Monday, July 13, 2020

အဘယ့်ကြောင့်များ…?

အဘယ့်ကြောင့်များ…?


နေမောင်ကို မွေးခဲ့တုန်းက ဖေဖေတော်တော်ပျော်ခဲ့သည်တဲ့။ နေမောင်ရှေ့တွင် သမီးချည်းပဲကို သုံးယောက်တိတိတောင် မွေးထားခဲ့သည်ဖြစ်ရာ သားတစ်ယောက်လိုချင်လွန်းလှသော ဖေဖေသည် ဘယ်တုန်းအခါကမှ မယုံခဲ့သည့် ဗေဒင်များ၊ယတြာများကိုပင် လျှင် အတော်ကြီးယုံခဲ့သည်ဟုဆိုသည်။ ဘုရားတွင်လည်း အကြိမ်ကြိမ်ဆုတောင်းခဲ့ရသည်ဟု မေမေကပြောပါသည်။ ထို့နောက်တွင် နေမောင့်ကိုမွေးသည်။ ဖေဖေကား ေပျော်မဆုံးပြီတည်း…။

သားတစ်ယောက်မွေးရခြင်းနှင့် သမီးတစ်ယောက်မွေးရခြင်းသည် အလွန်တရာကိုမှ ကွာခြားလွန်းလှသည်ဟု ဖေဖေက ခံယူသူပင်..။ သမီးဆိုသည့်အမျိုးက အချိန်တန်လျှင် အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါ ယောက္ခမအိမ်သွားရမည့်သူ၊ မွေးသောမိဘများ မပိုင်ရ။ အားကလည်းကိုးလို့မရ။ တစ်နည်းအားဖြင့် သမီးတစ်ယောက်ရလာခြင်းသည် ဘာကိုမှ ကြီးကြီးမားမား မျှော်မှန်း၍မရ..။ သားဆိုသည့် အမျိုးကတော့ ထိုသို့မဟုတ် မွေးကတည်းက သက်ဆိုင်းတိုင် မိဘဖြစ်သူတွေနှင့်အတူတူနေပေးမည့်သူဟု ဖေဖေကခံယူသည်။ ကိုယ်က ပိုင်ဆိုင်ခွင့်ရသည်…ဒီကြားထဲ အချိန်တန်လျှင် လိမ္မာသော ချွေးမလေးတစ်ယောက်ကိုလည်း အိမ်ပေါ်သယ်ဆောင်လာပေးဦးမည်။

ယောက်ျားလေးဖြစ်သောကြောင့်လည်း တစ်နေ့တွင် ဖအေ့ခြေရာနင်း၊ ဖအေရုန်းခဲ့သမျှ အလုပ်တွေ ဆက်ခံလုပ်ကိုင်ပေးမည့်သူ၊ မိဘကို သက်ဆုံးတိုင် လုပ်ကျွေးမည့် သူ….စသဖြင့် စသဖြင့်သော ခံယူချက် မျှော်မှန်းချက်တွေနှင့် ေဖေဖေပါတည်း။

သို့သော်…..

x x x

နေမောင် သုံးနှစ်ခွဲအရွယ် လေးနှစ်သားလောက်တွင် ခုန်ခုန်ပေါက်ပေါက် အင်မတန်ဆော့ချင်သည်။ သို့သော် ပြောစရာအချက်တစ်ချက် မှာ ဘေးပတ်ဝန်းကျင် အနီးအနား အိမ်များ၌ နေမောင်နှင့် အရွယ်တူ အခြားကလေးများ တစ်ယောက်မကရှိနေသော်ငြားလည်း နေမောင် သည် သူ့ထက် သုံးလေးနှစ်ခန့်မျှသာကြီးမည်ဖြစ်သော အစ်မသုံးယောက်နှင့်သာ အတူတူဆော့ရသည်ကို နှစ်သက်သဘောကျသည်။ အရွယ်တူ ကလေးများဆော့ကစားပုံမှာ အလွန်ကြမ်းတမ်းလှသည်ဟု သူထင်သည်။ သစ်ပင်ပေါ်သို့ တက်သည်။ ငှက်ကလေးများ၊ ပုရွက်ဆိတ်ကလေးများ မြင်လျှင် ရိုက်နှက်ပစ်ခတ် နင်းခြေတတ်သေးသည်။ နေမောင်ကတော့ ညင်သာစွာပင် သွားလာကစားချင်သည်။ ပြီးတော့ နေမောင်အနည်းငယ်လည်း ကြောက်တတ်သေးသည်။ ထို့ကြောင့် အစ်မကြီး သုံးယောက်ထံသာ အသာချဉ်းကပ် ကစားလေ့ရှိ သည်။

ပထမဆုံး နေမောင်ဆော့ဖူးသည့် ကစားနည်းမှာ ရုပ်ရှင်ရိုက်တမ်းလို့ပဲခေါ်ရမလား၊ သရုပ်ဆောင်တမ်းလို့ပဲ ခေါ်ရမလားမသိ။ ထိုစဉ်တုန်းကတော့ စင်ဒရဲလားဇာတ်လမ်းဆော့ကြသည်။ အစ်မကြီးနှင့် အစ်မလတ်တို့က မိထွေး၏ အကျင့်ပုပ်သော သမီးနှစ်ယောက် နေရာကဝင်ကြကာ အစ်မငယ်ကတော့ စင်ဒရဲလားနေရာက သရုပ်ဆောင်သည်။ အံမယ်….အပြင်အဆင်တွေကလည်း ခေတ်မီသည်။ တကယ့် စင်ဒရဲလားကာတွန်းတွေထဲကလို ဂါဝန်ဖောင်းဖောင်းတွေဖြစ်စေရန် ဖေဖေ၏ပုဆိုးများကို ခါးတွင်ဖြစ်သလို စည်းနှောင်ကာ ခပ်ပွပွလုပ်ထားကြသည်။ မိထွေးသမီးများဖြစ်သူ အစ်မလတ်နှင့် အစ်မကြီးတို့ကတော့ ပုဆိုးကောင်းများ ဝတ်ခွင့်ရကြသော်လည်း စင်ဒရဲလားဖြစ်သူ အစ်မငယ်ကတော့ ပုဆိုးစုတ် နွမ်းနွမ်းတစ်ခုကိုသာ ချည်နှောင်ခွင့်ရလေသည်။

အဲ….နေမောင်ကတော့ (ဇာတ်လမ်းထဲတွင် မပါသော်လည်း ကိုယ့်ဖာသာကိုယ်ဖန်တီးကာ) စင်ဒရဲလား၏ ညီမငယ် စင်ဒရီလိုအဖြစ် သရုပ်ဆောင်ခိုင်းပါသည်။ စဆော့ပြီဆိုတာနှင့် အစ်မကြီးနှင့် အစ်မလတ်တို့က ခေါင်းမော့ရင်ကော့ကာ ပုဆိုးများမရင်း အစ်မငယ်ထံ သို့ချီတက်လာကြလေပြီ။

``ဟင်..ကောင်မ ညည်းဘာတွေလုပ်နေလို့ အခုထိ အဝတ်လျှော် မပြီးတာတုန်းဟဲ့…ကဲဟယ်´´
``အား….ကျွန်မ….ကျွန်မ´´
``ကြည့်စမ်း..ကြည့်စမ်း…ထမင်းလည်းမကျက်သေးပါလား။ သေစမ်း ကောင်မ´´
``အမယ်လေး´´

ထိုအခါမျိုးတွင် အစ်မငယ်သည် နှိပ်စက်သမျှခံရပြီး မြေတွင် ပစ်လဲဟန်ပြုကာ ငိုရတတ်သည်။ ထိုမြင်ကွင်းများ၊ အပြုအမူများနှင့် အစ်မတို့၏ ပြောဟန်များသည် ဆော့ဖန်များလာသောအခါ နေမောင့်ကို သဘောကျစေခဲ့လေပြီ။

ဒုတိယကစားနည်းကတော့ အိုးမုတ်ခွတ်များနှင့် ဟင်းချက်ကြတမ်းပင်။ ဒီတစ်ခါတွင်တော့ နေမောင်နှင့် အစ်မကြီးတို့က ဟင်းချက်သူ များလုပ်ကြကာ အစ်မလတ်နှင့် အစ်မငယ်တို့ကလာရောက်စားသုံးသူများ လုပ်ကြသည်။

``ဟဲ့…ထမင်းစားမယ်….ဟင်းမှာမယ်´´ဟု အော်ကာဟစ်ကာနှင့် အစ်မလတ် အစ်မငယ်တို့နှစ်ယောက် ခပ်တည်တည်နှင့် ဖျာပေါ်ဝင်ထိုင်လိုက်ကြလေလျှင် အစ်မကြီးသည် အလုပ်ရှုပ်နေရာမှာ မီးဖိုခန်းထဲကနေ ပျာပျာသလဲထွက်လာရဟန်ပြုကာ…

``သြော် အစ်မတို့ဘာများ သုံးဆောင်မလဲရှင်´´ဟု မေးလေ့ရှိသည်။ ဤသည်ကို နေမောင်သဘောကျမဆုံးတော့။ သို့သော် နောက်တစ်ခါဆော့ကြသောအခါတွင်တော့ နေမောင်သည် ဧည့်ခံပေးသူနေရာက ဝင်ဆော့နေနိုင်လေပြီ။ အစ်မလတ်နှင့် အစ်မငယ် ဖျာပေါ်ထိုင်ချလိုက်လျှင်ပင်…

``လာ အစ်မတို့ ဘာများသုံးဆောင်မလဲ ရှင်´´ဟု အစ်မကြီးကဲ့သို့ ချိုသာစွာလိုက်လံတုပလျက် ပြောတတ်ခဲ့လေပြီ..။

တတိယ နေမောင် ဆော့ခဲ့ရသည်ကတော့ အရုပ်ကတ်လေးများပင်တည်း။ ကတ်ထူးပြားပေါ်တွင် အရုပ်မလေးပုံတစ်ခုကို ကိုယ့်စိတ်ကြိုက်ဆွဲ။ ကတ်ကြေးနှင့် ညှပ်ကိုက်ပြီးပြီဆိုလျှင် သင်သည် ထိုအရုပ်မလေး၏ပိုင်ရှင်ဖြစ်လေပြီ။ အရုပ်မလေးအတွက် သင်ကြိုက်သလို အကျႌပုံများကို ကိုယ်တိုင်းနှင့် ကြိုက်သလောက်ချုပ်ပေးလို့ရသည်။ ပြီးလျှင် တစ်ယောက်အရုပ်နှင့် တစ်ယောက်အရုပ် ဘယ်သူ့အဝတ်တွေက ပိုလှ ပိုဆန်းသစ်သလဲ ပြိုင်ကြရသည်။ နေမောင့်ကို ပန်းချီဆွဲတော်သော အစ်မလတ်က ဆွဲပေးကာ အကျႌများလည်းချုပ်ပေးတတ်သည်။ နေမောင်တွင် အရုပ်မလေးနှစ်ယောက်တောင် ရှိလေသည်။

ဒီလိုနှင့် နေမောင့်ကလေးဘဝက ကစားမှုများသည် တခြားသော ယောက်ျားကလေးများ၏ ကစားမှုများနှင့် မတူတော့ပဲ အခြားနားကြီး ခြားနားလာခဲ့ရတော့၏။ နေမောင် ဆော့ရန်ရည်ရွယ်၍ ဖေဖေဝယ်ထားပေးခဲ့သော ဘောလုံးလေးသည် ယခုအခါတွင်တော့ ဖုန်တို့အလိမ်းလိမ်း လူးကပ်နေပြီး တလောက ဝယ်လာပေးခဲ့သော စစ်သေနတ်လေးကတော့ ဘယ်ချောင်တွင်ရောက်လို့ ဘယ်ပေါက်နေပြီ မသိရတော့ပြီတည်း။

တခြားယောက်ျားကလေးများ ဘောလုံးကန် ကစားနေချိန်တွင် နေမောင်ကား အစ်မများနှင့် မော်ဒယ်ရှိုးလျှောက်တမ်းကစားနေခဲ့သည်။

တခြားယောက်ျားကလေးများ သေနတ်ပစ်တမ်း ကစားနေချိန်တွင် နေမောင်သည် စင်ဒရဲလား ဖြစ်နေခဲ့သည််။

တခြားယောက်ျားကလေးများ စွန်လွှတ်နေချိန်တွင် နေမောင်သည် ငါးပေါင်တင်လျှင် ငါးပေါင်လုံး ခုတ်ချနိုင်လောက်အောင် ဇယ်တောက်ရာ၌ ကျွမ်းကျင် နေခဲ့လေပြီ။

ဖေဖေကား တစ်နေကုန် ရုံးတွင်သာ အချိန်ကုန်နေရသူမို့ နေမောင်ဘာ ကစားနည်းတွေကို ဘယ်လိုဆော့နေလဲဆိုတာ မသိခဲ့ရှာပေ။ မေမေကတော့ အိမ်ခြံမြေပွဲစားတစ်ယောက်မို့ အိမ်တွင်ရှိတဲ့အခါရှိလိုက်…တနေကုန်နီးပါး အပြင်မှာ ရောက်နေလိုက်နှင့် နေမောင့်ကိုဂရုမစိုက်နိုင်အားခဲ့ကြချေ။ နေမောင်ကား အစ်မများနှင့် ကောင်းကောင်း အဖော်ပြုလျှက်ပင်တည်း..။

x x x


နေမောင် သူငယ်တန်းကျောင်းစတက်ရသောအခါတွင်မူကား နေမောင်၏ တခြားယောက်ျားလေးများနှင့် မတူသောပြောင်းလဲမှုတွေက ထင်ရှားလို့လာခဲ့ပြီဖြစ်သည်။ ကျောင်းစိမ်းဘောင်းဘီအစား အစ်မများလို စကတ်ဖားဖားသာ ဝတ်ချင်သည်ဟု ပူဆာလာချေပြီကော။ မေမေကား ဖေဖေမသိအောင် တိုးတိုးတိတ်တိတ် ချော့တစ်ခါ ခြောက်တစ်လှည့်နှင့် နေမောင့်ကို ဘောင်းဘီ မရရအောင်ဝတ်ပေးရ၏။ နေမောင့်အဖို့တော့ စင်ဒရဲလားလုပ်တိုင်း စကတ်ဝတ်နေကျလိုမို့ အဆန်းရယ်လို့ပင် မဟုတ်ချင်တော့ပြီ။ ဂါဝန်ဆိုသည်မှာ ခန္ဓာကိုယ်ကို အတန်ငယ် လှုပ်ရှားလိုက်ရုံမ၊ျှဖြင့် လေထဲ ဝေ့ဝဲသွားတတ်သည်။ နောက်ပြီး မိမိက ပြေးလိုက်လျှင်လည်း ကိုယ့်နောက်တွင် တလူလူ လွင့်ပါလိုက်လာနေတတ်သည်မှာ ဘယ်လောက်များ သဘောကျစရာ ကောင်းလိုက်လေသလဲကွယ်။ ဘောင်းဘီလိုလည်း မဟုတ်..။

သနပ်ခါးကတော့ မေမေကိုယ်တိုင်သဘောကျစွာ လိမ်းပေးသည်မို့ အထူးပြောစရာမလို။ တစ်ခုပဲရှိသည်။ နေမောင်၏ ဆံပင်များသည် အစ်မတွေလို ဖဲကြိုးလေးတွေနှင့် စည်းထားရလောက်အောင် မရှည်။ ဤသည်ကိုတော့ နေမောင် စိတ်ပျက်လှ၏။

ကျောင်းတွင်လည်း နေမောင်သည် ယောက်ျားလေး သူငယ်ချင်းများနှင့် အတူတူသာထိုင်နေရသော်လည်း သိပ်ပြီးမတည့်လှ။ သူတို့ ကစားသော အရာမှာ ဘောလုံးဖြစ်သည်။ နေမောင်လို ကြိုးလည်းမခုန်တတ်ကြ၊ နောက်ပြီး နေမောင့်မှာလို အရုပ်ကတ်တွေလည်း မရှိကြပြန်။ သူတို့မှာရှိသည်က သေနတ်များသာ။ ပြောနေကြသည့် အကြောင်းတွေကိုလည်း ကြည့်ပါဦး ပါ၀ါရိန်းဂျားတဲ့… ကားကျည်စိုး တဲ့…နှံကောင် ကျည်စိုးတဲ့။ နေမောင် သိလည်းမသိ ကြည့်လည်းမကြည့်ဘူး။ နေမောင် ကြည့်ဖူးသိဖူးတာတွေက စင်ဒရဲလား…စနှိုးဝှိုက် နှင့် စလစ်ပင်းဗျူတီတို့သာ။

ထိုအခါ နေမောင်သည် မိမိနှင့်ဆော့ကစားရာတွင်လည်း တူ၊ စကားပြောသော အကြောင်းအရာုတွေလည်းတူ…အရုပ်ကပ်ရှိတာခြင်း လည်းတူသော စာသင်ခန်းတစ်ဖက်ခြမ်းက မိန်းကလေးတွေနှင့် သွားရောက်ပေါင်းမိသည်။

ဘာကြောင့်မှန်းတော့မသိ မိန်းကလေးများနှင့်ပေါင်းသင်းရသည်မှာ အဆင်လည်းပြေသည်။ နေမောင်လည်း စိတ်ချမ်းသာသည်။ ယောက်ျားလေးတွေလို ကြမ်းကြမ်းတမ်းတမ်းတွေလည်း မဆော့ကြဘူး အနိုင်လည်းမကျင့်ကြဘူး။ တစ်ခါတွင် နေမောင်သည် အတန်းပိုင်ဆရာမ အပြင်သွားခိုက် မနေ့ညက အစ်မလတ်ချုပ်ပေးထားသော အကျႌအသစ်ကိုကြွားချင်ဇောဖြင့် မိန်းကလေးတွေဖက် ကူးလူးကာ အရုပ်ကတ်သွားဆော့သည်။ ပျော်ရွှင်စွာဆော့နေဆဲ…(…အထက်ကနှင့်အဆင်မပြေဖြစ်လာဟန်ရှိသော) အတန်းပိုင်ဆရာမ သည်စိတ်တိုတိုနှင့် အခန်းထဲပန်ဝင်လာရာ မိန်းကလေး ခုံတွေဖက် လာဆော့နေသော နေမောင့်ကို မျက်စိစပါးမွှေးစူးသွားပါသည်။

``ဟဲ့….ဟို အခြောက်ကလေး ကိုယ့်နေရာ ကိုယ်ပြန်သွားစမ်း..´´
အော်ဟစ်လိုက်သော ဆရာမ၏ အသံအဆုံးတွင် တစ်ဖက်ခြမ်းက ယောက်ျားလေးတော်တော်များများက နေမောင်အား လက်ညှိုးထိုးကာ တဝါးဝါးနှင့် ရယ်ကြပါတော့သည်။ နေမောင်ကတော့ ဆရာမ သူတို့ဘာပြောမှန်းပင် မသိလိုက်။

``အခြောက်ကလေး´´ဟူသော ဝေါဟာရကို သူမသိရှာ။ သို့သော် အတန်းပိုင်ဆရာမကတော့ တခြားကလေးတွေအား နေမောင့်ကို ခေါ်ရန် စကားလုံးတစ်လုံး အသစ်သင်ပေးလိုက်ပါသည်။ ယင်းမှာ အခြောက်ဟူသောစကားလုံးပင်တည်း။ ဟုတ်ပါသည် ထိုနေ့မှစ၍ တခြားကလေးတွေသ်ည နေမောင့်ကို အခြောက်လို့သာ ခေါ်ကြတော့သည်။

x x x

အခြောက်ဟူသော ဝေါဟာရကို မသိရှာသော နေမောင်သည် အိမ်သို့ရောက်လေလျှင် အခြောက်ဆိုတာ ဘာလဲမေးရန်အတွက် အိမ်ရှေ့ ခန်းတွင် အသင့်ထိုင်နေသော အဖေ့ကိုတွေ့ပါသည်။

`ဖေဖေ…ဆရာမက သားကို အခြောက်လို့ပြောတယ်။ အခြောက်ဆိုတာ ဘာလဲဟင်´

`ဘာကွ´

အရင်လိုပင် စိတ်ရှည်လက်ရှည် ကြင်နာစွာ သူနားမလည်လည်အောင် ရှင်းပြမည်ဟူသော မျှော်လင့်ချက်ဖြင့်စောင့်နေခဲ့ရသော ဖေ့ဖေ့ထံမှ ပေါက်ကွဲသံသည် နေမောင့်ကို ဆတ်ကနဲ တုန်သွားအောင်အပြည့်အဝ ကြောက်လန့်သွားစေသည်။ ဘာပြန်ပြောရမည် မသိစွာ နေမောင် ကြောင်အနေဆဲ။ ဖေဖေသည် ကုလားထိုင်မှ ဝုန်းကနဲထလိုက်ပါသည်။ ဖေဖေ့ပေါင်ပေါ်တွင် တင်ထားသော သတင်းစာမှာ ဖျတ်ကနဲ အောက်သို့ပြုတ်ကျပြီး စာရွက်များ တစ်စစီပြန့်ကျဲထွက်လာကုန်သည်။

`ဘယ်လို….မင်း အတန်းပိုင်ဆရာမက မင်းကို ဘယ်လိုခေါ်လိုက်တာ။ အခြောက် ဟုတ်လား…´

နေမောင် ပြန်ဖြေရမလား မသိချေ။ ဟုတ်တယ်လို့ပြောရင် ဖေဖေစိတ်ဆိုးမှာလားမသိ။ မဟုတ်ဘူးလို့ညာရင်ကောင်းမည်။ သို့သော် နေမောင် ညာတာကို ဖေဖေက ကြိုသိတတ်သည်။

`ဟုတ်တယ်….ဖေဖေ´

နေမောင့်ရင်ထဲမှ အကြောက်တရားများသည် ရင်ဘတ်ကို အတင်းဖိနှိပ်ဆုပ်ချေနေကာ လည်ပင်း၌ တစ်ဆို့ဆို့ကြီးဖြစ်လာစေ၏။ အဲဒီ အခြောက်ဆိုသော စကားလုံးက ဘာကြောင့် အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။
မျက်ထောင့်ကြီးများနီကာ တစ်ကိုယ်လုံး တုန်ယင်နေသော ဖေဖေသည် နေမောင့်ကို ဒေါသတကြီး အော်ငေါက်ပစ်လိုက်သောအခါ နေမောင် မျက်ရည်များကျလာရတော့၏။

`မင်း ငါ့ရှေ့ကထွက်သွားစမ်း….ခွေးမသား´

နေမောင် ဘာလုပ်ရမှန်းမသိအောင်ကြောက်လန့်နေပြီး နေရပ်မှာပင် ရပ်မြဲရပ်လျက် ငိုနေသောအခါ ဖေဖေသည် မသနားလာသည့် အပြင် ပိုတောင် ဒေါသထွက်လာသေးသည်။

` မင်း ငါ့ရှေ့မှာ လာငိုပြမနေနဲ့။ အေပေးလေး….မင်း အဲလို ငိုနေလို့လည်း မင်းကို အခြောက်လို့ပြောတာ။ ဘယ်လို အတန်းပိုင်ဆရာမ တုန်းကွာ။ တောက်….မင်း တိတ်စမ်း အသံမထွက်နဲ့´

နေမောင်သည် ငိုနေရာမှ အတင်းပင်မငိုအောင် ချုပ်တည်းထားရသောအခါ လည်ချောင်းကပြည့်လာပြီး အင့်ကနဲ အင့်ကနဲ တစ်ချက် တစ်ချက် လွတ်ထွက်ချင်သည်။ အတင်းပင် လက်သီးကိုဆုပ်ပြီး အသံတစ်ချက်မှ မထွက်ရအောင်နေသော်လည်း မအောင်မြင်ချေ။ အင့်ကနဲ အင့်ကနဲထွက်ချင်သည်။ ဒါကိုပင် ဖေဖေက စိတ်မကျေနပ်နိုင်။

``တိတ်ပါဆိုနေမှ မတိတ်နိုင်သေးဘူး။ ငါ မင်းကို လက်နဲ့ထိသေးလား ဟမ်..လက်နဲ့ထိသေးလို့လား….။ ငိုမနေနဲ့….ငိုတာ အခြောက်အလုပ်။ ပြောတာ မရသေးဘူးလား´´

ဖေဖေသည် ပြောရင်း စိတ်ပိုတိုလာဟန်ဖြင့် နေမောင်အား လက်ဖြင့်ရွယ်လိုက်သောအခါ ကြောက်ရွံ့စိတ်နှင့် နေမောင်သည် ထိန်းထားသမျှ လွှတ်ထွက်ကုန်ကာ အော်ပြီး ငိုမိလိုက်တော့သည်။

တက်ခေါက်သံပြင်းပြင်း တစ်ချက်ခေါက်ရင်း ဖေဖေ နေမောင်ရှေ့မှ ထွက်သွားသောအခါ သတင်းစာများ လေထဲတွင် ပြန့်ကျဲကုန်လေသည်။ ထိုအချိန်မှစကာ ဖေဖေသည် နေမောင့်ကို မျက်စိဒေါက်ထောက်ကြည့်ပါတော့သည်။ မေမေကတော့ နေမောင့် အိပ်ကာနီးတွင် တိုးတိုးလေး လာမှာရှာ၏။

``သား…..နောက်နေ့ကစပြီး သားမမတွေနဲ့ မဆော့နဲ့တော့နော်။ ကိုယ့်ဟာကိုယ်ဆော့ ကြားလား၊ မဟုတ်ရင် သားဖေဖေရိုက်လိမ့်မယ်´´

သို့သော် ဘယ်လောက်ပင် အစ်မတွေနှင့် မဆော့ဖို့ ထိန်းထားထိန်းထား တစ်ခါ တစ်ခါတွင်တော့ နေမောင်သည် ဖေဖေ မရှိဘူး အထင်နှင့် အစ်မများနဲ့ သွားဆော့တတ်သည်။

နေမောင်၏ အရုတ်ကဒ်အကျႌလေးများမှာ လှပဆန်းသစ်သောကြောင့် အစ်မများက ချီးကျူးပြီး ဆော့နေခိုက်မှာပင် ရုတ်တရက်ဆိုသလို နေမောင် ဆောင့်ဆွဲလွဲခေါ်ခြင်းကို ခံလိုက်ရတော့၏။

`ဟယ်….ဖေဖေ´ ဟူသော အစ်မများ၏ အသံများနှင့်အတူ နေမောင်၏ ခြေထောက်ပေါ် ကျလာသည်က ခပ်စပ်စပ် နာကျင်မှုတစ်ခု..။

``အဲ့ဒီ အရုပ်ကဒ်တွေနဲ့ မဆော့ပါနဲ့လို့ ငါမင်းကို ပြောထားတာ မရဘူးလား´´

`ရွှမ်း´

ဖေဖေ တစ်ခါပြောပြီးတိုင်း ကြိမ်လုံးက နေမောင့်ခြေထောက်ပေါ် တစ်ခါကျသည်။

`နောက်တစ်ခါ ကစားဦးမလား၊ ပြောစမ်း…..နောက်တစ်ခါ ကစားဦးမလား´

`ရွှမ်း..´

`မကစားတော့ပါဘူး….အီးဟီးဟီး….မကစားတော့ပါဘူး´

ထိုစဉ်ကတည်းကပင် နေမောင်၏ တီထွင်ဖန်တီးမှု ဉာဏ်များသည် ရိုက်ချိုးခြင်းခံခဲ့ရလေသည်။

ဖေဖေ့ရှေ့တွင်ဆိုလျှင် အစ်မများကစားသလို ကြိုးခုန်တမ်းဆော့ချင်ပါသော်လည်း ဘောလုံးကန်ပြရသည်။ အိုးမုတ်ခွက်တမ်း ကစားချင်သော်လည်း သေနတ်များနှင့် အလုပ်ရှုပ်ဟန်ပြုပြရသည်။ ခုနှစ်နှစ်အရွယ်ကလေးတစ်ယောက်သည် မိမိပြုလုပ်ချင်သော အရာများကို မလုပ်ရဘဲ ဟန်ဆောင်ကာ စိတ်မပါသော အလုပ်များကို လုပ်နေရသည်မှာ စိတ်ထဲ နာလွန်းလှပါသည်။
သို့သော် နေမောင် မည်မျှပင် ဖေဖေရှေ့ ကျောင်းကတခြားယောက်ျားလေးတွေလို နေပြနေပြ ဖေဖေကတော့ အပြစ်ရှာရန်အသင့် ဖြစ်နေတတ်သည်။

`မင်းလမ်းလျှောက်တာ ဖင်လှုပ်ပြီးလျှောက်မနေနဲ့ ခွေးမသား..´´ဟုဆိုကာ နေမောင့်ကို ခြေထောက်နှင့် လှမ်းကန်တတ်သည်။

`စကားပြောတာကိုက အခြောက်လိုလို ဂန်ဒူးလိုလိုနဲ့…ပြန်ပြင်ပြောစမ်း ဟေ့ကောင်´ဟုဆိုကာ သူစိတ်ကျေနပ်မှု မရမခြင်း နေမောင့်ကို အတင်းခပ်မာမာ စကားဆိုခိုင်းတတ်သည်။

အိမ်တွင် နေမောင် လုံးဝမပျော်တော့ပါ။ ဟုတ်ကဲ့… ကျောင်းတွင်ရော နေမောင် ပျော်ရသည်လား..။

အလယ်တန်းကျောင်းတွင် သူသည် နေမောင် မဟုတ်တော့ပြီ။ အခြောက်သာဖြစ်သည်။ ဘယ်ယောက်ျားလေးကမှ သူ့ကို စကားကောင်းကောင်း မပြောသလို တစ်ခုခု ရယ်စရာဖြစ်လာလျှင်လည်း သူ့ကိုသာ ၀ိုင်းရယ်ကြသည်။ နေမောင်သည် ယောက်ျားလေးများဝိုင်းတွင် အခုထိ ဝင်မဆံ့။ ကျောင်းတွင် သူအနိုင်ကျင့်ခံရသည်။ သူဘာလုပ်လုပ် ပြောစရာက ဖြစ်ကိုဖြစ်နေသည်။ ဥပမာ…ကျောင်းတွင် အတန်းထဲ၌ သင်္ချာတစ်ပုဒ်တွက်ခိုင်းသည်ဆိုပါစို့…ပြီးသူ အရင်လာပြဆိုတော့ နေမောင် အရင်ပြီးသည်မို့ သွားပြသည်။ ဤသည်ကို ယောက်ျားလေးဘက်က အော်၏။

`သောက်ခြောက်….ပြီးပြီဆိုပြီး မာန်တက်ပြမနေနဲ့။ အခြောက်က အခြောက်ပဲ…ယောက်ျားစစ်စစ်ဖြစ်လာမှာ မဟုတ်ဘူး´တဲ့။

ဆရာမကလည်း ဘာမှပြန်မပြော။ ရယ်ချင်သလိုလိုနဲ့ နေမောင့်ကိုသာကြည့်နေခဲ့ပါသည်။

x x x

အဘယ့်ကြောင့်မှန်းတော့ မသိ…နေမောင်သည် ဉာဏ်ကောင်းလှသည်။ အတန်းထဲတွင် အမြဲလိုလို ပထမရသည်။ သို့သော် မည်သူကမျှ သူ့ကို အထင်မကြီး၊ သူ့ဉာဏ်ကောင်းမှုအတွက်လည်း သူ မကျော်ကြားချေ။ အလွန်စာညံ့သော ယောက်ျားလေးတစ်ယောက်ဆိုလျှင်ပင်…

`ငါတို့က စာတော့မတော်ဘူး။ ဒါပေမယ့် ယောက်ျားစစ်တယ်။ လောကမှာ ယောက်ျားစစ်ဖို့လိုတယ်´ဟုပင် ပေါ်တင်ကြီးလာပြေသည်။ နေမောင် မခံချင်စွာ ပြန်ပြောမိသည်။

`အေး….ငါလို အခြောက်တောင်တော်နေတာ နင်တို့တွေက ယောက်ျားစစ်စစ်ဖြစ်ပြီး ငါ့လောက်တောင် မတော်ဘူးမဟုတ်လား´

`ဟား ဟား….ငါတို့က တော်ချင်တော် မတော်ချင်နေ…နင့်လို မျိုးမစစ် နှစ်ပိုင်းတစ်ပိုင်း မဖြစ်တော့ရင် ပြီးတာပဲ´ဟု ထိုသူက အနိုင်ပိုင်းကာ ထွက်သွားပါသည်။ ထိုနေ့က နေမောင် မျက်ရည်ကျမိ၏။

ဖေဖေသည် သူ အဆင့်တစ်ရသည့်အတွက် ဘယ်တုန်းအခါကမှ မချီးကျူးခဲ့သော်လည်း တစ်လမ်းကျော်မှ ယောက်ျားပီသလှကာ မိန်းကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်တွဲတတ်သော အောင်အောင်ဆိုသည့်ကောင်လေးကိုတော့ အင်မတန် ချီးကျူးလှသည်။

``ကောင်လေးက လူကြီးလည်း သိတတ်တယ်။ အပေါင်းအသင်းလည်း အဆင်ပြေတယ်´´

ဒါပေမယ့် သူ ကျောင်းမှာ စာမေးပွဲကျတာ ဖေဖေဘာမှမပြောဘူး။

တလောက မိဘပိုက်ဆံ ပြန်ခိုးတာဖေဖေဘာမှမပြောဘူး။

တလောက ရန်ဖြစ်လို့ အချုပ်မှာ တစ်ညအိပ်လိုက်ရတာ ဖေဖေဘာမှမပြောဘူး။

ဘယ်တော့မဆို တစ်ယောက်ယောက်နှင့်တွေ့လျှင် ကိုယ့်ကိုနှိမ်မှာပါပဲ အခြောက်ဆိုပြီး ပြောမှာပါပဲဟု အတတ်တွက်ထားသော နေမောင်သည် ဘယ်သူနှင့်မှ အပေါင်းအသင်းသိပ်မလုပ်တော့သလို အလိုလိုနေရင်း ကိုယ့်ကိုယ်ကို ငါဟာ ယုတ်ညံ့သောသူ ….ငါဟာ ရွံရှာဖွယ် အခြောက်ကြီးဟူသော အားငယ်စိတ်များ ဝင်နေတတ်ကာ လူတောလည်း မတိုးတော့ချေ။

နေမောင် ဆယ်တန်းရောက်တော့ မေမေဆုံးသည်။ မေမေ….တစ်လောကလုံးတွင် မေမေသည် သူ့ကို ဘာမှ အပြစ်မဆိုခဲ့ဆုံးလူ တစ်ယောက်ဖြစ်သည်။ နေမောင် ဘာဖြစ်နေဖြစ်နေ မေမေ့အပြုံးက အရင်ကလို နွေးထွေးမြဲ။ နေမောင့်ကို သားတစ်ယောက်အပြင် ဘာမှထပ်ပြီး ပိုမစဉ်းစားခဲ့။ နေမောင်သည် မေမေ၏ ထာဝစဉ်သော သားတစ်ယောက်ဖြစ်သည်။ အခုတော့ မေမေလည်း မရှိတော့ပြီ..။ မေမေဆုံးသွားကတည်းက ဖေဖေသည် နေမောင့်ကို စကားမပြောတော့ချေ။

နေမောင်သည် ငယ်စဉ်ကတည်းကပင် အကျႌဒီဇိုင်းများထွင်ရာ၌  ပါရမီပါသောသူတစ်ယောက် ဖြစ်သောကြောင့်လားမသိ အေမီဟူသော ဒီဇိုင်နာအခြောက်မတစ်ယောက်နှင့်တွေ့ကာ နေမောင် သင်တန်းများတက်ဖြစ်သည်။ ဖေဖေ့ကိုတော့ အသိမပေးခဲ့။

သင်တန်းဆင်းတော့ နေမောင်အထည်ဆိုင်တစ်ဆိုင် အေမီနှင့်ပေါင်းပြီး လုပ်ဖြစ်ပါသည်။ နေမောင်၏လက်ရာများကာ ဆန်းသစ်ကာ လှပ သောကြောင့် နာမည်ရသည်။ ဝင်ငွေများ ရလာသည်။ နောက်တော့ ဘယ်လိုက ဘယ်လိုသိသွားသည်မသိဘဲ ဖေဖေသည် နေမောင် ဒီဇိုင်နာလုပ်နေတယ်ဆိုတာသိသွား၏။ ထိုနေ့ညက နေမောင် သူ၏ ပထမဆုံးသော ဝင်ငွေဖြင့် ဖေဖေ့ကို ကန်တော့ခဲ့သည်။

``မင်း ကန်တော့တာ ငါလက်မခံဘူး။ မင်းရဲ့ မဟုတ်တရုတ် လမ်းကိုမင်းပဲရွေးခဲ့တာ။ မင်းဘဝ မင်းရွေးတာ။ ငါ့မှာ သားဆိုတာ မရှိဘူး´´
ဟု ဖေဖေက ခပ်ပြတ်ပြတ်ပင်ဆိုခဲ့သည်။ နေမောင် ဘာမှ ပြန်မပြောခဲ့ပါ။ အပြန်တွင်တော့ မျက်ရည်များ ကျမိတော့၏။

ကျွန်တော်က ကျွန်တော့်ဘာသာရွေးလို့ ဒီလိုအခြောက်ဖြစ်လာတာလို့ ဖေဖေဆိုလိုက်တာလား။

နေမောင် ရယ်လိုက်စဉ်မှာပင်…..
မျက်ရည်များက ပါးပြင်ပေါ် လှိမ့်ဆင်းပြန်သည်။

x x x

နေမောင်ရှေ့တွင် အလွန်လှပသော ညနေခင်း ပါတီတက် မိန်းကလေးဂါဝန်ဝတ်စုံတစ်ထည်က အိပ်ယာပေါ်တွင် ဖြန့်ခင်းလျက်ရှိနေပါသည်။ နေမောင်သည် အချိန်အတော်ယူကာ စဉ်းစားဆုံးဖြတ်ခဲ့ပြီးပြီ။

အရင်လို အရယ်အပြုံးများနှင့် လောကကြီးက ဘာပြောပြော ဘာမှမဖြစ်သလို ပြန်လည်တုံ့ပြန်နိုင်ဖို့ဆိုတာ…နေမောင် ဒီဝတ်စုံကို ဝတ်မှရမည်။

နေမောင်သည် ပထမအဆင့်အနေဖြင့် ဂါဝန်ကို စွပ်ချလိုက်၏။ ချက်ချင်းဆိုသလို ဖေဖေနှင့် နေမောင် ဝေးကွာသွားသလို ခံစားလိုက်ရပါသည်။

သူ ဒီအချိန်ကစပြီး မိန်းကလေးလိုဝတ်တော့မည်။ ငယ်စဉ်ကတည်းက သူဝတ်ချင်နေခဲ့သော ဝတ်စုံ။ တစ်နည်းဆိုရလျှင် ခုနှစ်နှစ်သားကတည်းက ဝတ်ချင်ခဲ့သော ဝတ်စုံကို နောက် ၁၅နှစ်ကြာတော့မှ သူဝတ်ခွင့်ရသည်။

ကြိုးများကို လက်လျှိုစွပ်ကာ ဝင်လိုက်သောအခါတွင် ဖေဖေနှင့် ပိုဝေးသွားသလို ခံစားရပြန်သည်။ လောကကြီး သူ့ကိုဘယ်လိုတုံ့ပြန် တုံ့ပြန် ဘယ်လိုဝေဖန်ဝေဖန် အပြုံးမပျက် ခံနိုင်ရည်ရှိဖို့ သတ္တိလိုသည်။

ယောက်ျားလေးတစ်ယောက်သည် သူ့ကိုယ်သူ မိန်းကလေးတစ်ယောက်ဟု အသွင်ပြောင်းလဲပစ်ရန်အတွက် သတ္တိများစွာရှိရန်လိုအပ်သည်။ သို့သော် သူဘာဆိုတာ တလောကလုံး ပြပြီးနောက်တွင်တော့ သတ္တိများအလိုလိုရလာလေသည်။
သူ ဒီလို ဝတ်ခြင်းသည် ယောက်ျားလေးများကို မြှူဆွယ်ရန် သို့မဟုတ် လောကကြီးကို အရွဲ့တိုက်ရန်မဟုတ်။ သတ္တိိရှိချင်သော ကြောင့်သာ။ ပြောင်းလဲမှုတစ်ခုကို လောကကြီးအား ချပြနိုင်ဖို့ သတ္တိလိုသည်။

နေမောင်တို့အဖို့မှာတော့ လောကကြီးကို မျက်နှာဖုံးဖြင့် မည်မျှ ကာကွယ်ထားနိုင်မည်နည်း။ လောကကြီးကို လှည့်စားနိုင်ပေမယ့်လည်း မိမိတို့၏ နှလုံးသားကို ဘယ်လိုမှ မလှည့်စားနိုင်သည်ကိုတော့ နေမောင် လက်ခံနိုင်သည်။
အခုတော့ ထိုသတ္တိကို သူဝတ်ဆင်လိုက်လေပြီ။

ဖေဖေပြောသော စကားတစ်ခွန်းကို သူ ရယ်မောချင်ပါသေးသည်။

``မင်းရွေးလိုက်တဲ့ လမ်းပဲလေ´´တဲ့။

ဟုတ်ကဲ့….အခြောက်ဟူသည် ငယ်စဉ်ကတည်းကပင် ပက်စက်လှသော ကံတရား၏ အကွက်ကျကျ အစီအစဉ်များကြောင့်သာ ရွေးချယ်ခွင့်မရှိပဲ ဖြစ်လာရသူပင်တည်း။

အဘယ်ကြောင့်များ…….သူငယ်စဉ်ကတည်းက အစ်မတွေကြား နေချင်တဲ့စိတ်တွေရှိလာရသလဲ။ သူ အစ်မတွေကိုလည်း အပြစ်မပြောပါ။ သို့သော် အကြောင်းတစ်ခုခုသည် ဖန်တီးထားပြီးသားပင်။

အဘယ်ကြောင့်များ ယောက်ျားလေးဖြစ်လျက်နှင့် ယောက်ျားလေးများပြုလုပ်လေ့ရှိသည်ဟု ပတ်ဝန်းကျင်က ပုံသေသတ်မှတ်ထားသည့် အရာများကို နေမောင် မကြိုက်ခဲ့သနည်း။ ပတ်ဝန်းကျင်ဆိုတာကိုလည်း နေမောင် အပြစ်မပြောလိုပါ။ သေချာသည်ကတော့ လူတွေ မုန်းသည့်အရာကို ဘယ်လူကောင်း တစ်ဦးတစ်ယောက်ကမှ ရွေးချယ်လိမ့်မည် မဟုတ်ပေ။ ရွေးချယ်နိုင်သည့်အရာလည်း မဟုတ်ပါ။
ရွေးချယ်ခွင့်လည်း မရှိပါ။

ဟင့်အင်…..သူတို့မှာ ရွေးချယ်ခွင့်မရှိပါ။

ဘဝတစ်ခုကို ရွေးချယ်ခွင့်မရှိဘဲ ရလာတော့ ထိုဘဝတွင် ပျော်အောင်နေဖို့ကလွဲပြီး လူတစ်ယောက်သည် ဘာများ တတ်နိုင်ဦးမည်နည်း…။

အဘယ်ကြောင့်များ………

ရွှမ်းရွှမ်းသွေး

Credit: www.colorsrainbow.com 

(Zawgyi) 

အဘယ့္ေၾကာင့္မ်ား…?



ေနေမာင္ကို ေမြးခဲ့တုန္းက ေဖေဖေတာ္ေတာ္ေပ်ာ္ခဲ့သည္တဲ့။ ေနေမာင္ေရွ႕တြင္ သမီးခ်ည္းပဲကို သံုးေယာက္တိတိေတာင္ ေမြးထားခဲ့သည္ျဖစ္ရာ သားတစ္ေယာက္လိုခ်င္လြန္းလွေသာ ေဖေဖသည္ ဘယ္တုန္းအခါကမွ မယံုခဲ့သည့္ ေဗဒင္မ်ား၊ယၾတာမ်ားကိုပင္ လွ်င္ အေတာ္ၾကီးယံုခဲ့သည္ဟုဆိုသည္။ ဘုရားတြင္လည္း အၾကိမ္ၾကိမ္ဆုေတာင္းခဲ့ရသည္ဟု ေမေမကေျပာပါသည္။ ထို႕ေနာက္တြင္ ေနေမာင့္ကိုေမြးသည္။ ေဖေဖကား ေေပ်ာ္မဆံုးျပီတည္း…။

သားတစ္ေယာက္ေမြးရျခင္းႏွင့္ သမီးတစ္ေယာက္ေမြးရျခင္းသည္ အလြန္တရာကိုမွ ကြာျခားလြန္းလွသည္ဟု ေဖေဖက ခံယူသူပင္..။ သမီးဆိုသည့္အမ်ိဳးက အခ်ိန္တန္လွ်င္ အိမ္ေထာင္က်ျပီး ေသွ်ာင္ေနာက္ဆံထံုးပါ ေယာကၡမအိမ္သြားရမည့္သူ၊ ေမြးေသာမိဘမ်ား မပိုင္ရ။ အားကလည္းကိုးလို႕မရ။ တစ္နည္းအားျဖင့္ သမီးတစ္ေယာက္ရလာျခင္းသည္ ဘာကိုမွ ၾကီးၾကီးမားမား ေမွ်ာ္မွန္း၍မရ..။ သားဆိုသည့္ အမ်ိဳးကေတာ့ ထိုသို႕မဟုတ္ ေမြးကတည္းက သက္ဆိုင္းတိုင္ မိဘျဖစ္သူေတြႏွင့္အတူတူေနေပးမည့္သူဟု ေဖေဖကခံယူသည္။ ကိုယ္က ပိုင္ဆိုင္ခြင့္ရသည္…ဒီၾကားထဲ အခ်ိန္တန္လွ်င္ လိမၼာေသာ ေခၽြးမေလးတစ္ေယာက္ကိုလည္း အိမ္ေပၚသယ္ေဆာင္လာေပးဦးမည္။

ေယာက္်ားေလးျဖစ္ေသာေၾကာင့္လည္း တစ္ေန႕တြင္ ဖေအ့ေျခရာနင္း၊ ဖေအရုန္းခဲ့သမွ် အလုပ္ေတြ ဆက္ခံလုပ္ကိုင္ေပးမည့္သူ၊ မိဘကို သက္ဆံုးတိုင္ လုပ္ေကၽြးမည့္ သူ….စသျဖင့္ စသျဖင့္ေသာ ခံယူခ်က္ ေမွ်ာ္မွန္းခ်က္ေတြႏွင့္ ေေဖေဖပါတည္း။

သို႕ေသာ္…..

x x x

ေနေမာင္ သံုးႏွစ္ခြဲအရြယ္ ေလးႏွစ္သားေလာက္တြင္ ခုန္ခုန္ေပါက္ေပါက္ အင္မတန္ေဆာ့ခ်င္သည္။ သို႕ေသာ္ ေျပာစရာအခ်က္တစ္ခ်က္ မွာ ေဘးပတ္၀န္းက်င္ အနီးအနား အိမ္မ်ား၌ ေနေမာင္ႏွင့္ အရြယ္တူ အျခားကေလးမ်ား တစ္ေယာက္မကရွိေနေသာ္ျငားလည္း ေနေမာင္ သည္ သူ႕ထက္ သံုးေလးႏွစ္ခန္႕မွ်သာၾကီးမည္ျဖစ္ေသာ အစ္မသံုးေယာက္ႏွင့္သာ အတူတူေဆာ့ရသည္ကို ႏွစ္သက္သေဘာက်သည္။ အရြယ္တူ ကေလးမ်ားေဆာ့ကစားပံုမွာ အလြန္ၾကမ္းတမ္းလွသည္ဟု သူထင္သည္။ သစ္ပင္ေပၚသို႕ တက္သည္။ ငွက္ကေလးမ်ား၊ ပုရြက္ဆိတ္ကေလးမ်ား ျမင္လွ်င္ ရိုက္ႏွက္ပစ္ခတ္ နင္းေျခတတ္ေသးသည္။ ေနေမာင္ကေတာ့ ညင္သာစြာပင္ သြားလာကစားခ်င္သည္။ ျပီးေတာ့ ေနေမာင္အနည္းငယ္လည္း ေၾကာက္တတ္ေသးသည္။ ထို႕ေၾကာင့္ အစ္မၾကီး သံုးေယာက္ထံသာ အသာခ်ဥ္းကပ္ ကစားေလ့ရွိ သည္။

ပထမဆံုး ေနေမာင္ေဆာ့ဖူးသည့္ ကစားနည္းမွာ ရုပ္ရွင္ရိုက္တမ္းလို႕ပဲေခၚရမလား၊ သရုပ္ေဆာင္တမ္းလို႕ပဲ ေခၚရမလားမသိ။ ထိုစဥ္တုန္းကေတာ့ စင္ဒရဲလားဇာတ္လမ္းေဆာ့ၾကသည္။ အစ္မၾကီးႏွင့္ အစ္မလတ္တို႕က မိေထြး၏ အက်င့္ပုပ္ေသာ သမီးႏွစ္ေယာက္ ေနရာက၀င္ၾကကာ အစ္မငယ္ကေတာ့ စင္ဒရဲလားေနရာက သရုပ္ေဆာင္သည္။ အံမယ္….အျပင္အဆင္ေတြကလည္း ေခတ္မီသည္။ တကယ့္ စင္ဒရဲလားကာတြန္းေတြထဲကလို ဂါ၀န္ေဖာင္းေဖာင္းေတြျဖစ္ေစရန္ ေဖေဖ၏ပုဆိုးမ်ားကို ခါးတြင္ျဖစ္သလို စည္းေႏွာင္ကာ ခပ္ပြပြလုပ္ထားၾကသည္။ မိေထြးသမီးမ်ားျဖစ္သူ အစ္မလတ္ႏွင့္ အစ္မၾကီးတို႕ကေတာ့ ပုဆိုးေကာင္းမ်ား ၀တ္ခြင့္ရၾကေသာ္လည္း စင္ဒရဲလားျဖစ္သူ အစ္မငယ္ကေတာ့ ပုဆိုးစုတ္ ႏြမ္းႏြမ္းတစ္ခုကိုသာ ခ်ည္ေႏွာင္ခြင့္ရေလသည္။

အဲ….ေနေမာင္ကေတာ့ (ဇာတ္လမ္းထဲတြင္ မပါေသာ္လည္း ကိုယ့္ဖာသာကိုယ္ဖန္တီးကာ) စင္ဒရဲလား၏ ညီမငယ္ စင္ဒရီလိုအျဖစ္ သရုပ္ေဆာင္ခိုင္းပါသည္။ စေဆာ့ျပီဆိုတာႏွင့္ အစ္မၾကီးႏွင့္ အစ္မလတ္တို႕က ေခါင္းေမာ့ရင္ေကာ့ကာ ပုဆိုးမ်ားမရင္း အစ္မငယ္ထံ သို႕ခ်ီတက္လာၾကေလျပီ။

``ဟင္..ေကာင္မ ညည္းဘာေတြလုပ္ေနလို႕ အခုထိ အ၀တ္ေလွ်ာ္ မျပီးတာတုန္းဟဲ့…ကဲဟယ္´´
``အား….ကၽြန္မ….ကၽြန္မ´´
``ၾကည့္စမ္း..ၾကည့္စမ္း…ထမင္းလည္းမက်က္ေသးပါလား။ ေသစမ္း ေကာင္မ´´
``အမယ္ေလး´´

ထိုအခါမ်ိဳးတြင္ အစ္မငယ္သည္ ႏွိပ္စက္သမွ်ခံရျပီး ေျမတြင္ ပစ္လဲဟန္ျပဳကာ ငိုရတတ္သည္။ ထိုျမင္ကြင္းမ်ား၊ အျပဳအမူမ်ားႏွင့္ အစ္မတို႕၏ ေျပာဟန္မ်ားသည္ ေဆာ့ဖန္မ်ားလာေသာအခါ ေနေမာင့္ကို သေဘာက်ေစခဲ့ေလျပီ။

ဒုတိယကစားနည္းကေတာ့ အိုးမုတ္ခြတ္မ်ားႏွင့္ ဟင္းခ်က္ၾကတမ္းပင္။ ဒီတစ္ခါတြင္ေတာ့ ေနေမာင္ႏွင့္ အစ္မၾကီးတို႕က ဟင္းခ်က္သူ မ်ားလုပ္ၾကကာ အစ္မလတ္ႏွင့္ အစ္မငယ္တို႕ကလာေရာက္စားသံုးသူမ်ား လုပ္ၾကသည္။

``ဟဲ့…ထမင္းစားမယ္….ဟင္းမွာမယ္´´ဟု ေအာ္ကာဟစ္ကာႏွင့္ အစ္မလတ္ အစ္မငယ္တို႕ႏွစ္ေယာက္ ခပ္တည္တည္ႏွင့္ ဖ်ာေပၚ၀င္ထိုင္လိုက္ၾကေလလွ်င္ အစ္မၾကီးသည္ အလုပ္ရႈပ္ေနရာမွာ မီးဖိုခန္းထဲကေန ပ်ာပ်ာသလဲထြက္လာရဟန္ျပဳကာ…

``ေၾသာ္ အစ္မတို႕ဘာမ်ား သံုးေဆာင္မလဲရွင္´´ဟု ေမးေလ့ရွိသည္။ ဤသည္ကို ေနေမာင္သေဘာက်မဆံုးေတာ့။ သို႕ေသာ္ ေနာက္တစ္ခါေဆာ့ၾကေသာအခါတြင္ေတာ့ ေနေမာင္သည္ ဧည့္ခံေပးသူေနရာက ၀င္ေဆာ့ေနႏိုင္ေလျပီ။ အစ္မလတ္ႏွင့္ အစ္မငယ္ ဖ်ာေပၚထိုင္ခ်လိုက္လွ်င္ပင္…

``လာ အစ္မတို႕ ဘာမ်ားသံုးေဆာင္မလဲ ရွင္´´ဟု အစ္မၾကီးကဲ့သို႕ ခ်ိဳသာစြာလိုက္လံတုပလ်က္ ေျပာတတ္ခဲ့ေလျပီ..။

တတိယ ေနေမာင္ ေဆာ့ခဲ့ရသည္ကေတာ့ အရုပ္ကတ္ေလးမ်ားပင္တည္း။ ကတ္ထူးျပားေပၚတြင္ အရုပ္မေလးပံုတစ္ခုကို ကိုယ့္စိတ္ၾကိဳက္ဆြဲ။ ကတ္ေၾကးႏွင့္ ညွပ္ကိုက္ျပီးျပီဆိုလွ်င္ သင္သည္ ထိုအရုပ္မေလး၏ပိုင္ရွင္ျဖစ္ေလျပီ။ အရုပ္မေလးအတြက္ သင္ၾကိဳက္သလို အက်ႌပံုမ်ားကို ကိုယ္တိုင္းႏွင့္ ၾကိဳက္သေလာက္ခ်ဳပ္ေပးလို႕ရသည္။ ျပီးလွ်င္ တစ္ေယာက္အရုပ္ႏွင့္ တစ္ေယာက္အရုပ္ ဘယ္သူ႕အ၀တ္ေတြက ပိုလွ ပိုဆန္းသစ္သလဲ ျပိဳင္ၾကရသည္။ ေနေမာင့္ကို ပန္းခ်ီဆြဲေတာ္ေသာ အစ္မလတ္က ဆြဲေပးကာ အက်ႌမ်ားလည္းခ်ဳပ္ေပးတတ္သည္။ ေနေမာင္တြင္ အရုပ္မေလးႏွစ္ေယာက္ေတာင္ ရွိေလသည္။

ဒီလုိႏွင့္ ေနေမာင့္ကေလးဘ၀က ကစားမႈမ်ားသည္ တျခားေသာ ေယာက္်ားကေလးမ်ား၏ ကစားမႈမ်ားႏွင့္ မတူေတာ့ပဲ အျခားနားၾကီး ျခားနားလာခဲ့ရေတာ့၏။ ေနေမာင္ ေဆာ့ရန္ရည္ရြယ္၍ ေဖေဖ၀ယ္ထားေပးခဲ့ေသာ ေဘာလံုးေလးသည္ ယခုအခါတြင္ေတာ့ ဖုန္တို႕အလိမ္းလိမ္း လူးကပ္ေနျပီး တေလာက ၀ယ္လာေပးခဲ့ေသာ စစ္ေသနတ္ေလးကေတာ့ ဘယ္ေခ်ာင္တြင္ေရာက္လို႕ ဘယ္ေပါက္ေနျပီ မသိရေတာ့ျပီတည္း။

တျခားေယာက္်ားကေလးမ်ား ေဘာလံုးကန္ ကစားေနခ်ိန္တြင္ ေနေမာင္ကား အစ္မမ်ားႏွင့္ ေမာ္ဒယ္ရႈိးေလွ်ာက္တမ္းကစားေနခဲ့သည္။

တျခားေယာက္်ားကေလးမ်ား ေသနတ္ပစ္တမ္း ကစားေနခ်ိန္တြင္ ေနေမာင္သည္ စင္ဒရဲလား ျဖစ္ေနခဲ့သည္္။

တျခားေယာက္်ားကေလးမ်ား စြန္လႊတ္ေနခ်ိန္တြင္ ေနေမာင္သည္ ငါးေပါင္တင္လွ်င္ ငါးေပါင္လံုး ခုတ္ခ်ႏိုင္ေလာက္ေအာင္ ဇယ္ေတာက္ရာ၌ ကၽြမ္းက်င္ ေနခဲ့ေလျပီ။

ေဖေဖကား တစ္ေနကုန္ ရုံးတြင္သာ အခ်ိန္ကုန္ေနရသူမို႕ ေနေမာင္ဘာ ကစားနည္းေတြကို ဘယ္လိုေဆာ့ေနလဲဆိုတာ မသိခဲ့ရွာေပ။ ေမေမကေတာ့ အိမ္ျခံေျမပြဲစားတစ္ေယာက္မို႕ အိမ္တြင္ရွိတဲ့အခါရွိလိုက္…တေနကုန္နီးပါး အျပင္မွာ ေရာက္ေနလိုက္ႏွင့္ ေနေမာင့္ကိုဂရုမစိုက္ႏိုင္အားခဲ့ၾကေခ်။ ေနေမာင္ကား အစ္မမ်ားႏွင့္ ေကာင္းေကာင္း အေဖာ္ျပဳလွ်က္ပင္တည္း..။

x x x


ေနေမာင္ သူငယ္တန္းေက်ာင္းစတက္ရေသာအခါတြင္မူကား ေနေမာင္၏ တျခားေယာက္်ားေလးမ်ားႏွင့္ မတူေသာေျပာင္းလဲမႈေတြက ထင္ရွားလို႕လာခဲ့ျပီျဖစ္သည္။ ေက်ာင္းစိမ္းေဘာင္းဘီအစား အစ္မမ်ားလို စကတ္ဖားဖားသာ ၀တ္ခ်င္သည္ဟု ပူဆာလာေခ်ျပီေကာ။ ေမေမကား ေဖေဖမသိေအာင္ တိုးတိုးတိတ္တိတ္ ေခ်ာ့တစ္ခါ ေျခာက္တစ္လွည့္ႏွင့္ ေနေမာင့္ကို ေဘာင္းဘီ မရရေအာင္၀တ္ေပးရ၏။ ေနေမာင့္အဖို႕ေတာ့ စင္ဒရဲလားလုပ္တိုင္း စကတ္၀တ္ေနက်လိုမို႕ အဆန္းရယ္လို႕ပင္ မဟုတ္ခ်င္ေတာ့ျပီ။ ဂါ၀န္ဆိုသည္မွာ ခႏၶာကိုယ္ကို အတန္ငယ္ လႈပ္ရွားလိုက္ရံုမ၊ွ်ျဖင့္ ေလထဲ ေ၀့၀ဲသြားတတ္သည္။ ေနာက္ျပီး မိမိက ေျပးလိုက္လွ်င္လည္း ကိုယ့္ေနာက္တြင္ တလူလူ လြင့္ပါလိုက္လာေနတတ္သည္မွာ ဘယ္ေလာက္မ်ား သေဘာက်စရာ ေကာင္းလိုက္ေလသလဲကြယ္။ ေဘာင္းဘီလိုလည္း မဟုတ္..။

သနပ္ခါးကေတာ့ ေမေမကိုယ္တိုင္သေဘာက်စြာ လိမ္းေပးသည္မို႕ အထူးေျပာစရာမလို။ တစ္ခုပဲရွိသည္။ ေနေမာင္၏ ဆံပင္မ်ားသည္ အစ္မေတြလို ဖဲၾကိဳးေလးေတြႏွင့္ စည္းထားရေလာက္ေအာင္ မရွည္။ ဤသည္ကိုေတာ့ ေနေမာင္ စိတ္ပ်က္လွ၏။

ေက်ာင္းတြင္လည္း ေနေမာင္သည္ ေယာက္်ားေလး သူငယ္ခ်င္းမ်ားႏွင့္ အတူတူသာထိုင္ေနရေသာ္လည္း သိပ္ျပီးမတည့္လွ။ သူတို႕ ကစားေသာ အရာမွာ ေဘာလံုးျဖစ္သည္။ ေနေမာင္လို ၾကိဳးလည္းမခုန္တတ္ၾက၊ ေနာက္ျပီး ေနေမာင့္မွာလို အရုပ္ကတ္ေတြလည္း မရွိၾကျပန္။ သူတို႕မွာရွိသည္က ေသနတ္မ်ားသာ။ ေျပာေနၾကသည့္ အေၾကာင္းေတြကိုလည္း ၾကည့္ပါဦး ပါ၀ါရိန္းဂ်ားတဲ့… ကားက်ည္စိုး တဲ့…ႏွံေကာင္ က်ည္စိုးတဲ့။ ေနေမာင္ သိလည္းမသိ ၾကည့္လည္းမၾကည့္ဘူး။ ေနေမာင္ ၾကည့္ဖူးသိဖူးတာေတြက စင္ဒရဲလား…စႏႈိး၀ိႈက္ ႏွင့္ စလစ္ပင္းဗ်ဴတီတို႕သာ။

ထိုအခါ ေနေမာင္သည္ မိမိႏွင့္ေဆာ့ကစားရာတြင္လည္း တူ၊ စကားေျပာေသာ အေၾကာင္းအရာုေတြလည္းတူ…အရုပ္ကပ္ရွိတာျခင္း လည္းတူေသာ စာသင္ခန္းတစ္ဖက္ျခမ္းက မိန္းကေလးေတြႏွင့္ သြားေရာက္ေပါင္းမိသည္။

ဘာေၾကာင့္မွန္းေတာ့မသိ မိန္းကေလးမ်ားႏွင့္ေပါင္းသင္းရသည္မွာ အဆင္လည္းေျပသည္။ ေနေမာင္လည္း စိတ္ခ်မ္းသာသည္။ ေယာက္်ားေလးေတြလို ၾကမ္းၾကမ္းတမ္းတမ္းေတြလည္း မေဆာ့ၾကဘူး အႏိုင္လည္းမက်င့္ၾကဘူး။ တစ္ခါတြင္ ေနေမာင္သည္ အတန္းပိုင္ဆရာမ အျပင္သြားခိုက္ မေန႕ညက အစ္မလတ္ခ်ဳပ္ေပးထားေသာ အက်ႌအသစ္ကိုၾကြားခ်င္ေဇာျဖင့္ မိန္းကေလးေတြဖက္ ကူးလူးကာ အရုပ္ကတ္သြားေဆာ့သည္။ ေပ်ာ္ရႊင္စြာေဆာ့ေနဆဲ…(…အထက္ကႏွင့္အဆင္မေျပျဖစ္လာဟန္ရွိေသာ) အတန္းပိုင္ဆရာမ သည္စိတ္တိုတိုႏွင့္ အခန္းထဲပန္၀င္လာရာ မိန္းကေလး ခုံေတြဖက္ လာေဆာ့ေနေသာ ေနေမာင့္ကို မ်က္စိစပါးေမႊးစူးသြားပါသည္။

``ဟဲ့….ဟို အေျခာက္ကေလး ကိုယ့္ေနရာ ကိုယ္ျပန္သြားစမ္း..´´
ေအာ္ဟစ္လိုက္ေသာ ဆရာမ၏ အသံအဆံုးတြင္ တစ္ဖက္ျခမ္းက ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားက ေနေမာင္အား လက္ညွိဳးထိုးကာ တ၀ါး၀ါးႏွင့္ ရယ္ၾကပါေတာ့သည္။ ေနေမာင္ကေတာ့ ဆရာမ သူတို႕ဘာေျပာမွန္းပင္ မသိလိုက္။

``အေျခာက္ကေလး´´ဟူေသာ ေ၀ါဟာရကို သူမသိရွာ။ သို႕ေသာ္ အတန္းပိုင္ဆရာမကေတာ့ တျခားကေလးေတြအား ေနေမာင့္ကို ေခၚရန္ စကားလံုးတစ္လံုး အသစ္သင္ေပးလိုက္ပါသည္။ ယင္းမွာ အေျခာက္ဟူေသာစကားလံုးပင္တည္း။ ဟုတ္ပါသည္ ထိုေန႕မွစ၍ တျခားကေလးေတြသ္ည ေနေမာင့္ကို အေျခာက္လို႕သာ ေခၚၾကေတာ့သည္။

x x x

အေျခာက္ဟူေသာ ေ၀ါဟာရကို မသိရွာေသာ ေနေမာင္သည္ အိမ္သို႕ေရာက္ေလလွ်င္ အေျခာက္ဆိုတာ ဘာလဲေမးရန္အတြက္ အိမ္ေရွ႕ ခန္းတြင္ အသင့္ထိုင္ေနေသာ အေဖ့ကိုေတြ႕ပါသည္။

`ေဖေဖ…ဆရာမက သားကို အေျခာက္လို႕ေျပာတယ္။ အေျခာက္ဆိုတာ ဘာလဲဟင္´

`ဘာကြ´

အရင္လိုပင္ စိတ္ရွည္လက္ရွည္ ၾကင္နာစြာ သူနားမလည္လည္ေအာင္ ရွင္းျပမည္ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖင့္ေစာင့္ေနခဲ့ရေသာ ေဖ့ေဖ့ထံမွ ေပါက္ကြဲသံသည္ ေနေမာင့္ကို ဆတ္ကနဲ တုန္သြားေအာင္အျပည့္အ၀ ေၾကာက္လန္႕သြားေစသည္။ ဘာျပန္ေျပာရမည္ မသိစြာ ေနေမာင္ ေၾကာင္အေနဆဲ။ ေဖေဖသည္ ကုလားထိုင္မွ ၀ုန္းကနဲထလိုက္ပါသည္။ ေဖေဖ့ေပါင္ေပၚတြင္ တင္ထားေသာ သတင္းစာမွာ ဖ်တ္ကနဲ ေအာက္သို႕ျပဳတ္က်ျပီး စာရြက္မ်ား တစ္စစီျပန္႕က်ဲထြက္လာကုန္သည္။

`ဘယ္လို….မင္း အတန္းပိုင္ဆရာမက မင္းကို ဘယ္လိုေခၚလိုက္တာ။ အေျခာက္ ဟုတ္လား…´

ေနေမာင္ ျပန္ေျဖရမလား မသိေခ်။ ဟုတ္တယ္လို႕ေျပာရင္ ေဖေဖစိတ္ဆိုးမွာလားမသိ။ မဟုတ္ဘူးလို႕ညာရင္ေကာင္းမည္။ သို႕ေသာ္ ေနေမာင္ ညာတာကို ေဖေဖက ၾကိဳသိတတ္သည္။

`ဟုတ္တယ္….ေဖေဖ´

ေနေမာင့္ရင္ထဲမွ အေၾကာက္တရားမ်ားသည္ ရင္ဘတ္ကို အတင္းဖိႏွိပ္ဆုပ္ေခ်ေနကာ လည္ပင္း၌ တစ္ဆို႕ဆို႕ၾကီးျဖစ္လာေစ၏။ အဲဒီ အေျခာက္ဆိုေသာ စကားလံုးက ဘာေၾကာင့္ အဲ့ေလာက္ေတာင္ ေၾကာက္ဖို႕ေကာင္းေနရတာလဲ။
မ်က္ေထာင့္ၾကီးမ်ားနီကာ တစ္ကိုယ္လံုး တုန္ယင္ေနေသာ ေဖေဖသည္ ေနေမာင့္ကို ေဒါသတၾကီး ေအာ္ေငါက္ပစ္လိုက္ေသာအခါ ေနေမာင္ မ်က္ရည္မ်ားက်လာရေတာ့၏။

`မင္း ငါ့ေရွ႕ကထြက္သြားစမ္း….ေခြးမသား´

ေနေမာင္ ဘာလုပ္ရမွန္းမသိေအာင္ေၾကာက္လန္႕ေနျပီး ေနရပ္မွာပင္ ရပ္ျမဲရပ္လ်က္ ငိုေနေသာအခါ ေဖေဖသည္ မသနားလာသည့္ အျပင္ ပိုေတာင္ ေဒါသထြက္လာေသးသည္။

` မင္း ငါ့ေရွ႕မွာ လာငိုျပမေနနဲ႕။ ေအေပးေလး….မင္း အဲလို ငိုေနလို႕လည္း မင္းကို အေျခာက္လို႕ေျပာတာ။ ဘယ္လို အတန္းပိုင္ဆရာမ တုန္းကြာ။ ေတာက္….မင္း တိတ္စမ္း အသံမထြက္နဲ႕´

ေနေမာင္သည္ ငိုေနရာမွ အတင္းပင္မငိုေအာင္ ခ်ဳပ္တည္းထားရေသာအခါ လည္ေခ်ာင္းကျပည့္လာျပီး အင့္ကနဲ အင့္ကနဲ တစ္ခ်က္ တစ္ခ်က္ လြတ္ထြက္ခ်င္သည္။ အတင္းပင္ လက္သီးကိုဆုပ္ျပီး အသံတစ္ခ်က္မွ မထြက္ရေအာင္ေနေသာ္လည္း မေအာင္ျမင္ေခ်။ အင့္ကနဲ အင့္ကနဲထြက္ခ်င္သည္။ ဒါကိုပင္ ေဖေဖက စိတ္မေက်နပ္ႏိုင္။

``တိတ္ပါဆိုေနမွ မတိတ္ႏိုင္ေသးဘူး။ ငါ မင္းကို လက္နဲ႕ထိေသးလား ဟမ္..လက္နဲ႕ထိေသးလို႕လား….။ ငိုမေနနဲ႕….ငိုတာ အေျခာက္အလုပ္။ ေျပာတာ မရေသးဘူးလား´´

ေဖေဖသည္ ေျပာရင္း စိတ္ပိုတိုလာဟန္ျဖင့္ ေနေမာင္အား လက္ျဖင့္ရြယ္လိုက္ေသာအခါ ေၾကာက္ရြံ႕စိတ္ႏွင့္ ေနေမာင္သည္ ထိန္းထားသမွ် လႊတ္ထြက္ကုန္ကာ ေအာ္ျပီး ငိုမိလိုက္ေတာ့သည္။

တက္ေခါက္သံျပင္းျပင္း တစ္ခ်က္ေခါက္ရင္း ေဖေဖ ေနေမာင္ေရွ႕မွ ထြက္သြားေသာအခါ သတင္းစာမ်ား ေလထဲတြင္ ျပန္႕က်ဲကုန္ေလသည္။ ထိုအခ်ိန္မွစကာ ေဖေဖသည္ ေနေမာင့္ကို မ်က္စိေဒါက္ေထာက္ၾကည့္ပါေတာ့သည္။ ေမေမကေတာ့ ေနေမာင့္ အိပ္ကာနီးတြင္ တိုးတိုးေလး လာမွာရွာ၏။

``သား…..ေနာက္ေန႕ကစျပီး သားမမေတြနဲ႕ မေဆာ့နဲ႕ေတာ့ေနာ္။ ကိုယ့္ဟာကိုယ္ေဆာ့ ၾကားလား၊ မဟုတ္ရင္ သားေဖေဖရိုက္လိမ့္မယ္´´

သို႕ေသာ္ ဘယ္ေလာက္ပင္ အစ္မေတြႏွင့္ မေဆာ့ဖို႕ ထိန္းထားထိန္းထား တစ္ခါ တစ္ခါတြင္ေတာ့ ေနေမာင္သည္ ေဖေဖ မရွိဘူး အထင္ႏွင့္ အစ္မမ်ားနဲ႕ သြားေဆာ့တတ္သည္။

ေနေမာင္၏ အရုတ္ကဒ္အက်ႌေလးမ်ားမွာ လွပဆန္းသစ္ေသာေၾကာင့္ အစ္မမ်ားက ခ်ီးက်ဴးျပီး ေဆာ့ေနခိုက္မွာပင္ ရုတ္တရက္ဆိုသလို ေနေမာင္ ေဆာင့္ဆြဲလြဲေခၚျခင္းကို ခံလိုက္ရေတာ့၏။

`ဟယ္….ေဖေဖ´ ဟူေသာ အစ္မမ်ား၏ အသံမ်ားႏွင့္အတူ ေနေမာင္၏ ေျခေထာက္ေပၚ က်လာသည္က ခပ္စပ္စပ္ နာက်င္မႈတစ္ခု..။

``အဲ့ဒီ အရုပ္ကဒ္ေတြနဲ႕ မေဆာ့ပါနဲ႕လို႕ ငါမင္းကို ေျပာထားတာ မရဘူးလား´´

`ရႊမ္း´

ေဖေဖ တစ္ခါေျပာျပီးတိုင္း ၾကိမ္လံုးက ေနေမာင့္ေျခေထာက္ေပၚ တစ္ခါက်သည္။

`ေနာက္တစ္ခါ ကစားဦးမလား၊ ေျပာစမ္း…..ေနာက္တစ္ခါ ကစားဦးမလား´

`ရႊမ္း..´

`မကစားေတာ့ပါဘူး….အီးဟီးဟီး….မကစားေတာ့ပါဘူး´

ထိုစဥ္ကတည္းကပင္ ေနေမာင္၏ တီထြင္ဖန္တီးမႈ ဥာဏ္မ်ားသည္ ရိုက္ခ်ိဳးျခင္းခံခဲ့ရေလသည္။

ေဖေဖ့ေရွ႕တြင္ဆိုလွ်င္ အစ္မမ်ားကစားသလို ၾကိဳးခုန္တမ္းေဆာ့ခ်င္ပါေသာ္လည္း ေဘာလံုးကန္ျပရသည္။ အိုးမုတ္ခြက္တမ္း ကစားခ်င္ေသာ္လည္း ေသနတ္မ်ားႏွင့္ အလုပ္ရႈပ္ဟန္ျပဳျပရသည္။ ခုႏွစ္ႏွစ္အရြယ္ကေလးတစ္ေယာက္သည္ မိမိျပဳလုပ္ခ်င္ေသာ အရာမ်ားကို မလုပ္ရဘဲ ဟန္ေဆာင္ကာ စိတ္မပါေသာ အလုပ္မ်ားကို လုပ္ေနရသည္မွာ စိတ္ထဲ နာလြန္းလွပါသည္။
သို႕ေသာ္ ေနေမာင္ မည္မွ်ပင္ ေဖေဖေရွ႕ ေက်ာင္းကတျခားေယာက္်ားေလးေတြလို ေနျပေနျပ ေဖေဖကေတာ့ အျပစ္ရွာရန္အသင့္ ျဖစ္ေနတတ္သည္။

`မင္းလမ္းေလွ်ာက္တာ ဖင္လႈပ္ျပီးေလွ်ာက္မေနနဲ႕ ေခြးမသား..´´ဟုဆိုကာ ေနေမာင့္ကို ေျခေထာက္ႏွင့္ လွမ္းကန္တတ္သည္။

`စကားေျပာတာကိုက အေျခာက္လိုလို ဂန္ဒူးလိုလိုနဲ႕…ျပန္ျပင္ေျပာစမ္း ေဟ့ေကာင္´ဟုဆိုကာ သူစိတ္ေက်နပ္မႈ မရမျခင္း ေနေမာင့္ကို အတင္းခပ္မာမာ စကားဆိုခိုင္းတတ္သည္။

အိမ္တြင္ ေနေမာင္ လံုး၀မေပ်ာ္ေတာ့ပါ။ ဟုတ္ကဲ့… ေက်ာင္းတြင္ေရာ ေနေမာင္ ေပ်ာ္ရသည္လား..။

အလယ္တန္းေက်ာင္းတြင္ သူသည္ ေနေမာင္ မဟုတ္ေတာ့ျပီ။ အေျခာက္သာျဖစ္သည္။ ဘယ္ေယာက္်ားေလးကမွ သူ႕ကို စကားေကာင္းေကာင္း မေျပာသလို တစ္ခုခု ရယ္စရာျဖစ္လာလွ်င္လည္း သူ႕ကိုသာ ၀ိုင္းရယ္ၾကသည္။ ေနေမာင္သည္ ေယာက္်ားေလးမ်ား၀ိုင္းတြင္ အခုထိ ၀င္မဆံ့။ ေက်ာင္းတြင္ သူအႏိုင္က်င့္ခံရသည္။ သူဘာလုပ္လုပ္ ေျပာစရာက ျဖစ္ကိုျဖစ္ေနသည္။ ဥပမာ…ေက်ာင္းတြင္ အတန္းထဲ၌ သခၤ်ာတစ္ပုဒ္တြက္ခုိင္းသည္ဆိုပါစို႕…ျပီးသူ အရင္လာျပဆိုေတာ့ ေနေမာင္ အရင္ျပီးသည္မို႕ သြားျပသည္။ ဤသည္ကို ေယာက္်ားေလးဘက္က ေအာ္၏။

`ေသာက္ေျခာက္….ျပီးျပီဆိုျပီး မာန္တက္ျပမေနနဲ႕။ အေျခာက္က အေျခာက္ပဲ…ေယာက္်ားစစ္စစ္ျဖစ္လာမွာ မဟုတ္ဘူး´တဲ့။

ဆရာမကလည္း ဘာမွျပန္မေျပာ။ ရယ္ခ်င္သလိုလိုနဲ႕ ေနေမာင့္ကိုသာၾကည့္ေနခဲ့ပါသည္။

x x x

အဘယ့္ေၾကာင့္မွန္းေတာ့ မသိ…ေနေမာင္သည္ ဥာဏ္ေကာင္းလွသည္။ အတန္းထဲတြင္ အျမဲလိုလို ပထမရသည္။ သို႕ေသာ္ မည္သူကမွ် သူ႕ကို အထင္မၾကီး၊ သူ႕ဥာဏ္ေကာင္းမႈအတြက္လည္း သူ မေက်ာ္ၾကားေခ်။ အလြန္စာညံ့ေသာ ေယာက္်ားေလးတစ္ေယာက္ဆိုလွ်င္ပင္…

`ငါတို႕က စာေတာ့မေတာ္ဘူး။ ဒါေပမယ့္ ေယာက္်ားစစ္တယ္။ ေလာကမွာ ေယာက္်ားစစ္ဖို႕လိုတယ္´ဟုပင္ ေပၚတင္ၾကီးလာေျပသည္။ ေနေမာင္ မခံခ်င္စြာ ျပန္ေျပာမိသည္။

`ေအး….ငါလို အေျခာက္ေတာင္ေတာ္ေနတာ နင္တို႕ေတြက ေယာက္်ားစစ္စစ္ျဖစ္ျပီး ငါ့ေလာက္ေတာင္ မေတာ္ဘူးမဟုတ္လား´

`ဟား ဟား….ငါတို႕က ေတာ္ခ်င္ေတာ္ မေတာ္ခ်င္ေန…နင့္လို မ်ိဳးမစစ္ ႏွစ္ပိုင္းတစ္ပိုင္း မျဖစ္ေတာ့ရင္ ျပီးတာပဲ´ဟု ထိုသူက အႏိုင္ပိုင္းကာ ထြက္သြားပါသည္။ ထိုေန႕က ေနေမာင္ မ်က္ရည္က်မိ၏။

ေဖေဖသည္ သူ အဆင့္တစ္ရသည့္အတြက္ ဘယ္တုန္းအခါကမွ မခ်ီးက်ဴးခဲ့ေသာ္လည္း တစ္လမ္းေက်ာ္မွ ေယာက္်ားပီသလွကာ မိန္းကေလးေတြကို တစ္ေယာက္ျပီး တစ္ေယာက္တြဲတတ္ေသာ ေအာင္ေအာင္ဆိုသည့္ေကာင္ေလးကိုေတာ့ အင္မတန္ ခ်ီးက်ဴးလွသည္။

``ေကာင္ေလးက လူၾကီးလည္း သိတတ္တယ္။ အေပါင္းအသင္းလည္း အဆင္ေျပတယ္´´

ဒါေပမယ့္ သူ ေက်ာင္းမွာ စာေမးပြဲက်တာ ေဖေဖဘာမွမေျပာဘူး။

တေလာက မိဘပိုက္ဆံ ျပန္ခိုးတာေဖေဖဘာမွမေျပာဘူး။

တေလာက ရန္ျဖစ္လို႕ အခ်ဳပ္မွာ တစ္ညအိပ္လိုက္ရတာ ေဖေဖဘာမွမေျပာဘူး။

ဘယ္ေတာ့မဆို တစ္ေယာက္ေယာက္ႏွင့္ေတြ႕လွ်င္ ကိုယ့္ကိုႏွိမ္မွာပါပဲ အေျခာက္ဆိုျပီး ေျပာမွာပါပဲဟု အတတ္တြက္ထားေသာ ေနေမာင္သည္ ဘယ္သူႏွင့္မွ အေပါင္းအသင္းသိပ္မလုပ္ေတာ့သလို အလိုလိုေနရင္း ကိုယ့္ကိုယ္ကို ငါဟာ ယုတ္ညံ့ေသာသူ ….ငါဟာ ရြံရွာဖြယ္ အေျခာက္ၾကီးဟူေသာ အားငယ္စိတ္မ်ား ၀င္ေနတတ္ကာ လူေတာလည္း မတိုးေတာ့ေခ်။

ေနေမာင္ ဆယ္တန္းေရာက္ေတာ့ ေမေမဆံုးသည္။ ေမေမ….တစ္ေလာကလံုးတြင္ ေမေမသည္ သူ႕ကို ဘာမွ အျပစ္မဆိုခဲ့ဆံုးလူ တစ္ေယာက္ျဖစ္သည္။ ေနေမာင္ ဘာျဖစ္ေနျဖစ္ေန ေမေမ့အျပံဳးက အရင္ကလို ေႏြးေထြးျမဲ။ ေနေမာင့္ကို သားတစ္ေယာက္အျပင္ ဘာမွထပ္ျပီး ပိုမစဥ္းစားခဲ့။ ေနေမာင္သည္ ေမေမ၏ ထာ၀စဥ္ေသာ သားတစ္ေယာက္ျဖစ္သည္။ အခုေတာ့ ေမေမလည္း မရွိေတာ့ျပီ..။ ေမေမဆံုးသြားကတည္းက ေဖေဖသည္ ေနေမာင့္ကို စကားမေျပာေတာ့ေခ်။

ေနေမာင္သည္ ငယ္စဥ္ကတည္းကပင္ အက်ႌဒီဇိုင္းမ်ားထြင္ရာ၌  ပါရမီပါေသာသူတစ္ေယာက္ ျဖစ္ေသာေၾကာင့္လားမသိ ေအမီဟူေသာ ဒီဇိုင္နာအေျခာက္မတစ္ေယာက္ႏွင့္ေတြ႕ကာ ေနေမာင္ သင္တန္းမ်ားတက္ျဖစ္သည္။ ေဖေဖ့ကိုေတာ့ အသိမေပးခဲ့။

သင္တန္းဆင္းေတာ့ ေနေမာင္အထည္ဆိုင္တစ္ဆိုင္ ေအမီႏွင့္ေပါင္းျပီး လုပ္ျဖစ္ပါသည္။ ေနေမာင္၏လက္ရာမ်ားကာ ဆန္းသစ္ကာ လွပ ေသာေၾကာင့္ နာမည္ရသည္။ ၀င္ေငြမ်ား ရလာသည္။ ေနာက္ေတာ့ ဘယ္လိုက ဘယ္လိုသိသြားသည္မသိဘဲ ေဖေဖသည္ ေနေမာင္ ဒီဇိုင္နာလုပ္ေနတယ္ဆိုတာသိသြား၏။ ထိုေန႕ညက ေနေမာင္ သူ၏ ပထမဆံုးေသာ ၀င္ေငြျဖင့္ ေဖေဖ့ကို ကန္ေတာ့ခဲ့သည္။

``မင္း ကန္ေတာ့တာ ငါလက္မခံဘူး။ မင္းရဲ႕ မဟုတ္တရုတ္ လမ္းကိုမင္းပဲေရြးခဲ့တာ။ မင္းဘ၀ မင္းေရြးတာ။ ငါ့မွာ သားဆိုတာ မရွိဘူး´´
ဟု ေဖေဖက ခပ္ျပတ္ျပတ္ပင္ဆိုခဲ့သည္။ ေနေမာင္ ဘာမွ ျပန္မေျပာခဲ့ပါ။ အျပန္တြင္ေတာ့ မ်က္ရည္မ်ား က်မိေတာ့၏။

ကၽြန္ေတာ္က ကၽြန္ေတာ့္ဘာသာေရြးလို႕ ဒီလိုအေျခာက္ျဖစ္လာတာလို႕ ေဖေဖဆိုလိုက္တာလား။

ေနေမာင္ ရယ္လိုက္စဥ္မွာပင္…..
မ်က္ရည္မ်ားက ပါးျပင္ေပၚ လွိမ့္ဆင္းျပန္သည္။

x x x

ေနေမာင္ေရွ႕တြင္ အလြန္လွပေသာ ညေနခင္း ပါတီတက္ မိန္းကေလးဂါ၀န္၀တ္စံုတစ္ထည္က အိပ္ယာေပၚတြင္ ျဖန္႕ခင္းလ်က္ရွိေနပါသည္။ ေနေမာင္သည္ အခ်ိန္အေတာ္ယူကာ စဥ္းစားဆံုးျဖတ္ခဲ့ျပီးျပီ။

အရင္လို အရယ္အျပံဳးမ်ားႏွင့္ ေလာကၾကီးက ဘာေျပာေျပာ ဘာမွမျဖစ္သလို ျပန္လည္တံု႕ျပန္ႏိုင္ဖို႕ဆိုတာ…ေနေမာင္ ဒီ၀တ္စံုကို ၀တ္မွရမည္။

ေနေမာင္သည္ ပထမအဆင့္အေနျဖင့္ ဂါ၀န္ကို စြပ္ခ်လိုက္၏။ ခ်က္ခ်င္းဆိုသလို ေဖေဖႏွင့္ ေနေမာင္ ေ၀းကြာသြားသလို ခံစားလိုက္ရပါသည္။

သူ ဒီအခ်ိန္ကစျပီး မိန္းကေလးလို၀တ္ေတာ့မည္။ ငယ္စဥ္ကတည္းက သူ၀တ္ခ်င္ေနခဲ့ေသာ ၀တ္စံု။ တစ္နည္းဆိုရလွ်င္ ခုႏွစ္ႏွစ္သားကတည္းက ၀တ္ခ်င္ခဲ့ေသာ ၀တ္စံုကို ေနာက္ ၁၅ႏွစ္ၾကာေတာ့မွ သူ၀တ္ခြင့္ရသည္။

ၾကိဳးမ်ားကို လက္လွ်ိဳစြပ္ကာ ၀င္လိုက္ေသာအခါတြင္ ေဖေဖႏွင့္ ပိုေ၀းသြားသလို ခံစားရျပန္သည္။ ေလာကၾကီး သူ႕ကိုဘယ္လိုတံု႕ျပန္ တံု႕ျပန္ ဘယ္လိုေ၀ဖန္ေ၀ဖန္ အျပံဳးမပ်က္ ခံႏုိင္ရည္ရွိဖို႕ သတၱိလိုသည္။

ေယာက္်ားေလးတစ္ေယာက္သည္ သူ႕ကိုယ္သူ မိန္းကေလးတစ္ေယာက္ဟု အသြင္ေျပာင္းလဲပစ္ရန္အတြက္ သတိၱမ်ားစြာရွိရန္လိုအပ္သည္။ သို႕ေသာ္ သူဘာဆိုတာ တေလာကလံုး ျပျပီးေနာက္တြင္ေတာ့ သတိၱမ်ားအလိုလိုရလာေလသည္။
သူ ဒီလို ၀တ္ျခင္းသည္ ေယာက္်ားေလးမ်ားကို ျမွဴဆြယ္ရန္ သို႕မဟုတ္ ေလာကၾကီးကို အရြဲ႕တိုက္ရန္မဟုတ္။ သတိၱိရွိခ်င္ေသာ ေၾကာင့္သာ။ ေျပာင္းလဲမႈတစ္ခုကို ေလာကၾကီးအား ခ်ျပႏိုင္ဖို႕ သတိၱလိုသည္။

ေနေမာင္တို႕အဖို႕မွာေတာ့ ေလာကၾကီးကို မ်က္ႏွာဖံုးျဖင့္ မည္မွ် ကာကြယ္ထားႏိုင္မည္နည္း။ ေလာကၾကီးကို လွည့္စားႏိုင္ေပမယ့္လည္း မိမိတို႕၏ ႏွလံုးသားကို ဘယ္လိုမွ မလွည့္စားႏိုင္သည္ကိုေတာ့ ေနေမာင္ လက္ခံႏိုင္သည္။
အခုေတာ့ ထိုသတၱိကို သူ၀တ္ဆင္လိုက္ေလျပီ။

ေဖေဖေျပာေသာ စကားတစ္ခြန္းကို သူ ရယ္ေမာခ်င္ပါေသးသည္။

``မင္းေရြးလိုက္တဲ့ လမ္းပဲေလ´´တဲ့။

ဟုတ္ကဲ့….အေျခာက္ဟူသည္ ငယ္စဥ္ကတည္းကပင္ ပက္စက္လွေသာ ကံတရား၏ အကြက္က်က် အစီအစဥ္မ်ားေၾကာင့္သာ ေရြးခ်ယ္ခြင့္မရွိပဲ ျဖစ္လာရသူပင္တည္း။

အဘယ္ေၾကာင့္မ်ား…….သူငယ္စဥ္ကတည္းက အစ္မေတြၾကား ေနခ်င္တဲ့စိတ္ေတြရွိလာရသလဲ။ သူ အစ္မေတြကိုလည္း အျပစ္မေျပာပါ။ သို႕ေသာ္ အေၾကာင္းတစ္ခုခုသည္ ဖန္တီးထားျပီးသားပင္။

အဘယ္ေၾကာင့္မ်ား ေယာက္်ားေလးျဖစ္လ်က္ႏွင့္ ေယာက္်ားေလးမ်ားျပဳလုပ္ေလ့ရွိသည္ဟု ပတ္၀န္းက်င္က ပံုေသသတ္မွတ္ထားသည့္ အရာမ်ားကို ေနေမာင္ မၾကိဳက္ခဲ့သနည္း။ ပတ္၀န္းက်င္ဆိုတာကိုလည္း ေနေမာင္ အျပစ္မေျပာလိုပါ။ ေသခ်ာသည္ကေတာ့ လူေတြ မုန္းသည့္အရာကို ဘယ္လူေကာင္း တစ္ဦးတစ္ေယာက္ကမွ ေရြးခ်ယ္လိမ့္မည္ မဟုတ္ေပ။ ေရြးခ်ယ္ႏိုင္သည့္အရာလည္း မဟုတ္ပါ။
ေရြးခ်ယ္ခြင့္လည္း မရွိပါ။

ဟင့္အင္…..သူတို႕မွာ ေရြးခ်ယ္ခြင့္မရွိပါ။

ဘ၀တစ္ခုကို ေရြးခ်ယ္ခြင့္မရွိဘဲ ရလာေတာ့ ထိုဘ၀တြင္ ေပ်ာ္ေအာင္ေနဖို႕ကလြဲျပီး လူတစ္ေယာက္သည္ ဘာမ်ား တတ္ႏိုင္ဦးမည္နည္း…။

အဘယ္ေၾကာင့္မ်ား………

ရႊမ္းရႊမ္းေသြး

Credit: www.colorsrainbow.com 

No comments: