Tuesday, June 1, 2021
နာကျင်မှုမရှိဘဲ သာယာဖို့ နည်းလေးတွေ
 [Unicode]
နာကျင်မှုမရှိဘဲ သာယာဖို့ နည်းလေးတွေ (10 Secrets To Having Pain Free Anal Sex )
ဘယ်သူတစ်ဦးတစ်ယောက်မှ bottom နေတာအေးဆေးလို့မပြောကြပါဘူး။ ဒါပေမယ့် လိင်တံတစ်ခု ကိုယ့်စအိုအတွင်းထည့်လိုက်တာနဲ့ အမြဲတစေနာကျင်တော့မှာပဲဆိုတဲ့ အတွေးမှားအပြောမှားကိုတော့ ကျွန်တော်သည်းမခံနိုင်တာအသေအချာပဲဗျ။ အချစ်လေးရေ အဲသည့် အတွေးအခေါ်နဲ့ လှိမ့်လုံးတွေက အမှန်တရားကနေ ဝေးကွာသွားစေမယ့် အကြောင်းအရာတစ်ခုလို့ ကျွန်တော်ပြောပါမယ်။ နည်းမှန် လမ်းမှန်နဲ့ ကိစ္စ၀ိစ္စပြီးသွားရင် anal sex ဟာ ဘယ်တော့မှနာကျင်နေမယ်မဟုတ်ပါ။ ပထမစက္ကန့်အနည်းငယ်အတွင်း အနည်းငယ် သက်သောင့်သက်သာမဖြစ်ဘူးဆိုရင်တော့ သေချာတယ်ဆိုပေမယ့် အလှည့်အပြောင်း၊အနှိုးအဆွလေးတွေဖန်တီးပြီး နာကျင်မှုတွေကို အချိန်နဲ့အမျှလျော့ပါးသွားအောင်လုပ်နိုင်ပါတယ်။ 
အိပ်ရာပေါ်မှာ အောက်ကနေဖူးတယ်ဆိုတာ ပြောပြဖို့ ကျွန်တော်မရှက်ပါဘူး။ အတွေ့အကြုံသစ်ခံစားချက်သစ်တွေကိုဖွေရှာဖို့ ကျွန်တေ်ာ အမြဲတမ်းကြံဆနေခဲ့တာပါ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သာယာမှုထက် နာကျင်စွာအော်ဟစ်နေတဲ့ bottom တစ်ယောက် သို့မဟုတ် ရှုပ်ယှက်ခတ်နေသော ဒါမှမဟုတ် သည့်ထက်အကဲပိုနေတဲ့ bottom တစ်ယောက်ကို ကြိုက်နှစ်သက်မယ်မထင်ပါဘူး။ ကျွန်တေ်ာတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်နှိပ်စက်နေတာကို ရပ်လိုက်ဖို့အချိန်ရောက်ပြီ။ ကျွန်တော်တို့မထိန်းချုပ်နိုင်တာသေချာတဲ့ အရာတွေရှိနေတယ်။ ဒါပေမဲ့ လိုသည်ထက်ပိုသည့်အရာတွေပေါ့။ အနည်းငယ်လောက်ပါပဲ။ မှတ်စုလေးနဲ့ ရေးခြစ်ထားနော် ဘော်ဒါတို့။
(၁) ဓာတ်စာ (The Diet)
ရေဆာတာနဲ့ ဗိုက်ဟာတာမသည်းကွဲဘဲ မုန့်ချိုတွေ၊ သွားရေစာတွေ စားသောက်ဖြစ်နေခြင်းကို ရပ်တန့်လိုက်ပါ။ အကျိုးရလာဒ်မရှိ ကိုယ်ခန္ဓာကောက်ကြောင်းကိုပုံပြောင်းစေမယ့် စားသောက်မှုပုံစံဟာ သင့်အတွက်မကောင်းပါဘူး။ ကျွန်တော်ပြောတာကိုယုံကြည် လိုက်ပါ။ 
နမူနာ အချက်အလက်အချို့ပြောပြပါ့မယ်။
အမျှင်ဓာတ်(Fiber Intake) - သင်ဟာ ဖိုင်ဘာဓာတ်ပါတဲ့အစားအစာကို တစ်နေ့လျှင် ၄၀ဂရမ်အနည်းဆုံးစားသောက်ရပါမယ်။ ပြီးတော့ ရေများများလည်းသောက်ပေါ့။ Bottom အများစုဟာ Konsyl သို့မဟုတ် Fibercon လိုဖြည့်စွက်စာတွေကိုစားသောက်ရတာ သဘောကျ တတ်ကြတယ်။ ပြင်ဆင်စားသောက်ရတာလွယ်ကူတာမို့ပါ။ ဖိုင်ဘာဓာတ်တွေဟာ ၀မ်းတွင်းအညစ်အကြေးတွေကို အလွယ်တကူ စွန့်ထုတ်နိုင်စေရုံမကဘဲ အစာဟောင်းအိမ်အစိတ်အပိုင်းထဲက အရာတွေကို တစ်ခါတည်းနဲ့သန့်စင်အောင်လုပ်ဖို့လည်း အဆင်ပြေစေပါ တယ်။  
အဆီနည်းအသား(Lean Meats) - ကြက်သား နဲ့ ကြက်ဆင်သားဟာ သင့်ကိုအစာကြေညက်လွယ်ကူစေသလို ထုံးစံအတိုင်း ကိုယ်ခန္ဓာ အူလမ်းကြောင်းအတိုင်း ကွေ့ပတ်မသွားဘဲ တိုက်ရိုက်ဆင်းသွားနိုင်ပါတယ်။ အနည်းဆုံး ကိုယ့်ပါတနာအတွက် bottom မနေပေးမီ ၆ - ၈ နာရီအတွင်း ကစီဓာတ်အများအပြားပါတဲ့ အစားအသောက်(carbohydrates)စားသောက်ခြင်းကိုတော့ ရှောင်ကြဉ်သင့်တယ်။ ကစီ ဓာတ်ပါအစားအစာတွေဟာ အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ကြာရှည်တတ်ပြီး အစာဟောင်းဖြစ်ဖို့ အူလမ်းကြောင်းအတွင်း ကာလရှည်ရှိ နေတာမျိုးမို့ပါ။ 
အချိုရည်မသောက်ပါနဲ့ (No Sodas) - အချိုရည်တွေဟာ လေပွ၊ လေထစေတတ်ပြီး သင် bottom နေပေးစဉ်မှာ လေခဏခဏလည်မိ တာမျိုးဖြစ်စေပါတယ်။ဒါကြောင့် တတ်နိုင်သမျှ ဂတ်စ်များတဲ့ အချိုရည်တွေကိုရှောင်ကြဉ်ပါ။
(၂) ကီးဂဲလေ့ကျင့်ခန်းများ (Kegal Exercises)
သင်ဝမ်းသွားနေစဉ်အခိုက် ရုတ်ခြည်းစအိုကြွက်သားတစ်မျိုးကိုညှစ်ပြုပြီးရပ်လိုက်ရတဲ့ ခံစားမှုမျိုးကို သိပါသလား။ ကျွန်တော် ပြောနေတာ အဲသည့်ခံစားမှုပါပဲ။ အထူးသဖြင့် bottom တွေအတွက် လိင်ပိုင်းဆိုင်ရာအတွေ့အကြုံအလုံးစုံမှာ ကီးဂဲလ် လေ့ကျင့်စဉ်များက ဘယ်လောက်ထိကောင်းကျိုးပေးသလဲဆိုတာ အံ့အားသင့်သွားနိုင်လောက်တယ်ဗျ။ 
တစ်ရက်ကို ၃ ကြိမ်မှ ၅ ကြိမ်အထိ၊ တစ်ကြိမ်လျှင် ညှစ်လိုက်၊ လျှော့လိုက် ၁၀ကြိမ်ကနေ ၁၅ကြိမ်ပြုလုပ်ပေးပါ။ရက်တစ်ရက် သို့မဟုတ် ရက်သတ္တပါတ်တစ်ပတ်မှာ ဂဏန်းအရေအတွက်တဖြည်းဖြည်းတိုးပေးနိုင်ပါတယ်။ သင်လိင်အာသာဖြေတဲ့အချိန် (masturbate)မှာနဲ့ ဆီးသွားချိန်မှာလို အနေအထားမျိုးစုံမှာ စတင်ပြုလုပ်ကြည့်ပါ။ နောက်ဆုံးအနေဖြင့် သင့် ဒွါရပေါက်ကို ချုံ့ပိတ်နိုင်သော ကြွက်သားစု (sphincter muscles) အတွင်းရော အပြင်ရောနှစ်မျိုးစလုံးအပေါ် သတိလေးနဲ့ကိုယ့်ဘာသာကိုယ်ထိန်းချုပ်ပေးခြင်းဖြင့် စအိုချုပ်ကိုင်မှုကို သက်သောင့်သက်သာခွင့်ပြုတတ်ပြီး သုက်ထွက်စောခြင်း(early ejaculation)အပေါ်လည်း ထိန်းချုပ်နိုင်မှာပါ။
(၃) သန့်စင်ရေးပစ္စည်းလေး (Douche With an Ear Syringe)
ကျွန်တော်ဝန်ခံစရာရှိပါတယ်။ ကျွန်တော်က ကိုယ်အင်္ဂါအစိတ်အပိုင်းထဲကို ဆေးရည်ပန်းထည့်လို့ရတဲ့ ပြွတ်(douches)နဲ့ ရေချိုးခန်းမှာ ၀မ်းချူခြင်းကို သိသာတဲ့အန္တရာယ်တစ်ခုဖြစ်စေကာမူ သဘောအတော်ကျပါတယ်။ လိင်တူကြိုက်အမျိုးသား ဂေးများ သူတို့စအိုထဲ ရေဖိအားခပ်ပြင်းပြင်းနဲ့ မတော်တဆ ဒါမှမဟုတ် အကြမ်းပတမ်းထည့်ဆေးကြောခြင်းကြောင့် အူအတွင်းနံရံတွေပေါက်ခြင်း ဒဏ်ရာရ ခြင်းအကြောင်းတွေကိုကြားဖူးပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ထောက်ခံချက်တစ်ခုကြောင့် နားတွင်းထည့်တဲ့ဆေးပြွန်တံလေးကို အသုံးပြုပြီးနောက်မှာ ပုံမှန် Douche ကို အသုံးမပြုဖြစ်တော့ပါဘူး။
နားအတွက်အသုံးပြုတဲ့ ဆေးပြွန်တံ (An ear syringe)လေးဟာ အခြေခံအားဖြင့် Douche အသေးစားတစ်ခုဖြစ်ပါတယ်။ ပုံမှန် Douche သယ်ဆောင်နိုင်တဲ့ ရေပမာဏတစ်ဝက်လောက်သာ သယ်ဆောင်နိုင်တဲ့ အဲ့ပစ္စည်းလေးကို အနီးအနားက ဆေးဆိုင်တွေမှာရှာဝယ်လို့ ရပါတယ်။ ရေခပ်နွေးနွေးလေးဖြည့်ထားတဲ့ ပြွန်တံလေးကိုချောဆီလူးပြီး Douche နဲ့ ပြုလုပ်နေကြအတိုင်းအသုံးပြုပါ။ ရေအနည်းငယ် သာပါဝင်တာမို့ ရေဖိအား ဒါမှမဟုတ်  ထိခိုက်ဒဏ်ရာရဖို့စိုးရိမ်စိတ်ဝင်စရာမလိုသလို လေပွဖူးယောင်တဲ့ခံစားချက်မျိုးနည်းသွားမှာ သေချာတယ်။
(၄) ပုံသဏ္ဌာန်ကို ရှာဖွေကြည့် (Find The Shape)
ကျွန်တေ်ာတို့အားလုံးက ကွဲပြားခြားနားတဲ့ အဆင်းပုံသဏ္ဌာန်တွေရှိကြပါတယ်။ ဒါပေမယ့် ကျွန်တေ်ာတို့အားလုံးမှာ ဘုံသဘောတူညီတဲ့ အရာတစ်ခုရှိပါတယ်။ ‘S’ ကောက်ကြောင်းပုံသဏ္ဌာန် ကျွန်တေ်ာတို့ရဲ့ စအိုဝ(ဒွါရအစိတ်အပိုင်း)ပါပဲ။ အူအစိတ်အပိုင်း အကောက်အကွေ့ များလေ နာကျင်မှုအတွေ့အကြုံပိုတွေ့ရလေဖြစ်ပါတယ်။ ဒါကြောင့် စအိုအ၀င်ဝရဲ့ နာကျင်မှုဟာ လူတိုင်းအတွက်ဆိုရင်တော့ကွဲပြာခြား နားသွားတာမျိုးရှိတာပေါ့။ ဘယ်လိုက သင့်အတွက် အလုပ်မဖြစ်ဘဲ ဘယ်လိုက သင့်ပါတနာအတွက် အလုပ်ဖြစ်တယ်ဆိုတာမှာ ထောက် ပြစရာဆိုရင် လိင်ဆက်ဆံချိန် သင်နေတဲ့ပုံစံအနေအထားအပေါ် ထိန်းချုပ်ပြောင်းလဲဖို့ပါပဲ။
‘S’shape ဒွါရအစိတ်အပိုင်း တည့်မတ်စေရန်၊ ဆန့်ထွက်စေရန် မှန်ကန်ကောင်းမွန်တဲ့ ထောင့်ချိုးတစ်ခုဖန်တီးထားတဲ့ အနေအထားက လိင်တံတစ်ခု အထုတ်အသွင်းအဆင်ပြေမယ့် အကောင်းဆုံး လှိုဏ်ခေါင်းတစ်ခုဖန်ဆင်းခြင်းပါ။ ဥပမာအားဖြင့် လေးဘက်ထောက် Doggy Style ဟာ Top ပါတနာအတွက် အဆင်ပြေသလို ကိုယ်ကလည်းတက်ထိုင်လို့အဆင်ပြေတာမို့ ကျွန်တော်နဲ့အထာကိုက်တဲ့ ပုံစံအနေအထားပေါ့နော်။
ဆန့်ကွေးလို့အဆင်ပြေတဲ့ လိင်တံအတု(A flexible dildo)တစ်ခုကို သေချာရွေးဝယ်ပြီး သင့်စအိုဒွါရပုံစံအနေအထားကို ဖွေရှာကြည့်ပါ။ ထိကိုင်ရအဆင်ပြေစေဖို့ ခေါင်းအုံး (Pillows) တွေကိုထည့်ပေါင်းအသုံးပြုရပါမယ်။ သင်ပက်လက်လှန်၊ကျောပြင်ကိုကြမ်းပြင်ပေါ်လှဲချတဲ့ ပုံသဏ္ဌာန်၌ တင်ပါးအောက်မှာ ခေါင်းအုံးတွေကို ခပ်မြင့်မြင့်ခု ထည့်သုံးပါ။ ဘယ်လိုပုံစံ အနေအထားမှာ လိင်တံကိုလက်ခံပေးလို့ အဆင် ပြေသလဲ ရှာဖွေတာလုပ်ပေါ့။ သည်နည်းလမ်းမျိုးက စအိုအသုံးပြုလိင်ဆက်ဆံချိန် နာကျင်မှုကင်းဝေးစေရန် အရေးတကြီး စမ်းသပ်ရမှာ ဖြစ်ပါတယ်။
(၅) ချောဆီ (Lube That A@@!)
လိင်ဆက်ဆံရာမှာချောမွေ့စေဖို့အသုံးပြုကြတဲ့ ချောဆီအကြောင်း ကျွန်တော်ထည့်မပြောဘဲ မနေနိုင်ပါဘူး။ ၈လက်မအထက်အရှည် ရှိတဲ့ အချို့သောအမျိုးသားများရဲ့ လိင်တံတစ်ချောင်း ထိုးသွင်းဆက်ဆံနေချိန် သင့်စအို အဆင်တပြေ ပွင့်ကားစေဖို့ အသုံးပြုသင့်တာ မျိုးပါ။ ရေအခြေခံချောဆီ(water based lube)ကို လိုအပ်တယ်လို့ မဆိုသလို ရွေးချယ်စရာတစ်ခုမဟုတ်ခဲ့ပါဘူး။ ကျွန်တေ်ာတွေ့ဆုံ ကြုံဖူးတဲ့ အမျိုးသား အတော်များများကတော့ ထိုးသွင်းပြုလုပ်ရာမှာ စိုစွတ်ချောမွေ့စေဖို့ တံတွေးကို ချောဆီသဘောသုံးလိုကြပါတယ်။ ဆေးကြောသန့်ရှင်းရာမှာ သက်သောင့်သက်သာမဖြစ်လို့၊ နာကျင်မှုကို လျော့ချဖို့အကြောင်းပြချက်နဲ့ အကောင်းဆုံးနည်းလမ်းအဖြစ် အသုံးများနေတုန်းပါ။ သို့သော်လည်း ကျွန်တော့်သဘောအရကတော့ ဆေးကြောရအဆင်ပြေတဲ့ ရေအခြေခံချောဆီများများထည့်သုံး စေချင်ပါတယ်။
(၆) သက်သောင့်သက်သာရှိသော နည်းလမ်းများ (Relaxing Techniques)
သည်စကားကို အရင်ကကြားဖူးပြီးသားဆိုတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်ပြောပါရစေ။ သက်သောင့် သက်သာ စိတ်အေးလက်အေးရှိခြင်းဟာ နာကျင်မှုကင်းတဲ့ လိင်ဆက်ဆံမှုမှာ အခရာကျပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ မတင်းကြပ်ခြင်း ဟာ လုံးလုံးလျားလျား သင့်အပေါ်မှာမူတည်နေတယ်။ ကိုယ်နဲ့လိင်ဆက်ဆံမယ့် Top ပါတနာ သို့မဟုတ် ကိုယ့်ရဲ့ လိင်ဆက်ဆံဖက် အပေါ် ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်မှုပေးလျက် ကိုယ့်စိတ်အစွဲတွေကို တတ်နိုင်သမျှလျော့ချထားရပါမယ်။ ရုပ်ပိုင်းဆိုင်ရာအရကော လိုက်လျောညီထွေ သက်သောင့်သက်သာသဘောဖြစ်လာချိန်မှာ ဘယ်လိုတွေပြုလုပ်သင့်တယ်ဆိုတဲ့အချက်လေးတွေကို ကျွန်တော် ဆက်ပြောပြမယ်လေ။ 
ထိုးသွင်းဆက်ဆံခြင်းမပြုမီ ညစ်တာ/လျော့တာ (Squeeze/Release Right Before Penetration) - အသက်ပြင်းပြင်းတစ်ချက်ရှူလိုက် ရင်း စအိုဝ(ဒွါရ)ကို ကျုံ့ညှစ်လိုက်ပါ ငွေအကြွေစေ့လေးကို လက်နဲ့ ညှပ်သလိုပေါ့။ ပြီးနောက် အသက်ခပ်မျှင်းမျှင်းလေး ရှူထုတ်ပါ။ ကျုံ့ထားညှစ်ထားတဲ့ စအို(ဒွါရ)ကြွက်သားကို ဖြေလျော့ပေးလိုက်ရင်း တိုးဝင်လာမယ့် လိင်တံကို ၀င်ခွင့်ပေးကြည့်သလိုမျိုးပြုလုပ်ပါ။ ကျုံ့ထားတဲ့ ကြွက်သားကို ဖြေလျော့လိုက်တာနဲ့တပြိုင်နက် စအိုအပေါက်ဝန်းကျင်တွင်ရှိပြီး အပေါက်ကိုပိတ်ပေးသည့် ကြွက်သားကွင်း (the sphincter)ဟာ မဆိုင်းမတွ တင်းမာမှုပြေလျော့သွားပါလိမ့်မယ်။ သည်ပြတင်းတံခါးကိုအသုံးပြုပြီး အလွန်သေးငယ်သော စိတ်ပင် ပန်းမှုကို တိုးဝင်ခွင့်ပြုလိုက်ပါ။ သည်လို Kegal exercise တွေဟာ တဖန်အကျွမ်းတ၀င်ဖြစ်လာပါလိမ့်မယ်။
ယောဂနဲ့ အသက်ရှူခြင်း ကျင့်သားရအောင် လေ့ကျင့် (Practice Yoga & Breathing) - သည်လေ့ကျင့်စဉ်တွေဟာ သင့်ဦးနှောက်နဲ့ ကိုယ်ခန္ဓာအဆက်အသွယ်မပြတ်သွားအောင်ပြုလုပ်ရာမှာကူညီပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်က ပြုလုပ်လိုတဲ့ အကြောင်းအရာတစ်ခုကို ပြုလုပ်ခွင့်ပြုနေချိန် ဘယ်လိုအရာကိုအာရုံစိုက်ဖို့လိုသလဲဆိုတဲ့အပေါ် သင်အာရုံစိုက်ခွင့်ပေးပါတယ်။ စိတ်နဲ့ ခန္ဓာတစ်ထပ်တည်း ကျနေစေမယ့်သဘောဖြစ်ပါတယ်။ 
OTC အကူအညီ (Over the Counter Help) - အခုပြောမယ့်အကြောင်းအရာက သင်နဲ့လုံးလုံးလျားလျားသက်ဆိုင်ပါတယ်။ လိင်ဆက်ဆံရာမှာ သုံးတတ်ကြတဲ့ Popper လိုရှူဆေးမျိုးတွေသုံးကြည့်ဖို့ပြောချင်တာပါ။ အဲဒါလေးကိုရှူရှိုက်လိုက်ရင် ဦးခေါင်းထဲမှာ လျှောက်ပြေးနေတဲ့ စိတ်တင်းကြပ်မှုတွေ တစ်မိနစ် နှစ်မိနစ်လောက်ငြိမ်သွားပြီး စအိုကြွက်သားပြေလျော့ကာ သက်သောင့်သက်သာ ဖြစ်နိုင်တယ်ဆိုပဲ။ သည်လိုရှူဆေးက ဦးနှောက်နဲ့ နှလုံးအတွင်း သွေးစီးဆင်းမှုတိုးမြင့်စေတဲ့အတွက် သင့်မှာနှလုံးနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတရာရှိပါက သုံးဖို့ထောက်ခံချက်မပေးပါဘူးနော်။ အရင်ကလည်းသုံးဖူးတယ်၊ popper နဲ့ပတ်သက်ပြီး တွယ်ငြိမှာမျိုး မစိုးရိမ်ရဘူးဆိုရင်တော့ သင့်သဘောပေါ့လေ။
ရနံ့ထူးခြားသော ချောဆီ (Pheromone-scented Lube) - သည်အရာက ကျွန်တော့်ရဲ့လျှို့ဝှက်ချက်လေးပါ။ ချယ်ရီရနံ့လိုမျိုး ရနေကြအနံ့မျိုးတွေပါတဲ့ ချောဆီတွေကို သင်တွေ့ဖူးပြီးသားဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် Pheromone Lube ကတော့ အခန်းတစ်ခုလုံး ဆွဲဆောင်မှုရှိသွားစေရုံမက ကြုံဆုံရမယ့် အတွေ့အကြုံ တစ်ခုအတွက် လုံးလုံးကို စိတ်ကျေနပ်စေတာပါပဲ။ Popper ကိုရှူရှိုက်လို့ရတဲ့ ခံစားမှုမျိုးလိုပဲ သည်ချောဆီမျိုးသုံးခြင်းက ကျွန်တော့်စိတ် အခြေအနေကို မြင့်တက်စေပါရော။ အပြစ်ပြောစရာမရှိသလို စိတ်ကျေနပ်မှုလည်းကြာရှည်စေတယ်ဗျ။ အကောင်းဆုံးကတော့ အခြားသူ တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းနေရာစုံမှာ ပွတ်သပ်လိမ်းကျံလို့ရတယ်၊ ကိုယ်ခန္ဓာအတွင်းပိုင်းအပူချိန် ပူနွေးစေသလို ကိုယ်တွင်းဓာတုဓာတ်တွေကို လေထုထဲထုတ်လွှင့်ပေးစေ တယ်လေ။ 
(၇) လိင်တံကို တိုက်ရိုက် (Direct the Penis)
‘အမှတ်စဉ် လေး - သင့်အတွက်သင့်တော့်မယ့် ပုံစံအနေအထားကိုသိအောင်လုပ်ပါ’ ဆိုတာကို တစ်ကြိမ်တစ်ခါလောက် စမ်းသပ် ကြည့်ပြီး သဘောပေါက်ရင်တော့ သင့်စအိုဒွါရထဲ လိင်တံကို ဘယ်အနေအထားနဲ့ထိုးသွင်းတဲ့အခါ စိတ်ကျေနပ်မှုအမြင့်ဆုံးပေးသလဲ သိနိုင်ပါပြီ။ အတွင်းနံရံတွေကို တွန်းတိုက်မှုမျိုး သင်မဖြစ်စေချင်ဘူးဆိုရင် ဟိုးအတွင်းထဲထိ တိုက်ရိုက်ဝင်သွားမယ့်အနေအထားကိုရွေးပါ။ ထုံးစံအတိုင်း အကောင်းဆုံးကတော့ အကြမ်းပတမ်းထိုးသွင်းတာမျိုးမလုပ်ဘဲ အထုတ်အသွင်းအဆင်ချောအောင် အရင်ကြိုးစားသင့် ပါတယ်။
ကျွန်တော်သဘောအကျဆုံးအနေအထားကတော့ ကျွန်တော့်ပါတနာပက်လက်အနေအထားလှဲနေစဉ်အပေါ်ကနေတက်ခွထိုင်ချတာမျိုး ပါ။ သူ့လိင်တံကို ထိန်းကိုင်ပြီး စအိုထဲကို ၀င်အောင်အသာအယာဖိထိုင်ချလို့ရသလို အ၀င်အထွက်အဆင်ချောအောင် ချိန်ဆလို့ရလို့ ဖြစ်ပါတယ်။ လမ်းကြောင်းပွင့်သွားကာ နာကျင်မှုလည်းအသားကျသွားချိန်ဆို သူ့စိတ်တိုင်းကျ အနေအထားပြောင်းဆက်ဆံကြတာပေါ့။ ဒါက နမူနာပြောတာနော်။ တစ်ချို့က အိပ်ရာပေါ်မှောက်လိုက်ပြီး Top ပါတနာက နောက်ပါးကနေ အလိုက်သင့်အသာအယာထိုးသွင်း ဆက်ဆံစေတာမျိုးက နာကျင်မှုလျော့နည်းနေတတ်တယ်။ ဒါကြောင့် ကိုယ်ကဘယ်လိုအနေအထားနဲ့စတင်ပေးရင် နာကျင်မှုကင်းသလဲ ဆိုတာ စူးစမ်းသိရှိထားသင့်ပါတယ်။ 
(၈) မစိုးရိမ်ပါနဲ့ - သူ့အပေါ် သင်မစင်မစွန့်မိလောက်ပါဘူး (Don’t Worry – You’re NOT Going To S**t On Him)
လူအတော်များများဟာ သူတို့ရဲ့ Top ပါတနာတွေ ထိုးသွင်းဆက်ဆံနေတုန်း အမှတ်မထင် ပြဿနာတစ်ခုခုလုပ်မိမှာ၊ ရပ်တန့်ခိုင်းဖို့ အားထုတ်မိမှာကို စိုးရိမ်တတ်ကြပါတယ်။ သည်လိုစိတ်အခြေအနေဟာ သင့်စိတ်ကိုပိုမိုတင်းကြပ်စေပြီး နာကျင်မှုတွေကိုပိုမိုဖန်တီး တတ်တယ်ဗျ။ ကျွန်တော်ပြောမယ် နားထောင်နော်။ သင်ဟာ ၀မ်းချူကိရိယာ ဒါမှမဟုတ် သန့်ရှင်းရေးပစ္စည်းနဲ့ သင့်တင့်လျောက်ပတ်စွာ သန့်စင်ထားပြီးရင်၊ ရေချိုးခန်းထဲဝင် လက်ချောင်းတွေနဲ့ စအိုထဲ နှိုက်ကာ နှစ်ကြိမ်မြောက်စစ်ဆေးပြီးရင် အတွင်းထဲမှာ အညစ်အကြေး ကင်းစင်နေတာသေချာတယ်။ စအိုဒွါရထဲ အညစ်အကြေးတွေ ရှိနေတုန်းပဲဆိုတာက တလွဲစိတ်ကူးထင်မြင်မှုတစ်ခုပါ။ မစင်စွန့်ဖို့အသင့် ဖြစ်စေတဲ့ လမ်းကြောင်းထွင်ပေးသလိုဖြစ်နေတယ်လေ။ ဒါကြောင့် စိုးရိမ်ကြောင့်ကြစိတ်ကို ရပ်လိုက်ပါ။
သန့်စင်ခန်းကိုသွားချင်တဲ့ စိတ်ခံစားမှုမျိုး ဘာကြောင့်ခံစားနေရလဲ အကြောင်းပြချက်ကတော့ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ ကျွန်တော်တို့ ‘full’ နေပြီလို့ပြောတတ်သော ဆင်ဆာများကြောင့်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသောခံစားချက်များနဲ့ အလားတူပါပဲ ဖျော်ရည် တစ်ခွက်ကို သောက်ချင်တဲ့အခါ စားလက်စအစားအစာတွေကြောင့် ဗိုက်ပြည့်ပြီလို့ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် လှည့်စားလိုက်သလိုပေါ့။ သင့်စအိုဒွါရက အညစ်အကြေးများပြည့်မနေပါဘူး၊ သင့်ပါတနာရဲ့လိင်တံနဲ့ပြည့်နေတာမျိုးပါ။ စိတ်သောကနဲ့ စိုးရိမ်ပူပန်မှုတွေကို မခံစားပါနဲ့။ သင့်စအိုဒွါရထဲမှာ ဘာမှရှိမနေဘူး မှတ်မိတယ်မဟုတ်လား။ သက်သောင့်သက်သာနဲ့ စီးမျောလိုက်ပါ။ သည်ခံစားချက်က သိပ်မကြာပါဘူးဗျ။
(၉) ကိုယ့်ကိုယ်ကိုယ် ပွတ်သပ်ပါ (Rub Yourself)
သူ့လိင်တံတိုးဝင်ပွတ်တိုက်မယ့် သင့် G-spot ဧရိယာအတွင်း(လိင်တံ၊ လိင်ဥနဲ့ အဲသည့်အင်္ဂါအစိတ်အပိုင်းနှစ်ခုကြားအပါအ၀င်) မသိ မသာနိုးကြွစေတဲ့သဘောမျိုးနဲ့ ကိုယ့်ဘာသာကိုယ်ပွတ်သပ်ပေးပါ။ သူ့လိင်တံက စအိုဒွါရကတစ်ဆင့် အဆိုပါဧရိယာကို တွန်းတိုက် ပြီး လှုံ့ဆော်ချိန် သင့်လိင်စိတ်ဆန္ဒအပြင်းအထန်ထကြွစေမယ့်အင်ဂျင်ကို ဟိန်းဟောက်လည်ပတ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုက်ရည်ဂလင်း(the prostate)ဟာ ကျွန်တေ်ာတို့ သုက်သွေးဖန်တီးပြီး အပြင်ကိုပန်းထုတ်စေမယ့်နေရာဖြစ်သလို ကျွန်တေ်ာတို့ ကိုယ်ခန္ဓာဟာ ရှည်ကြာသည့်အချိန်ကာလအပိုင်းအခြားအတွင်း သူ့ဘာသာသူ အထွဋ်အထိပ်ရဲ့အစွန်ဆုံးရောက်အောင်ပြုမူနိုင်ပါတယ်။ သည်အစိတ်အပိုင်းက ကျွန်တော်တို့ကို အရူးအမူးဖြစ်သွားအောင်မောင်းနှင်ပါတယ်။ ဒါကပဲ စအိုဒွါရနဲ့ လိင်ဆက်ဆံသော်လည်း လိင်ဆန္ဒ ပြီးမြောက်ခြင်းကို(anal orgasms) ခံစားနိုင်တာပါ။ သို့အတွက်ကြောင့် ကျွန်တော်ပြောတဲ့ ပွတ်သပ်ပေးပါကိစ္စကို မမေ့မလျော့ပြုလုပ် ကြည့်နော်။
(၁၀) ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်ပါ (You Control Your Body )
မမေ့ပါနဲ့နော်။ ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်း၊ ထိန်းချုပ်ခြင်းဖြင့် မလိုလားတာတွေမဖြစ်ပျက်အောင်ပြုလုပ်နိုင်ပါတယ်။ ဆက်ဆံနေချိန် အလွန်အမင်း နာကျင်တာခံစားရရင်တော့ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ သင်သာ မှန်ကန်တဲ့လုပ်ဆောင်မှုမျိုးပြုလုပ်ခဲ့ရင် စအိုဒွါရနဲ့ လိင်ဆက်ဆံချိန် (Anal sex) နာကျင်မှုကို မခံစားရသင့်ပါ။
 ဓာတ်စာစားခြင်း၊ အကူကိရိယာအချို့ကို ရွေးချယ်ပြီး လက်တွေ့လေ့ကျင့် ထားခြင်းအားလုံးဟာ ဖြစ်တန်စွမ်းသော အကောင်းဆုံးအတွေ့အကြုံတွေဖန်တီးရာမှာ အကူအညီပေးပါတယ်။ ဘာလဲဆိုတာ စဉ်းစား ကြည့်။ အဆိုပါအားလုံးဟာ သင့်ထိန်းချုပ်မှုအောက်မှာ အလုပ်လုပ်နေတာပါ။ သင့်ကိုယ်ခန္ဓာက သင်ဘာလုပ်နေတယ်ဆိုတာကို ပြောဆို မှာပါပဲ။ သင် လိင်ဆက်ဆံချိန်မှာ သက်သောင့်သက်သာဖြစ်အောင် ကိုယ်ခန္ဓာကိုအမိန့်ပေးထိန်းထားနိုင်မလား ပြောင်းလဲအဆင်ပြေသွား မလားဆိုတာ သင်သာအခရာဖြစ်ပါတယ်။
Alex Aung (22 April 2021)
Ref: 10 Secrets To Having Pain Free Anal Sex By: Blake Michaels
[Zawgyi]
(၁) ဓာတ်စာ (The Diet)
(၅) ချောဆီ (Lube That A@@!)
Alex Aung (22 April 2021)
No comments: