Tuesday, December 1, 2020

"December ရဲ့ အလွမ်းတေးသံ"


'ဒေါင် ဒေါင်' ဆိုတဲ့ ဒီဇင်ဘာရဲ့ ခေါင်းလောင်းသံချိုတွေ ပြန် လည်မြည်ဟည်းလာပြန်ပါပေါ့။


နှင်းစက်လေးတွေ ခေါင်မိုးကို တစ်ဖျောက်ဖျောက်ထိခတ်နေသံ ကို ခပ်သဲ့သဲ့ကြားနေရသည်လေ။


ရာသီဥတုရဲ့အေးမြမှုတွေကြားမှာ ကျွန်တော်တကိုယ်ရည် အေးစက်စွာ နွေးထွေးမှုကင်းမဲ့နေတာ ကျွန်တော့်စိတ်ရဲ့ ရူးသွပ်မှုတစ်ခု သက်သက်ပဲလား၊ 'အတွေးလွန်မှုလေးသာ'ဆိုတာများလား။


'လူဆိုတာ အချစ်နဲ့မကင်းဘူး တစ်ယောက်ယောက်နဲ့မင်း ချစ်တမ်းကစားလိုက်ရင် အေးစက်နေတဲ့ မင်းစိတ် ကိုယ်ခန္ဓာ အလိုလိုနွေးထွေးသက်ဝင်လာမည်'တဲ့ သူငယ်ချင်းလေးကပြောပြပါရဲ့။


မင်းမသိလို့ပါ......ကိုယ်ဟာ ရင်ခုန်သံများစွာအောက်မှာ တစ်ကိုယ်ရည် အထီးကျန်နေတယ်....ကွာ။


x           x           x


'ရာသီဥတုကအေးလိုက်တာနော် ဘေဘီ၊ မင်းဒီလိုဆောင်းရာသီကို ကြိုက်လား၊ကိုယ်တော့ နွေဦးရာသီကို ပိုရင်ခုန်တယ်'


'ဟုတ်ကဲ့..ချစ်လည်း အတူတူပဲ'


ဟင့်အင်ဗျာ.....ကျွန်တော်ဒီလိုဆောင်းဦးရာသီရဲ့အေးမြလတ်ဆတ်မှုကိုပိုသဘောကျတယ်' လို့ သူ့ကိုနှုတ်ကဖွင့် မပြောဖြစ် ပေမယ့် ကျွန်တော်ဟာ အမှန်တကယ် ဒီလိုဒီဇင်ဘာလရဲ့ ဆောင်းနှင်းပွင့်တွေကို သဘော ကျပါသည်။


ရာသီဥတုကအေးတယ် တစ်ယောက် တည်းနေတတ်သူတွေအတွက် သိပ်အဆင် မပြေဘူးလို့ ဆိုကြပေမယ့် ကျွန်တော့် အတွက်ကတော့ ရင်ခုန် သံလေးတွေအစီအရီဆိုတော့ နွေးထွေးရာရင်ခွင်က အသင့်။

ဒါကြောင့် ဆောင်းရာသီကိုကြိုက်တာဖြစ်မယ်ထင်ပါ့။


သက်ပြင်းတစ်ချက်ကို လေးလေးကန်ကန်ချရင်း ကျွန်တော့်ကို ကျွန်တော် ရယ်ချင်သလိုလို အလန့်တကြားလိုလိုပင် ဖြစ်သွား မိသည်။ နောက် ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ဘာကြောင့် ဒီလောက် ထိန့်လန့် တုန်လှုပ်သွားရမှန်းကိုလည်း ကျွန်တော် ဘယ်လိုမှ ပြန်တွေး ကြည့်လို့မရနိုင်အောင် ဖြစ်နေမိ၏။


'ဘာကိုလည်း ဘာကိုထိတ်လန့်သွားသလဲ?'ဆိုရင် ကျွန်တော့် လက်ဖဝါးကို သူ့ရဲ့နွေးထွေးတဲ့လက်နဲ့ အုပ်မိုး ကိုင်တွယ် ရင်း 'Honey' လို့ခေါ်လိုက်သံကြောင့်ပေါ့။ သူ့ရင်ထဲကလာတဲ့ ဒီအသံဟာ ကျွန်တော့်အတွက် ရင်ခုန် သံပြင်းထန်သွား စေသလို ထိန့်လန့်သွားစေခဲ့တာ လေအေးအေးလေးတွေတိုက်နေတဲ့ အင်းယားကန်ဘောင်က ဘူးသီးကြော်ဆိုင်လေးမှာပါ။


ဒီဇင်ဘာရဲ့ ခေါင်းလောင်းသံချိုလေးတွေကို သူ့တိုက်ခန်းလေးကနေ ကြားနေရပါတယ်။ ဒီလိုညချမ်းမှာ အိမ်တိုင်းလိုလို ဒါမှ မဟုတ် ရင်နှီးခင်မင်ရာမိတ်ဆွေတွေရဲ့ အိမ်တွေမှာ 'ကောင်းချီး မင်္ဂလာရောက်စေသော်' ဆိုတဲ့ သံစဉ်လေးတွေ ပျော်ရွှင်ဖွယ် ကြားရတယ်။ သူလည်းအိမ်ကိုလာမည့် သူ့မိတ်ဆွေတွေ အတွက် စားစရာတွေပြင်ဆင်နေသလို ကျွန်တော်လည်း ကျွန်တော့်အကြိုက်သံပုရာရည်လေး တွေဖျော်ရင်း ပြီးတော့ မကြိုက်သူတွေအတွက် ကော်ဖီရဖို့ ကော်ဖီကျိုတဲ့စက်လေး နဲ့ပြင်ဆင်ပေးရင် ကူညီပျော်ရွှင်ရပါတယ်။


အား......နှင်းစက်လေးတွေက အေးမြလိုက်တာ....။


ပျော်ရွှင်မြူးကြွနေတဲ့ သူ့ကိုကြည့်ရတာ ကျွန်တော်ပါရောယောင် ပျော်ရွှင်မိရပါတယ်။ ကိုယ်နဲ့တော့ဘာမှ မဆိုင်တဲ့ ရာသီ ဖြစ်ပေ မဲ့ ဂီတဆိုတဲ့ သံစဉ်တွေနောက်ကျွန်တော်နစ်မြောမိရပါ့။ သူငယ်ချင်းတွေ သူ့သူငယ်ချင်းတွေက ကျွန်တော့်လက်ရာ သံပရာရည်ချိုချဉ် လေးရယ် ကော်ဖီလတ်လတ်ဆတ်ဆတ်တွေ ကို နှစ်သက်ချီးကျူးတော့ သူကဂုဏ်ယူစွာဖြင့် 'ဒါငါ့ချစ်သူဖျော် ထားတာ'တဲ့။ တော်ပါသေးရဲ့ သဘောထားပွင့်လင်းပြီး အမြင်ကျယ်တဲ့လုပ်ငန်း သဘာ၀ မှာကျင်လည် နေကြသူများမို့ ကျွန်တော်တို့အဖြစ်ကို မထူးဆန်းသယောင်လက်ခံပျော်ရွှင်ပေး ကြပါတယ်။


မြို့ထဲသွားလာရာ ဈေးဝယ်ရာ၊ Night Club တွေသွားတာ စသဖြင့်သူကျင်လည်လှုပ်ရှားရာတိုင်းမှာ ကျွန်တော် မပါမ ဖြစ်ပါ။ ခပ်ချောချော နိုင်ငံခြားသားတစ်ယောက်ရဲ့ဘေးမှာ မြန်မာချွတ်တားလေးက ကပ်ပါနေတာဆိုတော့ လူတွေက တစ်မျိုးတစ်မည်စူးစမ်းမျက်ဝန်းတွေနဲ့ ကြည့်နေသလားပဲ။ ကျေတော့ ကျေနပ်မိပါတယ်...ကျွန်တော် ဟာသူ့အတွက် အပျော်အဖော်အဆင့်ထက်ပိုပြီး နေရာပေးခံရတယ်၊ အချစ်ခံ ရတယ်လို့ပေါ့။


ကျွန်တော်သူ့ကိုရင်ခုန်မိသလား....နှစ်သက်မိတာတော့အမှန်ပါ။ ပညာအရမ်းတော်တယ် ဒါဟာဦးစားပေးအချက်ဖြစ်မိ တယ် ထင်ရဲ့၊ သူတစ်ပါးနိုင်ငံမှာ လာအလုပ်လုပ်တယ် လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ် ဒါဟာ ဒုတိယ အချက်၊ ဦးစားပေးတယ် တကယ့်ကို ချစ်ခင်လှိုက်လှဲစွာဖြင့် သူ့ မေတ္တာတွေကို ရယူစေတယ် ဒါဟာ တတိယ အချက်၊ နောက် ဆုံးသူဟာ နှစ်လိုဖွယ်အပြုံးနဲ့ ရုပ်ရည်ချောမော သူဖြစ်နေ တယ် အဲဒါဟာလည်း...။


အို.....ငါဦးနှောက်နဲ့ဆုံးဖြတ်နေမိတာများလား။


ဒီလိုနဲ့ပဲ ရာသီစက်ဝန်းလည်ပတ်နေသလို လောကသဘာ၀ အလုပ်သဘာဝတွေအတိုင်း သူ့အလုပ်ဟာ စာချုပ်သက်တမ်း စေ့လာသလို ကျွန်တော်သိနေတာက ကျွန်တော်တို့ ချစ်စာချုပ် သက်တမ်းလည်း သက်တမ်းစေ့ဖို့နီးစပ်လာပြီပေါ့နော်။ အဲဒီအ ကြောင်းလေးကို သိဖူး မြင်ဖူး နှင်းစက်တွေနှင့်ပြန်လည်ထိတွေ့ရတဲ့ နှစ်တစ်နှစ်ရဲ့အဆုံးမှာ ကျွန်တော်တိတိကျကျ သိခဲ့ရတာကြောင့် ရင်ထဲ အသည်းထဲ ပူလောင်တဲ့ချောကလက်ရည်တွေ လောင်းထည့်လိုက်သလို ခံစားရတာများ အခုပဲ နွေရာသီ ရောက်နေတဲ့အတိုင်းပါပဲဗျာ။


'ကိုယ်မင်းကို ပြန်လာခေါ်မယ် မင်းစောင့်နေရမယ်နော်'


'မင်းကို ကိုယ်တကယ်ချစ်ပါတယ် အမြဲတမ်းအတွက်'


လေထဲမှာလွင့်မျောနေတဲ့တိမ်တိုက်တစ်ခု ကျွန်တော်ဖြစ်ခဲ့ပါ တယ်။ မျောချင်ရာမျော ဖမ်းဆုပ်ထားမယ့်သူမရှိ လေအလာ အတိုင်းမျောရသူပေါ့။လေဆိပ်ကပြန်လာတဲ့လမ်းတစ်လျှောက် ကျွန်တော်...ကျွန်တော် တစ်ယောက်တည်းဆိုတာ တွေးမိတာ သာမဟုတ် လက်တွေ့ခံစားရပြီပေါ့လေ။


'ဒီဇင်ဘာရယ် အလွမ်းမိုးစက်တွေ ငါ့ရင်ထဲသည်းစေတယ်'တဲ့ သီချင်းသံလေးက ဆောင်းဘောက်စ်က တစ်ဆင့်နားထဲဝင် ရောက်လာရပေါ့။ လူတကာအားကျတဲ့ ကျွန်တော့်ချစ်ဇာတ်လမ်း ဆောင်းနှင်းစက်တွေနဲ့ အတူခေါင်မိုးပေါ် တဖျောက် ဖျောက်....။


'အဆင်ပြေချောမွေ့စွာနဲ့ လိုရာခရီးကိုရောက်ရှိပါစေ ချစ်သူရေ'


စောင့်နေဖို့ဆိုတာထက် သူတကယ်ရောပြန်လာမှာလား... .ပြန်လာမှာလားဗျာ။


ပြူတင်းပေါက်က လှမ်းအကြည့် ခြံဝင်းထဲမှာ သူ့အကြိုက် တရုတ်စကားဖြူပန်းပွင့်တွေ မွှေးကြူနေပြီ...။


x           x           x


တိတ်ဆိတ်နေသောအခန်းအတွင်း ကျွန်တော်၏ အသက်ရှူ သံမှလွဲ၍ ဘာသံကိုမှမကြားရ။ပွင့်နေသော ကုတင်ဘေးမှ ပြူတင်းပေါက်က လေတဟူးဟူးဝင်နေသည်။ ကျွန်တော်က နံရံပေါ်မှ မီးခလုတ်များကို လက်ဖြင့်စမ်းရင်း ဖွင့်လိုက်၏။ ထိုစဉ် ကျွန်တော်၏ ဘယ်ဘက် အင်္ကျီအိပ်ကပ်အောက်မှာ နှလုံးခုန်သံ က တဒုတ်ဒုတ်ဖြင့် လှုပ်ခါသွားသည်ကို သတိ ပြုမိလိုက်သည်။


ရေချိုးခန်းနံရံပေါ်က မှန်ချပ်ရှိရာဆီ ခပ်သွက်သွက်သွားပြီး ကြည့်လိုက်တော့ ကျွန်တော့်မျက်နှာဟာ ပန်းသွေးရောင် ထနေပြီး မျက်ဝန်းများဟာ မအေးစက်တော့တာကို အံ့အား သင့်ဖွင့်မြင်လိုက်ရသည်။


'မင်းမမှတ်သေးဘူးလား.....နောက်တစ်ခါမင်းကျန်ခဲ့မှာကို မစဉ်းစားမိဘူးလား ကောင်လေး'လို့ မှန်တဲ့ကပုံရိပ်ကို တိုးတိုး သက်သာ ကျွန်တော်ပြောမိရသည်။


တစ်ယောက်တည်းတိတ်ဆိတ်နေတတ်သည့် ကျွန်တော့် အတွက် သူငယ်ချင်းတစ်ယောက်က 'ခင်မင်ဖို့ကောင်းသည့် အစ်ကိုကြီး တစ်ယောက်ရှိတယ် သူနဲ့စကားပြောကြည့်'ဆိုကာ ဂျီမေးလ်အကောင့်တစ်ခုကိုပေးပြီးနောက်ပိုင်းမှာ ကျွန် တော့်ငြိမ် သက်နှလုံးသားဟာ တဆတ်ဆတ်ပြန်လည် ခုန်လာတာ သိပ် တော့မထူးဆန်းဘူးလို့ပြောရင်ရမလားဘဲ။


ရေပန်းအောက်ကိုအသာဝင် ရေတွေတဖွားဖွားကျလာအောင် ဖွင့်လိုက်မိရင်း ရုတ်တရက်ပိတ်လိုက်မိသည်။


'ညီရေကို မလိုအပ်ရင်ပိတ်ထား၊ လိုအပ်သလောက်သာသုံး' ဆို တဲ့ သူ့စကားကိုကြားယောင်မိလိုက်လို့ပဲ ဖြစ်ပါသည်။


သူဟာ ပြင်သစ်ပိုင် ရေနံကုမ္ပဏီရဲ့ ကမ်းရိုးတန်းလုပ်ငန်းခွင်မှာ ပညာရှင် တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေ သူတစ်ဦး ဖြစ်သည်။ ရုပ်ရည်ကမြန်မာမဆန်ဘဲ အနောက်တိုင်းရုပ်ပေါက်နေသည်။ စတင်တွေ့ဆုံမိတဲ့နေ့တန်းကဆို လူကြားထဲ ထင်းနေသည့်သူ့ ရုပ်ရည်နဲ့ အရပ်အမြင့်ကြောင့် ဟုတ်ပါ့ ဟုတ်ပါ့မလား လို့ သံသယဝင်မိသေးသည်။


'ဒါ သူပြောပိုင်ခွင့်ရှိလို့သာပြောနေတာလေ တကယ်ယုတ္တိ မရှိဘူး'


'ဒါအမှန်ဘဲ ဗုဒ္ဓမြတ်စွာက ကာလာမသုတ်ထဲမှာ ဟောကြား ခဲ့တဲ့အကြောင်းအရာတွေကို ညီသိတယ်မလား'


ကျွန်တော့်ပတ်ဝန်းကျင်မှာကြုံဆုံရတဲ့အကြောင်းအရာများကို ပြန်လည်ပြောဆိုတိုင်ပင်ဖြစ်တဲ့အခါ ရှင်းလင်းသွား အောင် အဓိပ္ပာယ် ကျယ်ကျယ်ဝန်းဝန်းနဲ့ရှင်းပြနိုင်သူဖြစ်ပါတယ်။ ဘာ သာရေးနဲ့ပတ်သက်လို့ အဘိဓမ္မာစာမေးပွဲ ကိုလည်း ဖြေဆို အောင်မြင်ထားသူ ဆိုတော့ အမြင်မကြည်တာတွေကို လင်းသွား အောင်ထွန်းညှိပေးနိုင်သူပါ။


တစ်စစနဲ့ ကျွန်တော်သူ့ကိုတွယ်ညှိလာတာများ မယုံနိုင်စရာ ပါ။ သူနဲ့ခွဲရမှာကြောက်လို့ သူ့ရင်ခွင်ထဲ သည်းသည်း လှုပ်ငို ရှိုက်မိရတာ သုံးကြိမ်လောက်ရှိမလားဘဲ။ အစ်ကိုလို အဖေလို ပြီးတော့ချစ်သူတစ်ယောက်လို အရာရာ ပြည့်စုံ အောင် မေတ္တာ ဖြည့်ပေးနိုင်တဲ့ 'အစ်ကို' ပါ။


လောကဆိုတာဘာတွေများလဲ အထူးသဖြင့် ကျွန်တော်တို့ လိုလူမျိုးတွေမှာ အချစ်ဆိုတာ တကယ်အသုံးဝင် ရဲ့လား။ 'ရင်ထဲစူးစူးနစ်နစ် ခံစားမိတာပဲဖြစ်ဖြစ် မခံစားရတာဘဲဖြစ်ဖြစ် ယုံကြည်နိုင်တယ်လို့ မယူဆကြဘူးလား' ဆိုတာတွေးမိရပါပြီ။ လက်ထပ်လို့လည်းမရ၊ ကိုယ့်ကိုသာချစ်ပါလို့ ပြောဆိုပိုင်ခွင့် လည်း မရှိ...အို.....ဘာမှပိုင်ဆိုင်ခွင့် မရှိ အရိပ်နဲ့အငွေ့ကိုသာ ဖမ်းဆုပ်တွယ်ငြိနေမိသူ သက်သက်ပါဆိုတာ ကျွန်တော် ဟော ဒီလိုဆောင်းတွင်းညချမ်း တစ်ခုမှာ သိလိုက်ရ ပြန်ပါသည်။


'နောက်တစ်ပတ်ထဲမှာ ကိုယ့်ညီ မလေးရှားကပြန်လာမယ်၊ ကိုယ်နဲ့အတူနေမယ်ကွ၊ သူအပြင်သွားတဲ့ရက်တွေမှာမှ တွေ့ရအောင်နော်'


'သူကသာ ငါ့ရည်းစား ငါ့ချစ်သူပဲ ၊ မင်းကိုပြောပြပြီးခဲ့ပြီလေ ကိုယ်တို့ဇာတ်လမ်း ကိုယ်တို့အကြောင်း'


'ဘယ်သူကမေးမေးသူသာ ငါ့ချစ်သူပဲလေ'


'ဒီ့ထက်ပိုပြီး ငါ့အချစ်ကိုမပေးနိုင်ဘူး၊ မင်းလည်းမနစ်နာအောင် ငါလည်း တစ်ကိုယ်ကောင်းဆန်ရာမကျအောင် လမ်းခွဲကြစို့ညီ'

မီးကိုအမှောင်ချ အေးစက်နေတဲ့အခန်းတွင်းမှာ ကျွန်တော်လှဲအိပ်နေမိသည်။ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇဝါဖြစ်မှု များစွာဖြင့် ချာချာလည်နေရသည့်အဖြစ်က ဘယ်သူမပြုမိမိမှုသာလို့ ပြော ရင်ရသလို အချစ်ကိုငံ့လင့်မိသည့် မိမိ နှလုံးသားကိုလည်း သော့ခတ်မထားဖြစ်သည့်အကြောင်းများကြောင့်လို့ ဆိုရမလို ပင်ဖြစ်ပါသည်။


သတိရခြင်းများစွာ ပြီးတော့ တမ်းတမိတဲ့ အနမ်းများစွာကြောင့် မတွေ့ရသည့်ရက်တွေများမှာကျွန်တော် တစ်ယောက် တည်း ဖြစ်နေမိသည်။ အလုပ်များမှာစိတ်မပါလက်မပါဖြစ် နေမိတော့ သည်။ ဖုန်းဆက်ကြည့်မယ်ဆိုပြီး ဖုန်းခွက်ကို ကောက်ကိုင် နံပါတ်တွေကို တစ်ခုချင်းနှိပ်ကာခေါ်မိရစဉ်မှာတော့

'ကိုကြီးမရှိပါဘူးခင်ဗျာ သင်တန်းသွားပါတယ်၊ ဘယ်သူလို့ပြောလိုက်ရမလဲဗျ'


'ကိုကြီး'တဲ့လား.....ကျွန်တော်ကတော့ အစ်ကိုလို့ပဲခေါ်မိခဲ့ သည်။ သူ့ကောင်လေးရဲ့ခေါ်သံတွေမှာ နွေးထွေးရင်ခုန်မှု သံစဉ် တွေပါနေသည်။ အို....စုံစမ်းမိသည် ခိုးကြည့်မိသည် သူတို့လှုပ်ရှားသွားလာမှုတွေကိုပေါ့။ အရမ်းကို Romantic ဖြစ်ကြသည် ကြည်နူးကြသည် ပျော်ရွှင်ကြသည်။


ကျွန်တော်...ကျွန်တော်ဟာ အစ်ကို့အတွက်ဘာများလဲ ဘာဖြစ် ခဲ့သလဲဟင်...။


ပျော်ရွှင်ပါစေ အစ်ကို......။


အချစ်ဆိုတာ နှင်းဆီဖြူတစ်ပွင့် လား......ဆုပ်ကိုင်ဖို့ဆိုတော့ လည်း ဆူးတွေနှင့်အပြည့် ကျွန်တော့်လက်ဖြူဖြူမှာ ဆွေးဆွေးနီ သွေးတွေရဲရပြီပေါ့။


x              x              x


'မင်းနဲ့ကိုယ်ကစကားပြောရတာ တော်တော်အဆင်ပြေတယ် ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် ဆွေးနွေးလို့ ရတယ်၊ မင်းက အတော်စကားပြောကောင်းသူပဲ'


'မင်းက စာလည်းဖတ်တယ် ဘလော့ခ်တွေလည်းရေးတယ် ဆိုတော့ ဒီစာအုပ်လေးဖတ်ဖို့ယူသွားလေ'


တော်တော်ခင်မင်ဖို့ကောင်းသည့် သူငယ်ချင်းပါပဲ။ ဒါပေမဲ့သူ နဲ့ကျွန်တော်ဟာ သူငယ်ချင်းဆိုသည့် စည်းထက်တော့ ကျော် နေသည်မှာအမှန်ပဲဖြစ်ပါသည်။


အွန်လိုင်းသူငယ်ချင်းများစွာထဲမှ တွေ့ဆုံဖြစ်သည့် သူငယ်ချင်း လေးဖြစ်သည်။ နယ်ကတက်လာသည့် သူချင်းအတူတူ သူ့ကို ကျွန်တော်သဘောအတော်ကျမိရတာ သူ့စိတ်နေသဘောထား၊ အလုပ်အပေါ်အာရုံ ထားမှုနှင့် ပညာတော်သူ ဖြစ်နေခြင်း ကြောင့်ဖြစ်မည်။ဘာပဲဖြစ်ဖြစ် သူသည်နှစ်လိုဖွယ်ကောင်းသူ တစ်ဦး။


အို....လူများစွာနှင့် အံဝင်ခွင်ကျစကားပြောတတ်နေတတ်ထိုင် တတ်အောင် သူကပြသပေးခဲ့သည်။ သင်ကြားပေးသည် မဟုတ် သူလုပ်ဆောင်နေထိုင်ပြခြင်းတွေမှ ကျွန်တော် ရယူ မိခြင်းဖြစ်ပါသည်။


သူ့အလုပ်မှ သူငယ်ချင်းတွေကို သူအတော်အလေးပေးသလို အတော်ပင်ခင်တွယ်သူတစ်ဦးဖြစ်သည်။ အလုပ်ကနား ချိန်မှာ တရုတ်တန်းကိုသွား စားကြသောက်ကြ၊ ကန်တော်ကြီးမျှော်စင် ကျွန်းကိုသွား လွတ်လွတ်လပ်လပ်။ ကျွန်တော် တို့ နှစ်ယောက် ဟာ ဘာဆိုတာ သူ့သူငယ်ချင်းတွေက သိနေသလို အထင် သေးဟန်လည်းမပေါ်။ ဟုတ်တယ်လေ ကျွန်တော် တို့ဟာ ချစ်သူတွေပဲ။


'ငါ့ အမေရယ်၊ ညီတွေရယ် လာနေတော့မယ် ဒီအခန်းမှာ၊ ဒါကြောင့်ငါတို့အတူလွတ်လွတ်လပ်လပ် နေလို့မဖြစ် တော့ဘူး'


'ငါ့ဘဝမှာအမေကအရေးအကြီးဆုံးပဲ၊ အမေ့ကိုလုပ်ကျွေးခွင့် ရတာကိုလည်း ဂုဏ်ယူတယ်'


ရယ်ရယ်မောမောနှင့် အမြဲတစေဖော်ရွေသူ၊ဘယ်သူ့ကိုမေး မေးသူဟာ တော်တော်ခင်မင်ဖို့ကောင်းသူ တစ်ဦးပဲ ဖြစ်ပါသည်။ အော်......ကျွန်တော်ကြောက်လန့်မိခဲ့သည့်တွယ်ငြိရမှုသည် နောက်တစ်ခါပျက်ပြယ် ရပြန်တော့ မည်ဖြစ်သည်။


ဟင့်အင်....ငါချစ်တာမဟုတ်ဘူးလို့ငြင်းဆန်ရမည်ဆိုတော့ လည်း မဟုတ်ပြန်သေးပါ။ သူ့အရည်အချင်းကို အားကျ သည် လား မဟုတ်သေးပါ။ ဘာကိုစွဲလမ်းမိသည် လည်း...အထိ အတွေ့လား မဟုတ်သေးပြန်ပါဘူး။


အချစ်ဆိုတာဘာလဲလို့ ဒီအချိန်မေးလာလျှင် အပေးအယူမျှတမှု လည်းမဟုတ်၊ ရယူမှုပိုင်ဆိုင်မှုလည်းမဟုတ် 'ပေးဆပ်မှု' သက် သက်သာဖြစ်နေရသည်ပဲလေ။ ဘာလဲ....ဘာလဲ.....ဘာလဲ ကျွန်တော့်အတွက် အချစ်ဆိုတာ.။


'အချစ်ဆိုတာ ငါ့ဘဝမှာသေဆုံးသွားပြီ၊ မင်းကိုမှမဟုတ်ဘူး ငါ ဘယ်သူ့ကိုမှမချစ်တော့ဘူး၊ ဟုတ်တယ် အဲဒါအမှန် တရားပဲ'


'ငါတို့က လက်ထပ်လို့ရသလား၊ ငါဟာ မင်းအတွက် မိန်းမ မဖြစ်နိုင်သလို လင်ယောက်ျားအဖြစ်လည်း ဖြစ်မလာနိုင်ဘူး'


'တစ်ယောက်ယောက်ကို ပိုင်ဆိုင်ချင်နေတယ်ဆိုရင်မင်းအရူးပဲ၊ ငါတို့က သဘာဝကိုဆန့်ကျင်နေတဲ့အချစ် ဆိုတာ မင်း သတိ ထားဦးလေ'


ရွှေတိဂုံဘုရားကိုရောက်တိုင်း ရွှေသင်္ကန်းအတူကပ်ခဲ့တာ ကို သတိရမိသည်။ ပြည်သူ့ရင်ပြင်ကို တစ်ပတ် ပတ်လမ်း လျှောက် ခဲ့ကြသည်ကို တမ်းတသည်။ အထူးသဖြင့် သူ့ရဲ့ဖက်တွယ် တတ်သောလက်တစ်စုံနဲ့ ကိုယ်သင်းနံ့ကိုတွယ် တာမိသည်။


သဘာဝမဟုတ်ဘူးတဲ့လား...ကျွန်တော်သည် သဘာဝမကျ တဲ့ဘဝတစ်ခုကိုဖက်တွယ်ထားသည်ဟု ဘယ်တုန်းကမှ မယူ ဆမိသလို ဘယ်တုန်းကမှလည်း အားငယ်စိတ်ဝင်ခဲ့သူ မဟုတ် ပြန်ပါ။ သဘာဝထဲက သဘာဝလူသားတစ်ဦး အဖြစ်သာ ခံစား ချစ်ခင်နေထိုင်ခဲ့ သည်ပဲ။ ဒါပေမဲ့ လူ့လောကသည် တစ်ဦးတည်း နေထိုင်သည်မဟုတ်သလို စိတ်သ ဘောထားသည်လည်း တိုက်ဆိုင်သည်ဆိုတာ ထပ်တူမဖြစ်နိုင်ခဲ့ပြန်ပါ။


တို့တွေ သူငယ်ချင်းအဖြစ် ဆက်လက်ခင်မင်ကြတာဟာ အကောင်းဆုံးပါ။ အမုန်းနဲ့လမ်းခွဲခြင်းမျိုး မလိုလားဘူး။ ပြီး တော့ မင်းနဲ့ခွဲသွားဖို့ဆိုတာ မဖြစ်ပါဘူး ကိုယ့်အတွက်။ ဒီတော့ 'သူငယ်ချင်း'ဆိုတာလေးအဖြစ် ပတ်သက်ခွင့်ရ တာကိုပဲ ကျေနပ်ရမည်... ..ကျေနပ်ပါသည်။


ခေါင်းရင်းဘက် စံပယ်ခြုံက စံပယ်လေးတွေအရမ်းမွှေးသည် ပဲ.......ရွှေတိဂုံဘုရားက အင်္ဂါနံထောင့်မှာ ကိုယ်စံပယ် ပန်းလှူနေတယ်ကွာ ……သိလား....။


x              x              x


'မင်းနဲ့ဆုံဆည်းရတာ အစ်ကို့ဘဝမှာ ကံကောင်းခြင်းပဲ၊ ဘယ်သူနဲ့မှမင်းမတူဘူးနော် '


'မင်းကိုပဲစွဲလမ်းသွားပြီကွာ'


'အစ်ကိုအကြံပေးလိုက်တဲ့အတိုင်း ကျွန်တော့်ညီကိုဆုံးမလိုက် တယ်၊ အစ်ကိုကကျွန်တော့်ဆရာကြီးပါပဲ၊ လေးစားချစ်ခင်သွား မိပြီဗျ'


'ညီနဲ့ခင်မင်ချင်လို့ပါ၊ ကိုယ်မြန်မာပြည်ပြန်လာရင် ကြိုမှာ လားကွ'


'ဘော်ဒါတွေပဲ ကြိုရမှာပေါ့ဗျာ'


'ဘော်ဒါထက်ပိုလို့မရဘူးလား နည်းနည်းဖြစ်ဖြစ်ပေါ့'


'အစ်ကိုကတော်တော်ချစ်ဖို့ကောင်းတယ်နော် အစ်ကိုသာ ကျွန်တော့်ချစ်သူအဖြစ်ရှိရင် ကျွန်တော့်အတွက် ကံအကောင်း ဆုံးဆိုတာဖြစ်လာမှာပဲ'


'သူက တခြားသူရဲ့ပိုင်ဆိုင်သူဖြစ်နေပြီလေ မင်းမချစ်သင့်ဘူး မကြိုက်သင့်တော့ဘူးကွ'


'ကိုယ်တို့တွေ့ဆုံကြတာ နောက်ကျသွားတယ်နော်'


'ဟုတ်တယ်'


'ညီမှာချစ်သူရှိလား၊ ချစ်သူမရှိဘူးဆိုရင် အစ်ကို့အချစ်ကိုလက်ခံ ပါလားကွာ ညီ့စာတွေဖတ် ညီ့အသံတွေမကြားရရင် မနေနိုင် တော့ဘူး၊ အပြင်မှာတကယ်ချစ်ချင် မိပြီကွ..ကိုယ်မြန်မာပြည် ပြန်လာတော့မယ်....'


'ဒီဇင်ဘာမှာ အစ်ကိုပြန်လာမယ်'


'ဒီဇင်ဘာမှာ ညီပြန်လာမယ်'


'ဒီဇင်ဘာမှာ .......'


လူပေါင်းများစွာ တွေ့ဆုံမှုပေါင်းများစွာ …ခက်တော့လည်းခက်သည် လူဆိုတာ တစ်ယောက်တည်းမနေတတ်တဲ့သတ္တဝါဆိုတော့လေ။ သူတို့ပြောစကားသံတွေကြားဝယ် ကျွန်တော်က နားထောင်သမားသက်သက်ဖြစ်ခဲ့သည် ပြန်လည်တုန့်ပြန်မှုက အေးစက်စက်ပေါ့။


'မင်းမှာ ရင်ခုန်သံတွေတော်တော်ပေါတာပဲနော်၊ပြီးတော့ ပျော် စရာကြီး ငါ့မှာချစ်သူတစ်ယောက်မှမရှိဘူး အထီးကျန် သလိုပဲ၊ မင်းကတော့ အထီးကျန်တယ်ဆိုတာ ဘာမှန်းသိမှာမဟုတ် ပါဘူး။'


အထီးကျန်ဆိုတာ တစ်ယောက်တည်းနေထိုင်ရမှုကိုဆိုလို သလား။ ကျွန်တော်...ကျွန်တော်ဟာ အမှန်တကယ်တော့ အထီးကျန်သူပါဗျာ။


အရင်နဲ့မတူ စိတ်ထဲကမပါပဲ ပြုံးရယ်တတ်ပါပြီ။ ချစ်ခင်နှစ်သက်မှုမပါဘဲ ရင်ခုန်ပြတတ်ပါပြီ။ သဘာဝကျကျ လှိုက်လှိုက်လှဲလှဲ ပေါင်း သင်းဆက်ဆံ တတ်ပါပြီ။


 ကြုံဆုံရတဲ့လောကကြီးကြောင့်ရော အတွေ့အကြုံအရပါ မိမိမဟုတ်သည့် မိမိဆိုသည့် သဏ္ဌာန်တစ်ခုကို ဖန်းဆင်း လိုက်ပါ၏။ ပျော်စရာကောင်းမှာပါနော်။


'ဟူး..'.လေရူးသုန်သုန်တိုက်ခတ်လာတဲ့ အေးစက်စက်လေတွေ ပြူတင်းပေါက်ကနေ တိုးဝှေ့လာသလို ရင်ဘတ်ထဲက အသည်း တွေဟာ အေးခဲလာပြီ။ နှင်းမှုန်ဝေတဲ့ဆောင်းညတွေဟာ ကျွန်တော့်အတွက် ပူလောင်မှုအပြည့်ပါပဲ။


စိုစွတ်သွားသည့်လက်ခုံပေါ်ကို ဖျောက်ကနဲကျသည့် ရေတစ်ပေါက်သည် နှင်းမိုးစက်မဟုတ်ခဲ့။ ကျွန်တော့်မျက်ဝန်းမှ ကြွေ သည့် မျက်ရည်တစ်ပွင့်သာဖြစ်ခဲ့သည်။


ကျွန်တော်...ကျွန်တော်ဟာ......


ဘာကိုမှန်းမသိ လွမ်းဆွတ်နေသလို အထီး ကျန်နေသည်..အထီးကျန်ဆန်နေရသည်ပဲ အခန်းကျဉ်းလေး ထဲမှာ တစ်ကိုယ်ရည် ဆောင်းညတွေကိုဖြတ်သန်းရင်းပေါ့ ခင်ဗျာ..။


ဇာနည်

(4 December 2009)



Note: ကျွန်တော့်ရဲ့ တကယ့်အဖြစ်မှန် ဇာတ်လမ်းဖြစ်ပြီး ရင်တွင်းဖြစ်စာသားများလို့ဆိုနိုင်ပါတယ်။ အချစ်ဇာတ်လမ်းတွေကို ကျွန်တော် မရေးတတ်တော့ ကျွန်တော်ရေးတဲ့ ခံစားချက်စာစုလေးကို ခင်မင်ရင်းစွဲအနေနဲ့ အားပေးကြပါဦးလို့။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ပြန်လည် တင်ဆက်မိတာကိုတော့ ဆောရီးပါနော်။


 (Zawgyi) 




'ေဒါင္ ေဒါင္' ဆိုတဲ့ ဒီဇင္ဘာရဲ႕ ေခါင္းေလာင္းသံခ်ိဳေတြ ျပန္ လည္ျမည္ဟည္းလာျပန္ပါေပါ့။

ႏွင္းစက္ေလးေတြ ေခါင္မိုးကို တစ္ေဖ်ာက္ေဖ်ာက္ထိခတ္ေနသံ ကို ခပ္သဲ့သဲ့ၾကားေနရသည္ေလ။

ရာသီဥတုရဲ႕ေအးျမမႈေတြၾကားမွာ ကြၽန္ေတာ္တကိုယ္ရည္ ေအးစက္စြာ ေႏြးေထြးမႈကင္းမဲ့ေနတာ ကြၽန္ေတာ့္စိတ္ရဲ႕ ရူးသြပ္မႈတစ္ခု သက္သက္ပဲလား၊ 'အေတြးလြန္မႈေလးသာ'ဆိုတာမ်ားလား။

'လူဆိုတာ အခ်စ္နဲ႕မကင္းဘူး တစ္ေယာက္ေယာက္နဲ႕မင္း ခ်စ္တမ္းကစားလိုက္ရင္ ေအးစက္ေနတဲ့ မင္းစိတ္ ကိုယ္ခႏၶာ အလိုလိုေႏြးေထြးသက္၀င္လာမည္'တဲ့ သူငယ္ခ်င္းေလးကေျပာျပပါရဲ႕။

မင္းမသိလို႔ပါ......ကိုယ္ဟာ ရင္ခုန္သံမ်ားစြာေအာက္မွာ တစ္ကိုယ္ရည္ အထီးက်န္ေနတယ္....ကြာ။

x           x           x

'ရာသီဥတုကေအးလိုက္တာေနာ္ ေဘဘီ၊ မင္းဒီလိုေဆာင္းရာသီကို ၾကိဳက္လား၊ကိုယ္ေတာ့ ေႏြဦးရာသီကို ပိုရင္ခုန္တယ္'

'ဟုတ္ကဲ့..ခ်စ္လည္း အတူတူပဲ'

ဟင့္အင္ဗ်ာ.....ကြၽန္ေတာ္ဒီလိုေဆာင္းဦးရာသီရဲ႕ေအးျမလတ္ဆတ္မႈကိုပိုသေဘာက်တယ္' လို႔ သူ႕ကိုႏႈတ္ကဖြင့္ မေျပာျဖစ္ ေပမယ့္ ကြၽန္ေတာ္ဟာ အမွန္တကယ္ ဒီလိုဒီဇင္ဘာလရဲ႕ ေဆာင္းႏွင္းပြင့္ေတြကို သေဘာ က်ပါသည္။

ရာသီဥတုကေအးတယ္ တစ္ေယာက္ တည္းေနတတ္သူေတြအတြက္ သိပ္အဆင္ မေျပဘူးလို႔ ဆိုၾကေပမယ့္ ကြၽန္ေတာ့္ အတြက္ကေတာ့ ရင္ခုန္ သံေလးေတြအစီအရီဆိုေတာ့ ေႏြးေထြးရာရင္ခြင္က အသင့္။
ဒါေၾကာင့္ ေဆာင္းရာသီကိုၾကိဳက္တာျဖစ္မယ္ထင္ပါ့။

သက္ျပင္းတစ္ခ်က္ကို ေလးေလးကန္ကန္ခ်ရင္း ကြၽန္ေတာ့္ကို္ ကြၽန္ေတာ္ ရယ္ခ်င္သလိုလို အလန္႕တၾကားလိုလိုပင္ ျဖစ္သြား မိသည္။ ေနာက္ ျပီး ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ဘာေၾကာင့္ ဒီေလာက္ ထိန္႔လန္႔ တုန္လႈပ္သြားရမွန္းကိုလည္း ကြၽန္ေတာ္ ဘယ္လိုမွ ျပန္ေတြး ၾကည့္လို႔မရႏိုင္ေအာင္ ျဖစ္ေနမိ၏။

'ဘာကိုလည္း ဘာကိုထိတ္လန္႔သြားသလဲ?'ဆိုရင္ ကြၽန္ေတာ့္ လက္ဖ၀ါးကို သူ႔ရဲ႕ေႏြးေထြးတဲ့လက္နဲ႕ အုပ္မိုး ကိုင္တြယ္ ရင္း 'Honey' လို႔ေခၚလိုက္သံေၾကာင့္ေပါ့။ သူ႔ရင္ထဲကလာတဲ့ ဒီအသံဟာ ကြၽန္ေတာ့္အတြက္ ရင္ခုန္ သံျပင္းထန္သြား ေစသလို ထိန္႔လန္႔သြားေစခဲ့တာ ေလေအးေအးေလးေတြတိုက္ေနတဲ့ အင္းယားကန္ေဘာင္က ဘူးသီးေၾကာ္ဆိုင္ေလးမွာပါ။

ဒီဇင္ဘာရဲ႕ ေခါင္းေလာင္းသံခ်ိဳေလးေတြကို သူ႕တိုက္ခန္းေလးကေန ၾကားေနရပါတယ္။ ဒီလိုညခ်မ္းမွာ အိမ္တိုင္းလိုလို ဒါမွ မဟုတ္ ရင္ႏွီးခင္မင္ရာမိတ္ေဆြေတြရဲ႕ အိမ္ေတြမွာ 'ေကာင္းခ်ီး မဂၤလာေရာက္ေစေသာ္' ဆိုတဲ့ သံစဥ္ေလးေတြ ေပ်ာ္ရႊင္ဖြယ္ ၾကားရတယ္။ သူလည္းအိမ္ကိုလာမည့္ သူ႔မိတ္ေဆြေတြ အတြက္ စားစရာေတြျပင္ဆင္ေနသလို ကြၽန္ေတာ္လည္း ကြၽန္ေတာ့္အၾကိဳက္သံပုရာရည္ေလး ေတြေဖ်ာ္ရင္း ျပီးေတာ့ မၾကိဳက္သူေတြအတြက္ ေကာ္ဖီရဖို႔ ေကာ္ဖီက်ိဳတဲ့စက္ေလး နဲ႕ျပင္ဆင္ေပးရင္ ကူညီေပ်ာ္ရႊင္ရပါတယ္။

အား......ႏွင္းစက္ေလးေတြက ေအးျမလိုက္တာ....။

ေပ်ာ္ရႊင္ျမဴးၾကြေနတဲ့ သူ႔ကိုၾကည့္ရတာ ကြၽန္ေတာ္ပါေရာေယာင္ ေပ်ာ္ရႊင္မိရပါတယ္။ ကိုယ္နဲ႕ေတာ့ဘာမွ မဆိုင္တဲ့ ရာသီ ျဖစ္ေပ မဲ့ ဂီတဆိုတဲ့ သံစဥ္ေတြေနာက္ကြၽန္ေတာ္နစ္ေျမာမိရပါ့။ သူငယ္ခ်င္းေတြ သူ႕သူငယ္ခ်င္းေတြက ကြၽန္ေတာ့္လက္ရာ သံပရာရည္ခ်ိဳခ်ဥ္ ေလးရယ္ ေကာ္ဖီလတ္လတ္ဆတ္ဆတ္ေတြ ကို ႏွစ္သက္ခ်ီးက်ဴးေတာ့ သူကဂုဏ္ယူစြာျဖင့္ 'ဒါငါ့ခ်စ္သူေဖ်ာ္ ထားတာ'တဲ့။ ေတာ္ပါေသးရဲ႕ သေဘာထားပြင့္လင္းျပီး အျမင္က်ယ္တဲ့လုပ္ငန္း သဘာ၀ မွာက်င္လည္ ေနၾကသူမ်ားမို႔ ကြၽန္ေတာ္တို႔အျဖစ္ကို မထူးဆန္းသေယာင္လက္ခံေပ်ာ္ရႊင္ေပး ၾကပါတယ္။

ျမိဳ႕ထဲသြားလာရာ ေစ်း၀ယ္ရာ၊ Night Club ေတြသြားတာ စသျဖင့္သူက်င္လည္လႈပ္ရွားရာတိုင္းမွာ ကြၽန္ေတာ္ မပါမ ျဖစ္ပါ။ ခပ္ေခ်ာေခ်ာ ႏိုင္ငံျခားသားတစ္ေယာက္ရဲ႕ေဘးမွာ ျမန္မာခြၽတ္တားေလးက ကပ္ပါေနတာဆိုေတာ့ လူေတြက တစ္မ်ိဳးတစ္မည္စူးစမ္းမ်က္၀န္းေတြနဲ႕ ၾကည့္ေနသလားပဲ။ ေက်ေတာ့ ေက်နပ္မိပါတယ္...ကြၽန္ေတာ္ ဟာသူ႕အတြက္ အေပ်ာ္အေဖာ္အဆင့္ထက္ပိုျပီး ေနရာေပးခံရတယ္၊ အခ်စ္ခံ ရတယ္လို႔ေပါ့။

ကြၽန္ေတာ္သူ႕ကိုရင္ခုန္မိသလား....ႏွစ္သက္မိတာေတာ့အမွန္ပါ။ ပညာအရမ္းေတာ္တယ္ ဒါဟာဦးစားေပးအခ်က္ျဖစ္မိ တယ္ ထင္ရဲ႕၊ သူတစ္ပါးႏိုင္ငံမွာ လာအလုပ္လုပ္တယ္ လူေတြနဲ႕ လိုက္ေလ်ာညီေထြျဖစ္ေအာင္ေနတတ္တယ္ ဒါဟာ ဒုတိယ အခ်က္၊ ဦးစားေပးတယ္ တကယ့္ကို ခ်စ္ခင္လိႈက္လွဲစြာျဖင့္ သူ႔ ေမတၲာေတြကို ရယူေစတယ္ ဒါဟာ တတိယ အခ်က္၊ ေနာက္ ဆံုးသူဟာ ႏွစ္လိုဖြယ္အျပဳံးနဲ႕ ရုပ္ရည္ေခ်ာေမာ သူျဖစ္ေန တယ္ အဲဒါဟာလည္း...။

အို.....ငါဦးေႏွာက္နဲ႕ဆံုးျဖတ္ေနမိတာမ်ားလား။

ဒီလိုနဲ႕ပဲ ရာသီစက္၀န္းလည္ပတ္ေနသလို ေလာကသဘာ၀ အလုပ္သဘာ၀ေတြအတိုင္း သူ႕အလုပ္ဟာ စာခ်ဳပ္သက္တမ္း ေစ့လာသလို ကြၽန္ေတာ္သိေနတာက ကြၽန္ေတာ္တို႔ ခ်စ္စာခ်ဳပ္ သက္တမ္းလည္း သက္တမ္းေစ့ဖို႔နီးစပ္လာျပီေပါ့ေနာ္။ အဲဒီအ ေၾကာင္းေလးကို သိဖူး ျမင္ဖူး ႏွင္းစက္ေတြႏွင့္ျပန္လည္ထိေတြ႕ရတဲ့ ႏွစ္တစ္ႏွစ္ရဲ႕အဆံုးမွာ ကြၽန္ေတာ္တိတိက်က် သိခဲ့ရတာေၾကာင့္ ရင္ထဲ အသည္းထဲ ပူေလာင္တဲ့ေခ်ာကလက္ရည္ေတြ ေလာင္းထည့္လိုက္သလို ခံစားရတာမ်ား အခုပဲ ေႏြရာသီ ေရာက္ေနတဲ့အတိုင္းပါပဲဗ်ာ။

'ကိုယ္မင္းကို ျပန္လာေခၚမယ္ မင္းေစာင့္ေနရမယ္ေနာ္'

'မင္းကို ကိုယ္တကယ္ခ်စ္ပါတယ္ အျမဲတမ္းအတြက္'

ေလထဲမွာလြင့္ေမ်ာေနတဲ့တိမ္တိုက္တစ္ခု ကြၽန္ေတာ္ျဖစ္ခဲ့ပါ တယ္။ ေမ်ာခ်င္ရာေမ်ာ ဖမ္းဆုပ္ထားမယ့္သူမရွိ ေလအလာ အတိုင္းေမ်ာရသူေပါ့။ေလဆိပ္ကျပန္လာတဲ့လမ္းတစ္ေလွ်ာက္ ကြၽန္ေတာ္...ကြၽန္ေတာ္ တစ္ေယာက္တည္းဆိုတာ ေတြးမိတာ သာမဟုတ္ လက္ေတြ႕ခံစားရျပီေပါ့ေလ။

'ဒီဇင္ဘာရယ္ အလြမ္းမိုးစက္ေတြ ငါ့ရင္ထဲသည္းေစတယ္'တဲ့ သီခ်င္းသံေလးက ေဆာင္းေဘာက္စ္က တစ္ဆင့္နားထဲ၀င္ ေရာက္လာရေပါ့။ လူတကာအားက်တဲ့ ကြၽန္ေတာ့္ခ်စ္ဇာတ္လမ္း ေဆာင္းႏွင္းစက္ေတြနဲ႕ အတူေခါင္မိုးေပၚ တေဖ်ာက္ ေဖ်ာက္....။

'အဆင္ေျပေခ်ာေမြ႕စြာနဲ႕ လိုရာခရီးကိုေရာက္ရွိပါေစ ခ်စ္သူေရ'

ေစာင့္ေနဖို႔ဆိုတာထက္ သူတကယ္ေရာျပန္လာမွာလား... .ျပန္လာမွာလားဗ်ာ။

ျပဴတင္းေပါက္က လွမ္းအၾကည့္ ျခံ၀င္းထဲမွာ သူ႔အၾကိဳက္ တရုတ္စကားျဖဴပန္းပြင့္ေတြ ေမႊးၾကဴေနျပီ...။

x           x           x

တိတ္ဆိတ္ေနေသာအခန္းအတြင္း ကြၽန္ေတာ္၏ အသက္ရွဴ သံမွလြဲ၍ ဘာသံကိုမွမၾကားရ။ပြင့္ေနေသာ ကုတင္ေဘးမွ ျပဴတင္းေပါက္က ေလတဟူးဟူး၀င္ေနသည္။ ကြၽန္ေတာ္က နံရံေပၚမွ မီးခလုတ္မ်ားကို လက္ျဖင့္စမ္းရင္း ဖြင့္လိုက္၏။ ထိုစဥ္ ကြၽန္ေတာ္၏ ဘယ္ဘက္ အက်ႌအိပ္ကပ္ေအာက္မွာ ႏွလံုးခုန္သံ က တဒုတ္ဒုတ္ျဖင့္ လႈပ္ခါသြားသည္ကို သတိ ျပဳမိလိုက္သည္။

ေရခ်ိဳးခန္းနံရံေပၚက မွန္ခ်ပ္ရွိရာဆီ ခပ္သြက္သြက္သြားျပီး ၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္မ်က္ႏွာဟာ ပန္းေသြးေရာင္ ထေနျပီး မ်က္၀န္းမ်ားဟာ မေအးစက္ေတာ့တာကို အံ့အား သင့္ဖြင့္ျမင္လိုက္ရသည္။

'မင္းမမွတ္ေသးဘူးလား.....ေနာက္တစ္ခါမင္းက်န္ခဲ့မွာကို မစဥ္းစားမိဘူးလား ေကာင္ေလး'လို႔ မွန္တဲ့ကပံုရိပ္ကို တိုးတိုး သက္သာ ကၽြန္ေတာ္ေျပာမိရသည္။

တစ္ေယာက္တည္းတိတ္ဆိတ္ေနတတ္သည့္ ကြၽန္ေတာ့္ အတြက္ သူငယ္ခ်င္းတစ္ေယာက္က 'ခင္မင္ဖို႔ေကာင္းသည့္ အစ္ကိုၾကီး တစ္ေယာက္ရွိတယ္ သူနဲ႕စကားေျပာၾကည့္'ဆိုကာ ဂ်ီေမးလ္အေကာင့္တစ္ခုကိုေပးျပီးေနာက္ပိုင္းမွာ ကြၽန္ ေတာ့္ျငိမ္ သက္ႏွလံုးသားဟာ တဆတ္ဆတ္ျပန္လည္ ခုန္လာတာ သိပ္ ေတာ့မထူးဆန္းဘူးလို႔ေျပာရင္ရမလားဘဲ။

ေရပန္းေအာက္ကိုအသာ၀င္ ေရေတြတဖြားဖြားက်လာေအာင္ ဖြင့္လိုက္မိရင္း ရုတ္တရက္ပိတ္လိုက္မိသည္။

'ညီေရကို မလိုအပ္ရင္ပိတ္ထား၊ လိုအပ္သေလာက္သာသံုး' ဆို တဲ့ သူ႔စကားကိုၾကားေယာင္မိလုိက္လို႔ပဲ ျဖစ္ပါသည္။

သူဟာ ျပင္သစ္ပိုင္ ေရနံကုမၸဏီရဲ႕ ကမ္းရိုးတန္းလုပ္ငန္းခြင္မွာ ပညာရွင္ တစ္ဦးအျဖစ္တာ၀န္ထမ္းေဆာင္ေန သူတစ္ဦး ျဖစ္သည္။ ရုပ္ရည္ကျမန္မာမဆန္ဘဲ အေနာက္တိုင္းရုပ္ေပါက္ေနသည္။ စတင္ေတြ႕ဆံုမိတဲ့ေန႔တန္းကဆို လူၾကားထဲ ထင္းေနသည့္သူ႔ ရုပ္ရည္နဲ႕ အရပ္အျမင့္ေၾကာင့္ ဟုတ္ပါ့ ဟုတ္ပါ့မလား လို႔ သံသယ၀င္မိေသးသည္။

'ဒါ သူေျပာပိုင္ခြင့္ရွိလို႔သာေျပာေနတာေလ တကယ္ယုတၲိ မရွိဘူး'

'ဒါအမွန္ဘဲ ဗုဒၶျမတ္စြာက ကာလာမသုတ္ထဲမွာ ေဟာၾကား ခဲ့တဲ့အေၾကာင္းအရာေတြကို ညီသိတယ္မလား'

ကြၽန္ေတာ့္ပတ္၀န္းက်င္မွာၾကံဳဆံုရတဲ့အေၾကာင္းအရာမ်ားကို ျပန္လည္ေျပာဆိုတိုင္ပင္ျဖစ္တဲ့အခါ ရွင္းလင္းသြား ေအာင္ အဓိပၸာယ္ က်ယ္က်ယ္၀န္း၀န္းနဲ႕ရွင္းျပႏိုင္သူျဖစ္ပါတယ္။ ဘာ သာေရးနဲ႔ပတ္သက္လို႔ အဘိဓမၼာစာေမးပြဲ ကိုလည္း ေျဖဆို ေအာင္ျမင္ထားသူ ဆိုေတာ့ အျမင္မၾကည္တာေတြကို လင္းသြား ေအာင္ထြန္းညႇိေပးႏိုင္သူပါ။

တစ္စစနဲ႕ ကြၽန္ေတာ္သူ႕ကိုတြယ္ညိႇလာတာမ်ား မယံုႏိုင္စရာ ပါ။ သူနဲ႕ခြဲရမွာေၾကာက္လို႔ သူ႔ရင္ခြင္ထဲ သည္းသည္း လႈပ္ငို ရႈိက္မိရတာ သံုးၾကိမ္ေလာက္ရွိမလားဘဲ။ အစ္ကိုလို အေဖလို ျပီးေတာ့ခ်စ္သူတစ္ေယာက္လို အရာရာ ျပည့္စံု ေအာင္ ေမတၲာ ျဖည့္ေပးႏိုင္တဲ့ 'အစ္ကို' ပါ။

ေလာကဆိုတာဘာေတြမ်ားလဲ အထူးသျဖင့္ ကြၽန္ေတာ္တို႔ လိုလူမ်ိဳးေတြမွာ အခ်စ္ဆိုတာ တကယ္အသံုး၀င္ ရဲ႕လား။ 'ရင္ထဲစူးစူးနစ္နစ္ ခံစားမိတာပဲျဖစ္ျဖစ္ မခံစားရတာဘဲျဖစ္ျဖစ္ ယံုၾကည္ႏိုင္တယ္လို႔ မယူဆၾကဘူးလား' ဆိုတာေတြးမိရပါျပီ။ လက္ထပ္လို႔လည္းမရ၊ ကိုယ့္ကိုသာခ်စ္ပါလို႔ ေျပာဆိုပိုင္ခြင့္ လည္း မရွိ...အို.....ဘာမွပိုင္ဆိုင္ခြင့္ မရွိ အရိပ္နဲ႕အေငြ႕ကိုသာ ဖမ္းဆုပ္တြယ္ျငိေနမိသူ သက္သက္ပါဆိုတာ ကြၽန္ေတာ္ ေဟာ ဒီလိုေဆာင္းတြင္းညခ်မ္း တစ္ခုမွာ သိလိုက္ရ ျပန္ပါသည္။

'ေနာက္တစ္ပတ္ထဲမွာ ကိုယ့္ညီ မေလးရွားကျပန္လာမယ္၊ ကိုယ္နဲ႕အတူေနမယ္ကြ၊ သူအျပင္သြားတဲ့ရက္ေတြမွာမွ ေတြ႕ရေအာင္ေနာ္'

'သူကသာ ငါ့ရည္းစား ငါ့ခ်စ္သူပဲ ၊ မင္းကိုေျပာျပျပီးခဲ့ျပီေလ ကိုယ္တို႔ဇာတ္လမ္း ကိုယ္တို႔အေၾကာင္း'

'ဘယ္သူကေမးေမးသူသာ ငါ့ခ်စ္သူပဲေလ'

'ဒီ့ထက္ပိုျပီး ငါ့အခ်စ္ကိုမေပးႏိုင္ဘူး၊ မင္းလည္းမနစ္နာေအာင္ ငါလည္း တစ္ကိုယ္ေကာင္းဆန္ရာမက်ေအာင္ လမ္းခြဲၾကစို႔ညီ'
မီးကိုအေမွာင္ခ် ေအးစက္ေနတဲ့အခန္းတြင္းမွာ ကြၽန္ေတာ္လွဲအိပ္ေနမိသည္။ ကြၽန္ေတာ့္စိတ္ထဲမွာ ဇေ၀ဇ၀ါျဖစ္မႈ မ်ားစြာျဖင့္ ခ်ာခ်ာလည္ေနရသည့္အျဖစ္က ဘယ္သူမျပဳမိမိမႈသာလို႔ ေျပာ ရင္ရသလို အခ်စ္ကိုငံ့လင့္မိသည့္ မိမိ ႏွလံုးသားကိုလည္း ေသာ့ခတ္မထားျဖစ္သည့္အေၾကာင္းမ်ားေၾကာင့္လို႔ ဆိုရမလို ပင္ျဖစ္ပါသည္။

သတိရျခင္းမ်ားစြာ ျပီးေတာ့ တမ္းတမိတဲ့ အနမ္းမ်ားစြာေၾကာင့္ မေတြ႕ရသည့္ရက္ေတြမ်ားမွာကြၽန္ေတာ္ တစ္ေယာက္ တည္း ျဖစ္ေနမိသည္။ အလုပ္မ်ားမွာစိတ္မပါလက္မပါျဖစ္ ေနမိေတာ့ သည္။ ဖုန္းဆက္ၾကည့္မယ္ဆိုျပီး ဖုန္းခြက္ကို ေကာက္ကိုင္ နံပါတ္ေတြကို တစ္ခုခ်င္းႏွိပ္ကာေခၚမိရစဥ္မွာေတာ့
'ကိုၾကီးမရွိပါဘူးခင္ဗ်ာ သင္တန္းသြားပါတယ္၊ ဘယ္သူလို႔ေျပာလိုက္ရမလဲဗ်'

'ကိုၾကီး'တဲ့လား.....ကြၽန္ေတာ္ကေတာ့ အစ္ကိုလို႔ပဲေခၚမိခဲ့ သည္။ သူ႕ေကာင္ေလးရဲ႕ေခၚသံေတြမွာ ေႏြးေထြးရင္ခုန္မႈ သံစဥ္ ေတြပါေနသည္။ အို....စံုစမ္းမိသည္ ခိုးၾကည့္မိသည္ သူတို႔လႈပ္ရွားသြားလာမႈေတြကိုေပါ့။ အရမ္းကို Romantic ျဖစ္ၾကသည္ ၾကည္ႏူးၾကသည္ ေပ်ာ္ရႊင္ၾကသည္။

ကြၽန္ေတာ္...ကြၽန္ေတာ္ဟာ အစ္ကို႔အတြက္ဘာမ်ားလဲ ဘာျဖစ္ ခဲ့သလဲဟင္...။

ေပ်ာ္ရႊင္ပါေစ အစ္ကို......။

အခ်စ္ဆိုတာ ႏွင္းဆီျဖဴတစ္ပြင့္ လား......ဆုပ္ကိုင္ဖို႔ဆိုေတာ့ လည္း ဆူးေတြႏွင့္အျပည့္ ကြၽန္ေတာ့္လက္ျဖဴျဖဴမွာ ေဆြးေဆြးနီ ေသြးေတြရဲရျပီေပါ့။

x              x              x

'မင္းနဲ႕ကိုယ္ကစကားေျပာရတာ ေတာ္ေတာ္အဆင္ေျပတယ္ ဘယ္အေၾကာင္းအရာပဲျဖစ္ျဖစ္ ေဆြးေႏြးလို႔ ရတယ္၊ မင္းက အေတာ္စကားေျပာေကာင္းသူပဲ'

'မင္းက စာလည္းဖတ္တယ္ ဘေလာ့ခ္ေတြလည္းေရးတယ္ ဆိုေတာ့ ဒီစာအုပ္ေလးဖတ္ဖို႔ယူသြားေလ'

ေတာ္ေတာ္ခင္မင္ဖို႔ေကာင္းသည့္ သူငယ္ခ်င္းပါပဲ။ ဒါေပမဲ့သူ နဲ႕ကြၽန္ေတာ္ဟာ သူငယ္ခ်င္းဆိုသည့္ စည္းထက္ေတာ့ ေက်ာ္ ေနသည္မွာအမွန္ပဲျဖစ္ပါသည္။

အြန္လိုင္းသူငယ္ခ်င္းမ်ားစြာထဲမွ ေတြ႕ဆံုျဖစ္သည့္ သူငယ္ခ်င္း ေလးျဖစ္သည္။ နယ္ကတက္လာသည့္ သူခ်င္းအတူတူ သူ႕ကို ကြၽန္ေတာ္သေဘာအေတာ္က်မိရတာ သူ႕စိတ္ေနသေဘာထား၊ အလုပ္အေပၚအာရုံ ထားမႈႏွင့္ ပညာေတာ္သူ ျဖစ္ေနျခင္း ေၾကာင့္ျဖစ္မည္။ဘာပဲျဖစ္ျဖစ္ သူသည္ႏွစ္လိုဖြယ္ေကာင္းသူ တစ္ဦး။

အို....လူမ်ားစြာႏွင့္ အံ၀င္ခြင္က်စကားေျပာတတ္ေနတတ္ထိုင္ တတ္ေအာင္ သူကျပသေပးခဲ့သည္။ သင္ၾကားေပးသည္ မဟုတ္ သူလုပ္ေဆာင္ေနထိုင္ျပျခင္းေတြမွ ကြၽန္ေတာ္ ရယူ မိျခင္းျဖစ္ပါသည္။

သူ႔အလုပ္မွ သူငယ္ခ်င္းေတြကို သူအေတာ္အေလးေပးသလို အေတာ္ပင္ခင္တြယ္သူတစ္ဦးျဖစ္သည္။ အလုပ္ကနား ခ်ိန္မွာ တရုတ္တန္းကိုသြား စားၾကေသာက္ၾက၊ ကန္ေတာ္ၾကီးေမွ်ာ္စင္ ကြၽန္းကိုသြား လြတ္လြတ္လပ္လပ္။ ကြၽန္ေတာ္ တို႔ ႏွစ္ေယာက္ ဟာ ဘာဆိုတာ သူ႔သူငယ္ခ်င္းေတြက သိေနသလို အထင္ ေသးဟန္လည္းမေပၚ။ ဟုတ္တယ္ေလ ကြၽန္ေတာ္ တို႔ဟာ ခ်စ္သူေတြပဲ။

'ငါ့ အေမရယ္၊ ညီေတြရယ္ လာေနေတာ့မယ္ ဒီအခန္းမွာ၊ ဒါေၾကာင့္ငါတို႔အတူလြတ္လြတ္လပ္လပ္ ေနလို႔မျဖစ္ ေတာ့ဘူး'

'ငါ့ဘ၀မွာအေမကအေရးအၾကီးဆံုးပဲ၊ အေမ့ကိုလုပ္ေကြၽးခြင့္ ရတာကိုလည္း ဂုဏ္ယူတယ္'

ရယ္ရယ္ေမာေမာႏွင့္ အျမဲတေစေဖာ္ေရြသူ၊ဘယ္သူ႕ကိုေမး ေမးသူဟာ ေတာ္ေတာ္ခင္မင္ဖို႔ေကာင္းသူ တစ္ဦးပဲ ျဖစ္ပါသည္။ ေအာ္......ကြၽန္ေတာ္ေၾကာက္လန္႔မိခဲ့သည့္တြယ္ျငိရမႈသည္ ေနာက္တစ္ခါပ်က္ျပယ္ ရျပန္ေတာ့ မည္ျဖစ္သည္။

ဟင့္အင္....ငါခ်စ္တာမဟုတ္ဘူးလို႔ျငင္းဆန္ရမည္ဆိုေတာ့ လည္း မဟုတ္ျပန္ေသးပါ။ သူ႕အရည္အခ်င္းကို အားက် သည္ လား မဟုတ္ေသးပါ။ ဘာကိုစြဲလမ္းမိသည္ လည္း...အထိ အေတြ႕လား မဟုတ္ေသးျပန္ပါဘူး။

အခ်စ္ဆိုတာဘာလဲလို႔ ဒီအခ်ိန္ေမးလာလွ်င္ အေပးအယူမွ်တမႈ လည္းမဟုတ္၊ ရယူမႈပိုင္ဆိုင္မႈလည္းမဟုတ္ 'ေပးဆပ္မႈ' သက္ သက္သာျဖစ္ေနရသည္ပဲေလ။ ဘာလဲ....ဘာလဲ.....ဘာလဲ ကြၽန္ေတာ့္အတြက္ အခ်စ္ဆိုတာ.။

'အခ်စ္ဆိုတာ ငါ့ဘ၀မွာေသဆံုးသြားျပီ၊ မင္းကိုမွမဟုတ္ဘူး ငါ ဘယ္သူ႔ကိုမွမခ်စ္ေတာ့ဘူး၊ ဟုတ္တယ္ အဲဒါအမွန္ တရားပဲ'

'ငါတို႔က လက္ထပ္လို႔ရသလား၊ ငါဟာ မင္းအတြက္ မိန္းမ မျဖစ္ႏိုင္သလို လင္ေယာက္်ားအျဖစ္လည္း ျဖစ္မလာႏိုင္ဘူး'

'တစ္ေယာက္ေယာက္ကို ပိုင္ဆိုင္ခ်င္ေနတယ္ဆိုရင္မင္းအရူးပဲ၊ ငါတို႔က သဘာ၀ကိုဆန္႔က်င္ေနတဲ့အခ်စ္ ဆိုတာ မင္း သတိ ထားဦးေလ'

ေရႊတိဂံုဘုရားကိုေရာက္တိုင္း ေရႊသကၤန္းအတူကပ္ခဲ့တာ ကို သတိရမိသည္။ ျပည္သူ႔ရင္ျပင္ကို တစ္ပတ္ ပတ္လမ္း ေလွ်ာက္ ခဲ့ၾကသည္ကို တမ္းတသည္။ အထူးသျဖင့္ သူ႔ရဲ႕ဖက္တြယ္ တတ္ေသာလက္တစ္စံုနဲ႕ ကိုယ္သင္းနံ႔ကိုတြယ္ တာမိသည္။

သဘာ၀မဟုတ္ဘူးတဲ့လား...ကြၽန္ေတာ္သည္ သဘာ၀မက် တဲ့ဘ၀တစ္ခုကိုဖက္တြယ္ထားသည္ဟု ဘယ္တုန္းကမွ မယူ ဆမိသလို ဘယ္တုန္းကမွလည္း အားငယ္စိတ္၀င္ခဲ့သူ မဟုတ္ ျပန္ပါ။ သဘာ၀ထဲက သဘာ၀လူသားတစ္ဦး အျဖစ္သာ ခံစား ခ်စ္ခင္ေနထိုင္ခဲ့ သည္ပဲ။ ဒါေပမဲ့ လူ႔ေလာကသည္ တစ္ဦးတည္း ေနထိုင္သည္မဟုတ္သလို စိတ္သ ေဘာထားသည္လည္း တိုက္ဆိုင္သည္ဆိုတာ ထပ္တူမျဖစ္ႏိုင္ခဲ့ျပန္ပါ။

တို႔ေတြ သူငယ္ခ်င္းအျဖစ္ ဆက္လက္ခင္မင္ၾကတာဟာ အေကာင္းဆံုးပါ။ အမုန္းနဲ႕လမ္းခြဲျခင္းမ်ိဳး မလိုလားဘူး။ ျပီး ေတာ့ မင္းနဲ႕ခြဲသြားဖို႔ဆိုတာ မျဖစ္ပါဘူး ကိုယ့္အတြက္။ ဒီေတာ့ 'သူငယ္ခ်င္း'ဆိုတာေလးအျဖစ္ ပတ္သက္ခြင့္ရ တာကိုပဲ ေက်နပ္ရမည္... ..ေက်နပ္ပါသည္။

ေခါင္းရင္းဘက္ စံပယ္ျခံဳက စံပယ္ေလးေတြအရမ္းေမႊးသည္ ပဲ.......ေရႊတိဂံုဘုရားက အဂၤါနံေထာင့္မွာ ကိုယ္စံပယ္ ပန္းလွဴေနတယ္ကြာ ……သိလား....။

x              x              x

'မင္းနဲ႕ဆံုဆည္းရတာ အစ္ကို႔ဘ၀မွာ ကံေကာင္းျခင္းပဲ၊ ဘယ္သူနဲ႕မွမင္းမတူဘူးေနာ္ '

'မင္းကိုပဲစြဲလမ္းသြားျပီကြာ'

'အစ္ကိုအၾကံေပးလိုက္တဲ့အတိုင္း ကြၽန္ေတာ့္ညီကိုဆံုးမလိုက္ တယ္၊ အစ္ကိုကကြၽန္ေတာ့္ဆရာၾကီးပါပဲ၊ ေလးစားခ်စ္ခင္သြား မိျပီဗ်'

'ညီနဲ႕ခင္မင္ခ်င္လို႔ပါ၊ ကိုယ္ျမန္မာျပည္ျပန္လာရင္ ၾကိဳမွာ လားကြ'

'ေဘာ္ဒါေတြပဲ ၾကိဳရမွာေပါ့ဗ်ာ'

'ေဘာ္ဒါထက္ပိုလို႔မရဘူးလား နည္းနည္းျဖစ္ျဖစ္ေပါ့'

'အစ္ကိုကေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတယ္ေနာ္ အစ္ကိုသာ ကြၽန္ေတာ့္ခ်စ္သူအျဖစ္ရွိရင္ ကြၽန္ေတာ့္အတြက္ ကံအေကာင္း ဆံုးဆိုတာျဖစ္လာမွာပဲ'

'သူက တျခားသူရဲ႕ပိုင္ဆိုင္သူျဖစ္ေနျပီေလ မင္းမခ်စ္သင့္ဘူး မၾကိဳက္သင့္ေတာ့ဘူးကြ'

'ကိုယ္တို႔ေတြ႕ဆံုၾကတာ ေနာက္က်သြားတယ္ေနာ္'

'ဟုတ္တယ္'

'ညီမွာခ်စ္သူရွိလား၊ ခ်စ္သူမရွိဘူးဆိုရင္ အစ္ကို႔အခ်စ္ကိုလက္ခံ ပါလားကြာ ညီ့စာေတြဖတ္ ညီ့အသံေတြမၾကားရရင္ မေနႏိုင္ ေတာ့ဘူး၊ အျပင္မွာတကယ္ခ်စ္ခ်င္ မိျပီကြ..ကိုယ္ျမန္မာျပည္ ျပန္လာေတာ့မယ္....'

'ဒီဇင္ဘာမွာ အစ္ကိုျပန္လာမယ္'

'ဒီဇင္ဘာမွာ ညီျပန္လာမယ္'

'ဒီဇင္ဘာမွာ .......'

လူေပါင္းမ်ားစြာ ေတြ႕ဆံုမႈေပါင္းမ်ားစြာ …ခက္ေတာ့လည္းခက္သည္ လူဆိုတာ တစ္ေယာက္တည္းမေနတတ္တဲ့သတၱ၀ါဆိုေတာ့ေလ။ သူတို႕ေျပာစကားသံေတြၾကား၀ယ္ ကၽြန္ေတာ္က နားေထာင္သမားသက္သက္ျဖစ္ခဲ့သည္ ျပန္လည္တုန္႔ျပန္မႈက ေအးစက္စက္ေပါ့။

'မင္းမွာ ရင္ခုန္သံေတြေတာ္ေတာ္ေပါတာပဲေနာ္၊ျပီးေတာ့ ေပ်ာ္ စရာၾကီး ငါ့မွာခ်စ္သူတစ္ေယာက္မွမရွိဘူး အထီးက်န္ သလိုပဲ၊ မင္းကေတာ့ အထီးက်န္တယ္ဆိုတာ ဘာမွန္းသိမွာမဟုတ္ ပါဘူး။'

အထီးက်န္ဆိုတာ တစ္ေယာက္တည္းေနထိုင္ရမႈကိုဆိုလို သလား။ ကြၽန္ေတာ္...ကြၽန္ေတာ္ဟာ အမွန္တကယ္ေတာ့ အထီးက်န္သူပါဗ်ာ။

အရင္နဲ႕မတူ စိတ္ထဲကမပါပဲ ျပံဳးရယ္တတ္ပါျပီ။ ခ်စ္ခင္ႏွစ္သက္မႈမပါဘဲ ရင္ခုန္ျပတတ္ပါျပီ။ သဘာ၀က်က် လိႈက္လႈိက္လွဲလွဲ ေပါင္း သင္းဆက္ဆံ တတ္ပါျပီ။

 ၾကံဳဆံုရတဲ့ေလာကၾကီးေၾကာင့္ေရာ အေတြ႕အၾကံဳအရပါ မိမိမဟုတ္သည့္ မိမိဆိုသည့္ သဏၭာန္္တစ္ခုကို ဖန္းဆင္း လိုက္ပါ၏။ ေပ်ာ္စရာေကာင္းမွာပါေနာ္။

'ဟူး..'.ေလရူးသုန္သုန္တိုက္ခတ္လာတဲ့ ေအးစက္စက္ေလေတြ ျပဴတင္းေပါက္ကေန တိုးေ၀ွ႕လာသလို ရင္ဘတ္ထဲက အသည္း ေတြဟာ ေအးခဲလာျပီ။ ႏွင္းမႈန္ေ၀တဲ့ေဆာင္းညေတြဟာ ကၽြန္ေတာ့္အတြက္ ပူေလာင္မႈအျပည့္ပါပဲ။

စိုစြတ္သြားသည့္လက္ခံုေပၚကို ေဖ်ာက္ကနဲက်သည့္ ေရတစ္ေပါက္သည္ ႏွင္းမိုးစက္မဟုတ္ခဲ့။ ကြၽန္ေတာ့္မ်က္၀န္းမွ ေၾကြ သည့္ မ်က္ရည္တစ္ပြင့္သာျဖစ္ခဲ့သည္။

ကၽြန္ေတာ္...ကၽြန္ေတာ္ဟာ......

ဘာကိုမွန္းမသိ လြမ္းဆြတ္ေနသလို အထီး က်န္ေနသည္..အထီးက်န္ဆန္ေနရသည္ပဲ အခန္းက်ဥ္းေလး ထဲမွာ တစ္ကိုယ္ရည္ ေဆာင္းညေတြကိုျဖတ္သန္းရင္းေပါ့ ခင္ဗ်ာ..။

ဇာနည္
(4 December 2009)


Note: ကၽြန္ေတာ့္ရဲ႕ တကယ့္အျဖစ္မွန္ ဇာတ္လမ္းျဖစ္ျပီး ရင္တြင္းျဖစ္စာသားမ်ားလို႕ဆိုႏိုင္ပါတယ္။ အခ်စ္ဇာတ္လမ္းေတြကို ကၽြန္ေတာ္ မေရးတတ္ေတာ့ ကၽြန္ေတာ္ေရးတဲ့ ခံစားခ်က္စာစုေလးကို ခင္မင္ရင္းစြဲအေနနဲ႕ အားေပးၾကပါဦးလို႕။ ႏွစ္စဥ္ ဒီဇင္ဘာလေရာက္တိုင္း ျပန္လည္ တင္ဆက္မိတာကိုေတာ့ ေဆာရီးပါေနာ္။

No comments: