Friday, June 17, 2022

Angel_Rivera အင်တာဗျူး

 #အမှောင်လောက




#အိန်ဂျယ်ရဗယ်ရာနှင့်အင်တာဗျူး

⚜⚜⚜⚜⚜⚜⚜⚜⚜⚜


#Interview_with_Angel_Rivera


လူကြီးကြိုက်ဂေးအပြာရုပ်ရှင်တွေမှာ လူကြိုက်များတဲ့ သရုပ်ဆောင်တဦးဖြစ်တဲ့ ငယ်ငယ်ချောချောကောင်လေး အိန်ဂျယ်ရဗယ်ရာ နဲ့ အင်တာဗျူးကို အပျင်းပြေဖတ်နိုင်ဖို့ ရှာဖွေမျှဝေလိုက်ပါတယ်။ 


⚜ Profile ⚜


အမည် -   အိန်ဂျယ်ရဗယ်ရာ

မွေးနေ့ -   1997 February 18 (အသက် 23 နှစ်) 

မွေးဇာတိ - အမေရိကန်ပြည်ထောင်စု၊ တက်ဆက်ပြည်နယ်၊ သြော်စတင်မြို့

အပြာရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ချိန် - 2018 ခုနှစ် (အသက် ၂၁ နှစ်)

လူမျိုး/နိုင်ငံသား - လက်တင်/ အမေရိကန်

အရပ်အမြင့် - 5 ပေ 7 လက်မ (170 စင်တီမီတာ)

ကိုယ်အလေးချိန် - 134 ပေါင် (61 ကီလို)

ဆံပင်အရောင် - အညို

2018 မှ 2020 (လက်ရှိအချိန်) အထိ ရိုက်ကူးထားသော အပြာရုပ်ရှင် - 45 ကား 


⚜ ရရှိခဲ့သောဆုများ ⚜


⚜ GAYVN ဂေးအပြာရုပ်ရှင်အုပ်စုမှ 2019 ခုနှစ်တွင် ချီးမြှင့်သော Splash (2018) ဇာတ်ကားဖြင့် အကောင်းဆုံး အုပ်စုလိုက်ဇာတ်ကွက်ဆု


⚜ GRABBY AWARDS (Grab မဂ္ဂဇင်း) မှ 2019 ခုနှစ်တွင် ချီးမြှင့်သော Vegas Nights 5 (2018) ဇာတ်လမ်းဖြင့် အကောင်းဆုံး အုပ်စုလိုက်ဇာတ်ကွက်ဆု


ယခုအင်တာဗျူးကို AVN ဝက်ဆိုဒ်မှ အိုင်းရစ် ဘလော့စ် (Iris Blocks) က 2018 January 18 မှာ တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။ 


Helix Studios စတူဒီယို၏ သရုပ်ဆောင်သစ်လေး အိန်ဂျယ် ရဗယ်ရာ နှင့် အပြာရုပ်ရှင်လုပ်ငန်းအကြောင်းပြောဆိုခြင်း


2004 ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Helix Studios စတူဒီယိုသည် ဂေးအပြာရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီအဖြစ် သူ၏ ဂုဏ်သိက္ခာကို အစဥ်အမြဲ ထိန်းသိမ်းထားခဲ့ပြီး 2018 ခုနှစ် ဂေးအပြာရုပ်ရှင်လုပ်ငန်းချုပ် ထူးချွန်ဆု ဇကာတင်စာရင်း၌ Helix စတူဒီယိုမှ ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာ ပါဝင်ခဲ့သည်။ ထိုသို့သော စတူဒီယို၏ သရုပ်ဆောင်သစ်များတွင် အိန်ဂျယ်ရဗယ်ရာလည်း တဦးအပါအဝင်ဖြစ်သည်။ 


အရပ် 5 ပေ 7 လက်မနှင့် ကိုယ်အလေးချိန် 134 ပေါင်ရှိသော လူချောလေးတယောက်ဖြစ်သူ ရဗယ်ရာသည် Helix စတူဒီယိုနှင့် လက်တွဲကာ ဂေးအပြာရုပ်ရှင်လောကသို့ စတင် ခြေချခဲ့သည်။ အညိုရောင်ဆံပင်၊ အစိမ်းရောင် မျက်လုံးများဖြင့် ညှို့အားပြင်းနေသော ရဗယ်ရာ နှင့် တွေ့ဆုံ၍ ဂေးအပြာရုပ်ရှင်လောကသို့ စတင်ခြေချဖြစ်ခဲ့ပုံ၊ လုပ်ငန်းပိုင်းဆိုင်ရာဆက်စပ်မှုများနှင့် အနာဂတ်မျှော်မှန်းချက်များကို မေးမြန်းဖြစ်ခဲ့ပါသည်။ 

#AVN - အခြေခံအကြောင်းအရာ သေးသေးလေးတွေကနေ စလိုက်ကြရအောင်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတာရယ် ဘယ်ကလဲဆိုတာရယ် မိတ်ဆက်ပါအုံး။


#Rivera - ကျနော် အသက် ၂၀ ရှိပါပြီ (2018 ခုနှစ်က ဖြစ်သည်) ။ တက်ဆက်စ်ပြည်နယ် သြော်စတင်မြို့ကပါ။ 


#AVN - လူကြီးကြိုက်အပြာရုပ်ရှင်လုပ်ငန်းကို စိတ်ဝင်စားနေတယ်လို့ မင်း ပထမဆုံးအကြိမ် သဘောပေါက်သွားတဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ အခြေအနေလေးကို ပြောပြပေးနိုင်မလား? ဒီလုပ်ငန်းကို စလုပ်ဖြစ်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ ဆိုတာပေါ့။ 


#Rivera - ကျနော် တက်ဆက်စ်က မြို့လေးတမြို့မှာ နေတုန်းက ကျနော့်အသက်က ၁၈ နှစ်။ သိတဲ့အတိုင်း အဲဒီ အသက်အရွယ်က အရမ်းကို ထန်တဲ့အချိန်မဟုတ်လား။ ရုပ်ရှင်တွေ ကြည့်ဖို့ ကျနော် Helix စတူဒီယိုဝက်ဆိုဒ်ရဲ့ အဖွဲ့ဝင်လုပ်ထားတယ် အွန်လိုင်းမှာ။ ပြီးတော့ သူတို့ရဲ့ အလုပ်ခေါ်စာကို ကျနော် လျှောက်ကြည့်သင့်တယ်လို့ ကျနော် တွေးမိပြီး ဆုံးဖြတ်လိုက်တာပဲ။ 

ပထမတော့ ဟာသတခုလိုပါပဲဗျာ။ မော်ဒယ်သရုပ်ဆောင်လုပ်ဖို့ စတူဒီယိုက ကျနော့်ကို လိုချင်လိမ့်မယ်လို့ ကျနော် မထင်ထားပါဘူး။ ဒါပေမယ့် သူတို့ဆီက ကျနော့်ကို ပြန်ဆက်သွယ်ခဲ့တယ်လေ။ ကျနော် မော်ဒယ်လုပ်ဖို့ လျှောက်လွှာတင်လိုက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ ကျနော့် ကို ပြန်ဆက်သွယ်လာတယ်။ တကယ်ကြီးပါဗျာ။ 


#AVN -မင်းရဲ့ခန္ဓာကိုယ်ပုံစံကို ကြည့်ရတာ ဂျင်တော်တော်ဆော့ထားပုံရတယ်။ ဘယ်လို ခန္ဓာကိုယ်ပုံစံမျိုးလိုချင်တယ်လို့ စိတ်ထဲမှာများ ရှိလား? 


#Rivera - ဒါကတော့ အမျိုးမျိုးပါပဲဗျာ။ တခါတလေ ကျနော့်ခန္ဓာကိုယ်က သေးလွန်းတယ်လို့ ခံစားရတယ်။ အဲဒီအခါ အစားအသောက်ပုံစံပြောင်းလိုက်တယ်။ ကာယလေ့ကျင့်ခန်းတွေ လုပ်ဖြစ်တယ်။ ဒါမှ ပိုမာ လာမှာလေ။ တခါတလေ ကျပြန်‌တော့လည်း လေးလေးလံလံကြီးနေသလို ခံစားရပြန်တယ်။ ပိုပြီးကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့ ဝိတ်လျှော့အုံးမှ ဖြစ်မယ်လို့ တွေ့မိပြန်ရော။ ဘယ်လိုပဲဖြစ်ဖြစ် တပတ်ကို ကာယလေ့ကျင့်ခန်း ၅ ကြိမ် ၆ ကြိမ်တော့ ပုံမှန်လုပ်ဖြစ်နိုင်အောင် ကျနော် ကြိုးစားတယ်။ ဝိတ်,မ, တဲ့ လေ့ကျင့်ခန်း တခုထဲပါ။ တခြားဟာတွေ မလုပ်ဖြစ်ပါဘူး (ဟား ဟား )


#AVN - ခုနကဟာ ပြန်ဆက်ရရင် Helix စတူဒီယိုကို တိုက်ရိုက်လျှောက်ခဲ့တာပေါ့ မော်ဒယ်လုပ်ဖို့ ဟုတ်လား? သူတို့နဲ့ အလုပ်လုပ်ရတာ ဘယ်လိုနေလဲ? သူတို့ မင်းကို ရွေးပြီးပြီးချင်းပဲ သီးသန့်ဇာတ်လမ်းဇာတ်ကွက်တွေ ရိုက်ဖို့ အခွင့်အရေးပေးခဲ့လား?


#Rivera -ကျနော် အကြိုလေ့ကျင့်မှုတခုအနေနဲ့ ဗီဒီယို တချို့တော့ စမ်းရိုက်ကြည့်ရတယ်။ အဲဒါတွေ ပြီးတော့ သူတို့ ကျနော်နဲ့ သီးသန့်ဇာတ်လမ်းဇာတ်ကွက်တွေ ရိုက်ဖို့ စာချုပ်ချုပ်ခဲ့တယ်။ ကျနော် စမ်းရိုက်တဲ့ ဗီဒီယိုတွေမှာ ကျနော် သရုပ်ဆောင်တဲ့ပုံစံတွေကို သူတို့ သဘောကျသွားတယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော် Helix စတူဒီယိုအဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။ စတူဒီယို ပိုင်ရှင်ကော၊ အတူသရုပ်ဆောင် အတူအလုပ်လုပ်ခဲ့တဲ့သူတွေကော၊ လုံခြုံရေးအစောင့်ပါမကျန် အားလုံးက ဖော်ရွေကြတယ်။ ကူညီဖေးမကြပါတယ်။ 


#AVN - အခုခေတ်မှာ စီးပွားရေးလုပ်ငန်းအများစုက ဆိုရှယ်မီဒီယာ လူမှုကွန်ယက်ပေါ်မှာချည်းပဲလေ။ တယောက်တည်း သီးသန့်ဇာတ်ကွက်တွေတောင် မရိုက်ရသေးတဲ့အချိန် တွစ်တာပေါ်မှာ ဖော်လိုဝါ 14000 ကျော် ရအောင် ဘယ်လိုများ လုပ်လိုက်တာလဲ? (ယခုအခါ တွစ်တာပေါ်တွင် ဖော်လိုဝါ 154K ဖြစ်နေပါပြီ) 


#Rivera - ဒါကတော့ ပရိသတ်တွေကိုပဲ ကျေးဇူးတင်ရမှာပေါ့ဗျာ။ တခြားအကြောင်းအရာအနေနဲ့ကတော့ တခြားသရုပ်ဆောင်တွေကလည်း ကျ‌နော့်ကို ဝိုင်းပြီး ဖေးမကြလို့လို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် လူပိုသိလာတာပေါ့။ ကျ‌နော် ပရိသတ်တွေကို ချစ်ပါတယ်။ 


#AVN - အပြာသရုပ်ဆောင်ကြယ်ပွင့် ဆိုတဲ့ စကားက အတိုင်းအတာအမျိုးမျိုးရှိတယ်။ တကယ့် အပြာသရုပ်ဆောင်ကြယ်ပွင့် ဆိုတာ ဘယ်လိုလဲလို့ တွေးမိသလား? မင်းကော အဲလို ကြယ်ပွင့်တပွင့် ဖြစ်ချင်လား? ဘယ်လိုမြင်မိလဲ?


#Rivera - ကျနော် ယုံကြည်ထားတာကတော့ အပြာသရုပ်ဆောင် ကြယ်ပွင့်ဆိုတာ အချိန်ကာလတခုအထိ လွှမ်းမိုးနေရမယ်ဗျာ။ ဥပမာ ဘရန့် ကော်ရီဂွန်ပေါ့ (Brent Corrigan) ကျနော်ငယ်ငယ်‌လေးကတည်းက သူက စတားပဲ။ အခုထိလည်း သူ့ရဲ့ လွှမ်းမိုးမှုတွေ အပြာရုပ်ရှင်လောကမှာ ရှိနေဆဲပဲ။ ကျနော်ကတော့ ကျနော် လုပ်နိုင်သလောက် ပိုပိုပြီး ကြီးကျယ်အောင် လုပ်သွားမှာပါ။ ကြိုးစားမှတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရမှာပေါ့ အဲလိုမှ မဟုတ်ရင် မကြိုးစားပဲနေတာက ပိုကောင်းလိမ့်မယ်။ 


#AVN - Helix စတူဒီယိုအဖွဲ့ဝင်မဟုတ်တဲ့ တယောက်ယောက်နဲ့များ အလုပ်အတူ တွဲလုပ်ချင်တာ အတူတူ သရုပ်ဆောင်ချင်တာများ ရှိလား? တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် ဘယ်လို စိတ်ကူးယဥ်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးကို သရုပ်ဆောင်ဖို့ စဥ်းစားထားတာများ ရှိလား?


#Rivera - အများကြီး မရှိပါဘူး။ ကျ‌နော်သရုပ်ဆောင်တဲ့ ဗီဒီယိုတွေက ကောင်းလို့ ကျနော့် သရုပ်ဆောင်ချက်တွေက ပီပြင်လို့ ကျနော့် ကို အားပေးကြတာမျိုးကို ပို ခံစားလို့ ရတယ်။ နာမည်ကြီးတဲ့ တယောက်ယောက်နဲ့ တွဲရိုက်လိုက်ရလို့ ကျနော့် ကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘူးလေ။ စိတ်ကူးယဥ်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးဆိုရင်တော့ ကျနော် လုပ်ချင်နေတာ အများကြီးပါပဲ။ ဒါပေမယ့် ကျနော့် စိတ်ကူးတွေကို Helix စတူဒီယိုနဲ့ပဲ အကောင်အထည်ဖော်သွားမှာပါ။ 


#AVN - အပြာရုပ်ရှင်ရိုက်ကူးတဲ့အချိန်မဟုတ်တဲ့ ပြင်ပအချိန်တွေမှာ မင်းရဲ့ စိတ်ဝင်စားမှုတွေက ဘာတွေဖြစ်မလဲ? လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်တုန်းက ပုံစံကို ပြန်မြင်ချင်တယ် ပြန်စိတ်ကူးမိတယ်ဆိုရင် မင်း ဘယ်ကို သွားတတ်လဲ? 


#Rivera - ကာယလေ့ကျင့်ခန်း၊ ကျောင်း နဲ့ မိသားစု။ အဲဒါတွေက ကျနော့်ရဲ့ကမ္ဘာပဲ။ 


လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်က ပုံစံဆိုရင်တော့။ ကျ‌နော်လိုချင်တဲ့ အရာတွေ အများကြီးပဲ။ အကြီးမားဆုံး ဆန္ဒကတော့ ကျနော့်အလုပ်တွေအားလုံးကနေ အနားယူပြီးတဲ့အခါကျရင် ကိုယ်ပိုင်ကုမ္ပဏီထောင်ချင်တယ်။ 


#AVN - ဒီလို ဂေးအပြာရုပ်ရှင်ဇာတ်ကားတွေ ရိုက်ရတဲ့ ဖျော်ဖြေမှုမျိုးကို လုပ်နေတဲ့အတွက် တခုခုများ နောင်တရတာမျိုးရှိလား ?


#Rivera - မရှိပါဘူးဗျာ။ ဘဝကို အရိုးသားဆုံး နဲ့ လွတ်လွတ်လပ်လပ် ဖြတ်သန်းဖို့ပဲ အရေးကြီးတာပါ။


#AVN - တခြားဘာထပ်ပြောချင်သေးလဲ? Helix စတူဒီယိုက မင်းအတွက် ဇာတ်ကားတွေ တပုံကြီး ပြင်ထားပြီးပြီဆိုတာ ငါသေချာပြောရဲတယ်။ ပရိသတ်တွေက မင်းကို အရူးအမူးအားပေးကြမှာ အသေအချာပဲ။ 


#Rivera - ဒါကို အချိန်ပေးဖတ်ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့်ကို အင်တာဗျူးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ 


⚜⚜⚜


အိန်ဂျယ်ရဗယ်ရာ၏ တွစ်တာအကောင့်ကို အောက်ပါလင့်တွင် Follow လုပ်နိုင်ပါသည်။ 


Follow Angel Rivera on Twitter: @AngelRiveraXXX.


(ဖေ့ဘွတ်၏လူမှုစံနှုန်းသတ်မှတ်ချက်များနှင့်ညီသော အိန်ဂျယ်ရဗယ်ရာ၏ ပုံများကို ဖော်ပြလိုက်ပါသည်။ ပိုမိုမှောင်လိုပါက Google တွင် Angel Rivera ဟု ရှာကြည့်ပါရန်) 


ခင်မင်လျက်/


⚜ Adam P. Lovegood ⚜ 


Source: https://avn.com/business/articles/gay/new-helix-studios-exclusive-angel-rivera-talks-about-porn-career-756415.html

No comments: