Sunday, May 18, 2014

တစ်ယောက်တည်းလားမေးတော့…..ကိုယ်တစ်ယောက်တည်းပါ

Top 10 Reasons that you are still a SINGLE GAY MAN


`ရွေးချယ်ခွင့် လုပ်ပိုင်ခွင့်´တွေများတာကြောင့် တစ်ယောက်တည်းမဟုတ်ဘူး နှစ်ယောက် သုံးယောက်လောက်တောင် ရည်းစား၊ ချစ်သူထားနိုင်ပါတယ်လို့ပြောတဲ့ ကျွန်တော်တို့လို လိင်တူခြင်းကြိုက်နှစ်သက်သူ Gay တွေထဲမှာ တစ်ယောက်တည်း တစ်ကိုယ် တည်းဖြစ်နေဆဲပါ လို့ဆိုလာသူရှိခဲ့ရင် အဆိုပါလူကို ဘယ်လိုများထင်မြင်ချက်ပေးကြပါလိမ့်မလဲ။

အရာရာမှာ ကြေး(ဂျီး)များနေလို့၊ ဂဂျီဂဂျောင်များတတ်လွန်းလို့၊ ကိုယ့်ဖက်ကိုပဲကြည့်တတ်လွန်းသူမို့ စတဲ့ပျှမ်းမျှအချက်လေးတွေကို မြင်ယောင်ကြည့်လို့ရပေမယ့် တခြားသောဘယ်လိုအချက်လေးတွေ ရှိနိုင်ပါသေးလဲဆိုတာ ကျွန်တော်တွေးထင်မိသမျှ အချက်(၁၀)ချက် ကို မျှဝေလိုက်ပါတယ် ခင်ဗျ။ 




(၁) တို့ကတော့ အဆင့်အတန်း ခပ်မြင့်မြင့်ပဲ (Your Standards are too high)

ဖြစ်တည်လာနိုင်တဲ့ ပေါင်းသင်းဆက်နွယ်မှု ခင်မင်ရင်းနီးမှုဆိုတာတွေကိုတောင် အဆုံးသတ်စေမယ့်အချက်တစ်ချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ဂေးအမျိုးသားတွေ သတိထားမိပါရဲ့လား။ ဂေးတွေအတွက် ဖန်တီးထားပါတယ်ဆိုတဲ့ ချိန်းဆိုတွေ့ဆုံမှုဆိုင်ရာ Website တွေမှာ ပေါ်ပြူလာဖြစ်နေတဲ့ Profile ပိုင်ရှင်အမျိုးသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေမှာ တခြားသောဂေးအမျိုးသားတွေရဲ့ လိုအပ်နေသော စိတ်ဆန္ဒတွေကို အကုန်လုံးဖြည့်ဆည်းပေးနိုင်မည့်ပုံစံနဲ့ကွက်တိလိုလိုဖြစ်နေတတ်တာတွေများနေပါတယ်။

စိတ် အနှောင့်အယှက်အဖြစ်ရဆုံးအပိုင်းကတော့ ဂေးအမျိုးသားအများစုဟာ အချိန်အတော်များများမှာ သူတို့ကိုယ်တိုင်မတွေ့ဖူးသေး တဲ့ သူများရဲ့ကိုယ်ရေကိုယ်သွေးအစွမ်းအစများအား သူတို့ရဲ့ မရှိမဖြစ်လိုအပ်ချက် တောင်းဆိုချက်များကိုဖြည့်ဆည်းပေးနိုင်သလားလို့ မျှော်လင့်ပြီးဖတ်တတ်ဆုံးဖြတ်တတ်ကြတဲ့အချက်ဖြစ်ပါတယ် ခင်ဗျ။ တကယ့်ကို ပြည့်စုံလှတဲ့ စွမ်းအားအပြည့်ရှိတဲ့ သူတို့စိတ်ကူးထဲမှာ ဖန်တီးထားတဲ့ ``Superman´´ ဟာ ဘယ်အချိန်မှာ လာရောက်ကယ်တင်မလဲလို့ မျှော်လင့်ထားကြတာ။ 

မေးပါရစေ….. ဘယ်သူ တစ်ဦးတစ်ယောက်ကများ Perfect ဖြစ်ပါသလဲ? စာဖတ်သူ ကိုယ်တိုင်ကရော ?

(၂) နေရာမှားရှာနေသလား မသိ (You are looking in all the Wrong Places)

Gay အမျိုးသားအတော်များများ သဘောတူမယ်လို့မျှော်လင့်ရတဲ့အချက်လေးတွေရှိပါတယ်။ ချက်တင်လိုင်းတွေဟာ အချိတ်အဆက်၊ ချိန်းဆိုတွေ့ဆုံမှုဆိုင်ရာ Websites တွေဟာလည်း အချိတ်အဆက်၊ ကလပ်တွေဟာလည်း အချိတ်အဆက်လုပ်ဖို့ဆိုတဲ့အချက်လေး တွေပါ။ အထက်ပါနည်းလမ်းတွေနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အမျိုးသားတော်တော်များများရဲ့ရာခိုင်နှုန်းပြည့်နည်းပါးဟာ နှောင်တွယ်ချိတ်ဆက်မှု မပါတဲ့ လိင်ပိုင်းဆိုင်ရာပတ်သက်ဖို့ဆိုတာ ဖြစ်နိုင်ဖွယ်အရှိဆုံးမဟုတ်လား။

 ဒီလိုပြောလိုက်လို့ အချိတ်အဆက်လုပ်ပြီးတွေ့ဆုံမှု အချိတ်အဆက်လိင်ကိစ္စမှာ ပေါင်းသင်းဆက်ဆံရေးတစ်ခုဆီဦးတည်မသွားနိုင်ဘူး ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ရာခိုင်နှုန်းတော်တော့် ကိုနည်းပါတယ်။

(၃) ကိုယ့်ဟာကိုတော့ ရွှေမင်းသားပေါ့ (You are not as attractive as you think you are)

ကိုယ့်ကိုယ်ကို တကယ်ယုံကြည်စိတ်အပြည့်အ၀ရှိတယ်ဆိုရင် ကြည့်မှန်တစ်ချပ်ရဲ့ရှေ့မှာရပ် မှန်ထဲကိုတည့်တည့်ကြည့်လိုက်ပါ။ စာဖတ်သူအနေနဲ့ Yes လို့ပြောမယ်ဆိုရင်တော့ စာဖတ်သူရဲ့ cell phone ကိုစစ်ကြည့်ပါ။ ကိုယ်နဲ့ချိတ်ချင်လို့ဆက်တဲ့ဖုန်းတွေရဲ့ ဖုန်းခေါ်သံတွေ missed call တွေရှိနေသလား။ No? စာဖတ်သူအတွက် တကယ့်အဖြေမှန်ကိုရပါပြီ…..ဟာသသဘောပြောတာပါလေ အမျိုးသားအားလုံးနီးပါးကိုဆွဲဆောင်နိုင်တယ်ဆိုတဲ့ သူတစ်ယောက်မှမရှိပါဘူး။ 

ကျွန်တော်တို့တွေအားလုံးရဲ့ အကြိုက် နှစ်သက်မှု စွဲလမ်းတပ်မက်မှုတွေက မတူကွဲပြားကြတာများပါတယ်။ ဥပမာ - ဗိုက်ကြွက်သား အန်စာတုံးတွေရဲ့ အောက်နား တက်တူးလေးထိုးထား တာကို ရင်ခုန်မိတာ….အသားဖြူဖြူအရပ်မြင့်မြင့်လေးတွေကိုသဘောကျတာ… ..အသားညိုပြီးကြွက်သားအပြည့် ထုထုပြီးခရာချင်စရာ နယ်ပုံဟန်ကိုမှ သဘောအကျဆုံးပဲဆိုတာမျိုး စသဖြင့်ရှိကြတာမဟုတ်လား။ စာဖတ်သူရဲ့ အသွင်အပြင်အခြေအနေပေါ်မူတည်ပြီး၊ နောက်ထပ်ပြောရရင် စာဖတ်သူအနေနဲ့ ကိုယ့်အတွက်အဖိုးတန်မျိုးမှန်သော အမျိုးသားကို သေချာရှာဖွေကာ မလွတ်တမ်းဖက်တွယ် ဖို့ဆိုတာ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကလည်းအရေးပါပါတယ်လို့နော်။

(၄) အသက်အရမ်းငယ်နေသလား / အသက်အရွယ်ရနေပြီလား (You are way too Young / Old)

အသီးအနှံ အသီးအရွက် ခပ်ရင့်ရင့်တွေကိုကြိုက်နှစ်သက်တတ်သူ တစ်ယောက်မှမရှိသလို မကျက်သေး မနူးမနပ်သေးတဲ့အစားအစာ တွေကိုလည်း တစ်ယောက်မှမကြိုက်ပါဘူး။ အရွယ်ရောက်ပြီး ဂေးအတော်များများဟာ အသက်အရွယ် ၂၅၀န်းကျင်လောက်လေးတွေ နဲ့သာတွေ့ဖြစ်ကြတာများပါတယ်။ ပြီးတော့ သူတို့ရဲ့နုပျိုတက်ကြွမှုတွေကို ဖျက်ဆီးဖို့ကောင်းတဲ့အကြောင်းပြချက်လေးတွေနဲ့ စောင့် ဆိုင်းနေကြတဲ့ လူငယ်လေးတွေနှင့်ပေါ့။ ဒီအရွယ်တွေဟာ horny puppies လေးတွေ သူတို့ တောင့်တတဲ့ အရာကိုမြင်တဲ့အခါ ရှေ့ခြေနှစ်ဖက် မကြာခဏမြှောက်မြှောက်ပြတတ်သကဲ့သို့ပါပဲ။ နောက်ဆုံးတော့ အချိန်နဲ့အတူ ကုန်ဆုံးပျောက်ကွယ်သွားမှာပဲလေ… ဒါပေမယ့် အဲ့ဒီမတိုင်ခင်လေးတော့ တတ်နိုင်သလောက်လေးကြည်နူးခံစားခွင့်ရချင်ကြသား။ 

တစ်နည်းအားဖြင့် ``နှစ်လိုဖွယ်အကောင်းဆုံး Gay´´ ဆိုတာ ကုန်ဆုံးသက်တမ်းတံဆိပ်ကပ်ထားပြီးသား ပစ္စည်းတစ်ခုနဲ့အသွင်တူပါ တယ်။ အသက် ၂၇နှစ် နောက်ပိုင်းဆိုရင် စာဖတ်သူအနေနဲ့ ပေါင်မုန့်ဟောင်းတစ်လုံးနဲ့တူနေပါပြီ။ အနားသားလေးတွေက စပြီးမာလာ ပြီပေါ့ အသက်၄၀ မတိုင်ခင်အထိ ပြောရရင် အမှိုက်တောင်းထဲ လွှင့်ပစ်ခံရဖို့ အသင့်အနေအထားစောင့်ဆိုင်းနေရပြီပေါ့နော်။ ဒါပါပဲ အသက်အရွယ်ရလာတဲ့ အမျိုးသားများအပေါ် ဂေးအတော်များများရဲ့အမြင်က။ 

ကျွန်တော်ပြောခဲ့တဲ့အရာအားလုံးကို ခြုံငုံပြီးပြောရရင် Gay/Bisexual men တွေဟာ အိုပယ်ဝါဒီ သဘောထားရှိကြတာများပါတယ်။ ဒီအကြောင်းပြချက်မှာ ဖြေရှင်းချက်မရှိပါဘူး။ ဖြစ်နိုင်စွမ်းသော ပေါင်းသင်းဆက်နွယ်မှုဟာ စာဖတ်သူအနေနဲ့ဘယ်လိုရည်ရွယ်ချက်ထား ခဲ့တယ်ဆိုတဲ့အချက်တွေကလာနိုင်သလား ပြီးတော့ ဖြစ်နိုင်စွမ်းသော ငြင်းပယ်ခံရမှုတွေအတွက် အရေဘယ်လိုထူတာဆိုတာကလာနိုင် သလား မသိသေးပါဘူး။

(၅) ငွေကောင်းကောင်းမရှာနိုင်ဘူး ၀င်ငွေမကောင်းဘူးပေါ့ (You Don’t make enough Money)

Gay အမျိုးသားများအတွက် ၀ိုင်လေးသောက်ပြီး ညစာကောင်းကောင်းစားရဖို့အရေးက အရေးပါပါတယ်။ အခန်းတစ်ခန်းမှာ အခန်းဖော် သုံးလေးယောက်လောက်နဲ့စုပြီးနေကာ လက်ဆွဲကွန်ပျူတာလေးတစ်လုံးနဲ့ ရုပ်ရှင်ကြည့်နေကြတယ်ဆိုတဲ့ မြင်ကွင်းဟာ စာဖတ်သူ အနေနဲ့ ငွေလုံလုံလောက်လောက်မရှိခြင်းရဲ့ပြယုဂ်ဖြစ်နိုင်သလိုပဲ။ ပြီးတော့/သို့မဟုတ် ကားတစ်စင်းဟာ အကောင်းဆုံး ချိန်းဆိုတွေ့ဆုံ မှုတစ်ခုလုပ်ဖို့ Gay တစ်ယောက်ရဲ့ဆင်ခြင်ဆုံးဖြတ်စိတ်တစ်ခု မဟုတ်နိုင်ပါဘူးနော်။

နောက်တစ်ကြိမ်လောက် ထပ်ပြောရမယ်ဆိုရင်တော့ အဲပုံကြီးသိပ်မချဲ့ပါဘူး…ကျွန်တော်တို့ပြောနေတာက လူတစ်ယောက်ရဲ့ ပင်ကို စရိုက်နှင့် အသိဥာဏ်ကို ကျော်လွန်ပြီး အဲ့ဒီလူရဲ့ အဆင့်အတန်း(နေရာ)နှင့် လက်ဝယ်ရှိပစ္စည်းဥစ္စာအခြေအနေကိုကြည့်တတ် သူများ ရဲ့သဘောကိုထောက်ပြလိုရင်းပါ။ တစ်ချို့သောသူတွေရဲ့ဆန္ဒလိုအပ်ချက်အချို့ကိုနားလည်ပေးလို့ရပါတယ် သူတို့bills တွေကိုရှင်း ပေးနိုင်တဲ့တစ်စုံတစ်ယောက်သောသူနဲ့သာ တွေ့ဆုံချင်တာ ပြီးတော့ မကြာခဏမြို့ပြင်ခရီးတစ်ခုကိုသွားနိုင်လာနိုင်သူဖြစ်ရမှာ စသဖြင့်ပေါ့။

အကောင်းဆုံးသောအကြံပေးချက်က ``သင့်ငွေရေးကြေးရေးအခြေအနေခိုင်မာအောင်လုပ်ပါ´´ဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ ချိန်းဆို တွေ့ဆုံမှုဆိုင်ရာနယ်ပယ်ကို မချဲ့ချင်ဘူးထားဦး ကိုယ့်ကိုယ်ကိုပိုပိုပြီးကောင်းလာအောင်ရယ် ဖြတ်သန်းနေရတဲ့အခြေအနေတွေ တိုးတက်ဖို့ရယ်တော့အမြဲတစေ ကြိုးစားသင့်ပါတယ်နော်။

(၆) သိပ်မရှာဖြစ်ဘူး  (You are not looking)

ဒီတစ်ခုကတော့ ကျွန်တော့်စိတ်ထဲမှာ ရပ်တန့်နေတဲ့အကြောင်းအရာဖြစ်ပါတယ်။ တစ်ယောက်ယောက်နှင့် ပေါင်းသင်းဆက်နွယ်မှုပြုချင် ပါတယ်လို့ ကျွန်တော့်ကိုပြောပြကြတဲ့ လူတွေအတော်များများက တကယ်တမ်းကျ တစ်ယောက်သောသူကို သေချာမရှာဖွေဖြစ်ကြ ပါဘူး။ ဆိုရိုး စကားဟောင်းလေးတစ်ခုက ``တစ်ယောက်ယောက်ရှာနေတာကို တစ်ခါရပ်တန့်လိုက်ရင် သင်နဲ့အံဝင်ခွင်ကျဖြစ်သူ တစ်ယောက်ကို ရှာနေဦးမှာပါပဲ´´ ပြန်လည်ချုပ်ကိုင်ထားသလားလို့။
ပစ္စည်းတစ်ခုရောင်းထွက်ဖို့ဆိုရင် အဲ့ဒီပစ္စည်းကို မကြော်ငြာပဲနဲ့တော့ ရောင်းရမည်မဟုတ်။ ကိုယ် အလုပ်လုပ်ချင်တယ်ဆိုရင် အလုပ်လစ်လပ်နေရာများစွာကိုရှာဖွေကြည့်ပြီးမှ ကိုယ်နဲ့အံဝင်ခွင်ကျ ဖြစ်မယ့်အလုပ်ကိုလျှောက်လို့ ရမယ်လေဆိုတာလေးက လည်းရှိသေးတယ်။ `အလုပ်တစ်ခုကိုတစ်ကြိမ်ရပ်ကြည့်နေရင်း သင်အလုပ် တစ်ခုကိုရှာဖွေလိမ့်မယ်´´လို့ ဘယ်သူတစ်ဦး တစ်ယောက်ကမှမပြောကြပါဘူး။ 

တခြားတစ်ဖက်ကပြောရရင် လူတစ်ချို့နှင့် စာဖတ်သူတွေ့တဲ့ အခါ သူတို့က ``ကျွန်တော်တစ်ယောက်ယောက်နဲ့ relationship တစ်ခုမတည်ဆောက်ချင်သေးပါဘူးဗျာ´´လို့ ပြောပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အမှန်တကယ်ဆိုလိုချင်တာက `ကျွန်တော် ခင်ဗျားနဲ့ relationship မတည်ဆောက်ချင်ပါဘူး´´လို့လေ။ အဲဒါကို စာဖတ်သူအနေနဲ့လက်ခံလိုက်ပြီး ကိုယ်နဲ့ရည်မှန်းချက်လည်းတူ စိတ်ကူးလည်းတူတဲ့ နောက်တစ်ယောက်ဆီရွေ့ရမှာပေါ့ ဟုတ်တယ်ဟုတ်။

(၇) မိန်းမဆန်လွန်းတယ် သို့မဟုတ် ယောက်ျားဆန်လွန်းတယ် (You are Either Too Feminine or Too Masculine)

ဒီအကြောင်းအရာက နည်းနည်းတော့ နက်နဲပါတယ်ပြောရရင်တော့။ လိင်တူခြင်းကြိုက်နှစ်သက်သူအမျိုးသားများဟာ အရွယ်စုံ ဆိုဒ်စုံ ဂိုက်စုံနဲ့ ကွဲပြားခြားနားတဲ့ ရသနဲ့လာကြပါတယ်။ ယောက်ျားပီပီသသ တောင့်တောင့်တင်းတင်းအမျိုးသားများက မိန်းမဆန်သော နုနွဲ့သည့်အမျိုးသားများကိုကြိုက်တယ်။ ယောက်ျားပီသတောင့်တင်းသူများက တခြားယောက်ျားပီသတောင့်တောင့်တင်းတင်းဖြစ်သူများ ကိုသာသဘောကျတယ်။ တချို့က ယောက်ျားပီသ သန်မာသူဖြစ်ပေမယ့် ယောက်ျားဆန်တာရော မိန်းမဆန်တာရော ပုံစံနှစ်မျိုးရောနေ တာကို အဆင်ပြေပါတယ်တဲ့ အိပ်ယာပေါ်မှ စိတ်လှုပ်ရှားဖို့ကိစ္စကို ကျေနပ်စေတယ်ဆိုရင်ပေါ့။ ထိုကိစ္စကို တစ်ချို့သောအမျိုးသားများ မှာ သိသာနိုင်ပါတယ်။ 

ကိုယ်မျှော်လင့်ထားတဲ့ ကိုယ့်အတွက်သီးသန့်ဆိုတဲ့ လူတစ်ယောက်နဲ့တွေ့တယ်ဆိုဦး အခြားသော တစ်သီးပုဂ္ဂလတွေနဲု့ ရမ္မက် အရသာခံဖို့ကမ်းလှမ်းမှုတွေကရှိနေဦးမှာကို စာဖတ်သူအနေနဲ့ မထိန်းချုပ်နိုင်ရင်တော့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကိုတည်မြဲစေမယ့် နည်းလမ်းသစ်ဆိုတာမျိုး ကျွန်တော်မပြောပြတတ်ပါဘူးနော်။ 

(၈) ချုပ်နှောင်ထားဖို့တော့မဟုတ်ဘူးနော် (You are not In To Commitment)

ကျွန်တော် ဒီလိုကိစ္စမျိုးနည်းနည်းတော့ ကြုံဆုံဖူးပါတယ်။ လူနှစ်ယောက် ပထမဦးဆုံးအကြိမ်တွေ့ဆုံကြပြီးနောက် မကြာခဏမျှော်လင့် တတ်ပါသော တစ်လင်တစ်မယားစနစ်ကို တည်ဆောက်ချင်ပါသည့် ပေါင်းသင်းဆက်နွယ်မှုတစ်ခုရဲ့အစပျိုးပိုင်းကာလ တွေမှာတွေ့ရ တတ်မှာပါ။ ပထမဦးဆုံးတွေ့ခဲ့တဲ့နေ့ရက်ရဲ့ နောက်တစ်နေ့မနက်မှာ သူတို့ဆီက စာဖတ်သူစီ ``မင်္ဂလာနံနက်ခင်းပါ´´ဆိုတဲ့စာသား ကို နေ့စဉ်လိုလို ပို့လာနိုင်ပါတယ်။ 

စာဖတ်သူအနေနဲ့ သူတို့အကြောင်း သူတို့ကလည်း စာဖတ်သူအကြောင်း သေချာမလေ့လာမစူးစမ်းမိသေး ခင်မှာပဲ နှစ်ယောက်သားရဲ့ အနာဂတ်ကို ဘယ်လိုအတူဖြတ်သန်းကြမယ်ဆိုတာ အစီအစဉ်တွေစတင်ချနေကြပါလိမ့်မယ်။ ကိုယ်မျှော်လင့် ထားသော ကိုယ့်လိုအင် တွေကို ဖြည့်ဆည်းပေးနိုင်သော တကယ့်ကိုကြိုက်နှစ်သက်မိသော နောက်ဆုံးသော လူတစ်ယောက်ကို တွေ့ဆုံ ပြီဆိုရင်တော့ ဒီလို မျှော်လင့်ချက်တွေဟာ အလဟဿမဖြစ်ပါဘူး ရင်ခုန်မှုတွေပြင်းထန်တဲ့ကာလလို့ဆိုနိုင်ပါတယ်။

ချိန်းဆိုတွေ့ဆုံမှု အနည်းငယ်ပြုလုပ်တွေ့ဆုံကြပြီးနောက်မှာတော့ နှစ်ယောက်သားအတူနေဖို့ အိမ်ခန်းအသစ်တစ်ခုစီ ပြင်ဆင် ထုပ်ပိုး မှုစတင်နေပြီဆိုတာမျိုးလည်း သူ့ကို သိမြင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်လေးတော့ပေးသင့်ပါတယ်။ အဆင်သင့်ဖြစ်နေပြီလား၊ စိတ်ပြောင်း သွားပြီလား အမှန်တကယ် နှစ်သက်ရဲ့လား…..လားပေါင်းများစွာနှင့် အချိန်ကာလတစ်ခုကို အရင်ဖြတ်သန်းသင့်ပါရဲ့။ မေတ္တာနဲ့ ချည်နှောင်ရမှာကို အမုန်းနဲ့ချုပ်နှောင်ထားသလိုဖြစ်မည့် ဆက်ဆံရေးတစ်ခုစီ ဦးတည်မသွားချင်ဘူးဆိုရင်ပေါ့။

(၉) အိပ်ယာပေါ်မှာ Role ညှိမရဘူး (Your sexual role is Too Incompatible)

တကယ့်ကို အဖက်ဖက်က မိမိအတွက်ပြည့်စုံပါတယ်ဆိုတဲ့ လူနှစ်ယောက်တွေ့ဆုံမိကြရမှာ တစ်ယောက်ကလည်း Top တစ်ယောက် ဖြစ်ပြီး တခြားသူကလည်း တကယ့် Top တစ်ယောက်ဖြစ်နေခြင်းလောက် ဆိုးဝါးတဲ့ကိစ္စမရှိဘူးထင်တယ်နော်။ အလားတူပါပဲ Bottom စင်စစ်တစ်ယောက်က အခြားသော Bottom အစစ်တစ်ယောက်ကို တွေ့ဆုံမိရတာမျိုးလိုကောပဲ။ ပြီးတော့ Versatile လူတွေအတော် များများဟာ Versatile မဟုတ်သူများနှင့် ချိန်းဆိုတွေ့ဆုံရခြင်းကို အချိန်ကြာလာတာနဲ့ ပျင်းသွားတတ်ကြပါတယ်။  

Oral သက်သက်သမားတွေ Fetish သမားတွေ စသဖြင့် စိတ်ခံစားချက်အလိုက်ရှိကြတဲ့လူတွေ အတော်များများထဲကအချို့ကတော့ လိင်ပိုင်းဆိုင်ရာ အနေအထားတွေက သိပ်အရေးမပါပါဘူးလို့ပြောကြပါတယ်။ အတွေ့အကြုံများစွာထဲက ပြောစကားတွေအရတော့ အရေးပါတယ်လို့ပြောနေပါရဲ့။ Relationship တစ်ခုတည်ဆောက်ထားတဲ့လူနှစ်ယောက်ထဲက တစ်ယောက်ယောက်ဟာ လိင်ကိစ္စမှာ စိတ်ကျေနပ်မှုမရဘူးဆိုရင် မကြာခဏဆိုသလို လမ်းလွှဲတွေကို စလျှောက်တော့မှာပါပဲ။

နောက်တစ်ကြိမ်ပြောရရင် အခြားသောလူများနှင့် လိင်ဆက်ဆံမှု ရမ္မက် အရသာခံနိုင်စွမ်းအခွင့်အလမ်းရှိနေခြင်းကို စာဖတ်သူအနေနဲ့ မထိန်းနိုင်ဘူးဆိုရင် ကိုယ်ရှာဖွေနေဆဲ ကိုယ့်အတွက်သီးခြား ဆုံဖက်မှုတစ်ခုအတွက် ထိန်းသိမ်းထားနိုင်ဖို့ ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေ ကသိပ်မရှိပါဘူးလို့နော်။

(၁၀) အချိန်ကိုက်မဟုတ်ဘူးဗျာ (You Just have Really Bad Timing)

ကျွန်တော် မှတ်မိသမျှ အခုအချိန်ထိ တစ်ကိုယ်ရေဖြစ်နေဆဲဆိုတဲ့ အဓိကအချက်က အခုပြောမယ့်အရာပါ။ တကယ်ကိုမိုက်တယ် ပြည့်စုံတယ်ဆိုတဲ့လူကို အချိန်မှား နေရာမှားမှာတွေ့တွေ့နေရခြင်းလေ။ ကျွန်တော် တစ်စုံတစ်ယောက်နဲ့တွေ့ဆုံဖို့ချိန်းပြီးစဉ်မှာ အဆိုပါလူကိုတွေ့ခြင်း၊ ကျွန်တော်က တစ်ကိုယ်ရေတစ်ကာယဖြစ်နေချိန်မှာ သူက တစ်ယောက်ယောက်နဲ့ Relationship တစ်ခုရှိ နေခြင်း၊ Relationship မရှိဘူးထားဦး သူ့ Ex ပေါ်ခံစားချက်တွေရှိနေဆဲ မမေ့နိုင်ဆဲကာလဖြစ်နေခြင်း၊ အလုပ်ကိုပဲ ကျောင်းကိစ္စကိုပဲ အာရုံစိုက်မယ် ချိန်းဆိုတွေ့ဆုံမှုတွေအားလုံးကိုဖြတ်တောက်ထားတယ်ဆိုတဲ့ကာလမှာ ကိုယ်နဲ့သွားဆုံခြင်း၊ တကယ့်ကို Perfect guy ပါပဲ ကိုယ့်အတွက်လူမှန်တစ်ယောက်ဆိုပေမဲ့ တိုင်းပြည်ရဲ့အခြားဖက်ခြမ်းကိုပြောင်းရွှေ့နေထိုင်ရမယ်ဆိုတာမျိုး…တော်တော်ဆိုးတဲ့ အချိန်ကိုက်မှုတွေပါပဲ။ 

အင်း….ကျွန်တော်ရရှိခဲ့တဲ့ သင်ခန်းစာတွေကတော့ ကျွန်တော်မျှော်လင့်ထားသမျှစိတ်ဆန္ဒတွေကို နည်းနည်းလျှော့ထားလိုက်ခြင်းဖြစ်ပါ တယ်။ ကျွန်တော် တတ်နိုင်သမျှ သူလည်းကိုယ့်ကိုစိတ်ဝင်စား သူ့ကိုလည်းကိုယ်စိတ်ဝင်စားဆိုတဲ့လူများစွာနဲ့တွေ့နိုင်ဖို့ကြိုးစားနေမိ ရော (ပိပိရိရိပေါ့)။ အနည်းဆုံးတော့ ကျွန်တော့်နယ်ပယ်ကျယ်လာမယ် ခင်မင်ရင်းနှီးမှုဆိုင်ရာ အရည်အချင်းတွေ တိုးတက်လာမယ်လေ။ ဒါက အနာဂတ်မှာ တကယ့်ကို အရည်အချင်းပြည့်လူတစ်ယောက်ယောက်နဲ့တွေ့ဆုံဖို့အခွင့်အလမ်းများကိုဖန်တီးနေခြင်းပဲဗျာ ဟုတ်တယ် ဟုတ်။

လူဆိုတာ တစ်ယောက်တည်း မနေနိုင်တဲ့သတ္တ၀ါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းနေရတာကလည်း ငြိမ်းချမ်းတာပါပဲ။ တစ်ယောက်တည်းမနေနိုင်ကြတဲ့အခိုက်အတန့် ကိုယ်မဟုတ်တဲ့ တစ်ပါးသူနဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုတည်ဆောက်ကြမယ်ဆိုပါက သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းလည်းသူသိ နားလည်မှုအပြန်အလှန်ပေးပြီးပြီဆိုတဲ့ အချိန်ရောက်ရင်ဖြင့် တစ်ကိုယ်ရေညများ ဟာ အထီးကျန်တော့မည်လို့မထင်မိတော့ပါ ခင်ဗျား။
Alex Aung (17 May 2014)

Ref: Top 10 Reasons that you are still a SINGLE GAY MAN by David Clark (Dr)




No comments: