Monday, September 8, 2008

The Waiter

အရွယ်တော် တစ်ဆိတ်ဟိုင်းပြီထင်ပါရဲ့။အိုကေပါ......ဒီတိုင်းပြည်မှာ အသက်၄၀မှ ဘ၀စတာလို့ပြောကြာတာမို့လား။ ကျွန်မအသက်က အခုမှ ၄၀အစပဲရှိသေးဥစ္စာ။ ကောင်ငယ်ချောလေးတွေကြိုက်နိုင်မယ့် အနေအထားတွေပိုင်ဆိုင်နေပါသေးတယ်။ ဒီအသက်အရွယ်...လမ်းမှာ ယောက်ျားလေးတွေလည်ပြန်လှည့်ကြည့်ရလောက်အောင် စွမ်းဆောင်နိုင်ပါသေးတယ်လေ။ ဘ၀မှာ ရပ်တည်မှုအတွက်ပဲ အချိန်ရှိသရွေ့ ကြိုးစား ခဲ့တာ။ အခြေတကျနေထိုင်ဖို့၊ ၀င်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုပိုင်ဆိုင်ဖို့ အာရုံစိုက်နေရ တာနဲ့ သက်လတ်ပိုင်းရွယ်မှာမှ ပျော်ရွှင်မှုအတွက် အချိန်ပေးနိုင်တော့တယ်။ ကြည့်ကောင်းတဲ့ သက်လတ်ပိုင်းရွယ်လူတွေ ဒီနေရာမှာ အားသာချက်က အသက်အရွယ်လည်းတည်ငြိမ်ပြီ၊ငွေကြေးလည်း အသင့်အတင့်ရှိပြီဆိုတော့ ကိုယ်ပျော်သလို နေပိုင်ခွင့်ရနေပြီပေါ့။
အခုအစားအသောက်ကောင်းလေးတွေလည်းရ အစင်လေးတွေလည်း မကြာခဏတွေ့ရလေ့ရှိတဲ့ စားသောက်ဆိုင်ကိုလာစား နေတာ။ ဆယ်ကျော်သက်ရွယ်ကောင်လေးတွေကတော့ သူတို့အမေအရွယ်ဆိုတော့ အာရုံမလာဘူးထင်ပါရဲ့ ကျွန်မကိုဂရု မစိုက်ကြဘူး။ သူတို့မျက်လုံးတွေက ရွယ်တူကောင်မတွေဆီကိုပဲကြည့်ပြီး ဒီကိုကျော်ကျော်သွားတာ။


တစ်ယောက်ယောက်က ငါ့ကိုကြည့်နေသလားဆိုပြီး မျက်စိကစားကြည့်မိတော့ ၀ိတ်တာကောင် လေးတစ်ယောက် စိုက်ကြည့်နေတာများကြက်သီးတောင်ထတယ်။ ဒီဆိုင်ကို မကြာခဏရောက်သလို ဒီထောင့်မှာထိုင်နေကြ ဖြစ်ပေမဲ့ ဒီကောင်လေးကို မမြင်ဖူးပါဘူး။ အသစ်လေးဖြစ်မယ်....ဟီး..ဟီး။ ရှိလှမှ ၂၇ ၊ ၂၈နှစ်လောက်ပဲ။ စကားစမြည်ပြော နောက်ပြောင်နေရတာ ပျော်ဖို့တော့ အကောင်းသားသူနဲ့။ သူ့ကို ဘောနပ်ကောင်းကောင်းပေးအောင် လုပ်နေတာလား ဘာလားတော့မသိ လူကိုကပြီတီတီနဲ့။

"I get off at nine. Call me if you'd like to get together." တဲ့ ဘီလ်ရှင်းတော့ လိပ်စာကဒ်လေးကို မသိမသာထိုးပေးရင်းပြောတာ အံ့ရောပဲ။

" Excuse me?" နားလည်မှုလွဲသလားလို့။
ကောင်လေးမျက်နှာက ရှက်သွေးဖြန်းပြီးရဲ ကနဲဖြစ်သွားကာ သူ့ခြေထောက်ကိုသူငုံ့ကြည့်လိုက်ရင်း နောက်ကိုတစ်ချက်ကြည့်ကာ "I thought may be.... I don't know that we could hook up." လို့ပြောလာတယ်။ သူ့ကိုပြုံးကြည့်ရင်း "Hook up? You mean have sex." ပြောလိုက်တော့ ရှက်သွေးဖြန်းပြန်ပေါ့ သူ့မျက်နှာ။

"အစ်မ စိတ်မ၀င်စားဘူးပေါ့" ကောင်လေးက စိန်ခေါ်သလိုမေးတယ်။ သူ့ပုံစံကိုငြင်းမဲ့သူမရှိလောက်ဘူး ယုံကြည်ချက် နဲ့ပေါ့လေ။"အိုး...စိတ်ဝင်စားပါတယ်၊ မင်းဘာလုပ်ချင်လို့ပြောတယ်ဆိုတာ သေချာအောင်မေးရတာလေ ကောင်လေးရဲ့။" အင်း...စော်ကားတဲ့ပုံတော့မပေါက်ပါဘူးလေး sex လုပ်ဖို့ သူ proposing လုပ်ခဲ့တဲ့ပုံစံက။ " SO, I get off at nine, call me if you're interested." လို့ပြန်ပြောတော့ သူ့ကိုခေါင်းငြိမ့်ပြရင်း လိပ်စာကဒ်ကို လက်ပွေ့အိပ်ထဲထည့်လိုက်ပါတယ်။

တွေးစရာတွေတော့ ပေးနေပြီ။ တကယ်လား....ဘယ်လောက်တောင် ကျော်မကောင်း ကြား မကောင်းဖြစ်လာမယ့်အဖြစ် အပျက်လည်းဆိုတာတွေ။ ဒါပေမဲ့လည်း ဘယ်လောက်ကျေနပ်စရာကောင်းမယ်ဆိုတာ တွေးကြည့်စရာပဲ မဟုတ်လား။ သူဟာ ဘယ်လိုကြည်ြ့မင်ခဲ့သလည်း၊ ကျစ်လစ်တောင့်တင်းတဲ့ ကိုယ်ခန္ဓာရှိတဲ့ ကောင်ကလေး ကို တစ်ညတာ ရယူနိုင်မယ်တဲ့ ဘယ်လောက် အံ့အားသင့်ဖို့ကောင်းလဲ။

၉နာရီတော့ ထိုးတော့မယ်...လက်တစ်ဖက်က ဖုန်းကိုကိုင် ကျန်တစ်ဖက်က သူ့လိပ်စာကဒ်ကို ကိုင်ပြီးတော့ တွေဝေမိသပေါ့။ပတ်ဝန်းကျင်က ဘာတွေပြောမလည်း၊ သူကရော အထင်အမြင်သေးမှာလား၊ ဒီအဖြစ်အပျက်မျိုးက ရိုးနေပြီထင်ပါရဲ့လေ....။ ငါကသာအတွေးချောင်တာနေမှာ။ သူ့ရည်ရွယ်ချက်ကဘာလည်း မစဉ်းစားတော့ပါဘူး။ ခေါ်ဖို့ဆုံးဖြတ်ချက်နဲ့အတူ နံပါတ်တွေကိုနှိပ်လိုက်တော့ First ring မည်ပြီးမှာ သူကပြန်ထူးပါတယ်။

"Hey. It's me," အသံကိုပုံမှန်ဖြစ်အောင် ထိန်းလို့ပြောရင်းပေါ့။
"So, do u want to hook up?" သူက သွေးတိုးစမ်းတဲ့အနေနဲ့ ပြောတယ်။

ဘယ်လောက်တောင်ထူပူမိနေသလဲမသိ။ ကိုယ့်အသံတောင်ကိုယ်ဘေးက ပြန်ကြားမိသလိုခံစားရတယ်။
"ခင်ဗျား ဘယ်မှာနေတာလည်း"
"ဘာလည်း.....မင်းကိုမပြောပြချင်သေးဘူး...မင်းကို ကိုယ်မှ မသိသေးတာ။"

" ခင်ဗျား...ကျွန်တော်နဲ့ အတူအချိန်ဖြုန်းမယ်လို့တော့ ထင်ပါတယ်။" ခပ်ဖွဖွရယ်ရင်း ပြောတာများ လူကိုရှက်ရော။ ဒီညသူ့အခန်းကိုလည်းသွားလို့မကောင်းဘူး သူ့အခန်းဖောက်ရှိလို့တဲ့။ တက္ကသိုလ်နားကအဆောင်တွေက ဒီလိုပါပဲလေ။ မလွတ်မလပ်နဲ့ privacy သိပ်မကောင်းဘူး။

"အိုကေ...ကျွန်တော်တို့ဘယ်မှာတွေ့ကြမလည်း။"နည်းနည်းတော့တွေဝေသွားတယ် ဒီအမေးစကားကြားရတာ။
" နာရီဝက်လောက်ကိုယ့်ကို အချိန်ပေး။ မင်းကိုပြန်ခေါ်မယ်၊ ဘယ်နေရာမှာတွေ့မယ်ဆိုတာကိုလည်း ပြောမယ်...အိုကေလား"။
"အိုကေ" တဲ့သူက။

ထိန်းထားတဲ့စိတ်တွေ ဘယ်ရောက်ကုန်ပြီလည်း မသိတော့ပါဘူး။ အခုမှသိတဲ့ လူစိမ်းတစ်ယောက်အတွက် ၊ သူနဲ့ သီးသန့်တွေ့ဖို့ ဟိုတယ်မှာ အခန်းတစ်ခန်း ယူလိုက်မိပြီ။ အပြုံးတစ်ချက်က တော်တော်ဖမ်းစားနိုင်တာပဲ။ အိုး.....ဘယ်လောက် ပျော်စရာကောင်းလဲ။ အန္တရာယ် ၊ရူးသွပ်မှု ပြီးတော့ အပျော်ရောနေတဲ့ စိတ်လှုပ်ရှားဖွယ် အချိန်ပါပဲ။ ဒီလိုစိတ်လှုပ်ရှားဖွယ်ဖီးလ်မျိုးကို မခံစားရတာကြပါပြီ။
၂၅မိနစ်လောက်ကြာတော့ ဟိုတယ်အခန်းထဲမှာ ထိုင်ရင်း ကျွန်မရဲ့ကောင်ငယ် ၀ိတ်တာချောလေးရဲ့ ဖုန်းနံပါတ်ကိုခေါ်မိပြီပေါ့။ ရင်ခုန်သံတွေတထိတ်ထိတ်နဲ့။ " Room 225 at the Marriott." လို့သူ့ကိုပြောပြီး ဖုန်းကိုချ တီဗီကိုဖွင့် စိတ်ကိုလျော့ပေါ့။ ရင်ဆိုင်လိုက်တာပေါ့လေ စိတ်ရှုပ်ထွေးနေမဲ့အစား။ သူများတွေ ဒုက္ခကြုံပေမဲ့ ကိုယ်တော့ သုခရနိုင်မယ်ထင်ပါရဲ့လေ။

အသက်အရွယ်ရတဲ့လူတွေက ကိုယ့်ထက် အတော်အသက်ငယ်တဲ့ကောင်လေးတွေနဲ့ ဒိတ်တဲ့အခါတချို့က ငွေညှစ်ခံ ရသတဲ့။ အန္တရာယ်ပြုခံကြရသတဲ့...ကြားရတာတွေက ။ ကဲ...ပါလေလက်တွေ့ကျမှပဲ ရင်ဆိုင်ဖြေရှင်းလိုက်တာပေါ့။ ဒီကောင်လေးရည်ရွယ် ချက်က လုယက်ဖို့ဖြစ်နိုင်သလား၊ အဖိုးတန်ပစ္စည်းနဲ့ ပိုက်ဆံအိပ်တွေကို လုံခြုံတဲ့ အထဲထည့်ပြီးသော့ခတ်ထားပြီးပြီ။ သူ့ရည်ရွယ်ချက်က မဟားဒယားလုပ်ဖို့လား၊ ဟင့်အင်း....အဲဒါရူးသွပ်မှုပဲဖြစ်မှာ..။ ကျွန်မရဲ့စိတ်ဆန္ဒလိုလားချက်တွေကိုတော့ အိနြေ္ဒပျက်အောင်လုပ်လို့မရပါဘူး။ သတ်ဖို့များလား..Yeah ...ဘာပဲဖြစ်ဖြစ် ဘာအကြောင်းအရာတွေပဲဖြစ်ဖြစ် မမှတ်မိတော့ပါဘူး....ဟီး..ဟီး။ ၄၅မိနစ်လောက်ကြာတော့ ...တံခါးခေါက်သံ ကိုကြားလိုက်ရတယ်။ သူ့ရည်ရွယ်ချက်က ကျွန်မအရှက် ကိုခွဲဖို့မဖြစ် ပါစေနဲ့...လေ။

တံခါးမကြီးကိုဖွင့်လိုက်တော့ ဂျင်းဘောင်းဘီ၊တီရှပ် တစ်ထည်နဲ့ စတိုင်လ်ကျကျ ရပ်နေတဲ့ ကိုလူချောကိုမြင်လိုက်ရသား။ ချပ်ရပ်တင်းရင်း နေတဲ့တီရှပ်က တဆင့်မြင် ရတဲ့ ကြွက်သားအမြှောင်းအမြှောင်းတွေက သူ Gym မှာအချိန်တော်တော် သုံးလေ့ ရှိသူဆိုတာသိသာသလို လေဒီတွေရဲ့ ရင်ခုန်သံကိုမြန်စေမဲ့ အပြုံးပိုင်ရှင်လေး ဖြစ်တာ ကိုလည်း မျက်နှာနုနုပေါ်မှာ မြင်နေရပါတယ်။
"မင်းစိတ်ပြောင်းသွားပြီလို့ ကိုယ်ထင်နေတာ" အခန်းထဲပြန်ခြေလှမ်းချရင်းပြောတော့ စပ်ဖြဲဖြဲပြုံးရင်း "လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်ကတည်းကရောက်နေတာဗျ၊ တံခါးခေါက်ဖို့လန့်နေလို့"။ အိုး...ကောင်ကင်ကသာကြည့်ရင် နံရံအခြားတစ်ဖက်က ရင်ခုန်စွာစောင့်မျှော်နေသူနဲ့ အခြားတစ်ဖက်မှာ တံခါးကိုခေါက်ဖို့ပြင်နေတဲ့သူ နှစ်ယောက်ကို မြင်နိုင်ခဲ့မယ်ထင်ရဲ့။ သဘောကျစရာတော့အကောင်းသား။

"ကျွန်တော်အရင် ကဒီလိုမလုပ်ခဲ့ဖူးဘူးဗျ" သူကရှင်းပြသလိုနဲ့ အရှက်ပြေပြောတယ်။
"ဘာကို မလုပ်ဖူးခဲ့တာလည်းကွ"
"Picked up a customer from the restaurant"
"အိုး..ကိုယ်ထင်နေတာက Old lady တွေနဲ့မင်းမပတ်သက်ချင်ဘူးလို့ထင်နေတာ။" သူစိတ်ပျက်အောင်ပြောကြည့်လိုက်တာ။

"အသက်ကြီးတယ်၊ ခင်ဗျား ကျွန်တော့်ထက် အသက်အဲဒီလောက်မကြီးပါဘူးဗျ။"
"ပြောတတ်လိုက်တာ၊မင်းက ငါ့အသက်ကို ဘယ်လောက်ရှိပြီလို့ထင်လို့လည်း။ မဖြေပါနဲ့ဦး...မင်းအသက် ဘယ်လောက်ရှိပြီဆိုတာကိုရောပေါ့။ တော်ကြာ ငါလန့်သွားဦးမယ်...ဟား..ဟား။"
အပြုံးနုနုပြုံးပြရင်း ခြေလှမ်းတွေ တစ်လှမ်းခြင်းတိုးက ကိုယ်ခန္ဓာနှစ်ခုပူးကပ်သည် အထိနီးလာအောင် သူလုပ်တယ်။

"You are so beautiful."
"ကျွန်တော့်စားပွဲမှာထိုင်တာကိုမြင်ကတည်းက သတိထားမိတာ၊ ခင်ဗျားအသွင်အပြင် ကိုကြည့်တော့လည်း ခပ်တင်းတင်းဆိုတော့ ကြိုးစားကြည့်ရတာ ခန့်လန့်လန့်ပဲဗျ။" နူးညံ့စွာနမ်းရင်း တဖြည်းဖြည်းတိုးကပ်လာတယ်။

No comments: