Sunday, August 19, 2018

♥ Hungry for Love ♡





 နံနက်ခင်း အိပ်ရာကနိုးနိုးခြင်း ရေချိုးခန်းထဲက ကြည့်မှန်ကို အရင်ပြေးကြည့်မိတယ်။ ဒီနေ့ ကျွန်တော့်အသက် ၄၉နှစ်ပြည့်တဲ့ မွေးနေ့လေ။ ပါးစပ်နားမှာ အရေးအကြောင်းနှစ်ခု တွေ့မြင်ခဲ့ရပေမယ့် ချောမွေ့သန့်ပြန့်တဲ့ မျက်နှာ၊ ကျစ်လစ်တောင့်တင်းဆဲ ကိုယ်​ခန္ဓာနှင့် အံ့ဘနန်း လုံးဝန်းပြည့်တင်းတဲ့ တင်သားဆိုင်တွေကို ကျွန်တော်ပိုင်ဆိုင်ထားတုန်းလို့ တွေ့မြင်ခဲ့ရပါတယ်။

သို့သော်လည်း ကျွန်တော်က ပေါ်ပြူ လာဖြစ်တဲ့အရွယ် မဟုတ်တော့ဘူး။ ကိန်းဂဏန်းတွေကို မုန်းမိပါရဲ့။ ကျွန်တော်နေတဲ့အခန်းက နွေးထွေးလုံခြုံပေမယ့် ဘာကိုကြောက်မိသလဲ မသိစွာ စိတ်ထဲအေးစိမ့်နေပါတယ်။ အခုနေ့ရက်ကနေ စတွက်ကြည့်ရင် ဒီလိုခံစားချက်ဖြစ်တာ တစ်နှစ်နီးပါးလောက်ရှိပါပြီ။ မကြာခင် နှစ်မှာ အသက်ငါးဆယ်အရွယ် ယောက်ျားတယောက်ကို မှန်ချပ်ထဲမှာ မျက်နှာခြင်းဆိုင်ရဦးမယ် မဟုတ်လား။

စိတ်ထဲ အ​နှောင့်​အယှက်​ဖြစ်နေတာနဲ့ နံနက်​စာလည်း ကျွန်တော်မစားဖြစ်သလို အဆာပြေ မုန့်ပဲသွားရေစာတွေကိုလည်း မထိမိပါဘူး။ နေ့တိုင်း နံနက်တိုင်း ပြုလုပ်နေကြ ​လေ့ကျင့်​ခန်းလည်း မလုပ်မိ၊ ဒါပေမယ့် ရေချိုးတာနဲ့ အခြားလုပ်နေကြလေး တွေကိုတော့ လုပ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရေမချိုးခင် အလုပ်အတွက် ပြင်ဆင်တာလေးတွေ သီချင်းနားထောင်တာလေးတွေကော လုပ်သေးတာပါ။ ဟူး.....လူလည်း မလန်းဆန်းချင်သလိုလိုပဲ။
 
 
 `တော်ပြီ အလုပ်ကို ဒီနေ့မသွားတော့ဘူး မွေးနေ့ ဟုတ်တယ် ကျွန်တော့် မွေးနေ့ပဲဟာ´

သူတပါးလို ဟိုသည်သွားနေရတာ မလုပ်ချင်လို့ အိမ်မှာပဲ နေဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ၀ရန်​တာမှာ ခဏတာ ၀င်​သက်​ထွက်​သက်​ရှူ တရားထိုင်ရင်း ရှေ့အနာဂတ်အတွက် အာရုံစုစည်းမိတယ်ဗျာ။ သောက်နေကြ ဗီတာမင်​ ဆေးပြားတစ်ပြားကို အသီးဖျော်ရည် တစ်ခွက်နဲ့ မျောချလိုက်ပြီးနောက် အနားယူဖို့ စာဖတ်ဖို့ ပြုလုပ်ထားတဲ့ အခန်းထဲ ဆင်းချသွားလိုက်ရင်း ဆိုဖာရှည်ပေါ် ကျောဆန့်လှဲလှောင်းပစ်တယ်။ မ၀တ်တာအတော်ကြာ တစ်နှစ်လောက်ပစ်ထားတဲ့ cargo ဘောင်းဘီတိုနဲ့ တီရှပ်ကို ၀တ်ထားဖြစ်ရဲ့။ ၀တ်ထားတဲ့ ရှပ်အင်္ကျီကို ခန္ဓာကိုယ်နဲ့ ကြပ်နေတာ သတိထားမိပေမယ့် ကြွက်သားတွေဟာ တင်းရင်းနေသေးကြောင်း အသားပေးပြသလိုမို့ လွှင့်ပစ်ဖို့ အသဲမမာသေးတာပါ။

ရင်းနီးတဲ့ သူငယ်​ချင်းမိတ်ဆွေတွေကို အံ့အားသင့်​စရာ လက်ဆောင်လေးတွေပေးရင်း ဂေးဘားတစ်ခုခုမှာ ဒီညနေ မွေးနေ့ပါတီတစ်ခုလုပ်ဖို့အတွေး အရင်ဆုံး ကျွန်တော့်ခေါင်းထဲပေါ်လာတယ်။ ရုံးပိတ်ရက်အများစုတိုင်း ဘားတွေသွားလေ့ရှိပေမယ့် ဘယ်နေရာက ဒီလိုအရေးပါတဲ့ ညနေခင်းကို အချိန်ဖြုန်းလို့ အဆင်ပြေမလည်း စိတ်ကူးကြည့်ရဲ့။ ဘယ်နေရာ ဘယ်လိုစီစဉ် ဘယ်သူတွေနဲ့
စသဖြင့် စိတ်ကူးထဲ စီစဉ်သူလုပ်နေတာ အတူသွားလို့ရမယ့် သူငယ်ချင်း တစ်ယောက်မှ မရှိဘူး။ စိတ်ဓာတ်ကျမှုတွေထဲ ကျွန်တော် နစ်မြုပ်သွားခဲ့ရပြီပေါ့။

     နောက်ထပ် မှတ်သားမိသလောက် လိင်ကိစ္စအတွက် လှုပ်ရှားတာ ချိတ်ဆက်တွေ့ဆုံတာလည်း နည်းသထက်နည်းလာပြီပဲ။ ဒီနေ့ရက်တွေမှာ တစ်ယောက်ယောက်နဲ့ တစ်လကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်လောက် ပက်သက် ပျော်ရွှင်ခဲ့တယ်။ ဘယ်လိုလူမျိုးအတွက် မှ စိတ်ခုတာ စိတ်ညစ်တာမျိုးမရှိခဲ့တော့တာ အသက်ကြီးလာလို့ထင်ပါရဲ့။ ဒါပေမဲ့ တစ်ယောက်တည်း အိပ်စက်ရတာ၊ ဖက်တွယ် တွေးဖက်ဖို့ တစ်ယောက်မှမရှိတာ၊ တယုတယ ပွတ်သပ် နမ်းရှုံ့ဖို့ မရှိတာတွေအတွက်တော့ စိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။

ကျွန်တော်က တစ်ယောက်တည်းစားသောက်တာကတော့ ထုံးစံပါ။ ဒါပေမဲ့ အဖော်အပေါင်းနဲ့ စကားတပြောပြောနှင့် ပိုစားချင်တာတော့ အမှန်ပါပဲ။ တကမ္ဘာလုံးမှာ အစားအ​သောက်​ကို ဝေမျှစားဖြစ်တာဆိုလို့ လပြည့်ဝင်းတစ်ယောက်ပဲ အမြဲလိုလိုပေါ့။ လပြည့်က ကျွန်တော့်လက်ထောက်ဝန်ထမ်းဖြစ်ပြီး သူနဲ့ပဲ နေ့လယ်စာ ပုံမှန်နီးပါး အတူစားဖြစ်တယ်။ ဘယ်လိုပြောမလဲ ကျွန်တော် မျှော်မှန်းတဲ့ ဘ၀နေထိုင်မှုဟန်ပန်က ယခုထိ အစမပျိုး သေးဘူးထင်ပါရဲ့။ မွေးနေ့တစ်ရက်ဟာ အမျိုးသားတစ်ယောက်အတွက် ဒီလို ကျရောက်ခဲ့တာပါ။    Straight လက်ထောက်ဝန်ထမ်းတစ်ယောက်ကလွဲလို့ တကယ့်ကို အဖော်မဲ့သူ ကျွန်တော်လေ...ဟူး။

ကျွန်တော့်မှာရှိတဲ့ အသိအကျွမ်းအချို့အကြောင်း စဉ်းစားပြန်တော့ သူတို့အများစုမှာ ပျော်ရွှင်ဖွယ် အတွဲကိုယ်စီရှိကြတယ်ဗျ။ ဒီလိုဆိုတော့ ဘားကို အတူသွားဖို့ အဖော် တစ်ယောက်မှ ကျွန်တော် မရှိဘူးပဲ။ အဲ...အထူးတလည်​ အချိန်နေ့တွေအတွက် ကလပ်တက်ဖို့ စုံတွဲ တစ်တွဲကတော့ အကူအညီပေးနိုင်ပါတယ်။ သူတို့ကိုယ်စီမှာ ပါတနာတွေရှိနေတော့ ဘားကို အမြဲ မရွေ့သလို သို့မဟုတ် ရက်သတ္တပါတ် ကုန်​ဆုံးတိုင်း ဘယ်မှာမှ အချိန်မဖြုန်းနိုင်သူတွေပါပဲ။

     ကျွန်တော့်အနေနဲ့တော့ လူတစ်ယောက်ကို ဂွင်ဆင်ပြီး နှစ်ခါအတူမအိပ်သလို သူတို့ထဲက အချို့နဲ့ တစ်ညလုံး အတူမအိပ်ခဲ့ဘူး။ သူတို့ဘာသာ အီစီကလီပဲဖြစ်ဖြစ် စိတ်ပေါက်လို့ပဲဖြစ်ဖြစ် ကျွန်တော့် apartment ကို ပေါက်ချလာရင်လည်း လိင်ကိစ္စ ပတ်သက်ပြီးတာနဲ့ ခွာတာပဲ။ အလားတူပဲ ကျွန်တော်က သူတို့နေရာကို လိုက်သွားဖြစ်ရင်လည်း ပြီးတာနဲ့ ပြန်ဆုတ်လာခဲ့တာပါ။ ဘယ်ငနဲကတော့ ငါ့လင်ဖြစ်နိုင်တယ် ဘယ်လိုတွေပြည့်စုံနေတာဆိုသည်မျိုး တခါမှကို မစူးစမ်းမိဘူး။ နောက်တစ်ခါ သူနဲ့ထပ်ပတ်သက်ချင်စိတ်ရှိရင် အဆင်ပြေအောင် ဆက်ဆံတယ် ဒါပဲ။

       ဒီနေ့ညနေ ကလပ်တစ်ခုကိုသွားဖို့ ကျွန်တော့်စိတ်ကို ကျွန်တော် ပြင်ဆင်ထားရတယ်။ ပြီးတော့ ကျွန်တော့် မွေးနေ့ညကို အတူကျင်းပဆင်နွှဲပေးမယ့် ငနဲတစ်ပွေ ရှာရမယ်။ ကျွန်တော့်အတွက် Mr. Right ကို အသေအချာ စရှာဖို့ အ​လေးအနက်​ထားမိပြီဆိုပါတော့။ အချိန်တကယ်ကျလာပြီ။ နောက်နှစ် ဒီအချိန် ဒီလိုနေ့ရက်မျိုးမှာ ကျွန်တော့် ပါတနာနဲ့ အတူ မွေးနေ့ပွဲ ဆင်နွှဲနိုင်ဖို့ ဆုတောင်းတယ်။ ဒါမှ ကျွန်တော့် သူငယ်ချင်းတွေကို တကယ့် အရှိုက်ထိအောင် လုပ်နိုင်မှာ။

                                -1-

ကိုယ့်ဘာသာကိုယ် ဒီနေ့ညနေအတွက် ပြင်ဆင်ပြုလုပ်မှု  အားလုံးကိုပြုလုပ်ပြီးနောက် မှန်ထဲကြည့်ကာ  ကိုယ့်ကိုယ်ကိုယ် စစ်ဆေးရေးလုပ်ခဲ့ပါတယ်။ ကျွန်တော့် ရုပ်ရည်က သန့်စင်ချောမောမှန်း ကျွန်တော် သိပြီးသားပါ။ ငယ်ရွယ်နုပျိုစဲ မျက်နှာနှင့် ခန္ဓာကိုယ်​ကို ပိုင်ဆိုင်ထားတော့ ညနေအစီအစဉ်အတွက် ခံစားချက်တွေအရ သာယာကြည်နူးမိပါတယ်။ မြို့ထဲမှာ ရွေးချယ်စရာ ကလပ်တွေကလည်း အများအပြားဆိုတော့ ကိုယ်တွေလို အရွယ်ရောက်ပြီးသူ အများစုလာတတ်တဲ့ ကလပ်ကိုသွားဖို့ ဆုံးဖြတ်​ရမှာပဲ။ ကျွန်တော့် ဘ၀တလျောက် အနားယူချိန်တွေကို Twinkle Twinkle Little Stars တွေနဲ့ အချိန်ကုန်သွားဖို့ မလုပ်ချင်ဘူး။ အတိတ်ကာလကတော့ ဘားတွေ ကလပ်တွေအသွားနည်းပါတယ်။ သွားဖြစ်ရင်လည်း ငယ်ရွယ်နုပျို သူတွေ အများစုရှိတဲ့နေရာတွေကို ရွေ့တာလေ။

ကျွန်တော် ကလပ်ထဲဝင်သွားပြီး ဘားမှာထိုင်ချလိုက်ကာ Scotch နဲ့ ဆိုဒါကိုမှာလိုက်တယ်။ အလျင်​စလိုမရှိ အေးဆေးအနေအထားနဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ရှိုးလိုက်သေးတာပါ။ အခုမှ မွေးနေ့ပါတီတစ်ခု စတင်ခြင်းပေါ့။ ငနဲတွေက တစ်ယောက်ခြင်း၊ နှစ်ယောက်တွဲ ၊ ပြီးတော့ အုပ်စုလိုက် တဖွဲဖွဲရောက်လာနေကြတယ်။ သူတို့တွေအားလုံး လှတပတ ထုပ်ပိုးထားတဲ့ လက်ဆောင်ထုပ်တွေ ကိုယ်စီယူလာကြတာဗျ။ `The maître d' ကတော့ စားပွဲခုံ သုံးခုဆက်ထားတဲ့ ကလပ်ရဲ့ ထောင့်ကွေးတစ်ခုကို ညွှန်းပြခဲ့ပါတယ်။ တစ်ယောက်ယောက်ကတော့ ပြင်ဆင်ထားတာ.... အခုတော့ လာသမျှငနဲတွေ လက်ဆောင်ထုပ်တွေကို အဲ့ဒီ ခုံတွေမှာ သွားထားကြရော။ လာသမျှ ငနဲတွေကို အကဲခတ်မိသလောက် အသက်​အရွယ်​က သုံးဆယ့်ငါးနှင့် လေးဆယ့်ငါးနှစ်အတွင်းရှိကြပြီး ကျွန်တော့်ထက်ပိုမိုစွဲဆောင်မှု မရှိကြဘူးထင်တာပဲ။

 စားပွဲထိုးတစ်ယောက်က သူတို့မှာထားတဲ့ အော်ဒါနှင့် အခြားသယ်ဆောင်ဖွယ်ရာများကို  စားပွဲတွေအနှံ့ အစီအရီ ခင်းကျင်း ချပေးပါတယ်။ ထိုင်​ခုံတွေအကုန် ထိုင်သူများရှိနေပေမယ့် စားပွဲခုံ တစ်ခုက ထိုင်ရန် နှစ်နေရာကတော့ လွတ်နေတယ်ဗျ။ Surprise ပါတီတစ်ခုအတွက် ကျွန်တော် မကြာခင် လူလုံးထွက်ပြဖို့ အချိန်ရောက်တော့မယ်။ လွတ်နေတဲ့ ခုံနှစ်လုံးက သည်နေရာရောက်အောင် ခေါ်ဆောင်လာခဲ့တဲ့ ဂုဏ်သရေရှိ ဧည့်သည် နှစ်ယောက်အတွက် ကြိုတင် သီးသန့် ဖယ်ထားခြင်းလို့ဆိုနိုင်ပါတယ်။

    ကျွန်တော် ရှင်းပြလို့ မရစွာ မနာလိုစိတ်တွေ တော်တော်ထွက်လာနေသလားပဲ။ လူတွေခပ်စုစုဖြစ်နေတဲ့ ပါတီလုပ်တဲ့နေရာမှ ထထွက်လာရင်း သောက်လက်စ ၀ီစကီခွက်ကို ဘားခုံပေါ်မှယူပြီး ဆက်သောက်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို "SURPRISE!!" လို့ ပါတီပွဲလာ ပရိသတ်တွေရဲ့ တပြိုင်တည်းနည်းပါး အော်လိုက်သံကြောင့် ကျွန်တော့်နားစည်တွေ တဒိန်းဒိန်း မည်ကာ ပွဲလုပ်ရာဖက် ငဲ့စောင်းကြည့်မိရသဗျ။ မျှော်မှန်းထားတာထက် ပိုကျယ်တဲ့ အသံကြားရတာ ကျွန်တော့်စိတ်ထဲ ခိုးလို့ ခုလု။

ဧည့်ပရိသတ်အကုန် ထိုင်နေရာ သူတို့စားပွဲခုံတွေမှ ခုန်ထရင်း ထရပ်ဖို့နောက်ဆုံးကျန်နေတဲ့ ခုံရှိ မွေးနေ့ရှင်ငနဲလေးကို လက်ဆွဲနှုတ်ဆက်ကြ ၊ အနမ်းခြွေနေကြပါတယ်။ အဲ့ကောင်လေးရဲ့ သူငယ်​ချင်းကတော့ ဘေးတစ်ဖက်မှာ ယဉ်ကျေးသိမ်မွေ့စွာပဲ ရပ်စောင့်နေလေရဲ့။ အားလုံး အားလုံးက အနမ်းချွေပြီးနောက်မှာ မွေးနေ့ရှင်ငနဲလေးက သူ့နံဘေးမှ ပါတီကိုပါလာသော သူငယ်​ချင်း တစ်ယောက် နှစ်ယောက်ကို ပွဲလာ ပရိသတ်​တွေနဲ့ မိတ်ဆက်ပေးတယ်။ ဒီကောင်လေးတွေလည်း အခြားဧည့်သည်တွေကို သိပုံမရပေမယ့် လက်မောင်းပြုတ်ထွက်မတတ် လက်ဆွဲနှုတ်ဆက်နေရရောဗျာ။

ထိုင်နေရာ ခုံပေါ် ကျွန်တော်အေးခဲဆွံ့အသွားပြီ။ မွေးနေ့ရှင်ရဲ့ အရေးတယူ မိတ်ဆက်ပေးနေသော ဂုဏ်သရေရှိ ဧည့်သည်ဟာ ကျွန်တော့် အလုပ်က လက်ထောက်ဝန်ထမ်း နေ့လယ်စာ စားဖော်စားဖက် လပြည့်ဖြစ်နေပါတယ်။ ဧည့်သည် အဖြစ်ဖိတ်ခေါ်ခြင်းခံရသော straight တစ်ယောက်လား၊ မွေးနေ့ရှင်ရဲ့ ပါတနာလား၊ သို့မဟုတ် ဂေးသူငယ်ချင်းပဲလား ကျွန်တော် သိချင်မိတယ်။ ကျွန်တော် အခု အလုပ်ထဲမှာမှ မဟုတ်ဘဲ....လူတွေ အကုန်ထိုင်ကြတဲ့အချိန်မှ လပြည့်စီသွားပြီ ဟယ်လိုဆိုပြီး နှုတ်ဆက်ရမယ်ထင်တယ်။ ဒါပေမဲ့ စပ်စုတာ စူးစမ်းတာ ကျွန်တော့်အတွက် အကျိုးမရှိဘူးထင်လို့ မွေးနေ့ပွဲလေးအတွက် အပြင်အဆင်အချို့ ဘယ်လိုလုပ်ထားလဲပဲ ငေးနေလိုက်ပါတယ်။

လူတိုင်းလိုလို အေးဆေးအနေအထားနဲ့ မဖြစ်ခင် လပြည့် သန့်စင်ခန်းဘက် ထွက်သွားတာကို ကျွန်တော်သတိပြုမိခဲ့ပါတယ်။ ကျွန်တော် ခပ်သွက်သွက်ထကာ လပြည့်နောက်ကိုလိုက်ဝင်သွားလိုက်တယ်ဗျာ။ နှစ်ယောက်က ဘေးခြင်းယှဉ်လျက် ဆီးသွားတာကို အလုပ်မှာ ဖြစ်နေကြဆိုတော့ သိပ်တော့ စိတ်အလှုပ်အခတ်မဖြစ်ပါဘူး။ သန့်စင်ခန်းကို တပြိုင်နက်တည်း ရောက်တာအတူတူမှာ `လပြည့်....အာ...ငါ့ကောင်....တွေ့ရတာ ၀မ်းသာပါတယ်´လို့ ကျွန်တော် အော်ပြီးနှုတ်ဆက်မိတယ်။  

မျက်လွှာကိုပင့် ကျွန်တော့်မြင်ချိန် သူပွေ့ဖက်တာ အရိုးကျိုးမတတ်ပါပဲ။ ငနဲနှစ်ပွေ သန့်စင်ခန်းထဲဝင်လာတာကို မြင်လိုက်မှ အရှိန်တန့်မိကြတယ်။

`ဘာတွေဘယ်လိုဖြစ်လို့ ဂေးဘားကို လာဖြစ်တာလဲ ညီလေး?´ မေးလည်းမေး လပြည့်ရဲ့ အမှန်ဖွင့်ဟမှုကိုသိချင် ငံ့လင့်မိရော။

`အစ်ကိုကြီးက အသက် လေးဆယ့်ငါးနှစ်ပြည့်တဲ့နေ့လေ ဒီနေ့က။ ဒါ​ကြောင့်​ သူ့မွေးနေ့ကို စည်စည်ကားကားဖြစ်အောင် လုပ်နေတာ။ ညီတို့နဲ လာ Join ပါလား။  အစားအသောက် အတွက် စပါယ်ရှယ်ပါ။ စကားမစပ် ဘောစိနဲ့ အစ်ကိုကြီးနဲ့ တွေ့ပေး မိတ်ဆက်ပေးချင်နေတာကြာပြီ အခုအခွင့်အရေးရသား။ အမှန်ပြောရရင် ဒီ​ည ဘောစိကို အတူရှိနေစေချင်တာ တွေ့မယ့်အခွင့်အရေးလည်း ရှိမယ် မထင်ခဲ့ဘူးဗျ။´

  `အကို့မွေးနေ့အတွက် ဘော်ဒါ အချို့နဲ့ တွေ့ဖို့ ဒီကို လာတာကွ´ ကျွန်တော် အလိမ်တစ်ဝက် အမှန်တစ်ဝက်နဲ့ပြောလိုက်တယ်။

လက်အစုံကို သေခြာဆေးကြောပြီးနောက် လပြည့်က ကျွန်တော့်လက်ကို ဆွဲကိုင်ကာ မွေးနေ့ပါတီလုပ်နေရာကို ဦးဆောင်ခေါ်သွားပါတယ်။ ပါတီလာ ငနဲတွေ မတ်​တတ်​ရပ်​ဆဲ စကားစမြည်ပြောနေကြဆဲ ပါပဲ။ လပြည့်က သူ့အစ်ကိုကို လှမ်းခေါ်ပြီး ကျွန်တော်နဲ့ မိတ်ဆက်ပေးတယ်။

 `ဟေး ကိုကြီး.. ..ဒါ ညီ့အလုပ်က ​ဘော်​ဒါ ကိုမင်းနိုင်ဦး´
`Wow....လပြည့်က ခင်​ဗျားအကြောင်း တချိန်လုံးလိုလို ပြောပြောပြနေတာ၊ ကျုပ်ပုံစံကို သဘောမကျလို့ဆိုပြီး ပြင်ပေးဖို့ သူ့ခမျာ ကြိုးစားတာ....သိလား´

`သူကတော့ အကိုအကြောင်း ကျွန်တော့်ကို တခါမှကို မပြောပြဘူးပဲ...ဒါပေမဲ့ အခု ကျွန်တော်တို့တွေ့ကြပြီဆိုတော့ အိုကေ စိုပြေတာပေါ့နော်´

`ကိုကြီး.. ..ကိုမင်းနိုင်ကို ကိုကြီး သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလိုက်ဦးလေ.... ညီ  the maître d ကိုစကားပြောလိုက်ဦးမယ်။ ပြန်လာခဲ့မယ်နော်´ လပြည့်ကပြောပြောဆိုဆို ထွက်သွားတယ်။
 
 ကိုကြီးက ကျွန်တော့်ကို သူ့သူငယ်ချင်းလို့ပြောပြီး မိတ်ဆက်ပေးတယ်။ ပြောဖို့မလိုအောင် ကျွန်တော် အံ့အားလည်းသင့်ရင်း ကြေနပ်တာလည်း အလွန်ပေါ့။ ဧည့်သည်တွေထဲက တစ်ယောက်မှ ကိုကြီးကို တစ်ယောက်ယောက်နဲ့ တွဲပြီး မတွေ့ဘူးကြောင်းပြောလာတယ်။ ကျွန်တော်ရော ကိုကြီးကော နှစ်ယောက်စလုံး ပါးပြင်တွေမှာ ရဲရဲနီရော။

လပြည့် စားပွဲထိုး တစ်ယောက်နဲ့အတူ ပြန်ရောက်လာတယ်။ ညီအစ်​ကို နှစ်ယောက်ကြား ခုံတစ်လုံးထိုးထည့်ပြီးထိုင်ရတာပေါ့ဗျာ။ အကောင်းစား ယမကာတွေကော အစားအစာတွေကော မရပ်မနား ဧည့်ခံတော့တာပါ။ ကျွန်တော်နဲ့ ကိုကြီးက လက်ထဲ ကိုင်ထားလက်စ ယမကာခွက်ထက် ပိုပြီးမသောက်ကြပါဘူး။ ကျွန်တော် ကားကို ကိုယ့်ဘာသာကိုယ် မောင်းပြန်မယ်လို့စီစဉ်ထားတာမှာ ကိုကြီးက ကျွန်တော်နဲ့ သူ့ညီကို လိုက်မောင်းပို့မယ်လို့ စီစဉ်တယ်။ အခြားသူတွေက မူးပြီလို့ ပြောနေကြချိန် ကျွန်တော်နဲ့ ကိုကြီးက စကားအမျှင်မပြတ်သေးပါ။
       
နောက်ဆုံး လပြည့်က သူ့အစ်ကိုကို သူ့လက်ဆောင်ထုပ်ကိုဖွင့်ကြည်ဖို့ စတိုက်တွန်းသလို အခြားသော ဧည့်သည်များကလည်း ကိုကြီးကို ၀ိုင်းဝန်းနှိုးဆော်ကြတယ်လေ။ လက်ဆောင် အများစုက ရယ်​စရာ ပစ္စည်းလေးတွေဖြစ်ပြီး ပါတီပွဲလာ သူငယ်​ချင်းအပေါင်းနဲ့ ရဲ​ဘော်​ရဲဘက်​စိတ်ရှိရှိ ရယ်ပွဲဖွဲ့ပါရော။ လက်ဆောင်ထုပ်တွေ အကုန်ဖွင့်ကြည့်ပြီး သယ်ဆောင်ဖို့ အဆင်ပြေချိန် အားလုံးကို ကိုကြီးကားပေါ်အကုန်တင်လိုက်တယ်ဗျ ။ စားပွဲထိုးက မွေးနေ့ကိတ်ကို ယူလာတာ လှမ်းမြင်လိုက်ရပြီး နောက်တစ်ခါ ထပ်ယူလာတာကို မြင်ရပြန်ရော။ တစ်လုံးမှာ `Happy Birthday ကိုကြီး´လို့စာထိုးထားပြီး နောက်တစ်လုံးမှာတော့...`Happy Birthday ကိုမင်းနိုင်ဦး ´တဲ့လေ။ ဘယ်လောက် ချစ်စရာကောင်းတဲ့ လပြည့်လေးလဲ။ ခဏနေက the maître d' ကို စကားခဏသွားပြောမယ်လို့ပြောပြီး စီစဉ်ခဲ့တာပဲဖြစ်မှာ။ သည်ခဏမှာ လပြည့်သည် ကျွန်တော့်နည်းတူ gay ဖြစ်စေချင်မိပြီး ကိုကြီးကိုတော့ gay မဖြစ်စေချင်မိပါ။


ဧည့်သည်တွေအကုန်လုံးက "Happy Birthday" သီချင်းကို ပြိုင်တူသီဆိုကြရင်း ကျွန်တော်နဲ့ ကိုကြီး နှစ်ယောက်စလုံးကို ၀မ်းမြောက်ကြောင်းပြောကြားခဲ့ကြပါတယ်။

ပါတီပွဲလည်းပြီးရော ကိုကြီးနဲ့ ကျွန်တော် လိပ်စာကဒ်အပြန်အလှန် လဲလိုက်ကြကာ အချိန်ရရခြင်း ဖုန်းခေါ်ဖို့ ကတိပေးဖြစ်တယ်။ ဒီညအတွက် အိပ်ရာထဲ အိပ်ဖော် အိပ်ဖက် မရခဲ့ပေမယ့် ညနေခင်းလေးဟာ ကျွန်တော်ထင်ထားတာထက် ပြည့်စုံကောင်းမွန်ခဲ့ပါတယ်လေ။ ကျွန်တော့်မွေးနေ့ပွဲကို လူခပ်များများနဲ့ ကျင်းပနိုင်ခဲ့တာပဲ မဟုတ်လား။

အိပ်ရာပေါ် တက်လှဲလိုက်ချိန် ကျွန်တော့်ဦးဏှောက်က အနားမယူဘဲ အချိန်ပိုစဆင်းပါတော့တယ်။ ပထမဆုံး အတွေးက ကိုကြီးဆိုတဲ့ မင်းကျော်ထင်အကြောင်းပါပဲ။ ကိုကြီးက keeper တစ်ယောက်လား? ကျွန်တော် အသေအချာတွေးကြည့်မိပေမဲ့ မ​သေချာဘူး ဖြစ်နေတယ်။ လပြည့် အကြည့်တွေရယ် အပြုအမူတွေရယ်က မရိုးဘူး တက်မက်မှု ကဲနေသလားလို့။ ဒါပေမဲ့ လပြည့်က Straight မဟုတ်ဘူးလား ဒါမှမဟုတ်​ ကိုကြီးက Straight ဖြစ်နေလား။ လပြည့် အသက်က လေးဆယ့်သုံးနှစ်ရှိပြီ။ သူ ဘယ်တုန်းကမှ လက်မထပ်ခဲ့သလို ရည်းစားရှိတယ် သို့မဟုတ် ကောင်မလေးတစ်ယောက်ယောက်နဲ့ ဒိတ်ခဲ့သလားဆိုတာ ကျွန်တော် သတိမထားမိခဲ့ မမှတ်မိပါ။ လပြည့် သူ Straight သိပ်မဟုတ်ဘူးဆိုရင် လိင်စိတ်တိမ်းညွှတ်မှုနဲ့ပတ်သက်ပြီး ကျွန်တော့်ကို ဘာလို့ ၀န်မခံနိုင်ခဲ့တာပါလိမ့်။ နေ့လယ်စာ အတူစားချိန်တွေမှာ လပြည့်ရဲ့အကြောင်းကိုပိုသိဖို့ကြိုးစားမယ်လို့ ကတိပေးတယ်။

သည်နံနက် ရေချိုးနေစဉ်မှာ လက်သမားမလုပ်ခဲ့တဲ့ ကျွန်တော် ပျော်ရွှင်စိတ်နဲ့ အဆုံးသတ်​ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ ကိုယ့်ဘာသာကိုယ် လက်သမားစလုပ်စအချိန် ကိုကြီးအကြောင်း စိတ်​ကူးယဉ်​ ပုံဖော်ကြည့်တာနဲ့ သာယာမှုက တလှိုက်လှိုက်တက်လာပါတယ်။ ဒါပေမဲ့ ကိုကြီးက လပြည့်ဘက်ကို ယိမ်းနေခဲ့တယ် ထင်ပါရဲ့။

ကျွန်တော် ဒီကိစ္စကို ၀န်မခံပါရစေနဲ့လို့ ဆန္ဒပြုပေမယ့် ဘ၀အဖော်တစ်ယောက် ဖွေရှာစဉ်မှာပဲ လပြည့်ကို ချစ်မိနေမိခဲ့တာတော့အမှန်ပါ။ Straight ယောကျာ်းတစ်ယောက်ကို ချစ်မိခြင်းသည် ဘေးအန္တရာယ်ရှိတဲ့ ဟင်းတစ်မယ်အား စားဖို့ဟန်ပြင်လိုက်ခြင်းမည်ပါတယ်။

                                      -2-

     နောက်တစ်နေ့ နံနက်စောစော ရုံးခန်းထဲအရောက် ကုတ်အင်္ကျီကို ချိတ်မှာ မချိတ်ခင် ကျွန်တော့် အိတ်ကပ်ထဲက ဖုန်းမြည်လာပါတယ်။ အာ....ကိုကြီးခေါ်တဲ့ဖုန်းပဲ။

`ဟေ့လူ....ခင်ဗျားရုံးခန်းနဲ့ ကျုပ်အလုပ် နီးနီးလေးပဲဗျ။ နေ့လယ်စာ Freddie's မှာစားရင်း တွေ့ရအောင် ဘယ်လိုလဲ?´
Freddie'sဆိုတာ လူတိုင်းသိတဲ့ နာမည်​ရ စားသောက်ဆိုင် တစ်ဆိုင်ပါ။ Land Mark တစ်ခုလိုကို လက်တွေ့ ကျကျ လူပြောများတဲ့ နေရာပါပဲ။ ကျွန်တော် ငြင်းရခက်ပါတယ်...သို့သော် လပြည့်နဲ့ နေ့လယ်စာ အတူစားခွင့်ကို မဆုံးရှုံးချင်ပါဘူး။

လပြည့် ရုံးလာချိန်မှာ အခန်းထဲအရောက် ကိုကြီးနဲ့ ကျွန်တော် နေ့လယ်စာသွားစားမလို့ အတူလိုက်မလားလို့ ပြောမေးမေးလိုက်တယ်။

 `တော်ပြီဗျ....ညီက အစ်ကိုတို့နှစ်ယောက်ကို ချိတ်ပေးဖို့ကြိုးစားနေတာလေ....အကိုတို့ နှစ်ယောက်ပဲ သွားစားကြပါ....တစ်ယောက်အကြောင်း တစ်ယောက်သိနိုင်တာပေါ့။ အ​ပေါ်ယံ အသွင်​အပြင်​ အလန်းစား ဖြစ်နေရုံနဲ့ ဘယ်ဟုတ်မလဲ....ညီ့အထင်တော့ အစ်ကိုတို့နှစ်ယောက်က တကယ့် အမိုက်စားတွေပဲ။´
စားသောက်ဆိုင်ကို လမ်းလျှောက်သွားနေစဉ်ခဏ ဆယ်ကျော်သက်လေး ပထမဆုံး ဒိတ်တင်အတွက် သွားနေရတဲ့အတိုင်း ကျွန်တော်ခံစားရတယ်။ ဗိုက်ထဲ လိပ်ပြာလေးတွေ တဖျတ်ဖျတ် ပျံသန်းနေသလို  သူ့အနားက တစ်ပေအထက် ခွာလို့ကိုမရဘူး။ ကိုကြီးကတော့ စားပွဲရလို့ ထိုင်တောင်နေပြီ။ မီနူးစာအုပ်ကိုလှန် သေချာဆန်းစစ်နေတာ ကျွန်တော်စားပွဲခုံရှိရာကို သွားလိုက်ပြီး ထိုင်ချလိုက်တယ်။

     `ဟေး....ရောက်ပြီလား...ကိုလူချော၊ တွေ့ရတာ တကယ်ဝမ်းသာပါတယ်လို့ ထပ်ပြောရမှာပဲ´ ကိုကြီး ပါးစပ်ကလည်းပြော သူ့လက်တဖက်ကို ကမ်းပေးကာ ကျွန်တော့်လက်ကို ဆုပ်​ကိုင်​ လှုပ်ရမ်းတယ်။

ကျွန်တော်တို့ နေ့လယ်စာ စားသောက်ပြီးနောက် ကိုကြီးက `ကိုမင်းနိုင် ကျုပ်တို့နှစ်ယောက်က ကလေးတွေလို ဟိုသည်အကြောင်းပြ ဇာတ်လမ်းဆင်ဖို့လည်း အသက်ရနေပြီ။ ကျုပ် သေသေချာချာ ခင်​ဗျားကို ​ပြောစရာရှိတယ်​။ ဒီ ညနေပိုင်း ခင်ဗျား အချိန်အားရှိလား´

     `ကျွန်တော် အားပါတယ်၊ ဒါပေမဲ့  အေးဆေးလုပ်ပါ ကိုကြီးရာ။ ကျွန်တော်.. ..ခင်ဗျားနဲ့ တွေ့ဖို့ စကားပြောဖို့ သဘောကျပါတယ်။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို အလန့်ထန်းလျက် လုပ်တာ....နည်းနည်းလေး မမြန်ဘူးလားဗျာ´

ကိုကြီးက စိတ်လိုလက်ရပဲ ရယ်မောကာ သက်ပြင်းတစ်ချက်ချပါရဲ့။ `လုပ်ပါ ကိုမင်းနိုင်ရာ....လက်ခံပါ။ ခင်ဗျားနဲ့ ကျုပ်က အတိအကျကို တူတဲ့လူတွေပါ။ ကျုပ်တို့ ချစ်တယ်....ပြီးတော့ အဲဒိလူတွေကို ထားပစ်ခဲ့တယ်။ ကျုပ် တစ်ယောက်ယောက်နဲ့ RS လည်းမချိတ်ချင်ဘူး။ ကျုပ်မသေခင် နောက်ဆုံးရက်အထိတော့ လွတ်လပ်နေချင်သေးတာဗျ။´

လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်ကတော့ သူပြောသလို အတိအကျကို ခံစားခဲ့ရတာပါ။ ကျွန်တော် ကိုကြီးနဲ့ လိင်ဆက်ဆံဖို့ ရည်​ရွယ်​ချက်​က သူပြောတဲ့ သည်နေ့ ညနေခင်းမတိုင်ထိကို ရှိခဲ့သလားပဲ။ ဒါပေသိ ကိုကြီးကို ကျွန်တော် `စောင့်ကြည့် ´စာရင်းထဲသာ ထည့်ထားခဲ့တာပါ။

  `ကဲပါလေ ကျုပ်နေရာမှာတွေ့ကြစို့.......လပြည့်နဲ့ ကျုပ်အတူနေတာ ခင်​ဗျား သိပါတယ်။ ခင်ဗျား ဘော်ဒါရဲ့ အိပ်​ခန်းနဲ့ ကျုပ်အိပ်ခန်းက ကပ်ရက်ဆိုတော့ လှုပ်ရှားဖို့က နည်းနည်းတော့  ရဲဖို့လိုမယ်။ အခု.....ကပ်ရက်အခန်းက ကျုပ်ညီကို ပထုတ်ဖို့ လုပ်လိုက်ဦးမယ်.. .အိုကေ´

  လပြည့်အကြောင်း ကိုကြီးနဲ့ ဆွေးနွေးကြည့်ဖို့ အခြေအနေပေးလာပြီ။

`လပြည့်အကြောင်းက ကျွန်တော့်အတွက် ဝေေ၀၀ါးဝါးပဲ။ သူ့အသက် လေးဆယ်မတိုင်ခင်ကတော့ Straight လို့ ဖွင့်ပြောခဲ့ပေမယ့် မိန်းမတစ်ယောက် သို့မဟုတ် ယောက်ျား တစ်ယောက်ကို အကြောင်းကိစ္စတစ်ခုခုနဲ့ ချိန်းတွေ့တာမျိုး ဘယ်တော့မှ မသိမြင်ခဲ့ဖူးဘူး။ သူက straight လား ဂေးလားဗျာ။´

"ကျုပ်​လည်း ခင်​ဗျားလိုပါပဲ။ သူဘယ်တော့မှ မဒိတ်ဘူး ဒါပေမဲ့ သူ့လိင်စိတ်တိမ်းညွှတ်မှုအပေါ် ကျုပ် အဲ့သလောက်ထိ မတွေးဖူးဘူးရယ်။"

         `လပြည့်က ဂေးတစ်ယောက်ဖြစ်ရင်လို့တော့ ကျွန်တော် စူးစမ်းမိသေးတယ်´ ကျွန်တော် အဲ့သလိုပြောလိုက်တော့ ကိုကြီး အရယ်ရပ်သွားတယ်။

`ဒီည ကျုပ်တို့နဲ့ လာ Join အောင် မကြိုးစားကြည့်ချင်ဘူးလား´
`အင်းလေ....ကျွန်တော်တို့တွေ လုပ်နိုင်တာက ကြိုးစားတာပဲဟာ´

-3-

 ကိုကြီးတယောက် Gym သမားတွေဝတ်လေ့ရှိတဲ့ အသားကပ်တဲ့ ဘောင်းဘီတိုကို ၀တ်လျက် အခန်းတံခါးကနေ ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်တယ်။  ကျွန်တော် စိတ်ရှုပ်သွားသလား စိတ်​လှုပ်​ရှားသလား မပြောတတ်ဘူး။ ကိုကြီးက ခန္ဓာကိုယ် အလန်းစားတစ်ခုကို ပိုင်ဆိုင်ထားတာဆိုတော့ မကြာခဏ လေ့ကျင့်ခန်း အတော်လုပ်ပုံပဲ။

    "ကျုပ်တို့ သည်ညတော့ လပြည့်ကို စမ်းသပ်ကြည့်ဖို့ အခွင့်​အ​ရေး မရှိလောက်ဘူး၊  ကျုပ်တို့ နှစ်ယောက်တည်း ထားသွားဖို့ တစ်ပြားသားမှမလျော့ဘဲ ရုပ်ရှင် သွားကြည့်တယ်လေ။ ဘာပဲဖြစ်​ဖြစ်​ပါ....သူ အိမ်မပြန်လာခင်အထိ ကျုပ်တို့နှစ်ယောက် အကြာကြီး လှုပ်ရှားလို့ရတာပဲ"

အသစ် ပြီးတော့ ကျွန်တော် မုန်းတီးခဲ့တဲ့ နောက်ဆုံး သတိထားမိခြင်းတွေ ပြန်တည်ဆောက်လာခဲ့ပြီပဲ။ ဟိုးအရင်က မင်းနိုင်ဦး လေသံတွေ ပြန်ကြားရသလိုပဲ ....ကျေးဇူးပါ ကိုကြီးရေ။ လုပ်ချင်တာလုပ်ပြီးရင် လပြည့် အိမ်ပြန်မရောက်ခင် ပြန်ဖို့အချက်ပြလိုက်တာပါပဲ။ ရုတ်တရက်ဆိုသလို ကိုကြီး အ၀တ်တွေကို အကုန်ချွတ်ပြီး ယခုရပ်နေတဲ့နေရာကနေ ခွာသွားတာကို ကျွန်တော် မစောင့်နိုင်ဘူးဖြစ်နေတယ်။ ပဟေဠိဆန်သော လပြည့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ဘာလဲ မှန်းဆဖို့ဆိုတာကတော့ နောက်တစ်ကြိမ်ပေါ့။

  ကျွန်တော် တိုက်ခန်းတံခါးကို တွန်းဖွင့်ပြီး ၀င်လိုက်တဲ့နောက် ကိုကြီးက တံခါးလော့ခ်ျလုပ်ပစ်လိုက်တယ်။ ပြီးတော့ သူဝတ်ထားတဲ့ ဘောင်းဘီကို ကြမ်းပြင်ပေါ်   လျောကနဲ ချွတ်ချလိုက်ကာ ကျွန်တော့် လက်ကိုဆွဲကိုင် သူ့အိပ်ခန်းထဲ ခေါ်သွားပါရဲ့။

`ဘယ်သူက ဘယ်သူ့ကို အရင်လုပ်တယ်ဆိုတာအပေါ် ကျုပ်တို့ အငြင်းအခုန်မလုပ်ကြရအောင်ဗျာ၊ အစပိုင်းကတော့ sixty-nine ကစားပွဲလုပ်ကြတာပေါ့၊ နောက်မှ ဒချိ ကြမယ်´

`ဗျို့....လေသံက ကျနော့်အတွက် အစီအစဉ်​ ဆွဲထားသလိုပဲ´
အစပိုင်းကတော့ တစ်ယောက်ကို တစ်ယောက် ရင်းရင်းနှီးနှီး ဖက်ကြမယ်၊ နည်းနည်းတော့ ရင်ခြင်းအပ်ကာ နမ်းကြမယ်ပေါ့ ​နောက်​ဆုံး ပန်းတိုင်ကြီးမရောင်ခင်၊ ဒါပေမဲ့ ကိုကြီးက အဲ့သလိုအတွေးမျိုးစိတ်ထဲမရှိဘူး တိုက်​ရိုက်​ပဲ တဲ့တိုး။ ကျွန်တော် ၀တ်ထားသမျှ အ၀တ်တွေကို ချွတ်ပြီး ကုတင်ပေါ်တက်လာဖို့ ကိုကြီးက ခြေကားယားလက်ကားယားနဲ့ အ၀တ်မဲ့လှဲကာ စောင့်နေတယ်လေ။ ပေါင်ကြားက သူ့ငပဲက မာပြီး မတ်ထောင်နေပြီးသားဆိုတာ တွေ့လိုက်ရတော့ အံ့အားသင့်​ပြီး ခဏကြည့်နေမိတယ်။ ၇လက်မ၀န်းကျင်ရှည်ပြီး ထိပ်အရေပြားမဖြတ်ထားဘူးဗျ။ ကျွန်တော့် ပစ္စည်းကလည်း ပြိုင်ဘက်ကင်း အဲ...ထိပ်အရေပြားတော့ဖြတ်ထားတယ်။

ကျွန်တော်တို့တွေ အတွေ့အကြုံက အတော်အတန်ရှိပြီးသားဖြစ်တာကြောင့် အဆုံးစွန်ကိစ္စကို နှစ်ကြိမ်လောက် ရောက်ဖို့ မတုန့်ဆိုင်းတော့ဘူး။ ထိုစဉ်မှာ ကိုကြီးက Lube နဲ့ Condom တွေထုတ်ယူလာတယ်။ သူ...အာ....ကျွန်တော့်ကို doggie style နဲ့ အရင် အ..လုပ်တယ်။ သူပြီးတာကလည်း ပြီးပြီလို့ပြောတာထက်မြန်ပါတယ်။ ကြည့်ရတာ သူ့ကိစ္စလည်းပြီးရော လက်ရှိကိစ္စအပေါ် သိပ်စိတ်မ၀င်စားတော့သလိုပဲ။ ကျွန်တော့် အတွက် B နေပေးရမယ့်ကိစ္စကျတော့ သူ့ဘ၀မှာ အတော်ကြီးကျယ်တဲ့ လုပ်​ရပ်​ကို လုပ်နေရသလို လုပ်နေခဲ့တယ်လေ။ အော်....သူက ချစ်တာ...မေတ္တာ ဆိုတာတွေထက် အရင်က ကျွန်တော့် စရိုက်အတိုင်းပါပဲလား။ ၀မ်းသာပါတယ်.. ...ဒီတော့လည်း အချစ်ဆိုတာ အပြောင်းအလဲ တစ်ခုကို ဖော်ဆောင်မယ့် အတွေးအခေါ်သက်သက်ပဲပေါ့....အစပျိုး ပွတ်သပ်နမ်းရှုံ့တာလည်း မလုပ်၊ ရှင်းမပြနိုင်သော အကြောင်းပြချက်အချို့အတွက် လပြည့်ကို တွေးနေမိတာပါ၊ကျွန်တော် သူ့ကိုအနမ်းပေးခဲ့တယ်ဆိုတဲ့ ဆန္ဒ။

ကျွန်တော်လည်းပြီးရော ကိုကြီးလိုပဲ သွက်နိုင်သမျှ ခပ်သွက်သွက်လေး သန့်ရှင်းမှုလုပ် အ၀တ်အစား ၀တ်ကာ ထွက်လာလိုက်တယ်။ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ တစ်ယောက်ကို တစ်ယောက် မမေးမပြောကြပါဘူး။ နှစ်ယောက်စလုံးက တစ်ယောက်ရဲ့ စိတ်မ၀င်စားမှုကို အခြားတစ်ယောက်က အာရုံရ ခံစားမိခဲ့ကြတယ်။

    အိမ်ကို ကားမောင်းပြန်လာရင်း ကျွန်တော် ကိုယ်ကိုယ့်ကိုယ် ကတိတစ်ခုပေးခဲ့တယ်။ မနက်ဖြန် နေ့လယ်စာ စားချိန် လပြည့်ကို ဖွင့်ပြောပြတော့မယ် ကျွန်တော်နဲ့ သူ့ အစ်ကို ဘာမှ အထူးတဆန်း မဖြစ်ခဲ့ဘူးလို့။ အဓိက အကြောင်းပြချက်ကတော့ ကျွန်တော် လပြည့်ကို ရူးရူးမူးမူး ချစ်နေလို့ပဲ။ လပြည့်က ဘယ်လိုတုန့်ပြန်မလဲဆိုတာတော့ ကျန်တော် မတွေးတတ်ဘူး။ ဒါပေသိ ဟန်ဆောင်မျက်နှာဖုံး တပ်ခွင့်မရှိချင်ပါ။

နောက်နေ့ နံနက် ပထမဆုံး ကော်ဖီသောက်နားချိန် လပြည့်က ကျွန်တော့်ကိုပြောတယ် သူရေချိုးနေတုန်း ကိုကြီးက အပြင်ထွက်သွားတာဆိုတော့ မနေ့ညက ချိန်းတွေ့တဲ့ကိစ္စအကြောင်း ကြားချင်လှပြီ နေ့လယ်စာစားချိန်အထိ မစောင့်နိုင်တော့ဘူးတဲ့။ ကျွန်တော်လည်း နေ့လယ်စာစားချိန်အထိ အချိန်ဆွဲထားချင်ပေမယ့် တချိန်တည်းလိုလို ရင်ထဲမှာ စိုးရိမ်ကြောင့်ကြစိတ်တွေ အပြည့်ဖြစ်နေမိတယ်။

အလုပ်နားက စား​သောက်​ဆိုင်​မှာ ထိုင်မိကြတော့ လပြည့်က စိတ်အားထက်သန်စွာနဲ့ မေးပါရော `အလားအလာကောင်းတယ်မလား ဘော့စ်´

`အလားအလာကောင်းတဲ့ ကိစ္စမဟုတ်ပါဘူးကွာ.....။ မင်းအစ်ကိုကို ပြောရမှာတော့ အားနာပါတယ်။     အကိုတို့က တကယ့်ကို သဟဇာတမဖြစ်တာပါ။ အကိုက အချစ်ကို လိုချင်တာ ချစ်သူထားချင်တာ၊ ကိုကြီးက ONS ညအိပ်အဖော်တစ်ယောက်ပဲ လိုချင်နေခဲ့တာလေ။´

လပြည့်မျက်နှာကို တိမ်မည်းတွေဖုံးသွားတယ်။ "Gee.....ညီကြားရတာတောင် မုန်းလာပြီ။ အကိုတို့  တစ်ယောက်အတွက် အခြားတစ်ယောက်က တကယ့်ကို Perfect ဖြစ်လွန်းတယ်လို့ ညီထင်ခဲ့တာဗျ"

     `ငါ့အတွက်​ perfect ဖြစ်မယ့်လူဟာ မင်းပဲ လပြည့်။ ငါဟာလည်း မင်းအတွက် ပြီးပြည့်​စုံမယ့်လူပဲ။ ဘာကြောင့် မင်းက straight ဖြစ်နေရတာလဲ။ ကိုကြီးနဲ့ လုပ်နေတုန်းကလည်း မင်းရယ် ငါရယ် ချစ်ပွဲဝင်ဖို့ပဲ တွေးနေခဲ့တာ။ တစ်ကြိမ်တစ်ခါအတွက်ပဲ မဟုတ်​ဘူးနော်။ တာ့တာပဲ။ တစ်ဘ၀လုံးအတွက် ရည်ရွယ်တာ။ မင်းနဲ့အတူ ရှိချင်တယ်၊ အတူအိပ်ချင်တယ်၊ နံနက်ခင်းတိုင်း အတူနိုးချင်တာ၊ မင်းနေမကောင်းရင် ငါပြုစုမယ် ဂရုစိုက်ပေးချင်တယ်၊ ဒါပေမဲ့ အဲဒါ ငါ ဘယ်တော့မှ မဖြစ်နိုင်ဘူးပေါ့။´

"Oh my God" လပြည့်တစ်ယောက် ငါတွေ မင်းတွေနဲ့ ရုတ်တရက် ကျွန်တော့် ရင်ဖွင့်သံကိုကြားပြီး ဘုရားတပါရော။

"ညီ...ဘာပြောရမှန်းမသိတော့ပါဘူး၊ ဒါပေမဲ့ ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်ပါတယ်။ ပြောနေကြတာ နေ့လယ်စာ နားချိန်ထဲက နာရီဝက်လောက် ကုန်​သွားပြီဆိုတော့ ခဏရပ်ထားကြမယ်။ အလုပ်ဆင်းချိန်ကြရင် တနေရာရာသွားပြီး အဲ့ဒီအေကြာင်း ညီတို့ဆွေးနွေးကြတာပေါ့။ အခုတော့ လုပ်စရာအလုပ်တွေ နည်းနည်း​လောက်​ ဖြတ်ကြရအောင်။´ ကျွန်တော့်လက်ကို ကိုင်ပြီး အေးဆေးငြင်သာ စကားဆိုတယ်။ အနည်းဆုံးတော့ လပြည့်က ကျွန်တော့်ကို ပစ်ပစ်ခါခါ မလုပ်ဘူးဘဲ.....ဟင်း..။

ရုံးခန်းကိုပြန်တဲ့လမ်းမှာ ကျွန်တော် လပြည့်ကို စကားစကြည့်တယ်။ `အစ်ကို.....မင်းနဲ့ နီးနီးကပ်​ကပ်​ နေမယ်၊ လန့်တော့မသွားနဲ့ဦး.....အလုပ်ကအပြန် အစ်ကို့အိမ်ကို လိုက်နိုင်မလား? ညစာအတွက် ဟင်းတွေအများကြီး ပြင်ဆင်ထားလို့ပါ။ အကောင်းဆုံးကကွာ...အစ်ကိုတို့နှစ်ယောက် သီးသန့်စကားပြောလို့ရမယ်၊ ကြားဖြတ်နှောင့်ယှက်မယ့် ကိစ္စတွေကို မကြုံရတော့ဘူးပေါ့။´

 `အာ....အလွန်သဘောကျ ပေါ့ဗျာ....ညီလိုက်ခဲ့မယ်´ လပြည့် ပါးချိုင့်ပေါ်အောင်ပြုံးပြီး ကျွန်တော့်ကို စကားပြန်တယ်ဗျ။

   ဘာအကြောင်းပြချက်အတွက်ပဲဖြစ်ဖြစ် ညစာစားနေချိန်တလျောက်မှာ ကျွန်တော်တို့တွေ လတ်တလော အနေအထားရော အခြေအနေကိုရော ဘာမှ စကားမစ မပြောကြဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိ ရာပေါင်းများစွာသော အခြားအကြောင်းအရာတွေကို ပေါက်ပေါက်ဖောက်ကြပါတယ်။ နောက်ဆုံး ညစာကိုအဆုံးသတ်ရင်း ဆေးကြောစရာ ပန်းကန်တွေလည်း ဆေးစက်ထဲထည့်လိုက်တာပေါ့။ လပြည့်လေ....ကျွန်တော့် လက်ကိုဆွဲကိုင်ပြီး ဆိုဖာရှိရာခေါ်ဆောင်ကာ ဘေးခြင်းကပ်ထိုင်ချလိုက်တယ်။

´ညီတို့နှစ်ယောက် လင်မယားတွေလို လုပ်ခဲ့တာပဲ ဒီည´

`အစ်ကိုသိတယ်....ညီသိတာထက်ပိုပြီး အစ်ကိုသဘောကျတယ်´ လပြည့်ပြောတဲ့ စကားလုံးအတိုင်း ပြန်ပြောလိုက်တယ်လေ။ ဘာကြောင့်မှန်းမသိ အဲ့ဒီစကား တကန့်က နှစ်ယောက်စလုံးအတွက် အထူးအဓိပ္ပါယ်ဆောင်နေတာပါ။

`အခု အစ်ကို့ကို ပြောပြတော့ကွာ....´ ကျွန်တော် အသာအယာ တောင်းဆိုလိုက်တယ်။

`ညီပြောလို့ မပြီးမခြင်း စကားဖြတ်မပြောဘူးလို့ အစ်ကို ကတိ​ပေးပါ ´

`အစ်ကို.. .ကတိပေးတယ်။ ´

 `ကိုကြီးက သူ့ကိုယ်သူ ဂေးဆိုတာ လူပျိဖော်ဝင်ချိန်ကတည်းက သိခဲ့တယ်။ အဲဒါကို ဖုံးကွယ်​ဖို့ ဘယ်တုန်းကမှ မကြိုးစားဘူး။ ညီ့ကိုယ်ညီတော့ Straight တစ်ယောက်လို့ အမြဲစဉ်းစားတယ်ဗျ။ ဘယ်နည်းနဲ့မဆို တက္ကသိုလ်​စတက်တဲ့အချိန်ထိ ညီ Virgin တစ်ယောက်ဖြစ်ခဲ့တယ်။ ကျောင်းတက်တဲ့ မြို့မှာက အမျိုးအိမ်ရှိတယ်ဆိုတော့ အဆောင်နေကျောင်းသား အတွေ့အကြုံ မရှိခဲ့ဘူးပေါ့။ အဲ့အချိန်က မိန်းကလေးတွေနဲ့ လိင်ဆက်ဆံဖို့ သုံးကြိမ်လောက် အခွင့်​အ​ရေးတွေရခဲ့သော်ငြားလည်း မလုပ်ဖြစ်ဘူး။ လိင်တံ မာကျောဖို့ အခက်​အခဲ တွေ့နေလို့မဟုတ်ဘူးနော် လိုသလိုသုံးလို့ရတယ်။ နောက်ဆုံးတော့ နံရံကို လက်သီးနဲ့ ထိုးရင်း ကိုယ့်စိတ်ကို အရှုံးပေးလိုက်မိတာလေ။ နောက်ထပ်တော့ အခွင့်​အလမ်း ကြုံဆုံတာမရှိတော့သလို ကိုကြီးလိုပဲ ဂေးတစ်ယောက်ဖြစ်နေလား စဉ်းစားတုန်းပါ။ ရလဒ်​ကတော့ အခုအချိန်ထိ လူပျိုစစ်နေသေးတာပဲပေါ့။ ကျွန်တော့် လိင်ဆန္ဒကို မိန်းကလေးတွေနဲ့ ဖြေဖျောက်ဖို့ ၀န်လေးသလို ရယ်​စရာ လိုဖြစ်နေတယ်။ ယောက်ျားလေးတစ်ယောက်နဲ့ ချစ်ပွဲဝင်ဖို့ကြတော့လည်း အလွန့်ကို ကြောက်လန့်နေမိတာဆိုတော့ အခြားကိစ္စတွေကိုကော မဖန်ဖြစ်တော့ပါဘူး။´

ကျွန်တော် အသက် လေးဆယ့်သုံးနှစ်အရွယ် တကယ့် လူပျိုစစ်စစ်တစ်ယောက်နဲ့ စကားပြောနေရတာကို မယုံနိုင်ဘူးဖြစ်ရတယ်။ ကျွန်တော် တစ်ခုခုကို ပြောလိုက်ချင်ပေမယ့် ကြားဖြတ်​ဝင်​ မပြောဘူးလို့ ကတိပေးထားတာကြောင့် လပြည့်ဆက်ပြောတဲ့စကားတွေကို နားထောင်ဖို့ ငြိမ်နေလိုက်တာပါပဲ။

  ` ရံဖန်​ရံခါ ကိုကြီး သူ့ပါတနာ တစ်ယောက်ယောက်နဲ့ အိပ်ခန်းထဲ ၀င်သွားသံကြားရချိန်ဆို ညီ့စိတ်တွေ အလွန်ထန်မိတယ် တကယ်ပါ။ လိင်တံ မတ်ဖို့ မာဖို့ဆိုတာလည်း အလွယ်​တကူဆိုတော့ လက်သမားလုပ်ပြီး အဆုံးသတ်ရတာပဲ။ တခါတလေ အားပြန်ဖြည့်ချိန်တောင် ယူစရာမလို ဒုတိယအကြိမ် သုက်ရည် ပန်းထုတ်ရသေး။ လအနည်းငယ်လောက်က ကိုကြီး အပြင်ထွက်သွားတုန်း သူ့အခန်းထဲ တီဗီစဉ်အောက်က အံဆွဲထဲ သူသိမ်းထည့်ထားတဲ့ DVD တွေမွှေကြည့်မိတယ်။ ခွေအများစုဟာ အမျိုးသား အသားပေး ရုပ်ရှင်တွေကြီးပဲဗျ။ တစ်ခွေလောက်ဆွဲထုတ်ပြီး ဖွင့်စက်ထဲ ကျွန်တော်ထည့်လိုက်တယ်။ ဘ၀မှာ အဲ့အချိန်လောက် turn-on မဖြစ်ခဲ့ဖူးဘူး။ ညီ....ညီကလည်း ဂေးပဲဆိုတာ အဲ့အချိန်အခိုက်အတန့်လေးမှာ သတိပြုမိရတယ်။ ပို.....ပိုပြီး အရေးကြီးတာက ညီ....အစ်ကို့ကို ချစ်တယ်။ စတွေ့ချိန်ကတည်းက အစ်ကို့ကို ချစ်မိခဲ့တယ်။ ´

လပြည့် စကားပြောနေရင်း ရပ်သွားတယ်။ သူ့မျက်ဝန်းတွေကို မှေးမှိတ်လိုက်ပြီး လက်ခုံနဲ့မသိမသာ သုတ်တယ်။ ပြီးတော့ ခပ်တိုးတိုး ရှိုက်ငိုတော့တာပဲဗျာ။

ကျွန်တော် သူ့ပခုံးအစုံကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ရင်း လက်ဖ၀ါးထဲ မျက်နှာအပ်ထားတဲ့ လပြည့်မျက်နှာလေးကို အသာမော့စေလိုက်တယ်။ သူ့မျက်ရည်စီးကြောင်းတလျှောက် ကျွန်တော် အနမ်းဖွဖွ စပေးမိတာပေါ့။ လပြည့်က ကျွန်တော့် နားအနားကပ်ကာ `ညီ.....virgin တစ်ယောက်အဖြစ် မနေချင်တော့ဘူး။ ညီနဲ့ ချစ်ပွဲဝင်ပေးပါလား အစ်ကိုရာ´လို့ပြောတယ်ဗျ။

ကျွန်တော် နှစ်လိုလက်ရ ပြုံးလိုက်ရင်း လက်ဖ၀ါးနဲ့ လပြည့်မျက်နှာကို အသာအယာ ပွတ်ပြီး ပါးကို ညှစ်လိုက်တယ်။

 `အ၀တ်တွေကို ချွတ်........အစ်ကိုနဲ့ ရေအတူချိုးရအောင်´

Epilogue

  ကျွန်တော်တို့တွေ ​ရေချိုးခန်းမ၀င်ခင် အ၀တ်မဲ့ခန္ဓာကိုယ်ခြင်း ဖိကပ်ကာ ထွေးဖက်မ၀ဖြစ်နေကြပါတယ်။ ကျွန်တော် လပြည့်ရဲ့ မျက်ခွံများ ၊ ပါးပြင်များ၊ သူ့ နားရွက်တွေနဲ့ နောက်ဆုံး နှုတ်ခမ်းတွေကို အနမ်းပြင်းပြင်းပြပြ ဆက်ပေးတာပါပဲ။ ခပ်စေ့စေ့ဖြစ်နေတဲ့ လပြည့်နှုတ်ခမ်းလွှာတွေကို ကျွန်တော့်လျှာဖျားနဲ့ ထိုးခွဲလို့ အတွင်းထဲဝင်လိုက်တာ သူ့လျှာနဲ့ တို့ထိမိရင်း ကကွက်ဆင်ကြပါတယ်။ အနမ်းပန်း ဆက်ချွေနေရင်းမှ လပြည့်က ` အစ်ကို့ကို ညီအရမ်းချစ်တယ်ဗျာ။ ဘာကြောင့် အစ်ကို့ကို ဖွင့်ပြောဖို့ လန့်နေရလဲမသိဘူး။ ညီက ဘာဆိုတာ ပြောပြပြီး ဒီလိုပွေ့ဖက်ဖို့ ကြောက်နေတာများလား။ အစ်ကိုနဲ့ ညီ့ ကိုကြီး ပြဿနာ မဖြစ်လောက်ဘူးနော်။´ လို့ခပ်တိုးတိုးပြောတယ်။ ကျွန်တော် အသာခေါင်းရမ်းပြလိုက်တာပေါ့။

 နောက်ဆုံး ကျွန်တော်တို့ ရေချိုးခန်းထဲဝင်ကြတယ်။ `အကိုလုပ်တတ်တာလေးတွေ လုပ်ခွင့်ပြုမယ်မလား။ ညီ တွေးထင်ထားတဲ့ သာယာမှုထက်သာအောင် အစ်ကိုလုပ်ပေးနိုင်မှာပါ´

     ပထမ ဒူးထောက်လိုက်ပြီး လပြည့်ငပဲကို စေ့ငုကြည့် ကိုင်တွယ်ကြည့်လိုက်တယ်။ လပြည့်ငပဲဟာ သူ့အစ်ကိုငပဲလို ထပ်တူ စံချိန်​မီ ပစ္စည်းပါပဲ။ တဖြည်းဖြည်း ထွားပြီး မတ်လာချိန်မှာတော့ ကျွန်တော် ငပဲအနှံ့သာမက တစ်ကိုယ်လုံး ဆပ်ပြာမြုပ်တွေဖွေးဖွေးလှုပ်အောင် တိုက်ပေးပစ်တယ်လေ။ စိတ်ရှည်လက်ရှည် ထိပ်အရေပြားကို နောက်ပြန်ဆွဲ ဆပ်ပြာမြုပ်နဲ့ ၀ိုက်ကာ ၀ိုက်ကာ ပွတ်သပ်ကစားရင်း ရွှေဥတွေပါ ပွတ်သပ်ပစ်တယ်။ လပြည့်ရဲ့ ခန္ဓာကိုယ် နောက်ပိုင်းတွေစီ အလှည့်​ကျပြန်တော့ တင်သားအကွဲကြောင်းတလျောက်ကို သေချာသန့်စင်ပေးရင်း သူ့ခရေ၀ကို လက်ချောင်းတစ်ချောင်းနဲ့ စမ်းထိကြည့်ရတာပေါ့။ လပြည့် မူးမေ့မိန်းမောမသွားဖို့ ကြိုးစားထိန်းရင်း သာယာနေတယ်။

  ကျွန်တော် ရေချိုးခန်းနံရံကို လက်နှစ်ဖက်ထောက်ပြီး တင်ပါးအစုံကို နောက်နည်းနည်း ပစ်လိုက်ပါတယ်။ ခရေ၀တ၀ိုက်ကို ဆပ်ပြာမြုပ်နဲ့ ကောင်းကောင်းသုတ်လိမ်းထားသလို လပြည့်ရဲ့ ငပဲကိုလည်း ဆပ်ပြာရည်တွေ တစက်စက်ဖြစ်အောင် လိမ်းထားခဲ့ပြီလေ။

"Fuck me," ကျွန်တော် အမိန့်ပေးခဲ့တယ်။
"ခပ်ဖြေးဖြေး သွင်းနော်"

လပြည့်က ကျွန်တော့် သဘောအတိုင်းလိုက်လျောလုပ်ဆောင်ပါတယ်။ သူ့ငပဲကြီးတစ်ခုလုံး ကျွန်တော့် တင်သားဆိုင်တွေကြား မြုပ်သွားချိန်မှာတော့ လပြည့်ကိုယ်လုံးက တဆတ်ဆတ်တုန်တယ်။
"ဒီလို.....ဒီလိုလုပ်တာ တကယ်​ပဲ နှစ်သက်ဖို့ကောင်းတယ်နော်...အ´
`ညီတို့ အတူနေရတဲ့ ညတွေတိုင်း လုပ်ကြစို့ဗျာ...."
 `အင်း....ရည်​မှန်းချက်​တစ်ခုထားကြတာပေါ့ကွာ´
   
ရုတ်တရက်ဆိုသလို လပြည့် အသက်ရှူ သံတွေ မြန်လာပြီး..နောက်`ညီ....ညီ.....ပြီးတော့မယ်.. ..အပြင်...အပြင်ကို ဆွဲထုတ်လိုက်ရမလား´လို့ မသဲမကွဲ ပြောသဗျ။

`မလုပ်နဲ့.. ....အကုန်​လုံး အတွင်းထဲမှာပဲ ပန်းထည့်လိုက်´ ကျွန်တော် ပြောတဲ့အတိုင်း ကျင်းစိမ်နိုင်သမျှစိမ်ဖို့ သူကြိုးစားပါတယ်။

သူ့ငပဲ လုံးဝပျော့ပြီး ကျွတ်ထွက်သွားချိန်မှာတော့ `အစ်ကို.. ...အစ်ကို့ငပဲကို -ုပ်ချင်တယ်၊ ပြီးတော့.....ညီ့ကို ပြန်-ိုးပေးပါလား´တဲ့။

"မင်း......သေချာလို့လား....ချစ်ဆုံး"
" ညီ တစ်​စုံတစ်​ခုအတွက် သိပ်သေချာတယ်ဆိုတာ မရှိခဲ့ဖူးဘူး။ အစ်ကိုက ညီ့ရဲ့ ဘ၀မှာ ဗလာဖြစ်နေတဲ့ ဟာကွက်ကို ဖြည့်ဆည်းပေးခဲ့တယ်နော်။ အစ်ကို့အတွက် ညီတစ်ခုခုလုပ်ပေးမယ်ဗျာ။"

"အစ်ကို.....အစ်ကို တစ်ခုလေးပဲ တောင်းဆိုပါရစေ" ကျွန်တော် ခပ်တိုးတိုး စကားဆိုလိုက်ရဲ့။

"ဘာ တစ်ခုခုများ...."

 "Love me."

 "Love me back," လပြည့်က အသံခပ်တုန်တုန်နဲ့ စကားပြန်ပါရော။

ကျယ်ပြောတဲ့ အာကာသ ကျွန်တော်တို့ အမည်ပေးထားတဲ့ စကြ၀ဠာထဲဝယ် အံ့​သြဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမျိုးသားနှစ်ဦး မွတ်သိပ်သော အချစ်စိတ်အတွက် သူတို့မျက်လုံးတွေကို ဖွင့်ထားခဲ့ရင်း မက်ခဲ့သော အိပ်မက်များကို ကျေနပ်စွာ ခံစားနေခြင်းဖြစ်ရပ်ပါ။


Alex Aung (18 August 2018)

No comments: