Monday, April 5, 2021

Into Darkness (Part One)

Into Darkness (Part One)





‘ငါတို့သည်နေရာမှာ မရှိသင့်ဘူးနော် ကျော်ဇင်’ 


 ‘မကောင်းတာတစ်ခုခု ငါတို့ဖြစ်တော့မယ်လို့ ခံစားနေရတယ်’ 


‘ဝေယံ….ဒရမ်မာတွေ အလွန်အကျူးခင်းမနေစမ်းနဲ့ကွာ….ငါတို့ အဆင်ပြေမှာပါ…အိုကေ’ 


သစ်တောအုပ်ကြီးထဲကို နက်သထက်နက်အောင် ကျွန်တော်တို့လမ်းလျှောက်ဝင်နေစဉ်မှာ အနည်းငယ်ကြောက်လန့်စိတ်နဲ့ပြောမိခဲ့တဲ့ စကားတွေပါ။ ကျွန်တော် အသံမတုန်အောင်ကြိုးစားပြီးထပ်ပြောမိပေမယ့် ကျော်ဇင်ကတော့ ပုံမှန်လေသံနဲ့ပဲ စကားပြန်ပြောပါရဲ့။


ကျော်ဇင့်လေသံ စကားပြောသံ သွားလာဟန်တွေက အေးဆေးသက်သာ သွားလာနေတာမှန်ပေမယ့် ကျွန်တော်ကတော့ စိတ်တွေမငြိမ် သက်သလို တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာက ကျွန်တော်တို့ကို စောင့်ကြည့်နေသယောင်ခံစားနေရဆဲပါပဲ။


ကျွန်တော် အသက်ပုံမှန်ရှူရှိုက်ဖို့ကြိုးစားပေမယ့် ပန်းနာရင်ကျပ်ရောဂါက စကားထဲထည့်ပြောဖို့လိုလာကြောင်း ခံစားရပါတယ်။ စိတ် လှုပ်ရှားမှုကြောင့်ထင်တယ် နည်းနည်းရင်ကြပ်သလိုခံစားလာရတာမို့ အိပ်ကပ်ထဲက ရှူဆေး inhaler ကိုထုတ် ဆေးပုလင်းကို စလှုပ်လိုက်တယ်။ 


‘ကြည့် ….သည်လိုလုပ်မှပဲ တကယ့် body အစစ်ကို ငါတို့မြင်နိုင်တဲ့အခွင့်အရေးရလိမ့်မယ်လေကွာ’ ကျော်ဇင်က အပြုံးတစ်ချက်နဲ့ ပြောတယ်။ 


‘ဒါပေမဲ့ ငါတို့အဖမ်းခံရရင်ဘယ်လိုလုပ်မလဲ’ လို့ စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်တော်သူ့ကို ခပ်တိုးတိုးခွန်းတုန့်ပြန်လိုက်ပါတယ်။ 


ကျွန်တေ်ာတို့အတွက် ပုန်းခိုစရာ ကျောက်ဆောင်ခပ်ကြီးကြီးတွေ တွေ့ရချိန်မှာတော့ ကျော်ဇင်က ‘ငါတို့အဖမ်းမခံရပါဘူး’လို့ ပြောရော။   


ရဲတွေကလည်း သည်အလောင်းခန္ဓာကိုယ်ကြီးကို  ရှာဖွေနေကြတာပါ။ ဒါကြောင့် ကျွန်တော်တို့တွေ လျှိုဝှက်စွာ ဆက်လက်ပုန်းခိုလှုပ်ရှား ဖို့လိုအပ်နေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ကျော်ဇင်ရဲ့ အဖေ ဒေါက်တာ ဉာဏ်ဘိုဘိုပြောစကားတွေကြောင့်ပါဗျ။ 


‘သည်နေရာမှာနေခဲ့….ငါရှာတွေ့ချိန်ကျရင် မင်းကိုငါခေါ်လိုက်မယ်’ ကျော်ဇင်ပြောလည်းပြော ညအမှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွား တဲ့အပေါ် inhaler မှဆေးကိုတစ်ချက်ရှိုက်ရင်း ကျွန်တော်ကျန်နေခဲ့တယ်လေ။ ကျော်ဇင်ကတော့ ကောင်မလေးတစ်ယောက်ရဲ့ နာမည်ကြီးအသက်မဲ့အလောင်းကိုရှာဖို့ ရှေ့ဆက်သွားပါပြီ။


 ‘မင်းဘာလုပ်နေတာလဲ ကျော်ဇင်’ 


ရင်းနီးနေကြအသံက နောက်လှည့်မကြည့်ဘဲမနေနိုင်အောင် သူ့ကိုစေ့ဆော်လိုက်ပါတယ်။ ကျွန်တော် ခြုံပုတ်နောက်မှာ ပုန်းခိုရင်း နားစွင့်နေမိလိုက်တယ်။ ကျော်ဇင့်အဖေက သူ့နောက်တည့်တည့်မှာရပ်နေခဲ့တာပါ။ 


‘အာ…သား…သား..’

‘အလောင်းလိုက်ရှာနေတာလား….ဝေယံဘယ်မှာလဲ’ 

‘Uh…ဝေယံ?….သူ့အိမ်မှာလေ။ သည်နေရာကို သားတစ်ယောက်တည်း ကိုယ့်ဘာသာလာခဲ့တာ’

‘ဟူး….သေချာလား။ ဝေယံ…ပုန်းမနေနဲ့ သည်ကိုထွက်လာခဲ့…ဝေယံ’ ဦးဉာဏ် ကျွန်တော့်ကို အော်ခေါ်နေရော။ 

‘ကောင်းပြီလေ…သားကို ယုံလို့ရတယ်လို့ အဖေယူဆပါ့မယ်။ လာ အိမ်ပြန်ကြစို့’ 


‘သေပြီဆရာ..’ ကျွန်တော် ခပ်တိုးတိုးရေရွတ်ညည်းညူမိပါတယ်။ သစ်ပင်အကွယ်ကနေ မရဲတရဲချောင်းကြည့်လိုက်တော့ ကျော်ဇင်တို့ သားအဖ သစ်ပင်တွေကြားထဲတိုးဝင်ပျောက်ကွယ်သွားပါပြီ။ ကျွန်တော် hoodie ကို ခေါင်းပေါ်တင်လိုက်ရင်း မသိမသာကျောစိမ့်သွားခြင်း ကိုနွေးမလားလုပ်လိုက်ကာ ကျော်ဇင်ရဲ့ ဂျစ်ကားရပ်ထားရာဘက်ကို ကျွန်တော်ပြန်ဦးတည်လျှောက်သွားခဲ့ပါတယ်။ ကြောက်လန့်ဖို့ ကောင်းလောက်အောင် တိတ်ဆိတ်နေတာများ ပုစဉ်းရင်ကွဲအော်သံတောင်မကြားရပါဘူး။ တိတ်ဆိတ်နေတာပါ။ ကျွန်တေ်ာ တကယ်ကို ကြောက်လန့်စိတ်ဝင်စပြုပြီ။ ညာဘက် ခပ်လှမ်းလှမ်းမှ ကြီးမားသလို ဝိုင်းဝန်းနေတဲ့ အနီရောင်မျက်လုံးတွေက ကျွန်တေ်ာ့ကို စူးစိုက် ကြည့်ရင်း တဖြည်းဖြည်းတိုးကပ်လာသယောင် မြင်ရတယ်။


ကျွန်တော့်မျက်ဝန်းတွေလည်း ကြောက်လန့်မှုကြောင့် ပြူးကျယ်ကာ အခြားတစ်ဖက်ကိုကျွန်တော်လှည့်ထွက်ပြေးခဲ့မိပါတယ်။ ပြေးနိုင်သမျှ မြန်မြန် ကျွန်တော်ပြေးထွက်ရင်း ခြုံပုတ်လေးတွေကြား တိုးဝှေ့တာ လက်တွေကို သစ်ပင်သစ်ကိုင်းတွေ တွန်းတိုက်မှု ကြောင့် ပွန်းပဲ့ကုန်ပြီ။ ကျွန်တော့်ကိုယ်ထဲက သွေးတွေအကုန်ပေါက်ထွက်မတတ် ဆူပွက်လာအောင် နှလုံးခုန်သံတွေ တဒိန်းဒိန်း မြည်တဲ့အထိ ပြေးနှုန်းမြှင့်လိုက်တာပါ။ အမှောင်ရိပ်ကဲ ဘာမှသည်းသည်းကွဲကွဲမမြင်ရတာကို တိုးဝင်ပြေးထွက်ခဲ့ပေမယ့် မျက်လုံးနီနီကြီး က ကျွန်တော့်နောက်ပါးကနေ ဆက်လိုက်လာတယ်ဗျ။ ကိုယ့်ခြေလှမ်းကိုသတိထားရင်း ဆက်ပြေးခဲ့တာမှာ သစ်မြစ်တစ်ခုကို ကျွန်တော် ခလုပ်တိုက်မိပြီး မြေပြင်ပေါ်ပစ်လဲကျတယ်။ လက်တစ်ဖက်ကကိုင်ထားတဲ့ inhaler လည်း ခပ်ဝေးဝေးကိုလွင့်ထွက်သွားတာမို့ ကျွန်တော် ရှာမတွေ့တော့ဘူး။ အဲသည်မျက်လုံးအစုံကြီးဟာ ကျွန်တော့်အနားတိုးကပ်သထက်ကပ်လာတာကြောင့် ကျွန်တော် စတင်အော်ဟစ်မိ ပါတယ်။ အဲဒါကြီးက ကျွန်တော့်အနားတိုးကပ်လာလို့ ဘက်လက်ကိုဆန့်ထုတ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တွန်းတိုးလိုက်မိရော။ အား… ကျွန်တော့်လက်ကို တစ်ချက်ကိုက်လွှတ်တယ်ဗျ။


“AAH!” ကျွန်တော့်အရေပြားကို ချွန်မြတဲ့သွားအစုံထိုးဖောက်လာချိန် အသားကုန်အော်ဟစ်ပစ်တယ်။ သည်အဖြစ်ကနေလွတ်မြောက်ဖို့ ကျွန်တော် ကြိုးစားပေမယ့် ရုတ်ခြည်းအားနည်းသွားသလို ခံစားရပါတယ်။ မျက်လုံးကြီးက ကျွန်တော့်ကို အတန်ကြာစိုက်ကြည့်နေရင်း ကိုက်ထားတာကိုလွှတ်ကာ အဝေးကိုပြေးထွက်သွားတယ်။ ဝတ်ထားတဲ့ ချွေးခံအင်္ကျီလက်ကို လိပ်တင်ပြီးကြည့်လိုက်တော့ ဝံပုလွေ တစ်ကောင်ကိုက်ထားတဲ့အတိုင်းပဲ ခပ်နက်နက် ကိုက်ထားသော သွားရာကိုတွေ့ရတယ်လေ။ ‘ခွေးရူးပြန်ရောဂါမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ’ဆိုပြီးကိုယ့်ဘာသာကိုယ်ပဲ အတွေးဝင်မိတယ်။ မြေပြင်ပေါ် ခြေအစုံချပြီး မတ်မတ်ရပ်ဖို့ ကျွန်တော်ကြိုးစားလိုက်ကာ သွေးယိုထွက်နေတဲ့ လက်ကိုဖိကိုင်ထားရင်း သစ်တောအုပ်ထဲက တိုးထွက်ခဲ့ပါတယ်။ မကြာခင်မှာပဲ ကျော်ဇင်ရဲ့ ဂျစ်ကားရှိရာကို ကျွန်တော်အရောက် သူစောင့်ဆိုင်းနေတာကို မြင်လိုက်ရတယ်ပေါ့။


‘မြန်မြန်လာ ငါ့ကောင်…ငါ့အဖေက….မင်းလက်…မင်းလက်ဘာဖြစ်လာတာလဲ’ 

‘ငါမသိဘူး ကျော်ဇင်…..သည်ဘက်ကို ငါပြန်လျှောက်လာတော့ ဝံပုလွေတစ်ကောင်လား ဘာလားမသိက တိုက်ခိုက်တာခံရတယ်’

‘ဝံပုလွေတစ်ကောင်? သည် မြိုင်မဟာမှာ ဘယ်ဝံပုလွေမှမရှိတော့တာ နှစ်နှစ်ဆယ်လောက်ရှိပြီ’

‘အဲ….ဝက်ဝံတို့ လူဝံတို့တော့မဟုတ်ဘူးကွ အကောင်နည်းနည်းသေးတယ်…ကြည့်ကြည့်…ဘယ်လိုပုံစံလဲဆိုတာ’

ကျွန်တော်အင်္ကျီလက်ကို လှိမ့်တင်ပြီး ဒဏ်ရာကိုပြလိုက်ပါတယ်။


‘ဘာ…ဘာဖြစ်တာလဲဟ’ ကျွန်တေ်ာ ခပ်တိုးတိုးရေရွတ်မိတယ်။ အင်္ကျီလက်ကိုခေါက်တင်ပြီး အနာကိုကြည့်လိုက်တာ သွေးစို့ရာတောင် မတွေ့ရလောက်အောင် လုံးဝကျက်နေပြီ။ ရုတ်ခြည်းဆိုသလို လက်ကိုင်ဖုန်းသံတစ်ခုကျယ်လောင်စွာမြည်ဟည်းလာတယ်။ ‘Ugh! ကျော်ဇင် ဖုန်းသံပိတ်လိုက်စမ်းကွာ….’ ကျွန်တော့်နားအစုံကို လက်နဲ့ပိတ်ကာရင်း အော်ပြောပစ်တယ်။


‘ငါ့ဖုန်း…ငါ့ဖုန်းက မမြည်ပါဘူးကွ …သည်မှာကြည့်’

‘အဲ့တာဆို ငါဘာတွေဖြစ်နေ မှားယွင်းနေတာလဲ’ 

‘ရှင်းပြစရာ အကြောင်းရင်းတစ်ခုပဲရှိတယ်’

သူ့ဖုန်းမျက်နှာပြင်ကို ကျွန်တော့်အနားတိုးပြတော့ ဘာဖုန်းမှမလာပါ။ ကျော်ဇင်တစ်ယောက် ပြူးပြူးပျာပျာ စကားတစ်ငေါ့ငေါ့နဲ့ ဆက်ပြောဖို့ကြိုးစားပါတယ်။


‘ဘာလဲ’

‘မင်း….မင်းက သမန်းဝံပုလွေတစ်ကောင်…’

‘ကျော်ဇင်…သူငယ်ချင်း မင်းရူးနေလား….ငါ့မှာ ထူးထူးခြားခြားဖြစ်စရာအကြောင်းရင်း…’ ကျွန်တော်စကားပြောနေရင်းမှ ခပ်လှမ်းလှမ်းက ဟိန်းဟောက်သံတွေ ကြားလိုက်ရတာကြောင့် စကားဆက်မပြောမိကြဘူး။ ကျွန်တော့်ညာဘက် သစ်တောအုပ်ဆီကို အကြောင်းရင်းရှာဖို့ ကြည့်မိပါရဲ့။ ခေါင်းကိုခါရမ်းရင်း စိတ်ငြိမ်အောင်ကြိုးစားနေစဉ် ကျော်ဇင်က ကျွန်တော့်ကို အိမ်လိုက်ပို့တယ်။


‘ဝေယံ အိမ်တံခါးတွေ ပြတင်းတံခါးတွေ ဖွင့်မထားနဲ့နော် ငါ့ကောင်’ 

ခြံဝင်းအဝမှာ အသာချပေးရင်း စိတ်မချစွာမောင်းထွက်သွားတဲ့ ကျော်ဇင့်စကားကို မကြားသယောင်ယောင်နဲ့ လှေကားထစ်တွေ ကို နင်းတက်ကာ ကျွန်တော့်အိမ်ရှိရာသွားခဲ့တယ်။ အိမ်တံခါးကိုပိတ် သော့ခတ်ရင်း မာမီ့ကို goodnight လို့ လှမ်းနှုတ်ဆက်ပြီး ကျွန်တော့် အခန်းထဲဝင်တယ်။ ပြီးတော့ ချွေးခံအင်္ကျီနဲ့ ရှပ်အင်္ကျီတွေသာမက အဝတ်အစားတွေကို လဲပစ်တယ်။ ညအိပ်မီးပါမချန်တော့ဘဲ အခန်းမီးကိုပိတ်ကာ အိပ်ယာပေါ်ကို ဖြည်းဖြည်းလေးလေးတက်လိုက်တယ်ပေါ့ဗျာ။


*******


တံခါးချပ်ကိုတွန်းတိုက်ဝင်လာတဲ့ ရေခဲတမျှအေးလှတဲ့ လေစိမ်းတွေကြောင့် ကျွန်တော်နိုးသွားပါတယ်။ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တော့ အသက်အရွယ် နှစ်ဆယ်ဝန်းကျင်လောက်ပဲရှိဦးမယ့် ကောင်လေးတစ်ယောက် အခန်းတွင်းက ကျွန်တော့်အား ပြတင်းမှန်ချပ်ကို ဖောက်ထွင်းစူးစိုက်ကြည့်နေတယ်လေ။ ကျွန်တော့် ဦးခေါင်းကို အနည်းငယ်လှုပ်ရမ်း ခါရမ်းကြည့်ပြီး အိပ်ချင်မူတူး မြင်ချင်ရာမြင်နေတာ မဖြစ် အောင်ကြိုးစားကြည့်ရရော။ ဒါပေမဲ့ ညအမှောင်ထဲမှာ ဖျပ်ကနဲ သူပျောက်သွားတယ်။ ပြတင်းဝကနေ အခန်းဘက်ကို ကျွန်တော် ပြန်အလှည့်မှာ သူက မတ်မတ်ရပ်လျက် အနားကိုရောက်နေပြီ။ ‘ဘာလဲဟ…’


‘ရှူး…..ကျုပ်နာမည်က သူရိန်။ ခင်ဗျားကို စောင့်ကြည့်နေတော့မှာ’ သူ့နှုတ်ခမ်းမှာ လက်ချောင်းတစ်ချောင်းကန့်လန့်ဖြတ်တင်ရင်း ခပ်တိုးတိုးနေဖို့ ကျွန်တော့်ကိုပြောပါတယ်။


‘ငါ့ကို ဘယ်သူမှစောင့်ကြည့်နေဖို့မလိုပါဘူး။ နောက်ပြီး….ဘာကြောင့်….’


‘ကျုပ်ကိုယုံစမ်းပါ’ သူ့အပြောကြောင့် ကျွန်တော် ခပ်မြန်မြန်ပဲ တိတ်တဆိတ်နေလိုက်တယ်။


‘အိပ်တော့….’ သူပြောပြောဆိုဆို ပြတင်းပေါက်ကနေ ခုန်ထွက်သွားပါတယ်။ ကျွန်တော်လည်း ခုတင်ပေါ်တက် ခေါင်းအုံးပေါ် ပြန်လှဲရင်း အိပ်ပျော်သွားပါတယ် သိပ်မကြာဘူး။


**********


‘ဝေယံဦး နေရာယူမယ်’ သင်တန်းနည်းပြ ဦးမောင်က အော်ခေါ်တယ်။ ပြေးလမ်းပေါ်မှာ ချော်မလဲဘဲ အမှားတစ်စုံတရာမဖြစ် ပန်းတိုင် ရောက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ပွဲကြည့်ပရိသတ်တွေကလည်း တခဲနက် ဟစ်အော်အားပေးနေတယ်လေ။ ‘ဝေယံ…သား… သွားလေ’ မေမေက လှမ်းအော်သတိပေးတယ်ဗျ။ ကျွန်တော်က ပြေးလမ်း နံပါတ်လေးလိုင်းမြောက်မှာ နေရာရတယ်။ ကျွန်တော့်အိပ် မက်က ပထမလိုင်းမှာနေရတဲ့ ဦးစားပေး အပြေးသမားတစ်ယောက်ဖြစ်ဖို့ပဲ။ ဒါပေမဲ့ ကျွန်တော်နဲ့ ကျော်ဇင်က အဲ့သလောက် ပြိုင်ဖို့ မစွမ်းခဲ့သေးဘူး ပြိုင်ပွဲဝင်အရည်အချင်းမပြည့်သေးဘူးဆိုရမယ်။


အချက်ပေးခရာမှုတ်မယ့်သူ ကျွန်တော်တို့နံဘေးကဖြတ်အသွားမှာ ရင်ခုန်သံတွေစတင်ခုန်ပေါက်နေပါပြီ။ ကျွန်တော့်မျက်ဝန်းတွေဟာ အနက်စစ်စစ်မဟုတ်သော်လည်း အညိုရောင်ရင့်ဖြစ်ခဲ့တာပါ။ အခု ကျွန်တော့်မြင်ကွင်းတစ်ခုလုံး နီရဲနေပြီ။ ပြေးမယ့် ကျွန်တော့်ခြေ ထောက်တွေဟာ ယိုင်နဲ့နဲ့ဖြစ်နေသလို တုန်ခါနေတာက စက္ကန့်သုံးဆယ်လောက်ကြာသွားတယ်။ သည်ပြိုင်ပွဲကို အနိုင်ရဖို့ဆိုရင် အခုပြေး မယ့် ပြိုင်ပွဲငယ်လေးတွေမှာ အမှတ်ကောင်းကောင်းရနေမှဖြစ်မှာပါ။ ပြေးတယ် ပြေးတယ် ပြိုင်ပွဲဝင်အတော်များများကို ကျွန်တော် နောက်ချန်ထားပစ်ကာ ပန်းဝင်ရင်း နိုင်ပွဲဆင်ခဲ့တယ်လေ။ ကျွန်တေ်ာ့နှလုံးခုန်သံဟာ အရင်အချိန်တွေထက် မြန်နေခဲ့ပါတယ်။ အသက်ရှူ တာကလည်း အတော်အရှိန်မြင့်နေတယ်။


ကျွန်တော် မြေပြင်ပေါ်ကို ဒူးထောက်ထိုင်ချလိုက်တာကြောင့် ကျော်ဇင် အပြေးကလေးအနားကိုရောက်လာတယ်။ ‘အဆင်ပြေလား ဝေယံ’ ကျွန်တော့်ကို စိုးရိမ်တကြီးမေးတယ်။ ‘အဲတာ…ဖြစ်လာပြီ…အဲတာဖြစ်လာပြီ ကျော်ဇင်’ ကျွန်တော့်နောက်ပါးက ဝမ်းသာဂုဏ်ယူ အော်ဟစ်နေတဲ့ အသင်းသားတွေကို လက်မြှောက်ပြလိုက်တယ်။ 


စက္ကန့်အနည်းငယ်အကြာမှာတော့ ကျော်ဇင့်မျက်ဝန်းတွေက ထိတ်လန့်တကြားအသွင်ပေါ်လာတယ်။ ‘အို….မဟုတ်ဘူး….မဟုတ်ဘူး… သည်နေရာမှာတော့ မဖြစ်နဲ့ဦး…လာ သူငယ်ချင်း’ ကျွန်တော့်ပုခုံးကိုထွေးဖက်ရင်း အဝတ်လဲခန်းထဲကိုတွဲခေါ်သွားပါတယ်။ ပြီးတော့ အခန်းတံခါးကို locked လုပ်လိုက်တယ်။ ကြမ်းပြင်ပေါ်ကို နောက်တစ်ကြိမ် ဒူးထောက်ထိုင်ကျသွားရင်း ကျွန်တော့်ပါးစပ်က မာန်ဖီသံ စထွက်လာတယ်။ အတိုင်းအဆမဲ့ နာကျင်မှုတွေ ကျွန်တော့်တကိုယ်လုံး ခံစားရတယ်။ ‘သူငယ်ချင်း….ဘာဖြစ်နေတာလဲ’ ကျွန်တော် ဘာမှပြန်မပြောနိုင်ဘဲ မာန်ဖီသံဆက်ပြုရင်း ရှည်သထက်ရှည်ထွက်လာတဲ့ ကျွန်တော့်လက်သည်းတွေကိုကြည့်မိတော့ တိရစ္ဆာန်တွေရဲ့ လက်သည်းတွေလိုဖြစ်နေပြီ။ 


ကျွန်တော့်ရှေ့မှောက် ဒူးထောက်ထိုင်ကာ စိုးရိမ်တကြီးဖြစ်နေတဲ့ ကျော်ဇင်ကိုမြင်ရပါတယ်။ 


‘ဝေယံ…ဝေယံ….ငါပြောတာကြားလား’ 

အပေါ်သွားကော အောက်သွားကော နှစ်ခုစလုံး အစွယ်တွေထွက်လာတာကို ကျွန်တော်ခံစားသိနိုင်တယ်ဗျ။ ကျွန်တော့်မြင်ကွင်းဟာ လည်း ကြည်လင်မနေတော့ဘဲ ရဲရဲနီစပြုပြီ။ ‘ငါ့အနားကထွက်သွားစမ်း’ ကျွန်တော် ကျော်ဇင်ကိုအော်ဟစ်ပစ်လိုက်တယ်။ ကျွန်တော် မတ်တပ်ရပ်လိုက်ချိန်မယ် ကျော်ဇင့်မျက်ဝန်းတွေမှ ကြောက်ရွံ့ထိတ်လန့်မှုတွေပေါ်လာတာမြင်ရပါတယ်။ ပင်ကိုယ်အသိစိတ်ကို ထိန်းချုပ်ဖို့ သိပ်မဖြစ်နိုင်တော့ဘူးဗျာ။ ကျော်ဇင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် မမြင်တော့ဘဲ လုစရာပစ္စည်း ဒါမှမဟုတ် ဖျက်ဆီးစရာ သားကောင်အဖြစ် မြင်လာတယ်။ 


‘ဝေယံ…..ဝေ…ယံ….ငါ့ကောင်…..မင်း…အဆင်ပြေရဲ့လား’ 


ကျွန်တော် ဦးခေါင်းကို အနည်းငယ်ခါရမ်းပြီး သူ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက်တယ်။


‘Oh My God….’ ကျွန်တော့်သွားစွယ်အချွန်တွေကို သူမြင်သွားချိန်မှာတော့ အလန့်တကြားဘုရားတပါရော။


ကျွန်တော် ခါးကို ခါရမ်းပြီး ခြေလှမ်းအနည်းငယ်လှမ်းကြည့်ချိန်ဝယ် ကျွန်တော့်လက်သည်းတွေဟာ ရှည်သထက်ပိုမိုရှည်ထွက်လာသလို ပိုမိုချွန်မြလာတယ်လေ။ ကျော်ဇင့်အနားပိုတိုးကပ်လိုက်တော့ သူ့ဆီကကြောက်ရွံ့မှု ရနံ့တွေကို ရမိသလို သူ့သွေးတွေကိုစုပ်မျိုဖို့ ကျွန်တော် ဆာလောင်မိတယ်။ 


‘ငါ့…ငါ့ကို ဘာလုပ်မလို့လဲ….ဝေယံ…..သွားတွေကိုတော့ မကြောက်ဘူး ဒါပေမဲ့ မင်းနားရွက်တွေက ငါ့ကိုလန့်အောင်လုပ်နေတယ်’ 


ကျွန်တေ်ာ ခပ်တိုးတိုး မာန်ဖီသံတစ်ချက်သူ့ကိုပေးလိုက်တော့ ကျော်ဇင့်မျက်ဝန်းတွေ ပြူးကျယ်လာတယ်။ ဆတ်ကနဲ သူ့ဆီ ကျွန်တော် လှမ်းလိုက်တော့ ထွက်ပြေးသွားတာကြောင့် ဖမ်းမမိလိုက်ပါဘူး။ ခပ်အိုအို ထုတ်တန်း၊ ဒိုင်းပေါ်ခုန်တက်ပြီး ကျွန်တော့်သားကောင်ကို ကြည့်ဦးမှ။


ကျွန်တော် အဝတ်လဲခန်းအပေါ်ဘက်ခုန်တက်ကာ အပေါ်စီးကနေ ကျော်ဇင့်ကိုလိုက်ကြည့်ပါတယ်။ တစ်စုံတစ်ခုကို ခလုပ်တိုက်ပြီး ပြန်ထပြေးဖို့ အခက်တွေ့နေဟန်တူပါတယ်။ ကျွန်တေ်ာ့ဆီကနေ ခပ်ဝေးဝေးထွက်ပြေးနိုင်ဖို့ မာန်ဖီသံတစ်ချက်ပေးလိုက်တယ်ဆိုပေမယ့် မြင်ကွင်းကနေ မပျောက်သွားသေးပါ။ ဝင်္ကပါကွက်လိုဖြစ်နေတဲ့ အခန်းဖွဲ့စည်းပုံတွေကြား ပြေးပေါက်မှားနေတဲ့သူ့ဆီ အဝတ်လဲခန်းထိပ် ပိုင်းတွေကို နင်းဖြတ်ရင်း ခုန်ကျော်ကာ ကြောက်ရွံ့မှုကြောင့်ခုန်ပေါက်နေတဲ့ သူ့နှလုံးခုန်သံကို နားဆင်ရင်းချဉ်းကပ်ပစ်တယ်လေ။ ကြမ်းပြင်ပေါ်ခြေအချ သူ့ဆီခြေလှမ်းအနည်းငယ်တိုးကပ်လိုက်တော့ 


‘ဝေယံ…ဝေယံ….ငါက….မင်း…မင်းသူငယ်ချင်း ကျော်ဇင်လေ’

‘OMG……ငါသေတော့မယ်…..မင်း…မင်း….ငါ့ကိုသတ်တော့မှာလား’


ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်စွာ မာန်ဖီဟိန်းဟောက်သံတွေ ပိုပြုမိပါတယ်။ 

ကျော်ဇင်တစ်ယောက် အခန်းနံရံကို တွန်းတိုက်မိပြီး ပြေးလမ်းပိတ်သွားရော။ 


‘Oh…God!....မလုပ်ပါနဲ့….မလုပ်နဲ့’ 

နောက်တစ်ကြိမ် သူ့ဆီဆတ်ကနဲလှမ်းကာ တအိအိညည်းညူသံကို နားဆင်ပစ်တယ်။ ကျွန်တော့်မျက်နှာကို တစ်စုံတစ်ခုနဲ့ ပစ်ရိုက်တာမို့ ခြေလှမ်းအနည်းငယ်လောက် နောက်ပြန်လွင့်သွားရပါတယ်။ မျက်လုံးတွေပြန်ဖွင့်ကြည့်ချိန်မှာတော့ အခန်းတံခါးဖွင့်သံ ကြားရပြီး ကျွန်တော့်သားကောင်ဟာ ကျောင်းဧည့်ခန်းမဘက် ထွက်ပြေးသွားတာမို့ ထပ်ချပ်မကွာလိုက်သွားလိုက်တယ်။ သူဟာ အားကစားနည်းပြ တွေရဲ့ ရုံးခန်းထဲပြေးဝင်သွားပြီး တံခါးမကြီးကိုပိတ်ပစ်ပါတယ်။ သည်သစ်သားတံခါးရွက်ကို ကျွန်တော်ကန်ဖွင့် ပစ်လိုက်ပြီး ဟိုသည်အကြည့် သူဟာ စားပွဲခုံတစ်ခုနောက်မှာ နှံ့နှံ့စပ်စပ်ရှာဖွေနေရင်း whistle တစ်ခုဆွဲထုတ်ကာ မှုတ်ပါရော။ ပေါ်ထွက်လာတဲ့အသံ ဟာ ကျွန်တော့်ဦးခေါင်းထဲမယ် ပဲ့တင်သံရိုက်ခတ်နေတယ်။ နားရွက်နှစ်ဖက်ကို လက်နဲ့ဖုံးအုပ်ရင်း ကျွန်တော် ဒူးထောက်ထိုင်ကျသွားတာ ပေါ့နော်။ သိသိသာသာတိုးထွက်နေတဲ့ ကျွန်တော့်သွားအစွယ်တွေ ပျောက်ကွယ်သွားတာ ခံစားလိုက်ရပြီး မြင်ကွင်းတွေဟာလည်း သွေးရောင်မလွှမ်းတော့ဘူး။ 


‘အ…’ ကျွန်တော်ခပ်တိုးတိုးညည်းမိတယ်။

ကျော်ဇင် ခပ်မြန်မြန်ဘဲ ကျွန်တော့်နံဘေးကိုရောက်လာတယ်။ 

‘ဘာ…ဘာဖြစ်တာလဲကွာ’


‘မင်း…မင်း….ငါ့ကို သတ်တော့မလို့လေ…..အခြားကိစ္စတွေတော့ ဘာမှမလုပ်ပါဘူး’

ကြောက်ရွံ့တာမပြေသေးသော ခပ်တုန်တုန်လေသံနဲ့ ကျော်ဇင်ပြန်ဖြေပါတယ်။ 

‘မင်းက သမန်းဝံပုလွေဆိုတာ အခုထိငါမယုံသေးဘူး’

ကျွန်တော်ကတော့ အသက်ခပ်ပြင်းပြင်းရှူရှိုက်ရင်း ငိုရှိုက်လုနည်းပါးဖြစ်နေသယောင်ပေါ့။


‘ခဏစောင့်ကွာ..’

ကျော်ဇင်ပြောပြောဆိုဆို အဝတ်လဲခန်းထဲက သူ့ကျောပိုးအိတ်ကိုဆွဲယူလာပြီး လက်ကိုင်ဖုန်းကိုထုတ်လိုက်တယ်။

‘မင်းကို သည်ည သော့ခတ်ထားရမယ်’ သက်ပြင်းတစ်ချက်ချရင်း သူပြောတာပါ။


‘ဘာ…ဘာလို့လဲ’

ကြောက်လန့်ဖို့ကောင်းလောက်အောင် တိတ်ဆိတ်သွားပါတယ်။ ပြီးမှ ခပ်ဖြေးဖြေး ကျွန်တော့်ကို မော့ကြည့်ရင်း 

‘သည်ည လပြည့်ညလေကွာ’တဲ့။


********


‘ဟေး…ဘော်ဒါ…သည်ညအတွက် အသင့်ဖြစ်ပြီလား’ 


ကျော်ဇင်တစ်ယောက် သူ့ပခုံးပေါ်မယ် ရှုံ့ကြိုးနှင့်ပိတ်ရတဲ့ အိတ်လုံးရှည် ခပ်ကြီးကြီးတစ်ခု (a duffel bag) လွယ်လျက်ရောက်လာတယ်။ ကျွန်တော်ကတော့ ကုလားထိုင်တစ်ခုမှာ ငြိမ်ငြိမ်သက်သက်ထိုင်နေခဲ့တာပေါ့။ 


‘အင်း ကျော်ဇင်….ငါ အဆင်ပြေမှာပါ’


‘ငါဘာတွေယူလာသလဲဆိုတာ မင်းကြည့်စမ်း ဝေယံ။ မင်းအန္တရာယ်မဖြစ်အောင် လုပ်ပေးနိုင်မယ့်ပစ္စည်းတွေလို့ ငါဆိုလိုချင်တာ။ ငါ့ကို မထိခိုက်စေချင်ဘူးလို့ မင်းပြောတယ်မဟုတ်လား’


‘အင်း….ဟုတ်တယ်လေ’ ကျွန်တော် ခပ်အေးအေးပဲပြန်ဖြေလိုက်တယ်။


‘ကောင်းပြီလေ….ငါလည်း မင်းနာကျင်မှာကို မမြင်ချင်ပါဘူး။ အဲဒါကြောင့် ဒါတွေဝယ်လာတာ’ 


ခွေးလည်ပတ်လိုမျိုး အထိန်းပါတဲ့ သံကြိုးရှည်တစ်ခုကို အိတ်ထဲကနေဆွဲထုတ်ပြီး ကျွန်တော့်ကိုပြပါတယ်။


‘ငါ မဝတ်ဘူးနော် ကျော်ဇင်’


‘အိုး….မင်းဝတ်ရမှာ ကိုဝံပုလွေလေးရေ….ဝတ်ကွာ’


Radiator အနား ကျွန်တော်ထိုင်လျက်ကနေ သူ့ကို ခြိမ်းခြောက်သည့်အကြည့်မျိုးနဲ့ ကြည့်လိုက်တယ်။


‘o..ok ငါတို့ ထိန်းချည်တဲ့ကြိုးတွေ မလိုဘူးလို့ထင်ပါတယ်….ဆောရီးကွာ’ 


ကျော်ဇင်က သူ့လက်တစ်ဖက်ကိုဆန့်ထုတ်ပေးရင်း တောင်းပန်စကားဆိုပါတယ်။ ကျွန်တော်လည်း သူ့လက်တစ်ဖက်ကို တစ်ချက် လှမ်းအကိုင် ကျော်ဇင်လေ Radiator နဲ့ ကျွန်တော့်လက်ကို လက်ထိပ်တွဲခတ်ပစ်တယ်။


‘ဒါ…ဒါ မင်းကောင်းဖို့အတွက်ပါ ဝေယံရာ…. မင်းနာကျင်မှာ ဒါမှမဟုတ် ဆိုးဆိုးရွားရွားဖြစ်မှာကို ငါမမြင်ချင်ဘူး’


ပြောပြောဆိုဆို အခန်းတံခါးကို အပြင်ကနေ သော့ခတ်သွားပါတယ်။


‘ကျော်ဇင်…..ငါ့ကိုလွှတ်ပေး…ကျော်ဇင်!!!’


ကျော်ဇင်ကို အော်ဟစ်ခေါ်သလို လက်ထိပ်ကိုလည်း ပြုတ်လေမလား ကျွန်တော်ဆွဲခါရမ်းကြည့်တယ်။ ပြတင်းတံခါးကနေတစ်ဆင့် လမင်းကြီးကို မော့ကြည့်တော့ တိမ်တွေကင်းစင်ကာ ကြည်ကြည်လင်လင်ဝင်းပနေပါရော။ ‘မဟုတ်ဘူး…ကွာ’ ကျွန်တော် ခပ်တိုးတိုး ညည်းမိတယ်။


‘ကျော်ဇင်…..ငါ့ကို ကူညီပါကွာ…..အပြင်ထွက်ချင်တယ်….လွှတ်ပေးကွာ…လွှတ်ပေး!!!’ ကျွန်တော် အသံကုန်အော်ပစ်တယ်လေ။


ကျွန်တော့်မျက်လုံးထဲမှာတော့ လမင်းကြီးဟ ဝိုင်းဝိုင်းစက်စက်နဲ့ လှလှပပတောက်ပနေပါတယ်။ ကျွန်တော့်လက်အစုံကိုကြည့်တာ လက်သည်းတွေ တဖြည်းဖြည်းရှည်ထွက်လာနေပြီ။ ကျွန်တော့်သွေးတွေခမ်းသွားသလား။ ကျွန်တော့်သွားစွယ်တွေလည်းရှည်ထွက် လာသလို ကျွန်တော့်မျက်လုံးတွေဟာလည်း နောက်တစ်ကြိမ် အဝါရောင်သမ်းလာတယ်။ အခန်းနံရံက မှန်မျက်နှာပြင်မှာ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်မြင်ရတာက ကိုယ်ခန္ဓာ ခပ်ကျုံ့ကျုံ့ရဲ့ဆန့်ကျင်ဘက်အနေအထားဖြစ်နေပါရော။ ကျွန်တော့် အော်ဟစ်သံတွေဟာ ဟိန်းဟောက်သံအဖြစ် ပြောင်းလဲသွားပါပြီ။ ကျွန်တော့်မြင်ကွင်းက အနီရောင်လွှမ်းလာတယ်။ ‘ဝေယံ…ငါ့ကောင်… မင်းအဆင်ပြေရဲ့လား င့ါကောင်’ ကျော်ဇင့်အသံကိုကြားရတယ်။  ကျွန်တော်လက်မှာခတ်ထားတဲ့ လက်ထိပ်ကို ချိုးဖျက်ပြီး ပြတင်းတံခါးကနေ ခုန်ထွက်လိုက်တယ်။ မြေပြင်ပေါ် ခြေချမိတာနဲ့ ကောင်းကင်ပေါ်က လမင်းကိုမော့ကြည့်ကာ ကျွန်တော် အူပစ်တာ ပါပဲ။


ကျွန်တော် သစ်တောအုပ်ထဲကို ယခင်ကထက် ပိုမိုမြန်ဆန်စွာ ပြေးဝင်သွားခဲ့တယ်။ သစ်ပင်တွေဆို တရိပ်ရိပ်ကျန်နေခဲ့ပြီး ကျွန်တော့် ကြောင့် လေသံတရှဲရှဲမြည်ကုန်ရော။ ကျွန်တော် အသက်ရှင်သန်နေဆဲပါ။ အသံခပ်လေးလေးနဲ့တစ်ခုခုပစ်ကျသံကို ကျွန်တော်ကြားခြင်း ကြောင့် ပြေးနေတာကို ရပ်လိုက်တယ်။ နောက်တော့ မြေပြင်ပေါ်ကြည့်လိုက်ရင်း ထုလုံးရှည်ပုံရှိတဲ့ အရာဝတ္ထုတစ်ခုကိုဖျက်ကနဲ ရှာတွေ့ တယ်။ အဲသည်အရာက ရုတ်ခြည်းဆိုသလို ပေါက်ကွဲပြီး ကျွန်တေ်ာ့ကို ဘာမှမမြင်တော့အောင် ဖြစ်စေတာပါပဲ။ မြှားပစ်သံတစ်ချက် ကြားလိုက်ရသလို ကျွန်တော့်လက်မောင်း တစ်ဖက်မှာ နာကျင်မှုကိုခံစားရရော။ ကျွန်တော် နာကျင်မှုနဲ့အတူ ထိတ်လန့်စွာ အော်ဟစ်လိုက်ပါတယ်။ မြှားတံက အနီးအနားမှာ ရှိတဲ့ သစ်ပင်ကြီးနဲ့ ကျွန်တော့်ကို ပူးကပ်နေအောင် ထိုးစိုက်ထားတယ်ဗျ။ 


ဦးခေါင်းကိုပြောင်အောင်ရိတ်ထားပြီး အသက်သုံးဆယ်ကျော် အရပ် ၆ပေလောက်ရှိမယ့် ဘဲတစ်ပွေ ကျွန်တော်ရှိနေတဲ့အပင်ရဲ့ အနောက်ဘက် ခပ်စောင်းစောင်းမှာ မတ်တပ်ရပ်လျက်ပေါ်လာတယ်။ အလားတူ နောက်ထပ် ဘဲသုံးပွေလည်း မြင်ကွင်းထဲ ရောက်လာပြန်တယ်။ 


သိပြီ…..ကျွန်တော့်ကိုယ်ပေါ်ကို ခုန်အုပ်ပြီး တစ်ခုခုလုပ်လိုက်တဲ့ ဘဲကြီးပဲ။ နောက်ထပ်ပေါ်လာတဲ့ ဘဲသုံးယောက်ကို အလန့်တကြား အော်ဟစ်လိုက်ရင်း ကျွန်တော့်ပခုံးကမျှားကို ဆွဲနှုတ်ပေးကာ ‘ပြေး…ကောင်လေး..ပြေး’ လို့အော်ပါတော့တယ်။ ကျွန်တော်လည်း သူပြောတဲ့အတိုင်း ပြေးနိုင်သမျှ ခပ်မြန်မြန်ပြေးမိတယ်။ သစ်တောထဲ နက်နိုင်သမျှ ခပ်နက်နက်ရောက်အောင်ပြေးရင်း အုပ်ဆိုင်းနေတဲ့ သစ်ပင်ကြီးတစ်ပင်နားမှာ လဲကျခဲ့တယ်။ ဘဲကြီးက ကျွန်တော့်ကို အပေါ်ကနေ အုပ်မိုးကြည့်နေတယ်ဗျ။


‘သူတို့ကဘယ်သူတွေလဲ..’ ကျွန်တော် နာကျင်မှုနဲ့အတူ ခပ်ပြင်းပြင်းအသက်ရှူရှိုက်နေရတယ်။


‘မုဆိုးတွေ….ငါတို့ကို ရာစုချီအောင် အမဲလိုက်နေတဲ့ မုဆိုးမျိုးတွေပဲ’


‘ကျွန်တော် သည်နေရာကိုဘယ်လိုရောက်လာတာလဲ’


‘မင်းပြေးတာလေ’


‘ဒါပေမဲ့ ကျွန်တော် မလုပ်..’


‘မှတ်မိပြီလား….ငါ စိတ်ကူးကြည့်လို့ရပါတယ်….မင်းအိမ်ကိုသွားကြစို့’ ကျွန်တော့်ကို မတ်တပ်ရပ်လို့ရအောင် သူဆွဲထူကူညီပါတယ်။ သူရှေ့ကလျှောက်သွားတဲ့နောက် အသာလိုက်သွားတော့ ရပ်ထားတဲ့သူ့ကားရှေ့ခန်း passenger ခုံဘက်ကတံခါးကိုဖွင့်ပေးတယ်။ 


‘ကျွန်တော် တစ်ခုလောက်သိချင်တယ်….ဘာကြောင့် ကျွန်တော့်ကို ကိုက်ခဲ့တာလဲ။ သည်လိုဘဝမျိုးကို ကျွန်တော်မလိုချင်ဘူး။ မုန်းတယ်ဗျ’ 


‘အခုတော့ မင်းပြောပြီပေါ့’


‘မဟုတ်ဘူး တကယ်ပြောတာဗျ’ 


‘မင်းကို ကိုက်ခဲ့တဲ့တစ်ယောက်က ငါမဟုတ်ဘူးကွ။ Alphas တစ်ယောက်ပဲ လူတွေကို အပြောင်းအလဲဖြစ်စေနိုင်တာ။ ငါက Betas ဖြစ်ခဲ့တာရယ်။ ငါတို့က သူ့ရဲ့ အဖွဲ့ထဲက တစ်ချို့တစ်ဝက်လေ’ 


‘ဘယ်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာမှ ကျွန်တော်မဖြစ်ချင်ဘူး…..ကျွန်တော် ဝေယံဦးပဲဖြစ်ချင်တယ်’ ကျွန်တော် အော်ဟစ် ပြောဆိုလိုက်ပါတယ်။


‘ကောင်းပြီ…..နောက်ထပ် မထိန်းနိုင်မသိန်းနိုင်အခြေအနေ မဖြစ်တော့ဘူးဆိုတာ ငါတို့နှစ်ယောက်စလုံးသိတယ်…သတိတော့ထားဦး’


‘ကျွန်တော် ကိုယ့်ခုံကိုယ်ပြန်ထိုင်ပြီး ငြိမ်ငြိမ်သက်သက်နေလိုက်ပါတယ်။ သူ ကျွန်တော့်အိမ်ရှေ့မှ ချထားပေးခဲ့ပြီး နှုတ်မဆက်ဘဲ ကားကို မောင်းထွက်သွားတယ်။ ကျွန်တော့်အခန်းရှိရာကို တက်လာတော့ ကျော်ဇင်တစ်ယောက် ပျက်စီးနေတဲ့ လက်ထိပ်ကိုကိုင်ပြီး ခုတင်ပေါ်မှာ ထိုင်နေလေရဲ့။ ‘မင်းက တော်တော်ဆိုးတဲ့ ခွေးကလေးပဲ ဝေယံ’ သူ ခနိုးခနဲ့အပြုံးတစ်ချက်ပေးရင်း ပြောတယ်ဗျ။


‘Very funny’ ဒါပဲ ကျွန်တော်ပြန်ပြောလိုက်တာ။


‘အခြား သမန်းဝံပုလွေတစ်ကောင်ရဲ့ ဖင်ကို အနံ့ခံခဲ့သေးလား’


‘တော်တော့ကွာ ရပ်လိုက်တော့’


‘ငါ့အတွက် ရှုက်ယှက်ခတ် ဗလုံးဗထွေးဖြစ်ရုံပါ။ သည်တော့ သူတို့ဆီက ဘယ်လိုအနံ့မျိုးရလဲ’


ကျွန်တော် ပါးစပ်ကအဖြေပြန်မပေးဘဲ ပုံမှန် မျက်ဝန်းညိုကနေ ရွှေဝါရောင်ပြောင်းလဲပြလိုက်တယ်။ 


‘ငါ…ငါ အခု ပါးစပ်ပိတ်ပါ့မယ်’  သူ ခပ်ဝေးဝေးကိုအကြည့်လွှဲသွားတယ်။ ကျွန်တော်သူ့ကို သရော်တော်တော်အပြုံးနဲ့ကြည့်ရင်း ကုတင်အနားက ကုလားထိုင်တစ်လုံးမှာထိုင်လိုက်ပါတယ်။ 


‘ဘာနဲ့တူလဲ’


‘ဟူး….ဘာနဲ့တူလဲ….မင်းသိလား သမန်းဝံပုလွေတစ်ကောင်ဖြစ်နေပြီဗျ’


‘အို….ငါ မသိတော့ဘူးကွာ’ ကျွန်တော် ဝေခွဲမရ ပခုံးတစ်ဖက်ကြုံ့ပြလိုက်တယ်။ အရာအားလုံးက ကျွန်တော့်အတွက် အသစ်ပဲ။ 


ရုတ်ခြည်းဆိုသလို တော်တော်ကောင်းတဲ့ မွှေးရနံ့တစ်ချက်ကိုရတယ်။ 


‘ဒါ ဒါ Cologne အသစ်များလား’


‘ငါ..ငါဘာမှ မဆွတ်ထားဘူးနော် ဝေယံ….ဘာလို့လဲ….မင်း ဂေးသမန်းဝံလွေတစ်ကောင်လား’


‘ဘာ…..မဟုတ်ဘူး….ငါ ဂေးမဟုတ်ဘူး! ရနံ့က ဘယ်နေရာကလည်းမသိထွက်လာတာကွ’ သည်လိုပဲပြန်ပြောလိုက်မိပေမယ့် အဲသည့် ရနံ့ တစ်ခုခုတော့ တစ်ခုခုပဲ အတော်ကောင်းတဲ့ ရနံ့။ 


‘ငါ အိပ်တော့မယ်….ကျော်ဇင်’


‘အေး…ငါလည်းပြန်အိပ်တော့မယ်….နောက်မှတွေ့မယ် ငါ့ကောင်’ 


ကျွန်တော် မျက်ဝန်းတွေကို ရွှေဝါရောင်အဖြစ် ခပ်ဖြေးဖြေးပြောင်းမိတော့ ကျော်ဇင် အလောတကြီးအပြုအမူနဲ့ ‘တာ့တာ…See ya’ လုပ် သွားတယ်။ ကျွန်တော် တိုးတိုးသက်သာ ရယ်မိခဲ့ပြီး အိပ်ရာပေါ်ကိုနောက်တစ်ကြိမ်တွားတက်ခဲ့ပါတယ်။


*ကျွန်တော်မြင်ကွင်း စက္ခုအာရုံတွေ အနီရောင်ဖြစ်သွားတယ်။ ယခင်နေရာကိုပဲ နောက်တစ်ကြိမ်သွားခဲ့တာပေါ့။ သစ်တောထဲကို ဖြတ် ပြေးလျက် အိမ်တစ်လုံးရှိရာကို ကျွန်တော်သွားတယ်။ လှေကားထစ်တွေကို ဖြေးဖြေးနင်းပြီး တံခါးလက်ကိုင်ဘုကို လှည့်လိုက် ပါတယ်။ အိမ်ထဲကို အသာဝင်လိုက်ချိန် ရေချိုးခန်းရှိရာဘက်က အော်ဟစ်လိုက်သံထွက်လာတယ်။ ကျွန်တော် လှေကားထစ်တွေအတိုင်း ခုန်တက်ရင်း ရေချိုးခန်းကိုရှာတယ်။ တစ်ယောက်ယောက် ရေချိုးကြွေဇလုံထဲဆွဲနှစ်ခံနေရတာပဲ….ဒါ..ဒါ ကျော်ဇင်။ ကြွေဇလုံဘေးကလူ ကို ကျွန်တော့်ဘက် ဆွဲလှည့်လိုက်တော့…..အား…. ကျွန်တော်…ကျွန်တော်ပဲဗျ။*


နောက်ဆုံး ကျွန်တော် နိုးထလာပါတယ်။ ခုတင်ဘေးက နာရီကိုကြည့်လိုက်တော့ ‘Shit! ကျောင်းသွားချိန်ရောက်နေပြီ’ ကိုယ့်ကိုယ် ကိုယ်ပဲ ပြောတာပါ။ ခပ်မြန်မြန် အဝတ်အစားလဲလှယ်လိုက်ကာ ကျွန်တော့်စက်ဘီးကို မြန်နိုင်သမျှမြန်အောင် နင်းကာ စီးသွား လိုက်တယ်လေ။ ကျွန်တော် ကျောင်းကို အလျင်မြန်ဆုံးရောက်တာကြောင့် စက်ဘီးကိုသော့ခတ်လိုက်ပြီး ကျောင်းခန်းမထဲ အဆင်ပြေပြေ ဝင်နိုင်ရော။ နားရွက်နားက နည်းနည်းယားယံတာကြောင့် လက်နဲ့အသာကုတ်ရင်း နားအစွင့်မှာ လူနှစ်ယောက်စကားစမြည်ပြောနေသံ ကို ကြည်ကြည်လင်လင်ကြားရပါတယ်။ အဲသည်လူတွေဘယ်နေရာမှာရှိသလဲဆိုတာ လျင်လျင်မြန်မြန်ရှာဖွေနိုင်ခဲ့သလို နံရံတစ်ဖက်ခြား ပြီး နားထောင်မိတယ်။ 


‘ငါ့ကောင်….မနေ့က ဝေယံရဲ့ မျက်လုံးတွေကိုကြည့်မိလား…အတော်ကြက်သီးမွေးညင်းထစေလောက်တယ်’


‘ငါသိတယ်။ သူ နည်းနည်းတော့ ထူးထူးခြားခြားဖြစ်နေတယ်ကွ။ သူ့အကြောင်းပြောပြီး အချိန်မဖြုန်းစမ်းပါနဲ့ကွာ…ဘယ်သူ ဂရုစိုက်လို့လဲ’


‘ငါဂရုစိုက်မိတယ်ကွ…. သူ စကိတ်စီးတော့လည်း ဘယ်လောက်မြန်တယ်ဆိုတာ မြင်လိုက်လား’ 


‘အေး…ဒါပေမဲ့ သူက လူကောင်ကြီးတဲ့သူလည်းမဟုတ်ဘူးနော်’


‘မဟုတ်ဘူး….သည်လောက်မြန်အောင်စီးဖို့ဆိုတာ မဖြစ်နိုင်ဘူးကွ’ 


ကျွန်တော်ဆက်နားမထောင်တော့ဘဲ စာသင်ခန်းဘက်ပြန်ဦးတည်လိုက်ကာ အတန်းထဲဝင်ထိုင်လိုက်ပါတယ်။ ကျော်ဇင့်နောက်ကခုံမှာ ကျွန်တော်ထိုင်ပြီး သင်မယ့်ဆရာကိုစောင့်တယ်လေ။


 ‘Alright class….မင်းတို့ရှေ့က စားပွဲခုံပေါ်တင်ထားတဲ့ မေးခွန်းစာရွက်ကိုဖြေဖို့ အချိန်တစ်နာရီရမယ်…စဖြေလို့ရပြီ’ 


ဆရာပြောပြီးတာနဲ့ ကျွန်တော့်ခဲတံကို ယူလိုက်တယ်။ အတန်းက ခါတိုင်းလို တိတ်ဆိတ်မနေဘူးပဲ။ click , click နဲ့ အသံတွေ ကျယ်လောင်စွာကြားနေရသလို ကုတ်ခြစ်နေသံတွေကိုလည်းကြားရတယ်။ ပြီးတော့ ပီကေဝါးပြီး ပူစီဘောင်းမှုတ်နေတဲ့အသံကော ကျွန်တော်ကြားနိုင်တယ်။


နောက်တစ်ခါ တစ်စုံတစ်ယောက်ရဲ့ဖုန်းပိတ်လိုက်သံကို ကြားရတယ်။ ကျွန်တော် ဟိုသည်ကြည့်ရင်း ဘယ်ကမည်တာဖြစ်မလဲ စူးစမ်း လိုက်တော့ တော်တော်စွဲဆောင်မှုကောင်းတဲ့ ငနဲတစ်ပွေ အခန်းအပြင်ဘက်မှာ ဖုန်းပြောနေတာပဲ။ သူဖုန်းပြောပြီးနောက် ကျောပိုးအိတ် ကိုဖွင့်ရှာကာ ‘shit….ငါဘောပင် မပါလာဘူးပဲ’ လို့ပြောတယ်ဗျ။ ခပ်မြန်မြန်ပဲ ကျွန်တော့် ကျောပိုးအိတ်ထဲက ဘောပင်တစ်ချောင်း ဆွဲထုတ်ပြီး စာသင်ခန်းထဲသူဝင်လာတာကို စောင့်ကြည့်မိတယ်။ ကျွန်တော့်အနောက်ကခုံမှာဝင်ထိုင်တာကြောင့် တစောင်းလှည့်ကာ သူ့ကို ဘောပင်ကမ်းပေးလိုက်ပါတယ်။


ကျွန်တေ်ာ့ကို အပြုံးတစ်ချက်နဲ့အတူ ကျေးဇူးစကားဆိုတယ်။ ကျွန်တော်လည်း သူ့ကို အရှက်သည်းတဲ့အပြုံးမျိုးပြန်ပြုံးပြရင်း ရှေ့ဘက် ပြန်လှည့်ကာ ဖြေလက်စမေးခွန်းတွေကို အပြီးသတ်လိုက်တယ်။ 


*Click....click.....click* နာရီကိုမော့ကြည့်လိုက်တော့ နာရီလက်တံရွေ့လျားသံတွေက ပိုကျယ်လာတယ်။ မေးခွန်းတွေကို ပြန်အာရုံစိုက်ဖို့ကြိုးစားပေမယ့် အဲသည့်အသံတွေက ကျယ်လောင်လာတယ်လေ။ 


*tick tick tick.* ကျယ်သထက်ကျယ်လောင်လာတယ်။


‘အာ…..’ အနည်းငယ်ညည်းညူရင်း ခေါင်းကို ကျွန်တော်အသာရမ်းမိတယ်။ *tick tick tick.* ကျွန်တော်အမြန်ထရပ်ပြီး ပြတင်းပေါက် နံရံနားထိုင်ချကာ ဦးခေါင်းကို လက်နဲ့အသာနှိပ်နယ်လိုက်တယ်ပေါ့။ 


‘ဘာဖြစ်လို့လဲ….မင်း…မင်း ပုံစံပြောင်းတော့မှာလား’ ကျော်ဇင်က စိုးရိမ်တကြီးမေးရှာတယ်။ 


‘မဟုတ်ဘူးကွ…..သည်အခန်းထဲက အတော်ဆူညံလွန်းလို့ပါ’


‘ဒါပေမဲ့….’


‘သမန်းဝံပုလွေတွေရဲ့ အကြားအာရုံက သာမန်ထက် 16x ပိုပြီးခံစားရလွယ်နေတယ်ကွ’ 


အချိန်စေ့ ဘဲလ်သံမြည်လာချိန်မှာတော့ နားရွက်နှစ်ဖက်ကို လက်နဲ့အုပ်ကိုင်ကာ ခန်းမထဲကနေဖြတ်ပြီး အပြင်ကိုအမြန်ထွက်ခဲ့ရပါတယ်။ 


‘လူသံတွေထက် ပိုဆူနေသလိုပဲ’ လို့ ကျွန်တော် စကားအဆုံးသတ်တယ်။


‘ငါရိပ်မိပါတယ်’ ကျော်ဇင်က ကျွန်တော့်ပခုံးကိုတစ်ချက်ပုတ်ခတ်ရင်းပြောတာပါ။


ကျွန်တော် နောက်အတန်းချိန်က အားကစားချိန်မို့ Gym ရှိရာကို လမ်းလျှောက်သွားလိုက်တယ်။ ကောင်းတယ်….အားကစားချိန်က ကျွန်တော့်အတွက် လိုအပ်နေတာ။ ကျွန်တော့်နှလုံးခုန်သံတွေ၊အားအင်တွေ သုံးလို့ရမယ့်နေရာတစ်ခုဆိုတော့ သမန်းဝံပုလွေအဖြစ် ပြောင်းလဲကာ လူတိုင်းကို သတ်ဖို့မဖြစ်နိုင်ဘူးလေ။


ကံကောင်းတာက သည်ည လပြည့်ညမဟုတ်တာပဲ။ အဝတ်လဲခန်းထဲသွားကာ  ကျွန်တော့် locker လေးကိုဖွင့်ချိန်မှာတော့ လက်တစ် ဖက်က ကျွန်တော့်ပခုံးကိုဆွဲကိုင်တာ ခံစားလိုက်ရတယ်။ အိုး….လင်းလင်းပါလား။ ‘ဟေ့…ေ-ာက်ခြောက်’ သူခပ်ကျယ်ကျယ် အော်ခေါ် တယ်လေ။ ကျွန်တော် သူ့ဘက်ကိုလှည့်ပြီး ခပ်ရဲရဲပဲ မျက်နှာချင်းဆိုင်လိုက်တယ်။ 


‘မနေ့ညက ကစားပွဲမှာ ဘယ်သူနိုင်သွားလဲကွ…ေ-ာက်ခြောက်ကလေးရ’


‘ဘယ်သူနိုင်နိုင် မနိုင်နိုင်….မင်းေ-ာက်လုပ်ပါလား လင်းလင်း’ 


လင်းလင်း ရှူးရှူးရှားရှားဖြစ်သွားပြီး ခပ်မြန်မြန်ပဲ ကျွန်တော့်လည်မျိုကိုပင့်ကိုင်ကာ locker ဘက်ကိုတွန်းထည့်ညှစ်ကိုင်ထားပါတယ်။ သည် အချိန် ကျော်ဇင် အဝတ်လဲခန်းထဲရောက်လာပြီး ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ အလျင်အမြန်ရိပ်မိသွားကာ အဝင်တံခါးကို လော့ချ် လုပ်လိုက်ပါတယ်။ ကျွန်တော့် မျက်လုံးအရောင်က အကြည့်စူးစူးကနေ တစ်မျိုးတစ်မည်ပြောင်းစပြုလာတာကြောင့် ‘What the hell’ လို့ အော်ကာ ကျွန်တော့်လည်မျိုပင့်ကိုင်ထားခြင်းကို လင်းလင်းလွှတ်လိုက်ပါတယ်။ 


‘နောက်တစ်ခါ ငါ့ကိုလာမနှောင့်ယှက်နဲ့’


‘အခြားကောင်တွေ လန့်ချင်လန့်လိမ့်မယ်…ငါက မင်းကိုလုံးဝမကြောက်ဘူးကွ’ သူက အားကုန်သုံးပြီးပြန်အော်ပါတယ်။


‘Okay….မင်းကို တစ်ခုပဲပြောမယ်….ငါ့အစွယ်တွေ ချွန်ထွက်လာပြီး လက်သည်းတွေလည်း ရှည်ထွက်လာတော့မှာ’


လင်းလင်းရဲ့ဆိုးဆိုးရွားရွား ဖြစ်ပျက်နေမှုကို ကျော်ဇင်ကြည့်ပြီး ရယ်မောပါတယ်။ ကျွန်တော် လင်းလင်းလည်ဂုတ်ကို ဆွဲကိုင်လိုက်တယ်။ 


‘နောက်တစ်ခါ ငါ့ကိုလာနှောင့်ယှက်ရင် မင်းလည်တိုင်ကို ငါ့သွားစွယ်တွေနဲ့ ကိုက်ဖြဲပစ်မှာ’


‘ပြီးတော့ သည်အကြောင်းကိုလည်း ဘယ်သူ့ကိုမှမပြောပြနဲ့…..ဒါမှမဟုတ်ရင် သည်ကောင့် မင်းကိုကိုက်စားခွင့်ပေးလိုက်မှာ’  ကျော်ဇင် က မာန်ပါပါနဲ့ စကားထပ်ဖြည့်ပြောပြီး ခြိမ်းခြောက်ပါတယ်။ 


ကျွန်တော် အခန်းတံခါး လေ့ာခ်ျကိုဖွင့်ပေးလိုက်ရင်း စိတ်ကိုလျော့ နဂိုပုံစံပြန်ဖြစ် အောင်ကြိုးစားပစ်တယ်ပေါ့ဗျာ။


***********


[ဦးသိုက်စိုးထွန်း]

‘မနေ့ည တစ်ယောက်က တော်တော့်ကို ငယ်သေးတာပဲ။ သူက လျင်မြန်သလို သွက်လက်ပေါ့ပါးနေခဲ့တာ။ ဒါပေမဲ့ သက်သောင့် သက်သာမဖြစ်ဘဲ နာနာကျင်ကျင်နဲ့ အော်နေခဲ့တယ် မဟုတ်လား’


‘အဲဒီတော့….သူတို့သတ္တဝါတွေအတွက်က တစ်လမ်းတည်း ဒါမှမဟုတ် အခြားအကြောင်းအရာဆိုလည်းတစ်ခုတည်းပါ၊ ကျုပ်ပြောတာ မှန်တယ်မလား’ လူအုပ်ထဲက ယောက်ျားကြီးတစ်ယောက်က ဝင်ပြောတယ်။ 


‘ငါတို့ သတိပြုမိတဲ့ သင်္ကေတတစ်ခုရှိတယ်။ သည်သမန်းဝံပုလွေငယ်လေးက မညည်းညူဘဲ တစ်ချက်ထဲနဲ့ သတ်တာဖြတ်တာ မလုပ်နိုင်ခဲ့ဘူးပဲ။ အနည်းဆုံးတော့ မငြင်းသာလောက်အောင် လူသွေးအစအန ထင်ထင်ရှားရှားရှိနေရမှာလေ။’ ဦးသိုက်စိုးထွန်းက စကားဆက်ပြောရော။


‘မနေ့ညက ကျုပ်တို့တွေ့သားပဲ။ ကျုပ်တို့အဲ့အကောင်ကို သတ်ခဲ့သင့်တာ’ ခပ်ကြမ်းကြမ်းပုံစံနဲ့လူတစ်ယောက်က စကားထောက်တယ်။ 


ဦးသိုက်စိုးထွန်းက အမှတ်မထင်ကြုံဆုံခဲ့ရခြင်းအပေါ် စဉ်းစားတွေးတောဟန်နဲ့ အစည်းဝေးပွဲလုပ်ရာ စားပွဲခုံဝန်းကျင် လမ်းထလျှောက် ခဲ့တယ်ဗျ။


‘မဟုတ်ဘူး….သူ ဘာတွေးနေတယ်ဆိုတာ ငါမြင်ခဲ့တာပဲ။ သူ ကြောက်နေခဲ့တာကွ သောင်းကြမ်းနေတာမဟုတ်ဘူး’


‘အဲဒါကို သေချာသိဖို့ နည်းလမ်းမှမရှိဘဲဗျာ…ကျုပ်တို့သာ ဇာတ်သိမ်းမပေးရင် ကျုပ်တို့ထဲက လူအယောက်တိုင်းကို အဲ့ကောင် သတ်ကောင်းသတ်နိုင်တယ်လေ’ စားပွဲဝိုင်းမှာ ထိုင်နေတဲ့ အခြားလူတစ်ယောက်က စကားအစသပ်တယ်။


‘ငါတော့ အဲ့လိုမမြင်ဘူး။ အဖြေရှာနေတဲ့ လူတစ်ယောက်ကိုပဲ ငါမြင်ခဲ့တာ။ သူ့ခါးကို မင်းကြည့်မိခဲ့လား? သူတစ်ခုခုနဲ့ အချည်နှောင်ခံခဲ့ ရတယ်လို့ ငါထင်တယ်။ ဒါကြောင့် လူတွေကိုနာကြင်အောင်လုပ်ဖို့ ကြိုးစားနေခဲ့တယ်လို့ သူ့ကိုမမြင်မိဘူး။’  ဦးသိုက်စိုးထွန်းက ဖြေးဖြေးလေးလေးနဲ့ စကားဆိုရင်း အစည်းအဝေးကို အဆုံးသတ်လိုက်ပါတယ်။


*********


ကျောင်းထဲ ကျွန်တော်ဝင်လာတော့ ခန်းမထဲမှာ ကျောင်းသားသစ်လေးတစ်ယောက်ကို ယောင်လည်လည်မြင်တာကြောင့် စကားပြောဖို့ အနားကပ်သွားလိုက်တယ်။ 


‘ဟေး…’ ရွှန်းတောက်နေတဲ့ ကောင်လေးမျက်ဝန်းတွေကို စိုက်ကြည့်ရင်း အသံပြုပစ်တယ်ပေါ့။


‘ဟေး…အာ….ဝေယံဦး…ဟုတ်တယ်မလား’ 


‘အင်း….ဟုတ်တယ်ကွ’


‘ငါက မင်းသိုက်..အဲ…မင်းသိုက်စိုး’ 


‘တွေ့ရတာဝမ်းသာပါတယ်….မင်း ဘယ်ကကျောင်းပြောင်းလာတာလဲ’


‘ငါက သံလျှက်မော် အရှေ့ဘက်ခြမ်းကပြောင်းလာတာ။ ငါ့အဖေအလုပ်ကြောင့် သည်ကိုရွေ့လာတယ်ဆိုပါတော့’  သူနေခဲ့တဲ့ ကျောင်း နေရာကို ပြောပြတယ်။


မနေ့ည မြို့ဆင်ခြေဖုံးအရပ်ဖက်မှာတွေ့ခဲ့သော ကြေးနီရောင်အသားအရေနဲ့လူ ကျွန်တေ်ာတို့နားရောက်လာတာတယ်။ ကျွန်တော် ဘာလုပ်ရမှန်းမသိ တကိုယ်လုံးတောင့်တင်းသွားပါရဲ့။ 


‘ကောင်းပြီလေ….ဒါ ငါ့အဖေပါ….နောက်မှတွေ့မယ် ဝေယံ’ 


ကျွန်တော် စကားမပြောနိုင်ခဲ့ဘဲ မင်းသိုက်စိုးကိုပဲ စိုက်ကြည့်နေမိခဲ့တယ်။ ကျွန်တော်ဘာလုပ်တာလဲ။ သူ ကျွန်တော့်ကို ကြည့်နေခဲ့တာ။ ပြီးတော့ ကျွန်တော့်ကို တစ်ချက်ပြုံးပြသေးတယ်။ ကျောင်းပေါက်ဝဘက် ထွက်သွားတဲ့ သူတို့ကိုအကြည့်လွှဲပြီး စာသင်ခန်းဘက် ကျွန်တော် ပြန်လှည့်လိုက်ကာ အခန်းထဲဝင်လိုက်ပါတယ်။ 


‘သူသိနေသလား?’


‘ကျွန်တော့်ကို သူသတ်မှာလား’


‘သူ ကျွန်တော့်ကို သတ်မှာလား….’


Alex Aung (4 March 2021)


To be continued…….

စာကြွင်း။ ။ Dark Story Series ထဲက တစ်ပုဒ်ဖြစ်ပြီး စာအရေးအသားပိုင်းဖတ်လို့အဆင်မပြေရင် ဆောရီးနော်။ နောက်အပုဒ်တွေကျ ဖတ်လို့အဆင်ပြေအောင်ကြိုးစားရေးပါ့မယ်။


 (Zawgyi) 


Into Darkness (Part One)




‘ငါတို႔သည္ေနရာမွာ မရွိသင့္ဘူးေနာ္ ေက်ာ္ဇင္’ 


 ‘မေကာင္းတာတစ္ခုခု ငါတို႔ျဖစ္ေတာ့မယ္လို႔ ခံစားေနရတယ္’ 


‘ေ၀ယံ….ဒရမ္မာေတြ အလြန္အက်ဴးခင္းမေနစမ္းနဲ႔ကြာ….ငါတို႔ အဆင္ေျပမွာပါ…အိုေက’ 


သစ္ေတာအုပ္ၾကီးထဲကို နက္သထက္နက္ေအာင္ ကၽြန္ေတာ္တို႔လမ္းေလွ်ာက္၀င္ေနစဥ္မွာ အနည္းငယ္ေၾကာက္လန္႔စိတ္နဲ႔ေျပာမိခဲ့တဲ့ စကားေတြပါ။ ကၽြန္ေတာ္ အသံမတုန္ေအာင္ၾကိဳးစားျပီးထပ္ေျပာမိေပမယ့္ ေက်ာ္ဇင္ကေတာ့ ပံုမွန္ေလသံနဲ႔ပဲ စကားျပန္ေျပာပါရဲ႕။


ေက်ာ္ဇင့္ေလသံ စကားေျပာသံ သြားလာဟန္ေတြက ေအးေဆးသက္သာ သြားလာေနတာမွန္ေပမယ့္ ကၽြန္ေတာ္ကေတာ့ စိတ္ေတြမျငိမ္ သက္သလို တစ္စံုတစ္ေယာက္ ဒါမွမဟုတ္ တစ္စံုတစ္ရာက ကၽြန္ေတာ္တို႔ကို ေစာင့္ၾကည့္ေနသေယာင္ခံစားေနရဆဲပါပဲ။


ကၽြန္ေတာ္ အသက္ပံုမွန္ရွဴရႈိက္ဖို႔ၾကိဳးစားေပမယ့္ ပန္းနာရင္က်ပ္ေရာဂါက စကားထဲထည့္ေျပာဖို႔လိုလာေၾကာင္း ခံစားရပါတယ္။ စိတ္ လႈပ္ရွားမႈေၾကာင့္ထင္တယ္ နည္းနည္းရင္ၾကပ္သလိုခံစားလာရတာမို႔ အိပ္ကပ္ထဲက ရွဴေဆး inhaler ကိုထုတ္ ေဆးပုလင္းကို စလႈပ္လိုက္တယ္။ 


‘ၾကည့္ ….သည္လိုလုပ္မွပဲ တကယ့္ body အစစ္ကို ငါတို႔ျမင္ႏိုင္တဲ့အခြင့္အေရးရလိမ့္မယ္ေလကြာ’ ေက်ာ္ဇင္က အျပံဳးတစ္ခ်က္နဲ႔ ေျပာတယ္။ 


‘ဒါေပမဲ့ ငါတို႔အဖမ္းခံရရင္ဘယ္လိုလုပ္မလဲ’ လို႔ စိတ္ဆိုးမာန္ဆိုးနဲ႔ ကၽြန္ေတာ္သူ႕ကို ခပ္တုိးတိုးခြန္းတုန္႔ျပန္လိုက္ပါတယ္။ 


ကၽြန္ေတ္ာတို႔အတြက္ ပုန္းခိုစရာ ေက်ာက္ေဆာင္ခပ္ၾကီးၾကီးေတြ ေတြ႕ရခ်ိန္မွာေတာ့ ေက်ာ္ဇင္က ‘ငါတို႔အဖမ္းမခံရပါဘူး’လို႔ ေျပာေရာ။   


ရဲေတြကလည္း သည္အေလာင္းခႏၶာကိုယ္ၾကီးကို  ရွာေဖြေနၾကတာပါ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ေတြ လွ်ိဳ၀ွက္စြာ ဆက္လက္ပုန္းခိုလႈပ္ရွား ဖို႔လိုအပ္ေနဆဲျဖစ္ပါတယ္။ အထူးသျဖင့္ ေက်ာ္ဇင္ရဲ႕ အေဖ ေဒါက္တာ ဉာဏ္ဘိုဘိုေျပာစကားေတြေၾကာင့္ပါဗ်။ 


‘သည္ေနရာမွာေနခဲ့….ငါရွာေတြ႕ခ်ိန္က်ရင္ မင္းကိုငါေခၚလိုက္မယ္’ ေက်ာ္ဇင္ေျပာလည္းေျပာ ညအေမွာင္ထဲကို တိုး၀င္ေပ်ာက္ကြယ္သြား တဲ့အေပၚ inhaler မွေဆးကိုတစ္ခ်က္ရႈိက္ရင္း ကၽြန္ေတာ္က်န္ေနခဲ့တယ္ေလ။ ေက်ာ္ဇင္ကေတာ့ ေကာင္မေလးတစ္ေယာက္ရဲ႕ နာမည္ၾကီးအသက္မဲ့အေလာင္းကိုရွာဖို႔ ေရွ႕ဆက္သြားပါျပီ။


 ‘မင္းဘာလုပ္ေနတာလဲ ေက်ာ္ဇင္’ 


ရင္းနီးေနၾကအသံက ေနာက္လွည့္မၾကည့္ဘဲမေနႏိုင္ေအာင္ သူ႕ကိုေစ့ေဆာ္လိုက္ပါတယ္။ ကၽြန္ေတာ္ ျခံဳပုတ္ေနာက္မွာ ပုန္းခိုရင္း နားစြင့္ေနမိလိုက္တယ္။ ေက်ာ္ဇင့္အေဖက သူ႕ေနာက္တည့္တည့္မွာရပ္ေနခဲ့တာပါ။ 


‘အာ…သား…သား..’

‘အေလာင္းလိုက္ရွာေနတာလား….ေ၀ယံဘယ္မွာလဲ’ 

‘Uh…ေ၀ယံ?….သူ႕အိမ္မွာေလ။ သည္ေနရာကို သားတစ္ေယာက္တည္း ကိုယ့္ဘာသာလာခဲ့တာ’

‘ဟူး….ေသခ်ာလား။ ေ၀ယံ…ပုန္းမေနနဲ႔ သည္ကိုထြက္လာခဲ့…ေ၀ယံ’ ဦးဉာဏ္ ကၽြန္ေတာ့္ကို ေအာ္ေခၚေနေရာ။ 

‘ေကာင္းျပီေလ…သားကို ယံုလို႔ရတယ္လို႔ အေဖယူဆပါ့မယ္။ လာ အိမ္ျပန္ၾကစို႔’ 


‘ေသျပီဆရာ..’ ကၽြန္ေတာ္ ခပ္တိုးတိုးေရရြတ္ညည္းညဴမိပါတယ္။ သစ္ပင္အကြယ္ကေန မရဲတရဲေခ်ာင္းၾကည့္လိုက္ေတာ့ ေက်ာ္ဇင္တို႔ သားအဖ သစ္ပင္ေတြၾကားထဲတိုး၀င္ေပ်ာက္ကြယ္သြားပါျပီ။ ကၽြန္ေတာ္ hoodie ကို ေခါင္းေပၚတင္လိုက္ရင္း မသိမသာေက်ာစိမ့္သြားျခင္း ကိုေႏြးမလားလုပ္လိုက္ကာ ေက်ာ္ဇင္ရဲ႕ ဂ်စ္ကားရပ္ထားရာဘက္ကို ကၽြန္ေတာ္ျပန္ဦးတည္ေလွ်ာက္သြားခဲ့ပါတယ္။ ေၾကာက္လန္႔ဖို႔ ေကာင္းေလာက္ေအာင္ တိတ္ဆိတ္ေနတာမ်ား ပုစဥ္းရင္ကြဲေအာ္သံေတာင္မၾကားရပါဘူး။ တိတ္ဆိတ္ေနတာပါ။ ကၽြန္ေတ္ာ တကယ္ကို ေၾကာက္လန္႔စိတ္၀င္စျပဳျပီ။ ညာဘက္ ခပ္လွမ္းလွမ္းမွ ၾကီးမားသလို ၀ိုင္း၀န္းေနတဲ့ အနီေရာင္မ်က္လံုးေတြက ကၽြန္ေတ္ာ့ကို စူးစိုက္ ၾကည့္ရင္း တျဖည္းျဖည္းတိုးကပ္လာသေယာင္ ျမင္ရတယ္။


ကၽြန္ေတာ့္မ်က္၀န္းေတြလည္း ေၾကာက္လန္႔မႈေၾကာင့္ ျပဴးက်ယ္ကာ အျခားတစ္ဖက္ကိုကၽြန္ေတာ္လွည့္ထြက္ေျပးခဲ့မိပါတယ္။ ေျပးႏိုင္သမွ် ျမန္ျမန္ ကၽြန္ေတာ္ေျပးထြက္ရင္း ျခံဳပုတ္ေလးေတြၾကား တိုးေ၀ွ႕တာ လက္ေတြကို သစ္ပင္သစ္ကိုင္းေတြ တြန္းတိုက္မႈ ေၾကာင့္ ပြန္းပဲ့ကုန္ျပီ။ ကၽြန္ေတာ့္ကိုယ္ထဲက ေသြးေတြအကုန္ေပါက္ထြက္မတတ္ ဆူပြက္လာေအာင္ ႏွလံုးခုန္သံေတြ တဒိန္းဒိန္း ျမည္တဲ့အထိ ေျပးႏႈန္းျမွင့္လိုက္တာပါ။ အေမွာင္ရိပ္ကဲ ဘာမွသည္းသည္းကြဲကြဲမျမင္ရတာကို တိုး၀င္ေျပးထြက္ခဲ့ေပမယ့္ မ်က္လံုးနီနီၾကီး က ကၽြန္ေတာ့္ေနာက္ပါးကေန ဆက္လိုက္လာတယ္ဗ်။ ကိုယ့္ေျခလွမ္းကိုသတိထားရင္း ဆက္ေျပးခဲ့တာမွာ သစ္ျမစ္တစ္ခုကို ကၽြန္ေတာ္ ခလုပ္တိုက္မိျပီး ေျမျပင္ေပၚပစ္လဲက်တယ္။ လက္တစ္ဖက္ကကိုင္ထားတဲ့ inhaler လည္း ခပ္ေ၀းေ၀းကိုလြင့္ထြက္သြားတာမို႔ ကၽြန္ေတာ္ ရွာမေတြ႕ေတာ့ဘူး။ အဲသည္မ်က္လံုးအစံုၾကီးဟာ ကၽြန္ေတာ့္အနားတိုးကပ္သထက္ကပ္လာတာေၾကာင့္ ကၽြန္ေတာ္ စတင္ေအာ္ဟစ္မိ ပါတယ္။ အဲဒါၾကီးက ကၽြန္ေတာ့္အနားတိုးကပ္လာလို႔ ဘက္လက္ကိုဆန္႔ထုတ္ကာ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔တြန္းတိုးလိုက္မိေရာ။ အား… ကၽြန္ေတာ့္လက္ကို တစ္ခ်က္ကိုက္လႊတ္တယ္ဗ်။


“AAH!” ကၽြန္ေတာ့္အေရျပားကို ခၽြန္ျမတဲ့သြားအစံုထိုးေဖာက္လာခ်ိန္ အသားကုန္ေအာ္ဟစ္ပစ္တယ္။ သည္အျဖစ္ကေနလြတ္ေျမာက္ဖို႔ ကၽြန္ေတာ္ ၾကိဳးစားေပမယ့္ ရုတ္ျခည္းအားနည္းသြားသလို ခံစားရပါတယ္။ မ်က္လံုးၾကီးက ကၽြန္ေတာ့္ကို အတန္ၾကာစိုက္ၾကည့္ေနရင္း ကိုက္ထားတာကိုလႊတ္ကာ အေ၀းကိုေျပးထြက္သြားတယ္။ ၀တ္ထားတဲ့ ေခၽြးခံအက်ႌလက္ကို လိပ္တင္ျပီးၾကည့္လိုက္ေတာ့ ၀ံပုေလြ တစ္ေကာင္ကိုက္ထားတဲ့အတိုင္းပဲ ခပ္နက္နက္ ကိုက္ထားေသာ သြားရာကိုေတြ႕ရတယ္ေလ။ ‘ေခြးရူးျပန္ေရာဂါမျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းရမွာပဲ’ဆိုျပီးကိုယ့္ဘာသာကိုယ္ပဲ အေတြး၀င္မိတယ္။ ေျမျပင္ေပၚ ေျခအစံုခ်ျပီး မတ္မတ္ရပ္ဖို႔ ကၽြန္ေတာ္ၾကိဳးစားလိုက္ကာ ေသြးယိုထြက္ေနတဲ့ လက္ကိုဖိကိုင္ထားရင္း သစ္ေတာအုပ္ထဲက တိုးထြက္ခဲ့ပါတယ္။ မၾကာခင္မွာပဲ ေက်ာ္ဇင္ရဲ႕ ဂ်စ္ကားရွိရာကို ကၽြန္ေတာ္အေရာက္ သူေစာင့္ဆိုင္းေနတာကို ျမင္လိုက္ရတယ္ေပါ့။


‘ျမန္ျမန္လာ ငါ့ေကာင္…ငါ့အေဖက….မင္းလက္…မင္းလက္ဘာျဖစ္လာတာလဲ’ 

‘ငါမသိဘူး ေက်ာ္ဇင္…..သည္ဘက္ကို ငါျပန္ေလွ်ာက္လာေတာ့ ၀ံပုေလြတစ္ေကာင္လား ဘာလားမသိက တိုက္ခိုက္တာခံရတယ္’

‘၀ံပုေလြတစ္ေကာင္? သည္ ျမိဳင္မဟာမွာ ဘယ္၀ံပုေလြမွမရွိေတာ့တာ ႏွစ္ႏွစ္ဆယ္ေလာက္ရွိျပီ’

‘အဲ….၀က္၀ံတို႔ လူ၀ံတို႔ေတာ့မဟုတ္ဘူးကြ အေကာင္နည္းနည္းေသးတယ္…ၾကည့္ၾကည့္…ဘယ္လိုပံုစံလဲဆိုတာ’

ကၽြန္ေတာ္အက်ႌလက္ကို လွိမ့္တင္ျပီး ဒဏ္ရာကိုျပလိုက္ပါတယ္။


‘ဘာ…ဘာျဖစ္တာလဲဟ’ ကၽြန္ေတ္ာ ခပ္တိုးတိုးေရရြတ္မိတယ္။ အက်ႌလက္ကိုေခါက္တင္ျပီး အနာကိုၾကည့္လိုက္တာ ေသြးစို႔ရာေတာင္ မေတြ႕ရေလာက္ေအာင္ လံုး၀က်က္ေနျပီ။ ရုတ္ျခည္းဆိုသလို လက္ကိုင္ဖုန္းသံတစ္ခုက်ယ္ေလာင္စြာျမည္ဟည္းလာတယ္။ ‘Ugh! ေက်ာ္ဇင္ ဖုန္းသံပိတ္လိုက္စမ္းကြာ….’ ကၽြန္ေတာ့္နားအစံုကို လက္နဲ႔ပိတ္ကာရင္း ေအာ္ေျပာပစ္တယ္။


‘ငါ့ဖုန္း…ငါ့ဖုန္းက မျမည္ပါဘူးကြ …သည္မွာၾကည့္’

‘အဲ့တာဆို ငါဘာေတြျဖစ္ေန မွားယြင္းေနတာလဲ’ 

‘ရွင္းျပစရာ အေၾကာင္းရင္းတစ္ခုပဲရွိတယ္’

သူ႕ဖုန္းမ်က္ႏွာျပင္ကို ကၽြန္ေတာ့္အနားတိုးျပေတာ့ ဘာဖုန္းမွမလာပါ။ ေက်ာ္ဇင္တစ္ေယာက္ ျပဴးျပဴးပ်ာပ်ာ စကားတစ္ေငါ့ေငါ့နဲ႔ ဆက္ေျပာဖို႔ၾကိဳးစားပါတယ္။


‘ဘာလဲ’

‘မင္း….မင္းက သမန္း၀ံပုေလြတစ္ေကာင္…’

‘ေက်ာ္ဇင္…သူငယ္ခ်င္း မင္းရူးေနလား….ငါ့မွာ ထူးထူးျခားျခားျဖစ္စရာအေၾကာင္းရင္း…’ ကၽြန္ေတာ္စကားေျပာေနရင္းမွ ခပ္လွမ္းလွမ္းက ဟိန္းေဟာက္သံေတြ ၾကားလိုက္ရတာေၾကာင့္ စကားဆက္မေျပာမိၾကဘူး။ ကၽြန္ေတာ့္ညာဘက္ သစ္ေတာအုပ္ဆီကို အေၾကာင္းရင္းရွာဖို႔ ၾကည့္မိပါရဲ႕။ ေခါင္းကိုခါရမ္းရင္း စိတ္ျငိမ္ေအာင္ၾကိဳးစားေနစဥ္ ေက်ာ္ဇင္က ကၽြန္ေတာ့္ကို အိမ္လိုက္ပို႔တယ္။


‘ေ၀ယံ အိမ္တံခါးေတြ ျပတင္းတံခါးေတြ ဖြင့္မထားနဲ႔ေနာ္ ငါ့ေကာင္’ 

ျခံ၀င္းအ၀မွာ အသာခ်ေပးရင္း စိတ္မခ်စြာေမာင္းထြက္သြားတဲ့ ေက်ာ္ဇင့္စကားကို မၾကားသေယာင္ေယာင္နဲ႔ ေလွကားထစ္ေတြ ကို နင္းတက္ကာ ကၽြန္ေတာ့္အိမ္ရွိရာသြားခဲ့တယ္။ အိမ္တံခါးကိုပိတ္ ေသာ့ခတ္ရင္း မာမီ့ကို goodnight လို႔ လွမ္းႏႈတ္ဆက္ျပီး ကၽြန္ေတာ့္ အခန္းထဲ၀င္တယ္။ ျပီးေတာ့ ေခၽြးခံအက်ႌနဲ႔ ရွပ္အက်ႌေတြသာမက အ၀တ္အစားေတြကို လဲပစ္တယ္။ ညအိပ္မီးပါမခ်န္ေတာ့ဘဲ အခန္းမီးကိုပိတ္ကာ အိပ္ယာေပၚကို ျဖည္းျဖည္းေလးေလးတက္လိုက္တယ္ေပါ့ဗ်ာ။


*******


တံခါးခ်ပ္ကိုတြန္းတိုက္၀င္လာတဲ့ ေရခဲတမွ်ေအးလွတဲ့ ေလစိမ္းေတြေၾကာင့္ ကၽြန္ေတာ္ႏိုးသြားပါတယ္။ ျပတင္းေပါက္ကေန အျပင္ကို ၾကည့္လိုက္ေတာ့ အသက္အရြယ္ ႏွစ္ဆယ္၀န္းက်င္ေလာက္ပဲရွိဦးမယ့္ ေကာင္ေလးတစ္ေယာက္ အခန္းတြင္းက ကၽြန္ေတာ့္အား ျပတင္းမွန္ခ်ပ္ကို ေဖာက္ထြင္းစူးစိုက္ၾကည့္ေနတယ္ေလ။ ကၽြန္ေတာ့္ ဦးေခါင္းကို အနည္းငယ္လႈပ္ရမ္း ခါရမ္းၾကည့္ျပီး အိပ္ခ်င္မူတူး ျမင္ခ်င္ရာျမင္ေနတာ မျဖစ္ ေအာင္ၾကိဳးစားၾကည့္ရေရာ။ ဒါေပမဲ့ ညအေမွာင္ထဲမွာ ဖ်ပ္ကနဲ သူေပ်ာက္သြားတယ္။ ျပတင္း၀ကေန အခန္းဘက္ကို ကၽြန္ေတာ္ ျပန္အလွည့္မွာ သူက မတ္မတ္ရပ္လ်က္ အနားကိုေရာက္ေနျပီ။ ‘ဘာလဲဟ…’


‘ရွဴး…..က်ဳပ္နာမည္က သူရိန္။ ခင္ဗ်ားကို ေစာင့္ၾကည့္ေနေတာ့မွာ’ သူ႕ႏႈတ္ခမ္းမွာ လက္ေခ်ာင္းတစ္ေခ်ာင္းကန္႔လန္႔ျဖတ္တင္ရင္း ခပ္တိုးတိုးေနဖို႔ ကၽြန္ေတာ့္ကိုေျပာပါတယ္။


‘ငါ့ကို ဘယ္သူမွေစာင့္ၾကည့္ေနဖို႔မလိုပါဘူး။ ေနာက္ျပီး….ဘာေၾကာင့္….’


‘က်ဳပ္ကိုယံုစမ္းပါ’ သူ႕အေျပာေၾကာင့္ ကၽြန္ေတာ္ ခပ္ျမန္ျမန္ပဲ တိတ္တဆိတ္ေနလိုက္တယ္။


‘အိပ္ေတာ့….’ သူေျပာေျပာဆိုဆို ျပတင္းေပါက္ကေန ခုန္ထြက္သြားပါတယ္။ ကၽြန္ေတာ္လည္း ခုတင္ေပၚတက္ ေခါင္းအံုးေပၚ ျပန္လွဲရင္း အိပ္ေပ်ာ္သြားပါတယ္ သိပ္မၾကာဘူး။


**********


‘ေ၀ယံဦး ေနရာယူမယ္’ သင္တန္းနည္းျပ ဦးေမာင္က ေအာ္ေခၚတယ္။ ေျပးလမ္းေပၚမွာ ေခ်ာ္မလဲဘဲ အမွားတစ္စံုတရာမျဖစ္ ပန္းတိုင္ ေရာက္ဖို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ပြဲၾကည့္ပရိသတ္ေတြကလည္း တခဲနက္ ဟစ္ေအာ္အားေပးေနတယ္ေလ။ ‘ေ၀ယံ…သား… သြားေလ’ ေမေမက လွမ္းေအာ္သတိေပးတယ္ဗ်။ ကၽြန္ေတာ္က ေျပးလမ္း နံပါတ္ေလးလိုင္းေျမာက္မွာ ေနရာရတယ္။ ကၽြန္ေတာ့္အိပ္ မက္က ပထမလိုင္းမွာေနရတဲ့ ဦးစားေပး အေျပးသမားတစ္ေယာက္ျဖစ္ဖို႔ပဲ။ ဒါေပမဲ့ ကၽြန္ေတာ္နဲ႔ ေက်ာ္ဇင္က အဲ့သေလာက္ ျပိဳင္ဖို႔ မစြမ္းခဲ့ေသးဘူး ျပိဳင္ပြဲ၀င္အရည္အခ်င္းမျပည့္ေသးဘူးဆိုရမယ္။


အခ်က္ေပးခရာမႈတ္မယ့္သူ ကၽြန္ေတာ္တို႔နံေဘးကျဖတ္အသြားမွာ ရင္ခုန္သံေတြစတင္ခုန္ေပါက္ေနပါျပီ။ ကၽြန္ေတာ့္မ်က္၀န္းေတြဟာ အနက္စစ္စစ္မဟုတ္ေသာ္လည္း အညိဳေရာင္ရင့္ျဖစ္ခဲ့တာပါ။ အခု ကၽြန္ေတာ့္ျမင္ကြင္းတစ္ခုလံုး နီရဲေနျပီ။ ေျပးမယ့္ ကၽြန္ေတာ့္ေျခ ေထာက္ေတြဟာ ယိုင္နဲ႔နဲ႔ျဖစ္ေနသလို တုန္ခါေနတာက စကၠန္႔သံုးဆယ္ေလာက္ၾကာသြားတယ္။ သည္ျပိဳင္ပြဲကို အႏိုင္ရဖို႔ဆိုရင္ အခုေျပး မယ့္ ျပိဳင္ပြဲငယ္ေလးေတြမွာ အမွတ္ေကာင္းေကာင္းရေနမွျဖစ္မွာပါ။ ေျပးတယ္ ေျပးတယ္ ျပိဳင္ပြဲ၀င္အေတာ္မ်ားမ်ားကို ကၽြန္ေတာ္ ေနာက္ခ်န္ထားပစ္ကာ ပန္း၀င္ရင္း ႏိုင္ပြဲဆင္ခဲ့တယ္ေလ။ ကၽြန္ေတ္ာ့ႏွလံုးခုန္သံဟာ အရင္အခ်ိန္ေတြထက္ ျမန္ေနခဲ့ပါတယ္။ အသက္ရွဴ တာကလည္း အေတာ္အရွိန္ျမင့္ေနတယ္။


ကၽြန္ေတာ္ ေျမျပင္ေပၚကို ဒူးေထာက္ထိုင္ခ်လိုက္တာေၾကာင့္ ေက်ာ္ဇင္ အေျပးကေလးအနားကိုေရာက္လာတယ္။ ‘အဆင္ေျပလား ေ၀ယံ’ ကၽြန္ေတာ့္ကို စိုးရိမ္တၾကီးေမးတယ္။ ‘အဲတာ…ျဖစ္လာျပီ…အဲတာျဖစ္လာျပီ ေက်ာ္ဇင္’ ကၽြန္ေတာ့္ေနာက္ပါးက ၀မ္းသာဂုဏ္ယူ ေအာ္ဟစ္ေနတဲ့ အသင္းသားေတြကို လက္ေျမွာက္ျပလိုက္တယ္။ 


စကၠန္႔အနည္းငယ္အၾကာမွာေတာ့ ေက်ာ္ဇင့္မ်က္၀န္းေတြက ထိတ္လန္႔တၾကားအသြင္ေပၚလာတယ္။ ‘အို….မဟုတ္ဘူး….မဟုတ္ဘူး… သည္ေနရာမွာေတာ့ မျဖစ္နဲ႔ဦး…လာ သူငယ္ခ်င္း’ ကၽြန္ေတာ့္ပုခံုးကိုေထြးဖက္ရင္း အ၀တ္လဲခန္းထဲကိုတြဲေခၚသြားပါတယ္။ ျပီးေတာ့ အခန္းတံခါးကို locked လုပ္လိုက္တယ္။ ၾကမ္းျပင္ေပၚကို ေနာက္တစ္ၾကိမ္ ဒူးေထာက္ထိုင္က်သြားရင္း ကၽြန္ေတာ့္ပါးစပ္က မာန္ဖီသံ စထြက္လာတယ္။ အတိုင္းအဆမဲ့ နာက်င္မႈေတြ ကၽြန္ေတာ့္တကိုယ္လံုး ခံစားရတယ္။ ‘သူငယ္ခ်င္း….ဘာျဖစ္ေနတာလဲ’ ကၽြန္ေတာ္ ဘာမွျပန္မေျပာႏိုင္ဘဲ မာန္ဖီသံဆက္ျပဳရင္း ရွည္သထက္ရွည္ထြက္လာတဲ့ ကၽြန္ေတာ့္လက္သည္းေတြကိုၾကည့္မိေတာ့ တိရစၧာန္ေတြရဲ႕ လက္သည္းေတြလိုျဖစ္ေနျပီ။ 


ကၽြန္ေတာ့္ေရွ႕ေမွာက္ ဒူးေထာက္ထိုင္ကာ စိုးရိမ္တၾကီးျဖစ္ေနတဲ့ ေက်ာ္ဇင္ကိုျမင္ရပါတယ္။ 


‘ေ၀ယံ…ေ၀ယံ….ငါေျပာတာၾကားလား’ 

အေပၚသြားေကာ ေအာက္သြားေကာ ႏွစ္ခုစလံုး အစြယ္ေတြထြက္လာတာကို ကၽြန္ေတာ္ခံစားသိႏိုင္တယ္ဗ်။ ကၽြန္ေတာ့္ျမင္ကြင္းဟာ လည္း ၾကည္လင္မေနေတာ့ဘဲ ရဲရဲနီစျပဳျပီ။ ‘ငါ့အနားကထြက္သြားစမ္း’ ကၽြန္ေတာ္ ေက်ာ္ဇင္ကိုေအာ္ဟစ္ပစ္လိုက္တယ္။ ကၽြန္ေတာ္ မတ္တပ္ရပ္လိုက္ခ်ိန္မယ္ ေက်ာ္ဇင့္မ်က္၀န္းေတြမွ ေၾကာက္ရြံ႕ထိတ္လန္႔မႈေတြေပၚလာတာျမင္ရပါတယ္။ ပင္ကိုယ္အသိစိတ္ကို ထိန္းခ်ဳပ္ဖို႔ သိပ္မျဖစ္ႏိုင္ေတာ့ဘူးဗ်ာ။ ေက်ာ္ဇင့္ကို သူငယ္ခ်င္းတစ္ေယာက္အျဖစ္ မျမင္ေတာ့ဘဲ လုစရာပစၥည္း ဒါမွမဟုတ္ ဖ်က္ဆီးစရာ သားေကာင္အျဖစ္ ျမင္လာတယ္။ 


‘ေ၀ယံ…..ေ၀…ယံ….ငါ့ေကာင္…..မင္း…အဆင္ေျပရဲ႕လား’ 


ကၽြန္ေတာ္ ဦးေခါင္းကို အနည္းငယ္ခါရမ္းျပီး သူ႕မ်က္၀န္းေတြကို စိုက္ၾကည့္လိုက္တယ္။


‘Oh My God….’ ကၽြန္ေတာ့္သြားစြယ္အခၽြန္ေတြကို သူျမင္သြားခ်ိန္မွာေတာ့ အလန္႔တၾကားဘုရားတပါေရာ။


ကၽြန္ေတာ္ ခါးကို ခါရမ္းျပီး ေျခလွမ္းအနည္းငယ္လွမ္းၾကည့္ခ်ိန္၀ယ္ ကၽြန္ေတာ့္လက္သည္းေတြဟာ ရွည္သထက္ပိုမိုရွည္ထြက္လာသလို ပိုမိုခၽြန္ျမလာတယ္ေလ။ ေက်ာ္ဇင့္အနားပိုတိုးကပ္လိုက္ေတာ့ သူ႕ဆီကေၾကာက္ရြံ႕မႈ ရနံ႔ေတြကို ရမိသလို သူ႕ေသြးေတြကိုစုပ္မ်ိဳဖို႔ ကၽြန္ေတာ္ ဆာေလာင္မိတယ္။ 


‘ငါ့…ငါ့ကို ဘာလုပ္မလို႔လဲ….ေ၀ယံ…..သြားေတြကိုေတာ့ မေၾကာက္ဘူး ဒါေပမဲ့ မင္းနားရြက္ေတြက ငါ့ကိုလန္႔ေအာင္လုပ္ေနတယ္’ 


ကၽြန္ေတ္ာ ခပ္တိုးတိုး မာန္ဖီသံတစ္ခ်က္သူ႕ကိုေပးလိုက္ေတာ့ ေက်ာ္ဇင့္မ်က္၀န္းေတြ ျပဴးက်ယ္လာတယ္။ ဆတ္ကနဲ သူ႕ဆီ ကၽြန္ေတာ္ လွမ္းလိုက္ေတာ့ ထြက္ေျပးသြားတာေၾကာင့္ ဖမ္းမမိလိုက္ပါဘူး။ ခပ္အိုအို ထုတ္တန္း၊ ဒိုင္းေပၚခုန္တက္ျပီး ကၽြန္ေတာ့္သားေကာင္ကို ၾကည့္ဦးမွ။


ကၽြန္ေတာ္ အ၀တ္လဲခန္းအေပၚဘက္ခုန္တက္ကာ အေပၚစီးကေန ေက်ာ္ဇင့္ကိုလိုက္ၾကည့္ပါတယ္။ တစ္စံုတစ္ခုကို ခလုပ္တိုက္ျပီး ျပန္ထေျပးဖို႔ အခက္ေတြ႕ေနဟန္တူပါတယ္။ ကၽြန္ေတ္ာ့ဆီကေန ခပ္ေ၀းေ၀းထြက္ေျပးႏိုင္ဖို႔ မာန္ဖီသံတစ္ခ်က္ေပးလိုက္တယ္ဆိုေပမယ့္ ျမင္ကြင္းကေန မေပ်ာက္သြားေသးပါ။ ၀ကၤပါကြက္လိုျဖစ္ေနတဲ့ အခန္းဖြဲ႕စည္းပံုေတြၾကား ေျပးေပါက္မွားေနတဲ့သူ႕ဆီ အ၀တ္လဲခန္းထိပ္ ပိုင္းေတြကို နင္းျဖတ္ရင္း ခုန္ေက်ာ္ကာ ေၾကာက္ရြံ႕မႈေၾကာင့္ခုန္ေပါက္ေနတဲ့ သူ႕ႏွလံုးခုန္သံကို နားဆင္ရင္းခ်ဥ္းကပ္ပစ္တယ္ေလ။ ၾကမ္းျပင္ေပၚေျခအခ် သူ႕ဆီေျခလွမ္းအနည္းငယ္တိုးကပ္လိုက္ေတာ့ 


‘ေ၀ယံ…ေ၀ယံ….ငါက….မင္း…မင္းသူငယ္ခ်င္း ေက်ာ္ဇင္ေလ’

‘OMG……ငါေသေတာ့မယ္…..မင္း…မင္း….ငါ့ကိုသတ္ေတာ့မွာလား’


ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ မထိန္းႏိုင္စြာ မာန္ဖီဟိန္းေဟာက္သံေတြ ပိုျပဳမိပါတယ္။ 

ေက်ာ္ဇင္တစ္ေယာက္ အခန္းနံရံကို တြန္းတိုက္မိျပီး ေျပးလမ္းပိတ္သြားေရာ။ 


‘Oh…God!....မလုပ္ပါနဲ႔….မလုပ္နဲ႔’ 

ေနာက္တစ္ၾကိမ္ သူ႕ဆီဆတ္ကနဲလွမ္းကာ တအိအိညည္းညဴသံကို နားဆင္ပစ္တယ္။ ကၽြန္ေတာ့္မ်က္ႏွာကို တစ္စံုတစ္ခုနဲ႔ ပစ္ရိုက္တာမို႔ ေျခလွမ္းအနည္းငယ္ေလာက္ ေနာက္ျပန္လြင့္သြားရပါတယ္။ မ်က္လံုးေတြျပန္ဖြင့္ၾကည့္ခ်ိန္မွာေတာ့ အခန္းတံခါးဖြင့္သံ ၾကားရျပီး ကၽြန္ေတာ့္သားေကာင္ဟာ ေက်ာင္းဧည့္ခန္းမဘက္ ထြက္ေျပးသြားတာမို႔ ထပ္ခ်ပ္မကြာလိုက္သြားလိုက္တယ္။ သူဟာ အားကစားနည္းျပ ေတြရဲ႕ ရံုးခန္းထဲေျပး၀င္သြားျပီး တံခါးမၾကီးကိုပိတ္ပစ္ပါတယ္။ သည္သစ္သားတံခါးရြက္ကို ကၽြန္ေတာ္ကန္ဖြင့္ ပစ္လိုက္ျပီး ဟိုသည္အၾကည့္ သူဟာ စားပြဲခံုတစ္ခုေနာက္မွာ ႏွံ႔ႏွံ႔စပ္စပ္ရွာေဖြေနရင္း whistle တစ္ခုဆြဲထုတ္ကာ မႈတ္ပါေရာ။ ေပၚထြက္လာတဲ့အသံ ဟာ ကၽြန္ေတာ့္ဦးေခါင္းထဲမယ္ ပဲ့တင္သံရိုက္ခတ္ေနတယ္။ နားရြက္ႏွစ္ဖက္ကို လက္နဲ႔ဖံုးအုပ္ရင္း ကၽြန္ေတာ္ ဒူးေထာက္ထိုင္က်သြားတာ ေပါ့ေနာ္။ သိသိသာသာတိုးထြက္ေနတဲ့ ကၽြန္ေတာ့္သြားအစြယ္ေတြ ေပ်ာက္ကြယ္သြားတာ ခံစားလိုက္ရျပီး ျမင္ကြင္းေတြဟာလည္း ေသြးေရာင္မလႊမ္းေတာ့ဘူး။ 


‘အ…’ ကၽြန္ေတာ္ခပ္တိုးတိုးညည္းမိတယ္။

ေက်ာ္ဇင္ ခပ္ျမန္ျမန္ဘဲ ကၽြန္ေတာ့္နံေဘးကိုေရာက္လာတယ္။ 

‘ဘာ…ဘာျဖစ္တာလဲကြာ’


‘မင္း…မင္း….ငါ့ကို သတ္ေတာ့မလို႔ေလ…..အျခားကိစၥေတြေတာ့ ဘာမွမလုပ္ပါဘူး’

ေၾကာက္ရြံ႕တာမေျပေသးေသာ ခပ္တုန္တုန္ေလသံနဲ႔ ေက်ာ္ဇင္ျပန္ေျဖပါတယ္။ 

‘မင္းက သမန္း၀ံပုေလြဆိုတာ အခုထိငါမယံုေသးဘူး’

ကၽြန္ေတာ္ကေတာ့ အသက္ခပ္ျပင္းျပင္းရွဴရႈိက္ရင္း ငိုရႈိက္လုနည္းပါးျဖစ္ေနသေယာင္ေပါ့။


‘ခဏေစာင့္ကြာ..’

ေက်ာ္ဇင္ေျပာေျပာဆိုဆို အ၀တ္လဲခန္းထဲက သူ႕ေက်ာပိုးအိတ္ကိုဆြဲယူလာျပီး လက္ကိုင္ဖုန္းကိုထုတ္လိုက္တယ္။

‘မင္းကို သည္ည ေသာ့ခတ္ထားရမယ္’ သက္ျပင္းတစ္ခ်က္ခ်ရင္း သူေျပာတာပါ။


‘ဘာ…ဘာလို႔လဲ’

ေၾကာက္လန္႔ဖို႔ေကာင္းေလာက္ေအာင္ တိတ္ဆိတ္သြားပါတယ္။ ျပီးမွ ခပ္ေျဖးေျဖး ကၽြန္ေတာ့္ကို ေမာ့ၾကည့္ရင္း 

‘သည္ည လျပည့္ညေလကြာ’တဲ့။


********


‘ေဟး…ေဘာ္ဒါ…သည္ညအတြက္ အသင့္ျဖစ္ျပီလား’ 


ေက်ာ္ဇင္တစ္ေယာက္ သူ႔ပခံုးေပၚမယ္ ရႈံ႕ၾကိဳးႏွင့္ပိတ္ရတဲ့ အိတ္လံုးရွည္ ခပ္ၾကီးၾကီးတစ္ခု (a duffel bag) လြယ္လ်က္ေရာက္လာတယ္။ ကၽြန္ေတာ္ကေတာ့ ကုလားထိုင္တစ္ခုမွာ ျငိမ္ျငိမ္သက္သက္ထိုင္ေနခဲ့တာေပါ့။ 


‘အင္း ေက်ာ္ဇင္….ငါ အဆင္ေျပမွာပါ’


‘ငါဘာေတြယူလာသလဲဆိုတာ မင္းၾကည့္စမ္း ေ၀ယံ။ မင္းအႏၱရာယ္မျဖစ္ေအာင္ လုပ္ေပးႏိုင္မယ့္ပစၥည္းေတြလို႔ ငါဆိုလိုခ်င္တာ။ ငါ့ကို မထိခိုက္ေစခ်င္ဘူးလို႔ မင္းေျပာတယ္မဟုတ္လား’


‘အင္း….ဟုတ္တယ္ေလ’ ကၽြန္ေတာ္ ခပ္ေအးေအးပဲျပန္ေျဖလိုက္တယ္။


‘ေကာင္းျပီေလ….ငါလည္း မင္းနာက်င္မွာကို မျမင္ခ်င္ပါဘူး။ အဲဒါေၾကာင့္ ဒါေတြ၀ယ္လာတာ’ 


ေခြးလည္ပတ္လိုမ်ိဳး အထိန္းပါတဲ့ သံၾကိဳးရွည္တစ္ခုကို အိတ္ထဲကေနဆြဲထုတ္ျပီး ကၽြန္ေတာ့္ကိုျပပါတယ္။


‘ငါ မ၀တ္ဘူးေနာ္ ေက်ာ္ဇင္’


‘အိုး….မင္း၀တ္ရမွာ ကို၀ံပုေလြေလးေရ….၀တ္ကြာ’


Radiator အနား ကၽြန္ေတာ္ထိုင္လ်က္ကေန သူ႕ကို ျခိမ္းေျခာက္သည့္အၾကည့္မ်ိဳးနဲ႔ ၾကည့္လိုက္တယ္။


‘o..ok ငါတို႔ ထိန္းခ်ည္တဲ့ၾကိဳးေတြ မလိုဘူးလို႔ထင္ပါတယ္….ေဆာရီးကြာ’ 


ေက်ာ္ဇင္က သူ႕လက္တစ္ဖက္ကိုဆန္႔ထုတ္ေပးရင္း ေတာင္းပန္စကားဆိုပါတယ္။ ကၽြန္ေတာ္လည္း သူ႕လက္တစ္ဖက္ကို တစ္ခ်က္ လွမ္းအကိုင္ ေက်ာ္ဇင္ေလ Radiator နဲ႔ ကၽြန္ေတာ့္လက္ကို လက္ထိပ္တြဲခတ္ပစ္တယ္။


‘ဒါ…ဒါ မင္းေကာင္းဖို႔အတြက္ပါ ေ၀ယံရာ…. မင္းနာက်င္မွာ ဒါမွမဟုတ္ ဆိုးဆိုးရြားရြားျဖစ္မွာကို ငါမျမင္ခ်င္ဘူး’


ေျပာေျပာဆိုဆို အခန္းတံခါးကို အျပင္ကေန ေသာ့ခတ္သြားပါတယ္။


‘ေက်ာ္ဇင္…..ငါ့ကိုလႊတ္ေပး…ေက်ာ္ဇင္!!!’


ေက်ာ္ဇင္ကို ေအာ္ဟစ္ေခၚသလို လက္ထိပ္ကိုလည္း ျပဳတ္ေလမလား ကၽြန္ေတာ္ဆြဲခါရမ္းၾကည့္တယ္။ ျပတင္းတံခါးကေနတစ္ဆင့္ လမင္းၾကီးကို ေမာ့ၾကည့္ေတာ့ တိမ္ေတြကင္းစင္ကာ ၾကည္ၾကည္လင္လင္၀င္းပေနပါေရာ။ ‘မဟုတ္ဘူး…ကြာ’ ကၽြန္ေတာ္ ခပ္တိုးတိုး ညည္းမိတယ္။


‘ေက်ာ္ဇင္…..ငါ့ကို ကူညီပါကြာ…..အျပင္ထြက္ခ်င္တယ္….လႊတ္ေပးကြာ…လႊတ္ေပး!!!’ ကၽြန္ေတာ္ အသံကုန္ေအာ္ပစ္တယ္ေလ။


ကၽြန္ေတာ့္မ်က္လံုးထဲမွာေတာ့ လမင္းၾကီးဟ ၀ိုင္း၀ိုင္းစက္စက္နဲ႔ လွလွပပေတာက္ပေနပါတယ္။ ကၽြန္ေတာ့္လက္အစံုကိုၾကည့္တာ လက္သည္းေတြ တျဖည္းျဖည္းရွည္ထြက္လာေနျပီ။ ကၽြန္ေတာ့္ေသြးေတြခမ္းသြားသလား။ ကၽြန္ေတာ့္သြားစြယ္ေတြလည္းရွည္ထြက္ လာသလို ကၽြန္ေတာ့္မ်က္လံုးေတြဟာလည္း ေနာက္တစ္ၾကိမ္ အ၀ါေရာင္သမ္းလာတယ္။ အခန္းနံရံက မွန္မ်က္ႏွာျပင္မွာ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ျပန္ျမင္ရတာက ကိုယ္ခႏၶာ ခပ္က်ံဳ႕က်ဳံ႕ရဲ႕ဆန္႔က်င္ဘက္အေနအထားျဖစ္ေနပါေရာ။ ကၽြန္ေတာ့္ ေအာ္ဟစ္သံေတြဟာ ဟိန္းေဟာက္သံအျဖစ္ ေျပာင္းလဲသြားပါျပီ။ ကၽြန္ေတာ့္ျမင္ကြင္းက အနီေရာင္လႊမ္းလာတယ္။ ‘ေ၀ယံ…ငါ့ေကာင္… မင္းအဆင္ေျပရဲ႕လား င့ါေကာင္’ ေက်ာ္ဇင့္အသံကိုၾကားရတယ္။  ကၽြန္ေတာ္လက္မွာခတ္ထားတဲ့ လက္ထိပ္ကို ခ်ိဳးဖ်က္ျပီး ျပတင္းတံခါးကေန ခုန္ထြက္လိုက္တယ္။ ေျမျပင္ေပၚ ေျခခ်မိတာနဲ႔ ေကာင္းကင္ေပၚက လမင္းကိုေမာ့ၾကည့္ကာ ကၽြန္ေတာ္ အူပစ္တာ ပါပဲ။


ကၽြန္ေတာ္ သစ္ေတာအုပ္ထဲကို ယခင္ကထက္ ပိုမိုျမန္ဆန္စြာ ေျပး၀င္သြားခဲ့တယ္။ သစ္ပင္ေတြဆို တရိပ္ရိပ္က်န္ေနခဲ့ျပီး ကၽြန္ေတာ့္ ေၾကာင့္ ေလသံတရွဲရွဲျမည္ကုန္ေရာ။ ကၽြန္ေတာ္ အသက္ရွင္သန္ေနဆဲပါ။ အသံခပ္ေလးေလးနဲ႔တစ္ခုခုပစ္က်သံကို ကၽြန္ေတာ္ၾကားျခင္း ေၾကာင့္ ေျပးေနတာကို ရပ္လိုက္တယ္။ ေနာက္ေတာ့ ေျမျပင္ေပၚၾကည့္လိုက္ရင္း ထုလံုးရွည္ပံုရွိတဲ့ အရာ၀တၳဳတစ္ခုကိုဖ်က္ကနဲ ရွာေတြ႕ တယ္။ အဲသည္အရာက ရုတ္ျခည္းဆိုသလို ေပါက္ကြဲျပီး ကၽြန္ေတ္ာ့ကို ဘာမွမျမင္ေတာ့ေအာင္ ျဖစ္ေစတာပါပဲ။ ျမွားပစ္သံတစ္ခ်က္ ၾကားလိုက္ရသလို ကၽြန္ေတာ့္လက္ေမာင္း တစ္ဖက္မွာ နာက်င္မႈကိုခံစားရေရာ။ ကၽြန္ေတာ္ နာက်င္မႈနဲ႕အတူ ထိတ္လန္႔စြာ ေအာ္ဟစ္လိုက္ပါတယ္။ ျမွားတံက အနီးအနားမွာ ရွိတဲ့ သစ္ပင္ၾကီးနဲ႔ ကၽြန္ေတာ့္ကို ပူးကပ္ေနေအာင္ ထိုးစိုက္ထားတယ္ဗ်။ 


ဦးေခါင္းကိုေျပာင္ေအာင္ရိတ္ထားျပီး အသက္သံုးဆယ္ေက်ာ္ အရပ္ ၆ေပေလာက္ရွိမယ့္ ဘဲတစ္ေပြ ကၽြန္ေတာ္ရွိေနတဲ့အပင္ရဲ႕ အေနာက္ဘက္ ခပ္ေစာင္းေစာင္းမွာ မတ္တပ္ရပ္လ်က္ေပၚလာတယ္။ အလားတူ ေနာက္ထပ္ ဘဲသံုးေပြလည္း ျမင္ကြင္းထဲ ေရာက္လာျပန္တယ္။ 


သိျပီ…..ကၽြန္ေတာ့္ကိုယ္ေပၚကို ခုန္အုပ္ျပီး တစ္ခုခုလုပ္လိုက္တဲ့ ဘဲၾကီးပဲ။ ေနာက္ထပ္ေပၚလာတဲ့ ဘဲသံုးေယာက္ကို အလန္႔တၾကား ေအာ္ဟစ္လိုက္ရင္း ကၽြန္ေတာ့္ပခံုးကမွ်ားကို ဆြဲႏႈတ္ေပးကာ ‘ေျပး…ေကာင္ေလး..ေျပး’ လို႔ေအာ္ပါေတာ့တယ္။ ကၽြန္ေတာ္လည္း သူေျပာတဲ့အတိုင္း ေျပးႏိုင္သမွ် ခပ္ျမန္ျမန္ေျပးမိတယ္။ သစ္ေတာထဲ နက္ႏိုင္သမွ် ခပ္နက္နက္ေရာက္ေအာင္ေျပးရင္း အုပ္ဆိုင္းေနတဲ့ သစ္ပင္ၾကီးတစ္ပင္နားမွာ လဲက်ခဲ့တယ္။ ဘဲၾကီးက ကၽြန္ေတာ့္ကို အေပၚကေန အုပ္မိုးၾကည့္ေနတယ္ဗ်။


‘သူတို႔ကဘယ္သူေတြလဲ..’ ကၽြန္ေတာ္ နာက်င္မႈနဲ႔အတူ ခပ္ျပင္းျပင္းအသက္ရွဴရႈိက္ေနရတယ္။


‘မုဆိုးေတြ….ငါတို႔ကို ရာစုခ်ီေအာင္ အမဲလိုက္ေနတဲ့ မုဆိုးမ်ိဳးေတြပဲ’


‘ကၽြန္ေတာ္ သည္ေနရာကိုဘယ္လိုေရာက္လာတာလဲ’


‘မင္းေျပးတာေလ’


‘ဒါေပမဲ့ ကၽြန္ေတာ္ မလုပ္..’


‘မွတ္မိျပီလား….ငါ စိတ္ကူးၾကည့္လို႕ရပါတယ္….မင္းအိမ္ကိုသြားၾကစို႔’ ကၽြန္ေတာ့္ကို မတ္တပ္ရပ္လို႔ရေအာင္ သူဆြဲထူကူညီပါတယ္။ သူေရွ႕ကေလွ်ာက္သြားတဲ့ေနာက္ အသာလိုက္သြားေတာ့ ရပ္ထားတဲ့သူ႕ကားေရွ႕ခန္း passenger ခံုဘက္ကတံခါးကိုဖြင့္ေပးတယ္။ 


‘ကၽြန္ေတာ္ တစ္ခုေလာက္သိခ်င္တယ္….ဘာေၾကာင့္ ကၽြန္ေတာ့္ကို ကိုက္ခဲ့တာလဲ။ သည္လိုဘ၀မ်ိဳးကို ကၽြန္ေတာ္မလိုခ်င္ဘူး။ မုန္းတယ္ဗ်’ 


‘အခုေတာ့ မင္းေျပာျပီေပါ့’


‘မဟုတ္ဘူး တကယ္ေျပာတာဗ်’ 


‘မင္းကို ကိုက္ခဲ့တဲ့တစ္ေယာက္က ငါမဟုတ္ဘူးကြ။ Alphas တစ္ေယာက္ပဲ လူေတြကို အေျပာင္းအလဲျဖစ္ေစႏိုင္တာ။ ငါက Betas ျဖစ္ခဲ့တာရယ္။ ငါတို႔က သူ႕ရဲ႕ အဖြဲ႔ထဲက တစ္ခ်ိဳ႕တစ္၀က္ေလ’ 


‘ဘယ္အဖြဲ႔အစည္းရဲ႕ အဖြဲ႕၀င္တစ္ေယာက္ဆိုတာမွ ကၽြန္ေတာ္မျဖစ္ခ်င္ဘူး…..ကၽြန္ေတာ္ ေ၀ယံဦးပဲျဖစ္ခ်င္တယ္’ ကၽြန္ေတာ္ ေအာ္ဟစ္ ေျပာဆိုလိုက္ပါတယ္။


‘ေကာင္းျပီ…..ေနာက္ထပ္ မထိန္းႏိုင္မသိန္းႏိုင္အေျခအေန မျဖစ္ေတာ့ဘူးဆိုတာ ငါတို႔ႏွစ္ေယာက္စလံုးသိတယ္…သတိေတာ့ထားဦး’


‘ကၽြန္ေတာ္ ကိုယ့္ခံုကိုယ္ျပန္ထိုင္ျပီး ျငိမ္ျငိမ္သက္သက္ေနလိုက္ပါတယ္။ သူ ကၽြန္ေတာ့္အိမ္ေရွ႕မွ ခ်ထားေပးခဲ့ျပီး ႏႈတ္မဆက္ဘဲ ကားကို ေမာင္းထြက္သြားတယ္။ ကၽြန္ေတာ့္အခန္းရွိရာကို တက္လာေတာ့ ေက်ာ္ဇင္တစ္ေယာက္ ပ်က္စီးေနတဲ့ လက္ထိပ္ကိုကိုင္ျပီး ခုတင္ေပၚမွာ ထိုင္ေနေလရဲ႕။ ‘မင္းက ေတာ္ေတာ္ဆိုးတဲ့ ေခြးကေလးပဲ ေ၀ယံ’ သူ ခႏိုးခနဲ႔အျပံဳးတစ္ခ်က္ေပးရင္း ေျပာတယ္ဗ်။


‘Very funny’ ဒါပဲ ကၽြန္ေတာ္ျပန္ေျပာလိုက္တာ။


‘အျခား သမန္း၀ံပုေလြတစ္ေကာင္ရဲ႕ ဖင္ကို အနံ႔ခံခဲ့ေသးလား’


‘ေတာ္ေတာ့ကြာ ရပ္လိုက္ေတာ့’


‘ငါ့အတြက္ ရႈက္ယွက္ခတ္ ဗလံုးဗေထြးျဖစ္ရံုပါ။ သည္ေတာ့ သူတို႔ဆီက ဘယ္လိုအနံ႔မ်ိဳးရလဲ’


ကၽြန္ေတာ္ ပါးစပ္ကအေျဖျပန္မေပးဘဲ ပံုမွန္ မ်က္၀န္းညိဳကေန ေရႊ၀ါေရာင္ေျပာင္းလဲျပလိုက္တယ္။ 


‘ငါ…ငါ အခု ပါးစပ္ပိတ္ပါ့မယ္’  သူ ခပ္ေ၀းေ၀းကိုအၾကည့္လႊဲသြားတယ္။ ကၽြန္ေတာ္သူ႕ကို သေရာ္ေတာ္ေတာ္အျပံဳးနဲ႔ၾကည့္ရင္း ကုတင္အနားက ကုလားထိုင္တစ္လံုးမွာထိုင္လိုက္ပါတယ္။ 


‘ဘာနဲ႔တူလဲ’


‘ဟူး….ဘာနဲ႔တူလဲ….မင္းသိလား သမန္း၀ံပုေလြတစ္ေကာင္ျဖစ္ေနျပီဗ်’


‘အို….ငါ မသိေတာ့ဘူးကြာ’ ကၽြန္ေတာ္ ေ၀ခြဲမရ ပခံုးတစ္ဖက္ၾကံဳ႕ျပလိုက္တယ္။ အရာအားလံုးက ကၽြန္ေတာ့္အတြက္ အသစ္ပဲ။ 


ရုတ္ျခည္းဆိုသလို ေတာ္ေတာ္ေကာင္းတဲ့ ေမႊးရနံ႔တစ္ခ်က္ကိုရတယ္။ 


‘ဒါ ဒါ Cologne အသစ္မ်ားလား’


‘ငါ..ငါဘာမွ မဆြတ္ထားဘူးေနာ္ ေ၀ယံ….ဘာလို႔လဲ….မင္း ေဂးသမန္း၀ံေလြတစ္ေကာင္လား’


‘ဘာ…..မဟုတ္ဘူး….ငါ ေဂးမဟုတ္ဘူး! ရနံ႔က ဘယ္ေနရာကလည္းမသိထြက္လာတာကြ’ သည္လိုပဲျပန္ေျပာလိုက္မိေပမယ့္ အဲသည့္ ရနံ႔ တစ္ခုခုေတာ့ တစ္ခုခုပဲ အေတာ္ေကာင္းတဲ့ ရနံ႔။ 


‘ငါ အိပ္ေတာ့မယ္….ေက်ာ္ဇင္’


‘ေအး…ငါလည္းျပန္အိပ္ေတာ့မယ္….ေနာက္မွေတြ႕မယ္ ငါ့ေကာင္’ 


ကၽြန္ေတာ္ မ်က္၀န္းေတြကို ေရႊ၀ါေရာင္အျဖစ္ ခပ္ေျဖးေျဖးေျပာင္းမိေတာ့ ေက်ာ္ဇင္ အေလာတၾကီးအျပဳအမူနဲ႔ ‘တာ့တာ…See ya’ လုပ္ သြားတယ္။ ကၽြန္ေတာ္ တိုးတိုးသက္သာ ရယ္မိခဲ့ျပီး အိပ္ရာေပၚကိုေနာက္တစ္ၾကိမ္တြားတက္ခဲ့ပါတယ္။


*ကၽြန္ေတာ္ျမင္ကြင္း စကၡဳအာရံုေတြ အနီေရာင္ျဖစ္သြားတယ္။ ယခင္ေနရာကိုပဲ ေနာက္တစ္ၾကိမ္သြားခဲ့တာေပါ့။ သစ္ေတာထဲကို ျဖတ္ ေျပးလ်က္ အိမ္တစ္လံုးရွိရာကို ကၽြန္ေတာ္သြားတယ္။ ေလွကားထစ္ေတြကို ေျဖးေျဖးနင္းျပီး တံခါးလက္ကိုင္ဘုကို လွည့္လိုက္ ပါတယ္။ အိမ္ထဲကို အသာ၀င္လိုက္ခ်ိန္ ေရခ်ိဳးခန္းရွိရာဘက္က ေအာ္ဟစ္လိုက္သံထြက္လာတယ္။ ကၽြန္ေတာ္ ေလွကားထစ္ေတြအတိုင္း ခုန္တက္ရင္း ေရခ်ိဳးခန္းကိုရွာတယ္။ တစ္ေယာက္ေယာက္ ေရခ်ိဳးေၾကြဇလံုထဲဆြဲႏွစ္ခံေနရတာပဲ….ဒါ..ဒါ ေက်ာ္ဇင္။ ေၾကြဇလံုေဘးကလူ ကို ကၽြန္ေတာ့္ဘက္ ဆြဲလွည့္လိုက္ေတာ့…..အား…. ကၽြန္ေတာ္…ကၽြန္ေတာ္ပဲဗ်။*


ေနာက္ဆံုး ကၽြန္ေတာ္ ႏိုးထလာပါတယ္။ ခုတင္ေဘးက နာရီကိုၾကည့္လိုက္ေတာ့ ‘Shit! ေက်ာင္းသြားခ်ိန္ေရာက္ေနျပီ’ ကိုယ့္ကိုယ္ ကိုယ္ပဲ ေျပာတာပါ။ ခပ္ျမန္ျမန္ အ၀တ္အစားလဲလွယ္လိုက္ကာ ကၽြန္ေတာ့္စက္ဘီးကို ျမန္ႏိုင္သမွ်ျမန္ေအာင္ နင္းကာ စီးသြား လိုက္တယ္ေလ။ ကၽြန္ေတာ္ ေက်ာင္းကို အလ်င္ျမန္ဆံုးေရာက္တာေၾကာင့္ စက္ဘီးကိုေသာ့ခတ္လိုက္ျပီး ေက်ာင္းခန္းမထဲ အဆင္ေျပေျပ ၀င္ႏိုင္ေရာ။ နားရြက္နားက နည္းနည္းယားယံတာေၾကာင့္ လက္နဲ႕အသာကုတ္ရင္း နားအစြင့္မွာ လူႏွစ္ေယာက္စကားစျမည္ေျပာေနသံ ကို ၾကည္ၾကည္လင္လင္ၾကားရပါတယ္။ အဲသည္လူေတြဘယ္ေနရာမွာရွိသလဲဆိုတာ လ်င္လ်င္ျမန္ျမန္ရွာေဖြႏိုင္ခဲ့သလို နံရံတစ္ဖက္ျခား ျပီး နားေထာင္မိတယ္။ 


‘ငါ့ေကာင္….မေန႔က ေ၀ယံရဲ႕ မ်က္လံုးေတြကိုၾကည့္မိလား…အေတာ္ၾကက္သီးေမြးညင္းထေစေလာက္တယ္’


‘ငါသိတယ္။ သူ နည္းနည္းေတာ့ ထူးထူးျခားျခားျဖစ္ေနတယ္ကြ။ သူ႕အေၾကာင္းေျပာျပီး အခ်ိန္မျဖဳန္းစမ္းပါနဲ႔ကြာ…ဘယ္သူ ဂရုစိုက္လို႔လဲ’


‘ငါဂရုစိုက္မိတယ္ကြ…. သူ စကိတ္စီးေတာ့လည္း ဘယ္ေလာက္ျမန္တယ္ဆိုတာ ျမင္လိုက္လား’ 


‘ေအး…ဒါေပမဲ့ သူက လူေကာင္ၾကီးတဲ့သူလည္းမဟုတ္ဘူးေနာ္’


‘မဟုတ္ဘူး….သည္ေလာက္ျမန္ေအာင္စီးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးကြ’ 


ကၽြန္ေတာ္ဆက္နားမေထာင္ေတာ့ဘဲ စာသင္ခန္းဘက္ျပန္ဦးတည္လိုက္ကာ အတန္းထဲ၀င္ထိုင္လိုက္ပါတယ္။ ေက်ာ္ဇင့္ေနာက္ကခံုမွာ ကၽြန္ေတာ္ထိုင္ျပီး သင္မယ့္ဆရာကိုေစာင့္တယ္ေလ။


 ‘Alright class….မင္းတို႔ေရွ႕က စားပြဲခံုေပၚတင္ထားတဲ့ ေမးခြန္းစာရြက္ကိုေျဖဖို႔ အခ်ိန္တစ္နာရီရမယ္…စေျဖလို႔ရျပီ’ 


ဆရာေျပာျပီးတာနဲ႔ ကၽြန္ေတာ့္ခဲတံကို ယူလိုက္တယ္။ အတန္းက ခါတိုင္းလို တိတ္ဆိတ္မေနဘူးပဲ။ click , click နဲ႔ အသံေတြ က်ယ္ေလာင္စြာၾကားေနရသလို ကုတ္ျခစ္ေနသံေတြကိုလည္းၾကားရတယ္။ ျပီးေတာ့ ပီေက၀ါးျပီး ပူစီေဘာင္းမႈတ္ေနတဲ့အသံေကာ ကၽြန္ေတာ္ၾကားႏိုင္တယ္။


ေနာက္တစ္ခါ တစ္စံုတစ္ေယာက္ရဲ႕ဖုန္းပိတ္လိုက္သံကို ၾကားရတယ္။ ကၽြန္ေတာ္ ဟိုသည္ၾကည့္ရင္း ဘယ္ကမည္တာျဖစ္မလဲ စူးစမ္း လိုက္ေတာ့ ေတာ္ေတာ္စြဲေဆာင္မႈေကာင္းတဲ့ ငနဲတစ္ေပြ အခန္းအျပင္ဘက္မွာ ဖုန္းေျပာေနတာပဲ။ သူဖုန္းေျပာျပီးေနာက္ ေက်ာပိုးအိတ္ ကိုဖြင့္ရွာကာ ‘shit….ငါေဘာပင္ မပါလာဘူးပဲ’ လို႔ေျပာတယ္ဗ်။ ခပ္ျမန္ျမန္ပဲ ကၽြန္ေတာ့္ ေက်ာပိုးအိတ္ထဲက ေဘာပင္တစ္ေခ်ာင္း ဆြဲထုတ္ျပီး စာသင္ခန္းထဲသူ၀င္လာတာကို ေစာင့္ၾကည့္မိတယ္။ ကၽြန္ေတာ့္အေနာက္ကခံုမွာ၀င္ထိုင္တာေၾကာင့္ တေစာင္းလွည့္ကာ သူ႕ကို ေဘာပင္ကမ္းေပးလိုက္ပါတယ္။


ကၽြန္ေတ္ာ့ကို အျပံဳးတစ္ခ်က္နဲ႔အတူ ေက်းဇူးစကားဆိုတယ္။ ကၽြန္ေတာ္လည္း သူ႕ကို အရွက္သည္းတဲ့အျပံဳးမ်ိဳးျပန္ျပံဳးျပရင္း ေရွ႕ဘက္ ျပန္လွည့္ကာ ေျဖလက္စေမးခြန္းေတြကို အျပီးသတ္လိုက္တယ္။ 


*Click....click.....click* နာရီကိုေမာ့ၾကည့္လိုက္ေတာ့ နာရီလက္တံေရြ႕လ်ားသံေတြက ပိုက်ယ္လာတယ္။ ေမးခြန္းေတြကို ျပန္အာရံုစိုက္ဖို႔ၾကိဳးစားေပမယ့္ အဲသည့္အသံေတြက က်ယ္ေလာင္လာတယ္ေလ။ 


*tick tick tick.* က်ယ္သထက္က်ယ္ေလာင္လာတယ္။


‘အာ…..’ အနည္းငယ္ညည္းညဴရင္း ေခါင္းကို ကၽြန္ေတာ္အသာရမ္းမိတယ္။ *tick tick tick.* ကၽြန္ေတာ္အျမန္ထရပ္ျပီး ျပတင္းေပါက္ နံရံနားထိုင္ခ်ကာ ဦးေခါင္းကို လက္နဲ႕အသာႏွိပ္နယ္လိုက္တယ္ေပါ့။ 


‘ဘာျဖစ္လို႔လဲ….မင္း…မင္း ပုံစံေျပာင္းေတာ့မွာလား’ ေက်ာ္ဇင္က စိုးရိမ္တၾကီးေမးရွာတယ္။ 


‘မဟုတ္ဘူးကြ…..သည္အခန္းထဲက အေတာ္ဆူညံလြန္းလို႔ပါ’


‘ဒါေပမဲ့….’


‘သမန္း၀ံပုေလြေတြရဲ႕ အၾကားအာရံုက သာမန္ထက္ 16x ပိုျပီးခံစားရလြယ္ေနတယ္ကြ’ 


အခ်ိန္ေစ့ ဘဲလ္သံျမည္လာခ်ိန္မွာေတာ့ နားရြက္ႏွစ္ဖက္ကို လက္နဲ႔အုပ္ကိုင္ကာ ခန္းမထဲကေနျဖတ္ျပီး အျပင္ကိုအျမန္ထြက္ခဲ့ရပါတယ္။ 


‘လူသံေတြထက္ ပိုဆူေနသလိုပဲ’ လို႔ ကၽြန္ေတာ္ စကားအဆံုးသတ္တယ္။


‘ငါရိပ္မိပါတယ္’ ေက်ာ္ဇင္က ကၽြန္ေတာ့္ပခံုးကိုတစ္ခ်က္ပုတ္ခတ္ရင္းေျပာတာပါ။


ကၽြန္ေတာ္ ေနာက္အတန္းခ်ိန္က အားကစားခ်ိန္မို႔ Gym ရွိရာကို လမ္းေလွ်ာက္သြားလိုက္တယ္။ ေကာင္းတယ္….အားကစားခ်ိန္က ကၽြန္ေတာ့္အတြက္ လုိအပ္ေနတာ။ ကၽြန္ေတာ့္ႏွလံုးခုန္သံေတြ၊အားအင္ေတြ သံုးလို႔ရမယ့္ေနရာတစ္ခုဆိုေတာ့ သမန္း၀ံပုေလြအျဖစ္ ေျပာင္းလဲကာ လူတိုင္းကို သတ္ဖို႔မျဖစ္ႏိုင္ဘူးေလ။


ကံေကာင္းတာက သည္ည လျပည့္ညမဟုတ္တာပဲ။ အ၀တ္လဲခန္းထဲသြားကာ  ကၽြန္ေတာ့္ locker ေလးကိုဖြင့္ခ်ိန္မွာေတာ့ လက္တစ္ ဖက္က ကၽြန္ေတာ့္ပခံုးကိုဆြဲကိုင္တာ ခံစားလိုက္ရတယ္။ အိုး….လင္းလင္းပါလား။ ‘ေဟ့…ေ-ာက္ေျခာက္’ သူခပ္က်ယ္က်ယ္ ေအာ္ေခၚ တယ္ေလ။ ကၽြန္ေတာ္ သူ႕ဘက္ကိုလွည့္ျပီး ခပ္ရဲရဲပဲ မ်က္ႏွာခ်င္းဆိုင္လိုက္တယ္။ 


‘မေန႔ညက ကစားပြဲမွာ ဘယ္သူႏိုင္သြားလဲကြ…ေ-ာက္ေျခာက္ကေလးရ’


‘ဘယ္သူႏိုင္ႏိုင္ မႏိုင္ႏိုင္….မင္းေ-ာက္လုပ္ပါလား လင္းလင္း’ 


လင္းလင္း ရွဴးရွဴးရွားရွားျဖစ္သြားျပီး ခပ္ျမန္ျမန္ပဲ ကၽြန္ေတာ့္လည္မ်ိဳကိုပင့္ကိုင္ကာ locker ဘက္ကိုတြန္းထည့္ညွစ္ကိုင္ထားပါတယ္။ သည္ အခ်ိန္ ေက်ာ္ဇင္ အ၀တ္လဲခန္းထဲေရာက္လာျပီး ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာ အလ်င္အျမန္ရိပ္မိသြားကာ အ၀င္တံခါးကို ေလာ့ခ်္ လုပ္လိုက္ပါတယ္။ ကၽြန္ေတာ့္ မ်က္လံုးအေရာင္က အၾကည့္စူးစူးကေန တစ္မ်ိဳးတစ္မည္ေျပာင္းစျပဳလာတာေၾကာင့္ ‘What the hell’ လို႔ ေအာ္ကာ ကၽြန္ေတာ့္လည္မ်ိဳပင့္ကိုင္ထားျခင္းကို လင္းလင္းလႊတ္လိုက္ပါတယ္။ 


‘ေနာက္တစ္ခါ ငါ့ကိုလာမေႏွာင့္ယွက္နဲ႔’


‘အျခားေကာင္ေတြ လန္႔ခ်င္လန္႔လိမ့္မယ္…ငါက မင္းကိုလံုး၀မေၾကာက္ဘူးကြ’ သူက အားကုန္သံုးျပီးျပန္ေအာ္ပါတယ္။


‘Okay….မင္းကို တစ္ခုပဲေျပာမယ္….ငါ့အစြယ္ေတြ ခၽြန္ထြက္လာျပီး လက္သည္းေတြလည္း ရွည္ထြက္လာေတာ့မွာ’


လင္းလင္းရဲ႕ဆိုးဆိုးရြားရြား ျဖစ္ပ်က္ေနမႈကို ေက်ာ္ဇင္ၾကည့္ျပီး ရယ္ေမာပါတယ္။ ကၽြန္ေတာ္ လင္းလင္းလည္ဂုတ္ကို ဆြဲကိုင္လိုက္တယ္။ 


‘ေနာက္တစ္ခါ ငါ့ကိုလာေႏွာင့္ယွက္ရင္ မင္းလည္တိုင္ကို ငါ့သြားစြယ္ေတြနဲ႔ ကိုက္ျဖဲပစ္မွာ’


‘ျပီးေတာ့ သည္အေၾကာင္းကိုလည္း ဘယ္သူ႕ကိုမွမေျပာျပနဲ႔…..ဒါမွမဟုတ္ရင္ သည္ေကာင့္ မင္းကိုကိုက္စားခြင့္ေပးလိုက္မွာ’  ေက်ာ္ဇင္ က မာန္ပါပါနဲ႔ စကားထပ္ျဖည့္ေျပာျပီး ျခိမ္းေျခာက္ပါတယ္။ 


ကၽြန္ေတာ္ အခန္းတံခါး ေလ့ာခ္်ကိုဖြင့္ေပးလိုက္ရင္း စိတ္ကိုေလ်ာ့ နဂိုပံုစံျပန္ျဖစ္ ေအာင္ၾကိဳးစားပစ္တယ္ေပါ့ဗ်ာ။


***********


[ဦးသိုက္စိုးထြန္း]

‘မေန႔ည တစ္ေယာက္က ေတာ္ေတာ့္ကို ငယ္ေသးတာပဲ။ သူက လ်င္ျမန္သလို သြက္လက္ေပါ့ပါးေနခဲ့တာ။ ဒါေပမဲ့ သက္ေသာင့္ သက္သာမျဖစ္ဘဲ နာနာက်င္က်င္နဲ႔ ေအာ္ေနခဲ့တယ္ မဟုတ္လား’


‘အဲဒီေတာ့….သူတို႔သတၱ၀ါေတြအတြက္က တစ္လမ္းတည္း ဒါမွမဟုတ္ အျခားအေၾကာင္းအရာဆိုလည္းတစ္ခုတည္းပါ၊ က်ဳပ္ေျပာတာ မွန္တယ္မလား’ လူအုပ္ထဲက ေယာက္်ားၾကီးတစ္ေယာက္က ၀င္ေျပာတယ္။ 


‘ငါတို႔ သတိျပဳမိတဲ့ သေကၤတတစ္ခုရွိတယ္။ သည္သမန္း၀ံပုေလြငယ္ေလးက မညည္းညဴဘဲ တစ္ခ်က္ထဲနဲ႔ သတ္တာျဖတ္တာ မလုပ္ႏိုင္ခဲ့ဘူးပဲ။ အနည္းဆံုးေတာ့ မျငင္းသာေလာက္ေအာင္ လူေသြးအစအန ထင္ထင္ရွားရွားရွိေနရမွာေလ။’ ဦးသိုက္စိုးထြန္းက စကားဆက္ေျပာေရာ။


‘မေန႕ညက က်ဳပ္တို႔ေတြ႕သားပဲ။ က်ဳပ္တို႔အဲ့အေကာင္ကို သတ္ခဲ့သင့္တာ’ ခပ္ၾကမ္းၾကမ္းပံုစံနဲ႔လူတစ္ေယာက္က စကားေထာက္တယ္။ 


ဦးသိုက္စိုးထြန္းက အမွတ္မထင္ၾကံဳဆံုခဲ့ရျခင္းအေပၚ စဥ္းစားေတြးေတာဟန္နဲ႔ အစည္းေ၀းပြဲလုပ္ရာ စားပြဲခုံ၀န္းက်င္ လမ္းထေလွ်ာက္ ခဲ့တယ္ဗ်။


‘မဟုတ္ဘူး….သူ ဘာေတြးေနတယ္ဆိုတာ ငါျမင္ခဲ့တာပဲ။ သူ ေၾကာက္ေနခဲ့တာကြ ေသာင္းၾကမ္းေနတာမဟုတ္ဘူး’


‘အဲဒါကို ေသခ်ာသိဖို႔ နည္းလမ္းမွမရွိဘဲဗ်ာ…က်ဳပ္တို႔သာ ဇာတ္သိမ္းမေပးရင္ က်ဳပ္တို႔ထဲက လူအေယာက္တိုင္းကို အဲ့ေကာင္ သတ္ေကာင္းသတ္ႏိုင္တယ္ေလ’ စားပြဲ၀ိုင္းမွာ ထိုင္ေနတဲ့ အျခားလူတစ္ေယာက္က စကားအစသပ္တယ္။


‘ငါေတာ့ အဲ့လိုမျမင္ဘူး။ အေျဖရွာေနတဲ့ လူတစ္ေယာက္ကိုပဲ ငါျမင္ခဲ့တာ။ သူ႕ခါးကို မင္းၾကည့္မိခဲ့လား? သူတစ္ခုခုနဲ႔ အခ်ည္ေႏွာင္ခံခဲ့ ရတယ္လို႔ ငါထင္တယ္။ ဒါေၾကာင့္ လူေတြကိုနာၾကင္ေအာင္လုပ္ဖို႔ ၾကိဳးစားေနခဲ့တယ္လို႔ သူ႕ကိုမျမင္မိဘူး။’  ဦးသိုက္စိုးထြန္းက ေျဖးေျဖးေလးေလးနဲ႔ စကားဆိုရင္း အစည္းအေ၀းကို အဆံုးသတ္လိုက္ပါတယ္။


*********


ေက်ာင္းထဲ ကၽြန္ေတာ္၀င္လာေတာ့ ခန္းမထဲမွာ ေက်ာင္းသားသစ္ေလးတစ္ေယာက္ကို ေယာင္လည္လည္ျမင္တာေၾကာင့္ စကားေျပာဖို႔ အနားကပ္သြားလိုက္တယ္။ 


‘ေဟး…’ ရႊန္းေတာက္ေနတဲ့ ေကာင္ေလးမ်က္၀န္းေတြကို စိုက္ၾကည့္ရင္း အသံျပဳပစ္တယ္ေပါ့။


‘ေဟး…အာ….ေ၀ယံဦး…ဟုတ္တယ္မလား’ 


‘အင္း….ဟုတ္တယ္ကြ’


‘ငါက မင္းသိုက္..အဲ…မင္းသိုက္စိုး’ 


‘ေတြ႕ရတာ၀မ္းသာပါတယ္….မင္း ဘယ္ကေက်ာင္းေျပာင္းလာတာလဲ’


‘ငါက သံလွ်က္ေမာ္ အေရွ႕ဘက္ျခမ္းကေျပာင္းလာတာ။ ငါ့အေဖအလုပ္ေၾကာင့္ သည္ကိုေရြ႕လာတယ္ဆိုပါေတာ့’  သူေနခဲ့တဲ့ ေက်ာင္း ေနရာကို ေျပာျပတယ္။


မေန႔ည ျမိဳ႕ဆင္ေျခဖံုးအရပ္ဖက္မွာေတြ႕ခဲ့ေသာ ေၾကးနီေရာင္အသားအေရနဲ႔လူ ကၽြန္ေတ္ာတို႔နားေရာက္လာတာတယ္။ ကၽြန္ေတာ္ ဘာလုပ္ရမွန္းမသိ တကိုယ္လံုးေတာင့္တင္းသြားပါရဲ႕။ 


‘ေကာင္းျပီေလ….ဒါ ငါ့အေဖပါ….ေနာက္မွေတြ႕မယ္ ေ၀ယံ’ 


ကၽြန္ေတာ္ စကားမေျပာႏိုင္ခဲ့ဘဲ မင္းသိုက္စိုးကိုပဲ စိုက္ၾကည့္ေနမိခဲ့တယ္။ ကၽြန္ေတာ္ဘာလုပ္တာလဲ။ သူ ကၽြန္ေတာ့္ကို ၾကည့္ေနခဲ့တာ။ ျပီးေတာ့ ကၽြန္ေတာ့္ကို တစ္ခ်က္ျပံဳးျပေသးတယ္။ ေက်ာင္းေပါက္၀ဘက္ ထြက္သြားတဲ့ သူတို႔ကိုအၾကည့္လႊဲျပီး စာသင္ခန္းဘက္ ကၽြန္ေတာ္ ျပန္လွည့္လိုက္ကာ အခန္းထဲ၀င္လိုက္ပါတယ္။ 


‘သူသိေနသလား?’


‘ကၽြန္ေတာ့္ကို သူသတ္မွာလား’


‘သူ ကၽြန္ေတာ့္ကို သတ္မွာလား….’


Alex Aung (4 March 2021)


To be continued…….

စာၾကြင္း။ ။ Dark Story Series ထဲက တစ္ပုဒ္ျဖစ္ျပီး စာအေရးအသားပိုင္းဖတ္လို႔အဆင္မေျပရင္ ေဆာရီးေနာ္။ ေနာက္အပုဒ္ေတြက် ဖတ္လို႔အဆင္ေျပေအာင္ၾကိဳးစားေရးပါ့မယ္။

No comments: