Friday, June 26, 2020

ရောထွေးနေတဲ့ လက်ထပ်ခြင်း (MIXED ORIENTATION MARRIAGES)

ရောထွေးနေတဲ့ လက်ထပ်ခြင်း (MIXED ORIENTATION MARRIAGES)


“ကျွန်တော်က အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားသူဖြစ်ပေမယ့် လိင်တူခြင်းကြိုက်နှစ်သက်တဲ့ ဂေးတစ်ယောက်ဖြစ်နေတယ်။ ကျွန်တော် ဘာလုပ်သင့်ပါသလဲ ဆရာ။”

အမှန်တကယ်ပြောရရင် ကျွန်တော်က လိင်တူခြင်းကြိုက်နှစ်သက်သူ ဂေးအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီး တစ်ယောက်ကို လက်ထပ်ထားပြီး သူနဲ့ရတဲ့ ကလေးတွေလည်းရှိပါတယ်ခင်ဗျ။ ကိုယ့်ကိုယ်ကိုယ် ဂေးဆိုတာ သေချာဆန်းစစ်မိချိန် အတော့်ကိုအချိန်နှောင်းခဲ့ပြီလို့ ပြောရပါမယ်။ ဘဝတစ်ခုကို အတူထူထောင်ထားခဲ့တာဆိုတော့ သူမကို ကွာရှင်းဖို့၊ စွန့်ခွာဖို့လည်း မလုပ်ချင်သလို ဂေးတစ်ယောက်ပီပီသသလည်း ကျွန်တော်ဖြစ်ချင်ပြန်ပါတယ်။ သည်ကိစ္စက ဖြစ်နိုင်ရဲ့လား ဒါမှမဟုတ် အဲသလို ဆုံးဖြတ်လိုက်ရင် ကျွန်တော်ဟာ တစ်ကိုယ်ကောင်းဆန်သူဖြစ်နေမလားဗျ။ လူတိုင်းလိုလိုအတွက် အကောင်းဆုံးတွေဖြစ်စေချင်ရုံ ဆိုပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော် အမှန်တရားကို ရင်ဆိုင်ဖို့လည်းလိုနေတယ်လို့ ခံစားရပါတယ်။

~ ကျော်ကျော် (ရွှေညာမြေ)

မင်္ဂလာပါ ကျော်ကျော် 

ဟုတ်ကဲ့…

ဟုတ်ကဲ့….အကုန်လုံးဖြစ်နိုင်တာချည်းပါပဲ။ စုံတွဲတွေအတော်များများကတော့ လမ်းမခွဲဖြစ်ကြတာများပါတယ်။ အဲသလိုလုပ်ကြတာပါ။ အဓိကပြဿနာအဖြစ်ပြောနိုင်တာက ခင်ဗျားတို့နှစ်ယောက်စလုံးကို ဝေဖန်ပစ်တင်ကြမယ့် လူအများစုကိုပါ။ သည်လိုကိစ္စအပေါ် လူတွေမှာ အမြင်အမျိုးမျိုးရှိကြပါတယ်။ လိင်တူကြိုက်နှစ်သက်သူတွေတွေးထင်တာက ဖွင့်ဟဝန်ခံပြီး လင်မယားကွာရှင်းခြင်းလုပ် သင့်တယ်လို့။ တနည်းအားဖြင့် ခင်ဗျားအနေနဲ့ သာမန်မိန်းမတစ်ယောက် တစ်မျိုးပြောရရင် လိင်ကွဲကြိုက် အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ညားကွဲ လက်ထပ်ခြင်းဖြစ်စဉ်တစ်ခုမှာ ခြေချမိနေပြန်ပြီပဲလို့ လိင်တူကြိုက်သူ(gay) များက ထူးမခြားနား ထင်မြင်ချက်ပေးကြ မှာပါ။ လိင်ကွဲကြိုက်နှစ်သက်သူ သာမန်အမျိုးသားများအနေနဲ့တော့ အမျိုးသမီးအနေဖြင့် ခင်ဗျားကို ကွာရှင်းသင့်ပြီး သူမရဲ့ ‘ဖိုမသဘာဝ ဘဝ’ကို ပုံမှန်အတိုင်းပဲဖြတ်သန်းသင့်ကြောင်း၊ ခင်ဗျားနဲ့ မိတ်ဆွေအဆင့်ဆက်ဆံရေးအဖြစ်သာ ဆက်လက်ဆက်ဆံဖို့လိုကြောင်း တွေးထင်ကြမှာ အသေအချာပါပဲ။ သူတို့တွေ နှိုင်းယှဉ်ဝေဖန်ပိုင်းခြားကြတာက အိမ်ထောင်ရှိ ဂေး လင်ယောက်ျားများဟာ ဘာကြောင့်များ အဦးဆုံးအကြိမ် ပထမနေရာမှာပဲ လက်ထပ်ဖြစ်ခဲ့ကြတာလဲလို့။ အခြားသူများက ခင်ဗျားတို့လို စုံတွဲများအနေဖြင့် နှစ်ဦးသားဆက်ဆံရေးကို ထိန်းသိမ်းထားလိုစိတ်ရှိကြသေးရင် ဒါမှမဟုတ် ဆက်လက်လက်တွဲဖို့ဆုံးဖြတ်ရွေးချယ်လိုက်ကြရင် ပတ်ဝန်းကျင်ကိုမေ့ထားပြီး ပန်းတိုင်တစ်ခုကိုရောက်အောင် အတူဆက်ပြေးကြရန် ချင့်ချင့်ချိန်ချိန် ဆုံးဖြတ်ချက်ပေးကြပါလိမ့်မယ်။

သည်ကိစ္စအတွက် ကျွန်တော့်အမြင် ကျွန်တော့်ဆုံးဖြတ်ချင်ကို ခင်ဗျားသိချင်လို့ စာရေးလာတယ်လို့ယူဆမိတာကြောင့် လက်တွဲဖော် အမျိုးသမီး/ဇနီးကို ဖွင့်ဟဝန်ခံဖို့ဆုံးဖြတ်နေချိန်ပဲဖြစ်ဖြစ်၊ ဆက်လက်လက်တွဲဖို့ဆုံးဖြတ်ထားရင်ပဲဖြစ်ဖြစ် သိထားသင့်တဲ့ အချက်အလက် အချို့ကို ပြောပြ ရေးပြပါရစေ။

လိင်တူခြင်းကြိုက်နှစ်သက်သူတစ်ယောက် သူ သို့မဟုတ် သူမရဲ့ အိမ်ထောင်ဖက်ကို ဖွင့်ဟဝန်ခံချိန်မှာ အဆင့်ဆင့်သော ဘယ်လိုစိတ် ခံစားမှုတွေကို ဖြတ်သန်းရမလဲဆိုတာ ရိုလာကိုစတာတစ်ခုစီးနင်းချိန်မှာခံစားရတဲ့ စိတ်အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြရမလားဘဲဗျာ။ မကြာခဏဆိုသလို နှိမ့်ချ နိမ့်ကျ၊ ရန်တုန့်ပြန်ခြင်း၊ မျှော်လင့်ချက် ခံစားချက်အသစ်ပြန်ဖြစ်ခြင်း၊ ဒေါသနဲ့အတူ အဆုံးသတ်မှာ ပြန်ဖြေရှင်း ရခြင်းဆိုတဲ့ စိတ်ခံစားချက် အတက်အဆင်းများဖြစ်ပါတယ်။ အိမ်ထောင်ဖက်စုံတွဲတိုင်းဟာ စံပြဖြစ်နေဖို့ဆိုရင် အကွေ့အကောက်များတဲ့ မြေပုံတစ်ခုကိုကိုင်ဆွဲရင်း ရှုပ်ထွေးလှတဲ့လောကဓံအားဖြတ်သန်းကြရတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုဖြစ်နေကြောင်း သတိချပ်ရပါမယ်။ ချွင်းချက်ဖြစ်နေတဲ့ လိင်စိတ်တိမ်းညွှတ်မှုကွဲပြားနေသော စုံတွဲများအတွက်ဆိုရင် တစ်ယောက်ခံစားချက်ကို အခြားတစ်ယောက်က အာရုံရနေ အာရုံပြုနေဖို့၊ ပွင့်လင်းရိုးသားစွာ ပြောဆိုဆက်ဆံကြဖို့၊ ပြီးလျှင်တော့ အခြေခံစည်းမျဉ်းအဖြစ် တစ်ခုခုဆို အသိပေး သတင်းပေး လက်တို့ခြင်းပြုလုပ်ဖို့ရယ်၊ နှစ်ဦးသား အနာဂတ်အတွက် ကောင်းမွန်မျှတတဲ့ ဆုံးဖြတ်ချက်ချကြဖို့ဆိုသောအချက်များရှိ နေပါတယ်။

စိတ်သိမ်ငယ်ခြင်း (HUMILIATION: GAY SHAME)

လိင်တူကြိုက်အိမ်ထောင်ဖက်က သူဟာ လိင်တူခြင်းကြိုက်နှစ်သက်သူ ဂေးဖြစ်ကြောင်း ဖွင့်ဟဝန်ခံလာချိန် သာမန်လိင်ကွဲကြိုက် အိမ်ထောင်ဖက်အနေဖြင့် ဂရုစိုက်ဖို့အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ သူတို့အနေဖြင့် လိင်စိတ်တိမ်းညွှတ်မှုကွဲပြားသူခြင်း လက်ထပ်ထားတဲ့ အခြေအနေလျှို့ဝှက်ချက်အပေါ် တာဝန်ယူဖို့ပါ။ လိင်တူကြိုက် လင်ယောက်ျားတစ်ယောက်က ဇနီးကို သူ့လိင်စိတ်တိမ်းညွှတ်မှုအကြောင်း ဖွင့်ဟဝန်ခံချိန် စိတ်သိမ်ငယ်ရခြင်း၊ အရှက်တကွဲဖြစ်ခြင်းတွေ ဖြစ်ပွားပြီး နှစ်ဦးသား စိတ်နာကျင်ခံစားရမှု စတင်ပေါ်ပေါက်လာပါမယ်။

သည်အဆင့်မှာ အိမ်ထောင်ဖက်နှစ်ဦးစလုံး ရှက်စိတ်ဝင်၊ စိတ်သိမ်ငယ်ခြင်းဖြစ်သလို ခံစားကြရပါတယ်။ သာမန်လိင်ကွဲကြိုက် အိမ်ထောင်ဖက်အနေဖြင့် ကိုယ့်အပေါ်လိင်တူကြိုက်အိမ်ထောင်ဖက်က စိတ်ဝင်စားမှုအား ထိန်းမထားနိုင်မှုအပေါ် သူတို့ကိုယ်သူတို့ မကြာခဏအပြစ်တင်လေ့ရှိတာပါ။ စဉ်းစားသင့်တဲ့အချက်က သူတို့ရဲ့အိမ်ထောင်ဖက်ဟာ လိင်တူဆက်ဆံမှုတစ်ခုထဲကြောင့် စိတ်ပြောင်းသွားခြင်းမျိုးမဟုတ်သော တစ်စုံတစ်ရာဖြစ်တည်မှုအကြောင်းဖြစ်ပါတယ်။ သာမန်အိမ်ထောင်ဖက်ဇနီး (Straight Spouses) အနေဖြင့် လက်ထပ်ခြင်း အိမ်ထောင်ပြုခြင်းတစ်ရပ်ရဲ့ ကောင်းကျိုးရလာဒ် ပိုင်ဆိုင်ခဲ့ရသလား မပိုင်ဆိုင်ခဲ့ရဘူးလားဆိုတာကို အလားတူ ေမေးခွန်းထုတ်မိလေ့ရှိပါတယ်။

ကျွန်တော့်ရည်ရွယ်ချက်က သာမန်အိမ်ထောင်ဖက် (Straight Spouses) များအနေဖြင့် သူတို့ဘာမှ အထူးတလည်မလုပ်ဆောင်ခဲ့သလို သို့မဟုတ် မပြောဆိုခဲ့ သို့မဟုတ် သူတို့အိမ်ထောင်ဖက်တွေ လိင်တူကြိုက်အောင် ဘာမှမလုပ် သို့မဟုတ် ဘာမှမပြောခဲ့ပါဘူး ဆိုတာ နားလည်မိဖို့ ကူညီပေးချင်တာပါပဲ။ အစကတည်းက သူတို့အိမ်ထောင်ဖက်ဟာ LGBTs အခြေအနေအကြောင်းအရာတစ်ရပ်နဲ့အတူ အိမ်ထောင်ပြုခြင်းလောကထဲဝင်လာခဲ့တာလေ။

လိင်မတူကွဲပြားသူနဲ့ လက်ထပ်ခဲ့တဲ့ အိမ်ထောင်သည် ဂေးအမျိုးသား သို့မဟုတ် အမျိုးသမီးဟာ သူတို့အိမ်ထောင်ဖက်များကို ချစ်ပါတယ်။ အိမ်ထောင်ရှင် ဂေးများဟာ သူတို့စိတ်အတိုင်းပြုမူလျက် လက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်။ ထုံးစံအတိုင်းပြောရရင် သူငယ်ချင်း မိတ်ဆွေကောင်းဖြစ်နေပြီး မကြာခဏ သူ့အတွက်လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားစေခဲ့တဲ့….အဲ…လိင်ကိစ္စနဲ့ပတ်သက်ပြီး အားရစဖွယ် ကျေနပ်စဖွယ်ဖြစ်စေသူ လူတစ်ဦးတစ်ယောက်ကို ဘာမှမတွေး လက်ထပ်ဖို့လုပ်တာမျိုးပေါ့နော်။

လိင်ကွဲတွေနဲ့လက်ထပ်ထားသော ဂေးအမျိုးသားများဟာ တာဝန်ရှိခြင်းနဲ့ အပြစ်ရှိခြင်းဆိုတဲ့ ကိစ္စရပ်တွေအပေါ် ခံစားချက် ကြီးကြီး မားမားရှိတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်အပါအဝင် လူတိုင်းရဲ့နေထိုင်မှုဟန်ပန်ကို အနှောင့်အယှက်ဖြစ်နေစေခဲ့တဲ့ အဲသည် ခံစားချက်ကြီးကို ကျော်ဖြတ်ပစ်ဖို့ နှစ်အတော်ကြာအချိန်ယူရတယ်ဗျ။ ‘ငါ့အိမ်ထောင်ဖက်အပေါ် ဘယ်လိုများလုပ်နိုင်ခဲ့ပါလိမ့်?’ သူတို့အဖြေမသိပါ။ ‘သည်ကိစ္စက သူတို့အတွက် မတရားဘူး။ အကုန်လုံးဟာ ငါ့အမှားပဲ၊ ငါပဲခံစားသင့်တာပေါ့’ သည်စကားတွေဟာ အကြိမ်ကြိမ်အဖန်ဖန်ရွတ်ဖတ်မိနေတဲ့ ဂါထာမန္တရားတွေဖြစ်ပါတယ်။ တာဝန်ဝတ္တရားတစ်ခုအပေါ် ရာနှုန်း ၁၁၀ အပြည့်အဝယူခြင်းဖြင့် သူတို့ကိုယ်သူတို့ နှိမ့်ချ နိမ့်ကျစေပါရော။

ဟုတ်တယ်….သူတို့ မပွင့်မလင်း ဖွင့်ဟဝန်ခံခြင်းမပြုခဲ့တဲ့အတွက်ရယ်၊ ကိုယ်မနှစ်သက်နိုင်တဲ့ လိင်ကွဲတစ်ယောက်နဲ့ လက်ထပ်မှုကို မရှောင်ကြဉ်ခဲ့တဲ့အတွက်ရယ် တာဝန်သိသင့် တာဝန်ခံသင့်တယ်။

ဟုတ်တယ်….လိင်ကွဲကြိုက်အိမ်ထောင်ဖက်အနေနဲ့ သိသိကြီးနဲ့ သိလိုက်ရတယ်ဆိုတာ မဖြစ်သင့်ဘူး။

သို့သော် နောက်တစ်ကြိမ်ပြောရရင် လိင်တူကြိုက်အမျိုးသမီးနဲ့ လိင်တူကြိုက်အမျိုးသားများရဲ့ အိမ်ထောင်ဖက်များကို ကျွန်တော် စကားစမြည်ပြောကြည့်တဲ့အခါ သူတို့ဘက်မှာလည်း ပုဂ္ဂလိကဆိုင်ရာ ငြင်းဆန်ချက်တွေ ကောင်းကောင်းရှိနေတာတွေ့ရပါတယ်။ လူတစ်ဦးတစ်ယောက်က မိမိဘဝအတွက် အလုံးစုံလွှဲအပ်ယုံကြည်နိုင်မယ် သို့မဟုတ် တာဝန်ယူ တာဝန်ခံပေးနိုင်မယ့်သူအဖြစ် ယူဆမိလို့ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ခဲ့ကြခြင်းသည် ကံအားလျော်စွာ မတော်တဆမဟုတ်ကြောင်း မကြာခဏတွေ့နေရတာက အဖြေပါပဲ။

ကြင်စဦးကာလသို့ ပြန်လည်ခေါ်ဆောင်(THE HONEYMOON: BRINGING BACK THE INITIAL ROMANCE)

လိင်စိတ်တိမ်းညွှတ်မှုမတူသူခြင်း လက်ထပ်ထားသကဲ့သို့ ဖွင့်ဟဝန်ခံခြင်းရဲ့ နောက်တစ်ဆင့်က လူနှစ်ဦးနှစ်ယောက် အတူတကွ နေထိုင်ခြင်းဆိုတဲ့ အာမခံချက်အသစ်ဖြစ်ပါတယ်။ အိမ်ထောင်ဖက်နှစ်ဦးစလုံးဟာ အမှန်တကယ်တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးတယ်၊ နောက်ပြီး ကောင်းမွန်သောအကြောင်းပြချက်များနဲ့ အတူတကွလက်ထပ်ပေါင်းသင်းနေထိုင်လိုကြပါတယ်။ ဟိုးယခင်က တစ်ဦးနဲ့တစ်ဦး စိတ်ဝင်စားမှုပြင်းထန်သလို ငြိတွယ်စိတ်ဝင်လာကြတဲ့ မူလစိတ်အခြေတစ်ခုစီ ပြန်လည်ချဉ်းကပ်ပြီး ချစ်ကြင်နာမှုတစ်မျိုးပိုင်ဆိုင်လိုကြတယ်ပေါ့။

နှစ်ဦးသားရဲ့ လိင်စိတ်တိမ်းညွှတ်မှုမတူ ကွဲပြားခြားနားကြသော်လည်း အတူတကွနေထိုင်လိုကြတယ်။ ပြီးတော့ နှစ်ဦးစလုံးဟာ ချွင်းချက် မဲ့သော ချစ်ခင်မြတ်နိုးစိတ် ခံစားပိုင်ဆိုင်ကြပါတယ်။ စိတ်ထိခတ်လှုပ်ရှားမှုရေချိန်တစ်ခုမှာ တစ်ဦးကိုတစ်ဦး ဦးညွှတ်လို့ သူတို့လက်ထပ် ပေါင်းသင်းခြင်းအား ပြန်လည်ဆန်းသစ်ပါတယ်။

အမျက်ဒေါသ (RAGE: PROTESTING THE LOSS OF THE MARRIAGE)

သည်နေရာမှာတော့ နှစ်ဦးနှစ်ဖက် ဖြစ်နိုင်စွမ်း ဖြစ်တန်စွမ်းရဲ့ အကန့်အသတ်ဆိုတာတွေလာပါပြီ။ ဆန့်ကျင်ဘက်လိင်ကိုကြိုက်နှစ် သက်သူအိမ်ထောင်ဘက်များဟာ လိင်တူခြင်းကြိုက်နှစ်သက်သူအိမ်ထောင်ဘက်ရဲ့ ဖွင့်ဟဝန်ခံခြင်းမပြုမီအခြေအနေကအတိုင်း၊ သူတို့လက်ထပ်ကာစအချိန်က လူတစ်ဦးတစ်ယောက်အတိုင်း ပြန်လည်သဘောထားပေးဖို့ ကျေနပ်နှစ်သိမ့်မှုရှိကြပါတယ်။ ဒါပေမဲ့ လိင်တူကြိုက်အိမ်ထောင်ဖက်အနေနဲ့ အရာအားလုံးလက်လျော့နောက်ဆုတ်ကာ လှောင်အိမ်ထဲကိုပြန်ဝင်ဖို့ဆိုတာက မပြုလုပ်နိုင်သော ကိစ္စတစ်ရပ်အသွင်ဆောင်သွားတော့မှာပါပဲ။ မတူကွဲပြားခြားနားတဲ့ စုံတွဲများအတွက် ကွဲပြားခြားနားတဲ့အရာတွေလို့ ဆိုလိုခြင်းပါပဲ။ ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေးခြင်းမပြုခင် သူတို့အပေါ်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးတွေ တစ်ဖက်သက်စတင်ထမ်းပိုးစေခြင်းလို့ သူတို့ခံစားကြရပါတယ်။

သည်နေရာတွင် နှစ်ဦးစလုံး ဖြစ်တန်စွမ်းရဲ့ အကန့်အသတ်ဆိုတာတွေလာပါပြီ။ လိင်ကွဲကြိုက်အိမ်ထောင်ဘက်တွေဟာ လိင်တူကြိုက် အိမ်ထောင်ဘက်ရဲ့ ဖွင့်ဟဝန်ခံခြင်းမပြုမီအခြေအနေကအတိုင်း သူတို့လက်ထပ်ကာစကလူတစ်ဦးတစ်ယောက်အတိုင်း ပြန်လည် သဘောထားပေးဖို့ကြေနပ်နှစ်သိမ့်မှုရှိကြပါတယ်။ ဒါပေမဲ့ လိင်တူကြိုက်အိမ်ထောင်ဖက်အနေနဲ့ လှောင်အိမ်ထဲကို ပြန်လည် လက်လျော့ နောက်ဆုတ်ဝင်ဖို့ ‘မလုပ်နိုင်တဲ့ကိစ္စတစ်ရပ်’ အသွင်ဆောင်သွားတော့မှာပါ။ ကွဲပြားခြားနားတဲ့ စုံတွဲများအတွက် ကွဲပြားခြားနားတဲ့အရာ တွေလို့ ဆိုလိုခြင်းပါပဲ။  ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေးခြင်းမပြုခင် သူတို့အပေါ်လေးလံတဲ့ဝန်ထုပ်တွေ တစ်ဖက်သတ် စတင်ထမ်းပိုး ရခြင်းလို့ ခံစားကြရပါတယ်။

လိင်ကွဲကြိုက်အိမ်ထောင်ဖက်ကတော့ သူတို့လက်ထပ်ခဲ့တဲ့ အိမ်ထောင်ဖက်ကို နဂိုအခြေအနေအတိုင်းပြန်လည်ပိုင်ဆိုင်ရခြင်းအတွက် ကျေနပ်မှုကို ခံစားရကောင်းခံစားရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ပြန်မပုန်းနိုင်ဘူးဆိုတာ စတင်နားလည်သဘောပေါက်သကဲ့သို့ လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးအဖြစ် လိင်တူကြိုက်အိမ်ထောင်ဖက်ကခံစားရပြီး ဆုံးရှုံးနစ်နာရပါတယ်။

လိင်ကွဲကြိုက်အိမ်ထောင်ဖက်သည် မိမိရဲ့ လိင်တူကြိုက်သောအိမ်ထောင်ဖက်အနေဖြင့် ပြန်ပုန်းလို့မရခြင်း သို့မဟုတ် ပြန်ပုန်းဖို့ဆန္ဒ မရှိခြင်းတို့အတွက် ထိုက်သင့်အားလျော်စွာ ဒေါသထွက် စိတ်ဆိုးလာပါတယ်။

လိင်တူကြိုက်အိမ်ထောင်ဖက်ကလည်း သူတို့ကြာရှည်မပြုလုပ်နိုင်ကြောင်းသိနေတဲ့ တစ်စုံတစ်ခုကိုပြုလုပ်ဖို့ ဖိအားအဖြစ်ခံစားရပြီး စိတ်ဆိုး ဒေါသထွက်လာပါတယ်။ တကယ်လို့ လိင်တူကြိုက်အိမ်ထောင်ဖက်အနေဖြင့် လိင်တူအမျိုးသားများအပေါ် ကာမဂုဏ်အာရုံ သက်သက်အဖြစ်သာ သဘောထားပြီး ချစ်ခင်နှစ်သက်စွဲလမ်းမှုမျိုး မခံစားသဘောမထားဘူးဆိုပါက သူတို့ရဲ့လိင်ကွဲကြိုက် အိမ်ထောင်ဖက်နဲ့ အတူတကွနေထိုင်ဖို့ အခွင့်အလမ်းတစ်ရပ်ရှိပါတယ်။ သည်လိုအမျိုးသားများအတွက်ကတော့ အပြာလို့ ခေါ်နိုင်တဲ့ pornography တွေနဲ့ အလုပ်ကောင်းကောင်းဖြစ်တယ်။ အင်တာနက်သည် သူတို့ရဲ့လိုအင်တွေအတွက် လက်တွေ့မဖော်ဆောင်ရ သော်ငြား ကျေနပ်နှစ်သိမ့်မှုရစေပါတယ်။ ဒါပေမဲ့ အချို့သော အမျိုးသားများကတော့ အခြားအမျိုးသားများနဲ့ စိတ်လှုပ်ရှားမှုပိုင်း ဆိုင်ရာကော ပေါင်းသင်းဆက်နွယ်မှုလမ်းကြောင်းများအရရော လိင်ကိစ္စအာရုံသက်သက်ထက်ပိုစွာ ချိတ်ဆက်လိုကြပါတယ်။

စိတ်ပိုင်းဖြတ်ခြင်း (RESOLUTION: A FAMILY AFFAIR)

သည်အဆင့်မှာ စုံတွဲတွေရဲ့ကြား လိင်မှုကိစ္စပိုင်းပွင့်လင်းမှုရေချိန်ကဲ့သို့ အမျိုးမျိုးကွဲပြားခြားနားသော အကြောင်းရင်းများရဲ့ အကျိုးသက် ရောက်စေမှုများရှိနေပါတယ်။ ကလေးငယ်တွေ၊ လူမှုရေးဆိုင်ရာ စဉ်းစားဆင်ခြင်မှုများ၊ စုံတွဲရဲ့အသက်အရွယ်၊ ယုံကြည်သက်ဝင်မှု နည်းစနစ်များနဲ့ ကိုယ်ရေးကိုယ်တာ စတဲ့အကြောင်းခြင်းရာများရဲ့ သက်ရောက်မှုများကဲ့သို့ပေါ့။ စုံတွဲရဲ့ ကလေးရှိခြင်း သို့မဟုတ် မရှိခြင်းသည် မိသားစုတစ်စုအတွက် တကယ့်အခရာကျသော ကိစ္စတစ်ခုဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ မိဘဆွေမျိုးများ ပြောဆိုချက်၊ တုန့်ပြန်ချက်များအရ အိမ်ထောင်ဖက်နှစ်ဦးဟာ လမ်းခုလတ်မှာ ရပ်လျက်သားဖြစ်နေနိုင်ပါတယ်။

သူတို့ အတူတကွနေထိုင်သင့်သလား သို့မဟုတ် ခွဲခွာသင့်သလား။ သည်မေးခွန်းဟာ အိမ်ထောင်ဖက်တစ်ယောက်စီတိုင်း သို့မဟုတ် ပါတနာကို မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ ပြီးတော့ ဘယ်လိုလက်ထပ်ခြင်းမျိုးကို သူတို့အလိုရှိသလဲ၊ သူတို့တစ်လင်တစ်မယားစနစ်နဲ့ ပေါင်းသင်းမှာလား၊ လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာတဲ့ လပ်ထပ်မှုမျိုးတစ်ရပ်ဖော်ဆောင်မှာလား၊ သူတို့ဘဝနဲ့ ရင်းနှီးမြှုပ်နှံခဲ့သမျှ ဘာကိုရရှိခဲ့သလဲ၊ နောက်ဆုံး သူတို့လမ်းခွဲပါက ဘယ်လိုအရာများဆုံးရှုံးနိုင်ခြေရှိသလဲ စတဲ့မေးခွန်းတွေကို အတူတကွဖြေဆိုကြည့်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အထူးကုဆရာဝန်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မိသားစု သို့မဟုတ် သူငယ်ချင်းများမှပေးသော ဖိအားတွေမပါဘဲ နှစ်ယောက်သားရဲ့ နှစ်ကိုယ်ကြားအဆုံးအဖြတ်ကို ခင်ဗျားအဆုံးအဖြတ်ပေး ရပါမယ်။ ဝမ်းနည်းစရာကောင်းတာက စုံတွဲအတော်များများဟာ ရောက်ရှိရင်ဆိုင်ရမည့် အခြားသူများရဲ့ ဝေဖန်ပိုင်းခြားမှုတွေကို ရှောင်ရှားသောအားဖြင့် လှောင်အိမ်တစ်ခုထဲ အတူတကွပြန်လည်နေထိုင်ခြင်းဖြင့် အဆုံးသတ်လိုက်ကြတာများပါတယ်။

ခင်ဗျားဇနီးနဲ့ သားသမီးများအပါအဝင် ခင်ဗျားကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးတွေအတွက် တစ်ယောက်ခြင်း စီတိုင်းရဲ့ ကွဲပြားခြားနားမှုအပေါ် လက်ခံပေးပြီး ရိုးသားဖြောင့်မတ်စွာ ရှေ့ဆက်သွားပါ။ အတူတကွနေထိုင်သည်၊ မနေထိုင်သည်ဖြစ်ပါစေ ခင်ဗျားနဲ့ ခင်ဗျားဇနီးတို့ဟာ လိင်စိတ်တိမ်းညွှတ်မှုမတူဘဲလပ်ထပ်ထားခြင်းအပေါ် ဘယ်လိုရှေ့ဆက်တိုးကြမယ်ဆိုတာ ကိုယ်ပိုင် ကိုယ်တိုင် အလွန်ရဲရင့်ခိုင်မာစွာ စူးစမ်းဖွေရှာသူများဖြစ်ကြပါတယ်လို့ ကျွန်တော်ထင်မြင်ယူဆပါတယ်ခင်ဗျာ။

Alex Aung (26 June 2020)

ကိုးကား - MIXED ORIENTATION MARRIAGES by Dr. Joe Kort in Attitude Magazine April 13, 2018.

(Zawgyi)

ေရာေထြးေနတဲ့ လက္ထပ္ျခင္း (MIXED ORIENTATION MARRIAGES)


“ကၽြန္ေတာ္က အမ်ိဳးသမီးတစ္ေယာက္နဲ႔ လက္ထပ္ထားသူျဖစ္ေပမယ့္ လိင္တူျခင္းၾကိဳက္ႏွစ္သက္တဲ့ ေဂးတစ္ေယာက္ျဖစ္ေနတယ္။ ကၽြန္ေတာ္ ဘာလုပ္သင့္ပါသလဲ ဆရာ။”

အမွန္တကယ္ေျပာရရင္ ကၽြန္ေတာ္က လိင္တူျခင္းၾကိဳက္ႏွစ္သက္သူ ေဂးအမ်ိဳးသားတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမယ့္ အမ်ိဳးသမီး တစ္ေယာက္ကို လက္ထပ္ထားျပီး သူနဲ႔ရတဲ့ ကေလးေတြလည္းရွိပါတယ္ခင္ဗ်။ ကိုယ့္ကိုယ္ကိုယ္ ေဂးဆိုတာ ေသခ်ာဆန္းစစ္မိခ်ိန္ အေတာ့္ကိုအခ်ိန္ေႏွာင္းခဲ့ျပီလို႔ ေျပာရပါမယ္။ ဘ၀တစ္ခုကို အတူထူေထာင္ထားခဲ့တာဆိုေတာ့ သူမကို ကြာရွင္းဖို႔၊ စြန္႔ခြာဖို႔လည္း မလုပ္ခ်င္သလို ေဂးတစ္ေယာက္ပီပီသသလည္း ကၽြန္ေတာ္ျဖစ္ခ်င္ျပန္ပါတယ္။ သည္ကိစၥက ျဖစ္ႏိုင္ရဲ႕လား ဒါမွမဟုတ္ အဲသလို ဆံုးျဖတ္လိုက္ရင္ ကၽြန္ေတာ္ဟာ တစ္ကိုယ္ေကာင္းဆန္သူျဖစ္ေနမလားဗ်။ လူတိုင္းလိုလိုအတြက္ အေကာင္းဆံုးေတြျဖစ္ေစခ်င္ရံု ဆိုေပမယ့္ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ အမွန္တရားကို ရင္ဆိုင္ဖို႔လည္းလိုေနတယ္လို႔ ခံစားရပါတယ္။

~ ေက်ာ္ေက်ာ္ (ေရႊညာေျမ)

မဂၤလာပါ ေက်ာ္ေက်ာ္ 

ဟုတ္ကဲ့…

ဟုတ္ကဲ့….အကုန္လံုးျဖစ္ႏိုင္တာခ်ည္းပါပဲ။ စံုတြဲေတြအေတာ္မ်ားမ်ားကေတာ့ လမ္းမခြဲျဖစ္ၾကတာမ်ားပါတယ္။ အဲသလိုလုပ္ၾကတာပါ။ အဓိကျပႆနာအျဖစ္ေျပာႏိုင္တာက ခင္ဗ်ားတို႔ႏွစ္ေယာက္စလံုးကို ေ၀ဖန္ပစ္တင္ၾကမယ့္ လူအမ်ားစုကိုပါ။ သည္လိုကိစၥအေပၚ လူေတြမွာ အျမင္အမ်ိဳးမ်ိဳးရွိၾကပါတယ္။ လိင္တူၾကိဳက္ႏွစ္သက္သူေတြေတြးထင္တာက ဖြင့္ဟ၀န္ခံျပီး လင္မယားကြာရွင္းျခင္းလုပ္ သင့္တယ္လို႔။ တနည္းအားျဖင့္ ခင္ဗ်ားအေနနဲ႔ သာမန္မိန္းမတစ္ေယာက္ တစ္မ်ိဳးေျပာရရင္ လိင္ကြဲၾကိဳက္ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ခ်စ္ၾကိဳက္ညားကြဲ လက္ထပ္ျခင္းျဖစ္စဥ္တစ္ခုမွာ ေျခခ်မိေနျပန္ျပီပဲလို႔ လိင္တူၾကိဳက္သူ(gay) မ်ားက ထူးမျခားနား ထင္ျမင္ခ်က္ေပးၾက မွာပါ။ လိင္ကြဲၾကိဳက္ႏွစ္သက္သူ သာမန္အမ်ိဳးသားမ်ားအေနနဲ႔ေတာ့ အမ်ိဳးသမီးအေနျဖင့္ ခင္ဗ်ားကို ကြာရွင္းသင့္ျပီး သူမရဲ႕ ‘ဖိုမသဘာ၀ ဘ၀’ကို ပံုမွန္အတုိင္းပဲျဖတ္သန္းသင့္ေၾကာင္း၊ ခင္ဗ်ားနဲ႔ မိတ္ေဆြအဆင့္ဆက္ဆံေရးအျဖစ္သာ ဆက္လက္ဆက္ဆံဖို႔လိုေၾကာင္း ေတြးထင္ၾကမွာ အေသအခ်ာပါပဲ။ သူတို႔ေတြ ႏႈိင္းယွဥ္ေ၀ဖန္ပိုင္းျခားၾကတာက အိမ္ေထာင္ရွိ ေဂး လင္ေယာက္်ားမ်ားဟာ ဘာေၾကာင့္မ်ား အဦးဆံုးအၾကိမ္ ပထမေနရာမွာပဲ လက္ထပ္ျဖစ္ခဲ့ၾကတာလဲလို႔။ အျခားသူမ်ားက ခင္ဗ်ားတို႔လို စံုတြဲမ်ားအေနျဖင့္ ႏွစ္ဦးသားဆက္ဆံေရးကို ထိန္းသိမ္းထားလိုစိတ္ရွိၾကေသးရင္ ဒါမွမဟုတ္ ဆက္လက္လက္တြဲဖို႔ဆံုးျဖတ္ေရြးခ်ယ္လိုက္ၾကရင္ ပတ္၀န္းက်င္ကိုေမ့ထားျပီး ပန္းတိုင္တစ္ခုကိုေရာက္ေအာင္ အတူဆက္ေျပးၾကရန္ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ ဆံုးျဖတ္ခ်က္ေပးၾကပါလိမ့္မယ္။

သည္ကိစၥအတြက္ ကၽြန္ေတာ့္အျမင္ ကၽြန္ေတာ့္ဆံုးျဖတ္ခ်င္ကို ခင္ဗ်ားသိခ်င္လို႔ စာေရးလာတယ္လို႔ယူဆမိတာေၾကာင့္ လက္တြဲေဖာ္ အမ်ိဳးသမီး/ဇနီးကို ဖြင့္ဟ၀န္ခံဖို႔ဆံုးျဖတ္ေနခ်ိန္ပဲျဖစ္ျဖစ္၊ ဆက္လက္လက္တြဲဖို႔ဆံုးျဖတ္ထားရင္ပဲျဖစ္ျဖစ္ သိထားသင့္တဲ့ အခ်က္အလက္ အခ်ိဳ႕ကို ေျပာျပ ေရးျပပါရေစ။

လိင္တူျခင္းၾကိဳက္ႏွစ္သက္သူတစ္ေယာက္ သူ သို႕မဟုတ္ သူမရဲ႕ အိမ္ေထာင္ဖက္ကို ဖြင့္ဟ၀န္ခံခ်ိန္မွာ အဆင့္ဆင့္ေသာ ဘယ္လိုစိတ္ ခံစားမႈေတြကို ျဖတ္သန္းရမလဲဆိုတာ ရိုလာကိုစတာတစ္ခုစီးနင္းခ်ိန္မွာခံစားရတဲ့ စိတ္အေျခအေနေတြနဲ႔ ႏႈိင္းယွဥ္ျပရမလားဘဲဗ်ာ။ မၾကာခဏဆိုသလို ႏွိမ့္ခ် နိမ့္က်၊ ရန္တုန္႔ျပန္ျခင္း၊ ေမွ်ာ္လင့္ခ်က္ ခံစားခ်က္အသစ္ျပန္ျဖစ္ျခင္း၊ ေဒါသနဲ႔အတူ အဆံုးသတ္မွာ ျပန္ေျဖရွင္း ရျခင္းဆုိတဲ့ စိတ္ခံစားခ်က္ အတက္အဆင္းမ်ားျဖစ္ပါတယ္။ အိမ္ေထာင္ဖက္စံုတြဲတိုင္းဟာ စံျပျဖစ္ေနဖို႔ဆိုရင္ အေကြ႕အေကာက္မ်ားတဲ့ ေျမပံုတစ္ခုကိုကိုင္ဆြဲရင္း ရႈပ္ေထြးလွတဲ့ေလာကဓံအားျဖတ္သန္းၾကရတာ ျဖစ္ရိုးျဖစ္စဥ္တစ္ခုလိုျဖစ္ေနေၾကာင္း သတိခ်ပ္ရပါမယ္။ ခၽြင္းခ်က္ျဖစ္ေနတဲ့ လိင္စိတ္တိမ္းညႊတ္မႈကြဲျပားေနေသာ စံုတြဲမ်ားအတြက္ဆိုရင္ တစ္ေယာက္ခံစားခ်က္ကို အျခားတစ္ေယာက္က အာရံုရေန အာရံုျပဳေနဖို႔၊ ပြင့္လင္းရိုးသားစြာ ေျပာဆိုဆက္ဆံၾကဖို႔၊ ျပီးလွ်င္ေတာ့ အေျခခံစည္းမ်ဥ္းအျဖစ္ တစ္ခုခုဆို အသိေပး သတင္းေပး လက္တို႔ျခင္းျပဳလုပ္ဖို႔ရယ္၊ ႏွစ္ဦးသား အနာဂတ္အတြက္ ေကာင္းမြန္မွ်တတဲ့ ဆံုးျဖတ္ခ်က္ခ်ၾကဖို႔ဆိုေသာအခ်က္မ်ားရွိ ေနပါတယ္။

စိတ္သိမ္ငယ္ျခင္း (HUMILIATION: GAY SHAME)

လိင္တူၾကိဳက္အိမ္ေထာင္ဖက္က သူဟာ လိင္တူျခင္းၾကိဳက္ႏွစ္သက္သူ ေဂးျဖစ္ေၾကာင္း ဖြင့္ဟ၀န္ခံလာခ်ိန္ သာမန္လိင္ကြဲၾကိဳက္ အိမ္ေထာင္ဖက္အေနျဖင့္ ဂရုစိုက္ဖို႔အခ်က္တစ္ခ်က္ရွိပါတယ္။ အဲဒါကေတာ့ သူတို႔အေနျဖင့္ လိင္စိတ္တိမ္းညႊတ္မႈကြဲျပားသူျခင္း လက္ထပ္ထားတဲ့ အေျခအေနလွ်ိဳ႕၀ွက္ခ်က္အေပၚ တာ၀န္ယူဖို႔ပါ။ လိင္တူၾကိဳက္ လင္ေယာက္်ားတစ္ေယာက္က ဇနီးကို သူ႕လိင္စိတ္တိမ္းညႊတ္မႈအေၾကာင္း ဖြင့္ဟ၀န္ခံခ်ိန္ စိတ္သိမ္ငယ္ရျခင္း၊ အရွက္တကြဲျဖစ္ျခင္းေတြ ျဖစ္ပြားျပီး ႏွစ္ဦးသား စိတ္နာက်င္ခံစားရမႈ စတင္ေပၚေပါက္လာပါမယ္။

သည္အဆင့္မွာ အိမ္ေထာင္ဖက္ႏွစ္ဦးစလံုး ရွက္စိတ္၀င္၊ စိတ္သိမ္ငယ္ျခင္းျဖစ္သလို ခံစားၾကရပါတယ္။ သာမန္လိင္ကြဲၾကိဳက္ အိမ္ေထာင္ဖက္အေနျဖင့္ ကိုယ့္အေပၚလိင္တူၾကိဳက္အိမ္ေထာင္ဖက္က စိတ္၀င္စားမႈအား ထိန္းမထားႏိုင္မႈအေပၚ သူတို႔ကိုယ္သူတို႔ မၾကာခဏအျပစ္တင္ေလ့ရွိတာပါ။ စဥ္းစားသင့္တဲ့အခ်က္က သူတို႔ရဲ႕အိမ္ေထာင္ဖက္ဟာ လိင္တူဆက္ဆံမႈတစ္ခုထဲေၾကာင့္ စိတ္ေျပာင္းသြားျခင္းမ်ိဳးမဟုတ္ေသာ တစ္စံုတစ္ရာျဖစ္တည္မႈအေၾကာင္းျဖစ္ပါတယ္။ သာမန္အိမ္ေထာင္ဖက္ဇနီး (Straight Spouses) အေနျဖင့္ လက္ထပ္ျခင္း အိမ္ေထာင္ျပဳျခင္းတစ္ရပ္ရဲ႕ ေကာင္းက်ိဳးရလာဒ္ ပိုင္ဆိုင္ခဲ့ရသလား မပိုင္ဆိုင္ခဲ့ရဘူးလားဆိုတာကို အလားတူ ေေမးခြန္းထုတ္မိေလ့ရွိပါတယ္။

ကၽြန္ေတာ့္ရည္ရြယ္ခ်က္က သာမန္အိမ္ေထာင္ဖက္ (Straight Spouses) မ်ားအေနျဖင့္ သူတို႔ဘာမွ အထူးတလည္မလုပ္ေဆာင္ခဲ့သလို သို႕မဟုတ္ မေျပာဆိုခဲ့ သို႕မဟုတ္ သူတို႔အိမ္ေထာင္ဖက္ေတြ လိင္တူၾကိဳက္ေအာင္ ဘာမွမလုပ္ သို႕မဟုတ္ ဘာမွမေျပာခဲ့ပါဘူး ဆိုတာ နားလည္မိဖို႔ ကူညီေပးခ်င္တာပါပဲ။ အစကတည္းက သူတို႔အိမ္ေထာင္ဖက္ဟာ LGBTs အေျခအေနအေၾကာင္းအရာတစ္ရပ္နဲ႔အတူ အိမ္ေထာင္ျပဳျခင္းေလာကထဲ၀င္လာခဲ့တာေလ။

လိင္မတူကြဲျပားသူနဲ႔ လက္ထပ္ခဲ့တဲ့ အိမ္ေထာင္သည္ ေဂးအမ်ိဳးသား သို႕မဟုတ္ အမ်ိဳးသမီးဟာ သူတို႔အိမ္ေထာင္ဖက္မ်ားကို ခ်စ္ပါတယ္။ အိမ္ေထာင္ရွင္ ေဂးမ်ားဟာ သူတို႔စိတ္အတိုင္းျပဳမူလ်က္ လက္ထပ္ခဲ့ျခင္းျဖစ္ပါတယ္။ ထံုးစံအတုိင္းေျပာရရင္ သူငယ္ခ်င္း မိတ္ေဆြေကာင္းျဖစ္ေနျပီး မၾကာခဏ သူ႕အတြက္လိင္ပိုင္းဆိုင္ရာ စိတ္၀င္စားေစခဲ့တဲ့….အဲ…လိင္ကိစၥနဲ႔ပတ္သက္ျပီး အားရစဖြယ္ ေက်နပ္စဖြယ္ျဖစ္ေစသူ လူတစ္ဦးတစ္ေယာက္ကို ဘာမွမေတြး လက္ထပ္ဖို႔လုပ္တာမ်ိဳးေပါ့ေနာ္။

လိင္ကြဲေတြနဲ႔လက္ထပ္ထားေသာ ေဂးအမ်ိဳးသားမ်ားဟာ တာ၀န္ရွိျခင္းနဲ႔ အျပစ္ရွိျခင္းဆိုတဲ့ ကိစၥရပ္ေတြအေပၚ ခံစားခ်က္ ၾကီးၾကီး မားမားရွိတတ္ၾကပါတယ္။ သူတို႕ကိုယ္တိုင္အပါအ၀င္ လူတိုင္းရဲ႕ေနထိုင္မႈဟန္ပန္ကို အေႏွာင့္အယွက္ျဖစ္ေနေစခဲ့တဲ့ အဲသည္ ခံစားခ်က္ၾကီးကို ေက်ာ္ျဖတ္ပစ္ဖို႔ ႏွစ္အေတာ္ၾကာအခ်ိန္ယူရတယ္ဗ်။ ‘ငါ့အိမ္ေထာင္ဖက္အေပၚ ဘယ္လိုမ်ားလုပ္ႏိုင္ခဲ့ပါလိမ့္?’ သူတို႔အေျဖမသိပါ။ ‘သည္ကိစၥက သူတို႔အတြက္ မတရားဘူး။ အကုန္လံုးဟာ ငါ့အမွားပဲ၊ ငါပဲခံစားသင့္တာေပါ့’ သည္စကားေတြဟာ အၾကိမ္ၾကိမ္အဖန္ဖန္ရြတ္ဖတ္မိေနတဲ့ ဂါထာမႏၱရားေတြျဖစ္ပါတယ္။ တာ၀န္၀တၱရားတစ္ခုအေပၚ ရာႏႈန္း ၁၁၀ အျပည့္အ၀ယူျခင္းျဖင့္ သူတို႔ကိုယ္သူတို႔ ႏွိမ့္ခ် နိမ့္က်ေစပါေရာ။

ဟုတ္တယ္….သူတို႔ မပြင့္မလင္း ဖြင့္ဟ၀န္ခံျခင္းမျပဳခဲ့တဲ့အတြက္ရယ္၊ ကိုယ္မႏွစ္သက္ႏိုင္တဲ့ လိင္ကြဲတစ္ေယာက္နဲ႔ လက္ထပ္မႈကို မေရွာင္ၾကဥ္ခဲ့တဲ့အတြက္ရယ္ တာ၀န္သိသင့္ တာ၀န္ခံသင့္တယ္။

ဟုတ္တယ္….လိင္ကြဲၾကိဳက္အိမ္ေထာင္ဖက္အေနနဲ႔ သိသိၾကီးနဲ႔ သိလိုက္ရတယ္ဆိုတာ မျဖစ္သင့္ဘူး။

သို႕ေသာ္ ေနာက္တစ္ၾကိမ္ေျပာရရင္ လိင္တူၾကိဳက္အမ်ိဳးသမီးနဲ႔ လိင္တူၾကိဳက္အမ်ိဳးသားမ်ားရဲ႕ အိမ္ေထာင္ဖက္မ်ားကို ကၽြန္ေတာ္ စကားစျမည္ေျပာၾကည့္တဲ့အခါ သူတို႔ဘက္မွာလည္း ပုဂၢလိကဆိုင္ရာ ျငင္းဆန္ခ်က္ေတြ ေကာင္းေကာင္းရွိေနတာေတြ႕ရပါတယ္။ လူတစ္ဦးတစ္ေယာက္က မိမိဘ၀အတြက္ အလံုးစံုလႊဲအပ္ယံုၾကည္ႏိုင္မယ္ သို႕မဟုတ္ တာ၀န္ယူ တာ၀န္ခံေပးႏိုင္မယ့္သူအျဖစ္ ယူဆမိလို႔ အိမ္ေထာင္ဖက္အျဖစ္ေရြးခ်ယ္ခဲ့ၾကျခင္းသည္ ကံအားေလ်ာ္စြာ မေတာ္တဆမဟုတ္ေၾကာင္း မၾကာခဏေတြ႕ေနရတာက အေျဖပါပဲ။

ၾကင္စဦးကာလသို႕ ျပန္လည္ေခၚေဆာင္(THE HONEYMOON: BRINGING BACK THE INITIAL ROMANCE)

လိင္စိတ္တိမ္းညႊတ္မႈမတူသူျခင္း လက္ထပ္ထားသကဲ့သို႔ ဖြင့္ဟ၀န္ခံျခင္းရဲ႕ ေနာက္တစ္ဆင့္က လူႏွစ္ဦးႏွစ္ေယာက္ အတူတကြ ေနထိုင္ျခင္းဆိုတဲ့ အာမခံခ်က္အသစ္ျဖစ္ပါတယ္။ အိမ္ေထာင္ဖက္ႏွစ္ဦးစလံုးဟာ အမွန္တကယ္တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ျမတ္ႏိုးတယ္၊ ေနာက္ျပီး ေကာင္းမြန္ေသာအေၾကာင္းျပခ်က္မ်ားနဲ႔ အတူတကြလက္ထပ္ေပါင္းသင္းေနထိုင္လိုၾကပါတယ္။ ဟိုးယခင္က တစ္ဦးနဲ႔တစ္ဦး စိတ္၀င္စားမႈျပင္းထန္သလို ျငိတြယ္စိတ္၀င္လာၾကတဲ့ မူလစိတ္အေျခတစ္ခုစီ ျပန္လည္ခ်ဥ္းကပ္ျပီး ခ်စ္ၾကင္နာမႈတစ္မ်ိဳးပိုင္ဆိုင္လိုၾကတယ္ေပါ့။

ႏွစ္ဦးသားရဲ႕ လိင္စိတ္တိမ္းညႊတ္မႈမတူ ကြဲျပားျခားနားၾကေသာ္လည္း အတူတကြေနထိုင္လိုၾကတယ္။ ျပီးေတာ့ ႏွစ္ဦးစလံုးဟာ ခၽြင္းခ်က္ မဲ့ေသာ ခ်စ္ခင္ျမတ္ႏိုးစိတ္ ခံစားပိုင္ဆိုင္ၾကပါတယ္။ စိတ္ထိခတ္လႈပ္ရွားမႈေရခ်ိန္တစ္ခုမွာ တစ္ဦးကိုတစ္ဦး ဦးညႊတ္လို႔ သူတို႔လက္ထပ္ ေပါင္းသင္းျခင္းအား ျပန္လည္ဆန္းသစ္ပါတယ္။

အမ်က္ေဒါသ (RAGE: PROTESTING THE LOSS OF THE MARRIAGE)

သည္ေနရာမွာေတာ့ ႏွစ္ဦးႏွစ္ဖက္ ျဖစ္ႏိုင္စြမ္း ျဖစ္တန္စြမ္းရဲ႕ အကန္႕အသတ္ဆိုတာေတြလာပါျပီ။ ဆန္႕က်င္ဘက္လိင္ကိုၾကိဳက္ႏွစ္ သက္သူအိမ္ေထာင္ဘက္မ်ားဟာ လိင္တူျခင္းၾကိဳက္ႏွစ္သက္သူအိမ္ေထာင္ဘက္ရဲ႕ ဖြင့္ဟ၀န္ခံျခင္းမျပဳမီအေျခအေနကအတိုင္း၊ သူတို႔လက္ထပ္ကာစအခ်ိန္က လူတစ္ဦးတစ္ေယာက္အတိုင္း ျပန္လည္သေဘာထားေပးဖို႔ ေက်နပ္ႏွစ္သိမ့္မႈရွိၾကပါတယ္။ ဒါေပမဲ့ လိင္တူၾကိဳက္အိမ္ေထာင္ဖက္အေနနဲ႔ အရာအားလံုးလက္ေလ်ာ့ေနာက္ဆုတ္ကာ ေလွာင္အိမ္ထဲကိုျပန္၀င္ဖို႔ဆိုတာက မျပဳလုပ္ႏိုင္ေသာ ကိစၥတစ္ရပ္အသြင္ေဆာင္သြားေတာ့မွာပါပဲ။ မတူကြဲျပားျခားနားတဲ့ စံုတြဲမ်ားအတြက္ ကြဲျပားျခားနားတဲ့အရာေတြလို႔ ဆိုလိုျခင္းပါပဲ။ ပြင့္ပြင့္လင္းလင္း ဖြင့္ဟေဆြးေႏြးျခင္းမျပဳခင္ သူတို႔အေပၚေလးလံတဲ့ ၀န္ထုပ္၀န္ပိုးေတြ တစ္ဖက္သက္စတင္ထမ္းပိုးေစျခင္းလို႔ သူတို႔ခံစားၾကရပါတယ္။

သည္ေနရာတြင္ ႏွစ္ဦးစလံုး ျဖစ္တန္စြမ္းရဲ႕ အကန္႔အသတ္ဆိုတာေတြလာပါျပီ။ လိင္ကြဲၾကိဳက္အိမ္ေထာင္ဘက္ေတြဟာ လိင္တူၾကိဳက္ အိမ္ေထာင္ဘက္ရဲ႕ ဖြင့္ဟ၀န္ခံျခင္းမျပဳမီအေျခအေနကအတိုင္း သူတို႔လက္ထပ္ကာစကလူတစ္ဦးတစ္ေယာက္အတိုင္း ျပန္လည္ သေဘာထားေပးဖို႔ေၾကနပ္ႏွစ္သိမ့္မႈရွိၾကပါတယ္။ ဒါေပမဲ့ လိင္တူၾကိဳက္အိမ္ေထာင္ဖက္အေနနဲ႔ ေလွာင္အိမ္ထဲကို ျပန္လည္ လက္ေလ်ာ့ ေနာက္ဆုတ္၀င္ဖို႔ ‘မလုပ္ႏိုင္တဲ့ကိစၥတစ္ရပ္’ အသြင္ေဆာင္သြားေတာ့မွာပါ။ ကြဲျပားျခားနားတဲ့ စံုတြဲမ်ားအတြက္ ကြဲျပားျခားနားတဲ့အရာ ေတြလို႔ ဆိုလိုျခင္းပါပဲ။  ပြင့္ပြင့္လင္းလင္း ဖြင့္ဟေဆြးေႏြးျခင္းမျပဳခင္ သူတို႔အေပၚေလးလံတဲ့၀န္ထုပ္ေတြ တစ္ဖက္သတ္ စတင္ထမ္းပိုး ရျခင္းလို႕ ခံစားၾကရပါတယ္။

လိင္ကြဲၾကိဳက္အိမ္ေထာင္ဖက္ကေတာ့ သူတို႔လက္ထပ္ခဲ့တဲ့ အိမ္ေထာင္ဖက္ကို နဂိုအေျခအေနအတိုင္းျပန္လည္ပိုင္ဆိုင္ရျခင္းအတြက္ ေက်နပ္မႈကို ခံစားရေကာင္းခံစားရႏိုင္ပါတယ္။ ဒါေပမဲ့ သူတို႔ျပန္မပုန္းႏိုင္ဘူးဆိုတာ စတင္နားလည္သေဘာေပါက္သကဲ့သို႔ ေလးလံတဲ့ ၀န္ထုပ္၀န္ပိုးအျဖစ္ လိင္တူၾကိဳက္အိမ္ေထာင္ဖက္ကခံစားရျပီး ဆံုးရႈံးနစ္နာရပါတယ္။

လိင္ကြဲၾကိဳက္အိမ္ေထာင္ဖက္သည္ မိမိရဲ႕ လိင္တူၾကိဳက္ေသာအိမ္ေထာင္ဖက္အေနျဖင့္ ျပန္ပုန္းလို႔မရျခင္း သို႕မဟုတ္ ျပန္ပုန္းဖို႔ဆႏၵ မရွိျခင္းတို႔အတြက္ ထိုက္သင့္အားေလ်ာ္စြာ ေဒါသထြက္ စိတ္ဆိုးလာပါတယ္။

လိင္တူၾကိဳက္အိမ္ေထာင္ဖက္ကလည္း သူတို႔ၾကာရွည္မျပဳလုပ္ႏိုင္ေၾကာင္းသိေနတဲ့ တစ္စံုတစ္ခုကိုျပဳလုပ္ဖို႔ ဖိအားအျဖစ္ခံစားရျပီး စိတ္ဆိုး ေဒါသထြက္လာပါတယ္။ တကယ္လို႔ လိင္တူၾကိဳက္အိမ္ေထာင္ဖက္အေနျဖင့္ လိင္တူအမ်ိဳးသားမ်ားအေပၚ ကာမဂုဏ္အာရံု သက္သက္အျဖစ္သာ သေဘာထားျပီး ခ်စ္ခင္ႏွစ္သက္စြဲလမ္းမႈမ်ိဳး မခံစားသေဘာမထားဘူးဆိုပါက သူတို႔ရဲ႕လိင္ကြဲၾကိဳက္ အိမ္ေထာင္ဖက္နဲ႔ အတူတကြေနထိုင္ဖို႔ အခြင့္အလမ္းတစ္ရပ္ရွိပါတယ္။ သည္လိုအမ်ိဳးသားမ်ားအတြက္ကေတာ့ အျပာလို႔ ေခၚႏိုင္တဲ့ pornography ေတြနဲ႔ အလုပ္ေကာင္းေကာင္းျဖစ္တယ္။ အင္တာနက္သည္ သူတို႔ရဲ႕လိုအင္ေတြအတြက္ လက္ေတြ႕မေဖာ္ေဆာင္ရ ေသာ္ျငား ေက်နပ္ႏွစ္သိမ့္မႈရေစပါတယ္။ ဒါေပမဲ့ အခ်ိဳ႕ေသာ အမ်ိဳးသားမ်ားကေတာ့ အျခားအမ်ိဳးသားမ်ားနဲ႔ စိတ္လႈပ္ရွားမႈပိုင္း ဆိုင္ရာေကာ ေပါင္းသင္းဆက္ႏြယ္မႈလမ္းေၾကာင္းမ်ားအရေရာ လိင္ကိစၥအာရံုသက္သက္ထက္ပိုစြာ ခ်ိတ္ဆက္လိုၾကပါတယ္။

စိတ္ပိုင္းျဖတ္ျခင္း (RESOLUTION: A FAMILY AFFAIR)

သည္အဆင့္မွာ စံုတြဲေတြရဲ႕ၾကား လိင္မႈကိစၥပိုင္းပြင့္လင္းမႈေရခ်ိန္ကဲ့သို႔ အမ်ိဳးမ်ိဳးကြဲျပားျခားနားေသာ အေၾကာင္းရင္းမ်ားရဲ႕ အက်ိဳးသက္ ေရာက္ေစမႈမ်ားရွိေနပါတယ္။ ကေလးငယ္ေတြ၊ လူမႈေရးဆိုင္ရာ စဥ္းစားဆင္ျခင္မႈမ်ား၊ စံုတြဲရဲ႕အသက္အရြယ္၊ ယံုၾကည္သက္၀င္မႈ နည္းစနစ္မ်ားနဲ႔ ကိုယ္ေရးကိုယ္တာ စတဲ့အေၾကာင္းျခင္းရာမ်ားရဲ႕ သက္ေရာက္မႈမ်ားကဲ့သို႔ေပါ့။ စံုတြဲရဲ႕ ကေလးရွိျခင္း သို႕မဟုတ္ မရွိျခင္းသည္ မိသားစုတစ္စုအတြက္ တကယ့္အခရာက်ေသာ ကိစၥတစ္ခုျဖစ္ပါတယ္။ ႏွစ္ဦးႏွစ္ဖက္ရဲ႕ မိဘေဆြမ်ိဳးမ်ား ေျပာဆိုခ်က္၊ တုန္႔ျပန္ခ်က္မ်ားအရ အိမ္ေထာင္ဖက္ႏွစ္ဦးဟာ လမ္းခုလတ္မွာ ရပ္လ်က္သားျဖစ္ေနႏိုင္ပါတယ္။

သူတို႔ အတူတကြေနထိုင္သင့္သလား သို႕မဟုတ္ ခြဲခြာသင့္သလား။ သည္ေမးခြန္းဟာ အိမ္ေထာင္ဖက္တစ္ေယာက္စီတိုင္း သို႔မဟုတ္ ပါတနာကို ေမးသင့္တဲ့ ေမးခြန္းတစ္ခုပါ။ ျပီးေတာ့ ဘယ္လိုလက္ထပ္ျခင္းမ်ိဳးကို သူတို႔အလိုရွိသလဲ၊ သူတို႔တစ္လင္တစ္မယားစနစ္နဲ႔ ေပါင္းသင္းမွာလား၊ လိင္ပိုင္းဆိုင္ရာ ပြင့္လင္းျမင္သာတဲ့ လပ္ထပ္မႈမ်ိဳးတစ္ရပ္ေဖာ္ေဆာင္မွာလား၊ သူတို႔ဘ၀နဲ႔ ရင္းႏွီးျမွဳပ္ႏွံခဲ့သမွ် ဘာကိုရရွိခဲ့သလဲ၊ ေနာက္ဆံုး သူတို႔လမ္းခြဲပါက ဘယ္လိုအရာမ်ားဆံုးရႈံးႏိုင္ေျခရွိသလဲ စတဲ့ေမးခြန္းေတြကို အတူတကြေျဖဆိုၾကည့္ပါ။

ဘယ္လိုပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ရဲ႕ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ား၊ အထူးကုဆရာ၀န္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား၊ မိသားစု သို႕မဟုတ္ သူငယ္ခ်င္းမ်ားမွေပးေသာ ဖိအားေတြမပါဘဲ ႏွစ္ေယာက္သားရဲ႕ ႏွစ္ကိုယ္ၾကားအဆံုးအျဖတ္ကို ခင္ဗ်ားအဆံုးအျဖတ္ေပး ရပါမယ္။ ၀မ္းနည္းစရာေကာင္းတာက စံုတြဲအေတာ္မ်ားမ်ားဟာ ေရာက္ရွိရင္ဆိုင္ရမည့္ အျခားသူမ်ားရဲ႕ ေ၀ဖန္ပိုင္းျခားမႈေတြကို ေရွာင္ရွားေသာအားျဖင့္ ေလွာင္အိမ္တစ္ခုထဲ အတူတကြျပန္လည္ေနထိုင္ျခင္းျဖင့္ အဆံုးသတ္လိုက္ၾကတာမ်ားပါတယ္။

ခင္ဗ်ားဇနီးနဲ႔ သားသမီးမ်ားအပါအ၀င္ ခင္ဗ်ားကိုယ္တိုင္ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာေကာင္းက်ိဳးေတြအတြက္ တစ္ေယာက္ျခင္း စီတိုင္းရဲ႕ ကြဲျပားျခားနားမႈအေပၚ လက္ခံေပးျပီး ရိုးသားေျဖာင့္မတ္စြာ ေရွ႕ဆက္သြားပါ။ အတူတကြေနထိုင္သည္၊ မေနထိုင္သည္ျဖစ္ပါေစ ခင္ဗ်ားနဲ႔ ခင္ဗ်ားဇနီးတို႔ဟာ လိင္စိတ္တိမ္းညႊတ္မႈမတူဘဲလပ္ထပ္ထားျခင္းအေပၚ ဘယ္လိုေရွ႕ဆက္တိုးၾကမယ္ဆိုတာ ကိုယ္ပိုင္ ကိုယ္တိုင္ အလြန္ရဲရင့္ခိုင္မာစြာ စူးစမ္းေဖြရွာသူမ်ားျဖစ္ၾကပါတယ္လို႔ ကၽြန္ေတာ္ထင္ျမင္ယူဆပါတယ္ခင္ဗ်ာ။

Alex Aung (26 June 2020)

ကိုးကား - MIXED ORIENTATION MARRIAGES by Dr. Joe Kort in Attitude Magazine April 13, 2018.

No comments: