Thursday, June 25, 2009

No Regret Part III

စတီဗင်ဆိုတဲ့ ကျွန်တော်ဟာ လောကအလည်မှာ ပြည့်စုံခြင်းတွေနဲ့မွေးဖွားလာသူပါ။ အဖေ အမေ အာလုံးသောသူတွေဟာ ချမ်းသာခြင်းကြွယ်ဝသူများဖြစ်ပါတယ်။ ဟိုးငယ်ငယ်လေးတုန်းကတော့ ပျော်ရွှင်ခြင်းအပြည့်နဲ့ကျေနပ်ခဲ့ပါတယ်။ အရွယ် ရောက်လာတော့ မိမိကိုယ်ကိုသိလာတယ် မိန်းကလေးတွေကို မနှစ်သက်သူတစ်ယောက် ဆိုတာ။ ဒါဟာဖြစ်သင့်ပါသလား လို့ တွေးထင်မိကြမယ်ထင်ရဲ့။ ဒီမိဘနှစ်ဦးမှာ တစ်ဦးတည်းသောသား မျိုးဆက်အမွေခံယူရမည့်သူက ဒီလိုလူမျိုးဖြစ်သင့် သလားလို့ တစ်လောကလုံးကသတ်မှတ်ထားပါတယ်။

အလုပ်သွားမယ် အိမ်ပြန်မယ် တစ်ခါတစ်လေ ကိုယ့်လုပ်ငန်းခွင်တွေထဲ လှည့်လည်စစ်ဆေးမယ်....ဒါဟာ တစ်သက်လုံး လုပ်လာခဲ့တဲ့အလုပ်ပါပဲ။ ကျွန်တော့်စိတ်အလိုအတိုင်း ငြင်းဆန်ခဲ့တယ်ဆိုတာ လုံးဝမရှိခဲ့ဘူးပါ။

ဒါကိုလည်းကျေနပ်ခဲ့ပါတယ်။ ဒါပေမဲ့.... တစ်ရက်သား စိတ်ညစ်ညစ်နဲ့ ဘားမှာ အရက်မူးရင်း ကားမမောင်းနိုင်တော့တာနဲ့ တက္ကဆီလုပ်ငန်းတစ်ခုက အချိန်ပိုင်းအငှားသမားလေးကို ငှားရမ်းလိုက်မိစဉ်မှာ....ဒီကောင်လေးကို ကြည့်ရင်း မိမိဘ၀အတွက်အဖော်မွန် သူဖြစ်မှာပဲလို့ ခံစားမိခဲ့တော့...အလွန်တော့မထင်မှတ်မိခဲ့။

မာနတစ်ခွဲသားသူဌေးသားတဲ့လား မိမိဖခင်ပိုင်တဲ့စက်ရုံတစ်ခုမှာ သူ့ကိုပြန်တွေ့စဉ်မှာ နီးစပ်ဖို့ခြေလှမ်းစချင်ပေမယ့် သူကတော့စကားပြောခွင့်တောင်မရ လှမ်းထွက်သွားပါရောလား။ နောက်တစ်နေ့ရုံးခန်းထဲဝင်လာတဲ့သူ့ကို နှုတ်ဆက်စကား ဆိုရင်း လိပ်စာကဒ်လေးပေးမိပြန်တော့ ကျွန်တော်အလုပ်ထွက်တော့မတဲ့။ ငါ...ဒီလောက်သိမ်ငယ်ရသလားသူ့အတွက်လေ....။

သူ..သူ့ရဲ့နောက်ကြောင်းကို စုံစမ်းတော့ နယ်မြို့လေးတစ်မြို့ကတက်လာသတဲ့....ကောလိပ်တက်ဖို့ကြိုးစားငွေစုနေသတဲ့။ အခု..အခုငွေရလွယ်တဲ့ ညမွှေးပန်းလို ဘားတစ်ခုမှာ အလုပ်လုပ်နေပြီတဲ့။ တစ်ခုခုဆုံးရှုံးသွားသလို ခံစားရပေမယ့်.....သူ.. သူရှိရာကိုသွားတွေ့မိခဲ့ပြန်ရော..။
သူ့အတွက်အကြင်နာဆိုတာ ငွေပဲလား.....မိမိအပေါ်ဆက်ဆံမှုက ကြမ်းတမ်းလေရဲ့။ ဘယ်တော့မှ သူ့ဆီမလာပါနဲ့တဲ့လေ။ ဟူး.....။

ရွှန်းမြမြလရောင်တွေဖြာကျနေတဲ့ ပြူတင်ပေါက်ကတစ်ဆင့် အဝေးကိုလှမ်းကြည့်ရင်း ရင်ခွင်ထဲအိပ်ပျော်နေတဲ့ နွေးနွေးကို အသာဖယ်လိုက်ရင်း ထထိုင်မိပါတယ်။ ဒီကောင်မလေးက ချစ်စရာကောင်းသူလေးတစ်ယောက်ပါ။ ရုပ်ရည်ချောတယ် အရည်အချင်းပြည့်တယ် ငွေကြေးချမ်းသာတယ်....။ မိဘတွေသဘောတူထားသူလေးပေါ့။

အ၀တ်အစားလဲ မြို့ထဲက မင်္ဂလာဝတ်စုံဆိုင်ကို ခပ်သွက်သွက်လှမ်းလာတဲ့လမ်းတစ်လျှောက်မှာ ချစ်သူစုံတွဲ ချစ်သူစုံတွဲတွေ မင်္ဂလာပွဲကျင်းပဖို့ စီမံကိန်းတွေချပြီး ပျော်ရွှင်ကြည်နူးနေကြလေရဲ့။ မင်မိုရီဆိုတဲ့ မင်္ဂလာဝတ်စုံဆိုင်လေးမှာ ... ကြွကြွရွရွ လေး လှလှပပမှန်ရှေ့မှ ဟန်တပြပြနဲ့ နွေးနွေးကို အမေနဲ့အတူ ကြည်နူးနေတာ မြင်ခဲ့ရပါတယ်။ အမေကတော့ ချိန်းထား တဲ့သားကို တမျှော်မျှော်နဲပါ....ဒါကိုကျွန်တော် ကျွန်တော့်စိတ်ထဲမှာဘာဖြစ်မှန်းမသိ ဆိုင်တွင်းမ၀င်တော့ဘဲ ပြန်လှည့် လာဖြစ်ရပေါ့။

စိတ်ထဲတင်းကျပ်မှုကို ခံစားရတဲ့အခါ လူတစ်ချို့က လူသူကင်းရာကိုသွားပြီး အော်ဟစ်လိုက်ရင် သက်သာသွားသလိုပဲတဲ့ ကျွန်တော်ကတော့ သေနတ်ပစ်ကွင်းကိုသွား စက်ဝိုင်းအလယ်ဗဟိုတွေကို အပေါက်ပေါင်းများစွာဖြစ်အောင် " ဒိုင်း....ဒိုင်း"။

x x x

လတ်ဆတ်တဲ့ လေတွေ အရှိန်ပြင်းပြင်းတိုက်ခတ်တတ်တဲ့ မနက်ခင်းမှာ အပြေးလေ့ကျင့်ရတာ တော်တော်ကောင်းတာပဲ လန်းဆန်းတက်ကြွစေတဲ့အပြင် ချွေးသိပ်မထွက်တော့ သိပ်မဟိုက်ဘူးပေါ့ဗျ။ ချွေးတွေလည်းရွှဲ ခရီးလည်းအတော်ပေါက် တော့မှ ပြန်လှည့်လာဖြစ်ပါတယ်။ ဟူး...ခပ်ဆာဆာရှိတာနဲ့ အိမ်မရောက်ခင် ပဲနို့နဲ့ ပေါင်မုန့်ကို အစာပြေစားပြီး ခပ်သွက် သွက်ပြန်အလာ ကျွန်တော့်တိုက်ခန်းရှိရာလမ်းကြားအရောက် သီဟကိုအိတ်တစ်လုံးနဲ့တံခါးရှေ့ မှောက်အရောက်တွေ့ တော့တာပါပဲ။
သူ့ကိုရုတ်တရက်တွေ့လိုက်ရတော့ ၀မ်းသာသွားတာတော့အမှန်။

ဘောင်ထူထူမျက်မှန်လေးနဲ့ သူ့ပုံစံကစာကြမ်းပိုးရုပ်လေး ပါ။ လိပ်စာကဒ်လေးတကိုင်ကိုင်နဲ့ အိမ်ခန်းကိုကြည့်လိုက် လမ်းမပေါ်ကိုမျှော်လိုက်နဲ့သူ့ခမျာ မုန့်ပျောက်နေတဲ့ ကလေးလေး လိုပါပဲ။ ကျွန်တော့်ကိုတွေ့သွားတော့ ၀မ်းသာအားရနဲ့ ပြေးတောင်လာကြိုပါရဲ့။
ထုံးစံအတိုင်း နားနေခန်းထဲ ကျွန်တော်တို့စုထိုင်နေတဲ့နေ့လေးတစ်နေ့မှာ သီဟလည်းအတူတူထိုင်နေဖြစ်ပါတယ်။ စားပွဲခုံပေါ်မှာလည်း သူ့အ၀တ်ထုတ်နဲ့ လက်ထဲမှာလည်း ခွေးရုပ်ကလေးကိုကိုင်ထားသေးတယ်။ တခြားလုပ်ဖော် ကိုင်ဖက်တွေကသူ့ကို ညီငယ်တစ်ယောက်လို စနေတာ....ဟာ ဟ။
"ဖျောင်းဖျောင်း"ဆိုတဲ့လက်ခုပ်တီးသံနှင့်အတူ အထိန်းတော်ကအခန်းထဲဝင်လာလေတယ်။ သူ့လက်ထဲမှာလည်း စမတ်ကျကျဝတ်စုံတစ်ခုကို ကိုင်ဆွဲလို့။
"မင်းက ဒီနေ့အလုပ်စဆင်းမဲ့ အသစ်မဟုတ်လား...။ မျက်မှန်ကြီးချွတ်ပစ်စမ်းပါကွာ....ရော့ဒီဝတ်စုံကိုသွားလဲလာခဲ့။"

"ဟုတ်"ဆိုတဲ့စကားသံနဲ့အတူ သူဝတ်စုံကိုကိုင်ကြည့်ပြီး ကျန်ခဲ့တာပေါ့။ ဒီလိုဝတ်စုံမျိုးသူမှဝတ်နေမကျတာပဲလေ။ သူဟာ အရင်က Sunna တစ်ခုမှာအလုပ်လုပ်ခဲ့ဖူးသူပါ။ ဒီမှာ သူတို့အလုပ်နဲ့မတူတာကတော့ လက်တွေ့ကျကျ အလုပ်လုပ်ကြ ရတာလေ။ ကျွန်တော်တို့ကတော့ထုံးစံအတိုင်း အလုပ်ခန်းတွေဆီ ထွက်လာဖြစ်ကြပါ တယ်။သူ့ကိုအကူအညီပေးဖို့လိုမှ မလိုတာပဲနော်။

မနက်ခင်း ကျီးမနိုးခင် မီးမှိန်စပြုတဲ့အချိန်မှာ ကျွန်တော်တို့ပြန်ခဲ့ပါတယ်။ သီဟရယ်လေ ကျွန်တော့်အ၀တ်အိတ်ကိုရော သူ့အိတ်ကိုရောဆွဲကိုင်လို့ ကျွန်တော့် နောက်ကခပ်ကုပ်ကုပ် လိုက်လာပါရဲ့။ အစတုန်းက ကျွန်တော်စအလုပ်လုပ်တုန်း ကလည်း ဒီလိုညပိုင်းကို ကြုံခဲ့ရတာ မှတ်မှတ်ထင်ထင်သတိရဖြစ်မိပါတယ်။

နောက်က ရှူးသံတဒေါက်ဒေါက်ကြားရလို့လှည့်ကြည့်လိုက်တော့ ဇော်ဇော်တစ်ယောက် ခပ်သွက်သွက်လိုက်လာတာ မြင်လိုက်ရတယ်။ ဒီနေ့ သူ့ကောင်မလေးမွေးနေ့တဲ့ လာမယ့်ညကျရင် အလုပ်မဆင်းဘူးဟုဆိုကာ အထိန်းတော်ကြီးကို ပြောတော့ အထိန်းတော်ကြီးအော်ဟစ်ပြီးကျန်ခဲ့လေရဲ့။ဇော်ဇော်က ဖောက်သည်ကိုအများဆုံးကျေနပ်မှု ပေးနိုင်တဲ့သူ တွေထဲကတစ်ယောက်မဟုတ်လား။
ရောင်နီပေါ်စ နီယွန်မီးတွေမှိန်စပြုနေတဲ့ လမ်းမကြီးရဲ့ ဘေးပလက်ဖောင်းကနေ ခပ်ဖြေးဖြေးလမ်းလျှောက်ပြန်လာကြရင်း သူငယ်ချင်းနှစ်ယောက်စကားပြောဖြစ်ပါရဲ့။ သီဟ ...သူဟာ ကျွန်တော်နဲ့မတူတဲ့အချက်က နီယွန်မီးတောက်ပနေတဲ့မြို့တော် ကိုသဘောအကျကြီးကျနေပြီဆိုတာပါပဲ။ဖြစ်နိုင်ရင် တစ်မြို့လုံးထိန်ထိန်ညီးနေစေချင်သတဲ့။

"ငါတော့ အဲဒီမီးလုံးကြီးတွေကို အရမ်းသဘောကျတာပဲကွ.....မြို့ကြီးဟာ အရမ်းရင်ခုန်ဖို့ကောင်းတာပဲနော်။"
"အင်း....မင်းကိုပြောလိုက်ဦးမယ် မြို့မှာ မင်းဘယ်သူ့ကိုမှ မယုံနဲ့၊ မင်းဒီမြို့ကြီးကို ဘာလို့လာတာလည်း"
" ပိုက်ဆံရှာဖို့ပေါ့။ တောမှာ ဘာမှလုပ်စရာမှ မရှိတာကို ၊ စကားမစပ် မင်းငါ့ကိုဘာကြောင့် ကြင်နာရတာလည်း။"
"မင်းက ငါ့ကို တစ်ယောက်ယောက်ကို သတိရအောင်လုပ်ပေးလို့။"
"သီဟ၊ တစ်ခုခုသွားစားရအောင်။"
"ဆူရှီ၊ ကြေးအိုး Yammy!"

x x x

ဒီနေ့မနက်စောစော နိုးနေတယ်။ ထုံးစံအတိုင်း ၀ရန်တာထွက်ပြီး ဟိုငေးဒီငေး။ လေအေးအေးတိုက်နေတဲ့ အခါသာမယ လေးမှာ ရေအေးအေးကိုသောက်ရတာလည်း ဖီးလ်တစ်မျိုးပါပဲ။ ဟိုးကောင်းကင်ကြီးကိုမော့ကြည့်တော့လည်း အပြော ကျယ်တဲ့ မျက်စိတစ်ဆုံးမဆုံးနိုင်သေးတဲ့ ပြင်ကျယ်ကြီးကိုတိမ်တွေ ကူးခတ်နေလေတယ်။
ခက်သွက်သွက်ခြေလှမ်းတွေနဲ့ အတူစားစရာတစ်ချို့ကို လက်မှာဆွဲလို့ ဆေးရုံကိုအပြေးသွားရတယ် နေ့လည်မှာ။ လက်ကျိုးလို့ဆေးရုံတက်နေရတဲ့ ကျော်ကျော်ဆီကိုပေါ့ဗျာ။ စက်ရုံမှာ အတူတူအလုပ်လုပ်တုန်းက ကြင်နာစွာကူညီခဲ့တဲ့ ချစ်သူငယ်ချင်းလေးဆီကိုပေါ့။

" ငါနည်းနည်းနာသေးတယ်ကွ၊ မကြာခင်ဆင်းရတော့မယ်။"
"လက်မောင်း မကောင်းတော့ ဂေါ့ဖ်မဆော့ရတော့ဘူးပေါ့ ဟုတ်တယ်ဟုတ်"
"ဟား ဟား ငါ့မှာ masturbation တောင်မလုပ်နိုင်ဘူး။"

"ဒါနို့အကောင်းစားကွ သောက်လိုက်ဦးနော်။" ဒီကောင်ဆေးရုံတက်နေရတာတောင် ဟာသပြောနိုင်သေးတယ်။ ၀ယ်လာတဲ့မုန့်ရယ် ပြီးတော့နို့ပုလင်းကို ပိုက်တပ်ပြီးသူ့ကို အစားအသောက်တွေကျွေးဖြစ်ပါတယ်လေ။ အားရပါးရစားနေတာမြင်ရတော့ ၀မ်းသာမိတာအမှန်။ အခုအချိန်မှာတော့သူ ကျွန်တော့်ကိုအပြစ်မတင်တော့ပါဘူး။

"မင်းဒီအတောအတွင်း ဘာတွေလုပ်နေလည်း။ ဟို အဆင့်မြင့်မြင့်ကလူလေ မင်းဆီလာသေးလား။သူကမေးတယ် မင်းဘယ်မှာနေလည်း ဘာလုပ်လည်းဆိုတာ။ ငါပြောပြလိုက်တယ်။ ညမွှေးပန်းမှာလို့။သူကမင်းကို တောင်းပန်စရာရှိလို့တဲ့။"
ညဦးလေပြည်နဲ့အတူ အလုပ်ကိုရောက်သွားတော့လည်း သူ့အကြောင်းကြားရပြန်တယ်။ ညမွှေးပန်းကိုလာတယ် အခန်းတွေကို လှပ်ကြည့်တယ်။ဘာလုပ်ဖို့လည်းမသိ စုံထောက်လားမသိဘူး။ မင်းသူနဲ့ပြဿနာရှိလို့လားတဲ့ အထိန်းတော်ကြီးကမေးပြန်တယ်။ ဒီလူတော့ကွာ....။

အထိန်းတော်ကြီးအပြောကို မျက်လုံးထဲပြန်မြင်ယောင်ကြည့်မိတဲ့အခါ သူ့အဖြစ်အပျက်တွေကို မြင်ယောင်မိလာသလိုပါပဲ။ သူကျွန်တော့်အပေါ်ဘာတွေ ခံစားချက်ရှိနေပါလိမ့်။ ကျွန်တော်ကရော...။ အခန်းလေးတွေလိုက်လှပ်ကြည့် ကျွန်တော့်ကို မမြင်တဲ့အခါ စကြ်ံန်နံရံကို ရီဝေေ၀ ငေးပြီးမှီနေတယ်။ ကလပ်ကတစ်ယောက်က သူ့ကိုလက်စွဲခေါ်သွားပြီး အခန်းတစ်ခုထဲမှာ ပွတ်သပ်ကိုင်တွယ် ဆားဗစ်ပေးပေမဲ့ သူထွက်ခွာသွားသတဲ့။

ဆွေမင်းဆိုတဲ့ ကျွန်တော်သူ့အကြောင်းတွေနားထောင်ပြီး ကားဆီပြန်လာ ပြန်လည်မောင်းထွက်လာတော့ သီချင်းသံလည်း နားထဲမရောက်ပါဘူး။ မျက်ရည်တွေသာ တွေတွေကျလာတော့တယ်။ ဟင့်အင်.....။

x x x

စိတ်ထဲကဘာကိုရွှင်မြူးနေတယ်မသိဘူးဒီနေ့ည။ အထိန်းတော်ကြီးလာပွားနေတာကိုလည်း နားမညည်းသလိုပါပဲ။ သီဟ အကြောင်းပြောနေတာလေ တစ်ခါတစ်လေ သူပြောတာတွေကိုနားထောင်ရတိုင်း အပြစ်တင်သံလေး တွေညှပ်ညှပ်ပြီးပါ လာတတ်သေးတာ။ အရာအားလုံးသူ့စိတ်တိုင်းကျဖြစ်ဖို့ဆိုတာ ဘယ်မှာဖြစ်နိုင်မလည်းနော်။

"မျက်မှန်နဲ့ ရောက်လာတဲ့ကောင်ကို သတိရလား။ သူ့ကို ဖောက်သည်တစ်ယောက်က Credit Card တောင်ပေးသုံး ထား သတဲ့။ မင်းကို ပိုက်ဆံကိစ္စတွေလာပြောရင် မင်းသွားမရှုပ်နဲ့နော်။ "တဲ့လေ။ ဟုတ်တယ် ဇော်ဇော်ပြောသလိုပါပဲ ဖောက်သည် တွေက အသည်းစွဲရင် အားလုံးပေးချင်ကြတာထုံးစံဖြစ်နေပြီ။ သူတို့ အထီးကျန်မှုကိုကျွန်တော်တို့က အဖော်ပြု ပေးရတာ မဟုတ်လား။

နားနေခန်းထဲကအတွက်မတော့ အခန်းတစ်ခုထဲက ယိုင်တိုင်တိုင်ထွက်လာတဲ့ ဘဲတစ်ပွေကိုတွဲလာရင်း ကျွန်တော့်ကို ပိစ်လုပ်ပြသွားတဲ့ သီဟကိုတွေ့လိုက်ရပါတယ်။ သူပျော်ရွှင်အသားကျသွားပြီထင်ပါရဲ့။ သူဟာဒီလောကမှာ အထာ ကျမြန်လှချီလား။
"တီ...တီ"ဆိုတဲ့ဖုန်းသံနဲ့အတူ စတီဗင်ဆီက ဖုန်းလာတယ်။သူ...သူအရေးပေါ်ငွေနည်းနည်းလိုသတဲ့။ ကျွန်တော် ထူပူသွားတာပဲ ဘာလုပ်ပေးရမလည်းသူ့အတွက်။ ပိုက်ဆံရဖို့က ....။

"ဝေါ့...ဝေါ့" ရင်ဘတ်ထဲက အန်ချင်စိတ်အဆက်မပြတ်ဖြစ်ပြီး အန်နေရတယ်။ လက်ထဲမှာတော့ ငွေအတော်များများကိုကိုင် ထားရင်းပေါ့။ ဧည့်သည်တွေအတွက် ကျွန်တော်ရှောင်ကြဉ်ခဲ့တဲ့အရာကိုပေးအပ်ရင်း ပြုစုခဲ့တာလေ ငွေများများရဖို့။ ဒါကြောင့်...'ဝေါ့..ဝေါ့'...

x x x

ငြိမ့်ငြောင်းတဲ့တီးလုံးသံတွေအကြားမှာ ထုံးစံအတိုင်း ဒွိယံဒွိယံအတွဲတွေက မီးမမှောင့်တမှောင်ထဲမှာ ရင်ခြင်းအပ် အနမ်းခြင်းဖလှယ်နေကြတာ ကြည်နူးတတ်သူဆိုရင်တော့ အတော်ကြည့်ကောင်းမှာအမှန်။ ကျွန်တော့်အတွက်ကတော့ ရိုးသွားပါပြီ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုသက်သက်သာ။ ခမ်းမတစ်လျှောက် ဟိုဘက်ရောက်လိုက် ဒီဘက် ရောက်လိုက် အလိုက်သင့်စီးမျောနေကြတာ အပြည့်။

ဖောက်သည်တစ်ယောက်ကို တွဲပြီး တီးလုံးသံနဲ့အတူကနေတဲ့ ကျွန်တော်လေ အခန်းတံခါး'၀ုန်း'ကနဲ ပွင့်လာကာ ကျွန်တော့်လက်ကိုဆွဲကာ ကလပ်အပြင်ကိုခေါ်ထုတ်လာတာကိုခံရတာများ အလန့်တကြားကိုဖြစ်ရော။ ကျွန်တော် တော်တော်ဒေါသထွက်သွားတာတော့အမှန် အလုပ်လုပ်နေတာလေ။ ကျွန်တော့်အသက်မွေးဝမ်းကြောင်းအတွက် လုပ်နေတာလေဗျ။
"မင်း.....ဒီမှာအလုပ်လုပ်နေတာကို ကြည့်ပြီးမခံစားနိုင်တော့ဘူးကွာ"
"ပြော ငါဟာမင်းအတွက် sugar daddy လား...."

စိတ်ထဲထောင်းကနဲဒေါသထွက်သွားတယ်ဗျာ။ သူကျွန်တော့်ကိုဒီလိုပြောပိုင်ခွင့်ရှိလို့လား။ သူ့ကော်လံကိုဆွဲကိုင်ပြီး ထိုးပစ်မလိုရွယ်အပြီးမှာ မလုပ်ဖြစ်ဘဲ....
"ခင်ဗျားကို ခင်ဗျားကို သတိပေးထားတယ် ကလပ်ကိုနောက်တစ်ကြိမ် မလာနဲ့ဆိုတာ။"
"တစ်ကြိမ်....တစ်ကြိမ်ထဲပါ။ ငါ့မှာလည်း ပိုက်ဆံရှိ ပိုက်ဆံရှိသူတစ်ယောက်အဖြစ် မြင်မပေးနိုင်ဘူးလား။"

သူကျွန်တော့်ပုခုံးကို ဆွဲကိုင်ရင်းသူပြန်ပြောတော့ သူ့မျက်ဝန်းတွေကိုစိုက်ကြည့်မိတဲ့ကျွန်တော် သတိမေ့သလိုဖြစ်သွားမိတာ သူ့ကားပေါ်ရောက်တော့မှ ဘယ်လိုအသာတကြည်ပါလာမိပါလိမ့်လို့ သတိပြန်ကပ်ရတော့တယ်။

"ကျွန်တော့်ကို ဘာလို့ဆွဲထုတ်ခဲ့ရတာလည်းဗျ။"
သူဆိုတဲ့ စတီဗင် စကားပြန်မရဘဲ ကျွန်တော့်ကိုနောက်ကြည့်မှန်ကတစ်ဆင့် ပြန်ကြည့်ရင်း သူဆိုချင်သော စကားကိုသာဆိုလေရဲ့။
"တစ်ယောက်နဲ့ တစ်ယောက် သေသေချာချာ မိတ်မဆက်ရသေးဘူးနော်။ ငါ့နာမည်
စတီဗင်ပါ။"

x x x

ကိုယ့်အပေါ်မှာ တကယ်မင်းနားလည်ရင်
ဘ၀မှာလေ လိုအင်အကုန်လုံးပြည့်သလို
အချစ်တစ်ခုထဲနဲ့ အရဲစွန့်လဲလှယ်နိုင်တယ်
အနစ်နာခံဖို့ ဆုံးဖြတ်ဝံ့တယ်....


မြေသားလမ်းတစ်ခု လူသူသိပ်မရှုတ်တဲ့ လမ်းမတစ်ခုမှာ နှစ်ဦးသား အတူလမ်းလျှောက်ကြရင်း ရင်ဖွင့်ဖြစ်ကြတယ်။ စိတ်တွေဘယ်လိုပဲ ကွယ်လျှိုးထားပေမယ့် သူကျွန်တော့်အပေါ် သံယောဇဉ်တစ်စုံတစ်ရာနက်နက်ရှိုင်းရှိုင်းရှိခဲ့ပြီ။ ညိုမှိုင်းတဲ့မီးရောင်တွေနဲ့ အတူ လူသားနှစ်ဦးစိတ်ထဲမှာ နက်နက်နဲနဲခံစားမှုတွေက ပြည့်နေကြပါပေါ့။

"မင်းနဲ့ ကိုယ်စတွေ့ဆုံ စကတည်းက ငါနာကျင်မှုခံစားခဲ့ရတယ်"
"ဘာလို့လည်းဗျာ.... prostitute တစ်ယောက်အတွက် ခင်ဗျား လဲကျချင်နေတာလား။"
" ဘာကြောင့်မင်း ငါ့ရင်ထဲက ခံစားချက်ကို လစ်လျူရှုရတာလည်း"
"ခင်ဗျား....ကချမ်းသာတယ်၊ ပညာတတ်တစ်ယောက် ပြီးတော့ပိုက်ဆံဆိုတာကို ရဖို့ဘယ်လိုကြိုးစားရတယ်ဆိုတာ နားလည်မှာမဟုတ်ပါဘူးဗျာ။"
"မင်းဒီထက်ကောင်းတဲ့ စကားလုံးတွေကို မသုံးတတ်တော့ဘူးလား ဆွေမင်း"
သူအဲဒီစကားကိုပြောပြီး အတန်ကြာငြိမ်သက်နေတာကြောင့် သူ့ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါ သူ့မျက်ဝန်းမှာ မျက်ရည်တွေနည်းနည်းဝေ့နေသလိုပါပဲ။ ကျွန်တော့်ကို အတန်ကြာစိုက်ကြည့်ပြီးတဲ့နောက် လက်ကိုလှမ်းကိုင်ရင်း တစ်ခုခုကိုပြောချင်နေသေးသလို။

"လက်ကိုလွှတ်လိုက်ပါ ...ကျွန်တော်ဒီပုံစံမျိုးနဲ့ အပြင်ထွက်ဖို့သဘောမကျဘူးဗျ။"
ဆုပ်ကိုင်ထားတဲ့လက်ကို ရုန်းပြီးလှည့်ထွက်ဖို့အလုပ်မှာသူက ပြောသေးရဲ့ "ငါလည်းမင်းလိုပါပဲ....မင်းလိုခံစားချက်မျိုးရှိခဲ့တာပါပဲကွာ ငါ့ဘ၀မှာ။"
"ဒါထက်မင်း ငါ့နာမည်ကိုမမှတ်မိသေးဘူးလား...နာမည်ကိုခေါ်ပါလားကွာ။"
"ထားလိုက်ပါ...ခင်ဗျားကို စိတ်အနှောက်အယှက်ပေးသလိုဖြစ်ခဲ့ရင်တော့ တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကျွန်တော့်ကို ထပ်မခေါ်ပါနဲ့တော့ မပတ်သက်ပါနဲ့တော့။"

စကားတွေကို အဆုံးသတ်ပြီးလှည့်ထွက်လာချိန် ကျွန်တော့်ရင်ထဲမှာလည်း အသည်းကွဲတဲ့လူတစ်ယောက်ရဲ့ ခံစားချက် မျိုးရရှိလိုက်သလိုပါလား။ နောက်မှာကျန်ရစ်ခဲ့တဲ့ သူ့ကို ပြန်လှည့်ကြည့်မိတဲ့အခါ ကျွန်တော်သွားရာကို လှမ်းကြည့်နေတဲ့သူ့ နှုတ်ခမ်းသားတွေ တဆတ်ဆတ်တုန်နေသလားပဲ။
ကျွန်တော်သူ့ဆီခပ်သွက်သွက် ပြန်လှည့်သွားကာ တုန်ယင်နေတဲ့ သူ့နှုတ်ခမ်းကို အနမ်းပေးရင်းနှုတ်ဆက်ခဲ့ပါတယ်။

" ဒီအနမ်းဟာ နောက်ဆုံးဝန်ဆောင်မှုလေးပါ....ဖောက်သည်ကြီးအတွက်"
" ခင်ဗျားဆီက မရေမတွက်နိုင်တဲ့ ငွေတွေကိုကျွန်တော်လက်လည်းလက်မခံချင်တော့ဘူး၊ တွေ့ခဲ့တဲ့အကြောင်းတွေကို မေ့ပစ်လိုက်ပါတော့။"

တုန်ယင်နေတဲ့ နှုတ်ခမ်းတွေနဲ့စကားမဆိုဘဲ ကျန်ခဲ့မဲ့သူ့ကို လှည့်မကြည့်ဖြစ်အောင်ကြိုးစားရင်း ပြန်ခဲ့တယ် ပြန်ခဲ့တယ် အထီးကျန်အိပ်ခန်းလေးဆီကို။
ခပ်ဝေးဝေးမရောက်ခင်မှာ ကြားလိုက်ရတာက ဘယ်လိုအဓိပ္ပာယ်မှန်းမသိပါ။
ပြန်လှည့်ကြည့်မိတဲ့ အချိန်မှာ ကျွန်တော့်စိတ်တွေထိန်းမရတော့ဘူး တံတိုင်းကို လက်သီးနဲ့ခပ်ပြင်းပြင်းထိုးမိပါတယ် "၀ုန်း......၀ုန်း"။

ကျည်ကျည်ကျာကျာမြည်တဲ့ ကျေးငှက်တွေရဲ့ အသံနှင့်အတူ မနက်ခင်းတစ်ခု ပြူတင်းပေါက်ကတစ်ဆင့်ရောက်လာပြန်ပါပြီ။ လွတ်သွားမှာစိုးသည့်အလားဖက်ထားတဲ့ စတီဗင်ရဲ့ လက်ကိုအသာအယာဖယ်လိုက်ပြီး ခုတင်ပေါ်ထထိုင်မိပါတယ်။ သူ့ရဲ့နွေးထွေးတဲ့ရင်ခွင်ထဲ အိပ်စက်ခဲ့ရတာ သိစိတ်ကငြင်းဆန်နေပေမဲ့ မသိစိတ်ကတော့ နှစ်ခြိုက်စွာသာယာခဲ့တာ အခုရောင်နီလာတော့မှ နိုးထဖြစ်ပါရဲ့။

ခပ်ကွေးကွေးအိပ်နေတဲ့သူ့ကို စောင်ပါးလေးဆွဲခြုံပေးရင် အပြင်ဝရံတာကိုထွက်ခဲ့တယ်။ ရင်ထဲတစ်ခုခုတော တစ်ခုခုပဲ လောကကြီးရယ် ဘာမှန်းမပြောပြတတ်ပါဘူးဗျာ။

x x x

မြက်ပင်နုနုတွေအပြိုင်းအရိုင်းထနေတဲ့ အားကစားကွင်းထဲမှာ သီဟနဲ့ကျွန်တော် စကားတွေဆို ရင်တွေဖွင့် နှစ်ဦးသားတိုင်ပင်ဖြစ်ခဲ့ကြတယ် ကျွန်တော့်တိုက်ခန်းနဲ့ မလှမ်းမကမ်းမှာ။ ကျွန်တော်က နေသားကျနေတဲ့ဘ၀နဲ့ ရှေ့ရေးကိုဆိုပေမဲ့ သူကတော့ ရင်ခုန်တိမ်းမူးဖွယ် လူတန်းစားတစ်ရပ်အတွက် သွေးပူနေလေတယ်။

"ဖောက်သည်ရဲအရာရှိက ငါ့ကိုကျနေပြီထင်တယ်ကွာ။ ငါ့အတွက်ကားအသစ်တစ်စင်းဝယ်ပေးမလို့တဲ့။"
ဒီစကားကြားမိတော့ပြုံးမိပါရဲ့လေ။ သူ့ကြည်နူးမှုလေးတွေကို မပျက်စေချင်သေးပါဘူး။
"ကားရရင်တော့ကွာ ဒီမြို့ကြီးတစ်မြို့လုံးကိုပတ်မောင်းပစ်မယ် ။ ခရီးအတူထွက်ရအောင်လေ ဘယ်လိုလည်း။"
"ငွေစုဖို့ မစဉ်းစားဘဲ မင်းကဖြုံးဖို့စဉ်းစားနေတာမလား။ ကောလိပ်တက်ဖို့ မင်းဘယ်လိုလုပ်မှာလည်း။"
"ရွာမှာတုန်းက ငါ့အဖေက ငါ့ကိုဘာပြောလည်းသိလား။ မင်းဘယ်တော့မှ ကောလိပ်တက်ရမှာ မဟုတ်ဘူး။ နေ့တိုင်းအစားအများကြီးစားလို့တဲ့။"

လူဆိုတာ သူ့အကြိုက်သူ့စရိုက်နဲ့အသက်ရှင်နေကြတာတဲ့။ သီဟက ဘ၀မှာပျော်ပျော်နေဖို့ပဲစဉ်းစားဟန်တူပါတယ်။ အစားကောင်းကောင်းစားမယ်။ ကောင်းကောင်းဝတ်မယ် နေမယ် ဒါဆိုရင် သူ့ဘ၀ကနေပျော်နေတယ်ပေါ့။

"အင်း...အဲဒီလိုတော့မခံစားပါနဲ့ကွာ မင်းကောဘယ်အချိန်မှာ..."
"မင်းနဲ့မကြာခဏတွေ့ရတဲ့ဘဲနဲ့ အဆင်ပြေလား"
"ဘာကိုလည်း"
"ငါလေ...ငါ့စိတ်ထဲမှာ တစ်ယောက်ယောက်ရှိနေပြီလို့ထင်တယ်။"
"ငါ့မှာမရှိဘူး။ မိန်းမတွေက ဒီလိုကောင်လေးမျိုးတွေကို မကြိုက်ကြပါဘူးကွာ။"
"အင်း....မင်းကော အဲဒီလူနဲ့ရောဘယ်လိုလည်း။ သူကဘယ်သူတဲ့လည်း။"

သီဟအမေးကို မဖြေချင်ပါဘူး။ဒါကြောင့်စကားမပြန်တော့ဘဲထလာခဲ့ပါတယ်။ သီဟကနောက်မှ ခပ်နှေးနှေးထရပ်ရင်း ပါးစပ်ကဘာတွေပြောနေမှန်းမသိ နားလည်လိုက်ရတာကတော့ "ငါသူ့ကိုချစ်မိပြီလားမသိ"တဲ့။

ထုံးစံအတိုင်း ညနေစောင်းလေးမှာ ရေမိုးချိုး သန့်ပြန့်နေအောင်သပြီး ညမွှေးပန်းကိုလာခဲ့တယ်။ အချိန်နည်းနည်းနောက် ကျတယ်လေ သီဟကို ၀င်နှိုးနေရတော့။ အထိန်းတော်ကြီးကို နောက်ကျလို့ ဆောရီးလို့တောင်းပန်ရပြန်တော့တာပေါ့။ သီဟကရောင်ပေပေနဲ့ သန့်ရှင်းရေးကိုဝင်လုပ်ကူနေတုန်း အထိန်းတော်ကြီးက သူ့နားကျွန်တော့်ကို ခဏခေါ်ရင်း စကား တင်းဆိုတယ် "မနေ့ညက ဒီနားထိုင်တဲ့လူကို မင်းအကြောင်း ငါပြောပြလိုက်တယ်။ သူကလိုလိုချင်ချင်နားထောင် တယ်ကွ။ မင်းကိုသူစိတ်ဝင်စားနေမှန်းသိလို့ ပြောပြလိုက်တာပါကွာ။"
သူပြောတာ စတီဗင်ဆိုတာကျွန်တော်သိပါတယ်။

သူ့ရဲ့လိပ်စာကဒ်လေးကျွန်တော်မယူခဲ့တာကိုပဲ အခုပေးထားခဲ့ပြန်ပြီ။ အထိန်းတော်ကြီးအပေးကို လှမ်းယူစဉ်မှာ သူရကဖြတ်ယူကြည့်ရင်း အဲဒီလူက တော်တော်ချမ်းသာလားကွ၊ ဘော့ပ်တော့ တော်တော်ကောင်းမယ့်ပုံပဲတဲ့လေ။ ကဒ်ကိုယူရင်း သန့်စင်ခန်းထဲဝင်သွားလေရဲ့။ စိတ်ထဲထောင်းကနဲဖြစ်သွားပေမယ့် ဒေါသဖြစ်ပြလို့လဲမဖြစ်ပါဘူး။ စိတ်မ၀င်စားသယောင်နေပြခဲ့တာဆိုတော့။

ကြမ်းပြင်ပေါ်ကို ဖျပ်ကနဲကျသွားလေရဲ့။ တကယ်တမ်းသူ့အတွက်ဘာမှ အသုံးမ၀င်ပေမဲ့ ကျွန်တော့်ကိုသက်သက်ကလိ ချင်တဲ့စိတ်နဲ့ ကဒ်ကိုလုယူခဲ့တဲ့သူရ တော်တော်ဆိုးတဲ့ ကောင်။ ဘယ်သူမှမရှိတော့တဲ့အခါမှ ကဒ်ပြားကလေးကို အသာ ကောက်....ဟိုလူ့ဆီ။

x x x

ကျွန်တော့်ရဲ့စိတ်တွေအထွတ်အထိပ်ရောက်နေသလား။ ချစ်စိတ်တွေမွှန်နေပြီလားမသိတော့ပါဘူး။ တစ်ဦးတည်းသောသား အတွက် ကြင်ယာဖက်စီစဉ်ပေးနေတဲ့ အမေ့ကိုလည်း အပြစ်မတင်ချင်တော့သလို ဘာကိုမှလည်း မခံစားတတ်တော့။

ကားလေးကို အသာမောင်းရင်း နွေးနွေးစောင့်နေတဲ့ အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကိုလှမ်းလာခဲ့ပါတယ်။ ကျွန်တော့် အကြိုက်စီစဉ်ပေးတဲ့ကောင်မလေး၊ ဂရုတစိုက်ပြုစုနေတဲ့ ကောင်မလေး စိတ်မကောင်းပါဘူးကွာမင်းအတွက်လေ။ ပေါင်မုန့် ကိုတစ်ချက်လှီး ပါးစပ်ထဲသွင်း သူပြောတဲ့စကားက နားထဲဝင်တစ်ချက် မ၀င်တစ်ချက်။

"အစ်ကို မင်မိုရီဆိုတဲ့ မင်္ဂလာဝတ်စုံဆိုင်မှာလေ ညီမစိတ်ကြိုက်ဝတ်စုံကိုအပ်ခဲ့တယ်သိလား။"
"........................"
"ညီမတို့ မင်္ဂလာဆောင်ပြီးရင် ဟန်းနီးမွန်းကို တောင်ပေါ်မြို့လေးတစ်မြို့ကိုသွားရအောင်နော်။"
"......................."

တဒေါက်ဒေါက် ဖိနပ်သံနဲ့အတူ အမေလည်းရောက်လာချိန်မှာ ကျွန်တော်တို့စကားဝိုင်းက တိတ်ဆိတ်နေတယ်။ အိတ်လေး အသာချ မင်္ဂလာအခမ်းအနားကျင်းပဖို့ ခန်းမဓာတ်ပုံတွေ၊ ၀တ်စုံအတွက် ဓာတ်ပုံတွေကိုပြရင်း နှစ်ယောက် အကြိုက်ရွေး ခိုင်းတယ်။

ကျွန်တော့်အနေနဲ့ ခေါင်းပဲငြိမ့်နေတဲ့အတွက် အမေက မင်းတို့နှစ်ယောက် ရန်ဖြစ်ထားသလားတဲ့။ ပြီးတော့ အိမ်ထောင်ရေးအတွက် စကားတွေပြောပြန်ရော။ နွေးနွေးက သဘောကျမကျမသိပေမဲ့ ကျွန်တော်ကတော့ နားထောင်နေ ရင်း အသားတွေ တဆတ်ဆတ်တုန်နေအောင် ခံစားနေရပါတယ်။ လွတ်လမ်းမရှိ အကျဉ်းအကျပ်ထဲကို ခုန်ဝင်ရတော့ မှာ။

တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့ ဓာတ်လှေကားနဲ့အတူ စိတ်တွေအရမ်းလှုပ်ရှားလာမိတယ်။ အမြင့်ကပြုတ်ကျတဲ့ခံစားမှုနဲ့လေ။ သွားကွာ......။ ပွင့်ထွက်လာတဲ့ တံခါးကတစ်ဆင့် မြင်နိုင်ပါတယ်....ဓာတ်လှေကားနံရံကမှန်ချပ်ကွဲအပ်နေတာကို ပြီးတော့ ကျွန်တော့်လက်ခုံမှာ သွေးတွေတစ်စက်စက်။

ဆွေမင်းဆီဖုန်းဆက်တော့လည်း ကောင်လေး....ကောင်လေးက ဖုန်းမကိုင်ပါ။
နံရံပြူတင်းပေါက်ကတစ်ဆင့် တစ်သွင်သွင်စီးနေတဲ့ ရေစီးချောင်းလို သွားလာနေတဲ့ ကားမီးရောင်များအား အမှတ်မဲ့ငေးနေဖြစ်ပါတယ်။ ဘ၀ဟာ ကျွန်တော့်အတွက် အထီးကျန်ခံစားချက်ဖြစ်ပေါ်စေမတဲ့လား။ ကိုယ့်ချစ်သူ နဲ့အတူနေထိုင်သွားဖို့မရနိုင်ဘူးလား။

"ဒေါက်....ဒေါက်" ဆိုတဲ့ တံခါးခေါက်သံနဲ့အတူ...ဟော ဆွေမင်းဝင်လာတယ်။လက်မှာလည်း လိပ်စာကဒ်လေးကိုင်လို့။ ဒီကောင်လေးကြည့်ရတာ သိပ်တော့မဆိုးတော့ပါဘူး။ ကျွန်တော့်အပေါ်သိပ်ပြီး မဆန့်ကျင်တော့သလိုပဲ။
"တစ်ခါတုန်းက ငါ့သူငယ်ချင်းတစ်ယောက်က ပုံပြင်ပြောပြဖူးတယ်။ သူဟာတစ်ခါတုန်းက သူဆင်းရဲတစ်ယောက် နဲ့ချစ်ပွဲဝင်ခဲ့ဖူးသတဲ့။ သူကဘယ်လောက်ချစ်ချစ် သူဆင်းရဲက သူ့အသည်းနှလုံးကို ဂရုတောင်မစိုက်ပါဘူးတဲ့။"
"ကျွန်တော်က ဘာတတ်နိုင်မှာလည်းဗျာ...."

ဆွေမင်းကျွန်တော်ရပ်နေတဲ့ ပြူတင်းပေါက်ဆီလှမ်းလာရင်း အဲဒီစကားကိုဆိုလေတော့ ကျွန်တော့်ရင်ထဲ တလှိုက်လှိုက် ဖြစ်ခြင်းနဲ့အတူ မျက်ရည်တွေဝဲလာမိတယ်။ ညင်သာစွာ ပတ်တီးစီးထားတဲ့ ကျွန်တော့်လက်ဖမိုးကို လှမ်းအကိုင်မှာတော့ သူ့ဘက်ကိုမျက်နှာမူရင်း ကြွေပြီ မျက်ရည်တစ်စက်ပါးပြင်ပေါ်ကို။

"အဲဒီထက်ပိုပြီးကောင်းတဲ့ နားခံသားတဲ့စကားလုံးကို မင်းမတွေ့သေးဘူးလား။"
"Why should be your penis special of all the penises I suck every night?"
"Cause mine is sole!"
"Yours is also sole."

ကျွန်တော့်မျက်နှာကိုသူခပ်ကြာကြာစိုက်ကြည့်ပြီး သူအခန်းထဲက ထွက်သွားလေတယ်။ ဒီအချိန်မှာကျွန်တော်သူ့ကို လှမ်းမတားမိပါ။ ကျွန်တော်တို့အဖြစ်က အမှန်ပါပဲ သူပြောသွားသလိုလေ။

မီးခပ်မှိန်မှိန်နဲ့ ညမွှေးပန်းထဲမှာ ဟိုအခန်းမှာများ ဆွေမင်းရှိမလား......ဒီအခန်းမှာရော.....ဟာ .....ဒီမှာရော... ...အား... ..ဆွေမင်း......ဆွေမင်း။ ကျွန်တော်မခံစားနိုင်တော့ဘူး ဘယ်မှာလည်း ဆွေမင်း။ ထိန်းသိမ်းမရတဲ့ ခံစားချက်တွေနဲ့ ဘားတစ်ခုလုံးလိုက်ရှာမိနေတဲ့ကျွန်တော် ဘားကလုံခြုံရေးတွေတွဲပြီး အပြင်ခေါ်ထုတ်ခံရတဲ့အထိ မူပျက်ခဲ့တယ် အဲဒီညက။ ခံစားချက်တွေ က....။

x x x

'ဘာဖြစ်နေတာလည်း....ခင်ဗျားဘာဖြစ်နေတာလည်းဗျာ' သူဒီလောက်ထိ ကျွန်တော့်လိုလူတစ်ယောက်အပေါ်မှာ သူစူးစူး နစ်နစ်ခံစားနေတာမြင်ရချိန်မှာတော့ ကျွန်တော့်ရင်ထဲမှာ လေဟာနယ်ထဲလမ်းလျှောက်နေမိသလို ခံစားရပြီး သူ့ကို သူ့ကို ဒီလိုပုံစံမျိုးမဖြစ်စေချင်ခဲ့ပါဘူး။ မျက်ရည်တွေရော ချွေးတွေရော ဖရိုဖရဲဖြစ်နေတဲ့ သူ့ကိုယ်ခန္ဓာကိုယ်ရော ထိန်းသိမ်းပေးပြီး ကျွန်တော် ကုန်းပိုးခေါ်လာဖြစ်တယ်။ ဟော...သူ့လက်သီးမှာရော သွေးတွေတစက်စက်ကျနေပါလား။

ကုတ်အင်္ကျီလေးတွေအသာချွတ်ပေး ရှူးတွေအသာချွတ် သက်သောင့်သက်သာဖြစ်စေမယ့် အရာတွေနဲ့လဲလှယ်ပေးပြီး အိပ်ရာပေါ်မှာ လှဲသိပ်ထားပေးဖြစ်ပါတယ်။ အခန်းထဲမှာ မီးတွေထိန်နေအောင်ဖွင့်ဖို့ ကျွန်တော်မကြိုးစားဖြစ်သလို ဘာမှ လည်း ထမလုပ်ဖြစ်ပါ။ ရင်ခွင်ထဲတဆတ်ဆတ်ခုန်နေတယ် ရွာမှာ ချစ်သူငယ်ချင်းလေးနဲ့ စက်ဘီးအတူစီးတုန်းက ခံစားချက် ထက် ပိုပြင်းထန်တယ် လှုပ်ရမ်းစေတယ်။ ဒါပေမယ့် ကြည်နူးမှုဖြစ်စေတဲ့ခံစားချက်တစ်မျိုးပါ။

အိပ်ယာပေါ်မှာ ခပ်ကွေးကွေးအိပ်နေတဲ့သူ ကျွန်တော်ပြုစုပေးနေတာကို သိနေဟန်တူတယ်။ အမူးလည်းပြေနေလောက် ပါပြီ။ သူ့ရင်ဘတ်ကို တစ်ချက်ကြည့်မိချိန်မှာတော့ ကျွန်တော့်စိတ်တွေက သူ့ရင်ခွင်ကို ပိုင်ဆိုင်လိုစိတ်ပြင်း ထန်လာခဲ့တယ်။ နွေးနွေးထွေးထွေး ဖက်တွယ်ထားပေးမယ့်ရင်ခွင် ဘယ်တော့မှ မဆုံးရှုံးစေချင်တော့ဘူးဗျာ။ သူ့ပါးပြင် နုနုလေးကိုတစ်ချက် ငုံ့နမ်းရင်း ရင်ခွင်ကျယ်ကြီးထဲအသာလှဲအိပ်ချလိုက်ပါတယ်။

တောင့်တင်းတဲ့ သူ့လက်မောင်းတွေကြားမှာ ရင်တွေတခုန်ခုန်ဖြစ်နေတယ်။ ရင်ခွင်ပေါင်းများစွာရခဲ့ဖူးတယ်။ ဖက်တွယ်ခဲ့ဖူး တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် အပျိုစင်တစ်ယောက်လို ဖြစ်နေပါလား ဒါဟာ ဘာခံစားချက်ပါလိမ့်။ အမြှောင်းမြှောင်း ထနေတဲ့ သူ့ဘယ်လီသားလေးတွေကို တို့ထိချင်တယ်။ အမွှေးလေးတွေ ရေးရေးပေါက်နေတဲ့ သူ့ဆီးခုံက အိုး....တဒိန်းဒိန်းပဲ ။

ခပ်ဖွဖွအသာ သူ့ဆီးခုံကိုလှမ်းကိုင်မိချိန်မတော့ သူ့လက်မောင်းတွေက တင်းကျပ်စွာဖက်တွယ်လာသလို နူးညံ့နှုတ်ခမ်းတွေ ဟာလည်း ခပ်ကြမ်းကြမ်းတုန့်ပြန်လာတယ်။ ဟုတ်တယ် သူအချစ်မူးမူးနေပြီ။

သူ့လက်ချောင်းတွေဟာ ကျွန်တော့်ခန္ဓာအနှံ့ လှုပ်ရှားသွားလာနေရင်း ပွတ်သပ်ဆော့ကစားလာတော့တာ။ ဟင့်အင်ဗျာ.. ...ခင်ဗျားကြိုက်တာသာလုပ်ပါတော့။
အနမ်းတွေဟာ မဆုံးတော့ဘူး တိမ်တွေအပေါ်ခေါ်သွားတယ် ကျွန်တော့်ကို။ ပြီးတော့ ဟိုးအနက်ဆုံးဆီထိ ပစ်ချလိုက်ပြန် ရော။ ကျွန်တော်လည်း မူးပြီး မူးပြီး ရိုင်နေပြီ.....။

'ဟိ' ယားပါတယ်ဗျ။သူ့မေးစိက မုတ်ဆိတ်မွှေးစူးစူးလေးတွေကြောင့်။
"ဒါမင်းဘော့ပ်နေတာ ပထမဆုံးအကြိမ်လား"
"မင်းကိုကြည့်ရတာ နည်နည်းအထာမကျသေးဘူးထင်ပါရဲ့။"

ခေါင်းလေးအသာငြိမ့်ပြမိတော့ သူကအလိုက်တသိပါပဲ အနမ်းတပွင့် ကျွန်တော့်ပါးပြင်ကိုချွေရင်း "ငါသိပါတယ် ငါကျေးဇူး တင်ပါတယ်။ မင်းအတွက် စက်ဆုပ်ရွံရှာဖွယ် ကောင်းတဲ့အရာတစ်ခုဖြစ်မယ်လို့ မထင်လိုက်ပါနဲ့နော်။"

ဘာမှပြန်မပြောတော့ဘူး ဂျစ်တူးတူးမလုပ်တော့ပါဘူး ခင်ဗျားရင်ခွင်မှာ မိန့်မူးနေပါပြီဗျာ။ ကျွန်တော့်ပါးပြင်ကို ပါးပြင်ကို မြတ်နိုးစွာ အနမ်းဖွဖွပေးတဲ့အတွက် ကျွန်တော်ကလည်း ကျေးဇူးပါ။

(to be continued)

1 comment:

mmn said...

what sort of writing it is..!!! So stupid and so shameful people.. these people are not value of their man life.. so shameful...may be because of their parent..