Saturday, October 19, 2013

Men’s Medicine - ယောက်ျားတွေ မေးတဲ့ဆေး



Impotence ပန်းသေ-ပန်းညှိုးရောဂါကို Erectile dysfunction (ED) လို့ ဆေးစာနဲ့ ခေါ်တယ်။ ရောဂါအခြေအနေ အပြော့၊ အပြင်း မတူပါ။ တချို့မှာ လုံးဝ လိင်အင်္ဂါ သန်မာမှု မရှိဘူး။ တချို့ကြ တခါတလေ ကောင်းလိုက် တခါတလေ မကောင်းလိုက် ဖြစ်တယ်။ ယောက်ျားတွေလဲ ရှက်ကြတာဘဲ။ ဆရာဝန်ဆီ မလာတာ မနည်းလှဘူး ထင်ရတယ်။ လူ ဘယ်လောက်မှာ ဒီလို ဖြစ်နေတယ် ပြောဘို့ ခက်တယ်။ စာရင်းဇယားထားတတ်တဲ့ အမေရိကားမှာ သန်း ၃ဝ ရှိမယ်တဲ့။ အသက်အရွယ် သိပ်မရွေး ဖြစ်နိုင်ပေမဲ့ ငယ်သူတွေမှာ နည်းပြီး ကြီးသူတွေမှာ အဖြစ်များတယ်။ ၄၅ ကျော်လာရင် နည်းနည်းဖြစ်ဖြစ် စကြပြီ။ 
 
၁။ Viagra 100 mg
၂။ Cialis 20 mg
၃။ Priligy 36 mg

မက်ဆာချူးဆက်) အသက်ကြီးလေ့လာရေးဌာနကနေပြောတာက အသက် ၄ဝ ကျော်ရင် လုံးဝ ပန်းသေသူ ၅% တိုးလာပြီး၊ ၇ဝ ကျော်ရင် ၁၅% တိုးလာတယ်။ နယ်သာလန်က သုတေသနတခုအရ အသက် ၅ဝ နဲ့ ၅၄ ကြားမှာ ၂ဝ% ရှိတယ်။ ၇ဝ နဲ့ ၇၈ ကြားမှာ ၅ဝ% ရှိတယ်။

ဒီလိုဖြစ်နေတာအတွက် ဆေးသုတေသနတွေကလဲ အစွမ်းထက်ပါတယ်။
1. Viagra (Sildenafil) ဆေးကို ၂၇-၃-၁၉၉၈ ကစပြီး FDA ကနေ ခွင့်ပြုခဲ့တယ်။
2. Levitra (Vardenafil) ကိုတော့ ၁၉-၈-၂ဝဝ၃ မှာ ခွင့်ပြုခဲ့တယ်။
3. Cialis (Tadalafil) ကတော့ ၂၁-၁၁-၂ဝဝ၃ ဖြစ်လို့ သူ့နောက်မပေါ်သေးရင်တော့ နောက်ဆုံးပေါ်ဖြစ်တယ်။

Viagra ကို ရေးပြီးဖြစ်ပါတယ်။ Cialis (Tadalafil) ဆေးဟာလဲ ယောက်ျားတွေမှာ (ED) ပန်းညှိုးနေသူတွေ အတွက်ဆေး ဖြစ်တယ်။ 20 mg ကို လိင်မဆက်ဆံမီ အစာနဲ့ နီးနီး ဝေးဝေး သောက်ရတယ်။ အတိအကျ ဆိုရရင် ၁၆ မိနစ် စောသင့်တယ်။ အစွမ်းက ၃၆ နာရီအထိ ရှိနိုင်တယ်။ တနေ့ထဲမှာ တခါသာ သောက်သင့်တယ်။ ကျားလိင်အင်္ဂါ သန်မာမှု Erection ကိုသာမက Sexual relations ဆက်ဆံမှုအတွက်ပါ ပိုကောင်းစေတယ်လို့ ဆေးညွှန်းက ဆိုပါတယ်။

Tadalafil ဆေးဟာ PDE5 inhibitor ဆေး အမျိုးအစား ဖြစ်တယ်။ လိင်-ကျန်းမာရေးအတွက် Cialis နာမည်နဲ့ ရောင်းပြီး အဆုပ် သွေးလွှတ်ကြော ဖိအားများရောဂါအတွက် Adcirca နာမည်နဲ့ ရောင်းတယ်။ Tadalafil ဆေးကို အိန္ဒိယမှာတော့ Tadacip 10 mg and 20 mg နာမည်နဲ့ ရောင်းတယ်။

Pill ဆိုတာ ဆေးလုံးမှန်သမျှကို ခေါ်ပေမဲ့ Pills လို့ပြောလိုက်ရင် ကိုယ်ဝန်တားဆေးကို တန်းသိစေကြတယ်။ Morning-after pill ဆိုရင် အရေးပေါ် တားဆေး၊ Cialis ဆေးကို Weekend Pill လို့ ခေါ်ကြသေးတယ်။ ဆေး ၃ မျိုးလုံးဟာ လိုရင် သောက်ပါ အမျိုးအစားတွေ ဖြစ်တယ်။ Cialis ဆေးကတော့ Once-daily medication တနေ့ ၁ လုံး သောက်နိုင်တယ် ဆိုတာ ထူးခြားတယ်။

Sexual stimulation လိင်စိတ်ဖြစ်လာချိန်မှာ ဆေးသောက်လိုက်ရင် Penile erection လိင်အင်္ဂါသန်မာလာစေဘို့ Penile blood flow သွေးစီးလျှောက်မှုကို တိုးများလာစေနည်းနဲ့ အကူအညီပေးတယ်။ အဲလိုဖြစ်လာအောင် Relaxation of penile arteries လိင်တံ သွေးလွှတ်ကြောလေးတွေနဲ့ Smooth muscle of the corpus cavernosum လိင်တံ-အသားမွတွေကို ပြေလျှော့စေတယ်။

Nerve terminals အာရုံကြောလေးတွေအဖျား နဲ့ Endothelial cells တွေကနေ Nitric oxide (NO) ထွက်လာတာလဲ တခန်းတကဏ္ဍကနေ ပါဝင်သေးတယ်။ Phosphodiesterase type 5 (PDE5) ကို တားဆီးပေးတာမို့ cGMP ကို များစေတာ ဖြစ်တယ်။ ဆေးတွေက PDE5 ကို တားစေပေမဲ့ Sexual stimulation လိင်စိတ်နိုးဆွမှု လိုသေးတာ သတိထားရမယ်။

Cialis ဆေးကို 10 mg ကနေစရတာ များတယ်။ 20 mg အထိ တိုးနိုင်တယ်။ 5 mg အထိ လျှော့ချနိုင်တယ်။ ၂ဝဝ၇ ဇွန်လထဲမှာ European Commission ဥရောပ-ကော်မရှင်ကနေ 2.5 mg နဲ့ 5 mg ကို ထုတ်ခွင့်ပြုခဲ့တယ်။

၂ဝဝ၉ မှာ Tadalafil (Adcirca) 40 mg ကို အမေရိကားနဲ့ ဥရောပမှာ၊ ၂ဝ၁ဝ မှာ ကနေဒါ နဲ့ ဂျပန်မှာ Pulmonary arterial hypertension ရောဂါအတွက် တနေ့တခါသောက် ခွင့်ပြုလာတယ်။

Side effects ဘေးထွက်-ဆိုးကျိုးတွေ -
Tadalafil ဆေးကို Clinical trials သုတေသနလုပ်တုံးက လူပေါင်း ၁၅ဝဝဝ ပါဝင်ခဲ့တယ်။ လူ ၈ သန်းမက သုံးခဲ့ပြီ။
ခေါင်းကိုက်၊ အစာမကျေ၊ ခါးနာ၊ ကြွက်သားနာ၊ မျက်နှာနီမြန်း၊ နှာခေါင်းပိတ်-နှာရည်ယို။ ဒါပေမဲ့ ၄၈ နာရီကြာရင် ပျောက်ကုန်မယ်။ နောက်ပိုင်းမှာ မျက်စိအကြည့်ခက်တာ တွေ့လာတယ်။ Hypotension သွေးဖိအား ကျစေနိုင်တယ်။
၄၈ နာရီအတွင်း Angina နှလုံးသွေးကြောကျဉ်းရောဂါ အတွက်ပေးတဲ့ Glyceryl trinitrate ဆေး မသောက်သင့်ဘူး။

Priligy Dapoxetine ဆေးကတော့ Premature ejaculation သုက်လွှတ်စောတာ အတွက်ပေးတဲ့ တခုထဲသောဆေး ဖြစ်တယ်။ ဆေးအမျိုးအစားက Selective serotonin reuptake inhibitor (SSRI) ခေါ်ပါတယ်။ Serotonin က သုက်လွှတ်ပေးဘို့ အာရုံကြောတွေကနေ တဆင့် သတင်းစကားပါးရာကျတဲ့ ဓါတ်ဖြစ်တယ်။ အခုဆေးက သတင်း ပါးတာကို တားပေးမယ်။ ဂဏန်းနဲ့ ပြောရင် အကြီးကြီး ၂ဝဝ-၃ဝဝ% သတင်းပို့တာကို နှေးစေမယ်တဲ့။

ကျွန်တော့် စာတချို့လိုဘဲ (အွန်လိုင်း) ကနေ အသက် ၁၈ နှစ်ကျော်ရင် ဝယ်လို့ရတယ်။ အသက်သိပ်ကြီးသူ ၆၅ နှစ်ဆိုရင် မသုံးစေချင်ပါလို့ ပါတယ်။

Priligy dapoxetine ဆေးကို 30mg နဲ့ 60mg လာတယ်။ စသုံးတဲ့သူတွေ 30mg နဲ့စပါ။ လိုတယ်ထင်မှ 60mg သောက်ပါ။ နာရီဝက် ကြိုတင် သောက်ရမယ်။ ၃-၄ နာရီအထိ ဆေးသတ္ထိ ရှိနေမယ်။

ဘေးထွက်-ဆိုးကျိုးလဲ နည်းလှပါတယ်တဲ့။ ပျို့ချင်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ ဗိုကအောင့်၊ အစာမကျေ။

မေးတဲ့သူမှာ ရောဂါနာမယ်တပ်တာ၊ ဖြစ်နေ-မနေဆိုတာကို အသာထားပြီး၊ ဆက်ဆံမှု လိုရင် လိုသလို ကိုယ်နဲ့ အဆင်ပြေတဲ့ ဆေးကို သုံးစွဲသင့်ပါတယ်လို့ အကြံပေးပါရစေ။ သန်းပေါင်းများစွာထဲက တယောက်သာ ဖြစ်တယ်။ ဆေးကူလို့ ရနေလို့ ကံကောင်းသူလဲ ဖြစ်ပါတယ်။

ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာ အခက်အခဲ (ဖြစ်ချင်တဲ့လိုအင်) ၂ မျိုးရှိတယ်။ (၁) လိင်အဂ်ါကို ပိုကြီးရှည်ချင်တာနဲ့ (၂) လိင်အင်္ဂသန်မှုနည်းနေတာကို ကောင်းစေချင်တာဖြစ်တယ်။ မိန်းမတွေမှာ လိင်စတ်နည်းတာမျိုး ယောက်ျားမှာ ဖြစ်ခဲတယ်။ ကဲလွန်းနေတာတော့ရှိတယ်။

Xanogen ဆေးအပါအဝင် ကျား-လိင်အင်္ဂါ ကြီး-ရှည်-သန်စေတယ်ဆိုပြီး ကြော်ညာတဲ့ဆေးတွေဟာ (အင်တာနက်) ရောင်းကုန်တွေ ဖြစ်တယ်။ ဆေးဆိုင်တွေမှာ တရားဝင်ခွင့်ပြုချက်နဲ့ ဆရာဝန်လက်မှတ်နဲ့ ရောင်းတာမျိုးမဟုတ်ပါ။

ကျွန်တော်တို့လို ဆရာဝန်တွေက ဆေးကျောင်းတွေမှာ မသင်ခဲ့ပါ။ ဆေးစာအုပ်တွေထဲမှာလဲ မပါပါ။ အဲလို မသင်ရ-မပါတာတွေလဲ ဆရာဝန်တွေက ညွှန်တတ်တာမျိုး ရှိပါတယ်။ သူများတွေ သုတေသနလုပ်၊ လေ့လာဆန်းစစ်မှုတွေ လုပ်ထားတာတွေကိုဖတ်ပြီး၊ လေ့လာပြီး။ ဆရာဝန်တွေ လက်ခံတာမျိုး လုပ်ကြပါတယ် အခုလိုဆေးအမျိုးအတွက် သုတေသန နဲ့ လေ့လာဆန်းစစ်မှုတွေကို လိုက်ရှာတော့ ၂ မျိုးတွေ့လာတယ်။

ဆေးရောင်းသူတွေကတော့ ဝယ်ချင်လာအောင် ကောင်းတောတွေသာ ရေးထားတာ ဖတ်ရတယ်။
Xanogen ဆေးကနေ လိင်အင်္ဂါကြီးထွားလောတယ်လို့ ထင်ရစေမယ်ဆိုပြီး ဆေးကြော်ညာမှာရေးတယ်။ ၁ဝဝ% စိတ်ချရတယ်လို့လဲပါသေးတယ်။ ဆေးကြော်ညာထဲက အမေး-အဖြေတွေမှာတော့ အတော် မတူကြတာမျိုးတွေ ဖတ်ရတယ်။
• xanogen and hgh factor တွေကနေ ကျားအင်္ဂါကို ပိုကြီးစေသလား။ မဟုတ်ပါ။
• hgh injections ထိုးဆေးက ကျားအင်္ဂါကို ပိုကြီးစေသလား။ မဟုတ်ပါ။ ပိုဆိုးလာေးတယ်။
• penis pumps စုပ်စက်ကနေ ကျားအင်္ဂါကို ပိုကြီးစေသလား။ ယာယီတော့ ကောင်းမယ်။ သွေးတွေဝင်လာချိန်မှာ ကောင်းပြီး ပြန်ထွက်သွားရင် နဂိုလိုဖြစ်မယ်။
• natural and herbal တိုင်းရင်းဆေးတွေရှိပါတယ်။ traction devices ဆွဲဆန့်ကရိယာလဲရှိတယ်။ exercises လေ့ကျင့်ခန်းလုပ်နိုင်တယ်။ pills ဆေးလုံးတွေလဲရှိတယ်။ နောက်ဆုံး surgical ways ခွဲစိတ်ပြုပြင်နိုင်တယ်။

ဆေးထုတ်လုပ်သူတွေကနေဘဲ ရေးတာမှာ နောက်တမျိုး တွေ့ရပြန်တယ်။
Xanogen ဆေးထဲမှာ traditional herbal aphrodisiacs ရိုးရာ လိင်အားပေးဓါတ်တွေပါတယ်။ ဥပမာ horny goat weed and muira puama (potency wood) တွေဖြစ်တယ်။ sex drive လိင်စိတ်ကိုအားပေးတယ်။ အသက်ကြီးလို့နဲ့ တခြားကြောင့် စိတ်နည်းနေသူတွေအတွက်ကောင်းတယ်။ L-arginine နဲ့ Gamma-Aminobutyric Acid တွေက သွေးလည်ပတ်မှုကို ပိုကောင်းစေတယ်။ ဟော်မုန်းလဲ ပိုထွက်မယ်။ ကြော်ညာထဲမှာ ရေးထားမျိုးထဲမှာ ၃ ပါတ်နေရင် ၃ လက်မ ပိုရှည်စေတယ်လို့ တမျိုးပါထားပေမဲ့ အဲလိုဖြစ်မှာကို အာမမခံချက် မဖတ်ရပါ။

ခြုံပြီး ဆရာဝန်တဦးအနေနဲ့ ပြောရရင် ဘေးဖြစ်စေမှာတွေ ပါတယ်လို့ မတွေ့ရပါ။ ညွှန်းလဲ မညွှန်းလိုပါ။ မသုံးနဲ့လဲ မတားပါ။ ပန်းသေ-ပန်းညှိုးအတွက်တော့ ကြော်ညာမှာကို မပါပါ။

သုက်လွှတ်စောတာအတွက် Prexil ဆေး၊ VigRX Plus ဆေးနဲ့ PreJacဆေးတွေကိုသုံးနေကြတယ်။ Dapoxetine, Prexil® ဆေးသစ်တမျိုးက စမ်းသပ်မှုအဆင့် ၃ ရောက်နေပြီ။

Dr. တင့်ဆွေ
၇-၂-၂ဝ၁၂
၁၃-၁ဝ-၂ဝ၁၃

Tuesday, October 15, 2013

ဟိုတစ်စ သည်တစ်စ


ဒီတစ်ပတ်တော့ ကျွန်တော်လုပ်နေတဲ့ စာသင်ကျောင်းမှာ စာမေးပွဲတွေဖြေနေကြတာဆိုတော့ ၀တ္ထုလည်းမရေး နိုင် ဆောင်းပါးလည်းမရေးနိုင် အပျင်းထူနေတာလည်းပါပါတယ်။ www.mlgbts.com မှာ သူများတွေရေးထား တဲ့ ၀တ္ထုလေးတွေဖတ်တော့လည်း ကိုယ့်ထက် အဆများစွာသာသူတွေတွေ့ရပြန်ရော။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပရိသတ်နဲ့ကိုယ်လို့ ဖြေတွေးလေးတွေးမိရပါတယ်။

ဘာမှမရေးဖြစ်တဲ့အတူတူ ကိုယ်သိထားတာလေးတွေပြန်မျှချင်ပါတယ်….ဘာရယ်တော့မဟုတ်ပါဘူးလေ။
လင်းလက်ကြယ်စင်ဆိုတဲ့ အစီအစဉ်လေးကို သတိထားမိလား ဘီဘီစီမြန်မာပိုင်းအစီအစဉ်က ၁၅မိနစ်စာ အွန်လိုင်းမဂ္ဂဇင်းပုံစံလေးတင်ဆက်နေတဲ့ဟာလေ။ အဲဒီထဲကမှာတော်ရုံမီဒီယာတွေ ရှောင်လေ့ရှိတဲ့ Issue ကို သေချာလေးမေးမြန်းတင်ဆက်ထားတဲ့ အသံဖိုင်လေးနားထောင်ကြည့်ကြပါလား….။
တိတ်တခိုးအချစ်မို့စိတ်မဆိုးဖြစ်ဖို့နားလည် - http://soundcloud.com/llksradio/wuksxzdamuem
 
နောက်တစ်ခုကလေ ကျွန်တော်တို့ မြန်မာပြည်မှာနေထိုင်နေတဲ့သူတွေအနေနဲ့ underwear ခပ်မိုက်မိုက်လေးတွေ ၀ယ်ချင်ဝတ်ချင်ရင် ဘယ်မှာ ရွေးဝယ်လို့ရမလဲ အဆင်ပြေမလဲအမြဲ ခေါင်းစားနေကြရတယ် ဟုတ်တယ်ဟုတ်။ အခု သူငယ်ချင်းတစ်ယောက်က အွန်လိုင်းစတိုးဝန်ဆောင်မှုလုပ်ပြီး ရောင်းနေတာ ရန်ကုန်မြို့တွင်းဆိုရင် သူရေးပေးထားတဲ့ဈေးအတိုင်းအိမ်အရောက်ပို့ဝန်ဆောင်မှုပေးနိုင်ပြီး နယ်ကဆိုရင်တော့ Transport charges တော့ထပ်ဆောင်းပေးရမှာပေါ့နော်။ ကဲ ကိုယ့်ဖုန်းနံပါတ်ရယ် လိပ်စာရယ်ပေးပြီးမှာကြည့်လိုက်ရအောင်။
အတွင်းခံလေးတွေ ကိုသူ့ပေ့ခ်ျရဲ့ message မှာ ကုတ်နံပါတ်ရယ် ကိုယ့်ဖုန်းနံပါတ်လိပ်စာရယ် ရိုက်ထည့်မှာ ကြားနိုင် - https://www.facebook.com/myanmarmenunderwear
တခြားပစ္စည်းလေးတွေကိုမှာနိုင်မဲ့လိပ်စာက - https://www.facebook.com/myanmaronlineshop
 
နောက်တစ်ခုကလေ ကျွန်တော်တို့အမျိုးသားတွေအတွက် Spa သီးသန့်သိပ်မရှိကြသေးဘူးထင်တယ်။ ကျွန်တော်ကပဲ Spa တွေမသွားနိုင်လို့ မသွားလို့များလား။ ဒါပေမဲ့ အခု စင်ကာပူကနေ လက်ခွဲသဘော ဖွင့်ထားတဲ့ Lime Spa နဲ့မိတ်ဆက်ပေးချင်သေးတယ်။ အဲ့မှာ တော်တော်အဆင်ပြေစေမယ့် ၀န်ဆောင်မှု တွေရနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးက Oil Message နဲ့ Body Scrub ဖြစ်ပါတယ်။ ၀န်ထမ်းလေးများ ကလည်း မဆိုးပါဘူး။


ကဲကဲ…ဟိုစပ်စပ် ဒီစပ်စပ်ပြောလိုက်တယ်….စာတွေရေးဖြစ်အောင်ကြိုးစားပါဦးမယ် သူငယ်ချင်းတို့ရေ…
Alex Aung (15 Oct 2013)

Thursday, October 10, 2013

“အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူးလို့ ဝေဖန်ခံရတယ်”



Miss International Queen 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု ပထဆုံး ဝင်ရောက်ယှဉ်ပြိုင်မည့် သညာမောင် (ဓာတ်ပုံ – Tanya Maung facebook မှ)


ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေ၌ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျင်းပမည့် Miss International Queen 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု တတိယလိင် အလှမယ်အဖြစ် သညာမောင်က ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ အသက် ၂၉ နှစ် အရွယ်ရှိ သညာမောင်သည် ကရင်ပြည်နယ် မိကရင်ရွာတွင် မွေးဖွားခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၂၀၀၇ ခုနှစ်တွင် စတင် ရောက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီတခုတွင် စတင် အလုပ်ဝင်ခဲ့ပြီး လက်ရှိတွင် နိုင်ငံတကာ အဖွဲ့အစည်း တခု၌ အလုပ်လုပ်ကိုင်ကာ BA. English မေဂျာဖြင့် ပညာသင်ယူဆဲ ဖြစ်ကြောင်း သိရသည်။ သညာမောင်၏ Miss Internatoinal Queen 2013 ပြိုင်ပွဲဝင်မည့် ကိစ္စနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး။     ။ Miss International Queen ပြိုင်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ။
ဖြေ။     ။ ပြိုင်ပွဲဝင်တွေရဲ့ အဓိက အရေးအကြီးဆုံးက ယောက်ျားဘဝကနေ မိန်းကလေး တယောက် ဘဝကို လုံးဝ ပြောင်းလဲထားတဲ့သူ တယောက် ဖြစ်နေရမယ်၊ မိန်းကလေး တယောက်ရဲ့ အသွင်ပုံစံ အပြည့်ရှိနေရမယ်၊ လူမှု ဆက်ဆံရေး လည်း ကောင်းမွန် နေရမယ်။

မေး။     ။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တတိယလိင် အလှမယ် တယောက်အဖြစ် ဘာကြောင့် ပြိုင်ပွဲဝင်ဖြစ်ခဲ့တာလဲ။
ဖြေ။     ။ အစတုန်းကတော့ ပြိုင်ပွဲဝင်ဖို့ စိတ်ကူး လုံးဝမရှိခဲ့ဘူး။ စိတ်လည်း မဝင်စားဘူး။ ဘာလို့လဲဆိုတော့ တချို့ သူတွေလိုမျိုး ကိုယ့်ကို နောက်ခံ ထောက်ပံ့ပေးမယ့် စပွန်ဆာတွေလည်း မရှိဘူးလေ၊ ဒါပေမယ့် သူငယ်ချင်းတွေက
မြန်မာပြည် ကိုယ်စားပြုအနေနဲ့ ဝင်ပြိုင်သင့်တယ်လို့ အကြံပေးကြတယ်။ အစ်မရဲ့ ရုပ်ရည်နဲ့ ဆိုရင်လည်း ဖြစ်နိုင်တယ်လို့ ဝိုင်းပြီး အကြံပေးကြတာနဲ့ လျှောက်လွှာ တင်ဖြစ်ခဲ့တယ်။ နောက်တော့ လျှောက်လွှာတင်တဲ့ အယောက် ၈၀ ကျော်ထဲက
၃၀ ပြန်ရွေးတဲ့ အထဲမှာ ကိုယ် က အရွေးခံရတယ်ဆိုတော့ အံ့သြသွားတယ်၊ ပြီးတော့ ပြိုင်ပွဲကို ဆက်ပြီး ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသွားတယ်။


မေး။     ။ ပြိုင်ပွဲဝင်ဖို့ စပြီး လျှောက်ခဲ့တဲ့တုန်းက အတွေ့အကြုံ ပြောပြပေးပါလား။
ဖြေ။     ။ ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်တော့ အင်တာဗျူး လုပ်ရတယ်၊ အဲဒီမှာ အစ်မက မြန်မာပြည် ကိုယ်စားလှယ်အနေနဲ့ ပထမဆုံး ပြိုင်တဲ့သူ တယောက် ဖြစ်နေတယ်။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းရင်းကို မေးတော့ မြန်မာနိုင်ငံမှာ ကျားမ ခွဲခြား ဆက်ဆံမှုတွေ ရှိနေသေးတာရယ်၊ ပြည်သူလူထုရဲ့ တတိယလိင်တွေ အပေါ် လက်မခံနိုင်သေးတဲ့ အမြင်တွေကို ပညာပေးချင်တဲ့ သဘောပေါ့။ ပြီးတော့ ဆုရဖို့ကိုလည်း မမျှော်မှန်းထားပါဘူးလို့ အင်တာဗျူးတော့ လူကြီးတွေကို အစ်မ ပြောပြဖြစ်ခဲ့တယ်။

မေး။     ။ တတိယလိင်တယောက် အနေနဲ့ အခုလို မယ်ပြိုင်ပွဲဝင်ဖို့ လုပ်တော့ ဝေဖန်ခံရတာတွေ၊ အားပေးမှုတွေ ဘယ်လိုရှိလဲ။
ဖြေ။     ။ အစ်မရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ facebook စာမျက်နှာမှာတော့ ပရိသတ်တွေက ကွန်မန့်တွေ ပေးကြတယ်။ အမျိုးဘာသာကို ဖျက်တယ်၊ လုံးဝ လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ ဝေဖန်ခံရတယ်။ ဒါပေမယ့် အစ်မက အကောင်းမြင် ဝါဒီသမား တယောက်အဖြစ် ခံယူထားတဲ့သူ ဆိုတော့ သူတို့တွေရဲ့ ဝေဖန်မှုတွေကို ကောင်းတဲ့ ရှုထောင့်ကနေ မြင်လိုက်တယ်။ မကောင်းတဲ့ အပိုင်းတွေရှိသေးရင် ကိုယ်က ပြုပြင်လိုက်တယ်။ အားပေးတာတွေ ကတော့ တော်တော်လေး များတယ်လို့ ပြောလို့ရတယ်။ မြန်မာနိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ရောပေါ့ ပြိုင်ပွဲဝင်တာကို အားပေးကြတယ်။

မေး။     ။ ဒါဆိုရင် နိုဝင်ဘာ ၁ ရက်မှာ ကျင်းပမယ့် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ကိုရော ဘာတွေ ပြင်ဆင်ပြီးထားပြီးလဲ။
ဖြေ။     ။ ပြိုင်ပွဲဝင်ဖို့ အတွက်ကတော့ လောလောဆယ်မှာ ရေကူးဝတ်စုံတွေ အများကြီး ပြင်ဆင်နေတယ်။ မြန်မာဝတ်စုံတွေနဲ့ ညနေခင်း ဝတ်စုံတွေလည်း အစ်မရဲ့ ဒီဇိုင်နာဆီမှာ ချုပ်နေတယ်။ Talent Show အတွက်ကိုတော့ ကရင်ဒုံးယိမ်းအက ကဖို့ ပြင်ဆင်နေတယ်၊ လေ့ကျင့်နေတယ်။ အစတုန်းကတော့ မြန်မာအကလေး ကချင်ခဲ့တာပါ။ ဒါပေမယ့် ဝတ်စုံတွေ ရှာဖို့ ခက်တယ်လေ။

မေး။     ။ ပြိုင်ပွဲဝင်မယ် ဆိုတုန်းက စပွန်ဆာပေးဖို့ ကမ်းလှမ်းခံရသေးလား။
ဖြေ။     ။ ပြည်တွင်းမှာက အစ်မရဲ့ အသိမိတ်ဆွေ သိပ်ပြီးတော့မရှိဘူး။ သူငယ်ချင်း တယောက်ကတော့ အစ်မရဲ့ အတွေ့အကြုံ တွေကို အင်တာဗျူး လာလုပ်ပြီး စပွန်ဆာ ပေးဖို့ကမ်းလှမ်းပေမယ့် အဲဒီ တယောက်ကလည်း အခုထိ အကြောင်းမပြန် တော့ပါဘူး။

မေး။     ။ အခုလို ပြိုင်ပွဲဝင်မှာကိုရော မိဘတွေက သဘောတူရဲ့လား။
ဖြေ။     ။ ဝင်ပြိုင်မယ် ဆိုတာကို မိဘတွေက မသိသေးဘူး။ ဒါပေမယ့် သတင်းတွေက ထွက်သွားတော့ အိမ်က ဖုန်းဆက် လာတယ်။ အစ်မရဲ့ အမေကတော့ အကောင်းဘက်က မြင်ပေးပေမယ့် သူ့စိတ်ထဲမှာ သိပ်ပြီးတော့ လက်မခံသေးဘူး။ ဆုံးမသင့်တာ ဆုံးမတယ်။

မေး။     ။ မြန်မာနိုင်ငံမှာ ရှိတဲ့ တတိယလိင် တွေအတွက် အခွင့်အလမ်းတွေ နည်းနေသေးတာ၊ လူတွေလက်မခံနိုင်သေးတာ ကိုရော ဘယ်လိုခံစားရလဲ။
ဖြေ။     ။ အစ်မရဲ့ အတွေ့အကြုံအရ ဆိုရင်တော့ တည်တည်တံ့တံ့ နေနိုင်တဲ့သူနဲ့ မနေနိုင်တဲ့ သူတွေရှိတယ်။ ကိုယ်လို လူမျိုးတွေ ဆိုတာက ဒီလိုမျိုးဘဝနဲ့ နေထိုင်တာဆိုတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာလေးနဲ့ အိနြေ္ဒရရလေး ရှိနေစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ တတိယလိင်တွေက ကိုယ်တိုင်ကိုယ်ကျ ပွင့်ပွင့်လင်းလင်းနဲ့ ဆုံးဖြတ်နိုင်ရမယ်။ ဒီလိုမျိုး တတိယလိင် ဘဝကို ခံယူလိုက်မယ်ဆိုရင် ခံနိုင်ရည်ရှိရဲ့လားဆိုတာကို ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ ကောင်းတဲ့သူ တယောက်အဖြစ် လူမှုအဖွဲ့အစည်းကို အထောက်အကူ ပြုနိုင်မလား၊ ပတ်ဝန်းကျင်က လူတွေ လက်ခံနိုင်မလား ဆိုတာတွေ
အရေးကြီးတယ်။


မေး။     ။ သညာမောင်အနေနဲ့ တတိယလိင်ဘဝကို စပြီး ပြောင်းလဲလိုက်တုန်းက ဘယ်လိုမျိုး အခြေအနေတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။     ။ အခက်အခဲတွေကတော့ အများကြီးရှိခဲ့တယ်၊ အိမ်က လုံးဝလက်မခံဘူး၊ အကြီးအကျယ် ပြဿနာတက်ခဲ့ရတယ်။ အိမ်ကို ပြန်မလာနဲ့လို့ နှင်ထုတ်ခံခဲ့ရတယ်။ အရင်က ကိုယ့်ကို ရိုသေလေးစားခဲ့တဲ့ သူတွေက ရှိန်သွားတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို တဖြည်းဖြည်း သိလာတော့ ပြန်ပြီး လက်ခံပေးလာတယ်။

မေး။     ။ တတိယလိင် ဘဝရဲ့ အားသာချက်နဲ့ အားနည်းချက်ကရော ဘာတွေဖြစ်မလဲ။
ဖြေ။     ။ အစ်မတို့လိုမျိုး လူတွေရဲ့ အားသာချက်ကတော့ စိတ်ဓာတ်ကြံ့ခိုင်လာတယ်။ ဒီလိုဘဝကို ပြောင်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တွေးရတယ်လေ။ ဒီလိုဘဝမှာ ကြံ့ကြံ့ခံနိုင်ရဲ့လား၊ အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးပြီးမှ ခွဲစိတ်ပြုပြင်ကြရတာလေ။ အားနည်းချက်ကတော့ များသောအားဖြင့် ပတ်ဝန်းကျင်က သိပ်ပြီးတော့ လက်မခံကြဘူး။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင် တွေ့တာနဲ့ ဟာသတခုလို မြင်ကြတယ်။ အလုပ်ကိစ္စနဲ့ တနေရာရာကို သွားလို့ အမျိုးသားတွေနဲ့ တွေ့ရင် သူတို့က ကိုယ့်ကို ရှိန်နေတတ်ကြတာမျိုးတွေ ကြုံတွေ့ရတယ်။

မေး။     ။ တတိယလိင်တယောက် ဖြစ်တဲ့ သညာမောင်ရဲ့ ခံယူချက်ကရော။
ဖြေ။     ။ အစ်မကတော့ အရာရာတိုင်းကို ကြံ့ကြံ့ခိုင်ပြီး ကိုယ့်လမ်းကို လျှောက်နေတယ်၊ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်။ အစ်မမြင်နေတာက မြန်မာလူမျိုးတွေ မှာတင် မဟုတ်ဘဲ နိုင်ငံတကာမှာပါ တတိယလိင်ဆိုတဲ့ သူတချို့က ကိုယ့်ကိုယ်ကိုယ် တန်ဖိုး မထားကြတာများတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ တန်ဖိုးရှိလာအောင်၊ အကျိုးရှိလာအောင် ကူညီသွားမယ်လို့ စဉ်းစားထားတယ်။

Wednesday, October 2, 2013

Car Shop Fix


“Shit!!” စိတ်ပျက်စရာကောင်းလိုက်တဲ့ကား။ ဈေးကြီးပေးဝယ်ရတာ….သူများတွေဝေဖန်တာကို ဂရုမစိုက်ဘဲဝယ်ခဲ့တဲ့ကား အခုတော့ အသံစုံကိုမြည်လို့ဗျား။ ဆူညံနေတဲ့ အသံတွေက ခရီးတစ်ခုထွက်တာနဲ့မတန်ဘူး။ထိုင်ပြီးမောင်းနေရတာကိုက တစ်ကိုယ်လုံး ယားယံပြီး ရွံစရာကောင်းတယ်လို့ ကိုယ့်ဖာသာခံစားရတယ်။ အင်း…. ကားပြင်ဖို့ အစီအစဉ်တွေဆွဲရတယ် ဘယ် Workshop ကိုသွားမယ် ဘယ်နေ့ ဘယ်အချိန်စသဖြင့်ပေါ့။ သံစုံမြည်ကားကို ရုံးရှိရာမောင်းလာလိုက်တယ် အိမ်ပြန်မနေတော့ပါ။ “အိုး….ဟုတ်ပြီ သူရ ပြောဖူးတဲ့ ၀ပ်ရှော့ကိုသွားရမယ်”…..ခပ်တောင့်တောင့် နဲ့ အကြမ်းထည် မက္ကင်းနစ်လေးတွေရှိတဲ့နေရာပေါ့။ ကိုယ့်ဖာသာပြင်ဖို့ပျင်းတဲ့ ကျွန်တော့် အတွက် အဆင်ပြေမှာပါ။
ဟဲဟဲ…..ပြောမယ်ဗျာ တိုတိုတုတ်တုတ်။ ကားကိုဝပ်ရှော့မှာနေရာတကျရပ်ပြီးမှ သူတို့အလုပ်လက်ခံစကားပြောတဲ့နေရာကိုသွားရတယ်။ ၀ပ်ရှော့က မြို့ရဲ့တောင်စောင်းအောက်ခြေနားက စက်မှုဇုံနားမှာရှိပြီး အလုပ်လက်ခံစကားပြောတဲ့နေရာက နည်းနည်းလှမ်းသဗျ။
Customer service ခုံက ဘဲတစ်ပွေကတော့ အတော်ကြည့်ကောင်းတဲ့လူတစ်ယောက်ပဲဆိုတာ ကျွန်တော်အရင်ဆုံးသတိပြုမိတယ်။ ကျွန်တော့်ထက် အသက်တော်တော်တော့ကြီးမယ်။ အသက်၄၀ ၀န်းကျင်ဆိုတာ သံသယဖြစ်ဖွယ်တောင်မရှိပါဘူး။ ဒါပေမဲ့ ကျစ်လစ် တင်းရင်းပြီး ကြံ့ခိုင်တဲ့သူ ခန္ဓာကိုယ်တည်ဆောက်ပုံက အားကစားသမားတစ်ယောက်အတိုင်းပဲ။ နက်မှောင်နေတဲ့ ဆံပင်က ခပ်ပါးပါး ညှပ်ထားတာ ကြံ့ခိုင်လှတဲ့ ရေတပ်ဗိုလ်ကြီးကျနေတာပဲဗျာ။ ရေပြာရောင်ဝတ်စုံ၊ အဖြူရောင်တီရှပ်နှင့်ဆိုတော့လေ။ စကားပြောရင် တပြုံးပြုံးနဲ့ ကျွန်တော်အလုပ်အပ်တဲ့ငွေတွေကို စာရင်းကိုင်တစ်ယောက်ကို လက်ခံခိုင်းတယ်။ သူက ရယ်လွယ်ပြုံးလွယ် တဲ့သူ တစ်ယောက်ပါပဲလား။ ရုတ်တရက်ကြည့်လိုက်တာနဲ့တင် သဘောကျမိပြီး သူပိုင်ဆိုင်ထားတဲ့အရာတွေအတွက် မနာလိုဖြစ်စရာ ကောင်းချက်။
ကျွန်တော်နှင့်အတူ ခပ်ဖြေးဖြေးလမ်းလျှောက်…..ကားပြင်တာကိုစောင့်ကြည့်ရမလား? Taxi ကားတစ်စင်းအလာကိုစောင့်ရမလား? ကျွန်တော်ကားပြင်တာကိုစောင့်ရမယ့်ကြာချိန်ကို သူ့စောဒကတက်တော့ သူက ဘယ်ဘက်ကိုကျွန်တော်သွားမှာလဲမေးတယ်။ ပြီးတော့ ခပ်ပြုံးပြုံးမျက်နှာထားနှင့်အတူ မြင်နေရတဲ့လမ်းမအတိုင်းသူသွားမှာ ကားကြုံလိုက်ချင်ပါသလားတဲ့?  ကျွန်တော့်ရင်ဘတ်ထဲ မြင်းဖြူများစွာက ခုန်ခုန်ပြီး သူ့ကားပေါ်ကို ဘာစကားမှ တုန့်ပြန်မဆို စွေ့ကနဲပါသွားရတာပေါ့နော် ဟီးဟီး။
လမ်းပေါ်ဝယ် နှစ်ဘလောက်စာလောက်မောင်းပြီးနောက် သူပင်ပန်းတဲ့အခါ သွားသွားအိပ်တဲ့ ဟိုတယ်အခန်းမှာ သူ့အ၀တ်အိတ်ကျန် နေခဲ့တာ သတိရလို့ ဆင်းယူချင်တာ အဆင်ပြေပါတယ်နော် စိတ်မရှိဘူးမဟုတ်လားဆိုပြန်တယ်။ ကျွန်တော် ဘာပြောနိုင်မှာလဲ? ရပါတယ်….စိတ်မရှိပါဘူးပေါ့လို့ ပြန်ဖြေရတာဗျ။
သူ Motel တစ်ခုရဲ့ ကားပါကင်မှာ အသာငြိမ့်ကနဲဝင်ရပ်ရင်း “အထဲလိုက်ပြီး နားပါဦးလား ခဏဖြစ်ဖြစ်” တဲ့ပြုံးပြီးပြောရဲ့။
အင်း….မကြာခဏကြုံဖူးတဲ့ ဒီလိုဂွင်ဆင်ချက်တွေကို မအံ့သြမိရပေမဲ့ ဒီတစ်ခါတော့ တကယ့် surprise ဖြစ်ရတဲ့အချိန်ပါပဲ။ “Sure” မမျှော်လင့်ပဲကြုံဆုံရတဲ့ အခိုက်အတန့်တစ်ခုအလျှင်အမြန်ဖြစ်တည်လာတာမှာ ကျွန်တော့်ရင်ခုန်သံတွေစည်းချက်ကမြန်လာရပြီ။
ကျွန်တော် မမှားခဲ့ဘူးဗျ။
အခန်းတံခါးကို ပိတ်ပြီးတာနှင့်တစ်ပြိုင်နက် တီဗွီကိုဖွင့် အသံကိုချဲ့ပစ်လိုက်တယ်။ အကြောင်းပြချက်က ဘေးအခန်းတွေကဆူညံနေလို့ တဲ့။ပြီးတော့ သူ့ကိုယ်ပေါ်က သူ့အ၀တ်တွေကို မပြောမဆိုဖယ်ရှားနေတယ်ဗျာ။ အပေါ်ဝတ် ကုတ္လိုမ်ိဳးအက်ႌ၊ တီရွပ္အက်ႌ၊ ဘောင်းဘီရှည်…အား….. ခပ်သွက်သွက် လှုပ်ရှားတာ အဖြူရောင် Jockey ဘောင်းဘီလေးနဲ့ တင်သားအိအိတွေပေါ်လာတာမြင်ရတဲ့… နောက်ကကြည့်နေရတဲ့ ကျွန်တော့်အတွက်စိတ်လှုပ်ရှားစရာပေါ့။ သူ့အနောက်တည့်တည့်နဲ့ ကျွန်တော်က သိပ်မှမဝေးတာ။

“ခင်ဗျား….ကားဂိုထောင်ထဲမှာတုန်းက ကျုပ်ကို check နေတာသိတယ်။ စိတ်အထင်ပါလို့တွေးပြီးသိပ်တော့မသေချာခဲ့ဘးပေါ့လေ။ ကားပေါ်တက်ထိုင်ပြီးလိုက်ခဲ့တော့မှ သေချာသွားတာ” လူကို မထိတထိပြောပြီးပြုံးတယ်။ ပြီးမှ “ခင်ဗျားပေါင်ခြံကိုကြည့်ကြည့်မိပြီး တောင့်လာတာကိုမြင်ရတော့အပေါ်ကခွထိုင်ပြီး ခုန်ချင်စိတ်ဖြစ်လာတာပေါ့ဗျာ” လို့စကားဆက်တော့ ကျွန်တော့်မှာ တွန့်ကနဲတောင်ဖြစ် သွားရသေး။

အပေါ်ကနေသူကထိုင်ပြီး Top မယ်တဲ့။ အဲ ကျွန်တော်လည်း လုပ်ဖြစ်ချင်လုပ်ဖြစ်မှာပေါ့ အောက်ကနေ bot ။ နှစ်ယောက်သား အတန်ကြာ မျက်လုံးခြင်းဆုံကြည့်နေမိပြီးနောက်မှာတော့ နှုတ်ခမ်းသားခြင်း ဂဟေဆက်ကြပါတယ် ပြင်းထန်စွာ။ ကျွန်တော်တို့ ငပဲကိုယ်စီဟာလည်း ရှည်နိုင်သမျှရှည် တောင်နိုင်သမျှ အစွမ်းကုန်တောင့်လာလိုက်ကြတာ အချင်းချင်းတိုက်ခိုက်တော့မယ့်အတိုင်း ပါပဲဗျာ။ အသက်ရှူသံတွေ သက်ပြင်းမောချသံတွေဟာလည်း ရင်အုပ်တွေထဲမှာ လျှပ်ပျက်နေကြသလိုပေါ့နော်။ အာခေါင်တွေခြောက် လျှာတွေမှာ စိုစွတ်မှုလေးတွေကို အငမ်းမရ ဆာလောင်လာကြပြီ။ နှစ်ဦးစလုံးပြောစရာမလို ခုတင်ပေါ်ဝယ် 69 အနေအထားတက်လှဲ လိုက်ကြပြီး လှုပ်ရှားကြတော့ ကုတင်ကြီးတောင် လှုပ်ရမ်းသွားသလားမသိ။ သူ့ငပဲကြီးကိုလည်မျိုထဲရောက်မတတ် မျိုချလိုက် အဆက်မပြတ် စုပ်မျိုလိုက် လုပ်ကြတာ သူ့ငပဲထိပ်ဝက အရည်ကြည်လေးတွေစို….ကျွန်တော့်ငပဲကလည်း စိုရွှဲစပြုရတယ်။ အဆက်မပြတ် ထုတ်သွင်းလုပ်ကြတယ်ဆိုပေမဲ့ အသက်ရှူဖို့ တစ်ချက် တစ်ချက်တော့နားရတာပေါ့။

“ကျုပ်မှာ Condom တွေနှင့်ချောဆီထုပ်လေးတွေပါလာတယ်….ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင်…” ကျွန်တော့်ရဲ့ ရေတပ်ဗိုလ်ကြီးက ခပ်တိုးတိုး လှိုက်မောသံနဲ့ပြောတယ်။ ကျွန်တော် သူ့ကိုမငြင်းနိုင်တော့ဘူး။ “Fuck!! အင်းဗျာ….ကျွန်တော်စိတ်ဝင်စားပါတယ်”

သူအိပ်ယာပေါ်က ထထွက်သွားပြီး ခပ်မြန်မြန်ပဲပြန်ရောက်လာတယ်။ condom ပန်းရောင်လေးတစ်ခုကို မာတောင့်နေတဲ့ ကျွန်တော့်ငပဲ မှာကျွမ်းကျင်စွာ သူစွပ်ချလိုက်တာများ လျောကနဲ။ မိုးမျှော်နေတဲ့ ကျွန်တော့်ငပဲလေး အကာအကွယ်အပြည့်။ condom မှာပါတဲ့ချောဆီ ကသိပ်မများတာကြောင့် ချောဆီထုပ်လေးတစ်ထုပ်ကိုဖောက် ခပ်ရွှဲရွှဲဖြစ်အောင် သူလူးပေးတယ်။ ကျွန်တော် ခပ်တွန့်တွန့်ဖြစ်သွားရပြီး ဇာတ်လမ်းကို အလောတကြီးရှေ့ဆက်ဖို့ ကျွန်တော်ကြိုးစားမိရတာပေါ့နော်။ ဘာကြောင့်ဆို ဒီလိုအခြေအနေမှာ စိတ်သိပ်မထိန်းနိုင်ဘဲ ဇာတ်သိမ်းသွားနိုင်တဲ့အနေအထား။ ဒါကိုသူလည်း သဘောပေါက်ဟန်တူပါရဲ့ ကျွန်တော့်နှုတ်ခမ်းများကို သူ့နှုတ်ခမ်းခပ်ထူထူနှင့် ငုံစုပ် လိုက်သလို ကျွန်တော့်ခန္ဓာကိုယ်ကို သန်မာတဲ့ သူ့လက်မောင်းတွေနှင့် ထွေးဖက်လိုက်ပါတယ်။ ပူနွေးနေတဲ့သူ့လျှာကြီးတစ်ခုလုံးဟာ ကျွန်တော့အာခံတွင်းထဲမွတ်သိပ်စွာမွှေယမ်းသေးတာပါ။

သူ့ပေါင်ခြံထဲညှပ်နေတဲ့ ကျွန်တော့်ငပဲဟာ ကျေနပ်မှုနဲ့သွေးကြောတွေ တဆတ်ဆတ်ခုန်နေသလို အထုပ်အသွင်းလုပ်နေတဲ့ သူ့လျှာကြီး ကြောင့် ကျွန်တော့်နှုတ်ခမ်းသားတွေဟာ စိုစွတ်ပူနွေးနေရပါတယ်။ “ခင်ဗျား….မတ်တပ်ရပ်ပြီး လှုပ်ရှားချင်လား?” သူ…..မေးချင်တာမေး တယ်။

ခပ်ဖွဖွ လက်ကစားနေတာကိုရပ်…..ထွေးဖက်ထားတဲ့သူ့ရင်ခွင်ထဲ ကျွန်တော်တိုးဝင်ပြန်ဖက်လိုက်ရင်း “ဟင့်အင်…..ခင်ဗျား ဒီလိုထိုင် ညှပ်ပေးထားတဲ့အနေအထားကိုပိုကြိုက်တယ်”

သူခပ်တိုးတိုးရယ်ကာ… “Damn….ဒီအနေအထားက ကျုပ်အကြိုက်ဆုံးပုံစံပဲ”လို့နုနုညံ့ညံ့ပြောပါတယ်။

နုညံ့တဲ့အပွတ်အသပ်……အဖျစ်အညှစ်…….အနမ်းတွေနှင့် ခဏအကြာမှာ ကျွန်တော်……ကျွန်တော် အဆုံးစွန်ရောက်တော့မယ်ဆိုတာ အလန့်တကြား သူ့ကိုပြောလိုက်တယ်။ သူ မွေ့ယာပေါ်ကိုမှောက်ချ ကျွန်တော့်-ီးကို အရင်းကနေ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ကာ “နေဦးလေ….. ဒီလိုကြီးတော့ မပြီးနဲ့ဦး”တဲ့။ သူ ကျွန်တော့်ငပဲအရင်းအနားက condom အနားလေးကိုအသာလေးဆွဲလှိမ့်ပြီးချွတ်တယ်။ သနားစရာ တုန်ခါနေပြီဖြစ်တဲ့ ကျွန်တော့်ငပဲထိပ်ပိုင်းလေးကို သူ့နှုတ်ခမ်းသားတွေနှင့် တို့ထိပြီး ကလိထိုးတာ ပန်းထုတ်မိတော့မတတ် ဖြစ်ရရော။

ခဏနေတော့ သူ့နှုတ်ခမ်းသားကို ၀လုံးဖြစ်အောင်လုပ်ကာ ကျွန်တော့်ငပဲခေါင်းကိုပွတ်ဆွဲတယ်။ ပြီးတော့ လျှောကနဲဆို သူ့အာခံတွင်း ထဲစုပ်မျိုချလိုက်တာများ ကျွန်တော့်အာရုံကြောတွေထဲ ဆိမ့်ကနဲပဲ။ အမြဲဒီလိုလုပ်ပေးနိုင်သူရှိချင်သား။ မရပ်ချင်တော့ဘူး…. .”Oh…..No….Oh!!!”  ကျွန်တော်ဘယ်လိုမှမထိန်းနိုင်တော့ အားရပါးရ ပန်းထုတ်လိုက်မိပါပြီ။ သူ ခဏငုံထားပြီးမှ လက်ကျန်သုက်ရည် အချို့ကိုသူ့ပါးပြင်ပေါ် ဗုံတံခေါက်စိုရွှဲစေရင်း အားရပါးရသူပြုံးတယ်။ “Damn…..ဒါတော်တော်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခုလုပ်လိုက် ရသလိုပဲ” လို့သူကပြောသေး။

ခပ်မြန်မြန်ပဲ ရေချိုး…..ကားပေါ် ခပ်သွက်သွက်တက်…..ကျွန်တော့်အလုပ်ရုံးခန်းကိုအရောက် “ကောင်းပါပြီ…..ခင်ဗျား…ကျုပ်ကားပေါ် တက်ပြီး ၃၅မိနစ်အတွင်းရောက်တယ်…..တခြား ဟိုဟိုဒီဒီက ၃၅မိနစ်လောက်နဲ့ပြီးတယ်….ပြီးတော့ ဘယ်ကားသမားမှ ဒီကိုမြန်မြန် မရောက်နိုင်ဘူးနော်” လို့သူကပြောတော့ ကျွန်တော်လည်း ရယ်မောပြီး သဘောတူကြောင်း အမူအယာပြလိုက်ရတာပေါ့။

ကျွန်တော် သူ့ကားပေါ်ကအဆင်း “ ဟေး….ဟာသပဲဗျာ…..ခင်ဗျားနဲ့ ဟိုဟိုသည်သည် လုပ်ပြီးတာတောင် ခုထိနာမည်မသိရသေးဘူး” လို့ပြောလိုက်မိတယ်။
သူ တစ်ချက်ပြုံးတယ်။ ပြီးတော့ ခပ်ဆဆတွေးဟန်နှင့်ငြိမ်သက်နေပြီးနောက်မှာတော့ “တစ်ခါတလေတော့ မသိတာကကောင်းပါတယ် ခင်ဗျားနဲ့ ကျုပ် သိပ်ပြီးနီးစပ်တွဲခုတ်မိသွားရင် မကောင်းတာတွေပဲဖြစ်လာလိမ့်မယ်ထင်တာပဲ” လို့သူလက်တစ်ဖက်ကိုမြှောက်ပြ နှုတ်ဆက်သည်ပေါ့။ သူ့လက်အမြှောက်မှာ လက်ထပ်လက်စွပ်နှင့်။ သူ့မျက်နှာမှာ အပြုံးပေါ်လာပေမဲ့ ကျွန်တော့်ရင်ထဲ သည်းထန်စွာ ငိုကြွေးနေမိရပါပြီ။

သူ ကားမောင်းထွက်သွားပြီ……ဘရိတ်မီးနှစ်ကြိမ်လင်းတယ်……ပြီးတော့ တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ မြင်ကွင်းက ပျောက်သွားပေမဲ့ ကျွန်တော်ရပ်မြဲအနေအထားအတိုင်း ကျွန်တော်အတန်ကြာရပ်မိနေဆဲ။ သူပြောခဲ့တဲ့ ပါက်သက်မှုလမ်းကြောင်းဟာ မှားလား မှန်လား….. ကျွန်တော်တွယ်ငြိသင့်သလား? တဒင်္ဂပါက်သက်မှုလေးဟာ……………..Ahhhhhhhhhhhhhhhhh!!!

Alex Aung (28 Sept 2013)