Saturday, August 13, 2011

8 Relationship Success Tips For Coupled Gay Men

လိင်တူချစ် အမျိုးသားစုံတွဲများအတွက် ဆက်ဆံရေးအဆင်ပြေစေမယ့်နည်းလမ်း (၈) သွယ်




Gay ဆိုရင် အမြင်တစ်မျိုးနှင့် ကြည့်တဲ့ ပေါင်းသင်းဆက်ဆံချင်ကြတဲ့ လူမှုအဖွဲ့အစည်းကြားမှာ ရုန်းကန်ခဲ့ရမှုတွေ၊ သည်းခံခဲ့ရမှုတွေ ပြီးတော့ စိတ်ခေါ်မှုတွေနှင့် ဖြတ်သန်းခဲ့ပြီးနောက် လိင်တူချစ်သူအမျိုးသားတစ်ယောက်အနေဖြင့် အချစ်စစ်ဆိုတာကို ကိုယ်လိုအမျိုးသား တစ်ယောက်ဆီမှာ ရှာဖွေမိတတ်ကြပါတယ်။ ဟုတ်တယ်! အချစ်စစ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီ။ ကိုယ့်ရဲ့ Mr. Right ကိုသင်ရှာတွေ့ခဲ့ပြီ ဆိုပါတော့ အခုဘာလုပ်ကြမလဲ?

လိင်တူချင်းဆက်ဆံသူ ကြိုက်နှစ်သက်သူ အမျိုးသားများဟာ ပညာပေး သို့မဟုတ် တစ်ခြားအမျိုးသားကို ဘယ်လို ချိန်းဆိုတွေ့ဆုံရမယ် စတဲ့ နည်းပေးလမ်းညွှန်တွေကို သိပ်လက်မခံချင်ကြပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ကျန်းမာစွာ၊လန်းဆန်းပြီး တစ်ယောက်ကို တစ် ယောက်အကျိုးပြုစေမယ့် ပေါင်းသင်းဆက်နွယ်မှုတွေရရှိဖို့ဆိုတာ လေ့လာစရာ သင်ကြားရေးအထောက်အကူပြု စာအုပ်စာတမ်း တွေရှိ မှမရှိခဲ့တာကိုသတိပြုမိကြမယ်နော်။

ကိုယ့်ဘ၀နေထိုင်မှုပုံဟန်၊ စိတ်ထား၊ ပေါင်းသင်းဆက်ဆံရေးပုံစံနှင့် အမြင်သဘောထားတွေတိုက်ဆိုင်တဲ့ အကောင်းဆုံးသော သူကို များသောအားဖြင့် ရှာဖွေခဲ့တတ်ကြပါတယ်။ တစ်ယောက်ကို တစ်ယောက် နားလည်မှု၊ကတိသစ္စာ၊ပွင့်လင်း သောဆက်ဆံရေးတွေက နှစ်ဦးကြားဆက်နွယ်မှုကိုပိုမိုခိုင်မြဲစေတာတော့ မမေ့သင့်ပါဘူး။ အတွေ့အကြုံများစွာကနေ လေ့လာခဲ့ရတဲ့ သင်ခန်းစာသစ်လို့ဆိုနိုင် ပါတယ်။

လိင်တူချစ်အမျိုးသားများရဲ့ နှစ်ဦးသား စပ်တူလုပ်ငန်းများလုပ်ဆောင်မှုတွေမှာ အောင်မြင်ကြီးထွားမှုနှင့် ရင်းနှီးမှု မြှင့်တင်ဖို့ အာရုံစိုက် ရမှာက သတိရှိရှိ လုံ့လကောင်းစွာဖြင့်ရပ်တည်နေထိုင်ကြခြင်းပေါ့နော်။ ကျွန်တော်ပြောပြမယ့် နည်းလမ်းတိုလေးတွေက တိုတောင်းပေမဲ့ လိင်တူချစ်သူအမျိုးသားစုံတွဲများအတွက် သူတို့ပေါင်းသင်းဆက်ဆံရေးမှာလျှင်မြန်ပြီးထိရောက်မယ့် လမ်းညွှန်လေးတွေဖြစ်မယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။ ဒီကျည်ဆန်လေးတွေကို စိတ်ထဲမှာအမြဲထားပြီး သတိထားလုပ်ဆောင်ရင်ဖြင့် နှစ်ဦးသားအတွက် ခိုင်မာတဲ့ ရွှေမျက်နှာပြင်ပေါ် အတူရပ်တည်နေနိုင်ကြလိမ့်မယ်လို့ ဆိုလိုက်ပါရစေ။

အောင်မြင်သော ဆက်ဆံရေး နည်းလမ်းလေးများ

(၁) ကိုယ်စိတ်လှုပ်ရှားခံစားမှုအဆုံးစွန်တွေကို ကိုယ့်ပါတနာအပေါ် ထားရှိခြင်းအားရှောင်ကြဉ်ရပါ့မယ်။ တစ်ယောက်ခြင်းဆီမှာ ကိုယ်ပိုင် ဘ၀၊ ကိုယ်ပိုင်အတွေ့အကြုံများစွာကိုဖြတ်သန်းပြီးရှင်သန်လာရတာဆိုတော့ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို တစ်ယောက်က အဆင်ပြေ ဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခြင်းက ဘ၀သစ်တစ်ခုအတွက် အကောင်းဆုံး တိုးတက်လာမယ့် အားအင်ပါပဲ။

(၂) ကာလကြာရှည်စွာ အတူနေခဲ့ကြတယ်ထားဦး သင့်ပါတနာဟာ သင့်လိုအပ်ချက် ခံစားချက်တွေအားလုံးသိမြင်နေလိမ့်မယ်လို့ မမျှော် လင့်ထားသင့်ပါဘူး။ စိတ်ဆန္ဒကို စိတ်ကူးသက်သက်ဖြင့် တွေးဆကြည့်ခြင်းနှင့် ယူဆချက်များပြုလုပ်နေပါက ဖြစ်တည်မယ့် အလားအ လာများကတော့ သဘောထားကွဲလွဲခြင်းများနှင့် နားလည်မှုလွဲမှားခြင်းများဆီ ဦးတည်နေပါလိမ့်မယ်။ ငါသိငါတတ်လုပ်နေတာထက် သင် လိုချင်တာ လိုအပ်တာရုယ် ခံစားသိမြင်နေတဲ့အရာတွေကို တစ်ဘက်သားအား ရိုးရိုးရှင်းရှင်း တိုက်ရိုက်မေးမြန်းပြောဆိုလိုက်ဖို့ပါပဲ။

(၃) သင်နဲ့သင့်ပါတနာရဲ့ ပေါင်းသင်းဆက်ဆံရေးအပေါ် ပြန်လည်စစ်ဆေးမှု လုပ်ဆောင်ခြင်းဟာ သင်တို့ဆက်ဆံရေးဟာ ဘယ်ကိုသွား နေတယ်၊ သင်နဲ့သင့်ပါတနာတို့ ဘယ်လောက် ပျော်ရွှင်ကျေနပ်ခဲ့ရတယ်ဆိုတာတွေအပေါ် ပြန်လည်ဆန်းစစ်ရာရောက်ပါတယ်။ နှစ်ဦး သားကြား ဆက်သွယ်ရေးနည်းလမ်းတွေကို ပွင့်ပွင့်လင်းလင်းထားကြခြင်းကလည်း နှစ်ဦးသားကြားဆက်ဆံရေးအပေါ် သွေးသစ်လောင်း ရာ၊ အပြုသဘောဆောင်တဲ့ ဖုံးကွယ်မှုမရှိတဲ့ နယ်ပယ်များဆီ ဆုံးဖြတ်ချက်အမှားကင်းစွာ အတူလျှောက်လှမ်းနိုင်ကြဖို့ဖြစ်တည်စေမှာပါ။

(၄) နှစ်ဦးနှစ်ဖက်ရဲ့ ထူးခြားသောလက္ခဏာ ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ပျားရည်ဆမ်းကာလမှာ အမြန်ဆုံးမြင့်တက်တတ် လေ့ရှိပါတယ်။ စုံတွဲတွေအတွက် ပေါင်းသင်းဆက်ဆံရေးတစ်ခုရဲ့ အစပျိုးအတွေ့အကြုံလေးတွေဟာ နှစ်ဦးသား စတင်ချိန်းဆိုတွေ့ ဆုံတဲ့နေ့ကာလတွေကတည်းကဖြစ်တည်ပါတယ်။ ဒါပုံမှန်ပါပဲ။ ပြီးတော့ တစ်ယောက်အပေါ်တစ်ယောက် တွယ်တာလွန်းမှုကြောင့် အမှားလို့မဆိုသာတဲ့ စိုးရိမ်ရမှုလေးတွေ တွေ့ကြုံခံစားရတတ်ပါတယ်။

အဲဒီလို ခံစားရမှုလေးတွေ ဖြစ်ပေါ်ချိန်မှာ သင်တို့နှစ်ဦးသားရဲ့ ဆက်နွှယ်မှုနှင့် လိင်မှုဘ၀ထဲသို့ ပို၍ဖန်တီးနိုင်စွမ်းနှင့် မရှိမဖြစ်လိုအပ်မှု လေးတွေပိုမိုဖြည့်စွက်ဖို့ကြိုးစားခြင်းဖြင့် ရှေ့ဆက်ဖို့အားအင်ဖြစ်စေမှာပါ။ သင့် ပါတနာကို အံ့အားတသင့်ခံစားမှုလေးတွေ ရရှိကြည်နူး စေလိုက်ပါ။ ပင်ကိုယ်စေ့ဆော်မှုရဲ့ ထင်ဟပ်တဲ့လုပ်ဆောင်မှုအဖြစ် ပျော်ရွှင်ပါစေ။ သူဟာ သင့်အတွက် ဘယ်လောက် အထူးအရေးပါသူ အရေးကြီးသူဖြစ်တယ်ဆိုတာ သူသိမြင်ခံစားပါစေ။

(၅) နှစ်ဦးသားဆက်ဆံပတ်သက်မှုမှာ ဘယ် role က ပိုပြီးသင့်ကိုကျေနပ်နှစ်သိမ့်မှုဖြစ်စေတယ် နေထိုင်ဖို့အဆင်ပြေတယ် ဆိုတာ ဆန်းစစ်ကြည့်ပါ။ လိင်တူဆက်ဆံသူအမျိုးသားများရဲ့ တကယ့်အားသာမှုတစ်ခုကတော့ သာမန်ယောက်ျားမိန်းမစုံတွဲများလို တစ်ဖက် သတ်ဆုံးဖြတ်ချက်ချသူ လက်ခံရသူများမဟုတ်ဘဲ သက်သောင့်သက်သာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းနေထိုင်နိုင်တာပါပဲ။ ကိုယ့်ပါတနာ နှင့် ကြိုက်တာ မကြိုက်တာ ဦးဆောင်တာ မှီခိုတာ ဘယ်လို role က အဆင်ပြေကြတယ်ဆိုတာ စေ့စပ်ဆွေးနွေးနေထိုင်ခြင်းက နှစ်ဦး သားဆက်ဆံရေးမှု ပိုမိုအဆင်ပြေစေပါတယ်။ ဒီ decision-making ကဏ္ဍမှာ နှစ်ဦးသားရဲ့ ပင်ကိုယ်စွမ်းရည်နှင့် ဗီဇသဘာဝကလည်း အရေး ပါပါတယ်။ ထားပါလေ...ဘ၀နေထိုင်မှု role သာမကဘဲ အိပ်ယာထဲက လိင်မှုကိစ္စ role ကလည်း ဖြစ်နိုင်ရင်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် အနေအထားကိုဦးစားပေးဖို့သင့်ပါတယ်။ ကိုယ်က ဘာပဲ သူကဘာပဲဆိုပြီး တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အပြန် အလှန်ကျေနပ်စေနိုင်မှုကအရေးပါပါတယ်နော်။ နဂိုကတည်းက ဒါပဲ ဒါကိုကျေနပ်တယ် အဆင်ပြေတယ်ဆိုသူ စုံတွဲများအတွက်ကတော့ ပြောဖို့မလိုဘူးပေါ့လေ။

(၆) အရုပ်ဆိုးတဲ့ ကွဲလွဲမှုသဘောထားများ အထင်အမြင်လွဲမှုများဖြင့် စစ်ပွဲများဆင်နွှဲကြခြင်းက နောက်ဆုံး နောင်တဆိုတဲ့အရာဆီ ခေါ် ဆောင်သွားနိုင်ပါတယ်။ မိမိရဲ့ ဒေါသ၊စိတ်စောမှု၊ယုံမှားသံသယတွေကို သဘောပေါက်နားလည်အောင် အရင်မကြိုးစားဘဲ တစ်ဖက် သားပေါ် ပေါက်ကွဲပြခြင်းက မပြုစကောင်းတဲ့အရာပါ။ တကယ်လို့ပေါက်ကွဲမိသွားရင်လည်း ငြိမ်းချမ်းစွာပြန်လည်အဆင်ချောမည့် အကြောင်းတရားတွေကို ဖန်တီးလုပ်ဆောင်ရပါမယ်။

(၇) (ခုနှစ်ခုမြောက် အကြံပေးနည်းလမ်းကတော့ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်တော့ သိပ်မသက်ဆိုင်သေးဘူးထင်ပါတယ်။ နှစ်ဦးသဘောတူ နေထိုင်ကြတယ်ထားဦး တရားဥပဒေအကြောင်းအရာအရ တရားဝင်ကိစ္စအဖြစ်လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်သေး ပါဘူး။) နှစ်ဦးသားရှေ့ရေးအာမခံချက်ရှိအောင် စီမံကိန်းချလုပ်ဆောင်ပါ။ နှစ်ဦးသားရဲ့ ဆက်နွယ်ပတ်သက်မှုကို တရားဝင်ဖြစ်အောင် လုပ်ပါ။ မိမိပိုင်ပစ္စည်းများ၊ ဖြစ်တည်မှုများ၊အကျိုးခံစားမှုများကို တရားဝင်အခိုင်အမာသတ်မှတ်လို့ရအောင် ရှေ့နေရှေ့ရပ်ဖြင့် ဥပဒေ ကြောင်းအရ အကူအညီရယူလုပ်ဆောင်ထားသင့်ပါတယ်။ သာဓကအားဖြင့် နှစ်ဦးသားရှေ့ရေးအတွက် စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်ဖို့ ၊ ရှေ့ရေး အာမခံချက်ပြည့်စေမယ့်အစီအစဉ်တွေကို ကြိုတင်စဉ်းစား ဆောင်ရွက်ထားဖို့ဆိုတာမျိုးတွေကိုလည်း လုပ်ဆောင်ထားခြင်းဖြင့် ပေါင်းစည်းညီညွတ်တဲ့ နိုင်ငံသစ်အတွက် အရေးပါမှာပါလို့။

(၈) စီးပွားရေးကိစ္စတွေကြောင့် နှစ်ဦးသားကြား ရှုပ်ထွေးလာမယ့်အဖြစ်အပျက်တွေကိုလည်း ခွင့်မပြုသင့်ပါ။ အလုပ်အကိုင်စီးပွားရေး၊ တစ်ကိုယ်တည်းနေချိန်၊ သူငယ်ချင်းမိတ်ဆွေ၊မိသားစုကိစ္စ နှင့် ကိုယ်တွေစုံတွဲအတွက် ဟန်ချက်ညီအောင် နည်းလမ်းကိုရှာဖွေလုပ် ဆောင်ထားရပါမယ်။ ဟိုးအရင် အစဦးကာလ နှစ်ဦးသားချိန်းဆိုတွေ့ဆုံတဲ့ညလေးတွေတုန်းကလို အတူတူတွေ့ဆုံ တွေ့ကြုံနေရ တဲ့ပြဿနာအဖုံဖုံ၊ အခက်အခဲ၊ ပြီးတော့ ရရှိမိတဲ့ ပျော်ရွှင်ကျေနပ်မှုလေးတွေကို ပြောဆိုဆွေးနွေးကြရင်း တန်ဖိုးရှိတဲ့အချိန်လေးအဖြစ် သီးသန့်ညတစ်ညကို အချိန်တစ်ခုကို ပုံမှန်ရယူဖြစ်အောင်လုပ်ဆောင်ရပါမယ်။

အကြံဥာဏ်ပေးချက်ဆိုတာက သိပြီးသားလူတွေအတွက်ကတော့ ဘာမှအရေးမပါပေမဲ့ မသိသေးသူ စုံတွဲအသစ်လေး များအတွက် ကတော့ ကျွန်တော်ပြောဆိုချက်လေးတွေ အကြံဥာဏ်လေးတွေက သဲတစ်ပွင့် ဆားတစ်ဆုပ်လို အရေးပါမှာဖြစ်ပါတယ်။ 'ဘ၀' အထူး သဖြင့် လိင်တူချစ်ကြိုက်သူ အမျိုးသားစုံတွဲများအတွက် 'ဘ၀'ဆိုတာက တာဝေးလက်ဆင့်ကမ်းအပြေးပြိုင်ပွဲတစ်ခုနှင့်တူပါတယ်။ လမ်း တစ်ဝက်မှာ ရပ်လိုက်မှာလား တက်ညီလက်ညီ ပန်းတိုင်ဆီအရောက်ပြေးကြမှာလား။ ဘာပဲဖြစ်ဖြစ်..တာဝေးတစ်ခုကို လက်ဆင့်ကမ်း ပြေးနေတဲ့ အပြေးသမားအဖွဲ့တစ်ခုအသွင် မှတ်ယူပြီး တက်ညီလက်ညီဖြင့် ဘ၀ပန်းတိုင်ကိုအတူဖြတ်ကျော်သွားကြ ဖို့ဖြစ်ကြပါစေ ကြောင်း လိင်တူနှစ်သက်သူအမျိုးသားစုံတွဲများအတွက် အကြံလေးတွေပေးလိုက်ရပါတယ်။

Alex Aung (12 Aug 2011)

Reference: 8 Relationship Success Tips For Coupled Gay Men By Brian Rzepczynski

No comments: