Saturday, August 7, 2021

တကိုယ်ရည်အာသာဖြေခြင်းနှင့်ခုခံအားစနစ်

#တကိုယ်ရည်အာသာဖြေခြင်းနှင့်ခုခံအားစနစ်

⚜️⚜️⚜️




လက်ရှိအချိန်သည် တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန်ဖြစ်ပြီး ကပ်ရောဂါ ကိုဗစ်နိုင်တင်း နှင့်အတူ အသွားအလာကန့်သတ်ခြင်းများ ထုတ်ပြန်ထားသောကြောင့် တယောက်နှင့်တယောက် ချိန်းတွေ့ခြင်း ဒိတ်တင်းပြုလုပ်ခြင်းများအတွက် အခက်အခဲများစွာ ရှိနေသည့်အချိန် ဖြစ်ပါသည်။ 


သို့သော် အလုပ်များရပ်ဆိုင်း၍ အိမ်တွင်သာ နေနေရသည့် အချိန်တွင် လိင်ပိုင်းဆိုင်ရာ သာယာမှု ရစေရန် တကိုယ်ရည်အာသာဖြေခြင်းများ ပြုလုပ်မိကောင်း ပြုလုပ်မိနိုင်ပါသည်။ အခြားတဖက်တွင်လည်း ကိုဗစ်နိုင်တင်း ကပ်ရောဂါသည် အမျိုးမျိုးသော ကုသဆေးများနှင့် မရေမရာ ဖြစ်နေချိန်တွင် လူတဦးချင်းစီက မိမိတို့၏ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထိန်းသိမ်းမွေးမြူခြင်းဖြင့်သာ ကိုဗစ်နိုင်တင်း ကူးစက်မှုဒဏ်ကို ခံနိုင်ရည် ရှိမည်ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ အကြံပေးမှုများကို တွေ့ရှိရပါသည်။ 


ထို့ကြောင့် တကိုယ်ရည် အာသာဖြေခြင်း နှင့် ခန္ဓာကိုယ် ခုခံအားစနစ် ဆက်စပ်မှု ရှိမရှိ နှင့် တကိုယ်ရည် အာသာဖြေခြင်းက ခုခံအားစနစ်ကို ဆိုးကျိုး သက်ရောက်နိုင်ခြင်း ရှိမရှိ အကြောင်းအချို့ကို တင်ပြလိုက်ပါသည်။ 

တကိုယ်ရည်အာသာဖြေခြင်းနှင့် ခန္ဓာကိုယ် ခုခံအားစနစ် ဆက်စပ်မှု ရှိမရှိ ဟူသော အကြောင်းအရာသည် ကပ်ရောဂါကာလ ၂၀၂၀ မတ်လမှစ၍ ယခုအချိန်အထိ အွန်လိုင်းရှာဖွေရေးဝန်ဆောင်မှု ဂူဂဲလ် တွင် ရှာဖွေမှု အများဆုံးသော အကြောင်းအရာတခု ဖြစ်ပါသည်။ 


တကိုယ်ရည်အာသာဖြေခြင်း (ဂွင်းတိုက်ခြင်း) သည် ပုံမှန် အပြုအမူတခုသာဖြစ်သော်လည်း များစွာသော ယုံတမ်း စကားများကြောင့် စိတ်မသက်သာစရာအဖြစ် စိတ်ထင်မှတ်မှား ဖြစ်နေကြပါသည်။ တကိုယ်ရည်အာသာဖြေခြင်းက စိတ်ဖိစီးမှုလျော့ပါးစေခြင်း နှင့် နာကျင်မှု သက်သာစေခြင်း စသော များစွာသော ကျန်းမာရေးဆိုင်ရာကောင်းကျိုးများကို ဖြစ်စေနိုင်ပါသည်။ 


ဂွင်းတိုက်ခြင်း နှင့် ခန္ဓာကိုယ် ခုခံအားစနစ် တိုက်ရိုက် ဆက်စပ်မှု ရှိမရှိ စမ်းသပ်ထားသော လေ့လာမှုများ အလွန်နည်းပါးသော်လည်း ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော လေ့လာမှုတခုက ဂွင်းတိုက်ခြင်း သည် ကင်ဆာကျိတ်များဖြစ်ပေါ်စေသော ဆဲလ်များနှင့် ဗိုင်းရပ်စ်ကူးစက်ခံရသော ဆဲလ်များကို တိုက်ခိုက်ပေးသည့် ခန္ဓာကိုယ်ခုခံအားစနစ်၏ ပင်မစနစ်ဖြစ်သော လျူကိုဆိုက်စ် ဟု ခေါ်သော သွေးဖြူဥများ၏ လှုပ်ရှားမှုကို လှုံဆော်ပေးမှုရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 


၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော လေ့လာမှုတခုကလည်း သုက်ရည်ထွက်သည်အထိ တကိုယ်ရည်အာသာဖြေမှုများလေလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်မှု အခွင့်အလမ်း နည်းလေလေ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ 

တကိုယ်ရည်အာသာဖြေခြင်း (ဂွင်းတိုက်ခြင်း) ကြောင့် မျက်စိကွယ်နိုင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပန်းသေပန်းညှိုးခြင်း၊ လိင်တံတိုသွားခြင်း၊ ကျုံ့သွားခြင်း၊ လိင်တံကွေးသွားခြင်း၊ သုက်ကောင်အရည်အတွက် နည်းသွားခြင်း၊ မျိုးအောင်နိုင်မှုနည်းသွားခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ အားနည်းခြင်း များ ဖြစ်တတ်ကြောင်း များစွာသော ယုံတမ်းစကားများသည် သိပ္ပံနည်းကျ လက်တွေ့မကျကြောင်း နှင့် တကိုယ်ရည်အာသာဖြေခြင်းကြောင့် ထိုသို့အခြေအနေများ ဖြစ်နိုင်ကြောင်း ဖြစ်တတ်ကြောင်း စမ်းသပ်တွေ့ရှိချက်များ မရှိထားကြောင်း၊ အဆိုပါ ယုံတမ်းစကားများသည် ခြောက်လှန့်စကားသက်သက်သာ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ 


သို့သော်လည်း စမ်းသပ်လေ့လာမှုနည်းပါးသောကြောင့် တထစ်ချ ခိုင်မာစွာ ယတိပြတ်ပြောရန် ခက်သော်လည်း လေ့လာတွေ့ရှိသမျှသော စမ်းသပ်ချက်များကမူ တကိုယ်ရည်အာသာဖြေခြင်းကြောင့် ခုခံအားစနစ်ကို များစွာ သက်ရောက်မှု မရှိနိုင်ကြောင်း၊ သို့သော် သင့်တင့်ရုံမျှ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်၊ သာယာမှုလည်း ရရှိကျေနပ်ပြီး လိုသည်ထက် မပိုသင့်ကြောင်း တင်ပြအပ်ပါသည်။ 


⚜️ A. L ⚜️


မူရင်း - Medical News Today (https://www.medicalnewstoday.com/articles/can-masturbating-impact-the-immune-system)


#FDAကHIVကူးစက်မှုကိုကုသရန်တလတကြိမ်သုံးထိုးဆေးများကိုပထမဆုံးအကြိမ်ခွင့်ပြု

⚜️⚜️⚜️⚜️⚜️




အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) က HIVကူးစက်မှုကို ကုသရန် တလတကြိမ်သုံး ထိုးဆေးများကို ပထမဆုံးအကြိမ်ခွင့်ပြု လိုက်ပြီဖြစ်သည်။ တကြိမ်ဆေးထိုးလျှင် ဒေါ်လာ 4000 (မြန်မာကျပ်ငွေ 53 သိန်းကျော် ကုန်ကျနိုင်မည် ဖြစ်သည်။ 


လွန်ခဲ့သော ရက်သတ္တပတ်အတွင်းက အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) က HIV ဗိုင်းရပ်စ် ကူးစက်မှုကို ကုသရန် GlaxoSmithKline ဆေးဝါးကုမ္ပဏီ ကုမ္ပဏီခွဲတခုဖြစ်သော Viiv Healthcare ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီက ထုတ်လုပ်လျက်ရှိသော နေ့စဉ်အချိန်မှန် သောက်သုံးရမည့် သောက်ဆေး အစား တလလျှင် တကြိမ် လစဉ် ထိုးနှံရမည့် Cabenuva ခေါ် ထိုးဆေးအမျိုးအစားကို ခွင့်ပြုလိုက်ပြီဖြစ်သည်။ 


သို့သော် စိတ်ဝင်စားမှုအရှိဆုံးက ၎င်းထိုးဆေး၏ ကုန်ကျစရိတ်ပင်ဖြစ်ပြီး ပထမဆုံးလ ထိုးနှံမှုအတွက် ဒေါ်လာ 5940 (#မြန်မာကျပ်ငွေ79သိန်းကျော်) ကုန်ကျမည် ဖြစ်ပြီး ဒုတိယလ မှ စ၍ နောက်ပိုင်း လစဉ် ထိုးနှံမှုများအတွက် တလလျှင် ဒေါ်လာ 3960 (#မြန်မာကျပ်ငွေ53သိန်းနီးပါး) ကုန်ကျမည်ဖြစ်သည်။ 


Cabenuva ထိုးဆေးသည် HIV-1 ကူးစက်မှုတွင် ကုသမှုအတွက် ပထမဆုံး နှင့် တခုတည်းသော ပြီးပြည့်စုံသည့် ကာလရှည်ကြာအာနိသင်ရှိသော ကုထုံး ဖြစ်ကြောင်း HIV ကုသမှုအတွက် လစဉ်ထိုးဆေးအား FDA မှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာသည့်နေ့တွင် ဆေးဝါးကုမ္ပဏီ Viiv Healthcare က ပြောကြားခဲ့ပါသည်။  


“ဒီနေ့မှာတော့ HIV ကူးစက်ခံထားရတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ချဉ်းကပ်ပုံစံအသစ်တမျိုးအဖြစ် FDA က Cabenuva ထိုးဆေးကို HIV ကုသတဲ့နေရာမှာ တိုးတက်မှု အရွေ့တခုအဖြစ် အတည်ပြုပေးခဲ့ပါပြီ။ Cabenuva ထိုးဆေးဟာ 365 ရက်စလုံး ဆေးပမာဏ မပျက်မကွက် ရယူဖို့ (သောက်သုံးဖို့) လိုအပ်နေတဲ့အခြေအနေကနေ တနှစ်လုံးမှာ 12 ရက်သာလျှင် ကုသမှုအထောက်အပံ့ရယူဖို့ လိုအပ်တော့မှာ ဖြစ်ပါတယ်။ HIV ကူးစက်ခံထားရသူ မည်သူ့ကိုမှ နောက်ကျန်မနေစေရသော မူဝါဒကို လက်ကိုင်ထားပြီး Viiv Healthcare ဆေးဝါးကုမ္ပဏီက ဆန်းသစ်တဲ့ဆေးဝါးတွေကို ရှာဖွေဖော်ထုတ်ပြီး ကျမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အားဖြည့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု Viiv ဆေးဝါးကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ကုမ္ပဏီ၏ မြောက်အမေရိက အကြီးအကဲ Lynn Baxter က ပြောကြားသွားခဲ့သည်။ 


“ကာလရှည်ကြာ အာနိသင်ရှိသော ထိုးဆေးပုံစံ HIV ကုသမှု သည် ဆေးဘက်ဆိုင်ရာနယ်ပယ်တွင် ကြီးမားသော အချိုးအကွေ့တခုဖြစ်ပြီး HIV နှင့် နေထိုင်နေကြသူများအတွက် ပိုမိုလွယ်ကူသော ပိုမိုကောင်းမွန်သော အခြေအနေကို ဖန်တီးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး” ဟု ဝါရှင်တန်ဒီစီ အခြေစိုက် NGO အဖွဲ့အစည်းတခုဖြစ်သည့် AIDS United အဖွဲ့၏ အကြီးအကဲတယောက်ဖြစ်သော Jesse Milan Jr. က ပြောကြားခဲ့သည်။ 


သို့သော် ကူးစက်ခံလူနာများအနေဖြင့် ပထမတနှစ်အတွင်းမှာပင် ထိုးဆေး 12 ကြိမ်စာအတွက် ကုန်ကျစရိတ် ဒေါ်လာ 50000 (#မြန်မာကျပ်ငွေ667သိန်းကျော်) ကုန်ကျနိုင်မည့်အခြေအနေအရ ဝါရှင်တန်ပို့စ် သတင်းစာကြီးက Viiv Healthcare ဆေးဝါးကုမ္ပဏီသည် စာနာထောက်ထားသော စိတ်သဘောထားမျိုးမရှိဘဲ H+ များ၏ ဘဝကို အမှန်တကယ်ပင် ပိုမိုလွယ်ကူစေလိမ့်မည်မဟုတ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ 2018 ခုနှစ် စာရင်းများအရ လက်ရှိကုသမှုခံယူနေကြသော ပုံမှန်သောက်ဆေးကုန်ကျစရိတ်သည် တနှစ်လျှင် ဒေါ်လာ 36000 မှ 48000 အတွင်း (မြန်မာကျပ်ငွေ သိန်း 480 နှင့် သိန်း 640 ကြား) ရှိနေသော လက်ရှိအခြေအနေထက်ပင် ထိုးဆေး ကုန်ကျစရိတ်က ပိုမို များပြားလျက်ရှိကြောင်း AIDS သုတေသနအဖွဲ့အစည်းတခုဖြစ်သော amfAR က ဖော်ပြခဲ့သည်။ 


Viiv Healthcare ကုမ္ပဏီကမူ ၎င်းတို့အနေဖြင့် ပုဂ္ဂလိက အာမခံရှိသူများနှင့် အစိုးရ ဆေးဝါးအထောက်အပံ့ရယူထားသူများအနေဖြင့် ကုန်ကျစရိတ်အတွက် ပိုမိုသက်သာသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။ 


ကုမ္ပဏီက ယခုထိုးဆေးသည် တလတကြိမ် လစဉ်မဟုတ်ဘဲ နှစ်လမှ တကြိမ်သာ ထိုးနှံမည်ဆိုလျှင်တောင်မှ အာနိသင်ရှိကြောင်း သက်ရောက်မှုရှိကြောင်း သုတေသနအထောက်အထားများရှိပြီး ထိုအခြေအနေအတွက် အတည်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိထိုးဆေးကို PrEP ပုံစံအနေဖြင့် အသုံးနိုင်မည့်အခြေအနေကိုလည်း ဆက်လက် သုတေသန ပြုနေကြောင်း ပြောကြားခဲ့ပါသည်။ 


>>>>>>>>>> ⚜️ <<<<<<<<<< 


(ကိုးကား - LGBTQNation.com စာမျက်နှာမှ ဆောင်းပါးရှင် Alex Bollinger ၏ January 25, 2021 ဆောင်းပါးကို မျှဝေပါသည်)


⚜️ Adam Lovegood ⚜️


#တန်းတူထိမ်းမြားလက်ထပ်ခွင့်နှင့်အရွယ်ရောက်လိင်ပြောင်းသူများအတွက် #မှတ်ပုံတင်ဆိုင်ရာသက်သာခွင့်များကို #ဆွစ်ဇာလန်နိုင်ငံကဥပဒေအဖြစ်ပြဋ္ဌာန်း

⚜️ >>>>>>>>>> ⚜️ <<<<<<<<<< ⚜️




ဆွစ်ဇာလန်နိုင်ငံမှ ဥပဒေလွှတ်တော်အမတ်များသည် သမိုင်းတွင်မည့် ဥပဒေကြမ်း နှစ်ရပ်ကို ဒီဇင်ဘာလ ၁၈ ရက် သောကြာနေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီဖြစ်သည်။ 


အဆိုပါ ဥပဒေကြမ်းများမှာ #တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ဆိုင်ရာဥပဒေ  နှင့် လိင်ပြောင်းထားသူများ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲ ဝတ်ဆင်နေထိုင်သူများ တရားဝင်စာရွက်စာတမ်းများတွင် မိမိတို့၏ အမည်နှင့် လိင်သတ်မှတ်ချက် (ကျား/မ) စသည်ကို ပိုမို လွယ်ကူစွာ ပြောင်းလဲနိုင်ရေးဆိုင်ရာ ဥပဒေ တို့ဖြစ်သည်။ 


ဆွစ်ဇာလန်နိုင်ငံ၏ ပါလီမန်လွှတ်တော်ဖြစ်သော ဖက်ဒရယ်လွှတ်တော် (ပြည်ထောင်စုလွှတ်တော်) နှစ်ရပ်စလုံးက တန်းတူညီမျှ ထိမ်းမြားလက်ထပ်ခွင့်ဆိုင်ရာဥပဒေ ကို အောက်လွှတ်တော်ဖြစ်သော အမျိုးသားကောင်စီတွင် 136/48 မဲ၊ အထက်လွှတ်တော်ဖြစ်သော ပြည်နယ်များကောင်စီတွင် 24/11 မဲ ထောက်ခံမှုရရှိခဲ့ပြီး မဲအများစုဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း Washington Blade သတင်းဌာနက တင်ပြသွားပါသည်။ အဆိုပါ ဥပဒေကြမ်းကို 2013 ခုနှစ်ကတည်းက စတင် ဆွေးနွေးခဲ့ပြီးနောက် (၇) နှစ်အကြာ 2020 ခုနှစ်တွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ 


သို့ရာတွင် ခရစ်ယာန်အမျိုးသားရေးဆိုင်ရာနိုင်ငံရေးပါတီဖြစ်သော လက်ယာယိမ်း ဖယ်ဒရယ် ဒီမိုကရက်တစ်ယူနီယံ (FDU) ပါတီကမူ #လိင်တူချင်းထိမ်းမြားလက်ထပ်မှုအတွက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတခုကျင်းပပေးရန် တောင်းဆိုခဲ့ကြောင်း the Local သတင်းဌာနက ပြောကြားခဲ့သည်။ အကယ်၍ လိင်တူချင်းထိမ်းမြားလက်ထပ်ခွင့်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖြစ်ခဲ့သည်ရှိသော် မိမိတို့အနေဖြင့် အဆိုပါ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများကလည်း တန်းတူညီမျှ ထိမ်းမြားလက်ထပ်ခွင့်အတွက် အခိုင်အမာရပ်တည်သွားလိမ့်မည်ဟု မျှော်လင့်ထားကြောင်း LGBTQ+ ဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ထုတ်ပြန် ကြေငြာခဲ့သည်။

 

ဆွစ်ဇာလန်နိုင်ငံသည် ထိမ်းမြားလက်ထပ်မှုဆိုင်ရာ တန်းတူအခွင့်အရေး မရှိသေးသော ဥရောပနိုင်ငံအနည်းငယ်အနက် တနိုင်ငံဖြစ်သည်။ လိင်တူစုံတွဲများ အတူနေထိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ခြင်းကို ခွင့်ပြုထားသော်လည်း လက်ထပ်ထိမ်းမြားခွင့်တော့ မရှိခဲ့ချေ။ 


#တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ဆိုင်ရာဥပဒေ ကို အတည်ပြုပြီး နာရီပိုင်းအကြာတွင် ဥပဒေပြုလွှတ်တော်အမတ်များက ဆွစ်ဇာလန်နိုင်ငံအတွင်းနေထိုင်သော လိင်ပြောင်းထားသည့် (သို့မဟုတ်) လိင်ပြောင်းဝတ်ဆင်ကြသူများအား ဌာနဆိုင်ရာရုံးများ၌ တရားဝင်စာရွက်စာတမ်းများတွင် မိမိတို့၏ အမည်နှင့် လိင်သတ်မှတ်ချက်များကို ရိုးရှင်းစွာ ဖော်ပြနိုင်ကြောင်း ခွင့်ပြုပေးခဲ့သည်။ 


အဆိုပါခွင့်ပြုချက်ဥပဒေနှင့် ပတ်သက်၍လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပဖွယ် ရှိလာနိုင်ကြောင်း၊ အကယ်၍ ထိုသို့ လုပ်ဆောင်မည့်ကိစ္စ မရှိခဲ့ပါက အစိုးရအနေဖြင့် အဆိုပါ ဥပဒေ အသက်ဝင်မည့်နေ့ရက်ကို သတ်မှတ်ပေးလိမ့်မည်ဖြစ်ကြောင်း လိင်ပြောင်းသူများဆိုင်ရာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့ကြသည်။ 


သို့ရာတွင် အဆိုပါဥပ‌ဒေသစ်တွင် အသက် (၁၆) နှစ်အောက် မည်သူမဆို မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက်ဖြင့်သာ ထိုသို့ သတ်မှတ်ခွင့်ရှိမည်ဟု ပြဋ္ဌာန်းထားသောကြောင့် လိင်ပြောင်းသူများဆိုင်ရာ ထိုကဲ့သို့ အသက်အရွယ် ကန့်သတ်ချက်မထားရှိပဲ မည်သည့်အသက်အရွယ်မဆို မိမိတို့ စိတ်တိုင်းကျ သတ်မှတ်ဖော်ပြခွင့်ရရန် ဥပဒေလွှတ်တော်အမတ်များက ပြန်လည် စဉ်းစားပေးစေလိုကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ဆက်လက်တောင်းဆိုထားကြသည်။ 


ကမ္ဘာပေါ်တွင် ဆွစ်ဇာလန်နိုင်ငံသည် တန်းတူညီမျှထိမ်းမြားလက်ထပ်ခွင့်ကို တရားဝင်အသိအမှတ်ပြု ဥပဒေပြဋ္ဌာန်းလိုက်သော (29) နိုင်ငံမြောက် နိုင်ငံဖြစ်လာခဲ့ပြီဖြစ်သည်။ 


>>>>>>>>>> ⚜️ <<<<<<<<<<

(ကိုးကား - ADVOCATE.com မှ ဆောင်းပါးရှင် Trudy Ring ၏ ဒီဇင်ဘာလ (၁၈) ရက်နေ့ ဆောင်းပါးကို မျှဝေသည်)


 “ဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 


⚜️ Adam Lovegood ⚜️




[Zawgyi]#တကိုယ္ရည္အာသာေျဖျခင္းႏွင့္ခုခံအားစနစ္

⚜️⚜️⚜️




လက္ရိွအခ်ိန္သည္ တိုင္းျပည္ မၿငိမ္မသက္ျဖစ္ေနတဲ့အခ်ိန္ျဖစ္ၿပီး ကပ္ေရာဂါ ကိုဗစ္ႏိုင္တင္း ႏွင့္အတူ အသြားအလာကန႔္သတ္ျခင္းမ်ား ထုတ္ျပန္ထားေသာေၾကာင့္ တေယာက္ႏွင့္တေယာက္ ခ်ိန္းေတြ့ျခင္း ဒိတ္တင္းျပဳလုပ္ျခင္းမ်ားအတြက္ အခက္အခဲမ်ားစြာ ရိွေနသၫ့္အခ်ိန္ ျဖစ္ပါသည္။ 


သို႔ေသာ္ အလုပ္မ်ားရပ္ဆိုင္း၍ အိမ္တြင္သာ ေနေနရသၫ့္ အခ်ိန္တြင္ လိင္ပိုင္းဆိုင္ရာ သာယာမႈ ရေစရန္ တကိုယ္ရည္အာသာေျဖျခင္းမ်ား ျပဳလုပ္မိေကာင္း ျပဳလုပ္မိႏိုင္ပါသည္။ အျခားတဖက္တြင္လည္း ကိုဗစ္ႏိုင္တင္း ကပ္ေရာဂါသည္ အမ်ိဳးမ်ိဳးေသာ ကုသေဆးမ်ားႏွင့္ မေရမရာ ျဖစ္ေနခ်ိန္တြင္ လူတဦးခ်င္းစီက မိမိတို႔၏ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေအာင္ ထိန္းသိမ္းေမြးျမဴျခင္းျဖင့္သာ ကိုဗစ္ႏိုင္တင္း ကူးစက္မႈဒဏ္ကို ခံႏိုင္ရည္ ရိွမည္ျဖစ္ေၾကာင္း ေဆးဘက္ဆိုင္ရာ အႀကံေပးမႈမ်ားကို ေတြ့ရိွရပါသည္။ 


ထို႔ေၾကာင့္ တကိုယ္ရည္ အာသာေျဖျခင္း ႏွင့္ ခႏၶာကိုယ္ ခုခံအားစနစ္ ဆက္စပ္မႈ ရိွမရိွ ႏွင့္ တကိုယ္ရည္ အာသာေျဖျခင္းက ခုခံအားစနစ္ကို ဆိုးက်ိဳး သက္ေရာက္ႏိုင္ျခင္း ရိွမရိွ အေၾကာင္းအခ်ိဳ႕ကို တင္ျပလိုက္ပါသည္။ 

တကိုယ္ရည္အာသာေျဖျခင္းႏွင့္ ခႏၶာကိုယ္ ခုခံအားစနစ္ ဆက္စပ္မႈ ရိွမရိွ ဟူေသာ အေၾကာင္းအရာသည္ ကပ္ေရာဂါကာလ ၂၀၂၀ မတ္လမွစ၍ ယခုအခ်ိန္အထိ အြန္လိုင္းရွာေဖြေရးဝန္ေဆာင္မႈ ဂူဂဲလ္ တြင္ ရွာေဖြမႈ အမ်ားဆံုးေသာ အေၾကာင္းအရာတခု ျဖစ္ပါသည္။ 


တကိုယ္ရည္အာသာေျဖျခင္း (ဂြင္းတိုက္ျခင္း) သည္ ပံုမွန္ အျပဳအမူတခုသာျဖစ္ေသာ္လည္း မ်ားစြာေသာ ယံုတမ္း စကားမ်ားေၾကာင့္ စိတ္မသက္သာစရာအျဖစ္ စိတ္ထင္မွတ္မွား ျဖစ္ေနၾကပါသည္။ တကိုယ္ရည္အာသာေျဖျခင္းက စိတ္ဖိစီးမႈေလ်ာ့ပါးေစျခင္း ႏွင့္ နာက်င္မႈ သက္သာေစျခင္း စေသာ မ်ားစြာေသာ က်န္းမာေရးဆိုင္ရာေကာင္းက်ိဳးမ်ားကို ျဖစ္ေစႏိုင္ပါသည္။ 


ဂြင္းတိုက္ျခင္း ႏွင့္ ခႏၶာကိုယ္ ခုခံအားစနစ္ တိုက္ရိုက္ ဆက္စပ္မႈ ရိွမရိွ စမ္းသပ္ထားေသာ ေလ့လာမႈမ်ား အလြန္နည္းပါးေသာ္လည္း ၂၀၁၄ ခုႏွစ္က ျပဳလုပ္ခဲ့ေသာ ေလ့လာမႈတခုက ဂြင္းတိုက္ျခင္း သည္ ကင္ဆာက်ိတ္မ်ားျဖစ္ေပၚေစေသာ ဆဲလ္မ်ားႏွင့္ ဗိုင္းရပ္စ္ကူးစက္ခံရေသာ ဆဲလ္မ်ားကို တိုက္ခိုက္ေပးသၫ့္ ခႏၶာကိုယ္ခုခံအားစနစ္၏ ပင္မစနစ္ျဖစ္ေသာ လ်ူကိုဆိုက္စ္ ဟု ေခၚေသာ ေသြးျဖဴဥမ်ား၏ လႈပ္ရွားမႈကို လႈံေဆာ္ေပးမႈရိွေၾကာင္း ေတြ့ရိွခဲ့ရသည္ဟု ဆိုသည္။ 


၂၀၁၆ ခုႏွစ္က ျပဳလုပ္ခဲ့ေသာ ေလ့လာမႈတခုကလည္း သုက္ရည္ထြက္သည္အထိ တကိုယ္ရည္အာသာေျဖမႈမ်ားေလေလ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္မႈ အခြင့္အလမ္း နည္းေလေလ ျဖစ္ေၾကာင္း ေတြ့ရိွခဲ့ရသည္ဟု ဆိုသည္။ 

တကိုယ္ရည္အာသာေျဖျခင္း (ဂြင္းတိုက္ျခင္း) ေၾကာင့္ မ်က္စိကြယ္ႏိုင္ျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ ပန္းေသပန္းၫွိုးျခင္း၊ လိင္တံတိုသြားျခင္း၊ က်ံဳ႔သြားျခင္း၊ လိင္တံေကြးသြားျခင္း၊ သုက္ေကာင္အရည္အတြက္ နည္းသြားျခင္း၊ မ်ိဳးေအာင္ႏိုင္မႈနည္းသြားျခင္း၊ စိတ္ေရာဂါျဖစ္ျခင္း၊ အားနည္းျခင္း မ်ား ျဖစ္တတ္ေၾကာင္း မ်ားစြာေသာ ယံုတမ္းစကားမ်ားသည္ သိပၸံနည္းက် လက္ေတြ့မက်ေၾကာင္း ႏွင့္ တကိုယ္ရည္အာသာေျဖျခင္းေၾကာင့္ ထိုသို႔အေျခအေနမ်ား ျဖစ္ႏိုင္ေၾကာင္း ျဖစ္တတ္ေၾကာင္း စမ္းသပ္ေတြ့ရိွခ်က္မ်ား မရိွထားေၾကာင္း၊ အဆိုပါ ယံုတမ္းစကားမ်ားသည္ ေျခာက္လွန႔္စကားသက္သက္သာ ျဖစ္ေၾကာင္း ေတြ့ရိွရပါသည္။ 


သို႔ေသာ္လည္း စမ္းသပ္ေလ့လာမႈနည္းပါးေသာေၾကာင့္ တထစ္ခ် ခိုင္မာစြာ ယတိျပတ္ေျပာရန္ ခက္ေသာ္လည္း ေလ့လာေတြ့ရိွသမ်ွေသာ စမ္းသပ္ခ်က္မ်ားကမူ တကိုယ္ရည္အာသာေျဖျခင္းေၾကာင့္ ခုခံအားစနစ္ကို မ်ားစြာ သက္ေရာက္မႈ မရိွႏိုင္ေၾကာင္း၊ သို႔ေသာ္ သင့္တင့္ရံုမ်ွ က်န္းမာေရးအတြက္လည္း အေထာက္အကူျဖစ္၊ သာယာမႈလည္း ရရိွေက်နပ္ၿပီး လိုသည္ထက္ မပိုသင့္ေၾကာင္း တင္ျပအပ္ပါသည္။ 


⚜️ A. L ⚜️


မူရင္း - Medical News Today (https://www.medicalnewstoday.com/articles/can-masturbating-impact-the-immune-system)


#FDAကHIVကူးစက္မႈကိုကုသရန္တလတႀကိမ္သံုးထိုးေဆးမ်ားကိုပထမဆံုးအႀကိမ္ခြင့္ျပဳ

⚜️⚜️⚜️⚜️⚜️




အေမရိကန္ျပည္ေထာင္စု အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈဦးစီးဌာန (FDA) က HIVကူးစက္မႈကို ကုသရန္ တလတႀကိမ္သံုး ထိုးေဆးမ်ားကို ပထမဆံုးအႀကိမ္ခြင့္ျပဳ လိုက္ၿပီျဖစ္သည္။ တႀကိမ္ေဆးထိုးလ်ွင္ ေဒၚလာ 4000 (ျမန္မာက်ပ္ေငြ 53 သိန္းေက်ာ္ ကုန္က်ႏိုင္မည္ ျဖစ္သည္။ 


လြန္ခဲ့ေသာ ရက္သတၲပတ္အတြင္းက အေမရိကန္ျပည္ေထာင္စု အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈ ဦးစီးဌာန (FDA) က HIV ဗိုင္းရပ္စ္ ကူးစက္မႈကို ကုသရန္ GlaxoSmithKline ေဆးဝါးကုမၸဏီ ကုမၸဏီခြဲတခုျဖစ္ေသာ Viiv Healthcare က်န္းမာေရးေစာင့္ေရွာက္မႈကုမၸဏီက ထုတ္လုပ္လ်က္ရိွေသာ ေန့စဉ္အခ်ိန္မွန္ ေသာက္သံုးရမၫ့္ ေသာက္ေဆး အစား တလလ်ွင္ တႀကိမ္ လစဉ္ ထိုးႏွံရမၫ့္ Cabenuva ေခၚ ထိုးေဆးအမ်ိဳးအစားကို ခြင့္ျပဳလိုက္ၿပီျဖစ္သည္။ 


သို႔ေသာ္ စိတ္ဝင္စားမႈအရိွဆံုးက ၄ထိုးေဆး၏ ကုန္က်စရိတ္ပင္ျဖစ္ၿပီး ပထမဆံုးလ ထိုးႏွံမႈအတြက္ ေဒၚလာ 5940 (#ျမန္မာက်ပ္ေငြ79သိန္းေက်ာ္) ကုန္က်မည္ ျဖစ္ၿပီး ဒုတိယလ မွ စ၍ ေနာက္ပိုင္း လစဉ္ ထိုးႏွံမႈမ်ားအတြက္ တလလ်ွင္ ေဒၚလာ 3960 (#ျမန္မာက်ပ္ေငြ53သိန္းနီးပါး) ကုန္က်မည္ျဖစ္သည္။ 


Cabenuva ထိုးေဆးသည္ HIV-1 ကူးစက္မႈတြင္ ကုသမႈအတြက္ ပထမဆံုး ႏွင့္ တခုတည္းေသာ ၿပီးျပၫ့္စံုသၫ့္ ကာလရွည္ၾကာအာနိသင္ရိွေသာ ကုထံုး ျဖစ္ေၾကာင္း HIV ကုသမႈအတြက္ လစဉ္ထိုးေဆးအား FDA မွ ခြင့္ျပဳေပးလိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာသၫ့္ေန့တြင္ ေဆးဝါးကုမၸဏီ Viiv Healthcare က ေျပာၾကားခဲ့ပါသည္။  


“ဒီေန့မွာေတာ့ HIV ကူးစက္ခံထားရတဲ့သူေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ ခ်ဉ္းကပ္ပံုစံအသစ္တမ်ိဳးအျဖစ္ FDA က Cabenuva ထိုးေဆးကို HIV ကုသတဲ့ေနရာမွာ တိုးတက္မႈ အေရြ့တခုအျဖစ္ အတည္ျပဳေပးခဲ့ပါၿပီ။ Cabenuva ထိုးေဆးဟာ 365 ရက္စလံုး ေဆးပမာဏ မပ်က္မကြက္ ရယူဖို႔ (ေသာက္သံုးဖို႔) လိုအပ္ေနတဲ့အေျခအေနကေန တႏွစ္လံုးမွာ 12 ရက္သာလ်ွင္ ကုသမႈအေထာက္အပံ့ရယူဖို႔ လိုအပ္ေတာ့မွာ ျဖစ္ပါတယ္။ HIV ကူးစက္ခံထားရသူ မည္သူ႔ကိုမွ ေနာက္က်န္မေနေစရေသာ မူဝါဒကို လက္ကိုင္ထားၿပီး Viiv Healthcare ေဆးဝါးကုမၸဏီက ဆန္းသစ္တဲ့ေဆးဝါးေတြကို ရွာေဖြေဖာ္ထုတ္ၿပီး က်မတို႔ရဲ့ ရည္မွန္းခ်က္ပန္းတိုင္ကို အားျဖၫ့္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္” ဟု Viiv ေဆးဝါးကုမၸဏီ၏ သတင္းထုတ္ျပန္ခ်က္တြင္ ကုမၸဏီ၏ ေျမာက္အေမရိက အႀကီးအကဲ Lynn Baxter က ေျပာၾကားသြားခဲ့သည္။ 


“ကာလရွည္ၾကာ အာနိသင္ရိွေသာ ထိုးေဆးပံုစံ HIV ကုသမႈ သည္ ေဆးဘက္ဆိုင္ရာနယ္ပယ္တြင္ ႀကီးမားေသာ အခ်ိဳးအေကြ့တခုျဖစ္ၿပီး HIV ႏွင့္ ေနထိုင္ေနၾကသူမ်ားအတြက္ ပိုမိုလြယ္ကူေသာ ပိုမိုေကာင္းမြန္ေသာ အေျခအေနကို ဖန္တီးေပးသြားႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီေလာက္နဲ႔ေတာ့ မလံုေလာက္ေသးပါဘူး” ဟု ဝါရွင္တန္ဒီစီ အေျခစိုက္ NGO အဖြဲ႔အစည္းတခုျဖစ္သၫ့္ AIDS United အဖြဲ႔၏ အႀကီးအကဲတေယာက္ျဖစ္ေသာ Jesse Milan Jr. က ေျပာၾကားခဲ့သည္။ 


သို႔ေသာ္ ကူးစက္ခံလူနာမ်ားအေနျဖင့္ ပထမတႏွစ္အတြင္းမွာပင္ ထိုးေဆး 12 ႀကိမ္စာအတြက္ ကုန္က်စရိတ္ ေဒၚလာ 50000 (#ျမန္မာက်ပ္ေငြ667သိန္းေက်ာ္) ကုန္က်ႏိုင္မၫ့္အေျခအေနအရ ဝါရွင္တန္ပို႔စ္ သတင္းစာႀကီးက Viiv Healthcare ေဆးဝါးကုမၸဏီသည္ စာနာေထာက္ထားေသာ စိတ္သေဘာထားမ်ိဳးမရိွဘဲ H+ မ်ား၏ ဘဝကို အမွန္တကယ္ပင္ ပိုမိုလြယ္ကူေစလိမ့္မည္မဟုတ္ေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။ 2018 ခုႏွစ္ စာရင္းမ်ားအရ လက္ရိွကုသမႈခံယူေနၾကေသာ ပံုမွန္ေသာက္ေဆးကုန္က်စရိတ္သည္ တႏွစ္လ်ွင္ ေဒၚလာ 36000 မွ 48000 အတြင္း (ျမန္မာက်ပ္ေငြ သိန္း 480 ႏွင့္ သိန္း 640 ၾကား) ရိွေနေသာ လက္ရိွအေျခအေနထက္ပင္ ထိုးေဆး ကုန္က်စရိတ္က ပိုမို မ်ားျပားလ်က္ရိွေၾကာင္း AIDS သုေတသနအဖြဲ႔အစည္းတခုျဖစ္ေသာ amfAR က ေဖာ္ျပခဲ့သည္။ 


Viiv Healthcare ကုမၸဏီကမူ ၄တို႔အေနျဖင့္ ပုဂၢလိက အာမခံရိွသူမ်ားႏွင့္ အစိုးရ ေဆးဝါးအေထာက္အပံ့ရယူထားသူမ်ားအေနျဖင့္ ကုန္က်စရိတ္အတြက္ ပိုမိုသက္သာသြားလိမ့္မည္ဟု ေမ်ွာ္လင့္ေၾကာင္း ေျပာၾကားခဲ့ၾကသည္။ 


ကုမၸဏီက ယခုထိုးေဆးသည္ တလတႀကိမ္ လစဉ္မဟုတ္ဘဲ ႏွစ္လမွ တႀကိမ္သာ ထိုးႏွံမည္ဆိုလ်ွင္ေတာင္မွ အာနိသင္ရိွေၾကာင္း သက္ေရာက္မႈရိွေၾကာင္း သုေတသနအေထာက္အထားမ်ားရိွၿပီး ထိုအေျခအေနအတြက္ အတည္ျပဳခ်က္ရရိွရန္ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း ေျပာၾကားခဲ့သည္။ လက္ရိွထိုးေဆးကို PrEP ပံုစံအေနျဖင့္ အသံုးႏိုင္မၫ့္အေျခအေနကိုလည္း ဆက္လက္ သုေတသန ျပဳေနေၾကာင္း ေျပာၾကားခဲ့ပါသည္။ 


>>>>>>>>>> ⚜️ <<<<<<<<<< 


(ကိုးကား - LGBTQNation.com စာမ်က္ႏွာမွ ေဆာင္းပါးရွင္ Alex Bollinger ၏ January 25, 2021 ေဆာင္းပါးကို မ်ွေဝပါသည္)


⚜️ Adam Lovegood ⚜️


#တန္းတူထိမ္းျမားလက္ထပ္ခြင့္ႏွင့္အရြယ္ေရာက္လိင္ေျပာင္းသူမ်ားအတြက္ #မွတ္ပံုတင္ဆိုင္ရာသက္သာခြင့္မ်ားကို #ဆြစ္ဇာလန္ႏိုင္ငံကဥပေဒအျဖစ္ျပ႒ာန္း

⚜️ >>>>>>>>>> ⚜️ <<<<<<<<<< ⚜️




ဆြစ္ဇာလန္ႏိုင္ငံမွ ဥပေဒလႊတ္ေတာ္အမတ္မ်ားသည္ သမိုင္းတြင္မၫ့္ ဥပေဒၾကမ္း ႏွစ္ရပ္ကို ဒီဇင္ဘာလ ၁၈ ရက္ ေသာၾကာေန့တြင္ အတည္ျပဳျပ႒ာန္းခဲ့ၿပီျဖစ္သည္။ 


အဆိုပါ ဥပေဒၾကမ္းမ်ားမွာ #တန္းတူညီမ်ွထိမ္းျမားလက္ထပ္ခြင့္ဆိုင္ရာဥပေဒ  ႏွင့္ လိင္ေျပာင္းထားသူမ်ား သို႔မဟုတ္ ဆန႔္က်င္ဘက္လိင္ကဲ့သို႔ ေျပာင္းလဲ ဝတ္ဆင္ေနထိုင္သူမ်ား တရားဝင္စာရြက္စာတမ္းမ်ားတြင္ မိမိတို႔၏ အမည္ႏွင့္ လိင္သတ္မွတ္ခ်က္ (က်ား/မ) စသည္ကို ပိုမို လြယ္ကူစြာ ေျပာင္းလဲႏိုင္ေရးဆိုင္ရာ ဥပေဒ တို႔ျဖစ္သည္။ 


ဆြစ္ဇာလန္ႏိုင္ငံ၏ ပါလီမန္လႊတ္ေတာ္ျဖစ္ေသာ ဖက္ဒရယ္လႊတ္ေတာ္ (ျပည္ေထာင္စုလႊတ္ေတာ္) ႏွစ္ရပ္စလံုးက တန္းတူညီမ်ွ ထိမ္းျမားလက္ထပ္ခြင့္ဆိုင္ရာဥပေဒ ကို ေအာက္လႊတ္ေတာ္ျဖစ္ေသာ အမ်ိဳးသားေကာင္စီတြင္ 136/48 မဲ၊ အထက္လႊတ္ေတာ္ျဖစ္ေသာ ျပည္နယ္မ်ားေကာင္စီတြင္ 24/11 မဲ ေထာက္ခံမႈရရိွခဲ့ၿပီး မဲအမ်ားစုျဖင့္ အတည္ျပဳ ျပ႒ာန္းခဲ့ေၾကာင္း Washington Blade သတင္းဌာနက တင္ျပသြားပါသည္။ အဆိုပါ ဥပေဒၾကမ္းကို 2013 ခုႏွစ္ကတည္းက စတင္ ေဆြးေနြးခဲ့ၿပီးေနာက္ (၇) ႏွစ္အၾကာ 2020 ခုႏွစ္တြင္ အတည္ျပဳႏိုင္ခဲ့ျခင္းျဖစ္ပါသည္။ 


သို႔ရာတြင္ ခရစ္ယာန္အမ်ိဳးသားေရးဆိုင္ရာႏိုင္ငံေရးပါတီျဖစ္ေသာ လက္ယာယိမ္း ဖယ္ဒရယ္ ဒီမိုကရက္တစ္ယူနီယံ (FDU) ပါတီကမူ #လိင္တူခ်င္းထိမ္းျမားလက္ထပ္မႈအတြက္ျပည္လံုးကြၽတ္ဆႏၵခံယူပြဲတခုက်င္းပေပးရန္ ေတာင္းဆိုခဲ့ေၾကာင္း the Local သတင္းဌာနက ေျပာၾကားခဲ့သည္။ အကယ္၍ လိင္တူခ်င္းထိမ္းျမားလက္ထပ္ခြင့္အတြက္ ျပည္လံုးကြၽတ္ဆႏၵခံယူပြဲ က်င္းပျဖစ္ခဲ့သည္ရိွေသာ္ မိမိတို႔အေနျဖင့္ အဆိုပါ စိန္ေခၚမႈကို ရင္ဆိုင္ရန္ အဆင္သင့္ျဖစ္ေၾကာင္း မဲဆႏၵရွင္ျပည္သူမ်ားကလည္း တန္းတူညီမ်ွ ထိမ္းျမားလက္ထပ္ခြင့္အတြက္ အခိုင္အမာရပ္တည္သြားလိမ့္မည္ဟု ေမ်ွာ္လင့္ထားေၾကာင္း LGBTQ+ ဆိုင္ရာ တက္ႂကြလႈပ္ရွားသူမ်ားက ထုတ္ျပန္ ေၾကျငာခဲ့သည္။

 

ဆြစ္ဇာလန္ႏိုင္ငံသည္ ထိမ္းျမားလက္ထပ္မႈဆိုင္ရာ တန္းတူအခြင့္အေရး မရိွေသးေသာ ဥေရာပႏိုင္ငံအနည္းငယ္အနက္ တႏိုင္ငံျဖစ္သည္။ လိင္တူစံုတြဲမ်ား အတူေနထိုင္ခြင့္ဆိုင္ရာ မွတ္ပံုတင္ျခင္းကို ခြင့္ျပဳထားေသာ္လည္း လက္ထပ္ထိမ္းျမားခြင့္ေတာ့ မရိွခဲ့ေခ်။ 


#တန္းတူညီမ်ွထိမ္းျမားလက္ထပ္ခြင့္ဆိုင္ရာဥပေဒ ကို အတည္ျပဳျပီး နာရီပိုင္းအၾကာတြင္ ဥပေဒျပဳလႊတ္ေတာ္အမတ္မ်ားက ဆြစ္ဇာလန္ႏိုင္ငံအတြင္းေနထိုင္ေသာ လိင္ေျပာင္းထားသၫ့္ (သို႔မဟုတ္) လိင္ေျပာင္းဝတ္ဆင္ၾကသူမ်ားအား ဌာနဆိုင္ရာရံုးမ်ား၌ တရားဝင္စာရြက္စာတမ္းမ်ားတြင္ မိမိတို႔၏ အမည္ႏွင့္ လိင္သတ္မွတ္ခ်က္မ်ားကို ရိုးရွင္းစြာ ေဖာ္ျပႏိုင္ေၾကာင္း ခြင့္ျပဳေပးခဲ့သည္။ 


အဆိုပါခြင့္ျပဳခ်က္ဥပေဒႏွင့္ ပတ္သက္၍လည္း ျပည္လံုးကြၽတ္ဆႏၵခံယူပြဲ က်င္းပဖြယ္ ရိွလာႏိုင္ေၾကာင္း၊ အကယ္၍ ထိုသို႔ လုပ္ေဆာင္မၫ့္ကိစၥ မရိွခဲ့ပါက အစိုးရအေနျဖင့္ အဆိုပါ ဥပေဒ အသက္ဝင္မၫ့္ေန့ရက္ကို သတ္မွတ္ေပးလိမ့္မည္ျဖစ္ေၾကာင္း လိင္ေျပာင္းသူမ်ားဆိုင္ရာ လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူမ်ားက ေျပာၾကားခဲ့ၾကသည္။ 


သို႔ရာတြင္ အဆိုပါဥပ‌ေဒသစ္တြင္ အသက္ (၁၆) ႏွစ္ေအာက္ မည္သူမဆို မိဘ သို႔မဟုတ္ အုပ္ထိန္းသူ၏ သေဘာတူခြင့္ျပဳခ်က္ျဖင့္သာ ထိုသို႔ သတ္မွတ္ခြင့္ရိွမည္ဟု ျပ႒ာန္းထားေသာေၾကာင့္ လိင္ေျပာင္းသူမ်ားဆိုင္ရာ ထိုကဲ့သို႔ အသက္အရြယ္ ကန႔္သတ္ခ်က္မထားရိွပဲ မည္သၫ့္အသက္အရြယ္မဆို မိမိတို႔ စိတ္တိုင္းက် သတ္မွတ္ေဖာ္ျပခြင့္ရရန္ ဥပေဒလႊတ္ေတာ္အမတ္မ်ားက ျပန္လည္ စဉ္းစားေပးေစလိုေၾကာင္း လူ႔အခြင့္အေရးတက္ႂကြလႈပ္ရွားသူမ်ားက ဆက္လက္ေတာင္းဆိုထားၾကသည္။ 


ကမ႓ာေပၚတြင္ ဆြစ္ဇာလန္ႏိုင္ငံသည္ တန္းတူညီမ်ွထိမ္းျမားလက္ထပ္ခြင့္ကို တရားဝင္အသိအမွတ္ျပဳ ဥပေဒျပ႒ာန္းလိုက္ေသာ (29) ႏိုင္ငံေျမာက္ ႏိုင္ငံျဖစ္လာခဲ့ၿပီျဖစ္သည္။ 


>>>>>>>>>> ⚜️ <<<<<<<<<<

(ကိုးကား - ADVOCATE.com မွ ေဆာင္းပါးရွင္ Trudy Ring ၏ ဒီဇင္ဘာလ (၁၈) ရက္ေန့ ေဆာင္းပါးကို မ်ွေဝသည္)


 “ဝင္ေရာက္ဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ 


⚜️ Adam Lovegood ⚜️


No comments: