Sunday, May 24, 2015

HIV and Oral practice ပါးစပ်သုံးပြီး ဆက်ဆံတာနဲ့ (အိတ်ခ်ျအိုင်ဗွီ)



ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ဘာရောဂါတွေ ကူးစက်နိုင်သလဲ။ HIV ကူးသလား။ တခြားရောဂါတွေ ကူးမလား။ ဘာမှမဖြစ်ဘူးလား။ မေးကြသူတွေဟာ အမေးကောင်းသူတွေ ဖြစ်တယ်။ ကျန်းမာရေး ကောင်းကြအောင် အဖြေကောင်းကောင်း ပေးပါရစေ။ အမှန်က မဖြစ်ဘူး မဟုတ်ပါ။ STDs ရော HIV ပါ ကူးစက်နိုင်စရာ ရှိပါတယ်။

တိတိကျကျ ပြောရရင်
(၁) Serodiscordant couples ခေါ်တဲ့ တယောက်က HIV positive နဲ့ နောက်တယောက်က ပိုးမရှိတဲ့အတွဲဆိုရင် ပိုဖြစ်နိုင်ခြေရှိတယ်။
(၂) Monogamous တလင်-တမယား မဟုတ်ရင် ကူးစက်နိုင်ခြေ ပိုများတယ်။
(၃) မူးယစ်ဆေး သွေးပြန်ကြောထဲ ထိုးရင်၊ ဒါမှမဟုတ် ဆေးထိုးအပ် တွဲသုံးရင်၊ ကူးစက်နိုင်ခြေ ပိုများတယ်။
(၄) လုံးဝ ဘာမှကူးစက်တာ မခံချင်ရင်တော့ Abstaining ကင်းရှင်း-ရှောင်ကျဉ်ပါလေ။ ဒါက ပြောရပေမဲ့ လက်တွေ့မကျလို့ ဒုတိယ အကောင်းဆုံး အကြံဥာဏ်တွေကို ဆရာဝန်တွေက ပေးကြရတယ်။

What are the Risks of Oral Sex? လိင်ဆက်ဆံရာမှာ ပါးစပ်သုံးရင် ဘာကျန်းမာရေး-အန္တရာယ် ရှိသလဲ။ Risk ကျန်းမာရေး-အန္တရာယ်ကို အဆင့်အတန်းခွဲ ပြောဘို့ လိုပါတယ်။ (၁) Documented အထောက်အထားရှိတာ နဲ့ (၂) Theoretical သီအိုရီအရ ဖြစ်နိုင်ခြေရှိတာ။

Anal sex စအိုလမ်းသုံးပြီးဆက်ဆံတာ နဲ့ Vaginal intercourse (ဗဂျိုင်းနား) သုံးပြီးလိင်ဆက်ဆံတဲ့ နည်း လမ်း ၂ မျိုးထက် Oral sex ပါးစပ်ကိုသုံးတာက အများကြီး ဖြစ်နိုင်ခြေနည်းတယ်လို့ အထောက်အထားနဲ့ ပြောနိုင်ပါတယ်။ ကိန်းဂဏန်းနဲ့ ပြောရတာတော့ ခက်ပြန်တယ်။ သိတဲ့အတိုင်း ပါးစပ်အဆင့်တခုထဲနဲ့ အဆုံးသတ်တာချည်းထဲ မဟုတ်ကြဘူး။ ဒါ့ကြောင့် အင်္ဂါတခုချင်းစီကနေ ရာနှုန်း ဘယ်လောက် ကူးတယ်ဆိုတာ ဆရာဝန်တွေက မပြောနိုင်ဘူး။ ဒါပေမဲ့ Oral sex သန့်သန့် လေးကနေ ကူးစက်မှုရှိဘူးတာကို အထောက်အထား ရှိပါတယ်။

Which Behaviors are the Riskiest? ဘယ်အမူအကျင့်တွေက အန္တရာယ် အများဆုံးလဲ။
(က) Fellatio ခေါ်တဲ့ Oral-Penile Contact (ကျားလိင်အင်္ဂါ + ပါးစပ်) နည်းလမ်း
သီအိုရီအရ ဖြစ်နိုင်တယ်။ ပိုးရှိသူရဲ့ ကျားလိင်အင်္ဂါကနေ ဆက်ဆံမှု မပြီးခင်မှာထွက်လာတဲ့ Pre-cum အရည်ထဲမှာရော Semen (Cum) ပြီးလို့ ထွက်တဲ့အရည် ထဲမှာပါ ပိုးပါနေနိုင်တယ်။ နောက်ပြီး ပိုးရှိနေသူရဲ့ ပါးစပ်မှာ အနာ-အဆာရှိနေရင် ပိုးမရှိထဲ့ ယောက်ျားကို ကူးသွားစေနိုင်တယ်။ အထောက်အထား သက်သေအရတော့ ကူးစက်တာ အလွန်နည်းပါးတယ်။

(ခ) Cunnilingus ခေါ်တဲ့ Oral-Vaginal Contact (ပါးစပ် + ဗဂျိုင်းနား) နည်းလမ်း
သီအိုရီအရ ဖြစ်နိုင်တယ်။ Infected vaginal fluids and blood ဗဂျိုင်းနာကထွက်တဲ့ အရည် နဲ့ သွေးမှာ ပိုးပါနေရင် ကူးနိုင်တယ်။ သွေးဆိုတာ Menstrual blood ရာသီသွေးရော တခြားသွေးကိုပါဆိုလိုတယ်။ အတူတူဘဲ မိန်းမက သန့်နေပေမဲ့ မ-အင်္ဂါကိုထိတွေ့လာမဲ့ ပိုးရှိနေသူရဲ့ ပါးစပ်က သွေး-အနာ-အဆာ ရှိနေရင် ကူးစက်နိုင်ခြေရှိတယ်။ အထောက်အထား သက်သေအရ ကူးစက်တာ အလွန်မတန် နည်းပါးတယ်။

(ဂ) Anilingus ခေါ်တဲ့ Oral-Anal Contact (ပါးစပ် + စအို) နည်းလမ်း
သီအိုရီအရ ဖြစ်နိုင်တယ်။ လက်ခံသူမှာ သွေး၊ အနာ-အဆာရှိနေရင် ပါးစပ်သုံးတဲ့သူကို ကူးစေနိုင်တယ်။ အလားတူး ပိုးရှိနေတဲ့ ပါစပ်သုံးသူက သွေး၊ တံတွေး ကနေတဆင့် ကူးစေနိုင်တယ်။ အထောက်အထား သက်သေ တခုရှိထားတယ်။

Which body fluids transmit HIV? ကိုယ်ခန္ဒာကထွက်တဲ့ ဘယ်အရည်တွေမှာ HIV ပိုးပါနေနိုင်သလဲ။
- Blood သွေး၊
- Semen သုက်ရည်၊
- Vaginal fluid ဗဂျိုင်းနားအရည်၊
- Breast milk နို့
- Other body fluids containing blood သွေးပါတဲ့ တခြားအရည်မှန်သမျှမှာ ပါနေနိုင်တယ်။

ဆရာဝန်-ဆရာမတွေနဲ့ ထိတွေ့နိုင်တဲ့ တခြားအရည်တွေကတော့
- Brain and the spinal cord ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြောဘေးက အရည်တွေ၊
- Bone joints အဆစ်ထဲက အရည်တွေ၊
- Amniotic fluid ရေမြွာရည်။

STDs transmitted via oral sex လိင်ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ကူးစက်စေနိုင်တဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေ
၁။ Herpes ရေယုံ၊ အများဆုံးဖြစ်တယ်။ Herpes simplex virus (HSV) ရေယုံပိုး ၂ မျိုးထဲမှာ HSV type 1 ကနေ Cold sores ပါးစပ်အနာမျိုး ဖြစ်စေပြီး၊ HSV type 2 ကနေ လိင်လမ်း ရေယုံဖြစ်စေတယ်။ နှစ်မျိုးစလုံးကနေ အပြန်အလှန် ကူးစက်စေနိုင်တယ်။ ၂ ကနေဖြစ်စေတာ နည်းတယ်။
၂။ Gonorrhoea ဂနိုရီးယား၊ လွယ်လွယ်နဲ့ ကူးစက်စေနိုင်တယ်။ လိင်အင်္ဂါ-ပါးစပ် အပြန်အလှန် ကူးနိုင်တယ်။ ပါးစပ်နဲ့ လည်ချောင်းမှာဖြစ်ရင် ကိုယ်ခန္ဒာ စနစ်ကနေ ၃ လအတွင်း တိုက်ဖျက်နိုင်ပေမဲ့ လိင်အင်္ဂါမှာ လာဖြစ်ရင်တော့ Antibiotics ပဋိဇီဝဆေး ပေးရမယ်။
၃။ Syphilis (ဆစ်ဖလစ်)၊ ကူးစက်စေနိုင်တယ်။ လိင်အင်္ဂါ-ပါးစပ် အပြန်အလှန် ကူးနိုင်တယ်။
၎။ Genital warts လိင်လမ်း ကြွက်နို့ဟာ Human papillomavirus (HPV) ဗိုင်းရပ်စ် ကြောင့်ဖြစ်တယ်။ ကူးစက်နိုင်ပေမဲ့ အဖြစ်နည်းတယ်။
၅။ Chlamydia (ကလာမိုင်ဒီးယား) ကူးစက်နိုင်ပေမဲ့ အဖြစ်နည်းတယ်။ ပိုးရှိနေတိုင်း ဝေးနာမခံစားတာရှိသလို၊ မကူးစက်တာလဲ ရှိတယ်။
၆။ Hepatitis A အသဲရောင် အေ အမျိုးအစားဟာ အများဆုံးဖြစ်တဲ့ အသားဝါရောဂါတခုပါ။ စအိုကနေထွက်ပြီး ပါးစပ်ထဲဝင်လာ ကူးစက်တယ်။ Anal-oral sex ကနေ ကူးစက်နိုင်တယ်။
၇။ Hepatitis B အသဲရောင် ဘီ ရောဂါကလဲ HIV လိုဘဲ အတူတူကူးစက်နိုင်တယ်။
၈။ Hepatitis C အသဲရောင် စီ ရောဂါက သွေးကတဆင့်ကူးစက်တာ အများဆုံးဘဲ။ Oral sex လုပ်ရင်း သွေးနဲ့ထိစပ်ရင် ကူးစက်မယ်။
၉။ Gastrointestinal infections and parasites အစာခြေလမ်း ကူးစက်ရောဂါတွေနဲ့ သန်ကောင်ရောဂါတွေလဲ Oral sex လုပ်လို့ ကူးစက်နိုင်တယ်။

San Francisco (ဆန်ဖရန်ဆစ္စကို) မှာ ဂေးနဲ့ ဂေးမဟုတ်တဲ့ ယောက်ျား ၁၉၈ ယောက်ကို လေ့လာခဲ့တယ်။ (အိုရယ်လ်-ဆက်စ်) တနှစ် လုပ်ခဲ့တယ်လို့ ပြောကြသူတွေ ဖြစ်တယ်။ ၃၉ ယောက် (၂ဝ%) ဟာ သူတို့ရဲ့ အဖေါ်မှာ HIV positive ရှိတာကိုသိတယ်။ ၃၅ ယောက်က (ကွန်ဒွမ်) မသုံးကြဘူး။ ၁၆ ယောက်က သုက်ရည်ကို မျိုချတယ်။ အဖြေထုတ်တဲ့အခါ HIV ရှိသူတွေနဲ့ အတူနေသူထဲက ၂့၈% ထက်နည်းပြီး ကူးစက်တယ်။ ဒါက ၁ နှစ်တာအတွက်သာ ဖြစ်ပါတယ်။

၂ဝဝဝ ခုနှစ်မှာ (ဆန်ဖရန်ဆစ္စကို) မှာဘဲ နောက်လေ့လာမှုတခုကို ဂေးတွေကိုလုပ်ခဲ့တယ်။ ကူးစက်ခံရသူတွေထဲက ၇့၈% (အိုရယ်) နည်းကြောင့်ဖြစ်တာ သိရတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းတွေကို တကယ့် သုတေသနအဆင့်လို့ လက်ခံလို့ မရသေးဘူး။

၂ဝဝ၂ မှာ စပိန်မှာ Heterosexuals ကျား-မ ဆက်ဆံသူ HIV negative ပိုးမရှိသူ ၁၃၅ ယောက်ကို လေ့လာမှု လုပ်တယ်။ သူတို့က HIV positive ပိုးရှိသူတွေနဲ့ ဆက်ဆံကြတယ်။ အကာကွယ်မဲ့ လိင်ဆက်ဆံမှုပေါင်း ၁၉ဝဝဝ မှာ HIV ကူးစက်တာ မတွေ့ရဘူး။

၂ဝဝ၉ မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် International Oral AIDS Conference နိုင်ငံတကာ ညီလာခံမှာ ပါးစပ်သုံးလိင်ဆက်ဆံနည်းကြောင့် AIDS ဖြစ်ဘို့ရာ ဝ့ဝ၄% ခန့်ရှိမယ်လို့ သိရတယ်။

Dr. တင့်ဆွေ

No comments: