Tuesday, June 22, 2021

ဆွေးနွေးတိုင်ပင်သင့်သည့် ကျန်းမာရေးကိစ္စ

 [Unicode]လိင်တူကြိုက်အမျိုးသမီးကော၊ လိင်နှစ်မျိုးစလုံးကြိုက်သည့် အမျိုးသမီးကော ဆွေးနွေးတိုင်ပင်သင့်သည့် ကျန်းမာရေးကိစ္စ

(Top 10 things lesbians and bisexual women should discuss with their health care providers)




လိင်တူကြိုက်အမျိုးသမီးများမှာ အထူးတလည်ဖြစ်နေတတ်သော ကျန်းမာရေးပြဿနာအချို့အကြောင်း သင်သတိထားမိပါသလား။ 


ဆေးလိပ်သောက်ခြင်းနဲ့ အ၀လွန်ခြင်းဟာ လိင်တူကြိုက်အမျိုးသမီးများအကြား နှလုံးရောဂါဖြစ်မှုများစေသော အကြီးမားဆုံးပြဿနာပါ။


နှလုံးရောဂါ၊ ကင်ဆာ၊ စိတ်ကျရောဂါ နဲ့ အစိုးရိမ်လွန်ကဲခြင်းတွေဟာ လိင်တူကြိုက်အမျိုးသမီးအုပ်စုထဲမှာရှိသော အမျိုးသမီးများရဲ့ ယေဘုယျကျန်းမာရေး ပြဿနာများဖြစ်ပါတယ်။ သင်နှင့် သင့်ကျန်းမာရေးစောင့်ရှောက်သူတို့ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အဆိုပါကျန်းမာရေး အန္တရာယ်တွေကို လျော့နည်းအောင်လုပ်ဆောင်နိုင်ပါတယ်။ 


အောက်မှာပြောပြမယ့် ကျန်းမာရေးနဲ့သက်ဆိုင်သည့် ထိပ်တန်းအချက် ဆယ်ချက်အား ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ပညာရှင် သို့မဟုတ် ဆရာဝန်ကို မေးမြန်းခြင်းဖြင့် စတင်ကြတာပေါ့နော်။


ရင်သားကင်ဆာ (Breast cancer)

လိင်တူကြိုက်အမျိုးသမီး (Lesbians) တွေမှာ ရင်သားကင်ဆာဖြစ်ဖို့အလားအလာပိုများနေတယ်ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ မိမိရင်သားမှာ အဖုအကြိတ်ရှိမရှိ ပုံမှန်စမ်းသပ်ကြည့်တာမျိုးနည်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားတယ်ဆိုရင် ရောဂါလက္ခဏာ ကို စောစောစီးစီး စမ်းသပ်ရှာဖွေတွေ့ရှိပါလျှင် ကုသပျောက်ကင်းနိုင်တဲ့အခြေအနေများတယ်ဆိုပေမယ့် လိင်တူကြိုက်အမျိုးသမီးများမှာ ရင်သားကင်ဆာဖြစ်ပြီဆိုရင်တော့ ပြင်းထန်တဲ့အခြေအနေရောက်မှ သတိပြုမိကြတာမျိုးများနေတယ်။ 


ဒါကြောင့် သင့်မိသားစုဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးသူနဲ့အတူ ရင်သားကင်ဆာဖြစ်ပွားရန်အခြေအနေရှိမရှိကို ပုံမှန်လေး စမ်းသပ်စစ်ဆေးပေးသင့်ပါတယ်။ 


စိတ်ဓာတ်ကျခြင်း နှင့် စိုးရိမ်စိတ်လွန်ကဲခြင်း (Depression and anxiety)


ခွဲခြားတဲ့ ဆက်ဆံပတ်သက်မှုတွေကြုံဆုံနေရတဲ့အခါ စိတ်ဖိအား(stress) တစ်ခုအဖြစ် ရေရှည်ခံစားရနိုင်ပါတယ်။ ခွဲခြားဆက်ဆံခြင်းကြောင့် သင့်လိင်စိတ်တိမ်းညွှတ်မှုအကြောင်း ဖုံးကွယ်ထားဖို့လိုအပ်လျှင် ဒါမှမဟုတ် စိတ်ထိခိုက်လှုပ်ရှားခြင်းနှင့်ဆိုင်သော သည်းခံမှု ပျောက်ဆုံးနေ လျှင် ခံစားနေရတဲ့ စိတ်ဖိအားပိုမိုပြင်းထန်လာနိုင်တာတော့အမှန်ပါ။ သည်လို စိတ်ဖိအားအစဉ်အမြဲ ခံစားနေရပါက စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်လွန်ကဲနေခြင်းတွေစီ ဦးတည်သွားနိုင်ပါတယ်။  သင့်ကျန်းမာရေးအား စောင့်ရှောက်မှုပေးနေသူ ဆေးပညာရှင်ကို သည်ခံစားချက် တွေ ဖွင့်ပြောတိုင်ပင်ခြင်းဖြင့် အကူအညီရယူရပါမယ်။


နှလုံးကျန်းမာရေး (Heart health)

နှလုံးရောဂါဟာ အမျိုးသမီးတွေကိုသေဆုံးစေသော အဓိကရောဂါများတွင် နံပါတ်တစ်အဖြစ်ဦးဆောင်နေပါတယ်။ လိင်တူကြိုက်အမျိုးသမီး များအတွက် ဆေးလိပ်သောက်ခြင်းနဲ့ အ၀လွန်ခြင်းတွေဟာ နှလုံးရောဂါဖြစ်စေတဲ့ အကြီးမားဆုံးဘေးအန္တရာယ်၊ အကြောင်းရင်းများဖြစ် ပါတယ်။ မိသားစုဆရာဝန် ဒါမှမဟုတ် ပြသနေကြဆရာဝန်နဲ့တိုင်ပင်လျက် သွေးဖိအားမြင့် သွေးတိုးခြင်းအခြေအနေ၊ သွေးတွင်း ကိုလက်စထရောဓာတ် မြင့်မမြင့်နဲ့ ဆီးချိုသွေးချိုအခြေအနေများကို နှစ်စဉ်စစ်ဆေးစမ်းသပ်ပါ။ သင့်ကျန်းမားရေးကိုစောင့်ရှောက်ပေးနေတဲ့ ဆရာဝန်အနေနဲ့လည်း ဆေးလိပ်ဖြတ်ဖို့၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပိုလုပ်ဖို့နဲ့ ကိုယ်အလေးချိန်ထိန်းဖို့ဆိုတဲ့အချက်တွေကို ညွှန်ကြား ချက် ပေးပါလိမ့်မယ်။


သားဖွားမီးယပ်နှင့်ဆိုင်သော ကင်ဆာရောဂါ (Gynecological cancer)

လိင်တူကြိုက်အမျိုးသမီးများမှာလည်း သားဖွားမီးယပ်နှင့်ဆိုင်သော ကင်ဆာရောဂါများထဲက တစ်မျိုးမျိုးခံစားရဖို့ အန္တရာယ်ရှိနေပါတယ်။ တင်ပါးဆုံရိုးရှိအရိုးများစစ်ဆေးခြင်း(Pelvic Exams) နဲ့ သားအိမ်ခေါင်းမှခြစ်ယူပြီး ကင်ဆာရောဂါရှိမရှိစစ်ဆေး(Pap Tests)ခြင်းများကို ပုံမှန်စစ်ဆေးပါက ကင်ဆာရောဂါစောစောတွေ့လျှင်လည်း ကုသပျောက်ကင်းနိုင်တဲ့အခွင့်အရေး သင်ပိုရနိုင်တာပါ။ ပြသနေကြဆရာဝန်အား ကင်ဆာရောဂါ စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် သင်ဘယ်လိုလုပ်ဆောင်သင့်သလဲ မေးမြန်းတိုင်ပင်နိုင်ပါတယ်။


ကြံ့ခိုင်သန်စွမ်းမှု (Fitness)


လိင်တူကြိုက်အမျိုးသမီးများဟာ လိင်ကွဲကြိုက်အမျိုးသမီးများထက် ကိုယ်အလေးချိန်များခြင်း ဒါမှမဟုတ် အ၀လွန်ခြင်းပိုများလေ့ရှိပါတယ်။ ကိုယ်အလေးချိန်များနေခြင်း ဒါမှမဟုတ် အ၀လွန်နေခြင်းဟာ သင့်အတွက် နှလုံးရောဂါ၊ ကင်ဆာနှင့် အရွယ်မတိုင်မီ သေဆုံးခြင်းအန္တရာယ် တွေကျရောက်အောင် ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ ပြသတိုင်ပင်နေကြဆရာဝန်ဆီက ကျန်းမာရေးနဲ့ညီတဲ့ နေထိုင်မှု၊ မှန်ကန်စွာ စားသောက်ခြင်း အပါအ၀င်၊ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းရယူဖို့ အကြံဉာဏ်တွေ ရယူပါ။


ဆေးလိပ်နှင့် ဆေးရွက်ကြီး(Tobacco)

လိင်တူကြိုက်အမျိုးသမီးတွေမှာ လိင်ကွဲကြိုက်အမျိုးသမီးများထက် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲနှုန်းပိုမြင့်ပါတယ်။ ဆေးပြင်းလိပ်လိုမျိုး ကို အမြဲတစေ ပါးစပ်မှာခဲထားသောသူအတွက် ကင်ဆာ၊ နှလုံးရောဂါ၊ အဆုတ်နှင့်ဆိုင်သောရောဂါ(emphysema)ရဖို့ကြိုးစားသလိုဖြစ်တာ မျိုးပေါ့။ သည်သုံးမျိုးကပဲ အမျိုးသမီးတွေကြား သေဆုံးနှုန်းမြင့်စေသော အဓိကရောဂါများဖြစ်ပါတယ်။ ပြောနေကြအတိုင်းပါပဲ မိမိကျန်းမာ ရေးအတွက် ပြသတိုင်ပင်ကုသပေးနေတဲ့ ပညာရှင်ကတစ်ဆင့် ဆေးလိပ်ဖြတ်ဖို့ နည်းလမ်း ဒါမှမဟုတ် ဆေးလိပ်ဖြတ်ဖို့အကြောင်းလေ့လာ ပြုကျင့်ပါ။ 


အရက်သေစာ (Alcohol)

အရက်သေစာ အလွန်အကျွံသောက်ခြင်း၊ သောက်စားပျော်ပါးခြင်းဟာ လိင်တူကြိုက်အမျိုးသမီးများအကြား ထုံးစံဖြစ်နေပါပြီ။ တစ်ခွက်ထက် ပိုတဲ့ အရက်သေစာသောက်သုံးခြင်းဟာ ကင်ဆာ၊ အသည်းရောဂါနှင့် အခြားသော ကျန်းမာရေးပြဿနာများရအောင် သင့်ကိုယ်သင်ပြုကျင့် ရာရောက်ပါတယ်။ သင်အရက်သေစာသောက်သုံးခြင်းအလေ့အကျင့် တလွဲဖြစ်နေပြီလို့ထင်မြင်ယူဆမိတာနဲ့ ပြသနေကြဆရာဝန်အား အကူအညီတောင်းပါ။


ဆေးစွဲခြင်း (Substance use)


မကြာခဏဆိုသလို မူးယစ်ဆေးသုံးစွဲကြတယ်ဆိုတဲ့ကိစ္စဟာ သာမန်လိင်ကွဲကြိုက်အမျိုးသမီးများထက် လိင်တူကြိုက်အမျိုးသမီးများမှာ အတွေ့ရများပါတယ်။ လိင်တူကြိုက်သူများကို ရွံမုန်းခြင်း(homophobia)၊ လိင်အရ အခွင့်အရေးခွဲခြားခြင်း နှိမ်ခြင်း(sexism) ဒါမှမဟုတ် ခွဲခြားဆက်ဆံခြင်း (discrimination)များရဲ့ အကျိုးဆက်ကြောင့် ခံစားရတဲ့ စိတ်ဖိအားများမှ ဖြေလျော့တဲ့နည်းလမ်းတစ်ဖုံအဖြစ် ရွေးချယ် ကြခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ မူးယစ်ဆေး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသောဆေးတစ်မျိုးမျိုးကို စွဲလမ်းနေမိ ပါက မိသားစုဆရာဝန်အား ပြောဆိုတိုင်ပင်ပါ။ ဆေးဖြတ်ခြင်း၊ ဆေးသုံးတာကို ရပ်တန့်ခြင်းနှင့် စိတ်ဖိအားကင်းစွာ ကျန်းမာပျော်ရွှင်နေထိုင် နိုင်တဲ့နည်းလမ်းများကို လေ့လာကျင့်သုံးဖို့ အကူအညီရနိုင်ပါတယ်။


လက်တွဲဖော်က အကြမ်းဖက်ခြင်း (Intimate partner violence)

အကြမ်းဖက်ခြင်း(Violence)ဆိုတာ သာမန်လိင်ကွဲကြိုက်စုံတွဲတွေရဲ့ ပြဿနာသက်သက်မဟုတ်ပါဘူး။ အချို့သောလိင်တူကြိုက်အမျိုးသမီး များ(Lesbians) ရင်ဆိုင်ကြုံတွေ့နေရသော ဆက်ဆံရေးဆိုင်ရာအကြမ်းဖက်မှုတစ်ရပ်လည်းဖြစ်နေပါတယ်။ တကယ်လို့ သင်ဟာ အကြမ်း ဖက်ခံရတဲ့အတွေ့အကြုံ ကြုံဆုံခံစားနေရပါက သင့်ကျန်းမာရေးဆရာဝန်ကတစ်ဆင့် အကူအညီတောင်းခံနိုင်ပါတယ်။ အကြံဉာဏ်ပေးဆွေး နွေးသူများနှင့် လူမှုဝန်ထမ်းစောင့်ရှောက်ရေးဂေဟာများက သင့်အတွက် ကူညီဖို့အသင့်ရှိနေတာသေချာတယ်။


လိင်ပိုင်းဆိုင်ရာကျန်းမာရေး (Sexual health)


လိင်တူကြိုက်အမျိုးသမီးများဟာလည်း လိင်ကွဲကြိုက်အမျိုးသမီးများနည်းတူ လိင်ကတစ်ဆင့်ကူးစက်တတ်သောရောဂါများ (STIs) ကူးစက် ခံရနိုင်ပါတယ်။ လိင်တူကြိုက်အမျိုးသမီးများရဲ့ လက်တွဲဖော်များဟာ အရေပြားခြင်းထိတွေ့မှု(skin-to-skin contact)၊ နှာခေါင်း  ပါးစပ် ခန္ဓာကိုယ်အတွင်းပိုင်းတို့တွင်ရှိပြီး ချွဲ၊သလိပ်၊နှပ်၊နှာရည်ထွက်သော အမြှေးများ (mucous membrane contact) ထိတွေ့မှုတစ်ခုခု၊ အမျိုးသမီးအင်္ဂါလမ်းကြောင်း အရည်များ(vaginal fluids) နှင့် ရာသီသွေး (menstrual blood) များကတစ်ဆင့် ကာလသားရောဂါ (STIs) များကူးစက်ပျံ့ပွားနိုင်တာပါ။ မကြာခဏဆိုသလို ပြသနေကြ မိသားစုဆရာဝန်နဲ့အတူ ကာလသားရောဂါပိုးတစ်ခုခု ကူးစက်ခံရခြင်းရှိမရှိ စစ်ဆေးသင့်သလို မကူးစက်အောင်ဘယ်လိုနေထိုင်ရမယ်ဆိုတာ တိုင်ပင်အကြံဉာဏ်တောင်းပါ ခင်ဗျ။


Alex Aung (11 May 2021)


Ref:  Top 10 things lesbians and bisexual women should discuss with their health care providers   by Tonia Poteat, MMSc, PA-C, MPH, PhD.


Source: www.GLMA.org, used by permission


[Zawgyi]လိင္တူႀကိဳက္အမ်ိဳးသမီးေကာ၊ လိင္ႏွစ္မ်ိဳးစလံုးႀကိဳက္သၫ့္ အမ်ိဳးသမီးေကာ ေဆြးေနြးတိုင္ပင္သင့္သၫ့္ က်န္းမာေရးကိစၥ

(Top 10 things lesbians and bisexual women should discuss with their health care providers)




လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားမွာ အထူးတလည္ျဖစ္ေနတတ္ေသာ က်န္းမာေရးျပႆနာအခ်ိဳ႕အေၾကာင္း သင္သတိထားမိပါသလား။ 


ေဆးလိပ္ေသာက္ျခင္းနဲ႔ အ၀လြန္ျခင္းဟာ လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားအၾကား ႏွလံုးေရာဂါျဖစ္မႈမ်ားေစေသာ အႀကီးမားဆံုးျပႆနာပါ။


ႏွလံုးေရာဂါ၊ ကင္ဆာ၊ စိတ္က်ေရာဂါ နဲ႔ အစိုးရိမ္လြန္ကဲျခင္းေတြဟာ လိင္တူႀကိဳက္အမ်ိဳးသမီးအုပ္စုထဲမွာရိွေသာ အမ်ိဳးသမီးမ်ားရဲ့ ေယဘုယ်က်န္းမာေရး ျပႆနာမ်ားျဖစ္ပါတယ္။ သင္ႏွင့္ သင့္က်န္းမာေရးေစာင့္ေရွာက္သူတို႔ အတူတကြပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္ အဆိုပါက်န္းမာေရး အႏၲရာယ္ေတြကို ေလ်ာ့နည္းေအာင္လုပ္ေဆာင္ႏိုင္ပါတယ္။ 


ေအာက္မွာေျပာျပမယ့္ က်န္းမာေရးနဲ႔သက္ဆိုင္သၫ့္ ထိပ္တန္းအခ်က္ ဆယ္ခ်က္အား က်န္းမာေရးေစာင့္ေရွာက္မႈေပးသူ ပညာရွင္ သို႔မဟုတ္ ဆရာဝန္ကို ေမးျမန္းျခင္းျဖင့္ စတင္ၾကတာေပါ့ေနာ္။


ရင္သားကင္ဆာ (Breast cancer)

လိင္တူႀကိဳက္အမ်ိဳးသမီး (Lesbians) ေတြမွာ ရင္သားကင္ဆာျဖစ္ဖို႔အလားအလာပိုမ်ားေနတယ္ေျပာရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိမိရင္သားမွာ အဖုအႀကိတ္ရိွမရိွ ပံုမွန္စမ္းသပ္ၾကၫ့္တာမ်ိဳးနည္းတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ ေရာဂါျဖစ္ပြားတယ္ဆိုရင္ ေရာဂါလကၡဏာ ကို ေစာေစာစီးစီး စမ္းသပ္ရွာေဖြေတြ့ရိွပါလ်ွင္ ကုသေပ်ာက္ကင္းႏိုင္တဲ့အေျခအေနမ်ားတယ္ဆိုေပမယ့္ လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားမွာ ရင္သားကင္ဆာျဖစ္ၿပီဆိုရင္ေတာ့ ျပင္းထန္တဲ့အေျခအေနေရာက္မွ သတိျပဳမိၾကတာမ်ိဳးမ်ားေနတယ္။ 


ဒါေၾကာင့္ သင့္မိသားစုဆရာဝန္ ဒါမွမဟုတ္ က်န္းမာေရးေစာင့္ေရွာက္ေပးသူနဲ႔အတူ ရင္သားကင္ဆာျဖစ္ပြားရန္အေျခအေနရိွမရိွကို ပံုမွန္ေလး စမ္းသပ္စစ္ေဆးေပးသင့္ပါတယ္။ 


စိတ္ဓာတ္က်ျခင္း ႏွင့္ စိုးရိမ္စိတ္လြန္ကဲျခင္း (Depression and anxiety)


ခြဲျခားတဲ့ ဆက္ဆံပတ္သက္မႈေတြႀကံဳဆံုေနရတဲ့အခါ စိတ္ဖိအား(stress) တစ္ခုအျဖစ္ ေရရွည္ခံစားရႏိုင္ပါတယ္။ ခြဲျခားဆက္ဆံျခင္းေၾကာင့္ သင့္လိင္စိတ္တိမ္းၫႊတ္မႈအေၾကာင္း ဖံုးကြယ္ထားဖို႔လိုအပ္လ်ွင္ ဒါမွမဟုတ္ စိတ္ထိခိုက္လႈပ္ရွားျခင္းႏွင့္ဆိုင္ေသာ သည္းခံမႈ ေပ်ာက္ဆံုးေန လ်ွင္ ခံစားေနရတဲ့ စိတ္ဖိအားပိုမိုျပင္းထန္လာႏိုင္တာေတာ့အမွန္ပါ။ သည္လို စိတ္ဖိအားအစဉ္အၿမဲ ခံစားေနရပါက စိတ္ဓာတ္က်ျခင္းႏွင့္ စိုးရိမ္စိတ္လြန္ကဲေနျခင္းေတြစီ ဦးတည္သြားႏိုင္ပါတယ္။  သင့္က်န္းမာေရးအား ေစာင့္ေရွာက္မႈေပးေနသူ ေဆးပညာရွင္ကို သည္ခံစားခ်က္ ေတြ ဖြင့္ေျပာတိုင္ပင္ျခင္းျဖင့္ အကူအညီရယူရပါမယ္။


ႏွလံုးက်န္းမာေရး (Heart health)

ႏွလံုးေရာဂါဟာ အမ်ိဳးသမီးေတြကိုေသဆံုးေစေသာ အဓိကေရာဂါမ်ားတြင္ နံပါတ္တစ္အျဖစ္ဦးေဆာင္ေနပါတယ္။ လိင္တူႀကိဳက္အမ်ိဳးသမီး မ်ားအတြက္ ေဆးလိပ္ေသာက္ျခင္းနဲ႔ အ၀လြန္ျခင္းေတြဟာ ႏွလံုးေရာဂါျဖစ္ေစတဲ့ အႀကီးမားဆံုးေဘးအႏၲရာယ္၊ အေၾကာင္းရင္းမ်ားျဖစ္ ပါတယ္။ မိသားစုဆရာဝန္ ဒါမွမဟုတ္ ျပသေနၾကဆရာဝန္နဲ႔တိုင္ပင္လ်က္ ေသြးဖိအားျမင့္ ေသြးတိုးျခင္းအေျခအေန၊ ေသြးတြင္း ကိုလက္စထေရာဓာတ္ ျမင့္မျမင့္နဲ႔ ဆီးခ်ိဳေသြးခ်ိဳအေျခအေနမ်ားကို ႏွစ္စဉ္စစ္ေဆးစမ္းသပ္ပါ။ သင့္က်န္းမားေရးကိုေစာင့္ေရွာက္ေပးေနတဲ့ ဆရာဝန္အေနနဲ႔လည္း ေဆးလိပ္ျဖတ္ဖို႔၊ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းပိုလုပ္ဖို႔နဲ႔ ကိုယ္အေလးခ်ိန္ထိန္းဖို႔ဆိုတဲ့အခ်က္ေတြကို ၫႊန္ၾကား ခ်က္ ေပးပါလိမ့္မယ္။


သားဖြားမီးယပ္ႏွင့္ဆိုင္ေသာ ကင္ဆာေရာဂါ (Gynecological cancer)

လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားမွာလည္း သားဖြားမီးယပ္ႏွင့္ဆိုင္ေသာ ကင္ဆာေရာဂါမ်ားထဲက တစ္မ်ိဳးမ်ိဳးခံစားရဖို႔ အႏၲရာယ္ရိွေနပါတယ္။ တင္ပါးဆံုရိုးရိွအရိုးမ်ားစစ္ေဆးျခင္း(Pelvic Exams) နဲ႔ သားအိမ္ေခါင္းမျွခစ္ယူၿပီး ကင္ဆာေရာဂါရိွမရိွစစ္ေဆး(Pap Tests)ျခင္းမ်ားကို ပံုမွန္စစ္ေဆးပါက ကင္ဆာေရာဂါေစာေစာေတြ့လ်ွင္လည္း ကုသေပ်ာက္ကင္းႏိုင္တဲ့အခြင့္အေရး သင္ပိုရႏိုင္တာပါ။ ျပသေနၾကဆရာဝန္အား ကင္ဆာေရာဂါ စမ္းသပ္စစ္ေဆးေတြ့ရိွခဲ့မယ္ဆိုရင္ သင္ဘယ္လိုလုပ္ေဆာင္သင့္သလဲ ေမးျမန္းတိုင္ပင္ႏိုင္ပါတယ္။


ႀကံ့ခိုင္သန္စြမ္းမႈ (Fitness)


လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားဟာ လိင္ကြဲႀကိဳက္အမ်ိဳးသမီးမ်ားထက္ ကိုယ္အေလးခ်ိန္မ်ားျခင္း ဒါမွမဟုတ္ အ၀လြန္ျခင္းပိုမ်ားေလ့ရိွပါတယ္။ ကိုယ္အေလးခ်ိန္မ်ားေနျခင္း ဒါမွမဟုတ္ အ၀လြန္ေနျခင္းဟာ သင့္အတြက္ ႏွလံုးေရာဂါ၊ ကင္ဆာႏွင့္ အရြယ္မတိုင္မီ ေသဆံုးျခင္းအႏၲရာယ္ ေတြက်ေရာက္ေအာင္ ဖိတ္ေခၚသလိုျဖစ္ေနပါတယ္။ ျပသတိုင္ပင္ေနၾကဆရာဝန္ဆီက က်န္းမာေရးနဲ႔ညီတဲ့ ေနထိုင္မႈ၊ မွန္ကန္စြာ စားေသာက္ျခင္း အပါအ၀င္၊ ပံုမွန္ကိုယ္လက္ေလ့က်င့္ခန္းရယူဖို႔ အႀကံဉာဏ္ေတြ ရယူပါ။


ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီး(Tobacco)

လိင္တူႀကိဳက္အမ်ိဳးသမီးေတြမွာ လိင္ကြဲႀကိဳက္အမ်ိဳးသမီးမ်ားထက္ ေဆးလိပ္ႏွင့္ ေဆးရြက္ႀကီးသံုးစြဲႏႈန္းပိုျမင့္ပါတယ္။ ေဆးျပင္းလိပ္လိုမ်ိဳး ကို အၿမဲတေစ ပါးစပ္မွာခဲထားေသာသူအတြက္ ကင္ဆာ၊ ႏွလံုးေရာဂါ၊ အဆုတ္ႏွင့္ဆိုင္ေသာေရာဂါ(emphysema)ရဖို႔ႀကိဳးစားသလိုျဖစ္တာ မ်ိဳးေပါ့။ သည္သံုးမ်ိဳးကပဲ အမ်ိဳးသမီးေတြၾကား ေသဆံုးႏႈန္းျမင့္ေစေသာ အဓိကေရာဂါမ်ားျဖစ္ပါတယ္။ ေျပာေနၾကအတိုင္းပါပဲ မိမိက်န္းမာ ေရးအတြက္ ျပသတိုင္ပင္ကုသေပးေနတဲ့ ပညာရွင္ကတစ္ဆင့္ ေဆးလိပ္ျဖတ္ဖို႔ နည္းလမ္း ဒါမွမဟုတ္ ေဆးလိပ္ျဖတ္ဖို႔အေၾကာင္းေလ့လာ ျပဳက်င့္ပါ။ 


အရက္ေသစာ (Alcohol)

အရက္ေသစာ အလြန္အကြၽံေသာက္ျခင္း၊ ေသာက္စားေပ်ာ္ပါးျခင္းဟာ လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားအၾကား ထံုးစံျဖစ္ေနပါၿပီ။ တစ္ခြက္ထက္ ပိုတဲ့ အရက္ေသစာေသာက္သံုးျခင္းဟာ ကင္ဆာ၊ အသည္းေရာဂါႏွင့္ အျခားေသာ က်န္းမာေရးျပႆနာမ်ားရေအာင္ သင့္ကိုယ္သင္ျပဳက်င့္ ရာေရာက္ပါတယ္။ သင္အရက္ေသစာေသာက္သံုးျခင္းအေလ့အက်င့္ တလြဲျဖစ္ေနၿပီလို႔ထင္ျမင္ယူဆမိတာနဲ႔ ျပသေနၾကဆရာဝန္အား အကူအညီေတာင္းပါ။


ေဆးစြဲျခင္း (Substance use)


မၾကာခဏဆိုသလို မူးယစ္ေဆးသံုးစြဲၾကတယ္ဆိုတဲ့ကိစၥဟာ သာမန္လိင္ကြဲႀကိဳက္အမ်ိဳးသမီးမ်ားထက္ လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားမွာ အေတြ့ရမ်ားပါတယ္။ လိင္တူႀကိဳက္သူမ်ားကို ရြံမုန္းျခင္း(homophobia)၊ လိင္အရ အခြင့္အေရးခြဲျခားျခင္း ႏိွမ္ျခင္း(sexism) ဒါမွမဟုတ္ ခြဲျခားဆက္ဆံျခင္း (discrimination)မ်ားရဲ့ အက်ိဳးဆက္ေၾကာင့္ ခံစားရတဲ့ စိတ္ဖိအားမ်ားမွ ေျဖေလ်ာ့တဲ့နည္းလမ္းတစ္ဖံုအျဖစ္ ေရြးခ်ယ္ ၾကျခင္းျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ သင္ဟာ မူးယစ္ေဆး သို႔မဟုတ္ စိတ္ကိုေျပာင္းလဲေစေသာေဆးတစ္မ်ိဳးမ်ိဳးကို စြဲလမ္းေနမိ ပါက မိသားစုဆရာဝန္အား ေျပာဆိုတိုင္ပင္ပါ။ ေဆးျဖတ္ျခင္း၊ ေဆးသံုးတာကို ရပ္တန႔္ျခင္းႏွင့္ စိတ္ဖိအားကင္းစြာ က်န္းမာေပ်ာ္ရႊင္ေနထိုင္ ႏိုင္တဲ့နည္းလမ္းမ်ားကို ေလ့လာက်င့္သံုးဖို႔ အကူအညီရႏိုင္ပါတယ္။


လက္တြဲေဖာ္က အၾကမ္းဖက္ျခင္း (Intimate partner violence)

အၾကမ္းဖက္ျခင္း(Violence)ဆိုတာ သာမန္လိင္ကြဲႀကိဳက္စံုတြဲေတြရဲ့ ျပႆနာသက္သက္မဟုတ္ပါဘူး။ အခ်ိဳ႕ေသာလိင္တူႀကိဳက္အမ်ိဳးသမီး မ်ား(Lesbians) ရင္ဆိုင္ႀကံဳေတြ့ေနရေသာ ဆက္ဆံေရးဆိုင္ရာအၾကမ္းဖက္မႈတစ္ရပ္လည္းျဖစ္ေနပါတယ္။ တကယ္လို႔ သင္ဟာ အၾကမ္း ဖက္ခံရတဲ့အေတြ့အႀကံဳ ႀကံဳဆံုခံစားေနရပါက သင့္က်န္းမာေရးဆရာဝန္ကတစ္ဆင့္ အကူအညီေတာင္းခံႏိုင္ပါတယ္။ အႀကံဉာဏ္ေပးေဆြး ေနြးသူမ်ားႏွင့္ လူမႈဝန္ထမ္းေစာင့္ေရွာက္ေရးေဂဟာမ်ားက သင့္အတြက္ ကူညီဖို႔အသင့္ရိွေနတာေသခ်ာတယ္။


လိင္ပိုင္းဆိုင္ရာက်န္းမာေရး (Sexual health)


လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားဟာလည္း လိင္ကြဲႀကိဳက္အမ်ိဳးသမီးမ်ားနည္းတူ လိင္ကတစ္ဆင့္ကူးစက္တတ္ေသာေရာဂါမ်ား (STIs) ကူးစက္ ခံရႏိုင္ပါတယ္။ လိင္တူႀကိဳက္အမ်ိဳးသမီးမ်ားရဲ့ လက္တြဲေဖာ္မ်ားဟာ အေရျပားျခင္းထိေတြ့မႈ(skin-to-skin contact)၊ ႏွာေခါင္း  ပါးစပ္ ခႏၶာကိုယ္အတြင္းပိုင္းတို႔တြင္ရိွၿပီး ခြၽဲ၊သလိပ္၊ႏွပ္၊ႏွာရည္ထြက္ေသာ အေျမႇးမ်ား (mucous membrane contact) ထိေတြ့မႈတစ္ခုခု၊ အမ်ိဳးသမီးအဂၤါလမ္းေၾကာင္း အရည္မ်ား(vaginal fluids) ႏွင့္ ရာသီေသြး (menstrual blood) မ်ားကတစ္ဆင့္ ကာလသားေရာဂါ (STIs) မ်ားကူးစက္ပ်ံ့ပြားႏိုင္တာပါ။ မၾကာခဏဆိုသလို ျပသေနၾက မိသားစုဆရာဝန္နဲ႔အတူ ကာလသားေရာဂါပိုးတစ္ခုခု ကူးစက္ခံရျခင္းရိွမရိွ စစ္ေဆးသင့္သလို မကူးစက္ေအာင္ဘယ္လိုေနထိုင္ရမယ္ဆိုတာ တိုင္ပင္အႀကံဉာဏ္ေတာင္းပါ ခင္ဗ်။


Alex Aung (11 May 2021)


Ref:  Top 10 things lesbians and bisexual women should discuss with their health care providers   by Tonia Poteat, MMSc, PA-C, MPH, PhD.


Source: www.GLMA.org, used by permission

No comments: