကိုပေးကာပြန်သွားသည်။သူလင်းညိုကိုဖုန်းဆက်လိုက်တော့ လင်းညိုကဆေးရုံရောက်နေပြီမို့ ခဏနေပြန်ဆက်မည်ဟုဆိုကာဖုန်းချသွားတာမို့ သူမိုးစစ်အခန်းကိုသော့ဖွင့်ကာဝင်လာခဲ့လိုက်သည်။ ရှင်းလင်းသောအခန်းရဲ့ ဘေးဘက်ဆီကလူတစ်ရပ်စာဗီဒိုကျယ်ကြီးတွေထဲကအထည်တွေကိုသူကြည့်ရင်းမျက်ရည်စို့လာရပြန်သည်။မျက်လုံးကိုထိသွားသည်တဲ့။မျက်နှာကရော ...အရင်လိုရှင်းသန့်ချောမွေ့နေပါ့မလား။ မိုးစစ်ရယ် ..........။

လရောင်မိုးစစ်အိပ်ခန်းတံခါးကိုဖွင့်ကြည့်လိုက်သည်။ဖြူလွလွအိပ်ယာခင်းပေါ်ထိုင်ရင်းမိုးစစ်ခေါင်းဦးလေးကိုသူရင်ခွင်ထဲထည့်ကာပိုက်ထားလိုက်စဉ်သူ့ကိုယ်ထဲ ..ချစ်ခြင်းရားသည်အရှိန်တစ်ခုဖြင့်စီးဆင်းသွားသလိုခံစားလိုက်ရသည်။ သူမိုးစစ်အိပ်ယာဘေးကစားပွဲတစ်ခုရဲ့အံဆွဲလေးကိုဖွင့်လိုက်စဉ်သူ့ဖုန်းကမီးလေးပွင့်ကာမြည်လာတာမို့ကြမ်းပြင်ပေါ်ဒူးထောက်ဆင်းကာဖုန်းကိုဖွင့်လိုက်သည်။သူ့အသံကတိုးတိမ်စွာဖြင့်

''လင်းညို ......''

''အင်း....အခြေအနေမကောင်းဘူးးးမိုးစစ်ကခုနကလေးကတော့သတိရလာသေးတယ်အခုပြန်မေ့နေလားမှိန်းနေလားမသိဘူးးမျက်နှာကမှန်ကွဲတွေတော့ရှင်းပြီးပြီ..ဒါပေမယ့်မျက်လုံးကိုထိတာကတော့မျက်စိကအမြင်လွှာကိုပျက်စီးသွားတယ်တဲ့အာရုံကြောတွေတော့မထိဘူးတဲ့ ''

''အင်းးးးး''

''မျက်ကြည်လွှာပျက်စီးသားနာမို့အခုနေတော့ခပ်ဝါးဝါးမြင်နေရသေးမယ် ...နောက်ကြာလာရင်တော့လုံးဝကွယ်သွားမယ်တဲ့ ''

သူတိုးတိုးရှိုက်ကာငိုမိသည်။မိုးစစ်သည်သူ့ကြောင့်လူတောမတိုးသည့်မျက်မမြင်ဘဝကိုရောက်ရပြန်သတဲ့။သူဆိုတာလည်းမိုးစစ်အတွက်ဆူးညှောင့်ခလုပ်သက်သက်ပါလား။လရောင်အံဆွဲထဲကဖိုင်ဖြင့်ထပ်ထားသောစာရွက်တွေကိုစားပွဲစွန်းပေါ်တင်လိုက်သည်။စာရွက်တစ်ချို့ကစားပွဲပေါ်မှလျောကျပြီးသူ့အနားပတ်လည်မှာပြန်ြ့ကဲသွားသည်။

''နင်ကလည်ငိုမနေနဲ့မျက်ကြည်လွှာအလှုရှင်ရှိရင်ပြန်ကောင်းသွားမှာပါဟာ ''

''ဟင် ''

''ဘာဖြစ်တာလည်းလရောင် ''

''ဘာမှမဟုတ်ဘူး...ငါဖုန်းချလိုက်မယ်ပြန်ခေါ်မယ် ''

လရောင်ဗီဒိုအံဆွဲထဲကနောက်ထပ်စာရွက်တွေကိုထုတ်လိုက်သည်။နှလုံးအစားထိုးခြင်းနှင့်ပတ်သတ်သောအထောက်အထားနှင့်စာရွက်ဖြတ်ပိုင်း ကိုရီးယား၊ အိန္ဒိယဘက်မှဆေးရုံတစ်ချို့ရဲ့မှတ်ချက်များနှင့်ဖြေကြားချက်များကိုကော်ပီလုပ်ထားသောစာရွက်များ။ လရောင်ခေါင်းတွေချာလည်မူးကာရင်ခေါင်းထဲတလှပ်လှပ်ဖြစ်လာသည်။မိုးစစ်သည်သူ့အား........။ဒါဆိုယာဉ်တိုက်မှုကရောတကယ်မတော်တဆလား။ လရောင်စိတ်လှုပ်ရှားစွာနောက်အံဆွဲတစ်ခုကိုဆွဲဖွင့်လိုက်သည်။ ထွက်လာသောအိတ်အကြည်လေးတစ်အိတ်က လရောင်ရင်ကိုပြင်းစွာခုန်လှုပ်သွားစေသည်။

''ဟင် ''


xxxxxx

"နင်သိနေခဲ့တာလားးလင်းညို ''

''............''

''မိုးစစ်ငါ့အတွက်နှလုံးလှုမယ်ဆိုတာနင်သိနေခဲ့တာလားးလင်းညိုဖြေစမ်းပါ ...နင်ဘာကြောင့်ဒီလိုလုပ်ရက်နိုင်တာလည်း ''

လရောင်အသံကမှန်အလုံပိတ်ထားတဲ့ကားထဲမှာခြောက်ကပ်ကပ်ထွက်လာသည်။မိုးစစ်ဗီဒိုထဲမှသွေးစစ်ထားသောအဖြေများနှင့်အတူလေယာဉ်လတ်မှတ်များကိုတွေ့ပြီးလရောင်ဆေးရုံကိုလိုက်လာကာလင်းညိုကိုဖုန်းဆက်ခေါ်ပြီးမေးမိသည်။အဘယ်ကြောင့်ဆိုသော်ဆေးသွားကုမည့်လူစာရင်းထဲသူမိုးစစ်နှင့်အတူလင်းညိုပါလာသောကြောင့်ပင်။

''ငါ့ကိုဖြေပေးပါဦးလင်းညိုကျေးဇူးပြုပြီး ...ငါခံစားနေရတာတွေကိုကိုယ်ချင်းစာပေးပါ ''

''ငါ ...နင့်ကိုချစ်တယ်လရောင်...လူတိုင်းလူတိုင်းကသူတို့ချစ်မြတ်နိုးတဲ့တစုံတခုကိုမပိုင်ဆိုင်ကြရင်တောင် မပျက်စီးစေချင်တဲ့အတ္တရှိကြတာဘဲ...အဲ့အတွက်ငါ့မှာပြောစရာမရှိပါဘူးး''

''နင်ရက်စက်လိုက်တာလင်းညို .....အတ္တကြီးလိုက်တာ .....ဒါပေမယ့်နင်မှတ်ထား ...ကိုယ်ချစ်တဲ့သူကိုစွန့်လွှတ်ပြီးချစ်တတ်တာကလည်း ပိုင်ဆိုင်မှုကင်းတဲ့ချစ်ခြင်းဘဲ ...မိုးစစ်ငါ့အပေါ်အဲ့လိုချစ်ခဲ့တယ် ...ဘဝမှာလေ ...ငါတို့လိုလူစားမျိုးအဖို့အသက်ပေးချစ်တယ်ဆိုတာနဲ့ဘဲ သေပျော်ဖို့သင့်နေပြီ ....ငါမိုးစစ်ကိုဘယ်လိုဘယ်လောက်ထိချစ်တယ်ဆိုတာ ..မိုးစစ်ငါ့အပေါ်ဘယ်လောက်ချစ်တယ်ဆိုတာ.. တလောကလုံးသိဖို့ငါမမျှော်လင့်ပါဘူးးငါတို့နှစ်ယောက်သိနေဖို့ဘဲလိုတယ် ''

လင်းညိုပြုံးရင်း

''ငါသွားမယ် ...လရောင် ....ငါမိုးစစ်လောက်မချစ်ပြနိုင်ပါဘူးးးဒါကိုငါမရှက်ပါဘူးးးငါတို့ခံယူပုံခြင်းမတူကြတာပါ ...ဘာဖြစ်ဖြစ် ..လေးစားခဲ့ပါတယ် ....''

လရောင်လင်းညိုရဲ့မျက်နှာကိုသူစိမ်းတစ်ယောက်လိုကြည့်ရင်း

''ငါမအံ့သြပါဘူးလင်းညို ...လူတိုင်းကချစ်တယ်လို့ပြောတတ်ကြတာဘဲ ..လူတစ်ယောက်ရဲ့နှလုံးသားကိုမမြင်တတ်သူတွေက အဲဒီလူကိုအရူးတစ်ယောက်လို့ထင်မှာဘဲ... ငါတို့သူငယ်ချင်းဆက်ဖြစ်နိုင်သေးလားလင်းညို ''

'' ငါအဲ့လောက်မနုပါဘူး....နင်နဲ့ငါသူငယ်ချင်းပါ ....ကဲ..ဆေးရုံကိုသွားမလားမိုးစစ်သတိရနေပြီပြောတယ် ...သူ့အဖေနဲ့ ပြဿနာတော့ရှိလိမ့်မယ်နင်သွားချင်ရဲ့လား''

''ငါအစစအရာရာအတွက်မိုးစစ်ကိုရောသူ့အဖေကိုပါတောင်းပန်ရဦးမယ်....တလောကလုံးကလက်ညိုးထိုးကဲ့ရဲ့တာကိုတောင်ငါမကြောက်ခဲ့တာ ...သူအဖေငါ့ကိုထိုးထိုးရိုက်ရိုက်ငါသွားရမယ်လင်းညို ''

လင်းညိုကားစက်ကိုနိုးလိုက်စဉ်လရောင်မိုးစစ်ကိုမြင်ယောင်ရင်းဘယ်ဘက်ရင်အုံကခပ်နွေးနွေးလှုပ်ရှားလာသည်။


+++++++++


'' ဟေ့ကောင်....မင်းထွက်သွားစမ်း ''

တံခါးဖွင့်ကာဝင်ဝင်ခြင်းလူတစ်ယောက်ကသူ့ကိုမုန်းတီးသောအကြည့်ဖြင့်ကြည့်ကာမောင်းထုတ်သည်။မိုးစစ်ရဲ့မျက်နှာကျဆင်သောကြောင့်မိုးစစ်ရဲ့အဖေမှန်းသိစွာလရောင်ကျိုးက်ျိုးနွံနွံရပ်ရင်း

''တောင်းပန်ပါတယ်အန်ကယ်...မိုးစစ်ကိုအခုလိုဖြစ်စေဖို့မရည်ရွယ်ပါဘူး....ကျွန်တော်က ''

''မင်းကိုထွက်သွားလို့လူလိုနောက်ဆုံးပြောမယ်...တောက်..အလကားအခြောက်...ကိုယ့်ဘဝကိုယ်နားမလည်ဘဲကိုယ့်ထက်ငယ်တဲ့ကလေးတစ်ယောက်ကိုအညွန့်ချိုးပစ်တယ်....မင်းကိုငါသတ်ချင်လောက်အောင်မုန်းတယ်...မင်းကြောင့်ငါ့သားဒီလိုအဖြစ်မျိုးဖြစ်ရတာ..မင်းအရှက်မရှိဘူးလားဟင်''

အခန်းထဲရှိသူနာပြုဆရာမလေးကသူ့ကိုအားနာစွာကြည့်သည်။လရောင်မျက်လွှာကိုချခေါင်းငုံ့ရင်း

''တောင်းပန်ပါတယ် ..အန်ကယ်..ကျွန်တော်မိုးစစ်နားမှာခဏလေးနေပါရစေ....မိုးစစ် ..ကျွန်တော့ကိုလိုအပ်နေသရွေ့နေပါရစေ... .မိုးစစ်သတိရလာရင်ကျွန်တော်တောင်းပန်ပြီးသူ့အနားမှာနေပါရစေ......''

''ဟေ့ကောင်...မင်းကိုငါသတ်မိတော့မယ် ''

မိုးစစ်အဖေကလရောင်အကျီစကိုဆွဲကာထိုးမည့်ဟန်ဖြင့်အရှေ့သို့တိုးလာသည်။

''အကို...ထွက်...သွားလိုက်ပါ ''

မိုးစစ်ထံမှခပ်တိုးတိုးအားယူပြီးပြောသံထွက်လာသည်။လရောင်ရှေ့သို့ခြေတစ်လှမ်းတိုးရင်း

'' မိုးစစ် ''

မိုးစစ်ကသူရှိရာဖက်ကိုအသံနားထောင်ပြီးပက်လက်လှန်နေရာမှခေါင်းကိုတဖြည်းဖြည်းလှည့်လာသည်။လရောင်မိုးစစ်မျက်နှာပြင်ကပတ်တီးစဖြူဖြူများကိုမြင်ပြီးရင်တစ်ခုလုံးဆို့နစ်ကြေကွဲစွာမျက်ရည်တို့အဆီးအတားမဲ့စွာကျလာမိသည်။မိုးစစ်တစ်ကိုယ်လုံးကိုသွယ်တန်းချိတ်ဆက်ထားသောပိုက်ကြိုးများကိုမြင်ပြီးလရောင်တကိုယ်လုံးနောင်တတရားတို့ဖြင့်နာကျင်လွန်းလှပါသည်။

''မိုးစစ်ရယ် ...''

သူအတင်းမိုးစစ်နားသွားရန်ပြင်မိသည်။မိုးစစ်အဖေကလရောင်ရင်ဘတ်ကိုလွှတ်ရင်းဆောင့်တွန်းလိုက်သည်။လရောင်မထင်မှတ်ထားသောကြောင့်တမံသလင်းပေါ်အရှိန်ဖြင့်လဲပြိုကျသွားသည်။သူမိုးစစ်ရှိရာကိုကြည့်ရင်းတဖြည်းဖြည်းအားယူကာပြန်ထရင်း

''မိုးစစ်...အကို့ကြောင့်ဖြစ်ခဲ့တဲ့ပြဿနာတွေကိုအကိုတောင်းပန်ပါတယ်...မိုးစစ်ခဏလေးဒုက္ခခံပေးပါနော်....အကိုမိုးစစ်မျက်လုံးတွေအလင်းပြန်ရတဲ့အထိတာဝန်ယူပါတယ် ''

''ဟေ့ကောင်..မင်းသွားတောာ့ကွာ ..မင်းနောက်ဆိုဒီဖက်ကိုခြေဦးတောင်မလှည့်နဲ့ ....''

မိုးစစ်အဖေကသူ့ကိုအတင်းတွန်းလွှတ်တာမို့သူဆေးရုံအပြင်ဖက်သို့ခပ်ဖြေးဖြေးထွက်လာခဲ့လိုက်သည်။သူ့ခြေလှမ်းတို့ကဆောက်တည်ရာမဲ့စွာလေးလံလွန်းသလိုသူ့နလုံးခုန်သံကလည်းအဆမတန်မြည်လွန်းလှသည်။ဆေးရုံရဲ့နံရံကိုမှီရင်းသူမောပန်းစွာအသက်ကိုရှုလိုက်မိသည်။သူအဖြစ်ကိုမြင်သောလင်းညိုကကားတံခါးဖွင့်ဆင်းလာကာသူ့ထံပြေးပြီးလာတွဲရှာသည်။ထိုအဖြစ်ကိုဆေးရုံကိုလာသောရွှေကြာကမြင်ပြီးသူ့ကိုခပ်မဲ့မဲ့ပြုံးပြသွားသည်။ရွှေကြာလည်းသူ့ကိုအထင်ပိုလွဲလေပြီ။


+++++


''ငါ့ကိုမက်ဆေ့နစ်စောင်ရေးခိုင်းတယ် ..နင့်ကိုတစ်စောင်ရွှေကြာ့ကိုတစ်စောင်ပို့ပေးပါလို့ပြောတယ် ..သူဒီညပို့လိမ့်မယ် ''

လင်းညိုရဲ့အသံကိုဖုန်းထဲကကြားပြီးလရောင်တုန်လှုပ်ခြောက်ခြားနေမိသည်။စိတ်နှင့်ကိုယ်တို့သည်သေချာမရှိစွာအလွဲအချော်ပေါင်းများစွာဖြင့်။

ညအိပ်မီးရဲ့အလင်းဖျော့ဖျော့အောက်မှာသူခပ်ငူငူထိုင်ရင်းစားပွဲခုံပေါ်တင်ထားတဲ့ဖုန်းကိုမမှိတ်မသုန်ကြည့်နေမိသည်။ညကျရင်မက်ဆေ့စ်တစ်စောင်ပို့လိုက်မယ်ဆိုသောမိုးစစ်ရဲ့အသံကိုသူအလွမ်းမပြေစွာကြားလိုက်ရသလိုဘာအကြောင်းအရာလည်းဆိုတာကိုပါသူတပ်အပ်နားလည်ပါသည်။မိုးစစ်သူ့ကိုထားခဲ့တော့မည်။ဒုက္ခိတတစ်ယောက်လို့သူ့ကိုယ်သူမှတ်ယူပြီးသူ့အနားကထာဝရထွက်သွားဖို့လင်းညိုကိုခေါ်ကာတိုင်ပင်တာမှန်သမျှလရောင်ပြန်ကြားရတာမို့သူ့ရင်ထဲပိုပြီးမချိ။သူ့ပုံစံကမကြာခင်သေမိန့်ချခံရတော့မည့်ရာဇဝတ်သားတစ်ယောက်ပမာခြောက်ခြားလွန်းလှသည်။ညတာသည်ရှည်လွန်းလေစွ၊၊ထိုစဉ်ဖုန်းရဲ့ဖလက်ရှ်မီးကဖျက်ကနဲတစ်ချက်လင်းကာမက်ဆေ့တစ်စောင်ဝင်လာသည့်အိုင်ကွန်လေးဖုန်းစခရင်မှာပေါ်လာသည်။ဒီးကနဲတချက်တုန်သွားသောဖုန်းကိုကောက်ယူပြီးအသစ်ဝင်လာသောမက်ဆေ့ကိုသူလေးကန်သောလက်အစုံဖြင့်ဖွင့်ဖတ်လိုက်သည်။

'' ကျွန်တော့်နားကထွက်သွားပေးပါတော့...ကျွန်တော်ခင်ဗျားကိုဘယ်တော့မှမချစ်နိုင်ဘူး ..အဲ့ဒါသေချာတယ် ...ကျွန်တော်စိတ်ကစားမိခဲ့ တာပါ ...Sorry . ''

မျော်လင့်ပြီးသားစကားဖြစ်ပေမယ့်သူမျက်ဝန်းတို့စိုစွတ်သွားသည်။နှုတ်ခမ်းကနာကျင်စွာပြုံးရင်းသူဖုန်းကိုအဓိပ္ပာယ်မဲ့စွာကြည့်နေမိသည်မှာမည်မျှကြာသည်မသိ။သူဖုန်းနံပါတ်တွေကိုတဆတ်ဆတ်နှိပ်ရင်းဖုန်းခေါ်လိုက်သည်။ဖုန်းမြည်သံဆုံးသွားသည်အထိဖုန်းကိုမကိုင်သဖြင့်ဖုန်းသံတတူတူကနားဆူစွာထွက်လာသည်။အိပ်ယာဘေးစားပွဲပေါ်တင်ထားသောရေပုလင်းမှရေကိုတခွက်ဌဲ့သောက်ရင်းသူအိပ်ယာကဖြေးညင်းစွာထလိုက်သည်။ညဝတ်အင်္ကျီကြိုးစကိုခပ်လျော့လျော့ပြင်ရင်းဝရံတာကိုထွက်လာလိုက်သည်။

ပြတင်းဝကတိုက်ခတ်လာသောလေနုအေးကသူ့ရင်ကအပူကိုမအေးမြနိုင်။ရန်ကုန်မြို့ရဲ့ညကိုကြည့်ရင်းသူတစုံတရာကိုပြင်းပြစွာသတိရမိသွားသည်။သူမိုးစစ်အခန်းသော့ကိုယူကာအခန်းတံခါးကိုဖွင့်ပြီးမိုးစစ်အိပ်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ကုတင်စွန်းပေါ်တင်ထားသည့်အကို့အတွက်ဟုရေးထားသည့်ပလက်စတစ်အကြည်ရောင်လေးကိုခွာရင်းအထဲကဒိုင်ယာရီလေးကိုထုတ်ယူပြီးပထမစာမျက်နှာလေးကိုဖွင့်လိုက်သည်။နေ့စွဲအလိုက်သူတို့စတွေ့သည့်နေ့ကစပြီးရေးထားတာလေးတွေဖတ်ရင်းသူဆွတ်ပြန့်လွမ်းမောလာသည်။သူ့နှလုံးသားလိပ်ပြာသည်အတိတ်ပစ္စုပန်နှစ်နေရာမှာလူးလာခေါက်တုန့်ပျံသန်းရင်းသူ မိုးစစ်ကိုလွမ်းမောစွာနောက်ဆုံးစာမျက်နှာကိုလှန်ပစ်လိုက်သည်။

အကို

လမင်းလောက်မလင်းနိုင်ပေမယ့်ကြယ်လေးတွေလည်းလင်းတတ်တယ်တဲ့အကို့အချစ်ကိုမမှီနိုင်ပေမယ့်ကျွန်တော်အကို့ကိုသိပ်ချစ်ပါတယ်။ကျွန်တော်သာကြယ်တစ်ပွင့်ဖြစ်ခဲ့ရင်အကို့အရောင်အဝါတွေတောက်ပနေဖို့ကြွေပေးလိုက်ချင်ပါတယ်.....ဘာလို့လည်းဆိုတော့အကို့အလင်းတွေပိုတောက်ပစေချင်လို့ပေါ့....အချိန်တန်ရင်တော့ကြယ်လေးတွေလည်းကြွေတတ်တယ်အကို....တလောကလုံးကိုအလင်းပေးဖို့အကိုထိန်ထိန်သာပြီးနေပေးပါနော် .........


အကို့ကိုရူးလောက်အောင်ချစ်တဲ့

မိုးစစ်...


''ဟင့်အင်းး''

သူခေါင်းကိုတစ်ချက်ခါလိုက်မိသည်။မကြွေရဘူးမိုးစစ်။သူ့ရင်ဘတ်ထဲတင်းကျပ်စွာဆို့နင့်လာရင်းးးမျက်ရည်စီးကြောင်းကပါးပေါ်ကျလာသည်။သူမတ်တပ်ရပ်နေရာမှတဖြည်းဖြည်းထိုင်ကျသွားပြီးသည်းထန်စွာငိုကြွေးမိတော့သည်။
ဘဝမှာနောက်ထပ်ဆုံးရှုံးစရာမကျန်တော့လောက်အောင်သူ့နှလုံးသားသည်မွမွကြေလျက်။

ဘာကြောင့်လည်းးးးးးးးဘာလို့လည်းးးးမိုးစစ်မင်းအပေါ်ငါအချစ်မစစ်ခဲ့လို့လားးးးးးးဒါမှမဟုတ်ငါချစ်တာကိုမင်းမမြင်တာလားကလေးရယ် ....။ ငါရူးတော့မယ် .....ငါ့ကိုထားမသွားပါနဲ့ ....။


x           x           x


''ကိုယ့်ကျန်းမာရေးဂရုစိုက်မှပေါ့...ဟာ ''

လင်းညို လရောင်ကိုယ်ပေါ်ကစောင်ပါးလေးကိုရင်ပတ်နားထိရောက်အောင်သေချာပြန်ဆန့်ရင်းအပြစ်တင်စကားဆိုသည်။ လရောင်ခမျာ ဖွဖွပြုံးမိသည်။ ပြီးမှ

'' မိုးစစ်ရောဘယ်လိုနေလည်းဟင်....''

''ဒီနေ့ပတ်တီးဖြည်မယ်ထင်တယ် ..ငါလည်းသေချာတော့မသိဘူးးငါ့အတွက်နင်ကပိုအရေးကြီးတယ်လေ ...နင်လည်းဟိုကိုသွားသင့်ပြီ ..ခေါင်းမာနေတာကနင့်အတွက်ကောင်းတာဖြစ်လာမှာမဟုတ်ဘူးးနော်လရောင်..ငါကစေတနာနဲ့အကြံပေးတာပါမိုးစစ်ကမိသားစုနဲ့...နင်ကတစ်ယောက်တည်းရယ်''

''အေးပါဟာ...ဒါပေမယ့်ငါလေ...မိုးစစ်ကိုအရမ်းတွေ့ချင်တာဘဲ ...အခုနေသေရင်..ငါလွမ်းလို့သေတာဘဲဖြစ်လိမ့်မယ်.. ထင်တယ် ..လင်းညိုရယ်......sorryနင့်ရှေ့မှာငါပြောဖို့မသင့်ဘူး...ဒါပေမယ့်ငါ့အဖြစ်ကိုငါတို့လိုလိင်စိတ်ကွဲပြားတဲ့လူတွေကဘဲနားလည်လိမ့်မယ်ထင်လို့ပါ ''

''ရပါတယ် ..ငါ့ကိုပြောလို့နင်စိတ်ပေါ့သွားရင်ငါနားထောင်ပေးနိုင်ပါတယ် ...ဟ''

''ကျေးဇူးတင်ပါတယ်ဟာ ''

လင်းညိုပေါ့ပေါ့ပါးပါးပြုံးရင်းပြောသည်။

''ကဲ..ငါဆေးရုံပြန်ဦးမယ် ..နင်နားနားနေနေနေနော်..နေ့လည်စာကိုအိမ်ကပို့ပေးလိမ့်မယ်ငါဖုန်းဆက်ပြီးသားလာပို့တဲ့ကလေးကိုလည်း ပြန်မလွှတ်နဲ့လက်တိုလက်တောင်းခိုင်းဖို့ခေါ်ထားလိုက်ကြားလား ''

''ရပါတယ်ဟာ ''

''စကားမများစမ်းပါနဲ့မောင်လရောင် ..တခါတလေတော့ငါ့စကားနားထောင်စမ်းပါ ''

လင်းညိုရဲ့အပြောကိုသူသဘောကျစွာခပ်ဖွဖွပြုံးမိသည်။လင်းညိုထိုင်နေရာကထပြီးပြန်ရန်ပြင်လိုက်တာမို့သူလင်းညိုလက်ဖျားကိုလှမ်းကိုင်ကာ ''အစစအရာရာအတွက်နင့်ကိုတောင်းပန်တယ်လင်းညို ကျေးဇူးလည်းတင်ပါတယ် ...နင်ကငါ့အတွက်သူငယ်ချင်းကောင်း တစ်ယောက်ပါ ....ငါသေသွားရင်တောင်မမေ့ပါဘူး ..နော် ''

''နင်မသေနိုင်ပါဘူး ,...တလောကလုံးကလူတွေနင့်ကိုအလိုမရှိဘူးဆိုရင်တောင် ငါ့အတွက်အသက်ဆက်ပေးစမ်းပါလရောင် ...နင့်ကိုပိုင်ဆိုင်တာမပိုင်နိုင်တာထက်တမိုးအောက်ထဲအတူတူရှိနေတယ်ဆိုတဲ့အသိတစ်ခုနဲ့ငါ့ဘဝကိုငါကျေနပ်နေချင်လို့ပါ ''

လင်းညို…လရောင်ရဲ့လက်ဖျားလေးကိုပြန်ဖြစ်ညှစ်ရင်းစကားဆိုသည်။

''နင့်အတွက်ငါ ....ဘာမဆိုလုပ်ပေးချင်တဲ့စိတ်ဝင်လာမိတယ်...လရောင်.. ဒါပေမယ့်နင့်အနားလာနေချင်တာထက်ပိုပြီး ငါနင့်ဆီကငါမလိုချင်ပါဘူးးငါသွားမယ်လရောင် ''

လရောင်အခန်းတံခါးဖွင့်ကာထွက်သွားသောလင်းညိုကိုကြည့်ရင်းစိတ်မကောင်းစွာသက်ပြင်းချမိသည်။ရင်တွေလည်းနာလှပါပြီ။သူစိုစွတ်တာတဲ့မျက်ဝန်းကိုအတင်းမှိတ်ပြီးအိပ်ရန်ပြင်လိုက်သည်။

လွမ်းရတဲ့နေ့တွေကုန်ပါစေတော့မိုးစစ်ရယ်။ကြိုးးစားပြီးအိပ်သော်လည်းသူအိပ်လို့မရ။နာရီလက်တံတချပ်ချပ်ကပင်သူနှလုံးသားကိုတဒိန်းဒိန်းခုန်လာစေသည်မို့သူအိပ်ယာပေါ်မှအတင်းထကာအဝတ်အစားလဲရင်းကားသော့ကိုကောက်ကိုင်လိုက်သည်။


++++


''အကိုလင်းညိုလာတာကျေးဇူးတင်ပါတယ် ''

''ရပါတယ်မိုးစစ်...လာရမှာပေါ့ ''

''အဖေနဲ့ရွှေကြာရော ဆရာမပါ ခဏအပြင်ထွက်ပေးပါလား ...ကျွန်တော်တို့ပြောစရာရှိလို့ပါ ''

အခန်းထဲကလူတွေထွက်သားပေးတာမို့လင်းညိုနှင့်မိုးစစ်သာအခန်းထဲကျန်ရစ်ခဲ့သည်။မိုးစစ်က

''သူတို့သွားပြီလား ''

''သွားပြီမိုးစစ်ပြောလေဘာပြောချင်လို့လည်း ''

''အကိုကျွန်တော့ခေါင်းအုံးအောက်မှာအခန်းသော့ရှိတယ်..အဲ့ဒါကိုယူပြီးကျွန်တော့အခန်းထဲကဗီိရိုထဲမှာပလတ်စတစ်အကြည်ရောင်လေးနဲ့ထည့်ထားတဲ့စာအုပ်လေးကိုကျွန်တော်မရှိတဲ့အခါအကိုလရောင်ကိုပေးပေးပါနော် ..အဲ့စာအုပ်လေးကိုအကိုသယ်ခဲ့ပေးပါနော်အကို....''

''မိုးစစ် ...သေချာစဉ်းစားပါဦး ..မိုးစစ်မျက်လုံးကမြင်ဖို့အလားအလာရှိတယ်လေ...ပြီးတော့မိုးစစ်ကအောင်မြင်နေတဲ့လူတစ်ယောက် ...ကောင်းမွန်တဲ့အနာဂတ်ကမိုးစစ်နဲ့လက်တစ်ကမ်းမှာရှိနေတာ...''

မိုးစစ်ပြုံးသည်။

''ကျွန်တော်ရူးနေတယ်ဆိုလည်းရူးတယ်ထင်ကြပါစေတော့ကိုယ်ချစ်တဲ့သူကကိုယ့်ဘဝပါဘဲ ..ကျွန်တော်အကို့ကိုချစ်တယ်
အကို့အတက်ကျွန်တော်ဘဝကိုရင်းရဲပါတယ် ....အော် ...အကို ''

တံခါးဖွင့်သံကြောင့်သူတို့ကားစပြတ်သွားသည်။ဆရာဝန်ကြီးရဲ့နှုတ်ဆက်သံနှင့်အတူခြေသံများကိုကြားရပြီး

''ပတ်တီးဖြည်မယ်နော် ...ကိုမိုးစစ် ..မျက်လုံးကကိုက်တာနာတာဖြစ်သေးလား ''

သူခေါင်းခါပြလိုက်သည်။မကြာခင်သူ့မျက်လုံးမှာစည်းနှောင်ထားသောပတ်တီးစကိုဖြည်းညင်းစွာဖယ်ရှားသည့်အတွေ့ကိုသူစတင်ခံစားရလေသည်။

''ကျွန်တော်တို့သွားမယ့်ကိစ္စပြန်စီစဉ်ပေးပါဦး ''

ပတ်တီးဖြည်ပေးနေသောဆရာဝန်ကြီးနှင့်အတူကူလုပ်ပေးနေသောလင်းညိုလက်တို့တန့်ကနဲရပ်သွားကာမိုးစစ်မျက်နှာကိုသေချာကြည့်မိသည်။ရွှေကြာကစကားဖြတ်သည့်အနေဖြင့်

'' မျက်ကြည်လွှာကဟိုအထိသွားလုပ်စရာမလိုဘူးမိုးစစ်ရဲ့ဒီမှာလည်းရပါတယ် ''

''ရွှေကြာ ''

''စကားမပြောပါနဲ့ဦးလူနာ ...ဆရာကြီးအလုပ်လုပ်ရတာခက်မှာစိုးလို့ပါ ''

သူရွှေကြာ့ကိုစကားပြောရန်ပြင်နေတုန်းနာ့စ်ရဲ့အသံကြောင့်ငြိမ်နေလိုက်ရသည်။တလွှာချင်းဖြည်နေသောပတ်တီးစများအောက်ကသူ့မျက်လုံးကိုမည်သို့ဖြစ်လာမည်တွေးရင်းမိုးစစ်ရင်တဒိတ်ဒိတ်ခုန်လာလေသည်။မသေချင်စပ်ကြားအကို့မျက်နှာလေးကိုသူမြင်တွေ့ချင်ပါသေးသည်။ပတ်တီးစတို့အကုန်ဖြည်ပြီးချိန်မှာဆရာဝန်ကနေကာမျက်မှန်တစ်လက်ကိုတပ်ပေးရင်းမျက်လုံးကိုဖြေးဖြေးဖွင့်ဖို့သတိပေးသည်။သူစိတ်လှုပှ်ရှားစွာမျက်လုံးကိုဖွင့်ကြည့်လိုက်သည်။စူးရှသောအလင်းကြောင့်သူမျက်စိကိုခဏမှိတ်ရင်းနောက်တဖန်အားယူကာဖွင့်ကြည့်လိုက်ပြန်သည်။ခပ်ဝါးဝါးအရိပ်တေကသူ့မြင်လွာနားကပ်ကာတိုးလာတာမို့သူသူ့ကိုယ်ကိုနောက်သို့ဆုတ်လိုက်မိသည်။

''ဘုရားရေ ....ငါ..ငါတစ်ကယ်ကြီးကို .....''

သူအံ့သြစွာရေရွတ်လိုက်မိသည်။သူတကယ်ကိုမျက်မမြင်ဖြစ်ခဲ့သည်ဘဲ၊၊သူ့မြင်လွှာတွေထဲဘာဆိုဘာမှပြတ်ပြတ်သားသားမရှိဘဲအရာရာကဝေဝါးနေလေတော့သည်။


++++


လရောင်ဆေးရုံရှေ့ကားရပ်ရင်းဆေးရုံခန်းထဲမှာရှိနေသည့်မိုးစစ်ကိုမြင်ယောင်ပြီးလွမ်းနေမိသည်။အထဲသို့ဝင်ချင်ပေမယ့်သူဝင်သွားရင်အဆင်ပြေပါ့မလားဆိုပြီးစိတ်ကလည်းပူပန်နေမိသည်။မိုးစစ်ရယ် ...အကိုမသေခင်လေးအထိမင်းအနားမှာနေချင်မိတာပါ။ဒါပေမယ့်... အကိုတို့အဖြစ်ကဆိုးလွန်းပါတယ်ကွာ။လရောင်စတီယာရင်ပေါ်ခေါင်းကိုစိုက်ရင်းငြိမ်သက်နေမိသည်။ထို့နောက်ဆုံးဖြတ်ချက်တစ်ခုချကာ
ကားတံခါးကိုဖွင့်ဆင်းလိုက်သည်။မိုးစစ်မျက်နှာကိုခဏဖြစ်ဖြစ်သွားကြည့်မည်။နောက်ဆုံးအနေနဲ့လည်းဖြစ်ရင်ဖြစ်မည်မို့သူတွေ့ကိုတွေ့မှဖြစ်မည်။

စိတ်လှုပ်ရှားစွာဆင်းလာသော်လည်းလရောင်ခြေထောက်လှမ်းဖို့အားကသိပ်မရှိချင်။ခေါင်းတွေမူးကာချာချာလည်နေတာမို့သူ့ခြေလှမ်းတို့ကယိမ်းထိုးကာနေသည်။သူတဖြည်းဖြည်းမိုးစစ်ရှိရာအခန်းနားသို့ရောက်လာလေသည်။အခန်းဝနားအရောက်သူအခန်းတံခါးလောခ့်ကိုအသံမမြည်စေရန်အသာတိုးဖွင့်ရင်းအခန်းထဲသို့အသာချောင်းကြည့်လိုက်သည်။ကုတင်ပေါ်ထိုင်ပြီးမျက်လုံးကိုပတ်တီးဖြည်ထားသောမိုးစစ်ကိုကြည့်ကာသူ့မျက်ဝန်းကမျက်ရည်တို့ကအဆီးအတားမဲ့စွာကျလာလေသည်။မိုးစစ်ပိန်သွားလိုက်တာ။မျက်လုံးကောပြန်မြင်ရရဲ့လားညီလေးရယ်။ထိုစဉ်မိုးစစ်ကဖျတ်ကနဲအခန်းဝကိုကြည်တာမို့သူနံရံဖက်သို့ပြန်ကပ်ထားလိုက်မိသည်။မိုးစစ်အသံကခပ်တိုးတိုးထွက်လာသည်။

''အကိုလင်းညို ...''

''ပြော...မိုးစစ်..ဘာလိုလည်းညီလေး ''

''အကိုလရောင်ရောက်နေတယ်....အကိုရှိနေတယ်ဗျ..ကျွန်တော်အကို့ကိုတွေ့ချင်တယ်..ကျွန်တော်အကို့ကိုတွေ့ပါရစေ...အကို့ကိုခေါ်ပေးပါ....''

မိုးစစ်အသံကစိတ်လှုပ်ရှားစွာတုန်ရင်နေလေသည်။လရောင်ရင်ထဲဒိန်းကနဲမြည်အောင်တုန်လှုပ်သွားလေသည်။

''မရှိပါဘူးမိုးစစ်ရဲ့ ''

ရွှေကြာကအခန်းဝကိုလှမ်းကြည့်ရင်းပြောသည်ကိုမိုးစစ်ကခေါင်းခါရင်း

''အကိုရောက်နေတယ် ....ကျွန်တော်သိတယ် ''

''မိုးစစ်ကမြင်လိုက်ရလို့လား ...မိုးစစ်ပြန်မြင်ပြီလား''

လင်းညိုကအံ့သြစွာမေးသည်။မိုးစစ်အတင်းရုန်းထကာကျယ်လောင်သောအသံဖြင့်

''အကို...အကိုရှိနေလား ''

လရောင်အခန်းဝမှာဆက်မနေဖြစ်တော့။နောက်ကြောင်းလှည့်ကာပြေးထွက်လာရင်းမျက်ရည်ကျလာလေသည်။အခန်းပြင်ကိုထွက်ကြည့်သောလင်းညို လရောင်ကိုမြင်လိုက်သော်လည်းမမြင်ဟန်ဆောင်ကာ

''မရှိပါဘူးမိုးစစ်ရယ်ငါ့ညီစိတ်ထင်လို့ပါ ..''

''ကျွန်တော်သိတယ်...အကိုအနားရောက်လာတာကိုကျွန်တော့စိတ်ကသိတယ်ဗျ....ကျွန်တော့ရင်ဘတ်ထဲကဟောဒီအသည်းထဲကသိတာ...အကိုအနားရောက်လာတိုင်းကျွန်တော့ဒီနားကတဒုန်းဒုန်းခုန်နေတာဗျ''

မိုးစစ်သူ့ရင်ကိုပုတ်ပြရင်းပြောတာကိုရွှေကြာမျက်နှာပျက်စွာနားထောင်ရင်းအပြင်သို့ထွက်သွားလေသည်။


+++++


''ငါတကယ်မလာသင့်မှန်းသိပါတယ်....ငါလေ..ငါသူ့ကိုအဝေးကကြည့်ရုံလေးပါဘဲ...လင်းညိုရယ်''

'' စိတ်လျော့ပါဟာ...နင်အရမ်းငိုမနေပါနဲ့ ..ငါနားလည်ပါတယ် ''

''ငါမိုးစစ်ကိုမျက်လုံးတွေပြန်မြင်စေချင်တယ် ..ငါလေ ..ငါ့နှလုံးကိုမခွဲတော့ဘူးးသိလား ... လင်းညို....ငါသေပါစေတော့ ငါ့မျက်ကြည်လွှာကိုမိုးစစ်ကိုပေးခဲ့မယ် ...ငါပေးဖို့ဆုံးဖြတ်ပြီးပြီလင်းညို... နင်စီစဉ်ပေး...နင်မဖြစ်မနေစီစဉ်ပေးနော်''

လရောင်..လင်းညိုရဲ့လက်မောင်းနှစ်ဖက်ကိုကိုင်ရင်းပြောနေသည်ကို လင်းညိုရင်နာစွာစိုက်ကြည့်နေရင်း

''နင် ...မိုးစစ်ကိုအဲ့လောက်ချစ်လားလရောင်''

''ငါချစ်တယ်....သူ့အတွက်ငါ့ကိုယ်ထဲကအစိတ်အပိုင်းတစ်ခုခုကိုပြေးပြီးငါချစ်ပြခဲ့တယ်ဆိုတာသူသိစေချင်လို့ပါ....ဒီ့ထက်ပိုပြီးလုပ်ခဲ့နိုင်ရင်တောင်ငါလုပ်မှာလင်းညို ...ဒါငါ့ဆုံးဖြတ်ချက်အမှန်ဘဲ ''

လင်းညိုပြုံးသည်။စိတ်မကောင်းစွာဖြင့်လရောင်ကိုငေးကြည့်နေမိသည်။လရောင်ကစာအုပ်တစ်အုပ်ကိုယူလာကာ

''ရော့လင်းညို ...ဒါမိုးစစ်အခန်းကရတာ ...သူတောင်ငါ့ကိုကားအက်ဆီးဒန့်မဖြစ်ခင်ကတည်းကနှလုံးလှုဖို့လုပ်ခဲ့တာ ...ငါ့လိုဒဏ်ရာဗရပွနဲ့လူကဘာလို့မလုပ်နိုင်ရမလည်း ....အဲ့ထဲမှာသူငါ့ကိုပေးဖို့ရေးတဲ့စာပါတယ်....သူ့ကိုပြန်ပေးလိုက်ပါ ...ငါပြန်ပေးလိုက်တယ်လို့ ''

လင်းညိုခေါင်းညိတ်ရင်းလရောင်အခန်းကထွက်ဖို့ပြင်သည်။နောက်သို့ကျောခိုင်းလိုက်စဉ်သူ့မျက်ဝန်းကမျက်ရည်တွေကပါးပြင်ပေါ်ကျလာလေသည်။နင်ရက်စက်တယ်လရောင်၊တခြားတစ်ယောက်ကိုအသက်ပေးချစ်ဖို့အတွက်နင့်ကိုချစ်တဲ့လူတစ်ယောက်ကိုတစ်ဘဝလုံးနောင်တတရားတွေနဲ့ရှင်သန်စေတယ်....ဘာလို့လည်း ...ငါ့နှလုံးသားကိုနင်မမြင်လို့လားလရောင်ရယ် ..။

''ငါအမြန်ဆုံးသွားချင်တယ်လင်းညိုကျေးဇူးပြုပြီး''

လင်းညိုနောက်လှည့်မကြည့်ဘဲအံကိုကြိတ်ကာခေါင်းကိုဆတ်ဆတ်ညိတ်ပြလိုက်သည်။


+++++


လင်းညိုအခန်းတံခါးကိုဖွင့်မီးတွေကိုဖွင့်ရင်းဆိုဖာတစ်ခုပေါ်နွမ်းနယ်စွာထိုက်ချလိုက်ကာမျက်လုံးများကိုမှိတ်ထားလိုက်သည်။မျက်စိထဲလရောင်ရဲ့အငိုမျက်နှာကိုသာမြင်ယောင်နေတာမို့သူခေါင်းကိုဘယ်ညာယိမ်းရင်းမေ့ဖျောက်ဖို့ကြိုးစားလိုက်သည်။ထို့နောက်သူလရောင်ပေးလိုက်သောဒိုင်ယာရီစာအုပ်လေးကိုဖွင့်ကာအထဲကစာနှစ်စောင်ကိုဖတ်လိုက်သည်။

အကို

လမင်းလောက်မလင်းနိုင်ပေမယ့်ကြယ်လေးတွေလည်းလင်းတတ်တယ်တဲ့
အကို့အချစ်ကိုမမှီနိုင်ပေမယ့်ကျွန်တော်အကို့ကိုသိပ်ချစ်ပါတယ်
ကျွန်တော်သာကြယ်တစ်ပွင့်ဖြစ်ခဲ့ရင်အကို့အရောင်အဝါတွေတောက်ပနေဖို့ကြွေပေးလိုက်ချင်ပါတယ် .....ဘာလို့လည်းဆိုတော့အကို့အလင်းတွေပိုတောက်ပစေချင်လို့ပေါ့....အချိန်တန်ရင်တော့
ကြယ်လေးတွေလည်းကြွေတတ်တယ်အကို....
တလောကလုံးကိုအလင်းပေးဖို့အကိုထိန်ထိန်သာပြီးနေပေးပါနော် .........

အကို့ကိုရူးလောက်အောင်ချစ်တဲ့

မိုးစစ်...

____________________

မိုးစစ်

ကြယ်တို့သည်လည်း ....ကြွေတတ်သည်တဲ့ ဒါပေမယ့်မိုးစစ်ရေ ငါ့ရင်ထဲကကြယ်တစ်ပွင့်ကိုငါ့ကြောင့်ကြွေတာမျိုးငါအဖြစ်မခံပါရစေနဲ့ .... လမိုက်ညတွေမှာလင်းဖို့ငါ့ကြယ်လေးရှိမှဖြစ်မယ်...
အဆုံးသတ်မှာရင်နာရတာချင်းအတူတူပေးဆပ်ရတဲ့လူငါဖြစ်ပါရစေမိုးစစ်ရယ်တစ်သက်တာအတွက်ချစ်သက်လက်ဆောင်ပေးခဲ့တယ်။ပျော်ရွှင်ပါစေချစ်သူရယ် ....

လရောင်

_______________________

သူပြုံးလိုက်သည်။နင်မသေရပါဘူးလရောင်ရယ်၊ငါချစ်တဲ့လူတစ်ယောက်ကိုငါအသေမခံနိုင်ပါဘူး။ငါလည်းအတ္တကြီးပါရစေဦး။
သူလရောင်ရဲ့စာရေးထားရာစာရွက်ကိုဖြဲဆုတ်လိုက်ပြီးစာတစ်ကြောင်းကိုရေးလိုက်သည်။သူရေးထားသောစာကိုသူပြနဖတ်ရင်းနှစ်ခြိုက်စွာပြုံးလိုက်သည်။ ပေးဆပ်သူတွေများတဲ့ဒီပွဲမှာငါက..............။



အညို

To be continued …….

Credit: အညို့ FB Page - အညို