Saturday, December 7, 2013

Top Ten Reasons Girls Need Gay Best Friends






မိန်းကလေးတွေက ဂေးတွေကို သူငယ်ချင်းကောင်းအဖြစ်ဘာကြောင့်လိုအပ်နေကြသလဲ?
မိန်းကလေးတွေက မိန်းကလေးတွေကိုပဲ သူငယ်ချင်းအဖြစ် ဒါမှမဟုတ် ယောက်ျားလေးတွေက ယောက်ျားလေးတွေကိုပဲ သူငယ်ချင်း ကောင်းအဖြစ် အယုံကြည်ရဆုံးချစ်သူငယ်ချင်းတစ်ယောက်အဖြစ် လက်ခံပေါင်းသင်းဆက်ဆံကြတယ်လို့ တရားသေသတ်မှတ်ထား ကြမယ်လို့ ကျွန်တော့်အနေနဲ့ မထင်မှတ်ထားပါဘူး။ လိင်တူကိုကြိုက်နှစ်သက်သူပါလို့ဝန်ခံထား သိထားရတဲ့ ဂေးသူငယ်ချင်း တစ်ယောက်ကရော ချစ်ခင်အယုံကြည်ရဆုံးသောသူတစ်ယောက်မဖြစ်နိုင်ဘူးလားဗျာ။ ၁၀၀% ဖြစ်နိုင်ပါတယ်လို့ ကျွန်တော် ပြောမယ်။
လိင်တူ လိင်ကွဲကြိုက်နှစ်သက်မှုဆိုတဲ့ လိင်စိတ်ခံစားသက်ဝင်မှုများက လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အရေးပါတဲ့ ယုံကြည်မှု၊ ကိုးစားမှု ဆိုတဲ့အရာတွေနဲ့ပေါင်းစပ်ပိုင်ဆိုင်လို့မရနိုင်ဘူးလားမေးရမယ် လက်မခံချင် အင်တင်တင်ဖြစ်နေသူများကိုပေါ့နော်။ လူ ဆိုတဲ့ လူအပေါ် မှာပဲမူတည်ပြီး လိင်စိတ်ခံယူချက်ကွဲပြားမှုအပေါ် ကောက်ချက်စွဲပြီး မယုံကြည်ရသူများအဖြစ် ဘယ်တော့မှမစွပ်စွဲပါနဲ့လို့ ကျွန်တော်က တဲ့တိုးပဲ အဆိုပါလူတွေကို ထပ်မံပြောလိုက်ပါရစေ။

(၁) ရက်စက်စွာပြုံးတတ်သောသူများမဟုတ် (Keeps Male Murder Rate Down)

ခေါ်ဆိုနေကြအချိန် ခေါ်ဆိုနေကြ တယ်လီဖုန်းသံလေးလည်းမကြားရ သို့မဟုတ် စာလည်းမရေး မေးလ်လည်းမပို့ သို့မဟုတ် သူတို့ လုပ်နေကြအလုပ်တွေကို မလုပ်ဘဲ ဘိုင့်ဘိုင် သဘောမျိုးလုပ်သွားတာကို ခံယူရချိန်မှာ သင့်အနေနဲ့ ဘယ်လိုများတွေးပါလိမ့်မလဲ? ငါ့အသည်းကို အသွားထက်ထက် ပုဆိန်တစ်လက်နဲ့ အပိုင်းပိုင်းခုတ်ထစ်နေပြီပဲ ငါ ငါ လဲကျသေဆုံးရတော့မယ်ဆိုတဲ့ အတွေးမျိုးမ၀င် မိဘူးလို့မပြောနိုင်ဘူးနော်။ တချို့တွေများ မကြံကောင်းမစည်ရာတွေတောင်ပြုလုပ်မိကြပြီး ကိုယ့်ဘ၀ကိုယ်ကို အဆုံးသတ်သွားတဲ့အထိ အချစ်မှာပျော်ဝင်တတ်ကြတယ်။ Men are mean!!! I hate…hate them! 

ဟီး….ကျွန်တော်တို့သည်လည်းအမျိုးသားတွေထဲက အမျိုးသား ဖြစ်ကြပါတယ်လေ။ ဒါပေမဲ့ ချစ်စရာကောင်းတဲ့အချက်က ကျွန်တော် တို့ဂေးအမျိုးသားတွေဟာ ဘယ်တော့မှ တစ်ပါးသူနစ်နာ သွားတဲ့အထိ မပြုလုပ်တတ်ကြပါဘူး ကိုယ်ခံစားသွားရတယ်ဆိုတာကိုတော့ ကိုယ့်ကိုအပြစ်ပြုသွားသူသိအောင်လောက်ပဲပြတတ်ကြတာပါနော်။ ဂေးတွေက အခြားသော အမျိုးသားတွေရဲ့ ကောင်းကွက် ဆိုးကွက် တွေကိုသိနေတတ်တော့ ကိုယ့်မိတ်ဆွေသူငယ်ချင်း ခံစားချက်ကြောင့်ဘ၀တစ်ခု သေဆုံးပျောက်ပျက်မသွားအောင် ပြုလုပ်ပေးနိုင်ပါ တယ် ။ ဒါကြောင့်ပြောတာပါ ခင်ဗျား ဓားသွားတွေပေါ် လဲကျပြီး သွေးထွက်နေရင်တောင် ကျွန်တော်တို့တွေက မေတ္တာနဲ့ဖေးမ နိုင်ကြပါတယ်။ အနည်းဆုံး ထွေးဖက်မှုလေးဖြစ်ဖြစ်ပေါ့။

(၂) တစ်ပါးသူရဲ့ Date ကိုဘယ်တော့မှ မလု (Will Never Steal Your Date)
ယောက်ျား…..ကျွန်တော့်ရဲ့ အမျိုးသမီးမိတ်ဆွေအချို့ကတော့ ယောက်ျားဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ မီးတောက်တွေထဲမှာ ပိုးဖလံ တွေလို ပျော်ပျော်ကြီးကို တိုးဝင်တတ်ကြပါတယ်။ နှင်းဆီပန်းတစ်စည်းနဲ့ အနမ်းပွင့်တွေချွေတတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့အသွင် အပြင်ဟာ သူတို့အတွက်ဘာခံစားချက်ကိုများပေးကြတယ်မသိဘူးနော်။ မိတ်ဆွေအပေါင်းအသင်း စည်း မမြင်ရပေမယ့် ရှောင်ကြဉ်ရ မယ့် မကျော်သင့်တဲ့ စည်းကို အခွင့်အရေး အတွေ့အထိ သာယာမှုတစ်ခုလေးနဲ့ ဖျားယောင်းတတ်တဲ့အမျိုးသားအချို့ရဲ့နည်းပရိယာယ် တွေပေါ် ပျော်ဝင်တတ်ကြပြန်တယ်။ 

ဒီကိစ္စမှာ ဘယ်သူ့ကိုအပြစ်တင်ရမယ်မသိပေမယ့် ကျွန်တော်ကတော့ အဲ့လိုအမျိုးသားရဲ့ ပေါင်ခြံကို ခပ်ပြင်းပြင်းလေးရိုက်ပစ် ပြီးတော့ စဉ်းစားဥာဏ်မဲ့တဲ့ အမျိုးသမီးရဲ့ ခေါင်းကို လက်သီးနဲ့ထိုးပစ်ဖို့ လုပ်မိတော့မယ်။ ကျွန်တော့်အပေါင်း အသင်း ဂေးသူငယ်ချင်းတွေက ပြောပါတယ် အဲ့လို straight ငနဲတွေဟာ ပျင်းဖို့ကောင်းတယ် အလိမ်အညာတွေနဲ့ပြည့်နှက်နေတာ သူတို့တွေနဲ့စာရင် ကိုယ်တွေလို ဂေးအမျိုးသားအချင်းချင်းကသာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသေးတယ်တဲ့။ အဲ့ဒီစကားကို ကျွန်တော် အစက သဘောမပေါက်ဘူးဗျ။ အခုတော့ သဘောပေါက်ပြီ ကျွန်တော်တို့ရဲ့ လက်ဖ၀ါးတွေဟာ ကိုယ်တွေနဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ စစ်မှန်သော honeypot တွေပေါ် မှာသာ ရောက်နေတတ်တာလေ။

(၃) မိန်းကလေးသူငယ်ချင်းတွေက တော်တော် Stress များတာ (Girl Friends Are Stressful)
အမျိုးသမီးသူငယ်ချင်းတွေနဲ့ အပြင်တွေဘာတွေထွက်တဲ့အခါ တစ်ခါတလေ သူတို့ဟာ သင့်ထက်ပိုပြီးလှပနေတတ်ကြတယ်။ အမျိုးသမီးသူငယ်ချင်းတွေအနေနဲ့ အမျိုးသားတွေရဲ့ အာရုံစိုက်မှုကို ရနိုင်ကြတာကိုးနော်။ အမျိုးသမီး သူငယ်ချင်းတွေက တစ်ခါတလေ မေးတတ်သေးတယ် ဘယ်လိုကြီးလဲတဲ့ ကျွန်တော်တို့သူငယ်ချင်းအချို့နဲ့ ဒိတ်လုပ်လို့ရနိုင်ခဲ့တဲ့အခါမျိုးမှာပေါ့။ ဟုတ်တယ် အချို့သော ဂေးသူငယ်ချင်းတွေက အဲလိုဒိတ်ဖို့လည်း အိုကေကြ လုပ်ကြတာပဲ။ ဒါပေမဲ့ သူတို့အဲလိုလုပ်ကြတဲ့ကိစ္စက သိပ်ပြီးစိတ်အနှောင့်အယှက် ဖြစ်စေတာတော့လည်းမဟုတ်ပါဘူး ဘယ်သူကမှ အရေးတယူရှိကြတာမှမဟုတ်တာ။

(၄) ဟန်ရေးပြတဲ့ပွဲ (Parades)
ဂေးတွေရဲ့ ကိုယ်ဟန်ပြလမ်းလျှောက်ကြတဲ့ပွဲ (Gay Pride Parades) တွေဟာ သံသယတစ်ခုမှမရှိအောင် ပျော်ရွှင်စရာအကောင်းဆုံးပွဲ တွေ၊ အရောင်အသွေးအစုံအလင်ဆုံး ပြီးတော့ စိတ်ဝင်စားစရာကောင်းနေတဲ့ ရွှင်လန်းအားရစရာတွေပါ။ ကျေးဇူးတော်ချီးမွမ်းတဲ့ နေ့ စီတန်းလှည့်လည်တဲ့ပွဲ? ကာတွန်းရုပ်တွေ လေထဲမျောနေသလိုပဲ။ စိန့်ပက်ထရစ် နေ့စီတန်းလှည့်လည်ပွဲ? စကော့တလန်ကလူတွေမှုတ် တဲ့ လေမှုတ်အိပ်ကအသံတွေနဲ့ ကောလိပ်က ချာတိတ်တွေရဲ့အသံတွေနဲ့ ဆူညံနေကြတာ။ ဂေးတွေရဲ့ စီတန်းလှည့်လည်ကိုယ်ဟန်ပြ တဲ့ပွဲတွေကတော့ သူတို့နဲ့မတူ တောက်ပကာလက်လက်ထနေတဲ့ ပြီးတော့ ညီတူညီမျှရပိုင်ခွင့်ဆိုတာကို အထောက်အပံ့ဖြစ်စေတဲ့ လူတွေများစွာ….နောက်ပြီး အပေါ်ရှပ်အင်္ကျီမဲ့ ခပ်ဟော့ဟော့ အမျိုးသားတွေ အများကြီး။ Umm…yeah ကျွန်တော်ကတော့ သဘောကျတယ်။

(၅) ဂေးတွေက ခင်ဗျားကို ကြိုက်နှစ်သက်ကြတယ်ဆိုရင် ဒါ အရမ်းမိုက်တာပေါ့ (If Gay Men Like You, You’re Probably Cool)

ကြိုက်နှစ်သက်တယ်ဆိုတာက ခင်ဗျားနဲ့အတူအိပ်ချင်လို့မဟုတ်ရပါဘူး။ သူတို့က ခင်ဗျားပိုက်ဆံအိတ်ကို မငှားရမ်းချင်ကြပါဘူး။ ခင်ဗျားက သူတို့အတွက်ဆွဲဆောင်မှုရှိနေတာမျိုးအဖြစ်ကိုလည်း မလိုအပ်ကြပါဘူး။ ပြီးတော့ အကြောင်းအရာမျိုးစုံကို အမျိုးသမီး တစ်ယောက်ကို အမြဲတစေရင်ဖွင့်ချင်နေကြတာလည်းမဟုတ်ပြန်ပါဘူး။ ရင်းရင်းနီးနီးပြောရရင် ဘာကြောင့်အဲလို လုပ်ချင်ကြတယ်ဆိုတာ ကျွန်တော်တကယ်မသိဘူးဗျ။သူတို့တွေအားလုံးက အပြင်ကိုအတူတူထွက်ကြမယ် တခြားအပဟိကကိုတော့ ခင်ဗျားကိုပြောပါလိမ့်မယ်။ ဘာကြောင့်ဆိုရင် ခင်ဗျားက အသေလန်းနေတာကိုးဗျ။ ဟုတ်တယ် ခင်ဗျားက တကယ် good တယ်ဆိုတဲ့ဖီလင်မျိုး ကျွန်တော်က ခံစားရပါစေလို့ မျှော်လင့်တာပဲ။ အင်းပါ ခင်ဗျားက တကယ့် ဆွဲဆောင်မှုရှိသူပါ။

(၆) ခင်ဗျားတို့တွေက အလယ်အလတ်သဘောထားရှိသူတွေလို့….. (They Never Think You’re Mean)

ကျွန်တော် စားပွဲခုံတစ်ခုမှာ စကားလက်ဆုံ ထိုင်ပြီးပြောဖြစ်ကြတဲ့ အမျိုးသမီးများစွာရှိခဲ့ပါတယ်။ အတူထိုင်ပြီး ဘာတွေပြောဖြစ်ကြလဲဆို တော့ ကျွန်တော်တွေ့ဆုံကြုံတွေ့ဖူးတဲ့လူတွေရဲ့ မကောင်းသောအချက်လေးတွေအကြောင်းပါတာပေါ့နော်။ ကျွန်တော်က လူ တစ်ယောက်ရဲ့ အမူအကျင့် ဘယ်လိုပြုမူတတ် ဘယ်လိုလမ်းခွဲသွားတတ်တယ်ဆိုတဲ့စကားမျိုးတွေပြောပြတဲ့အခါ သူတို့မျက်နှာတွေ မှာ အံအားသင့်တဲ့ အမူအယာတွေဖြစ်ပေါ်ပြီး ဂရုတစိုက်နားထောင်နေတတ်ကြတာမြင်ရပါတယ်။ သိနေတယ်လေ သူတို့သည်လည်း အလားတူ ပစ်ပယ်ခံရတာမျိုး သစ်စိမ်းချိုးချိုးခံရတာမျိုးတွေရှိခဲ့ဖူးတယ်ဆိုတာကို။ ကျွန်တော့် ဂေးသူငယ်ချင်းတွေကတော့ ဒီလိုအကြောင်းအရာမျိုးမှာ အတူတကွ စကားဝိုင်းဖွဲ့ပါဝင်ပြောဆိုနိုင်ကြပါတယ်။ သူတို့ကတော့ ကျွန်တော့်ထက် ပိုပြီးအတွေ့အကြုံများ သူတွေလည်းဖြစ်ကောင်းဖြစ်နေနိုင်တာပဲမဟုတ်လား။ ဂေးသူငယ်ချင်းတွေဆိုတဲ့အတိုင်း အမျိုးသမီးသူငယ်ချင်းတွေလို နှုတ်ဆိတ် နားထောင် ပြီးမှ စကားပြောဆိုဆွေးနွေးတာမျိုးမဟုတ်ဘဲ ပစိ ပစိ ဘယ်ကထွက်လာမှန်းမသိတဲ့ စကားလုံးဝေါဟာရအဆန်းတွေသုံးပြီး ပြောဆိုပြကြတာများ ကျွန်တော့်နှုတ်ခေါင်းက နှာရည်တွေရွှဲ မျက်ဝန်းက မျက်ရည်တွေတောင်လည်တယ် သဘောကျရလွန်းလို့လေ။

(၇) ရူးနှမ်းတဲ့ လူအချို့ကတော့ ဂေးတွေကလည်းဘယ်လိုတော်တတ်တယ်ဆိုတာ သတိမမူမိကြပါ (Stupid People Don’t Know How Great Gays Are)

ကျွန်တော်တို့ဂေးတွေဟာ လှလှပပ၀တ်စား၊ကြွကြွရွရွသွားလာနေတတ်ပြီး ဘာအလုပ်မှသေချာလုပ်နိုင်စွမ်းရှိသူများမဟုတ်ဟု ခပ်နှမ်းနှမ်း လူတစ်ချို့က ပုံသေကားချပ်တွေးထင်ထားတတ်ကြပါတယ်။ ဟုတ်ပါတယ် ကျွန်တော်တို့တွေဟာ ဖက်ရှင်စတိုင်လ်နှင့် ပါက်သက်ပြီး အမြင်စူးရှတတ်ကြပါတယ်၊ ပြီးတော့ မိမိနေထိုင်သွားလာလှုပ်ရှားတဲ့ခြေလှမ်းတွေနဲ့လိုက်ဖက်ညီတဲ့ရှူးဖိနပ်တစ်စုံကို အတွဲညီညီဝတ်ဆင်တတ်ကြပါတယ်၊ ဒါပေမဲ့ တစ်ခါတလေတော့လည်း အဲလိုဖက်ရှင်အမြင်ကျကျမ၀တ်ဆင်ပဲ စိတ်ထဲရှိသလို ၀တ်ဆင်တတ်ကြပြန်တယ် ခင်ဗျ။ ကျွန်တော်တို့တွေသည်လည်း လူတွေထဲကလူတွေပဲ မဟုတ်ဘူးလား။ 

ပြီးတော့ ကျွန်တော့် ဂေးသူငယ်ချင်းတွေက အမိုက်စားတွေဗျ…တခြားသော သူငယ်ချင်းတွေလိုပဲ စိတ်ကူးတွေကို အကောင်အထည် ဖော်ဖို့ အာရုံ စူးစိုက်မှု စူးရှတယ်၊ ကြိုတင်ပြင်ဆင်ထားတဲ့ စီမံချက်တွေရှိတယ်၊ လက်တွေ့လုပ်ဆောင်နေတာတွေရှိတယ်လေ။ ခပ်ရိုးရိုး သာမန်လေးတွေးကြည့် ဦးနှောက်ရှိရှိ စဉ်းစားကြည့်ရုံလေးနဲ့ သိနိုင်မယ့်အချက်က ဒီကနေ့ ဘယ်လိုလူမျိုးကမှ ခပ်ပေါ့ပေါ့ ခပ်တိမ်တိမ် လူစားမျိုးတွေမဟုတ်ကြ တော့ပါဘူးနော်။ သူတို့အတွေးထဲမှာက “အို… ဂေးသူငယ်ချင်းတွေအားလုံးကိုကြည့်နေမြင်နေရတာက ဟာသ ဇာတ်လမ်းတွဲတစ်ခုကို စောင့်ကြည့်နေရသလိုပဲ” လို့။ ဒါဆို သူတို့မသိလိုက်တာက သူတို့အနေနှင့်ဘာကို လွဲချော်နေခဲ့တယ်ဆိုတာ ကိုပေါ့။

(၈) မိုးစက်ဝိုင်ရဲ့ ကားပြိုင်ပွဲများ (Sarah Palin Rallies)
ကျွန်တော့်ဂေးသူငယ်ချင်းတွေအားလုံးက မိုးစက်ဝိုင်ရဲ့ကားပြိုင်ပွဲများ (Sarah Palin Rallies) ကို ကျွန်တော်နှင့်အတူသွားကြည့်ရတာကို သဘောကျနေတယ် ထင်ကြပါတယ်။ သူမက စိတ်ကူးဥာဏ်ကွန့်မြူးမှုသက်သက်တစ်ခုလောက်သာပါ။ ဆောရီးပါဗျ။ ကျွန်တော်ဆိုလို တာက ကျွန်တော် အိမ်ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင် ချိစ်ကိတ်လေးကိုစားပြီး Closet Hoarders (8th Season) သို့မဟုတ် တစ်ခုခုကို စောင့်ကြည့်ရတာမျိုးကို ပိုသဘောကျတယ်ဗျ။

(၉) သဘာဝကျကျ ကြည့်ရှု (Reality Checks)
ကျွန်တော့် Straight သူငယ်ချင်းတွေဟာ နှစ်လိုဖွယ်ကောင်းပါတယ် အားလုံး အားလုံးသောသူငယ်ချင်းတွေအကုန်ပါပဲ။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ပေးတဲ့အကြံဥာဏ်တွေတော်တော်များများဟာ ဆေးခါးကို အပေါ်က ချောကလက်အုပ်ထားတဲ့အတိုင်းသိပ်ဆေးထိုးတာပါ။ တကယ်ပြောတာ။ အို….သူ မင်းကို အဆက်အသွယ်မလုပ်ဘူး? သူကြောက်လန့်သွားတာ သေချာသလောက်ရှိတယ်။ အို သူ မင်းကို အဆက်အသွယ်မလုပ်တာ မခေါ်တာ သုံးပါတ်လောက်ရှိပြီလား? မင်း လွတ်လွတ်လပ်လပ်ဖြစ်တာပေါ့ကွာ ပြီးတော့ မင်းကိုတကယ် လန့်ဖြန့် သွားတာသေချာတယ်ကွ။ ဘယ်လိုလဲသူတို့အားပေးစကားက။

တစ်ခါက…ကျွန်တော့်ရဲ့တစ်ယောက်သော ဂေးသူငယ်ချင်းတစ်ယောက်က ကျွန်တော့်မျက်ဝန်းများ ကို သေချာ စိုက်ကြည့်ပြီး “မင်း အပြင်ကိုထွက်ပြီး တခြားအပျော်လေးတွေနဲ့ကဲသင့်တယ်….ဟိုတစ်ယောက်က ခပ်ချာချာ ငနဲမတွေနဲ့ အချိန်ဖြုန်းနေ သလိုမျိုး ပေါ့ကွာ…..အဲ့လိုဆိုရင် သူက မင်းကိုဆက်သွယ်လာမှာကို စိုးရိမ်တဲ့စိတ်တွေဖြစ်တည်လာမှာ” …ဘာပြော ရမလဲ…အိုး…။

(၁၀) အယောင်ဆောင် ရည်းစား (Fake boyfriend)

ကျွန်တော့်မှာ ဂေးသူငယ်ချင်းတွေတော်တော်များများကိုရှိတာပါ။ သူတို့နဲ့နေထိုင်ပျော်ရွှင်တယ်…..အိပ်ယာပေါ်မှာ အတူအိပ်တယ်….. သူတို့နဲ့မူးယစ်အောင်သောက်စားနိုင်ကြတယ်…..အမျိုးသမီးတစ်ယောက်မှာ ရှိနိုင်မယ့် သူငယ်ချင်းကောင်းတွေဖြစ်နိုင်ကြပါရဲ့။ ဒီနေရာမှာ ကျွန်တော့်စိတ်ထဲ မှတ်မှတ်သားသားဖြစ်နေတဲ့ ဂေးသူငယ်ချင်းကောင်းတစ်ယောက်ပြောတဲ့စကားက “မိန်းကလေးတိုင်းရဲ့ ဘ၀ ကို ပိုမိုသက်သောင့်သက်သာ ဖြတ်သန်းလို့ရမယ့်နည်းတစ်ခုရှိတယ်ကွ အခုအိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပမယ့် တစ်ယောက်တည်းနေ ကလပ်သွားလည်းတစ်ယောက်တည်း ဘုရားသွားလည်းတစ်ယောက်တည်း ဘယ်နေရာသွားသွားတစ်ယောက် တည်းဖြစ်နေလို့ စိုးရိမ်နေတဲ့ အမေ့ကို စိုးရိမ်မှုကင်းစေမယ့်နည်းလေးလည်းဖြစ်တယ်လေ။ 
ရုပ်ရည် အရည်အချင်း အလုပ်အကိုင် အားလုံး Perfect လည်းဖြစ်…ခင်ဗျားတို့ သားမွှေးဘရာစီယာဝတ်လား အောက်ခံဘောင်းဘီကောပါလားဆိုတာ စိတ်မ၀င်စားတတ်တဲ့ ကျုပ်တို့လို အမျိုးသားတစ်ယောက်နဲ့ ဒိတ်လိုက်ပေါ့လို့နော်။ ကလပ်သွားလည်း အနှောင့်အယှက်တွေဘေးက ကင်းမယ်၊ ဘုရားသွား လည်း ဘေးကနေ ဘုရားပန်းကိုကူကိုင်ပေးမယ်….နောက်ဆုံး သူ့အမေကို ဒါ သမီးရည်းစားပါလို့ သေချာပေါက်မိတ်ဆက်ပေးလို့ရ မှာပါကွ။ ဒါသေချာပေါက် လုပ်ရမယ့်အချက်တွေပဲလေ….” ဟုတ်တယ်…..တစ်ယောက်တည်းနေသားကျတဲ့သူတွေအတွက် အသုံးဝင် မှာပါ။

သူငယ်ချင်းတစ်ယောက်အဖြစ် လူတစ်ယောက်အတွက် အကောင်းမွန်ဆုံးရပ်တည်နိုင်တယ်ဆိုတာကလဲ အရည်အချင်းတစ်ခုပဲဖြစ်ပါ တယ်။ လူဆိုတာ နေရာဒေသအသစ်အဟောင်းဘယ်နေရာပဲရောက်ရောက်အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက် ကတော့ရှိလာတတ်ကြစမြဲ။ ဒါပေမဲ့ အဆိုပါသူငယ်ချင်းဟာ နေရာဒေသတစ်ခုပြောင်းတာနဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ဆက်လက် ဖြစ်တည်နိုင်သူလား စဉ်းစားကြရမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သူငယ်ချင်းကောင်း တစ်ယောက်အဖြစ် မတ်မတ်ရပ်ကြည့်ကြတာပေါ့။                                                                                                                                                                                      
Alex Aung (7 December 2013)

No comments: