Friday, April 5, 2024

''ဗုဒ္ဓဘာသာမှာ Gay တွေကို ခွဲခြားခြင်း၊ နှိမ်ချခြင်းမရှိဘူး၊ မလုပ်ရဘူး''

 ''ဗုဒ္ဓဘာသာမှာ Gay တွေကို ခွဲခြားခြင်း၊ နှိမ်ချခြင်းမရှိဘူး၊ မလုပ်ရဘူး'' လို့ အောက်စဖို့ဒ်ဆရာတော်က အောက်ပါအတိုင်းပြောကြားထားပါတယ်။




Gay or Heterosexual ? There is no Discrimination in Buddhism.

ဗုဒ္ဓဘာသာတွင် ခွဲခြားဆက်ဆံမှုမရှိပါ။ အမေးအဖြေ။


မေး။ ကျွန်တော်က ခရစ်ယာန်မိသားစုမှ မွေးဖွားလာသူတစ်ယောက်ပါ။ မကြာသေးခင် လအနည်းငယ်က ကျွန်တော်ဟာ ရတနာသုံးပါးအရိပ်ကို ခိုလှုံခွင့်ရခဲ့ပြီး ယခုနှစ် Vesak -ဗုဒ္ဓနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်တက်ရောက်ပြီး ပါ၀င်ဆင်နွဲခဲ့ပါတယ်။ ကျွန်တော်က ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပေမဲ့လည်း လာလှည့်ရှုလှည့်ပါဆိုတဲ့ လက်တွေ့ကျတဲ့ ဓမ္မကို တစ်နည်းမဟုတ် တစ်နည်းနဲ့ လေ့လာဆည်းပူးဖို့ ယုံကြည်မှုတွေရခဲ့ပါတယ်။ (ကျွန်တော့မိသားစုကတော့ ဒီဘာသာကို မယုံကြည်ဖို့တားမြစ်ခဲ့တာပေါ့)။ အဲဒီနောက်တော့ အံ့သြစရာကောင်းလောက်အောင် ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

ကျွန်တော် ရိုသေနှိမ့်ချစွာဖြင့် မေးခွန်းတစ်ခုမေးပါရစေ အရှင်ဘုရား၊ ကျွန်တော်ဟာ လိင်တူစိတ်ဝင်စားသူ (Gay)တစ်ယောက်ဖြစ်ပါတယ်။ ဘဝမှာ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်မှသူများအားလုံးကို နားလည်နိုင်အောင် ကျွန်တော် အမြဲအားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ ကိုယ့်ကိုယ်ကို သတိလက်လွတ် နေထိုင်တာမျိုးမလုပ်ခဲ့ပဲ ကိုယ့်ရဲ့အရည်အသွေးကို အကောင်းဆုံးဖြစ်အောင် နေထိုင်ဖြတ်သန်းခဲ့ပါတယ်၊ (Gay ဆိုတိုင်းလဲ ညစ်ညမ်းတဲ့အပြုအမူနဲ့ ကလေးသူငယ်ဆိုင်ရာ ကာမအကြမ်းဖက်မှုလုပ်နေသူချည်းမဟုတ်ကြပါ။) 

ကျွန်တော့်ရဲ့မေးခွန်းကတော့ ရတနာသုံးပါးအနေနဲ့ ကျွန်ေတော့လိုလူမျိုးကို ဗုဒ္ဓကို သက်ဝင်ယုံကြည်တဲ့ ဘာသာတရားကိုင်းရှိုင်းသော ဗုဒ္ဓဘာသာကောင်းတစ်ယောက်အနေနဲ့ လက်ခံနိုင်ပ့ါမလားဆိုတာ ဖြေပေးပါဘုရား။ (ပီတာ၊ ၁၉၉၉ ဇန် ၁၃)


Question: I am from a Christian background and recently celebrated my first Vesak/ Visakha (Buddha Day) this year after taking the Triple Refuge on my own a few months before the Vesak Day. I have to say that the Buddha Dharma has somehow always found a way to come to me though I was a Christian, and finally I took the courage to study it; ( my family forbids me to embrace this faith) and I became so wonderfully peaceful and that I was made whole again. 


I have a question which I ask in all humility before the Venerable: I am a gay person and have always strived for an understanding of myself and others and tried to live according to

the best of my ability without involving myself in unmindfulness (as not all gays are perverts or paedophiles). My question is: can the Triple Gem accept me as a faithful follower? (Peter: 13 June 1999)


ဖြေ။ ဗုဒ္ဓဘာသာ၏ အဓိက သင်ကြားမှုမှာ သစ္စာလေးပါး အမြတ်တရားဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့ခံယူလိုက်ပြီဆိုတာနဲ့ ရှာဖွေရမဲ့ အမှန်တရား ၄ပါးရယ်၊ ထိုသစ္စာလေးပါးကို ဖော်ဆောင်တဲ့ လမ်းကြောင်း မဂ္ဂင်ရှစ်ပါးက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်ပါတယ်။ အလယ်အလတ်လမ်းစဉ်လို့လဲ သိပြီးကြတဲ့ မဂ္ဂင်ရှစ်ပါးဟာ လိုက်နာကျင့်ကြံရမဲ့ လမ်း ၈ ခု ရှိပါတယ်။ မှန်ကန်စွာ နားလည်ခြင်း၊ မှန်ကန်စွာ တွေးခေါ်ခြင်း၊ မှန်ကန်သောပြောဆိုမှု၊ မှန်ကန်စွာ ပြုမှုခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ အောက်မေ့ခြင်း (သတိ) နှင့်မှန်ကန်စွာ တည်ကြည်ခြင်း (သမာဓိ)တို့ ဖြစ်ပါတယ်။ ဒီလမ်း ၈သွယ်မှာပါတဲ့ တစ်ခုချင်းစီကို သေသေချာချာခွဲခြမ်းစိတ်ဖြာကာ နားလည်မယ်ဆိုရင် ဒီမှာမင်း တွေ့နိုင်တာက ဘဝနေထိုင်မှုပုံစံကွဲပြားခြားနားတာတွေ၊ လိင်ခွဲခြားဆက်ဆံမှုတွေ၊ အသားအရောင် ကွဲပြားတာတွေ၊ နိုင်ငံနဲ့ လူမျိုး၊ ယဉ်ကျေးမှု၊ ပညာရေးအဆင့်အတန်းမတူတာတွေ ဒါတွေအားလုံး ခွဲခြားဆက်ဆံတာ မပါဘူးမဟုတ်လား။


 ဗုဒ္ဓရဲ့တရားတော်က လူပုဂ္ဂိုလ်နဲ့သူတို့ရဲ့ ဘဝနောက်ကြောင်းတွေ ပြောနေတာထက်စာရင် လူတိုင်းရဲ့ ဘဝမှာ ပင်ကိုယ်စရိုက်မှာပါလာခဲ့တဲ့ ဒုက္ခဆိုတဲ့ ပြဿနာကြီးနဲ့ ထိုဒုက္ခမှ ငြိမ်းရာငြိမ်းကြောင်း လွတ်ရာလွတ်ကြောင်း မဂ္ဂင်ရှစ်ပါး လမ်းကြောင်းမှန်ကိုသာ ညွှန်ပြသင်ကြားပါတယ်။ အချုပ်ပြောရရင် ဗုဒ္ဓဘာသာကောင်းတစ်ဦး ဖြစ်ဖို့ရန် အတားအဆီးမရှိပါ။ ဗုဒ္ဓ၏ တရားတော်ဟာ ပုဂ္ဂိုလ်ရေးမပါတဲ့ လွပ်လပ်သော သင်ကြားမှုသာဖြစ်ပါတယ်။ ဆရာတော်တို့ဘက်ကလည်း ပုဂ္ဂိုလ်ရေးမပါဘဲ ကိုးကွယ်ယုံကြည်ရမှာဖြစ်ပါတယ်။ မှန်ကန်စွာ လိုက်နာကျင့်သုံးမယ်ဆိုရင် မည်သူမဆို ကောင်းကျိုးလက်တွေ့ရမှာဖြစ်ပါတယ်။ နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာကျော်ခဲ့ပြီးပြီ၊ တွယ်တာမှုကင်းစွာဖြင့် ပိုစွန့်နိုင်သူတွေဟာ သံသရာမှာ မွေးရာပါဘဝရဲ့ ပြဿနာတွေကို ဒီနည်းနဲ့ ဖြေရှင်းနိုင်ခဲ့ပြီဆိုတာ သက်သေပြလို့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုတွေနဲ့ ၀ိသေသလက္ခဏာအဖြစ်ခွဲခြားကြပြီး၊ လိင်တူစိတ်ဝင်စားသူ၊ လိင်ကွဲစိတ်ဝင်စားသူ စသဖြင့် လူတွေကိုခွဲခြား သတ်မှတ်မှုများက နက်နက်ရှိုင်းရှိုင်းအသားကျနေတဲ့ စွဲလမ်းမှု သညာတစ်ခုသာ ဖြစ်တဲ့အတွက် မိမိကိုယ်တိုင်က ဒီအမြင်ကို စွန့်ခွါကြရမှာဖြစ်ပါတယ်။ 


Answer: The main teaching in Buddhism is the Four Noble Truths, the fourth factor of which is the path that we who consider ourselves as Buddhists have to follow; this path is called the Noble Eightfold Path because it is the path that is made of eight factors. The Eightfold Path is also known as the Middle Path. The eight factors are: right understanding, right thinking, right speech, right action, right livelihood, right effort, right mindfulness and right concentration. If you examine these eight constituents of the Path, you will see that it bears no discrimination between people of different life styles, sexual orientation, colour, nationality, social and education status. It talks

not about person or their background. Rather, the Path teaches us as individuals to understand life's inherent problem (dukkha) and the way to overcome it. In brief, there isn’t a chosen block. The Dhamma is an impersonal teaching. We should follow it in an impersonal way. Anybody can benefit from it, if practised correctly. Having said that, it has been proven over two and half

millennia that people who can let go more have more chance in overcoming life's inherent problems. One of those deep-rooted attachments that we have to let go is the perception of oneself which includes identifying oneself strongly either as a gay or heterosexual, an identity based of sexual orientation. (15 June 1999)

 အောက်စဖို့ဒ်ဆရာတော်ရေးသားသော "Your Queries and some Dhamma Answers on Life and Buddhism" စာအုပ် စာမျက်နှာ (၁၀-၁၁) မှ ကောက်နှုတ်တင်ပြပါသည်။


-------------------------------------


ဗုဒ္ဓ ဟောသွားခဲ့တဲ့ LGBT အကြောင်း  

=====================+======


ယောင်္ကျားချင်းချစ်ကြိုက်တဲ့သူ 

မိန်းမချင်းချစ်ကြိုက်တဲ့သူတွေဟာ ကမ္ဘာဦးကာလ လူ့အသက်တမ်းငါးရာရှည် စဉ်တုန်းက စတင်ပေါ်ပေါက်ခဲ့တယ်လို့ ဘုရားရှင်က ပါထိက၀ဂ္ဂပါဠိတော် အဂ္ဂညသုတ်မှာ ဟောကြားခဲ့ပါတယ်။ 


ကမ္ဘာဦးကထဲက ရှိလာခဲ့တဲ့အရာကို အခုချိန်ထိ လက်မခံနိုင်သေးတာဟာ လူအတ္တကြောင့်ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ တချို့သောအရာကမဖြစ်မနေကို လက်ခံပေးရမှာပါ။  ဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။


၁။ ကာမေသုမိစ္ဆာရကံ အားကြီးသောသူ၌ မလိုမုန်းထားသူ ပေါများခြင်း 

၂။ မုန်းရုံမက ရန်သူလည်းများခြင်း

၃။ လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း။

၄ ။ ချမ်းသာမှကင်းဆိတ်ခြင်း။ 

၅။ မိန်းမဖြစ်ရခြင်း။ 

၆။ မိန်းမမဟုတ် ယောကျာင်္းမဟုတ် 

ပဏ္ဍုတ်ဖြစ်ရခြင်း။ 

၇။ ယောကျာ်းဖြစ်လျှင်လည်း 

အမျိုးယုတ်၌ဖြစ်ရခြင်း  ။

၈ ။ မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း။

၉ ။ အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ ပျက်ယွင်း

သွေချို့သေးသိမ်ခြင်း။

၁၀။ စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း။ 

၁၁ ။ ချစ်သူနှင့် ကွေကွင်းရခြင်း  ဆိုတဲ့ 

ဆိုးကျိုးတွေကို ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများဟာ ၀ဋ်အနေနဲ့ ခံစားရတယ်လို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်။ 


ဒီဟောကြားချက်ကြောင့် မိန်းမဖြစ်သူတိုင်း 

Gay ဖြစ်နေသူတိုင်းဟာ ကာမေသုမိစ္ဆာရကံ

ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ တစ်ထစ်ချထင်မှတ်နေကြကာ ယုတ်ညံ့သူများအဖြစ် သတ်မှတ်ထားကြပါတယ်။ 


တကယ်တော့ ဘုရားရှင်က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြများ ဒီအကျိုးဆက်တွေကို ၀ဋ်အနေနဲ့ ခံစားရတတ်တယ်လို့သာ ဟောကြားလိုရင်းဖြစ်ပါတယ်။


မိန်းမဖြစ်နေသူတိုင်း Gayဖြစ်နေသူတိုင်းဟာ 

ကာမေသုမိစ္ဆာစာရကံကြောင့်သာ ဖြစ်နေကြရတယ်လို့ ဟောကြားလိုရင်း မဟုတ်ပါဘူး ။ 

အကြင်မိန်းမသည် မိမိ၏ မိန်းမဣန္ဒြေ၊မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန်၊ မိန်းမဆန္ဒ၊ မိန်းမအသံ၊ မိန်းမဣန္ဒြေ အ၀တ်တန်ဆာတို့ကို နှလုံးသွင်း၏။ ထိုစသည်တို့၌ တပ်မက်မွေ့လျော်၏။ ယောင်္ကျား၏ ယောင်္ကျား ဣန္ဒြေတို့၌လည်း တပ်မက်မွေ့လျော်၏။ယောင်္ကျားနှင့် ပေါင်းဖော်ရန်အလိုရှိ၏။ 


ထိုမိန်းမသည် မိန်းမအဖြစ် (မိန်းမဘ၀) ကို

မလွန်မြောက်သေး။ အကြင်မိန်းမသည်ကား 

မိမိ၏ မိန်းမဣန္ဒြေစသည်တို့ကို နှလုံးမသွင်း၊ 

မိန်းမဣန္ဒြေစသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ၊ ယောင်္ကျား၏ ယောင်္ကျားဣန္ဒြေစသည်တို့ကိုလည်း 

နှလုံးမသွင်း တပ်မက်နှစ်သက်ခြင်း မရှိယောင်္ကျားနှင့်ပေါင်းဖော်ရန်လည်း အလိုမရှိ၊ ထိုမိန်းမသည်ကား

မိန်းမအဖြစ်ကို လွန်မြောက်၏။ 

(မိန်းမဘ၀မှ ယောင်္ကျားဘ၀သို့ ပြန်လည်ရရှိ၏) 


အကြင်ယောင်္ကျားသည် မိမိ၏ ယောင်္ကျားဣန္ဒြေ

ယောင်္ကျားအမူအရာ စသည်တို့ကို နှလုံးသွင်း၏။ ထိုယောင်္ကျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်၏။ 

ထိုမိန်းမဣန္ဒြေစသည်တို့ကိုလည်း တပ်မက်မွေ့လျော်၏ 

မိန်းမနှင့်ပေါင်းဖော်ရန်လည်း အလိုရှိ၏။ 

ထိုယောင်္ကျားသည်ယောင်္ကျားအဖြစ်ကို မလွန်မြောက်ချေ ။


အကြင်‌ ယောင်္ကျားသည် မိမိ၏ ယောင်္ကျားဣန္ဒြေ စသည်တို့ကို နှလုံးမသွင်း၊ အကြင်ယောင်္ကျားသည် မိမိ၏ ယောင်္ကျားဣန္ဒြေ စသည်တို့၌ တပ်မက်မွေ့လျော်ခြင်းမရှိ ။ ထိုမိန်းမဣန္ဒြေ စသည်တို့ကိုလည်း နှလုံးမသွင်း၊ ထိုမိန်းမဣန္ဒြေ စသည်တို့၌လည်း တက်မက်မွေ့လျော်ခြင်းမရှိ ။ 

မိန်းမနှင့် ပေါင်းဖော်ရန်လည်း အလိုမရှိ။ ထိုယောင်္ကျားသည်ကား ယောကျာ်းအဖြစ်ကို လွန်မြောက်၏ လို့ အင်္ဂုတ္ထိုရ်ပါဠိတော် သံယောဂသုတ်တော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ 

(နောင်ဘ၀ ယောကျာ်းမဖြစ်တော့ပဲ 

သူ့နှစ်သက်ရာ မိန်းမ Gayစသည်

ဖြစ်သွား၏-ဟူလို ) 


ဒီဟောကြားချက်နှစ်ခုကို နှိုင်းယှဉ်သုံးသပ်ကြည့်လိုက်ရင် မိန်းမတိုင်းဟာ Gayတိုင်းဟာ ကာမေသုကံကြောင့် ဖြစ်နေရတာ မဟုတ်ပါဘူး။ အချို့က ကာမေသုကံကြောင့် အချို့က မိန်းမဖြစ်ရတာကို Gay ဖြစ်ရတာကို ကြိုက်နှစ်သက်တပ်မက်တဲ့ စိတ်ဆန္ဒကြောင့် မိန်းမဖြစ်နေရတယ် Gay ဖြစ်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ ယသော်ဓရာဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး မိန်းမချည်းပဲဖြစ်ခဲ့ရတာ ကာမေသုမိစ္ဆာစာရကံကြောင့် မဟုတ်ပါဘူး။ 


ဘုရားအလောင်းကို ချစ်တဲ့ အချစ်စိတ်ကြောင့် 

မိန်းမဖြစ်ရတာပါ။ ဘုရားအလောင်းတော်ဟာ လေးအသေင်္ချနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံး ယောင်္ကျားပဲဖြစ်တော့မှာပါ။ ဒီတော့ ဘုရားအလောင်းတော်ကို ချစ်မိသွားပြီး ဘ၀ဆက်တိုင်း ဘုရားအလောင်းတော်နဲ့အတူ လက်တွဲနေထိုင်လိုတဲ့ ယသော်ဓရာအဖို့ မိန်းမဘ၀တစ်ပါး ရွေးချယ်စရာနည်းလမ်းမရှိတော့ပါဘူး။


Gayတွေလည်း ဒီသဘောတရားအတိုင်းပဲဖြစ်နိုင်ပါတယ်။ 

မယ်တော်မာယာ မိထွေးတော်ဂေါတမီ 

ယသော်ဓရာ ခေမာထေရီ ဥပ္ပလ၀ဏ်ထေရီ ဓမ္မဒိန္နာထေရီ ဝိသာခါစတဲ့ အကျော်အမော် ပညာရှိသူတော်ကောင်းအမျိုးသမီးကြီးများဟာယောင်္ကျားဖြစ်ခဲ့တယ်လို့ ကျမ်းဂန်များ မတွေ့ရှိရပါဘူး။ သူတို့လို ပညာရှိသူတော်ကောင်း အမျိုးသမီးကြီးတွေ 

မိန်းမဘ၀ချည်းပဲဖြစ်နေကြတာ ကာမေသုကံကြောင့် မိန်းမဖြစ်နေကြရတာမဟုတ်ပဲ မိန်းမဘ၀ကို သူတို့ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ မိန်းမဖြစ်နေကြရတယ်ဆိုတာ ထင်ရှားပါတယ် ။ 


ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gayဖြစ်တယ်ဆိုပါစို့။ သူဟာ အထက်မှာ ဘုရားရှင်ဟောခဲ့သလို မိန်းမဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူး။ Gay ဖြစ်ရတာကို မကြိုက်ဘူး မနှစ်သက်ဘူးဆိုရင် ကာမေသုကံအကျိုးဆက်ကုန်တာနဲ့ သူအလိုရှိတဲ့ ဘ၀ကို ပြန်ရရှိမှာဖြစ်ပါတယ်။ 


ဒီလိုမဟုတ်ပဲ မိန်းမဖြစ်ရတာကြိုက်တယ် 

နှစ်သက်တယ်။ Gayဖြစ်ရတာ ကြိုက်တယ်

နှစ်သက်တယ်ဆိုရင်တော့ ကာမေသုကံရဲ့ 

အကျိုးဆက်ကုန်သွားပေမယ့်လည်း 

သူ့စိတ်ဆန္ဒအရ သူ့ကြိုက်နှစ်သက်ရာ ဘ၀ကို ဆက်ဖြစ်နေဦးမယ်ဆိုတဲ့ သေဘာပါပဲ။


 `` သတ္တာ နာမ ဝဋ္ဋေ ဝိစရန္တာ နိစ္စကာလံ 

အပ္ပမတ္တော ဟုတြာ ပုညကမ္မမေ၀ န 

ကရောန္တိ, ပမာဒိနော ဟုတြာ 

ပါပကမ္မမ္ပိ ကရောန္တိ 


`` သံသရာ၀ဋ်၌ ကျင်လည်ကျက်စားနေကြ

ကုန်သော သတ္တဝါတို့သည် အမြဲတစေ

မမေ့မလျော့သော သတိတရားဖြင့် 

ကောင်းမှုချည်းပဲ ပြုလုပ်နေကြကုန်သည်မဟုတ်။ တစ်ရံတစ်ခါမေ့လျော့သည်ဖြစ်၍ မကောင်းမှုကိုလည်းပြုမိတတ်ကြကုန်၏ ။


လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ အတိုင်း အရှင်အာနန္ဒာမထေရ်အလောင်းလျာဟာလည်း တစ်ခုသော ရွှေကုန်သည် သူဌေးသားဖြစ်စဉ်မှာ ကာမေသုမိစ္ဆာရကံအမှုကိုပက်ပက်စက်စက် ကျူးလွန်ပြုကျင့်ခဲ့ပါတယ်။ 


အဲဒီကျူးလွန်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ငရဲရောက်ပါတယ်။ ငရဲလွတ်တော့ ဆိတ် နွားမျောက်ဖြစ်ပြီး ဝှေ့စေ့ထုတ်ခံရ ၊သင်းကွပ်ရစတဲ့အကျိုးဆက်ကို ခံစားရတယ်။

ပြီးတော့ Gay ဖြစ်ပြန်တယ် ။ ပြီးတော့ သိကြားမင်းရဲ့ မိဖုရားငါးဘ၀ဆက်ဖြစ်တယ်။ပြီးတော့ နတ်သားတစ်ယောက်ရဲ့ မိဖုရားဖြစ်ပြန်တယ်။ ပြီးတော့ အင်္ဂတိမင်းကြီးရဲ့သမီးတော် ရုစာမင်းသမီးဖြစ်ပြန်တယ်။ 

ရုစာမင်းသမီးဘဝပီးတော့ ယောင်္ကျားပြန်ဖြစ်တယ်။


အရှင်အာနန္ဒာအလောင်းလျာဟာကာမေသုကံကြောင့် မိန်းမဖြစ်တယ် Gay ဖြစ်တယ်။ ဒါပေမယ့် အဲဒီဘဝတွေကို သူမသာယာ မနှစ်သက်ဘူး။ ဒါကြောင့် ကံရဲ့အကျိုးဆက်ကုန်တာနဲ့ ယောင်္ကျားပြန်ဖြစ်တယ်။


အကယ်၍ အဲဒီဘဝတွေကို နှစ်သက်တပ်မက်သွားမယ်ဆိုရင် သူဟာ ကာမေသုကံရဲ့ အကျိုးဆက်ကုန်သော် လည်း သူ့နှစ်သက်တဲ့ အဲဒီဘဝတွေကို သူ့စိတ်ဆန္ဒအရ ဆက်ဖြစ်နေဦးမှာပါပဲ။ တကယ်တော့ ကာမေသုကံဆိုတာ မိန်းမဖြစ်ရခြင်း Gayဖြစ်ရခြင်း အကြောင်းရင်းများစွာထဲက တစ်ခုသာဖြစ်တယ်။ 


မိန်းမတိုင်း Gayတိုင်းဟာ ကာမေသုကံကြောင့်ချည်း ဖြစ်နေရတာမဟုတ်ပါဘူး။ 


နောက်ပြီးတော့ ဘ၀သံသရာခရီးရှည်ကြီးကို လျှောက်လှမ်းနေစဉ်မှာ လိင်မပြန်တော့တဲ့သူဆိုလို့ သေချာပေါက် သဗ္ဗညုဘုရားဖြစ်လိမ့်မယ်လို့ သက်တော်ထင်ရှား သဗ္ဗညုဘုရားရှင်ဆီကနေ နိယတဗျာဒိတ်တော်ရပြီးထားတဲ့ ဘုရားအလောင်းတော်များကလွဲရင် သတ္တဝါတိုင်းဟာ လိင်ပြန်နိုင်ပါသေးတယ်။ 


ဒါကြောင့် လက်ရှိပစ္စက္ခအခြေအနေလေးကိုပဲကြည့်ပြီး ငါယောကျာ်းပဲဆိုပြီး လိင်အပေါ်မှာ အမှီပြုပြီး မာန်တက်နေစရာမလိုပါဘူး။ 


ဒီဘဝယောကျာ်း နောက်ဘ၀ မိန်းမ Gay ဖြစ်သွားနိုင်ပါတယ် ။ ဘုရားရှင်ကလည်း Gayတွေကို ကိုယ့်ကိလေသာကိုယ်ထိန်းနိုင်တဲ့ Gayဆိုရင်ရဟန်း၀တ်ခွင့်ပြုခဲ့ပါတယ်။ 


ဒါဟာ Gay တွေကို ဘုရားရှင်ကိုယ်တော်တိုင်ကနားလည်လက်ခံပြီး အသိအမှတ်ပြုတဲ့သဘော၊ လူတစ်ယောက်အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုပေးတဲ့သဘောဖြစ်ပါတယ်။ သိမ်ထဲမှာ ``သင်ဟာ ယောင်္ကျားစင်စစ်ဧကန်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းကြောင့် အချို့က Gayတွေကို လုံး၀ ရဟန်းပြုခွင့်မရှိလို့ ထင်မှတ်နေတတ်ကြတယ်။ ဒါနဲ့ပတ်သက်လို့ 

၀ိနယပိဋက မဟာဝါပါဠိတော်ကနေ ထုတ်နှုတ်ပြီး ရှင်းပြလိုပါတယ်။ 


ဘုရားရှင်လက်တော်က ပဏ္ဍုတ်တစ်ယောက်ဟာရဟန်းပြုတယ်။ ရဟန်းပြုပြီး သူရာဂစိတ္ကို 

သူမထိန်းနိုင်တော့ ညအခါမှာရဟန်းငယ်တွေဆီသွားပြီး သူ့ကို လိင်မှုကိစ္စပြုလုပ် ပေးဖို့ တောင်းဆိုတယ်။ 

ရဟန်းငယ်တွေက နှင်ထုတ်လိုက်တယ်။ 

ဒီတော့ ကိုရင်ကြီးတွေဆီသွားပြီး တောင်းဆိုပြန်တယ်။ ကိုရင်ကြီးတွေကလည်း မလိုက်လျောဘူး။ ဒါနဲ့သူဟာ ကြံရာမရတဲ့အဆုံး မြင်းထိန်းတွေဆီသွားပြီး တောင်းဆိုတယ်။ မြင်းထိန်းတွေက သူ့ဆန္ဒဖြည့်ဆည်းပေးလိုက်တယ်။ မြင်းထိန်းတွေဟာ နောက်နေ့ကြတော့ ဘုရားသား ရဟန်းသာမဏေဆိုသူတွေဟာ ယောကျာ်းမဟုတ်ကြဘူး အခြောက်တွေပဲဆိုပြီး ကဲ့ရဲ့ကြတယ်။ ဒါကြောင့် ဘုရားရှင်က Gay တွေကို ရဟန်းခံမပေးနဲ့လို့ တားမြစ်ခဲ့တာဖြစ်တယ်။


ပြီးတော့ ရဟန်းခံခါနီးမှာ ယောကျာ်းစင်စစ်

ဧကန်ဖြစ်ရဲ့လားလို့လည်း မေးခိုင်းခဲ့တာဖြစ်တယ်။ ပဏ္ဍုတ်ငါးမျိုးရှိတယ်။ ဘုရားရှင်ရဲ့ တားမြစ်ချက်ဟာ ငါးမျိုးလုံးကို တားမြစ်ခဲ့တာမဟုတ်ဘူး။ 


၁။ အာသိတ္ထပဏ္ဍုတ်=သူတစ်ပါးရဲ့ 

အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် သုတ်သွေးအား 

စုတ်ယူရမှ ကိလောသာပူပန်မှု 

ငြိမ်းအေးသောသူ။ 


၂။ ဥဿုယပဏ္ဍုတ်=သူတစ်ပါး မှီဝဲပေါင်းဖော်

နေတာကို ချောင်းမြောင်းကြည့်ရမှ 

ကိလေသာပူပန်းမှု ငြိမ်းအေးသောသူ။ 


၃။ သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို 

သင်းကွပ်ထုတ်ပစ်ထားသောသူ။ 


၄။ ပက္ခပဏ္ဍုတ်=အကုသိုလ် ဝိပါက်အာနုဘော်

ကြောင့် လဆုတ်ပက္ခမှာ ကိလေသာထ

ကြွသောင်းကျန်း၍ လဆန်းပက္ခမှာ 

ငြိမ်းအေးတဲ့သူ။ လဆန်းပက္ခမှာ 

ကိလေသာထကြွသောင်းကျန်း၍ 

လဆုတ်ပက္ခမှာ ငြိမ်းအေးသူ။ 


၅။ နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် 

ယောင်္ကျားအင်္ဂါဇာတ် နှစ်ပါးလုံး 

ထင်ထင်ရှားရှား မပါသောသူ။ လို့ 

ပဏ္ဍုတ်ငါးမျိုးရှိတယ်။ 


ဒီငါးမျိုးမှာ နံပါတ်တစ်နှစ်ဖြစ်တဲ့ အာသိတ္ထပဏ္ဍုတ်နဲ့ ဥဿုယပဏ္ဍုတ်ကို ရဟန်းပြုပေးကောင်းတယ်။.

ရဟန်း၀တ်လိုက ၀တ်နိုင်တယ်။ နံပါတ်သုံးငါးဖြစ်တဲ့ သြပက္ကမိကပဏ္ဍုတ်နဲ့ နပုံသကပဏ္ဍုတ်က 

လုံး၀ရဟန်းမ၀တ်ကောင်းဘူး။ ရဟန်းလဲ ပြုမပေးကောင်းဘူး။ အကယ်၍ မသိလို့ ရဟန်းပြုပေးမိခဲ့တယ်ဆိုရင်တောင် သိတဲ့အချိန်မှာ ချက်ခြင်းပဲ လူထွက်စေရမယ်။ 


နံပါတ်သုံးဖြစ်တဲ့ ပက္ခပဏ္ဍုတ်ကတော့ သူကိလေသာငြိမ်အေးတဲ့ ပက္ခမှာရဟန်းပြုပေးကောင်းတယ်။ ၀တ်ကောင်းတယ်။ရဟန်းမပြုကောင်းတဲ့ ပဏ္ဍုတ်နှစ်မျိုးကတော့ 

ရဟန်းမှမဟုတ်ဘူး ကိုရင်ခေါ်သာမဏေလဲ မပြုကောင်းဘူး။ ပဏ္ဍုတ်တွေကို ဘာလို့ ရဟန်းမပြုစေတာလဲဆိုတော့ ကိလေသာကို မထိန်းသိမ်းနိုင်လို့ဖြစ်တယ်။ကိလေသာကို ထိန်းနိုင်ရင် ရဟန်း၀တ်နိုင်ပါတယ်။


ယောကျာ်းစင်စစ်ဧကန်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းက သြပက္ကမိကပဏ္ဍုတ်=ဝှေးစေ့ကို သင်းကွပ်ထုတ်ပစ်ထားသောသူနဲ့ နပုံသကပဏ္ဍုတ်=မိန်းမအင်္ဂါဇာတ် ယောင်္ကျားအင်္ဂါဇာတ် နှစ်ပါးလုံး ထင်ထင်ရှားရှား မပါသောသူနှစ်ဦးကိုသာ ရည်ရွယ်ပြီးမေးရင်းဖြစ်တယ်။ 


တကယ်တော့ ဗုဒ္ဓဘာသာအလိုအရယောင်္ကျားဖြစ်နေသူတိုင်းဟာ မမြင့်မြတ်သလိုမိန်းမဖြစ်နေသူတိုင်း လိင်ပြန်နေသူတိုင်းဟာလည်း ယုတ်ညံ့သူများ မဟုတ်ကြပါဘူး။


မြင့်မြတ်ခြင်း ယုတ်ညံ့ခြင်းဟာ လိင်နဲ့အသွင်သဏ္ဍာန်နဲ့ မဆိုင်ပါဘူး။အပြုအမူအပြောအဆိုစိတ်နေသဘောထားနဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့် ယောင်္ကျားချင်းချစ်ကြိုက်နေသူ မိန်းမချင်းချစ်ကြိုက်နေသူတိုင်းဟာ 

ယုတ်ညံ့သူတွေလို့ထင်နေရင် အဲဒီထင်မြင်မှုဟာ မှားယွင်းသော ထင်မြင်မှုသက်သက်သာဖြစ်ပါတယ်။ 


***Amazing Burma - The Golden Land စာမျက်နှာမှကူးယူဖော်ပြသည်။

No comments: