Saturday, February 11, 2012

Lesions on penis (၂) ကျားအင်္ဂါ အနာများ (၂)


Tue, Feb 7, 2012 at 7:55 PM
လူနာတစ်ယောက်နဲ့ ပတ်သက်ပြီး မေးချင်လို့ပါ။ လွန်ခဲ့တဲ့ ၃ လလောက်က သူကောင်မလေးတစ်ယောက်နဲ့ အတူနေဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလလယ်လောက်ကစပြီး Genital warts (ကြွက်နို့) တွေ ပေါက်ပါတယ်။ Glans (ကျား-အင်္ဂါထိပ်ဖျား) နဲ့ထိနေတဲ့ Prepuce (အရေပြား) အတွင်းဘက်မှာ ရေနူးသလို အကွက်လေးပေါ်နေပါတယ်။ တစ်လလောက်ကြာတော့ ကြွက်နို့တွေ အကုန်ပျောက်ပြီး အဲဒီရေနူးသလို အကွက်ကြီးပဲ ပိုပိုကြီးလာပါတယ်။ အခုဆို Prepuce အတွင်းပိုင်း တစ်ခုလုံးနီးပါး ဖြစ်နပါပြီ။ ရေနူးသလို ဖြူရော်ရော်အကွက်ပါ။

အစကတည်းက ကျနော်သူ့ကို Ceftriazone 1G od 3 days ထိုးပေးပြီးသားပါ။ အဲဒီတုန်းက နဲနဲ သက်သာသွားပြီး ခု ပြန်ဆိုးလာပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က သူ့ Prepuce တစ်ခုလုံး စိုးစိုးစစ်စစ်နဲ့ ယားလာပါတယ်တဲ့။ Prepuce နဲ့ Glans ထိနေတဲ့နေရာမှာ ဖြူဖြူအဖတ်တွေ ကပ်နေပြီး ပွတ်လိုက်ရင် အလိပ်လိုက် ထွက်လာပါတယ်။ ကျနော်က မနက် ည ရေဆေးခိုင်းတော့ Corona glandis ထိပ်မြောင်းအနားစွန်းမှာ Abrasion (ပွန်းပဲ့) ရသလို အရေပြားပွန်းပြီး အထိမခံအောင် နာလာပါတယ်။ အခုလဲ အမြဲအောင့်တောင့်တောင့် ဖြစ်နေပါတယ်တဲ့။ ကျနော်ကတော့ Candida Infection လို့ထင်ပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် သိပါရစေ။ ဟုတ်လို့ရှိရင် ဘယ်လိုကုရမယ်ဆိုတာ ရှင်းပြပေးပါ။ Oral anti fungal (မှိုဆေး) ပေးဖို့ လို၊ မလို၊ လိမ်းဆေးဆိုရင် ပုံမှန်အရေပြားလိမ်းဆေး လိမ်းရင် ရ၊ မရ သိချင်ပါတယ်။ Warts ကတော့ complete resolve (လုံးဝကောင်းတာ) ဖြစ်သွားပါပြီ။ လိုအပ်ရင် ဓာတ်ပုံပို့လိုက်ပါမယ် ခင်ဗျား။

ကျား လိင်အင်္ဂါမှာဖြစ်နိုင်တာတွေက လိင်ကတဆင့်ကူးစက်ရောဂါ STIs တွေနဲ့ တခြားအရေပြားနာတွေ ရှိတယ်။ ကူးစက်တာတွေကိုသာ ရေးပါမယ်။
• Genital herpes ရေယုံ၊ အနာဖြစ်မယ်။ အပူဖူးလေးတွေလိုနေမယ်။ (ဗိုင်းရပ်စ်) ဝင်လာတာခံရပြီး ၁-၂ ပါတ် နေရင်ဖြစ်မယ်။ ၂-၄ ပါတ်နေရင် ပျောက်သွားမယ်။ Acyclovir ဆေးကို
- 200 mg တနေ့ ၅ ကြိမ်၊ ၁ဝ ရက်၊ ဒါမှမဟုတ်
- 400 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
- 800 mg တနေ့ ၃ ကြိမ်၊ ၂ ရက်ပေးပါ။

• Ringworm ပွေး၊ နီရဲ၊ ဝိုင်း၊ အနားသတ်ကဖေါင်းကြွ၊ ဆေးမလိုဘဲ ၄ ပါတ်အတွင်း ပျောက်နိုင်တယ်။ ဖြစ်တဲ့ နေရာကို ခြောက်သွေ့အောင်ထားပါ။
- Miconazole, Clotrimazole တွေပါတဲ့ လိမ်းဆေး ခပ်ပါးပါးလိမ်းနိုင်တယ်။
- ဆိုးတဲ့အခြေအနေဆိုရင် Ketoconazole 200-400 mg တနေ့ ၁ ကြိမ်၊ ၁-၂ ပါတ်ပေးမယ်။

• Molluscum contagiosum virus (MCV) အဖုနာလေးတွေ၊ (ရေးထားပါတယ်)
• Genital warts ကြွက်နို့၊ (HPV) ကြောင့်ဖြစ်။ (ရေးထားပါတယ်)

ဒါတွေကို ဖယ်ထုတ်ပြီး
(၁) Primary phase syphilis ဆစ်ဖလစ် ပဌမဆင့် နဲ့
(၂) Chlamydia (ကလာမိုင်ဒီယား) တွေကိုစဉ်းစားတာကောင်းမယ်။ သတိထားဘို့က
(၃) Gonorrhea (ဂနိုရီးယား) နဲ့ တွဲဖြစ်တာများတယ်။ ဒါကြောင့် ရောဂါ ၃ မျိုးအတွက် ဆေးပေးဘို့ ရွေးချယ်သင့်တယ် ထင်ပါတယ်။

Uncomplicated gonorrhea (ဂနိုးရီးယား) ရိုးရိုး
• Ceftriaxone 125 mg တပြားထဲ၊ ဒါမှမဟုတ် Cefixime 400 mg တပြားထဲက ကနွေ ပဌမတန်းစား ဆေးတွေ ဖြစ်တယ်။
• Azithromycin 2g တပြားထဲကို (Ceftriaxone, Cefixime, Penicillin) ဆေးတွေနဲ့ မတည့်သူတွေကို ပေးတယ်။
• Penicillin (ပနယ်စလင်) ကို ကနေ့ မသုံးကြတော့ဘူး။ Ciprofloxacin, Ofloxacin, or Levofloxacin တွေလဲ မသုံးရမဲ့စာရင်းထဲမှာ ပါတယ်။
• Gonorrhea (ဂနိုးရီးယား) ရှိနေသူတွေမှာ Chlamydia (ကလာမိုင်ဒီယား) လဲ တွဲရှိတာများတယ်။ ဒါကြောင့် Azithromycin (1g) တခါထဲဖြစ်ဖြစ် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်ဖြစ်ဖြစ်နဲ့ပါ တွဲပေးသင့်တယ်။

Gonorrhea (ဂနိုးရီးယား)
• Cipro® XR 500 mg တကြိမ်ထဲ၊ ဒါမှမဟုတ်
• Levaquin® 500 mg တကြိမ်ထဲ၊ ဒါမှမဟုတ်
• Tequin® 400 mg တကြိမ်ထဲ၊

Chlamydia (ကလာမိုင်ဒီယား)
• Doxycycline 100 mg တနေ့ ၂-၃ ကြိမ်၊ ၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
• Azithromycin 1.0 gm တကြိမ်ထဲ၊ ဒါမှမဟုတ်
• Azithromycin - 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊

Primary syphilis (ဆစ်ဖလစ်) ပဌမအဆင့်
Chancre (ရှန်ကာ) မနာတဲ့အနာ လိင်အင်္ဂါမှာပေါက်တယ်။ ပါးစပ်၊ စအို၊ အရေပြားတွေမှာလဲ ပေါက်နိုင်တယ်။ ၃-၆ ပါတ်နေရင် အလိုလို ပျောက်သွားမယ်။ တက်စေ့တွေလဲ ရောင်မယ်။ Penicillin G benzathine, Doxycycline, or Tetracycline ဆေဒတွေသုံးတယ်။ ကိုယ်ဝန်ဆောင်နေသူတွေကို Penicillin ပေးတာကောင်းတယ်။ Tetracycline မပေးရဘူး။

Chancroid (ရှန်ကာရွိုက်)
(ဗက်တီးရီးယား) ဝင်လာပြီးနောက် ၁-၂ ပါတ်အတွင်း (ရှန်ကာရွိုက်) ခေါ်တဲ့ အဖုလေး လိင်အင်္ဂါမှာဖြစ်လာမယ်။ မကြာခင် အနာဖြစ်လာတယ်။ တလက်မရဲ့ ၈ ပုံ ၁ ပုံကနေ ၂ လက်မအထိ ကြီးနိုင်တယ်။ နာမယ်၊ ပျော့တယ်။ အနားသတ် တိကျတယ်၊ အနာအတွင်းက ခပ်ဝါဝါ၊ မီးခိုးရောင်ရှိတယ်။ ထိခိုက်မိရင် သွေးထွက်မယ်။ ဖြစ်တဲ့သူ တဝက်လောက်မှာ အနာ တလုံးထဲ။ အမျိုးသမီးဆိုရင် တခုမကရှိမယ်။ ကျားအင်္ဂါ၊ မအင်္ဂါတွေရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ မိန်းမဖြစ်ရင် ဆီးသွားတာနဲ့ လိင်ဆက်ဆံတာမှာ နာမယ်။ (ရှန်ကာရွိုက်) ကိုလဲ
- Azithromycin ဒါမှမဟုတ်
- Ceftriaxone ဒါမှမဟုတ်
- Ciprofloxacin ဒါမှမဟုတ်
- Erythromycin တွေဘဲ ပေးနိုင်တယ်။

Dr. တင့်ဆွေ
၇-၂-၂ဝ၁၂

Credit: http://health-adult-reading.blogspot.com/2012/02/lesions-on-penis.html

No comments: