Wednesday, May 15, 2019

ချောဆီနှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)


ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)
အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ကာထားသော ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုနည်းများကို နှစ်ပေါင်းများစွာကတည်းက သုံးလာခြင်းဖြစ်ပါသည်။ အကာအကွယ်ပစ္စည်းများ သုံးမျိုးရှိပါသည်။

အမျိုးသားသုံး ကွန်ဒုံးများ


အမျိုးသားများသုံးသည့် ကွန်ဒုံးများကို ရာဘာဖြင့် ပြုလုပ်ထားပြီး ယင်းကို လိင်မဆက်ဆံမီတွင် လိင်ထံထိပ်တွင် စွပ်ရပါသည်။ ရာဘာပစ္စည်းများနှင့် ဓာတ်မတည့်သူဖြစ်ပါက ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများကို အသုံးပြုနိုင်ပါသည်။
အမျိုးသားများသည် ကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၈% ကာကွယ်ပေးပါသည်။ ယင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ ကွန်ဒုံးပေါက်ပြဲခြင်းကို ကာကွယ်ရန် ရေဓာတ်အခြေခံထားသော ချောဆီများကို အသုံးပြုပြီး စွပ်သင့်ပါသည်။ ထို့ပြင် ကွန်ဒုံးများကို ပိုက်ဆံအိတ်များ၊ အိတ်ကပ်များတွင် သိမ်းဆည်းခြင်းဖြင့် အပူနှင့် ထိတွေ့ကာဓာတ်ပြယ်သွားနိုင်ပါသည်။ ကွန်ဒုံးသုံးတော့မည်ဆိုလျှင် ရက်လွန်ခြင်းရှိမရှိ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။

အမျိုးသမီးသုံး ကွန်ဒုံးများ


အမျိုးသမီးသုံး ကွန်ဒုံးများသည် ဆလင်ဒါပုံရှိသော ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများဖြစ်ပြီး ပွင့်နေသောဖက်ခြမ်းတွင် ကွင်းပုံစံပါရှိပါသည်။ ပိတ်နေသောဖက်သည် သားအိမ်ခေါင်းကိုကာရန်ဖြစ်ပြီး ပွင့်နေသောဖက်သည် မိန်းမကိုယ်ဖက်ကို ဦးတည့်ပေးရန်ဖြစ်ပါသည်။ ထိုကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၀% ကာကွယ်ပေးပြီး လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။

အမျိုးသမီးသုံး သားအိမ်ကာပစ္စည်း
ထိုပစ္စည်းသည် ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး အမိုးခုံးပုံစံရှိပါသည်။ ယင်းကို လိင်မဆက်ဆံမီတွင် မိန်းမကိုယ်ထဲသို့ထည့်ရပြီး လိင်ကိစ္စအပြီး ၆ နာရီကျော်အောင် မထုတ်ဘဲထားရပါသည်။ သားအိမ်ကာပစ္စည်းများကို အရွယ်အစားအမျိုးမျိုးဖြင့် တွေ့နိုင်ပြီး စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၆% ကာကွယ်ပေးပါသည်။ ထို့ပြင် သုတ်ကောင်များကို သေစေနိုင်သောဆေးများဖြင့် တွဲပြီး အသုံးပြုလျှင် ပိုပြီးထိရောက်မှုရှိကြောင်းတွေ့ရသည်။ သို့သော် သားအိမ်ကာပစ္စည်းများသည် လိင်မှတဆင့်ကူးစက်သောရောဂါများကို မကာကွယ်နိုင်ပါ။

လိင်ဆက်ဆံစဉ် အကာအကွယ်ပစ္စည်းများသုံးခြင်းသည် မှန်ကန်မှုရှိပါသလား။
အကာအကွယ်ပစ္စည်းများသုံးခြင်းသည် ဟော်မုန်းဆေးများသုံးစရာမလိုသော၊ အကာအကွယ်ပစ္စည်းများထဲ့စရာမလိုသော နည်းဖြစ်သည့်အတွက် ကောင်းမွန်ပါသည်။ ထို့ပြင် ကလေးယူလိုသောဆန္ဒရှိလာလျှင်လည်း အကာအကွယ်ပစ္စည်းကို မသုံးတော့ရုံနှင့် ချက်ချင်းကလေးရနိုင်ချေရှိပါသည်။ စောင့်ရန်မလိုပါ။ ရာသီသွေးများသော အမျိုးသမီးများအတွက်လည်း အကာအကွယ်ပစ္စည်းများသည် သွေးကို ခံထားပေးသကဲ့သို့ဖြစ်ပြီး အနည်းဆုံး ၆ နာရီစာခန့် အဆင်ပြေစေပါသည်။  ထို့ကြောင့် သင်နှင့် သင့်အိမ်ထောင်ဖက်နှစ်ဦးစလုံးက ကြည်ဖြူလျှင် အကာအကွယ်ပစ္စည်းများသုံးခြင်းသည် ကိုယ်ဝန်တားရာတွင် မှန်ကန်သောနည်းလမ်းဖြစ်ပါသည်။

ချောဆီနှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်


ရေးသားသူ Phyo Wai Yan
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ချောဆီဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ အထူးသဖြင့် လိင်ဆက်ဆံချင်စိတ် ဖြစ်လာပေမဲ့လည်း မအင်္ဂါ မစိုစွတ်နိုင်တဲ့ မိန်းမတွေအတွက်ပေါ့။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးဆက်တတ်သော ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးတဲ့အခါမှာလည်း ချောဆီက လွယ်လွယ်ကူကူ နဲ့ဆက်ဆံနိုင်စေပြီး ခံစားမှုအပြည့် ရနိုင်အောင် ကူညီပေးမှာပါ။

ချောဆီတွေက ဘယ်လို အလုပ်လုပ်တာလဲ။
ချောဆီတွေမှာ ဂျယ်ပုံစံနဲ့ အရည်ပုံစံ ဆိုပြီး ရှိပါတယ်။ ယင်းချောဆီကို လိင်မဆက်ဆံမှီ မိန်းမအင်္ဂါအတွင်းအပြင်နဲ့ လိင်တံတို့ မှာ သုတ်လိမ်းကြပါတယ်။ ပြီးနောက်မှာ အရေပြားက စုပ်ယူသွားပါတယ်။ ရေအခြေခံ၊ အဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ချောဆီသံုးမျိုးရှိပါတယ်။ ဆီလီကွန်အခြေခံကတော့ အခြေအနေ တော်တော်များများအတွက် အသုံတည့်ပြီး အဆီအခြေခံကတော့ ကွန်ဒုံးနဲ့တွဲသုံးမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။

ချောဆီနဲ့ ဆင်တူတဲ့ အခြားအရာတွေကော ရှိသေးလား။
ချောဆီမရှိတဲ့အခါမှာ တချို့လူတွေက အရာအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အလှဆီ၊ ကလေးလိမ်းဆီနဲ့ အချို့သဘာဝအဆီ ( အုန်းဆီ၊ သံလွင်ဆီ) တို့က ချောဆီ နဲ့ဆင်တူတဲ့ အဆီတွေပါ။ ဒါပေမဲ့လည်း ချောဆီနေရာမှာ ယင်းအဆီတွေကို အစားထိုးလို့ မရနိုင်ပါဘူး။ ယင်းအဆီတွေက ကွန်ဒုံးတွေကို ပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့အပြင် မတင့်တော်တဲ့အဆီတွေ သုံးမယ်ဆိုရင် မွေးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။ သို့ပေမဲ့လည်း လိုအပ်တဲ့ တချို့အခြေအနေမျိုးတွေမှာ ဗီတာမင်အီးနဲ့ ရှားဆောင်းလက်ပတ် တို့ကို ကွန်ဒုံးတွေနဲ့ သင့်တော်မယ်ဆိုရင်တော့ အသုံးပြုနိုင်ပါတယ်။

ဈေးကွက်မှာ တင်သွင်းနေတဲ့ ချောဆီတွေက စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်သလား။
အများဆုံးအသုံးပြုနေတဲ့ ချောဆီတွေမှာ benzocaine ၊ ထုံဆေး၊ capsaicin နဲ့ menthol(ပရုတ်တစ်မျိုး) တို့ ပါဝင်ပါတယ်။ အဲဒီ ဓာတုဒြပ်ပေါင်းတွေက အသုံးပြုသူကို စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေတတ်ပါတယ်။ ထို့အပြင် အမွှေးနံ့သာ ထည့်သွင်းထာသော ချောဆီတွေက တုံ့ပြန်မှုပြင်းတဲ့ အရေပြားပိုင်ရှင်တွေမှာ ဆိုရင် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်မှာပါ။ Parabensများ( methyl-, butyl-, ethyl- နဲ့ propyl- parabens များ ) တို့က ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
သဘာဝချောဆီဆိုတာဘာလဲ။

သဘာဝချောဆီဆိုတော ဈေးကွက်မှာ တင်သွင်းထားတဲ့ ချောဆီတွေမှာ ပါရှိသော ဓာတုဒြပ်ပေါင်းတွေနဲ့ ဓာတ်မတည့်တဲ့လူတွေအတွက် အကြံပြုထားပါတယ်။ ဗီတာမင်အီးနဲ့ ရှားစောင်းလက်ပတ်ပါတဲ့ သဘာဝချောဆီတွေဟာ တာရှည်ခံနိုင်ရည် ရှိကြပါတယ်။ သဘာဝချောဆီအားလုံးထဲမှာတော့ ရှားစောင်းလက်ပတ် ပါတဲ့ ချောဆီဟာ အဆင်ပြေဆုံးပါ။ ဘာလို့လဲဆိုတော့ သူ့ကိုသုံးမယ်ဆိုရင် ဓာတ်မတည့်တာတွေ သိပ်မရှိလို့ပါတဲ့။ ဒါ့အပြင် သဘာဝထုတ်ကုန်တွေကို သုံးတော့မယ်ဆိုရင် အသုံးပြုသူဟာ ကွန်းဒုံးနဲ့ အဆင်ပြေလား မပြေဘူးလားဆိုတာ သေချာကြည့်သင့်ပါတယ်။

ချောဆီမှာ ပါတဲ့ သုတ်ပိုးသတ်တဲ့ဆေးတွေ ဆိုတာဘာလဲ။
မလိုလားအပ်သော ကိုယ်ဝန်ကို မရနိုင်စေရန် သုတ်ပိုးသတ်တဲ့ ဆေးတွေပါတဲ့ ချောဆီတွေဟာ သိပ်ကောင်းတဲ့ ရွေးချယ်မှုပါပဲ။ ဒါပေမဲ့လည်း သုတ်ပိုးသတ်ဆေးမှာ ယားယံနာကျင်ခြင်းနဲ့ မသက်မသာ ဖြစ်စေတဲ့ nonoxynol-9 ဒြပ်ပေါင်း ပါဝင်ပါတယ်။ ဒါ့အပြင် သုတ်ပိုးသတ်ဆေးက လိင်မှတစ်ဆင့် ကူးဆက်တတ်သော ရောဂါဖြစ်နိုင်ခြေကို ပေါက်ပြဲရာတွေအား ပိုဆိုးစေအားဖြင့် များလာစေပါတယ်။ ဒါကြောင့် ကွန်ဒုံးနဲ့ ချောဆီ တွဲသုံးခြင်းက ကိုယ်ဝန်မရစေဖို့နဲ့ လိင်မှတစ်ဆင့် ကူးဆက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

အရသာသွင်းထားတဲ့ ချောဆီဆိုတာဘာလဲ။
အရသာသွင်းထားတဲ့ ကွန်ဒုံးတွေလိုပါပဲ အရသာသွင်းထားတဲ့ ချောဆီတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ တစ်မူထူးခြားစေဖို့ အတွက် အသုံးပြုပါတယ်။ တချို့မိန်းမတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံဖို့ကို သူတို့အနံ့တွေနဲ့ ရှက်တာကြောင့် မဆက်ဆံရဲကြပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အရသာသွင်းထားတဲ့ ချောဆီက ကူညီပေးပါတယ်။ ဒါပေမဲ့လည်း ကိုယ်မကြိုက်တဲ့ အရသာတွေ မဖြစ်ရအောင် သေချာဂရုစိုက် သင့်ပါတယ်။ ဥပမာအားဖြင့် ဒူးရင်းအရသာမျိုးတွေပေါ့။ ထို့အပြင် ဆီးချိုဖြစ်နေတဲ့ လူတွေလည်း သကြားပါသော ချောဆီတွေကို ရှောင်ရှားသင့်ပါတယ်။

မူလရေးသားတင်ဆက်သည့်စာမျက်နှာ - Hello ဆရာဝန်

No comments: