Sunday, August 1, 2021

မိတ်ကပ်ခင်စန်းဝင်းနှင့် တွေ့ဆုံခြင်း (Part One)

 မြန်မာ့ မိတ်ကပ်အနုပညာရှင် မိတ်ကပ်ခင်စန်းဝင်းနှင့် တွေ့ဆုံခြင်း (Part One)




#ခင်စန်းဝင်

#Makeup_Artists

#အင်တာဗျူးဆောင်းပါး


(၂၀၁၂ခုနှစ်လောက်က Colour Rainbow Magazine မှာပါရှိခဲ့တဲ့ အင်တာဗျူးဆောင်းပါးကို အပိုင်းနှစ်ပိုင်းခွဲပြီး ပြန်လည်ဝေမျှပါရစေ။ လူတစ်ယောက် အောင်မြင်ပြီး နေရာတစ်ခုရနေတယ်ဆိုရာ တော်တန်ရုံတော့မဟုတ်ပါဘူး။ ဒါ့အပြင် လူချစ်လူခင်များဖို့ဆိုပါက အနေအထိုင်တတ်ဖို့ လိုပါလိမ့်မယ်။ သိက္ခာရှိဖို့ပြောရင်တော့ နဂိုဗီဇအခံကလည်းကောင်းမှပေါ့နော်။)


အခုတခါ တင်ပြမယ့် In & Out ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းခန်းလေးကိုတော့ ယနေ့ မြန်မာ့ထိပ်တန်း မိတ်ကပ်အနုပညာရှင်တွေထဲက တယောက်ဖြစ်တဲ့ မိတ်ကပ်ခင်စန်းဝင်းနဲ့ တွေ့ဆုံ့မေးမြန်းထားတာလေးကို တင်ပြပေးမှာ ဖြစ်ပါတယ်။ 


ဒီတွေ့ဆုံမေးမြန်းမှုလေးမှာတော့ မိတ်ကပ်ခင်စန်းဝင်းရဲ့ ငယ်ဘဝဖြတ်သန်းမှု ပုံရိပ် တစိတ်တဒေသနဲ့ မျိုးဆက်သစ် လူငယ်တွေအပေါ် ထားတဲ့ သူမရဲ့ စေတနာတွေ၊ အလုပ်အပေါ်မှာထားတဲ့ သူမရဲ့ တာဝန်ယူမှုအကြောင်းလေးတွေကို မေးမြန်းထားတာ ဖြစ်ပါတယ်။ 


#မအေးစန်းအနေနဲ့ အခုလို မိန်းကလေးလိုမျိုး ဝတ်စားနေထိုင်လာခဲ့တာ ဘယ်အရွယ်လောက်ကတည်းက စခဲ့ပါသလဲ။


မိန်းကလေးလို ဝတ်တာကတော့ ဆယ်တန်းဖြေပြီး နောက်ပိုင်းမှပေါ့နော်။ ဆယ်တန်းဖြေပြီးတော့ တက္ကသိုလ်ဆက်မတက်ပဲနဲ့ လုပ်ငန်းခွင်ထဲ ဝင်တဲ့အချိန်ပေါ့။ လုပ်ငန်းခွင်ထဲ ဝင်တဲ့အချိန်မှာလည်း ချက်ချင်းကြီးတော့ မိန်းမလို ဝတ်တာတော့ မဟုတ်ဘူး။ ဖားတပိုင်း ငါးတပိုင်းပေါ့။ အောက်က ပုဆိုးကို ထမိန်လို ဝတ်တယ်။ အပေါ်က ရှပ်အင်္ကျီကို အပေါ်က ထုတ်ဝတ်တာမျိုးပေါ့။ ဆိုတော့ မိန်းမလို အပြည့်ကြီးတော့ ဝတ်စားဆင်ယင်ခဲ့တာတော့ မဟုတ်ဘူး။ တခုရှိတာက မကြီးစန်းက ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ Body Form က ယောက်ျားလေးနဲ့ သိပ်မတူဘူး။ 


မတူတဲ့ အဲဒီအခါကျတော့ ယောက်ျားလေးလို ဝတ်ရင် အရမ်းရုပ်ဆိုးတယ်။ အထူးသဖြင့် ရှပ်အင်္ကျီတွေ ဘာတွေကို ဝတ်ရင် ကိုယ်က ပုခုံးလျောတဲ့သူ ဆိုတော့ တော်တော် အဆင်မပြေဘူး။ ကြည့်ရတာ….ပေါ့။ ကိုယ့်ကိုယ်ကို အဆင်မပြေဘူးပေါ့နော်။ သူများတွေလည်း ကြည့်ရတာ ကောင်းမယ့်ပုံ မပေါ်ဘူး။ အဲ တဖြည်းဖြည်းနဲ့ ဒီလိုမျိုး ဖားတပိုင်း ငါးတပိုင်း ဝတ်ရတာ ပိုပြီး အဆင်ပြေတယ်။ 


လုပ်ငန်းခွင်မှာလည်းပဲ အဲလိုပဲ။ နည်းနည်းလေး နာမည်ရပြီး နောက်ပိုင်းမှာ မိန်းကလေးလို ဝတ်တာပါ။ အဲဒီအခါကျမှ စတာပေါ့နော်။ အရင်တုန်းကတော့ ပွဲလမ်းသဘင် သွားရင်တော့ မိန်းမလို ဝတ်တယ်။ အမြဲတမ်းကြီး ဝတ်တာတော့ မဟုတ်ဘူး။ 


#မကြီးစန်းရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မကြာသေးခင် ကာလက ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းတအုပ်မှာ ဖတ်လိုက်ရတယ်။ အဲဒီထဲမှာ ပါတဲ့အတိုင်းပဲ မကြီးစန်းဘဝမှာ ဒီလိုမျိုး မိန်းကလေးလို နေချင်တဲ့အတွက် မိဘတွေရဲ့ အတိုက်အခိုက်တွေ အများကြီး ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒါကို ကိုယ်တိုင်ပဲ ရိမ်းဘိုးကို ပြောပြပေးပါဦး။ 


အဓိကကတော့ ဒီလိုပါ။ မိဘတိုင်းကတော့ ကိုယ့်သားသမီးကို အကောင်းဆုံး ဖြစ်စေချင်တာပေါ့နော်။ အကောင်းဆုံးဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ မွေးဖွားလိုက်တာပါ။ ကိုယ့်မိဘကလည်း ထိုနည်းလည်းကောင်းပါပဲ။ ပညာလည်း အရမ်းတတ်စေချင်တယ်။ ပြီးတော့ ဟို….. လူ့လောကကြီးထဲမှာ ကိုယ့်သားသမီးကို သူများတွေ နောက်တာ၊ ပြောင်တာ၊ နှိမ့်တာမျိုးတွေ မဖြစ်စေချင်ကြဘူးပေါ့။ အဲဒါကြောင့်မို့လို့ မအေးစန်းကို သူတို့ ထိန်းချုပ်ခဲ့တယ်လို့ပဲ ယူဆပါတယ်။ အခုချိန်မှာ ဒါကိုလည်း နားလည်လာပါပြီ။ 


ငယ်ငယ်တုန်းကဆိုရင်တော့ ကိုယ်က ယောက်ျားလေးမဟုတ်တဲ့ အခါကျတော့ ယောက်ျားလေးလို မဝတ်ချင်ဘူး။ ဆံပင်ပုံစံ ထားတာကအစ….။ ဆံပင်နည်းနည်းရှည်တာနဲ့ အမေက ရှေ့တလက်မ နောက်ပြောင်ဆိုတဲ့ စစ်သားပုံစံကေလိုမျိုး အမေက ထိုးပစ်လိုက်တယ်။ အဲလိုမျိုး မိန်းမစိတ် ပေါက်မှာ စိုးလို့ပေါ့နော်။ 


ဒါပေမယ့် ဟို….. သူတို့မြင်တဲ့ အမြင်မှာဆိုရင်လည်း မိန်းမလျာဆိုတာ…. မအေးစန်းတို့ ငယ်ငယ်တုန်းကဆိုရင် ဥပမာ- လမ်းမတော်မြို့နယ်မှာ ဘယ်သူ နေတယ်၊ ဒဂုံမြို့နယ်မှာ ဘယ်သူ နေတယ်၊ မြောက်ဥက္ကလာမှာ ဘယ်သူနေတယ်ဆိုတာ ဟို…… သီးသီးခြားခြား ဘယ်မြို့နယ်မှာ ဘယ်သူနေတယ်ဆိုတာ သိသာလောက်တဲ့ လူနည်းစုပေါ့နော်။ လူနည်းစုဆိုတော့ တယောက်နဲ့တယောက် ဘယ်မှာနေလဲ၊ ကြည့်မြင်တိုင်မှာ နေတယ်၊ ဘယ်သူပေါ့။ အဲဒါမျိုးပေါ့။ ကျောက်တံတားဘက်မှာ ဘယ်သူပေါ့။ အဲလို အနေအထားလေးဆိုတော့ သူတို့ပတ်ဝန်းကျင်မှာ ထိတွေ့နေတာက ဘာလဲဆိုတော့ ရှောက်သီးဆေးပြား ရောင်းတဲ့သူတွေ၊ နတ်ကတော်တွေပေါ့နော်။ ဆိုတော့ သူတို့ကျတော့လည်း သူတို့ရဲ့စီးပွားရေး အရပေါ့နော်၊ ကုနြေ္ဒမရဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ကို ခေါ်ချင်အောင်၊ ပြောချင်အောင် သူတို့ ဟာသလုပ်ရတဲ့အခါမျိုးလည်း ရှိမယ်။ ဖက်လဲတကင်း အတင်းဆွဲခေါ်တဲ့ ဟာမျိုးလည်း ရှိလိမ့်မယ်။ ဆိုတော့ မိဘတွေက အဲဒါတွေကို မြင်ပြီးတော့ သူတို့မွေးထားတဲ့ သားက အဲလိုမျိုး ဖြစ်မှာ သိပ်ကြောက်တယ်။ 


အဲလိုဆိုတော့ အဲဒီအချိန်မှာ တကယ်တော့ မိတ်ကပ်ဆံပင်ဆိုတာကလည်း ရုပ်ရှပ်လောကမှာ မိတ်ကပ်စန္ဒီ ရှိမယ်၊ သတို့သမီးလောကမှာ မိတ်ကပ် ဦးတင်ထွဋ်ပေါ့နော်….. သူ ရှိမယ်။ အဲလိုမျိုးပေါ့နော်…. လက်ချိုးရေလို့ရတဲ့ မိတ်ကပ် Artist တွေ၊ နည်းနည်းလေး မိန်းကလေး မိတ်ကပ် Artist တွေ ကြီးစိုးနေတဲ့ အချိန်ဖြစ်နေတဲ့အခါကျတော့ မိဘတွေအမြင်မှာတော့ ဒီနတ်ကတော်နဲ့ ရှောက်သီးဆေးပြားသည် အခြောက်တွေကိုပဲ မြင်တယ်။ အဲတော့ ဖြစ်ချင်တယ်လည်း အကိုတွေကြားထဲမှာ နေတယ်ဆိုတော့ အကိုတွေက ရုပ်တွေကလည်း ချော၊ အရမ်းကို လမ်းသရဲလို အမိုက်စားတွေဆိုတော့ တွေ့လို့ရှိရင် ဥပမာ- ရွှေတိဂုံဘုရား တပေါင်းပွဲဆိုရင် လူအရမ်းစုံတယ်လေ။ မိန်းမလျာ သဘာဝပေါ့နော်… အဲဒီမှာ လိုက်ပြီးတော့ မိတ်ဆက်တာတို့၊ လိုက်ခေါ်တာတို့၊ ဘာတို့ဆိုရင် အကိုတွေက အရမ်း မုန်းတာ၊ မကြိုက်ဘူး။ မကြိုက်တော့ ကိုယ်တွေအလှည့်လည်းကျတော့ အကိုတွေက အပြင်မှာ အခြောက်တွေနဲ့ အဲလိုမျိုး တခုခုတွေ့ကြုံခဲ့ရင် အိမ်ရောက်ရင် အရိုက်ခံရပြီ။ အိမ်ရှေ့ကနေ ရှောက်သီးဆေးပြားသည် ဖြတ်ရင် အိမ်ရှေ့ကို မထွက်ခိုင်းတော့ဘူး။ အိမ်အပေါ် ထပ်ခိုးမှာ ထားထားတာမျိုးပေါ့။ 


မိုးကြိုးငှက်ငယ်ပေါ်ကစက မိုးကြိုးငှက်ငယ်ကိုဆို အရမ်းကြည့်ချင်တယ်……… အရမ်းကြည့်ချင်တယ်…..။ တအိမ်လုံးသွားကြည့်တယ်။ ကိုယ့်ကို ခေါ်မသွားဘူး။ ထားခဲ့တယ်။ အခြောက်ဖြစ်မှာစိုးလို့ အဲလောက်အထိပေါ့နော်။ သူတို့စိတ်ထဲမှာက မိန်းမလျာလူတန်းစားဆိုရင် လူတွေ နှိမ်တာတို့၊ ရီစရာတို့ အဲလိုမျိုးတွေ ဖြစ်မှာစိုးလို့ ထင်ပါတယ်။ အဲတော့ အဲလိုမျိုး သူတို့က ထိန်းချုပ်ခဲ့တာပေါ့နော်။ 


ထိန်းချုပ်ခဲ့တယ်ဆိုတော့ အခုအချိန်မှာကျတော့လည်း ဩော်… သူတို့ရဲ့ ထိန်းချုပ်မှုဟာ ကိုယ့်အတွက်ပါလားဆိုတာကို သူတို့စေတနာကို နားလည်လာတယ်။ ဒါပေမယ့် သူတို့ထင်သလို၊ မြင်သလိုမျိုး မအေးစန်းက ဒီလိုမျိုး နတ်ကတော်တို့၊ ရှောက်သီးဆေးပြားသည်တို့ မဟုတ်ပဲနဲ့ တကယ်တမ်းကျတော့ မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းတာပေါ့နော်။ အဓိကကတော့ ပန်းချီဆွဲတာကို ဝါသနာပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ကိုယ့်ရဲ့ Nature နဲ့ ကိုက်ညီတဲ့အခါမှာ မိတ်ကပ်လိမ်းတဲ့ အတတ်ပညာနဲ့ အသက်မွေး ဝမ်းကျောင်းတာပေါ့နော်။ 


ဆယ်တန်းပြီးတော့ တက္ကသိုလ် ဆက်မတက်တော့ပဲနဲ့ ဒီလောကထဲကို ဝင်လိုက်တယ်။ ဝင်လိုက်ပြီးတော့မှ သူငယ်ချင်းတွေက ဘွဲ့ရတဲ့အချိန် ကိုယ်က ဒီဘက်မှာ သူများဆိုင်တွေမှာ အလုပ်သမားပဲ ရှိသေးတယ်။ အဲလိုမျိုးပေါ့နော်။ ဆိုတော့ တဖြည်းဖြည်းနဲ့ ဝင်ငွေလေးကလည်း ရလာတယ်။ မိဘကိုလည်း ပြန်ပြီး ထောက်ပံ့နိုင်လာတယ်။ ဆိုတဲ့အခါကျတော့ အကိုတွေက မထောက်ပံ့နိုင်တဲ့အချိန်မှာ ကိုယ်က (သူတို့အထင်သေးထားတဲ့၊ သူတို့ စိုးရိမ်နေတဲ့ လူတယောက်က) မိဘကို ပံ့ပိုးနိုင်တယ်ဆိုတော့ သူတို့တွေ အရမ်းလည်း ဝမ်းလည်း သာကြတယ်။ နောက်ပိုင်းမှာ လွှတ်ပေးလိုက်တော့တယ်။ ဘယ်လိုပဲ ဝတ်ဝတ် ဘာမှမပြောတော့ဘူး။ အဲလိုမျိုးပေါ့နော်….။ 


#ငယ်ရွယ်စဉ်တုန်းက ကျောင်းမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် မနှိမ်ပဲနဲ့ မအေးစန်းကို ဖေးမခဲ့တဲ့ သူငယ်ချင်းတွေ ရှိခဲ့ဖူးလား။ 


သူငယ်ချင်းတွေ ရှိခဲ့တယ်။ သူငယ်ချင်းတွေ ရှိခဲ့တယ်ဆိုတာက များသောအားဖြင့် မကြီးစန်းက ယောက်ျားလေးတွေနဲ့ပဲ ပေါင်းတယ်။ ကျောင်းတွေမှာဆိုရင်လည်း မိန်းကလေးတွေနဲ့ အတူတူ မထိုင်ရဘူးလေ။ ယောက်ျားလေးတွေနဲ့ပဲ ထိုင်ရတယ်။ ထိုင်ရတဲ့အခါကျတော့ တချို့ကျတော့လည်း နောက်တယ်၊ ပြောင်တယ်ပေါ့။ တချို့ကျတော့လည်း သူတို့နှိမ့်ချင်လို့တော့ မဟုတ်ဘူး။ သူတို့ အပျော်အနေနဲ့ နောက်တာ။ အဲတော့ နောက်တဲ့အခါမှာ ဘေးနားက နေတဲ့လူတွေက မနေနိုင်ဘူး။ မင်းတို့ မနောက်ပါနဲ့ကွာ၊ ဘာညာနဲ့ ကိုယ့်ကို ကာဗာလုပ်ပေးတဲ့ လူတွေလည်း ရှိတယ်။ တခါတလေကျရင် ဆရာမတွေက (စတိတ်ကျောင်းမှာဆိုတော့) ခေါင်းရှုပ်တော့ ကဲ လာစမ်းပါ ဟယ်၊ လာ…နင် မိန်းကလေးနားမှာ ရောထိုင်ဆိုပြီး မိန်းကလေးနားမှာ ထားတဲ့အခါတွေလည်း ရှိတယ်ပေါ့။ အဲလိုမျိုး အကာအကွယ်ပေးတဲ့ ယောက်ျားလေးတွေလည်း ရှိတယ်။ နောက်ပြောင်ချင်တဲ့ လူတွေလည်း ရှိတယ်။ အမျိုးမျိုးပါပဲ။ တွေ့ခဲ့ရတယ်။ 


#အခုနက မကြီးစန်းရဲ့ မိသားစုပတ်ဝန်းကျင်က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးတဲ့အတွက်ကြောင့်မို့လို့ မကြီးစန်းက သိမ်သိမ်မွေ့မွေ့ နေတတ်တဲ့ လူတယောက်ဖြစ်သွားတယ်လို့ ဆိုနိုင်မလား။ 


အမှန်အတိုင်းပြောရရင်တော့ မကြီးစန်းက အခုကြီးပြင်းတဲ့အရွယ်အထိ (လုပ်ငန်းခွင်ထဲကို မဝင်ခင်အချိန်ထိ) မိန်းကလေး တယောက်လိုမျိုး အမေက စောင့်ရှောက်ခဲ့တာ။ သွားလေရာ သူ လိုက်တယ်။ ဘယ်တော့မှ မလွှတ်ဘူး။ ပြီးတော့ အထက်ကလည်း အမဖြစ်နေတဲ့ အခါကျတော့ (အမနဲ့ ကိုယ်နဲ့က ဆန့်ကျင်ဖက်…..။ ဘယ်လိုလဲဆိုတော့ ငယ်ငယ်က အဲလိုမျိုး အပြင်တွေဘာတွေ သွားတဲ့အခါ သူနဲ့ နှစ်ယောက်ယှဉ်သွားရင် အမေက ငါမွေးထားတာက ယောက်ျားက ကိုယ်လုံးလှပြီးတော့ ဘယ်လိုဖြစ်လို့ မိန်းမက ကိုယ်လုံးမလှ ဖြစ်နေရတာလဲ ဆိုပြီး…… အဲလိုမျိုး မကြီးစန်း ကိုယ်လုံးက မိန်းမနဲ့တူနေတော့ တခါတလေကျလို့ရှိရင် အမေက နောက်သလိုလိုမျိုး၊ ရီသလိုလိုမျိုးနဲ့ ပြောတယ်။ 


သူတို့ကြားဖူးနားဝက ဘာလဲဆိုတော့ အခြောက်တွေက အဲလိုမျိုး သူငယ်တွေကို တွေ့ရင် ယောက်ယက်ခတ်တယ်။ အဲလိုမျိုး ကြားဖူးနေတာ။ သူတို့မျက်လုံးနဲ့ မမြင်ဖူးပါဘူး။ ကြားဖူးတာပေါ့။ အကိုတွေက အပြင်သွားတော့ လေဟာပြင်ဈေးမှာ အခြောက်တယောက်က ဘယ်သူ့ကို အတင်း လက်လိုက်ဆွဲတာတို့၊ မိတ်ဆက်တာတို့၊ ဖုန်းနံပါတ်ပေးခဲ့တာတို့ဆိုတာကို သူတို့ပတ်ဝန်းကျင်မှာ ကြားဖူးနေတော့ ငါ့သား အခြောက်သာဖြစ်ရင် အဲလိုလားပေါ့နော်။ ဆိုတော့ သူတို့ တွေးပါလိမ့်မယ်။ တွေးတော့ ဒီလို Sex ကိစ္စဘာညာဆိုတာ တော်တော် စိမ်းတာပေါ့။ မရင်းနှီးနဲ့တဲ့ လူတွေဆိုရင် စိမ်းတယ်လေ။ ဆိုတော့ အဲလိုကိစ္စတွေကိုလည်း စိုးရိမ်တယ်။ စိုးရိမ်တော့ အချိန်ပြည့် နောက်က လိုက်တယ်။ သွားလို့ရှိရင်လည်း သူ (အမေ)နဲ့မှ….။ တော်တော်ကြီးတဲ့အထိပေ့ါနော်။ လုပ်ငန်းခွင်ထဲကို ဝင်တဲ့အထိ စိတ်မချဘူးပေါ့နော်။ အဲလိုမျိုး ထိန်းသိမ်းခဲ့တယ်။ 


သိမ်မွေ့တယ်ဆိုတာကတော့ နဂိုကတည်းကပါ။ ဟို မိဘတွေရဲ့ ဆိုဆုံးမမှုတွေပေါ့နော်။ မိဘတွေက လိမ်မာရမယ်။ ယဉ်ကျေးရမယ်။ လူကြီးသူမတွေကို ရိုသေရမယ်။ ဆရာသမားတွေကို ရိုသေရမယ်။ ဗုဒ္ဓဘာသာထုံးတမ်း အစဉ်အလာပေါ့လေ… ဒါကျောင်းတွေမှာလည်း မင်္ဂလာသုတ်တို့၊ လောကနီတိတို့ သင်တာတွေဆိုတော့ ဒါတွေကတော့ မိဘတွေအပြင်ပေါ့နော်.. ကျောင်းက သင်ပေးလိုက်တဲ့ ဟိုဟာပါပဲ။ နေထိုင်မှု ပတ်ဝန်းကျင်နဲ့လည်း ဆိုင်မယ် ထင်ပါတယ်။


#မကြီးစန်းက အခုလိုမျိုး မိတ်ကပ်ပညာလောကမှာ အောင်မြင်လာတာ မကြီးစန်း ငယ်ငယ်တုန်းက သင်ယူလေ့လာခဲ့တဲ့ ပန်းချီပညာက အထောက်အပံ့ ပေးနိုင်ခဲ့တယ်လို့ ပြောလို့ရနိုင်မလား။ 


အမှန်အတိုင်း ပြောရရင်တော့ ကိုယ်ငယ်ငယ်တုန်းက သင်ယူခဲ့တဲ့ ပန်းချီပညာဆိုတာ ကလေးပန်းချီလောက်ပဲ ရှိတယ်။ သိပ်ပြီးတော့ Professional လုပ်စားရလောက်တဲ့အထိ အနေအထားမျိုး မဟုတ်ခဲ့ပါဘူး။ နောင်တချိန်မှာ မကြီးစန်း လုပ်ချင်တဲ့ဆန္ဒက ပန်းချီဆွဲခြင်းပေါ့။ အခုကိုယ့်ရဲ့ နောက်ဆုံး လုပ်ငန်းတွေ၊ ဘာတွေက နာမည်လည်း သိပ်မရှိတော့ဘူး၊ မှေးမှိန်သွားတဲ့အချိန်၊ ကိုယ့်ဘဝကြီးရဲ့ နောက်ဆုံးအချိန်တွေမှာ တရားထိုင်မယ်တို့၊ တရားစခန်းဝင်မယ်တို့ လုံးဝစိတ်မဝင်စားဘူး။ ပန်းချီဆွဲမယ်။ အဲလိုမျိုးပေါ့နော်။ ဥပမာပေါ့- စန္ဒယားတီးတာကို ကြိုက်တယ်။ စန္ဒယားတီးတာမျိုးလေးနဲ့ အဲလိုမျိုး နေသွားမယ်ပေါ့။ 


ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ…….။ အဲလို စိတ်ကူးထားတယ်။ အဲတော့ ပန်းချီပညာက ကိုယ်ဝါသနာပါတာ မှန်ပေမယ့်လည်း တကယ့်နက်နက်နဲနဲ သင်လာခဲ့ရတာ မဟုတ်ဘူး။ လေ့လာရအုံးမှာလေ။ ဒီ မိတ်ကပ်ပညာကတော့ ကိုယ့်အောက် ငယ်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့ Level တန်းတူ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ကိုယ့်ထက် ကြီးတဲ့သူပဲဖြစ်ဖြစ် ဘယ်သူလိမ်းလိမ်း မကြီးစန်း လေ့လာတယ်။ နောက်တခုက ကိုယ့်ရဲ့ ဒီ…. အခုဆိုရင် Fashion TV မှာ လိမ်းတာမျိုး၊ နောက်တခုက မဂ္ဂဇင်းတွေမှာ လိမ်းခြယ်တာမျိုး စိတ်ဝင်စားတယ်။ စိတ်ဝင်စားဆုံး အလုပ်ကတော့ မိတ်ကပ်လိမ်းတာပေါ့နော်။ နောက် မိတ်ကပ် Product တွေကို အရမ်းစိတ်ဝင်စားတယ်။ ခရီးထွက်တိုင်းလည်း ကိုယ့်မှာ ဘယ်လောက်ပဲရှိရှိ ဝယ်လာဖြစ်တယ်။ အဲလိုမျိုးပေါ့နော် အမြဲတမ်း ဘယ်အချိန် အပျော်ဆုံးလဲလို့ မေးရင် မိတ်ကပ်လိမ်းတဲ့ အချိန်ဟာ အပျော်ဆုံးပဲ။


#မကြီးစန်းက မိတ်ကပ်လောကထဲမှာ နှစ်ပေါင်းက နှစ်ဆယ်ကျော်သွားပြီ။ မကြီးစန်း အောင်မြင်နေတာကလည်း ဆယ်စုနှစ်တခု မကတော့ဘူးပေါ့နော်။ ဒီလို အောင်မြင်မှုမျိုး ရလာအောင် မကြီးစန်း ဘယ်လိုကြိုးစားခဲ့ရလဲ။ ဒီလိုအောင်မြင်မှု ရဖို့အတွက်ကို ဘယ်လိုအခက်အခဲတွေကို ကျော်လွှားခဲ့ရလဲဆိုတာကို ရိမ်းဘိုးပရိသတ်ကြီးကို ပြောပြပေးပါဦး။ 


အောင်မြင်အောင် လုပ်တာတော့ မဟုတ်ဘူး။ မကြီးစန်း အင်တာဗျူးတိုင်းမှာ ဖြေပါတယ်။ အသက်မွေးဝမ်းကျောင်း တခုကို ကိုယ်က ဘယ်အတတ်ပညာနဲ့ ရပ်တည်မလဲဆိုပြီး ကိုယ့်ရဲ့ဘဝအတွက် Plan ချတယ်ပေါ့။ ချတဲ့အခါကျတော့ ကိုယ်က မိတ်ကပ်လိမ်းခြင်းကို ဝါသနာပါတယ်။ မိတ်ကပ်လိမ်းတယ်။ အဓိကကတော့ ကိုယ်နာမည်ကြီးချင်လို့ လုပ်ခဲ့တာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာသမားဆီမှာ ပညာသင်တယ်။ သူသည် ကိုယ့်ကို ပညာသင်ပေးတဲ့အတွက် ကျေးဇူးရှိတယ်။ အဲတော့ သူ့ကို ကိုယ်က အလုပ်အကျွေး ပြန်ပြုချင်တယ်။ သူနဲ့အတူတူပေါ့။ သူပေးသလောက်လေးနဲ့ ကိုယ့်ဘဝလေးကို…..။ ကိုယ် ဒီလုပ်ငန်း လုပ်နေရရင် ပြီးရော။ ကိုယ့်ဘဝက ဒီလောက်ပဲ။ မျှော်လင့်ချက် အများကြီး မထားဘူး။ ကိုယ်ရတဲ့ ဝင်ငွေနဲ့ မိဘကို ပြန်ရှာကျွေးမယ်။ မိသားစုကိုပေါ့နော်။ ကိုယ့်ဘဝကို ဖူလုံအောင် နေမယ်။ ဆရာသမားနဲ့ အတူတကွ နေမယ်လို့ စိတ်ကူးခဲ့တယ်။ ဒါဟာ မှန်သော သစ္စာစကားပဲ။ 


သို့သော် တချိန်မှာ ဘာဖြစ်လဲဆိုတော့ ဆရာသမားတွေ သူ့ရဲ့ရှယ်ယာနဲ့ အတူတူ လုပ်တဲ့အခါကျတော့ ကိုယ်က နောက်ပိုင်းမှာ ဆရာရဲ့ အားထားရတဲ့ အနေအထားတွေ ဖြစ်လာတယ်။ ပရိသတ်တွေ၊ ဆရာ့ Customer တွေ လက်ခံတဲ့ အနေအထားတွေ ဖြစ်လာတဲ့ အခါကျတော့ သူ့ရဲ့ရှယ်ယာရှင်တယောက်က ဘာလဲဆိုတော့ မကြီးစန်းကို တချိန်ကျရင် ဒီနေရာကို ရနိုင်တယ်ဆိုတဲ့ မျှော်မှန်းချက် ရှိလာတဲ့ အခါကျတော့ ကိုယ့်ကို ဒီနေရာမှာ မထားချင်တော့ဘူး။ မထားချင်တဲ့အခါမှာ အကြောင်းအမျိုးမျိုးပြပြီး ပထုတ်လိုက်တာပေါ့။ ပထုတ်လိုက်တဲ့ အခါကျတော့ အဲဒီဆိုင်ကနေ ပထုတ်ခံလိုက်ရတဲ့အချိန်မှာ ဝမ်းပန်းတနည်းကို ငိုခဲ့မိတာ။ ဘာလို့လဲဆိုတော့ ကိုယ်က ဒီဆရာသမားနဲ့ နေချင်တာကိုး…။ အဲလိုမျိုး ပထုတ်ခံလိုက်ရတော့ တခြားတဆိုင်မှာ သွားလုပ်တယ်။ 


အဆင်မပြေဘူး။ သူငယ်ချင်းနဲ့ ရှယ်ယာလုပ်တယ်။ သူငယ်ချင်းနဲ့လည်း အရွယ်တူဆိုတော့ တယောက်နဲ့တယောက် သူ့မာန၊ ကိုယ့်မာနပေါ့လေ။ အဲလိုမျိုးတွေ အဆင်မပြေ ဖြစ်ပြီးတော့မှ နောက် ၃၅ လမ်း၊ မကြီးစန်း အခုလက်ရှိနေတဲ့ ၃၅ လမ်းမှာ အလုပ်လုပ်တယ်။ လုပ်တဲ့အခါကျတော့ သူတို့ဆိုင်က ဖွင့်ထားပေမယ့် ဝင်ငွေမရှိတဲ့ ဆိုင်…..။ ကိုယ်ရောက်လာတဲ့ အခါကျတော့ ကိုယ့်ရဲ့ Customer နည်းနည်းပါးပါးလေးနဲ့ပေါ့။ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်လေးနဲ့ တဖြည်းဖြည်း တဆင့်စကား တဆင့်နဲ့ပေါ့။ ပွားပြီးတော့ Customer တွေ များလာတဲ့ အနေအထားမျိုးတွေ ဖြစ်လာတယ်။ သူတို့ရဲ့ လုပ်ငန်းကြီးလည်း တိုးတက်လာတယ်။ 


အခုနက မကြီးစန်း ဖြေခဲ့သလိုပေါ့။ မကြီးစန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိတ်ကပ်လိမ်းချင်တာလေ။ အဲတော့ မကြီးစန်း လုပ်နေရတဲ့အပိုင်းက Saloon အပိုင်း ဖြစ်နေတယ်။ ကိုယ်က မိတ်ကပ်လိမ်းတာကိုလည်း ထပ်လုပ်ချင်တယ်။ ထပ်လုပ်ချင်တဲ့ အခါကျတော့ မင်းသမီး တင့်တင့်ထွန်းပေါ့…။ မင်းသမီး တင့်တင့်ထွန်း တီဗွီမှာ ကတာတို့၊ ဘာတို့ အရမ်းနာမည်ကြီးနေတဲ့ အချိန်မှာ သူ့ကို လိမ်းခွင့်ရခဲ့တယ်။ အရမ်းလိမ်းချင်တာပေါ့။ အဲဒီအချိန်မှာ ဆိုင်ရှင်က မလွှတ်ဘူး။ နောက်တခုက အဲဒီအချိန်မှာ ကိုယ့်မှာ ပြည့်စုံတဲ့ မိတ်ကပ်ပစ္စည်းတွေ မရှိဘူး။ မရှိတဲ့ အခါကျတော့ ဆိုင်ကပိုင်တဲ့ မိတ်ကပ်ပစ္စည်းကို ယူပြီးတော့ Outdoor ထွက်ပြီး သွားလိမ်းရမှာ။ ဆိုတော့ သူတို့က ကိုယ့်ကို အဲဒီ မိတ်ကပ်ပစ္စည်းတွေနဲ့ ယုံကြည်ပြီးတော့ မလွှတ်လိုက်နိုင်ဘူးတဲ့ ဆိုတော့….။ မကြီးစန်းက တသက်လုံး ကိုယ့်ဘဝမှာ ရိုးသားအောင် နေမယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့တဲ့ သူ….။ အဲတော့ သူတို့က ကိုယ့်ကို မိသားစုဝင် အရင်းတယောက်လို ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ပြောလိုက်တဲ့ စကားလေးက မဖြစ်တော့ဘူးဆိုတဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ချဖို့အတွက်ပေါ့နော်။ စိတ်ထဲမှာ တော်တော်ကို စွဲသွားစေတယ်။ ဆုံးဖြတ်ချက် ချဖြစ်သွားခဲ့တာပေါ့။ ဒါလောက် ငါ ရိုးသားနေတယ်၊ ယုံကြည်အောင် နေတယ်။ ဒါပေမယ့် ဒါတွေက သက်သက်လုပ်တာ မဟုတ်ဘူးနော်။ ကိုယ့်ရဲ့ ပင်ကိုယ်က ရိုးရိုးသားသား နေတာ။ ပြီးတော့ ကိုယ်နဲ့ ပတ်သက်ပြီး ဝင်ငွေ တိုးလာတာကိုလည်း သူတို့အသိပဲ။ ကိုယ့်ကို အားကိုးနေရတဲ့ အနေအထားမှာ ကိုယ့်ကို ယုံကြည်မှု မရှိဘူးဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို စော်ကားတာနဲ့ အတူတူပဲပေါ့။ လူဆိုတာကတော့ စကားပုံထဲက အတိုင်းပါပဲ။ မရှိ ခိုးနိုးပေါ့နော်။ 


မကြီးစန်းက အဲဒီတုန်းက မပြည့်စုံဘူး။ မပြည့်စုံတော့ အဲလိုမျိုး သူတို့ မယုံကြည်တာပေ့ါနော်။ သူတို့ကိုလည်း အပြစ်ပြောလို့တော့ မရပါဘူး။ ဆိုတော့ အဲဒီမှာ ကိုယ့်ဖာသာကိုယ် လုပ်ငန်းလုပ်ဖို့ တွန်းအား ဖြစ်သွားတာပေါ့။ တချိန်ကျရင်တော့ ငါ မိတ်ကပ်ပညာရှင်ကြီး ဖြစ်အောင်…. ပညာရှင် မဟုတ်ပါဘူး… မိတ်ကပ်ဆရာကြီး ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ဆိုင်ခွဲထွက်လိုက်တယ်။ ထွက်လိုက်တဲ့အခါမှာ ပစ္စည်းမပြည့်မစုံလေးနဲ့ပေါ့… မှန်တင်ခုံလေး တခု….။ မှန်တင်ခုံဆိုတာကလည်း မှန်လေးတချပ်နဲ့ ခုံလေးတလုံးပေါ့…. ဒါပဲ။ ခုံဆိုတာကလည်း အိမ်က ထမင်းစားစားပွဲ အဟောင်းလေး တလုံးပေါ့။ ပန်းကန်ဆေး ဘေစင်က ခေါင်းလျော်တဲ့ ပစ္စည်းတွေ တင်ပေါ့။ တော်တော်ကို မပြည့်မစုံနဲ့ လုပ်ခဲ့ရတယ်။ 


ဒါပေမယ့် အခု ကြေငြာတွေ ထည့်ကြတယ်။ ကျမတို့ လုပ်ငန်းက ဘယ်လိုတွေ လုပ်ပါတယ်။ ကျမတို့က ဘယ်လို Service တွေ ပေးပါတယ်… ဘယ်လို ဘယ်လို… စသဖြင့် အဲလိုမျိုး လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြေငြာကြတယ်။ မကြီးစန်း တခါမှ မကြေငြာခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့လုပ်ငန်း ကောင်းခြင်းသည် ကိုယ့်လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ အဲဒီ လုပ်ရပ်ဆိုတာ ဟန်ဆောင်ပြီး လုပ်လို့မရဘူး။ တကယ်လုပ်မှ၊ တကယ်တတ်မှ၊ တကယ်စေတနာပါမှ ပေါ်လွင်တာလေ။ ဆိုတော့ အဲဒီကနေ တဆင့်စကား တဆင့်နဲ့ပေါ့.. Customer တွေ များလာတာ ဖြစ်တဲ့အတွက် တမင်သက်သက် ကိုယ့်ကိုယ်ကို ကြေငြာစရာ မလိုခဲ့ဘူး။ အဲတော့ နာမည်ကြီးတယ်ဆိုတာကလည်း ကိုယ့်ကိုယ်ကို တမင်သက်သက် မကြီးစန်း လုပ်ယူထားတာမျိုး မဟုတ်ပဲနဲ့ ကိုယ့်ကို ချစ်ကြတဲ့ ပရိသတ်တွေကပေါ့နော်…။


ဘာပဲဖြစ်ဖြစ် လူဆိုတာကတော့ စိတ်နဲ့ ခံစားပြီး လက်နဲ့ ဖန်တီးရတာပဲ။ အဲဒီအတွက် အမှားလည်း ရှိမှာပဲ။ ချွတ်ယွင်းမှုလည်း ရှိမှာပဲ။ အဲဒီချွတ်ယွင်းမှုတွေကို ခွင့်လွှတ်တယ်။ လိုအပ်ချက်တွေကို နားလည်ပေးခဲ့တယ် ဆိုတဲ့လူတွေက မကြီးစန်းကို ချစ်ကြလို့သာလျှင် ခွင့်လွှတ်ပြီးတော့ ယနေ့ထက်ထိ ရပ်တည်နိုင်အောင် ဖေးမလာတယ်။ မကြီးစန်းရဲ့ ရပ်တည်မှုက ဘာလဲဆိုတော့ ကိုယ့်ရဲ့ အားပေးတဲ့ ပရိသတ်တွေက အဓိကက လူကိုချစ်တဲ့အတွက် သူတို့က ရှိသမျှ အပြစ်တွေကို ခွင့်လွှတ်ခဲ့ကြတယ်။ မင်္ဂလာဆောင်ဆိုရင်လည်း အမြဲတမ်း နောက်ကျတယ်။ ပြဿနာမျိုးစုံပေါ့။ ဒါပေမယ့် သူတို့ မကြီးစန်းကို မြင်လိုက်တာနဲ့ ပြုံးချိုပြီးတော့ ဘာမှ မပြောတော့ဘူး။ 


ခွင့်လွှတ်လိုက်ကြတယ်။ နောက်တခါ နောက်ပွဲတွေဆိုရင်လည်း သူတို့ လာအပ်ကြတယ်။ ဒါ သူတို့ မကြီးစန်းကို ချစ်ကြလို့သာလျှင်ပေါ့နော်။ အဲလို ယူဆလို့ ရတယ်။ အဲတော့ နာမည်ကြီးအောင် တမင်သက်သက် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဟို မကြီးစန်းက ကိုယ့်လုပ်တဲ့လုပ်ငန်းတွေအပေါ် တာဝန်ကျေချင်တယ်။ စေတနာပါချင်တယ်။ အဲလိုမျိုးပေါ့… ကိုယ့်အလုပ်လေးတခုကို တာဝန်ကျေအောင် လုပ်ခဲ့တဲ့ သဘောပါပဲ။ အဲဒီအတွက် ပြန်ခံစားရတဲ့ တုံ့ပြန်မှုပဲပေါ့နော်။ 


ခေတ်သစ်လူ စီစဉ်တင်ဆက်သည်။


To be continued…..


[Zawgyi]ျမန္မာ့ မိတ္ကပ္အႏုပညာရွင္ မိတ္ကပ္ခင္စန္းဝင္းႏွင့္ ေတြ့ဆံုျခင္း (Part One)




#ခင္စန္းဝင္

#Makeup_Artists

#အင္တာဗ်ူးေဆာင္းပါး


(၂၀၁၂ခုႏွစ္ေလာက္က Colour Rainbow Magazine မွာပါရိွခဲ့တဲ့ အင္တာဗ်ူးေဆာင္းပါးကို အပိုင္းႏွစ္ပိုင္းခြဲၿပီး ျပန္လည္ေဝမ်ွပါရေစ။ လူတစ္ေယာက္ ေအာင္ျမင္ၿပီး ေနရာတစ္ခုရေနတယ္ဆိုရာ ေတာ္တန္ရံုေတာ့မဟုတ္ပါဘူး။ ဒါ့အျပင္ လူခ်စ္လူခင္မ်ားဖို႔ဆိုပါက အေနအထိုင္တတ္ဖို႔ လိုပါလိမ့္မယ္။ သိကၡာရိွဖို႔ေျပာရင္ေတာ့ နဂိုဗီဇအခံကလည္းေကာင္းမွေပါ့ေနာ္။)


အခုတခါ တင္ျပမယ့္ In & Out က႑အတြက္ ေတြ့ဆံုေမးျမန္းခန္းေလးကိုေတာ့ ယေန့ ျမန္မာ့ထိပ္တန္း မိတ္ကပ္အႏုပညာရွင္ေတြထဲက တေယာက္ျဖစ္တဲ့ မိတ္ကပ္ခင္စန္းဝင္းနဲ႔ ေတြ့ဆံု႔ေမးျမန္းထားတာေလးကို တင္ျပေပးမွာ ျဖစ္ပါတယ္။ 


ဒီေတြ့ဆံုေမးျမန္းမႈေလးမွာေတာ့ မိတ္ကပ္ခင္စန္းဝင္းရဲ့ ငယ္ဘဝျဖတ္သန္းမႈ ပံုရိပ္ တစိတ္တေဒသနဲ႔ မ်ိဳးဆက္သစ္ လူငယ္ေတြအေပၚ ထားတဲ့ သူမရဲ့ ေစတနာေတြ၊ အလုပ္အေပၚမွာထားတဲ့ သူမရဲ့ တာဝန္ယူမႈအေၾကာင္းေလးေတြကို ေမးျမန္းထားတာ ျဖစ္ပါတယ္။ 


#မေအးစန္းအေနနဲ႔ အခုလို မိန္းကေလးလိုမ်ိဳး ဝတ္စားေနထိုင္လာခဲ့တာ ဘယ္အရြယ္ေလာက္ကတည္းက စခဲ့ပါသလဲ။


မိန္းကေလးလို ဝတ္တာကေတာ့ ဆယ္တန္းေျဖၿပီး ေနာက္ပိုင္းမွေပါ့ေနာ္။ ဆယ္တန္းေျဖၿပီးေတာ့ တကၠသိုလ္ဆက္မတက္ပဲနဲ႔ လုပ္ငန္းခြင္ထဲ ဝင္တဲ့အခ်ိန္ေပါ့။ လုပ္ငန္းခြင္ထဲ ဝင္တဲ့အခ်ိန္မွာလည္း ခ်က္ခ်င္းႀကီးေတာ့ မိန္းမလို ဝတ္တာေတာ့ မဟုတ္ဘူး။ ဖားတပိုင္း ငါးတပိုင္းေပါ့။ ေအာက္က ပုဆိုးကို ထမိန္လို ဝတ္တယ္။ အေပၚက ရွပ္အက်ႌကို အေပၚက ထုတ္ဝတ္တာမ်ိဳးေပါ့။ ဆိုေတာ့ မိန္းမလို အျပၫ့္ႀကီးေတာ့ ဝတ္စားဆင္ယင္ခဲ့တာေတာ့ မဟုတ္ဘူး။ တခုရိွတာက မႀကီးစန္းက ငယ္ငယ္ကတည္းက ကိုယ့္ရဲ့ Body Form က ေယာက္်ားေလးနဲ႔ သိပ္မတူဘူး။ 


မတူတဲ့ အဲဒီအခါက်ေတာ့ ေယာက္်ားေလးလို ဝတ္ရင္ အရမ္းရုပ္ဆိုးတယ္။ အထူးသျဖင့္ ရွပ္အက်ႌေတြ ဘာေတြကို ဝတ္ရင္ ကိုယ္က ပုခံုးေလ်ာတဲ့သူ ဆိုေတာ့ ေတာ္ေတာ္ အဆင္မေျပဘူး။ ၾကၫ့္ရတာ….ေပါ့။ ကိုယ့္ကိုယ္ကို အဆင္မေျပဘူးေပါ့ေနာ္။ သူမ်ားေတြလည္း ၾကၫ့္ရတာ ေကာင္းမယ့္ပံု မေပၚဘူး။ အဲ တျဖည္းျဖည္းနဲ႔ ဒီလိုမ်ိဳး ဖားတပိုင္း ငါးတပိုင္း ဝတ္ရတာ ပိုၿပီး အဆင္ေျပတယ္။ 


လုပ္ငန္းခြင္မွာလည္းပဲ အဲလိုပဲ။ နည္းနည္းေလး နာမည္ရၿပီး ေနာက္ပိုင္းမွာ မိန္းကေလးလို ဝတ္တာပါ။ အဲဒီအခါက်မွ စတာေပါ့ေနာ္။ အရင္တုန္းကေတာ့ ပြဲလမ္းသဘင္ သြားရင္ေတာ့ မိန္းမလို ဝတ္တယ္။ အၿမဲတမ္းႀကီး ဝတ္တာေတာ့ မဟုတ္ဘူး။ 


#မႀကီးစန္းရဲ့အေၾကာင္းနဲ႔ ပတ္သက္ၿပီး ၿပီးခဲ့တဲ့ မၾကာေသးခင္ ကာလက ထုတ္ေဝခဲ့တဲ့ မဂၢဇင္းတအုပ္မွာ ဖတ္လိုက္ရတယ္။ အဲဒီထဲမွာ ပါတဲ့အတိုင္းပဲ မႀကီးစန္းဘဝမွာ ဒီလိုမ်ိဳး မိန္းကေလးလို ေနခ်င္တဲ့အတြက္ မိဘေတြရဲ့ အတိုက္အခိုက္ေတြ အမ်ားႀကီး ခံခဲ့ရတယ္လို႔ သိရပါတယ္။ အဲဒါကို ကိုယ္တိုင္ပဲ ရိမ္းဘိုးကို ေျပာျပေပးပါဦး။ 


အဓိကကေတာ့ ဒီလိုပါ။ မိဘတိုင္းကေတာ့ ကိုယ့္သားသမီးကို အေကာင္းဆံုး ျဖစ္ေစခ်င္တာေပါ့ေနာ္။ အေကာင္းဆံုးဆိုတဲ့ ေမ်ွာ္လင့္ခ်က္ေတြနဲ႔ ေမြးဖြားလိုက္တာပါ။ ကိုယ့္မိဘကလည္း ထိုနည္းလည္းေကာင္းပါပဲ။ ပညာလည္း အရမ္းတတ္ေစခ်င္တယ္။ ၿပီးေတာ့ ဟို….. လူ႔ေလာကႀကီးထဲမွာ ကိုယ့္သားသမီးကို သူမ်ားေတြ ေနာက္တာ၊ ေျပာင္တာ၊ ႏိွမ့္တာမ်ိဳးေတြ မျဖစ္ေစခ်င္ၾကဘူးေပါ့။ အဲဒါေၾကာင့္မို႔လို႔ မေအးစန္းကို သူတို႔ ထိန္းခ်ဳပ္ခဲ့တယ္လို႔ပဲ ယူဆပါတယ္။ အခုခ်ိန္မွာ ဒါကိုလည္း နားလည္လာပါၿပီ။ 


ငယ္ငယ္တုန္းကဆိုရင္ေတာ့ ကိုယ္က ေယာက္်ားေလးမဟုတ္တဲ့ အခါက်ေတာ့ ေယာက္်ားေလးလို မဝတ္ခ်င္ဘူး။ ဆံပင္ပံုစံ ထားတာကအစ….။ ဆံပင္နည္းနည္းရွည္တာနဲ႔ အေမက ေရ႔ွတလက္မ ေနာက္ေျပာင္ဆိုတဲ့ စစ္သားပံုစံေကလိုမ်ိဳး အေမက ထိုးပစ္လိုက္တယ္။ အဲလိုမ်ိဳး မိန္းမစိတ္ ေပါက္မွာ စိုးလို႔ေပါ့ေနာ္။ 


ဒါေပမယ့္ ဟို….. သူတို႔ျမင္တဲ့ အျမင္မွာဆိုရင္လည္း မိန္းမလ်ာဆိုတာ…. မေအးစန္းတို႔ ငယ္ငယ္တုန္းကဆိုရင္ ဥပမာ- လမ္းမေတာ္ၿမိဳ႔နယ္မွာ ဘယ္သူ ေနတယ္၊ ဒဂံုၿမိဳ႔နယ္မွာ ဘယ္သူ ေနတယ္၊ ေျမာက္ဥကၠလာမွာ ဘယ္သူေနတယ္ဆိုတာ ဟို…… သီးသီးျခားျခား ဘယ္ၿမိဳ႔နယ္မွာ ဘယ္သူေနတယ္ဆိုတာ သိသာေလာက္တဲ့ လူနည္းစုေပါ့ေနာ္။ လူနည္းစုဆိုေတာ့ တေယာက္နဲ႔တေယာက္ ဘယ္မွာေနလဲ၊ ၾကၫ့္ျမင္တိုင္မွာ ေနတယ္၊ ဘယ္သူေပါ့။ အဲဒါမ်ိဳးေပါ့။ ေက်ာက္တံတားဘက္မွာ ဘယ္သူေပါ့။ အဲလို အေနအထားေလးဆိုေတာ့ သူတို႔ပတ္ဝန္းက်င္မွာ ထိေတြ့ေနတာက ဘာလဲဆိုေတာ့ ေရွာက္သီးေဆးျပား ေရာင္းတဲ့သူေတြ၊ နတ္ကေတာ္ေတြေပါ့ေနာ္။ ဆိုေတာ့ သူတို႔က်ေတာ့လည္း သူတို႔ရဲ့စီးပြားေရး အရေပါ့ေနာ္၊ ကုေႁႏၵမရဘူးေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ကို ေခၚခ်င္ေအာင္၊ ေျပာခ်င္ေအာင္ သူတို႔ ဟာသလုပ္ရတဲ့အခါမ်ိဳးလည္း ရိွမယ္။ ဖက္လဲတကင္း အတင္းဆြဲေခၚတဲ့ ဟာမ်ိဳးလည္း ရိွလိမ့္မယ္။ ဆိုေတာ့ မိဘေတြက အဲဒါေတြကို ျမင္ၿပီးေတာ့ သူတို႔ေမြးထားတဲ့ သားက အဲလိုမ်ိဳး ျဖစ္မွာ သိပ္ေၾကာက္တယ္။ 


အဲလိုဆိုေတာ့ အဲဒီအခ်ိန္မွာ တကယ္ေတာ့ မိတ္ကပ္ဆံပင္ဆိုတာကလည္း ရုပ္ရွပ္ေလာကမွာ မိတ္ကပ္စႏၵီ ရိွမယ္၊ သတို႔သမီးေလာကမွာ မိတ္ကပ္ ဦးတင္ထြဋ္ေပါ့ေနာ္….. သူ ရိွမယ္။ အဲလိုမ်ိဳးေပါ့ေနာ္…. လက္ခ်ိဳးေရလို႔ရတဲ့ မိတ္ကပ္ Artist ေတြ၊ နည္းနည္းေလး မိန္းကေလး မိတ္ကပ္ Artist ေတြ ႀကီးစိုးေနတဲ့ အခ်ိန္ျဖစ္ေနတဲ့အခါက်ေတာ့ မိဘေတြအျမင္မွာေတာ့ ဒီနတ္ကေတာ္နဲ႔ ေရွာက္သီးေဆးျပားသည္ အေျခာက္ေတြကိုပဲ ျမင္တယ္။ အဲေတာ့ ျဖစ္ခ်င္တယ္လည္း အကိုေတြၾကားထဲမွာ ေနတယ္ဆိုေတာ့ အကိုေတြက ရုပ္ေတြကလည္း ေခ်ာ၊ အရမ္းကို လမ္းသရဲလို အမိုက္စားေတြဆိုေတာ့ ေတြ့လို႔ရိွရင္ ဥပမာ- ေရႊတိဂံုဘုရား တေပါင္းပြဲဆိုရင္ လူအရမ္းစံုတယ္ေလ။ မိန္းမလ်ာ သဘာဝေပါ့ေနာ္… အဲဒီမွာ လိုက္ၿပီးေတာ့ မိတ္ဆက္တာတို႔၊ လိုက္ေခၚတာတို႔၊ ဘာတို႔ဆိုရင္ အကိုေတြက အရမ္း မုန္းတာ၊ မႀကိဳက္ဘူး။ မႀကိဳက္ေတာ့ ကိုယ္ေတြအလွၫ့္လည္းက်ေတာ့ အကိုေတြက အျပင္မွာ အေျခာက္ေတြနဲ႔ အဲလိုမ်ိဳး တခုခုေတြ့ႀကံဳခဲ့ရင္ အိမ္ေရာက္ရင္ အရိုက္ခံရၿပီ။ အိမ္ေရ႔ွကေန ေရွာက္သီးေဆးျပားသည္ ျဖတ္ရင္ အိမ္ေရ႔ွကို မထြက္ခိုင္းေတာ့ဘူး။ အိမ္အေပၚ ထပ္ခိုးမွာ ထားထားတာမ်ိဳးေပါ့။ 


မိုးႀကိဳးငွက္ငယ္ေပၚကစက မိုးႀကိဳးငွက္ငယ္ကိုဆို အရမ္းၾကၫ့္ခ်င္တယ္……… အရမ္းၾကၫ့္ခ်င္တယ္…..။ တအိမ္လံုးသြားၾကၫ့္တယ္။ ကိုယ့္ကို ေခၚမသြားဘူး။ ထားခဲ့တယ္။ အေျခာက္ျဖစ္မွာစိုးလို႔ အဲေလာက္အထိေပါ့ေနာ္။ သူတို႔စိတ္ထဲမွာက မိန္းမလ်ာလူတန္းစားဆိုရင္ လူေတြ ႏိွမ္တာတို႔၊ ရီစရာတို႔ အဲလိုမ်ိဳးေတြ ျဖစ္မွာစိုးလို႔ ထင္ပါတယ္။ အဲေတာ့ အဲလိုမ်ိဳး သူတို႔က ထိန္းခ်ဳပ္ခဲ့တာေပါ့ေနာ္။ 


ထိန္းခ်ဳပ္ခဲ့တယ္ဆိုေတာ့ အခုအခ်ိန္မွာက်ေတာ့လည္း ေဩာ္… သူတို႔ရဲ့ ထိန္းခ်ဳပ္မႈဟာ ကိုယ့္အတြက္ပါလားဆိုတာကို သူတို႔ေစတနာကို နားလည္လာတယ္။ ဒါေပမယ့္ သူတို႔ထင္သလို၊ ျမင္သလိုမ်ိဳး မေအးစန္းက ဒီလိုမ်ိဳး နတ္ကေတာ္တို႔၊ ေရွာက္သီးေဆးျပားသည္တို႔ မဟုတ္ပဲနဲ႔ တကယ္တမ္းက်ေတာ့ မိတ္ကပ္လိမ္းတဲ့ အတတ္ပညာနဲ႔ အသက္ေမြး ဝမ္းေက်ာင္းတာေပါ့ေနာ္။ အဓိကကေတာ့ ပန္းခ်ီဆြဲတာကို ဝါသနာပါတယ္။ ဒါေပမယ့္ တကယ္တမ္းက်ေတာ့ ကိုယ့္ရဲ့ Nature နဲ႔ ကိုက္ညီတဲ့အခါမွာ မိတ္ကပ္လိမ္းတဲ့ အတတ္ပညာနဲ႔ အသက္ေမြး ဝမ္းေက်ာင္းတာေပါ့ေနာ္။ 


ဆယ္တန္းၿပီးေတာ့ တကၠသိုလ္ ဆက္မတက္ေတာ့ပဲနဲ႔ ဒီေလာကထဲကို ဝင္လိုက္တယ္။ ဝင္လိုက္ၿပီးေတာ့မွ သူငယ္ခ်င္းေတြက ဘြဲ႔ရတဲ့အခ်ိန္ ကိုယ္က ဒီဘက္မွာ သူမ်ားဆိုင္ေတြမွာ အလုပ္သမားပဲ ရိွေသးတယ္။ အဲလိုမ်ိဳးေပါ့ေနာ္။ ဆိုေတာ့ တျဖည္းျဖည္းနဲ႔ ဝင္ေငြေလးကလည္း ရလာတယ္။ မိဘကိုလည္း ျပန္ၿပီး ေထာက္ပံ့ႏိုင္လာတယ္။ ဆိုတဲ့အခါက်ေတာ့ အကိုေတြက မေထာက္ပံ့ႏိုင္တဲ့အခ်ိန္မွာ ကိုယ္က (သူတို႔အထင္ေသးထားတဲ့၊ သူတို႔ စိုးရိမ္ေနတဲ့ လူတေယာက္က) မိဘကို ပံ့ပိုးႏိုင္တယ္ဆိုေတာ့ သူတို႔ေတြ အရမ္းလည္း ဝမ္းလည္း သာၾကတယ္။ ေနာက္ပိုင္းမွာ လႊတ္ေပးလိုက္ေတာ့တယ္။ ဘယ္လိုပဲ ဝတ္ဝတ္ ဘာမွမေျပာေတာ့ဘူး။ အဲလိုမ်ိဳးေပါ့ေနာ္….။ 


#ငယ္ရြယ္စဉ္တုန္းက ေက်ာင္းမွာပဲျဖစ္ျဖစ္၊ ဘယ္မွာပဲျဖစ္ျဖစ္ မႏိွမ္ပဲနဲ႔ မေအးစန္းကို ေဖးမခဲ့တဲ့ သူငယ္ခ်င္းေတြ ရိွခဲ့ဖူးလား။ 


သူငယ္ခ်င္းေတြ ရိွခဲ့တယ္။ သူငယ္ခ်င္းေတြ ရိွခဲ့တယ္ဆိုတာက မ်ားေသာအားျဖင့္ မႀကီးစန္းက ေယာက္်ားေလးေတြနဲ႔ပဲ ေပါင္းတယ္။ ေက်ာင္းေတြမွာဆိုရင္လည္း မိန္းကေလးေတြနဲ႔ အတူတူ မထိုင္ရဘူးေလ။ ေယာက္်ားေလးေတြနဲ႔ပဲ ထိုင္ရတယ္။ ထိုင္ရတဲ့အခါက်ေတာ့ တခ်ိဳ႕က်ေတာ့လည္း ေနာက္တယ္၊ ေျပာင္တယ္ေပါ့။ တခ်ိဳ႕က်ေတာ့လည္း သူတို႔ႏိွမ့္ခ်င္လို႔ေတာ့ မဟုတ္ဘူး။ သူတို႔ အေပ်ာ္အေနနဲ႔ ေနာက္တာ။ အဲေတာ့ ေနာက္တဲ့အခါမွာ ေဘးနားက ေနတဲ့လူေတြက မေနႏိုင္ဘူး။ မင္းတို႔ မေနာက္ပါနဲ႔ကြာ၊ ဘာညာနဲ႔ ကိုယ့္ကို ကာဗာလုပ္ေပးတဲ့ လူေတြလည္း ရိွတယ္။ တခါတေလက်ရင္ ဆရာမေတြက (စတိတ္ေက်ာင္းမွာဆိုေတာ့) ေခါင္းရႈပ္ေတာ့ ကဲ လာစမ္းပါ ဟယ္၊ လာ…နင္ မိန္းကေလးနားမွာ ေရာထိုင္ဆိုၿပီး မိန္းကေလးနားမွာ ထားတဲ့အခါေတြလည္း ရိွတယ္ေပါ့။ အဲလိုမ်ိဳး အကာအကြယ္ေပးတဲ့ ေယာက္်ားေလးေတြလည္း ရိွတယ္။ ေနာက္ေျပာင္ခ်င္တဲ့ လူေတြလည္း ရိွတယ္။ အမ်ိဳးမ်ိဳးပါပဲ။ ေတြ့ခဲ့ရတယ္။ 


#အခုနက မႀကီးစန္းရဲ့ မိသားစုပတ္ဝန္းက်င္က ထိန္းထိန္းသိမ္းသိမ္း လုပ္ေပးတဲ့အတြက္ေၾကာင့္မို႔လို႔ မႀကီးစန္းက သိမ္သိမ္ေမြ့ေမြ့ ေနတတ္တဲ့ လူတေယာက္ျဖစ္သြားတယ္လို႔ ဆိုႏိုင္မလား။ 


အမွန္အတိုင္းေျပာရရင္ေတာ့ မႀကီးစန္းက အခုႀကီးျပင္းတဲ့အရြယ္အထိ (လုပ္ငန္းခြင္ထဲကို မဝင္ခင္အခ်ိန္ထိ) မိန္းကေလး တေယာက္လိုမ်ိဳး အေမက ေစာင့္ေရွာက္ခဲ့တာ။ သြားေလရာ သူ လိုက္တယ္။ ဘယ္ေတာ့မွ မလႊတ္ဘူး။ ၿပီးေတာ့ အထက္ကလည္း အမျဖစ္ေနတဲ့ အခါက်ေတာ့ (အမနဲ႔ ကိုယ္နဲ႔က ဆန႔္က်င္ဖက္…..။ ဘယ္လိုလဲဆိုေတာ့ ငယ္ငယ္က အဲလိုမ်ိဳး အျပင္ေတြဘာေတြ သြားတဲ့အခါ သူနဲ႔ ႏွစ္ေယာက္ယွဉ္သြားရင္ အေမက ငါေမြးထားတာက ေယာက္်ားက ကိုယ္လံုးလွၿပီးေတာ့ ဘယ္လိုျဖစ္လို႔ မိန္းမက ကိုယ္လံုးမလွ ျဖစ္ေနရတာလဲ ဆိုၿပီး…… အဲလိုမ်ိဳး မႀကီးစန္း ကိုယ္လံုးက မိန္းမနဲ႔တူေနေတာ့ တခါတေလက်လို႔ရိွရင္ အေမက ေနာက္သလိုလိုမ်ိဳး၊ ရီသလိုလိုမ်ိဳးနဲ႔ ေျပာတယ္။ 


သူတို႔ၾကားဖူးနားဝက ဘာလဲဆိုေတာ့ အေျခာက္ေတြက အဲလိုမ်ိဳး သူငယ္ေတြကို ေတြ့ရင္ ေယာက္ယက္ခတ္တယ္။ အဲလိုမ်ိဳး ၾကားဖူးေနတာ။ သူတို႔မ်က္လံုးနဲ႔ မျမင္ဖူးပါဘူး။ ၾကားဖူးတာေပါ့။ အကိုေတြက အျပင္သြားေတာ့ ေလဟာျပင္ေဈးမွာ အေျခာက္တေယာက္က ဘယ္သူ႔ကို အတင္း လက္လိုက္ဆြဲတာတို႔၊ မိတ္ဆက္တာတို႔၊ ဖုန္းနံပါတ္ေပးခဲ့တာတို႔ဆိုတာကို သူတို႔ပတ္ဝန္းက်င္မွာ ၾကားဖူးေနေတာ့ ငါ့သား အေျခာက္သာျဖစ္ရင္ အဲလိုလားေပါ့ေနာ္။ ဆိုေတာ့ သူတို႔ ေတြးပါလိမ့္မယ္။ ေတြးေတာ့ ဒီလို Sex ကိစၥဘာညာဆိုတာ ေတာ္ေတာ္ စိမ္းတာေပါ့။ မရင္းႏွီးနဲ႔တဲ့ လူေတြဆိုရင္ စိမ္းတယ္ေလ။ ဆိုေတာ့ အဲလိုကိစၥေတြကိုလည္း စိုးရိမ္တယ္။ စိုးရိမ္ေတာ့ အခ်ိန္ျပၫ့္ ေနာက္က လိုက္တယ္။ သြားလို႔ရိွရင္လည္း သူ (အေမ)နဲ႔မွ….။ ေတာ္ေတာ္ႀကီးတဲ့အထိေပ့ါေနာ္။ လုပ္ငန္းခြင္ထဲကို ဝင္တဲ့အထိ စိတ္မခ်ဘူးေပါ့ေနာ္။ အဲလိုမ်ိဳး ထိန္းသိမ္းခဲ့တယ္။ 


သိမ္ေမြ့တယ္ဆိုတာကေတာ့ နဂိုကတည္းကပါ။ ဟို မိဘေတြရဲ့ ဆိုဆံုးမမႈေတြေပါ့ေနာ္။ မိဘေတြက လိမ္မာရမယ္။ ယဉ္ေက်းရမယ္။ လူႀကီးသူမေတြကို ရိုေသရမယ္။ ဆရာသမားေတြကို ရိုေသရမယ္။ ဗုဒၶဘာသာထံုးတမ္း အစဉ္အလာေပါ့ေလ… ဒါေက်ာင္းေတြမွာလည္း မဂၤလာသုတ္တို႔၊ ေလာကနီတိတို႔ သင္တာေတြဆိုေတာ့ ဒါေတြကေတာ့ မိဘေတြအျပင္ေပါ့ေနာ္.. ေက်ာင္းက သင္ေပးလိုက္တဲ့ ဟိုဟာပါပဲ။ ေနထိုင္မႈ ပတ္ဝန္းက်င္နဲ႔လည္း ဆိုင္မယ္ ထင္ပါတယ္။


#မႀကီးစန္းက အခုလိုမ်ိဳး မိတ္ကပ္ပညာေလာကမွာ ေအာင္ျမင္လာတာ မႀကီးစန္း ငယ္ငယ္တုန္းက သင္ယူေလ့လာခဲ့တဲ့ ပန္းခ်ီပညာက အေထာက္အပံ့ ေပးႏိုင္ခဲ့တယ္လို႔ ေျပာလို႔ရႏိုင္မလား။ 


အမွန္အတိုင္း ေျပာရရင္ေတာ့ ကိုယ္ငယ္ငယ္တုန္းက သင္ယူခဲ့တဲ့ ပန္းခ်ီပညာဆိုတာ ကေလးပန္းခ်ီေလာက္ပဲ ရိွတယ္။ သိပ္ၿပီးေတာ့ Professional လုပ္စားရေလာက္တဲ့အထိ အေနအထားမ်ိဳး မဟုတ္ခဲ့ပါဘူး။ ေနာင္တခ်ိန္မွာ မႀကီးစန္း လုပ္ခ်င္တဲ့ဆႏၵက ပန္းခ်ီဆြဲျခင္းေပါ့။ အခုကိုယ့္ရဲ့ ေနာက္ဆံုး လုပ္ငန္းေတြ၊ ဘာေတြက နာမည္လည္း သိပ္မရိွေတာ့ဘူး၊ ေမွးမိွန္သြားတဲ့အခ်ိန္၊ ကိုယ့္ဘဝႀကီးရဲ့ ေနာက္ဆံုးအခ်ိန္ေတြမွာ တရားထိုင္မယ္တို႔၊ တရားစခန္းဝင္မယ္တို႔ လံုးဝစိတ္မဝင္စားဘူး။ ပန္းခ်ီဆြဲမယ္။ အဲလိုမ်ိဳးေပါ့ေနာ္။ ဥပမာေပါ့- စႏၵယားတီးတာကို ႀကိဳက္တယ္။ စႏၵယားတီးတာမ်ိဳးေလးနဲ႔ အဲလိုမ်ိဳး ေနသြားမယ္ေပါ့။ 


ကိုယ့္ဘဝရဲ့ ေနာက္ဆံုးအခ်ိန္ေတြမွာ…….။ အဲလို စိတ္ကူးထားတယ္။ အဲေတာ့ ပန္းခ်ီပညာက ကိုယ္ဝါသနာပါတာ မွန္ေပမယ့္လည္း တကယ့္နက္နက္နဲနဲ သင္လာခဲ့ရတာ မဟုတ္ဘူး။ ေလ့လာရအံုးမွာေလ။ ဒီ မိတ္ကပ္ပညာကေတာ့ ကိုယ့္ေအာက္ ငယ္တဲ့သူပဲျဖစ္ျဖစ္၊ ကိုယ့္နဲ႔ Level တန္းတူ သူငယ္ခ်င္းပဲျဖစ္ျဖစ္၊ ကိုယ့္ထက္ ႀကီးတဲ့သူပဲျဖစ္ျဖစ္ ဘယ္သူလိမ္းလိမ္း မႀကီးစန္း ေလ့လာတယ္။ ေနာက္တခုက ကိုယ့္ရဲ့ ဒီ…. အခုဆိုရင္ Fashion TV မွာ လိမ္းတာမ်ိဳး၊ ေနာက္တခုက မဂၢဇင္းေတြမွာ လိမ္းျခယ္တာမ်ိဳး စိတ္ဝင္စားတယ္။ စိတ္ဝင္စားဆံုး အလုပ္ကေတာ့ မိတ္ကပ္လိမ္းတာေပါ့ေနာ္။ ေနာက္ မိတ္ကပ္ Product ေတြကို အရမ္းစိတ္ဝင္စားတယ္။ ခရီးထြက္တိုင္းလည္း ကိုယ့္မွာ ဘယ္ေလာက္ပဲရိွရိွ ဝယ္လာျဖစ္တယ္။ အဲလိုမ်ိဳးေပါ့ေနာ္ အၿမဲတမ္း ဘယ္အခ်ိန္ အေပ်ာ္ဆံုးလဲလို႔ ေမးရင္ မိတ္ကပ္လိမ္းတဲ့ အခ်ိန္ဟာ အေပ်ာ္ဆံုးပဲ။


#မႀကီးစန္းက မိတ္ကပ္ေလာကထဲမွာ ႏွစ္ေပါင္းက ႏွစ္ဆယ္ေက်ာ္သြားၿပီ။ မႀကီးစန္း ေအာင္ျမင္ေနတာကလည္း ဆယ္စုႏွစ္တခု မကေတာ့ဘူးေပါ့ေနာ္။ ဒီလို ေအာင္ျမင္မႈမ်ိဳး ရလာေအာင္ မႀကီးစန္း ဘယ္လိုႀကိဳးစားခဲ့ရလဲ။ ဒီလိုေအာင္ျမင္မႈ ရဖို႔အတြက္ကို ဘယ္လိုအခက္အခဲေတြကို ေက်ာ္လႊားခဲ့ရလဲဆိုတာကို ရိမ္းဘိုးပရိသတ္ႀကီးကို ေျပာျပေပးပါဦး။ 


ေအာင္ျမင္ေအာင္ လုပ္တာေတာ့ မဟုတ္ဘူး။ မႀကီးစန္း အင္တာဗ်ူးတိုင္းမွာ ေျဖပါတယ္။ အသက္ေမြးဝမ္းေက်ာင္း တခုကို ကိုယ္က ဘယ္အတတ္ပညာနဲ႔ ရပ္တည္မလဲဆိုၿပီး ကိုယ့္ရဲ့ဘဝအတြက္ Plan ခ်တယ္ေပါ့။ ခ်တဲ့အခါက်ေတာ့ ကိုယ္က မိတ္ကပ္လိမ္းျခင္းကို ဝါသနာပါတယ္။ မိတ္ကပ္လိမ္းတယ္။ အဓိကကေတာ့ ကိုယ္နာမည္ႀကီးခ်င္လို႔ လုပ္ခဲ့တာ မဟုတ္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဆရာသမားဆီမွာ ပညာသင္တယ္။ သူသည္ ကိုယ့္ကို ပညာသင္ေပးတဲ့အတြက္ ေက်းဇူးရိွတယ္။ အဲေတာ့ သူ႔ကို ကိုယ္က အလုပ္အေကြၽး ျပန္ျပဳခ်င္တယ္။ သူနဲ႔အတူတူေပါ့။ သူေပးသေလာက္ေလးနဲ႔ ကိုယ့္ဘဝေလးကို…..။ ကိုယ္ ဒီလုပ္ငန္း လုပ္ေနရရင္ ၿပီးေရာ။ ကိုယ့္ဘဝက ဒီေလာက္ပဲ။ ေမ်ွာ္လင့္ခ်က္ အမ်ားႀကီး မထားဘူး။ ကိုယ္ရတဲ့ ဝင္ေငြနဲ႔ မိဘကို ျပန္ရွာေကြၽးမယ္။ မိသားစုကိုေပါ့ေနာ္။ ကိုယ့္ဘဝကို ဖူလံုေအာင္ ေနမယ္။ ဆရာသမားနဲ႔ အတူတကြ ေနမယ္လို႔ စိတ္ကူးခဲ့တယ္။ ဒါဟာ မွန္ေသာ သစၥာစကားပဲ။ 


သို႔ေသာ္ တခ်ိန္မွာ ဘာျဖစ္လဲဆိုေတာ့ ဆရာသမားေတြ သူ႔ရဲ့ရွယ္ယာနဲ႔ အတူတူ လုပ္တဲ့အခါက်ေတာ့ ကိုယ္က ေနာက္ပိုင္းမွာ ဆရာရဲ့ အားထားရတဲ့ အေနအထားေတြ ျဖစ္လာတယ္။ ပရိသတ္ေတြ၊ ဆရာ့ Customer ေတြ လက္ခံတဲ့ အေနအထားေတြ ျဖစ္လာတဲ့ အခါက်ေတာ့ သူ႔ရဲ့ရွယ္ယာရွင္တေယာက္က ဘာလဲဆိုေတာ့ မႀကီးစန္းကို တခ်ိန္က်ရင္ ဒီေနရာကို ရႏိုင္တယ္ဆိုတဲ့ ေမ်ွာ္မွန္းခ်က္ ရိွလာတဲ့ အခါက်ေတာ့ ကိုယ့္ကို ဒီေနရာမွာ မထားခ်င္ေတာ့ဘူး။ မထားခ်င္တဲ့အခါမွာ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ပထုတ္လိုက္တာေပါ့။ ပထုတ္လိုက္တဲ့ အခါက်ေတာ့ အဲဒီဆိုင္ကေန ပထုတ္ခံလိုက္ရတဲ့အခ်ိန္မွာ ဝမ္းပန္းတနည္းကို ငိုခဲ့မိတာ။ ဘာလို႔လဲဆိုေတာ့ ကိုယ္က ဒီဆရာသမားနဲ႔ ေနခ်င္တာကိုး…။ အဲလိုမ်ိဳး ပထုတ္ခံလိုက္ရေတာ့ တျခားတဆိုင္မွာ သြားလုပ္တယ္။ 


အဆင္မေျပဘူး။ သူငယ္ခ်င္းနဲ႔ ရွယ္ယာလုပ္တယ္။ သူငယ္ခ်င္းနဲ႔လည္း အရြယ္တူဆိုေတာ့ တေယာက္နဲ႔တေယာက္ သူ႔မာန၊ ကိုယ့္မာနေပါ့ေလ။ အဲလိုမ်ိဳးေတြ အဆင္မေျပ ျဖစ္ၿပီးေတာ့မွ ေနာက္ ၃၅ လမ္း၊ မႀကီးစန္း အခုလက္ရိွေနတဲ့ ၃၅ လမ္းမွာ အလုပ္လုပ္တယ္။ လုပ္တဲ့အခါက်ေတာ့ သူတို႔ဆိုင္က ဖြင့္ထားေပမယ့္ ဝင္ေငြမရိွတဲ့ ဆိုင္…..။ ကိုယ္ေရာက္လာတဲ့ အခါက်ေတာ့ ကိုယ့္ရဲ့ Customer နည္းနည္းပါးပါးေလးနဲ႔ေပါ့။ ကိုယ့္ရဲ့ လုပ္ရည္ကိုင္ရည္ေလးနဲ႔ တျဖည္းျဖည္း တဆင့္စကား တဆင့္နဲ႔ေပါ့။ ပြားၿပီးေတာ့ Customer ေတြ မ်ားလာတဲ့ အေနအထားမ်ိဳးေတြ ျဖစ္လာတယ္။ သူတို႔ရဲ့ လုပ္ငန္းႀကီးလည္း တိုးတက္လာတယ္။ 


အခုနက မႀကီးစန္း ေျဖခဲ့သလိုေပါ့။ မႀကီးစန္းရဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ မိတ္ကပ္လိမ္းခ်င္တာေလ။ အဲေတာ့ မႀကီးစန္း လုပ္ေနရတဲ့အပိုင္းက Saloon အပိုင္း ျဖစ္ေနတယ္။ ကိုယ္က မိတ္ကပ္လိမ္းတာကိုလည္း ထပ္လုပ္ခ်င္တယ္။ ထပ္လုပ္ခ်င္တဲ့ အခါက်ေတာ့ မင္းသမီး တင့္တင့္ထြန္းေပါ့…။ မင္းသမီး တင့္တင့္ထြန္း တီဗြီမွာ ကတာတို႔၊ ဘာတို႔ အရမ္းနာမည္ႀကီးေနတဲ့ အခ်ိန္မွာ သူ႔ကို လိမ္းခြင့္ရခဲ့တယ္။ အရမ္းလိမ္းခ်င္တာေပါ့။ အဲဒီအခ်ိန္မွာ ဆိုင္ရွင္က မလႊတ္ဘူး။ ေနာက္တခုက အဲဒီအခ်ိန္မွာ ကိုယ့္မွာ ျပၫ့္စံုတဲ့ မိတ္ကပ္ပစၥည္းေတြ မရိွဘူး။ မရိွတဲ့ အခါက်ေတာ့ ဆိုင္ကပိုင္တဲ့ မိတ္ကပ္ပစၥည္းကို ယူၿပီးေတာ့ Outdoor ထြက္ၿပီး သြားလိမ္းရမွာ။ ဆိုေတာ့ သူတို႔က ကိုယ့္ကို အဲဒီ မိတ္ကပ္ပစၥည္းေတြနဲ႔ ယံုၾကည္ၿပီးေတာ့ မလႊတ္လိုက္ႏိုင္ဘူးတဲ့ ဆိုေတာ့….။ မႀကီးစန္းက တသက္လံုး ကိုယ့္ဘဝမွာ ရိုးသားေအာင္ ေနမယ္လို႔ စိတ္ဆံုးျဖတ္ထားခဲ့တဲ့ သူ….။ အဲေတာ့ သူတို႔က ကိုယ့္ကို မိသားစုဝင္ အရင္းတေယာက္လို ေကာင္းၾကပါတယ္။ ဒါေပမယ့္ သူတို႔ရဲ့ ေျပာလိုက္တဲ့ စကားေလးက မျဖစ္ေတာ့ဘူးဆိုတဲ့ ကိုယ့္ရဲ့ဆံုးျဖတ္ခ်က္ကို ခ်ဖို႔အတြက္ေပါ့ေနာ္။ စိတ္ထဲမွာ ေတာ္ေတာ္ကို စြဲသြားေစတယ္။ ဆံုးျဖတ္ခ်က္ ခ်ျဖစ္သြားခဲ့တာေပါ့။ ဒါေလာက္ ငါ ရိုးသားေနတယ္၊ ယံုၾကည္ေအာင္ ေနတယ္။ ဒါေပမယ့္ ဒါေတြက သက္သက္လုပ္တာ မဟုတ္ဘူးေနာ္။ ကိုယ့္ရဲ့ ပင္ကိုယ္က ရိုးရိုးသားသား ေနတာ။ ၿပီးေတာ့ ကိုယ္နဲ႔ ပတ္သက္ၿပီး ဝင္ေငြ တိုးလာတာကိုလည္း သူတို႔အသိပဲ။ ကိုယ့္ကို အားကိုးေနရတဲ့ အေနအထားမွာ ကိုယ့္ကို ယံုၾကည္မႈ မရိွဘူးဆိုတာကေတာ့ ကိုယ့္ရဲ့ ကိုယ္က်င့္တရားကို ေစာ္ကားတာနဲ႔ အတူတူပဲေပါ့။ လူဆိုတာကေတာ့ စကားပံုထဲက အတိုင္းပါပဲ။ မရိွ ခိုးႏိုးေပါ့ေနာ္။ 


မႀကီးစန္းက အဲဒီတုန္းက မျပၫ့္စံုဘူး။ မျပၫ့္စံုေတာ့ အဲလိုမ်ိဳး သူတို႔ မယံုၾကည္တာေပ့ါေနာ္။ သူတို႔ကိုလည္း အျပစ္ေျပာလို႔ေတာ့ မရပါဘူး။ ဆိုေတာ့ အဲဒီမွာ ကိုယ့္ဖာသာကိုယ္ လုပ္ငန္းလုပ္ဖို႔ တြန္းအား ျဖစ္သြားတာေပါ့။ တခ်ိန္က်ရင္ေတာ့ ငါ မိတ္ကပ္ပညာရွင္ႀကီး ျဖစ္ေအာင္…. ပညာရွင္ မဟုတ္ပါဘူး… မိတ္ကပ္ဆရာႀကီး ျဖစ္ေအာင္ ႀကိဳးစားမယ္ဆိုတဲ့ စိတ္ကူးေလးနဲ႔ ဆိုင္ခြဲထြက္လိုက္တယ္။ ထြက္လိုက္တဲ့အခါမွာ ပစၥည္းမျပၫ့္မစံုေလးနဲ႔ေပါ့… မွန္တင္ခံုေလး တခု….။ မွန္တင္ခံုဆိုတာကလည္း မွန္ေလးတခ်ပ္နဲ႔ ခံုေလးတလံုးေပါ့…. ဒါပဲ။ ခံုဆိုတာကလည္း အိမ္က ထမင္းစားစားပြဲ အေဟာင္းေလး တလံုးေပါ့။ ပန္းကန္ေဆး ေဘစင္က ေခါင္းေလ်ာ္တဲ့ ပစၥည္းေတြ တင္ေပါ့။ ေတာ္ေတာ္ကို မျပၫ့္မစံုနဲ႔ လုပ္ခဲ့ရတယ္။ 


ဒါေပမယ့္ အခု ေၾကျငာေတြ ထၫ့္ၾကတယ္။ က်မတို႔ လုပ္ငန္းက ဘယ္လိုေတြ လုပ္ပါတယ္။ က်မတို႔က ဘယ္လို Service ေတြ ေပးပါတယ္… ဘယ္လို ဘယ္လို… စသျဖင့္ အဲလိုမ်ိဳး လုပ္ငန္းနဲ႔ ပတ္သက္ၿပီး ေၾကျငာၾကတယ္။ မႀကီးစန္း တခါမွ မေၾကျငာခဲ့ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ရဲ့လုပ္ငန္း ေကာင္းျခင္းသည္ ကိုယ့္လုပ္ရပ္အေပၚမွာပဲ မူတည္တယ္။ အဲဒီ လုပ္ရပ္ဆိုတာ ဟန္ေဆာင္ၿပီး လုပ္လို႔မရဘူး။ တကယ္လုပ္မွ၊ တကယ္တတ္မွ၊ တကယ္ေစတနာပါမွ ေပၚလြင္တာေလ။ ဆိုေတာ့ အဲဒီကေန တဆင့္စကား တဆင့္နဲ႔ေပါ့.. Customer ေတြ မ်ားလာတာ ျဖစ္တဲ့အတြက္ တမင္သက္သက္ ကိုယ့္ကိုယ္ကို ေၾကျငာစရာ မလိုခဲ့ဘူး။ အဲေတာ့ နာမည္ႀကီးတယ္ဆိုတာကလည္း ကိုယ့္ကိုယ္ကို တမင္သက္သက္ မႀကီးစန္း လုပ္ယူထားတာမ်ိဳး မဟုတ္ပဲနဲ႔ ကိုယ့္ကို ခ်စ္ၾကတဲ့ ပရိသတ္ေတြကေပါ့ေနာ္…။


ဘာပဲျဖစ္ျဖစ္ လူဆိုတာကေတာ့ စိတ္နဲ႔ ခံစားၿပီး လက္နဲ႔ ဖန္တီးရတာပဲ။ အဲဒီအတြက္ အမွားလည္း ရိွမွာပဲ။ ခြၽတ္ယြင္းမႈလည္း ရိွမွာပဲ။ အဲဒီခြၽတ္ယြင္းမႈေတြကို ခြင့္လႊတ္တယ္။ လိုအပ္ခ်က္ေတြကို နားလည္ေပးခဲ့တယ္ ဆိုတဲ့လူေတြက မႀကီးစန္းကို ခ်စ္ၾကလို႔သာလ်ွင္ ခြင့္လႊတ္ၿပီးေတာ့ ယေန့ထက္ထိ ရပ္တည္ႏိုင္ေအာင္ ေဖးမလာတယ္။ မႀကီးစန္းရဲ့ ရပ္တည္မႈက ဘာလဲဆိုေတာ့ ကိုယ့္ရဲ့ အားေပးတဲ့ ပရိသတ္ေတြက အဓိကက လူကိုခ်စ္တဲ့အတြက္ သူတို႔က ရိွသမ်ွ အျပစ္ေတြကို ခြင့္လႊတ္ခဲ့ၾကတယ္။ မဂၤလာေဆာင္ဆိုရင္လည္း အၿမဲတမ္း ေနာက္က်တယ္။ ျပႆနာမ်ိဳးစံုေပါ့။ ဒါေပမယ့္ သူတို႔ မႀကီးစန္းကို ျမင္လိုက္တာနဲ႔ ၿပံဳးခ်ိဳၿပီးေတာ့ ဘာမွ မေျပာေတာ့ဘူး။ 


ခြင့္လႊတ္လိုက္ၾကတယ္။ ေနာက္တခါ ေနာက္ပြဲေတြဆိုရင္လည္း သူတို႔ လာအပ္ၾကတယ္။ ဒါ သူတို႔ မႀကီးစန္းကို ခ်စ္ၾကလို႔သာလ်ွင္ေပါ့ေနာ္။ အဲလို ယူဆလို႔ ရတယ္။ အဲေတာ့ နာမည္ႀကီးေအာင္ တမင္သက္သက္ လုပ္ခဲ့တာ မဟုတ္ပါဘူး။ ဟို မႀကီးစန္းက ကိုယ့္လုပ္တဲ့လုပ္ငန္းေတြအေပၚ တာဝန္ေက်ခ်င္တယ္။ ေစတနာပါခ်င္တယ္။ အဲလိုမ်ိဳးေပါ့… ကိုယ့္အလုပ္ေလးတခုကို တာဝန္ေက်ေအာင္ လုပ္ခဲ့တဲ့ သေဘာပါပဲ။ အဲဒီအတြက္ ျပန္ခံစားရတဲ့ တံု႔ျပန္မႈပဲေပါ့ေနာ္။ 


ေခတ္သစ္လူ စီစဉ္တင္ဆက္သည္။


To be continued…..

No comments: