Thursday, November 20, 2008

Growing up Gay! (part II)

But I’m getting ahead of myself here. ကျွန်တော့် ငယ်ဘ၀ကို ခဏလေးသွားနေမိတာ။ ကျွန်တော့်မှာ အမြွှာညီတစ်ယောက် ရှိပါတယ်။သူနဲ့တော့ ရုပ်ရည်၊အသံ အားလုံးတူ ပေမဲ့ စရိုက် အနေအထိုင်ကတော့ကွဲပါတယ်။ ကျွန်တော် ကဗျာတွေရေးတယ်၊ ကျောင်းက ပြဇာတ်တွေ အတွက် ပြဇာတ် ဇာတ်ညွှန်းတွေ ကို မိန်းကလေးသူငယ်ချင်း ရိုစီနဲ့ တိုင်ပင်ပြီးထုတ်လုပ် ရေးသားတယ်။ ပြီးတော့ ကိုယ့်အခန်းထဲမှာ ကိုယ့် concert အတွက် piano တီးလုံးတွေကို နားထောင်နေတဲ့အချိန်မှာ ကျွန်တော့်ညီ စတိဗ်ကတော့ သူ့အပေါင်းအသင်းတွေကို ရိုးရာသိုင်း ကစားကွက်တွေ၊ ဓားခုတ်နည်းတွေကို သင်ပေးနေကြ။ အပြင်ထွက်ဖို့ မှန်ရှေ့မှာတစ်နာရီ လောက်ကြာရသတဲ့....ကြားဖူးကြလား...ဟား..ဟား..ကိုယ့်ဖာသာ ကိုယ်သဘောကျ မိပါရဲ့။

တစ်ခါတစ်ရံ အပျော်သဘော မာမီ့ကို စချင်တာနဲ့ မာမီ့အိမ်ကိုသွားဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ သူကသာမန်ယောက်ျားလေး သဘာဝအတိုင်းနေစေချင် ဖြစ်စေချင်လို့တားမြစ်ခဲ့၊ လမ်းကြောင်းပေးခဲ့တာ ဒါကိုကျွန်တော်က ကိုယ့်စိတ်ကြိုက်သာနေထိုင်ခဲ့ ရွေးချယ် ဖြစ်ခဲ့တယ်လေ။ အဲဒီအကြောင်းလေးတွေကို ပြန်ပြော သတိတရဖြစ်အောင်စ နောက်...အင်း....အခုချိန်မှာတော့ မာမီအရာရာကို သဘောပေါက် နားလည်သွားပြီ ခွင့်လွတ် တတ်သွားပါပြီ။ မာမီတို့ခေတ်တုန်းကလို ဟိုမိုတွေကို မယူဆတော့ဘဲ သာမန်လူလို့ သဘော ထားနိုင် ပေါင်းသင်းဆက်ဆံကြတဲ့ခေတ်ဖြစ်သွားတာကြာပြီမလား။ သားအမိတွေ နွေးနွေးထွေး ထွေး ချက်ပြုတ်စားသောက် အတူတူရုပ်ရှင်ကြည့်ဖြစ်ကြပါတယ် မာမီ့အိမ်ကိုသွား ဖြစ်တဲ့နေ့တွေ မှာ။

ကျွန်တော့်ရဲ့ အဓိကအသက်မွေးဝမ်းကြောင်းမဖြစ်ခဲ့ပေမဲ့ အထောက်အကူပြုခဲ့တဲ့ဝါသနာ လေးရှိခဲ့သေးတာပေါ့။ ကိုယ့်ဘာသာ ဒီဇိုင်းဆွဲ ချုပ်လုပ်ဝတ်ဆင်တတ်တဲ့ ၀ါသနာလေ။ မှတ်မိသေးတယ် Jr. High school တုန်းကအဖြစ်လေးပါ။ “မာမီ...ကျွန်တော့်အတွက် အင်္ကျီတစ်ထည်လောက် ချုပ်ပေးပါလား၊ မာမီမချုပ်ပေးချင်ရင်လည်း အပ်ချုပ်စက်သာဝယ်ပေးဗျာ ကျွန်တော့်ဖာသာချုပ်ဝယ်မယ်” လို့ပြောခဲ့တာတွေ။ မာမီသဘောမတူခဲ့တော့ သူငယ်ချင်းအိမ်က ချုပ်စက်ကိုသုံးပြီး red velvet corduroy jacket တစ်ထည်ကို ချုပ်ဝတ်ခဲ့မိတယ် Jr. Prom အတွက်ကိုပေါ့။နောက်တစ်နေ့ ကျောင်းသတင်းစာရဲ့ ဖက်ရှင်ကော်လံမှာ အထင်းသားပါလား ပါရော။ ငယ်ငယ်ကတည်းက ဘာဗီဇတွေပါလာသလည်း ရိပ်မိခဲ့ပေါ့ နော်။ ကျွန်တော့်အကြိုက် ၀တ်စုံတွေကတော့ ဘော်ဒီနဲ့ အံကိုက်ဖြစ်နေ တတ်တဲ့ ၀တ်စုံတွေ ၊ သူတို့ကိုဝတ်ထားတဲ့ ယောက်ျားကလေးတွေကို သဘောကျမိနေတာ။ ပြီးတော့ ကျွန်တော့်ဖန်တီးမှု လက်ရာတွေက လည်း ဒီလိုဖြစ်စေမဲ့ ဒီဇိုင်းတွေကအများသားပါ။ အရာအားလုံးအတွက် လက်ကိုင်သုံးခဲ့တဲ့ စကားကတော့ neat , tidy and simple ပေါ့လေ။

သတိတရအဖြစ်အပျက်လေးတွေလို့ ပြောရမလား.....ဟိုမိုကိစ္စမှာ ပထမဦးဆုံး စာလုံးပေါင်း ဖြစ်ခဲ့တဲ့ အတွေ့အကြုံလေးကလည်း သင်းတယ်။ ဒီအဖြစ်အပျက် ဒီအပြုအမူကို ပြုလုပ်လိုက်လို့ ကိုယ်ဘာဖြစ်သွားတယ်ဆိုတာတွေကို မစဉ်းစားပါဘူး။ ကိုယ့်စိတ်ထဲက အတိုင်းကိုပဲပြုမြူဖြစ်ခဲ့ တာဗျ။ အသက် ၂၁နှစ်အရွယ် လွတ်လွတ်လပ်လပ်တစ်ယောက်တည်းနေထိုင်ခါစအချိန်မှာ မျိုးတူ ယောက်ျား တစ်ယောက်ကို စတင်နမ်းဖူးခဲ့တာ။ အွန်လိုင်းပေါ်မှာ သူငယ်ချင်းတွေရှိတယ်. .အပြင်မှာတွေ့တယ်....ခင်မင်ကြတယ်ပေါ့။ တွေ့ဖြစ်တဲ့ သူငယ်ချင်းတွေက အများသားပါပဲ။ ဒါပေမဲ့ ဦးဆုံးရည်းစားဖြစ်လာမယ့် သူငယ်ချင်းနဲ့ စတင်တွေ့ဖြစ်တဲ့နေ့မှာပဲ ရင်ထဲမှာ ဘာက လိုတိုတိုတော့ဖြစ်မိသွားတယ်။နောက် အိမ်ကိုရောက်တော့ တငြိမ့်ငြိမ့်ကြားနေရတဲ့ ဂီတသံရယ်၊ဆွဲမက်ဖွယ် ကိုယ်နံ့တွေရယ် ၊ ထိတွေ့မှုလေးတွေကတဆင့် အနမ်းများစွာ ဖြစ်ထွန်းခဲ့ပါတယ်။ဟင်း....ဟင်း...ကျွန်တော့်အကြိုက်အဖြစ်အပျက်တွေ ပြောပြောနေလို့ မိန်းမဆန်တဲ့ကောင်လို့ မျက်စိထဲမမြင်စေချင်ပါဘူး။ ကနွဲ့ကလျနေတာကို ကျွန်တော်အလွန်မုန်းပါတယ်။ မသိသူတွေ သူစိမ်းတွေဆို ကျွန်တော်ဘာမှန်း သိကိုမသိကြပါဘူး။

ဒါဇင်ပေါင်းများစွာသော မိန်းကလေးတွေက ကျွန်တော့်ကိုကြိုက်နှစ်သက်ကြသလို သူတို့ရဲ့အိပ်မက်မင်းသားလေးဖြစ်ခဲ့တာပေါ့။ ဖြေခဲ့တဲ့ အင်တာဗျူးပေါင်းများစွာမှာ ကျွန်တော်ဖြေဖြစ်ခဲ့တဲ့ အဖြေလေးတွေကလည်း သူတို့အကြိုက်။ “ကျွန်တော် ရည်းစား မထားဖူးပါဘူး။ ကျွန်တော့်အကြိုက် ကျွန်တော့်ဝါသနာနဲ့ ကိုက်ညီမယ့် မိန်းကလေးမျိုးမ တွေ့ရသေးဘူးဆိုပါတော့။” ဟား...ဟား.... မိန်းကလေးဆိုတာ ဒစ်မှမပါတာကိုးနော်.... ဘယ်ကြိုက်မလည်းဗျ။ မိန်းကလေးတွေနဲ့ပတ်သက်ရင် သူတို့ဘယ်လိုမြုဆွယ်နေနေ Turn on ဘယ်လိုမှ မဖြစ်ပါဘူး။ပြီးတော့ မိန်းကလေးတွေရဲ့ အကျင့်စရိုက်ကိုက ကျွန်တော်နဲ့ ကီးမကိုက် ပါဘူး။ ယောက်ျားချင်းကြိုက်ရတာ ကပြဿနာကင်းတယ် ချော့စရာမလိုဘူး နားလည်မှု နဲ့သွားတာ။ ကိုယ်နံ့အီအီတွေကို လည်း မုန်းတယ်။ထားပါတော့...... သူတို့နဲ့ အိပ်ရင်ရော ဘယ်လို အရသာရှိလည်း မသိ...။

ည...မှောင်မှောင်မှာ ရေတစ်ခွက်ကိုထသောက်ရင်း ပစ္စုပ္ပန်ကိုပြန်ရောက်ဖြစ်ခဲ့ပါပြီ။ အခု New Year’s Eve 2009 ကိုရောက်ဖို့ အချိန်နည်းနည်းလေးပဲလို ပါတော့တယ်။ ကျွန်တော့်အကြိုက် အနှစ်သက်ဆုံး အ၀တ်အစားတွေကိုဝတ်ရင်း အပြင်ထွက် မယ်စဉ်းစားပြီးမှ ငယ်ဘ၀က အကြောင်းတွေကို ၀ိုင်ဖြူဖြူတစ်ခွက်သောက်ရင်းထိုင်ရေးဖြစ်နေတာ။ ပတ်ဝန်းကျင်မှာတော့ ဖယောင်းတိုင် လေးတွေကို ရိုမန့်ဆန်ဆန်ထွန်းထားမိသေးတယ်....ဟဲဟဲ smoke alarms ကိုတော့ပိတ်ထားရတော့တာပေါ့။ လူတွေဘာကို တွေးထင်နေတယ် ဘာတွေပြောနေကြတယ် ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်အတိုင်းသာသွားလာနေထိုင်နေဖြစ်ခဲ့တာကို ကလူ့သဘာဝလို့ပြောရမလား ကျွန်တော့်ရဲ့ သာမန်လိုအပ်ချက်တွေ ကိုဖြည့်ဆည်းနေချင်း လို့ပြောရမလားပဲ။

လွန်ခဲ့တဲ့ တစ်လနှစ်လလောက်တုန်းက ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို ကိုယ်ဟာဘာဖြစ်တယ် ဆိုတာကိုပြောပြနေဖြစ်တဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲ ရိုလာကို့စ်တာစီးနေရသလိုပါပဲ။ Miata ကားကို ဘာကြောင့်အမှန်တကယ်ဝယ်ခဲ့တယ်ဆိုတာမျိုးတွေ အင်း.....ပြီးတော့ ကိုယ်တို့ဂေး တွေလုပ်လေ့လုပ်ထရှိတဲ့ အပြုအမူအထာတွေကိုလည်း ပြောပြဖြစ်ခဲ့ပါတယ်။ သူက ဒီလိုကားမျိုး ကို မကြိုက်နှစ်သက် သင့်ကြောင်း ဒီထက်ပိုကောင်းတဲ့ကားမျိုးတွေကို ၀ယ်စီးသင့်ကြောင်း၊ မင်းပေါင်းတဲ့အပေါင်းအသင်းတွေကလည်း တစ်မျိုးပဲ စသည့် အကြောင်းတွေနဲ့ စကားအခြေ အတင်ပြောကြရင်းသူကို ဖွင့်ပြောပြခဲ့မိတော့တာ။ သူက ပထမတော့ ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေခဲ့တယ် စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပေါ့။ နောက် ကျွန်တော့်ပုခုံးကို ဖက်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက် သူဘယ်လိုမှသဘောမထားပါကြောင်း၊ မင်းကိုချစ်နေမြဲ ခင်နေမြဲပါတဲ့။ဝမ်းသာပါတယ် ကိုယ်တိတ်တခိုး သံယောဇဉ်ရှိနေသူရဲ့ အကြင်နာမကင်းတဲ့ စကားကိုကြားရတာ။ အဲဒီနေ့က ကျွန်တော်တို့ ပျော်ရွှင်ခဲ့ပါတယ် အတူတူစား သွားလာ ၀ယ်ချမ်းခဲ့ကြတာ။

ငယ်ငယ်တုန်းက ဘယ်လို အစပျိုးခဲ့တဲ့ စိတ်တွေလည်း အခုအသက်အရွယ်အရောက် ဘယ်လိုစိတ်တွေဖြစ်နေတယ်....ဒါတွေတွေးနေ တာနဲ့ စိတ်ထွေနေခဲ့တာ ဒီည။ဘာကြောင့်အခုမှ ဖြစ်ရတာလည်းလို့ပြောရရင်တော့ ....အထီးကျန်ညမှာ ဟိုတွေးဒီတွေးရင်းနဲ့ နယ်ကျွံမိ တဲ့အတွေး တွေလို့ပြောရင်လည်းရနိုင်ပါတယ်။လူတွေအပေါ်စိတ်ပျက်မိတာလည်းပါပါတယ်......ကျော်ကြားမှု၊ပေါ်ပြူလာဖြစ်မှုတွေအပေါ်မှာ ပိုပြီးတန်ဖိုးထား သံယောဇဉ်ပိုနေသလိုပါပဲ။ ကျွန်တော့် စိတ်အတွင်းပိုင်းကို အချိန်ယူပြီးလေ့လာစရာမလိုခဲ့သလို ဖုန်းကွယ်တတ်တဲ့သူမဟုတ်တဲ့အတွက် ခဏလေးနဲ့သိနိုင် ခဲ့ပါတယ်။ ပွင့်လင်းတဲ့ စိတ်နဲ့သဘောထားရှိနေတဲ့သူမို့ပါ။ ထားပါတော့လေ လူတစ်ယောက်ကိုချစ်မိတယ်ဆိုပါတော့ ကျွန်တော်ဟာ ဘယ်တော့မှ မောင်ပိုင်စီး တတ်တဲ့စိတ်မရှိဘဲ သူပျော်ရွှင်သလိုနေပိုင်ခွင့်ထားပေးတတ်တာ။ဒါကိုပဲ သိပ်မချစ်တတ်လို့တဲ့။ ပြီးရင် အလုပ်လုပ်တဲ့နေရာမှာ စေ့စပ်သေချာတယ် မျက်နှာကိုထောက်ထား တတ်တဲ့အကျင့် မရှိပါလား ဆိုတာကတစ်မျိုး။ ဟူး......ဘာတွေပြောမိနေပါလိမ့်......စိတ်တွေရှုပ်လာပြီ။

အချိန်များစွာကို ကျော်ဖြတ်ခဲ့ပြီ။တည်ငြိမ်တဲ့ ဘ၀မှာလည်းနေထိုင်ဖြစ်နေပြီ။ ကျွန်တော်လျှောက်ခဲ့တဲ့လမ်းဟာ ဖြောင့်ဖြူးသလား....ကြမ်းတမ်းသလား...။"Get over it!" hetero guy တွေနဲ့ ချစ်ဇာတ်လမ်းဖြစ်ဖို့တော့ စိတ်ထဲမှာမကြိုက်ချင်ခဲ့ပါ။ကိုယ်လိုအမျိုးအစားတူ homo လူတွေမှ သာခံစားချက်ချင်းတူ နားလည်ပေးနိုင်မှာမဟုတ်လားလေ။ ငါ့နှလုံးသားထဲသူတို့ ၀င်မလာစေရ ဘူး။...ဟား....ဟား ၀တ်စားထားတာ အမိုက်စား၊ သွားမယ့်ကလပ်က နာမည်အကြီးစား ဟိုရောက်ရင် ကောင်ချောလေးတွေများမှများ။

ကမ္ဘာကြီးရေ ကိုယ့်ကိုကြင်နာချစ်ခင်တတ်တဲ့ ချစ်သူလေးတစ်ယောက်တော့ပေးပါ။ ဘယ်နေရကဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်။
ဒီည အဆုံးစွန်သော လွတ်လပ်မှုတွေပေးတဲ့ နေရာလေးတစ်ခုကိုရချင်ပါတယ်။ ဘယ်သူမှကိုယ့် ကိုသတိမူ ဂရုမထားတဲ့နေရာ။ စိတ်တင်းကျပ်မှုမရှိတဲ့နေရာလေးတစ်ခုစီကိုပေါ့။ ပြီးတော့ အမြင်ကျဉ်းတဲ့ လူတွေလည်းမရှိသင့်ဘူး…….နှစ်ဦးမှာ ပျော်ရွှင်မှုကိုပဲရချင်ပါတယ်။ ကဲ….ငါ့ ကောင်လေး ရေလာခဲ့တော့ အိပ်မက်ဆီ….မင်းကိုစောင့်မျှော်နေတယ်။

အားလုံး…အားလုံးသော သူငယ်ချင်းတို့ရေ…..နှစ်ဦးမှာပျော်ရွှင်နိုင်ပါစေ။ Good night!
* ရေးထားတာက ဟိုရောက်ဒီရောက် ဟိုပြောဒီပြောဖြစ်နေတယ်လို့ ထင်ကြတယ်ဆိုရင် အဲဒီလိုဖြစ်အောင်တမင်ရေးထားကြောင်းပြောလိုပါတယ်။ စိတ် အစိုးမရဖြစ်နေတဲ့ခံစားချက်ကိုပြချင်လို့ပါ.*

No comments: