Sunday, April 1, 2012

Hunger

အမှောင်ကမ္ဘာထဲမှာ နေထိုင်သူ

နှစ်ကာလနှင့် တွက်ဆကြည့်မယ်ဆိုရင် နှစ်ပေါင်းအတော်ကြာပြီပေါ့ နေရောင်ကိုမမြင်ရတာ။ ကျွန်တော့်မျက်နှာမှာ အရေးအကြောင်း လည်းမရှိဘူး၊ ဦးခေါင်းမှာလည်း ဆံနွယ်ဖြူတွေ တစ်ပင်မှ မရှိပါ။ နုပျိုမြဲ အသားအရေ၊ ကျစ်လစ်တောင့်တင်းဆဲ ခန္ဓာကိုယ်၊ ပြီးတော့ ၂၀ကျော်လူငယ်လေးအရွယ်ကနေ တစ်ပြားသားမှ မရွေ့ပါ။ ဒါပေမဲ့ ကျွန်တော့်လက်ကောက်ဝတ်က အမာရွတ်ကလေးကတော့ ဘယ် တော့မှ ပျောက်မည်မဟုတ်။ ယုံကြည်စွာမျှော်လင့်ခဲ့သော ဆန္ဒတစ်ခုအတွက် တိုက်ခဲ့တဲ့တိုက်ပွဲတစ်ခုရဲ့ ရလာဒ်အဖြေလေးပေါ့။ အနိုင် ပိုင်းခဲ့ခြင်းလား? ရှုံးနိမ့်ခဲ့ခြင်းလား? နောက်ဆုံး အဲဒီကိစ္စကြောင့်ပဲ ဒီနေရာ၊ လမ်းပေါ်က သီးခြားဘ၀၊ နောက်ပြီး အလွန်တရာ အထီးကျန် သော ဘ၀တစ်ခုသို့ ရောက်ရှိခဲ့ခြင်း။

အသက်ရှင်နေထိုင်ခဲ့စဉ်ကာလက ကျွန်တော့်ဘ၀မှာ ချစ်သူများစွာရရှိခဲ့ ပိုင်ဆိုင်ခဲ့ဘူးသည်။ သာမန်ဘ၀လေးကိုပဲ ရောင့်ရဲတတ်သည့် ချစ်သူ၊ သူဋ္ဌေးမျိုးနွယ် ချစ်သူ၊ သူလိုကိုယ်လို ပညာတတ်လူတန်းစား၊ ပြီးတော့ ဘုရင်တစ်ဆူလို အာဏာပြင်းထန်သူ စသဖြင့်ပေါ့။ သူတို့ တွေအားလုံးဟာ ကျွန်တော့်ယုံကြည်မျှော်လင့်ခဲ့တဲ့ အချစ်ဆိုတာအပေါ် ခဏတာမျှသာ အသိအမှတ်ပြုသူများဖြစ်နေကြခြင်းက ကျွန်တော့်ရင်ထဲ အပြင်းထန်ဆုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး လမ်းခွဲရခြင်းအကြောင်းရင်းများ ဖြစ်ခဲ့ကြပါရဲ့။ အခုတော့ အမြဲတစေ တမ်းတ လွမ်းဆွတ်နေရပြီဖြစ်သလို သူတို့နှင့်လည်း တွေ့ဆုံထိတွေ့ပိုင်ဆိုင်ခွင့် မရှိခဲ့တော့။

ခုနှစ်သက္ကရာဇ်အားဖြင့် ၁၉၉၅ခုနှစ် ခရစ်စမတ်ညတစ်ညမှာ ကျွန်တော်အရာအားလုံးကို အရှုံးပေးခဲ့ပါတယ်။ တောင်ပေါ်ချယ်ရီမြို့လေးရဲ့ ကျယ်ဝန်းလှသော သစ်ပင်များဖြင့် အုံ့ဆိုင်းသော အိမ်ကျယ်ကြီးရဲ့ ရေချိုခန်းထဲမှာလေ။ အဆုံးအဆမဲ့အိပ်ပျော်သွားခဲ့ခြင်းလို့ အစက ကျွန်တော်မှတ်ယူခဲ့တာဗျ။ ကျွန်တော်နိုးထလာချိန်မှာ အိမ်ကြီးရဲ့ ပြတင်းပေါက်ကကြည့်လိုက်တာ ခြံထဲက အပင်ကြီးတွေ ပုံစံတစ်မျိုး ဖြစ်သွားသလိုပဲ။ အိုး....အခန်းထဲက ကျွန်တော်ထွက်ကြည့်လိုက်တော့ အိမ်ထောင်ပရိဘောဂအားလုံး ဖုန်မတင်မျပ်ကဆီးအောင် ဖုံးအုပ် ထားတယ်။ မနေ့ကမှ အဲလေ အိပ်မပျော်ခင်က ရှင်းလင်းနေတဲ့ ဧည့်ခန်းဟာလည်း အ၀တ်စများဖြင့်။

မာကျူရီလမ်းမီးရောင်ကြောင့် လင်းနေတဲ့ လမ်းမနားက ခုံတန်းလျားမှာ ကျွန်တော်သွားထိုင်တော့ ဖြတ်သန်းသွားလာသူ လူအချို့က ပြူးကျယ်သောမျက်လုံးများဖြင့် စူးစမ်းသလိုကြည့်တယ်။ ကျွန်တော်က ဘာများထူးဆန်းနေလို့လည်း။ ညဘက်လူရှင်းချိန်မှာ လမ်းဘေးထွက်ထိုင်နေလို့များလားပဲ။ သန်းခေါင်းယံလောက်ရောက်တော့ ကိုယ့်ကိုယ်ကို အံ့သြမိတယ် ရာသီဥတုရဲ့ အေးစက်မှုကို လုံးဝမခံစားရခြင်းကြောင့်လေ။ ညဥ့်ငှက်အချို့က ကျွန်တော့်ကိုလာရောက် သွေးဆောင်တယ်၊ တို့ထိကြတယ်။ ကျွန်တော်မှ အမျိုးသမီးတွေကို ခံစားလို့မရတာပဲ 'ဟင့်အင်' ပေါ့။

တစ်ညလုံးနီးပါး ခပ်ပျင်းပျင်းရှိတာနဲ့ ခြံဝင်းထဲပြန်မ၀င်သေးဘဲ အိမ်နီးနားခြင်းတွေဘက် လျှောက်ကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက်သူတို့ အိပ်ပျော်နေကြတယ်။ သူတို့တွေလို ကျွန်တော်ဘာကြောင့် မအိပ်ချင်တာပါလိမ့်။ အား...အရုဏ်တက်လာချိန်မှာ ကျွန်တော် နေလို့ မရအောင် ပူလောင်လာသလို ခံစားရတယ်။ ကျွန်တော့် အိမ်ရှိရာကို ခပ်မြန်မြန်လာရသလို အိမ်ကြီးထဲ ခပ်သွက်သွက်လှမ်းဝင်ရင်း အမှောင်ထဲတိုးဝင်ထိုင်ရင်းပေါ့။ အိပ်ခန်းထဲ ၀င်ကာ ခုတင်ပေါ်လှဲရင်း အိပ်ပျော်သွားရတာပါ။

နိုးထလာချိန်မှာ ညအချိန် အိပ်ပျော်သွားချိန်က နေ့အချိန် အစာစားချင်စိတ်မရှိ။ 'ကျွန်တော်သည် ဘာလည်း? ဘာဖြစ်နေတာလဲ?' အချိန်အတော်များများ စဉ်းစားခြင်းနဲ့ အချိန်ကုန်နေပါပြီ။ 'အဲဒီအိမ်ကြီးဘက်ကို မသွားနဲ့ သရဲရှိတယ်' 'ဒေလီယာမြိုင်မှာ လူလိုလို သရဲလိုလို ပေါ်လိုက်ပျောက်လိုက်နဲ့ တစ်ခုခုတော့ တစ်ခုခုပဲကွ' စကားတွေ စကားတွေဟာ ချယ်ရီမြို့တော်ပတ်ဝန်းကျင်မှာ သာမက ခရိုင်တိုင်းထိပျံ့နှံ့သွားပါပြီတဲ့။

သူတို့ပြောသလို သရဲဆိုကျွန်တော်ဘာကြောင့် အရာဝတ္ထုတွေကို ထိတွေ့လို့ရနေတာလဲ? အချို့သောလူများကိုတောင် စကားပြော ထိကိုင်လို့ရနေတာကို။ ကျွန်တော်ဆိုတဲ့ကောင်က ညပိုင်းဆို ကိုယ်လိုရာ ဖန်ဆင်းလို့ရနေတာ သူတို့မှ မသိဘဲ။ နေ့ပိုင်းဆိုရင်သာ အိမ်အတွင်း မဲမှောင်နေတဲ့ ကျွန်တော့်အခန်းထဲ အိပ်စက်နေရတာ။ အစာသာမစားချင်တာ ခန္ဓာကိုယ်အထိအတွေ့ ရင်ခုန်တိမ်းမူးဖွယ် အနမ်းနဲ့ ပူနွေးတဲ့ လှုပ်ရှားမှုတွေကိုတော့ ခံစားချင်ခဲ့တယ်။

တစ်ညမှာ ကျွန်တော့်ခြံကြီးရဲ့ ဒေလီယာပန်းခင်းတွေကြား ဆယ်ကျော်သက် လူငယ်လေးနှစ်ယောက် တိုးဝင်ကာ မျက်လုံးပြူးစေမယ့် အနမ်းပြိုင်ပွဲကျင်းပနေကြတာကို ကျွန်တော်မြင်လိုက်ရတယ်။ သူတို့တွေရဲ့ ကိုယ်ငွေ့နွေးနွေးကို ကျွန်တော့် ခံစားရမိခြင်းကြောင့် အဲဒီ နေရာကိုရောက်သွားခြင်းလေ။ ဆူပွက်နေတဲ့သွေးအလျဉ်နှင့် ပတ်ဝန်းကျင်မှာ ဘယ်သူရှိနေတယ်ဆိုတာ သူတို့မသိဘူး။ မြက်ခင်းပေါ် လှဲလျောင်းရင်း ပန်းပွင့်တွေဖက်မျက်နှာမူနေတဲ့ ကောင်လေးက မျက်စိမှိတ်ရင်း အံကြိတ်နေသလို၊ အပေါ်က ကောင်လေးကလည်း ခြေ ထောက်နှစ်ချောင်းကို သူ့ပခုံးပေါ်ထမ်းထားရင်း လှေလှော်နေတော့တာ။ ခဏနေ ကိစ္စပြီးတော့ အ၀တ်တွေဝတ်ဆင်ကြရင်း ဟိုသည် ကြည့်မိကြချိန်မှ အေးစက်မျက်လုံးတွေနှင့် သွားတက်တွေပေါ်အောင် ရယ်ပြမိတဲ့ ကျွန်တော့်ကိုမြင်ကာ သူတို့တွေ ငယ်သံပါအောင် အော်ရင်းထွက်ပြေးသွားကြပါတော့တယ်။

တစ်ယောက်တည်း......တစ်ကိုယ်တည်း ကျွန်တော်မဟုတ်ဘူး ဒီလောကမှာ။ ဘယ်လိုတွေးတောရမယ်မှန်းလည်း ကျွန်တော်မသိ။ ခံစား ရတာက ကျွန်တော်မငြင်းနိုင်သော အာသီသတစ်ခုအတွက် ရှာဖွေထွက်ခြင်းဖြစ်ပြီး ဘယ်သူ ဒါမှမဟုတ် ဘာလဲဆိုတာမျိုးတွေ ခြေဆန့် ရာနယ်မြေအနှံ့။ ချယ်ရီမြို့သည် ကျွန်တော့်မြေ ဘယ်သူ့ကိုမှ မောင်ပိုင်စီးခွင့်မပေးနိုင်ဘူး။

ပထမဆုံး သားကောင်ဖွေရှာတဲ့ညမှာပဲ ကျွန်တော့်ရဲ့ ဦးဆုံးဧည့်သည်တစ်ယောက်ကို မြင်ခဲ့ရတယ်။ ခန္ဓာကိုယ်အချိုးအစားနှင့် ကြံ့ခိုင်မှု ကတော့ ကျေနပ်စရာပါ။ မြို့ထဲလှည့်လည်ပြီး အိမ်ကိုအပြန် ဂိုထောင်နှစ်လုံးရဲ့အလွန် ထောင့်စွန်းမှာ အရိပ်တွေ့လို့ လှည့်ကြည့်မိရာမှ တွေ့မိခြင်းပါ။ မျက်လုံးခြင်းဆုံ အောင်ကြည့်မိတော့ ကျွန်တော့်ကိုမြင်ဟန်နှင့် ပြုံးပြတာကြောင့် သူ့ဆီအမြန် ကပ်သွားမိတယ်။ အဲဒါက ကျွန်တော့်ပထမအမှားပါပဲ။ သူ့နံဘေးရောက်သွားတော့ ဂိုထောင်နံရံကမှန်မှာ သူ့အရိပ်မထင်ပါဘူး။ ကောင်းကင်ကိုမော့ကြည့်လိုက်မိ တော့ လပြည့်ည။ ကျွန်တော်သိခဲ့တဲ့ လူစားမျိုး ဒီနိုင်ငံမှာ ရှိနေပါ့မလား။

ဒုတိယမြောက် အမှားကတော့ အန္တရာယ်ရှိတဲ့ဆွဲဆောင်မှုအောက် ကျွန်တော် တွယ်ငြိပြီး မထွက်ခွာမိခြင်း။ သူ့မျက်ဝန်းတစ်ချက်အဝေ့မှာ အ၀ါရောင်သမ်းတဲ့ မျက်စိအဖြစ်ပြောင်းသွားတာကို မြင်ရသလိုပဲ ကျွန်တော့်ကိုကြည့်နေတာ။ ကျွန်တော်ထွက်ပြေးသင့်တယ် ဒါပေမဲ့ ကျွန်တော်မပြေးနိုင်ခဲ့ပါ။ သူ့ဆီကအကြည့်ကိုလည်း မရှောင်လွှဲနိုင်ခဲ့။ သူတစ်ခုခုကို ဆာလောင်မွတ်သိပ်နေတာ အသေအချာ။ ကျွန်တော် ညှို့ချက်ကနေ ရုန်းထွက်ဖို့အခွင့်မရခင်မှာပဲ သူစတင်တိုက်ခိုက်တော့တယ်။

ကျွန်တော့်တစ်ကိုယ်လုံး သူ့လက်နှင့်ကိုင်မြှောက်မှုမှာ လွင့်သွားရင်း ဂိုထောင်နံရံမှာ ကျောကပ်သွားရတာ။ ထက်လှတဲ့ သူ့သွားတွေဟာ ကျွန်တော့်လည်မျိုထဲ နစ်မြှုပ်သွားရင်း အတန်ကြာငြိမ်သက်နေရော။ ပြန်လည်တိုက်ခိုက်ဖို့ ကျွန်တော်ကြိုးစားစဉ်မှာတော့ သူ့လက်တစ် ဖက် မြှောက်တက်လာကာ ကျွန်တော့်လက်တွေကို ချုပ်ကိုင်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်၊ ကြွက်သားတွေ သန်မာပုံများ စတီးလ် အတိုင်း ပါပဲ။ ရုန်းကန်ရင်းလှုပ်ရှားရင်း သူကျွန်တော့်ကို လိင်ဆက်ဆံဖို့ ဆုံးဖြတ်ဟန်တူတယ်။ အဲဒါ သံသယဖြစ်တာမဟုတ် ကျွန်တော့်စိတ်က သိနေသလို ခွင့်လည်းပြုနေချင်မိတာလေ။

ကျွန်တော်သူ့ကို လိုချင်တယ်၊ လိုအပ်တယ် အလွန်ပါပဲ။ သူ့ဆီက အာသာဆန္ဒတစ်ခုခု ကျွန်တော်ရချင်တယ်လေဗျာ။

မိနစ်အနည်းငယ်အကြာ ကျွန်တော့်ကို တိုက်ခိုက်သူခမျာ တုန့်ခနဲဖြစ်သွားပြီး ရုတ်တရက် နှစ်ယောက်လုံး မူးမိုက်သွားသလိုဖြစ်သွားကြ ပါတယ်။ တွန့်ဆုတ်ခြင်း၊ ငတ်မွတ် ဆာလောင်မှု၊ ကြောက်ရွံ့ အံ့အားသင့်ခြင်း အဓိပ္ပာယ်တွေပါဝင်တဲ့ အကြည့်နှင့် ကျွန်တော့်မျက်ဝန်း တွေကို စိုက်ကြည့်ပါရော။ အိုး....သူလူသားတစ်ယောက်အသွင် ရှိနေဆဲပါ။ ဒီထက်တော့ အဓိပ္ပာယ်ပိုမယ်ထင်ပါတယ်။ ယောက်ျးတစ် ယောက်မှာရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်း မိုသွင်းထားတဲ့ ပလာစတာရုပ်မှာ အ၀တ်အစားတွေ ၀တ်ဆင်ပေးထားသလို ချပ်ချပ် ရပ်ရပ်။ သူ့လည်ပင်းတစ်ဝိုက်မှာတော့ စတိုင်လ်ကျကျ သားမွှေးမာဖလာ တစ်ခုပတ်ထားပါရဲ့။ အောက်ပိုင်းမှာတော့ ခပ်လျောလျောဝတ် ထားတဲ့ ဂျင်းအပျော့ဘောင်းဘီက ဆီးခုံမွှေးနှင့် ငပဲရဲ့ကောက်ကြောင်းတွေကို မဖုံးနိုင်ပါဘူး။

သူ ကျွန်တော့်ကို တိုက်ခိုက်ချိန်မှာ ကျွန်တော်ငြိမ်သက်နေမိခဲ့တာကို သတိရမိတယ်။ သူ့လက်မောင်းတွေဟာ တောင့်တင်းတဲ့ကြွက်သား တွေ မရှိဘူး။ သူ့ပေါင်တံတွေလည်း ထို့အတူပါ။ ဒါပေမဲ့ သူ့သွားတွေက အရာရာဖောက်ထွင်းနိုင်မယ့် သံမဏိသွားတွေလို မာကျောလှ ပါရဲ့။ ကျွန်တော့်လည်ပင်းကို လက်နဲ့အသာစမ်းကြည့်လိုက်တာ ဒဏ်ရာက အလိုလိုပိတ်သွားပါပြီ။ ဒါကိုမြင်တဲ့ သူ့မျက်လုံးတွေဟာ ပြူး ကျယ်ဝိုင်းစက်လို့။

'မင်း....မင်း က ဘာလဲ?' သူမေးတဲ့အသံကို သာမန်လူသားတစ်ယောက်အတွက် ကြောစိမ့်သွားစရာမျိုးပါ။ ကြည်လင်ပြတ်သားနက်ရှိုင်း သော အသံလှိုင်းဖြင့်။ သူ့စကားပြောတဲ့အခါတိုင်း ကျွန်တော့်ရင်ဘတ်ထဲမှာ အလိုလို တုန်ခါနေသယောင် ခံစားရပါတယ်။

'သေချာတာက မင်းလိုအမျိုးအစားမဟုတ်ဘူး'

ကျွန်တော် သူ့ရင်အုပ်ပေါ်က အမွှေးနုလေးတွေရဲ့ လှုပ်ရှားမှုကို ကြည့်ရင်း အဖြေပေးလိုက်တာပေါ့။ ကျွန်တော့်ကိုကြည့်နေတဲ့ သူ့မျက်ဝန်းတွေဟာ အ၀ါရောင်သန်းလာသလိုပဲ မျက်တောင်အခတ်မှာ။

'မင်းဟာ လူမဟုတ်ဘူး' သူခဏသောအချိန်မှာ တဆတ်ဆတ် တစ်ကိုယ်လုံးတုန်လာပါတယ်။ အဲဒါကိုမြင်တော့ ကျွန်တော်သူ့ဆီလှမ်း သွားလိုက်ပါရော။ ကျွန်တော့်ကုတ်အင်္ကျီကို ချွတ် သူ့ပခုံးပေါ်ကို လွှမ်းခြုံပေးလိုက်ပါတယ်။ သူက ကုတ်အင်္ကျီကို ကြည့်ပြီးနောက် ကျွန်တော့်ကို စူးစမ်းသလို ကြည့်သေးတာ။

'ခြုံထားပါ။ ရာသီဥတုအေးတာ ကိုယ့်အတွက်ဘာ affect မှမရှိဘူး' သန်မာတဲ့သူ့လက်မောင်းတစ်ဖက်က ဆန့်တန်းလာပြီး ကျွန်တော့် ကုတ်အင်္ကျီကိုလှမ်းဆွဲလိုက်တယ်။ ရှည်လျားသွယ်ပျောင်းတဲ့ သူ့လက်ချောင်းများဟာ ကျွန်တော့်ရင်ထဲအထိ ဆုပ်ကိုင်ထိတွေ့လိုက် သလိုပါပဲ။

'ဘာကြောင့်လဲ?'

ဒီမေးခွန်းက ကျွန်တော့်ကို အခက်အခဲဖြစ်စေသလိုပါ ပြန်ဖြေဖို့အတွက်လေ။ 'ကိုယ်က လူမဟုတ်တော့လို့ ရာသီဥတုအေးတာကို မခံစားမိတော့တာဖြစ်မယ်။ ဒါပေမဲ့ လူသားတွေက ဒီလိုမဟုတ်ဘူးလေ'

'မင်းအိပ်ဖို့ နေရာတစ်ခုခုကို ရှာနေသလား? ဒါမှမဟုတ် နွေးနွေးထွေးထွေးအ၀တ်တွေလိုချင်တာလား?'

'ဘာကြောင့်မေးတာလဲ?' ဒီကောင် အမေးအမြန်းထူလှချည်လား။ ကိုယ်က အကူအညီတစ်ခုပေးမလို့ သူ့ကိုမေးတာ သူက ပြန်ပြန်မေး ခွန်းထုတ်နေတယ်။

'မင်းတတ်တဲ့စကားလုံးက ဒီ limit ပဲလား? ငါသေသေချာချာပြောနိုင်တာက အားလုံးအဆင်ပြေအောင် လုပ်ပေးနိုင်တယ်ဆိုတာ'

'ငါ့အဖြေက သောက်ရမ်းကောင်းနေတယ် အရာရာ' သူကပဲ စိတ်မရှည်တဲ့ လေသံနှင့်ပြန်ဖြေတယ်။ ဒါပေမဲ့ သူ့အကြည့်တွေက ရီဝေေ၀ နှင့် ညှို့ငှင်နေသလိုပါပဲ။ ကပိုကရို မျက်နှာကို အနားသတ်ထားတဲ့ ဆံနွယ်တွေက သူ့မျက်နှာသွယ်သွယ်နှင့် အတော် အဆင်ပြေသည် ကြည့်ရတာ။ ပါးစပ်က အမေးတွေ အဖြေတွေ လုပ်နေပေမဲ့ နှစ်ဦးသား ခန္ဓာကိုယ်တွေက တဖြည်းဖြည်း နီးကပ်လာကြသည်ပဲ။ နှစ်ဦးသား အလိုဆန္ဒသဘောညီကြပြီ ထင်ပါရဲ့။

အမှောင်ရိပ်မှာ ဂိုထောင်မီးတွေက မလင်းတလင်းနဲ့ လူပုံသဏ္ဌာန်နှစ်ခု ပူးကပ်နေတာကိုပဲ အဝေးကမြင်နိုင်သည်။ ထူအမ်းအမ်းနှုတ်ခမ်း အစုံရဲ့ ဆွဲဆောင်မှုအောက် ကျွန်တော် မငြင်းဆန်နိုင်အားတော့။ ကျွန်တော့်နှုတ်ခမ်းအစုံကို သူ့ပါးစပ်ထဲရောက်သွားတော့မတတ် ခန္ဓာ ကိုယ်ကို ငုံ့ကိုင်းရင်းနမ်းတော့တာ။ သူ့လက်အစုံက ကျွန်တော့်ခါးကို ဆွဲကိုင်ရင်း သူ့ခန္ဓာကိုယ်ဆီ ဆွဲကပ်လိုက်တယ်။ ကျွန်တော့်ပစ္စည်း နဲ့ သူ့အမြှောက်တံမာမာကြီး ဖိမိကြသတည်းပေါ့။ ခါးကိုရွရွလေး ဇကောဝိုင်းလုပ်နေတော့ မထိတထိ ငပဲရဲ့ထိုးဆွမှုကြောင့် ကျွန်တော့် ဟာသည်လည်း မာတောင်လာရပါတယ်။

အမှန်တကယ်ဆို ငြင်သာတဲ့အထိအတွေ့ နုညံ့တဲ့အနမ်းကိုသာ ကျွန်တော်ပိုကြိုက်တယ်။ သူကတော့ ပြင်းပြတပ်မက်တဲ့ အနမ်းတွေကို ပိုပြီးရင်ခုန်တယ်လေ။ လက်တစ်ဖက်က ကျွန်တော့်ခါးကိုဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ ကျွန်တော့်အင်္ကျီတွေကို စုတ်ဖြဲပစ်ပြီး မြေပြင်ပေါ်ပစ်ချလိုက်တာ။ အံ့သြသွားတဲ့ ကျွန်တော့်ငြိမ်သက်မှုကို သူက အနမ်းခပ်ပြင်းပြင်းတွေနှင့် ပြန်လှုပ်နိုးလိုက်ပြန်ရော။ သူ့လျှာ အရှည်ဟာ ကျွန်တော့်အာခံတွင်းအနှံ့မွှေနှောက်နေပါ့။

ကျွန်တော့်ဘောင်းဘီကို ဆွဲချွတ်လိုက်တယ်။ မာတောင်ပြီးရမ်းနေတဲ့ ညီဘွားကို သဘောတကျကြည့်ရင်း သူ့ဘောင်းဘီကိုလည်း ချွတ် လိုက်တာ ကျွန်တော်မျက်လုံးတွေ ဖိုးလမင်းဖြစ်သွားရပါရဲ့။ အရှည်က အတော်ပိုသလို အတုတ်ကလည်း တုတ်တုတ်ခိုင်ခိုင်။ သူ့ လက် ဖ၀ါးနှစ်ခုကြား -ိင်တံနှစ်ချောင်းလုံး ပူးကိုင်ကာ လက်ကစားပါတယ်။ ဒါကလည်း စိတ်လှုပ်ရှားစရာကောင်းသား။

ပတ်ဝန်းကျင်အခြေအနေကြောင့်ရော စိတ်လှုပ်ရှားဖွယ်ထိတွေ့ ပွတ်သပ်မှုများကြောင့်ထင်ပါရဲ့ နှစ်ဦးသား climax ဖြစ်ဖို့မြန်ရပါတယ်။ ခပ်ပြင်းပြင်းအနမ်းကြောင့် နှုတ်ခမ်းတွေတောင်ပေါက်ကုန်ပြီလား မသိ။ သွက်သွက်လက်လှုပ်ရှားတဲ့ လက်အစုံကြောင့် ကျွန်တော်အရင် ပြီးသွားပါတယ်။ အော်ညည်းသံ သဲ့သဲ့ပြုရင်း သူ့အနမ်းကို ရုန်းကန်ရင်းပေါ့။ စက္ကန့်အနည်းငယ်အကြာမှာတော့ ငပဲကို ခပ်သွက်သွက် ကစားရင်း အရည်ပျစ်များကို ကျွန်တော့်ငပဲပေါ်ကိုရော သူ့လက်သီးဆုပ်ပေါ်ရော ပန်းထည့်လိုက်ပါတယ်။ နှုတ်ခမ်းက စပ်ဖျဉ်းဖျဉ်းဖြစ်နေ တာကြောင့် လျှာနဲ့သရပ်ကြည့်တော့ သွေးစို့နေတာကိုတွေ့ရတာ။ သူ့နှုတ်ခမ်းများမှာလည်း ထို့အတူ။

ကျွန်တော့် မျက်လုံးများကို ခဏစိုက်ကြည့်ပြီးနောက် သူ့အ၀တ်အစားတွေ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ကာ ဘာမှမပြောဘဲ ထွက်ခွာ သွားပါတော့တယ်။ နောက်ဆုံးမြင်လိုက်ရတာက ဂိုထောင် တောင်ချိုးအလွန် သစ်ပင်တွေအနား ရုတ်တရက် ပျောက်ကွယ် သွားတာကို ပါပဲ။ ကျွန်တော့်ခြေရင်းမှာတော့ Leather Jacket ။ ကောက်ယူပြီးနမ်းကြည့်လိုက်ပါတယ်။

သူ့ရဲ့........ သူ့ရဲ့ အနံ့တွေရတယ်။ ချွေးနံ့၊ သွေးနံ့နှင့် ခပ်အီအီ သုတ်ရည်အနံ့တွေ။ သူပျောက်ကွယ်သွားရာ လမ်းသွယ်လေးဘက် ကို ကျွန်တော်ကြည့်ပြီး ပြုံးမိရပေါ့။ ကျွန်တော်တို့ နောက်တစ်ကြိမ်ဆုံဖြစ်ဦးမှာပါ။ သံသယဖြစ်ဖွယ်မရှိ။ ကျွန်တော့်ကုတ်အင်္ကျီကို လက် တစ်ဖက်ပေါ်တင်ရင်း လမ်းကြားအတိုင်း အိမ်ဖက်ကိုပြန်ခဲ့ပါတယ်။ ရာသီဥတုအေးစက်ခြင်းက ကျွန်တော့်အတွက် ဘာခံစားမှုမှ မပေးတာ ပဲလေ။ တကယ်ဆို အလွန်အန္တရာယ်များတဲ့ အဖြစ်အပျက်နဲက ကြုံဆုံခဲ့ရတာ။ ကျွန်တော့်အတွေးအမြင်တွေ အားလုံးပျောက်သွားသလို သူ့အနံ့တွေသာစိတ်ထဲရနေခြင်းသာ အဖတ်တင်တယ်။ သူ့အရသာ၊ သူ့အတွေ့အထိတွေ အင်း.....။ ဒေလီယာပန်းနံ့တွေထဲ ဖြတ်သန်းလာပြီးမှ ဒေလီယာမြိုင်အိမ်ကြီးထဲ ရောက်နေပြီဆိုတာ သတိပြန်ကပ်ရတယ်။

သံပန်းတံခါးကြီးနှင့် အုတ်နံရံကြားမှာ မှောင်မဲနေတဲ့လမ်းသွယ်လေးထဲ ကျွန်တော်ဝင်ရောက်ခဲ့စဉ်ဖြစ်ပျက်ခဲ့တာဆိုတော့ အိမ်နီးနားချင်း ဆယ်ကျောက်သက် ငနာလေးတော့ ကြောက်လန့်သွားမှာပဲ။ ဒီကောင်လေးက ကျွန်တော့်ကို မြင်တွေ့ဆက်ဆံလို့ရသည်လေ။ ပန်းခင်း ထဲက အဖြတ် တစ်ဖက်အိမ်ကို လှမ်းကြည့်လိုက်တော့ ထင်တဲ့အတိုင်းပါပဲ ပြတင်းပေါက်က တစ်ဆင့် ပြူးကျယ်တဲ့ မျက်လုံးများဖြင့် ကြည့် နေသော ကောင်လေး။ ကျွန်တော့် ဦးဆုံး ဧည့်သည်လေးကရော သူသည်လည်း ကြောက်လန့်မှုအရိပ်အယောင်၊ ဆာလောင်မှုနှင့် လို အင်ဆန္ဒတွေ ရောပြွမ်းခဲ့တာပါပဲ။ မကြာခင်ကာလမှာ Halloween လာတော့မယ်။ ဒီမြို့လေးမှာရှိတဲ့ လူငယ်အချို့ပြုလုပ်ကြမယ့် Halloween Party မှာ ကျွန်တော့်အိမ်ကို ဧည့်သည်အသစ်တွေ ခေါ်ဆောင်နိုင်မယ် ထင်ပါရဲ့။

အိမ်ခေါင်မိုးထက်က ညဉ့်ငှက်တို့ မြည်သံကြားရတယ်။ ပြီးတော့ အဝေးက ခွေးအူသံတွေလည်း တသိမ့်သိမ့်။ ကျွန်တော် အိမ်မတံခါး ကြီးကို ပိတ်လိုက်ကာ အပေါ်ထပ် အိပ်ခန်းရှိရာဆီ လှမ်းခဲ့ ပါရော။ မကြာခင် ရောင်နီသမ်းတော့မည်။ ဒါကြောင့် လိုက်ကာတွေ ပိတ် အလင်းနဲ့ဝေးရာကုတင်မှာ လှဲလျောင်းရင်း မျက်စိကိုမှိတ်။

x x x

နှစ်တစ်နှစ်ရဲ့ အားလပ်ရက်တွေဖြစ်တဲ့ ပါတီကျင်းပချိန်များစွာမှာ ကျွန်တော်အကြိုက်နှစ်သက်ဆုံးက Halloween ပါတီကျင်းပရာ အား လပ်ရက်ပေါ့။ အပြင်ကို အလွယ်တကူ ထွက်နိုင်တဲ့ တစ်ခုတည်းသောအချိန်လေ။ သွေးစုပ်ဖုတ်ကောင်တစ်ယောက်နှင့် တွဲကမိနေကြ တယ်ဆိုရင်လည်း သူတို့တွေ အဲဒီလူအပေါ် မျက်စိ စူးစူးနှင့်တောင် ကြည့်မိဂရုစိုက်မိကြမည်မထင်။ ကော်လံအနားသ်မှာ ဇာအနားတွန့် တွေပါသော အဖြူရောင် လက်ရှည်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီကြပ်ကြပ်၊ အနက်ရောင် boots ၊ ၀တ်ရုံတစ်ခုပခုံးပေါ်လွှမ်းလျက် အပြင်ထွက်ခဲ့ပါတယ်။ ခြံဝန်းထဲကအထွက် အကောင်အထည်မမြင်ရသော မပြနိုင်သော ၀ိညာဉ်တွေက လိုက်လာသလိုထင်ရသေး။ ဘာပဲဖြစ်ဖြစ် ဒီညပျော်စရာလေးတွေ ပိုင်ဆိုင်ရမယ် ထင်တာပါပဲ။

မြို့ငယ်လေးဆိုတော့ Nightclub ကသိပ်မရှိပါဘူး။ အဲဒီ့အထဲကမှ ဒီလိုညမျိုးအတွက် အထူးတလည် အစီအစဉ်တွေရှိနိုင်သော ကလပ်ကို ကျွန်တော်အသာရှာနေမိပါတယ်။ ၀တ်စုံအထွေထွေ အဆန်းအပြားမိတ်ကပ်များနှင့် လူငယ်တွေကြား တိုးဝင်ခဲ့ပါရဲ့ ညမွှေးပန်းကလပ်တဲ့။ ကျွန်တော်သည် လူသားအစစ်လား? သူတို့ကရော? ဆိုတဲ့အမေးမျိုး မလင်းတလင်းမီးရောင်များကြားမှာ နားထား။ ကျွန်တော်လွန်ခဲ့တဲ့ နှစ် အတော်ကြာက ဖက်ရှင်ကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ ဘဲတစ်ပွေကို အတူကဖို့ ကပွဲကြမ်းပြင်ဆီ ခေါ် ဆောင်ခဲ့လိုက်တယ်။ သူ တော်တော် အသုံးမကျတဲ့သူ။ တော်တော်ကို အသုံးမကျတဲ့သူပါပဲ။ သူ့နဲ့ကရတာ ပျော်ရွှင်ရမယ့်အစား ပျင်း တောင်လာတယ်။ သူ ကောင်းကောင်းကတတ်မယ်လို့ ကျွန်တော်ထင်ထားခဲ့တာ။ ကျွန်တော်ဘာမှ သတိမထားမိခင်မှာပဲ သူလစ်သွား ရော။ အဲဒီအချိန်မှာပဲ ကျွန်တော့်မျက်ဝန်းထဲ တန်းဝင်လာတာက အရှေ့တံခါးမကြီးက ခပ်ဖြည်းဖြည်းဝင်လာသူ။

သူပါလား? ကျွန်တော့်ဧည့်သည်အသစ်လေးလေ။ လွန်ခဲ့တဲ့ နှစ်ညလောက်က အမှောင်ရိပ် လမ်းကြားထဲမှာ အနမ်းမိုးစွေခဲ့သူပေါ့။ သူ့ အ၀တ်အစားတွေက ပိုပြီး fitting ဖြစ်နေပါရော သူ့ခန္ဓာကိုယ်မှာ။ ခန့်ခန့်ထည်ထည် လူကြီးမင်းပုံမဟုတ်ဘဲ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်နဲ့အပြည့်။ မမျှော်လင့်ဘဲတွေ့ခဲ့တဲ့ညက ပုံစံမျုးမဟုတ်တော့။ အဖြူစွတ်စွတ် သူ့ရှပ်အင်္ကျီရဲ့ အနည်းငယ်ဟထားသော နေရာမှ မြင်နေရသည့် ရင်ဘတ်မွှေးလေးတွေက ကျွန်တော့်ကို ရန်ခုန်မှုပေးလာတာပေါ့။ ၀တ်ထားတဲ့ ဘောင်းဘီပျော့ကလည်း ပေါင်တံတွေနှင့် ကွက်တိ။ အဆန်းအပြားပေါင်းစုံကြားက တကယ့်ဘုရင်ပါပဲ။ အ၀ါရောင် တစ်ချက်တစ်ချက်သမ်းတဲ့ သူ့မျက်ဝန်းတွေက တစ်ခန်းလုံးရွေ့ လျားနေရာက ကျွန်တော့်ဆီမှာ အဆုံးသတ်တယ်။ ကျွန်တော့်တစ်ကိုယ်လုံး ခြေဖျားမှ ဆံစအထိ တဆတ်ဆတ်တုန်ရင်လာပြီး တွန်းထိုး လာတဲ့ ဖီလင်မျိုးဖြစ်ပေါ်ခံစားမိပါရဲ့။

သူမရွေ့ခင်မှာပဲ ကျွန်တော် သူ့နံဘေးကိုရောက်ရှိသွားပါပြီ။ ကျွန်တော်တို့နှစ်ယောက်သားရဲ့ ခန္ဓာကိုယ်တွေဟာ တီးလုံးစည်းချက်နှင့် အတူ တွန်းထိုးကခုန်မိကြပါရော။ သူဆာလောင်နေပြီ တစ်ခုခုအတွက် အသင့်ဖြစ်နေပြီ။သူ့မျက်ဝန်းတွေကို စိုက်ကြည့်မိတော့ ကျွန်တော့် ကို မိန့်မူးနေစေပြီ သူ့အပေါ်လေ။ သူ့လက်တွေဟာ ကျွန်တော့် ခန္ဓာကိုယ်အနှံ့ထိတွေ့ပွတ်သပ်။

'အခုမင်းနာမည် ဘယ်သူဆိုတာပြောတော့မလာ?း လူသားအသွင်နှင့် သူမေးမြန်းခြင်းဖြစ်သော်လည်း သူ့အသံက ညှို့ငှင်နေသည့် အလားပါပဲ။

'ဝေဖြိုးသွင်'

ခပ်တုန်တုန်ထွက်သွားတဲ့ ကျွန်တော့် အဖြေစကားကြားတော့ သူ့မျက်နှာမှာအပြုံးပေါ်လာတယ်။

'ခင်ဗျားနာမည်ကရောဘာလဲ?'

ကပွဲကြမ်းပြင်ကနေ အနည်းငယ်ရွေ့လာကြပြီး နည်းနည်းမှောင်သည့် အခန်းနံရံနားတိုးကပ်သွားချိန် ကျွန်တော့်နှုတ်ခမ်းပေါ် သူ့အနမ်း တွေရောက်ရှိမလာခင် အဲဒီအမေး စကားလုံးကို ထုတ်ဖြစ်လိုက်ရတာပေါ့။ ထုံးစံအတိုင်း ပြင်းပျတပ်မက်စွာ နမ်းပြီး သူ့လျှာတွေဟာ အာခံ တွင်းထဲ အနှံ့။ ဒီတစ်ခါ သူဟာလှုပ်ရှား တက်ကြွလွန်းပါတယ်။ သူရွေ့လျားမှုကို မရပ်ဘူး၊ ကနေတာကို မရပ်ဘူး၊ ကျွန်တော့် ကိုယ်ခန္ဓာ ဆီ ပွတ်သပ်ပြီး အနမ်းမိုးစွေနေတာကိုလည်း မရပ်။ အနမ်းကြောရှည်နေခြင်းကို ရပ်လိုက်တာနဲ့ နှစ်ဦးသား အသက်ရှူမရသလို မော ဟိုက်သွားရပါ့။

'ကျော်စွာ..' ကျွန်တော့်မေးစိ၊ လည်မျိုတွေဆီ သွားနှင့်ခြစ်ရင်း သူ့အမည်ကိုပြောတာပါ။ 'တျော်စွာတက် 'ကျွန်တော့်လည်မျို သွေးကြောမ ကြီးကို သူ့နှုတ်ခမ်းသားတွေဖြင့် ပွတ်သပ်ကာ လှုပ်ရှားမှုကိုရပ်လိုက်တယ်။ 'Delicious' တိုးငြင်ငြင်သာ ညည်းတွားပါရဲ့။

ကျွန်တော် သူ့ဆံနွယ်တွေကိုပွတ်သပ်ကိုင်တွယ်ရင်း သူ့ပါးစပ်ကိုကျွန်တော့်လည်တိုင်ဆီ ဖိပေးလိုက်တယ်။ သူ့ရဲ့အသွားထက်တဲ့ သွား စွယ်တွေ ကျွန်တော့်အသားထဲ ထိုးသွင်းတဲ့ဖီလင်ကို ခံစားမိခြင်း။ သူသည်လည်း စကားတစ်ခွန်းမှမဆို ကျွန်တော့်လည်တိုင်ကို သူ့နှုတ် ခမ်းတွေ လျှာတွေနှင့် သရပ်ကာ အရေပြားထဲ သွားစွယ်တွေကို ထိုးသွင်းလိုက်ပါရဲ့။ ခန္ဓာကိုယ်လှုပ်ရှားမှုက ဖြည်းဖြည်းညင်သာသွား သလို သူ့လက်အစုံဟာ ကျွန်တော့်ရှ့ပ်အင်္ကျီထဲ တိုးဝင်ကာ ရင်ဘတ်တွေ၊ ပြီးတော့ ကျွန်တော် ဗိုက်သားတွေကို ပွတ်သပ်ဖျစ်ညှစ်တယ်။ လည်မျိုဆီက ခပ်မျှဉ်းမျှဉ်းစုပ်နေတဲ့ နှုတ်ခမ်းရဲ့ အထိအတွေ့ဟာ တစ်ကိုယ်လုံးက အကြောတွေကို လှုပ်ခါစေသလို ဘောင်းဘီဂွကြားက ညီဘွားကိုလည်း တဆတ်ဆတ်တုန်ခါစေရောပေါ့။ ခဏကြာတော့ လည်တိုင်ဆီမှ နှုတ်ခမ်းသားတွေကို ခွာလိုက်ကာ သွားရာရှိနေတဲ့ လည်မျိုဆီ လျှာနဲ့သရပ်ပေးပါတယ်။

'လာ'

စကားလုံးတစ်လုံးနဲ့ အဓိပ္ပာယ်ပြည့်စုံစေကာ ကျွန်တော့်လက်ကိုဆွဲကိုင်လျက် ကလပ်အပြင်ဘက်ကို ခေါ်ဆောင်သွားပါတယ်။ ကျွန်တော်တို့ နှစ် block လောက်လျှောက်လာကြပြီးနောက် ခပ်မှောင်မှောင် လမ်းသွယ်လေးတစ်ခုအရောက်မှာ သူရပ်တန့်လိုက်တယ်။ ဒါကျွန်တော့်ဦးဆောင်မှုမဟုတ် သူ့နောက်ကို အလိုက်သင့်လိုက်ပါလာခဲ့တာ ကျွန်တော်နည်းနည်းတော့ကျွတ်တယ်။ သူ့မျက်နှာကို ကြည့်လိုက်တော့ သွားတက်ပေါ်အောင် ပြုံးပြရင်း ခပ်ဟဟပွင့်နေတဲ့ တံခါးတစ်ခုဆီခေါ်သွားပါရဲ့။ ဘယ်နေရာဆိုတာ ကျွန်တော်မသိဘူး။ အတွင်းမှာ အရမ်းမှောင်နေတာကြောင့် သူက ကျွန်တော့်လက်ကိုဆွဲကာ ဂိုထောင်နှင့်တူသော အဲဒီ့အခန်းထဲခေါ်သွားပါတယ်။

အပြင်ဘက်မှာ စိတ်ပျက်ဖို့ကောင်းပေမဲ့ အတွင်းထဲမှာတော့ မဆိုးပါဘူး။ သေချာစဉ်းစားကြည့်တော့ ဒီအဆောက်အအုံက ကျွန်တော့် အိမ်နှင့် သိပ်မဝေးလှပါ။ ဂိုထောင်လိုအဆောက်အအုံကြီးထဲက လမ်းကျဉ်းကျဉ်းလေးလို ဘေးလမ်းလေးကနေ အတွင်းကျကျ အခန်း ဘက်ဆီ ကျွန်တော်တို့ဝင်ခဲ့ကြပါတယ်။ Lobby ခန်းထဲကဖြတ်သန်းလာခဲ့ကြပြီး ညာဘက်ကိုချိုးကွေ့ကာ ရုံးခန်းတစ်ခုရဲ့ တံခါးကိုဖွင့် ကျော်စွာ က ဦးဆောင်ဝင်သွားခဲ့ရော။ အခန်းအလယ်တည့်တည့်မှာ လူတစ်ယောက်ကောင်းကောင်းအိပ်လို့ရတဲ့ ဆိုဖာအကြီးစားကိုမြင် ရပါတယ်။ ခါးစောင်းအမြင့်လောက်ဘီရိုတွေက အခန်းထဲမှာ အများအပြား။ အခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ကျော်စွာက ဆိုဖာပေါ် ပစ်လှဲလိုက် ကာ ကျွန်တော့်ကိုလည်း ဆွဲခေါ်လိုက်တာ သူ့ပေါ်ရင်ချင်းအပ်။

'မင်းကျွေးပြီးပြီလား? ကျွန်တော့်နားရွက်နား အသက်ရှူငွေ့နည်းနည်းမှုတ်ထုတ်ရင်းမေးတယ်။ ကျွန်တော့်အ၀တ်တွေကို သူစပြီး ချွတ်စ ပြုပါပြီ။ လက်ချောင်းရှည်ရှည်သွယ်သွယ်ပျောင်းပျောင်းတွေက ကျွန်တော့်ဘောင်းဘီဇစ်ကို ဆွဲဖြုတ်လိုက်ကာဘောင်းဘီကို ကြမ်းပြင်ပေါ် လျှောချလိုက်ပါတယ်။ အတွင်းခံထဲ ကွေးပြီးထည့်ထားတဲ့ ငပဲကို သူ့လက်ချောင်းတွေက ခပ်ဖွဖွဆွဲထုတ်တယ်။ လက်တစ်ဖက်က ငပဲကို ဆုပ်ကိုင်ရင်း အထက်အောက်လှုပ်ရှားကစားပေးသလို အခြားတစ်ဖက်က ကျွန်တော့်ရွှေဥတွေနှင့်အတူ ခရေ၀ကိုပွတ်သပ်ပါ၏။

'ငါမကျွေးချင်ဘူးအခု။ တစ်လတစ်ခါလောက်ဆို လုံလောက်ပြီ'

အာ....သူ့လက်သည်းတွေဟာ ဆုပ်ကိုင်ထားတဲ့ အသားချောင်းကို ရှတတဖြစ်စေပါတယ်။ ကျွန်တော်ငုံ့ကြည့်လိုက်မိပေမဲ့ ဘာစကားလုံး ကိုဆိုရမှန်းမသိပါဘူး လည်ချောင်းထဲထိ လက်သည်းချွန်တွေရဲ့ ရှတမှုကို ခံစားရပါတယ်။ ခပ်သွက်သွက် လှုပ်ရှားမှုကြောင့် တစ်ခါတစ်ခါ လက်သည်းချွန်ဟာ ဆီးခုံကိုသွေးစို့စေပါရဲ့

'Fuck me' ကျွန်တော့်ဘာသာ ကြားရရုံလောက်သာ အသံထွက်တောင်းဆိုမိပါပြီ။

သူ့ရဲ့အဖြေပြန်ပေးမှုကတော့ ကျွန်တော့်ငပဲကိုဆုပ်ကိုင်ထားတာကိုလွှတ်လိုက်ကာ ဆိုဖာပေါ်တွန်းလှဲစေပါတယ်။ 'အ' ကျွန်တော် နာကျင်မှုကိုခံစားရတာကြောင့် ငုံ့ကြည့်လိုက်မိပြန်တော့ ဗိုက်သားနားမှာ သွေးစို့နေရဲ့။ သွေးစလေး တွေကို ကျွန်တော် လက်လေးနှင့် သပ်ယူလိုက်ကာ နှုတ်ခမ်းသားဆီရွေ့ လျှာနဲ့လျက်ပြီး သန့်ရှင်းလိုက်ပါတယ်။ ကြမ်းပြင်ပေါ်ကို သူ့အ၀တ်တွေလျောကျသွားသံကြားရ ပြီးနောက် ကျော်စွာက ကျွန်တော့်ကိုမလှုပ်နိုင်အောင် ချုပ်ထားပါရဲ့။ လက်တစ်ဖက်က ကျွန်တော့်လည်ပင်းကို ထိန်းကိုင်လိုက်ပြီး ကျွန်တော့်ခြေထောက်တွေကို သူ့ခြေဖျားများဖြင့်ကားထားစေပါတယ်။ လက်ချောင်းနှစ်ခုအား ကျွန်တော့်ပါးစပ်ထဲသွင်းပေးတာကြောင့် တပြွတ်ပြွတ်စုပ်နေမိတာ သူ့ဖီလင်ကို အရှိန်မြှင့်စေတယ်တင်ပါရဲ့။ နောက်တော့ အဲဒီ့လက်ချောင်းတွေကို ကျွန်တော့်ခရေပေါက်ထဲ တစ်ဆစ်ခြင်း ဖိထဲ့တာအတွင်းထဲက တစ်ခုခုကို ခလုတ်တိုက်မိတဲ့အထိ။

'အား...အ...အ' ကျွန်တော့်နှုတ်က အော်ညည်းမိရတဲ့အထိ ရင်ထဲတသိမ့်သိမ့်ဖြစ်အောင် လက်ချောင်းတွေကို သူကစားတယ်။ အထုတ် အသွင်းသူလှုပ်ရှားနေချိန်မှာ ကျွန်တော်လည်း ကိုယ့်ပစ္စည်းကိုယ်ကိုင်ကာ -ွင်းထုမိတာပေါ့။ လူးလူးလွန့်လွန့် ဖြစ်နေတဲ့ ကျွန်တော့်ကို ကြည့် ရယ်မောကာ လက်ချောင်းနှစ်ခုကို အသာထုတ်ပြီးတဲ့နောက် ကျွန်တော့်ပခုံးတလျောက်ကို လျှာဖျားလေးနှင့် တို့ထိကစားပါတော့ တယ်။ နောက်တော့ သူ့ပစ္စည်းကို ခရေ၀ကိုတေ့ တစ်ခါတည်းထိုးသွင်းလိုက်တာ ပြောမပြတတ်လောက်အောင် နာကျင်မှုကို ခံစားရပါ တယ်။ ရောင်ရမ်းပြီး သူ့တင်ပဆုံကို ဖမ်းထိမ်းလိုက်ကာ ပြန်မကွာအောင် ကြိုးစားမိပါရော။ ပြန်လွှတ်လိုက်တဲ့အချိန်မှာတော့ ကျွန်တော့် ကျောပြင်နှင့် ဆိုဖာတစ်သားတည်းဖိကပ်သွားတဲ့အထိ ဆောင့်သွင်းချက်တွေကပြင်းထန်ပါတယ်။

သတိပြန်ကပ်တယ်လို့ ခံစားရမိချိန်ထိသူ့ပြုစုမှုမှာမျောနေတဲ့ ကျွန်တော် လည်ပင်းဆီက သွားဖြင့်အမှတ်အသားလုပ်နေတဲ့ နာကျင်မှုကို ခံစားရတာကြောင့် သူ့မျက်နှာကို တစ်ချက်ကြည့်မိချိန်ခဏ အကြောပေါင်းစုံက တသိမ့်သိမ့်ခါကာ ကျွန်တော့်ရွှေပြွန်က သုတ်ရည်တွေကို တဆစ်ဆစ် အရင်ပန်းထုတ်လိုက်မိပါတယ်။ သူသည်လည်း ခပ်သွက်သွက်ဆောင့်နေရာက တစ်ချက်ခြင်း အဆုံးထိဖိသွင်းလိုက် ကွမ်းသီး ခေါင်းထိ ပြန်ထုတ်လိုက်လုပ်တာ အရာအားလုံး ပန်းထည့်လိုက်တာပေါ့။

ကျွန်တော်ကလည်း သူ့တင်းပါးအဆုံကို ကိုင်ထားသလို သူကလည်းဖိပြီးသွင်းထားတဲ့အနေအထားအတိုင်း နှစ်ဦးသား မလှုပ်မရားငြိမ်နေ မိကြတာ မိနစ်အနည်းငယ်ကြာတယ်။ လည်ပင်းမှာ ခဲထားတဲ့ သွားကို အရင်ဖယ်ပြီးမှ ကျွန်တော့်ခရေ၀က သူ့ငပဲကို ခပ်ဖြည်းဖြည်းဆွဲ နှုတ်တယ်။ ခဏနေတော့ ဆိုဖာပေါ် သူပြန်လှဲမှီလိုက်ရင်း ခပ်ညှင်းညှင်း ရယ်မောပြန်ရော။ ဘာကိုများ သဘောကျ သွားရသလဲဗျာ..။

ပူးကပ်စွာငြိမ်သက်နေကြရင်းနေမိကြတဲ့အချိန်အတောအတွင်း အသက်ရှူသံတွေတဖြည်းဖြည်း နှေးလာကာ ကျွန်တော်အိပ်မောကျသွား မိပါတယ်။ လေသံတွေတ၀ှီးဝှီး မြည်သံကြားရကာ ကျွန်တော့် ပါးပြင်ဆီ တိုးဝင်လာတာတဲ့ အထိအတွေ့ကို ခံစားမိချိန်မှာ ကျွန်တော် ပြန် လည် နိုးထလာမိတော့ သူဆိုတဲ့ ကျော်စွာရဲ့ လက်အစုံကြားမှာ ကျွန်တော့်တစ်ကိုယ်လုံးပေါ့ပေါ့ပါးပါး နဲ့ ဘယ်ကိုမှန်းမသိ လိုက်ပါလာရ ပါတယ်။

'ကျော်စွာ....ဒါဘယ်ကိုသွားတာလဲ...ငါ..ငါ့ကိုဘယ်ခေါ်သွားတာလည်းကွ...?'

'ရောက်ရင်သိမှာပေါ့ကွာ......'

ရိုးရာအ၀တ်အစားတစ်စုံကို အပြည့်အစုံ သူဝတ်ဆင်ထားမှန်ကျွန်တော် သတိထားမိတယ်။ ကျွန်တော်ကရော တစ်ကိုယ်လုံးအဖြူရောင် ကဲတဲ့အ၀တ်များဖြင့်....။ ကျော်စွာရင်ဘတ်နားက အိပ်ကပ်မှာ ထိုးထားတဲ့ပန်းတစ်ပွင့်ရဲ့ ရနံ့ကို ကျွန်တော်ရှိုက်လိုက်ချိန်မှာတော့ ဟိုး အနက်ရောင်ထဲ ထိုးကျသွားသလို....ရင်ထဲ...................'အား'......။

Alex Aung (22 Sep 2010)

စာကြွင်း ။ သွေးစုပ်ဖုတ်ကောင်ကားတွေခေတ်စားတုန်းကရေးဖြစ်ခဲ့တာလေးကို အဦးဆုံးပြန်တင်လိုက်ပါတယ်။

No comments: