Monday, November 23, 2020

Two Adam (Part VII)

Two Adam (Part VII) 




#ဆောင်းလုလင်

#အာဒမ်နှစ်ယောက်

#လိင်တူအချစ်သရုပ်ဖော်ဇာတ်လမ်း

#BL_Story


#Part_7


"အချစ်ဆိုတာကို အမေ ဘယ်လိုများ နားလည်ပါသလဲ အမေ"


"မေးပုံဆန်းပါဘိ မယ်သံသာ၊ တန်တော့- သမီးမှာ အချစ်တွေ့နေပြီထင်ပါရဲ့ကွယ်"

သံသာလေးက ရှက်စနိုးဟန် ပြုံးနေပါတယ်။


"ငါက ငယ်ရာက ကြီးလာတာပဲအေ၊ ညီးဘာကြောင့် ဒီမေးခွန်း မေးရတယ်ဆိုတာ သိတာပေါ့၊ ပြောပါဦးမယ်သံသာ၊ ညီးချစ်သူက ဘယ်သူများတုန်း"


"ကျွန်မပြောလိုက်ရင် အမေက ကျွန်မကို ရွံမုန်းသွားမှာ စိုးမိပါရဲ့အမေရယ်၊ အို.. ခုချက်ချင်း အိမ်ပေါ်ကတောင် နှင်ချမလား မသိပါဘူးရှင်"


"ငါက အိမ်ပေါ်ကနှင်ချလောက်တဲ့ အဖြစ်ဆိုတော့ .... တန်တော့- ညီးချစ်သူဆိုတာ တခြားမဟုတ်၊ ငါ့လင် မောင်ဝဏ္ဏပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မဟုတ်လား မယ်သံသာ"


"အို- အမေ၊ ကျွန်မကိုခွင့်လွှတ်ပါ၊ ကျွန်မကို နှင်မထုတ်ပါနဲ့၊ ကျွန်မဟာ ကျေးဇူးရှိသူကို ကျေးဇူးကန်းတဲ့ အမိုက်မပါ အမေရယ်"


"မငိုနဲ့ မယ်သံသာ၊ တကယ်တော့ ညီးမပြောခင်ကတည်းက ဒီအကြောင်းကို ငါသိပြီးပါပြီ၊ ညီးဖွင့်ပြောလာရင် ဣန္ဒြေမပျက် နားထောင်ဖို့လည်း ငါပြင်ဆင်ထားပြီးသားပါ အေရယ်"


"အို- အမေ၊ အမေဘယ်လိုသိလဲဟင်"


"ဘယ်လိုသိရမှာလဲ၊ ညည်းချစ်သူ ငါ့လင်ကိုယ်တိုင် ပြောပြလို့ပေါ့အေ.."


"အို.. အမေရယ်"


"သူက ငါ့ကို ချိုချိုသာသာနဲ့ပဲ သူ့ခံစားချက်တွေကို ရင်ဖွင့်ခဲ့တာပါ၊ ညီးဟာ ကုန်သည်မလေးတယောက် ဖြစ်နေပေမယ့် ညီးကို စောင့်ရှောက်မယ့် မိဘမောင်ဘွား မရှိရှာဘူးတဲ့၊ ညီးအဖေကို လူဆိုးများက သတ်ပစ်ပြီးနောက်ပိုင်း ညီးကိုလည်း ဘဝပျက်အောင် ဖျက်စီးဖို့ ကြံစည်ကြတယ်တဲ့၊ ညီး လည်ဝယ်လို့သာ လူဆိုးသူဆိုးများလက်က လွတ်မြောက်လာပြီး ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားနေနိုင်တာတဲ့၊ သို့ပေမယ့် ညီးအတွက် အစောင့်အရှောက် အဖော်မွန်ကောင်း လိုတယ်တဲ့၊ သူက ညီးကို မေတ္တာရှိလို့ ညီးအတွက် အဖော်ကောင်းတယောက်အနေနဲ့ စောင့်ရှောက်ပါရစေတဲ့၊ ငါ့အပေါ်မှာလည်း မေတ္တာမပျက်ပါဘူးတဲ့၊ ငါ့ကိုလည်း အစ်မကြီးအရာ အမေအရာထားပြီး ကျွေးမွေးစောင့်ရှောက်သွားမှာပါတဲ့၊ အဲဒီလို ပြောရှာတယ်၊ တကယ်တော့ ငါဟာ မောင်ဝဏ္ဏကို လင်ဖြစ်ပေမယ့် ငါ့မောင်လေး သားလေးလို ချစ်ရတာမို့ သူ့ဆန္ဒကို မငြင်းဆန်ရက်ခဲ့ဘူး၊ ငါ့အသည်းတွေ ကွဲမတတ်တော့ ခံစားခဲ့ရတာပေါ့အေရယ်၊ ဒါပေမယ့် သူ ချစ်ပါရစေ၊ စောင့်ရှောက်ပါရစေဆိုတဲ့ မိန်းကလေးဟာ ညီးမှန်းသိရတဲ့အချိန်မှာတော့ ငါ့ရဲ့ သောကဗျာပါဒတွေ ပြေပျောက်သွားရပါတယ်"


"ဘာဖြစ်လို့များလဲ အမေရယ်"


"ညည်းကိုတွေ့မြင်လိုက်ရတဲ့အချိန်မှာ ညည်းရဲ့ ပြောပုံဆိုပုံ သိမ်မွေ့စွာဆက်ဆံတတ်ပုံတွေကို တွေ့တော့ ညည်းကို ညီမငယ်လေး တယောက်လို၊ သမီးလေးတယောက်လို ချစ်စိတ်ဝင်မိလိုပေါ့အေ"


"အမေရယ်.. စိတ်ထားမြင့်မြတ်ပါပေ့အမေ"


"ပြီးတော့- ငါ့အသက်အရွယ်ဟာ မောင်ဝဏ္ဏလို သက်နှစ်ဆယ်ကျော်လူငယ်လေးအတွက် ကာမဂုဏ်နဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အရွယ် မဟုတ်တော့ဘူးလေ၊ သူနဲ့ညားခါစ ငါ့အသက် ၃၅နှစ်လောက်က ဘာပဲပြောပြော မိန်းမတယောက်အတွက် အလှဆုံး အရွယ်မို့ မထောင်းထာလှပေမယ့် ဆယ်နှစ်ကျော် ကြာမြင့်လာတဲ့ ခုအချိန်မှာ ငါဟာ မိန်းမအို အဘွားကြီးတယောက် ဖြစ်ခဲ့ပြီလေ၊ သူ ငါ့အပေါ် စိတ်မဝင်စားတော့ပါဘူး၊ သူ့အချစ်တွေ ယုတ်လျော့သွားတာတော့မဟုတ်ဘူး၊ ငါ့ကို အစ်မကြီးလို အမေလိုပဲ သဘောထားနိုင်တော့တာကို ငါသိနေလို့ပါ"


"အမေရယ်…"


"သူချစ်ခင်ပြီး ကယ်တင်စောင့်ရှောက်ချင်တဲ့ မိန်းကလေးဟာ တခြားမဟုတ်ဘူး၊ ညီးဆိုတာ သိလိုက်တော့ ညီးကို ချစ်ခင်ရင်းစွဲရှိနေတဲ့ ငါ့က ခွင့်ပြုလိုက်တာပါ မယ်သံသာ"


"အမေ.. အမေ.. ကျေးဇူးကြီးလှပါပေ့အမေရယ်"


"သို့ပေမယ့်… ငါ့ကို ကတိတခုတော့ ပေးပါ မယ်သံသာ"


"ဘာများပါလိမ့်အမေ"


"သူ့ကို ငါမျက်စိအောက်ကနေ ခေါ်ထုတ်မသွားပါဘူးဆိုတဲ့ ကတိပေါ့၊ ညီးတို့ငယ်ရွယ်သူနှစ်ယောက် ချစ်ခင်ကြပါ၊ စုံမက်ကြပါ၊ ပေါင်းကြသင်းကြပါ၊ သို့သော်- ငါ့ရှေ့မှာပဲ ပေါင်းသင်းနေထိုင်ပါအေ၊ သူ့ကို ငါ့ဘဝထဲက ဆွဲထုတ်ခေါ်သွားမယ်ဆိုရင်တော့ ငါ့ရင်တွေ ကွဲလို့ ငါသေရပါလိမ့်မယ်အေ"


"အမေရယ်.. ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်မ ဒါလောက် မိုက်မဲပါ့မလား အမေရဲ့၊ ကျွန်မလေ ကိုဝဏ္ဏကိုလည်း ဘုရား တဆူလို ရိုသေလုပ်ကျွေးပါ့မယ်၊ အမေ့ကိုလည်း အမေရင်းတယောက်လို့ ပြုစုပါ့မယ်အမေ၊ ဒါလောက် စိတ်သဘောထားပြည့်ဝတဲ့ ဟောဒီကအမေကို ကျွန်မအမေရင်းနေရာထားပြီး ကျွန်မ ပြုစုစောင့်ရှောက်ပါ့မယ်ရှင်။ ကိုဝဏ္ဏကို အမေ့မျက်စိရှေ့က ခေါ်ထုတ် မသွားပါဘူး၊ ကျွန်မတို့သုံးယောက် သေတပန်သက်တဆုံး အတူနေသွားဖို့ ကတိပေးပါတယ် အမေရယ်"


"ကောင်းပါလေ့အေ၊ အများအမြင်မှာတော့ တလင်တည်း နှစ်မယားဆိုပြီး အမြင်တင့်ချင်မှ တင့်မယ်၊ ကဲ့ရဲ့စကားဆိုခံရလည်း တတ်နိုင်ဘူး၊ တို့အချင်းချင်း အဆင်ပြေ ပြီးတာပဲပေါ့လေ"


+++++


မသိတော့ လိုချင်တယ်တဲ့။ လိုချင်တော့ စွဲလမ်းတယ်တဲ့။ စွဲလမ်းတော့ ရအောင်လုပ်တယ်တဲ့။ ရအောင်လုပ်တော့ ရတယ်တဲ့။ ရလာတာနဲ့အမျှ ဒုက္ခဆင်းရဲကို ရင်ဝယ်ပိုက်ရတော့တာပါပဲ။


လိုချင်တာရနေစဉ်တုန်းတော့ ဆင်းရဲဒုက္ခဆိုတာမသိ။ ပျော်လို့ ရွှင်လို့ပါပဲ။ ပျော်ချိန်ရွှင်ချိန်ကုန်တော့လည်း ဒုက္ခဆင်းရဲက တလှည့် ရောက်လာပြန်တာပါပဲ။


"အို- အမေ၊ သူပြန်လာချိန် နီးနေပါပြီအမေ၊ အမေ ဘာတွေ ချက်ပြုတ်နေလဲ အမေ"


"ဘာရမလဲအေ့၊ မောင်ဝဏ္ဏကြိုက်တတ်တဲ့ ဟင်းလျာတွေ ချက်ပြုတ်နေတာပေါ့၊ ဒီနေရာမှာတော့ သူ့အကြိုက်ကို ညီးထက် ငါက ပိုသိပါတယ်အေ"


"ဟုတ်ပါတယ်အမေ" 


"သွား- သွား- ချက်တာပြုတ်တာ ငါ့တာဝန်ထား၊ ညီးက ငယ်ရွယ်သူဆိုတော့ လှလှပပဖြစ်အောင် ပြင်ဆင်ချယ်သချေ၊ ဒါမှ တို့လင်တော်မောင် ရင်အေးရလိမ့်မယ်"


"ကျွန်မကလည်း အဲဒါပဲ ပြောမလို့ပါ အမေရယ်၊ သူပြန်လာရင် လှလှပပလေး ကြိုဆိုရအောင် ကျွန်မဆံပင်ကို ပြင်ဆင်ပေးပါဦး အမေရဲ့"


"အေးလေ.. လှချင်ပချင်သပဆိုတော့လည်း ပြင်ပေးရတာပေါ့ အေရယ်၊ ပေး- ငါ့ကို ဘီး"


မယ်ရူပါဟာ မယ်သံသာ့လက်ထဲက ဘီးကိုယူပြီး ဆံပင်များကို ရှင်းလင်းဖြီးသင်ပေးပါတော့တယ်။


"ဟဲ့- မယ်သံသာ၊ ညည်းဦးခေါင်း ငယ်ထိပ်မှာ အနာရွတ်ကြီးပါလားအေ့"


မယ်ရူပါက မေးလည်းမေး၊ တစုံတရာကိုလည်း မျက်စိထဲ မြင်ယောင်သတိရလိုက်မိပါတယ်။


"ဟုတ်ပါတယ် အမေ၊ ကျွန်မငယ်စဉ် ကလေးဘဝကတည်းက ရခဲ့တဲ့ အနာရွတ်ပါအမေရယ်"


"ဟင်- ဂဃနဏ ပြောပါဦးအေ"


"ကျွန်မရဲ့မွေးသမိခင်အမေလေ၊ ကျွန်မရဲ့အဖေ ဓားပြကြီးက အတော်ကြမ်းတမ်းဆိုပဲ၊ တနေ့ အဖေနဲ့အမေ ရန်ဖြစ်တော့ အဖေထိုးလို့ကြိတ်လို့ ကျွန်မကိုချီထားတဲ့အမေ လဲအကျမှာ ကျွန်မငယ်ထိပ်မှာ ဒဏ်ရာရခဲ့တယ်တဲ့လေ၊ ကျွန်မအမေက အတော်ဆိုးပါတယ် အမေရယ်၊ ကျွန်မကို အဖေနဲ့ထားရစ်ပြီး အဲဒီကတည်းက ပစ်ပြေးသွားခဲ့ပါတယ်၊ ကျွန်မအမေက မိခင်စိတ်မရှိတဲ့ မိန်းမဆိုးကြီး တယောက်ပေါ့ အမေရယ်"


"အမလေး- ဘယ်လိုပြောလိုက်တာလဲ သမီး၊ ငါ့သမီးအရင်းလေးရဲ့၊ ပြောရက်လိုက်လေခြင်းအေ၊ ငါ ညီးကို ချစ်သပေါ့အေ၊ ဝမ်းနဲ့ လွယ်မွေးခဲ့ရတာပဲ၊ မချစ်ပဲနေမလား သမီးရဲ့၊ ညီးအဖေ လူဆိုးကြီးကို ကြောက်လွန်းလို့ ညီးကို ထားခဲ့ရတာပါအေရဲ့"


"အို- အမေ၊ အမေဘာတွေပြောနေတာလဲ၊ အမေငိုနေတယ်"


"ဟုတ်တယ်မိသံသာ၊ တကယ်တော့ ညီးဆိုးပါတယ်လို့ စွပ်စွဲနေတဲ့ ညီးအမေဟာ ငါပဲ၊ ငါပါပဲအေ၊ ငါ့သမီးအရင်းလေးရဲ့၊ ညီးအမေက ဟောဒီက မိရူပါဆိုတဲ့ အဘွားကြီးပါအေ့၊ အမေ့ကို ခွင့်လွှတ်ပါ သမီးရယ်"


"အို- အမေ၊ ဖြစ်မှဖြစ်ရလေ၊ ကျွန်မအမေရင်းကို ပြန်တွေ့ရလို့ ဝမ်းသာလိုက်တာ၊ ဒါပေမယ့်- ဒါပေမယ့်- အမေရယ်.. ကျွန်မတို့သားအမိဘဝက ဆိုးလှချည်လား၊ အမေနဲ့သမီး တစ်လင်တည်းမယား လာဖြစ်ရတယ်၊ ကောင်းကြသေးရဲ့လား အမေရဲ့"


အမေနဲ့သမီး ဇာတ်စုံခင်းပြီး အားပါးတရ ငိုယိုနေတုန်း မောင်ဝဏ္ဏပြန်ရောက်လာပါတယ်။


"ဟင်- ခင်ဗျားတို့နှစ်ယောက် ဘယ်လိုဖြစ်ကြတာတုန်း၊ ကျုပ်ကိုကတိပေးထားတုန်းက သင့်သင့်မြတ်မြတ် ချစ်ချစ်ခင်ခင် နေပါ့မယ်ဆို၊ ခုတော့ ငိုကြယိုကြလို့ပါလား၊ ဘာဖြစ်ကြတာလဲ၊ ပြောစမ်း"


မယ်ရူပါနဲ့ မယ်သံသာ ဇာတ်စုံရှင်းပြလိုက်လို့ သိလိုက်ရတဲ့ မောင်ဝဏ္ဏက တဟားဟားဟစ်အော်ပြီး ရယ်လိုက်ပါတော့တယ်။


"ဒါများ ဘာဖြစ်လဲဗျာ၊ အမေနဲ့သမီး ပြန်တွေ့ပြီပဲ၊ ဝမ်းသာလိုက်ကြစမ်းပါ၊ ကျုပ်အတွက်တော့ ခင်ဗျားတို့နှစ်ယောက် သားအမိ ဖြစ်နေတာ အလွန်ကောင်းသဗျို့၊ အမေနဲ့သမီးဆိုတော့ ခင်ဗျားတို့နှစ်ယောက် မတည့်မှာကို ကျုပ် စိုးရိမ်နေဖို့ မလိုတော့ဘူး၊ ဟားဟားဟား…"


"ဒါတော့ဒါပေါ့လေ၊ သို့ပေမယ့် အမေနဲ့သမီး လင်တယောက်တည်း ဖြစ်နေတာ ဘယ်လောက်ရှက်စရာကောင်းလဲကွယ်"


"ရှက်မနေနဲ့၊ ဒီမယ်- ကျုပ်ပြောမယ်၊ လူတိုင်းမှာ အတိတ်ဆိုးဆိုတာ ရှိကြမြဲပဲဗျ။ ဒီလိုပဲ စိတ်ကို ပြေအောင် ဖြေသိမ့်ရတာပါပဲ၊ ခင်ဗျားတို့သိအောင်ပြောရရင် ကျုပ်မှာလည်း အတိတ်ဆိုးရှိတာပါပဲ၊ တကယ်တော့ လှည်းကုန်သည်အကြီးအမှူးကြီးဟာ ကျုပ်ဖခင် အရင်း မဟုတ်ဘူးဗျ၊ ကျုပ်ကို ကောက်ရလို့ မွေးစားထားတဲ့ ကျုပ်မွေးစားအဖေပဲ၊ ကျုပ်ဘဝမှာ အမေအရင်း ဘယ်သူဆိုတာ မသိခဲ့ရဘူး၊ ကျုပ်အဖေက လှည်းသားငါးရာနဲ့ကုန်ကူးရင်း သာဝတ္ထိနဲ့ရာဇဂြိုဟ်ကြားက တောတန်းထဲက ဇရပ်မှာ ကျုပ်ကိုပစ်ထားတာတွေ့လို့ ကောက်ယူပြီး မွေးစားခဲ့တာပဲ"


မောင်ဝဏ္ဏစကားကိုလည်း ကြားရော မယ်ရူပါဟာ ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားပြီး ကမ္ဘာမြေကြီးတခုလုံးဟာလည်း သူ့ စိတ်ထဲမှာ ခြာခြာလည်သွားပါတော့သတဲ့။


"ကိုယ်ကျိုးနည်းပါပေါ့၊ ကိုယ်ကျိုးနည်းပါပေါ့၊ အမလေး- မောင်ဝဏ္ဏ မင်းစကားကို ထပ်ပြောလိုက်ပါဦး"


"ဘာလို့လဲဗျ၊ ကျုပ်ဟာ မွေးစားခံရတဲ့ သားတယောက်၊ ကျုပ်ကို ကျုပ်အဖေက သာဝတ္ထိနဲ့ရာဇဂြိုဟ်ကြားက တောထဲက ဇရပ်မှာ ပစ်ထားတာ တွေ့ပြီး ကောက်ယူမွေးခဲ့တာလို့ ပြောတာလေ"


"အမလေးသားရယ်၊ ငါ့သားအရင်းလေးရဲ့၊ တကယ်တော့ အမေ မင်းကို စွန့်ပစ်ခဲ့ရတာ မဟုတ်ပါဘူးကွယ်၊ မင်းအတွက် ရေရှာထွက်ရင်း ရေယူပြီး ဇရပ်ကိုပြန်အလာမှာ မင်းမရှိတော့တာပါကွယ်၊ ငါလေ- မင်းကို အရူးတပိုင်း တတောလုံးအနှံ့ လိုက်ရှာခဲ့ပါ တယ် ငါ့သားရယ်"


"ဘာ- ဘယ်လို၊ ဒါဖြင့်… ခင်ဗျားဟာ ခင်ဗျားဟာ ကျုပ်အမေ အရင်းပေါ့ ဟုတ်လား"


"ဟုတ်ပါတယ်ငါ့သား၊ မင်းပျောက်သွားလို့ အရူးတပိုင်းလိုက်ရှာရင်းက ဟောဒီက မယ်သံသာရဲ့အဖေ ဓားပြကြီးနဲ့ တွေ့ရ တာပါကွယ်"


"အောင်မယ်လေးဗျာ- ကိုယ်ကျိုးနည်းပါပေါ့၊ အမေအရင်းနဲ့ သားအရင်း၊ အကိုအရင်းနဲ့ညီမအရင်း တလင်တည်းမယား ညားရတာပါလား၊ ရှက်စရာကောင်းပါဘိ၊ ကျုပ်- ကျုပ်- လူ့ပြည်မှာနေဖို့ မသင့်တော့ပါဘူးဗျာ"


မောင်ဝဏ္ဏဟာ ခါးကဓားမြှောင်ကိုထုတ် ရင်ဝတည့်တည့်ကို စိုက်ဖို့ ဟန်ပြင်လိုက်ပါတယ်။


မယ်သံသာက မောင်ဝဏ္ဏရှေ့ကို ပြေးသွားပြီး မောင်ဝဏ္ဏ လက်ကို ဆုပ်ကိုင်ထားလိုက်ပါတယ်။


"အစ်ကို- အစ်ကို၊ မသေပါနဲ့ဦး၊ အဲဒီဓားနဲ့ ကျွန်မကို အရင်ထိုး သတ်ပေးပါ အစ်ကို၊ ပြီးမှ အစ်ကို့ကိုယ်ကို အစ်ကို သတ်သေပါ၊ ကျွန်မကို အရင်သတ်ပေးပါရှင်"


သားနဲ့သမီးရဲ့ ကြေကွဲဖွယ်အဖြစ်ကိုကြည့်ပြီး မယ်ရူပါဟာ သားနဲ့သမီးကြားမှာ ဝင်ရပ်လိုက်တယ်။


ခုအခါမှာတော့ မယ်ရူပါရဲ့မျက်နှာဟာ သောကဗျာပါဒတွေ ကင်းစင်ပြီး သန့်ရှင်းကြည်လင်နေပါတယ်။


"သားနဲ့သမီး၊ စိတ်ကို အေးအေးထားကြပါ၊ အမေလည်း ဒီအဖြစ်ကို ကြားသိလိုက်တော့ သားနဲ့သမီးလိုပဲ ကမ္ဘာပျက်မတတ် ခံစားရပါတယ်၊ ဒါပေမယ့် သားနဲ့သမီး၊ မင်းတို့ စဉ်းစားကြည့်စမ်း၊ ဒီအဖြစ်မှာ အမေရော၊ ငါ့သားနဲ့သမီးရော သုံးယောက်လုံး ဘယ်သူ့မှာ မှ အပြစ်မရှိကြဘူး၊ ငါတို့ဟာ မသိလို့ မှားခဲ့ကြတာသာဖြစ်တယ်၊ အမှားကို သိသိကြီးနဲ့ ကျူးလွန်ခဲ့ကြတာ မဟုတ်ဘူး၊ အဲဒီတော့ သားနဲ့သမီး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ တစ်ဘဝပဲတုံးမယ်၊ အစတော့ ဆုံးမှာမဟုတ်သေးဘူး၊ သံသရာရှိသမျှ ဒီအရိပ်ဟာ လိုက်နေ ဦးမှာပဲ၊ ဒီတော့ ငါတို့ ဘာလုပ်သင့်တယ်ဆိုတာ.. ဘာကြောင့်ဒီလိုအဖြစ်ဆိုးကြုံရတယ်ဆိုတာ မြတ်စွာဘုရားထံမှာ လျှောက်တင် မေးမြန်းပြီး အဆုံးအဖြတ်ခံယူကြမယ်၊ လာ- သွားကြစို့"

+++++


ရေးသားသူ - ဆောင်းလုလင် 


Part 8 မျှော်ပါ...


(Zawgyi) 

Two Adam (Part VII)




#ေဆာင္းလုလင္
#အာဒမ္ႏွစ္ေယာက္
#လိင္တူအခ်စ္သ႐ုပ္ေဖာ္ဇာတ္လမ္း
#BL_Story

#Part_7

"အခ်စ္ဆိုတာကို အေမ ဘယ္လိုမ်ား နားလည္ပါသလဲ အေမ"

"ေမးပုံဆန္းပါဘိ မယ္သံသာ၊ တန္ေတာ့- သမီးမွာ အခ်စ္ေတြ႕ေနၿပီထင္ပါရဲ့ကြယ္"
သံသာေလးက ရွက္စနိုးဟန္ ျပဳံးေနပါတယ္။

"ငါက ငယ္ရာက ႀကီးလာတာပဲေအ၊ ညီးဘာေၾကာင့္ ဒီေမးခြန္း ေမးရတယ္ဆိုတာ သိတာေပါ့၊ ေျပာပါဦးမယ္သံသာ၊ ညီးခ်စ္သူက ဘယ္သူမ်ားတုန္း"

"ကၽြန္မေျပာလိုက္ရင္ အေမက ကၽြန္မကို ရြံမုန္းသြားမွာ စိုးမိပါရဲ့အေမရယ္၊ အို.. ခုခ်က္ခ်င္း အိမ္ေပၚကေတာင္ ႏွင္ခ်မလား မသိပါဘူးရွင္"

"ငါက အိမ္ေပၚကႏွင္ခ်ေလာက္တဲ့ အျဖစ္ဆိုေတာ့ .... တန္ေတာ့- ညီးခ်စ္သူဆိုတာ တျခားမဟုတ္၊ ငါ့လင္ ေမာင္ဝဏၰပဲ ျဖစ္ရမယ္၊ ဟုတ္တယ္မဟုတ္လား မယ္သံသာ"

"အို- အေမ၊ ကၽြန္မကိုခြင့္လႊတ္ပါ၊ ကၽြန္မကို ႏွင္မထုတ္ပါနဲ႔၊ ကၽြန္မဟာ ေက်းဇူးရွိသူကို ေက်းဇူးကန္းတဲ့ အမိုက္မပါ အေမရယ္"

"မငိုနဲ႔ မယ္သံသာ၊ တကယ္ေတာ့ ညီးမေျပာခင္ကတည္းက ဒီအေၾကာင္းကို ငါသိၿပီးပါၿပီ၊ ညီးဖြင့္ေျပာလာရင္ ဣေျႏၵမပ်က္ နားေထာင္ဖို့လည္း ငါျပင္ဆင္ထားၿပီးသားပါ ေအရယ္"

"အို- အေမ၊ အေမဘယ္လိုသိလဲဟင္"

"ဘယ္လိုသိရမွာလဲ၊ ညည္းခ်စ္သူ ငါ့လင္ကိုယ္တိုင္ ေျပာျပလို့ေပါ့ေအ.."

"အို.. အေမရယ္"

"သူက ငါ့ကို ခ်ိဳခ်ိဳသာသာနဲ႔ပဲ သူ႔ခံစားခ်က္ေတြကို ရင္ဖြင့္ခဲ့တာပါ၊ ညီးဟာ ကုန္သည္မေလးတေယာက္ ျဖစ္ေနေပမယ့္ ညီးကို ေစာင့္ေရွာက္မယ့္ မိဘေမာင္ဘြား မရွိရွာဘူးတဲ့၊ ညီးအေဖကို လူဆိုးမ်ားက သတ္ပစ္ၿပီးေနာက္ပိုင္း ညီးကိုလည္း ဘဝပ်က္ေအာင္ ဖ်က္စီးဖို့ ႀကံစည္ၾကတယ္တဲ့၊ ညီး လည္ဝယ္လို့သာ လူဆိုးသူဆိုးမ်ားလက္က လြတ္ေျမာက္လာၿပီး ေကာင္းေရာင္းေကာင္းဝယ္ လုပ္ကိုင္ စားေနနိုင္တာတဲ့၊ သို့ေပမယ့္ ညီးအတြက္ အေစာင့္အေရွာက္ အေဖာ္မြန္ေကာင္း လိုတယ္တဲ့၊ သူက ညီးကို ေမတၱာရွိလို့ ညီးအတြက္ အေဖာ္ေကာင္းတေယာက္အေနနဲ႔ ေစာင့္ေရွာက္ပါရေစတဲ့၊ ငါ့အေပၚမွာလည္း ေမတၱာမပ်က္ပါဘူးတဲ့၊ ငါ့ကိုလည္း အစ္မႀကီးအရာ အေမအရာထားၿပီး ေကၽြးေမြးေစာင့္ေရွာက္သြားမွာပါတဲ့၊ အဲဒီလို ေျပာရွာတယ္၊ တကယ္ေတာ့ ငါဟာ ေမာင္ဝဏၰကို လင္ျဖစ္ေပမယ့္ ငါ့ေမာင္ေလး သားေလးလို ခ်စ္ရတာမို့ သူ႔ဆႏၵကို မျငင္းဆန္ရက္ခဲ့ဘူး၊ ငါ့အသည္းေတြ ကြဲမတတ္ေတာ့ ခံစားခဲ့ရတာေပါ့ေအရယ္၊ ဒါေပမယ့္ သူ ခ်စ္ပါရေစ၊ ေစာင့္ေရွာက္ပါရေစဆိုတဲ့ မိန္းကေလးဟာ ညီးမွန္းသိရတဲ့အခ်ိန္မွာေတာ့ ငါ့ရဲ့ ေသာကဗ်ာပါဒေတြ ေျပေပ်ာက္သြားရပါတယ္"

"ဘာျဖစ္လို့မ်ားလဲ အေမရယ္"

"ညည္းကိုေတြ႕ျမင္လိုက္ရတဲ့အခ်ိန္မွာ ညည္းရဲ့ ေျပာပုံဆိုပုံ သိမ္ေမြ႕စြာဆက္ဆံတတ္ပုံေတြကို ေတြ႕ေတာ့ ညည္းကို ညီမငယ္ေလး တေယာက္လို၊ သမီးေလးတေယာက္လို ခ်စ္စိတ္ဝင္မိလိုေပါ့ေအ"

"အေမရယ္.. စိတ္ထားျမင့္ျမတ္ပါေပ့အေမ"

"ၿပီးေတာ့- ငါ့အသက္အရြယ္ဟာ ေမာင္ဝဏၰလို သက္ႏွစ္ဆယ္ေက်ာ္လူငယ္ေလးအတြက္ ကာမဂုဏ္နဲ႔ စိတ္လွုပ္ရွားစရာ ေကာင္းတဲ့အရြယ္ မဟုတ္ေတာ့ဘူးေလ၊ သူနဲ႔ညားခါစ ငါ့အသက္ ၃၅ႏွစ္ေလာက္က ဘာပဲေျပာေျပာ မိန္းမတေယာက္အတြက္ အလွဆုံး အရြယ္မို့ မေထာင္းထာလွေပမယ့္ ဆယ္ႏွစ္ေက်ာ္ ၾကာျမင့္လာတဲ့ ခုအခ်ိန္မွာ ငါဟာ မိန္းမအို အဘြားႀကီးတေယာက္ ျဖစ္ခဲ့ၿပီေလ၊ သူ ငါ့အေပၚ စိတ္မဝင္စားေတာ့ပါဘူး၊ သူ႔အခ်စ္ေတြ ယုတ္ေလ်ာ့သြားတာေတာ့မဟုတ္ဘူး၊ ငါ့ကို အစ္မႀကီးလို အေမလိုပဲ သေဘာထားနိုင္ေတာ့တာကို ငါသိေနလို့ပါ"

"အေမရယ္…"

"သူခ်စ္ခင္ၿပီး ကယ္တင္ေစာင့္ေရွာက္ခ်င္တဲ့ မိန္းကေလးဟာ တျခားမဟုတ္ဘူး၊ ညီးဆိုတာ သိလိုက္ေတာ့ ညီးကို ခ်စ္ခင္ရင္းစြဲရွိေနတဲ့ ငါ့က ခြင့္ျပဳလိုက္တာပါ မယ္သံသာ"

"အေမ.. အေမ.. ေက်းဇူးႀကီးလွပါေပ့အေမရယ္"

"သို့ေပမယ့္… ငါ့ကို ကတိတခုေတာ့ ေပးပါ မယ္သံသာ"

"ဘာမ်ားပါလိမ့္အေမ"

"သူ႔ကို ငါမ်က္စိေအာက္ကေန ေခၚထုတ္မသြားပါဘူးဆိုတဲ့ ကတိေပါ့၊ ညီးတို့ငယ္ရြယ္သူႏွစ္ေယာက္ ခ်စ္ခင္ၾကပါ၊ စုံမက္ၾကပါ၊ ေပါင္းၾကသင္းၾကပါ၊ သို့ေသာ္- ငါ့ေရွ႕မွာပဲ ေပါင္းသင္းေနထိုင္ပါေအ၊ သူ႔ကို ငါ့ဘဝထဲက ဆြဲထုတ္ေခၚသြားမယ္ဆိုရင္ေတာ့ ငါ့ရင္ေတြ ကြဲလို့ ငါေသရပါလိမ့္မယ္ေအ"

"အေမရယ္.. ဘယ္လိုေျပာလိုက္တာလဲ၊ ကၽြန္မ ဒါေလာက္ မိုက္မဲပါ့မလား အေမရဲ့၊ ကၽြန္မေလ ကိုဝဏၰကိုလည္း ဘုရား တဆူလို ရိုေသလုပ္ေကၽြးပါ့မယ္၊ အေမ့ကိုလည္း အေမရင္းတေယာက္လို့ ျပဳစုပါ့မယ္အေမ၊ ဒါေလာက္ စိတ္သေဘာထားျပည့္ဝတဲ့ ေဟာဒီကအေမကို ကၽြန္မအေမရင္းေနရာထားၿပီး ကၽြန္မ ျပဳစုေစာင့္ေရွာက္ပါ့မယ္ရွင္။ ကိုဝဏၰကို အေမ့မ်က္စိေရွ႕က ေခၚထုတ္ မသြားပါဘူး၊ ကၽြန္မတို့သုံးေယာက္ ေသတပန္သက္တဆုံး အတူေနသြားဖို့ ကတိေပးပါတယ္ အေမရယ္"

"ေကာင္းပါေလ့ေအ၊ အမ်ားအျမင္မွာေတာ့ တလင္တည္း ႏွစ္မယားဆိုၿပီး အျမင္တင့္ခ်င္မွ တင့္မယ္၊ ကဲ့ရဲ့စကားဆိုခံရလည္း တတ္နိုင္ဘူး၊ တို့အခ်င္းခ်င္း အဆင္ေျပ ၿပီးတာပဲေပါ့ေလ"

+++++

မသိေတာ့ လိုခ်င္တယ္တဲ့။ လိုခ်င္ေတာ့ စြဲလမ္းတယ္တဲ့။ စြဲလမ္းေတာ့ ရေအာင္လုပ္တယ္တဲ့။ ရေအာင္လုပ္ေတာ့ ရတယ္တဲ့။ ရလာတာနဲ႔အမၽွ ဒုကၡဆင္းရဲကို ရင္ဝယ္ပိုက္ရေတာ့တာပါပဲ။

လိုခ်င္တာရေနစဥ္တုန္းေတာ့ ဆင္းရဲဒုကၡဆိုတာမသိ။ ေပ်ာ္လို့ ရႊင္လို့ပါပဲ။ ေပ်ာ္ခ်ိန္ရႊင္ခ်ိန္ကုန္ေတာ့လည္း ဒုကၡဆင္းရဲက တလွည့္ ေရာက္လာျပန္တာပါပဲ။

"အို- အေမ၊ သူျပန္လာခ်ိန္ နီးေနပါၿပီအေမ၊ အေမ ဘာေတြ ခ်က္ျပဳတ္ေနလဲ အေမ"

"ဘာရမလဲေအ့၊ ေမာင္ဝဏၰႀကိဳက္တတ္တဲ့ ဟင္းလ်ာေတြ ခ်က္ျပဳတ္ေနတာေပါ့၊ ဒီေနရာမွာေတာ့ သူ႔အႀကိဳက္ကို ညီးထက္ ငါက ပိုသိပါတယ္ေအ"

"ဟုတ္ပါတယ္အေမ"

"သြား- သြား- ခ်က္တာျပဳတ္တာ ငါ့တာဝန္ထား၊ ညီးက ငယ္ရြယ္သူဆိုေတာ့ လွလွပပျဖစ္ေအာင္ ျပင္ဆင္ခ်ယ္သေခ်၊ ဒါမွ တို့လင္ေတာ္ေမာင္ ရင္ေအးရလိမ့္မယ္"

"ကၽြန္မကလည္း အဲဒါပဲ ေျပာမလို့ပါ အေမရယ္၊ သူျပန္လာရင္ လွလွပပေလး ႀကိဳဆိုရေအာင္ ကၽြန္မဆံပင္ကို ျပင္ဆင္ေပးပါဦး အေမရဲ့"

"ေအးေလ.. လွခ်င္ပခ်င္သပဆိုေတာ့လည္း ျပင္ေပးရတာေပါ့ ေအရယ္၊ ေပး- ငါ့ကို ဘီး"

မယ္႐ူပါဟာ မယ္သံသာ့လက္ထဲက ဘီးကိုယူၿပီး ဆံပင္မ်ားကို ရွင္းလင္းၿဖီးသင္ေပးပါေတာ့တယ္။

"ဟဲ့- မယ္သံသာ၊ ညည္းဦးေခါင္း ငယ္ထိပ္မွာ အနာရြတ္ႀကီးပါလားေအ့"

မယ္႐ူပါက ေမးလည္းေမး၊ တစုံတရာကိုလည္း မ်က္စိထဲ ျမင္ေယာင္သတိရလိုက္မိပါတယ္။

"ဟုတ္ပါတယ္ အေမ၊ ကၽြန္မငယ္စဥ္ ကေလးဘဝကတည္းက ရခဲ့တဲ့ အနာရြတ္ပါအေမရယ္"

"ဟင္- ဂဃနဏ ေျပာပါဦးေအ"

"ကၽြန္မရဲ့ေမြးသမိခင္အေမေလ၊ ကၽြန္မရဲ့အေဖ ဓားျပႀကီးက အေတာ္ၾကမ္းတမ္းဆိုပဲ၊ တေန႔ အေဖနဲ႔အေမ ရန္ျဖစ္ေတာ့ အေဖထိုးလို့ႀကိတ္လို့ ကၽြန္မကိုခ်ီထားတဲ့အေမ လဲအက်မွာ ကၽြန္မငယ္ထိပ္မွာ ဒဏ္ရာရခဲ့တယ္တဲ့ေလ၊ ကၽြန္မအေမက အေတာ္ဆိုးပါတယ္ အေမရယ္၊ ကၽြန္မကို အေဖနဲ႔ထားရစ္ၿပီး အဲဒီကတည္းက ပစ္ေျပးသြားခဲ့ပါတယ္၊ ကၽြန္မအေမက မိခင္စိတ္မရွိတဲ့ မိန္းမဆိုးႀကီး တေယာက္ေပါ့ အေမရယ္"

"အမေလး- ဘယ္လိုေျပာလိုက္တာလဲ သမီး၊ ငါ့သမီးအရင္းေလးရဲ့၊ ေျပာရက္လိုက္ေလျခင္းေအ၊ ငါ ညီးကို ခ်စ္သေပါ့ေအ၊ ဝမ္းနဲ႔ လြယ္ေမြးခဲ့ရတာပဲ၊ မခ်စ္ပဲေနမလား သမီးရဲ့၊ ညီးအေဖ လူဆိုးႀကီးကို ေၾကာက္လြန္းလို့ ညီးကို ထားခဲ့ရတာပါေအရဲ့"

"အို- အေမ၊ အေမဘာေတြေျပာေနတာလဲ၊ အေမငိုေနတယ္"

"ဟုတ္တယ္မိသံသာ၊ တကယ္ေတာ့ ညီးဆိုးပါတယ္လို့ စြပ္စြဲေနတဲ့ ညီးအေမဟာ ငါပဲ၊ ငါပါပဲေအ၊ ငါ့သမီးအရင္းေလးရဲ့၊ ညီးအေမက ေဟာဒီက မိ႐ူပါဆိုတဲ့ အဘြားႀကီးပါေအ့၊ အေမ့ကို ခြင့္လႊတ္ပါ သမီးရယ္"

"အို- အေမ၊ ျဖစ္မွျဖစ္ရေလ၊ ကၽြန္မအေမရင္းကို ျပန္ေတြ႕ရလို့ ဝမ္းသာလိုက္တာ၊ ဒါေပမယ့္- ဒါေပမယ့္- အေမရယ္.. ကၽြန္မတို့သားအမိဘဝက ဆိုးလွခ်ည္လား၊ အေမနဲ႔သမီး တစ္လင္တည္းမယား လာျဖစ္ရတယ္၊ ေကာင္းၾကေသးရဲ့လား အေမရဲ့"

အေမနဲ႔သမီး ဇာတ္စုံခင္းၿပီး အားပါးတရ ငိုယိုေနတုန္း ေမာင္ဝဏၰျပန္ေရာက္လာပါတယ္။

"ဟင္- ခင္ဗ်ားတို့ႏွစ္ေယာက္ ဘယ္လိုျဖစ္ၾကတာတုန္း၊ က်ဳပ္ကိုကတိေပးထားတုန္းက သင့္သင့္ျမတ္ျမတ္ ခ်စ္ခ်စ္ခင္ခင္ ေနပါ့မယ္ဆို၊ ခုေတာ့ ငိုၾကယိုၾကလို့ပါလား၊ ဘာျဖစ္ၾကတာလဲ၊ ေျပာစမ္း"

မယ္႐ူပါနဲ႔ မယ္သံသာ ဇာတ္စုံရွင္းျပလိုက္လို့ သိလိုက္ရတဲ့ ေမာင္ဝဏၰက တဟားဟားဟစ္ေအာ္ၿပီး ရယ္လိုက္ပါေတာ့တယ္။

"ဒါမ်ား ဘာျဖစ္လဲဗ်ာ၊ အေမနဲ႔သမီး ျပန္ေတြ႕ၿပီပဲ၊ ဝမ္းသာလိုက္ၾကစမ္းပါ၊ က်ဳပ္အတြက္ေတာ့ ခင္ဗ်ားတို့ႏွစ္ေယာက္ သားအမိ ျဖစ္ေနတာ အလြန္ေကာင္းသဗ်ိဳ့၊ အေမနဲ႔သမီးဆိုေတာ့ ခင္ဗ်ားတို့ႏွစ္ေယာက္ မတည့္မွာကို က်ဳပ္ စိုးရိမ္ေနဖို့ မလိုေတာ့ဘူး၊ ဟားဟားဟား…"

"ဒါေတာ့ဒါေပါ့ေလ၊ သို့ေပမယ့္ အေမနဲ႔သမီး လင္တေယာက္တည္း ျဖစ္ေနတာ ဘယ္ေလာက္ရွက္စရာေကာင္းလဲကြယ္"

"ရွက္မေနနဲ႔၊ ဒီမယ္- က်ဳပ္ေျပာမယ္၊ လူတိုင္းမွာ အတိတ္ဆိုးဆိုတာ ရွိၾကျမဲပဲဗ်။ ဒီလိုပဲ စိတ္ကို ေျပေအာင္ ေျဖသိမ့္ရတာပါပဲ၊ ခင္ဗ်ားတို့သိေအာင္ေျပာရရင္ က်ဳပ္မွာလည္း အတိတ္ဆိုးရွိတာပါပဲ၊ တကယ္ေတာ့ လွည္းကုန္သည္အႀကီးအမွူးႀကီးဟာ က်ဳပ္ဖခင္ အရင္း မဟုတ္ဘူးဗ်၊ က်ဳပ္ကို ေကာက္ရလို့ ေမြးစားထားတဲ့ က်ဳပ္ေမြးစားအေဖပဲ၊ က်ဳပ္ဘဝမွာ အေမအရင္း ဘယ္သူဆိုတာ မသိခဲ့ရဘူး၊ က်ဳပ္အေဖက လွည္းသားငါးရာနဲ႔ကုန္ကူးရင္း သာဝတၳိနဲ႔ရာဇၿဂိဳဟ္ၾကားက ေတာတန္းထဲက ဇရပ္မွာ က်ဳပ္ကိုပစ္ထားတာေတြ႕လို့ ေကာက္ယူၿပီး ေမြးစားခဲ့တာပဲ"

ေမာင္ဝဏၰစကားကိုလည္း ၾကားေရာ မယ္႐ူပါဟာ ေခါင္းကို မိုးႀကိဳးပစ္ခံလိုက္ရသလိုျဖစ္သြားၿပီး ကမၻာေျမႀကီးတခုလုံးဟာလည္း သူ႔ စိတ္ထဲမွာ ျခာျခာလည္သြားပါေတာ့သတဲ့။

"ကိုယ္က်ိဳးနည္းပါေပါ့၊ ကိုယ္က်ိဳးနည္းပါေပါ့၊ အမေလး- ေမာင္ဝဏၰ မင္းစကားကို ထပ္ေျပာလိုက္ပါဦး"

"ဘာလို့လဲဗ်၊ က်ဳပ္ဟာ ေမြးစားခံရတဲ့ သားတေယာက္၊ က်ဳပ္ကို က်ဳပ္အေဖက သာဝတၳိနဲ႔ရာဇၿဂိဳဟ္ၾကားက ေတာထဲက ဇရပ္မွာ ပစ္ထားတာ ေတြ႕ၿပီး ေကာက္ယူေမြးခဲ့တာလို့ ေျပာတာေလ"

"အမေလးသားရယ္၊ ငါ့သားအရင္းေလးရဲ့၊ တကယ္ေတာ့ အေမ မင္းကို စြန႔္ပစ္ခဲ့ရတာ မဟုတ္ပါဘူးကြယ္၊ မင္းအတြက္ ေရရွာထြက္ရင္း ေရယူၿပီး ဇရပ္ကိုျပန္အလာမွာ မင္းမရွိေတာ့တာပါကြယ္၊ ငါေလ- မင္းကို အ႐ူးတပိုင္း တေတာလုံးအႏွံ့ လိုက္ရွာခဲ့ပါ တယ္ ငါ့သားရယ္"

"ဘာ- ဘယ္လို၊ ဒါျဖင့္… ခင္ဗ်ားဟာ ခင္ဗ်ားဟာ က်ဳပ္အေမ အရင္းေပါ့ ဟုတ္လား"

"ဟုတ္ပါတယ္ငါ့သား၊ မင္းေပ်ာက္သြားလို့ အ႐ူးတပိုင္းလိုက္ရွာရင္းက ေဟာဒီက မယ္သံသာရဲ့အေဖ ဓားျပႀကီးနဲ႔ ေတြ႕ရ တာပါကြယ္"

"ေအာင္မယ္ေလးဗ်ာ- ကိုယ္က်ိဳးနည္းပါေပါ့၊ အေမအရင္းနဲ႔ သားအရင္း၊ အကိုအရင္းနဲ႔ညီမအရင္း တလင္တည္းမယား ညားရတာပါလား၊ ရွက္စရာေကာင္းပါဘိ၊ က်ဳပ္- က်ဳပ္- လူ႔ျပည္မွာေနဖို့ မသင့္ေတာ့ပါဘူးဗ်ာ"

ေမာင္ဝဏၰဟာ ခါးကဓားေျမႇာင္ကိုထုတ္ ရင္ဝတည့္တည့္ကို စိုက္ဖို့ ဟန္ျပင္လိုက္ပါတယ္။

မယ္သံသာက ေမာင္ဝဏၰေရွ႕ကို ေျပးသြားၿပီး ေမာင္ဝဏၰ လက္ကို ဆုပ္ကိုင္ထားလိုက္ပါတယ္။

"အစ္ကို- အစ္ကို၊ မေသပါနဲ႔ဦး၊ အဲဒီဓားနဲ႔ ကၽြန္မကို အရင္ထိုး သတ္ေပးပါ အစ္ကို၊ ၿပီးမွ အစ္ကို့ကိုယ္ကို အစ္ကို သတ္ေသပါ၊ ကၽြန္မကို အရင္သတ္ေပးပါရွင္"

သားနဲ႔သမီးရဲ့ ေၾကကြဲဖြယ္အျဖစ္ကိုၾကည့္ၿပီး မယ္႐ူပါဟာ သားနဲ႔သမီးၾကားမွာ ဝင္ရပ္လိုက္တယ္။

ခုအခါမွာေတာ့ မယ္႐ူပါရဲ့မ်က္ႏွာဟာ ေသာကဗ်ာပါဒေတြ ကင္းစင္ၿပီး သန႔္ရွင္းၾကည္လင္ေနပါတယ္။

"သားနဲ႔သမီး၊ စိတ္ကို ေအးေအးထားၾကပါ၊ အေမလည္း ဒီအျဖစ္ကို ၾကားသိလိုက္ေတာ့ သားနဲ႔သမီးလိုပဲ ကမၻာပ်က္မတတ္ ခံစားရပါတယ္၊ ဒါေပမယ့္ သားနဲ႔သမီး၊ မင္းတို့ စဥ္းစားၾကည့္စမ္း၊ ဒီအျဖစ္မွာ အေမေရာ၊ ငါ့သားနဲ႔သမီးေရာ သုံးေယာက္လုံး ဘယ္သူ႔မွာ မွ အျပစ္မရွိၾကဘူး၊ ငါတို့ဟာ မသိလို့ မွားခဲ့ၾကတာသာျဖစ္တယ္၊ အမွားကို သိသိႀကီးနဲ႔ က်ဴးလြန္ခဲ့ၾကတာ မဟုတ္ဘူး၊ အဲဒီေတာ့ သားနဲ႔သမီး၊ ကိုယ့္ကိုယ္ကိုယ္ သတ္ေသလို့ တစ္ဘဝပဲတုံးမယ္၊ အစေတာ့ ဆုံးမွာမဟုတ္ေသးဘူး၊ သံသရာရွိသမၽွ ဒီအရိပ္ဟာ လိုက္ေန ဦးမွာပဲ၊ ဒီေတာ့ ငါတို့ ဘာလုပ္သင့္တယ္ဆိုတာ.. ဘာေၾကာင့္ဒီလိုအျဖစ္ဆိုးၾကဳံရတယ္ဆိုတာ ျမတ္စြာဘုရားထံမွာ ေလၽွာက္တင္ ေမးျမန္းၿပီး အဆုံးအျဖတ္ခံယူၾကမယ္၊ လာ- သြားၾကစို့"
+++++

ေရးသားသူ - ေဆာင္းလုလင္

Part 8 ေမၽွာ္ပါ...

No comments: