Tuesday, February 9, 2016

စိတ္ထက္ ကိုုယ္က ျမန္ေနတဲ့အခါ စိတ္ညစ္မေနနဲ႕ (Premature ejaculation)




စိတ္သြားတိုင္း ကိုယ္မပါလို႔ စိတ္ညစ္မေနဖို႔ရာ
 
ေတာဘုရင္ ျခေသၤ့ႀကီးပဲျဖစ္ျဖစ္၊ ခန္႔ညားလွတဲ့ သမင္ဖိုႀကီးပဲျဖစ္ျဖစ္၊ ႏွင္းေတာင္ေပၚက ႏွင္းလူေတြပဲျဖစ္ျဖစ္ ႏုိ႔တိုက္သတၱ၀ါမ်ိဳးစိတ္တိုုင္းမွာ တူညီတဲ့အခ်က္တစ္ခုရွိပါတယ္။ ဒီအခ်က္ကေတာ့ လိင္ဆက္ဆံတဲ့အခါမွာ အရမ္းကို ျမန္ဆန္တယ္ဆိုတာပါပဲ။ ဖုိသတၱ၀ါတိုင္းက စိတ္ေက်နပ္မႈတစ္ခုတည္းကိုပဲ ဦးတည္ၿပီး လႈပ္ရွားတတ္ၾကပါတယ္။ ဒီလိုသတၱ၀ါေတြထဲမွာ လိင္မႈကိစၥကို အခ်ိန္ၾကာႏိုင္သမွ်ၾကာေအာင္ဆြဲထားၿပီး သာယာမႈကို ပိုမိုခံစားခ်င္တတ္ၾကတာက လူသားေတြပဲ ရွိပါတယ္။ ဟုတ္ပါတယ္၊ ခင္ဗ်ားတို႔၊ က်ဳပ္တို႔လို ေယာကၤ်ားေတြအားလံုးက ကိစၥၿပီးဖို႔ကို မထိန္းႏိုင္ပဲ ကိုယ့္ပါတနာထက္ ျမန္ျမန္ၿပီးသြားမယ္ဆိုရင္ ကိုယ့္ကိုယ္ကို မေက်မနပ္ျဖစ္တတ္ၾကပါတယ္။
ေလ့လာမႈေတြအရ အလိုမျပည့္ေသးခင္ ကိစၥၿပီးသြားတတ္တဲ့ျပႆနာကို ေယာက်ၤား ()ဦးမွာ ()ဦးႏႈန္း ၾကံဳေတြ႕ခံစားေနၾကရတယ္လို႔ ဆိုပါတယ္။ ေယာကၤ်ားေလးတစ္ေယာက္အတြက္ေတာ့ သူကိုယ္တိုင္ ဒါမွမဟုတ္ သူ႔ရဲ႕ပါတနာ အလိုမျပည့္ခင္မွာ ကိစၥၿပီးသြားတိုင္း က်႐ႈံးမႈတစ္ခုလို ခံစားရတတ္ပါတယ္။ တကယ္လို႔ ဒီလိုထင္မိတာ မွားေနတယ္ဆိုရင္ ဘာျဖစ္မလဲ ?

ကၽြမ္းက်င္ပညာရွင္ေတြရဲ႕အဆိုအရ ကိစၥအျမန္ၿပီးတာကို အလိုမက်တတ္တာက လူသားမ်ိဳးႏြယ္မွာပဲ ရွိတယ္လို႔ ဆိုပါတယ္။ တကယ္လို႔ ကၽြန္ေတာ္တို႔ ေယာကၤ်ားေတြအားလံုးက အျပာဇာတ္ကားေတြထဲကလို လိင္တံအရွည္ႀကီးနဲ႔ အခ်ိန္ႏွစ္နာရီေလာက္ၾကာေအာင္ စြမ္းေဆာင္ႏိုင္မယ္ဆိုရင္ ဘယ္ေတာ့မွ ကေလးမရႏိုင္ေတာ့ပဲ လူသားမ်ိဳးစိတ္တည္ျမဲေနႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ (၁၀)စကၠန္႔ေလာက္ပဲ ၾကာတယ္ဆိုတာက ကေလးရဖို႔ အခြင့္အလမ္းပိုမ်ားၿပီး မ်ိဳးဆက္ကို ျပန္႔ပြားေစႏိုင္တယ္လို႔လည္း ပညာရွင္ေတြက ေျပာထားပါတယ္။

လူသားေတြမွာ ဟိုအရင္အခ်ိန္ေတြတုန္းကလို သားရဲေကာင္ေတြ၊ ၿပိဳင္ဘက္မ်ိဳးႏြယ္စုေတြ၊ ေဘးဒုကၡအႏၱရာယ္ေတြ မရွိေတာ့တဲ့အတြက္ ျမန္ျမန္ဆန္ဆန္ လိင္စိတ္ႏိုးၾကြ၊ ျမန္ျမန္လုပ္၊ ျမန္ျမန္ၿပီးတဲ့ ေခတ္မရွိေတာ့ပါဘူး။ ဒီလို ယေန႔ေခတ္ရဲ႕ အိပ္ခန္းထဲကို အစြယ္ေဖြးေဖြးနဲ႔ က်ားတစ္ေကာင္ ေရာက္မလာႏိုင္ေတာ့တဲ့အတြက္ လိင္ကိစၥသာယာမႈကို စိတ္ေအးေအးနဲ႔ အခ်ိန္ၾကာၾကာ ခံစားခ်င္လာၾကတာျဖစ္ပါတယ္။

အလိုမျပည့္ခင္ ကိစၥၿပီးတာဟာ လိင္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြနဲ႔ မသက္ဆိုင္ပဲ ကုသရခက္ခဲတယ္လို႔ ဆရာ၀န္ေတြက ဆိုပါတယ္။ သာမာန္ အေမရိကန္လူမ်ိဳးတစ္ေယာက္ဟာ (၁၃)မိနစ္ေလာက္ၾကာႏိုင္ၿပီး၊ ဥေရာပသားေတြကေတာ့ (၁၀)မိနစ္ေလာက္ပဲ ၾကာတတ္ပါတယ္။ တကယ္ေတာ့ အလိုမျပည့္ခင္ ကိစၥၿပီးသြားတဲ့အတြက္ မေက်မနပ္ျဖစ္ေနၾကတဲ့ အမ်ိဳးသားေတြမွာ တကယ့္ျပႆနာႀကီးႀကီးမားမား မရွိပါဘူး။

ေသခ်ာတာကေတာ့ စိတ္နဲ႔သက္ဆိုင္ၿပီး အခ်ိန္တစ္မိနစ္ေတာင္မခံတဲ့ ေယာကၤ်ားေတြဟာ စိတ္ပ်က္လက္ပ်က္ ပိုျဖစ္တတ္သလို အိပ္ေနရင္းနဲ႔ေတာင္ ကိစၥၿပီးသြားတတ္ၾကပါေသးတယ္။ ဒီအေျခအေနအထိျဖစ္တဲ့ အေရအတြက္ကေတာ့ နည္းလြန္းပါတယ္။ အခ်ိန္ၾကာၾကာ သာယာမႈကို ခံစားႏိုင္ဖို႔အတြက္ ၾကြက္သားေလ့က်င့္ခန္းေတြ ရွိေပမယ့္ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားက အျမန္ကုစားႏိုင္ဖို႔ကိုပဲ ပိုၿပီးစိတ္၀င္စားတတ္ၾကပါတယ္။

အျမန္ကုထံုးေတြကေတာ့ အမ်ိဳးမ်ိဳးရွိပါတယ္။ လိင္တံကိုျဖန္းရတဲ့ စပေရးေတြ၊ ေဆးျပားေတြ (တကယ္ေတာ့ ဒီေဆးျပားေတြက စိတ္က်ေရာဂါအတြက္သံုးတာျဖစ္ပါတယ္) ကေန လိင္တံရဲ႕အာ႐ုံေၾကာကို ျဖတ္လိုက္တာေတြအထိ အႏုနည္းေရာ အၾကမ္းနည္းေတြပါ ရွိပါတယ္။ သင့္ရဲ႕ သုက္လႊတ္ျခင္းနဲ႔ ဆိုင္တဲ့ အာ႐ုံခံစနစ္ကလည္း သင္ထိန္းခ်ဳပ္ႏုိင္စြမ္းမရွိတာေၾကာင့္ နာမည္ႀကီးပါတယ္ဆိုတဲ့ Viagra လိုေဆးမ်ိဳးကေတာင္ ခဏတာအတြက္ပဲေကာင္းပါလိမ့္မယ္။

ဒီလိုကိစၥအတြက္ ေယာကၤ်ားေလးဘက္ကလည္း ကိုယ့္ကိုယ္ကို မေက်နပ္ျဖစ္သလို မိန္းကေလးဘက္ကလည္း အဆင္မေျပဘူးဆိုရင္ တတ္ကၽြမ္းနားလည္တဲ့ ဆရာ၀န္ေတြနဲ႔ ေဆြးေႏြးတိုင္ပင္ၾကည့္ဖို႔ လုိပါတယ္။ ဆရာ၀န္ေတြရဲ႕ အဆိုအရေတာ့ စိတ္သြားတိုင္းကိုယ္မပါတတ္တဲ့ ေယာကၤ်ားေလးေတြအေနနဲ႔ သူတို႔ရဲ႕စိတ္ကို ဆန္းစစ္ၿပီး စိုးရိမ္စိတ္ေတြရဲ႕ ရင္းျမစ္ကို ေဖာ္ထုတ္ဖို႔ လိုတယ္လို႔ ဆိုပါတယ္။ အျပာကားေတြထဲက ဇာတ္ေဆာင္အမ်ိဳးသားေတြနဲ႔ ကိုယ့္ကိုယ္ကို ႏႈိင္းယွဥ္ၿပီး စိုးရိမ္စိတ္၀င္ေနတာလား။ ဒါမွမဟုတ္ ပါတနာ မိန္းကေလးက မျဖစ္ႏိုင္တဲ့ ၾကာခ်ိန္မ်ိဳးကို ေမွ်ာ္လင့္ေနတာလားဆိုတာေတြကို သိဖို႔လိုပါတယ္။

ဒီလိုစိုးရိမ္စိတ္ေတြ ေလ်ာ့ပါးသြားမယ္ဆိုရင္ စစ္မွန္တဲ့ယုံၾကည္မႈနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ လိင္မႈကိစၥမွာ လိင္တံကို အထဲသြင္းဖို႔တစ္ခုတည္းက အေရးႀကီးတာမဟုတ္ပါဘူး။ အထဲသြင္းဖို႔ထက္ အျပန္အလွန္ ေျဖေဖ်ာ္ေပးႏိုင္မယ္ဆိုရင္ စိုးရိမ္စိတ္ေတြနည္းသြားၿပီး ပိုၿပီးစြမ္းေဆာင္ႏိုင္လာမွာ ျဖစ္ပါတယ္။

ဒီေတာ့ အလိုမျပည့္ခင္ ကိစၥၿပီးသြားတာက တစ္ခုခုခ်ိဳ႕ယြင္းေနတာမဟုတ္ပါဘူး အမ်ိဳးသားတို႔ေရ။ စိတ္နဲ႔ပဲဆိုင္ပါတယ္။ စိတ္ကိုေအးေအးထားမယ္ဆိုရင္ စြမ္းေဆာင္မႈေတြ ပိုေကာင္းလာမွာ ေသခ်ာပါတယ္။

စိတ်သွားတိုင်း ကိုယ်မပါလို့ စိတ်ညစ်မနေဖို့ရ

တောဘုရင် ခြင်္သေ့ကြီးပဲဖြစ်ဖြစ်၊ ခန့်ညားလှတဲ့ သမင်ဖိုကြီးပဲဖြစ်ဖြစ်၊ နှင်းတောင်ပေါ်က နှင်းလူတွေပဲဖြစ်ဖြစ် နို့တိုက်သတ္တဝါမျိုးစိတ်တိင်းမှာ တူညီတဲ့အချက်တစ်ခုရှိပါတယ်။ ဒီအချက်ကတော့ လိင်ဆက်ဆံတဲ့အခါမှာ အရမ်းကို မြန်ဆန်တယ်ဆိုတာပါပဲ။ ဖိုသတ္တဝါတိုင်းက စိတ်ကျေနပ်မှုတစ်ခုတည်းကိုပဲ ဦးတည်ပြီး လှုပ်ရှားတတ်ကြပါတယ်။ ဒီလိုသတ္တဝါတွေထဲမှာ လိင်မှုကိစ္စကို အချိန်ကြာနိုင်သမျှကြာအောင်ဆွဲထားပြီး သာယာမှုကို ပိုမိုခံစားချင်တတ်ကြတာက လူသားတွေပဲ ရှိပါတယ်။ ဟုတ်ပါတယ်၊ ခင်ဗျားတို့၊ ကျုပ်တို့လို ယောင်္ကျားတွေအားလုံးက ကိစ္စပြီးဖို့ကို မထိန်းနိုင်ပဲ ကိုယ့်ပါတနာထက် မြန်မြန်ပြီးသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။

လေ့လာမှုတွေအရ အလိုမပြည့်သေးခင် ကိစ္စပြီးသွားတတ်တဲ့ပြဿနာကို ယောင်္ကျား ()ဦးမှာ ()ဦးနှုန်း ကြုံတွေ့ခံစားနေကြရတယ်လို့ ဆိုပါတယ်။ ယောင်္ကျားလေးတစ်ယောက်အတွက်တော့ သူကိုယ်တိုင် ဒါမှမဟုတ် သူ့ရဲ့ပါတနာ အလိုမပြည့်ခင်မှာ ကိစ္စပြီးသွားတိုင်း ကျရှုံးမှုတစ်ခုလို ခံစားရတတ်ပါတယ်။ တကယ်လို့ ဒီလိုထင်မိတာ မှားနေတယ်ဆိုရင် ဘာဖြစ်မလဲ ?
ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ကိစ္စအမြန်ပြီးတာကို အလိုမကျတတ်တာက လူသားမျိုးနွယ်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကျွန်တော်တို့ ယောင်္ကျားတွေအားလုံးက အပြာဇာတ်ကားတွေထဲကလို လိင်တံအရှည်ကြီးနဲ့ အချိန်နှစ်နာရီလောက်ကြာအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် ဘယ်တော့မှ ကလေးမရနိုင်တော့ပဲ လူသားမျိုးစိတ်တည်မြဲနေနိုင်မှာ မဟုတ်တော့ပါဘူး။ (၁၀)စက္ကန့်လောက်ပဲ ကြာတယ်ဆိုတာက ကလေးရဖို့ အခွင့်အလမ်းပိုများပြီး မျိုးဆက်ကို ပြန့်ပွားစေနိုင်တယ်လို့လည်း ပညာရှင်တွေက ပြောထားပါတယ်။
လူသားတွေမှာ ဟိုအရင်အချိန်တွေတုန်းကလို သားရဲကောင်တွေ၊ ပြိုင်ဘက်မျိုးနွယ်စုတွေ၊ ဘေးဒုက္ခအန္တရာယ်တွေ မရှိတော့တဲ့အတွက် မြန်မြန်ဆန်ဆန် လိင်စိတ်နိုးကြွ၊ မြန်မြန်လုပ်၊ မြန်မြန်ပြီးတဲ့ ခေတ်မရှိတော့ပါဘူး။ ဒီလို ယနေ့ခေတ်ရဲ့ အိပ်ခန်းထဲကို အစွယ်ဖွေးဖွေးနဲ့ ကျားတစ်ကောင် ရောက်မလာနိုင်တော့တဲ့အတွက် လိင်ကိစ္စသာယာမှုကို စိတ်အေးအေးနဲ့ အချိန်ကြာကြာ ခံစားချင်လာကြတာဖြစ်ပါတယ်။
အလိုမပြည့်ခင် ကိစ္စပြီးတာဟာ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေနဲ့ မသက်ဆိုင်ပဲ ကုသရခက်ခဲတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ သာမာန် အမေရိကန်လူမျိုးတစ်ယောက်ဟာ (၁၃)မိနစ်လောက်ကြာနိုင်ပြီး၊ ဥရောပသားတွေကတော့ (၁၀)မိနစ်လောက်ပဲ ကြာတတ်ပါတယ်။ တကယ်တော့ အလိုမပြည့်ခင် ကိစ္စပြီးသွားတဲ့အတွက် မကျေမနပ်ဖြစ်နေကြတဲ့ အမျိုးသားတွေမှာ တကယ့်ပြဿနာကြီးကြီးမားမား မရှိပါဘူး။

သေချာတာကတော့ စိတ်နဲ့သက်ဆိုင်ပြီး အချိန်တစ်မိနစ်တောင်မခံတဲ့ ယောင်္ကျားတွေဟာ စိတ်ပျက်လက်ပျက် ပိုဖြစ်တတ်သလို အိပ်နေရင်းနဲ့တောင် ကိစ္စပြီးသွားတတ်ကြပါသေးတယ်။ ဒီအခြေအနေအထိဖြစ်တဲ့ အရေအတွက်ကတော့ နည်းလွန်းပါတယ်။ အချိန်ကြာကြာ သာယာမှုကို ခံစားနိုင်ဖို့အတွက် ကြွက်သားလေ့ကျင့်ခန်းတွေ ရှိပေမယ့် အမျိုးသားတော်တော်များများက အမြန်ကုစားနိုင်ဖို့ကိုပဲ ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။
အမြန်ကုထုံးတွေကတော့ အမျိုးမျိုးရှိပါတယ်။ လိင်တံကိုဖြန်းရတဲ့ စပရေးတွေ၊ ဆေးပြားတွေ (တကယ်တော့ ဒီဆေးပြားတွေက စိတ်ကျရောဂါအတွက်သုံးတာဖြစ်ပါတယ်) ကနေ လိင်တံရဲ့အာရုံကြောကို ဖြတ်လိုက်တာတွေအထိ အနုနည်းရော အကြမ်းနည်းတွေပါ ရှိပါတယ်။ သင့်ရဲ့ သုက်လွှတ်ခြင်းနဲ့ ဆိုင်တဲ့ အာရုံခံစနစ်ကလည်း သင်ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် နာမည်ကြီးပါတယ်ဆိုတဲ့ Viagra လိုဆေးမျိုးကတောင် ခဏတာအတွက်ပဲကောင်းပါလိမ့်မယ်။
ဒီလိုကိစ္စအတွက် ယောင်္ကျားလေးဘက်ကလည်း ကိုယ့်ကိုယ်ကို မကျေနပ်ဖြစ်သလို မိန်းကလေးဘက်ကလည်း အဆင်မပြေဘူးဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ လိုပါတယ်။ ဆရာဝန်တွေရဲ့ အဆိုအရတော့ စိတ်သွားတိုင်းကိုယ်မပါတတ်တဲ့ ယောင်္ကျားလေးတွေအနေနဲ့ သူတို့ရဲ့စိတ်ကို ဆန်းစစ်ပြီး စိုးရိမ်စိတ်တွေရဲ့ ရင်းမြစ်ကို ဖော်ထုတ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အပြာကားတွေထဲက ဇာတ်ဆောင်အမျိုးသားတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်ပြီး စိုးရိမ်စိတ်ဝင်နေတာလား။ ဒါမှမဟုတ် ပါတနာ မိန်းကလေးက မဖြစ်နိုင်တဲ့ ကြာချိန်မျိုးကို မျှော်လင့်နေတာလားဆိုတာတွေကို သိဖို့လိုပါတယ်။

ဒီလိုစိုးရိမ်စိတ်တွေ လျော့ပါးသွားမယ်ဆိုရင် စစ်မှန်တဲ့ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ ဖြစ်လာနိုင်ပါတယ်။ လိင်မှုကိစ္စမှာ လိင်တံကို အထဲသွင်းဖို့တစ်ခုတည်းက အရေးကြီးတာမဟုတ်ပါဘူး။ အထဲသွင်းဖို့ထက် အပြန်အလှန် ဖြေဖျော်ပေးနိုင်မယ်ဆိုရင် စိုးရိမ်စိတ်တွေနည်းသွားပြီး ပိုပြီးစွမ်းဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
ဒီတော့ အလိုမပြည့်ခင် ကိစ္စပြီးသွားတာက တစ်ခုခုချို့ယွင်းနေတာမဟုတ်ပါဘူး အမျိုးသားတို့ရေ။ စိတ်နဲ့ပဲဆိုင်ပါတယ်။ စိတ်ကိုအေးအေးထားမယ်ဆိုရင် စွမ်းဆောင်မှုတွေ ပိုကောင်းလာမှာ သေချာပါတယ်။

No comments: