Thursday, November 12, 2020

Two Adam (Part VI)

Two Adam (Part VI)




#ဆောင်းလုလင်

#အာဒမ်၂ယောက်

#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း

#BL_Story


#Part_6


မွေးဖွားပြီးကာစ အားအင်က ချိနဲ့နဲ့၊ ရေကလည်း တော်တော်နဲ့ ရှာမတွေ့။ တွေ့မယ့်တွေ့တော့လည်း သတ္တဝါတွေ ဖြတ်သန်း မွှေနှောက်သွားလို့ ရေက ရွှံ့ရေတွေဖြစ်နေပြီ။ မတတ်နိုင်တော့ပါဘူး။ မရူပါ အားရှိအောင် ရွှံ့ရေကိုပဲ အားတင်းသောက်လိုက်ပါတယ်။


သားလေးကို သန့်ရှင်းပေးဖို့ ရေကိုဘယ်လိုယူရပါ့မလဲ။ ထည့်စရာလိုက်ရှာတော့ တော်တော်နဲ့ရှာမတွေ့။ နောက်ဆုံး အုန်းမှုတ်ခွက်တခုအတွေ့မှာ အုန်းမှုတ်ခွက်ထိပ်က အပေါက်ကို လက်နဲ့စို့ပြီး ရသမျှရေလေးကို သားလေးအတွက်ခပ်ရင်း ဇရပ်ကို အမြန်ပြန်ပြေးလာခဲ့ပါတော့တယ်။

ကြည့်စမ်း။ နေထွက်ပြူစက ဇရပ်ကနေထွက်လာလိုက်တာ နေတောင် ခေါင်းတည့်တည့်ရောက်နေပါပကော။

မရူပါဟာ မနည်းအားတင်းပြီး ဇရပ်ကိုပြန်အလာ လမ်းကမှားပြီး လမ်းလွဲနေရသေးသတဲ့။


နောက်ဆုံးတော့ ရောက်ပါပြီ။

ဇရပ်ကိုမြင်ရရင်ပဲ ငါ့သားလေး ငိုသံလည်း မကြားရပါလား။ ရှိမှ ရှိသေးရဲ့လား။ သတ္တဝါကြီးတွေများ ကိုက်ချီသွားလေပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဇရပ်ဆီ အပြေးတပိုင်းလာခဲ့တယ်။

ဇရပ်ကိုရောက်တာနဲ့ မရူပါဟာ အသည်းနှလုံးကို ထုတ်ယူလွှင့်ပစ်ခံလိုက်ရသလို ဟာကနဲ့ဖြစ်သွားရပါတော့တယ်။

ဇရပ်ပေါ်မှာ မွေးခါစသားကလေး မရှိတော့ပါဘူး။ မရူပါ အရုပ်ကြိုးပြတ် လဲကျသွားပါတော့တယ်။


+++++


မရူပါ သားပျောက်ကို နေရာအနှံ့ရှာခဲ့တယ်။ တောတခွင် ပြဲပြဲစင်အောင် လျှောက်ရှာရလွန်းလို့ အဝတ်အစားတွေလည်း စုတ်ပြတ်၊ လူလည်း နွမ်းလျနေပါပြီ။ 

မရူပါက သားလေးကို သားကောင်တိရိစ္ဆာန်ကြီးတွေ စားသွားတာ မဖြစ်နိုင်ဘူးလို့ယုံကြည်တယ်။ 


သတ္တဝါတကောင်ကောင် စားသောက်သွားရင် အနီးအနားမှာ သွေးစသွေးန ကျန်ရမယ်လေ။ ခုဟာက သားလေးကို ထွေးပွေ့ထားတဲ့ ပဝါပါ ပျောက်ဆုံးနေတာ ဆိုတော့ လူသားတစ်ယောက်ယောက် ယူဆောင်သွားလေသလားလို့ တွေးမိပါတယ်။


ဒါပေမယ့် ရက်လတွေသာ ကြာသွားတယ်။ မရူပါဟာ တောထဲမှာ သားပျောက်ကို အရူးတပိုင်းရှာရင်းနဲ့ အချိန်တွေသာ ကုန်ခဲ့ပါတယ်။


လူတွေ့တိုင်း ကလေးသတင်းရလိုရငြား မေး။ ကြုံရာနေရာမှာ ကြုံသလိုစားသောက်ရင်းနဲ့ သားပျောက်ကိုရှာခဲ့တာ

တနေ့တော့- 

"ဟိတ်- မိန်းကလေး ရပ်လိုက်စမ်း"

တောတန်းလေးတခုအကွယ်က ထွက်ပေါ်လာတဲ့အသံနဲ့အတူ ဓားလွတ်ကိုင်လူတစ်ယောက်ကို ဘွားကနဲ တွေ့လိုက်ရပါတော့တယ်။ 

ပုံပန်းသဏ္ဍာန်ကတော့ သူခိုးဓားပြတယောက်လိုပါပဲ။


"အကိုကြီးရယ်၊ ကျမ သားသည်မိခင်တယောက်ပါ၊ သားလေး ပျောက်သွားလို့ လိုက်ရှာနေတာပါရှင်။ လသားအရွယ် သားငယ်လေး တွေ့မိတယ်လို့များ သတင်းမကြားမိဘူးလား ရှင်"


တကယ်တော့ မရူပါတွေ့နေရတဲ့သူဟာ တောတန်းထဲမှာ ခရီးသွားတွေကို လုယက်နေတဲ့ တကိုယ်တော် ဓားပြကြီးတယောက် ဖြစ်ပါတယ်။ 


ဓားပြကြီးဟာ တသားမွေး တသွေးလှနေတဲ့ မရူပါကို စိုက်ကြည့်နေတယ်။ မရူပါဟာလည်း အဝတ်အစားမလုံမခြုံ ဖြစ်နေပေမယ့် ကပိုကယိုဟန်ကပဲ စိတ်ဝင်စားစရာဖြစ်နေပြန်ပါတယ်။


"သား- ဟုတ်လား"

"ဟုတ်ပါတယ်အကိုကြီးရယ်၊ ကျမသားလေး ပျောက်သွားလို့ပါ"

"သား ဘာလုပ်မှာလဲ၊ လင်ရှိရင် သားရှိတာပဲ၊ လာ-ငါနဲ့လိုက်ခဲ့"

ဓားပြကြီးဟာ မရူပါကို အကြမ်းပတမ်း ဆွဲခေါ်သွားပါတော့တယ်။


+++++


လုပ်တဲ့အလုပ်က သူခိုးဓားပြ။ အပြောအဆိုက ရိုင်းရိုင်း။ အပြုအမူက ကြမ်းကြမ်းရမ်းရမ်း။

မရူပါဟာ ဓားပြလူကြမ်းကြီးလက်ထဲမှာ အလိုမတူပဲ မယားဖြစ်ခဲ့ရပါတယ်။


"ဟဲ့ကောင်မ။ ဘာငိုင်နေတာလဲ၊ နင့်လင်ဟောင်းကို လွမ်းနေတာလား၊ နင့်လင်ဟောင်းက ဘာကောင်မို့လဲ၊ သကျသာကီဝင် မင်းမျိုးမို့လို့လားဟဲ့၊ တယ်- ငါကန်လိုက်ရ"

အမြဲတမ်း နုနုနယ်နယ်နေထိုင်ခဲ့တဲ့ မရူပါ။ သိမ်သိမ်မွေ့မွေ့ ပြောတတ်ဆိုတတ်တဲ့ မရူပါ။ အသွင်မတူတဲ့ ဓားပြကြီးနဲ့ ပေါင်းသင်းရင်းနဲ့ လင်ဆိုးမယားဖြစ်ခဲ့ရပြန်ပါပြီ။

ဒီလိုနဲ့ ဓားပြကြီးနဲ့ပေါင်းသင်းရင်း သမီးလေးတယောက် မွေးဖွားခဲ့ရပြန်ပါတယ်။ 


ဓားပြကြီးဟာ လူကြမ်းသလို အချစ်ကလည်း ကြမ်းပါရဲ့။ သူ့သမီးလေးတော့ ချစ်တတ်ရှာသား။ သမီးကို မျက်စိအောက်က အပျောက်မခံ။ မရူပါ သမီးကို ဂရုမစိုက်ဘူးလို့များ သူ့စိတ်ထဲက ထင်ရင် လက်ဝါးကြမ်းကြီးက မရူပါပါးပေါ် ဗြန်းကနဲရောက် လာတတ်ပါတယ်။

နှုတ်ကလည်း.. "ဟဲ့ကောင်မ၊ ငါ့သမီးကို ဂရုမစိုက်ပဲ ဘယ် လင်ငယ်အကြောင်း တွေးနေတာလဲဟဲ့" 

ရုန့်ရင်းကြမ်းတမ်းစွာ ပြောတတ်ပါသေးရဲ့။


+++++


တစ်နေ့.. တည်ထားတဲ့ထမင်းအိုး ဝေကျလို့ သွားပြီးအငှဲ့၊ ကလေးက အငို။ တစ်ထပ်တည်းကျသွားစဉ်မှာ.. ဓားပြကြီး အပြင်ကပြန်ရောက်လာလို့ သူ့သမီးကို ဂရုမစိုက်ရကောင်းလားဆိုပြီး မြည်တွန်တောက်တီးပြန်ပါတော့တယ်။


မရူပါလည်း ထမင်းအိုးကို ရေစင်အောင် မငှဲ့နိုင်တော့ပဲ ကမန်းကတန်း မီးဖိုပေါ်ပြန်တင်ပြီး ကလေးကို ပြေးပွေ့ရပါတော့တယ်။ ကလေးပွေ့ယူတုန်းရှိသေး၊ ဓားပြကြီးက နောက်ကနေ ဆောင့်ကန်လိုက်လို့ ရှေ့ကိုငိုက်အကျမှာ ကွပ်ပျစ်အစွန်းနဲ့ တိုက်မိပြီး အင်္ကျ ီပင် ပြဲသွားရပါတယ်။


ကလေးက စူးကနဲငိုလို့ ကြည့်လိုက်တော့ ကလေးငယ်ထိပ်နဲ့ ကွပ်ပြစ်နဲ့ဆောင့်မိကာ ငယ်ထိပ်က သွေးတွေထွက်လာတာ တွေ့လိုက်ရပါတယ်။ မရူပါဟာ ယောက်ျားမြင်မှာစိုးတာနဲ့ ကလေးဒဏ်ရာက သွေးတွေကို ပါးစပ်နဲ့ စုပ်ယူလိုက်ရပါတော့တယ်။

တော်ပါသေးရဲ့။ ဓားပြကြီးက အိမ်ပေါ်က သူလိုတဲ့အရာကို ယူပြီး ပြန်ဆင်းသွားလို့ ကလေး သွေးထွက်တာ မသိလိုက်ပါဘူး။


မရူပါဟာ ကလေးဒဏ်ရာကို ဆနွင်းနဲ့သိပ်ပေးရင်းက တွေးမိတယ်။


ကလေးမှာ ဒဏ်ရာရတာသိလို့ကတော့ မလွယ်ဘူး။ သူ့သမီး ထိမှန်းသိရင် သတ်ချင်တောင် သတ်မှာ။


မရူပါဟာ ဓားပြကြီးနဲ့ မျက်နှာချင်းဆိုင်ရမှာ မဝံ့ရဲတော့ပါဘူး။

ကလေး ပုခက်ထဲမှာ အိပ်ပျော်သွားချိန်မှာ နဖူးနဲ့ပါးပြင်ကို အားရအောင်နမ်းပြီး ဓားပြကြီးစံရာတဲကနေ ထွက်ပြေးခဲ့ပါ တော့တယ်။


+++++


ဒုတိယလင် ဓားပြကြီးကို ကြောက်ကြောက်နဲ့ ထွက်ပြေးလာတဲ့ မရူပါ။ ဘိက္ခုနီများ သီတင်းသုံးတဲ့ ရာဇဂြိုဟ်ပြည်အနီးက ကျောင်းတကျောင်းကို ရောက်သွားပါတယ်။ ဘိက္ခုနီများကို အကျိုးအကြောင်းပြောပြလို့ ဘိက္ခုနီများက မရူပါကို စောင့်ရှောက်ထားကြပါတယ်။ 


တရားရှင်များရဲ့အရိပ်မှာ ခိုလှုံရပေမယ့် မရူပါဟာ သာသနာအတွင်းကို အပြီးဝင်ရောက်ဖို့ အကြံကတော့ အထမမြောက်သေးပါ။


ဘိက္ခုနီများကို ရေပူရေချမ်းကမ်းလှမ်းရင်း၊ ကျောင်းတော်ရဲ့ ဝေယျာဝစ္စတွေ ဆောင်ရွက်ရင်းဖြင့် နေလာခဲ့သည်မှာ ဆယ်ငါးနှစ်ပင် ကြာမြင့်ခဲ့ပါပြီ။


+++++


မရူပါခိုလှုံနေတဲ့ ဘိက္ခုနီကျောင်းနဲ့ မလှမ်းမကမ်းမှာ ညောင်ညိုပင်ကြီးတပင်ရှိပါတယ်။ အရိပ်ရညောင်ပင်ကြီးဖြစ်လို့ ရာဇဂြိုဟ်ကို ကုန်ကူးသန်းဖို့လာတဲ့ လှည်းများဟာ ညောင်ညိုပင်ကြီးအောက်မှာ တထောက်နားနေကျဖြစ်ပါတယ်။

ခရီးသည်များဟာ ကျောင်းတော်ထဲက ရေတွင်းမှာ ရေလာခပ်နေကျမို့ ဒီခရီးကိုသွားလာနေကျ လှည်းသမားများဟာ ကျောင်းတော်နဲ့ ရင်းနှီးနေကြပါပြီ။ လှည်းသားများက လိုတဲ့ရေလည်းခပ်၊ သူတို့မှာပါလာတဲ့ ကုန်စည်များကို ဘိက္ခုနီကျောင်းအတွက် လှူနဲ့ အဆင်ပြေလို့နေပါတယ်။


မယ်ရူပါဟာလည်း ကျောင်းတော်ရဲ့ဝေယျာဝစ္စတွေ ဆောင်ရွက်ရင်းက လှည်းသမားများနဲ့ ရင်းနှီးကျွမ်းဝင်လို့ နေပါပြီ။


လှည်းသားများရဲ့ အကြီးအမှူးကြီးနဲ့အတူ သားတော်မောင် လုလင်ပျိုလေးလည်း ပါလာခဲ့ပါတယ်။ လှည်းသားခေါင်းဆောင် ကြီးရဲ့သား မောင်ဝဏ္ဏလေးဟာ အသက်က ၁၆နှစ်၊ ရုပ်ရည်က ချောမော၊ အရပ်မြင့်မြင့်ထွားထွားကြိုင်းကြိုင်းနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လုလင်ပျိုလေးပါပဲ။


မယ်ရူပါတယောက် သူ့ဖခင်နဲ့ ပါလာနေကျ မောင်ဝဏ္ဏလေးကို ချစ်ခင်နေမိတာ ကြာပါပြီ။ လူငယ်လေးက အပြောအဆိုကလည်း သိမ်မွေ့ အမူအရာကလည်း နန်းဆန်ဆန်နဲ့မို့ မယ်ရူပါ နှစ်သက်မိရခြင်းပါ။

အဲသည်လို လူပျိုပေါက်ကလေးက မိမိကို ရည်းစားစကားပြောလိမ့်မယ်လို့ မယ်ရူပါ ထင်မထားမိတာ အမှန်ပါပဲ။


"အမကြီး၊ နားနဲ့မနာ ဖဝါးနဲ့နာပါခင်ဗျာ၊ ကျနော်တော့ အမကြီးကို မြင်တဲ့အချိန်ကစပြီး စွဲလမ်းနေမိပါပြီ အမကြီးရယ်၊ ကျနော့်ကို မေတ္တာမျှပါနော် အမကြီး"


"ဟဲ့- ဟဲ့- မြတ်စွာဘုရား ကယ်တော်မူပါ"

မယ်ရူပါဟာ ရင်ဘတ်ကိုလက်နဲ့ဖိ ဘုရားတမိတဲ့အထိ ဖြစ်ရပါတော့တယ်။


အံ့ဩမင်သက်မိတာက တပိုင်း၊ လုလင်ပျိုချောလေးရဲ့ ချစ်စကားအပြောခံရလို့ ကြည်နူးနှစ်သိမ့်မိတာက တပိုင်းပါပဲလေ။


"မတော်ပါဘူး ငါ့မောင်ရယ်။ မတော်ပါဘူးကွယ်"

နှုတ်က ငြင်းပယ်ပေမယ့် လိုချင်ရက်နဲ့ မူနေဟန်များ ပေါ်နေလေမလား။


"တမိသားနဲ့တမိသား မတော်ဘူးဆိုတာ မရှိပါဘူး မမရယ်၊ ကျနော်က မမကို ချစ်သလို၊ မမက ကျနော့်ကိုချစ်ရင် ပြီးတာပဲ မဟုတ်လား"


"အိုကွယ်- မင့်ဖခင်က အမကြီးလို သက်ကျားအိုကြီးနဲ့ သူ့သား နုနုထွတ်ထွတ်ကလေးကို ဘယ်သဘောတူလိမ့်မလဲကွဲ့"


"ဖခင်က မောင်ခေါင်းခွေ့ရင် တချက်ပါပဲ မမရယ်၊ မမသာ မောင့်ကို ချစ်မချစ် ပြောပါ၊ အို- မမမျက်လုံးတွေက မောင့်ကို ချစ်တယ်လို့ ပြောနေပါတယ် မမရယ်"


"အို.. ကြည့်စမ်း၊ ဒီကောင်လေး၊ ဖယ်ပါကွယ်၊ လက်ကြီးကလည်း သရမ်းလိုက်တာ၊ ကဲလည်း ကဲပါဘိ"

+++++


ထန်းရေမူးပြေတာနဲ့ ထန်းနို့ကို မော့်ကြည့်တဲ့ ထန်းရည်သမားလိုပါ။ လင်နှစ်လင်နဲ့ အဆင်မပြေခဲ့ပေမယ့် သံဝေဂရသည်က တခဏ၊ လုလင်ပျိုငယ်ငယ်လေးက ချစ်ရည်လူးချင်တယ်ဆိုပြန်တော့ ပတ်ဝန်းကျင်ကို မမြင်၊ ရှက်ရကောင်းမှန်းမသိ။ မယ်ရူပါတယောက် သူတော်စင်များရဲ့ ကျောင်းသင်္ခန်းကို စွန့်ခွာပြီး လင်ငယ်ငယ်လေးနောက် ကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။

လင်ကလေးကလည်း မယ်ရူပါကို အကြီးဆုံးအစ်မအရွယ်၊ အမေအရွယ်ဖြစ်ပေမယ့် တကယ်ကို သည်းသည်းလှုပ်အောင် ချစ်တော့ မယ်ရူပါတို့ မိုးမမြင်လေမမြင်ဖြစ်ပြီပေါ့။

တကယ်တော့ မယ်ရူပါ့စိတ်က မောင်ဝဏ္ဏလေးကို တစိမ့်စိမ့် ထိုင်ကြည့်ပြီး ချစ်နေချင်တာပါ။ သူပြောတဲ့စကားလေးတွေကို တေးချင်းတပုဒ်လို တသိမ့်သိမ့်နဲ့ နားထောင်နေချင်တာပါ။ သူ့မျက်နှာလေးကိုမြင်ရတိုင်း မယ်ရူပါ့ရင်မှာ အေးမြရပါတယ်၊ 

မောင်ဝဏ္ဏကတော့ သည်လိုမဟုတ်။ မယ်ရူပါ့ကို မယားလိုတဖုံ အမေလိုတသွယ်၊ အစ်မကြီးလိုတမျိုး အမျိုးမျိုးချစ်ရှာပေတယ်။ 

မောင်ဝဏ္ဏရဲ့ဖခင်ကြီး မကြာခင်မှာ ကွယ်လွန်သွားတော့ သားတော်မောင် မောင်ဝဏ္ဏက လှည်းသားများရဲ့ အကြီးအမှူးဖြစ် လာပါတော့တယ်။

ရှာဖွေရသမျှ စည်းစိမ်ဥစ္စာတွေ ချစ်မမကို အကုန်အပ်တော့ အို လောကမှာ မယ်ရူပါလို ကံကောင်းတဲ့မိန်းမ ရှိပါဦးမလား လို့တောင် ဂုဏ်မောက်မိပါသေးရဲ့။

+++++


မီးဆိုတာ တောက်ခါစမှာတော့ အရှိန်တညီးညီးနဲ့ ပူပြင်းလောင်မြိုက်ပါပေရဲ့။ အချိန်ကြာလာတာနဲ့အမျှ မီးညွန့်ကျိုး၊ မီးအရှိန် လျော့လို့ တဖြည်းဖြည်းဝပ်ကျပြီး နောက်ဆုံး ပြာပုံဘဝရောက်ရတာလည်း ဓမ္မတာပါပဲ။


သာဝတ္ထိပြည်မှ ကုန်သည်မလေးတယောက်မှာ လှည်းအုပ်စုနှင့် မကြာမကြာ လိုက်ပါလာတတ်သည်။ ရာဇဂြိုဟ်တွင် တထောက်နားသည့်အခါတိုင်း မယ်ရူပါတို့အိမ်မှာပင် တည်းခိုသည့်အတွက် မယ်ရူပါနှင့် ရင်းနှီးနေရပါပြီ။ 

ကုန်သည်မလေးက ငယ်လည်းငယ်၊ လှလည်းလှပါဘိ။ စကားပြောသံလေးတွေများ ချိုသာလိုက်တာ။ နားထောင်လို့ မငြီး။ နာမည်နဲ့လည်း လိုက်ပါပေ့။

သူမနာမည်က သံသာ တဲ့လေ။

မယ်သံသာလေးကို မြင်သည်နှင့် မယ်ရူပါက ခင်မင်မိသည်။ မယ်သံသာကလည်း မယ်ရူပါ့ကို တွေ့တွေ့ချင်း အမေဟု ခေါ်ရှာပါသည်။

သည်လိုနှင့် ကုန်သည်မလေး မယ်သံသာ ကုန်ကူးသန်းရင်း မကြာခဏရောက်လာ တည်းခိုကာ ယခုတခေါက်မှာတော့ အချိန်အကြာကြီး တည်းခိုနေထိုင်လျှက်ရှိပါတော့သည်။

+++++


Part 7 မျှော်ပါ...


(Written by ဆောင်းလုလင်)


Two Adam (Part VI)




#ေဆာင္းလုလင္
#အာဒမ္၂ေယာက္
#လိင္တူအခ်စ္သ႐ုပ္ေဖာ္ဇာတ္လမ္း
#BL_Story

#Part_6

ေမြးဖြားၿပီးကာစ အားအင္က ခ်ိနဲ႔နဲ႔၊ ေရကလည္း ေတာ္ေတာ္နဲ႔ ရွာမေတြ႕။ ေတြ႕မယ့္ေတြ႕ေတာ့လည္း သတၱဝါေတြ ျဖတ္သန္း ေမႊေႏွာက္သြားလို့ ေရက ရႊံ့ေရေတြျဖစ္ေနၿပီ။ မတတ္နိုင္ေတာ့ပါဘူး။ မ႐ူပါ အားရွိေအာင္ ရႊံ့ေရကိုပဲ အားတင္းေသာက္လိုက္ပါတယ္။

သားေလးကို သန႔္ရွင္းေပးဖို့ ေရကိုဘယ္လိုယူရပါ့မလဲ။ ထည့္စရာလိုက္ရွာေတာ့ ေတာ္ေတာ္နဲ႔ရွာမေတြ႕။ ေနာက္ဆုံး အုန္းမွုတ္ခြက္တခုအေတြ႕မွာ အုန္းမွုတ္ခြက္ထိပ္က အေပါက္ကို လက္နဲ႔စို့ၿပီး ရသမၽွေရေလးကို သားေလးအတြက္ခပ္ရင္း ဇရပ္ကို အျမန္ျပန္ေျပးလာခဲ့ပါေတာ့တယ္။
ၾကည့္စမ္း။ ေနထြက္ျပဴစက ဇရပ္ကေနထြက္လာလိုက္တာ ေနေတာင္ ေခါင္းတည့္တည့္ေရာက္ေနပါပေကာ။
မ႐ူပါဟာ မနည္းအားတင္းၿပီး ဇရပ္ကိုျပန္အလာ လမ္းကမွားၿပီး လမ္းလြဲေနရေသးသတဲ့။

ေနာက္ဆုံးေတာ့ ေရာက္ပါၿပီ။
ဇရပ္ကိုျမင္ရရင္ပဲ ငါ့သားေလး ငိုသံလည္း မၾကားရပါလား။ ရွိမွ ရွိေသးရဲ့လား။ သတၱဝါႀကီးေတြမ်ား ကိုက္ခ်ီသြားေလၿပီလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ဇရပ္ဆီ အေျပးတပိုင္းလာခဲ့တယ္။
ဇရပ္ကိုေရာက္တာနဲ႔ မ႐ူပါဟာ အသည္းႏွလုံးကို ထုတ္ယူလႊင့္ပစ္ခံလိုက္ရသလို ဟာကနဲ႔ျဖစ္သြားရပါေတာ့တယ္။
ဇရပ္ေပၚမွာ ေမြးခါစသားကေလး မရွိေတာ့ပါဘူး။ မ႐ူပါ အ႐ုပ္ႀကိဳးျပတ္ လဲက်သြားပါေတာ့တယ္။

+++++

မ႐ူပါ သားေပ်ာက္ကို ေနရာအႏွံ့ရွာခဲ့တယ္။ ေတာတခြင္ ျပဲျပဲစင္ေအာင္ ေလၽွာက္ရွာရလြန္းလို့ အဝတ္အစားေတြလည္း စုတ္ျပတ္၊ လူလည္း ႏြမ္းလ်ေနပါၿပီ။
မ႐ူပါက သားေလးကို သားေကာင္တိရိစၧာန္ႀကီးေတြ စားသြားတာ မျဖစ္နိုင္ဘူးလို့ယုံၾကည္တယ္။

သတၱဝါတေကာင္ေကာင္ စားေသာက္သြားရင္ အနီးအနားမွာ ေသြးစေသြးန က်န္ရမယ္ေလ။ ခုဟာက သားေလးကို ေထြးေပြ႕ထားတဲ့ ပဝါပါ ေပ်ာက္ဆုံးေနတာ ဆိုေတာ့ လူသားတစ္ေယာက္ေယာက္ ယူေဆာင္သြားေလသလားလို့ ေတြးမိပါတယ္။

ဒါေပမယ့္ ရက္လေတြသာ ၾကာသြားတယ္။ မ႐ူပါဟာ ေတာထဲမွာ သားေပ်ာက္ကို အ႐ူးတပိုင္းရွာရင္းနဲ႔ အခ်ိန္ေတြသာ ကုန္ခဲ့ပါတယ္။

လူေတြ႕တိုင္း ကေလးသတင္းရလိုရျငား ေမး။ ၾကဳံရာေနရာမွာ ၾကဳံသလိုစားေသာက္ရင္းနဲ႔ သားေပ်ာက္ကိုရွာခဲ့တာ
တေန႔ေတာ့-
"ဟိတ္- မိန္းကေလး ရပ္လိုက္စမ္း"
ေတာတန္းေလးတခုအကြယ္က ထြက္ေပၚလာတဲ့အသံနဲ႔အတူ ဓားလြတ္ကိုင္လူတစ္ေယာက္ကို ဘြားကနဲ ေတြ႕လိုက္ရပါေတာ့တယ္။
ပုံပန္းသ႑ာန္ကေတာ့ သူခိုးဓားျပတေယာက္လိုပါပဲ။

"အကိုႀကီးရယ္၊ က်မ သားသည္မိခင္တေယာက္ပါ၊ သားေလး ေပ်ာက္သြားလို့ လိုက္ရွာေနတာပါရွင္။ လသားအရြယ္ သားငယ္ေလး ေတြ႕မိတယ္လို့မ်ား သတင္းမၾကားမိဘူးလား ရွင္"

တကယ္ေတာ့ မ႐ူပါေတြ႕ေနရတဲ့သူဟာ ေတာတန္းထဲမွာ ခရီးသြားေတြကို လုယက္ေနတဲ့ တကိုယ္ေတာ္ ဓားျပႀကီးတေယာက္ ျဖစ္ပါတယ္။

ဓားျပႀကီးဟာ တသားေမြး တေသြးလွေနတဲ့ မ႐ူပါကို စိုက္ၾကည့္ေနတယ္။ မ႐ူပါဟာလည္း အဝတ္အစားမလုံမျခဳံ ျဖစ္ေနေပမယ့္ ကပိုကယိုဟန္ကပဲ စိတ္ဝင္စားစရာျဖစ္ေနျပန္ပါတယ္။

"သား- ဟုတ္လား"
"ဟုတ္ပါတယ္အကိုႀကီးရယ္၊ က်မသားေလး ေပ်ာက္သြားလို့ပါ"
"သား ဘာလုပ္မွာလဲ၊ လင္ရွိရင္ သားရွိတာပဲ၊ လာ-ငါနဲ႔လိုက္ခဲ့"
ဓားျပႀကီးဟာ မ႐ူပါကို အၾကမ္းပတမ္း ဆြဲေခၚသြားပါေတာ့တယ္။

+++++

လုပ္တဲ့အလုပ္က သူခိုးဓားျပ။ အေျပာအဆိုက ရိုင္းရိုင္း။ အျပဳအမူက ၾကမ္းၾကမ္းရမ္းရမ္း။
မ႐ူပါဟာ ဓားျပလူၾကမ္းႀကီးလက္ထဲမွာ အလိုမတူပဲ မယားျဖစ္ခဲ့ရပါတယ္။

"ဟဲ့ေကာင္မ။ ဘာငိုင္ေနတာလဲ၊ နင့္လင္ေဟာင္းကို လြမ္းေနတာလား၊ နင့္လင္ေဟာင္းက ဘာေကာင္မို့လဲ၊ သက်သာကီဝင္ မင္းမ်ိဳးမို့လို့လားဟဲ့၊ တယ္- ငါကန္လိုက္ရ"
အျမဲတမ္း ႏုႏုနယ္နယ္ေနထိုင္ခဲ့တဲ့ မ႐ူပါ။ သိမ္သိမ္ေမြ႕ေမြ႕ ေျပာတတ္ဆိုတတ္တဲ့ မ႐ူပါ။ အသြင္မတူတဲ့ ဓားျပႀကီးနဲ႔ ေပါင္းသင္းရင္းနဲ႔ လင္ဆိုးမယားျဖစ္ခဲ့ရျပန္ပါၿပီ။
ဒီလိုနဲ႔ ဓားျပႀကီးနဲ႔ေပါင္းသင္းရင္း သမီးေလးတေယာက္ ေမြးဖြားခဲ့ရျပန္ပါတယ္။

ဓားျပႀကီးဟာ လူၾကမ္းသလို အခ်စ္ကလည္း ၾကမ္းပါရဲ့။ သူ႔သမီးေလးေတာ့ ခ်စ္တတ္ရွာသား။ သမီးကို မ်က္စိေအာက္က အေပ်ာက္မခံ။ မ႐ူပါ သမီးကို ဂ႐ုမစိုက္ဘူးလို့မ်ား သူ႔စိတ္ထဲက ထင္ရင္ လက္ဝါးၾကမ္းႀကီးက မ႐ူပါပါးေပၚ ျဗန္းကနဲေရာက္ လာတတ္ပါတယ္။
ႏွုတ္ကလည္း.. "ဟဲ့ေကာင္မ၊ ငါ့သမီးကို ဂ႐ုမစိုက္ပဲ ဘယ္ လင္ငယ္အေၾကာင္း ေတြးေနတာလဲဟဲ့"
႐ုန႔္ရင္းၾကမ္းတမ္းစြာ ေျပာတတ္ပါေသးရဲ့။

+++++

တစ္ေန႔.. တည္ထားတဲ့ထမင္းအိုး ေဝက်လို့ သြားၿပီးအငွဲ႕၊ ကေလးက အငို။ တစ္ထပ္တည္းက်သြားစဥ္မွာ.. ဓားျပႀကီး အျပင္ကျပန္ေရာက္လာလို့ သူ႔သမီးကို ဂ႐ုမစိုက္ရေကာင္းလားဆိုၿပီး ျမည္တြန္ေတာက္တီးျပန္ပါေတာ့တယ္။

မ႐ူပါလည္း ထမင္းအိုးကို ေရစင္ေအာင္ မငွဲ႕နိုင္ေတာ့ပဲ ကမန္းကတန္း မီးဖိုေပၚျပန္တင္ၿပီး ကေလးကို ေျပးေပြ႕ရပါေတာ့တယ္။ ကေလးေပြ႕ယူတုန္းရွိေသး၊ ဓားျပႀကီးက ေနာက္ကေန ေဆာင့္ကန္လိုက္လို့ ေရွ႕ကိုငိုက္အက်မွာ ကြပ္ပ်စ္အစြန္းနဲ႔ တိုက္မိၿပီး အကၤ် ီပင္ ျပဲသြားရပါတယ္။

ကေလးက စူးကနဲငိုလို့ ၾကည့္လိုက္ေတာ့ ကေလးငယ္ထိပ္နဲ႔ ကြပ္ျပစ္နဲ႔ေဆာင့္မိကာ ငယ္ထိပ္က ေသြးေတြထြက္လာတာ ေတြ႕လိုက္ရပါတယ္။ မ႐ူပါဟာ ေယာက္်ားျမင္မွာစိုးတာနဲ႔ ကေလးဒဏ္ရာက ေသြးေတြကို ပါးစပ္နဲ႔ စုပ္ယူလိုက္ရပါေတာ့တယ္။
ေတာ္ပါေသးရဲ့။ ဓားျပႀကီးက အိမ္ေပၚက သူလိုတဲ့အရာကို ယူၿပီး ျပန္ဆင္းသြားလို့ ကေလး ေသြးထြက္တာ မသိလိုက္ပါဘူး။

မ႐ူပါဟာ ကေလးဒဏ္ရာကို ဆႏြင္းနဲ႔သိပ္ေပးရင္းက ေတြးမိတယ္။

ကေလးမွာ ဒဏ္ရာရတာသိလို့ကေတာ့ မလြယ္ဘူး။ သူ႔သမီး ထိမွန္းသိရင္ သတ္ခ်င္ေတာင္ သတ္မွာ။

မ႐ူပါဟာ ဓားျပႀကီးနဲ႔ မ်က္ႏွာခ်င္းဆိုင္ရမွာ မဝံ့ရဲေတာ့ပါဘူး။
ကေလး ပုခက္ထဲမွာ အိပ္ေပ်ာ္သြားခ်ိန္မွာ နဖူးနဲ႔ပါးျပင္ကို အားရေအာင္နမ္းၿပီး ဓားျပႀကီးစံရာတဲကေန ထြက္ေျပးခဲ့ပါ ေတာ့တယ္။

+++++

ဒုတိယလင္ ဓားျပႀကီးကို ေၾကာက္ေၾကာက္နဲ႔ ထြက္ေျပးလာတဲ့ မ႐ူပါ။ ဘိကၡဳနီမ်ား သီတင္းသုံးတဲ့ ရာဇၿဂိဳဟ္ျပည္အနီးက ေက်ာင္းတေက်ာင္းကို ေရာက္သြားပါတယ္။ ဘိကၡဳနီမ်ားကို အက်ိဳးအေၾကာင္းေျပာျပလို့ ဘိကၡဳနီမ်ားက မ႐ူပါကို ေစာင့္ေရွာက္ထားၾကပါတယ္။

တရားရွင္မ်ားရဲ့အရိပ္မွာ ခိုလွုံရေပမယ့္ မ႐ူပါဟာ သာသနာအတြင္းကို အၿပီးဝင္ေရာက္ဖို့ အႀကံကေတာ့ အထမေျမာက္ေသးပါ။

ဘိကၡဳနီမ်ားကို ေရပူေရခ်မ္းကမ္းလွမ္းရင္း၊ ေက်ာင္းေတာ္ရဲ့ ေဝယ်ာဝစၥေတြ ေဆာင္ရြက္ရင္းျဖင့္ ေနလာခဲ့သည္မွာ ဆယ္ငါးႏွစ္ပင္ ၾကာျမင့္ခဲ့ပါၿပီ။

+++++

မ႐ူပါခိုလွုံေနတဲ့ ဘိကၡဳနီေက်ာင္းနဲ႔ မလွမ္းမကမ္းမွာ ေညာင္ညိဳပင္ႀကီးတပင္ရွိပါတယ္။ အရိပ္ရေညာင္ပင္ႀကီးျဖစ္လို့ ရာဇၿဂိဳဟ္ကို ကုန္ကူးသန္းဖို့လာတဲ့ လွည္းမ်ားဟာ ေညာင္ညိဳပင္ႀကီးေအာက္မွာ တေထာက္နားေနက်ျဖစ္ပါတယ္။
ခရီးသည္မ်ားဟာ ေက်ာင္းေတာ္ထဲက ေရတြင္းမွာ ေရလာခပ္ေနက်မို့ ဒီခရီးကိုသြားလာေနက် လွည္းသမားမ်ားဟာ ေက်ာင္းေတာ္နဲ႔ ရင္းႏွီးေနၾကပါၿပီ။ လွည္းသားမ်ားက လိုတဲ့ေရလည္းခပ္၊ သူတို့မွာပါလာတဲ့ ကုန္စည္မ်ားကို ဘိကၡဳနီေက်ာင္းအတြက္ လွူနဲ႔ အဆင္ေျပလို့ေနပါတယ္။

မယ္႐ူပါဟာလည္း ေက်ာင္းေတာ္ရဲ့ေဝယ်ာဝစၥေတြ ေဆာင္ရြက္ရင္းက လွည္းသမားမ်ားနဲ႔ ရင္းႏွီးကၽြမ္းဝင္လို့ ေနပါၿပီ။

လွည္းသားမ်ားရဲ့ အႀကီးအမွူးႀကီးနဲ႔အတူ သားေတာ္ေမာင္ လုလင္ပ်ိဳေလးလည္း ပါလာခဲ့ပါတယ္။ လွည္းသားေခါင္းေဆာင္ ႀကီးရဲ့သား ေမာင္ဝဏၰေလးဟာ အသက္က ၁၆ႏွစ္၊ ႐ုပ္ရည္က ေခ်ာေမာ၊ အရပ္ျမင့္ျမင့္ထြားထြားႀကိဳင္းႀကိဳင္းနဲ႔ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ လုလင္ပ်ိဳေလးပါပဲ။

မယ္႐ူပါတေယာက္ သူ႔ဖခင္နဲ႔ ပါလာေနက် ေမာင္ဝဏၰေလးကို ခ်စ္ခင္ေနမိတာ ၾကာပါၿပီ။ လူငယ္ေလးက အေျပာအဆိုကလည္း သိမ္ေမြ႕ အမူအရာကလည္း နန္းဆန္ဆန္နဲ႔မို့ မယ္႐ူပါ ႏွစ္သက္မိရျခင္းပါ။
အဲသည္လို လူပ်ိဳေပါက္ကေလးက မိမိကို ရည္းစားစကားေျပာလိမ့္မယ္လို့ မယ္႐ူပါ ထင္မထားမိတာ အမွန္ပါပဲ။

"အမႀကီး၊ နားနဲ႔မနာ ဖဝါးနဲ႔နာပါခင္ဗ်ာ၊ က်ေနာ္ေတာ့ အမႀကီးကို ျမင္တဲ့အခ်ိန္ကစၿပီး စြဲလမ္းေနမိပါၿပီ အမႀကီးရယ္၊ က်ေနာ့္ကို ေမတၱာမၽွပါေနာ္ အမႀကီး"

"ဟဲ့- ဟဲ့- ျမတ္စြာဘုရား ကယ္ေတာ္မူပါ"
မယ္႐ူပါဟာ ရင္ဘတ္ကိုလက္နဲ႔ဖိ ဘုရားတမိတဲ့အထိ ျဖစ္ရပါေတာ့တယ္။

အံ့ဩမင္သက္မိတာက တပိုင္း၊ လုလင္ပ်ိဳေခ်ာေလးရဲ့ ခ်စ္စကားအေျပာခံရလို့ ၾကည္ႏူးႏွစ္သိမ့္မိတာက တပိုင္းပါပဲေလ။

"မေတာ္ပါဘူး ငါ့ေမာင္ရယ္။ မေတာ္ပါဘူးကြယ္"
ႏွုတ္က ျငင္းပယ္ေပမယ့္ လိုခ်င္ရက္နဲ႔ မူေနဟန္မ်ား ေပၚေနေလမလား။

"တမိသားနဲ႔တမိသား မေတာ္ဘူးဆိုတာ မရွိပါဘူး မမရယ္၊ က်ေနာ္က မမကို ခ်စ္သလို၊ မမက က်ေနာ့္ကိုခ်စ္ရင္ ၿပီးတာပဲ မဟုတ္လား"

"အိုကြယ္- မင့္ဖခင္က အမႀကီးလို သက္က်ားအိုႀကီးနဲ႔ သူ႔သား ႏုႏုထြတ္ထြတ္ကေလးကို ဘယ္သေဘာတူလိမ့္မလဲကြဲ႕"

"ဖခင္က ေမာင္ေခါင္းေခြ႕ရင္ တခ်က္ပါပဲ မမရယ္၊ မမသာ ေမာင့္ကို ခ်စ္မခ်စ္ ေျပာပါ၊ အို- မမမ်က္လုံးေတြက ေမာင့္ကို ခ်စ္တယ္လို့ ေျပာေနပါတယ္ မမရယ္"

"အို.. ၾကည့္စမ္း၊ ဒီေကာင္ေလး၊ ဖယ္ပါကြယ္၊ လက္ႀကီးကလည္း သရမ္းလိုက္တာ၊ ကဲလည္း ကဲပါဘိ"
+++++

ထန္းေရမူးေျပတာနဲ႔ ထန္းနို့ကို ေမာ့္ၾကည့္တဲ့ ထန္းရည္သမားလိုပါ။ လင္ႏွစ္လင္နဲ႔ အဆင္မေျပခဲ့ေပမယ့္ သံေဝဂရသည္က တခဏ၊ လုလင္ပ်ိဳငယ္ငယ္ေလးက ခ်စ္ရည္လူးခ်င္တယ္ဆိုျပန္ေတာ့ ပတ္ဝန္းက်င္ကို မျမင္၊ ရွက္ရေကာင္းမွန္းမသိ။ မယ္႐ူပါတေယာက္ သူေတာ္စင္မ်ားရဲ့ ေက်ာင္းသခၤန္းကို စြန႔္ခြာၿပီး လင္ငယ္ငယ္ေလးေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားပါေတာ့တယ္။
လင္ကေလးကလည္း မယ္႐ူပါကို အႀကီးဆုံးအစ္မအရြယ္၊ အေမအရြယ္ျဖစ္ေပမယ့္ တကယ္ကို သည္းသည္းလွုပ္ေအာင္ ခ်စ္ေတာ့ မယ္႐ူပါတို့ မိုးမျမင္ေလမျမင္ျဖစ္ၿပီေပါ့။
တကယ္ေတာ့ မယ္႐ူပါ့စိတ္က ေမာင္ဝဏၰေလးကို တစိမ့္စိမ့္ ထိုင္ၾကည့္ၿပီး ခ်စ္ေနခ်င္တာပါ။ သူေျပာတဲ့စကားေလးေတြကို ေတးခ်င္းတပုဒ္လို တသိမ့္သိမ့္နဲ႔ နားေထာင္ေနခ်င္တာပါ။ သူ႔မ်က္ႏွာေလးကိုျမင္ရတိုင္း မယ္႐ူပါ့ရင္မွာ ေအးျမရပါတယ္၊
ေမာင္ဝဏၰကေတာ့ သည္လိုမဟုတ္။ မယ္႐ူပါ့ကို မယားလိုတဖုံ အေမလိုတသြယ္၊ အစ္မႀကီးလိုတမ်ိဳး အမ်ိဳးမ်ိဳးခ်စ္ရွာေပတယ္။
ေမာင္ဝဏၰရဲ့ဖခင္ႀကီး မၾကာခင္မွာ ကြယ္လြန္သြားေတာ့ သားေတာ္ေမာင္ ေမာင္ဝဏၰက လွည္းသားမ်ားရဲ့ အႀကီးအမွူးျဖစ္ လာပါေတာ့တယ္။
ရွာေဖြရသမၽွ စည္းစိမ္ဥစၥာေတြ ခ်စ္မမကို အကုန္အပ္ေတာ့ အို ေလာကမွာ မယ္႐ူပါလို ကံေကာင္းတဲ့မိန္းမ ရွိပါဦးမလား လို့ေတာင္ ဂုဏ္ေမာက္မိပါေသးရဲ့။
+++++

မီးဆိုတာ ေတာက္ခါစမွာေတာ့ အရွိန္တညီးညီးနဲ႔ ပူျပင္းေလာင္ၿမိဳက္ပါေပရဲ့။ အခ်ိန္ၾကာလာတာနဲ႔အမၽွ မီးညြန႔္က်ိဳး၊ မီးအရွိန္ ေလ်ာ့လို့ တျဖည္းျဖည္းဝပ္က်ၿပီး ေနာက္ဆုံး ျပာပုံဘ၀ေရာက္ရတာလည္း ဓမၼတာပါပဲ။

သာဝတၳိျပည္မွ ကုန္သည္မေလးတေယာက္မွာ လွည္းအုပ္စုႏွင့္ မၾကာမၾကာ လိုက္ပါလာတတ္သည္။ ရာဇၿဂိဳဟ္တြင္ တေထာက္နားသည့္အခါတိုင္း မယ္႐ူပါတို့အိမ္မွာပင္ တည္းခိုသည့္အတြက္ မယ္႐ူပါႏွင့္ ရင္းႏွီးေနရပါၿပီ။
ကုန္သည္မေလးက ငယ္လည္းငယ္၊ လွလည္းလွပါဘိ။ စကားေျပာသံေလးေတြမ်ား ခ်ိဳသာလိုက္တာ။ နားေထာင္လို့ မၿငီး။ နာမည္နဲ႔လည္း လိုက္ပါေပ့။
သူမနာမည္က သံသာ တဲ့ေလ။
မယ္သံသာေလးကို ျမင္သည္ႏွင့္ မယ္႐ူပါက ခင္မင္မိသည္။ မယ္သံသာကလည္း မယ္႐ူပါ့ကို ေတြ႕ေတြ႕ခ်င္း အေမဟု ေခၚရွာပါသည္။
သည္လိုႏွင့္ ကုန္သည္မေလး မယ္သံသာ ကုန္ကူးသန္းရင္း မၾကာခဏေရာက္လာ တည္းခိုကာ ယခုတေခါက္မွာေတာ့ အခ်ိန္အၾကာႀကီး တည္းခိုေနထိုင္လၽွက္ရွိပါေတာ့သည္။
+++++

Part 7 ေမၽွာ္ပါ...

(Written by ေဆာင္းလုလင္)

No comments: