Saturday, September 20, 2025

Dating the Massage Therapist

 


အပိုင်း (တစ်)


[Disclaimer: This is a work of fiction.  Any similarities between actual events and the events in this story or the characters in this story are purely coincidental. This story involves descriptions of unsafe sexual acts between men for the purpose of erotic fantasy and is not intended to condone such acts. If you are underage or homoerotic material is otherwise illegal in your area, please do not continue. Author retains copyright; do not duplicate this story without the express written consent by the author. Comments and suggestions are welcomed by the author at kyawkyawster@gmail.com.]


Thank you!


=============================================================================


နှစ်အနည်းငယ်လောက်က ကျွန်တော် ကားမတော်တဆမှုဖြစ်ပြီးနောက်ပိုင်း ဒဏ်ဖြစ်ခဲ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အတွက် နှိပ်နယ်မှုကုထုံးနဲ့ ကုသမှုခံယူရဖူးတယ်။ အဲသည့်နောက်ပိုင်း တခါတရံဆိုသလို ခန္ဓာကိုယ်နှိပ်နယ် တနည်း အနှိပ်ခံရတာကို အရသာ တွေ့လာတယ်ပြောရမယ်။ တကယ်တမ်းပြောရရင် ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ဖို့ အပိုဆောင်းဝင်ငွေ ကျွန်တော့်မှာမရှိဘူးရယ်။ ဒါကြောင့် တစ်နှစ်ကို သုံးကြိမ် သို့မဟုတ် လေးကြိမ်ထက်ပိုပြီး massage အတွက် ကြိုတင်စာရင်းပေးတာမျိုး မလုပ်ပါ။


ပထမတစ်နှစ်အတွင်း Physical Therapy Facility တစ်ခုမှာ ကျွန်တော် ခန္ဓာကိုယ်နှိပ်နယ်ကုသမှုခံယူခဲ့ပါတယ်။ ကျွန်တော် သဘော တကျနဲ့ တစ်ဦးတည်းလိုလို ရွေးဖြစ်သူကတော့ ပိုင်စိုးလို့အမည်ရှိတဲ့ အမျိုးသားတစ်ယောက်ပါ။ သူဟာ လေ့ကျင့်သင်ကြားမှု ကောင်း ကောင်းခံယူဖူးသူဖြစ်နိုင်ပြီး နှိပ်နယ်မှုဆိုင်ရာ ပညာမှာ တကယ်ဆရာကျတယ်။ သူ့နှိပ်ချက်တွေက ကျွန်တော့်အတွက် အတော်ထိရောက် သလို သက်သာလာတယ် ပြောနိုင်ပါတယ်။ session ယူတာတော့နည်းတယ်ဗျ မိနစ် ၃၀ sessions ပုံမှန်ယူရုံနဲ့ ကျွန်တော့် ကုသမှု အတွက် ထိရောက်စေရမယ်လို့ အာမခံချက်နဲ့ပါ။


ပိုင်စိုးက ပုံမှန်ကြည့်ကောင်းတဲ့ရုပ်ရည်ပိုင်ရှင်လို့ပြောရမယ်။ နီညိုရောင် ဆံပင်တွေနဲ့အတူ မှဲ့ခြောက်အနည်းငယ်ရှိတဲ့ မျက်နှာသွင်ပြင်က သူ့အမှတ်အသားပါ။ စကားနည်းသူဖြစ်သလို အလုပ်ခွင်ဝင်ချိန်မှာလည်း စကားဖောင်ဖွဲ့အောင် မပြောတတ်ပါဘူး။ သူလုပ်ကိုင်နေတဲ့ အလုပ်အပေါ်မှာ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်တတ်သူမို့ မတော်တဆမှုဖြစ်ပြီးနောက် ဒဏ်ပိနေတဲ့ ကျွန်တော့်ကို အကောင်းဆုံး ပြန်နလံထူအောင် ကူညီပေးရာရောက်ခဲ့တယ်။ အထူးသဖြင်း ဒူးအစုံနဲ့ တင်ပခွက်ကြောတွေအတွက်ပေါ့။


Physical Therapy Sessions အတွက် သက်တမ်းကုန်ချိန်နီးလာတော့ သူနဲ့ အနှိပ်ကုထုံးသီးသန့်ယူဖို့စိတ်ဝင်စားကြောင်း နှစ်ကိုယ် ကြားမေးမိတာ လက်ကိုင်ဖုန်းနံပါတ်တစ်ခုပေးပြီး အဆင်ပြေမယ့်အချိန်ညှိနိုင်ပါတယ်လို့ ကျွန်တော့်ကိုပြောပါတယ်။ Physical Therapy Sessions ပြီးလို့ ရက်သတ္တပါတ်သုံးပတ်လောက်အကြာမှာ ပိုင်စိုးကိုဆက်သွယ်လိုက်ချိန် သူ့အိမ်မှ အခန်းတစ်ခန်းကို ငှားနေတဲ့ ရောင်နီနဲ့ချိတ်ဆက်မိတယ်။ ရောင်နီသည်လည်း အနှိပ်ဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်ပါသတဲ့။ ရုတ်တရက်ဆိုသလို ပိုင်စိုး အရေးတကြီး ခရီးသွားရမှာ လအနည်းငယ်ကြာနိုင်လို့ အားနာပါကြောင်း ရောင်နီလည်း ဆရာကျသူဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့တယ်။


ပိုင်စိုးက သူ့အိမ်အခန်းကို အနှိပ်ဆိုင်ရာကုသမှုအတွက် အခန်းသီးသန့်ဖွဲ့ထားပါသေးတယ်။ အခုတော့ သူ့အိမ်ငှားအတွက် အဓိက အိပ်ခန်းဖြစ်သလို အလုပ်အတွက်လည်း သက်သောင့်သက်သာနဲ့ ချိန်ညှိလို့ရတဲ့အနှိပ်ကုတင်၊ လိုအပ်တဲ့ပစ္စည်းပစ္စယများ ပြင်ဆင်ထား တဲ့ အခန်းအသွင် မြင်ရတယ်ပေါ့။ Clients တွေအတွက် အသုံးပြုရမယ့် အပူပေးထားတဲ့အခင်းပါးပါ အနှိပ်ခုံနဲ့ အေးဆေးငြိမ့်ငြောင်းသော ဂီတသံလေးတွေကို အသံခပ်တိုးတိုး ဖွင့်ထားပုံက ကျွန်တော့်ရဲ့စိတ်အလိုမကျမှုလျော့သွားစေတာအမှန်ပဲ။ အလင်းအမှောင် စိတ်ကြိုက် ချိန်ညှိလို့ရမယ့် မီအိမ်အနည်းငယ်ကိုလည်းတွေ့ရတာမို့ လိုအပ်ရင် ညအိပ်မီးလို အလင်းဖျော့ဖျော့အခြေအနေ ဖန်တီးနိုင်သား။


ရေစိမ်ချိုးနိုင်တဲ့ ကြွေဇလုံ၊ ရေပန်းခေါင်းပုံဆန်းနဲ့ shower unit က အပြည့်အစုံဆင်ထားသော သန့်စင်ခန်းမှာ အခန်းကြီးရဲ့ မလှမ်း မကမ်း ထောင့်ချိုးမှာရှိနေကြောင်း မြင်ရပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်စီစဉ်ပြီးသွားလိုက်ချိန်မယ် ရောင်နီက သတ်မှတ်ထားတဲ့ အချိန်ထက် ၁၅မိနစ်လောက်စောလာလျှင် အဆင်ပြေမယ့်အကြောင်း၊ မနှိပ်ခင် ရေချိုးသန့်စင်ဖို့၊ စိတ်တင်းကြပ်မှု မရှိအောင် အနား ယူဖို့ အချိန်ရနိုင်ကြောင်း အကြံပေးတယ်ဗျ။ ပုံမှန်အားဖြင့်တော့ အနှိပ်ခံယူဖို့မသွားခင် အိမ်မှာကတည်းက ကျွန်တော် ရေချိုးသန့်စင် သွားတတ်ပါတယ်။ အခုတော့ ရောင်နီရဲ့အခန်းရောက်မှ ရေချိုးဖြစ်ပြီလေ။ နှိပ်နယ်ကုသဖို့ အချိန်တစ်နာရီအဖြစ် ရောင်နီမှ သတ်မှတ် ချိန်းဆိုပေမယ့် ကျွန်တော်ရေးချိုးသန့်စင်တဲ့အချိန်အတိုင်းအတာကိုတော့ ထည့်မတွက်ပါ။


ရောင်နီက အတော်ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး အသက်အရွယ်က ၄၀ ကနေ ၅၀နှစ်အတွင်းရှိနိုင်ပါတယ်။ ပခုံး ကျယ်ကျယ် ခါးသေးသေး၊ ကြွက်သားအဖုအထစ်တွေနဲ့မဟုတ်သော်လည်း တောင့်တင်းကျစ်လစ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ပေါ့။ အခန်း တံခါးဖွင့်ပေးလို့ ကျွန်တော်ဝင်လိုက်တာနဲ့ သူ့ကို ကြည့်လိုက်ရင် အမြဲသန့်ပြန့်နေတတ်သလို အားကစားဘောင်းဘီတိုရယ် သက်သောင့်သက်သာရှိမယ့် တီရှပ်တစ်ထည်ရယ် ဝတ်ထားတတ်တယ်။ သူ့ဆံနွယ်တွေမှာ ကြာဆံအနည်းငယ်ရောယှက်စပြုနေပြီး ပသိုင်းမွှေးခပ်ပါးပါးက ရုပ်ရည်ကြည့်ကောင်းဖို့အထောက်အပံ့ပေးနေသလိုပဲဗျ။ လက်အစုံမှ လက်ချောင်းတွေဟာ သန်မာတုတ်ခိုင် ပေမယ့် လက်သည်းတွေဟာ သန့်ရှင်းပြီးကြေးညှော်ကင်းသန့်ပြန့်နေတာပါပဲ။


ပထမဆုံးအကြိမ် နှိပ်နယ်ဖို့Session ယူတွေ့ဆုံချိန် ဝတ်လစ်စလစ်ပုံစံမျိုးနဲ့ သူဝန်ဆောင်မှုပေးလို့အဆင်ပြေမပြေ ကျွန်တော့်ကို မေးတယ်။ စိတ်ထဲသက်သောင့်သက်သာဖြစ်ဖို့အရေးပါတာမို့ ကျွန်တော့်အတွက် အဆင်ပြေကြောင်း ပြောလိုက်တယ်။


သည်လိုနဲ့ လအနည်းငယ်ကြာတဲ့အခါ တစ်လကို တစ်ကြိမ် ရောင်နီနဲ့ အနှိပ်ခံဖို့ ကျွန်တော်အစီအစဉ်လုပ်ခဲ့ပါတယ်။


ထုံးစံအတိုင်း နှိပ်နယ်မှုပုံစံတစ်ခု -


ရေချိုးသန့်စင်ပြီးတာနဲ့ တကိုယ်လုံးအဝတ်မပါ တဘက်တစ်ထည်ကိုသာ ခါးမှာပတ်ပြီး အနှိပ်ခုံကို တန်းသွားတယ်။ အနှိပ်ခုံပေါ် ကျွန်တော်တက်ပြီးရင် မှောက်လျက်လေးလှဲလျောင်းပေးရတယ်။ ရောင်နီက ရေချိုးခန်းထဲမှ ပတ်လာတဲ့ တဘက်ကိုဖယ်ပြီး ကျွန်တော့် ခန္ဓာကိုယ်အလယ်ပိုင်းအား ခပ်နွေးနွေးတဘက်တစ်ထည်နဲ့လွှမ်းလိုက်ပါတယ်။


ရောင်နီက ကျွန်တော့်ဦးခေါင်းပိုင်းကနေ စတင်နှိပ်ပါတယ်။ သည်ကနေ ကျွန်တော့်ပခုံးတဝိုက်၊ လက်ပြင်ရိုးတဝိုက်၊ လက်မောင်းတွေစီ ပြောင်းရွှေ့နှိပ်နယ်သွားပြီးနောက် တင်သားဆိုင်တွေရှိရာကိုဆင်းသွားတယ်။ လိုအပ်မှသာ ဖုံးအုပ်ထားတဲ့ တဘက်ကိုအနည်းငယ် ဖယ်ပြုသလို ပေါင်နောက်ပိုင်းသားတွေမှာ အလုပ်လုပ်ရင်းမှ ခြေဖဝါးမှာ အဆုံးသတ်တယ်လေ။


နောက်တော့ ပက်လက်လှန်အိပ်ဖို့ပြောလာတယ်။ အနှိပ်ခုံခေါင်းရင်းကို သူနေရာပြောင်းလိုက်ပြီး ကျွန်တော့်ပခုံးအပေါ်ပိုင်းတွေကို နှိပ် နယ်တယ်။ ပြီးမှ ကျွန်တော့်ခန္ဓာကိုယ်အစိတ်အပိုင်းများကို တို့ထိအလုပ်လုပ်ပါတယ်။ ကျွန်တော့်ဝမ်ဗိုက်အထက်ပိုင်းနဲ့ အောက်ဗိုက် သားတွေကို အချက်ကျကျနှိပ်ပြုရင်းက ဆီးခုံတဝိုက်အား လက်ချောင်းလေးတွေသုံး ပညာပါပါရှောင်တိမ်းတယ်။ နှိပ်နယ်တဲ့အချိန် ပုံမှန်အရ တစ်နာရီလောက် အချိန်ယူတယ်။ ပြီးလို့ ကျွန်တော် ရေချိုးသန့်စင်တာလုပ်ချင်လုပ် သဘောပေါ့။


ကျွန်တော် ရေချိုးပြီးလို့ထွက်လာချိန် အရင်က ခါးမှာပတ်ခဲ့တဲ့ တဘက်ကိုပဲ ခါးမှာပတ်ရင်း အဝတ်လဲလှယ်ဝတ်ဆင်ခဲ့ပါတယ်။ ကျွန်တော် တို့နှစ်ယောက်သား စကားစမည်အနည်းငယ်ထိုင်ပြောပြီး အိမ်ပြန်ခရီးမှာသောက်ဖို့ ရေခဲသေတ္တာထဲက ရေသန့်ဘူးတစ်ဘူး ရောင်နီ ထုတ်ပေးတာယူလျက် ပြန်တာပုံမှန်ဖြစ်လာတယ်။ဟုတ်တယ်  အနှိပ်ခံယူပြီးနောက် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးတယ် လေ။


ကျွန်တော်နဲ့ ရောင်နီ အလုပ်အကိုင် နေထိုင်မှုဘဝတွေအကြောင်း တစ်ယောက်ကိုတစ်ယောက် ပြောပြဖြစ်ကြတယ်။ ရောင်နီက ပြည်တွင်းရှိ ရဲဌာနတစ်ခုမှာ လုံခြုံရေးအရာရှိအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး ရုတ်တရက်အလုပ်ထွက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သက်တမ်းပြည့် ပင်စင်လစာယူဖို့ကလည်း နှစ်အနည်းငယ်လောက်လိုသေးတာကြောင့် ပင်စင်လစာမရနိုင်ဘူးပေါ့။ ဒါကြောင့် အသက်ရှင်သန်ဖို့အတွက် ကော အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် အနှိပ်လောကကို ဝင်ခဲ့ပါသတဲ့။


ကျွန်တော်လည်း ဌာနဆိုင်ရာအလုပ်တစ်ခုမှ ခပ်စောစောပဲ အနားယူခဲ့ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတစ်ခုကို အစပျိုးလုပ်ကိုင် နေကြောင်း သူ့ကိုပြောပြခဲ့တယ်။ ဘယ်လိုအရာရာပဲဖြစ်ဖြစ် တန်းတူညီမျှမှုကို သဘောကျပြီး အထက်ဖားအောက်ဖိတဲ့အလုပ်ကို သဘောမကျကြောင်း ဘာရယ်မဟုတ်ထည့်ပြောမိတော့ အားနာမိသလိုခဲ့စားရတယ်ဗျ။ အဓိကကတော့ အလုပ်လုပ်ရတာမပျော်တော့လို့ ထွက်ခဲ့တာပါပဲ။


ရောင်နီနဲ့ ကျွန်တော် တစ်ယောက်အကြောင်း တစ်ယောက်ပြောပြဝေမျှရင်း လအနည်းငယ်လောက်ကြာတဲ့အချိန်မှာ သူဟာ အိမ်ထောင်ကွဲတစ်ယောက်ဖြစ်တယ်လို့သိလာရတယ်။ သူ့အမျိုးသမီးနဲ့လမ်းခွဲပြီးနောက်ပိုင်း အခြားသောအမျိုးသမီးများနဲ့ တကယ်တမ်းမတွေ့ဆုံ စိတ်မဝင်စားတော့ဘဲ လိင်တူခြင်းသာတွေ့ဆုံမှုရှိလာကြောင်းလည်းပါတာပေါ့။ နောက်ပိုင်း သူ့ကိုယ်သူ bisexual တယောက်အဖြစ်ခံယူလိုက်ပြီး လိင်တူအမျိုးသားအချို့နဲ့တွေ့ဖြစ်ပေမယ့် ရေရှည်လက်တွဲဖို့အတွက် စိတ်ဝင်စားရလောက်တဲ့ သူ မမြင်ဖူးသေးပါဆိုပဲ။ ဘဝရှင်သန်ရပ်တည်ရေးအတွက် အလုပ်ကိုအာရုံစိုက်နေရတာကြောင့်ရယ် အပိုသုံးစရိတ်မဖြုန်းနိုင်သေးတာ လည်း ပါတယ်ပြောရမယ်။


ရောင်နီနဲ့စကားစမြည်ပြောရင်း ကျွန်တော်သဘောပေါက်လာတာက နေ့တိုင်း ဖောက်သည်များနဲ့အလုပ်များနေသော်လည်း အမှန်မှာ တော့ အထီးကျန်ပြီး တစ်ယောက်ယောက်ကို ရင်ဖွင့်စကားပြောဖို့လိုနေသူပဲ။ ကျွန်တော်သည်လည်း နှစ်များစွာက အိမ်ထောင်ဖက်နဲ့ ကွာရှင်းထားသူမို့ အဖော်မဲ့ အထီးကျန်သူတစ်ယောက်ဖြစ်သလို တစ်စုံတစ်ယောက်နဲ့ပတ်သက်ဆက်နွယ်မှု မလုပ်ဘဲ တိတ်တဆိတ်နေ ဖို့အတွေ့အကြုံသင်ခန်းစာရထားသူပါ။


တဖြည်းဖြည်း ရောင်နီနဲ့ ကျွန်တော် စကားစမြည်ပြောလာတဲ့သက်တမ်းအရ သူသည် ဖောက်သည်တစ်ယောက်ကိုရင်ဖွင့်သည်ထက် ပိုစိတ်ဝင်စားလာနေကြောင်း သိသာလာပါတယ်။ အစပိုင်းတော့ ကျွန်တော့်ကို သူ ဝတ်လစ်စလစ်ပုံစံနဲ့ နှိပ်နယ်ဝန်ဆောင်မှုပေးတာ ဘာမှ အာရုံစိုက်စရာမရှိပေမယ့် အတွေ့အကြုံအရ ပုံမှန်မဟုတ်ဘဲ တစ်ခုခုကိုသတိထား မြူဆွယ်တဲ့သဘောဆောင်နေတယ်လို့ ရိပ်မိတယ်။


ကျွန်တော်တို့ စကားစမြည်ပြောနေစဉ်အတွင်း သတိထားမိတာက ရောင်နီဟာ ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းကျန်းမာရုံမက စိတ်ဓာတ်ပိုင်း မှာလည်း ခိုင်မာတည်မြဲသူတစ်ဦးဖြစ်မှန်းသိလာတယ်။ သူက ကိုယ်ကာယလေ့ကျင့်ခန်းတွေကို အိမ်မှာတင်မက Gym မှာသွားပြီးအလေး နဲ့ပုံမှန် လေ့ကျင့်ကစားတတ်တာ ဝါသနာဖြစ်နေပြီတဲ့။ ကိုယ်တွေ အိပ်စက်နေဆဲ မနက်စောစောဆိုလည်း လမ်းပုံမှန်လျှောက်တယ်ဆိုပဲ။ ဆားပါလေကာသာထည့်တဲ့ အသုပ်မျိုးစုံ (Salads) ကိုလည်း ကျွန်တော့်ကို သုပ်ကျွေးဖူးတယ်။


ကျွန်တော့်အတွက်ကတော့ ကိုယ်အလေးချိန်ထိန်းသိမ်းရေးကိစ္စနဲ့အမြဲလိုလို ရုန်းကန်နေခဲ့ရတာအမှန်ပါ။ အစားအသောက်ကြိုက်နှစ် သက်သူဖြစ်တာရယ် အလုပ်အကိုင်သဘာဝအရ အားကစားလုပ်ဖို့အချိန်မပေးချင်တာရယ်ကြောင့် ဖြစ်မှာပါ။ ဒါကြောင့် သူ့စားနေကျ အစားအစာ (Diet) ပုံစံကို မေးမြန်းစပ်စုတာလုပ်မိပါတယ်။ သူက တထိုင်တည်း ဗိုက်ကားနေအောင် စားသောက်တဲ့ပုံစံမျိုးကိုရှောင်ကြဉ် တယ်၊ ပမာဏအနည်းငယ် (small portions) ပြင်ဆင်ပြီး တနေ့တာမှာ အချိန်နဲ့အကြိမ်အရေအတွက် ခွဲကာစားတယ်၊ အနှိပ်ခံတဲ့ ဖောက်သည် တစ်ယောက်ကို ဝန်ဆောင်မှုပေးပြီးချိန် နောက်တစ်ယောက်မလာခင် စားသောက်တာမျိုးလို့ပြောတယ်ဗျ။


ဘဝအတွေးအခေါ်နဲ့ပတ်သက်ပြီး အလယ်အလတ်လမ်းစဉ်ကို အလေးထား အသားပေးသလို အရာရာ ညီညွတ်မျှတပြီး ပစ္စုပ္ပန်ကာလ အား သတိကပ်တဲ့ ရောင်နီအကြောင်း ကျွန်တော်တွေ့ရှိခဲ့ပါတယ်။ အမြဲတစေ သူဟာ အေးဆေးတည်ငြိမ်ပြီး ပြဿနာတစ်ခုပဲဖြစ်ဖြစ် အကြောင်းအရာတစ်ရပ်ကိုပဲဖြစ်ဖြစ် သတိကပ်ပြီး ထိတွေ့အဖြေထုတ်တာ ဖြေရှင်းကာ ရလာဒ်ကောင်းအောင်လုပ်တတ်တယ်။


သောကြာနေ့ညနေဆို ရောင်နီနဲ့တွေ့ဆုံကာ အနှိပ်ခံဖို့အစီအစဉ်လုပ်ထားတာမျိုးက ကျွန်တော့်အတွက် ထုံးစံဖြစ်လာပါတယ်။ ရက်သတ္တပါတ် တစ်ပတ်လုံး အလုပ်နဲ့ပါတ်သက်ပြီး စိတ်တင်းကြပ် ဖိစီးခဲ့သမျှ အနှိပ်ကုသမှုခံယူရင်း ဖြေဖျောက်တာမျိုးထင်ပါရဲ့။ ရောင်နီကလည်း ရုံးပိတ်ရက်မတိုင်ခင် နောက်ဆုံးရက်တွေဆို ကျွန်တော့်အတွက် အချိန်တစ်ချိန်ချိန်တော့ အားလပ်အောင် ပြုလုပ် ပေးထားသလို သူ့အိမ် ဒါမှမဟုတ် အလုပ်ခန်းကို ရှု့ပ်ပွနေတာမျိုးမဖြစ်ဘဲ သက်သောင့်သက်သာခံစားချက်မျိုးရအောင် ဖန်တီးပေး တတ်တယ်ပေါ့နော်။


တစ်ခုသော သောကြာနေ့ ညနေ ၇နာရီ ၃၀မိနစ်ဝန်းကျင်မှာ ရောင်နီအခန်းကို ကျွန်တော်ရောက်သွားပါတယ်။ ပုံမှန်ဆို အေးမြနေအောင် ဖန်တီးထားတတ်တဲ့အိမ်ဟာ အခုတော့ အတော့်ကို နွေးထွေး ငြိမ်သက်နေရော။


အခန်းတံခါးဖွင့်လိုက်တာနဲ့ အခန်းဝကနေ  ရေအေးပုလင်းလေးတစ်လုံးကမ်းရင်း ရောင်နီ ကျွန်တော့်ကို ကြိုဆိုနှုတ်ဆက်တယ်။ ပြီးတော့ သူ့အခန်းထဲ ပူနွေးနေမှုအတွက်လည်း တောင်းပန်စကားဆိုလာတယ်။ ပြုလုပ်နေကြ ရေမိုးချိုးသန့်စင်တဲ့အခါ ရေအေးအေးနဲ့ချိုးဖို့ သူအကြံဉာဏ်ပေးပါတယ်။


ရေချိုးခန်းထဲက ခြေတလှမ်းအထွက် အနှိပ်ခုံတဘက်ခြမ်းမှာ ကျောပေးရပ်ရင်း ပြင်ဆင်စရာရှိတာတွေကို နေရာချနေတဲ့ ရောင်နီ့ကို ကျွန်တော်သတိပြုမိလိုက်တယ်။ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့အတူ လုံးဝန်းပြည့်တင်းနေသော တင်သားဆိုင်များရဲ့ ပိုင်ရှင်ဖြစ်မှန်းလည်း ကျွန်တော်မြင်ရတယ်။ အရင်ကာလများက ရောင်နီရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျွန်တော် စူးစိုက်ကြည့်ရှု လေ့မရှိပေမယ့် အခုတော့ ကြည့်ရတာ သက်သောင့်သက်သာပါပဲ။


ခန္ဓာကိုယ်အနှံ့ရေခြောက်အောက် တဘက်နဲ့သုတ်သင်ပြီးနောက် အနှိပ်ခုံပေါ်အသာတက်ကာ ကျွန်တော် မှောက်လျက်လဲှလျောင်း ဖို့ဟန်ပြင်လိုက်တယ်။ ဝါး….ခါတိုင်းဝတ်နေကျ အတွင်းခံဘောင်းဘီခပ်ပါးပါးတောင် မဝတ်ထားတဲ့ ရောင်နီ့ပေါင်ခြံမှာ မကြည့်ဘဲမြင် ရတာက မမာ့တမာ သူ့ငပဲကြီးပါ။ သူ အသာအယာ နောက်ဆုတ်လိုက်ရင်း “Sorry ဗျို့….သည်နေ့လွတ်လွတ်လပ်လပ်လေးနေချင် တာရယ် ရာသီဥတုပူနေတာကြောင့်ရယ် အဝတ်မဝတ်မိတာ။ ခင်ဗျားအတွက် အနှောင့်အယှက်မဖြစ်ဖို့ ကျုပ်မျှော်လင့်ပါတယ်” လို့ ကျွန်တော့်ကို လှမ်းပြောရင်း ပါးပြင်မှာ နှင်းဆီတစ်ခင်းပျိုးထားရော။


“You’re fine,” သူ့ညာဘက် တင်ပါးကို မသိမသာတို့ထိလိုက်ရင်း ကျွန်တော်ပြောမိပါတယ်။ “ခင်ဗျားက တကယ့်ကို ရုပ်ရည် ချောမောသူပါ”


ရောင်နီက ပြုံးဖြဲဖြဲလုပ်ရင်း “အင်း….ခင်ဗျားသိလား….လိင်တူကြိုက် ဂေးတွေရဲ့ အရိုင်းဆန်တဲ့ culture တစ်ခုက ဘဲတစ်ပွေ ဘယ်လောက်လန်းလန်း အသက်အရွယ် ၃၀ကျော်သွားရင် သူတို့ဘဝက ဘာမှမဟုတ်တော့ဘူးရယ်”


ရောင်နီရဲ့ ပြောစကားမှတ်ချက်အရ ကျွန်တော်ချက်ချင်းဆိုသလို နားလည်သဘောပေါက်လိုက်တာက အသက်အရွယ် သုံးဆယ်ကျော် နေခြင်းဟာ ဟာသလုပ်စရာ ဒါမှမဟုတ် အရေးတယူ ဖိတ်ခေါ်ခြင်းခံယူစရာ စာရင်းထဲမပါဘူးလို့။


ကျွန်တော် အနည်းငယ်ပြုံးလိုက်ရင်း “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါ  ရောင်နီရာ။ ကျွန်တော့်အတွက်ကတော့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုက အရာအားလုံးပါပဲ။”လို့ ခပ်တိုးတိုးပြောမိပါတယ်။


အနှိပ်ခုံပေါ်ကို အသာတက် မှောက်လျက်လှဲလျောင်းရင်း မျက်နှာအပ်လိုက်တယ်။


“ကျုပ်လည်း အဲ့သလိုတွေးမိပါတယ်။ ဒါနဲ့သည်ညတော့ ခင်ဗျားခါးအောက်ပိုင်းကိုလွှမ်းထားတဲ့ တဘက်ကိုဖယ်လိုက်မယ်နော် ရာသီဥတုက အတော်ပူလို့ဗျ….ရတယ်မဟုတ်လား။”


“ရတယ် အဆင်ပြေပါတယ်” ကျွန်တော့်ဦးခေါင်းကိုအနည်းငယ်ကြွ စကားရှင်းအောင်ပြောရင်း ခွန်းတုန့်ပြန်ရတာပေါ့။ မသိမသာ သူ့အထုပ်အထည်ကြီးစီ ငဲ့စောင်းကြည့်မိတော့ ရောင်နီ့ငပဲကြီးက ပိုကြီးပိုထွားလာသလိုပဲ။ အတော်စိတ်ဝင်စားဖို့ကောင်းသား။


ရောင်နီ့ကို သွားပေါ်အောင် ကျွန်တော်တစ်ချက်ပြုံးပြလိုက်ရင်း စနောက်တဲ့သဘောနဲ့ “ကြည့်…တယောက်ကတော့ အခန်းထဲ အပူချိန်မြင့်အောင်မြှင့်ဖို့လုပ်နေပြီ။ အရင်ညတွေထက် ပိုပူပြင်းတော့မှာပဲ”လို့ မကြားတကြားပြောလိုက်တယ်။


ကျွန်တော့်ရဲ့ အဝတ်မဲ့တင်ပါးဆုံတွေစီ ရောင်နီရဲ့လက်ချောင်းတွေ ရောက်ရှိစမ်းသပ်လာချိန်ခဏ အနှိပ်ခုံပေါ်အသာမှောက်နေရင်းမှ ခန္ဓာကိုယ် အနေအထားကို အနည်းငယ်ချိန်ညှိလိုက်ပါတယ်။


“ခင်ဗျားစိတ်မကျေမနပ်ဖြစ်အောင် ကျုပ်မလုပ်မိဖို့မျှော်လင့်မိပါရဲ့။ အနှိပ်ဆရာနဲ့ အနှိပ်ခံသူ ဆက်ဆံရေးတစ်ခုကြားမှာ ခင်ဗျားအမြင် စောင်းသွားမှာကိုလည်း ကျုပ်မလိုလားဘူးလေ” ခပ်သြသြလေသံဖြင့် ရောင်နီတယောက် တိုးတိုးသက်သာ စကားဆိုလာတယ်။


ကျွန်တော် အနှိပ်ခုံပေါ် တံတောင်နှစ်ဖက်ကိုထောက်လျက် ခန္ဓာကိုယ်အပေါ်ပိုင်းကိုကြွလိုက်ကာ ရောင်နီမျက်ဝန်းတွေနဲ့အကြည့်ဆုံပြီး အပြုံးတစ်ချက်ပြုံးပြမိတယ်။


“ကျွန်တော့်ကို စော်ကားသလိုဖြစ်မှာစိုးရိမ်တာ? မဖြစ်ပါဘူးဗျာ။ တကယ်တမ်း….လူ့ဘဘောသဘာဝအရ အလိုလိုတုန့်ပြန်မှုပေးတာက အဆင်ပြေတယ်လို့ ကျွန်တော်ထင်ပါတယ်။” စကားအသာအယာပြန်ပြောပြီးမှ ခုံပေါ်လှဲလျောင်းချလိုက်ပါတယ်။


ပျစ်ချွဲချွဲ Lotion တွေကို သူ့လက်ထဲညှစ်ထည့်လျက် အတန်ကြာပွတ်သပ်လိမ်းကျံကာ ထုံးစံအတိုင်း နှိပ်နယ်မှုကို ရောင်နီစတင်တယ်။ ကျွန်တော့် လက်ပြင်ရိုးနှစ်ဖက်မှ စတင်ပြီး တဖြည်းဖြည်းအောက်ကိုဆင်းချလာရင်း ဘယ်ဘက်နံပါးအနား ဆက်လက်နှိပ်ပါတယ်။ တင်းထားတဲ့ စိတ် တွေကိုလျော့ချ အသက်ကိုမှန်မှန်လေးရှူရင်း ခန္ဓာကိုယ်အထက်အောက် အချက်ကျကျနှိပ်ပေးနေသော ရောင်နီ့ ပညာစွမ်းမှာ ကျွန်တော်မျောနေလိုက်တယ်။


ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘယ်ပွိုင့်ကိုနှိပ်ရမယ်ဆိုတာသိတဲ့ ရောင်နီရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်နှိပ်နယ်မှုများကြောင့် တောင့်တင်း နေတဲ့ ကျွန်တော့်တကိုယ်လုံး ပြေလျော့သက်သာလာကာ သက်သောင့်သက်သာလုံးဝဖြစ်သွားပါတယ်။ အသက်ရှူသွင်း ရှူထုတ်လျက် ကျွန်တော့်ပခုံးတဝိုက်နှိပ်နယ်ရင်းက ခန္ဓာကိုယ်အလယ်ပိုင်းနဲ့ ခါးအစပ်တဝိုက်နှိပ်နယ်သွားတာများ ဘာမှပညာခန်းမပါသလိုထင်ရတယ်။ ကျွန်တော့်တင်သားဆိုင်အစိတ်အပိုင်းတွေစီ ရောက်လာချိန်မှာတော့ အနည်းငယ် စိတ်ထဲတင်းကနဲဖြစ်သွားတယ်။ခါတိုင်းဆို တဘက်ပါး တစ်ထည်ဖုံးလွှမ်းထားတာတဲ့ တင်သားကို လက်ချောင်းတွေနဲ့ တိုက်ရိုက်နှိပ်နယ်နေတာလေ။ ဘယ်နေရာ ဘယ်အချက်ကို ကိုင်ရမယ် ဆိုတဲ့အတိုင်းသာ ရောင်နီနှိပ်နယ်ပေးပြီး သူ့လက်ချောင်းများကို ဟိုသည်ကြားထဲ မထိုးသွင်းသလို အထိအခတ်မခံတဲ့ ဧရိယာဝန်းကျင် ကိုလည်း မတို့ထိဘဲ ပညာရှင်ဆန်ဆန်အလုပ်လုပ်သွားတယ်။


ကျွန်တော့်ပေါင်နောက်သားပိုင်းတဝိုက်ကို အသာအယာနှိပ်နယ်ရင်းမှ ခြေချင်းဝတ်နဲ့ခြေဖဝါးအနှံ့မှာနှိပ်နယ်လျက်အဆုံးသတ်ပါတယ်။


“ပက်လက်လှန်ဖို့အချိန်ကျပြီ” ကျွန်တော့်ပခုံးကို အသာကိုင်လျက် ပက်လက်လှန်ဖို့ ရောင်နီမှအချက်ပေးကူညီလာတယ်။


ကိုယ့်ပေါင်ခြံထဲက ညီဘွား အနည်းငယ်ဖောင်းပွ သွေးတိုးတာ ကျွန်တော်အာရုံရသော်လည်း ရာနှုန်းပြည့် မာတောင့်မတ်ထောင်တာမျိုး မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော့်မျက်ဝန်းများကို အသာမှိတ်လျက် မပွင့်တပွင့်အနေအထားနဲ့ ရောင်နီ့အခြေအနေကိုခိုးကြည့်မိတာ တော့ဝန်ခံတယ်။


အနှိပ်ခုံပေါ် ခန္ဓာကိုယ်ကို ပြန်လည်နေရာချပြီးနောက် ရောင်နီက အနှိပ်ပညာစွမ်းဆက်လက်ပြသပါတယ်။ ကျွန်တော့်ရင်အုပ်အထက်ပိုင်း မှာစတင်နှိပ်နယ်နေရင်း၊ လက်မောင်းအစုံစီဆင်းသွားတဲ့အခါ သူ့လက်အစုံကို ဂရုတစိုက်သုံးပြီး သေချာလေးနှိပ်တယ်။ သူနှိပ်တာ သက်သောင့်သက်သာနဲ့ ထိမိလွန်းတော့ ကျွန်တော့်မှာ တမှေးအိပ်ပျော်လုနီးပါးဖြစ်သွားတယ်တကယ်။ တဘက်ပါးတစ်ထည်မဖုံးလွှမ်း ထားပေမယ့် လိင်ပိုင်းဆိုင်ရာနှိုးဆွတဲ့ နှိပ်နယ်မှုမျိုးမဟုတ်တာကြောင့် ဘယ်လောက်တောင် သက်သောင့်သက်သာဖြစ်ပြီး စိတ်တင်းကြပ် တာ လျော့သွားတဲ့အကြောင်းပြတာပါပဲ။


ကျွန်တော့်ဝမ်းဗိုက်သားနဲ့ ဆီးစပ်တဝိုက်ကိုလည်း ရောင်နီက သူနှိပ်နယ်နေကျပုံစံအတိုင်း ဆက်လက်နှိပ်ပြုတာမှာ ဆီးစပ်မွှေးများနဲ့ လက်ချောင်းတွေ ငြိတိတိ ဖြစ်တဲ့အချိန်ဆို ငပဲက စတင်လှုပ်ရှားအသက်ဝင်ချင်လာသယောင်ခံစားရတယ်ဗျ။ ဒါပေမယ့် ကျွန်တော့် ပေါင်ခြံအတွင်းပိုင်းကြား ဆက်လက်နှိပ်နယ်နေတာမို့ နောက်ထပ်သွေးတိုးစမ်းသလို ဖြစ်ဖြစ်လာပါတယ်။


များမကြာခင် ကျွန်တော့်ပေါင်အထက်ပိုင်းတဝိုက်ကို ရောင်နီအလုပ်လုပ်ပါတယ်။ သူ့လက်ချောင်းများဟာ ကျွန်တော့်ကပ္ပာယ်အိတ်ကို ပွတ်တိုက်နေတာမျိုး မကြာခဏခံစားရတော့ တမျိုးတမည်တွေးမိတယ်ဗျ။ အရင်အကြိမ်တွေတုန်းကတော့ တဘက်ပါးလေးလွှမ်းထားပြီး အပေါ်ကနှိပ်တာမို့ သည်လိုကြီးတော့ မဖြစ်ဘူးပေါ့။ သူလိုအပ်သည်ထက်ပိုပြီး လက်ချောင်းတွေကို ဟိုကြားသည်ကြားမဝင်ခိုင်းဘဲ ကျွန်တော့်ပေါင်အပေါ်ပိုင်းကနေ အောက်ခြေထောက်တွေစီဆင်းသွားလျက် ခြေထောက်အစုံကို အသာအယာနှိပ်နယ်နေတယ်လေ။ အင်း သည်လိုနှိပ်နယ်နေတာက မကြာခင် အနှိပ်ကုသမှုပြီးတော့မယ်လို့ အချက်ပြတာ။


ရောင်နီ ရေခဲသေတ္တာအသေးလေးတစ်ခုစီသွားလျက် ရေသန့်ဘူးအေးအေးတစ်ဘူး ကျွန်တော့်အတွက်ယူဆောင်လာပါတယ်။ ကျွန်တော်လည်း အဝတ်မပါပလာကိုယ်ထီးနဲ့ထထိုင်လျက် သူကမ်းပေးတဲ့ရေဘူးကိုယူလိုက်ရင်း ရောင်နီ့တကိုယ်လုံးကို  ကြည့်မိတယ်။ ရောင်နီက အတော်လှပပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ပဲဗျ။ ထိပ်အရေပြားဖြတ်ထားတဲ့ သူ့ငပဲကြီးကလည်း တုတ်ခိုင်သလို သွေးကြောများနဲ့ဖောင်းနေတာမို့ စံချိန်မီတယ်ပြောရမယ်။ ကပ္ပာယ်အိတ်ထဲက ရွှေဥတွေဟာလည်း ဝိုင်းစက်ပြည့်တင်းနေပုံများ မျိုးရည်တွေအပြည့်ထုတ်နိုင်မယ့် အထာပါ။


“Wow, သည်လိုပုံစံနဲ့နှိပ်နယ်တာကို ကျွန်တော်ပိုသဘောကျတယ်။ ခင်ဗျား ခန္ဓာကိုယ်ပုံစံက အတော်လန်းသားနော်” ကျွန်တော် လက်ထဲကိုင်ထားတဲ့ ရေသန့်ဘူးလေးကို မြောက်ပြလျက် ရောင်နီ့မျက်ဝန်းတွေကို စိုက်ကြည့်ကာ မှတ်ချက်စကားပြောလိုက်ပါတယ်။


“ကျေးဇူးပါဗျာ….ခင်ဗျားခန္ဓာကိုယ်ပုံစံကလည်း အမိုက်စားပါပဲ။ ကိုယ့်ခန္ဓာကိုယ်အနေအထားကို အမြဲထိန်းသိမ်းတဲ့ တစ်စုံတယောက် အပေါ် နှိပ်နယ် အဲ အလုပ်လုပ်ရတာ ကျုပ်သဘောကျတယ်။ အဆင်လည်းပြေတယ်လေ”


ကျွန်တော် ရောင်နီ့အကြည့်မျက်ဝန်းတွေအပေါ် အချိန်အတော်ကြာစိုက်ကြည့်နေလိုက်တယ်။ ရောင်နီက သူ့ဦးခေါင်းကို ဆတ်ကနဲ အနည်းငယ်ငုံ့ရင်း လည်ချောင်းရှင်းသလိုမျိုး တစ်ချက်ဟန့်ကာ “အဲ….အမ်….ဒါဆို ကျုပ်တို့နောက်တစ်ကြိမ်အတွက် တွေ့ကြဖို့ ဘယ်လို အစီအစဉ်ဆွဲကြမလဲ” တဲ့။


မိနစ်အနည်းငယ်လောက် ကျွန်တော်တို့နှစ်ယောက်သား ထိုင်နေရင်း အသေးစိတ်ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။


“အင်း…ခင်ဗျားနဲ့လည်းအဆင်ပြေပါတယ်ဗျ….အဲလ်ကွန်းပြင်ပြီးရင်လည်း သည်လိုပဲ တဘက်မဖုံးဘဲ ဆက်နှိပ်ပေးပါလား။ နှိပ်တဲ့အခါ ကြားခံတစ်ခုခုမပါတော့ လက်ပေါက်ပြီး ပိုထိသလို ကျွန်တော်ခံစားရလို့ပါ။” 


ကျွန်တော် ရောင်နီ့ကို အတော်စိတ်ဝင်စားစပြုနေပါပြီ။ သူနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းခိုင်မာဖို့ နည်းလမ်းတစ်ခုခုရှာဖို့ စိတ်ဆန္ဒ ပြင်းပြလာခဲ့တယ် ပြောရမယ်။


“ကျွန်တော့်အထင် နှစ်ယောက်စလုံး အဝတ်မဝတ်ဘဲ နှိပ်နယ်ကြတာက ပိုပြီးစိတ်လွတ်လပ်သလားလို့။ ဘောင်းဘီခပ်ပါးပါးဝတ်ထားတာ ပဲဖြစ်ဖြစ် တဘက်လွှမ်းထားတာပဲဖြစ်ဖြစ်မလုပ်ဘဲ အနှိပ်ခံတာမျိုးက အခုခေတ်မှာ ရှက်စရာလို့မမြင်တော့ပါဘူးလေ”


“ကျုပ်လည်း အဲ့တာကို လုံးဝသဘောတူတယ်။ ကျုပ်တို့ပတ်ဝန်းကျင်မှာ အယောင်ဆောင်တာ ဟန်ဆောင်တာတွေ မဖုံးလွှမ်း မပါဝင်ဘဲ အစစ်အမှန်ထိတွေ့ရတာမျိုးကို ပိုလိုလားရမှာ”


“ဟုတ်ပါပြီ…ကြားရတာတော့ ကျွန်တော့်အတွက် အကောင်းဆုံး plan တစ်ခုပါပဲ။” ကျွန်တော် ရောင်နီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မျက်စိကစားမိတာအမှန်အကန်ဗျာ။


ကျွန်တော် အဝတ်အစားတွေ ဝတ်ဆင်ပြီးချိန်မှ ရောင်နီက အားကစားဘောင်းဘီတိုတစ်ထည် ဆွဲဝတ်ကာ အိမ်ရှေ့တံခါးဆီလိုက်ပို့ ပါတယ်။


ရက်သတ္တပါတ် လေးပတ်လောက်ကြာပြီးနောက် ရောင်နီနဲ့ အနှိပ်ခံဖို့အတွက် ချိန်းဆိုပြီး သူ့အခန်းဆီသွားလိုက်တယ်။ သူက အနှိပ်ခန်း ကိုဦးဆောင်ခေါ်သွားရင်း အဲလ်ကွန်းအသစ်တပ်ဆင်ထားပံုံအကြောင်း၊ သူ့တိုက်ခန်းတခုလုံးလည်း အခုမှပဲ သက်သောင့်သက်သာ ပြန်ဖြစ်သွားကြောင်း စသဖြင့် ကျွန်တော့်ကို စကားဧည့်ထောက်ခံပါတယ်။


ကျွန်တော်တို့နှစ်ယောက်သား နေထိုင်ရာ မြို့တော်ကြီးရဲ့ ရာသီဥတုပူပြင်းမှုအကြောင်းပဲ မိနစ်အနည်းငယ်ကြာပြောဖြစ်ကြပြီး ရောင်နီက အနှိပ်မခံခင် ရေမိုးချိုးဖို့သတိပေးတာကြောင့် ရေချိုးခန်းဘက်သွားလိုက်တယ်။


ရေချိုးခန်းထဲကနေ ကျွန်တော် ခြေလှမ်းထွက်လိုက်ကာ ခါးမှတဘက်ကိုဖယ်ရှားလိုက်ချိန် ရောင်နီသည်လည်း ပုံမှန်လုပ်နေကြအတိုင်း အဝတ်တွေချွတ်ဖယ်တာကို မြင်ရတာမို့ ကြည့်ရတာ အတော်ကျေနပ်မိပါတယ်။ နှိပ်နယ်တဲ့အခါ ခါးမှာ တဘက်မလွှမ်းမယ့်ကိစ္စကိုသာ ပစားပေး စကားပြောခဲ့ကြတဲ့ ကျွန်တော်တို့နှစ်ယောက်သားကြားမှာ ရောင်နီ့အနေနဲ့ အခြားအတွေးတွေများရှိနေမလားသိချင်တယ်ဗျ။ ကျွန်တော့် ခန္ဓာကိုယ်မှာ တဘက်လွှမ်းသည်ဖြစ်စေ မလွှမ်းသည်ဖြစ်စေ သူ့အလုပ်သူကောင်းကောင်းလုပ်ဆောင်နိုင်သူပဲဟာ။ သည်ကိစ္စက စကားထဲတောင်ထည့်ပြောစရာမလိုဘူး မဟုတ်လား။


ထုံးစံအတိုင်း အနှိပ်ခုံရှိရာ လမ်းလျှောက်သွား ခုံပေါ်တက်ပြီးမှောက် မျက်နှာကို နေသားတကျဖြစ်အောင် ကျွန်တော်လုပ်တယ်။ ရောင်နီ က ခါတိုင်းလို ကျွန်တော့်ခန္ဓာကိုယ်အလယ်ပိုင်းအား တဘက်ပါးတစ်ထည်လွှမ်းတာမျိုးမလုပ်တော့ဘဲ လည်တိုင်နဲ့ ပခုံးတွေကို စတင်နှိပ်  နယ်ပါတယ်။ ကျွန်တော့်ခါးအစုံနဲ့ တင်သားဆိုင်တွေတဝိုက် သူစတင်နှိပ်နယ်ချိန်မှာ သက်သောင့်သက်သာဖြစ်လွန်းလို့ ရုတ်ခြည်း အိပ်ငိုက်သွားတယ်ဗျာ။ တင်သားဆိုင်တွေကိုနှိပ်နယ်ရာမှာ ယခင်နဲ့မတူဘဲ သူ့လက်ချောင်းများရဲ့ပညာစုံပြမှုကြောင့် ကျွန်တော့်စိတ်တွေ အနည်းငယ်မရိုးမယွခံစားရပါတယ်။ လက်ချောင်းတစ်ချောင်းအား အသုံးပြုလျက် မြီးငြောင်ရိုးဧရိယာတဝိုက်ကို အသာအယာပွတ်သပ် ပေးတာလည်းပါတယ်ဗျာ စဉ်းစားကြည့်။


လောလောလတ်လတ်တော့ ကျွန်တော့်ကျောပြင်ကနေ ပေါင်နောက်သားနဲ့ ခြေထောက်အောက်ပိုင်းကိုသူ နေရာရွှေ့နှိပ်နေတယ်။ခဏ အကြာမှာ ကျွန်တော့်ကို ပက်လက်လှန်လိုက်ဖို့သူပြောပါတယ်။


ပြောနိုင်တာက ကျွန်တော့်ငပဲဟာ မမတ်တမတ်အခြေအနေဆိုက်နေပြီဆိုတာပါပဲ။ ဒါပေမယ့် တုန့်ဆိုင်းမှုမရှိဘဲ ကျွန်တော်ပက်လက်လှန် လိုက်တာ ငပဲက ဆီးစပ်ရှိရာစီ ဘတ်ကနဲပြေးကပ်သွားတယ်။


ရောင်နီတယောက် ကျွန်တော့်ဦးခေါင်းပိုင်းဘက် တနည်း အနှိပ်ခုံထိပ်ဘက်ကို ရွှေ့သွားပြီး ရင်အုပ်အစုံကို နှိပ်နယ်ပေးရင်း ဝမ်းဗိုက် ကြွက်သားတွေဘက် အချက်ကျကျနှိပ်သွားပါတယ်။ ပြီးတော့ သူ့လက်ချောင်းများဟာ ဆီးခုံမွှေးတွေကိုဖြီးသင်ပေးနေတဲ့ အတိုင်း လှုပ်ရှား အလုပ်လုပ်တာ တချက် တချက် ကျွန်တော့်ငပဲကို ခလုပ်တိုက်သွားပုံက မကြာခဏပါပဲ။


များမကြာခင်မှာ ကျွန်တော့်ငပဲဟာ ရာနှုန်းပြည့်မတ်ထောင်လာခဲ့ပါတယ်။ ဒါကို ရောင်နီက ဘာမှမှတ်ချက်မပေး မသိကျိုးကျွံပြုလျက် သူ့အလုပ်သူဆက်လုပ်နေသလို ကျွန်တော်နဲ့အကြည့်ချင်းဆုံဖို့ရှောင်ကာ ပေါင်သားတွေစီ ရွှေ့ပြောင်းနှိပ်နယ်ပါတော့တယ်။ ထုံးစံ အတိုင်း ခြေထောက်အောက်ပိုင်းတဝိုက်ကိုနှိပ်လျက် ခြေဖဝါးအစုံမှာ အဆုံးသတ်တယ်လေ။ သည်အချိန်မှာ ကျွန်တော့်ငပဲမှာလည်း မတ်ထောင်ရလွန်းလို့အနည်းငယ်ခါရမ်းစပြုနေခဲ့တယ် ထင်တာပဲ။


“ဘယ်လိုနေလဲ” ရောင်နီက ကျွန်တော့်ပခုံးကိုတို့ထိပြီး မေးလာတယ်။


“အတော်ကောင်းတယ်…တကိုယ်လုံး ပေါ့ပါးသွားတာပဲ။ ရက်သတ္တပါတ် တပတ်လုံး တင်းကြပ်နေတာတွေ  ပြေလျော့သွားတာ ကျွန်တော် အတော်ကြိုက်တယ်။ ကျေးဇူးတင်ပါတယ်ဗျာ” ကျွန်တော်လည်း လေသံခပ်မှန်မှန်နဲ့ပြေဖြေရပါတယ်။


ကျွန်တော်ထထိုင်ရင်း ရောင်နီ့ကိုမသိမသာကြည့်မိတော့ သူ့ငပဲဟာလည်း သိသာစွာ မာတောင့်နေတာမြင်ရတယ်။ စိတ်ထဲလိပ်ကနဲ တက်လာတဲ့ ဆန္ဒတွေကို ကျွန်တော် မသိမသာမျိုချရပါတယ်။


“Wow, သည်ညနေမှာ ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ဂနာမငြိမ်နည်းနည်းဖြစ်နေသလားပဲ” ကျွန်တော် ဘာရယ်မဟုတ် ပါးစပ်ထဲရှိတာတွေ ရေရွတ်လိုက်မိတယ်။


ရောင်နီ အနည်းငယ်ပြုံးရင်း ပါးပြင်မှာအနည်းငယ်ရှက်သွေးဖြန်းလျက် “ဟုတ်တယ်….လူချောတစ်ယောက်နဲ့ အလုပ်လုပ်ရင်းရတဲ့ ရလာဘ်တစ်ခုပေါ့ဗျာ။


ကျွန်တော့်သူ့ကို တိုက်တွန်းချက် တနည်း အကြံပြုချက်တစ်ခုလောက်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။


“ခင်ဗျား…အားလပ်တဲ့အချိန် တချိန်လောက် ကျွန်တော်နဲ့ချိန်းပြီး အပြင်ထွက်ကြမလား”


ချက်ချင်းဆိုသလို ရောင်နီ ဦးခေါင်းမော့လာပြီး “ဟုတ်ကဲ့….ကောင်းသားဗျ” လို့တုန့်ပြန်ပါတယ်။


“အိုကေ….ဒါဆို မနက်ဖြန် ခင်ဗျား ဘယ်အချိန်လောက် အလုပ်အားမလဲ”


“အာ….မနက်ဖြန် အထူးအထွေတော့ မရှိပါဘူး။ အဝတ်လျှော်ဖွပ်ဖို့ အခန်းရှင်းဖို့လောက်ပဲရှိတာဆိုတော့ ခင်ဗျားဖုန်းခေါ်တာကို ကျုပ်စောင့်နေရုံပဲဗျ”


“ကောင်းသား….မြို့ထဲက တရုတ်တန်းဘက် လျှောက်သွားကြတာပေါ့။ အဲသည်မှာ ဝယ်ခြမ်းစရာ ဒါမှမဟုတ် စားသောက်ဆိုင်တွေ အများကြီးမို့ စားစရာတွေများတော့ ကျွန်တော်တို့ စိတ်ညစ်ချိန်ရမယ်မထင်ဘူး”


ကျွန်တော်ပြောတာကို ရောင်နီမှ သဘောတူတာမို့ ဘယ်အချိန်မှာတွေ့ကြမယ်၊ ဘယ်အချိန်မှာ သူ့ကိုလာခေါ်မယ်ဆိုတာတွေကို ညှိခဲ့ ကြပါတယ်။


နှစ်ယောက်သား အဝတ်အစားတွေပြန်လည်ဝတ်ဆင်ကြပြီးနောက် ရောင်နီက အိမ်ရှေ့တံခါးမထိလိုက်ပို့တာကြောင့် ကျွန်တော့်စိတ်ထဲ ကျေနပ်သက်သောင့်သက်သာဖြစ်ကာ ကားကို အေးဆေးမောင်းပြန်လာခဲ့တယ်။


Alex Aung (20 September 2025)


To be continued….

Sunday, September 7, 2025

အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်းအချို့


(Htet Htet Zaw Win မှ ပြန်လည်စိစစ်သည်)

အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေမှာ ဆန္ဒတစ်ခု ရှိပါတယ်။ ဒါကတော့ သင့်တော်တဲ့ အရွယ်အစား ရှိတဲ့ လိင်တံ ပိုင်ဆိုင်ချင်တာပါ။ ဒါကလည်း လိင်တံ အရွယ်အစားက နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်တဲ့ အခိုက်အတန့်ကို ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတာ‌ကြောင့်ပါ။ ဒါကြောင့် အမျိုးသားထုကြီးက လိင်တံကြီးစေဖို့ နည်းလမ်းတွေကို ရှာနေကြတာပေါ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရလား!

အမျိုးသားထုကြီးအနေနဲ့ လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း လုပ်ပေးလို့ ရလားဆိုတော့ ရပါတယ်။ ဒါပေမဲ့ ဒါက ယာယီပဲ ကြီးစေတယ်ဆိုတာကို သိထားဖို့တော့ လိုပါတယ်။ ခုပြောမယ့် လေ့ကျင့်ခန်းတွေက လိင်တံဆီကို သွေးလည်ပတ်မှုကောင်းစေတာကြောင့် လိင်တံကြီးသယောင်ယောင် ဖြစ်စေပါတယ်။

ကဲ ….. လိင်တံကြီးစေဖို့ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

#အမျိုးသားထုကြီးအတွက် လိင်တံကြီးစေဖို့ လေ့ကျင့်ခန်း တွေကတော့ –

နှိပ်နယ်ပေးတဲ့ လေ့ကျင့်ခန်း ( Massage Exercise)
ဒီလေ့ကျင့်ခန်း  လုပ်တဲ့အခါ ပုံမှန်အတိုင်း လုပ်ဆောင်လို့ ရသလို ချောဆီသုံးပြီး လိင်တံကို ညင်သာစွာ နှိပ်နယ်ပေးလို့လည်း ရပါတယ်။ ဒီလို လုပ်ပေးတာက လိင်တံကို သွေးစီးဆင်းမှုကောင်းစေလို့ ကြီးသယောင်ယောင် ဖြစ်စေပါတယ်။

 



ပြောင်းဆွဲတဲ့ လေ့ကျင့်ခန်း (Penis Pump Exercise)
ဒါကတော့ ကိရိယာသုံးပြီး လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းပါ။ ပြောင်းဆွဲတဲ့ လေ့ကျင့်ခန်းကို လုပ်ဆောင်ဖို့အတွက် ပြောင်း လိုအပ်ပါတယ်။ ဒီကိရိယာက လိင်တံကို ရှည်စေဖို့ရော ထောင်မတ်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုက လိင်တံထောင်မတ်နိုင်စွမ်း မရှိတဲ့သူတွေမှာပါ ထိရောက်မှု ရှိစေတဲ့ လေ့ကျင့်ခန်းပါ။

ဒီလေ့ကျင့်ခန်း  လုပ်ဆောင်ဖို့အတွက်ဆိုရင် အရင်ဆုံး လိင်တံမှာ ထိခိုက်တာမျိုး မဖြစ်စေဖို့ ချောဆီ လိမ်းပေးပါ။ ပြီးရင်တော့ ပြောင်းဆွဲတဲ့ ကိရိယာထဲကို လိင်တံ ထည့်ပြီး ကိရိယာကို ဖွင့်ပြီး မိနစ် အနည်းငယ်လောက် လုပ်ဆောင်ပေးပါ။ ပြောင်းနဲ့ လိင်တံကြီးအောင် လုပ်ပြီးရင် သွေးတွေ ပြန်ဝင်မသွားအောင် လိင်တံစွပ်ကွင်းနဲ့ ထိန်းထားလိုက်ပါ။

ဒီနည်းလမ်းက ယာယီပဲ ကြီးစေတာကြောင့် လိင်ဆက်ဆံခါနီးမှ ပြုလုပ်သင့်ပါတယ်။ လိင်ဆံစွပ်ကွင်းကို အကြာကြီးစွပ်ထားတာကို ရှောင်သင့်ပါတယ်။




(Jelqing Exercise)
ဒီလေ့ကျင့်ခန်းက အမျိုးသားတွေ အာသာဖြေနဲ့ ပုံစံနဲ့ အလားတူပါတယ်။ လက်ညှိုးနဲ့ လက်မကို အဝိုင်းပုံစံလုပ်ပြီး လိင်တံကို အရင်းကနေ အဖျားအထိ ဖြည်းဖြည်းချင်းဆီ ညှစ်ပေးတာပါ။ ပြီးရင် အဖျားကနေ အရင်းအထိ အပြန်အလှန် ညှစ်ပေးရမှာပါ။ တစ်ရက်ကို တစ်ကြိမ်၊ မိနစ် ၂၀ခန့် လုပ်ပေးနိုင်ပါတယ်။

လိင်တံအာသာဖြေတာနဲ့ တူတဲ့အတွက် လိင်တံထောင်မတ်ဖို့၊ ကြီးသယောင်ယောင် ဖြစ်ဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။




(Kegel Exercise)
ဒီလေ့ကျင့်ခန်းက လိင်တံကို ကြီးစေတာ မဟုတ်ပေမယ့် တင်ပဆုံ ကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ ဒါကြောင့် နှစ်ကိုယ်ကြား ဆက်ဆံရေးမှာပါ အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

လုပ်နည်းကတော့ ဆီးသွားနေချိန်မှာ ကြွက်သားကို ညှစ်ပြီး ဆီးသွားတာကို ရပ်လိုက်ပါ။ အဲ့ဒီ ကြွက်သားတွေကို မှတ်ထားပါ။ ဆီးမသွားတဲ့ အချိန်မှာ အဲ့ဒီကြွက်သားတွေကို ကျုံ့လိုက် လျှော့လိုက်နဲ့ ၁၀ကြိမ်လောက် လုပ်ပေးပါ။ အဲ့တာကို တစ်နေ့ ၃ကြိမ် လုပ်ပေးပါ။ ဆီးသွားချိန်မှာတော့ မလုပ်ရပါ။




လိင်တံ တကယ်ကြီးတယ်လို့ အာမခံနိုင်တဲ့ နည်းလမ်းရယ်လို့ မရှိသေးပါ။ ဒီလေ့ကျင့်ခန်းလေးတွေက လိင်တံကို ယာယီတော့ ကြီးစေနိုင်ပါတယ်။ ဒါကြောင့် နှစ်ကိုယ်ကြား ဆက်ဆံရေးမှာလည်း ကောင်းမွန်တဲ့ အတွေ့အကြုံလေးတွေကို ဖန်တီးနိုင်မှာပါ။

***Hello ဆရာဝန် စာမျက်နှာမှ ကူးယူဖော်ပြသည်။

Wednesday, September 3, 2025

Different Bites 🥳🤩🤨

 



This is a work of fiction. Any similarity to actual persons, living or dead, or actual events, is purely coincidental. If this sort of material offends you in any way or if you are a minor, please leave now.


As always, feel free to send me feedback at kyawkyawster@gmail.com!


**********************************************************************


Different Bites


“အဲတာက တကယ်ပျော်ရမယ်လို့ ကိုယ်ကတိပေးတယ်ကွာ…ဟုတ်ပြီလား”


ကျွန်တော့်ချစ်သူ တနည်းပြောရရင် boyfriend ကိုဇင်မှ Halloween party တစ်ခုကို သူ့သူငယ်ချင်းတစ်ယောက်နဲ့သွားဖို့ရာ ဖျောင်းဖြ ချော့မော့ခွင့်တောင်းနေတဲ့ လေသံပါ။ သူ့အပြောအရ ရိုးရိုးသားသားသူငယ်ချင်းတွေနဲ့ပျော်ရုံသက်သက်သွားမှာမို့ ကျွန်တော်ကောလိုက်ခဲ့ ဖို့ခေါ်နေတာလေ။ ကျွန်တော့်စိတ်အာရုံထဲမှာတော့ အဲ့သလောက် မရိုးစင်းဘူးလို့ခံစားနေရသလိုမို့ အင်တင်တင်ဖြစ်နေတာဗျ။ ကိုယ်မသိတဲ့ လူအများအပြားနဲ့တွေ့ဆုံရတာရယ် သီချင်းသံ ဆူညံပေါက်ကွဲနေတတ်တဲ့နေရာတွေရယ်က ကျွန်တော့်အတွက် နေမထိ ထိုင်မသာဖြစ်စေတတ်လို့လေ။ ပြီးတော့ သူ့သူငယ်ချင်းဆိုသူတွေထဲ ကျွန်တော်သိပြီး ခင်မင်ဖူးတာ တစ်ယောက်မှ မပါဘူး။ ကြည့်မြင်ရတာ ခင်မင်နှစ်လိုဖွယ်ပုံစံတွေဆိုမှန်းတော့ သေချာတယ်။ ကိုဇင့်လိုပဲ သဘောထားမဆိုးလောက်ဘူးပေါ့။ ဒါပေမယ့် ကခုန် မြူးတူး မူးယစ်ပြီး နောက်ပိုင်းကိစ္စတွေအပေါ် နည်းနည်းလေး ကျွန်တော်ဇီဇာကြောင်မိ ထိတ်လန့်နေတယ်ပြောရမယ်။


“ကိုဇင်…ဘာလို့လည်းမသိဘူးကွာ….မင်းသူငယ်ချင်းနဲ့ပဲ အတူသွားလိုက်လို့မရဘူးလား” ကျွန်တော်သက်ပြင်းတချက်ချရင်း အတွန့်တက် လိုက်တယ်။


နှုတ်ခမ်းလေးတစူစူနဲ့ ကျွန်နော့်နောက်ပါးမှ ရစ်သိုင်းထွေးဖက်လာရင်း “သူတို့အားလုံး သွားကုန်ကြပြီကွာ။ ကိုယ့်ရည်းစားက ဘယ်သူဆိုတာ ပြချင်လို့ပါ”


မလှမ်းမကမ်းမှာ မတ်တပ်ရပ်ပြီး အခန်းတွင်း သစ်ပင်လေးတွေကို ကြည့်ချင်ယောင်ဆောင်နေသော အရပ်မြင့်မြင့်ငနဲက ကျွန်တော်တို့နှစ် ယောက်အကဲပိုနေတာကို တချက်စောင်းငဲ့ကြည့်ရင်းမှ လည်တိုင်ကို နှုတ်ခမ်းအစုံနဲ့နမ်းလိုက်တဲ့ ကိုဇင့်ကိုအကဲခတ်သလိုလိုလုပ်ရင်း အတန်ကြာ အကြည့်မလွှဲဘဲ စိုက်ကြည့်နေသလို ခံစားရတယ်။ ကျွန်တော်နဲ့ ကိုဇင်က နှစ်ယောက်တည်းအတူတူ အပြင်သွားလာစားသောက် တာမျိုးလုပ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် တံဆိပ်မကပ်ချင်ပေမယ့် mega introvert ဒါမှမဟုတ် အလားသဏ္ဌာန်တူပုံစံမျိုးမဟုတ် သော်လည်း ကျွန်တော့် boyfriend နဲ့ ညဘက်အတူတူအချိန်ဖြုန်းရတာတော့ သဘောကျတယ် နှစ်ခြိုက်တယ်ဗျ။ ပါတီပွဲအများကြီးမဟုတ် တောင် အနည်းအကျဉ်းသွားလာဖူးပါတယ်။ ဒါပေမယ့် ကိုဇင်ရဲ့ ကောလိပ်ကျောင်းမှ သူငယ်ချင်းတွေနဲ့ ဟောလိုးဝင်းပါတီတစ်ခု သွားဖို့ ကတော့ ပြုလုပ်ရန်စာရင်းထဲ တို့မထားမိဘူး။


ချစ်လှစွာသော ရုပ်ချောချော ရူပါဖြူးတဲ့ boyfriend နဲ့ ကျွန်တော် အများကြီးမကွဲပြား မကွာခြားပေမယ့် ပုံစံအတူတူပဲလို့ပြောဖို့ခက်ပါတယ်။ သူက ပါတီပွဲတွေကိုနှစ်ခြိုက်တဲ့ party animal တစ်ယောက်ဖြစ်ပြီး ကျောင်း campus အနီးအနားရှိ ကလပ်များစွာရဲ့ အသင်းဝင် မန်ဘာ တစ်ဦးဖြစ်နိုင်သော်လည်း ကျွန်တော်ကတော့ မဟုတ်ခဲ့ဘူး။ ဒါက ကျွန်တော်တို့နှစ်ဦးကြား မတူကွဲပြားမှုတွေထဲ အဓိက ကွဲပြားမှုကြီးတွေ မဟုတ်သေးဘူးနော်။ နှစ်ဦးသားပျော်ရွှင်ရဖို့ သူရွေးချယ်ပြုလုပ်တဲ့အရာမှန်သမျှ ကျွန်တော်လိုက်လျောရခြင်းအပေါ် ဘယ်တုန်းကမှ နောင်တ မရတာသေချာတယ်။ သူ့ကို ကျွန်တော် အသည်းအသန်ချစ်မြတ်နိုးတာကြောင့်ပါ။ ကျွန်တော့်ရှေ့မှာ မားမားမတ်မတ်ရပ်တတ်တဲ့ ကျောက် ဆောင်ကြီးဖြစ်သလို တနေ့နေ့မှာလက်ထပ်ထိမ်းမြားယူဖို့ စိတ်ဆန္ဒထဲပေါ်သည့် တစ်ဦးတည်းသော ငနဲလေးလေ။ ဒါကြောင့် လတ်တလော အဖြစ်အပျက်အမူအယာများအပေါ် ကြည့်မြင်ရသူအဖို့ နားလည်ရမခက်လောက်ဘူးထင်တယ်။ ရင်ခွင်ထဲထွေးဖက်ထားပြီး   “Please, baby? သည်တစ်ခါတည်းပါကွာ…ကိုယ်ကတိပေးတယ်”လို့ ကိုဇင်ရဲ့တောင်းဆိုနေသံအား မျက်လွှာပင့်ကြည့်ရင်း ငြင်းဆန်စကားမဆိုမိတဲ့  ကျွန်တော့်အဖြစ်ပေါ့။


ကျွန်တော်သက်ပြင်းချရင်း ခေါင်းငြိမ့်ပြလိုက်ပါတယ်။ နောက်ဆုံးတော့ သနားညှာတာစိတ်က အနိုင်ယူသွားပါတယ်။ ကိုဇင့်မျက်နှာပြင်မယ် သိသာစွာချိုင့်ခွက်ဝင်သွားတဲ့ ပါးချိုင့်နှစ်ဖက်စလုံးပေါ်လာအောင် မမြင်ဖူးသေးသော အပြုံးတစ်ချက်ပေါ်လာတယ်။ သူ့ကို ကျွန်တော့် boyfriend အဖြစ်လက်ခံကြောင်း အဖြေပေးခဲ့တဲ့နေ့ကတည်းက မမြင်ရသော အပြုံးမျိုးထင်တာပဲ ရိုးရိုးသားသားပြောရရင်။ သူ့အပြုံး တစ်ချက်ဟာ  ဘယ်အရာပဲလုပ်ရလုပ်ရ ကျွန်တော့်အတွက် တန်ပါတယ်။


        "I love, love, love you, baby boy," သူ ကျွန်တော့်ကို ရင်ခြင်းအပ်စေလျက် နှစ်နှစ်ခြိုက်ခြိုက် နမ်းတယ်။


*

ဘယ်အင်္ကျီကိုရွေး ဘယ်ဘောင်းဘီကိုယူ ဘယ်လိုပုံစံဝတ်ဆင်ရမယ်ဆိုတာကို ကိုဇင်က ကူညီရွေးချယ်ပေးပါတယ်။ တကယ်တမ်း ကျွန်တော့် စိတ်ထဲမှာ ရှင်းမနေဘူး။ ဘယ်မှလည်း မသွားချင်ဘူး။ သို့သော်လည်း ကိုဇင် စိတ်ဆန္ဒအရရယ် သူပျော်ရွှင်စေဖို့ရယ်ရှေးရှုပြီး ကျွန်တော် ကြိုးစားလိုက်လျောနေတာ။ သူ့ကိုယ်လုံးကိုယ်ဖန်ကတော့ အဝတ်အစားမဝတ်တောင်ကြည့်ကောင်းတယ်ဆိုတဲ့ အမျိုးအစားထဲကပါ။ ကိုယ်ကာယကြံ့ခိုင်တဲ့အပြင် အားကစားလှုပ်ရှားမှုကို ဝါသနာပါသူမို့အမြဲလိုလို လှုပ်ရှားတက်ကြွသူပေါ့။ ဘာ brand ကြီးမှ ဘယ်လိုကြီးမှ မဟုတ်ဘဲ သင့်တော်ရာ တံဆိပ်ထဲက Quality ကောင်းတာလေး ဝယ်ယူဝတ်ဆင်ရင်တောင် အမြင်တင့်တယ်လေ။ အခုလည်း ထူးထူး ခြားခြား ဒီဇိုင်းရယ်မဟုတ်ဘဲ အရောင်ကစားလိုက်တာနဲ့ အဝတ်အစားက အလန်းဖြစ်နေပါပြီ။ ကျွန်တော်ကတော့ သူ့အတွက် အဖြည့်ခံအရုပ်လေးတစ်ရုပ်နဲ့တူပါရဲ့။ ကျွန်တော်နဲ့လိုက်ဖက်တဲ့ အဝတ်အစားဒီဇိုင်းကို ရွေးချယ်ပေးရတာနဲ့ ကိုဇင်တယောက် ခေါင်းစား နေတယ်။ သူ့အတွက် ရွေးချယ်ထားတဲ့ Varsity Jacket တစ်ထည်၊ Torn Jeans (တနည်း Ripped Jeans) ဘောင်းဘီတစ်ထည် နဲ့ အားကစားဖိနပ်ပြောရမလား Sneakers တစ်ရံက မနေ့ကတည်းက အသင့်ရယ်။ အခုသွားခါနီးမှ မျက်နှာကို မိတ်ကပ်နည်းနည်းပါးပါးနဲ့ Elvis Presley ရဲ့ နားသယ်စမှ အမြဲတွေ့ရတတ်တဲ့ ဆံပင်ဒေါက်လိုမျိုး အတုကပ်တာလေးပဲ ထပ်ဆောင်းပြင်ဆင်ရတယ်။ ဒါပေမယ့် မြေခွေး အမြီးပွတစ်ခုကို နောက်ဆုံး ဘောင်းဘီနောက်ပိုင်းမှာတပ်ပြီး အချောသပ်တာတော့ လုပ်တာပေါ့။ ဟုတ်တယ် ကျွန်တော့်ရဲ့ ချစ်လှစွာသော အချစ်ကြီးက သမန်းဝံပုလွေတကောင် (a werewolf) အသွင်ခပ်ဆင်ဆင် ဝတ်ဆင်ပါတယ်။ အခြားအထူးတဆန်းပုံစံမျိုး မရွေးချယ်ဘဲ မြင်ဖူးနေကြ သွင်ပြင်ကိုပဲ လိုက်ဖက်အောင် ဝတ်တဲ့သဘောထင်တာပဲ။


“အေး…အေး ငါသဘောပေါက်ပြီ” ကိုဇင် သက်ပြင်းတချက်ချရင်း ဖုန်းပြောတာကို အဆုံးသတ်ကာ ကျွန်တော့်ကို တချက်ကြည့်ပါတယ်။ “Fangs”

"What?"

အဝတ်ဘီရိုထဲက ဘူးတစ်ခုသူယူလာပြီး ဝတ်စုံနဲ့လိုက်ဖက်မယ့် သွားစွယ်တစ်စုံကို ထုတ်ယူဝတ်ဆင်ပါတယ်။ ပြီးတော့ “ငါ့အတွက် ဝယ်ရင်း မင်းအတွက် အပိုတစ်စုံလည်း ထည့်ဝယ်လာခဲ့တယ်။ အပိုတစ်စုံကို မင်းဝတ်လို့ရတယ်နော်”


       လက်ဝတ်ရတနာမပြောနဲ့ လက်ပတ်နာရီလိုမျိုးတောင် ကိုယ့်ခန္ဓာကိုယ်မှာ တစ်ခုခုဝတ်ဆင်ထားရရင် စိတ်မလုံခြုံသလိုခံစားတတ်တာ မို့ ကျွန်တော်သိပ်မဝတ်ပါဘူး။ တကယ့်ကို လှေနံဓားထစ်လုပ်တတ်တဲ့ ကျွန်တော့်အတွက် ချစ်သူရဲ့ပျော်ရွှင်မှုပြည့်စုံဖို့ အလိုလိုက်ရခြင်းက စွန့်စားခန်းကြီးတစ်ခုဖြစ်လို့နေတယ်။ ‘အော်….အင်းပါ’ လို့ပဲပြန်ပြောနိုင်တယ်။ ကိုယ့်ရုပ်ရည်သွင်ပြင် ပိုပြီးစွဲဆောင်မှုရှိပြီး ထူးခြားအောင် ကိုဇင့်သဘော လိုက်လျောမယ် သဘောတူထားတာမို့လေ။ ကြည့်ရတာ ကျွန်တော့်ကိုရော သမန်းဝံပုလွေတစ်ကောင်ပုံစံ ပြင်ဆင် ဝတ်စား စေတာများလား။ “ကိုဇင်….ငါ မင်းဝတ်ထားတဲ့ပုံစံအတိုင်း တသွေမတိမ်းတူအောင် မဝတ်ချင်ဘူးနော်” 


ကိုဇင်က  သူ့လျှာကို လှစ်ကနဲထုတ် ခေါင်းကိုခါရမ်းပြီး “ဟုတ်ပါ့မလား ေ-ာက်ရူးရ။ ငါနဲ့မတူတဲ့ ပုံစံတမျိုးကို ဝတ်ခိုင်းတာပါဟ”


ကျွန်တော်ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ၊ လက်ဝတ်လက်စားတွေ အထာကျမကျ သူ စစ်ဆေးပေးပြီး နောက်ဆုံး ကျွန်တော့်ဆံပင်တွေ ကို Hair Gel အချို့လိမ်းကျံပေးပြီး ပုံသွင်းပေးပါတယ်။ ပါးချိုင့်တွေပေါ်တဲ့အထိ သူရယ်ပြုံးရင်း ကျွန်တော့်သွင်ပြင်ကို သေချာစုံအောင် လုပ်ပေးပြန်တယ်။


“မင်းက ငါ့ကိုရှေးစတိုင် သွေးစုပ်ဖုတ်ကောင်ပုံစံနဲ့သွားစေချင်တယ်ပေါ့” ဘယ်လိုပြောမလဲ အခုခေတ် စတိုင်လ်မဟုတ်ဘဲ a vintage, traditional vampire ပုံစံမျိုးပြင်ဆင်ပေးတာကိုး။ ကျွန်တော် အဲ့သလိုပြောလိုက်တော့ ကိုဇင်ခမျာ အပြုံးကိုမောင်မဖုံးနိုင်ဖြစ်ပြီး  အားရပါးရ ပြုံးရယ်ပါရော။


“မင်းတကိုယ်လုံး လုံနေအောင်ဝတ်ပြီး Transylvania-ish ဖြစ်စရာမလိုပါဘူးဟ” တခစ်ခစ်အသံထွက်အောင်ပြုံးရယ်ပြီး ကျွန်တော့်ပါးပြင် တဖက်ကို သူအနမ်းတချက်ပေးတယ်။


ကျွန်တော့် boyfriend က ဘယ်လိုပုံစံမျိုး ပုံဖော်ပေးချင်စိတ်ရှိနေလည်း  မသိတာကြောင့် သက်ပြင်းတချက်ခိုးချရင်း  ဘာမှစောတကထပ် မတက်တော့ပါဘူး။ အရေးအကြီးဆုံးက ပါတီပွဲမှာ အချိန်အကြာကြီးမနေရဖို့ရယ် ပြီးတော့ ပြဿနာတစ်စုံတစ်ခုမဖြစ်ဖို့ရယ်ပဲ ကျွန်တော် မျှော်လင့်တယ်။ တကယ်ပြောတာ ပါတီပွဲတစ်ခုမှာ ကျွန်တော့်ကိုတွေ့လိုက်တယ်ဆိုတဲ့ကိစ္စက ပြောစမှတ်တွင်မယ့် အရာပါပဲ။


*


        "Baby, you look so hot."


အားလုံးပြင်ဆင်ဝတ်စားပြီး အရန်သင့်ဖြစ်ချိန်မှာတော့ ကိုဇင်လေ ပါးစပ်ကြီးဟတဲ့အထိဖြစ်ပျက်ကာ ကျွန်တော့်ကိုအတန်ကြာလှည့်ပတ်ကြည့် ပါတယ်။ မေးရိုးကြီးကြမ်းပြင်ပေါ် ပြုတ်ကျဦးမယ်လို့ စနောက်လိုက်မှ ပါးစပ်ပြန်ပိတ်တယ်။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ တချက်ပြန်ကြည့်လိုက် ချိန်မှာ ဘာပြောရမှန်းမသိ ခဏငြိမ်သွားမိတယ်။ ပြင်ဆင်ဝတ်စားထားလို့ ကိုယ့်ဘာသာကိုယ်မို့ အကောင်းမြင်တာမျိုးမဟုတ်ဘဲ သဘာ၀ အတိုင်း လုံး၀ perfect ဖြစ်နေတာ ထူးဆန်းတယ်။ ကိုဇင်ရဲ့သူငယ်ချင်း ကေသီက ကျွန်တော်ပြင်ဆင်ဝတ်စားသမျှ အချောသပ်ကူညီပေးခဲ့ သူပါ။


အသားအရေ ဖြူဖျော့ဖျော့ဖြစ်အောင်  လိမ်းချယ်ထားတဲ့ မိတ်ကပ် tone ရယ်၊ vampire look ဖြစ်အောင် မျက်နှာနဲ့ ခံတွင်းတဝိုက် ဝတ်ဆင် တပ်ဆင်ထားတဲ့  ပစ္စည်းတွေဟာ နဂိုကတည်းကရှိပြီးသားလိုလိုကို ဖြစ်နေပါတယ်။ သည်နေ့မှပဲ ဆံသားခပ်ပွပွ ကျွန်တော့်ဆံပင်တွေဟာ လည်ဂုတ်တဝိုက်မှာ ကပိုကရိုနဲ့အသွင်တမျိုးဖြစ်လျက် ကြည့်ကောင်းရော။ ကျွန်တော်ဝတ်ထားတဲ့ outfit က လည်ပင်းကော်လာမှာ အနည်းငယ် တန်ဆာဆင်ထားသော အဖြူရောင်  vampire shirt တစ်ထည်၊ အနက်ရောင် ဘောင်းဘီရှည်နဲ့အတူ ဒေါက်ခပ်မြင့်မြင့်နဲ့ အနက်ရောင် ဘွတ်ဖိနပ်တစ်စုံပါပဲ။ အော်….သွားစွယ်တုတစ်စုံ၊ ဒီဇိုင်းထူးခြားတဲ့ ဆွဲသီးဟောင်းတခုပါ လည်ဆွဲ၊ နောက်ပြီး မေးစေ့နဲ့ နှုတ်ခမ်း တဝိုက်မှာ သွေးတုအနည်းငယ် လိမ်းကျံထားတာလည်း လုပ်ပါတယ်။ ရိုးရိုးသားသားပြောရရင် နံရံကပ်ကြည့်မှန်ထဲ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း တချက်ပြုံးမိချိန် ကြောရိုးထဲထိစိမ့်တက်သွားတဲ့ ခံစားချက်မျိုးပေါ်လာတာကြောင့် တအံ့တသြဖြစ်ရသေးတာ။


        "You like it, don't you?"


ကိုဇင်က နောက်ပါးကနေ ကျွန်တော့်ပခုံးကိုသိုင်းဖက်လိုက်ရင်း လည်တိုင်ကိုတချက်နမ်းကာ ကြိုက်မကြိုက်မေးပါတယ်။ ပါးပြင်မှာ အနည်းငယ်ချယ်သထားတဲ့ ပါးနီကြောင့်မဟုတ်ဘဲ သူ့အနမ်းပေးစဉ်မှာ ရှက်သွေးဖြန်းလာတယ်။ ကျွန်တော့်လူ ပြောတာမမှားဘူး သည်အပြင်အဆင်ပုံစံနဲ့ ကျွန်တော်အတော်လိုက်ဖက်အသားကျနေတာပါ။ ကျွန်တော့်ပခုံးကိုသိုင်းဖက်ထားတာကိုလွှတ်လိုက်ပြီး နံဘေးမှာ ယှဉ်ရပ်ပြန်တော့ မှန်ထဲမှာပေါ်လာတဲ့ နှစ်ဦးသားပုံရိပ်ဟာ ရင်ထဲ အသည်းထဲစွဲသွားသလို ခံစားရင်ခုန်မိသဗျ။


နံဘေးမှာ မတ်မတ်ရပ်နေတဲ့ ကျွန်တော်ချစ်ရသောသူဟာ အရပ် ၆ပေအတိရှိပြီး သူဝတ်ဆင်ထားတဲ့ ပြင်ဆင်ထားတဲ့အဝတ်အစားသွင်ပြင်နဲ့ အံကိုက်ဖြစ်ပါတယ်။ Werewolf တစ်ကောင်လို အသားပေးပြင်ဆင်ထားပေမယ့် ယောက်ျားဆန်တဲ့အင်္ဂါရပ်တွေအားလုံး ဖုံးကွယ်မသွားဘူး။ အမျိုးသားဟော်မုန်းတွေတစိမ့်စိမ့်ထွက်နေခဲ့သယောင်မို့  ကျွန်တော်သတိလစ်မတတ် မိန့်မူးပြီး သူဦးဆောင်ရာနောက် အခုပဲထလိုက်ချင်ပြီ။ သူဝတ်ထားတဲ့ the varsity jacket အင်္ကျီလက်များဟာ တံတောင်ဆစ်ထိ တွန့်ခေါက်လိပ်တင်နေပုံက အမွှေးထူတဲ့ လက်ဖျံများကို ပြသ နေသလိုပါ။ သူ့စိတ်ကူးအတိုင်း ချွန်မြထက်မြက်နေသော လက်သည်းရှည်အတုများ ဝတ်ဆင်ထားတာကို ကျွန်တော်မြင်တဲ့နောက် ရင်ထဲ စိမ့်တက်သွားတဲ့ ခံစားချက်များ ခံစားလိုက်ရပါတယ်။


ကိုဇင်နဲ့ သူ့သူငယ်ချင်းကို အတန်ကြာစိုက်ကြည့်မလိုလုပ်နေတဲ့အခိုက် သူ ကျွန်တော့်ဘက်လှည့်လာပြီး “အာ….သည်အပြင်အဆင်အတိုင်း  သွားလို့အဆင်ပြေလောက်တယ်ကွ” ပြောလာတယ်။


ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တော့ သူပြုံးရယ်လျက် “ငါ့မှာ ထပ်ဆောင်းဝတ်လို့ရမယ့် ပစ္စည်းလေးတွေရှိသေးတယ်။ မင်းလည်း တခုနှစ်ခုလောက် ဝတ်ကွာ…နော် ဘေဘီ”


ကျွန်တော် ငြင်းဆန်စကားမပြောခဲ့ပါ။ အခုဝတ်စားပြင်ဆင်ထားတာတွေက သွားမယ့် ပွဲအခမ်းအနားနဲ့ ကောင်းကောင်းအဆင်ပြေမယ်လို့သိ ပြီးသား။ ကိုယ့်ကိုယ်ကိုယ်လည်း မင်းအပြင်ကို အဆင်ပြေပြေသွားပြီး ကိုယ့်ဘာသာကိုယ်ပျော်ရွှင်ဖို့လည်းကြိုးစားလို့အတွေးထဲပြောမိတယ်။ များမကြာခင်မှာပဲ ကိုဇင်နဲ့ ကျွန်တော် ပါတီပွဲကိုသွားရန် အသင့်ဖြစ်ပါပြီ။ မသွားခင် အတူတကွ Selfies အနည်းငယ်လောက်ဆွဲကြပါတယ်။ မမျှော်လင့်စွာဘဲ ကျွန်တော့် boyfriend ဟာ နှစ်ယောက်သားဓာတ်ပုံရိုက်ရာမှာ အထာကျကျ လိုက်လိုက်လျောလျော ပို့စ်ပေးနေခဲ့တယ်။ ဘယ်လိုဖြစ်ဖြစ် သူ့ခန္ဓာကိုယ်ကနေ ကျွန်တော့်လက်အစုံကိုဖယ်ရှားဖို့ခက်တဲ့အခိုက်အတန့်ပါ။ ပြီးတော့ အခြားသော အခြေအနေတရပ်အရ အင်း…အသစ်အဆန်းရယ်တော့လည်းမဟုတ်ပါဘူး ဒါပေမယ့် ကိုဇင်ရဲ့အကြည့်တွေက တစ်မျိုးတစ်ဘာသာဖြစ်နေတယ်။ ကျွန်တော့်မှာ အခုပဲ ရွှေတံဆိပ်ကြီး လည်တိုင်ဆွဲရတော့မယ့် အပြေးသမားတစ်ယောက်လို ဂုဏ်ယူရမလားတွေးမိပါတယ်။


*


ပါတီတစ်ခု ဟုတ်တယ် ကျွန်တော်မျှော်လင့်ထားတဲ့ပါတီတစ်ခုအသွင်ပါပဲ။ အရင်ကပြောဖူးသလို ပါတီကိုသဘောကျတဲ့ လူအုပ်ကြီးထဲ ကျွန်တော် တစ်ယောက်ပဲ ချွင်းချက်ဖြစ် မနှစ်သက်ပုံရတဲ့လူဖြစ်နေခဲ့တာပါ။ ဘယ်လိုအရာက ကျွန်တော့်ကို ကွဲပြားခြားနားနေစေခဲ့တာပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ပါတီပွဲလာ ပရိသတ်အချို့ရဲ့ အာရုံစူးစိုက်မှုကို ကျွန်တော်လက်ခံခဲ့ရတာအမှန်ပဲ။ အထူးသဖြင့် ကိုဇင်ရဲ့ ဘော်ဒါ သူငယ်ချင်းတွေပေါ့။ ကိုဇင့်သူငယ်ချင်းအတော်များများက ကျွန်တော်ဝတ်စားပြင်ဆင်ထားတဲ့အပေါ်မှာကော ခန္ဓာကိုယ်ပုံရိပ်ကိုရော အတော် လေး သဘောတကျ ကြည့်နေငမ်းနေကြတာမို့ သက်တောင့်သက်သာမဖြစ်သလို ခံစားရပါတယ်။ အစပထမတော့ အနည်းငယ်ထိတ်လန့်ပြီး သက်တောင့်သက်သာမဖြစ်သလိုမျိုး တညတာ ကျွန်တော်ဖြတ်သန်းခဲ့ရတယ်။ ကိုယ့်စိတ် ကိုယ့်ခန္ဓာနဲ့ တကမ္ဘာလုံးမှာတစ်ယောက်တည်း လုပ်ပြီးနေလို့မရကြောင်း ကျွန်တော်သင်ယူရခြင်းထင်ရဲ့။ သူတို့ရဲ့ မြှောက်လုံးပင့်လုံးသက်သက် ချီးမွမ်းခြင်းအထာပါပဲ။ ကျွန်တော့်အထင် ပြောတာနော်။



  တချိန်လုံးလိုလို ကိုဇင်က ကျွန်တော့်နောက်ပါးမှာရှိနေတာမို့ ဘယ်သူတစ်ဦးတစ်ယောက်မှ လာမချိတ်ကြဘူးရယ်။  နမူနာပြောရရင် တခုခု သောက်ချင်လို့ ကော့တေးလ်ဘားနားသွားထိုင်တာနဲ့ ကိုဇင်မှာ အမည်ပြော ပိုက်ဆံလိုက်ရှင်းတာမျိုး။ ဒါက ကိုဇင်ရဲ့ ဂရုစိုက်မှုလား သဝန်တိုမှုလား မပြောတတ်ပါဘူး။ ကျွန်တော်လည်း ပါးစပ်ထဲရှိတာရွတ်ပြီး သောက်လိုက်တာ တစ်ခွက်နှစ်ခွက်နဲ့တင် နည်းနည်းထွေလာ တယ်။ အစားအစာဘားကောင်တာနား ကျွန်တော်ရောက်သွားတော့ ကိုဇင်ရဲ့သူငယ်ချင်းတယောက်ရောက်လာပြန်ရောမို့ အခြားသူစိမ်း တစ်ယောက်ကို ‘Hey, man” သွားလုပ်ခွင့်မရပါဘူး။ သွားကြီးဖြီးပြီး အလိုက်သင့်ပဲနေရတော့တာ။


ကိုသူရ ဟုတ်တယ် သူ့နာမည် ကိုသူရ။ “သူရ…ဟုတ်တယ်ဟုတ်”


သူခေါင်းငြိမ့်ပြပါတယ်။ သူရက ကိုဇင်ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ကျွန်တော်ဝတ်စားပြင်ဆင်လာပုံကို ချီးမွမ်းသူပါ။ ဘော်ဒါတွေကြား သူ့အသံအကျယ်ဆုံးနဲ့ စိတ်ပါလက်ပါအရှိဆုံးပဲ။ ကျွန်တော်ပြောမယ်။ အရင်က လူအချို့နဲ့ ကျွန်တော်တွေ့ဆုံ ချိန်းဆိုတာ အနည်းငယ် ပြုလုပ်ဖူးပါတယ်။ သူတို့နဲ့ စကားလက်ဆုံ ဘယ်တော့မှ မပြောဖူးဘူး။ ‘hello’ or ‘Hi’ သည်လောက်ပဲ။ အတိအကျ မပြောပြတတ်သော် လည်း သူရရဲ့ စကားပြောဆိုပုံက ကျွန်တော့်အပေါ် စိတ်ပါလက်ပါနဲ့ ခင်မင်ရင်းနီးပုံပေါက်တယ်လို့ ဆိုနိုင်တယ်။


“ငရှုပ်ကြီးတွေရဲ့ မြင်ကွင်းထဲရောက်အောင် ဟန်ရေးပြမနေနဲ့နော်  ကောင်လေး” ရယ်ကျဲကျဲနဲ့ပြောသေးတယ်။

“ဟုတ်ပါပြီ အစ်ကိုကြီးရယ်….သောက်စရာကုန်မှ ထယူမှာပါ” ကျွန်တော်လည်း ချိုချိုသာသာယဉ်ယဉ်ကျေးကျေးလေသံအပြည့်နဲ့ ခေါင်းငြိမ့်ပြလိုက်ပါတယ်။


သူရက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်တည့်တည့်ကြီး အနားတိုးကပ်လာတယ်။ မြင်ရသူက စုံတွဲတွေလို့ထင်ရမယ့်အထာမျိုးပါ။ သူ့ကို ကျွန်တော် အစောပိုင်းက မြင်ထားပြီးသား။ သောက်စရာတွေ အကုန်မော့လျက် ရေချိန်ကိုက်နေတယ်ထင်လို့ ကိုဇင့်မြင်ကွင်းအောက်မှာပဲ ငြိမ်နေလိုက်တာလေ။ သည်လိုအထာနဲ့နေတာက ရိုင်းစိုင်းတယ်လို့တော့ မထင်ရပါဘူးနော်။ အခုတော့ သေချာတယ် သည်လူ မူးနေပြီ။ သူ့မျက်နှာနဲ့ ကျွန်တော့်နှာခေါင်းအနားပူးကပ်မနေသော်လည်း မျက်နှာချင်းဆိုင်ရပ်နေရုံနဲ့အရက်နံ့ထောင်းထနေတာကို ရနေတယ်။ ကြာရင် ရှူရသူက မူးလဲတော့မယ်။


“ဟေး….ဟေး….စကားလေားဘာလေးပြောပါဦးကွ…ဝစီပိတ်မနေပါနဲ့ အသံလေးဘာလေးထွက်ပါဦး…ဟ” ပလုံးပထွေးသံနဲ့ သူပြောတယ်။


သူရက ရှေ့ကိုခြေလှမ်းအနည်းငယ်လောက်ထပ်မံတိုးကပ်လာတာကြောင့်ရယ် ကျွန်တော်ကိုင်ထားတဲ့ ကော့တေးလ်ခွက်ထဲတစ်ခုခုကျနေ တယ်ထင်လို့ရယ် နောက်ကိုအနည်းငယ်ဆုတ်ပြီး ရပ်လိုက်ပါတယ်။ သူ့ပုံစံက အရက်မူးနေမှန်း သိသာတာမျိုးမဟုတ်ပေမယ့် သာမန်မဟုတ် တာတော့ သေချာတယ်လေ။ ကျွန်တော်လည်း အစားအစာတွေရနိုင်တဲ့ ဘားကောင်တာနံရံနားကျောပေးရပ်ရင်း ကိုင်ထားတဲ့ သောက်စရာ ဖန်ခွက်ထဲမှ စေးကပ်ကပ် အရာအချို့ကို ဖယ်ပစ်တယ်။


“ကိုသူရ….”


"Man, you look fuckin' hot tonight," သူ ကြို့ထိုးလာသလို ပြောတဲ့စကားတွေက ငြိတိတိဖြစ်လာတယ်။ “ငါသာ ဇင်မင်းခန့်ဆိုရင် မင်းကို အိမ်ထဲကနေ အပြင်ထွက်ခွင့်ပေးမှာမဟုတ်ဘူး”


အပေါ်က စကားလုံးတွေကို သူ့ပါးစပ်ကလွှတ်ပြီးတာနဲ့ အရူးတစ်ယောက်လို တခစ်ခစ်ထရယ်ပါတယ်။ ကျွန်တော့်ဆီက ဘယ်လိုအာရုံစိုက်မှု တွေရချင်လို့လဲမသိ အပြုအမူတွေ စကားသံတွေက ရိတိတိ ငြိတိတိများလာတာကြောင့် သူ့အနားကနေ တတ်နိုင်သမျှဝေးအောင် ခပ်ခွာခွာ နေလိုက်တယ်။ ဒါပေမယ့် မရပါဘူး ရီဝေေ၀အကြည့်တွေနဲ့အတူ ကျွန်တော့်အနားကို ပိုမိုတိုးကပ်လာတယ်။ ‘ကိုသူရ ဟေ့လူ ရပ်တော့’


သူ့နှုတ်ခမ်းသားတွေကို လျှာနဲ့သရပ်ပြပြီး ကျွန်တော့်အနားတိုးကပ်လာသလို လူကို  ပွတ်သီးပွတ်သပ်လုပ်လာတယ်။ ကျွန်တော့်နားရွက်နား တိုးကပ်လျက် “Come on, baby…ဆက်အောင်…ဟုတ်တယ်ဟုတ်’


မျက်လုံးကို ဟိုသည်ရွှေ့ပြီး မသိမသာ ပတ်ဝန်းကျင်ကို ကြည့်တော့ ထူးခြားထင်ရှားတာရယ်လို့ မခံစားရပါဘူး ထုံးစံအတိုင်းပါပဲ။ ကိုသူရ ကြောင့် ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း သိသာမြင်သာအောင် မပြဖြစ်တော့ ဆက်လက်ပြီး သူ့အထာနဲ့ချဉ်းကပ်နေဆဲ ပြောရမယ်။ သည်အခန်းကျယ်ကြီးထဲက ဖျတ်ကနဲပျောက်ကွယ်သွားပြီး တကိုယ်တည်းနေလို့ရမယ့် အခန်းကျဉ်းတစ်ခုထဲ ရောက်သွားမှ အသက်ရှူချောင်တော့မှာ။ လူတွေ ရုံးစုရုံးစုနဲ့ စကားတွတ်ထိုးနေကြတာ ကျွန်တော်ဖြင့် အသက်ရှူမဝသလိုခံစားရတယ်။


“သည်လိုပါတီပွဲမှာ အချိန်ဘယ်လိုကောင်းကောင်းဖြုန်းရမယ်ဆိုတာ ငါပြမယ်ကွာ….မင်းလေး အစွယ်ဘယ်လောက်ရှိလဲ ဖွက်မထားနဲ့ပြန်ပြ  ဟုတ်ပြီလား”


သူရ လက်တစ်ဖက်က ကျွန်တော့်ခါးကိုရစ်သိုင်းလာစဉ်မှာ အခြားသော သန်မာတဲ့လက်တစ်ဖက်က သူ့ပခုံးကိုဖိညှစ်ပြီး တားမြစ်လိုက်ပါ တယ်။ ကံဆိုးချင်တော့ ကျွန်တော် သောက်လက်စ ကော့တေးလ်ခွက်ကို စားပွဲတနေရာမှာ တင်လိုက်ကတည်းက တယောက်ယောက် အနောက်ဘက်မှ ချဉ်းကပ်လာနေသယောင် ခံစားရလို့ပါ။


        "What the fuck do you think you're doing?"


 ခပ်ပြင်းပြင်းကြားလိုက်ရတဲ့ လေသံကို ကျွန်တော်ကြားဖြတ်အပြစ်မတင်အားပဲ စိတ်ထဲအနည်းငယ်ဝမ်းမြောက်သွားသယောင်ခံစားရပါတယ်။      


လက်ကောက်ဝတ်ကို ဖမ်းဆွဲကိုင်ထားလိုက်တဲ့ ကိုဇင့် သန်မာမှုကြောင့် တနေရာကိုသွားဖို့လှမ်းတဲ့ သူရရဲ့ ခြေလှမ်းတွေ ယိုင်ကနဲဖြစ်သွား တယ်။ သူရ တယောက် ရေချိန်ကိုက်နေတဲ့အပြင် စောင့်ထိန်းအပ်တဲ့ ကိုယ်ကျင့်ဘာညာလည်းမရှိတော့ဘဲ ရီဝေေ၀အကြည့်နဲ့ ဇာတ်လမ်း ထွင်ဖို့လုပ်နေတာမှာ အတားခံလိုက်ရတော့ မျက်နှာအနည်းငယ်ပျက်သွားတယ်။ “အေးဆေး….အေးဆေး ငါ့ကောင်….တစ်ယောက်တည်း ငေါင်နေရမှာစိုးလို့ ပျော်သွားအောင် ဖန်ပေးမလို့ပါကွ”


        "With my fucking boyfriend?"


စက္ကန့်မခြားပါဘူး ကိုဇင် တယောက် သူ့သူငယ်ချင်းကို ဒေါသနဲ့အော်လိုက်တာကြောင့် ကျွန်တော် မသိမသာ လှမ်းဆွဲရပါတယ်။ “လာလာ အပြင်ခဏထွက်ရအောင် ကိုဇင်။ ငရှုပ်တွေနဲ့ ငြိမနေနဲ့တော့…လာပါ။”      


တခါမှ ကျွန်တော့်ပါးစပ်က မထွက်ဘူးတဲ့ စကားလုံးတွေပြောပြီး ကိုဇင့်ကို တားမြစ်ရင်း အပြင်ခေါ်ထုတ်လိုက်တာပါပဲ။ တကယ်ပြောတာ စာနဲ့ မရေးပြချင်လို့။ ကိုဇင် တကယ်ဒေါသထွက်ရင် ကြောက်စရာအတော်ကောင်းတာမို့ ပြေရာပြေကြောင်းပြောပြီး အပြင်ကို ထွက်လာရတယ်။


အနားကပ်လာတဲ့ ကိုသူရလို သူ့သူငယ်ချင်းတွေကို မနည်းခွာပြီး ကိုဇင့် အပြင်တနေရာရာခေါ်ထုတ်လာမှ ကျွန်တော့်ကို ပြန်လည်ဂရုတစိုက် ကြည့်တဲ့ သကောင့်သားကြီးပါ။ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်တဲ့ စရိုက်ဗီဇမျိုး ကိုဇင့်မှာရှိပေမယ့် အခုတော့ သူ့မျက်လုံးထဲမှာ နုညံ့ ကြင်နာတဲ့ အရိပ်အရောင်တွေ ပြေလျော့နေပြီး စိုးရိမ်စိတ်ကဲတဲ့ အမူအယာတွေသာ မျက်နှာတခုလုံး ဖုံးလွှမ်းနေပါတယ်။


“သူ မင်းကိုနာကျင်အောင် တခုခုလုပ်သေးလား” ကျွန်တော့်ပါးပြင်နှစ်ဖက်ကို လက်ဖဝါးအစုံနဲ့ညှပ်ကိုင်ပြီး မေးလာတယ်။


ကျွန်တော့် ဦးခေါင်းကို အသာအယာခါရမ်းပြမှ သူသက်ပြင်းတစ်ချက်ချတယ်။ လတ်တလောဖြစ်ပျက်သွားတဲ့ အကြောင်းအရာလေးမှ စိတ်သက်သာရသွားလို့လား အကြောင်းတစ်စုံတရာကြောင့် သူအဖြစ်သည်းနေသလား ကျွန်တော် သေချာမပြောပြတတ်ပါ။


“ငါတို့ အိမ်ပြန်ကြမလား”


သည်ည ပါတီပွဲတွေလှည့်ပတ်သွားဖို့အသာထား ပထမဆုံးတနေရာမှာတင် ကျွန်တော့်ကို အထိတ်တလန့်ဖြစ်စေတဲ့အကြောင်းအရာတွေနဲ့ ပွဲဆူသွားတယ်မဟုတ်လား။ တွေ့ဆုံနှုတ်ဆက်မိကြသူအတော်များများက ကျွန်တော့်အသွင်အပြင်ကို ချီးမွမ်းစကားဆိုကြ မြှောက်လုံးပင့်လုံး တွေနဲ့ ကိုသူရလို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးအသားယူလိုသူတွေဖြစ်နေတယ်။ ရာသီပွဲအခမ်းအနားတွေ ပါတီပွဲတွေကို စုံတွဲခုတ် ကြတာ ပထမဆုံးမို့ အိမ်ပြန်ဖို့ ကိုဇင်ကစပြီး လောဆော်မယ်လို့ ကျွန်တော်မထင်ထားမိဘူး။ ဘာပဲဖြစ်ဖြစ် ပထမခြေလှမ်းနဲ့တင် စိတ်ပျက် စရာဖြစ်ရတယ်လို့နော်။


ကိုဇင်က တကယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်ပြီး ဒေါသထွက်နေပုံရတာကြောင့် တစ်ခုခုလုပ်ဖို့ တနေရာရာသွားဖို့ ကျွန်တော်တွန်းအား မပေးတော့ဘူးရယ်။ သူ့လက်တစ်ဖက်ကို ဆွဲကိုင်ပြီး ဦးခေါင်းကိုသာ ငြိမ့်ပြလိုက်တယ်။


အိမ်ကိုပြန်တဲ့ ခရီးစဉ်တလျောက် ကျွန်တော့်လက်ကို မလွှတ်တော့ဘူး။


*


ကြီးမားကျယ်ပြန့်လှတဲ့ တိုက်ခန်းကျယ်ကြီးကိုပြန်ရောက်တော့ အခန်းတံခါးကို ပိတ်ပြီးပြီးခြင်း ကိုဇင် ကျွန်တော့်ကို ဆွဲဖက်ကာ ဧည့်ခန်းထဲမှ ဆိုဖာရှည်ပေါ် လှဲချပါတယ်။ သူ့နှုတ်ဖျားမှ စကားတစ်လုံးမှမထွက်သလို ကျွန်တော်တို့နှစ်ယောက်သား မိနစ်အတော်ကြာအောင် အသံတိတ် ထိုင်နေကြတယ်။ သူ စိတ်စနိုးစနောင့်မဖြစ်အောင် ကျွန်တော်ကပဲ စကားစပြောရတာပေါ့။ “ငါ အဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး ကိုဇင်ရယ်”


ကျွန်တော့်လက်အစုံကို သူ့နှုတ်ခမ်းစီ ဆွဲယူပြီး အနမ်းပေးသလို သက်ပြင်းရှည်ကြီးတစ်ချက် ချတယ်။ “ငါသိပါတယ်….ဒါပေမယ့်….fuck”

        

ရင်ချင်းအပ် ထွေးဖက်လျက် သူ့နောက်ကျောပြင်လေးကို အသာအယာပွတ်သပ်ပြီး ပြောစကားလေးတွေကို နားဆင်ပေးတာပဲ ကျွန်တော် လုပ်ရပါတယ်။ သူ့စိတ်ခံစားချက် သူပြောချင်တာလေးတွေကို ပြောခွင့်ပေးတာမျိုးနဲ့ နားဆင်ပေးတဲ့ အခိုက်အတန့်လေးပါပဲ။ “ငါ သူငယ်ချင်း တွေကို နှုတ်ဆက်ပြီး မင်းကိုလိုက်ရှာချိန် မင်းနဲ့ သူရစကားအကြာကြီးပြောနေကြတာ မဟုတ်လား။ သူရက မင်းကို ပခုံးဖက်ပြီး ကဂျိုးကဂျောင်လုပ်နေချိန်နဲ့ ကွက်တိရောက်လာမိတာမို့”


ကျွန်တော် သူ့ပါးပြင်ကိုမြတ်မြတ်နိုးနိုးအနမ်းပေးပြီး ပြောစကားကို စူးစိုက်နားဆင်ပေးခဲ့တယ်။ “မင်း နာကျင်တာမျိုး တခုခုဖြစ်တာမျိုး မကြုံရတာ ငါဝမ်းသာတယ် baby, ဒါပေမယ့် သည်လိုမကြုံခင် ငါရောက်မလာမိတာတော့ ဒေါသထွက်တယ်။ ငါ သည်ကောင့်မျက်နှာကို စုတ်ပြတ်သတ်သွားအောင် ထိုးပစ်သင့်တာ”

   

ဖြစ်ပျက်ခဲ့တဲ့ကိစ္စမှာ ကိုဇင့်ဘက်ကတွေးရင်မှန်ပါတယ်။ ဒေါသထွက်သင့်တယ်လေ။ ဒါပေမယ့် သည်အခိုက်အတန့်မှာ ကျွန်တော် ပိုစိုးရိမ်မိတာက စိုးရိမ်ကြောင့်ကြစိတ်ဖိစီးမှုများနေခဲ့တဲ့ သူ့အသွင်အပြင်ကိုပါ။ ဒါကြောင့် သူ့ပခုံးနှစ်ဖက်ကို ဆွဲကိုင်ဖက်တွယ်ပြီး အချိန် အတော်ကြာအောင် အသာအယာထိန်းထားပေးခဲ့ပါတယ်။


“မင်းသာ သူ့ဦးခေါင်းကို လက်သီးနဲ့ပစ်ထိုးလိုက်လို့ကတော့ လူနာတင်ယာဉ်ချက်ခြင်းခေါ်ပေးရလောက်တယ်။ ခန္ဓာကိုယ်ချင်းယှဉ် ကြည့်ပါဦးဟ”


ကျွန်တော့်ပြောစကားကြောင့် ကိုဇင့်ဆီက ရယ်သံအနည်းငယ်ထွက်လာပါတယ်။ ကျွန်တော့်မျက်နှာကို အတန်ကြာစိုက်ကြည့်နေပြီးမှ သူ့ရင်ခွင်ထဲ ဆွဲဖက်လျက် နှုတ်ခမ်းများကို မွတ်သိပ်စွာအနမ်းပေးတယ်။ နည်းနည်းကြာမှ ပုံမှန်လေသံနဲ့ စကားတဖောင်ဖောင် သူ ပြန်ပြောလာတယ်။ ကျွန်တော့်အပေါ် ပြုမူတဲ့အမူအကျင့်ကိစ္စနဲ့ပတ်သက်ပြီး ကိုသူရနဲ့ မကြာခင်စကားပြောရဦးမယ် အပြတ်ဖြတ်သင့် ဖြတ်ရမယ်တဲ့။ ကိုဇင်က အမှန်တကယ်တော့ စိတ်ထားကောင်းလွန်းသူပါ။ အခုလည်း ပေါင်းလာတာကြာပြီဖြစ်တဲ့ သူငယ်ချင်းမို့ အတော်စိတ်ထိန်းပြီး နေနေရတဲ့ပုံ။ ကိုဇင့်ကို ပိုင်ဆိုင်ခွင့်ရတဲ့ ကျွန်တော်ဟာ ကံကောင်းလွန်းသူပါ။


“ငါက အရမ်း Hot တာပဲတဲ့ သူကပြောတယ်လေ။ အဲတော့ ငါက ဘယ်လိုအတွန့်တက် အပစ်တင်လို့ရမှာတဲ့လဲ ဟုတ်တယ်ဟုတ်” ကိုဇင့် စိတ်နည်းနည်းပေါ့ပါးသွားစေကြောင်း ကျွန်တော်ကြိုးစားခဲ့ပါတယ်။


အပေါ်ကစကားကို ရယ်သွမ်းသွေးပြီး ကိုဇင့်ကို ပြောလိုက်ပေမယ့် သူလိုက်မရယ်ပါဘူး။ ကျွန်တော့်မျက်ဝန်းတွေကို ပြန်စိုက်ကြည့်နေခဲ့တယ်။


“ဒါ ဟာသမဟုတ်ဘူး….ဆက်အောင်”


ကျွန်တော် သူ့ပါးပြင်ကို အနမ်းတစ်ချက်ပေးလျက် တောင်းပန်စကားဆိုလိုက်ပါတယ်။ ယခင်ကာလများ သူစိတ်မကြည်ရင် သည်လို အရွှန်း ဖောက်စကားလေးတွေပြောပြီး စိတ်ပြေအောင်လုပ်ခဲ့ရတာမို့ သည်တခါလည်း အလုပ်ဖြစ်မယ်ထင်တာပေါ့။ ကျေးဇူးတော်ပါပဲ….ကျွန်တော့် အနမ်းများကြောင့် တင်းနေတဲ့ သူ့မျက်နှာပြေလျော့သွားပြီး ကျွန်တော့်ကို ပြန်လည်နမ်းရှိုက်လာတယ်။


များမကြာခင်မှာ နှုတ်ခမ်းကိုအနမ်းပေးနေခြင်းအား အနားပေးလျက် ကျွန်တော့်ရင်ခွင်ထဲကို သူ့ဦးခေါင်းအားတိုးဝင်မှီတွယ်ကာ “သည်ကောင်က တကယ့်ငရှုပ် ငယုတ်တစ်ယောက်ပဲကွာ” လို့ ခပ်တိုးတိုးရေရွတ်ပါတယ်။

        

“ဒါပေမယ့် သူပြောတာမှန်တယ်။ သည်နေ့ည မင်း အရမ်း sexy ကျနေတယ် ဘေဘီရာ” သည်လို ဒရမ်မာခင်းတဲ့စကားလေးတွေ ပြောလာပုံအရ သူစိတ်ပြေသွားပုံရတယ်။ ခိကနဲ ကျွန်တော်ရယ်မိတော့ သူ့ဆီက နှစ်လိုလက်ရ ရယ်မောသံတွေထွက်လာပါတယ်။ အင်း….ရယ်သံခဏပြန်တိတ်သွားအောင် အနမ်း session ဆက်ယူမိကြတော့ “ဟာ….လုပ်ပြန်ပြီကွာ မင်းကလည်း” လို့အသံထွက်ပြန်ရော။ သူ့နှုတ်ခမ်းအောက်သားကို အသာကိုက်ခဲလိုက်တာမို့ပါ။


ကိုဇင် တယောက် အနမ်းကြောကြာရှည်ရုံနဲ့ မရပ်တန့်တော့ပါဘူး။ အသက်ရှူဖို့ တစ်စက္ကန့်လောက်သာ အနားပေးပြီး ကျွန်တော်တို့နှုတ် ခမ်းသားတွေ သော့ခတ်ထားသလို ဂဟေဆက်ကြတယ်။ သူ့ရင်ခွင်ကျယ်ကြီးထဲ ထွေးဖက်ထားပြီး အသေအချာအနမ်းပေးသလို အပြန်အလှန် စစ်ဆေးတဲ့အကြည့်နဲ့ ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်နေတာ ရင်ထဲမှာ တလှပ်လှပ်ခုန်နေရရော။ ကျွန်တော် ညည်းညူတာ အတွန့်တက်ပြောဆိုတာ မလုပ်နိုင်ဘဲ သူ့ပြုသမျှ နုနေမိပါတယ်။ ဟုတ်တယ်လေ ကျွန်တော် ဘယ်လိုငြင်းဆန်ရပါ့မလဲ။ သမန်းဝံပုလွေ တစ်ကောင်လို cosplay ဝတ်စားပြင်ဆင်ထားတဲ့ ကောင်ချောလေးဟာ ကျွန်တော့်မျက်နှာအပေါ်ကို အုပ်မိုးနမ်းရှိုက်တာ လည်မျိုထဲတိုင် သူ့လျှာကြီးဝင်လာတော့မယ့်အတိုင်းပြုမူနေသည်မို့ အား….ဘယ်လိုပြောရမှန်းမသိဘူး ခံစားချက်ကြီးက။ Yes, please.

        

မွတ်သိပ်ပြင်းထန်တဲ့ အနမ်းကြီးကို အတန်ကြာနမ်းပြီးမှ  နှုတ်ခမ်းများကို ပြန်ခွာလိုက်ချိန်မှာ ကျွန်တော့်အသက်ရှူမှုတွေကို ကိုဇင် စုပ်ယူသွား သလို ခံစားရပါတယ်။ စူးစိုက်ကြည့်နေတဲ့ သူ့အကြည့်ရယ် အသက်ရှူသွင်း ရှူထုတ်သံကျယ်ကျယ်ရယ်က အခန်းထဲမှာ သီးသန့်ဆန်နေ တယ်။ အရည်လဲ့နေတဲ့ သူ့မျက်ဝန်းများဟာ ကျွန်တော့်မျက်လုံးတွေကို တည့်တည့်ကြည့်နေသလို ကျွန်တော်ကလည်း အလားတူပြန်လည် ငေးကြည့်မိပြီး ဘာစကားမှမပြောမိကြပါဘူး။ တပ်မက်တောင့်တလွန်းတဲ့ အာသီသတွေ သူ့မျက်ဝန်းထဲမှာပြည့်နှက်သယောင် ဖြစ်နေပေမယ့် ကျွန်တော့်မှာ ကြိုဆိုငံ့လင့်ရမလား ထိတ်လန့်ရမလားအသွင်ပေါက်နေမှာ သေချာတယ်။ ကျွန်တော့်တို့ရှိနေတဲ့ ဧည့်ခန်းဆောင်ရဲ့ ပြတင်း တံခါးက တဝက်တပျက်ပွင့်နေတာကြောင့် အေးမြလတ်ဆတ်တဲ့ ညလေညှင်းတွေဟာ သိသိသာသာပြေးဝင်နေကြတယ်။ ရင်ခုန်မှုကြောင့် ရော ပတ်ဝန်းကျင်ရဲ့အေးမြမှုကြောင့်ရော ကျွန်တော့်အရေပြားပေါ်မှာ ကြက်သီးမွှေးညှင်းများ ခေါင်းထောင်ထလာတယ်။ ဘယ်လို အကြောင်းအရာ ဖြစ်ပျက်နေပါစေ ကိုဇင် ကျွန်တော့်မျက်နှာကို စိုက်ကြည့်နေတဲ့အကြည့်က ရွေ့မသွားဘူး။


        "I need to fuck you, ဆက်အောင်လေး.." သူအနားနားကပ်ပြောတဲ့ လေသံက တိုးညှင်း ညင်သာသော်လည်း သြဇာကြီးမားပြီး လွှမ်းမိုးချုပ်ကိုင်စွမ်းတယ်။


ဆိုဖာရှည်ပေါ် ပက်လက်ကလေးလှဲလျောင်းလျက် အပေါ်ကအုပ်မိုးထားတဲ့ ကျွန်တော့်ချစ်သူရည်စားကို မော့ကြည့်ရင်း မွတ်သိပ်တပ်မက် စရာအနမ်းတွေဖလှယ်ကာ အပြုံးတဝေေ၀ မျက်နှာပေးပဲပြနိုင်ပါတယ်။ ကျွန်တော် ကိုဇင့်ကို အလိုရှိဆုံး အလိုအပ်ဆုံးပါပဲ။ ကျွန်တော့်ကို အင်္ဂလန်ပို့မယ့်ကိစ္စကို လိုချင်တယ် တကယ်။ ဝတ်စားပြင်ဆင်ထားတဲ့ အဝတ်အစားပုံစံတွေက နှစ်ဦးသားအပြန်အလှန် စွဲဆောင်မှုပြင်းထန် စိတ်ထကြွစေတာအမှန်ပဲ။ အရင်တုန်းကတော့ ကျွန်တော် roleplay ကိစ္စ သိပ်စိတ်မဝင်စားဘူး။ ကိုဇင်မှရယ်မဟုတ်ဘူး အဲသလိုအပြောင်း အလဲလုပ်ရင် လှိုက်လှိုက်လှဲလှဲ ခံစားချက်မျိုးရပါ့မလား ကျွန်တော်သိချင်မိတယ်။ ကိုဇင် ဝတ်စားဆင်ယင်မှုအရ သူ့ရင်အုပ်က အမွှေးနုများ ကိုမြင်နေရတာကြောင့် ကျွန်တော်မငြင်းဆန်နိုင်အောင် ပျော့နေတယ်။ ငြင်းလိုက်ရမလား။ အခွင့်အလမ်းရတာမှန်ပေမယ့် ကျွန်တော် အနေ မတတ်မှုကြောင့် ပျော်ရွှင်စရာခံစားချက်တွေ အလဟဿဖြစ်သွားမလားလည်း စိုးရိမ်တယ်။


ကိုဇင့်ကို ကျွန်တော့်ရင်ခွဲထဲဆွဲဖက်လျက် သူ့နားရွက်အနားမှာ တိုးတိုး တိုးတိုး ချစ်စကားဆိုရင်း ပါးစောင်က မွှေးညှင်းစိမ်းများကြောင့် စိတ်ထဲ ကလိကလိဖြစ်ကာ အနမ်းတစ်ချက်ပေးလိုက်ရင်း "Fuck me then, Wolf Man." လို့။


ကိုဇင်က အခန်းပတ်ဝန်းကျင်အခြေအနေကို တချက်ဝေ့ကြည့်ပြီး သူ့ခန္ဓာကိုယ်ကို အနည်းငယ်ခါရမ်းပစ်တယ်။ သူပြုမူလိုက်ပုံကြောင့် ကျွန်တော့်မှာ သဘောတွေကျကာ ရယ်မောမိပါတယ်။ သူလည်း ကျွန်တော်နဲ့အတူ လိုက်လံရယ်မောသေးတယ်။ သည်လိုအပြုအမူ စနောက်မှုလေးတွေဟာ ဖန်တရာတေပြီး မဲပြာပုဆိုး ဆိုသော်ငြား ကျွန်တော်တို့နှစ်ဦးအတွက်ကတော့ မရိုးနိုင်တဲ့ အခိုက်အတန့်လေး တွေ ပိုင်ဆိုင်ရချိန်ရဲ့ သင်္ကေတပါပဲ။ တသိမ့်သိမ့် ဒွန်ပေါ့။


“ဒါဆို….ကောင်းပြီ….သွေးစုတ်ဖုတ်ကော်ကြီးရဲ့ -င်ကို marking ရာပေးရတော့မယ်…ဟာ ဟ” ရယ်မောရင်းမှ မျက်ဝန်းထောင့်မှာစို့ထွက်လာ သော မျက်ရည်စအချို့ကို သူသုတ်ဖယ်လိုက်ကာ နှစ်လိုလက်ရ ပြုံးပါတယ်။


သူရယ်မောတဲ့အတိုင်း လိုက်လံရယ်မော အသံပြုချင်ပေမယ့် ကိုဇင်က ကျွန်တော့်နှုတ်ခမ်းသားအစုံကို ဖိကပ်နမ်းရှုံ့တာကြောင့် အသံတိတ် နေရတယ်။ နှစ်ဦးသား ခန္ဓာကိုယ်ချင်း ထိတွေ့ပွတ်သပ်မှုအပြင် နှုတ်ခမ်းသားအစုံသာမက လျှာဖျားချင်းကော စစ်ခင်းကာ အားပြိုင်မိပါတယ်။ ခန္ဓာကိုယ်တောင့်တင်းပေမယ့် နုညံ့တဲ့ သူ့အသားအရေရယ်၊ နမ်းရှိုက်လိုက်တိုင်း ရတတ်တဲ့ ကိုယ်သင်းနံ့တွေက ကျွန်တော့်စိတ်ကို မရိုးမယွ စိတ် အမြဲဖြစ်စေတာပါ။ ကိုဇင့် တိုက်ခိုက်မှုစွမ်းရည်များက တိုးတက်ဖွံ့ဖြိုးလာတော့ ကျွန်တော် မသိမသာအရှုံးပေးနေရပြီ။ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ပျော်ပါတယ်။ ပါးစပ်ထဲတရစ်ခြင်းတိုးဝင်လာတဲ့ သူ့လျှာနွေးနွေးကြီးကို အသာအယာစုပ်မျိုရင်း ငြိမ်သက်နေရတာပါ။ မိနစ်အနည်း ငယ်အကြာမှာတော့ တစ်ယောက်ဝတ်ဆင်ထားတဲ့ အဝတ်အစားကို အခြားတစ်ယောက်က ချွတ်ပြုပေးခဲ့ကြတယ်။ ကိုဇင့်ကို အဝတ်အစား ချွတ်ပေးရတာ သည်တခါအလွယ်ဆုံးပဲ။ သူ့ရဲ့ varsity jacket နဲ့ torn jeans တစ်စုံက ပြောရတာတောင်ကြာဦးမယ် ဖျက်ကနဲ ခန္ဓာကိုယ် ပေါ်ကပျောက်သွားတယ်။ မလင်းတလင်းအခန်းမီးရောင်အောက် ခပ်ကျယ်ကျယ်ရင်အုပ်နဲ့ ဗိုက်ကြွက်သားအံစာတုံးတွေကို သူ မကြွားတကြွားလေးပြပါရော။ ကျွန်တော်ဝတ်ဆင်ထားတဲ့ အဝတ်အစားက အလွှာအထပ်ထပ်မို့ အချိန်ခဏယူရပေမယ့် ကိုဇင့်ခမျာ မညည်းမညူ ချွတ်ပေးရှာတယ်။

        

ကျွန်တော်ဝတ်ဆင်ထားသမျှ ချွတ်ပြုဖယ်ရှားဖို့ သူကြိုးစားရင်း ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို တို့ထိလျက် နှုတ်ခမ်းများဖြင့် အနမ်းပေးကာ အတန်ကြာ ပွေ့ဖက်ပါတယ်။ အလိုက်သင့်ချွတ်ရလွယ်အောင် နေပေးရတာ မခက်ပေမယ့် သူ့အနမ်းနဲ့တို့ထိမှုကြောင့် တကိုယ်လုံး ကြက်သီးမွှေးညှင်းထတာ စိတ်ထဲ ကလိကလိခံစားရတာမျိုးကိုတော့ တားလို့မရခဲ့ပါဘူး။ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှ နောက်ဆုံးအဝတ်ကို ချွတ်ပေးပြီး အကုန်လုံး ကြမ်းပြင်ပေါ် ပုံချလိုက်ရော။ သူရော ကိုယ်ရော အဝတ်ပလာကိုယ်တည်းနဲ့ ရင်ချင်းအပ်ပွေ့ဖက်ပြီး မတ်တပ်ရပ် လျက်အနေအထားမှာ အချိန်အတော်ကြာတယ်။ တစ်ယောက်ကိုတစ်ယောက် ငေးမောရင်း နှုတ်ခမ်းခြင်း ထိကပ်နေ နမ်းနေရတဲ့အရသာကို မဆုံးရှုံးချင်ဘူးဖြစ်နေတယ်။ စိုးရိမ်စိတ်မကင်းတဲ့ သူ့မျက်ဝန်းနဲ့ ခဏခဏချသော သက်ပြင်းမောများက ဘာအဓိပ္ပာယ်ဆောင်နေပါလိမ့်။ ကျွန်တော်ကတော့ သူ့ကိုပြန်လည်ပြုံးပြရင်း ကျစ်ကျစ်ပါအောင် ဆွဲဖက်ထားတာပဲတတ်နိုင်တယ်။ ကျွန်တော်လုပ်သမျှ လိုက်လျောနေ သော်လည်း သူလုပ်ဆောင်ချင်တဲ့အရာကို ရှေ့ဆက်ဖို့ ကိုဇင်တယောက် တုန့်နှေးမသွားဘူးရယ်။


သန်မာပြီး လျင်မြန်တဲ့ ကျွန်တော့် သမန်းဝံပုလွေ boyfriend လေးဟာ မြောက်ကနဲနေအောင်ပွေ့ချီလျက် ဆိုဖာရှည်ရဲ့အစွန်မှာ လေးဘက် ထောက်အနေအထားဖြစ်အောင် ပြုလုပ်စေပါတယ်။ ခပ်ကြမ်းကြမ်းပဲ တင်ပါးဆုံမှာ ချိတ်နေဆဲ အတွင်းခံဘောင်းဘီကို ဆွဲဖြဲချွတ်ချလိုက်ပြီး တုန်ခါသွားတဲ့ ကျွန်တော့်တင်သားများအား အငမ်းမရနမ်းရှိုက်တယ်။ ကျောပြင်တလျောက် ပွတ်သပ်နမ်းရှိုက်ပြီး ကျွန်တော့်နားရွက်အနား တိုးကပ်ချိန်မယ့် “ငါ့စိတ်တိုင်းကျ လုပ်ပါရစေကွာ…..မင်းမကြိုက်ရင် မလုပ်စေချင်တဲ့အခါ ရပ်ဖို့ပြောနော်….အိုကေလား” လို့ ခပ်တိုးတိုး ပြောလာတယ်။

 

ကျွန်တော်လည်း သူ့ကိုလည်ပြန်လှည့်ကြည့်တာမျိုး မလုပ်မိဘဲ ပြုံးရယ်လျက်သားနဲ့ ခေါင်းငြိမ့်ပြရုံပဲ တတ်နိုင်တယ်။ လည်တိုင်တဝိုက်ကနေ တဆင့် ခန္ဓာကိုယ်အောက်ပိုင်းစီ ပြန်လျှောချသွားပြီး ကျွန်တော့်တင်သားဆိုင်နှစ်ခုကိုဆွဲကိုင်ဟပြဲကာ ကမ္ဘာပေါ်မှ နောက်ဆုံးညစာကို စားရတဲ့အတိုင်း အငမ်းမရ အတင်းအကြပ် စားသောက်ပါတယ်။ လျှာနွေးနွေးကြီးနဲ့ ထိုးကလော်လျက်ပြုလိုက် သွားနဲ့ တင်သားဆိုင်တဝိုက် ကိုက်ခဲလိုက်နဲ့ တကယ်ကြက်သီးမွှေးညှင်းထရတယ်။ တိတ်ဆိတ်နေတဲ့ အခန်းထဲမယ် သူလုပ်ဆောင်နှိုးဆွကလိနေရာမှ ထွက်ပေါ်လာတဲ့ အသံများကြောင့် ကျွန်တော့်ခရေဝတဲ့ တသိမ့်သိမ့် တယွယွနဲ့ ဘာပြောရမှန်းမသိပါ။


“Your pussy tastes so good," လို့ဒေါမာန်ပါပါ သူပြောရင်း ကျွန်တော့်တင်သားဆိုင်နှစ်ခုကိုဖြဲကာ ခရေဝထဲ မျက်နှာထိုးအပ်ပါရော။ လျှကြီးနဲ့ ခရေဝတဝိုက် လျက်ပြုသလို အတွင်းထဲထိ တွင်းနှိုက်တယ်။ ခန္ဓာကိုယ်အတွင်းပိုင်းထဲထိ ဆေးကြောသန့်ရှင်းတတ်တဲ့ အကျင့်နဲ့အတူ အတွင်းခံဘောင်းဘီကို သန့်နေအောင်ထားတတ်တဲ့ ကိုယ့်ဘာသာကိုယ်ကျေးဇူးတင်ရတယ်။


အချိန်အတော်ကြာတဲ့အထိ ကျွန်တော့်တင်သားဆိုင်တဝိုက် မျက်နှာအပ်ကာ စားသုံးပြီးနောက် ခရေဝထဲမှ လျှာကိုဆွဲထုတ်လျက် လည်တိုင်ကို အနမ်းပေးရင်း သူကိုက်ခဲပါတော့တယ်။ “ငါ မင်းကို အခု အလွန်အကျူးကို -ိုးချင်နေတာ ဘေဘီ”


ကျွန်တော်လည်း လည်ပြန်ငဲ့ကြည့် ခေါင်းအသာငြိမ့်ပြတော့ သူ့မျက်နှာမှာအပြုံးရိပ်ရိပ်ပေါ်သွားသလို “ပြီးမှ အတင်းကာရော ငြင်းဆန်လို့မရ ဘူးနော် ငါ့ကောင်” လို့ မာန်ဖီသလိုပြောလာတယ်။


ကိုဇင် ကျွန်တော့်နားရွက်အနားကပ် မာန်ဖီသလိုအသံပြုရင်း ခါးကိုလက်အစုံနဲ့ထိန်းကိုင်ပါတယ်။ ခပ်ထွားထွားသူ့ငပဲနဲ့တကွ ကျွန်တော့် ခရေဝထဲ ချောဆီများများ သုတ်လိမ်းတာများ တစ်ဘူးလုံးကုန်လောက်မယ်။ ခရေဝထဲ ညှစ်ထည့်လိမ်းကျံတဲ့ ချောဆီရဲ့ အေးမြမှုဟာ ညလေအေးနဲ့အတူ ကျောရိုးထိတိုင် စိမ့်ဝင်လာသလို ခံစားရတယ်။ ဒါပေမယ့် သိနေတယ် များမကြာခင် ပွတ်တိုက်မှု လှုပ်ရမ်းမှုများကြောင့် ပူလောင်အိုက်စပ်လာတော့မယ်ဆိုတာ။ ပြတင်းတံခါးကြားက တိုးဝင်လာတဲ့ အေးစက်စက်ညလေတွေဟာ သည်တခါတော့ ကျွန်တော်တို့ကို အနှောင့်အယှက်မပေးတော့ဘူးရယ်။ ဟုတ်တယ် အထူးသဖြင့် သည်ညပေါ့။


အမွှေးအမျှင်များပိုင်ရှင် ကျွန်တော့်ရဲ့ werewolf boyfriend လေးဟာ အိစက်တုန်ခါနေတဲ့ တင်သားဆိုင်တွေကို မစားသုံးမှီ ပြင်ဆင်မှုလုပ်ပုံ က တကယ်ကြက်သီးထစေတယ်။ ချောဆီတွေရွှဲနေတဲ့ သူ့လက်ချောင်းတွေနဲ့ ခရေဝထဲ တစ်ရစ်ခြင်းထိုးသွင်း နှိုက်ပြု ပွတ်သပ်ပြီး လမ်းကြောင်းဖွင့်သလို ငပဲခေါင်းလေးသာ အသွင်းအထုတ်လုပ်ရင်း တင်းနေတဲ့ကြွက်သားတွေ ပြေလျော့အောင် ကစားပါတယ်။ ဘာပြောနိုင်မှာလဲ ကျွန်တော့်မှာ ညည်းညူသံလေးပြု တကိုယ်လုံး တဆတ်ဆတ်ခါနေရတာ။ ကြက်သီးထသလိုလို မိုးမျှော်တိုက် ခေါင်မိုး ပေါ်မှ ပြုတ်ကျသလိုလိုနဲ့ ရင်ထဲ ခံစားရတာများ မပြောချင်တော့ဘူး။


        "Fuck me, ကိုဇင်" ကျွန်တော့်မှာ ကြောင်ညည်းညူသံလို အသံပြုရင်း "Now."


  ကျွန်တော့်ခါးအစုံကို တင်းတင်းကြပ်ကြပ်ကိုင်ထားတဲ့ သူ့လက်အစုံမှ လက်သည်းတုများက အရေပြားထဲဖောက်ဝင်လုမတတ် နစ်မြုပ် လာသော်လည်း သည်လောက်ကြီးတော့ မနာကျင်ပါ။ (ပါတီပွဲသွားဖို့ပြင်ဆင်ဝတ်စားထားသမျှ အကုန်မဖြုတ်ရသေးတာကြောင့် လက်သည်း တုတွေရှိနေသးတယ်။) သူ့အသက်ရှူသံခပ်ပြင်းပြင်းကို ကြားနေရတဲ့အပြင်  “မင်း ဗိုက်ကြီးသွားအောင် ငါသည်ည -ိုးပစ်မယ်” လို့ပြောသံ ကြောင့် ဟုတ်သော်ရှိ ရယ်ချင်ပက်ကျိ ထိတ်ကနဲဖြစ်ရတယ်။

ကိုဇင်က တစ်ခုခုဆို အမှားအယွင်းမခံရအောင် ပြုမူပြောဆိုနေတတ်သူပါ။ ပူနွေးမာတောင့်နေတဲ့ သူ့ငပဲကြီးကို ကျွန်တော့်ခရေထဲ တရစ်ခြင်း ဖိသွင်းတာ ဆီးခုံမွှေးတွေ တင်ပါးလာကပ်တာခံစားရမှ အဆုံးထိဝင်သွားမှန်းသိရတယ်။ ကျွန်တော့်မှာ ဆိုဖာအစွန်းကို တင်းကြပ်အောင် ဆုပ်ကိုင်လျက် "Fuuuccckkk..." လို့ပဲမြည်သံစွဲအော်ညည်းမိပါတယ်။


      ကျွန်တော့် Boyfriend လေးက Doggy Style အနေအထားမှာ မိနစ်အနည်းငယ်ကြာ လှုပ်ရှားရင်းမှ ကျွန်တော့် ဂုတ်သားပေါ် ငုံ့ကိုင်း အနမ်းပေးလာတယ်။ ဂုတ်သား၊ လည်တိုင်တဝိုက်သာမက ပခုံးသားတွေကိုပါ မက်မက်မောမောအနမ်းပေးရင်း ကျွန်တော့်နို့သီးခေါင်းတွေကို လှမ်းကိုင်ပွတ်ဆွဲတာ အရေပြားပေါ် အစင်းကြောင်းတွေထင်ချင်လည်းထင်ပါစေတော့ အား…။ “မင်းလည်တိုင်ကို တစ်ချက်လောက် အားရ ပါးရကိုက်ရမယ်…..ဖြူဖွေးဝင်းဥနေတာပဲ”


ကျွန်တော့်လည်တိုင်တလျောက် လျှာအပြားလိုက်ကြီးနဲ့ လျက်ပြုတဲ့အပြင် ကျွန်တော့်နားရွက်အပေါက်ဝထဲကို ထိုးကလိပြီး နားရွက်ဖျားကို စိကနဲ စိကနဲကိုက်ခဲပုံက အမလေး….ကြက်သီးထစရာ။ ခရေထဲ ထိုးသွင်းမြုပ်ထားတဲ့ ငပဲကြီးကလည်း ပိုပြီးမာတောင် ပွယောင်းလာ သယောင် ပြည့်ကြပ်လာသလိုခံစားရတယ်။ “မင်း ခရေက စေးကြပ်နေတာပဲကွာ….ဘေဘီလေးရာ”

        

အတန်ကြာ ပွတ်သပ်ကလိနေပြီးမှ ခရေဝထဲ ထိုးမြုပ်ထားတဲ့ သူ့ငပဲကို အထုတ်အသွင်းစတင်လှုပ်ရှားပါတယ်။ အစပထမတော့ ပုံမှန်ပါပဲ…အဲ ခပ်နှေးနှေးပဲအထုတ်အသွင်းလုပ်တယ်လို့ပြောချင်တာ။ သူ့ငပဲကြီးကို တဆုံးထိုးသွင်းလိုက် အကုန်ပြန်ဆွဲထုတ်လိုက်နဲ့ ကျွန်တော့်မှာ အသက်ရှူဖို့မေကသလို မျက်ဖြူဆိုက်လျက် ညည်းသံတိုးတိုးသာပြုနိုင်တော့တယ်။ အားအပြည့်နဲ့ တစ်ချက်ချင်း ထိုးသွင်းလိုက်တိုင်း ကျွန်တော့်ခရေထဲ ငပဲကြီးပြည့်ကြပ်သွားကာ အတွင်းသားတွေကိုပွတ်ဆွဲလိုက်ပုံများ ချောဆီမကူရင် ပွန်းပဲ့နိုင်ပါရဲ့။ များမကြာခင်မှာတော့ အကြင်နာကင်းစွာ တရစပ် ဆောင့်-ိုးပါရော။ ဘေးလူတွေကြားလည်းမတတ်နိုင်ဘူး ကျွန်တော်လည်း အော်ညည်းပစ်တာပဲ။


“မင်း ခရေက ငါ့-ီးကြီးကို ဖျစ်ညှစ်ထားတာ တင်းကြပ်နေရော…..သည်ထက်ပိုကြာကြာညှစ်ထားပေး…မိုက်တယ် မိုက်တယ်…အ” သူကလည်း အားကျမခံ အဲ့သလိုညစ်တီးညစ်ပတ်ပြောပေးတယ်။


သဘောတူလိုက်လျောမိတဲ့အတိုင်းရယ် ကြိုက်နှစ်သက်လာမှုရယ် ချစ်မိတာရဲ့ရလာဒ်ကြောင့်ရယ် သူစေခိုင်းသမျှ  စေတနာပိုပိုနဲ့ ကျွန်တော်လုပ်ပေးပါတယ်။ ကိုဇင်ရဲ့နှုတ်ဖျားမှ ကျေနပ်သံရော အော်ညည်းသံရော ကျွန်တော့်ခရေကြွက်သားနဲ့ငပဲကိုဆုပ်ညှစ် ပေးလိုက်တိုင်း ခပ်ကျယ်ကျယ်ထွက်ထွက်လာတယ်ဗျ။ ကျွန်တော်မသိမသာ လည်ပြန်စောင်းငဲ့ကြည့်လိုက်တော့ ကိုဇင်လည်း မျက်ဝန်းများကို ပိတ်လျက် တိမ်တွေပေါ်လွင့်နေတဲ့အနေအထား တွေ့ရတယ်။ အပြာကားတွေကြည့်ထား  လေ့လာထားသမျှ ဘာရမလည်း ပညာကုန်ပြပေး ရတာပေါ့။

       

ကျွန်တော့် တုန့်ပြန်မှုနဲ့လုပ်ဆောင်ချက်တွေကို သူသတိထားမိသွားပုံရတယ် အသက်ရှူသွင်း ရှူထုတ်တာကို ထိန်းသိမ်းရင်း ဇာတ်သိမ်း အမြန်မရောက်အောင် သူကြိုးစားပါတယ်။ God, ချွေးတွေရွှဲနေတဲ့ သူ့အသွင်အပြင်က အတော်ဆွဲဆောင်မှုပြင်းတာပဲ။


“ဟုတ်တယ်….ဟုတ်တယ် အဲသလိုညှစ်ပြီး….တင်းပါးတွေနောက်ပြန်ဖိကပ် ဆောင့်ချပေးတာကောင်းတယ်….လုပ်ထား… အ..လုပ်ထား…ငါ…ငါ ပြီးတော့မယ်”


ချစ်စရာကောင်းသား။ သူ့လိုအင်ကို လိုအပ်ချက်ကို ပြောပြ တောင်းဆိုတာမျိုး မြင်ရပုံက သည်လိုအချိန်မှာပဲရှိမယ်။ puppy လေးလိုပဲဗျ။ လူထူးဆန်း ကိုဇင်။


“ပက်လက်လှန်လိုက် ဘေဘီ။ ငါတို့နှစ်ယောက်စလုံး ပြီးလို့ထွက်တာကို ကြည့်ချင်တယ်”


သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော့်ခြေအစုံကို သူ့ပခုံးပေါ်ထမ်းလိုက်ကာ လေပေါ်ကြွလာတဲ့ တင်သားထဲကို ငပဲကြီး အားထိုးစိုက်လိုက်ရော။ အနည်းငယ် ခပ်မဲ့မဲ့ဖြစ်သွားသော ကျွန်တော့်မျက်နှာအမူအရာကို အားရသလိုကြည့်ရင်း ရယ်ကျဲကျဲမျက်နှာပေးနဲ့ လုပ်လက်စအလုပ်ကို ဆက်လုပ်တယ်။ မိနစ်အနည်းငယ်ကြာအောင် အကြမ်းဖက်ပြီးမှ ကျွန်တော့်နှုတ်ခမ်းအစုံကို သူညင်ညင်သာသာ ငုံ့နမ်းလာတယ်။ သည်တခါတော့ တကယ့်ကို နုညံ့ငြင်သာတဲ့အနမ်းပါ။ အမွှေးနုတွေဖုံးလွှမ်းနေတဲ့ သူ့ရင်အုပ်ကြွက်သားအစုံဟာ ကျွန်တော့်ရင်ဘတ်ပေါ် မှေးတင်ထားတာမို့ နှစ်ဦးသားရင်ခုန်သံကို အပြန်အလှန်ကြားရတာ အတော်ကျယ်တယ်။ ပူလောင်အိုက်စပ်တာ လည်း မသိတော့ဘူး၊ အခန်းပတ်ဝန်းကျင်ရဲ့တိတ်ဆိတ်နေမှုကိုလည်း သတိမထားဖြစ်ဘဲ သည်အချိန် ကျွန်တော့်ခရေထဲကို သူသုက်ရည် ပန်းထည့်လိုက်လည်း သတိပြုမိမှာမဟုတ်ဘူးရယ်။ ကိုဇင်က အခြားအစီအစဉ်ရှိတယ်ဗျ။ နမ်းနေတဲ့အနမ်းကို ရုတ်သိမ်းလိုက်ရင်း ကျွန်တော့် ဒူးအစုံကို ထိန်းကိုင်ကာ ရင်အုပ်စီတွန်းကပ်ဖိထားပြီးမှ ငပဲကြီးကို ခရေထဲ တဆုံးပြန်ထည့်လျက် အထိုးအနှုတ်အရှိန်ကိုပြောင်းပါတယ်။


ကျွန်တော့်ရဲ့ချစ်လှစွာသော boyfriend က သူ့စိတ်ကြိုက် လှေလှော်နိုင်တာမို့ အစွမ်းကုန်လှော်သလို ကျွန်တော့်မှာလည်း မျက်ဖြူစိုက်လေ ဆရာကြိုက်လေအနေအထားရောက်နေပါတယ်။ မွတ်သိပ်ပြင်းပြင်လှတဲ့ အနမ်းတွေအပြင် ခန္ဓာကိုယ်ခြင်း ပွတ်သပ်ရိုက်ခပ်သံတွေက စည်းချက်ကိုကျလို့ပါပဲ။ ကိုဇင့် ခန္ဓာကိုယ်အပေါ်က ချွေးစက်တွေ ကျွန်တော့်ကိုယ်ပေါ် စီးကျသလို ကျွန်တော့် ခန္ဓာကိုယ်မှ ချွေးစက်များ မှာတော့ ဆိုဖာအခင်းပေါ် ရွှဲစိုနေစေရော။ “မင်း သောက်ရမ်းလှတာပဲ ဘေဘီ”


ကျွန်တော် ဘာစကားမှ ပြန်မဆိုဘဲ အသာအယာသာ ပြုံးပြရင်း သူ့ရင်အုပ်နဲ့ ဝမ်းဗိုက်ကြွက်သားပေါ်မှ  ချွေးစက်တွေကို လက်နဲ့သုတ်သင် ဖယ်ရှားနေလိုက်တယ်။ “ကြည့် ဘယ်သူက ဘာစကားပြောနေလို့လဲ”


မှတ်ချက်စကားကြောင့် ကျွန်တော့် boyfriend ရဲ့မျက်နှာမယ် အပြုံးအချို့ပေါ်လာပြီးနောက် ခန္ဓာကိုယ်လှုပ်ရှားမှုအရှိန်မြင့်တက်သလို ခပ်ကြမ်းကြမ်းလည်း လှော်ပါတော့တယ်။ ကြီးများရှည်လျားတဲ့ သူ့ငပဲကြီး ကျွန်တော့်ခရေထဲ လျောတိုက်ဝင်ချက်က မီးပွင့်မတတ်သွက် လက်နေသလို ဆီးခုံနဲ့ ကျွန်တော့်တင်သားရိုက်ခတ်သံက အတော်ဆူညံနေတယ်။ ကျွန်တော့်မှာ ငယ်သံပါအောင် အော်မညည်းဖို့ ကြိုးစားရင်း သူကြားအောင်တော့ ညည်းညူရပါတယ်။     


ခန္ဓာကိုယ်ချင်း ရိုက်ခတ်သံတွေ ပိုကျယ်လောင်လာသလို ကျွန်တော်တို့နှစ်ယောက်သားရဲ့ အသက်ရှူသံတွေဟာလည်း အချိန်နဲ့အမျှ မြင့် တက်လာတယ်။ ကိုဇင့်ပုံစံက မကြာခင် အထွဋ်အထိပ်ရောက်ပြီး ဇာတ်သိမ်းတော့မယ့်ဟန် ပေါက်လာသလားဆိုရင် ကျွန်တော်လည်း ထို့အတူပါပဲလို့ပြောရမယ်။ သူထိန်းချုပ်ထားနိုင်စွမ်း အစွန်ဆုံးကို ရောက်နေမှန်း ကျွန်တော်ရိပ်မိတယ်။ အသာအယာထိန်းသိမ်း ထွေးဖက်မှုဟာ ကျစ်ကျစ်ပါအောင် ဖက်တွယ်လာပုံပြောင်းတော့ မကြာခင် သုက်ရည်လက်ဆောင် အမြောက်အများ ကျွန်တော်လက်ခံရရှိ တော့မယ်ပေါ့။


        "Fuck, fuck, fuck," ဆိုတဲ့စကားသံက အမြင့်သံမှ အနိမ့်သံသို့ ကျသွားရင်း သူ့ရင်အုပ်ကြီးနဲ့ ကျွန်တော့်ရင်ခွင်ထဲဖိကျလာပါတယ်။ နုညံ့တဲ့ သူ့ရင်အုပ်အစုံက အမွှေးနုများမှ ပေးတဲ့ ခံစားမှုများဟာ ကျွန်တော့်လိင်စိတ်ကို ပိုမိုထက်သန်စေတယ် ထန်စေတယ်ဆိုရင် ယုံမလား။


ကျွန်တော့် အော်ညည်းသံဟာ သူနဲ့ တပြိုင်နက်တည်းမဟုတ်ခဲ့သော်လည်း ကျွန်တော်တို့နှစ်ယောက်သားရဲ့ စိတ်ဆန္ဒအဆုံးစွန်ထိ ချီတက်ပုံက ထပ်တူထပ်မျှမို့ စိတ်ကျေနပ်ပါတယ်။ ကိုဇင်က ကျွန်တော့်လည်တိုင်နဲ့ မျက်နှာတဝိုက်ကို သူ့မျက်နှာကြီးနဲ့ပွတ်သပ်ရင်းမှ လည်တိုင်နဲ့ ပခုံးအစုံအား နုညံ့ငြင်သာစွာ အနမ်းဖွဖွပေးလာတယ်။ ကျွန်တော့်ခရေဝထဲ ကိုဇင့်ငပဲကြီး ထိုးသွင်းလိုက် ထုတ်ပြုလိုက် လုပ်ငန်းစဉ်က အမျှင်မပြတ်သေးသော်လည်း စည်းချက်တော့ မကျဘူးရယ်။ အင်း….များမကြာခင် သူ့လိင်စိတ် အထွဋ်အထိပ်ရောက်တော့ မှာပါလား။

        

ကျွန်တော်လည်း သူ့ကိုယ်လုံးကြီးကို လက်နှစ်ဖက်နဲ့ ရစ်သိုင်းပွေ့ဖက်ပြီး မဖြုတ်ရသေးတဲ့ လက်သည်းတုများနဲ့ ကျောပြင်အနှံ့ကုတ်ခြစ် ခဲ့ပါတယ်။ ကုတ်ခြစ်တာက သိပ်မပြင်းထန်ပေမယ့် အသားဖြူတဲ့ သူ့အရေပြားမှာ အစင်းကြောင်းတွေ ကျန်ခဲ့မှာသေချာတယ်။ ကျွန်တော်က သူ့ကို ဒါ့အတွက် တောင်းပန်စကားဆိုသော်ငြား အဲတာကပဲ ပိုထန်စေတဲ့အထာဖြစ်သွားတယ်။ ကျွန်တော့် ဦးခေါင်းတခုလုံး တိမ်တွေပေါ် လွင့်နေတဲ့ ငါလေပေါ့။ နှစ်ဦးသား စိတ်ကျေနပ်သာယာမှုအတွက် ပတ်ဝန်းကျင်ကို ဂရုမထားမိတဲ့အချိန်ပြန်ဖြစ်သွားရပြန်ရော။ သူ့ပခုံးတွေ ရင်အုပ်တွေမှာ ကျွန်တော့ သွားရာတွေ ထင်းသွားတဲ့အပြင် ကျွန်တော့်ရင်အုပ်အစုံမှာလည်း lovebites အနည်းငယ်မြင်သာအောင် ပေါ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် ကိုက်ခဲ နမ်းရှုံ့လိုက်ကြတာ ကျေနပ်သာယာတဲ့ အော်ညည်းသံတစ်ချက်ကြားလိုက်ရပြီး တစ်စုံ တစ်ဦးရဲ့ ဇာတ်သိမ်းမှုကို အသိ သတိကပ်သွားတယ်လေ။ ကိုဇင်ပေါ့။


“Fuck ….ဆက်အောင်….ငါ…ငါပြီးတော့မယ်….ငါ ပြီးတော့မယ်” သူ့ငပဲကို ကျွန်တော့် ခရေထဲ အထုတ်အသွင်းလုပ်တဲ့အရှိန် လျှပ်စီးလက် ရင်း ပါးစပ်က အော်ညည်းနေတာ။


“Cum in me!” ကျွန်တော်လည်း limit ထိပြီမို့ ပြိုင်တူနီးပါး အော်ညည်းရင်း တောင်းဆိုရပါတယ်။


“ဟုတ်တယ်….သောက်ရမ်းမိုက်တယ်……ငါ ပန်းထည့်ပစ်မယ်….ဘေဘီ”


စကားလည်းပြောရင်း ကျွန်တော့်နှုတ်ခမ်းအစုံကိုလည်း ဖိကပ်နမ်းချိန် ခရေအတွင်းပိုင်းမယ် နွေးကနဲ နွေးကနဲ ခံစားလိုက်ရပါတယ်။

        

ကိုဇင် သုက်ရည်အကုန်ပန်းထည့်ပြီးချိန်မယ် ကျွန်တော်သည်လည်း ထိန်းထားသမျှ ပန်းထုတ်လိုက်တာ နှစ်ဦးသားခန္ဓာကိုယ်ကြား ရွှဲစို စေးကပ်ကုန်ပါရော။


        "FUUUCCCKKK!" ကိုဇင်က ဝံပုလွေလို အူသံပြုလိုက်တယ်။


*


ကျွန်တော်တို့နှစ်ယောက်စလုံး အသက်ရှူမှန်အောင်ရယ် ပြီးတော့ တစ်ချက်တည်းနဲ့ကျင်းဝင်အောင် စွမ်းရည်ပြဖို့ရယ် ကြိုးစားခဲ့ကြပါတယ်။ ဒါက စုံတွဲတိုင်းသိတဲ့ အထာစကားလုံးပါ။ ကိုဇင်က သူ့ငပဲကြီး ရာနှုန်းပြည့်ပြန်ပျော့မသွားခင် ကျွန်တော့်ခရေထဲမှ အသာအယာဆွဲထုတ်ခဲ့ တယ်။ သည်အခိုက်အတန့်လေးမှာတော့ ကျွန်တော့်ခရေဝဟာ ဟစိ ဟစိ ဖြစ်ရသလို ကိုဇင်ရဲ့သုက်ရည်အများအပြား ပြန်လျှံထွက် သွားတယ်လေ။ “Wow ….အများကြီးပဲကွာ”


သူ အားရပါးရပြုံးပြီးနောက် တခစ်ခစ်အသံထွက်ရယ်မောသလို ဦးခေါင်းကိုအနည်းငယ်ခါရမ်းလျက် ကျွန်တော့်ကို ဆွဲဖက်ပြီး အနမ်းပေးပါတယ်။   


“အရာအားလုံးအတွက် ကျေးဇူးကွာ ဘေဘီ”

“ငါလည်း ကျေးဇူးတင်ပါတယ်….ဒါပေမယ့် ခြစ်ရာကုတ်ရာတွေအတွက်တော့ ဆောရီးကွာ”

“အဲသလိုလုပ်တာ မိုက်တယ်…တောင်းပန်ဖို့မလိုပါဘူး” သူ့ခမျာရယ်ကျဲကျဲနဲ့ ကျွန်တော့်ပါးပြင်ကို အတန်ကြာနမ်းရှိုက်ပါတယ်။


တစ်ယောက်ကို တစ်ယောက် ရင်ချင်းအပ်ပွေ့ဖက်ထားပြီး ဘာအသံမှမပြုဘဲ မိနစ်အနည်းငယ်ကြာတဲ့အထိ ငြိမ်သက်နေခဲ့ကြတယ်။ ကျွန်တော့်အနေနဲ့ ကျေနပ်အားရသလို ကိုဇင်သည်လည်း စိတ်ဆန္ဒပြည့်ဝလျက် ကျေနပ်နေပုံရပါတယ်။ သည်လို ဘာပြဿနာမှမဖြစ် ဇာတ်သိမ်းကောင်းအောင် စွမ်းဆောင်မိကြတဲ့ ညမို့ ကျွန်တော်ဝမ်းသာတယ်။ ပါတီပွဲတက်စဉ်မှာ အခြေအနေသိပ်အဆင်မပြေခဲ့သော်လည်း ပါတီပွဲပြီး အိမ်မှာနှစ်ယောက်သားဆင်နွှဲတဲ့ပါတီကတော့ မယုံကြည်နိုင်လောက်အောင် ပြည့်စုံတယ်။ အကောင်းဆုံး ညတစ်ညလို့ ကျွန်တော် ပြောမယ်။

        

ကျွန်တော့် boyfriend လေးကို နောက်တစ်ကြိမ်ပြန်နမ်းရှိုက်လိုက်ရင်း သူ့အားပြုံးကြည့်နေခဲ့မိပါတယ်။ “မင်းကို ငါအများကြီးချစ်တယ် ကိုဇင်”


သူ့မျက်ဝန်းထဲမှာ ကျေနပ်ကြည်နူးမှုအပြည့်နဲ့ ပြန်ငုံ့ကြည့်ပြီး “I love you more, baby” တဲ့။

        

နောက်တော့ သူ ဆိုဖာပေါ်က ထရပ်လျက် ကျွန်တော့်ခြေအစုံ ဒူးကောက်ကွေးအောက် လက်တစ်ဖက်လျိုသွင်းသလို ကျောပြင်အောက်ကို လည်း နောက်လစ်တစ်ဖက်လျှိုသွင်းပြီး ပွေ့ချီမပါတော့တယ်။ “အိပ်ခန်းထဲသွားကြမယ်။ နောက်တစ်ချီဆွဲကြမယ် ဘယ်လိုလဲ”


ကျွန်တော်လည်း အားရပါးရယ် ရယ်မောရင်း သူ့နှုတ်ခမ်းအစုံကို အငမ်းမရအနမ်းပေးလိုက်တယ်ဗျ။


        "Happy Halloween, you dog."



Alex Aung (2 September 2025)



The End