Thursday, December 4, 2008

Christmas in Florida

Christmas in Florida

Christmas နေ့ဟာ နှစ်တနှစ်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံးအချိန်လို့ပြောကြပါတယ်။ ဒါပေမယ့်ကျွန်တော့်အတွက်တော့ အကြိုက်ဆုံး အနှစ်သက်ဆုံးအချိန်အဖြစ် မထင်မှတ် မခံစားခဲ့ဖူးပါ။ ပြီးတော့ မနှစ်သက်မိပါ။ ဦးဆုံး မဖြစ်နိုင်ခဲ့တဲ့ ပြီးပြည့်စုံသော မိသားစု ပုံရိပ်ကြောင့်ဟု ဆိုရမည်ထင်ပါသည်။
တစ်ယောက်နဲ့ တစ်ယောက်အပြန်အလှန် လက်ဆောင်တွေ ပေးကြမယ်၊ တောက်ပသစ်လွင်တဲ့ ၀တ်စုံတွေဝတ်ကြပြီး မီးလင်ဖိုနားမှာ ရင်းနှီး ပျော်ရွှင်စွာ ၀ိုင်းဖွဲ့စားသောက် စကားစမြည်ပြော....ဒါတွေဟာ ပျော်ရွှင်ဖွယ် မိသားစု ပုံရိပ်မဟုတ်ပါလား။ ကဲ..... ကျွန်တော်မှာ ဒီလိုမိသားစုပုံရိပ် မရှိခဲ့......ငယ်ငယ်ကလေး ထဲကကိုမရှိခဲ့ပါဘူး။


ဒုတိယအနေနဲ့ပြောရရင် ရာသီဥတုကြောင့်လို့ပြောရမယ်ထင်တယ်။ ကျွန်တော့် ဘိုးဘေးတွေက အေးတဲ့ရာသီဥတုရှိတဲ့ တိုင်းပြည်ကဖြစ်ကြပေမဲ့ ဒီရာသီဥတုနဲ့ အထာမကျနိုင်ခဲ့ပါဘူး။ ပြင်းပြတဲ့ ဆန္ဒကတော့ နေရောင်ခြည်တွေ ရွှန်းလဲ့ပူနွေးတဲ့ အံ့သြစရာ တိုင်းပြည်တစ်ခုမှာ တက်ကြွလန်းဆန်းပူနွေးစွာ အခြေချနေထိုင်ဖို့ပါ။ ခရစ်စမတ်ရာသီဥတု ချိန်ခါရောက်လာတာနဲ့ အထုတ်အပိုးတွေပြင် Christmas ပုံရိပ်တွေကို တာ့တာလုပ်ပြီး ဝေးရာဒေသကို ကျွန်တော်ကတော့ ရွေ့တော့တာပါပဲ။


အိမ်ထောင်မပြု တစ်ကိုယ်တည်းနေသားကျနေသလို စဉ်းလည်းမစဉ်းစားဖြစ်ခဲ့ပါ။ တစ်ယောက်တည်း နေထိုင်တာက ပိုပြီးကောင်းတယ်လို့ကျွန်တော်ကတော့ ထင်တာပဲဗျာ။ အခုလည်း တစ်ယောက်တည်း အချိန်ဖြုန်း အေးအေးဆေး ဆေးအနားယူချင်ခဲ့တယ်။ ပူနွေးတဲ့ ပင်လယ်လေညှင်းလေးတွေက အ၀တ် မပါကိုယ်ခန္ဓာကို ညင်ညင်သာသာထိတွေ့ တဲ့အရသာကို ကြိုက်နှစ်သက်သလို အုန်းပင်စိမ်းစိမ်းတွေ ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ အကိုင်းအခက်တွေရဲ့ မြည်သံသဲ့သဲ့ကိုလည်း ကြားချင်မိပြန်ရဲ့။

I wanted Freedom!

ဒီကာလမတိုင်ခင် ၁၀ရက်အကြိုကတည်းက Melbourne မြို့ရဲ့ပေါ်ပြူလာ သိပ်မဖြစ်တဲ့ ဆိုရရင်တော့ လူကြိုက်များပြီး ဟိုတယ်တွေ ဘန်ဂလိုတွေရှုပ်နေတဲ့ Florida ကမ်းခြေ ဘက်ကိုမရွေးခဲ့ပါ။အမှန်တကယ်ကို အေးဆေးငြိမ်သက်မယ်လို့ထင်တဲ့ ကမ်းခြေနားက ဟိုတယ်ကိုပဲ booking လုပ်ခဲ့ပြီးပါပြီ။ Orlando airport ကနေ ကမ်းခြေ တစ်လျှောက် တောင်ဘက်အရပ်ဆီကို အေးအေးဆေးဆေးကားမောင်းထွက်ခဲ့သပေါ့ ကျွန်တော့်ရည်မှန်းရာအရပ်ဆီကို။

ဟိုး.....ကျွန်တော်လိုချင်မြင်ချင်ခဲ့တဲ့ မြင်ကွင်းတွေအများကြီးပါလား..ဟား ဟ။ ဘာမှမဟုတ်ပါဘူးဗျာ... .အေးဆေးငြိမ်သက်တဲ့ နေရာဒေသလေး၊ ၀န်ဆောင်မှုကောင်းတဲ့ မိုတယ်လေးတွေ၊ ကောင်တာမှာ မဂ္ဂဇင်းထိုင်ဖတ်နေတဲ့ ခပ်ဟော့ဟော့ ဘဲတွေပြည့်ညှပ်နေတဲ့ ကလပ်ပိုင်ရှင်ကောင်ချောလေးကိုလည်း လှမ်းမြင်လိုက်ရလို့ပြောမိတာပါ။အင်း.... အေးအေးဆေးဆေး အနားယူဖို့အချိန်မှ ရပါဦးတော့မလား....ဟီး။

ပထမနှစ်ရက်ကတော့ ကျွန်တော်အမှန်တကယ်အနားယူဖြစ်ခဲ့ပါတယ်။ မနက်ဆိုရင် နောက်ကျမှအိပ်ရထတယ်၊ ကမ်းခြေတစ်လျှောက် အငြောင်းအငြာပြေအပြေး လေ့ကျင့်တယ်၊ အုန်းပင်အောက်မှာ အုန်းစိမ်းရေသောက်ရင်း အနားယူတယ်၊ စာဖတ်တယ်၊ ပြီးတော့လေ ညနေပိုင်းအချိန်မှာတော့ လူတကာနည်းတူ ကော်ဖီဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း အချိန်တွေကို အေးအေးဆေးဆေးဖြုန်းဖြစ်ခဲ့တယ်ဆိုပါတော့။

Melbourne ရဲ့ တတိယမြောက်မနက်ခင်းမှာ ထုံးစံအတိုင်းနောက်ကျမှ ထဖြစ်ခဲ့ပါပြီ။ လန်းဆန်းသွားအောင် ရေချိုးလိုက်တယ် ပြီးတော့ room service မှတစ်ဆင့် မနက်စာကိုမှာယူစားသုံးလိုက်သေးတယ်။ အင်း....မနက်၁၀း၃၀ မှာ ရေဒီယိုက အပူချိန် ၈၂ ဒီဂရီ ရှိသတဲ့။ နိုင်လွန်ဘောင်းဘီတိုတစ်စုံကို ကောက်လဲလိုက်တယ် jogging လုပ်ဖို့ အပြင်ကိုထွက် မယ်လေ။ ကိုယ့်ခန္ဓာရဲ့ အစိတ်အပိုင်းတွေကို သူများကိုပြသရာရောက် မလားတော့မသိ။ ဘောင်းဘီတိုကိုပဲကြိုက်တယ်။

မနှစ် Rio မှာမြို့ထဲလမ်းလျှောက်နေရင်း အမိုက်စားဘဲတစ်ပွေကိုမြင်ခဲ့ဖူးတွေ့ ခဲ့ဖူးသေး တယ်။ ကမ်းခြေနားမှာနောက် တစ်ကြိမ်တွေ့ပြန်တော့ အပေါ်ပိုင်းဗလာ၊ အောက်ပိုင်းမှာ အစိမ်းရောင် bikini နဲ့ အပြေးသမားတစ်ယောက် ပုံစံမျိုးတွေ့ ရပြန် ရောသူ့ကို။ှု It seemed so natural. That's the way it should always be! အခုနေများသူ့လို ၀တ်စား ပြီးကမ်းခြေထွက်မလားစိတ်ကူးသေးပေမဲ့ တော်ပါပြီ စိတ်ရှုပ်တယ်။

အရေးထဲ card-key ကစားပွဲခုံရှေ့ကျနေရသေးတယ် အပြင်ထွက်ပါမယ်ဆိုမှ။ ဟော....ရှေ့တံခါးကလှမ်းကြည့်လိုက် တော့ ကမ်းခြေမှာ ရာသီဥတုက သာယာလိုက် တာ။ နေထွက်တယ်....လေကလည်းတဖြူးဖြူး၊ ပင်လယ်ပြာပြာကြီးကလည်း တမျှော် တစ်ခေါ်။ Jogging လုပ်ရင်း ကမ်းခြေတစ်လျှောက် စနည်းနာထွက်ဦး မှ...ဘော်ဒါ လေးရရ ဘာပဲရရ။

ကမ်းခြေတစ်လျှောက် မိုင်ဝက်လောက်ခပ်ဖြေးဖြေးပြေးလာချိန်မှာ ပင်လယ်လှိုင်းရဲ့ ဂီတသံကိုစည်းချက်ညီညီ ကြားနေရတာ။ ကျွန်တော့်ခြေထောက်ဆီကို မထိတထိလာ လာကလိတဲ့ လှိုင်းလေးတွေရဲ့ အေးမြမှုရယ် ပြီးတော့ ဖိနပ်ချွတ်ပြေးနေတဲ့အတွက် သဲပြင်ရဲ့ ပူနွေးတဲ့အထိအတွေ့ရယ် ကြိုက်တယ်နှစ်သက်မိတယ်။ နည်းနည်းလေးမော လာမှ ကိုယ့်ဖာသာသတိထားမိတယ် နားလိုက်ပြေးလိုက် ငေးလိုက်နဲ့ ညနေစောင်း နေပြီ....လေပြေတွေလည်း အေးကုန်ပြီ ပူနွေးတဲ့သဲပြင်လည်း စိုစွတ်စွတ် အေးစက်လာပြီလေ။

ပြေးနေတဲ့ခြေလှမ်းတွေ ခဏရပ်တန့်လိုက်စဉ်မှာပဲ နေမင်းကြီးလည်း ပင်လယ်ထဲကို တစ်ဝက်ငုံ့လျှိုးနေ တာမြင်ရသလို နေရောင်ခြည်တွေလည်း ရေချိုးဆင်းကုန် သလားပဲ။ ကျွန်တော် နေမင်းကြီးနဲ့ ရေလှိုင်းတွေကြားရပ်ကြည့် ငေးမောနေရင်း ကိုယ့်အကြောင်း ကိုတွေးမိတာ....ရေလှိုင်းလေးတွေက ဖိနပ်မဲ့ခြေဗလာကို ညင်ညင်သာသာ ပုတ်ခတ်ထိ ဆော့နေတာ ....ဟိုးမိုးကုတ်စက်ဝိုင်းကြီးကို ကြည့်လိုက်တော့ အဆုံးမဲ့မြင်ကွင်းကျယ်. ..ဒါပေမဲ့ ကမ်းစပ်တစ်ခုနဲ့ အနားသပ်ထားလေရဲ့။ ကမ်းစပ်တစ်လျှောက်ရှိ လှိုင်းလုံး လေးတွေရယ် မင်းတို့ဘယ်လိုဖြစ်ပေါ်လာသလည်း ကမ်းစပ်ကို ရိုက်ခတ်နေတာများ အဆက်မပြတ်။ဟင်း....သူတို့ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို သတိထားမိတော့ တစ်ယောက်တည်း၊ ဟုတ်တယ် တစ်ယောက်တည်းပဲ အနားသပ်မဲ့ကမ်းစပ် မရှိ သေး......လောလောဆယ်တော့ သဲသောင်ကမ်းစပ်နားမှာရပ် လှမ်းကြည့်နေဆဲ နေမင်းကြီးလည်း အနောက်ဖက် ဂေါ်ယာကျွန်းဆီ ရွန်းပြီ။ လေပြည် တွေက တဖြည်း ဖြည်း အေးလာသလိုပဲ ကမ်းခြေက သဲသောင်ကိုရိုက်ခတ်နေဆဲ လှိုင်းလေးတွေအပါ အ၀င်ပေါ့။ လေအေးအေးကို ခပ်ပြင်းပြင်းရှုရှိုက်ရင်း ပင်လယ်လေညှင်း အနံ့လေး တွေ......အိုး.. ..Life was delicious.

ချွေးရွှဲနေတဲ့ ခန္ဓာကိုယ်က အခုမှပြန်သတိပေးတယ် ပြန်ချိန်ရောက်ပြီ။အပြန်လမ်းကို ခေါင်းပြန်ငဲ့လိုက်တော့ ရှေ့နားခပ်လှမ်းလှမ်းမှာ ခပ်မိုက်မိုက် ဘဲနှစ်ပွေ ကျွန်တော့်ဆီကို လှမ်းလာနေသလား သူတို့လဲ ကျွန်တော့်လို အပြေးလေ့ကျင့်သလားမသိ တွေ့လိုက် ရတယ်။

တစ်ယောက်က အရပ် ၆ပေ၂လက်မလောက် ရွှေရောင်ဆံပင်နဲ့ အသားအရေက ကြေးနီရောင်လွှမ်းလို့။ သူ့ဘော်ဒီက နည်းနည်းပိန်သလိုပဲ ဒါပေမဲ့ကြံ့ခိုင်ပုံပေါက်သူပါ။ သူ့ဘေးက သူ့သူငယ်ချင်းကတော့ အနက်ရောင်ဆံပင်ရှည်ရှည် မာဆယ်လ်ဘော်ဒီနဲ့ ချစ်စရာကောင်းတဲ့မျက်နှာနဲ့ Latino-face ပေါက်သူကတော့ နည်းနည်းအရပ်ပုတာပေါ့ ပထမတစ်ယောက်ထက် စာရင်တော့။ တဖြည်းဖြည်းနီးလာတော့ သတိထားမိတာက ကျွန်တော်ကသူတို့အပေါ် အကြည့်စူးမိသလို သူတို့ကလည်း ကျွန်တော့်ရဲ့ ချွေးရွှဲခန္ဓာ ကိုယ်ကို စူးစမ်းနေကြတာကိုပေါ့။ မျက်လွှာတစ်ချက်ပင့်ကြည့် လိုက်တော့ သူတို့ မျက်လုံးတွေနဲ့ ဒါရိုက်ဟစ်ဆုံမိတာ ရင်တွေတောင်တုန်သွားသလိုပါပဲ အကြည့်သူခိုး လူမိတာကိုးလေ။ တည်းခိုတဲ့ နေရာနဲ့နီးလာတော့မှ သတိထားမိတယ် သူတို့လည်းဒီ အနီးအနားမှာနေပါလားဆိုတာ။

သူတို့ခြံဝင်းထဲ ၀င်သွားရင်း ဂျစ်တစ်စီးကိုမောင်းထွက်လာတယ် ဆံပင်အနက်ရောင် လေးက။ ပြီးတော့ကျွန်တော် လျှောက်လှမ်းလာတဲ့ လမ်းတစ်လျှောက်မောင်းလာရင်း ခြံဝင်းထဲက ရေအိုင်နားမှာရပ်လိုက်တယ်။ အဲဒီအချိန်မှာ ရွှေဝါရောင်သူငယ်ချင်းက ကျွန်တော့်ကိုညွှန်ပြရင်း ဘာတွေပြော တယ်မသိ ဆံနက်လေးကလှမ်းလာရင်း ခပ်ဖြေးဖြေးလှမ်းနေတဲ့ ကျွန်တော်ခြေလှမ်းတွေနောက်ကို စကား ဆိုလေရဲ့။ "Hey bit hot jogging, isn't it? He smiled.

"Never too hot for my taste." အပြေးခြေလှမ်းကိုမရပ်မိပဲ စကားဆိုမိတာပေါ့လေ နှုတ်ဆက်စကားပဲဆိုမယ် ထင်တာကိုး။ "About to wash the wheels?" I continued ရွှေရောင်ကောင်လေးက ကျွန်တော်တို့ဆီလှမ်း လားရင်း... "Yeah. Needs it badly too." အင်း...သူ့အပြုံးနဲ့စကားဆိုပုံလေးက ရင်ထဲမှာ ဘာကလိုလိုတော့ ဖြစ်မိသေးတယ်။ “ကျွန်တော်တို့လည်း အပြေးလေ့ကျင့်တာက ပြန်လာရင်း လီမွန်ဖျော်ရည် သောက်မ လို့စဉ်းစားနေတာ။ နောက်မှ မနက်ပြန်ရင်ကားညစ်ပတ်နေမှာစိုးလို့ အခုဆေးမ လို့လုပ်နေတာဗျ။” စကားပြောတာကို ခဏရပ်ရင်း သူ့လက်ကိုရှေ့ကိုကမ်းလိုက်ရင်း "Name's Ruben" ။

"I'm Evan." သူ့လက်ကိုခပ်ဖွဖွညှစ်ရင်းပြန်မိတ်ဆက်ရတာပေါ့။ ဆံနက်လေးက လည်းသူ့ရဲ့ သန်မာပုံပေါက်တဲ့ လက်တစ်ဖက်ကို ကမ်းပေးရင်း "Theo," လို့ခေါ်နိုင် ပါတယ်တဲ့။ "C'mon. We're got some lemonade with your name on it."

ဟူး....ဒီလို ဘဲချောချောနှစ်ပွေနဲ့ခင်မင်ခွင့်ရတာ ကံကောင်းတာပဲ။ သူတို့နှစ်ယောက် ကိုကြည့်ရတာ အတွဲထင်ပါရဲ့။ သူတို့နဲ့ဘယ်လိုဇာတ်လမ်းဖြစ်လာမယ်မသိသေးဘူး။ ရင်ခုန်ဇာတ်လမ်းလေးတော့ဖြစ်လာမလား မိတ်ဆွေအဆင့်မှာပဲရပ်ရ မလားပဲ။ လီမွန်ဖျော်ရည်ကို တစ်ဝကြီးသောက်ဖြစ်တယ် ခွက်ကြီးကြီးနဲ့ပေါ့။ Theoက ဒီမှာနေတယ် Ruben ကတော့ အလည်လာတာတဲ့။၊ University of Florida တက်နေတယ် ပြီးတော့ဒီနေရာကို ခရစ်စမတ် အားလပ်ရက်အတွက် အလည် လာတာတဲ့။ Marine biology ဘာသာရပ်ကိုလေ့လာနေတာဆိုပဲ။

လီမွန်ဖျော်ရည်ချိုချဉ်လေးကို သောက်ပြီးနောက်မှာတော့ Theo က အိမ်အနောက် ဖက်ခြမ်းကိုလိုက်ခဲ့ဖို့ ဖိတ်ခေါ်တာကြောင့် လိုက်သွားဖြစ်ပါတယ်။ ဂျစ်ပေါ်ကိုတက် အိမ်ဘေးကလမ်းကျဉ်းကျဉ်းလေးမှာ Theo ကားကိုအမြန်မောင်းပြတာ ရိုလာကိုစတာ ကို စီးရသလိုပဲ ရင်ထဲတဖိုဖိုနဲ့....ဟား ဟား။ ရေကန်ဘေးနားက ကားပါကင်ကို ရောက်တော့ ခပ်ဖြည်းဖြည်း ကားကိုရပ်လိုက်ရင်း Theo အပြောအရ “ဒီနေရာက ကားရေဆေးဖို့တော်တော်ကောင်းတယ်ဗျ ရေလည်းပေါ တယ်၊ လေတဖြူ ဖြူးနဲ့ ကမ်းခြေကိုလည်းမြင်နေရတယ်လေ” သိရပါတယ်။ ဖုန်တွေတင်နေတဲ့ကားကို ဆေးဖို့ ရေပုန်း၊ ဆပ်ပြာရည်၊ ရေမြှုပ်စတာတွေကို Ruben ယူလာတော့ ကျွန်တော် လည်းသူ့ ကိုကူသယ်ပေးရင်း ကားကိုရေဆေးပေးဖြစ်သေးတာ။

သူ့ Sneeakers ကို ကန်ထုတ်ပစ်လိုက်ပြီး တီရှပ်ကိုဆွဲချွတ်ပစ်လိုက်တာများ မြင်ရတဲ့ ကျွန်တော့်အဖို့ ရင်ခုန်ချင်စရာ အလွန်ကောင်းတာပဲ။ Ruben ပိန်တယ်လို့ထင်ရပေမယ့် တော်တော်ဆွဲဆောင်မှုရှိတဲ့သူပါပဲ။ သူ့ရင်အုပ်ကလည်း ထွားထွား ဘယ်လီကြွက်သား တုံးတွေကလည်း အဖုဖုနဲ့။ ငေးမိတာ သူသိသွားတော့မလို့ ဟီး....ဟီး။

သုံးယောက်လုံး မျက်လုံးချင်း အကြည့်ဆုံပြီးနောက် စကားသိပ်ပြောစရာမလိုဘဲ ဘာဆိုတာ သဘောပေါက်မိကြတယ်။ ကားကိုရေဆေးကြ ဆပ်ပြာမြှုပ် နဲ့တို့ထိက စားကြတော့ ကိုယ်ပေါ်မှာဝတ်ထားတဲ့ အ၀တ်တွေကရေစိုကုန်ပေါ့။ Theo ကခန္ဓာကိုယ် လှတော့ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ထင်မိပေမဲ့ Ruben ကရင်ခုန် စရာပိုကောင်း နေသ လိုပါပဲ။ သူ့ဘောင်းဘီက ရေစိုနေတော့ cock ကောက်ကြောင်းကိုရင်ဖိုဖွယ် တွေ့နေ ရတာလည်းပါတာပေါ့လေ။ အိုး....Theo ရေနဲ့လှမ်းပက်တော့ ဟိုဒီရှောင်တိမ်းရင်း ကျွန်တော့်ကိုယ် လည်းရွှဲရွှဲစိုပေါ့ရေတွေ...တော်တော်ဆိုးတဲ့ ကောင်လေး။


No comments: