Tuesday, October 15, 2013

ဟိုတစ်စ သည်တစ်စ


ဒီတစ်ပတ်တော့ ကျွန်တော်လုပ်နေတဲ့ စာသင်ကျောင်းမှာ စာမေးပွဲတွေဖြေနေကြတာဆိုတော့ ၀တ္ထုလည်းမရေး နိုင် ဆောင်းပါးလည်းမရေးနိုင် အပျင်းထူနေတာလည်းပါပါတယ်။ www.mlgbts.com မှာ သူများတွေရေးထား တဲ့ ၀တ္ထုလေးတွေဖတ်တော့လည်း ကိုယ့်ထက် အဆများစွာသာသူတွေတွေ့ရပြန်ရော။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပရိသတ်နဲ့ကိုယ်လို့ ဖြေတွေးလေးတွေးမိရပါတယ်။

ဘာမှမရေးဖြစ်တဲ့အတူတူ ကိုယ်သိထားတာလေးတွေပြန်မျှချင်ပါတယ်….ဘာရယ်တော့မဟုတ်ပါဘူးလေ။
လင်းလက်ကြယ်စင်ဆိုတဲ့ အစီအစဉ်လေးကို သတိထားမိလား ဘီဘီစီမြန်မာပိုင်းအစီအစဉ်က ၁၅မိနစ်စာ အွန်လိုင်းမဂ္ဂဇင်းပုံစံလေးတင်ဆက်နေတဲ့ဟာလေ။ အဲဒီထဲကမှာတော်ရုံမီဒီယာတွေ ရှောင်လေ့ရှိတဲ့ Issue ကို သေချာလေးမေးမြန်းတင်ဆက်ထားတဲ့ အသံဖိုင်လေးနားထောင်ကြည့်ကြပါလား….။
တိတ်တခိုးအချစ်မို့စိတ်မဆိုးဖြစ်ဖို့နားလည် - http://soundcloud.com/llksradio/wuksxzdamuem
 
နောက်တစ်ခုကလေ ကျွန်တော်တို့ မြန်မာပြည်မှာနေထိုင်နေတဲ့သူတွေအနေနဲ့ underwear ခပ်မိုက်မိုက်လေးတွေ ၀ယ်ချင်ဝတ်ချင်ရင် ဘယ်မှာ ရွေးဝယ်လို့ရမလဲ အဆင်ပြေမလဲအမြဲ ခေါင်းစားနေကြရတယ် ဟုတ်တယ်ဟုတ်။ အခု သူငယ်ချင်းတစ်ယောက်က အွန်လိုင်းစတိုးဝန်ဆောင်မှုလုပ်ပြီး ရောင်းနေတာ ရန်ကုန်မြို့တွင်းဆိုရင် သူရေးပေးထားတဲ့ဈေးအတိုင်းအိမ်အရောက်ပို့ဝန်ဆောင်မှုပေးနိုင်ပြီး နယ်ကဆိုရင်တော့ Transport charges တော့ထပ်ဆောင်းပေးရမှာပေါ့နော်။ ကဲ ကိုယ့်ဖုန်းနံပါတ်ရယ် လိပ်စာရယ်ပေးပြီးမှာကြည့်လိုက်ရအောင်။
အတွင်းခံလေးတွေ ကိုသူ့ပေ့ခ်ျရဲ့ message မှာ ကုတ်နံပါတ်ရယ် ကိုယ့်ဖုန်းနံပါတ်လိပ်စာရယ် ရိုက်ထည့်မှာ ကြားနိုင် - https://www.facebook.com/myanmarmenunderwear
တခြားပစ္စည်းလေးတွေကိုမှာနိုင်မဲ့လိပ်စာက - https://www.facebook.com/myanmaronlineshop
 
နောက်တစ်ခုကလေ ကျွန်တော်တို့အမျိုးသားတွေအတွက် Spa သီးသန့်သိပ်မရှိကြသေးဘူးထင်တယ်။ ကျွန်တော်ကပဲ Spa တွေမသွားနိုင်လို့ မသွားလို့များလား။ ဒါပေမဲ့ အခု စင်ကာပူကနေ လက်ခွဲသဘော ဖွင့်ထားတဲ့ Lime Spa နဲ့မိတ်ဆက်ပေးချင်သေးတယ်။ အဲ့မှာ တော်တော်အဆင်ပြေစေမယ့် ၀န်ဆောင်မှု တွေရနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးက Oil Message နဲ့ Body Scrub ဖြစ်ပါတယ်။ ၀န်ထမ်းလေးများ ကလည်း မဆိုးပါဘူး။


ကဲကဲ…ဟိုစပ်စပ် ဒီစပ်စပ်ပြောလိုက်တယ်….စာတွေရေးဖြစ်အောင်ကြိုးစားပါဦးမယ် သူငယ်ချင်းတို့ရေ…
Alex Aung (15 Oct 2013)

No comments: