Saturday, August 9, 2014

တွေ့ဆုံပတ်သက်ခဲ့ပြီးနောက်



ကိုယ့်စိတ်ကူးထဲမှာ အမြဲစိတ်ကူးယဉ်တောင့်တမိခဲ့ရတဲ့ အမျိုးသား ဒါမှမဟုတ် ခဏတာပဲဖြစ်ဖြစ် တွေ့ဆုံချင် ခဲ့တဲ့ အမျိုးသား တစ်ယောက် (ပြပွဲအခမ်းအနား၊ သစ်တစ်ပင်အောက်၊ chat room ထဲမှာ ဒါမှမဟုတ် sauna တစ်ခုမှာ ဆုံခဲ့ရသောသူ) ကို အမှန်တကယ် ပတ်သက်ရ တွေ့ဆုံခွင့်ရခဲ့ရင် ဘယ်လိုများ ပြုမူမိမှာပါလိမ့်။ တကယ်လို့များ လိင်ကိစ္စကို ကျေနပ်ဖွယ်ပတ်သက်မှု သူနဲ့ရရှိခဲ့မယ် ဆိုရင် ရော စိတ်ထဲ ဘယ်လိုများ သဘောထားမိမှာပါလိမ့်။ ကဲ ဒီမှာ သူနဲ့ ပတ်သက်ခွင့်ရခဲ့ပြီးရင် ပြင်ဆင်ထားရမယ့် စိတ်နေစိတ်ထား သဘော ထားလေးတွေအကြောင်းပြောပြချင်တယ်။ ဖတ်ကြည့်နော်..

(1)       Keep it Clean
Sex က ညစ်ပတ်ရှုပ်ပွမှုကိုဖြစ်စေနိုင်ပါတယ်။ Towel ရှိနေရင်တော့ အတော်အသုံးကျတာ သန့်ရှင်းရေးလုပ်ဖို့ လေ။ တကယ်လို့ လိင် ဆက်ဆံပတ်သက်မိခဲ့ရင် ပြောပါတယ်။

လူအားလုံးကိုတော့ မဆိုလိုပါဘူး.....ကိုယ့်အိမ်မှာပဲ ညဦးပိုင်းက ဆက်ဆံခဲ့တယ်ထားဦး ခရေ၀က သုတ်ရည်ရဲ့အနံ့ဟာ မနက်စာစား သုံးချိန်ထိတိုင် ရနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင် ရေချိုးသင့်သလို သူ့ကိုလည်း ရေချိုးသန့်စင်ဖို့ တိုက်တွန်းသင့်ပါတယ်။ တကယ်လို့များ ကိုယ်က public sex လုပ်ခဲ့တယ်ဆိုရင်တော့ တစ်ရှူးထုပ်လေးတွေ nana pack လေးတွေက အသုံးတည့်လှပါတယ် သန့်စင်ဖို့ပေါ့နော်။

(2)       The Exit
Gay Men တွေရဲ့စိတ်ဟာ တစ်ခါတလေ ထူးဆန်းပါတယ်။ ကိုယ်ကြိုက်နှစ်သက်လို့ လိင်ဆက်ဆံပတ်သက်တာပဲဖြစ်ဖြစ် မတော်တဆ ပတ်သက်မိ တာပဲဖြစ်ဖြစ် ကိစ္စပြီးမြောက်သွားချိန်မှာ ဆက်ဆံဖက်ကို လုံးဝ သည်းမခံနိုင်အောင် ရွံသွားတာမျိုး၊ အခုပဲ မပတ်သက်ချင် တော့တဲ့စိတ်မျိုး ထွက်ပြေးသွားချင်တာမျိုး တစ်ခါတလေ ဖြစ်ပေါ်မိတတ်ပါတယ်။ အဲဒီအခါ  ရိုင်းရာလည်းမကျအောင် ကောင်းမွန်ပြီး မြောက်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားအသုံးချသင့်ပါတယ်။ sauna , Locker room တွေမှာ ဖြစ်ပျက်ပတ်သက်မိတာဆိုရင်တော့ လွယ်တာပေါ့နော်။ သူ့ အိမ်ကိုလိုက် သွားပြီး ဖြစ်ခဲ့တယ်ဆိုရင်တော့ ခက်ပြီပေါ့။
ရုံးခန်းလို ဒါမှမဟုတ် ဟိုတယ်အခန်းမှာဖြစ်ခဲ့တယ်ဆိုရင်တော့ သူ့ကားထဲမှာ နုတ်စ်စာရွက်လေးနဲ့ ပတ်သက်ခဲ့မှုအတွက် ကျေးဇူးတင်ပါ ကြောင်း၊ အလုပ်တစ်ခုကို သတိရလို့ ပြန်သွားနှင့်ပြီဖြစ်ကြောင်း ရေးထားခဲ့သင့်ပါတယ်။ ဒါမှမဟုတ် သူ့အိမ်ကပြန်ခဲ့တာဆိုရင်တော့ ဖုန်း မက်ဆေ့စ်လေးပဲဖြစ်ဖြစ် ပို့ထားခဲ့သင့်တယ်။ ဘာကြောင့်ဆို သူ့အတွက် တစ်ခုခုတော့ သိချင်မှာပဲမဟုတ်လား နှစ်ဦးသား ပတ်သက်မှု အတွက်လေ။

(3)       Don't Expect Brekkie
အမျိုးစုံကြိုးခုန်မလုပ်သင့်ပါဘူး တွေ့ဆုံဖို့ချိန်းတာပဲဖြစ်ဖြစ် နှစ်ဦးသားပတ်သက်မှုအနေအထား နေရာ ဒေသတွေကိုလေ။ လိင်ဆက်ဆံ ဖို့ တစ်ကြိမ်လေးပဲချိန်းတာဖြစ်ဖြစ် ၊ တစ်ခုခု ပတ်သက်ဖို့ ချိန်းကြ တွေ့ဆုံကြတာပဲဖြစ်ဖြစ် အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောဆို ပြောင်းလဲနေတတ်တာ မျိုး မလုပ်သင့်ပါဘူး။

သူသည်လည်း အလုပ်တစ်ခုခု ရှိမယ်၊ ဘ၀တစ်ခုရှိမယ်၊ ကြိုက်တာမကြိုက်တာရှိ နေနိုင်တယ်လေ။ နှစ်ဦးသား မတွေ့ခင်က ပြောဆို ဆွေးနွေးခဲ့တဲ့အတိုင်း ပြုမူလုပ် ဆောင်သင့်တာပေါ့။  ( မတွေ့ခင်ကတော့ ဘော့ပ်နေပေးပါ့မယ်၊ ကြိုက်သလို အဆင်ပြေတဲ့နေရာ စသဖြင့် ဘာညာ ဘာညာတွေပြောပြီး တွေ့ဆုံတော့မှာ ဒီအခန်းမကြိုက်ပါဘူး ဒီဟိုတယ်က ဘာဖြစ်တယ် စသဖြင့်)

ကိုယ်ကိုယ်တိုင်က ပြောင်းလဲချင်တာလည်း မဖြစ်သင့်သလို သူ့ဘက်က ပြောတုန်းကတစ်မျိုး အခုတစ်မျိုး ဆိုရင် မလိုက်လျော မျောမပါ သင့်ပါဘူး။

(4)       Just The Once, Thanks
One-night stands ဆိုတာ အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ ခဏတာလိုအပ်ချက်အတွက် တွေ့ဆုံခြင်းပေါ့။ မကြာခဏ ဒီလို ဇာတ်ခင်းနေတယ်ဆိုရင်တော့ လူမှုဆက်ဆံရေးအပိုင်းမှာ ကသိကအောက် ဖြစ်မှုတွေ တိုးပွားလာနိုင်ပါတယ်။
မယုံနိုင်ဖွယ်ရာ ကိုယ့်အတွက် a good one နဲ့တွေ့ဆုံပတ်သက်ရတယ်ဆိုရင် သူနဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်ဖို့ကြိုးစားသင့် သလို ပါတနာတစ်ယောက်အဖြစ် အဆင့်တက်ဖို့လေ့လာသင့်ပါတယ်။ အရာရာ သူနဲ့အဆင်ပြေနေတယ်ဆိုရင် မကောင်းဘူးလား။

(5)       The Contact Number Thing
သူနဲ့ ဆက်သွယ်ဖို့ အချက်အလက်အစုံရှိတယ်ဆိုရင်လည်း သီးသန့်ရေးမှတ်ထားတာမျိုး လုပ်သင့်ပါတယ်။ နောက်တစ်ကြိမ် သူနဲ့ ပြန်လည်ပတ်သက်ချင်စိတ်ပြင်းပြနေမိတဲ့ အခါမျိုးမှာ အဆင်ချောအောင်လေ။ ညက သူနဲ့ပတ်သက်ခဲ့တယ်ထားဦး သူ့မေးလ် inbox ထဲကို message တစ်ခုဖြည့်ထားခဲ့သင့်ပါရဲ့။ တွေ့ဆုံခဲ့တဲ့ မနေ့ညက ၊ အရင်အပတ်က၊ ပတ်သက်မိခဲ့စဉ်က ဘယ်လောက် ပျော်ရွှင် ကျေနပ်ခဲ့ရကြောင်း အားရခဲ့ကြောင်းတွေကိုရေးပြီးတော့ပေါ့နော်။

သူသည်လည်း သဘောထားတိုက်ဆိုင်သည်ဆိုပါစို့ ပြန်စာတွေမနည်းမနောလာနိုင်ပြီး နောက်တစ်ကြိမ်အတွက် နှစ်လိုဖွယ် တုန့်ပြန်မှု တွေလုပ်လာပါလိမ့်မယ်။

(ဟမ်းဖုန်းရှိရင်လည်း မက်ဆေ့စ်ပို့သင့်တာပေါ့နော်...)

(6)       Silence = No
နှစ်ဦးသားပတ်သက်ပြီး သုံးရက်မြောက်တဲ့အထိ SMS ပို့တာပဲဖြစ်ဖြစ် ၊ Mail Message ပို့တာပဲဖြစ်ဖြစ် မိမိလုပ်ခဲ့တာကို ပြန်မဖြေခဲ့ မတုန့်ပြန်ခဲ့ဘူးဆိုရင် တုန့်ပြန်ဖို့ အရိပ်အယောင်မပြခဲ့ရင် ဆက်ပို့တာမျိုး အီးမေးလ်ဆက်ပို့နေတာမျိုး မလုပ်ပဲ သူဘာကြောင့် မတုန့် ပြန်တယ်ဆိုတာကို နားလည်အောင် ချဉ်းကပ်သင့်ပါတယ်။ အဲဒါကို မသိသားဆိုးရွားစွာ ဆက်လုပ်နေခဲ့မယ်ဆိုရင်တော့ သူ့ဘက်က မလို လားဖွယ် မက်ဆေ့စ်တွေ၊ တုန့်ပြန်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါကြောင့် ယဉ်ကျေးစွာ တိုက်ရိုက်ဆက်သွယ်ပါ၊ ပြုမူဆက်ဆံပြော ဆိုပါ။ ဖုန်းမက်ဆေ့စ်ပို့တာ မေးလ်ပို့တာတွေဟာ နှစ်ဦးသားကြား ဆက်ဆံရေးမှာ လိုအပ်တဲ့ အခြေအနေတစ်ခုဖြစ်တည်လာပြီဆိုမှ ပြုလုပ်သင့်ပါတယ်။ (အရည်မရအဖတ်မရ ကျူတဲ့ မက်ဆေ့စ်မျိုးလို စာတွေလို အကြောင်းအရာတွေကိုဆိုလိုပါတယ်။)

(7)       Meeting In Public
ကိုယ်နဲ့အတွင်းကျကျ ပတ်သက်ခဲ့သူနဲ့ အပြင်တစ်နေရာရာမှာ တွေ့ကြတယ်ဆိုပါတော့ သင့်အနေနဲ့ ဘယ်လိုပြုမူမလဲ? ဘာလုပ်မလဲ ? ဘာပဲလုပ်သည်ဖြစ်ပါစေ နည်းနည်းတော့ လျှို့ဝှက်ထားသင့်တယ် နှစ်ဦးသားကြားပတ်သက်ခဲ့မှုကို။ သူ့မှာ သူငယ်ချင်းတွေပါလာနိုင် တယ်၊ ရည်းစား မိဘမောင်ဖွားတွေ ဇနီးမယားတွေ ပါလာနိုင်တယ်။ ကိုယ်လည်းပဲ ပါလာနိုင်တယ်မဟုတ်လား အဖော်တစ်ယောက် ယောက်။ သူတို့တွေကို လျစ်လျှူမရှုသင့်ပါ။
မျက်လုံးခြင်းဆုံ မျက်ခုံးပင့်ပြတာမျိုး၊ လက်ဝှေ့ယမ်းပြတာ Hello Hi နှုတ်ဆက်တာမျိုးလောက်ပဲ လုပ်သင့်ပါရဲ့။

(8)       Blowing His Chat Room Cover
Chat Room မှာ ပြန်လည်ဆုံတွေ့ကြတယ်ဆိုပါတော့ သူ့ကို ဖြစ်ပြီးသားကိစ္စတွေ ပြန်နူးနေတာမျိုး၊ ဖြစ်ပျက်ခဲ့တာကို သိအောင်လုပ်နေ တာမျိုးတွေ လုပ်မနေသင့်ပါဘူး။ အဲဒါက အိပ်ယာတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စလေ။ ကိုယ်က သူနဲ့ ဖြစ်ပျက်ခဲ့တာ အရမ်းကောင်းမွန်တဲ့ ဆိုဦး တော့ online ပေါ်မှာ လေပွေမွှေ့မနေသင့်ပါဘူးလေ။ ခပ်မြန်မြန်လေးchat အပြင်မှာပြန်တွေ့ဖို့ ကြိုးစား ပြီးရင် နောက်တစ်ကြိမ်ပျော်ရွှင် ကြည်နူးကြဖို့ လုပ်ဆောင်သင့်ကြပါတယ်။

(9)       Maintain the Mystery
ကိုယ့် လိင်ကိစ္စပတ်သက်မှုတွေအကြောင်း သူငယ်ချင်းတစ်ယောက်နဲ့ဝေမျှတယ်ဆိုတာ ကောင်းမွန်တဲ့အချက်တစ်ခုတော့မဟုတ်ပါဘူး။ ကိုယ့်ပါတနာနဲ့ ပတ်သက်ခဲ့တာတွေကို မကြာခဏပြောဆိုပြနေမယ်ဆိုရင် သတင်းအမြောက်အမြားပေးနေတာနဲ့တူပြီး သူ့အတွက် နှစ်လိုစိတ်တွေ တောင့်တစိတ်တွေ ပတ်သက်ချင်စိတ်တွေ စသဖြင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ cock size, တစ်ခုခု ဆုံးရှုံးမှုတွေဖြစ်စေမယ့် အချက်တွေလိုမျိုးတွေကို ပြောပြတယ်ဆိုရင်လည်း သင့်သူငယ်ချင်းကို တွေးဆချက်တွေ တစ်ချို့အာသီသတွေကို ပေးနေတာနဲ့ တူပါတယ်။

(10)     Thanks
နှစ်ဦးသား ဆက်ဆံပတ်သက်ခဲ့ကျတဲ့အဖြစ်ဟာ အရုပ်ဆိုးအကျည်းတန်ခဲ့တာပဲဖြစ်ဖြစ်၊ ကျေနပ်စရာကောင်းလွန်းနေတာပဲဖြစ်ဖြစ်၊ အလွန်စိတ်ပျက်စရာကောင်းတာ ကသိကအောက်ဖြစ်ခဲ့ရတာတွေပဲဖြစ်ဖြစ်၊ အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းတာပဲဖြစ်ဖြစ် ပတ်သက်ခဲ့သူကို ကျေးဇူုးဆိုတဲ့စကားတစ်ခွန်းကို ပြောကိုပြောရမှာပါ။ သူက တော့ပ်အဖြစ်နေခဲ့တာ ကိုယ်က ဘော့ပ်အဖြစ်နေခဲ့ရတာ ဒါမှမဟုတ် ကိုယ်ကတော့ပ်အဖြစ်နေခဲ့ရတာ သူကဘော့ပ်နေခဲ့ရတာဆိုရင်တောင်မှာ ကျေးဇူးစကားလေးဆိုသင့်ပါတယ်။ သူသည်လည်း လူတစ်ယောက်ဖြစ်သလို သင်သည်လည်း လူတစ်ယောက်ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

ပြောခဲ့တဲ့အချက်အားလုံးကို ခြုံငုံကြည့်ရင်တော့ နှစ်ဦးသားကြား နှစ်လိုဖွယ်ရာအချက်တွေ ပဲရှိနေစေချင်တာ၊ ကိုယ်နဲ့ပတ်သက်မိသူတိုင်း စိတ်ကသိကအောက်မဖြစ်ရအောင်ပြုမူစေချင်တာ၊ နောက်တစ်ကြိမ်ပတ်သက်ကြမယ်ဆိုရင် ကိုယ့်နာမည်ကြားတာနဲ့ အကောင်းမြင် အောင်ဆိုတဲ့ အချက်တွေပါဝင်တာကိုသိနိုင်ပါတယ်။ 

ပျော်ရွှင်ကြပါစေနော်.....

Alex Aung (27-8-2010)

Ref: Q Magazine – May 2004 Issue

No comments: