Thursday, February 12, 2009

Growing up in Africa (to be continued)



ကျွန်တော်တို့ အခုပဲရောက်တယ်။ ဒက်ဒီရယ် ကျွန်တော်ရယ် သူ့တပည့်မိသားစု တစ်ချို့ရယ်ပေါ့ဗျာ။ ခရီးရှည်ကြီးကိုဖြတ်သန်းလာပြီးနောက် ညဦးပိုင်းအချိန်လေးမှာပေါ့။ နွေဦးရာသီကျောင်းပိတ်ချိန်မှာ ဒက်ဒီ အလုပ်ရှိရာ ဒီဒေသကို လိုက်လာခဲ့တာ။ ဘာလို့မှန်းတော့မသိ အသားညိုညို ထောင်ထောင်မောင်းမောင်း လူတွေကြားမှာ ရောက်နေရတာကို ရင်ခုန်ပျော်ရွှင်နေမိတာအမှန်။ ခရီးကြောင့် ပင်ပန်းနေပေမဲ့ အိပ်ငိုက်တာတွေ မဖြစ် လန်းဆန်း၏။ ကျွန်တော်နေရမယ့် ဘန်ဂလိုအိမ်လေးကို ခန္ဓာကိုယ်တောင့်တောင့် ချစ်စဖွယ်အပြုံးပိုင်ရှင် လူညိုချောလေးက လိုက်ပို့တယ်။ သူ့ကြည့်ရတာ ကျွန်တော့် အသက်ထက်ပိုပြီးကြီးမယ် မထင်ပါဘူး။ ကျွန်တော့်အထင်တော့ ၂၉နှစ် ဒါမှမဟုတ် ၂၀လောက်ပဲရှိဦးမယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ တောင့်တင်းသန်မာတာများ ကျွန်တော့်ထက်သာတယ်။

“My name is James.” သူ့နံမည်ကို စတင်ပြောဆိုပြီး မိတ်ဆက်တယ်လေ။ ကျယ်ကျယ် ၀န်းဝန်း ရှိတဲ့အခန်းကို သူကိုယ်တိုင်ဖွင့် အထုပ်အပိုးတွေ ကူသယ်ပေးရင်းပေါ့။ “I am Paul.” ကျွန်တော့်နာမည်ကို ပြန်ပြော ပြရင်း လက်ဆန့်ပေးလိုက်တော့ ၀မ်းသာအယ်လဲ အမူအယာနဲ့ ဆွဲကိုင်နှုတ်ဆက်ရင်း စကားတွေများ ပြောလိုက်တာ။

သူ့ပျူငှာဖော်ရွေမှုကို သဘောကျမိသွားတာတော့အမှန်။ “ကျွန်တော် တကယ့်ကို ၀မ်းသာတယ်ဗျ။ သူဌေးက သူ့သား အကြောင်းပြောပြော နေတာ။ အခုမှပဲ ခေါ်လာတော့တယ်။ ရောက်တုန်းရောက်ခိုက် ပတ်ဝန်းကျင် လေ့လာ ရေးထွက်ချင်ရင် ကျွန်တော်လိုက်ပို့ပါ့မယ်။ ဒီပတ်ဝန်းကျင်က လူတွေနေထိုင်စားသောက်ပုံတွေ၊ စိုက်ပျိုးခင်းတွေပါမကျန် ရောက်စေသိစေရမယ်ဗျာ။ ခင်ဗျားအကြောင်းတွေကြားမိကတည်းက သဘောကျ ပြီးသားပါဗျာ” တဲ့။

သူ့ရဲ့လက်ကြီးကြီးထဲမှာ ကျွန်တော့်လက်ကို မလွှတ်ဘဲဆက်ကိုင်ထားရင်း ပြောနေတော့ ကျွန်တော့်မျက်နှာက အလိုက်ကန်းဆိုးမသိ ရှက်သွေးများဖျာနေရော့သလား…..ပူထူလို့ပါပဲ။ “အေး…….ငါလည်း တကယ့်ကိုဝမ်းသာပါတယ်။ မင်းနဲ့ခင်ရတာရော ပြီးတော့ အရာအားလုံးအတွက်ပေါ့။ တို့နှစ်ယောက် အရင်းနှီးဆုံး အခင်မင်ဆုံးသူငယ်ချင်းတွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျေးဇူး”လို့ပြန်ပြော မိတာပေါ့လေ။ “That’s for sure” အပြုံးနဲ့ပြောရင်း ကျွန်တော့်အဖြစ်လေးကို ရိပ်မိဟန်တူပါရဲ့ ဆုပ်ကိုင်ထား တဲ့လက်ကို ဖြေလွှတ်ပေးတယ်။ ဒါပေမဲ့ကျွန်တော့်လက်မကို အသာအယာပွတ်ကိုင်ပြီးမှ လွှတ်တာတော့ ဘာသဘောများပါလိမ့်။

“အိုကေ….မင်းလည်း ပင်ပန်းနေတော့မယ်။ ဒီနေ့တော့ အိပ်စက်အနားယူပါဦး။ နက်ဖြန်ကျမှ ကိုယ်လာခေါ်မယ်” နူးညံ့အပြုံးလေးနှင့်ပြောရင်း အခန်းတံခါးကိုပါ အလိုက်တသိပိတ်ပေးသွားလေတော့ ရင်တွေကလည်းခုန်နေလိုက် တာ အသက်ရှူမမှန်ချင်တော့ဘူး။ မြန်မြန် အ၀တ်တွေချွတ် အေးမြမြရေတွေထဲ အမြန်ဆင်း…အားပါးပါး ခရီးကြောင့် ငြောင်းငြာနေတဲ့ ကိုယ်လက် တွေ အခုမှပဲ အငြောင်းပြေသွားတော့တယ်။ ရာသီဥတုက အေးမြနေပေမဲ့ ခဏနေက ဒက်ဒီတပည့် ကောင်ချော လေးကြောင့် ရင်ခုန်လှုပ်ရှားသွေးပူပြီး ချွေးပြန်တာတွေအတွက်…အိုကေ ပေါ့။

ရေချိုးခန်း ပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ဘန်ဂလိုရဲ့ နောက်ဘက်ခြံစည်းရိုးတလျှောက် အိမ်ပုလေး တွေ စီစီရီရီနဲ့ လှလှပပတွေ့လိုက်ရပါတယ်။ ရွာငယ်လေးပေမယ့် သပ်သပ်ရပ်ရပ် စနစ်တကျ။ ရေစိမ်ချိုးနေရင်း ပြတင်းပေါက်က တစ်ဆင့်ငေးမောနေချိန်မှာ ရွာထဲကလူတွေမှာတော့ အိပ်မောကျနေပြီထင်ပါရဲ့။ ထပ်ပြီး သတိ ပြုမိတာကတော့ ခြံစည်းရိုးကို ခါးအမြင့်သာသာလောက်သာရှိတဲ့ သစ်သားချောင်းတွေနဲ့ ကာရံထားတာကိုရော အပင်ပုလေးတွေ ၀ိုင်းရံနေတာကိုရောပေါ့လေ။ ရေချိုးခန်းတံခါးဖွင့်လိုက်ရင် ခြံစည်းရိုးက အပင်တွေနဲ့တန်းနေတာပဲ။

ဟူး….ရေချိုးပြီးတာနဲ့ အိပ်ယာထဲကို ဒိုင်ဗင်ထိုးဝင်လိုက်တာ။ ဒါပေမဲ့ မအိပ်ချင်သေးပါ။ စိတ်ထဲမှာ စိတ်လှုပ်ရှားမှု တွေနဲ့ပြည့်နေသလို နွေရာသီ ဒီခရီးနေ့ရက်များဟာ James နဲ့အတူကုန်ဆုံးစေတော့မယ်ဆိုတာ အလိုလိုသိ နှင့် နေတော့ ဟီး…ဟီး…မထူးဆန်းဘူးလား။ He’s so cute…….. တောင့်တင်းထွားကျိုင်းတဲ့ သူ့ခန္ဓာကိုယ်ကို T-shirt နှင့် ဂျင်းဘောင်းဘီအောက်မှာကိုပဲ သိသာထင်ရှားနေတာဆိုတော့ အတွေးထဲမှာတောင် ပြန်မြင်ယောင်နေမိတာ အမှန်။

သူ့လက်နဲ့ ကျွန်တော့်လက်ကို ဆွဲကိုင်နှုတ်ဆက်တုန်းကလည်း ပြည့်ပြည့် တင်းတင်း သူ့ပေါင်တံကြားမှ ခပ်ဖောင်းဖောင်း အရာနားကို မထိတထိ လှုပ်ရှားနှုတ်ဆက်သေးတာ အခုမှ ပြန်တွေးမိတယ်။ ပြီးတော့ သူ့ရဲ့ ပြည့်ပြည့်တင်းတင်း butt ကိုကြည့်တော့လည်း ဂျင်းဘောင်းဘီရဲ့ အောက်မှာ တင်းကားနေတာ မြင်ရသူ ရင်ဖိုစရာပါပဲ။ အဲဒါတွေ စိတ်ထဲပြန်မြင်ယောင်လိုက် ရင်ထဲတခုန်ခုန်နဲ့ နောက်ဆုံး ကိုယ့်ကိုယ်ပိုင် toy-dick ကိုဆော့ကစားရင်း အိပ်ပျော်သွားခဲ့မိတာပေါ့…ဟီး။

x x x

အခန်းတွင်းဘာတွေလိုအပ်နေသေးလည်း Check - in အတူဝင်ကြတယ်။ ဒါပေမဲ့ နှစ်ဦးသားစကားဘယ်ကစပြော ရမှန်း မသိကြတော့ ခုတင်ပေါ်မှအတူထိုင်ရင်း… “So you are not in school? Are you not still attending?” James enquired.
“Yeah.., ကျောင်းမှာပဲ ။ နောက်နှစ်နှစ်လောက် တက်ပြီးရင်တော့ ကျွန်တော်တက်နေတဲ့ Account Diploma ရပြီ။ တော်တော်ပျင်းဖို့ကောင်းတဲ့ profession ပါပဲနော်။
” အို…ဒါပေမဲ့ ဒီမှာတော့ accountant တွေကို တော်တော် respect ပေးကြတယ်ကွ။”
“ဒါဆိုမင်းက အလည်သက်သက်ပဲပေါ့။ ပြီးတော့ဘယ်အချိန်ပြန်ရမှာလဲကွ။”

“I don’t know” အသံတွေများ တုန်ခါနေရော့သလား။ “I wish I could be here forever…” သူ့ကိုပြန်ဖြေတဲ့ ကျွန်တော့်အသံ သတိမထားမိခင် ၀မ်းနည်းသံပေါက်နေ သလားပဲ။ သတိထားပြီးထိန်းပါမှလေ အခုမှာတွေ့ ကြတာ မကြာသေးဘူးမလား။

ကျွန်တော့်ရဲ့ ပုခုံးပေါ်သူ့လက်မောင်းနှင့် ပွေ့ဖက်ပြီး နှစ်သိမ့်သလိုသူဆိုတာကတော့ ” အဲဒါတွေ စဉ်းစား မနေပါနဲ့ကွာ ဒီကိုလာတုန်းလာခိုက် မင်းပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာကိုပဲ မြင်ချင်ပါတယ်။” သူ့ရင်ခွင်ကျယ် ကြီးဟာ ကျွန်တော်မှီခိုမှေးစက်ရာဖြစ်သွားချိန်မှာ ကျွန်တော့်ဆံနွယ်ခွေတွေကို သူက ညင်သာစွာပွတ်သပ် ပေးနေပြန်တော့ ရင်ထဲတသိမ့်သိမ့် ကြည်နူးရပြန်ရော။ I loved it… ကျွန်တော့်နူးညံ့ပါးပြင်လေးနဲ့ သူ့ရင်ဘတ် မွှေးနုနုလေးတွေနဲ့ ထိတွေ့နေတာရော ညင်ညင်သာသာ ပွတ်သပ်နေတဲ့ သူ့လက်ချောင်းလေးတွေရဲ့ အထိအတွေ့ကိုရောပေါ့။ ဘာဖြစ်မှန်း မသိပါဘူး ပေါင်ကြားက ညီဘွားက အတင်းခေါင်းထောင်ထတာများ ထောင်းကနဲ ငုတ်တုတ်။

No comments: