Wednesday, December 1, 2021

ဒီဇင်ဘာရဲ့ အလွမ်းတေးသံ

 ဒီဇင်ဘာရဲ့ အလွမ်းတေးသံ




'ဒေါင် ဒေါင်' ဆိုတဲ့ ဒီဇင်ဘာရဲ့ ခေါင်းလောင်းသံချိုတွေ ပြန် လည်မြည်ဟည်းလာပြန်ပါပေါ့။


နှင်းစက်လေးတွေ ခေါင်မိုးကို တစ်ဖျောက်ဖျောက်ထိခတ်နေသံ ကို ခပ်သဲ့သဲ့ကြားနေရသည်လေ။


ရာသီဥတုရဲ့အေးမြမှုတွေကြားမှာ ကျွန်တော်တကိုယ်ရည် အေးစက်စွာ နွေးထွေးမှုကင်းမဲ့နေတာ ကျွန်တော့်စိတ်ရဲ့ ရူးသွပ်မှုတစ်ခု သက်သက်ပဲလား၊ 'အတွေးလွန်မှုလေးသာ'ဆိုတာမ်ားလား။


'လူဆိုတာ အချစ်နဲ့မကင်းဘူး တစ်ယောက်ယောက်နဲ့မင်း ချစ်တမ်းကစားလိုက်ရင် အေးစက်နေတဲ့ မင်းစိတ် ကိုယ်ခန္ဓာ အလိုလိုနွေးထွေးသက်၀င်လာမည်'တဲ့ သူငယ်ချင်းလေးကပြောပြပါရဲ့။


မင်းမသိလို့ပါ......ကိုယ်ဟာ ရင်ခုန်သံများစွာအောက်မှာ တစ်ကိုယ်ရည် အထီးကျန်နေတယ်....ကြာ။


x           x           x


'ရာသီဥတုကအေးလိုက်တာနော် ဘေဘီ၊ မင်းဒီလိုဆောင်းရာသီကို ကြိုက်လား၊ကိုယ်တော့ နွေဦးရာသီကို ပိုရင်ခုန်တယ်'


'ဟုတ်ကဲ့..ချစ်လည်း အတူတူပဲ'


ဟင့်အင်ဗျာ.....ကျွန်တော်ဒီလိုဆောင်းဦးရာသီရဲ့အေးမြလတ်ဆတ်မှုကိုပိုသဘောကျတယ်' လို့ သူ့ကိုနှုတ်ကဖွင့် မပြောဖြစ် ပေမယ့် ကျွန်တော်ဟာ အမှန်တကယ် ဒီလိုဒီဇင်ဘာလရဲ့ ဆောင်းနှင်းပွင့်တွေကို သေဘာ ကျပါသည်။


ရာသီဥတုကအေးတယ် တစ်ယောက် တည်းနေတတ်သူတွေအတွက် သိပ်အဆင် မပြေဘူးလို့ ဆိုကြပေမယ့် ကျွန်တော့် အတြက္ကေတာ့ ရင်ခုန် သံလေးတွေအစီအရီဆိုတော့ နွေးထွေးရာရင်ခွင်က အသင့်။

ဒါကြောင့် ဆောင်းရာသီကိုကြိုက်တာဖြစ်မယ်ထင်ပါ့။


သက်ပြင်းတစ်ချက်ကို လေးလေးကန်ကန်ချရင်း ကျွန်တော့်ကို် ကျွန်တော် ရယ်ချင်သလိုလို အလန့်တကြားလိုလိုပင် ဖြစ်သွား မိသည်။ နောက် ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ဘာကြောင့် ဒီလောက် ထိန့်လန့် တုန်လှုပ်သွားရမှန်းကိုလည်း ကျွန်တော် ဘယ္လိုမွ ပြန်တွေး ကြည့်လို့မရနိုင်အောင် ဖြစ်နေမိ၏။


'ဘာကိုလည်း ဘာကိုထိတ်လန့်သွားသလဲ?'ဆိုရင် ကျွန်တော့် လက်ဖဝါးကို သူ့ရဲ့နွေးထွေးတဲ့လက်နဲ့ အုပ္မိုး ကိုင်တွယ် ရင်း 'Honey' လို့ခေါ်လိုက်သံကြောင့်ပေါ့။ သူ့ရင်ထဲကလာတဲ့ ဒီအသံဟာ ကျွန်တော့်အတွက် ရင်ခုန် သံပြင်းထန်သွား စေသလို ထိန့်လန့်သွားစေခဲ့တာ လေအေးအေးလေးတွေတိုက်နေတဲ့ အင်းယားကန်ဘောင်က ဘူးသီးကြော်ဆိုင်လေးမှာပါ။


ဒီဇင်ဘာရဲ့ ခေါင်းလောင်းသံချိုလေးတွေကို သူ့တိုက်ခန်းလေးကနေ ကြားနေရပါတယ်။ ဒီလိုညချမ်းမှာ အိမ်တိုင်းလိုလို ဒါမွ မဟုတ် ရင်နှီးခင်မင်ရာမိတ်ဆွေတွေရဲ့ အိမ်တွေမှာ 'ကောင်းချီး မင်္ဂလာရောက်စေသော်' ဆိုတဲ့ သံစဉ်လေးတွေ ပျော်ရွှင်ဖွယ် ကြားရတယ်။ သူလည်းအိမ်ကိုလာမည့် သူ့မိတ်ဆွေတွေ အတွက် စားစရာတွေပြင်ဆင်နေသလို ကျွန်တော်လည်း ကျွန်တော့်အကြိုက်သံပုရာရည်လေး တွေဖျော်ရင်း ပြီးတော့ မကြိုက်သူတွေအတွက် ကော်ဖီရဖို့ ကော်ဖီကျိုတဲ့စက်လေး နဲ့ပြင်ဆင်ပေးရင် ကူညီပျော်ရွှင်ရပါတယ်။


အား......နှင်းစက်လေးတွေက အေးမြလိုက်တာ....။


ပျော်ရွှင်မြူးကြွနေတဲ့ သူ့ကိုကြည့်ရတာ ကျွန်တော်ပါရောယောင် ပျော်ရွှင်မိရပါတယ်။ ကိုယ်နဲ့တော့ဘာမှ မဆိုင်တဲ့ ရာသီ ဖြစ်ပေ မဲ့ ဂီတဆိုတဲ့ သံစဉ်တွေနောက်ကျွန်တော်နစ်မြောမိရပါ့။ သူငယ်ချင်းတွေ သူ့သူငယ်ချင်းတွေက ကျွန်တော့်လက်ရာ သံပရာရည်ချိုချဉ် လေးရယ် ကော်ဖီလတ်လတ်ဆတ်ဆတ်တွေ ကို နှစ်သက်ချီးကျူးတော့ သူကဂုဏ်ယူစွာဖြင့် 'ဒါငါ့ချစ်သူဖျော် ထားတာ'တဲ့။ တော်ပါသေးရဲ့ သဘောထားပွင့်လင်းပြီး အမြင်ကျယ်တဲ့လုပ်ငန်း သဘာ၀ မှာကျင်လည် နေကြသူများမို့ ကျွန်တော်တို့အဖြစ်ကို မထူးဆန်းသယောင်လက်ခံပျော်ရွှင်ပေး ကြပါတယ်။


မြို့ထဲသွားလာရာ ဈေး၀ယ်ရာ၊ Night Club တွေသွားတာ စသဖြင့်သူကျင်လည်လှုပ်ရှားရာတိုင်းမှာ ကျွန်တော် မပါမ ဖြစ်ပါ။ ခပ်ချောချော နိုင်ငံခြားသားတစ်ယောက်ရဲ့ဘေးမှာ မြန်မာချွတ်တားလေးက ကပ်ပါနေတာဆိုတော့ လူတွေက တစ်မျိုးတစ်မည်စူးစမ်းမျက်၀န်းတွေနဲ့ ကြည့်နေသလားပဲ။ ကျေတော့ ကျေနပ်မိပါတယ်...ကျွန်တော် ဟာသူ့အတွက် အပျော်အဖော်အဆင့်ထက်ပိုပြီး နေရာပေးခံရတယ်၊ အခ်စ္ခံ ရတယ်လို့ပေါ့။


ကျွန်တော်သူ့ကိုရင်ခုန်မိသလား....နှစ်သက်မိတာတော့အမှန်ပါ။ ပညာအရမ်းတော်တယ် ဒါဟာဦးစားပေးအချက်ဖြစ်မိ တယ် ထင်ရဲ့၊ သူတစ်ပါးနိုင်ငံမှာ လာအလုပ်လုပ်တယ် လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ် ဒါဟာ ဒုတိယ အချက်၊ ဦးစားပေးတယ် တကယ့်ကို ချစ်ခင်လှိုက်လှဲစွာဖြင့် သူ့ မေတ္တာတွေကို ရယူစေတယ် ဒါဟာ တတိယ အချက်၊ နောက် ဆုံးသူဟာ နှစ်လိုဖွယ်အပြုံးနဲ့ ရုပ်ရည်ချောမော သူဖြစ်နေ တယ် အဲဒါဟာလည်း...။


အို.....ငါဦးနှောက်နဲ့ဆုံးဖြတ်နေမိတာများလား။


ဒီလိုနဲ့ပဲ ရာသီစက်၀န်းလည်ပတ်နေသလို လောကသဘာ၀ အလုပ်သဘာ၀တွေအတိုင်း သူ့အလုပ်ဟာ စာချုပ်သက်တမ်း စေ့လာသလို ကျွန်တော်သိနေတာက ကျွန်တော်တို့ ချစ်စာချုပ် သက်တမ်းလည်း သက်တမ်းစေ့ဖို့နီးစပ်လာပြီပေါ့နော်။ အဲဒီအ ကြောင်းလေးကို သိဖူး မြင်ဖူး နှင်းစက်တွေနှင့်ပြန်လည်ထိတွေ့ရတဲ့ နှစ်တစ်နှစ်ရဲ့အဆုံးမှာ ကျွန်တော်တိတိကျကျ သိခဲ့ရတာကြောင့် ရင်ထဲ အသည်းထဲ ပူလောင်တဲ့ချောကလက်ရည်တွေ လောင်းထည့်လိုက်သလို ခံစားရတာမ်ား အခုပဲ နွေရာသီ ရောက်နေတဲ့အတိုင်းပါပဲဗျာ။


'ကိုယ်မင်းကို ပြန်လာခေါ်မယ် မင်းစောင့်နေရမယ်နော်'


'မင်းကို ကိုယ်တကယ်ချစ်ပါတယ် အမြဲတမ်းအတွက်'


လေထဲမှာလွင့်မျောနေတဲ့တိမ်တိုက်တစ်ခု ကျွန်တော်ဖြစ်ခဲ့ပါ တယ်။ မျောချင်ရာမျော ဖမ်းဆုပ်ထားမယ့်သူမရှိ လေအလာ အတိုင်းမျောရသူပေါ့။လေဆိပ်ကပြန်လာတဲ့လမ်းတစ်လျှောက် ကျွန်တော်...ကျွန်တော် တစ်ယောက်တည်းဆိုတာ တွေးမိတာ သာမဟုတ် လက်တွေ့ခံစားရပြီပေါ့လေ။


'ဒီဇင်ဘာရယ် အလွမ်းမိုးစက်တွေ ငါ့ရင်ထဲသည်းစေတယ်'တဲ့ သီချင်းသံလေးက ဆောင်းဘောက်စ်က တစ်ဆင့်နားထဲ၀င် ရောက်လာရပေါ့။ လူတကာအားက်တဲ့ ကျွန်တော့်ချစ်ဇာတ်လမ်း ဆောင်းနှင်းစက်တွေနဲ့ အတူခေါင်မိုးပေါ် တဖျောက် ဖျောက်....။


'အဆင်ပြေချောမွေ့စွာနဲ့ လိုရာခရီးကိုရောက်ရှိပါစေ ချစ်သူရေ'


စောင့်နေဖို့ဆိုတာထက် သူတကယ်ရောပြန်လာမှာလား... .ပြန်လာမှာလားဗျာ။


ပြူတင်းပေါက်က လှမ်းအကြည့် ခြံ၀င်းထဲမှာ သူ့အကြိုက် တရုတ်စကားဖြူပန်းပွင့်တွေ မွှေးကြူနေပြီ...။


x           x           x


တိတ်ဆိတ်နေသောအခန်းအတွင်း ကျွန်တော်၏ အသက်ရှူ သံမွလြဲ၍ ဘာသံကိုမှမကြားရ။ပွင့်နေသော ကုတင်ဘေးမှ ပြူတင်းပေါက်က လေတဟူးဟူး၀င်နေသည်။ ကျွန်တော်က နံရံပေါ်မှ မီးခလုတ်များကို လက်ဖြင့်စမ်းရင်း ဖွင့်လိုက်၏။ ထိုစဉ် ကျွန်တော်၏ ဘယ်ဘက် အကျႌအိပ်ကပ်အောက်မှာ နှလုံးခုန်သံ က တဒုတ်ဒုတ်ဖြင့် လှုပ်ခါသွားသည်ကို သတိ ပြုမိလိုက်သည်။


ရေချိုးခန်းနံရံပေါ်က မှန်ချပ်ရှိရာဆီ ခပ်သွက်သွက်သွားပြီး ကြည့်လိုက်တော့ ကျွန်တော့်မျက်နှာဟာ ပန်းသွေးရောင် ထေနျပီး မျက်၀န်းများဟာ မအေးစက်တော့တာကို အံ့အား သင့်ဖွင့်မြင်လိုက်ရသည်။


'မင်းမမှတ်သေးဘူးလား.....နောက်တစ်ခါမင်းကျန်ခဲ့မှာကို မစဉ်းစားမိဘူးလား ကောင်လေး'လို့ မှန်တဲ့ကပုံရိပ်ကို တိုးတိုး သက္သာ ကျွန်တော်ပြောမိရသည်။


တစ်ယောက်တည်းတိတ်ဆိတ်နေတတ်သည့် ကျွန်တော့် အတွက် သူငယ်ချင်းတစ်ယောက်က 'ခင်မင်ဖို့ကောင်းသည့် အစ်ကိုကြီး တစ်ယောက်ရှိတယ် သူနဲ့စကားပြောကြည့်'ဆိုကာ ဂျီမေးလ်အကောင့်တစ်ခုကိုပေးပြီးနောက်ပိုင်းမှာ ကျွန် တော့်ငြိမ် သက်နှလုံးသားဟာ တဆတ်ဆတ်ပြန်လည် ခုန္လာတာ သိပ် တော့မထူးဆန်းဘူးလို့ပြောရင်ရမလားဘဲ။


ရေပန်းအောက်ကိုအသာ၀င် ရေတွေတဖွားဖွားကျလာအောင် ဖွင့်လိုက်မိရင်း ရုတ်တရက်ပိတ်လိုက်မိသည်။


'ညီရေကို မလိုအပ်ရင်ပိတ်ထား၊ လိုအပ်သလောက်သာသုံး' ဆို တဲ့ သူ့စကားကိုကြားယောင်မိလိုက်လို့ပဲ ဖြစ်ပါသည်။


သူဟာ ပြင်သစ်ပိုင် ရေနံကုမ္ပဏီရဲ့ ကမ်းရိုးတန်းလုပ်ငန်းခွင်မှာ ပညာရှင် တစ်ဦးအဖြစ်တာ၀န်ထမ်းဆောင်နေ သူတစ်ဦး ဖြစ်သည်။ ရုပ်ရည်ကမြန်မာမဆန်ဘဲ အနောက်တိုင်းရုပ်ပေါက်နေသည်။ စတင်တွေ့ဆုံမိတဲ့နေ့တန်းကဆို လူကြားထဲ ထင်းနေသည့်သူ့ ရုပ်ရည်နဲ့ အရပ်အမြင့်ကြောင့် ဟုတ်ပါ့ ဟုတ်ပါ့မလား လို့ သံသယ၀င်မိသေးသည်။


'ဒါ သူပြောပိုင်ခွင့်ရှိလို့သာပြောနေတာလေ တကယ်ယုတ္တိ မရွိဘူး'


'ဒါအမှန်ဘဲ ဗုဒ္ဓမြတ်စွာက ကာလာမသုတ်ထဲမှာ ဟောကြား ခဲ့တဲ့အကြောင်းအရာတွေကို ညီသိတယ္မလား'


ကျွန်တော့်ပတ်၀န်းကျင်မှာကြုံဆုံရတဲ့အကြောင်းအရာများကို ပြန်လည်ပြောဆိုတိုင်ပင်ဖြစ်တဲ့အခါ ရှင်းလင်းသွား အောင် အဓိပ္ပာယ် ကျယ်ကျယ်၀န်း၀န်းနဲ့ရှင်းပြနိုင်သူဖြစ်ပါတယ်။ ဘာ သာရေးနဲ့ပတ်သက်လို့ အဘိဓမ္မာစာမေးပွဲ ကိုလည်း ဖြေဆို အောင်မြင်ထားသူ ဆိုတော့ အမြင်မကြည်တာတွေကို လင်းသွား အောင်ထွန်းညှိပေးနိုင်သူပါ။


တစ်စစနဲ့ ကျွန်တော်သူ့ကိုတွယ်ညှိလာတာများ မယုံနိုင်စရာ ပါ။ သူနဲ့ခွဲရမှာကြောက်လို့ သူ့ရင်ခွင်ထဲ သည်းသည်း လှုပ်ငို ရှိုက်မိရတာ သုံးကြိမ်လောက်ရှိမလားဘဲ။ အစ္ကိုလို အေဖလို ပြီးတော့ချစ်သူတစ်ယောက်လို အရာရာ ပြည့်စုံ အောင် မေတ္တာ ဖြည့်ပေးနိုင်တဲ့ 'အစ္ကို' ပါ။


လောကဆိုတာဘာတွေများလဲ အထူးသဖြင့် ကျွန်တော်တို့ လိုလူမျိုးတွေမှာ အခ်စ္ဆိုတာ တကယ်အသုံး၀င် ရဲ့လား။ 'ရင်ထဲစူးစူးနစ်နစ် ခံစားမိတာပဲဖြစ်ဖြစ် မခံစားရတာဘဲဖြစ်ဖြစ် ယုံကြည်နိုင်တယ်လို့ မယူဆကြဘူးလား' ဆိုတာတွေးမိရပါပြီ။ လက်ထပ်လို့လည်းမရ၊ ကိုယ့်ကိုသာချစ်ပါလို့ ပြောဆိုပိုင်ခွင့် လည်း မရွိ...အို.....ဘာမှပိုင်ဆိုင်ခွင့် မရွိ အရိပ်နဲ့အငွေ့ကိုသာ ဖမ်းဆုပ်တွယ်ငြိနေမိသူ သက်သက်ပါဆိုတာ ကျွန်တော် ဟော ဒီလိုဆောင်းတွင်းညချမ်း တစ္ခုမွာ သိလိုက်ရ ပြန်ပါသည်။


'နောက်တစ်ပတ်ထဲမှာ ကိုယ့်ညီ မလေးရှားကပြန်လာမယ်၊ ကိုယ်နဲ့အတူနေမယ်ကွ၊ သူအပြင်သွားတဲ့ရက်တွေမှာမှ တွေ့ရအောင်နော်'


'သူကသာ ငါ့ရည်းစား ငါ့ခ်စ္သူပဲ ၊ မင်းကိုပြောပြပြီးခဲ့ပြီလေ ကိုယ်တို့ဇာတ်လမ်း ကိုယ်တို့အကြောင်း'


'ဘယ်သူကမေးမေးသူသာ ငါ့ချစ်သူပဲလေ'


'ဒီ့ထက်ပိုပြီး ငါ့အချစ်ကိုမပေးနိုင်ဘူး၊ မင်းလည်းမနစ်နာအောင် ငါလည်း တစ်ကိုယ်ကောင်းဆန်ရာမကျအောင် လမ်းခွဲကြစို့ညီ'

မီးကိုအမှောင်ချ အေးစက်နေတဲ့အခန်းတွင်းမှာ ကျွန်တော်လှဲအိပ်နေမိသည်။ ကျွန်တော့်စိတ်ထဲမှာ ဇေ၀ဇဝါဖြစ်မှု များစွာဖြင့် ချာချာလည်နေရသည့်အဖြစ်က ဘယ်သူမပြုမိမိမှုသာလို့ ပြော ရင်ရသလို အချစ်ကိုငံ့လင့်မိသည့် မိမိ နှလုံးသားကိုလည်း သော့ခတ်မထားဖြစ်သည့်အကြောင်းများကြောင့်လို့ ဆိုရမလို ပင်ဖြစ်ပါသည်။


သတိရခြင်းများစွာ ပြီးတော့ တမ်းတမိတဲ့ အနမ်းများစွာကြောင့် မတွေ့ရသည့်ရက်တွေများမှာကျွန်တော် တစ်ယောက် တည်း ဖြစ်နေမိသည်။ အလုပ်များမှာစိတ်မပါလက်မပါဖြစ် နေမိတော့ သည်။ ဖုန်းဆက်ကြည့်မယ်ဆိုပြီး ဖုန်းခွက်ကို ကောက်ကိုင် နံပါတ်တွေကို တစ်ခုချင်းနှိပ်ကာခေါ်မိရစဉ်မှာတော့

'ကိုကြီးမရှိပါဘူးခင်ဗျာ သင်တန်းသွားပါတယ်၊ ဘယ်သူလို့ပြောလိုက်ရမလဲဗျ'


'ကိုကြီး'တဲ့လား.....ကျွန်တော်ကတော့ အစ်ကိုလို့ပဲခေါ်မိခဲ့ သည်။ သူ့ကောင်လေးရဲ့ခေါ်သံတွေမှာ နွေးထွေးရင်ခုန်မှု သံစဉ် တွေပါနေသည်။ အို....စုံစမ်းမိသည် ခိုးကြည့်မိသည် သူတို့လှုပ်ရှားသွားလာမှုတွေကိုပေါ့။ အရမ်းကို Romantic ဖြစ်ကြသည် ကြည်နူးကြသည် ပျော်ရွှင်ကြသည်။


ကျွန်တော်...ကျွန်တော်ဟာ အစ်ကို့အတွက်ဘာများလဲ ဘာဖြစ် ခဲ့သလဲဟင်...။


ပျော်ရွှင်ပါစေ အစ္ကို......။


အခ်စ္ဆိုတာ နှင်းဆီဖြူတစ်ပွင့် လား......ဆုပ်ကိုင်ဖို့ဆိုတော့ လည်း ဆူးတွေနှင့်အပြည့် ကျွန်တော့်လက်ဖြူဖြူမှာ ဆွေးဆွေးနီ သွေးတွေရဲရပြီပေါ့။


x              x              x


'မင်းနဲ့ကိုယ်ကစကားပြောရတာ တော်တော်အဆင်ပြေတယ် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ်၊ မင်းက အတော်စကားပြောကောင်းသူပဲ'


'မင်းက စာလည်းဖတ်တယ် ဘလော့ခ်တွေလည်းရေးတယ် ဆိုတော့ ဒီစာအုပ်လေးဖတ်ဖို့ယူသွားလေ'


တော်တော်ခင်မင်ဖို့ကောင်းသည့် သူငယ်ချင်းပါပဲ။ ဒါပေမဲ့သူ နဲ့ကျွန်တော်ဟာ သူငယ်ချင်းဆိုသည့် စည်းထက်တော့ ကျော် နေသည်မှာအမှန်ပဲဖြစ်ပါသည်။


အွန်လိုင်းသူငယ်ချင်းများစွာထဲမှ တွေ့ဆုံဖြစ်သည့် သူငယ်ချင်း လေးဖြစ်သည်။ နယ်ကတက်လာသည့် သူချင်းအတူတူ သူ့ကို ကျွန်တော်သဘောအတော်ကျမိရတာ သူ့စိတ်နေသဘောထား၊ အလုပ်အပေါ်အာရုံ ထားမှုနှင့် ပညာတော်သူ ဖြစ်နေခြင်း ကြောင့်ဖြစ်မည်။ဘာပဲဖြစ်ဖြစ် သူသည်နှစ်လိုဖွယ်ကောင်းသူ တစ်ဦး။


အို....လူများစွာနှင့် အံ၀င်ခွင်ကျစကားပြောတတ်နေတတ်ထိုင် တတ်အောင် သူကပြသပေးခဲ့သည်။ သင်ကြားပေးသည် မဟုတ် သူလုပ်ဆောင်နေထိုင်ပြခြင်းတွေမှ ကျွန်တော် ရယူ မိခြင်းဖြစ်ပါသည်။


သူ့အလုပ်မှ သူငယ်ချင်းတွေကို သူအတော်အလေးပေးသလို အတော်ပင်ခင်တွယ်သူတစ်ဦးဖြစ်သည်။ အလုပ္ကနား ချိန်မှာ တရုတ်တန်းကိုသွား စားကြသောက်ကြ၊ ကန်တော်ကြီးမျှော်စင် ကျွန်းကိုသွား လွတ်လွတ်လပ်လပ်။ ကျွန်တော် တို့ နှစ်ယောက် ဟာ ဘာဆိုတာ သူ့သူငယ်ချင်းတွေက သိနေသလို အထင် သေးဟန်လည်းမပေါ်။ ဟုတ်တယ်လေ ကျွန်တော် တို့ဟာ ချစ်သူတွေပဲ။


'ငါ့ အမေရယ်၊ ညီတွေရယ် လာနေတော့မယ် ဒီအခန်းမှာ၊ ဒါကြောင့်ငါတို့အတူလွတ်လွတ်လပ်လပ် နေလို့မဖြစ် တော့ဘူး'


'ငါ့ဘ၀မှာအမေကအရေးအကြီးဆုံးပဲ၊ အမေ့ကိုလုပ်ကျွေးခွင့် ရတာကိုလည်း ဂုဏ်ယူတယ်'


ရယ်ရယ်မောမောနှင့် အမြဲတစေဖော်ရွေသူ၊ဘယ်သူ့ကိုမေး မေးသူဟာ တော်တော်ခင်မင်ဖို့ကောင်းသူ တစ်ဦးပဲ ဖြစ်ပါသည်။ အော်......ကျွန်တော်ကြောက်လန့်မိခဲ့သည့်တွယ်ငြိရမှုသည် နောက်တစ်ခါပျက်ပြယ် ရပြန်တော့ မည်ဖြစ်သည်။


ဟင့်အင်....ငါချစ်တာမဟုတ်ဘူးလို့ငြင်းဆန်ရမည်ဆိုတော့ လည်း မဟုတ်ပြန်သေးပါ။ သူ့အရည်အချင်းကို အားက် သည် လား မဟုတ်သေးပါ။ ဘာကိုစွဲလမ်းမိသည် လည်း...အထိ အတွေ့လား မဟုတ်သေးပြန်ပါဘူး။


အချစ်ဆိုတာဘာလဲလို့ ဒီအချိန်မေးလာလျှင် အပေးအယူမျှတမှု လည်းမဟုတ်၊ ရယူမှုပိုင်ဆိုင်မှုလည်းမဟုတ် 'ပေးဆပ်မှု' သက် သက်သာဖြစ်နေရသည်ပဲလေ။ ဘာလဲ....ဘာလဲ.....ဘာလဲ ကျွန်တော့်အတွက် အခ်စ္ဆိုတာ.။


'အခ်စ္ဆိုတာ ငါ့ဘ၀မှာသေဆုံးသွားပြီ၊ မင်းကိုမှမဟုတ်ဘူး ငါ ဘယ်သူ့ကိုမှမချစ်တော့ဘူး၊ ဟုတ်တယ် အဲဒါအမှန် တရားပဲ'


'ငါတို့က လက်ထပ်လို့ရသလား၊ ငါဟာ မင်းအတွက် မိန်းမ မဖြစ်နိုင်သလို လင်ယောက်ျားအဖြစ်လည်း ဖြစ်မလာနိုင်ဘူး'


'တစ်ယောက်ယောက်ကို ပိုင်ဆိုင်ချင်နေတယ်ဆိုရင်မင်းအရူးပဲ၊ ငါတို့က သဘာ၀ကိုဆန့်ကျင်နေတဲ့အချစ် ဆိုတာ မင်း သတိ ထားဦးလေ'


ရွှေတိဂုံဘုရားကိုရောက်တိုင်း ရွှေသင်္ကန်းအတူကပ်ခဲ့တာ ကို သတိရမိသည်။ ပြည်သူ့ရင်ပြင်ကို တစ်ပတ် ပတ်လမ်း လျှောက် ခဲ့ကြသည်ကို တမ်းတသည်။ အထူးသဖြင့် သူ့ရဲ့ဖက်တွယ် တတ်သောလက်တစ်စုံနဲ့ ကိုယ်သင်းနံ့ကိုတွယ် တာမိသည်။


သဘာ၀မဟုတ္ဘူးတဲ့လား...ကျွန်တော်သည် သဘာ၀မက် တဲ့ဘ၀တစ်ခုကိုဖက်တွယ်ထားသည်ဟု ဘယ်တုန်းကမှ မယူ ဆမိသလို ဘယ်တုန်းကမှလည်း အားငယ်စိတ်၀င်ခဲ့သူ မဟုတ် ပြန်ပါ။ သဘာ၀ထဲက သဘာ၀လူသားတစ်ဦး အျဖစ္သာ ခံစား ချစ်ခင်နေထိုင်ခဲ့ သည်ပဲ။ ဒါပေမဲ့ လူ့လောကသည် တစ်ဦးတည်း နေထိုင်သည်မဟုတ်သလို စိတ္သ ဘောထားသည်လည်း တိုက်ဆိုင်သည်ဆိုတာ ထပ်တူမဖြစ်နိုင်ခဲ့ပြန်ပါ။


တို့တွေ သူငယ်ချင်းအဖြစ် ဆက်လက်ခင်မင်ကြတာဟာ အကောင်းဆုံးပါ။ အမုန်းနဲ့လမ်းခွဲခြင်းမျိုး မလိုလားဘူး။ ပြီး တော့ မင်းနဲ့ခွဲသွားဖို့ဆိုတာ မဖြစ်ပါဘူး ကိုယ့်အတွက်။ ဒီတော့ 'သူငယ်ချင်း'ဆိုတာလေးအဖြစ် ပတ်သက်ခွင့်ရ တာကိုပဲ ကျေနပ်ရမည်... ..ကျေနပ်ပါသည်။


ခေါင်းရင်းဘက် စံပယ်ခြုံက စံပယ်လေးတွေအရမ်းမွှေးသည် ပဲ.......ရွှေတိဂုံဘုရားက အင်္ဂါနံထောင့်မှာ ကိုယ်စံပယ် ပန်းလှူနေတယ်ကွာ သိလား....။


x              x              x


'မင်းနဲ့ဆုံဆည်းရတာ အစ်ကို့ဘ၀မှာ ကံကောင်းခြင်းပဲ၊ ဘယ်သူနဲ့မှမင်းမတူဘူးနော် '


'မင်းကိုပဲစွဲလမ်းသွားပြီကွာ'


'အစ်ကိုအကြံပေးလိုက်တဲ့အတိုင်း ကျွန်တော့်ညီကိုဆုံးမလိုက် တယ်၊ အစ်ကိုကကျွန်တော့်ဆရာကြီးပါပဲ၊ လေးစားချစ်ခင်သွား မိပြီဗျ'


'ညီနဲ့ခင်မင်ချင်လို့ပါ၊ ကိုယ်မြန်မာပြည်ပြန်လာရင် ကြိုမှာ လားကြ'


'ဘော်ဒါတွေပဲ ကြိုရမှာပေါ့ဗျာ'


'ဘော်ဒါထက်ပိုလို့မရဘူးလား နည်းနည်းဖြစ်ဖြစ်ပေါ့'


'အစ်ကိုကတော်တော်ချစ်ဖို့ကောင်းတယ်နော် အစ္ကိုသာ ကျွန်တော့်ချစ်သူအဖြစ်ရှိရင် ကျွန်တော့်အတွက် ကံအကောင်း ဆုံးဆိုတာဖြစ်လာမှာပဲ'


'သူက တခြားသူရဲ့ပိုင်ဆိုင်သူဖြစ်နေပြီလေ မင်းမချစ်သင့်ဘူး မကြိုက်သင့်တော့ဘူးကွ'


'ကိုယ်တို့တွေ့ဆုံကြတာ နောက်ကျသွားတယ်နော်'


'ဟုတ်တယ်'


'ညီမွာခ်စ္သူရွိလား၊ ချစ်သူမရှိဘူးဆိုရင် အစ်ကို့အချစ်ကိုလက်ခံ ပါလားကြာ ညီ့စာတွေဖတ် ညီ့အသံတွေမကြားရရင် မနေနိုင် တော့ဘူး၊ အပြင်မှာတကယ်ချစ်ချင် မိပြီကွ..ကိုယ်မြန်မာပြည် ပြန်လာတော့မယ်....'


'ဒီဇင်ဘာမှာ အစ်ကိုပြန်လာမယ်'


'ဒီဇင်ဘာမှာ ညီပြန်လာမယ်'


'ဒီဇင်ဘာမှာ .......'


လူပေါင်းများစွာ တွေ့ဆုံမှုပေါင်းများစွာ ခက်တော့လည်းခက်သည် လူဆိုတာ တစ်ယောက်တည်းမနေတတ်တဲ့သတ္တဝါဆိုတော့လေ။ သူတို့ပြောစကားသံတွေကြား၀ယ် ကျွန်တော်က နားထောင်သမားသက်သက်ဖြစ်ခဲ့သည် ပြန်လည်တုန့်ပြန်မှုက အေးစက်စက်ပေါ့။


'မင်းမှာ ရင်ခုန်သံတွေတော်တော်ပေါတာပဲနော်၊ပြီးတော့ ပျော် စရာကြီး ငါ့မှာချစ်သူတစ်ယောက်မှမရှိဘူး အထီးကျန် သလိုပဲ၊ မင်းကတော့ အထီးက်န္တယ္ဆိုတာ ဘာမှန်းသိမှာမဟုတ် ပါဘူး။'


အထီးက်န္ဆိုတာ တစ်ယောက်တည်းနေထိုင်ရမှုကိုဆိုလို သလား။ ကျွန်တော်...ကျွန်တော်ဟာ အမှန်တကယ်တော့ အထီးက်န္သူပါဗ်ာ။


အရင်နဲ့မတူ စိတ်ထဲကမပါပဲ ပြုံးရယ်တတ်ပါပြီ။ ချစ်ခင်နှစ်သက်မှုမပါဘဲ ရင်ခုန်ပြတတ်ပါပြီ။ သဘာ၀က်က် လှိုက်လှိုက်လှဲလှဲ ပေါင်း သင်းဆက်ဆံ တတ်ပါပြီ။


 ကြုံဆုံရတဲ့လောကကြီးကြောင့်ရော အတွေ့အကြုံအရပါ မိမိမဟုတ်သည့် မိမိဆိုသည့် သဏ္ဌာန််တစ်ခုကို ဖန်းဆင်း လိုက်ပါ၏။ ပျော်စရာကောင်းမှာပါနော်။


'ဟူး..'.လေရူးသုန်သုန်တိုက်ခတ်လာတဲ့ အေးစက်စက်လေတွေ ပြူတင်းပေါက်ကနေ တိုးေ၀့ှလာသလို ရင်ဘတ်ထဲက အသည်း တွေဟာ အေးခဲလာပြီ။ နှင်းမှုန်ေ၀တဲ့ဆောင်းညတွေဟာ ကျွန်တော့်အတွက် ပူလောင်မှုအပြည့်ပါပဲ။


စိုစွတ်သွားသည့်လက်ခုံပေါ်ကို ဖျောက်ကနဲကျသည့် ရေတစ်ပေါက်သည် နှင်းမိုးစက်မဟုတ်ခဲ့။ ကျွန်တော့်မျက်၀န်းမှ ကြွေ သည့် မျက်ရည်တစ်ပွင့်သာဖြစ်ခဲ့သည်။


ကျွန်တော်...ကျွန်တော်ဟာ......


ဘာကိုမှန်းမသိ လွမ်းဆွတ်နေသလို အထီး ကျန်နေသည်..အထီးကျန်ဆန်နေရသည်ပဲ အခန်းကျဉ်းလေး ထဲမွာ တစ်ကိုယ်ရည် ဆောင်းညတွေကိုဖြတ်သန်းရင်းပေါ့ ခင်ဗျာ..။


ဇာနည်

(4 December 2009)



Note: ကျွန်တော့်ရဲ့ တကယ့်အဖြစ်မှန် ဇာတ်လမ်းဖြစ်ပြီး ရင်တွင်းဖြစ်စာသားများလို့ဆိုနိုင်ပါတယ်။ အချစ်ဇာတ်လမ်းတွေကို ကျွန်တော် မရေးတတ်တော့ ကျွန်တော်ရေးတဲ့ ခံစားချက်စာစုလေးကို ခင်မင်ရင်းစွဲအနေနဲ့ အားပေးကြပါဦးလို့။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ပြန်လည် တင်ဆက်မိတာကိုတော့ ဆောရီးပါနော်။

No comments: