Friday, June 2, 2017

Gay or Lesbian ဖြစ်နေလား?

သင်ကိုယ်တိုင်ရော Gay or Lesbian ဖြစ်နေလား သိနိုင်မည့် နည်းလမ်းများ



ကိုယ့်ကိုယ်ကိုယ် သတိမထားမိတဲ့အချိန်အတိုင်းအတာတစ်ခုမှာတင် သင်ဟာ အလိုအလျောက်ပြောင်းလဲသွားတတ်တာ သဘာဝတစ်ခုပါပဲ။ သင့်စိတ်ထဲမှ

နံပါတ်တစ်အချက်

သင်ဟာ ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားရမယ့်အစား လိင်တူချင်း စိတ်ဝင်စားမှုနှုန်း မြင့်တတ်နေလား။ ဥပမာ - သင်ဟာ ယောက်ျားလေးတစ်ဦးပေမယ့် ခပ်မိုက်မိုက်မင်းသမီးတွေထက် တဖြည်းဖြည်း ခပ်မိုက်မိုက်မင်းသားတွေကို ပိုစိတ်ဝင်တစားကြိုက်လာမိတာမျိုးတွေ၊ Facebook မှာ အရမ်းချောအရမ်းလန်းတဲ့ ကောင်မလေးတွေပုံကိုတွေ့ရင် မိန်းကလေးအချင်းချင်းတောင် သင့်ဖုန်းရဲ့ Gallary ထဲ Save ထားမိတာမျိုးတွေ ရှိလာပြီလား။ အကယ်၍ လိင်တူချင်း ချစ်တင်းနှောချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ဆန့်ကျင်ဖက်လိင်နဲ့ ချစ်တင်းနှောချင်စိတ်ပါ ကုန်ခမ်းလာပြီဆိုရင်တော့ ဒါသေချာနေပါပြီ။

နံပါတ်နှစ်အချက်

ယောက်ျားလေးက Gay ဖြစ်ချင်လာရင် အလွန်လှချင်လာပါလိမ့်မယ်။ နှုတ်ခမ်းဖူးဖူးလေးဖြစ်ချင်လို့ မသိသာပါဘူးဆိုပြီး နှုတ်ခမ်းနီလေးတွေ ၀ယ်ဝယ်ဆိုးမိနေပြီလား။ မျက်နှာပေါ်က အစက်အပျောက်တွေကို အရင်ကတော့ ဒီလိုပဲပစ်ထားခဲ့ပြီးတော့မှ အခုမှ ပျောက်ချင်လာ၊ ဖုံးချင်လာဖြစ်လာနေပြီလား။ မိန်းကလေးတွေအနေနဲ့လည်း Lesbian ဖြစ်ချင်လာတဲ့အခါ မိတ်ကပ်လိမ်းဖို့ စိတ်မ၀င်စားဖြစ်လာပြီလား။ အကိုတွေ မောင်တွေရဲ့ ယောက်ျားလေးရှပ်အင်္ကျီဖားဖားကြီးတွေကို ယူဝတ်နေမိပြီလားနော်။ သင့်ကိုယ်သင် သုံးသပ်ကြည့်လို့ရပါတယ်။

နံပါတ်သုံးအချက်

သူငယ်ချင်းတွေနဲ့ အဆင်ပြေသေးလား။ အရင်က သူငယ်ချင်းတွေထက် သင်နဲ့ပုံစံတူသူငယ်ချင်းတွေကို  လိုက်ပေါင်းနေမိပြီလား။ ယောက်ျားလေးတွေဆိုရင်လည်း မိန်းကလေးတွေနဲ့ ပိုမိုပေါင်းသင်းချင်စိတ်ဖြစ်ဘာပါလိမ့်မယ်။ မိန်းကလေးတွေအနေနဲ့ Lesbian ဖြစ်ချင်လာပြီဆိုရင်လည်း မိန်းကလေးနုနုနယ်နယ်လေးတွေထက် ယောက်ျားလေးတွေနဲ့သာ ပိုမိုပေါင်းသင်းချင်စိတ်ဖြစ်လာပါလိမ့်မယ်။ သင့်ဖက်ကသာ တကယ်တမ်းပုံစံပြောင်းနေပြီဆို သင့်သူငယ်ချင်းတွေ သတိထားမိလာမှာမယ်။ သင်ကိုယ်တိုင်ကိုကလည်း သင့်ရဲ့ သူငယ်ချင်းတွေကြား ဆက်ဆံရေးဟာ တစ်မျိုးတစ်ဖုံပြောင်းလဲလာမှာ အသေချာပါပဲ။

နံပါတ်လေးအချက်

နောက်ဆုံးတစ်ချက်ကတော့ အပြုအမူအပြောအဆိုပါပဲနော်။ ယောက်ျားလေးဆိုရင် အရင်ကထက် နွဲ့နွဲ့နှောင်းနှောင်းနေချင်လာမယ်။ ဒါမှမဟုတ် မိန်းကလေးဆိုလည်း ယောက်ျားလေးတွေလုပ်တဲ့ အပြုအမူအပြောအဆိုအနေအထိုင်ကိုပဲ အားကျလာမယ်။ ဒီအဆင့်ရောက်ပြီဆိုရင်တော့ သင့်ကို ပတ်ဝန်းကျင်က သတိထားမိတဲ့အနေအထားရောက်နေပါပြီ။
ကဲ ဘယ်လိုလဲ။ သင့်မှာရော ဒီလိုလက္ခဏာတွေရှိနေပြီလား။ မရှက်ပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သင်ဖြစ်ချင်တဲ့ဘငကို သင်ကိုယ်တိုင် ဖန်တီးထုဆစ်ခွင့်ရှိနေပါတယ်နော်။
 (Moethae Say)
စာကြွင်း ။      ။ MODA Fashion Magazine ကနေ တဆင့်ပြန်လည် ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ အယူအဆ အမှားအမှန် စာရေးသူနဲ့သာ သက်ဆိုင်ပါကြောင်း ပြောလိုပါတယ်။

No comments: