Thursday, October 1, 2020

Can a straight guy fall in love with a guy?

 ယောက်ျားတစ်ယောက်က အခြားယောက်ျားတစ်ယောက်ကိုချစ်လို့ရသလား




ကိုယ့်ကိုယ်ကိုယ် အမြဲလိုလို ဆန့်ကျင်ဘက်လိင်ကိုပဲကြိုက်နှစ်သက်သူ ယောက်ျားစစ်စစ်(straight)ပါလို့  သတ်မှတ်ထားသူတစ်ယောက် က အခြားသော လိင်တူအမျိုးသားတစ်ယောက်အပေါ် ခံစားချက်များတိုးပွားလာချိန်မယ် ဘယ်လိုစကားလုံးနဲ့ စပြောရမှန်းမသိအောင် နားလည်ရန်ခက်ခဲစွာ စိတ်ရှုပ်ထွေးသွားနိုင်ပါတယ်။ သို့သော် သိထားရမှာက သည်လိုအဖြစ်အပျက်မျိုး သည်လိုခံစားချက်မျိုး သင်တစ်ယောက်တည်းဖြစ်နေ ခံစားဖူးနေတာမဟုတ်သလို သင့်ရဲ့လိင်စိတ်သဘာဝ(sexuality)အပေါ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်တဲ့ အခွင့်အရေးတစ်ရပ်လည်းဖြစ်နေတာ သဘောပေါက်ဖို့လိုတယ်။


လိင်ကွဲကြိုက်နှစ်သက်သူအမျိုးသားတစ်ယောက်က အမျိုးသားတစ်ယောက်နဲ့ချစ်ကြိုက်နိုင်ပါသလား။

(Can a straight guy fall in love with a guy?)


ခပ်တိုတိုဖြေရရင် “ဟုတ်ကဲ့”။ လိင်ကွဲကြိုက်နှစ်သက်သူတစ်ယောက်လို့ သတ်မှတ်ဖော်ဆောင်နေသူအမျိုးသားများစွာဟာ အခြားသော လိင်တူအမျိုးသားများအပေါ် ချစ်ဇာတ်လမ်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုအတွေ့အကြုံရှိကြဆဲပါ။ လေ့လာပြီးရင်း လေ့လာခဲ့တဲ့ နှစ်များစွာအရ သည်လိုအဖြစ်အပျက်တွေရှိကြောင်း တွေ့ခဲ့ရပါတယ်။ လိင်တူခြင်း လိင်ပိုင်းဆိုင်ရာအပြုအမူတစ်ခုခုသော်လည်းကောင်း၊ စွဲလမ်းမှု တစ်ခုခုသော်လည်းကောင်း အတွေ့အကြုံတွေရှိပါတယ်လို့ ပြန်ပြောကြတဲ့ လူအများစု ဂဏန်းအရေအတွက်ဟာ လိင်တူခြင်း ကြိုက်နှစ်သက်သူ (gay) ဒါမှမဟုတ် လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်နှစ်သက်သူ (bisexual)ပါလို့ အမှန်တကယ်ဝန်ခံဖွင့်ဟ ထားသူ ဂဏန်းအရေအတွက်ထက် ပိုမိုမြင့်မားနေကြောင်း စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ ‘ဆန့်ကျင်ဘက်လိင်ကိုကြိုက်နှစ်သက်သူ သို့မဟုတ် လိင်ကွဲကိုကြိုက်နှစ်သက်သူ’ စကားလုံးအသုံးအနှုန်းဟာ လုံးလုံးလျားလျား တိုက်ရိုက်အဓိပ္ပာယ်ဖွင့်ဆိုလို့မရကြောင်း ရှင်းလင်းနေတာ ပါပဲ။ လိင်သဘာ၀ ဖိုမလက္ခဏာ (sexuality)က အတော်ရှုပ်ထွေးပါတယ်။ ပတ်လည်လှည့်နေသော လူသားတစ်ယောက်ရဲ့ အလိုဆန္ဒ အရှုပ်အထွေးအားလုံးကို တံဆိပ်(labels) ကပ်ဖို့ဆိုတာ မလွယ်ကြောပါ။  စွဲဆောင်မှု၊ စွဲလမ်းမှုဆိုတာကလည်း ရောထွေးနေသလို အံ့သြစရာကောင်းနေတာက လိင်ကွဲကြိုက်အမျိုးသားအုပ်စုသော်မှ အမျိုးမျိုးပြောင်းလဲနေနိုင်ပါတယ်။


လိင်ကွဲကြိုက်နှစ်သက်သူအမျိုးသားတစ်ယောက်က အခြားယောက်ျားတစ်ယောက်အပေါ် ခံစားချက်တွေရှိရခြင်းအကြောင်းပြချက်များ -


(၁) သိချင်စိတ်ပြင်းပြခြင်းရဲ့ အလွန် (Out of curiosity)


တစ်ခါတရံမှာ သာမန်ယောက်ျားတစ်ယောက်(straight)တစ်ယောက်ဟာ အခြားသောယောက်ျားတစ်ယောက်အပေါ်  စပ်စုသိမြင်ချင် စိတ် ခပ်ပါးပါးလေးရဲ့ အလွန်မှာ ခံစားချက်တွေ သိသာစွာတိုးတက်ပွားများလာပါတယ်။ ယခင်အချိန်က ဘယ်လိုအမျိုးသားတစ်ယောက် ယောက်အပေါ်ကိုမှသည်လိုမဖြစ်ခဲ့ဖူးဘူးဆိုရင်တော့ သင်ဟာ ထူးထူးခြားခြား စိတ်ကူးစိတ်သန်းတစ်ခုစီ ဦးတည်နေပါပြီ။ အထူးသဖြင့် သင့်အသက်အရွယ် ငယ်ရွယ်နေချိန်ပေါ့။


(၂) တားမြစ်ထားတဲ့ ပတ်သက်မှုမျိုးအားစမ်းသပ်ဖို့ (To experiment with sexual experiences they think are “taboo”)


လိင်ကွဲကြိုက်အမျိုးသားများဟာ စအိုလမ်းကြောင်းအသုံးပြု ထိုးသွင်းပြီးဆက်ဆံခြင်း သို့မဟုတ် BDSM ပုံစံတွေလို အမြင်အားဖြင့် တားမြစ်ထားသော လိင်ပိုင်းဆိုင်ရာအတွေ့အကြုံတွေကို လိင်တူခြင်းကြိုက်နှစ်သက်သူ(gay) ဒါမှမဟုတ် လိင်တူလိင်ကွဲနှစ်မျိုးစလုံး ကြိုက်နှစ်သက်သူ(bisexual)တစ်ယောက်နဲ့ စမ်းသပ်စူးစမ်းမှုပြုခြင်းဟာ အမျိုးသမီးတစ်ယောက်နဲ့ စမ်းသပ်ဆက်ဆံခြင်းထက် စိတ်ချရနိုင်တယ်လို့ ခံစားရကောင်းခံစားမိကာ စိတ်ပါဝင်စားနေနိုင်ပါတယ်။


(၃) အသင့်ရရှိနိုင်ခြင်း (Availability) 


လိင်တူခြင်းအပေါ် လိင်ကိစ္စအာသီသက အခြေအနေအချိန်အခါတစ်ရပ်အရ အခါအခွင့်သင့်ခြင်းကြောင့်လည်း ပေါက်ဖွားလာ တတ်သေးတာပါ။ ဥပမာအားဖြင့် ဆန့်ကျင်ဘက်လိင်နဲ့ဆက်ဆံဖို့ တွေ့ဆုံဖို့အခွင့်အလမ်းမရှိတဲ့ အချုပ်ထောင်အတွင်းမှာ အမျိုးသမီးထက် အမျိုးသားချင်းဆက်ဆံဖို့၊ လိင်ပိုင်းဆိုင်ရာပြုကျင့်ဖို့ အခွင့်အရေးကြုံနေတာ ဖြစ်နေတာမျိုးပေါ့။


(၄) ယောက်ျားပီသခြင်းကို ထပ်မံအတည်ပြုဖို့ (To reaffirm their masculinity) 


အမျိုးသားချင်းလိင်ဆက်ဆံကြတဲ့သူအချို့(men who have sex with men - MSM) ပြောကြားချက်အရ မိန်းကလေးတွေနဲ့ မြာစွံသလို မိမိတို့ရဲ့ လိင်သဘာဝသတ်မှတ်ချက်၊ ယောက်ျားပီသမှုတို့အပေါ် ပြန်လည်အတည်ပြုလို သေချာအောင်လုပ်လိုတာကြောင့် လိင်တူများနဲ့ စမ်းသပ်ဆက်ဆံဖြစ်ခဲ့ကြပါတယ်တဲ့။


(၅) လိင်ဆက်ဆံမှုရမ္မက် မတည်ငြိမ်ခြင်း (Sexual fluidity)


အမျိုးသားတစ်ယောက်အပေါ် ခံစားချက်ရှိနေခြင်းကြောင့် အခြားသောလူများစွာက တွေးထင်ထားသလို သင့်ကို လိင်တူခြင်းကြိုက်သူ (gay) ပါလို့ အလိုအလျောက်အဓိပ္ပာယ်ကောက်လို့မရပါဘူး။ သို့သော်လည်း ရာနှုန်းပြည့် လိင်ကွဲကြိုက်သူ(straight) တစ်ယောက်လို့ မဆိုလိုနိုင်ကြောင်း အဓိပ္ပာယ်ဖွင့်ဖို့ အလားအလာရှိနေနိုင်ပါတယ်။ အခြေအနေအချိန်အခါ တစ်မျိုးမျိုးကြောင့် တစ်နေရာရာမှာ မျိုးတူ ချည်းပဲစုနေရတာမျိုး အခြားသောအမျိုးသားများလည်း ကြုံဆုံကြရတာပဲလေ။ ၂၀၁၅ခုနှစ်က တွေ့ရှိခဲ့ရသော အစီရင်ခံစာတစ်ဆောင် အရ အသက် တစ်ဆယ့်ရှစ်နှစ်နဲ့ နှစ်ဆယ့်လေးနှစ်အတွင်းရှိ လူဦးရေရဲ့ တစ်ဝက်လောက်ဟာ ရာနှုန်းပြည့်လိင်ကွဲကြိုက်သူ (straight) မဟုတ်ပါဘူးတဲ့။  ဒါကို အသေအချာသိမယ့် တစ်ဦးတည်းသောသူဟာ သင်ကိုယ်တိုင်ပါပဲ။


ဘယ်သူက လိင်ကွဲကြိုက်ယောက်ျားတစ်ယောက်လဲ (Who is a “straight guy”?)


‘ရိုးရာအရကတော့ ယောက်ျားစစ်ပါတယ်ဆိုတဲ့ လိင်ကွဲကြိုက်အမျိုးသားတစ်ယောက်ဖြစ်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာအရကော၊ နှလုံးသားရေးရာ ချစ်ခင်နှစ်သက်မှုအရရော ဆန့်ကျင်ဘက်လိင် အမျိုးသမီးတစ်ယောက်ကိုသာ စိတ်ဝင်စားစွဲလမ်းပါတယ်။’ လို့ နယူးရော့ခ်မြို့မှ Sex and Relationship Therapist တစ်ယောက်ဖြစ်သူ Todd Baratz ကပြောပါတယ်။ ဒါပေမဲ့ အမျိုးသမီးကိုပဲ အမြဲကြိုက်နှစ်သက်ပါတယ်လို့ ဆိုလိုနိုင်ပါ့မလား။ မသေချာဘူးနော်။


‘ဖိုမလက္ခဏာ လိင်သဘာဝ(sexuality)က ကျယ်ပျံ့သလို အမျိုးမျိုးအထွေထွေကွဲပြားနိုင်တယ်ဆိုတာ အမှန်တရားတစ်ခုပါ’  လို့ ဘရက်က ပြောပါတယ်။  ‘ဘာကြောင့်လဲဆိုတော့ ယောက်ျားအစစ် လိင်ကွဲကြိုက်နှစ်သက်သူတစ်ယောက်လို့  ဖော်ထုတ်သတ်မှတ်ထား ခြင်းဟာ အဆိုပါလူအနေနဲ့ လိင်တူယောက်ျားတစ်ဦးတစ်ယောက်နဲ့ ချစ်မှုရေးရာ သို့မဟုတ် လိင်မှုရေးရာကိစ္စ ဘယ်တော့မှ မရှိနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ။’ နှစ်ဖက်ခွစကားနဲ့ သူက စကားထပ်ဆောင်းပြောသေးတာပါ။ ‘လိင်တူခြင်းကြိုက်သူ ဂေးတစ်ယောက်ပါလို့ သတ်မှတ်ထားသူကလည်း ဆန့်ကျင်ဘက်လိင် အမျိုးသမီးတစ်ယောက်အပေါ် လိင်ကိစ္စရော၊ အချစ်ရေးကိစ္စကော ခံစားချက် ရှိနိုင်တာ ပါပဲ။ အချို့သော ဖိုမလက္ခဏာတွေအတွက်က အမြဲမှန်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမဟုတ်ဘူးဗျ’


‘လိင်ကွဲကြိုက်ယောက်ျား (straight)’ နဲ့ ‘လိင်တူကြိုက်ယောက်ျား (gay)’ လို့ထုတ်ဖော်အထောက်အထားပြထားခြင်းဟာ ကွန်ကရစ် နဲ့ တည်မြဲခြင်း ထင်ပေါ်နေသကဲ့သို့ပါ။ ဆန်းစစ်လေ့လာချက်များပြဆိုထားတာကတော့ အကြောင်းကိစ္စရပ်တွေသာဖြစ်ပြီး အချိန်တွေ ကျော်လွန်ရင် ပြောင်းလဲနိုင်ပါတယ်။ လိင်တူဆက်ဆံခြင်းကဲ့သို့ပဲ လိင်ကွဲနဲ့သာဆက်ဆံခြင်းဟာ သီးသန့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဆိုတာလည်း မပြောင်းလဲပါဘူး။’ လို့ ဘရက်ကပြောပါတယ်။


‘လိင်တူခြင်းကြိုက်သူ (gay)’ နဲ့ ‘လိင်ကွဲကိုကြိုက်သူ(straight)’ နှစ်ခုကြား လိင်သဘာ၀ တရားလွန်ကွာခြားချက်များရဲ့ ရောင်စဉ်တန်း တစ်ခုလုံးမှ ရွေးကောက်လိုက်ဖို့ဆိုရင် အခြားသောခေါင်းစဉ်ကွဲအများအပြားရှိနေပါတယ်။


ပါမောက္ခ ကင်းဆေးရဲ့  လိင်စိတ်တိမ်းညွှတ်မှု အတိုင်းအတာ (The Kinsey scale of sexual orientation.)


ကင်းဆေး စကေးလ် (The Kinsey Scale) ဆိုတာ လိင်မှုရေးရာကျွမ်းကျင်သူ ပါမောက္ခ  အဲလ်ဖရက်ဒ် ကင်းဆေး(Alfred Kinsey) ၁၉၄၈ခုနှစ်မှာ တိုင်းတာဆန်းစစ်ခဲ့သော ဖိုမလက္ခဏာဆန်းစစ်ချက်မှတဆင့် တိုးတက်စည်ပင်မှုတစ်ရပ်ဖြစ်ပါတယ်။ တိုင်းဆချက်မှ ပြဆိုတာကတော့  လိင်စိတ်တိမ်းညွှတ်မှုသည် အဖြူ အမည်းတွေနဲ့ မသက်ဆိုင်သလို ရောင်စဉ်တန်းတစ်ခုမှာရှိနေတဲ့ အရောင်တွေဟာ လိင်စိတ်တိမ်းညွှတ်မှုကို ပြဆိုနေပါသတဲ့။


ကင်းဆေး စကေး (Kinsey scale) အပြည့်အစုံကိုပြောပြရရင် -

0 - လိင်ကွဲကြိုက်နှစ်သက်သူ (Exclusively heterosexual)

1 - အဓိကအားဖြင့် လိင်ကွဲကြိုက်နှစ်သက်သူ။ လိင်တူခြင်းကိုတော့ အမှတ်မထင်ကိစ္စရပ်အဖြစ်သာသတ်မှတ်သူ။ (Predominantly heterosexual, only incidentally homosexual)


2 - အဓိကအားဖြင့် လိင်ကွဲကြိုက်နှစ်သက်သူဖြစ်သော်လည်း လိင်တူခြင်းကိစ္စမှာ မတော်တဆ အမှတ်မထင်ဆိုတာထက်ပိုပါတယ်။ (Predominantly heterosexual but more than incidentally homosexual)


3 - လိင်တူခြင်းရော လိင်ကွဲကိုရော ညီတူညီမျှကြိုက်နှစ်သက်သူ (Equally heterosexually and homosexual)


4 - အဓိကအားဖြင့် လိင်တူခြင်းကြိုက်နှစ်သက်သူဖြစ်သော်လည်း လိင်ကွဲကိစ္စမှာ မတော်တဆ အမှတ်မထင်ဆိုတာထက်ပိုသူပါ။ (Predominantly homosexual but more than incidentally heterosexual)


5 - အဓိကအားဖြင့် လိင်တူခြင်းကြိုက်နှစ်သက်သူဖြစ်ပြီး လိင်ကွဲကိစ္စကတော့ မတော်တဆသက်သက်ပဲဖြစ်ပါတယ်။ (Predominantly homosexual, only incidentally heterosexual)


6 - လိင်တူခြင်းကြိုက်နှစ်သက်သူစစ်စစ်ဖြစ်ပါတယ်။ (Exclusively homosexual)



X - လိင်မှုရေးရာနဲ့ဆိုင်တဲ့ အဆက်အစပ်လည်းမရှိဘူး သို့မဟုတ် တုန့်ပြန်ချက်လည်းမရှိသူ (No socio-sexual contacts or reactions)


ကင်ဆေး စကေးလ်(The Kinsey Scale) ဟာ အကောင်းဆုံး အပြည့်စုံဆုံးမဟုတ်သော်လည်း သင့်လိင်သဘာ၀ ဖိုမလက္ခဏာ သွင်ပြင်ဟာ သည်ရောင်စဉ်တန်းထဲမယ် အတူတကွဘယ်လောက်ထိစီးဆင်းနေတယ်ဆိုတာ တွေးဆဖို့ အခွင့်အရေးပေးနိုင်ပါတယ်။ အချိန်တွေကုန်လွန်ပြီးတဲ့နောက် လိင်ကွဲကြိုက်ယောက်ျားတစ်ယောက်ကနေ လိင်ကွဲကြိုက်သူ ၊ လိင်တူလိင်ကွဲနှစ်မျိုးစလုံး သဘောကျ သူ ဒါမှမဟုတ် လိင်တူခြင်းကြိုက်နှစ်သက်သူအဖြစ် ဘယ်လိုခုန်ကူးသွားမလဲဆိုတာကော ဆန်းစစ်တွေးကြည့်နိုင်တာပေါ့။ ကင်းဆေးလ် အဖွဲ့ရဲ့ လေ့လာဆန်းစစ်ချက်မှာက လိင်ကွဲကြိုက်သူ သို့မဟုတ် လိင်တူကြိုက်သူစစ်စစ်ဆိုတာ ကျွန်တော်တို့တွေးထင်ထားတာထက် နည်းပါးတယ်လို့ ပြဆိုနေပါတယ်။


အင်တာနက် အွန်လိုင်းပေါ်က  ဉာဏ်စမ်းပဟေဠိများက ကင်းဆေးလ်စကေးရဲ့ ဘယ်အဆင့်လောက်ရောက်နေမလဲဆိုတာ သင်အဖြေ ရှာဖို့ ၊ နားလည်သဘောပေါက်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။ ဘယ်အဆင့် နံပါတ်က သင့်အတွက် သက်သောင့်သက်သာ ဖြစ်စေသလဲ ဆိုတာ ထပ်တူဖြစ်နိုင်မယ့် ကင်းဆေးလ်အဖွဲ့ကနေ တရားဝင် အတည်ပြုထောက်ခံချက် ပေးထားတဲ့ အွန်လိုင်းစမ်းသပ်ချက် ဆိုတာတော့ မရှိပါဘူး။


လိင်ကွဲကြိုက်သူ(straight) သို့မဟုတ် လိုက်လျောညီထွေရှိတဲ့လိင်ကွဲကြိုက်သူ(heteroflexible) အမျိုးသားများ

လိင်တူခြင်းကြိုက်သူ ဂေးအဖြစ် တံဆိပ်ကပ်လို့မရသော အခြားတစ်ယောက်အပေါ် ခံစားချက်ရှိနေတဲ့အမျိုးသားတစ်ယောက်ဆိုတဲ့ ကပြောင်းကပြန် တံဆိပ်အချို့ရှိနေပါတယ်။ ဖြစ်နိုင်သောနည်းလမ်းတစ်ခုက အမျိုးသမီးတွေကို ထုံးစံအတိုင်း စိတ်ဝင်စားခဲ့သော်လည်း တစ်ခါတရံ အမျိုးသားချင်း ခံစားချက် ဒါမှမဟုတ် စိတ်ဆန္ဒရှိတဲ့ အတွေ့အကြုံစုံသူတွေကို ယေဘုယျလိင်ကွဲကြိုက်သူ (mostly straight) သို့မဟုတ် မျိုးစုံစားလိင်ကွဲကြိုက်သူ (heteroflexible)လို့ဆိုလိုက်ခြင်းဖြစ်ပါတယ်။‘Mostly Straight: Sexual Fluidity Among Men’ ကိုရေးသား သော Savin Williams ကတော့ လိင်တူဆက်ဆံတဲ့ လိင်ကွဲကြိုက်သူတစ်မျိုးလို့ (straight with a dash of gayness) ခေါ်ဆိုပါတယ်။  လိင်ကွဲကြိုက်သူဟန်ပန်ရှိသလို လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်တဲ့ Bisexual လည်းမဟုတ်တဲ့လူမျိုးပေါ့။


ယခုခေတ် မြို့ပြနေလူငယ်အများစု သတ်မှတ်ထားတဲ့ ယေဘုယျအားဖြင် ဆန့်ကျင်ဘက်လိင်ကိုနှစ်သက်သူ (mostly straight) ဆိုတာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်သူ (bisexual) သို့မဟုတ် လိင်တူခြင်းကြိုက်သူ (gay) ဆိုသူများ ပေါင်းစပ်ပါဝင်နေသည်ကို ထင်ထင် ရှားရှားတွေ့မြင်ရပါတယ်။ မျိုးစုံစားလိင်ကွဲကြိုက်သူ(heteroflexible)ဖြစ်နေခြင်းက အထက်မှာပြောခဲ့တဲ့သူများထက်စာရင်တော့ သာမန်လူတစ်ယောက်လို့ဆိုရမလားဘဲ။ ဆန့်ကျင်ဘက်လိင်ကိုနှစ်သက်သူ လိင်ကွဲအကြိုက်များသူဆိုတာက တသီးတခြားအမျိုးအစား တစ်ခုဖြစ်ပါတယ်။ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်သူ (bisexual) သို့မဟုတ် ပုန်းနေသောလိင်တူခြင်းကြိုက်နှစ်သက်သူ (closeted gay man) တစ်ယောက်ဖြစ်နေခြင်းမှ ကွဲပြားခြားနားသူပါ။ ‘တင်းကြပ်သောစည်းကမ်းများကို မလိုက်နာဘူး။ သူတို့အဓိကစွဲလမ်းမှုက လိင်ဆက်ဆံမှုရမ္မက် (sexual) ၊ စိတ်ကူးယဉ်ဆန်ဆန် ချစ်ခင်မှု (romantic) ၊ သို့မဟုတ် နှစ်မျိုးစလုံးကို  အကြွအရွ ကာမစိတ်ကူးယဉ် မှုအား အမှန်တကယ် အမူအကျင့်အဖြစ် နည်းလမ်းပေါင်းစုံနဲ့ ပေါင်းစပ်ဖော်ပြနိုင်ပါတယ်။’ လို့ တိုင်းမ်မဂ္ဂဇင်းမှာ Williams ရေးသားခဲ့ပါတယ်။


လိင်တူလိင်ကွဲနှစ်မျိုးကြိုက်နှစ်သက်သူ  အမျိုးသား(Male bisexuality)

လိင်တူလိင်ကွဲနှစ်မျိုးကြိုက်အမျိုးသားများဟာ အမျိုးသားများကော အမျိုးသမီးများကိုရော ကြိုက်နှစ်သက်ပါတယ်။ သေချာပေါက် ၅၀/၅၀ အုပ်စုတစ်ခုလို့ ခွဲနေစရာ ကွဲနေစရာမလိုပါဘူး။  အများကယူဆထားသလို  လိင်တူခြင်းကြိုက်တော့မယ့် အခြေအနေတစ်ရပ်ဆီ ဦးတည်နေတဲ့  လိင်စိတ်တိမ်းညွှတ်မှုဆိုတာ မမှန်ဘူးပေါ့။ ဒါပေမဲ့ အမှန်တရားတစ်ရပ်မဟုတ်ဘူးလားဆိုတော့လည်း သိပ်မဝေးပြန်ဘူး။ လိင်နှစ်မျိုးစလုံးကြိုက်နှစ်သက်သူတွေအားလုံး နဲ့ ပုဂ္ဂိုလ်အစွဲအရ လိင်နှစ်မျိုးစလုံးကြိုက်သူအမျိုးသားများကြား အထက်ပါ အတွေးအခေါ်မျဉ်းကြောင်းလေးတစ်ကြောင်းက ထိခိုက်နစ်နာစေပါတယ်။ အမေရိကန်ပြည်ထောင်စုရှိ ၁.၅ မီလီယမ်သော လူဦးရေရဲ့ ၁.၄ ရာခိုင်နှုန်းသော အမျိုးသားများဟာ အမှန်တကယ် လိင်နှစ်မျိုးကြိုက်သူအမျိုးသားများဖြစ်တယ်လို့ Williams Institute ကဆိုပါတယ်။


အမျိုးသားတွေကို ကြိုက်နှစ်သက်နေခြင်းက ကျွန်တော်ဂေးလို့ဆိုလိုတာလား(Does liking men mean I'm gay?)


မလွှဲမရှောင်သာ ကိစ္စတော့မဟုတ်ပါဘူး။ သင်ဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ(gay)ဖြစ်ကောင်းဖြစ်နိုင်သလို အခြားအရာတွေဖြစ်ဖို့ ကလည်း ဖြစ်နိုင်ခြေ တစ်သန်းလောက်ရှိပါတယ်။ သင်ဟာ မျိုးစုံစားလိင်ကွဲကြိုက်သူ (heteroflexible) ဖြစ်ကောင်းဖြစ်နိုင်တယ်။ သင်ဟာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်သူ (bisexual) ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် အကြောင်းပြချက်အချို့အတွက် ခံစားချက် အသစ်အဆန်းတွေကို စူးစမ်းရှာဖွေနေဆဲ ရိုးရိုးလိင်ကွဲကြိုက်သူ (straight) ဖြစ်နိုင်ပါသေးတယ်။ အဲတာတွေဟာ အကုန်ဖြစ်နိုင်သလို အကုန်လုံးဟာလည်း တကယ့်သာမန်ဖြစ်ရပ် သာမန်ကိစ္စပါ။


သင်ဟာ အခြားဟာတွေထက် တကယ့်လိင်ကွဲကြိုက်သူစစ်စစ် သို့မဟုတ် လိင်တူလိင်ကွဲနှစ်မျိုးစလုံးကြိုက်နှစ်သက်သူ ဒါမှမဟုတ် လိင်တူကြိုက်သူ ဖြစ်ရမယ်လို့ သံသယဝင်နေပါက ဘယ်အမှတ်တံဆိပ်သည် သင့်လိင်စိတ်တိမ်းညွှတ်မှု သက်သေအဖြစ် သတ်မှတ် ပုံဖော်ဖို့ရမလဲဆိုတာ နားလည်ရန်ခက်နိုင်ပါတယ်။ ‘ခန့်မှန်း မှန်းဆချက်တွေကို လျှော့ချနေစဉ် သင့်ကိုယ်တိုင်အကြောင်းအား ထူးဆန်း နေနိုင်တာကြောင့် သင့်လိင်သဘာဝ(sexuality) ကို စူးစမ်းရှာဖွေဖို့ သင့်ကိုယ်ကို ခွင့်ပြုပေးပါ’ လို့ Viva Wellness ရဲ့ တည်ထောင်သူနဲ့ လိုင်စဉ်ရ ကုထုံးပညာရှင် Jor-El Caraballo ကပြောပါတယ်။ ‘လိင်သဘာဝသည် အရှုပ်အထွေးတစ်ခုဖြစ်ပါတယ်။ ကိုယ်ခန္ဓာတွင်းက တုန့်ပြန်မှုအရရော (visceral) စိတ်ဓာတ်ရေးရာရော(psychological) နှစ်ရပ်စလုံးဖြစ်ပါတယ်။ ကိုယ်ခန္ဓာမှာ အကြီးဆုံး လိင်အင်္ဂါ အစိတ်အပိုင်း(sex organ) က ဦးနှောက်ပါ။ စာအုပ်တွေလို၊ ဗီဒီယိုတွေ သို့မဟုတ် ရုပ်ရှင်တွေလိုမျိုး ဘယ်အမျိုးအစားတွေကိုကြိုက် တယ်၊ ကြည့်လို့အဆင်ပြေတယ်၊ခံစားချက်ပိုကောင်းတယ်ဆိုတာ နည်းလမ်းအစုံနဲ့ စူးစမ်းစစ်ဆေးကြည့်ပါ။


အရေးကြီးဆုံးကတော့ စိတ်ရောကိုယ်ပါ ဒိုင်ဗင်ထိုးချသော်လည်း သင်ကိုယ်တိုင်အဆိုပါအကြောင်းအရာများအား သင်နားမလည်ဘူး ဆိုတဲ့ဖြစ်ရပ်ပါ။  Caraballo ပြောတာက ‘Apps နဲ့ Chat Rooms တွေဟာ အခြားတပါးသောယောက်ျားနဲ့ လိင်ကိစ္စအတွေ့အကြုံ တစ်ခုဆီ ဦးဆုံးချဉ်းနင်းဝင်ရောက်မှုအဖြစ် ကောင်းမွန်နိုင်ပါတယ်။ အချို့သော မသိစိတ်ထဲက ရှက်ကြောက်နေမှုအချို့ကို ဖြတ်သန်းဖို့ သင့်ရဲ့ သက်သောင့်သက်သာဖြစ်မှုရေချိန်နဲ့ လှုံ့ဆော်မှုတွေကို တိုင်းတာနိုင်တယ်လေ။’ 


လိင်သဘာဝဆိုင်ရာ ကျွမ်းကျင်အတတ်ပညာရှင် တစ်ယောက်ကလည်း သီးခြားဝိုင်းဝန်းကူညီမှုလုပ်ဖို့ အလုပ်ဖြစ်အောင် စီစဉ်ပေးနိုင်ပါတယ်။


Alex Aung (29 September 2020)

Ref: What It Means If You're A Straight Guy In Love With A Guy 

By Kim Wong-Shing

Expert review by Kristie Overstreet, Ph.D., LPCC, LMHC, CST


#DATING

#FRIENDSHIP

#FEMINISM



(Zawgyi) 

ေယာက္်ားတစ္ေယာက္က အျခားေယာက္်ားတစ္ေယာက္ကိုခ်စ္လို႔ရသလား




ကိုယ့္ကိုယ္ကိုယ္ အျမဲလိုလို ဆန္႔က်င္ဘက္လိင္ကိုပဲၾကိဳက္ႏွစ္သက္သူ ေယာက္်ားစစ္စစ္(straight)ပါလို႔  သတ္မွတ္ထားသူတစ္ေယာက္ က အျခားေသာ လိင္တူအမ်ိဳးသားတစ္ေယာက္အေပၚ ခံစားခ်က္မ်ားတိုးပြားလာခ်ိန္မယ္ ဘယ္လိုစကားလံုးနဲ႔ စေျပာရမွန္းမသိေအာင္ နားလည္ရန္ခက္ခဲစြာ စိတ္ရႈပ္ေထြးသြားႏိုင္ပါတယ္။ သို႔ေသာ္ သိထားရမွာက သည္လိုအျဖစ္အပ်က္မ်ိဳး သည္လိုခံစားခ်က္မ်ိဳး သင္တစ္ေယာက္တည္းျဖစ္ေန ခံစားဖူးေနတာမဟုတ္သလို သင့္ရဲ႕လိင္စိတ္သဘာ၀(sexuality)အေပၚ အဓိပၸာယ္ဖြင့္ဆိုႏိုင္တဲ့ အခြင့္အေရးတစ္ရပ္လည္းျဖစ္ေနတာ သေဘာေပါက္ဖို႔လိုတယ္။


လိင္ကြဲၾကိဳက္ႏွစ္သက္သူအမ်ိဳးသားတစ္ေယာက္က အမ်ိဳးသားတစ္ေယာက္နဲ႔ခ်စ္ၾကိဳက္ႏိုင္ပါသလား။

(Can a straight guy fall in love with a guy?)


ခပ္တိုတိုေျဖရရင္ “ဟုတ္ကဲ့”။ လိင္ကြဲၾကိဳက္ႏွစ္သက္သူတစ္ေယာက္လို႔ သတ္မွတ္ေဖာ္ေဆာင္ေနသူအမ်ိဳးသားမ်ားစြာဟာ အျခားေသာ လိင္တူအမ်ိဳးသားမ်ားအေပၚ ခ်စ္ဇာတ္လမ္း သို႕မဟုတ္ လိင္ပိုင္းဆိုင္ရာ စြဲလမ္းမႈအေတြ႕အၾကံဳရွိၾကဆဲပါ။ ေလ့လာျပီးရင္း ေလ့လာခဲ့တဲ့ ႏွစ္မ်ားစြာအရ သည္လိုအျဖစ္အပ်က္ေတြရွိေၾကာင္း ေတြ႕ခဲ့ရပါတယ္။ လိင္တူျခင္း လိင္ပိုင္းဆိုင္ရာအျပဳအမူတစ္ခုခုေသာ္လည္းေကာင္း၊ စြဲလမ္းမႈ တစ္ခုခုေသာ္လည္းေကာင္း အေတြ႕အၾကံဳေတြရွိပါတယ္လို႔ ျပန္ေျပာၾကတဲ့ လူအမ်ားစု ဂဏန္းအေရအတြက္ဟာ လိင္တူျခင္း ၾကိဳက္ႏွစ္သက္သူ (gay) ဒါမွမဟုတ္ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုးၾကိဳက္ႏွစ္သက္သူ (bisexual)ပါလို႔ အမွန္တကယ္၀န္ခံဖြင့္ဟ ထားသူ ဂဏန္းအေရအတြက္ထက္ ပိုမိုျမင့္မားေနေၾကာင္း စိတ္၀င္စားဖြယ္ေတြ႕ရွိရပါတယ္။ ‘ဆန္႔က်င္ဘက္လိင္ကိုၾကိဳက္ႏွစ္သက္သူ သို႕မဟုတ္ လိင္ကြဲကိုၾကိဳက္ႏွစ္သက္သူ’ စကားလံုးအသံုးအႏႈန္းဟာ လံုးလံုးလ်ားလ်ား တိုက္ရိုက္အဓိပၸာယ္ဖြင့္ဆိုလို႔မရေၾကာင္း ရွင္းလင္းေနတာ ပါပဲ။ လိင္သဘာ၀ ဖိုမလကၡဏာ (sexuality)က အေတာ္ရႈပ္ေထြးပါတယ္။ ပတ္လည္လွည့္ေနေသာ လူသားတစ္ေယာက္ရဲ႕ အလိုဆႏၵ အရႈပ္အေထြးအားလံုးကို တံဆိပ္(labels) ကပ္ဖို႔ဆိုတာ မလြယ္ေၾကာပါ။  စြဲေဆာင္မႈ၊ စြဲလမ္းမႈဆိုတာကလည္း ေရာေထြးေနသလို အံ့ၾသစရာေကာင္းေနတာက လိင္ကြဲၾကိဳက္အမ်ိဳးသားအုပ္စုေသာ္မွ အမ်ိဳးမ်ိဳးေျပာင္းလဲေနႏိုင္ပါတယ္။


လိင္ကြဲၾကိဳက္ႏွစ္သက္သူအမ်ိဳးသားတစ္ေယာက္က အျခားေယာက္်ားတစ္ေယာက္အေပၚ ခံစားခ်က္ေတြရွိရျခင္းအေၾကာင္းျပခ်က္မ်ား -


(၁) သိခ်င္စိတ္ျပင္းျပျခင္းရဲ႕ အလြန္ (Out of curiosity)


တစ္ခါတရံမွာ သာမန္ေယာက္်ားတစ္ေယာက္(straight)တစ္ေယာက္ဟာ အျခားေသာေယာက္်ားတစ္ေယာက္အေပၚ  စပ္စုသိျမင္ခ်င္ စိတ္ ခပ္ပါးပါးေလးရဲ႕ အလြန္မွာ ခံစားခ်က္ေတြ သိသာစြာတိုးတက္ပြားမ်ားလာပါတယ္။ ယခင္အခ်ိန္က ဘယ္လိုအမ်ိဳးသားတစ္ေယာက္ ေယာက္အေပၚကိုမွသည္လိုမျဖစ္ခဲ့ဖူးဘူးဆိုရင္ေတာ့ သင္ဟာ ထူးထူးျခားျခား စိတ္ကူးစိတ္သန္းတစ္ခုစီ ဦးတည္ေနပါျပီ။ အထူးသျဖင့္ သင့္အသက္အရြယ္ ငယ္ရြယ္ေနခ်ိန္ေပါ့။


(၂) တားျမစ္ထားတဲ့ ပတ္သက္မႈမ်ိဳးအားစမ္းသပ္ဖို႔ (To experiment with sexual experiences they think are “taboo”)


လိင္ကြဲၾကိဳက္အမ်ိဳးသားမ်ားဟာ စအိုလမ္းေၾကာင္းအသံုးျပဳ ထိုးသြင္းျပီးဆက္ဆံျခင္း သို႕မဟုတ္ BDSM ပံုစံေတြလို အျမင္အားျဖင့္ တားျမစ္ထားေသာ လိင္ပိုင္းဆိုင္ရာအေတြ႕အၾကံဳေတြကို လိင္တူျခင္းၾကိဳက္ႏွစ္သက္သူ(gay) ဒါမွမဟုတ္ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုး ၾကိဳက္ႏွစ္သက္သူ(bisexual)တစ္ေယာက္နဲ႔ စမ္းသပ္စူးစမ္းမႈျပဳျခင္းဟာ အမ်ိဳးသမီးတစ္ေယာက္နဲ႔ စမ္းသပ္ဆက္ဆံျခင္းထက္ စိတ္ခ်ရႏိုင္တယ္လို႔ ခံစားရေကာင္းခံစားမိကာ စိတ္ပါ၀င္စားေနႏိုင္ပါတယ္။


(၃) အသင့္ရရွိႏိုင္ျခင္း (Availability) 


လိင္တူျခင္းအေပၚ လိင္ကိစၥအာသီသက အေျခအေနအခ်ိန္အခါတစ္ရပ္အရ အခါအခြင့္သင့္ျခင္းေၾကာင့္လည္း ေပါက္ဖြားလာ တတ္ေသးတာပါ။ ဥပမာအားျဖင့္ ဆန္႔က်င္ဘက္လိင္နဲ႔ဆက္ဆံဖို႔ ေတြ႕ဆံုဖို႔အခြင့္အလမ္းမရွိတဲ့ အခ်ဳပ္ေထာင္အတြင္းမွာ အမ်ိဳးသမီးထက္ အမ်ိဳးသားခ်င္းဆက္ဆံဖို႔၊ လိင္ပိုင္းဆိုင္ရာျပဳက်င့္ဖို႔ အခြင့္အေရးၾကံဳေနတာ ျဖစ္ေနတာမ်ိဳးေပါ့။


(၄) ေယာက္်ားပီသျခင္းကို ထပ္မံအတည္ျပဳဖို႔ (To reaffirm their masculinity) 


အမ်ိဳးသားခ်င္းလိင္ဆက္ဆံၾကတဲ့သူအခ်ိဳ႕(men who have sex with men - MSM) ေျပာၾကားခ်က္အရ မိန္းကေလးေတြနဲ႔ ျမာစြံသလို မိမိတို႔ရဲ႕ လိင္သဘာ၀သတ္မွတ္ခ်က္၊ ေယာက္်ားပီသမႈတို႔အေပၚ ျပန္လည္အတည္ျပဳလို ေသခ်ာေအာင္လုပ္လိုတာေၾကာင့္ လိင္တူမ်ားနဲ႔ စမ္းသပ္ဆက္ဆံျဖစ္ခဲ့ၾကပါတယ္တဲ့။


(၅) လိင္ဆက္ဆံမႈရမၼက္ မတည္ျငိမ္ျခင္း (Sexual fluidity)


အမ်ိဳးသားတစ္ေယာက္အေပၚ ခံစားခ်က္ရွိေနျခင္းေၾကာင့္ အျခားေသာလူမ်ားစြာက ေတြးထင္ထားသလို သင့္ကို လိင္တူျခင္းၾကိဳက္သူ (gay) ပါလို႔ အလိုအေလ်ာက္အဓိပၸာယ္ေကာက္လို႔မရပါဘူး။ သို႕ေသာ္လည္း ရာႏႈန္းျပည့္ လိင္ကြဲၾကိဳက္သူ(straight) တစ္ေယာက္လို႔ မဆုိလိုႏိုင္ေၾကာင္း အဓိပၸာယ္ဖြင့္ဖို႔ အလားအလာရွိေနႏိုင္ပါတယ္။ အေျခအေနအခ်ိန္အခါ တစ္မ်ိဳးမ်ိဳးေၾကာင့္ တစ္ေနရာရာမွာ မ်ိဳးတူ ခ်ည္းပဲစုေနရတာမ်ိဳး အျခားေသာအမ်ိဳးသားမ်ားလည္း ၾကံဳဆံုၾကရတာပဲေလ။ ၂၀၁၅ခုႏွစ္က ေတြ႕ရွိခဲ့ရေသာ အစီရင္ခံစာတစ္ေဆာင္ အရ အသက္ တစ္ဆယ့္ရွစ္ႏွစ္နဲ႔ ႏွစ္ဆယ့္ေလးႏွစ္အတြင္းရွိ လူဦးေရရဲ႕ တစ္၀က္ေလာက္ဟာ ရာႏႈန္းျပည့္လိင္ကြဲၾကိဳက္သူ (straight) မဟုတ္ပါဘူးတဲ့။  ဒါကို အေသအခ်ာသိမယ့္ တစ္ဦးတည္းေသာသူဟာ သင္ကိုယ္တိုင္ပါပဲ။


ဘယ္သူက လိင္ကြဲၾကိဳက္ေယာက္်ားတစ္ေယာက္လဲ (Who is a “straight guy”?)


‘ရိုးရာအရကေတာ့ ေယာက္်ားစစ္ပါတယ္ဆိုတဲ့ လိင္ကြဲၾကိဳက္အမ်ိဳးသားတစ္ေယာက္ျဖစ္မယ္ဆိုရင္ လိင္ပိုင္းဆိုင္ရာအရေကာ၊ ႏွလံုးသားေရးရာ ခ်စ္ခင္ႏွစ္သက္မႈအရေရာ ဆန္႔က်င္ဘက္လိင္ အမ်ိဳးသမီးတစ္ေယာက္ကိုသာ စိတ္၀င္စားစြဲလမ္းပါတယ္။’ လို႔ နယူးေရာ့ခ္ျမိဳ႕မွ Sex and Relationship Therapist တစ္ေယာက္ျဖစ္သူ Todd Baratz ကေျပာပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးကိုပဲ အျမဲၾကိဳက္ႏွစ္သက္ပါတယ္လို႔ ဆိုလိုႏိုင္ပါ့မလား။ မေသခ်ာဘူးေနာ္။


‘ဖိုမလကၡဏာ လိင္သဘာ၀(sexuality)က က်ယ္ပ်ံ႕သလို အမ်ိဳးမ်ိဳးအေထြေထြကြဲျပားႏိုင္တယ္ဆိုတာ အမွန္တရားတစ္ခုပါ’  လို႔ ဘရက္က ေျပာပါတယ္။  ‘ဘာေၾကာင့္လဲဆိုေတာ့ ေယာက္်ားအစစ္ လိင္ကြဲၾကိဳက္ႏွစ္သက္သူတစ္ေယာက္လို႔  ေဖာ္ထုတ္သတ္မွတ္ထား ျခင္းဟာ အဆိုပါလူအေနနဲ႔ လိင္တူေယာက္်ားတစ္ဦးတစ္ေယာက္နဲ႔ ခ်စ္မႈေရးရာ သို႔မဟုတ္ လိင္မႈေရးရာကိစၥ ဘယ္ေတာ့မွ မရွိႏိုင္ဘူးလို႔ ဆိုလိုတာ မဟုတ္ဘူးေလ။’ ႏွစ္ဖက္ခြစကားနဲ႔ သူက စကားထပ္ေဆာင္းေျပာေသးတာပါ။ ‘လိင္တူျခင္းၾကိဳက္သူ ေဂးတစ္ေယာက္ပါလို႔ သတ္မွတ္ထားသူကလည္း ဆန္႔က်င္ဘက္လိင္ အမ်ိဳးသမီးတစ္ေယာက္အေပၚ လိင္ကိစၥေရာ၊ အခ်စ္ေရးကိစၥေကာ ခံစားခ်က္ ရွိႏိုင္တာ ပါပဲ။ အခ်ိဳ႕ေသာ ဖိုမလကၡဏာေတြအတြက္က အျမဲမွန္တဲ့အဓိပၸာယ္ဖြင့္ဆိုခ်က္တစ္ခုမဟုတ္ဘူးဗ်’


‘လိင္ကြဲၾကိဳက္ေယာက္်ား (straight)’ နဲ႔ ‘လိင္တူၾကိဳက္ေယာက္်ား (gay)’ လို႔ထုတ္ေဖာ္အေထာက္အထားျပထားျခင္းဟာ ကြန္ကရစ္ နဲ႔ တည္ျမဲျခင္း ထင္ေပၚေနသကဲ့သို႔ပါ။ ဆန္းစစ္ေလ့လာခ်က္မ်ားျပဆိုထားတာကေတာ့ အေၾကာင္းကိစၥရပ္ေတြသာျဖစ္ျပီး အခ်ိန္ေတြ ေက်ာ္လြန္ရင္ ေျပာင္းလဲႏိုင္ပါတယ္။ လိင္တူဆက္ဆံျခင္းကဲ့သို႔ပဲ လိင္ကြဲနဲ႔သာဆက္ဆံျခင္းဟာ သီးသန္႔ အဓိပၸာယ္ဖြင့္ဆိုခ်က္တစ္ခု ဆိုတာလည္း မေျပာင္းလဲပါဘူး။’ လို႔ ဘရက္ကေျပာပါတယ္။


‘လိင္တူျခင္းၾကိဳက္သူ (gay)’ နဲ႔ ‘လိင္ကြဲကိုၾကိဳက္သူ(straight)’ ႏွစ္ခုၾကား လိင္သဘာ၀ တရားလြန္ကြာျခားခ်က္မ်ားရဲ႕ ေရာင္စဥ္တန္း တစ္ခုလံုးမွ ေရြးေကာက္လိုက္ဖို႔ဆိုရင္ အျခားေသာေခါင္းစဥ္ကြဲအမ်ားအျပားရွိေနပါတယ္။


ပါေမာကၡ ကင္းေဆးရဲ႕  လိင္စိတ္တိမ္းညႊတ္မႈ အတိုင္းအတာ (The Kinsey scale of sexual orientation.)


ကင္းေဆး စေကးလ္ (The Kinsey Scale) ဆိုတာ လိင္မႈေရးရာကၽြမ္းက်င္သူ ပါေမာကၡ  အဲလ္ဖရက္ဒ္ ကင္းေဆး(Alfred Kinsey) ၁၉၄၈ခုႏွစ္မွာ တိုင္းတာဆန္းစစ္ခဲ့ေသာ ဖိုမလကၡဏာဆန္းစစ္ခ်က္မွတဆင့္ တိုးတက္စည္ပင္မႈတစ္ရပ္ျဖစ္ပါတယ္။ တိုင္းဆခ်က္မွ ျပဆိုတာကေတာ့  လိင္စိတ္တိမ္းညႊတ္မႈသည္ အျဖဴ အမည္းေတြနဲ႔ မသက္ဆိုင္သလို ေရာင္စဥ္တန္းတစ္ခုမွာရွိေနတဲ့ အေရာင္ေတြဟာ လိင္စိတ္တိမ္းညႊတ္မႈကို ျပဆိုေနပါသတဲ့။



ကင္းေဆး စေကး (Kinsey scale) အျပည့္အစံုကိုေျပာျပရရင္ -

0 - လိင္ကြဲၾကိဳက္ႏွစ္သက္သူ (Exclusively heterosexual)

1 - အဓိကအားျဖင့္ လိင္ကြဲၾကိဳက္ႏွစ္သက္သူ။ လိင္တူျခင္းကိုေတာ့ အမွတ္မထင္ကိစၥရပ္အျဖစ္သာသတ္မွတ္သူ။ (Predominantly heterosexual, only incidentally homosexual)


2 - အဓိကအားျဖင့္ လိင္ကြဲၾကိဳက္ႏွစ္သက္သူျဖစ္ေသာ္လည္း လိင္တူျခင္းကိစၥမွာ မေတာ္တဆ အမွတ္မထင္ဆိုတာထက္ပိုပါတယ္။ (Predominantly heterosexual but more than incidentally homosexual)


3 - လိင္တူျခင္းေရာ လိင္ကြဲကိုေရာ ညီတူညီမွ်ၾကိဳက္ႏွစ္သက္သူ (Equally heterosexually and homosexual)


4 - အဓိကအားျဖင့္ လိင္တူျခင္းၾကိဳက္ႏွစ္သက္သူျဖစ္ေသာ္လည္း လိင္ကြဲကိစၥမွာ မေတာ္တဆ အမွတ္မထင္ဆိုတာထက္ပိုသူပါ။ (Predominantly homosexual but more than incidentally heterosexual)


5 - အဓိကအားျဖင့္ လိင္တူျခင္းၾကိဳက္ႏွစ္သက္သူျဖစ္ျပီး လိင္ကြဲကိစၥကေတာ့ မေတာ္တဆသက္သက္ပဲျဖစ္ပါတယ္။ (Predominantly homosexual, only incidentally heterosexual)


6 - လိင္တူျခင္းၾကိဳက္ႏွစ္သက္သူစစ္စစ္ျဖစ္ပါတယ္။ (Exclusively homosexual)



X - လိင္မႈေရးရာနဲ႔ဆိုင္တဲ့ အဆက္အစပ္လည္းမရွိဘူး သို႕မဟုတ္ တုန္႔ျပန္ခ်က္လည္းမရွိသူ (No socio-sexual contacts or reactions)


ကင္ေဆး စေကးလ္(The Kinsey Scale) ဟာ အေကာင္းဆံုး အျပည့္စံုဆံုးမဟုတ္ေသာ္လည္း သင့္လိင္သဘာ၀ ဖိုမလကၡဏာ သြင္ျပင္ဟာ သည္ေရာင္စဥ္တန္းထဲမယ္ အတူတကြဘယ္ေလာက္ထိစီးဆင္းေနတယ္ဆိုတာ ေတြးဆဖို႔ အခြင့္အေရးေပးႏိုင္ပါတယ္။ အခ်ိန္ေတြကုန္လြန္ျပီးတဲ့ေနာက္ လိင္ကြဲၾကိဳက္ေယာက္်ားတစ္ေယာက္ကေန လိင္ကြဲၾကိဳက္သူ ၊ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုး သေဘာက် သူ ဒါမွမဟုတ္ လိင္တူျခင္းၾကိဳက္ႏွစ္သက္သူအျဖစ္ ဘယ္လိုခုန္ကူးသြားမလဲဆိုတာေကာ ဆန္းစစ္ေတြးၾကည့္ႏိုင္တာေပါ့။ ကင္းေဆးလ္ အဖြဲ႔ရဲ႕ ေလ့လာဆန္းစစ္ခ်က္မွာက လိင္ကြဲၾကိဳက္သူ သို႕မဟုတ္ လိင္တူၾကိဳက္သူစစ္စစ္ဆိုတာ ကၽြန္ေတာ္တို႔ေတြးထင္ထားတာထက္ နည္းပါးတယ္လို႔ ျပဆိုေနပါတယ္။


အင္တာနက္ အြန္လိုင္းေပၚက  ဉာဏ္စမ္းပေဟဠိမ်ားက ကင္းေဆးလ္စေကးရဲ႕ ဘယ္အဆင့္ေလာက္ေရာက္ေနမလဲဆိုတာ သင္အေျဖ ရွာဖို႔ ၊ နားလည္သေဘာေပါက္ဖို႔ အကူအညီေပးႏိုင္ပါလိမ့္မယ္။ ဘယ္အဆင့္ နံပါတ္က သင့္အတြက္ သက္ေသာင့္သက္သာ ျဖစ္ေစသလဲ ဆိုတာ ထပ္တူျဖစ္ႏိုင္မယ့္ ကင္းေဆးလ္အဖြဲ႔ကေန တရား၀င္ အတည္ျပဳေထာက္ခံခ်က္ ေပးထားတဲ့ အြန္လိုင္းစမ္းသပ္ခ်က္ ဆိုတာေတာ့ မရွိပါဘူး။


လိင္ကြဲၾကိဳက္သူ(straight) သို႕မဟုတ္ လိုက္ေလ်ာညီေထြရွိတဲ့လိင္ကြဲၾကိဳက္သူ(heteroflexible) အမ်ိဳးသားမ်ား


လိင္တူျခင္းၾကိဳက္သူ ေဂးအျဖစ္ တံဆိပ္ကပ္လို႔မရေသာ အျခားတစ္ေယာက္အေပၚ ခံစားခ်က္ရွိေနတဲ့အမ်ိဳးသားတစ္ေယာက္ဆိုတဲ့ ကေျပာင္းကျပန္ တံဆိပ္အခ်ိဳ႕ရွိေနပါတယ္။ ျဖစ္ႏိုင္ေသာနည္းလမ္းတစ္ခုက အမ်ိဳးသမီးေတြကို ထံုးစံအတိုင္း စိတ္၀င္စားခဲ့ေသာ္လည္း တစ္ခါတရံ အမ်ိဳးသားခ်င္း ခံစားခ်က္ ဒါမွမဟုတ္ စိတ္ဆႏၵရွိတဲ့ အေတြ႕အၾကံဳစံုသူေတြကို ေယဘုယ်လိင္ကြဲၾကိဳက္သူ (mostly straight) သို႔မဟုတ္ မ်ိဳးစံုစားလိင္ကြဲၾကိဳက္သူ (heteroflexible)လို႔ဆိုလိုက္ျခင္းျဖစ္ပါတယ္။‘Mostly Straight: Sexual Fluidity Among Men’ ကိုေရးသား ေသာ Savin Williams ကေတာ့ လိင္တူဆက္ဆံတဲ့ လိင္ကြဲၾကိဳက္သူတစ္မ်ိဳးလို႔ (straight with a dash of gayness) ေခၚဆိုပါတယ္။  လိင္ကြဲၾကိဳက္သူဟန္ပန္ရွိသလို လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုးၾကိဳက္တဲ့ Bisexual လည္းမဟုတ္တဲ့လူမ်ိဳးေပါ့။


ယခုေခတ္ ျမိဳ႕ျပေနလူငယ္အမ်ားစု သတ္မွတ္ထားတဲ့ ေယဘုယ်အားျဖင္ ဆန္႕က်င္ဘက္လိင္ကိုႏွစ္သက္သူ (mostly straight) ဆိုတာ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုးၾကိဳက္သူ (bisexual) သို႕မဟုတ္ လိင္တူျခင္းၾကိဳက္သူ (gay) ဆိုသူမ်ား ေပါင္းစပ္ပါ၀င္ေနသည္ကို ထင္ထင္ ရွားရွားေတြ႕ျမင္ရပါတယ္။ မ်ိဳးစံုစားလိင္ကြဲၾကိဳက္သူ(heteroflexible)ျဖစ္ေနျခင္းက အထက္မွာေျပာခဲ့တဲ့သူမ်ားထက္စာရင္ေတာ့ သာမန္လူတစ္ေယာက္လို႔ဆိုရမလားဘဲ။ ဆန္႔က်င္ဘက္လိင္ကိုႏွစ္သက္သူ လိင္ကြဲအၾကိဳက္မ်ားသူဆိုတာက တသီးတျခားအမ်ိဳးအစား တစ္ခုျဖစ္ပါတယ္။ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုးၾကိဳက္သူ (bisexual) သို႕မဟုတ္ ပုန္းေနေသာလိင္တူျခင္းၾကိဳက္ႏွစ္သက္သူ (closeted gay man) တစ္ေယာက္ျဖစ္ေနျခင္းမွ ကြဲျပားျခားနားသူပါ။ ‘တင္းၾကပ္ေသာစည္းကမ္းမ်ားကို မလိုက္နာဘူး။ သူတို႔အဓိကစြဲလမ္းမႈက လိင္ဆက္ဆံမႈရမၼက္ (sexual) ၊ စိတ္ကူးယဥ္ဆန္ဆန္ ခ်စ္ခင္မႈ (romantic) ၊ သို႕မဟုတ္ ႏွစ္မ်ိဳးစလံုးကို  အၾကြအရြ ကာမစိတ္ကူးယဥ္ မႈအား အမွန္တကယ္ အမူအက်င့္အျဖစ္ နည္းလမ္းေပါင္းစံုနဲ႔ ေပါင္းစပ္ေဖာ္ျပႏိုင္ပါတယ္။’ လို႔ တိုင္းမ္မဂၢဇင္းမွာ Williams ေရးသားခဲ့ပါတယ္။


လိင္တူလိင္ကြဲႏွစ္မ်ိဳးၾကိဳက္ႏွစ္သက္သူ  အမ်ိဳးသား(Male bisexuality)


လိင္တူလိင္ကြဲႏွစ္မ်ိဳးၾကိဳက္အမ်ိဳးသားမ်ားဟာ အမ်ိဳးသားမ်ားေကာ အမ်ိဳးသမီးမ်ားကိုေရာ ၾကိဳက္ႏွစ္သက္ပါတယ္။ ေသခ်ာေပါက္ ၅၀/၅၀ အုပ္စုတစ္ခုလို႔ ခြဲေနစရာ ကြဲေနစရာမလိုပါဘူး။  အမ်ားကယူဆထားသလို  လိင္တူျခင္းၾကိဳက္ေတာ့မယ့္ အေျခအေနတစ္ရပ္ဆီ ဦးတည္ေနတဲ့  လိင္စိတ္တိမ္းညႊတ္မႈဆိုတာ မမွန္ဘူးေပါ့။ ဒါေပမဲ့ အမွန္တရားတစ္ရပ္မဟုတ္ဘူးလားဆိုေတာ့လည္း သိပ္မေ၀းျပန္ဘူး။ လိင္ႏွစ္မ်ိဳးစလံုးၾကိဳက္ႏွစ္သက္သူေတြအားလံုး နဲ႔ ပုဂၢိဳလ္အစြဲအရ လိင္ႏွစ္မ်ိဳးစလံုးၾကိဳက္သူအမ်ိဳးသားမ်ားၾကား အထက္ပါ အေတြးအေခၚမ်ဥ္းေၾကာင္းေလးတစ္ေၾကာင္းက ထိခိုက္နစ္နာေစပါတယ္။ အေမရိကန္ျပည္ေထာင္စုရွိ ၁.၅ မီလီယမ္ေသာ လူဦးေရရဲ႕ ၁.၄ ရာခိုင္ႏႈန္းေသာ အမ်ိဳးသားမ်ားဟာ အမွန္တကယ္ လိင္ႏွစ္မ်ိဳးၾကိဳက္သူအမ်ိဳးသားမ်ားျဖစ္တယ္လို႔ Williams Institute ကဆိုပါတယ္။


အမ်ိဳးသားေတြကို ၾကိဳက္ႏွစ္သက္ေနျခင္းက ကၽြန္ေတာ္ေဂးလို႔ဆိုလိုတာလား(Does liking men mean I'm gay?)


မလႊဲမေရွာင္သာ ကိစၥေတာ့မဟုတ္ပါဘူး။ သင္ဟာ လိင္တူျခင္းၾကိဳက္ႏွစ္သက္သူ(gay)ျဖစ္ေကာင္းျဖစ္ႏိုင္သလို အျခားအရာေတြျဖစ္ဖို႔ ကလည္း ျဖစ္ႏိုင္ေျခ တစ္သန္းေလာက္ရွိပါတယ္။ သင္ဟာ မ်ိဳးစံုစားလိင္ကြဲၾကိဳက္သူ (heteroflexible) ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ သင္ဟာ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုးၾကိဳက္သူ (bisexual) ျဖစ္ေနႏိုင္တယ္။ ဒါမွမဟုတ္ အေၾကာင္းျပခ်က္အခ်ိဳ႕အတြက္ ခံစားခ်က္ အသစ္အဆန္းေတြကို စူးစမ္းရွာေဖြေနဆဲ ရိုးရိုးလိင္ကြဲၾကိဳက္သူ (straight) ျဖစ္ႏိုင္ပါေသးတယ္။ အဲတာေတြဟာ အကုန္ျဖစ္ႏိုင္သလို အကုန္လံုးဟာလည္း တကယ့္သာမန္ျဖစ္ရပ္ သာမန္ကိစၥပါ။


သင္ဟာ အျခားဟာေတြထက္ တကယ့္လိင္ကြဲၾကိဳက္သူစစ္စစ္ သို႕မဟုတ္ လိင္တူလိင္ကြဲႏွစ္မ်ိဳးစလံုးၾကိဳက္ႏွစ္သက္သူ ဒါမွမဟုတ္ လိင္တူၾကိဳက္သူ ျဖစ္ရမယ္လို႔ သံသယ၀င္ေနပါက ဘယ္အမွတ္တံဆိပ္သည္ သင့္လိင္စိတ္တိမ္းညႊတ္မႈ သက္ေသအျဖစ္ သတ္မွတ္ ပံုေဖာ္ဖို႔ရမလဲဆိုတာ နားလည္ရန္ခက္ႏိုင္ပါတယ္။ ‘ခန္႔မွန္း မွန္းဆခ်က္ေတြကို ေလွ်ာ့ခ်ေနစဥ္ သင့္ကိုယ္တိုင္အေၾကာင္းအား ထူးဆန္း ေနႏိုင္တာေၾကာင့္ သင့္လိင္သဘာ၀(sexuality) ကို စူးစမ္းရွာေဖြဖို႔ သင့္ကိုယ္ကို ခြင့္ျပဳေပးပါ’ လို႔ Viva Wellness ရဲ႕ တည္ေထာင္သူနဲ႔ လိုင္စဥ္ရ ကုထံုးပညာရွင္ Jor-El Caraballo ကေျပာပါတယ္။ ‘လိင္သဘာ၀သည္ အရႈပ္အေထြးတစ္ခုျဖစ္ပါတယ္။ ကိုယ္ခႏၶာတြင္းက တုန္႔ျပန္မႈအရေရာ (visceral) စိတ္ဓာတ္ေရးရာေရာ(psychological) ႏွစ္ရပ္စလံုးျဖစ္ပါတယ္။ ကိုယ္ခႏၶာမွာ အၾကီးဆံုး လိင္အဂၤါ အစိတ္အပိုင္း(sex organ) က ဦးေႏွာက္ပါ။ စာအုပ္ေတြလို၊ ဗီဒီယိုေတြ သို႕မဟုတ္ ရုပ္ရွင္ေတြလိုမ်ိဳး ဘယ္အမ်ိဳးအစားေတြကိုၾကိဳက္ တယ္၊ ၾကည့္လို႔အဆင္ေျပတယ္၊ခံစားခ်က္ပိုေကာင္းတယ္ဆိုတာ နည္းလမ္းအစံုနဲ႔ စူးစမ္းစစ္ေဆးၾကည့္ပါ။


အေရးၾကီးဆံုးကေတာ့ စိတ္ေရာကိုယ္ပါ ဒိုင္ဗင္ထုိးခ်ေသာ္လည္း သင္ကိုယ္တိုင္အဆိုပါအေၾကာင္းအရာမ်ားအား သင္နားမလည္ဘူး ဆိုတဲ့ျဖစ္ရပ္ပါ။  Caraballo ေျပာတာက ‘Apps နဲ႔ Chat Rooms ေတြဟာ အျခားတပါးေသာေယာက္်ားနဲ႔ လိင္ကိစၥအေတြ႕အၾကံဳ တစ္ခုဆီ ဦးဆံုးခ်ဥ္းနင္း၀င္ေရာက္မႈအျဖစ္ ေကာင္းမြန္ႏိုင္ပါတယ္။ အခ်ိဳ႕ေသာ မသိစိတ္ထဲက ရွက္ေၾကာက္ေနမႈအခ်ိဳ႕ကို ျဖတ္သန္းဖို႔ သင့္ရဲ႕ သက္ေသာင့္သက္သာျဖစ္မႈေရခ်ိန္နဲ႔ လႈံ႕ေဆာ္မႈေတြကို တိုင္းတာႏိုင္တယ္ေလ။’ 


လိင္သဘာ၀ဆိုင္ရာ ကၽြမ္းက်င္အတတ္ပညာရွင္ တစ္ေယာက္ကလည္း သီးျခား၀ိုင္း၀န္းကူညီမႈလုပ္ဖို႔ အလုပ္ျဖစ္ေအာင္ စီစဥ္ေပးႏိုင္ပါတယ္။


Alex Aung (29 September 2020)


Ref: What It Means If You're A Straight Guy In Love With A Guy 

By Kim Wong-Shing

Expert review by Kristie Overstreet, Ph.D., LPCC, LMHC, CST


#DATING

#FRIENDSHIP

#FEMINISM

No comments: