Thursday, September 10, 2020

Two Adam (Part II)


(၅)

ရသေ့မကြီး ဘွားသုခသည် တောင်ကုန်းလေးအတိုင်း ဆင်းလျှောက်သွားသည့် တာရာ၏နောက်ကျောကိုကြည့်ရင်း သံဝေဂ ရနေမိသည်။ မိမိကိုယ်မိမိ အထိုက်အလျောက်ရင့်ကျက်နေပြီ၊ တရားသဘောကို နားလည်နေပြီဟု ထင်ထားခဲ့သည့် ရသေ့မကြီး ဒေါ်သုခ။ 

တစ်နေ့တည်း တစ်ရက်တည်းမှာ မမျှော်လင့်တဲ့လူနှစ်ယောက်ကို အချိန်ချင်းမကွာခြားပဲ ကြုံလိုက်ရတော့ တရားရှင် ရသေ့မကြီး ရင်မှာ လှိုင်းထန်ရပြီ။ 

ပြီးဆုံးသွားပြီထင်ထားခဲ့သော ဇာတ်လမ်းမှာ မပြီးဆုံးသေးပါလား။ 


မယ်သုခသည် တောင်ကုန်းထိပ်မှနေ၍ ဧရာဝတီမြစ်ထဲကို လှမ်းမျှော်ကြည့်လိုက်သည်။ တရားရှင်၏စိတ်ကူးထဲမှာ တချိန် သောအခါက စိုးနဲ့တာရာတို့အဖြစ်များက အရိပ်လိုထင်ဟပ်လာလေသည်။


"အိုလေ- မတော်ပါဘူး"

တရားရှင်သည် အတွေးကို ဇွတ်ဖြတ်ပစ်လိုက်သည်။


"သံသရာတွေ မရှည်ပါစေနဲ့တော့၊ သူတို့တွေ နောက်တဖန် ပြန်မတွေ့ပါစေနဲ့၊ ပြန်မတွေ့ကြပါစေနဲ့၊ ပြီးခဲ့ပြီးသား အတိတ်ဟာ အတိတ်မှာပဲ ကျန်ခဲ့ပါစေတော့"


တရားရှင်ရသေ့မကြီးမယ်သုခက နောက်ဖက်သို့ပြန်လှည့်ကာ လွမ်းစေတီလေးကို လက်အုပ်ချီရင်း ဆုတောင်းလိုက်လေ သည်။


+++++


(၆)

နောက်တနေ့တွင် စိုးရာဇာသည် စစ်ကိုင်းက ရလာတဲ့ လိပ်စာအတိုင်း စုံစမ်းဖို့ တည်းခိုရာ ဟိုတယ်က ထွက်လာခဲ့သည်။ 


စိုးရာဇာ မန္တလေးကို မကျွမ်းကျင်ပါ။ ငယ်ငယ်က စစ်ကိုင်းမှာ နေခဲ့ဖူးသော်လည်း ဆင်းရဲသောကြောင့် မန္တလေးအထိ မရောက်ဖူးခဲ့။ အရွယ်ရောက်လာတော့လည်း ရန်ကုန်မှာပဲ ကြီးပြင်းခဲ့ရသည်။ ကိုယ့်ဘဝကိုယ် မပိုင်သေးတဲ့အချိန်မို့ မန္တလေးကိုလာချင် သော်လည်း မလာဖြစ်ခဲ့ပါ။ ပြီးတော့- နိုင်ငံခြားမှာ ပညာသင်၊ သင်တန်းတက်နှင့် သူ့ဘဝမှာ အချိန်တွေ ကုန်ခဲ့ရသည်မို့ မန္တလေးကို လာချင်သော်လည်း မလာဖြစ်ခဲ့။


အနှစ်နှစ်အလလက လာချင်ခဲ့သော မန္တလေးနှင့်စစ်ကိုင်းမြို့ရှိရာ အညာအရပ်ကို အခုတော့ လွတ်လပ်စွာ လာခွင့်ကြုံခဲ့ပါပြီ။ 

မန္တလေးကို မကျွမ်းကျင်သော်ငြား စိုးရာဇာသည် အဖော်အဖြစ် သူငယ်ချင်း၊ တပည့်တပန်း ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ပါ။ အတိတ်ကနေရာတွေကို သူတယောက်တည်း လျှောက်သွားပြီး လွမ်းမောချင်သည်။ ပြီးတော့- ညီမလေးမာလာ့ကို စုံစမ်းချင်သည်။ 


အဲလေ.. ဒီအချိန်မှာတော့ "ညီမလေးမာလာ"လို့ သူမှတ်မိနေတဲ့မိန်းကလေးဟာ အသက်လေးဆယ်ကျော် မိန်းမကြီး တယောက် ဖြစ်နေပြီပေါ့လေ။ 


စိုးရာဇာက မန္တလေးလမ်းများကို မကျွမ်းကျင်သော်ငြား လမ်းပြဖို့ ဘယ်သူ့ကိုမှ မခေါ်တော့ပါ။ အမှတ်စဉ်အတိုင်း မှည့်ခေါ်ထားသည့် လမ်းများမို့ ရှာရလွယ်မယ် ထင်ပါသည်။


မနေ့က စစ်ကိုင်းက နေရာဟောင်းမှာ သွားစုံစမ်းတော့ ညီမလေးမာလာ မန္တလေးမှာ ရှိနေတယ်ဆိုတာ သိခဲ့ရသည်။

ညီမလေးမာလာ သူ့ကိုမြင်ရင် မှတ်မိပါဦးမလားလို့ စိုးရာဇာ တွေးမိသည်။


မှတ်မိမှာပါ။ ဘွားသုခတောင် မှတ်မိသေးတာပဲ။ ညီမလေးမာလာလည်း စိုးရာဇာဆိုတဲ့သူ့ကို မှတ်မိလောက်ပါတယ်လေ။


+++++


လမ်းညွှန်တဲ့ လိပ်စာအတိုင်း တိတိကျကျရောက်လာတော့ တိုက်ရှေ့မှာ "ဦးကျော်စွာမင်း၊ နေသူရိန် အဆောက်အဦး ကန်ထရိုက်လုပ်ငန်း"ဆိုသည့် ဆိုင်းဘုတ်ကို တွေ့ရသည်။


"သူ့ယောက်ျားက အင်ဂျင်နီယာကွဲ့၊ ကန်ထရိုက်လုပ်တယ်၊ နေပါဦး၊ သူတို့လိပ်စာကတ် ဒေါ်ကြီးကိုပေးထားပါတယ်၊ လိပ်စာကဒ် မင်းကို ပေးလိုက်မယ်လေ"


စစ်ကိုင်းက ညီမလေးမာလာတို့နေခဲ့တဲ့အိမ်အနီးမှာ သွားစုံစမ်းစဉ်က အိမ်နီးချင်းအန်တီကြီး ပြောခဲ့တဲ့စကားကို ကြားယောင် လာသည်။ အိတ်ကပ်ထဲက လိပ်စာကဒ်ကိုထုတ်ကြည့်တော့လည်း ဦးကျော်စွာမင်း အမည်နဲ့ နေသူရိန်အဆောက်အဦးလုပ်ငန်းကို ပြန်ဖတ်လို့ရတာမို့ ဒီအိမ်ဆိုတာ သေချာသွားသည်။ ဖုန်းဆက်ရင် အကျိုးအကြောင်း အကြာကြီး ရှင်းပြရမှာဖြစ်ပြီး၊ ယုံအောင်လည်း အတော်ပြောယူရမည်မို့ စိုးရာဇာက ကြိုပြီး ဖုန်းဆက်မထားခြင်းဖြစ်ပါသည်။


စိုးရာဇာ ကားပေါ်က ဆင်း၊ တံခါးအုတ်တိုင်မှာမြှုပ်ထားတဲ့ လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့ အိမ်ထဲက အိမ်ဖော်ဖြစ်ဟန်တူသည့် မိန်းမငယ်တယောက် ပြေးထွက်လာသည်။ 


"ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်"


"ဦးကျော်စွာမင်းရဲ့ဇနီး၊ ဒေါ်မာ…"


စိုးရာဇာ စကားဆုံးအောင်တောင် မပြောလိုက်ရ။ အိမ်ထဲက ထွက်လိုက်လာသည့် အမျိုးသမီးကြီးက စိုးရာဇာကိုအမြင်တွင် အလန့် တကြား ရေရွတ်လိုက်သည်။ 


"ဟင်- ကိုကိုစိုး၊ အမလေး- ကိုကိုစိုး၊ ကိုကိုစိုး ဟုတ်ပါတယ် နော်"


အမျိုးသမီးကြီး၏ အလန့်တကြား အော်ဟစ်ရေရွတ်သံကြောင့် စိုးရာဇာ လှမ်းကြည့်လိုက်ကာ.. အမျိုးသမီးကြီးကိုအမြင်တွင် လွှတ်ကနဲ ပြောလိုက်သည်။ 


"မာလာ၊ ညီမလေးမာလာ၊ မာလာဟုတ်ပါတယ်နော်"


အိမ်ဖော်မိန်းကလေးသည် အသက်လေးဆယ်ကျော် အိမ်ရှင်အန်တီ့ကို နှစ်ဆယ်ကျော်လူငယ်က ညီမလေးလို့ ခေါ်ပုံကို ကြည့်ပြီး အံ့ဩမင်သက်နေရှာသည်။


"မာလာဟုတ်ပါတယ်နော်၊ ညီမလေးက ကိုကို့ကို မှတ်မိတယ်"


"အို.. တကယ့်ကိုကိုစိုးပါလား"

စိုးရာဇာ သတိဝင်သွားသည်။


"ဆောရီး၊ ဆောရီးဗျာ၊ ကျနော် သတိလစ်သွားမိတယ်"။


+++++


 (၇)


"ကျနော့်ကိုခွင့်လွှတ်ပါ ဝါဝါ"

တာရာက စကားကိုအဆုံးသတ်ရင်း ဝါဝါ့ကို တောင်းပန်လိုက်သည်။


"တကယ်တော့ ဝါက ကိုတာရာ့ကို လာပြီးတောင်းပန်ဖို့ စိတ်ကူးနေတာပါ ကိုတာရာ"


"ဗျာ-"


"ဟုတ်တယ်၊ ဝါ ကိုတာရာ့ကို ပြောစရာစကားလုံး ရှာမရလို့ ကိုတာရာ့ဆီ မလာရဲသေးလို့ပါ"


"ဘာ- ဘာပြောချင်လို့လဲ ဝါဝါ"


"ကိုတာရာ့ဆီက ခွင့်တောင်းချင်လို့ပေါ့၊ ဝါတယောက်တည်းမရဲလို့ ဝါ့ချစ်သူကိုပါ ခေါ်လာပြီးပြောရင် ကောင်းမယ်လို့ စိတ်ကူးနေတာပါ"


"ဗျာ-"


"ကိုတာရာ အံ့ဩသွားပြီလား၊ ဝါက ကိုတာရာ မိဘတွေ အစီအစဉ်တိုင်း ဝါနဲ့လက်ထပ်ဖို့ သဘောတူနေလိမ့်မယ်လို့ ထင်နေမိတာလေ၊ ဝါ့မှာက ချစ်သူရှိနေတော့ ကိုတာရာ့ကို ဘယ်လိုငြင်းရပါ့မလဲလို့ တွေးရင်း စိတ်ပူနေမိတာပါ"


"ဒါဖြင့်- အခု.."


"ဟုတ်ပါတယ်၊ ကိုတာရာ့က ဝါ့ကို စိတ်မဝင်စားနိုင်ဘူး၊ အိမ်ထောင်ပြုဖို့လည်း စိတ်ကူးမရှိဘူးဆိုပြီး ခုလိုလာပြောမှ ဝါ့စိတ်ထဲ ပေါ့ပါး သွားတာပါ ကိုတာရာ၊ ကိုတာရာ့ကို ကျေးဇူးတင်ပါတယ်"


"ကျနော်တို့နှစ်ယောက် စိတ်ချင်းညီရုံနဲ့ မပြီးသေးပါဘူး ဝါဝါ၊ ဒီကိစ္စက ထင်သလောက် မလွယ်ပါဘူး၊ မိဘတွေသဘောက ရှိပါသေးတယ်"


"ဒီအတွက် မပူပါနဲ့ ကိုတာရာ။ ဝါပဲ ဗီလိန်လုပ်လိုက်ပါ့မယ်"


"ဗျာ-"


"တကယ်တော့ ဝါ ဆုံးဖြတ်ထားပြီးသားပါ၊ ဝါ ကိုတာရာ့ကို မချစ်နိုင်ဘူးလေ၊ ဝါ့ချစ်သူနောက်ကို ဝါလိုက်သွားတော့မလို့ပါ ကိုတာရာ၊ ကိုတာရာ့အတွက် ယောက်ျားသိက္ခာကို ထိပါးလိုက်သလိုဖြစ်သွားမှာစိုးပြီး အားနာနေတာပါ၊ ခုလို ကိုတာရာက ပြတ်ပြတ် သားသား လာပြောတော့ ရပြီလေ၊ ကိုတာရာ ငြိမ်ငြိမ်လေး နေလိုက်ပါ။ ဝါပဲ မိန်းမဆိုးကြီး အဖြစ်ခံလိုက်ပါ့မယ်"


"ဝါဝါရယ်…"


"ကိုတာရာ့အဆိုးမဖြစ်စေရဘူး၊ မိဘတွေကို ငြင်းတာတွေ ဘာတွေ လုပ်မနေပါနဲ့တော့၊ ဝါယောက်ျားနောက်လိုက်ပြေးပြီဆိုရင် ကိုတာရာ့အတွက် ရန်တခုလည်း အေးပြီ။ အပြောအဆိုခံရစရာလည်း မရှိတော့ဘူး မဟုတ်လား"


"ဝါဝါ့ကို ကျေးဇူးတင်ပါတယ်လို့ ပြောဖို့တောင် မတန်တော့ဘူး ထင်ပါတယ်ဗျာ၊ တကယ်ဆို ယောက်ျားလေးဖြစ်တဲ့ကျနော်က အနစ်နာခံရမှာပါ၊ စွန့်စားရမှာပါ၊ ပြဿနာကို ဖြေရှင်းပေးရမှာပါ"


"အို- ဒါတွေတွေးမနေနဲ့ အဆင်ပြေသလိုလုပ်ရတာပဲ၊ အရေးကြီးတာက ကိုတာရာက ဝါ့ကိုသံသယကင်းပြီး၊ ဝါကလည်း ကိုတာရာ့ကို သံသယကင်းဖို့ပဲ မဟုတ်လား"


တာရာက သူတို့နှစ်ယောက်ပြဿနာကို ပညာသားပါပါဖြေရှင်း ပေးလိုက်သည့် ဝါဝါ့ကို ကြည့်ရင်း ကျေးဇူးတွေ တင်နေ မိသည်။ 


တကယ်တော့ သူသည် မိဘတွေစီစဉ်ထားတဲ့အတိုင်း သူနဲ့ ဝါဝါ လက်ထပ်ဖို့အစီအစဉ်ကို ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ဝါဝါ့ဆီကိုလာကာ တောင်းပန်ခြင်းဖြစ်ပါသည်။ 


ဒီရောက်တော့ ဝါဝါ့သဘောကို သိရရုံမက သူတို့နှစ်ယောက် ပြဿနာကို ဝါဝါက မိန်းကလေးတန်မဲ့ ဦးဆောင်ဖြေရှင်း ပေးလိုက်သည့်အတွက် အားနာနေမိခြင်းဖြစ်ပါသည်။


"ကိုတာရာ့ကို ဝါတို့မင်္ဂလာဆောင်ရင် လက်ဖွဲ့ပေးဖို့ တောင်းဆို ရဦးမယ်"

ဝါဝါ့စကားကြောင့် တာရာ သတိဝင်လာသည်။


"ဟင်- ဘာပါလိမ့် ဝါဝါ"


"ဝါတို့ မင်္ဂလာဆောင်ကို ဒီဇိုင်နာတာရာရဲ့ မင်္ဂလာဝတ်စုံ ဝတ်ပြီး ဆောင်ချင်လို့ပါ ကိုတာရာ"


"ဟာ- ရတာပေါ့ဗျာ။ ဘာများလဲလို့၊ ကျနော်က ဝါဝါတို့စုံတွဲအတွက် အကောင်းဆုံးမင်္ဂလာဝတ်စုံကို လက်ဖွဲ့ပါ့မယ်ဗျာ"


နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ရင်း ပေါ့ပါးစွာ ရယ်လိုက်မိကြသည်။

တကယ်လည်း နှစ်ယောက်စလုံးရင်မှာ ပေါ့ပါးသွားရပါပြီ။


+++++


(၈)


စိုးရာဇာဆီက ကြားလိုက်ရတဲ့အကြောင်းစုံကြောင့် ဒေါ်မာလာ တယောက် မျက်ရည်မိုး စွေရလေပြီ။ 


"အခု ကိုကိုလာတာ.. အဲလေ.. ဆောရီးဗျာ၊ ကိုယ့်ကိုကိုယ် အရင်ဘဝက စိုးရလို့ ထင်ပြီး ကိုကိုလို့ပြောမိတာပါ၊ ကျနော့် နာမည် စိုးရာဇာပါ အန်တီ"


"ဟင်- စိုးရာဇာ၊ ဟုတ်လား"


"ဟုတ်ကဲ့ စိုးရဆိုတဲ့နာမည်နဲ့ ခပ်ဆင်ဆင်ပါပဲအန်တီ"


"အန်တီလည်း မင်းကို တွေ့တွေ့ချင်း ကိုကိုစိုးလို့ ယောင်ပြီး ခေါ်မိသေးတာပဲ၊ တကယ်တော့.. အန်တီဟာ ကိုကိုစိုးရဲ့ တချိန်က ညီမလေးပဲမဟုတ်လား"

စိုးရာဇာ သက်ပြင်းချလိုက်သည်။ 


နှစ်ပေါင်း၃ဝနီးပါးကြာမြင့်သော်လည်း ဆယ်ကျော်သက်အရွယ်က ရှစ်တန်းကျောင်းသူ မာလာလေးရဲ့ ငယ်ရုပ်သွင် မပျောက်သေးတဲ့ ဒေါ်မာလာ့ကို ငေးကြည့်နေမိသည်။ 


ဒေါ်မာလာကလည်း စိုးရာဇာရုပ်သွင်ကိုငေးကြည့်ရင်း လွန်ခဲ့သော နှစ်ပေါင်း၃ဝက အတိတ်ဖြစ်ရပ်များကို ရုပ်ရှင်ကားသဖွယ် ပြန်လည် မြင်ယောင်မိလေတော့သည်။


+++++


အတိတ်(၁)

တာရာနှင့်မာလာတို့ ညီအစ်မနှစ်ယောက်မှာ စစ်ကိုင်းမြို့၏ အချောဆုံးအလှဆုံး စာရင်းဝင် မိန်းကလေးများဖြစ်ပါသည်။

တာရာ ဆယ်တန်းအောင်ပြီးချိန်မှာ မာလာက ၈တန်းပဲရှိသေးသည်။ 


တာရာ။ အစ်မတယောက်ဖြစ်လို့ ချစ်ရရုံမက ညီအစ်မနှစ်ယောက်တည်းရှိတဲ့ဘဝမှာ မမဟာ မာလာ့အတွက် စံပြလည်း ဖြစ်နေ၏။

ရုပ်ချောသလို စာလည်းတော်တဲ့ မမတာရာ။

သမီးကြီးတာရာ့ကို မိဘနှစ်ပါးကလည်း ချစ်ကြသည်။ 


တခုပဲရှိသည်။ မမတာရာတယောက် ကိုးတန်းနှစ်မှာပင် ချစ်သူတွေ့ခဲ့ သည့်အတွက် မိဘများက တားမြစ်ခဲ့ကြသည်။ ကိုးတန်းနဲ့ ရည်းစားထားရပါ့ မလားဆိုပြီး မမတာရာကို ဆူကြသည်။


မမတာရာကတော့- 

"ကျောင်းနေစဉ်မှာ ရည်းစားမထားသင့်ဘူးဆိုတာ မမတာရာ နားလည်ပါတယ်ကွယ်၊ ဒါပေမယ့် အသိထဲမှာ ဘယ်လိုရှိရှိ၊ နှလုံးသားဆန္ဒကို လွန်ဆန်ဖို့ဆိုတာတော့ ခက်သားကလားကွယ်၊ မမ စိုးကို ချစ်တယ်"

မိဘတွေတားတဲ့ကြားက ချစ်မိတဲ့အပြစ်ကြောင့် မမတာရာကလည်း သိုသိုသိပ်သိပ် နေရှာပါသည်။


မမတာရာရဲ့ချစ်သူ ကိုစိုးရက ရှစ်တန်းအောင်ပြီးမှ ကိုးတန်းကို စစ်ကိုင်းမြို့ပေါ်ကျောင်းမှာ လာနေခြင်းဖြစ်သည်။ ရွာကျောင်း ကနေ မြို့ပေါ်ကျောင်းကိုလာတက်သူဖြစ်သည်။ မိဘများက တောင်သူတွေ၊ နွမ်းပါးသူတွေဖြစ်လို့ ဘုန်းကြီးကျောင်းမှာ နေရရှာသည်။ အဲဒီလို ကိုစိုးရကိုမှ မမတာရာက ချစ်မိသွားသတဲ့လေ။


မမတာရာပြောသလို နှလုံးသားဆန္ဒဆိုတာ လွန်ဆန်ဖို့ ခက်လေသလား၊ မာလာကတော့ ငယ်သေးလို့ မသိပါ။


+++++


အတိတ်(၂)

မိဘတွေ သဘောမကျမှန်းသိလို့ မမတာရာက စိုးရနဲ့ချစ်ကြိုက်နေတာကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နေခဲ့သည်။ စိုးရက တွေ့ခွင့်တောင်းလွန်းတော့ စိုးရနဲ့ချိန်းတွေ့တိုင်း ညီမဖြစ်သူ မာလာ့ကို ခေါ်ခေါ် သွားတတ်သည်။ 


မာလာက ကိုကိုစိုးလို့ခေါ်တဲ့ စိုးရနဲ့ မမတာရာတို့ ချိန်းတွေ့တဲ့ နေရာက လွမ်းစေတီတောင်ကုန်းလေး။


စစ်ကိုင်းမြို့ရဲ့ တောင်ဘက်စူးစူးကို ဧရာဝတီမြစ်ကြောင်းအတိုင်း ၂မိုင်ခန့်သွားလျှင် ဧရာဝတီမြစ်ကမ်းဘေးက တောင်ကုန်း လေးပေါ်မှာ တည်ထားတဲ့ ထုံးစေတီလေးတဆူကို တွေ့ရနိုင်သည်။ ထင်ရှားသော ဘုရားစေတီတခုတော့ မဟုတ်ပါ။ သာမန် ထုံးစေတီလေးမျှသာ။


မြန်မာတို့ထုံးစံအတိုင်း လွမ်းစေတီဟု အလွယ်တကူခေါ်ကြသည်။ လွမ်းစေတီပေါ်မှကြည့်လျှင် ဧရာဝတီမြစ်ထဲမှ ရှုခင်းများကို လှပစွာ မြင်ရသည်။ 


လွမ်းစေတီလေးဘေးမှာ ဝါးထရံကာ သက်ကယ်မိုး တဖက်ရပ် တဲကလေးတလုံးရှိပါသည်။ တဲကလေးမှာ ဒေါ်သုခအမည်ရှိ ရသေ့သူတော်စင်မကြီး သီတင်းသုံးသော တဲကလေးဖြစ်ပါသည်။


မြစ်ကမ်းဘေး လွမ်းစေတီတောင်ကုန်းလေးပေါ်မှာ အသက်၄ဝအရွယ် ရသေ့မကြီးတပါးသာ ရှိပါသည်။


စိုးရကချိန်းလို့ သွားတွေ့ရတိုင်း ညီအစ်မနှစ်ယောက်သား စက်ဘီးလေးကိုနင်းကာ လွမ်းစေတီကို လာနေကျဖြစ်ပါသည်။

တစ်ပတ်တခါလောက်လာနေကျမို့ ရသေ့မကြီး ဒေါ်သုခနှင့် သူတို့တွေ ကျွမ်းဝင်ရင်းနှီးနေကြပြီ။


စိုးရနှင့်တာရာ တောင်ကုန်းထိပ်က မြစ်ကမ်းဘက်ကို မျက်နှာမူ ရိုက်ထားတဲ့ ခုံတန်းလျားလေးမှာ ထိုင်စကားပြောနေချိန် မာလာက တောပန်းတောင်ပန်းလေးတွေကို ခူးနေတတ်သည်။ ပျင်းလျှင်တော့ ရသေ့မကြီးမယ်သုခရဲ့ ကျောင်းသင်္ခန်းရှေ့က ဝါးကွပ်ပျစ် ကလေးမှာ သွားထိုင်နေတတ်သည်။


ထိုအခါများတွင် ရသေ့မကြီးမယ်သုခ ထွက်လာကာ ငှက်ပျောသီးများချကျွေးရင်း မာလာနှင့် စကားလက်ဆုံကျတတ်ပါ၏။


"လုံမတို့ မိဘများက ဘာအလုပ်အက်ိုင်များ လုပ်ကြသလဲကွဲ့"


"ဖေဖေက ကုန်သည်ပါ၊ မေမေကတော့ အိမ်မှာ မှီခိုပါပဲ"


"လုံမလေးတို့ ဒီကိုလာတာရော။ အိမ်က သိသလား"


"ဘယ်သိပါ့မလဲ မယ်မယ်ရယ်၊ အိမ်က မမကို ကိုစိုးရနဲ့ သဘောမတူဘူး၊ ကိုစိုးရတို့က ဆင်းရဲတယ်လေ၊ ရွာက။ မြို့ပေါ်မှာ ကျောင်းလာနေတော့ ဘုန်းကြီးကျောင်းမှာ နေရတာ မယ်မယ်ရဲ့"


"မိဘသဘောမတူပဲနဲ့ ဘာလို့ ဇွတ်တိုးရသလဲကွယ်"

မယ်သုခက သက်ပြင်းကလေးချရင်း ပြောရှာသည်။


"အင်းလေ.. ဒါတွေဟာ မယ်မယ်တို့လို တရားရှာသူတွေ စိတ်ဝင်စားရမယ့်အရာ မဟုတ်ပါဘူး"


မာလာနဲ့မယ်သုခတို့ စကားပြောနေစဉ် ကိုစိုးရနဲ့မမတာရာ ရောက်လာသည်။


"လာကြသူငယ်နဲ့သူငယ်မ၊ ငှက်ပျောသီးစားကြကွဲ့"


"မစားတော့ပါဘူးမယ်မယ်၊ သမီးတို့ မယ်မယ့်ကို ကန်တော့ခဲ့ပါတယ်"


တာရာက ပိုက်ဆံအိတ်ထဲက တစ်ဆယ်တန်တစ်ရွက်ကို ထုတ်ကာ မယ်သုခရှေ့ချ၍ ကန်တော့သည်။


မယ်သုခက ငွေစက္ကူကိုကြည့်ရင်း-

"တစ်ဆယ်တောင်ပါလား၊ မယ်မယ့်မှာ အသုံးချစရာကိစ္စမရှိပါဘူးကွယ်၊ ငွေတစ်ဆယ် များလွန်းပါတယ်၊ ပြန်ယူသွား၊ ပြန်ယူသွား"


"မယ်မယ် လှူစရာရှိတာ လှူလို့ရတာပေါ့ မယ်မယ်ရယ်"

မယ်သုခက ခေါင်းတညိတ်ညိတ်ဖြင့် ဆုပေးသည်။


"ဘုရားကိုရော ဦးချခဲ့ရဲ့လား လုံမတို့"


"ဘုရားလည်းကန်တော့ခဲ့တယ်၊ ဆုလည်း တောင်းခဲ့ပါတယ် မယ်မယ်"

စိုးရက ဝင်ပြောသည်။


"ဘာဆုတွေများ တောင်းသလဲကွဲ့"


"ကျနော်တို့ချစ်သူနှစ်ယောက် ဘယ်ဘဝရောက်ရောက် ပြန်ဆုံရပါစေ၊ ပေါင်းရပါစေလို့ ဆုတောင်းခဲ့ပါတယ် မယ်မယ်"

မယ်သုခမျက်နှာပျက်သွားသည်။


"အင်း.. ဆုဆိုတာ တောင်းကောင်းတာ ရှိသလို မတောင်းကောင်းတဲ့ဆုလည်း ရှိတယ်ကွဲ့"


"ဘာကြောင့်လဲ မယ်မယ်"


"အိုလေ.. ထားလိုက်ပါတော့၊ ပျော်ပျော်ပါးပါးရှိနေချိန်မှာ ပျော်ပျော်ပါးပါးပဲ နေပါလေ"


"သမီးတို့ကို သွားခွင့်ပြုပါဦး မယ်မယ်"


Written by ဆောင်းလုလင်


To be continued….


(Zawgyi)


Two Adam (Part II)

(၅)

ရေသ့မႀကီး ဘြားသုခသည္ ေတာင္ကုန္းေလးအတိုင္း ဆင္းေလၽွာက္သြားသည့္ တာရာ၏ေနာက္ေက်ာကိုၾကည့္ရင္း သံေဝဂ ရေနမိသည္။ မိမိကိုယ္မိမိ အထိုက္အေလ်ာက္ရင့္က်က္ေနၿပီ၊ တရားသေဘာကို နားလည္ေနၿပီဟု ထင္ထားခဲ့သည့္ ရေသ့မႀကီး ေဒၚသုခ။ 

တစ္ေန႔တည္း တစ္ရက္တည္းမွာ မေမၽွာ္လင့္တဲ့လူႏွစ္ေယာက္ကို အခ်ိန္ခ်င္းမကြာျခားပဲ ၾကဳံလိုက္ရေတာ့ တရားရွင္ ရေသ့မႀကီး ရင္မွာ လွိုင္းထန္ရၿပီ။ 

ၿပီးဆုံးသြားၿပီထင္ထားခဲ့ေသာ ဇာတ္လမ္းမွာ မၿပီးဆုံးေသးပါလား။ 

မယ္သုခသည္ ေတာင္ကုန္းထိပ္မွေန၍ ဧရာဝတီျမစ္ထဲကို လွမ္းေမၽွာ္ၾကည့္လိုက္သည္။ တရားရွင္၏စိတ္ကူးထဲမွာ တခ်ိန္ ေသာအခါက စိုးနဲ႔တာရာတို့အျဖစ္မ်ားက အရိပ္လိုထင္ဟပ္လာေလသည္။

"အိုေလ- မေတာ္ပါဘူး"

တရားရွင္သည္ အေတြးကို ဇြတ္ျဖတ္ပစ္လိုက္သည္။

"သံသရာေတြ မရွည္ပါေစနဲ႔ေတာ့၊ သူတို့ေတြ ေနာက္တဖန္ ျပန္မေတြ႕ပါေစနဲ႔၊ ျပန္မေတြ႕ၾကပါေစနဲ႔၊ ၿပီးခဲ့ၿပီးသား အတိတ္ဟာ အတိတ္မွာပဲ က်န္ခဲ့ပါေစေတာ့"

တရားရွင္ရေသ့မႀကီးမယ္သုခက ေနာက္ဖက္သို့ျပန္လွည့္ကာ လြမ္းေစတီေလးကို လက္အုပ္ခ်ီရင္း ဆုေတာင္းလိုက္ေလ သည္။

+++++


(၆)

ေနာက္တေန႔တြင္ စိုးရာဇာသည္ စစ္ကိုင္းက ရလာတဲ့ လိပ္စာအတိုင္း စုံစမ္းဖို့ တည္းခိုရာ ဟိုတယ္က ထြက္လာခဲ့သည္။ 

စိုးရာဇာ မႏၲေလးကို မကၽြမ္းက်င္ပါ။ ငယ္ငယ္က စစ္ကိုင္းမွာ ေနခဲ့ဖူးေသာ္လည္း ဆင္းရဲေသာေၾကာင့္ မႏၲေလးအထိ မေရာက္ဖူးခဲ့။ အရြယ္ေရာက္လာေတာ့လည္း ရန္ကုန္မွာပဲ ႀကီးျပင္းခဲ့ရသည္။ ကိုယ့္ဘဝကိုယ္ မပိုင္ေသးတဲ့အခ်ိန္မို့ မႏၲေလးကိုလာခ်င္ ေသာ္လည္း မလာျဖစ္ခဲ့ပါ။ ၿပီးေတာ့- နိုင္ငံျခားမွာ ပညာသင္၊ သင္တန္းတက္ႏွင့္ သူ႔ဘဝမွာ အခ်ိန္ေတြ ကုန္ခဲ့ရသည္မို့ မႏၲေလးကို လာခ်င္ေသာ္လည္း မလာျဖစ္ခဲ့။

အႏွစ္ႏွစ္အလလက လာခ်င္ခဲ့ေသာ မႏၲေလးႏွင့္စစ္ကိုင္းၿမိဳ့ရွိရာ အညာအရပ္ကို အခုေတာ့ လြတ္လပ္စြာ လာခြင့္ၾကဳံခဲ့ပါၿပီ။ 

မႏၲေလးကို မကၽြမ္းက်င္ေသာ္ျငား စိုးရာဇာသည္ အေဖာ္အျဖစ္ သူငယ္ခ်င္း၊ တပည့္တပန္း ဘယ္သူ႔ကိုမွ ေခၚမလာခဲ့ပါ။ အတိတ္ကေနရာေတြကို သူတေယာက္တည္း ေလၽွာက္သြားၿပီး လြမ္းေမာခ်င္သည္။ ၿပီးေတာ့- ညီမေလးမာလာ့ကို စုံစမ္းခ်င္သည္။ 

အဲေလ.. ဒီအခ်ိန္မွာေတာ့ "ညီမေလးမာလာ"လို့ သူမွတ္မိေနတဲ့မိန္းကေလးဟာ အသက္ေလးဆယ္ေက်ာ္ မိန္းမႀကီး တေယာက္ ျဖစ္ေနၿပီေပါ့ေလ။ 

စိုးရာဇာက မႏၲေလးလမ္းမ်ားကို မကၽြမ္းက်င္ေသာ္ျငား လမ္းျပဖို့ ဘယ္သူ႔ကိုမွ မေခၚေတာ့ပါ။ အမွတ္စဥ္အတိုင္း မွည့္ေခၚထားသည့္ လမ္းမ်ားမို့ ရွာရလြယ္မယ္ ထင္ပါသည္။

မေန႔က စစ္ကိုင္းက ေနရာေဟာင္းမွာ သြားစုံစမ္းေတာ့ ညီမေလးမာလာ မႏၲေလးမွာ ရွိေနတယ္ဆိုတာ သိခဲ့ရသည္။

ညီမေလးမာလာ သူ႔ကိုျမင္ရင္ မွတ္မိပါဦးမလားလို့ စိုးရာဇာ ေတြးမိသည္။

မွတ္မိမွာပါ။ ဘြားသုခေတာင္ မွတ္မိေသးတာပဲ။ ညီမေလးမာလာလည္း စိုးရာဇာဆိုတဲ့သူ႔ကို မွတ္မိေလာက္ပါတယ္ေလ။

+++++


လမ္းညႊန္တဲ့ လိပ္စာအတိုင္း တိတိက်က်ေရာက္လာေတာ့ တိုက္ေရွ႕မွာ "ဦးေက်ာ္စြာမင္း၊ ေနသူရိန္ အေဆာက္အဦး ကန္ထရိုက္လုပ္ငန္း"ဆိုသည့္ ဆိုင္းဘုတ္ကို ေတြ႕ရသည္။

"သူ႔ေယာက္်ားက အင္ဂ်င္နီယာကြဲ႕၊ ကန္ထရိုက္လုပ္တယ္၊ ေနပါဦး၊ သူတို့လိပ္စာကတ္ ေဒၚႀကီးကိုေပးထားပါတယ္၊ လိပ္စာကဒ္ မင္းကို ေပးလိုက္မယ္ေလ"

စစ္ကိုင္းက ညီမေလးမာလာတို့ေနခဲ့တဲ့အိမ္အနီးမွာ သြားစုံစမ္းစဥ္က အိမ္နီးခ်င္းအန္တီႀကီး ေျပာခဲ့တဲ့စကားကို ၾကားေယာင္ လာသည္။ အိတ္ကပ္ထဲက လိပ္စာကဒ္ကိုထုတ္ၾကည့္ေတာ့လည္း ဦးေက်ာ္စြာမင္း အမည္နဲ႔ ေနသူရိန္အေဆာက္အဦးလုပ္ငန္းကို ျပန္ဖတ္လို့ရတာမို့ ဒီအိမ္ဆိုတာ ေသခ်ာသြားသည္။ ဖုန္းဆက္ရင္ အက်ိဳးအေၾကာင္း အၾကာႀကီး ရွင္းျပရမွာျဖစ္ၿပီး၊ ယုံေအာင္လည္း အေတာ္ေျပာယူရမည္မို့ စိုးရာဇာက ႀကိဳၿပီး ဖုန္းဆက္မထားျခင္းျဖစ္ပါသည္။

စိုးရာဇာ ကားေပၚက ဆင္း၊ တံခါးအုတ္တိုင္မွာျမႇုပ္ထားတဲ့ လူေခၚဘဲလ္ကိုႏွိပ္လိုက္ေတာ့ အိမ္ထဲက အိမ္ေဖာ္ျဖစ္ဟန္တူသည့္ မိန္းမငယ္တေယာက္ ေျပးထြက္လာသည္။ 

"ဘယ္သူနဲ႔ ေတြ႕ခ်င္လို့ပါလဲရွင္"

"ဦးေက်ာ္စြာမင္းရဲ့ဇနီး၊ ေဒၚမာ…"

စိုးရာဇာ စကားဆုံးေအာင္ေတာင္ မေျပာလိုက္ရ။ အိမ္ထဲက ထြက္လိုက္လာသည့္ အမ်ိဳးသမီးႀကီးက စိုးရာဇာကိုအျမင္တြင္ အလန႔္ တၾကား ေရရြတ္လိုက္သည္။ 

"ဟင္- ကိုကိုစိုး၊ အမေလး- ကိုကိုစိုး၊ ကိုကိုစိုး ဟုတ္ပါတယ္ ေနာ္"

အမ်ိဳးသမီးႀကီး၏ အလန႔္တၾကား ေအာ္ဟစ္ေရရြတ္သံေၾကာင့္ စိုးရာဇာ လွမ္းၾကည့္လိုက္ကာ.. အမ်ိဳးသမီးႀကီးကိုအျမင္တြင္ လႊတ္ကနဲ ေျပာလိုက္သည္။ 

"မာလာ၊ ညီမေလးမာလာ၊ မာလာဟုတ္ပါတယ္ေနာ္"

အိမ္ေဖာ္မိန္းကေလးသည္ အသက္ေလးဆယ္ေက်ာ္ အိမ္ရွင္အန္တီ့ကို ႏွစ္ဆယ္ေက်ာ္လူငယ္က ညီမေလးလို့ ေခၚပုံကို ၾကည့္ၿပီး အံ့ဩမင္သက္ေနရွာသည္။

"မာလာဟုတ္ပါတယ္ေနာ္၊ ညီမေလးက ကိုကို့ကို မွတ္မိတယ္"

"အို.. တကယ့္ကိုကိုစိုးပါလား"

စိုးရာဇာ သတိဝင္သြားသည္။

"ေဆာရီး၊ ေဆာရီးဗ်ာ၊ က်ေနာ္ သတိလစ္သြားမိတယ္"

+++++


 (၇)

"က်ေနာ့္ကိုခြင့္လႊတ္ပါ ဝါဝါ"

တာရာက စကားကိုအဆုံးသတ္ရင္း ဝါဝါ့ကို ေတာင္းပန္လိုက္သည္။

"တကယ္ေတာ့ ဝါက ကိုတာရာ့ကို လာၿပီးေတာင္းပန္ဖို့ စိတ္ကူးေနတာပါ ကိုတာရာ"

"ဗ်ာ-"

"ဟုတ္တယ္၊ ဝါ ကိုတာရာ့ကို ေျပာစရာစကားလုံး ရွာမရလို့ ကိုတာရာ့ဆီ မလာရဲေသးလို့ပါ"

"ဘာ- ဘာေျပာခ်င္လို့လဲ ဝါဝါ"

"ကိုတာရာ့ဆီက ခြင့္ေတာင္းခ်င္လို့ေပါ့၊ ဝါတေယာက္တည္းမရဲလို့ ဝါ့ခ်စ္သူကိုပါ ေခၚလာၿပီးေျပာရင္ ေကာင္းမယ္လို့ စိတ္ကူးေနတာပါ"

"ဗ်ာ-"

"ကိုတာရာ အံ့ဩသြားၿပီလား၊ ဝါက ကိုတာရာ မိဘေတြ အစီအစဥ္တိုင္း ဝါနဲ႔လက္ထပ္ဖို့ သေဘာတူေနလိမ့္မယ္လို့ ထင္ေနမိတာေလ၊ ဝါ့မွာက ခ်စ္သူရွိေနေတာ့ ကိုတာရာ့ကို ဘယ္လိုျငင္းရပါ့မလဲလို့ ေတြးရင္း စိတ္ပူေနမိတာပါ"

"ဒါျဖင့္- အခု.."

"ဟုတ္ပါတယ္၊ ကိုတာရာ့က ဝါ့ကို စိတ္မဝင္စားနိုင္ဘူး၊ အိမ္ေထာင္ျပဳဖို့လည္း စိတ္ကူးမရွိဘူးဆိုၿပီး ခုလိုလာေျပာမွ ဝါ့စိတ္ထဲ ေပါ့ပါး သြားတာပါ ကိုတာရာ၊ ကိုတာရာ့ကို ေက်းဇူးတင္ပါတယ္"

"က်ေနာ္တို့ႏွစ္ေယာက္ စိတ္ခ်င္းညီ႐ုံနဲ႔ မၿပီးေသးပါဘူး ဝါဝါ၊ ဒီကိစၥက ထင္သေလာက္ မလြယ္ပါဘူး၊ မိဘေတြသေဘာက ရွိပါေသးတယ္"

"ဒီအတြက္ မပူပါနဲ႔ ကိုတာရာ။ ဝါပဲ ဗီလိန္လုပ္လိုက္ပါ့မယ္"

"ဗ်ာ-"

"တကယ္ေတာ့ ဝါ ဆုံးျဖတ္ထားၿပီးသားပါ၊ ဝါ ကိုတာရာ့ကို မခ်စ္နိုင္ဘူးေလ၊ ဝါ့ခ်စ္သူေနာက္ကို ဝါလိုက္သြားေတာ့မလို့ပါ ကိုတာရာ၊ ကိုတာရာ့အတြက္ ေယာက္်ားသိကၡာကို ထိပါးလိုက္သလိုျဖစ္သြားမွာစိုးၿပီး အားနာေနတာပါ၊ ခုလို ကိုတာရာက ျပတ္ျပတ္ သားသား လာေျပာေတာ့ ရၿပီေလ၊ ကိုတာရာ ၿငိမ္ၿငိမ္ေလး ေနလိုက္ပါ။ ဝါပဲ မိန္းမဆိုးႀကီး အျဖစ္ခံလိုက္ပါ့မယ္"

"ဝါဝါရယ္…"

"ကိုတာရာ့အဆိုးမျဖစ္ေစရဘူး၊ မိဘေတြကို ျငင္းတာေတြ ဘာေတြ လုပ္မေနပါနဲ႔ေတာ့၊ ဝါေယာက္်ားေနာက္လိုက္ေျပးၿပီဆိုရင္ ကိုတာရာ့အတြက္ ရန္တခုလည္း ေအးၿပီ။ အေျပာအဆိုခံရစရာလည္း မရွိေတာ့ဘူး မဟုတ္လား"

"ဝါဝါ့ကို ေက်းဇူးတင္ပါတယ္လို့ ေျပာဖို့ေတာင္ မတန္ေတာ့ဘူး ထင္ပါတယ္ဗ်ာ၊ တကယ္ဆို ေယာက္်ားေလးျဖစ္တဲ့က်ေနာ္က အနစ္နာခံရမွာပါ၊ စြန႔္စားရမွာပါ၊ ျပႆနာကို ေျဖရွင္းေပးရမွာပါ"

"အို- ဒါေတြေတြးမေနနဲ႔ အဆင္ေျပသလိုလုပ္ရတာပဲ၊ အေရးႀကီးတာက ကိုတာရာက ဝါ့ကိုသံသယကင္းၿပီး၊ ဝါကလည္း ကိုတာရာ့ကို သံသယကင္းဖို့ပဲ မဟုတ္လား"

တာရာက သူတို့ႏွစ္ေယာက္ျပႆနာကို ပညာသားပါပါေျဖရွင္း ေပးလိုက္သည့္ ဝါဝါ့ကို ၾကည့္ရင္း ေက်းဇူးေတြ တင္ေန မိသည္။ 

တကယ္ေတာ့ သူသည္ မိဘေတြစီစဥ္ထားတဲ့အတိုင္း သူနဲ႔ ဝါဝါ လက္ထပ္ဖို့အစီအစဥ္ကို ဘယ္လိုမွ မျဖစ္နိုင္ေၾကာင္း ဝါဝါ့ဆီကိုလာကာ ေတာင္းပန္ျခင္းျဖစ္ပါသည္။ 

ဒီေရာက္ေတာ့ ဝါဝါ့သေဘာကို သိရ႐ုံမက သူတို့ႏွစ္ေယာက္ ျပႆနာကို ဝါဝါက မိန္းကေလးတန္မဲ့ ဦးေဆာင္ေျဖရွင္း ေပးလိုက္သည့္အတြက္ အားနာေနမိျခင္းျဖစ္ပါသည္။

"ကိုတာရာ့ကို ဝါတို့မဂၤလာေဆာင္ရင္ လက္ဖြဲ႕ေပးဖို့ ေတာင္းဆို ရဦးမယ္"

ဝါဝါ့စကားေၾကာင့္ တာရာ သတိဝင္လာသည္။

"ဟင္- ဘာပါလိမ့္ ဝါဝါ"

"ဝါတို့ မဂၤလာေဆာင္ကို ဒီဇိုင္နာတာရာရဲ့ မဂၤလာဝတ္စုံ ဝတ္ၿပီး ေဆာင္ခ်င္လို့ပါ ကိုတာရာ"

"ဟာ- ရတာေပါ့ဗ်ာ။ ဘာမ်ားလဲလို့၊ က်ေနာ္က ဝါဝါတို့စုံတြဲအတြက္ အေကာင္းဆုံးမဂၤလာဝတ္စုံကို လက္ဖြဲ႕ပါ့မယ္ဗ်ာ"

ႏွစ္ေယာက္သား တေယာက္မ်က္ႏွာ တေယာက္ၾကည့္ရင္း ေပါ့ပါးစြာ ရယ္လိုက္မိၾကသည္။

တကယ္လည္း ႏွစ္ေယာက္စလုံးရင္မွာ ေပါ့ပါးသြားရပါၿပီ။

+++++

(၈)

စိုးရာဇာဆီက ၾကားလိုက္ရတဲ့အေၾကာင္းစုံေၾကာင့္ ေဒၚမာလာ တေယာက္ မ်က္ရည္မိုး ေစြရေလၿပီ။ 

"အခု ကိုကိုလာတာ.. အဲေလ.. ေဆာရီးဗ်ာ၊ ကိုယ့္ကိုကိုယ္ အရင္ဘဝက စိုးရလို့ ထင္ၿပီး ကိုကိုလို့ေျပာမိတာပါ၊ က်ေနာ့္ နာမည္ စိုးရာဇာပါ အန္တီ"

"ဟင္- စိုးရာဇာ၊ ဟုတ္လား"

"ဟုတ္ကဲ့ စိုးရဆိုတဲ့နာမည္နဲ႔ ခပ္ဆင္ဆင္ပါပဲအန္တီ"

"အန္တီလည္း မင္းကို ေတြ႕ေတြ႕ခ်င္း ကိုကိုစိုးလို့ ေယာင္ၿပီး ေခၚမိေသးတာပဲ၊ တကယ္ေတာ့.. အန္တီဟာ ကိုကိုစိုးရဲ့ တခ်ိန္က ညီမေလးပဲမဟုတ္လား"

စိုးရာဇာ သက္ျပင္းခ်လိုက္သည္။ ႏွစ္ေပါင္း၃ဝနီးပါးၾကာျမင့္ေသာ္လည္း ဆယ္ေက်ာ္သက္အရြယ္က ရွစ္တန္းေက်ာင္းသူ မာလာေလးရဲ့ ငယ္႐ုပ္သြင္ မေပ်ာက္ေသးတဲ့ ေဒၚမာလာ့ကို ေငးၾကည့္ေနမိသည္။ 

ေဒၚမာလာကလည္း စိုးရာဇာ႐ုပ္သြင္ကိုေငးၾကည့္ရင္း လြန္ခဲ့ေသာ ႏွစ္ေပါင္း၃ဝက အတိတ္ျဖစ္ရပ္မ်ားကို ႐ုပ္ရွင္ကားသဖြယ္ ျပန္လည္ ျမင္ေယာင္မိေလေတာ့သည္။

+++++

အတိတ္(၁)

တာရာႏွင့္မာလာတို့ ညီအစ္မႏွစ္ေယာက္မွာ စစ္ကိုင္းၿမိဳ့၏ အေခ်ာဆုံးအလွဆုံး စာရင္းဝင္ မိန္းကေလးမ်ားျဖစ္ပါသည္။

တာရာ ဆယ္တန္းေအာင္ၿပီးခ်ိန္မွာ မာလာက ၈တန္းပဲရွိေသးသည္။ 

တာရာ။ အစ္မတေယာက္ျဖစ္လို့ ခ်စ္ရ႐ုံမက ညီအစ္မႏွစ္ေယာက္တည္းရွိတဲ့ဘဝမွာ မမဟာ မာလာ့အတြက္ စံျပလည္း ျဖစ္ေန၏။

႐ုပ္ေခ်ာသလို စာလည္းေတာ္တဲ့ မမတာရာ။

သမီးႀကီးတာရာ့ကို မိဘႏွစ္ပါးကလည္း ခ်စ္ၾကသည္။ တခုပဲရွိသည္။ မမတာရာတေယာက္ ကိုးတန္းႏွစ္မွာပင္ ခ်စ္သူေတြ႕ခဲ့ သည့္အတြက္ မိဘမ်ားက တားျမစ္ခဲ့ၾကသည္။ ကိုးတန္းနဲ႔ ရည္းစားထားရပါ့ မလားဆိုၿပီး မမတာရာကို ဆူၾကသည္။

မမတာရာကေတာ့- 

"ေက်ာင္းေနစဥ္မွာ ရည္းစားမထားသင့္ဘူးဆိုတာ မမတာရာ နားလည္ပါတယ္ကြယ္၊ ဒါေပမယ့္ အသိထဲမွာ ဘယ္လိုရွိရွိ၊ ႏွလုံးသားဆႏၵကို လြန္ဆန္ဖို့ဆိုတာေတာ့ ခက္သားကလားကြယ္၊ မမ စိုးကို ခ်စ္တယ္"

မိဘေတြတားတဲ့ၾကားက ခ်စ္မိတဲ့အျပစ္ေၾကာင့္ မမတာရာကလည္း သိုသိုသိပ္သိပ္ ေနရွာပါသည္။

မမတာရာရဲ့ခ်စ္သူ ကိုစိုးရက ရွစ္တန္းေအာင္ၿပီးမွ ကိုးတန္းကို စစ္ကိုင္းၿမိဳ့ေပၚေက်ာင္းမွာ လာေနျခင္းျဖစ္သည္။ ရြာေက်ာင္း ကေန ၿမိဳ့ေပၚေက်ာင္းကိုလာတက္သူျဖစ္သည္။ မိဘမ်ားက ေတာင္သူေတြ၊ ႏြမ္းပါးသူေတြျဖစ္လို့ ဘုန္းႀကီးေက်ာင္းမွာ ေနရရွာသည္။ အဲဒီလို ကိုစိုးရကိုမွ မမတာရာက ခ်စ္မိသြားသတဲ့ေလ။

မမတာရာေျပာသလို ႏွလုံးသားဆႏၵဆိုတာ လြန္ဆန္ဖို့ ခက္ေလသလား၊ မာလာကေတာ့ ငယ္ေသးလို့ မသိပါ။

+++++

အတိတ္(၂)

မိဘေတြ သေဘာမက်မွန္းသိလို့ မမတာရာက စိုးရနဲ႔ခ်စ္ႀကိဳက္ေနတာကို အတတ္နိုင္ဆုံး သိုသိုသိပ္သိပ္ေနခဲ့သည္။ စိုးရက ေတြ႕ခြင့္ေတာင္းလြန္းေတာ့ စိုးရနဲ႔ခ်ိန္းေတြ႕တိုင္း ညီမျဖစ္သူ မာလာ့ကို ေခၚေခၚ သြားတတ္သည္။ 

မာလာက ကိုကိုစိုးလို့ေခၚတဲ့ စိုးရနဲ႔ မမတာရာတို့ ခ်ိန္းေတြ႕တဲ့ ေနရာက လြမ္းေစတီေတာင္ကုန္းေလး။

စစ္ကိုင္းၿမိဳ့ရဲ့ ေတာင္ဘက္စူးစူးကို ဧရာဝတီျမစ္ေၾကာင္းအတိုင္း ၂မိုင္ခန႔္သြားလၽွင္ ဧရာဝတီျမစ္ကမ္းေဘးက ေတာင္ကုန္း ေလးေပၚမွာ တည္ထားတဲ့ ထုံးေစတီေလးတဆူကို ေတြ႕ရနိုင္သည္။ ထင္ရွားေသာ ဘုရားေစတီတခုေတာ့ မဟုတ္ပါ။ သာမန္ ထုံးေစတီေလးမၽွသာ။

ျမန္မာတို့ထုံးစံအတိုင္း လြမ္းေစတီဟု အလြယ္တကူေခၚၾကသည္။ လြမ္းေစတီေပၚမွၾကည့္လၽွင္ ဧရာဝတီျမစ္ထဲမွ ရွုခင္းမ်ားကို လွပစြာ ျမင္ရသည္။ 

လြမ္းေစတီေလးေဘးမွာ ဝါးထရံကာ သက္ကယ္မိုး တဖက္ရပ္ တဲကေလးတလုံးရွိပါသည္။ တဲကေလးမွာ ေဒၚသုခအမည္ရွိ ရေသ့သူေတာ္စင္မႀကီး သီတင္းသုံးေသာ တဲကေလးျဖစ္ပါသည္။

ျမစ္ကမ္းေဘး လြမ္းေစတီေတာင္ကုန္းေလးေပၚမွာ အသက္၄ဝအရြယ္ ရေသ့မႀကီးတပါးသာ ရွိပါသည္။

စိုးရကခ်ိန္းလို့ သြားေတြ႕ရတိုင္း ညီအစ္မႏွစ္ေယာက္သား စက္ဘီးေလးကိုနင္းကာ လြမ္းေစတီကို လာေနက်ျဖစ္ပါသည္။

တစ္ပတ္တခါေလာက္လာေနက်မို့ ရေသ့မႀကီး ေဒၚသုခႏွင့္ သူတို့ေတြ ကၽြမ္းဝင္ရင္းႏွီးေနၾကၿပီ။

စိုးရႏွင့္တာရာ ေတာင္ကုန္းထိပ္က ျမစ္ကမ္းဘက္ကို မ်က္ႏွာမူ ရိုက္ထားတဲ့ ခုံတန္းလ်ားေလးမွာ ထိုင္စကားေျပာေနခ်ိန္ မာလာက ေတာပန္းေတာင္ပန္းေလးေတြကို ခူးေနတတ္သည္။ ပ်င္းလၽွင္ေတာ့ ရေသ့မႀကီးမယ္သုခရဲ့ ေက်ာင္းသခၤန္းေရွ႕က ဝါးကြပ္ပ်စ္ ကေလးမွာ သြားထိုင္ေနတတ္သည္။

ထိုအခါမ်ားတြင္ ရေသ့မႀကီးမယ္သုခ ထြက္လာကာ ငွက္ေပ်ာသီးမ်ားခ်ေကၽြးရင္း မာလာႏွင့္ စကားလက္ဆုံက်တတ္ပါ၏။

"လုံမတို့ မိဘမ်ားက ဘာအလုပ္အက္ိုင္မ်ား လုပ္ၾကသလဲကြဲ႕"

"ေဖေဖက ကုန္သည္ပါ၊ ေမေမကေတာ့ အိမ္မွာ မွီခိုပါပဲ"

"လုံမေလးတို့ ဒီကိုလာတာေရာ။ အိမ္က သိသလား"

"ဘယ္သိပါ့မလဲ မယ္မယ္ရယ္၊ အိမ္က မမကို ကိုစိုးရနဲ႔ သေဘာမတူဘူး၊ ကိုစိုးရတို့က ဆင္းရဲတယ္ေလ၊ ရြာက။ ၿမိဳ့ေပၚမွာ ေက်ာင္းလာေနေတာ့ ဘုန္းႀကီးေက်ာင္းမွာ ေနရတာ မယ္မယ္ရဲ့"

"မိဘသေဘာမတူပဲနဲ႔ ဘာလို့ ဇြတ္တိုးရသလဲကြယ္"

မယ္သုခက သက္ျပင္းကေလးခ်ရင္း ေျပာရွာသည္။

"အင္းေလ.. ဒါေတြဟာ မယ္မယ္တို့လို တရားရွာသူေတြ စိတ္ဝင္စားရမယ့္အရာ မဟုတ္ပါဘူး"

မာလာနဲ႔မယ္သုခတို့ စကားေျပာေနစဥ္ ကိုစိုးရနဲ႔မမတာရာ ေရာက္လာသည္။

"လာၾကသူငယ္နဲ႔သူငယ္မ၊ ငွက္ေပ်ာသီးစားၾကကြဲ႕"

"မစားေတာ့ပါဘူးမယ္မယ္၊ သမီးတို့ မယ္မယ့္ကို ကန္ေတာ့ခဲ့ပါတယ္"

တာရာက ပိုက္ဆံအိတ္ထဲက တစ္ဆယ္တန္တစ္ရြက္ကို ထုတ္ကာ မယ္သုခေရွ႕ခ်၍ ကန္ေတာ့သည္။

မယ္သုခက ေငြစကၠဴကိုၾကည့္ရင္း-

"တစ္ဆယ္ေတာင္ပါလား၊ မယ္မယ့္မွာ အသုံးခ်စရာကိစၥမရွိပါဘူးကြယ္၊ ေငြတစ္ဆယ္ မ်ားလြန္းပါတယ္၊ ျပန္ယူသြား၊ ျပန္ယူသြား"

"မယ္မယ္ လွူစရာရွိတာ လွူလို့ရတာေပါ့ မယ္မယ္ရယ္"

မယ္သုခက ေခါင္းတညိတ္ညိတ္ျဖင့္ ဆုေပးသည္။

"ဘုရားကိုေရာ ဦးခ်ခဲ့ရဲ့လား လုံမတို့"

"ဘုရားလည္းကန္ေတာ့ခဲ့တယ္၊ ဆုလည္း ေတာင္းခဲ့ပါတယ္ မယ္မယ္"

စိုးရက ဝင္ေျပာသည္။

"ဘာဆုေတြမ်ား ေတာင္းသလဲကြဲ႕"

"က်ေနာ္တို့ခ်စ္သူႏွစ္ေယာက္ ဘယ္ဘ၀ေရာက္ေရာက္ ျပန္ဆုံရပါေစ၊ ေပါင္းရပါေစလို့ ဆုေတာင္းခဲ့ပါတယ္ မယ္မယ္"

မယ္သုခမ်က္ႏွာပ်က္သြားသည္။

"အင္း.. ဆုဆိုတာ ေတာင္းေကာင္းတာ ရွိသလို မေတာင္းေကာင္းတဲ့ဆုလည္း ရွိတယ္ကြဲ႕"

"ဘာေၾကာင့္လဲ မယ္မယ္"

"အိုေလ.. ထားလိုက္ပါေတာ့၊ ေပ်ာ္ေပ်ာ္ပါးပါးရွိေနခ်ိန္မွာ ေပ်ာ္ေပ်ာ္ပါးပါးပဲ ေနပါေလ"

"သမီးတို့ကို သြားခြင့္ျပဳပါဦး မယ္မယ္"


Written by ေဆာင္းလုလင္

To be continued….


No comments: