Monday, November 1, 2021

လိင်တူဆက်ဆံတဲ့အမျိုးသားတွေမှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

လိင်တူဆက်ဆံတဲ့အမျိုးသားတွေမှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ




စာရေးသူ Ye Myo Myat 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Hello Sayarwon Panel 


#MSM

#LGBTQs

#Sexual_Health

#HIV_AIDS


#လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မွာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

 Hello ဆရာဝန် ပရိတ်သတ်တွေထဲက လိင်တူချင်းဆက်ဆံမိလို့ HIV ကူးစက်ခံရပြီလားလို့ လာမေးကြတဲ့ အမျိုးသားတွေ အရမ်းများလာတာကို သတိထားမိတယ်ခင်ဗျ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ ဘာကြောင့် လိင်တူဆက်ဆံခြင်းဟာ HIV ကူးစက်နိုင်ခြေပိုများစေတာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။


 အရင်ဆုံးသိထားရမှာက HIV ပိုးသည် လိင်တူဆက်ဆံတာတင်မကဘဲ လိင်ကွဲဆက်ဆံတာနဲ့လည်း ကူးစက်နိုင်ပါတယ်။ အဓိကကေတာ့ ရောဂါပိုးရှိတဲ့သူနဲ့ အကာအကွယ် (ကြန္ဒုံး) အသုံးမပြုဘဲ လိင်ဆက်ဆံလို့ပါ။


 ၁။ စအိုဖြင့် လိင်ဆက်ဆံခြင်း


 အမျိုးသားချင်း လိင်ဆက်ဆံတဲ့အခါ စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကတော့ အမြဲတမ်းလိုလို ပါတတ်ပါတယ်။ မိန်းမကိုယ်နဲ့ မတူဘဲ စအိုအတွင်းက နံရံတွေက သဘာဝချောဆီထွက်တာမျိုးလည်း မရွိသလို ပွန်းပဲ့ထိခိုက်ဖို့ အရမ်းလွယ်ကူတဲ့အတွက် ပိုးကူးစက်ခံရနိုင်ခြေ ပိုများတာပဲဖြစ်ပါတယ်။


 ၂။ လိင်ဆက်ဆံပုံ တစ်မျိုးတည်းမဟုတ်ခြင်း


 လိင်ကွဲဆက်ဆံတဲ့အခါ များသောအားဖြင့် ထိုးသွင်းဆက်ဆံမှုကို ချက်ချင်းစတတ်ကြပေမယ့် လိင်တူဆက်ဆံကြတဲ့ အမျိုးသားအများစု သည် နည်းလမ်းပေါင်းစုံနဲ့ ဆက်ဆံလေ့ရှိကြပါတယ်။ ဥပမာ ပါးစပ်ဖြင့် ဆက်ဆံဖော်အမျိုးသားရဲ့ လိင်တံ၊ စအိုကို နှိုးဆွခြင်း၊ စအိုဖြင့် လိင်ဆက်ဆံခြင်း၊ အန္တရာယ်များသော အနေအထားဖြင့် လိင်ဆက်ဆံခြင်း၊ ကြမ်းတမ်းစွာ ဆက်ဆံခြင်း အစရှိသဖြင့်ပေါ့ဗျာ။ ဒီလိုမျိုး ဆက်ဆံတာများလာတာနဲ့အမျှ ကိုယ့်ရဲ့ HIV ပိုးကူးစက်နိုင်ခြေဟာ ၀ (သုည) မှာမရှိတော့ဘဲ မြင့်သထက် မြင့်လာဖို့ပဲ ရှိတော့တာပါ။


 ၃။ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုများခြင်း


 လူတိုင်းတော့ မဟုတ်ပေမဲ့ လိင်တူချင်း၊ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ဆက်ဆံသော အမျိုးသားတွေမှာ တစ်ယောက်ထက်ပိုသော ဆက်ဆံဖော်တွေ ရှိတတ်ကြပါတယ်။ အဲ့လိုလူများလာတာနဲ့အမျှ တစ်ယောက်စီကနေ ရောဂါပိုးကို မထင်မှတ်ဘဲ ရလာတဲ့အခါ ကိုယ့်မှာရောဂါရှိနေမှန်းလည်း မသိဘဲ တခြားသူတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။ လိင်စိတ်ပြင်းလွန်းတဲ့သူတွေ (မူးယစ်ဆေးဝါးသုံးစွဲပြီး လိင်ဆက်ဆံတဲ့အခါ၊ အရက်မူးနေတဲ့အခါ) ဆိုရင် အုပ်စုဖွဲ့ပြီး လိင်ဆက်ဆံတာ၊ အကာအကွယ်လုံးဝမသုံးစွဲတာကြောင့်လည်း ကူးစက်နိုင်ခြေ ပိုများပါတယ်။


 ၄။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း


 လိင်တူဆက်ဆံတဲ့အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပါးစပ်ဖြင့် လိင်တံကို စုပ်ယူပေးရတာကို ပိုသဘောကျကြပါတယ်။ သုက်ရည်မထွက်သွားသည့်တိုင်အောင် ပါးစပ်ထဲမှာ ထိခိုက္ထားတာ၊ ပွန်းပဲ့ဒဏ်ရာ၊ အနာတွေ ရှိနေရင် လိင်တံထိပ်က ထြက္လာတဲ့ သုက်ရည်ကြည်ကနေတောင် HIV ပိုးကူးစက်ခံရနိုင်ခြေရှိပါတယ်။


 ၅။ မူးယစ်ဆေးဝါး သုံးစွဲခြင်း


 ဒီနေ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဆီမှာ အသုံးများကြတာကတော့ ရေခဲ (Ice) လို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကို မီးရှို့ပြီး ထွက်လာတဲ့အငွေ့ကို ရွိုက္တာ၊ သွေးကြောထဲသို့ ဆေးထိုးအပ် ဝေမျှပြီး သုံးစြဲတာ၊ Popper လို့ခေါ်တဲ့ သွေးကြောတွေကို ကျယ်စေပြီး လိင်စိတ်ကို ထကြွစေတဲ့၊ စအိုဖြင့် ထိုးသွင်းခံရတဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် သုံးတဲ့ ကော်ဘူး၊ ဆေးခြောက်စတာတွေ သုံးပြီး လိင်ဆက်ဆံလေ့ရှိကြပါတယ်။ ဒီဆေးတွေဟာ ကိုယ့်ရဲ့ ကာမစွမ်းအင်ကို မြှင့်တင်ပေးပြီး အသိစိတ္ကို လွတ်သွားစေတဲ့အတွက် ပုံမှန်သတိရှိနေတဲ့သူမှာတောင် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလိုက်ကြပါတယ်။


 #ဒီတော့ HIV ပိုးကူးစက်မခံရအောင် ဘယ္လိုကာကြယ္မလဲ။


 ၁။ အမျိုးသားနဲ့ဖြစ်စေ၊ အမျိုးသမီးနဲ့ဖြစ်စေ လိင်ဆက်ဆံတိုင်း ကြန္ဒုံးကို အသုံးပြုပါ။


 ၂။ စအိုဖြင့် လိင်ဆက်ဆံတဲ့အခါ ပွန်းပဲ့ထိခိုက်မှုနည်းစေဖို့ ချောဆီများများထည့်ပါ။


 ၃။ ရေအခြေပြု ချောဆီတွေကိုပဲ သုံးပေးပါ။


 ၄။ ပါးစပ်ထဲမှာ အနာရှိရင် လိင်တံ၊ စအိုဝကို နှိုးဆွပေးတာမျိုး လုံးဝမလုပ်ပါနဲ့။


 ၅။ မူးယစ်ဆေးဝါး၊ အရက်တွေကို တတ်နိုင်သလောက် ရှောင်ပါ။


 ၆။ လိင်ဆက်ဆံဖော်ကို တစ်ယောက်ထဲသာ သတ်သတ်မှတ်မှတ်ထားပါ။ သို့မဟုတ် ချစ်သူဖြင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။


 ၇။ ရောဂါပိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ PrEP ဆေးတွေ သောက်လို့ရသလို အရေးပေါ် ကာကွယ်ဆေး PEP ဆေးတွေကို ဆရာဝန်ခွင့်ပြုချက်နဲ့ ၇၂ နာရီအတွင်း သောက်လို့ရပါတယ်။


 ၈။ ရောဂါပိုးကူးစက်ခံရပြီဆိုရင်လည်း တခြားသူတွေကို မပျံ့စေဖို့၊ ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို လျော့ကျစေဖို့ ART ဆေးကို သောက်ပေးပါ။


 ၉။ ကိုယ်ခံအားကောင်းနေအောင် လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အစားအသောက်ဆင်ခြင်ပါ။


 ၁၀။ ၃လတစ်ကြိမ် သွေးသွားစစ်ပါ။ မရှိတဲ့အဖြေထွက်ရင် ထပ်ပြီးသေချာအောင် ၆လပြည့်တဲ့နေ့မှာ ဒုတိယအကြိမ် စစ်ပါ။


 ဒါဆိုရင် လိင်တူဆက်ဆံမိလို့ HIV ပိုး ကူးခံရပြီလားဆိုပြီး သောကမကင်းဖြစ်နေတဲ့ ကိုယ့်ညီလေးတို့လည်း ရင်အေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ထပ်ပြီးပြောချင်တာကတော့ HIV ဆိုတာ လိင်တူချင်းဆက်ဆံမှ ကူးနိုင်တာမဟုတ်ဘူးဆိုတာပါပဲ။ အားလုံးပဲ ဆန္ဒကို သတိနဲ့ စောင့်ထိန်းပြီး ပျော်ကြပါလို့ အကြံပေးလိုက်ချင်ပါတယ်ခင်ဗျ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


လိင္တူဆက္ဆံတဲ့အမ်ိဳးသားေတြမွာ HIV ကူးစက္နိုင္ေျခ ဘာေၾကာင့္ပိုမ်ားတာလဲ




စာေရးသူ Ye Myo Myat 

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Hello Sayarwon Panel 


#MSM

#LGBTQs

#Sexual_Health

#HIV_AIDS


#လိင္တူဆက္ဆံတဲ့အမ်ိဳးသားေတြ မွာ HIV ကူးစက္နိုင္ေျခ ဘာေၾကာင့္ပိုမ်ားတာလဲ

 Hello ဆရာဝန္ ပရိတ္သတ္ေတြထဲက လိင္တူခ်င္းဆက္ဆံမိလို႔ HIV ကူးစက္ခံရၿပီလားလို႔ လာေမးၾကတဲ့ အမ်ိဳးသားေတြ အရမ္းမ်ားလာတာကို သတိထားမိတယ္ခင္ဗ်။ ဒါေၾကာင့္ အခုေဆာင္းပါးမွာေတာ့ ဘာေၾကာင့္ လိင္တူဆက္ဆံျခင္းဟာ HIV ကူးစက္နိုင္ေျခပိုမ်ားေစတာလဲဆိုတာနဲ႕ ပတ္သက္ၿပီး ေျပာျပေပးခ်င္ပါတယ္။


 အရင္ဆုံးသိထားရမွာက HIV ပိုးသည္ လိင္တူဆက္ဆံတာတင္မကဘဲ လိင္ကြဲဆက္ဆံတာနဲ႕လည္း ကူးစက္နိုင္ပါတယ္။ အဓိကကေတာ့ ေရာဂါပိုးရွိတဲ့သူနဲ႕ အကာအကြယ္ (ကြန္ဒုံး) အသုံးမျပဳဘဲ လိင္ဆက္ဆံလို႔ပါ။


 ၁။ စအိုျဖင့္ လိင္ဆက္ဆံျခင္း


 အမ်ိဳးသားခ်င္း လိင္ဆက္ဆံတဲ့အခါ စအိုအတြင္းသို႔ ထိုးသြင္းဆက္ဆံျခင္းကေတာ့ အၿမဲတမ္းလိုလို ပါတတ္ပါတယ္။ မိန္းမကိုယ္နဲ႕ မတူဘဲ စအိုအတြင္းက နံရံေတြက သဘာဝေခ်ာဆီထြက္တာမ်ိဳးလည္း မရွိသလို ပြန္းပဲ့ထိခိုက္ဖို႔ အရမ္းလြယ္ကူတဲ့အတြက္ ပိုးကူးစက္ခံရနိုင္ေျခ ပိုမ်ားတာပဲျဖစ္ပါတယ္။


 ၂။ လိင္ဆက္ဆံပုံ တစ္မ်ိဳးတည္းမဟုတ္ျခင္း


 လိင္ကြဲဆက္ဆံတဲ့အခါ မ်ားေသာအားျဖင့္ ထိုးသြင္းဆက္ဆံမႈကို ခ်က္ခ်င္းစတတ္ၾကေပမယ့္ လိင္တူဆက္ဆံၾကတဲ့ အမ်ိဳးသားအမ်ားစု သည္ နည္းလမ္းေပါင္းစုံနဲ႕ ဆက္ဆံေလ့ရွိၾကပါတယ္။ ဥပမာ  ပါးစပ္ျဖင့္ ဆက္ဆံေဖာ္အမ်ိဳးသားရဲ႕ လိင္တံ၊ စအိုကို ႏွိုးဆြျခင္း၊ စအိုျဖင့္ လိင္ဆက္ဆံျခင္း၊ အႏၱရာယ္မ်ားေသာ အေနအထားျဖင့္ လိင္ဆက္ဆံျခင္း၊ ၾကမ္းတမ္းစြာ ဆက္ဆံျခင္း အစရွိသျဖင့္ေပါ့ဗ်ာ။ ဒီလိုမ်ိဳး ဆက္ဆံတာမ်ားလာတာနဲ႕အမွ် ကိုယ့္ရဲ႕ HIV ပိုးကူးစက္နိုင္ေျခဟာ ၀ (သုည) မွာမရွိေတာ့ဘဲ ျမင့္သထက္ ျမင့္လာဖို႔ပဲ ရွိေတာ့တာပါ။


 ၃။ လိင္ဆက္ဆံေဖာ္ တစ္ေယာက္ထက္ပိုမ်ားျခင္း


 လူတိုင္းေတာ့ မဟုတ္ေပမဲ့ လိင္တူခ်င္း၊ လိင္တူ၊ လိင္ကြဲ ၂မ်ိဳးလုံးကို ဆက္ဆံေသာ အမ်ိဳးသားေတြမွာ တစ္ေယာက္ထက္ပိုေသာ ဆက္ဆံေဖာ္ေတြ ရွိတတ္ၾကပါတယ္။ အဲ့လိုလူမ်ားလာတာနဲ႕အမွ် တစ္ေယာက္စီကေန ေရာဂါပိုးကို မထင္မွတ္ဘဲ ရလာတဲ့အခါ ကိုယ့္မွာေရာဂါရွိေနမွန္းလည္း မသိဘဲ တျခားသူေတြကိုပါ ကူးစက္သြားနိုင္ပါတယ္။ လိင္စိတ္ျပင္းလြန္းတဲ့သူေတြ (မူးယစ္ေဆးဝါးသုံးစြဲၿပီး လိင္ဆက္ဆံတဲ့အခါ၊ အရက္မူးေနတဲ့အခါ) ဆိုရင္ အုပ္စုဖြဲ႕ၿပီး လိင္ဆက္ဆံတာ၊ အကာအကြယ္လုံးဝမသုံးစြဲတာေၾကာင့္လည္း ကူးစက္နိုင္ေျခ ပိုမ်ားပါတယ္။


 ၄။ ပါးစပ္ျဖင့္ လိင္ဆက္ဆံျခင္း


 လိင္တူဆက္ဆံတဲ့အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြထက္ ပါးစပ္ျဖင့္ လိင္တံကို စုပ္ယူေပးရတာကို ပိုသေဘာက်ၾကပါတယ္။ သုက္ရည္မထြက္သြားသည့္တိုင္ေအာင္ ပါးစပ္ထဲမွာ ထိခိုက္ထားတာ၊ ပြန္းပဲ့ဒဏ္ရာ၊ အနာေတြ ရွိေနရင္ လိင္တံထိပ္က ထြက္လာတဲ့ သုက္ရည္ၾကည္ကေနေတာင္ HIV ပိုးကူးစက္ခံရနိုင္ေျခရွိပါတယ္။


 ၅။ မူးယစ္ေဆးဝါး သုံးစြဲျခင္း


 ဒီေန႕ လိင္တူဆက္ဆံတဲ့ အမ်ိဳးသားေတြဆီမွာ အသုံးမ်ားၾကတာကေတာ့ ေရခဲ (Ice) လို႔ေခၚတဲ့ မူးယစ္ေဆးတစ္မ်ိဳးကို မီးရွို႔ၿပီး ထြက္လာတဲ့အေငြ႕ကို ရွိုက္တာ၊ ေသြးေၾကာထဲသို႔ ေဆးထိုးအပ္ ေဝမွ်ၿပီး သုံးစြဲတာ၊ Popper လို႔ေခၚတဲ့ ေသြးေၾကာေတြကို က်ယ္ေစၿပီး လိင္စိတ္ကို ထႂကြေစတဲ့၊ စအိုျဖင့္ ထိုးသြင္းခံရတဲ့ နာက်င္မႈကို သက္သာေစဖို႔အတြက္ သုံးတဲ့ ေကာ္ဘူး၊ ေဆးေျခာက္စတာေတြ သုံးၿပီး လိင္ဆက္ဆံေလ့ရွိၾကပါတယ္။ ဒီေဆးေတြဟာ ကိုယ့္ရဲ႕ ကာမစြမ္းအင္ကို ျမႇင့္တင္ေပးၿပီး အသိစိတ္ကို လြတ္သြားေစတဲ့အတြက္ ပုံမွန္သတိရွိေနတဲ့သူမွာေတာင္ စိတ္လြတ္ကိုယ္လြတ္ ေပ်ာ္ပါးလိုက္ၾကပါတယ္။


 #ဒီေတာ့ HIV ပိုးကူးစက္မခံရေအာင္ ဘယ္လိုကာကြယ္မလဲ။


 ၁။ အမ်ိဳးသားနဲ႕ျဖစ္ေစ၊ အမ်ိဳးသမီးနဲ႕ျဖစ္ေစ လိင္ဆက္ဆံတိုင္း ကြန္ဒုံးကို အသုံးျပဳပါ။


 ၂။ စအိုျဖင့္ လိင္ဆက္ဆံတဲ့အခါ ပြန္းပဲ့ထိခိုက္မႈနည္းေစဖို႔ ေခ်ာဆီမ်ားမ်ားထည့္ပါ။


 ၃။ ေရအေျချပဳ ေခ်ာဆီေတြကိုပဲ သုံးေပးပါ။


 ၄။ ပါးစပ္ထဲမွာ အနာရွိရင္ လိင္တံ၊ စအိုဝကို ႏွိုးဆြေပးတာမ်ိဳး လုံးဝမလုပ္ပါနဲ႕။


 ၅။ မူးယစ္ေဆးဝါး၊ အရက္ေတြကို တတ္နိုင္သေလာက္ ေရွာင္ပါ။


 ၆။ လိင္ဆက္ဆံေဖာ္ကို တစ္ေယာက္ထဲသာ သတ္သတ္မွတ္မွတ္ထားပါ။ သို႔မဟုတ္ ခ်စ္သူျဖင့္ တစ္လင္တစ္မယားစနစ္ကို က်င့္သုံးပါ။


 ၇။ ေရာဂါပိုးကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႕ PrEP ေဆးေတြ ေသာက္လို႔ရသလို အေရးေပၚ ကာကြယ္ေဆး PEP ေဆးေတြကို ဆရာဝန္ခြင့္ျပဳခ်က္နဲ႕ ၇၂ နာရီအတြင္း ေသာက္လို႔ရပါတယ္။


 ၈။ ေရာဂါပိုးကူးစက္ခံရၿပီဆိုရင္လည္း တျခားသူေတြကို မပ်ံ့ေစဖို႔၊ ကိုယ္ထဲမွာရွိေနတဲ့ ေရာဂါပိုးေတြကို ေလ်ာ့က်ေစဖို႔ ART ေဆးကို ေသာက္ေပးပါ။


 ၉။ ကိုယ္ခံအားေကာင္းေနေအာင္ ေလ့က်င့္ခန္းလုပ္ပါ။ အိပ္ေရးဝေအာင္အိပ္ပါ။ အစားအေသာက္ဆင္ျခင္ပါ။


 ၁၀။ ၃လတစ္ႀကိမ္ ေသြးသြားစစ္ပါ။ မရွိတဲ့အေျဖထြက္ရင္ ထပ္ၿပီးေသခ်ာေအာင္ ၆လျပည့္တဲ့ေန႕မွာ ဒုတိယအႀကိမ္ စစ္ပါ။


 ဒါဆိုရင္ လိင္တူဆက္ဆံမိလို႔ HIV ပိုး ကူးခံရၿပီလားဆိုၿပီး ေသာကမကင္းျဖစ္ေနတဲ့ ကိုယ့္ညီေလးတို႔လည္း ရင္ေအးနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ထပ္ၿပီးေျပာခ်င္တာကေတာ့ HIV ဆိုတာ လိင္တူခ်င္းဆက္ဆံမွ ကူးနိုင္တာမဟုတ္ဘူးဆိုတာပါပဲ။ အားလုံးပဲ ဆႏၵကို သတိနဲ႕ ေစာင့္ထိန္းၿပီး ေပ်ာ္ၾကပါလို႔ အႀကံေပးလိုက္ခ်င္ပါတယ္ခင္ဗ်။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: