Wednesday, November 2, 2016

Being Proud Of and Comfortable With Being Gay (Part III)

မိမိဖြစ်တည်မှုအတွက် စိတ်လက်ချမ်းသာ ဂုဏ်ယူပါ (Being Proud Of and Comfortable With Being Gay)




(၁) စာဖတ်သူ တစ်ယောက်တည်း တစ်ကိုယ်တည်းမဟုတ်ဘူးဆိုတာ မှတ်ထားရပါမယ်။ စာဖတ်သူဟာ ဂေးဆိုပါလျှင် ဒီကမ္ဘာလောကကြီး ပေါ်မယ် လိင်တူကြိုက် အမျိုးသား(gay)၊ လိင်တူကြိုက်အမျိုးသမီး (lesbian)၊ လိင်တူ/လိင်ကွဲ နှစ်မျိုးစလုံးကြိုက်သူ(bisexual)၊ ပြီးတော့ ဆန့်ကျင်ဘက်လိင်ကိုသာ ကြိုက်သူ သဘောကျသူ (straight) ဆိုတဲ့ပုံဟန်မျိုးစုံနဲ့အတူ စာဖတ်သူရဲ့အခြေအနေမျိုးမှာနေဖူးသူတွေ စသဖြင့် များမှ တကယ့်အများကြီးပါ။ ယုံမှားသံသယတွေ၊ အပြစ်တစ်ခုအသွင် နားပူနားဆာလုပ်ခြင်းတွေ၊ မသေချာမရေရာခြင်းတွေကို သူတို့တွေ အားလုံး ဖြတ်သန်းခဲ့ပြီးပါပြီ။ စာဖတ်သူရဲ့ လိင်ဆက်ဆံမှုရမ္မက် ဖွင့်ဆိုခြင်းအသစ်တစ်ခုအဖြစ် မတွေးထင်ဖို့လိုအပ်ပါတယ်။ သူတစ်ပါးရဲ့ လက်အောက်ကနေ လွန်မြောက်ခွင့်ရတဲ့ ကျွန်တစ်ယောက်လို့ကောပေါ့။ ဒီနေရာမှာ ဂေးဖြစ်နေရခြင်းဟာ အမှားတစ်စုံတစ်ခုမှမရှိပါဘူး။ စာဖတ်သူ ဘယ်သူဘယ်ဝါဖြစ်နေခြင်းကြောင့် ကိုယ်ရည်ကိုယ်သွေး ယုတ်ညံ့နေတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ပြောလို့မရပါဘူးခင်ဗျ။

ကိုယ်မေးမြန်းစူးစမ်းမှုတွေအတွက် အထောက်အပံ့ဖြစ်နိုင်မယ့်လူမျိုးကို စာဖတ်သူရှာဖွေသင့်ပါတယ်။ ဒေသန္တရအာဏာပိုင်အဖွဲ့အစည်းတွေ၊ ဘုရားကျောင်းကဘာသာရေးခေါင်းဆောင်တွေ သို့မဟုတ် စာဖတ်သူရဲ့မိဘတွေကို ပြန်ပြောတတ်တဲ့ အစီရင်ခံတတ်တဲ့ သူတစ်ပါးကိုဝေဖန် တတ်စွာ သို့မဟုတ် ဆိုးရွားစွာတုန့်ပြန်တတ်သောသူများ မဟုတ်ဖို့တော့လိုမှာပါ။ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်၊ ကိုယ့်ဖြစ်တည်မှုအပေါ် စာဖတ်သူ ယုံကြည်မှုပိုလာချိန်မှာတော့ ကိုယ့်အတွက် စိတ်ပူပေးတတ် သံယောဇဉ်ရှိလွန်းသော သူငယ်ချင်းများနှင့် မိမိရဲ့မိသားစုဝင်တွေကို ပြောပြ ဆွေးနွေးကြည့်ပါ။
Gay, lesbian, bisexual, pansexual, transgender ဒါမှမဟုတ် ကြားအခြေအနေတရပ်ရပ်လို့ဆိုနိုင်မည့် ဖြစ်တည်မှုတစ်ခုမှာရောက်နေ ခြင်းဟာလည်း အဆင်ပြေတာပဲလေ။ 

စာဖတ်သူ ရဲ့ အတွင်းသဏ္ဌာန်အကြောင်း ခံစားရအောင် အနှုတ်လက္ခဏာမြင်သွားအောင် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မပြုလုပ်သင့်ပါဘူး။ စာဖတ်သူရဲ့ သူငယ်ချင်းများဟာ တကယ့်သူငယ်ချင်းအစစ်အမှန်တွေဆိုပါက စာဖတ်သူ ဘယ်သူဘယ်ဝါဖြစ်နေခြင်းဟာ အရေးမပါဘဲ ချစ်ခင်ကြ ခင်မင်ကြမှာပါ။ စာဖတ်သူရဲ့ မိဘများဟာလည်း သားသမီးကိုချစ်တယ် နားလည်ပေးတတ်တဲ့သူတွေဆိုပါလျှင် ဘယ်လိုဘယ်ပုံ ဖြစ်နေခြင်းပဲဆိုဆို ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် စာဖတ်သူကို ဂရုတစိုက် တလေးတစားရှိကြမှာပါနော်။

စာဖတ်သူကို ဆိုးဆိုးရွားရွားတုန့်ပြန်တိုက်ခိုက်သူများဟာ သူတို့ကိုယ်ပိုင်ပြဿနာများအမှန်တကယ် မုချရှိနေပါတယ်။ သူတို့ရဲ့အမြတ်ဒေါသ တွေကို အခြားသူများပေါ် ဖွင့်အံပုံချတတ်တဲ့သူမျိုးတွေဖြစ်ပြီး သူတို့ဘာသာသူတို့ရှုပ်ယှက်ခတ်နေကြသူများဖြစ်နိုင်ပါတယ်။ စာဖတ်သူကို ပုတ်ခတ်ပြောဆိုမှုပြုသူတွေဟာ သူတို့ကိုယ်တိုင် မပျော်ရွှင်ကြသူများဖြစ်ကြပါတယ်။

(၂) ဆန့်ကျင်ဘက်လိင်နဲ့ ကာမဆက်ဆံသူ(heterosexual)ဖြစ်တည်ဖို့ လေးနက်စွာထပ်တလဲလဲပြောဆိုတိုက်တွန်းတတ်သူများကို ဂရုတစိုက် ကြည့်သင့်ပါတယ်။ အထူးသဖြင့် သူတို့သည် စာဖတ်သူ ဘယ်လိုလူမျိုး ဘယ်သူဘယ်ဝါဆိုတာမသိကြဘူး သို့မဟုတ် သူတို့ယုံကြည်ထားတာကို အတည်ပြုချက်ယူဖို့ ဒါမှမဟုတ် လှုပ်ရှားမှုလမ်းကြောင်းတစ်ခုကို စာဖတ်သူဆင့်ပွားမွေးစားအောင် ဖိအားပေးဖို့ကြိုးစားတတ်ကြပါတယ်။ “ခေါင်းရှုပ်ခြင်း” သို့မဟုတ် “စမ်းသပ်လေ့လာနေ”တာတွေ စာဖတ်သူမှာ ကောင်းကောင်းဖြစ် တည်နေပါလိမ့်မယ်။ ဒါပေမဲ့ စာဖတ်သူဘာဆိုတာ စာဖတ်သူပဲဆုံးဖြတ်နိုင်ပါတယ်။ ကိုယ့်ဘာသာတစ်မျိုးမျိုးခေါ်တွင်နေတယ်ဆိုပါလျှင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခေါ်မယ်လို့ ဆုံးဖြတ်ဖို့အခွင့်အာဏာ စာဖတ်သူပဲပိုင်ဆိုင်ပါတယ်ခင်ဗျ။

(၃) စာဖတ်သူရဲ့ ဖိုမလက္ခဏာ/လိင်စိတ်တိမ်းညွတ်မှုကို ရှာဖွေဆန်းစစ်ဖို့ ကွဲပြားခြားနားတဲ့ လမ်းကြောင်းများစွာရှိနေတယ်ဆိုတာလဲ  နားလည်သဘောပေါက်ရပါမယ်။ အချို့သောသူတွေဟာ သူတို့သည် လိင်တူကြိုက်နှစ်သက်သူ(gay)များဖြစ်ကြောင်း အသက်အရွယ် အစောပိုင်းကာလတွေမှာကတည်းက သိကြပါတယ်။ အခြားသောသူတွေကတော့ သူတို့ရဲ့အစစ်အမှန်သဘောသဘာဝကို တွေ့ရှိဖို့ အချိန်ယူကြရပါတယ်။ နောက်တော့လည်း ကိုယ်ဘာဆိုတာ နားလည်သဘောပေါက်သွားတတ်ကြပါတယ်။ စာဖတ်သူရဲ့ စိတ်ခံစားချက်များ နှင့် ယိမ်းယိုင်မှုများကို ဘယ်လိုအကန့်အသတ်နဲ့ထုပ်ပိုးထားတယ်ဆိုတဲ့ သင်္ကေတ ရုပ်တုဆိုတာများ ဒီနေရာမှာမရှိပါဘူး။ ကိုယ်လျှောက်တဲ့ လမ်းဟာ သေချာတဲ့လမ်းတစ်ခုဖြစ်တယ်လို့ ခံစားယုံကြည်တယ်ဆိုရင် ကိုယ်ခံစားမိတဲ့ လမ်းအတိုင်း လျှောက်လှမ်းလိုက်ပါ။ ကိုယ့်ရှာဖွေ တွေ့ရှိချက်အပေါ် ဘုရားသခင်ကောင်းချီးပေးခံရသလို ကြိုးစားနေထိုင်ပါ။ အချို့သူတွေကတော့ ဘ၀တစ်လျှောက်လုံးလိုလို အယူအဆ အဖုံးအအုပ်များ နဲ့ နပမ်းလုံးနေတတ်ကြပါတယ်။ သူတို့သည် လိင်တူကြိုက်နှစ်သက်သူများ (gays) များဖြစ်နိုင်တယ်လို့ ဘယ်တော့မှ ၀န်မခံတတ်ကြပါဘူး။

လူအချို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် နေထိုင်ရာပတ်ဝန်းကျင်နှင့် အသားတကျနေထိုင်မှုစရိုက်အနည်းငယ်က ရိုက်ခတ်မှုလှိုင်းကြီးထွား နိုင်တာကိုလည်း နားလည်ရပါမယ်။ ထိုအရာတွေဟာ သေချာပေါက်အမှန်တရားတစ်ခုလို့ မဆိုနိုင်သလို စမ်းသပ်ခံတဲ့အကြောင်းအရာ တော့လည်းမဟုတ်ပြန်ပါဘူး။ မိသားစုတစ်စုမှာ ဖခင်နဲ့နီးနီးကပ်ကပ်မနေရခြင်း၊ အမေရဲ့လွှမ်းမိုးမှုဖြင့်ယဉ်ပါးနေခြင်း သို့မဟုတ် ခပ်ရိုင်းရိုင်း ပြောရရင် စအိုနဲ့လိင်အာသာဖြေတပ်မက်မှု ဖွံ့ဖြိုးခြင်းအဆင့်ဆင့်ပေါ်တွယ်ငြိနေခြင်းတွေကြောင့် လိင်စိတ်တိမ်းညွှတ်မှု လမ်းကြောင်း ပြောင်းလဲသွားတယ်လို့ တစ်ထစ်ချပြောနိုင်ပါ့မလား။ ရုပ်ပိုင်းဆိုင်ရာ၊ ကိုယ်တွင်းဟော်မုန်းအပြောင်းအလဲ၊ စိတ်ပိုင်းဆိုင်ရာ ဘယ်လို အကြောင်းအရာက အဓိကလမ်းကြောင်းပေးသွားသလဲ စိတ်ဝင်စားစရာတော့ကောင်းပါတယ်။

(၄) ဖိုမလက္ခဏာ/လိင်စိတ်ဆန္ဒ/လိင်စိတ်တိမ်းညွှတ်မှု ဆိုတာကို အကြောင်းအချက်အချို့ပေါ်မူတည်ပြီး ဆုံးဖြတ်ကြည့်ဖို့ကတော့ အတော် ရှုပ်ထွေးတဲ့ ကိစ္စတစ်ရပ်ဖြစ်နေတာကို နားလည်ပါ။ ကိုယ့်လိင်ပိုင်းဆိုင်ရာ သက်သေခံချက်ကို အထူးသီးသန့်ဆုံးဖြတ်ရာမှာ အပြင်ဖိအားများ ကြောင့်ဆိုတာမဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာပြောဖို့ရှိတာက သူတစ်ပါးရဲ့ထင်မြင်ချက် သူတစ်ပါးရဲ့လမ်းကြောင်းပေးမှု သူတစ်ပါးရဲ့ ပြောပြချက်တွေကနေ ဖိုမလက္ခဏာတွေအပေါ် အရိပ်မိုးလာတဲ့ အချက်များစွာရှိနေတယ်ဆိုတာပါပဲ။

ဖိုမလက္ခဏာ အတိုင်းအတာတိုင်းအတွက် အခွင့်အရေးတစ်ရပ် - အချို့အချက်တွေက ဆန့်ကျင်ဘက်လိင်ကိုသာ ကြိုက်နှစ်သက်သူ သို့မဟုတ် လိင်တူခြင်းကြိုက်နှစ်သက်သူများအတွက် အထူးသီးသန့်လို့ပြောရမယ့်ပုံဖြစ်နေပါတယ်။ သူတို့ရဲ့ ပုံမှန်လိင်စိတ်တိမ်းညွှတ်မှုကို ပြင်ပမှသူတို့နဲ့လိင်ဆက်ဆံဖော်များကိုကြည့်ပြီး ဘယ်တော့မှဆုံးဖြတ်လို့မရတာပါ။ အချို့ အမျိုးသမီးခြင်းကြိုက်နှစ်သက်သူ (Lesbian) တွေဟာ အမျိုးသားလိင်ဆက်ဆံဖက်ပါတနာကို တစ်ခါတရံရှာဖွေတတ်ကြပြီး အချို့လိင်တူကြိုက်အမျိုးသား(gay) တွေဟာ အမျိုးသမီး လိင်ဆက်ဆံဖက်ပါတနာကို ရှာကြံတတ်ကြလို့ပါပဲ။

လိင်စိတ်တိမ်းညွှတ်မှုရဲ့ ဒီဂရီ အတိုင်းအတာများစွာရှိနေပါတယ်။ တကယ်လို့စာဖတ်သူဟာ လိင်တူလိင်ကွဲနှစ်မျိုးလုံးကြိုက်နှစ်သက်သူ (bisexual) တစ်ယောက်ဆိုပါလျှင် အမျိုးအစား ခေါင်းစဉ်ကွဲတစ်ခုရဲ့အောက်မှာ အလွယ်တကူ အံဝင်ဂွင်ကျ သင့်ကိုယ်သင်ရှာဖွေလို့အဆင် မပြေလောက်ပါဘူး။ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေနိုင်တယ် ဘယ်လိင်စိတ်တိမ်းညွှတ်မှုမျိုးဖြစ်တယ်ဆိုတာ သိသည့်တိုင်အောင် သို့မဟုတ် မသိဘူးဆိုလျှင် ကိုယ့်ကိုယ်ကိုယ် တံဆိပ်အကပ်မခံပါနဲ့။

လိင်(ကျား/မဖြစ်မှု) တစ်ခုခု သို့မဟုတ် အခြားတစ်မျိုးမျိုးဖြစ်နေသည်ဆိုပြီး အမြဲဂရုထားအာရုံစိုက်နေဖို့မလိုဘူးထင်ပါတယ်။ စာဖတ်သူရဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်သမျှ ကွဲပြားခြားနားနေမှုအခွင့်အရေးရှိပြီးသားမဟုတ်လား။ ကျွန်တော်တို့လူမှုအသိုင်းအ၀ိုင်းအနေနဲ့ အမျိုးသားဆိုရင်  စိုးမိုးတတ်တယ်၊ အမျိုးသမီးဆိုရင် အလျှော့ပေးတတ်တယ်ဆိုသော သာမန်လိင်စိတ်သဘာဝကို အလေးပေးဇန်းတင်လေ့ရှိကြပါတယ်။ အဲ့သည့်အချက်တွေက စာဖတ်သူရဲ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် ချည်နှောင်တုပ်ထားတာမျိုး မဖြစ်ပါစေနဲ့။ အလျော့ပေးဆက်ဆံတတ်သော straight အမျိုးသားတွေရှိသလို လိင်ကိစ္စမှာ ပိုမိုဦးဆောင်စိုးမိုးတတ်တဲ့  အမျိုးသမီးတွေအများအပြား ရှိနေကြပါတယ်။

(၅)တစ်စုံတစ်ယောက်က သူတို့ရဲ့လိင်မှုကိစ္စအပေါ် ကျေနပ်စိတ်ချမ်းသာမှု သို့မဟုတ် နားလည်သဘောပေါက်လက်ခံထားမှုကို စာဖတ်သူ အနေနဲ့ ခြေထိုးခံလှဲဖြိုဖို့ မကြိုးစားသင့်ပါဘူး။ သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ဖွင့်ဟ၀န်ခံခြင်းမပြုဘဲ ပုဂ္ဂလိကသဘောထားခြင်း အပေါ် လေးစားသမှုရှိရပါမယ်။ တစ်စုံတစ်ဦးဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ဖွင့်ဟ၀န်ခံလာဖို့ဆိုတာ အခက်အခဲနှင့် အတော်ရှုပ်ထွေးတဲ့ သဘောရှိပါတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင် ဖွင့်ဟ၀န်ခံလာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခက်တွေ့အောင် အခက်အခဲဖြစ်အောင် မပြုလုပ် ရပါ။

ကိုယ့်ဖိုမလက္ခဏာကို ရှာဖွေတွေ့ရှိဖို့ဆိုတာ ရုန်းကန်လှုပ်ရှားမှုတစ်ခုပဲလို့ စာဖတ်သူ မကြည့်မမြင်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရုန်းကန် လှုပ်ရှားမှုဆိုတာ စာဖတ်သူအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တစ်ခုခုကို ဆန့်ကျင်တိုက်ခိုက်နေရမှုတစ်ခုရှိနေကြောင်း စောင်းပါးရိပ်ခြေ ပြောနေခြင်းမည်ပါတယ်။ ဘယ်လိုမြင်ရမလဲဆိုတော့ ရှာဖွေမှုခရီးစဉ်တစ်ခုသွားနေတယ်လို့လေ။ ကိုယ်သိချင်နေတဲ့ အကြောင်းအရာတွေ ကိုယ်မေးမြန်းချင်နေတဲ့ မေးခွန်းပေါင်းများစွာကို ပွင့်ပွင့်လင်းလင်း မေးပြုဆွေးနွေးအဖြေရှာလို့ရမယ့် ကိုယ်လိုပဲ အခြေအနေတစ်ခုကို ဖြတ်သန်းနေရသူများရှိရာ လုံခြုံစိတ်ချရသော နေရာလပ်တစ်ခုကိုရှာကြည့်ဖို့ဆုံးဖြတ်ပါ။ ကိုယ်ဟာ Lesbian လား၊ Gay လား၊ ဒါမှမဟုတ် Bisexual တစ်ယောက်လား ဘယ်လိုမှ မခွဲခြားထားဘူးဆိုသော်မှ လိင်တူချစ်သူများအတွက် လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ အကူအညီ တစ်ထောင့်တစ်နေရာအဖြစ်ပါဝင်တာပဲဖြစ်ဖြစ် လူသစ်ပတ်ဝန်းကျင်အသစ်ကိုထိတွေ့စူးစမ်းတာပဲဖြစ်ဖြစ် တာထွက်မှု စတင်ကြည့်လိုက်ပါ။

(၆) ဖိုမလက္ခဏာ/လိင်မှုကိစ္စတွေဆိုတာ ပျော်ရည်တစ်ခုလိုပဲ အရာရာမှာပျော်ဝင်နိုင်တယ် ပြီးတော့ အထောက်အထားများလည်းဖြစ်တယ် ဆိုတာ စာဖတ်သူရဲ့စိတ်ထဲ တွေးထားရပါမယ်။ ကိုယ်ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ အမျိုးသား သို့မဟုတ် အမျိုးသမီးဖြစ်ကြောင်း ဖွင့်ဟ၀န်ခံပြီးသူလူအချို့ဟာ ပြုမူပြောဆိုတာ သို့မဟုတ် ၀တ်စားဆင်ယင်တာတွေဟာ လေ့လာမိသလောက် ဂေးပိုဆန်ပြစပြုကြတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာကတော့ သူတပ်ဆင် ၀တ်ဆင်လိုက်တဲ့ တံဆိပ်တစ်ခုအောက်မှာ ထုံးစံအတိုင်း အံဝင်ဂွင်ကျဖြစ်လိုခြင်း ကြောင့်ဖြစ်ပါတယ်။ ဆိုးရွားတဲ့ကိစ္စ တစ်ခုပြုကျင့်လိုက်တာမဟုတ်ပေမဲ့ အဲ့ဒီအမူအကျင့်ဟာ အဆိုပါလူအတွက် အတုယောင် သို့မဟုတ် အမှန်တရားမဟုတ်ဘူးဆိုပါလျှင် ထိခိုက်နာကျင်စေသောအချက်တွေသာဖြစ်ပါလိမ့်မယ်။ တကယ်လို့စာဖတ်သူရဲ့ သူငယ်ချင်းတွေက စာဖတ်သူဟာ အရင်ကထက် ဂေးပိုဆန်လာနေသလိုပဲလို့ စတင်စွပ်စွဲလာပါလျှင် သူတို့ကိုမသိကျိုးကျွန်ပြုလိုက်ပါ။ ကိုယ့်ဖြစ်တည်မှုအတွက် ဂုဏ်ယူနေရမည်ဖြစ်သလို ဘယ်လိုပြုမူသင့်တယ် သို့မဟုတ် ဘယ်လိုဝတ်ဆင်သင့်တယ် သို့မဟုတ် ဘယ်လိုပြောဆိုသင့်တယ် သို့မဟုတ် ဘယ်လိုလမ်းလျှောက်သင့်တယ်ဆိုတာကို တစ်ယောက်ယောက်ပြောခံနေရတာမျိုးကနေ လွတ်လွတ်လပ်လပ်နေလိုက်ပါ။

(၇) စာဖတ်သူအနေနဲ့ သတိရသင့်တဲ့အချက်က ပုံစံစုံလူအမျိုးမျိုးကို စွဲလမ်းနှစ်သက်နိုင်သလို စိတ်ခံစားမှုအရ သို့မဟုတ် ကာမဂုဏ်အာရုံအရ တစ်စုံတစ်ဦးအပေါ် လုံးလုံးလျားလျားပစ်ကျနိုင်သေးတာပါပဲ။ လူတွေအတော်များများယုံကြည်ကြတာက သူတို့မွေးဖွားကတည်းကမွေးရာပါ လိင်အင်္ဂါသတ်မှတ်ချက်လှုံ့ဆောက်မှုအရ လိင်စိတ်ဆန္ဒတိမ်းညွတ်မှုရှိမယ် ပြီးတော့ ဆန့်ကျင်ဘက်အကြောင်းအရာတွေကို မလုပ်ကြဘူး လို့လေ။ ဒါပေမဲ့ အထောက်အထား ဖြစ်တည်မှုတစ်ခုအနေနဲ့ဆိုလျှင်တော့ အရာအားလုံးမှားတယ်လို့မဆိုနိုင်သလို မှန်တယ်လို့မဆိုနိုင်ပါဘူး။ လိင်တူ တစ်ဦးတစ်ယောက်အပေါ်မှာ စွဲလမ်းတဲ့စိတ်ခံစားမှုဖြစ်နေခဲ့တယ်ဆိုလျှင် စာဖတ်သူအနေနဲ့ ကိုယ့်လိင်ကိစ္စ identify နဲ့ပတ်သက်ပြီး ဘယ်လိုလဲလို့ စိတ်တွေဝေသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူမှုအသိုင်းအ၀ိုင်းက စံသတ်မှတ်ထားချက်တွေ မျှော်မှန်းထားချက်တွေ နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ဖို့ အံဝင်ဂွင်ကဖြစ်မနေဘူး မဟုတ်လား။ စာဖတ်သူက ကိုယ့်ကိုယ်ကိုယ် gay, lesbian, straight, queer, bisexual ကဲ့သို့ထပ်တူပြုနိုင်ပါတယ်။ ဒါပေမဲ့ စာဖတ်သူက ကိုယ့်ကိုယ်ကိုယ် ဘာဆိုတာ တံဆိပ်မကပ်ချင်ဘူးဆိုလျှင်လည်း အဆင်ပြေ တာပါပဲ။

စာဖတ်သူ အနေနဲ့ ကိုယ်ချစ်ခင်နှစ်သက်လိုသူနှင့် ချစ်ခင် သို့မဟုတ် လိင်ကိစ္စပတ်သက်ယှက်နွယ်ချင်သူနှင့် စိတ်တင်းကြပ်မှုမရှိဘဲ လွတ်လွတ် လပ်လပ် ခံစားချစ်ခင်ပတ်သက်ပါ။ လူ့အဖွဲ့အစည်းက ကန့်သတ်ထားတဲ့ ဘောင်အတွင်း စည်းအတွင်းအမြဲနေထိုင်သွားရမယ် လို့ သတ်မှတ်ထားတာမှမဟုတ်တာဘဲ။ ပြောရတာက လက်တွေ့လုပ်ဆောင်ရတာထက်လွယ်ပေမယ့် အခြေခံမူအရပြောချင်တာကတော့ စာဖတ်သူအနေနဲ့ ကိုယ်ကိုယ်တိုင်အတွက် အမှန်ဖြစ်ဖို့လို့သလို ရိုးသားဖို့လိုပါတယ်။ လူအချို့အတွက်က ဆန့်ကျင်ဘက်လိင် တစ်ဦး တစ်ယောက်ကိုသာ ချစ်ခင်နှစ်သက်ကြတယ်၊ အချို့တွေကတော့ လိင်တူတစ်ဦးတစ်ယောက်ကိုသာ ချစ်ခင်နှစ်သက်နိုင်တယ်၊ အချို့တွေ ကတော့ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကို ချစ်ခင်နှစ်သက်နိုင်ပါတယ်။ တကယ်လို့များ စာဖတ်သူဟာ ဘယ်တံဆိပ်အောက်မှာမှ အံဝင်ဂွင်ကျ မဖြစ်ဘူးလို့ ခံစားရတယ်ဆိုပါက ကိုယ့်ကိုယ်ကိုယ် တံဆိပ်တစ်ခုကပ်ဖို့ ဖိအားပေးမကြိုးစားပါနဲ့။ စာဖတ်သူ ကိုယ့်ကိုယ်ကိုယ်၊ အချစ်နှင့် လိင်ကိစ္စအကြောင်းရှာဖွေစူးစမ်းရင်း လွတ်လွတ်လပ်လပ်နေလိုက်ပါ။

မေးမြန်းစူးစမ်း (Community Q&A)
Q: အသက် ၁၂နှစ်အရွယ်အနေနဲ့ ကိုယ့်လိင်မှုကိစ္စအကြောင်းသိထားဖို့ ငယ်သေးတယ်လို့ထင်ပါသလား?
Ans: ဒီအကြောင်းအရာကိုသိဖို့ အရွယ်လွန်နေပြီ သို့မဟုတ် အလွန်ငယ်သေးတယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။ လိင်မှုကိစ္စ စိတ်သဘော ထားဟာအမြဲပြောင်းလဲနိုင်တာဆိုတော့ စိတ်ထဲမှာပဲထိန်သိမ်းထားပါလို့။

Q: လိင်တစ်မျိုးထက်ပိုပြီး စိတ်ဝင်စားတယ်ဆိုတာဖြစ်နိုင်ပါသလား?
Ans: ဟုတ်ကဲ့၊ "Kinsey scale of sexual behavior"ဆိုတဲ့ စစ်တမ်းပြဓာတ်ပုံတစ်ခုရှိနေပါတယ်။ အဲ့ဒီအထဲမှာပါတဲ့ အဆင့်ငါးဆင့်ထဲမှာ စာဖတ်သူဟာ နံပါတ်တစ်ခေါင်းစဉ်အောက်မှာ အံဝင်နေသလား ဒါမှမဟုတ် နံပါတ် ၅ခေါင်းစဉ်အောက်မှာ အံဝင်နေသလားဆိုတာကြည့် နိုင်ပါတယ်။ စာဖတ်သူရဲ့ လိင်အပေါ်မူတည်ပြီး အခြားဘယ်လိင်အမျိုးအစားကို စိတ်ဝင်စားနေခဲ့တယ်ဆိုတာသိနိုင်တာပေါ့နော်။

Q: ကျနော်က အမျိုးသမီးတွေကို ချစ်ခင်နှစ်သက်ဖို့စိတ်ဝင်စားပေမဲ့ အမျိုးသားတွေကိုတော့ လိင်ပိုင်းဆိုင်ရာအတွက် စိတ်ဝင်စားနေပါတယ်။ ဒါက ကျနော့်ကို bi ဒါမှမဟုတ် တစ်ခုခုဖြစ်အောင်လုပ်နေသလိုများ?
Ans: ကိုယ့်ကိုယ်ကိုယ် တံဆိပ်တစ်ခုတပ်ဖို့ဆိုတာ အရေးမကြီးပါဘူး ဘော်ဒါရာ။ တကယ်လို့ Label တစ်ခုတပ်မှအဆင်ပြေမယ်ဆိုရင်လည်း bisexual လို့သတ်မှတ်လိုက်လည်း မဆိုးပါဘူး။ ဒါမှမဟုတ်လည်း တံဆိပ်မကပ် လေဘယ်မထိုးဘဲနေနိုင်တာပဲလေ။ ပြေးလမ်းရှည်ကြီးတစ်ခု မှာ သက်သောင့်သက်သာနည်းလမ်းနဲ့ လျှောက်လှမ်း ပန်းတိုင်ရောက်ဖို့ အရေးပါအောင်လုပ်ဖို့ လိုရင်းပါ။

Q: ကိုယ့်ကိုယ်ကိုယ် ဘာဆိုတာ အချက်အလက်တွေအရကော စူးစမ်းမှုအရကောသိနေပေမဲ့ မိဘတစ်ယောက်ယောက်က အဲဒါဂေးမဟုတ် ဘူးလို့ ပြောနေတုန်းပဲဆိုလျှင် ကျွန်တော်ဘာလုပ်ရပါ့မလဲ?
Ans: ဘော်ဒါ့ကို သူတို့တကယ်ချစ်ခင်တယ် ပြောဆိုဆွေးနွေးမှုအပေါ်လက်ခံနိုင်တယ်ဆိုပါလျှင် ကိုယ်ဘာဆိုတာကို မိဘများအား ယဉ်ယဉ်ကျေး ကျေး နုညံ့ညင်သာစွာပြောလိုက်ပါ။ ကိုယ်ကိုယ်တိုင်ဟာ ဘယ်သူမှမဟုတ်ဘူး ကိုယ်ကိုယ်တိုင်ပဲဆိုတာ သူတို့ကိုပြောလိုက်ပါ။ ဘော်ဒါဟာ ဘုရားပေးတဲ့လက်ဆောင်တစ်ခု၊ ဒီကိစ္စအတွက် ဂုဏ်ယူသလို တစ်နေ့နေ့မှာ သူတို့လက်ခံမယ်လို့ မျှော်လင့်ကြောင်းပြောပါ။ တကယ်လို့ သူတို့က ဘော်ဒါပြောတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး ဆက်လက်၍ လက်မခံသေးဘူးဆိုပါလျှင် ကိုယ်ဟာဘာဖြစ်တယ် ဘယ်လိုဖြစ်တည် နေပါတယ်ဆိုတာပြောဖို့ အနည်းဆုံးရှောင်ကြဉ်ရတော့မယ့် အမေးစကားလို့ဆိုရမလားဘဲ။ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေကြားထဲမှာ ဘော်ဒါ့ ကို အထောက်အပံ့ပြုမယ့်လူတွေကို ရှာဖို့သင့်ပါပြီ။

အကြံပေးချက်အချို့

(၁) ကိုယ့်ဖာသာနေပါ။ စာဖတ်သူ လိင်တူကြိုက်သူတစ်ဦးဖြစ်နေခြင်းအတွက် ရှုံ့ချပစ်တင်နေသောသူများကို လျစ်လျူရှုလိုက်ပါ။

(၂) လမ်းညွှန်သူတစ်ယောက်ပြောစကားအရ “ကုထုံးပညာရှင်တစ်ယောက်ရဲ့အလုပ်ဟာ သင့်ကိုယ်သင်ရှာဖွေရာမှာ ကူညီဖို့ဖြစ်ပြီး၊ သင်ဘာဆိုတာကို သူတို့တွေးထင်မိတာပြောခဲ့တယ်ဆိုပါလျှင် သူတို့ဟာ ကုထုံးပညာရှင်ကောင်းတစ်ယောက်မဟုတ်ပါဘူး” တဲ့။

(၃) လုပ်ဆောင်ချက်တစ်ခုခု အကြောင်းအရာတစ်စုံတစ်ရာဟာ သင်ဂေးဖြစ်ခြင်းကြောင့်လို့ လူတွေက ဆုံးဖြတ်ခဲ့မှုအပေါ် စိုးရိမ်စိတ်မကဲပါနဲ့။ သူတို့ပြောတာကို နားထောင်မနေပါနဲ့။ စာဖတ်သူရဲ့ ပတ်ဝန်းကျင်မှာရှိသော လူတွေထဲက အချို့ဟာ လိင်တူချစ်သူ ဂေးတွေဆိုတာ သတိထားဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်အ၀န်းအ၀ိုင်းမှာ ကိုယ်တစ်ယောက်တည်းဂေးဆိုပြီးတော့ စိုးရိမ်စိတ်ဝင်မနေပါနဲ့လေ။ အခြားသူတွေရဲ့ အတွေးထင်မြင်ချက်တွေအပေါ် အလေးထားဂရုမူမနေဘဲ ကိုယ့်ဖြစ်တည်မှုအတိုင်းနေထိုင်ပါ။

(၄) ကိုယ်ကိုယ်တိုင်ဟာ အခြားသူမဟုတ်ဘူး ကိုယ်ပါပဲ။ အခြားသူများရဲ့ တွန်းတိုက်လှဲချမှုကြောင့် လဲပြိုသွားဖို့မသင့်ပါဘူး။ စာဖတ်သူ ဘာဆိုတာ လက်မခံတဲ့အ၀န်းအ၀ိုင်းမှာ အမြဲတစေ နေနေဖို့မှမလိုတာ။ စာဖတ်သူရဲ့ စိတ်နှလုံးကို အမြဲပွင့်လင်းမြင်သာရိုးရှင်းစွာထားသည် ဆိုပေမဲ့ ထောင့်ကွယ်က အချို့အချက်တွေကိုတော့ ဘယ်သိနိုင်ပါ့မလဲ။

(၅) လိင်ပိုင်းဆိုင်ရာစိတ်ဆန္ဒကလည်း နည်းနည်းထူးဆန်းပါတယ်။ အမျိုးသမီးတစ်ယောက် သို့မဟုတ် အမျိုးသားတစ်ယောက်ဟာ စာဖတ်သူကို လိင်ပိုင်းဆိုင်ရာနှိုးဆွမှုမပေးနိုင်ဘူးဆိုတာနဲ့ အဲ့ဒီလိင်အမျိုးအစားပုဂ္ဂိုလ်ကို မကြိုက်နှစ်သက်ဘူးလို့ မဆိုနိုင်ဘူးဗျ။ စာဖတ်သူဟာ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာနဲ့လူ သို့မဟုတ် အားကစားသမားပုံစံပေါက်တဲ့လူ သို့မဟုတ် ရင်သားသေးတဲ့အမျိုးသမီးတစ်ယောက်ကိုမှပိုသဘော ကျသူဖြစ်နေနိုင်ပါတယ်။ လိင်တူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်တစ်စုံတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေကို စိတ်ကူးယဉ် ကြည့်ပါ။ စာဖတ်သူအမှန်တကယ်သိတဲ့ အ၀န်းအ၀ိုင်းက လူတစ်ဦးတစ်ယောက်ဖြစ်နေဖို့အရေးမကြီးဘူးနော်။ ဘယ်လိုလူမျိုးက စာဖတ်သူ အတွက် စိတ်ဝင်စားမှုပိုစေ ဆွဲဆောင်မှုရှိစေသလဲ ပြီးတော့ လိင်စိတ်နှိုးဆွမှု ပိုဖြစ်စေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။

(၆) ဖက်ရှင်အမြင်တွေ၊ ဂီတပွဲတော်တွေ၊ ပါဝင်ဆင်နွှဲတတ်တဲ့ ပါတီပွဲတွေ စသဖြင့် မကြာခဏမြင်နေရတဲ့အ၀န်းအ၀ိုင်းက လူတစ်ဦး တစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဘာလို့ သေချာပေါက်ပြောလို့မရဘူးဆိုတာလည်းသိရပါမယ်။ လိင်ကွဲကြိုက်နှစ်သက်သူတစ်စုံ တစ်ယောက်ဟာလည်း လိင်တူတွေပျော်ရွှင်နွှဲပျော်တတ်တဲ့ ပွဲသဘင်တွေကို သဘောကျဆင်နွှဲတတ်ကြပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ဖြစ်တည်မှုကို သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုအရ သို့မဟုတ် ဖက်ရှင်အမြင်ခံစားမှုတွေအရ ဆုံးဖြတ် တန်းဖိုးထားလို့မရပါ။

(၇) ကုထုံးပညာရှင်တစ်ယောက်ယောက်နဲ့ ပြသတိုင်ပင်ကြည့်ပါ။ စာဖတ်သူရဲ့ ဖိုမလက္ခဏာဖွေရှာမှုကိစ္စအပေါ် သူတို့ အကူအညီပေး နိုင်ပါတယ်။

(၈) စာဖတ်သူကိုယ်တိုင်ရဲ့ ဖိုမလက္ခဏာနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာထုတ်ရင်း အချိန်အတော်များများကုန်ဆုံးခဲ့ပြီးဖြစ်နိုင်ပါတယ်။ စာဖတ်သူရဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ မိသားစုအပေါ် သင်ထုတ်မိနေတဲ့ မေးခွန်းများအကြောင်းရိုးသားမှုပြခဲ့ပါလျှင် အချို့သောသူတို့ဟာ ကြားလိုက်သည့်အချိန်ကစပြီး သင်ဟာ ‘သူ/သူမဟာ ဂေးတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်” လို့စတင်တွက်ချက်ကြပြီးသကာလ ပုန်းနေရာကနေ ဖွင့်ဟ ၀န်ခံရာမှာ ကူညီဖို့ကြိုးစားကြပါမယ်။ ဖွင့်ဟ၀န်ခံတဲ့ကိစ္စ သူတို့ကူညီရာရောက်သလား ဘယ်လိုနည်းလမ်းနဲ့ သင့်ကိုယ်သင်ကူညီရာ ရောက်မလဲဆိုတာ မေးခွန်းပေါင်းများစွာနဲ့ဝန်းရံပါလိမ့်မယ်။ အချို့သော လိင်ကွဲကြိုက်နှစ်သက်သူအမျိုးသားများဟာ သူတို့ကိုယ်သူတို့ ဂေးဖြစ်လောက်တယ်ဆိုပြီး ဒွိဟဖြစ်နေကြတာ အများအပြားရှိပြီး စာဖတ်သူကိုယ်တိုင်ဟာလည်း သူတို့ထဲကတစ်ယောက်ဖြစ်နေနိုင်ပါတယ်။

(၉) အင်တာနက် အွန်လိုင်းပေါ်မှာ bisexual, gay သို့မဟုတ် lesbian ဆိုသောသူများရဲ့ အဖြစ်အပျက်တွေကို ရှာဖွေစူးစမ်းကြည့်ပါ။ အားလုံးကတော့ စာဖတ်သူနဲ့ အလားတူဖြစ်စဉ်တူဆိုတာမျိုး မရှိကြပေမယ့် သူတို့ဘယ်လို ဖွင့်ဟ၀န်ခံကြသလဲဆိုတဲ့ ဖြစ်စဉ်အဓိပ္ပာယ်ကို ရိပ်မိသိရှိနိုင်တာပေါ့။ အွန်လိုင်းပေါ်က အဖြစ်အပျက်အကြောင်းအရာတွေဟာ ဈာန်ဝင်စားဖို့အရင်းအမြစ်တွေဖြစ်သလို သတင်းရင်းမြစ် တွေလည်းဖြစ်နိုင်ပါတယ်။ planetout.com လို website တွေဟာ ကိုယ့်ထင်မြင်ချက်တွေရေးလို့ရတဲ့နေရာ၊ အခြားသောကိုယ်လိုစိတ်ဝင်စား ဆွေးနွေးချင်သူများနဲ့ သတင်းဖလှယ်ရာ အင်အားများဖြစ်နိုင်တာပဲ။ လိင်တူကြိုက်သူများ သို့မဟုတ် အခြားလူများကို ရှာကြည့်ပြီး သူတို့ကို မေးခွန်းထုတ် ဆွေးနွေးပြောဆိုပါ။ စာဖတ်သူနေထိုင်ရာဒေသရှိ အမည်မသိ အထောက်အကူပြုအုပ်စုတွေရှိရင် စာဖတ်သူလည်း တက်ရောက် လေ့လာနိုင်တာပေါ့။

 (၁၀) စာဖတ်သူက ဘယ်လိုပြုမူနေထိုင်ရတာ ပိုပျော်ရွှင်သလဲ? ဖိုမလက္ခဏာအကြောင်း တွေးမိတာအပါအ၀င်ပေါ့။ လိင်နှစ်မျိုးစလုံးနဲ့ ပတ်သက်ပြီး သေချာခိုင်မာစွာတွေးတောကြံဆကြည့်ပါ။ (ဖက်လှဲတကင်းပြုတာ၊ နမ်းတာ စသဖြင့်) တကယ်လို့ စာဖတ်သူရဲ့တုန့်ပြန်ချက် က အာ…ဘာပဲဖြစ်ဖြစ်ဆိုတဲ့ မျဉ်းကြောင်းအတိုင်း ရှည်လျားကြာရှည်နေပါလျှင် တစ်ခုသော လိင်အမျိုးအစားထက် ပိုပြီးစိတ်ကူးယဉ်တိမ်းညွှတ် လို့ရနိုင်တာပေါ့နော်။

(၁၁) စာဖတ်သူက ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ထားမိတာက မှားတော့မမှားပေမဲ့ စာဖတ်သူရဲ့ စိတ်ခံစားချက်အပေါ် မျက်ခြေပြတ် လျစ်လှူရှုမထားသင့်ပါဘူး။ အချို့သော လိင်တူကြိုက်အမျိုးသမီးတွေဟာ လိင်ကွဲကြိုက်အမျိုးသားတွေအပေါ်ချစ်ကြိုက်နိုင်သလို အချို့သော လိင်တူကြိုက်အမျိုးသားတွေဟာ ယောက်ျားလျာ၊ လိင်ကွဲကြိုက်အမျိုးသမီး၊ လိင်တူလိင်ကွဲနှစ်မျိုးကြိုက် အမျိုးသား အမျိုးသမီးတွေအပေါ် ချစ်ကြိုက်နေနိုင်ကြပါတယ်။ လိင်ကွဲကြိုက်သူ သို့မဟုတ် LGBT အသိုင်းအ၀ိုင်းရဲ့အဆိုအရ ဘယ်လိုတံဆိပ်မျိုး ဖန်တီးနိုင်ပါ့မလဲ။ ဖန်တီးကြည့်ပါ။

(၁၂) တစ်ကြိမ်တစ်ခါမှာတော့ စာဖတ်သူဟာ အခြားဘယ်သူတစ်ဦးတစ်ယောက်ကို စိတ်ဝင်စားတယ်ဆိုတာ တွေ့ရှိသိရှိပါလိမ့်မယ်။ အဆိုပါ တစ်ဦးတစ်ယောက်အပေါ် ကျရောက်မိသော စာဖတ်သူရဲ့ ခံစားချက်အပေါ် ယုံကြည်လိုက်ပါ။

သတိပေးစကား (Warnings)
(၁) စာဖတ်သူကိုယ့်ကိုယ်ကိုယ် တံဆိပ်တစ်ခုတပ်ဖို့ အခြားသူတစ်ဦးတစ်ယောက်ကဖိအားပေးတာမျိုးခွင့်မပြုပါနဲ့။ စာဖတ်သူကိုယ့်ကိုယ် ကိုယ် ဘယ်လိုတံဆိပ်ကပ်ကပ် အခွင့်အရေးရှိပါတယ်၊ စာဖတ်သူ ဆက်ဆံချင်တဲ့ ကမ္ဘာမြေပေါ်က ဘယ်သူတစ်ဦးတစ်ယောက်နဲ့ပဲဖြစ်ဖြစ် လိင်ဆက်ဆံဖို့အခွင့်အရေးရှိတယ်လေ။ စာဖတ်သူရဲ့ မိဘတွေ၊ ဂေးသူငယ်ချင်းတွေ သို့မဟုတ် straight သူငယ်ချင်းတွေကတော့ ဘာပဲဖြစ်ဖြစ် ပြောဆိုကြမှာပါပဲ။ ဘယ်လိုလူပဲဖြစ်နေပါစေ စာဖတ်သူဖြစ်ချင်နေတဲ့လူပုံစံအတိုင်းသာ ခံစားဖြစ်တည်လိုက်ပါ။ လျှောက်လှမ်း လာတဲ့လမ်းဟာ ရှည်ကြာနေလှပြီ ပြောင်းလဲချင်တယ်ဆိုတဲ့စိတ်ဖြစ်လျှင် တစ်စက္ကန့်လေးတောင်အပြစ်ရှိတယ်ခံစားမနေဘဲ လမ်းပြောင်း လျှောက်ပါ။ စာဖတ်သူရဲ့ဘ၀ဟန်ပန် သို့မဟုတ် စာဖတ်သူရဲ့ရွေးချယ်မှု ဘယ်လိုဖြစ်သင့်တယ်ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့စည်းမျဉ်းတွေကို လိုက်နာစရာမလိုပါဘူး။

(၂) စာဖတ်သူရဲ့ လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ဖြစ်တန်စွမ်းသော အနုတ်လက္ခဏာဆောင် စိတ်ခံစားချက်တွေကို မူးယစ်ဆေးဝါး သို့မဟုတ် အရက်သေစာသောက်ပြီး ဖုံးကွယ်ဖို့မကြိုးစားပါနဲ့။ ကြုံဆုံရသော စော်ကားပြောဆိုမှုခံစားရခြင်းတွေသည် စာဖတ်သူ ကိုယ့်ကိုယ် ကိုယ် လက်ခံဖို့ပိုမိုခက်ခဲစေတာမျိုးဖြစ်ရနိုင်ပါတယ်။ စာဖတ်သူရဲ့ဘ၀မှာ ကြုံဆုံရသောပြဿနာအပေါင်းအစုလေးထဲကတစ်ခုသာဖြစ်ပြီး ကြိုးစားမဖြတ်ကျော်ဘဲ အရေးတယူပြု ပြိုလဲသွားပါလျှင် စာဖတ်သူရဲ့ အဖျက်ကြောက်ရွံ့စိတ်တစ်ခုအဖြစ် ဦးဆောင်သွားနိုင်ပါတယ်။

(၃) စိတ်ချရသော လိင်မှုဆက်ဆံရေးကို လက်တွေ့လုပ်ဆောင်ကျင့်သုံးပါ။ လိင်တူချင်း ပြုကျင့်ကြသော လိင်မှုကိစ္စလှုပ်ရှားမှုအစုံအလင်မှ တဆင့်ကူးဆက်နိုင်သော လိင်မှတဆင့်ကူးစက်ရောဂါ(STIs)များသည် ဆန့်ကျင်ဘက်လိင်နဲ့ အမှတ်မထင်ပြုကျင့်ရာမှ ရရှိကူးစက်နိုင်သော ရောဂါများနဲ့အတူတူဖြစ်ခြင်းကြောင့်ပါ။

(၄) စာဖတ်သူပေါင်းသင်းဆက်ဆံမယ့် သူငယ်ချင်းမိတ်ဆွေများကို ဉာဏ်ရှိရှိရွေးပါ။ ကိုယ့်ကိုယ်ကိုယ် ဂေးဖြစ်မှန်းသိလို့ ကိုယ့်လိုပဲ အခြားဂေး များနဲ့ပေါင်းသင်းဆက်ဆံရမယ်လို့မဆိုလိုပါဘူး။ အခြားတဘက်ကပြောရရင် ဂေးသူငယ်ချင်းမိတ်ဆွေများရှိခြင်းအားဖြင့် စာဖတ်သူဖြတ်သန်း ဆဲဘ၀အခြေအနေအတိုင်း အလားတူဖြတ်သန်းနေတဲ့လူများဖြစ်ကောင်းဖြစ်နိုင်တာကြောင့် တစ်စုံတရာတော့အထောက်အကူရနိုင်ပါတယ်။ ဒီလူမှုအဖွဲ့အစည်းအတွင်းမှာက စာဖတ်သူစိတ်ဝင်စားတဲ့အကြောင်းအရာများကို ဂရုတစိုက်ရှာဖွေဝေငှပေးတာ၊ အထောက်အပံ့ပေးနိုင်တာ၊ level အလိုက်ဦးဆောင်မှုပေးနိုင်သောသူတွေ ရှိနေနှင့်ပြီးဖြစ်နိုင်တာကိုး။

(၅) သာမန် လိင်ကွဲတွေကိုသာစိတ်ဝင်စားသော straight ကမ္ဘာ သို့မဟုတ် straight သူငယ်ချင်းများနဲ့ အပေါင်းအသင်းမလုပ် ဖြတ်တောက် ပြစ်တာမျိုး မပြုလုပ်ပါနဲ့။ လိင်စိတ်တိမ်းညွှတ်မှုဆိုတာ စာဖတ်သူဘယ်လိုလူဆိုတဲ့ ပြည့်ဝစုံလင်သောအစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ စာဖတ်သူနဲ့မတူ ကွဲပြားခြားနားတဲ့ သူငယ်ချင်းများနဲ့ ပေါင်းသင်းနှီးနွယ်မှုတစ်ရပ် ထားသင့်ပါတယ်ခင်ဗျ။

(၆) တကယ်လို့များ ပထမဆုံးအကြိမ် လိင်တူခြင်းဆက်ဆံတဲ့အတွေ့အကြုံတစ်ရပ်ကြုံဆုံရချိန်၌ စာဖတ်သူဟာ လိင်တူခြင်းကြိုက်နှစ် သက်သူ ဂေးဖြစ်တော့မည်လားဆိုသော နားလည်ရခက် တွန်းလှန်ငြင်းဆန်လိုသောစိတ်ခံစားချက်များ ခံစားရကောင်းခံစားရနိုင်ပါတယ်။ စာဖတ်သူ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကိုယ့်ရဲ့ဖိုမလက္ခဏာ ဘာလဲဆိုတာ စူးစမ်းနေသောအချိန်ကာလမှာ မွှန်ထူပြီးအတင်းအကြပ် မဟုတ်ကြောင်း သက်သေပြဖို့ကြိုးစားတာတွေ မလုပ်ရပါဘူး။

Alex Aung (1 Nov 2016)


No comments: