Saturday, July 9, 2011

Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄၈)

16 Mar 11, 16:27
ဆက်ဆံတဲ့အခါမှာ ဘယ် Condom သုံးရင် အကောင်းဆုံးပါလဲ။ ဘယ် Condom က
အရည်အသွေး အမြင့်ဆုံးပါလဲ။ အထူးသဖြင့် Prostitute တွေနဲ့
ဆက်ဆံတဲ့အခါမျိုးမှာပေါ့ခင်ဗျာ။

Condom (ကွန်ဒွမ်) စံနှုန်းကို -
1. Size အရွယ်အစား၊
2. Resistance to breakage ခံနိုင်ရည်၊
3. Freedom from holes အပေါက်အပြဲကင်းမှု၊
4. Packaging ထုပ်ပိုးစနစ်နဲ့
5. Labeling အညွှန်းစာတွေကို ကြည့်ပြီး စစ်ဆေးရပါတယ်။

World Health Organization (WHO), United Nations Population Fund
(UNFPA), United States Agency for International Development (USAID)
အဖွဲ့ကြီးတွေက (ကွန်ဒွမ်) အများဆုံး ဝယ်ယူ ဖြန့်ဖြူးနေတာမို့ ပစ္စည်း
ကောင်း-မကောင်း သတိထားပါတယ်။ တကမ္ဘာလုံးမှာ (ကွန်ဒွမ်) အရည်အသွေး အဓိက
ဆန်းစစ်ပေးတဲ့ အဖွဲ့ကြီး ၃ ခု ရှိတယ်။ International Organization for
Standardization (ISO), Comit Europen de Normalisation (CEN) နဲ့
American Society for Testing and Materials (ASTM) တွေ ဖြစ်တယ်။ ဒီ
သုံးခုကလဲ တခုနဲ့တခုက မတူကြသေးလို့ နီးစပ်အောင်တော့ လုပ်နေကြတယ်။

Condom (ကွန်ဒွမ်) ကို စက်ရုံကနေ အဆင့် ၆ ဆင့် လုပ်ရပါသတဲ့။
1. Natural Rubber Latex Mixing (လေးတက်စ်) ကြက်ပေါင်စေး စပ်ခြင်း၊
2. Dipping ဆေးစိမ်ခြင်း၊
3. Quality Control အရည်အသွေး ထိန်းခြင်း၊
4. Washing and Drying လျှော်ဖွတ် ခြောက်သွေ့စေခြင်း၊
5. Foiling and Packing စည်းပတ်-ထုပ်ပိုးခြင်း၊
6. Storage and Warehousing သိုလှောင်ခြင်း၊

Condom (ကွန်ဒွမ်) အဆင့်ကို ထိန်းကွပ်တာ ကမ္ဘာမှာ National condom
standards ၃ဝ လောက် ရှိပါတယ်။ ပညာရှင်တွေ၊ တုတ်လုပ်သူတွေ၊
သုံးစွဲသူ-အဖွဲ့စည်းတွေ၊ အစိုးရတွေကနေ သတ်မှတ်တာပါ။ တချို့နိုင်ငံတွေမှာ
သူ့နည်းနာနဲ့သူ လုပ်ကြသေးတယ်။ စစ်ဆေးတဲ့အခါ ထုတ်လုပ်မှု အဆင့်တွေမှာရော
သယ်ယူပို့ဆောင်မှု လမ်းကြောင်းကနေ ထိခိုက်နိုင်မှုကိုပါ စစ်ရတယ်။
စစ်ဆေးလို့ ကောင်းနေတာတောင်မှ Ultraviolet light ခရမ်းလွန်-ရောင်ခြည်၊
Heat အပူချိန်၊ Humidity စိုထိုင်းမှု နဲ့ Ozone (အိုဇုန်း) တွေ ကြောင့်လဲ
(ကွန်ဒွမ်) ပျက်စီးရတယ်။ Expire date ကြည်ယုံနဲ့ မပြည့်စုံသေးဘူး။

• Condom (ကွန်ဒွမ်) အရွယ်အစား ၂ မျိုးရှိတယ်။ အများဆုံးက 150 ကနေ 190 mm
အရှည်နဲ့ 44 ကနေ 56 mm အကျယ် ရှိရတယ်။ အထူ-အပါးလဲ US ASTM standard က
(.03 mm) နဲ့ British Standards Institute standards က (.04 mm) ရှိရတယ်။
• Resistance to breakage ပေါက်ပြဲနိုင်ခြေကို Tensile test စမ်းနည်း နဲ့
Air burst test စမ်းနည်း၊ ၂ နည်းနဲ့ စမ်းတယ်။
• Holes အပေါက် ပါ-မပါကို Electronically tested လုပ်ရတယ်။
• Leakage ယိုထွက်နိုင်သလား ဆိုတာကို ရေ ၃ဝဝ စီစီထည့်ပြီး၊ ၃ မိနစ်ထား
စမ်းတယ်။ တချို့နိုင်ငံတွေမှာ 1% Saline solution ဆားရည် 100 ml နဲ့
စမ်းတယ်။

(ပါဖက်) မဖြစ်သူတွေထဲမှာ Condom manufacture (ကွန်ဒွမ်) ထုတ်လုပ်သူတွေလဲ
ပါတယ်။ ဒီတော့ ရာနုန်းပြည့် ကောင်းပါမှလို့ စမ်းသပ်သူတွေက မလုပ်ရပါ။ ဥပမာ
ISO standard permits ကနေ (ကွန်ဒွမ်) ၂ဝဝ ကို စစ်ရင် ၇ ခုလောက် ပေါက်တာ၊
၂ ခုလောက် ယိုတာအထိ ခွင့်ပြုတယ်။ ၁၃ ခုမှာ ၁ ခုက အရွယ်မမှန်တာ
ရှိနိုင်တယ်။ ၂ဝ မှာ ၁ ခုက Tensile test ကျနိုင်တယ်။ ဒါ့ကြောင့်
ဝယ်လို့ရတာ၊ အလကားဝေတာထဲက 1.5% လောက်နီးနီး အားပြော့မယ်။ 0.4% နီးနီး
ယိုနိုင်တယ်။ 2.5% နီးနီး Latex မကောင်းဘူး။ 4% နီးနီး အရွယ်မမှန်တာ
ရှိပါမယ်။

• ရာဘာကနေ ပြုပြင်ထားတဲ့ Latex ဟာ ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့်
ကူးစက်ရောဂါတွေကို ကွယ်ဘို့ရာ အကောင်းဆုံး ဖြစ်ပါတယ်။
• ဒါပေမဲ့ Water-based lubes ရေနဲ့လုပ်တဲ့ ချောဆီကိုသာ သုံးရပါမယ်။
• Latex နဲ့ မတည့်သူတွေက Polyurethane ဆိုတဲ့ ပလပ်စတစ်
တမျိုးနဲ့လုပ်တာကို သုံးနိုင်တယ်။
• Durex Avanti and Trojan Supra ဆိုတာ Polyurethane ကနေ လုပ်ထားတယ်။
ခိုင်ပြီး ပါးလွှာလို့ ပိုပြီး အဆင်ပြေတယ် ပြောကြတယ်။ ဒါပေမဲ့ သူက အပူနဲနဲ
ထုတ်ပေးတယ်။ ဆန့်နိုင်စွမ်း မရှိလို့ သုံးနေရင်း ကျွတ်ထွက်စေနိုင်တယ်။
• Lambskin condoms အမျိုးအစားက Natural skin သဘာဝဖြစ်တယ်။ ခွဲစိတ်ရာမှာ
သုံးတဲ့ ချုပ်ကြိုးတွေလို သိုး-ဆိတ်ရဲ့ အူကနေ ထုတ်လုပ်ထားတာပါ။ အပေါက်
ငယ်လေးတွေ ရှိပေမဲ့ သုတ်ပိုးကို မဝင်စေဘူး။ သူ့ထက်ငယ်တဲ့
ဗက်တီးရီးယားတွေက ဖြတ်ဝင်နိုင်တယ်။ ကိုယ်ဝန်ကိုသာ တားနိုင်ပြီး၊ STDs နဲ့
HIV တွေကို မတားနိုင်ပါ။
• Spermicide Nonoxynol-9 အမျိုးအစားက သုတ်ပိုးသေဆေးပါ ထည့်ထားတယ်။
မတည့်သူ-မကြိုက်သူတွေ ရှိတယ်။
• Pleasure added Condom အပိုအဆာ ပါတာမျိုးလဲ ရောင်းကြတယ်။ အစက်အပျောက်၊
အနံ့၊ ဒီဇိုင်းပုံစတာတွေ ပါတယ်။ ထိပ်ဖျားကိုလဲ ပုံအမျိုးမျိုး
လုပ်ထားတာတွေ ရှိသေးတယ်။
• Novelty Condoms ဆိုတာက အရောင်အသွေး အဆန်းတကျယ် လုပ်ထားတယ်။
ကိုယ်ဝန်နဲ့ ကူးစက်ရောဂါ ကာကွယ်ဘို့ မဟုတ်ဘူး။ (အိုရယ်လ်) သုံးဘို့
ဖြစ်တယ်။ Foreplay ကနဦးအဆင့်တွက်သာ သုံးရတယ်။
• Female condom အမျိုးသမီးသုံး (ကွန်ဒွမ်) ကို Polyurethane နဲ့
လုပ်တယ်၊ Spermicide သုတ်ပိုးသေဆး မပါဘူး။ 95% စိတ်ချရတယ်။ အဖေါ်ယောက်ျား
စကားနားမထောင်ရင် သုံးနိုင်တယ်။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်သူ
အမျိုးသမီးများ သုံးနိုင်တယ်။ မိတ်ကပ်ဘူးလေးလို အိတ်ထဲ ဆောင်ထားယုံဘဲ။
ဒါပေမဲ့ သုံးနေတုံးမှာ အသံတခုခု ထွက်တတ်လို့ တချို့က မကြိုက်ဘူး။

Condom (ကွန်ဒွမ်) မှာ ဒီလို အမှတ်တံဆိပ်တွေပါရင် စိတ်ချရတယ်။
• ISO (International Organization for Standardization),
• WHO (World Health Organization Tender Standard),
• EN (European Prophylactic Standard),
• ASTM D (United States ASTM Standard),
• US FDA 510 (K) Permit US Center for Devices and Radiological Health (CDRH),
• TPD Canada Therapeutic Products Directorate (Health Canada Medical
Devices Bureau),
• TGA Australia Therapeutic Goods Administration,
• MEDSAFE New Zealand Medicines and Medical Devices Safety Authority,
• MS (Malaysia SIRIM Standard),
• GB (China Standard),
• SABS (South African Bureau of Standards),
• NF (French Standard),
• Russia MCH Russia Ministry of Health

Dr. တင့်ဆွေ
၁၆-၃-၂ဝ၁၁

Credit: http://health-adult-reading.blogspot.com/2011/04/condom-standards.html

No comments: