Monday, October 3, 2011

Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း

Sun, Sep 11, 2011 at 2:49 PM

ကျွန်တော့် နာမည် (့) ပါ။ အသက်က၂၆ နှစ် ရှိပါပြီ။ ကျွန်တော့်မှာ
လိင်အင်္ဂါံ ကွေးကောက်တဲ့ရောဂါ Peyronies disease ဖြစ်နေပါတယ်။
မှတ်မိတဲ့အရွယ်ကတဲကပါ။ လူပျိုစစ်စစ်ပါ။ နောက်ပြီး သူများတွေရဲ့ လိင်တံလို
ဖြောင့်စင်းပြီး မာထောင်နေတာကို အားကျတယ်။ Sedora လည်းသောက်ဘူးပါတယ်။
အဲဒါတောင် တအားမာထောင်နေအောင် မဖြစ်ဘူး။ ဘာဆေးသောက်ရမယ်၊ လိမ်းရမယ်ဆိုတာ
ညွန်ကြားပြပါ။ နောက်ပြီတော့ အချိန်ဘယ်လောက်ကြာမယ် ဘယ်လောက်ကုန်မယ်
ဆိုတာလည်း ပြောပါ။ ဆေးကလည်း မြန်မာပြည်မှာရော ၀ယ်လို့ရလားခင်ဗျာ။
Serracor NK ကို ကြားဘူးလို့ပါဆရာ။ အဲဒါ ဒီမှာဝယ်လို့ မရဘူး။

Peyronie's disease (ပါရိုနိစ်) ရောဂါကို ၁၇၄၃ ကတည်းက ပြင်သစ်ဆရာဝန်
François de la Peyronie ကနေ စတွေ့ခဲ့လို့ ဒီနာမည် ပေးတယ်။ အရင်က
Erectile dysfunction (ED) ပန်းသေ-ပန်းညှိုးလို လိင်တံသန်မာနှု
ချို့ယွင်းခြင်းလို့ သတ်မှတ်ခဲ့တယ်။ အခု အဲလို မဟုတ်တော့ပါ။

ကျား-လိင်အင်္ဂါအထဲမှာ အမာရွတ်လို Plaque ဒါမှမဟုတ် Hard lump မာနေတဲ့
အစိုင်အခဲ ရှိနေတာမို့ လိင်တံက ကောက်နေတာကို ခေါ်တယ်။ နဲနဲကောက်တာနဲ့
များများကောက်တာ ရှိမယ်။ ဖြေးဖြေးဖြစ်တာနဲ့ မြန်မြန်ဖြစ်တာရှိတယ်။
အင်္ဂါသန်မာမှုဖြစ်ရင် နာတယ်။ ကြာရင် နာတာ သက်သာလာနိုင်တယ်။ ကောက်နေတာ
ကျန်နေတယ်။ လိင်ဆက်ဆံရာမှာ အခက်အခဲရှိလာနိုင်တယ်။ နဲနဲဖြစ်သူတွေမှာ
ပြဿနာမရှိပါ။ ကင်ဆာလဲ မဟုတ်၊ ကူစက်ရောဂါလဲ မဟုတ်ပါ။

လိင်တံရဲ့ အထက်ပိုင်း အပေါ်ပိုင်းမှာ ဖြစ်နေတာများတယ်။ ဒီလိုဖြစ်ရင်
ပစောက်ပုံ ကောက်နေမယ်။ အောက်မှာရှိနေရင် ဂငယ်ပုံ ဖြစ်မယ်။ တချို့မှာ
အပေါ်နဲ့ အောက်မှာပါ ရှိနေတတ်တယ်။ ဒီလိုဆို တိုနေမယ်။ တချို့မှာ
လိင်တံကောက်နေတာ၊ ကောက်နေလို့ စိတ်အလိုမကျဖြစ်တာ၊ ဆက်ပြီး
လိင်စိတ်ပါနည်းလာတတ်တယ်။ စိတ်ဓါတ်ကိုပါ ထိခိုက်လာနိုင်တယ်။

• Congenital curvature မွေးကတည်း၊ ငယ်ကတည်းက နဲနဲ ကောက်နေတာ ရောဂါမဟုတ်ပါ။
• မွေးစကလေးမှာတွေ့ရင် Hypospadias ခေါ်တဲ့ ဆီးထွက်ပေါက် နေရာလွဲနေတာဖြစ်မယ်။
• ဘယ်လောက်အထိ ကောက်သလဲ ၁% ကနေ ၂၃% အထိ ကောက်နိုင်တယ်။
• ဂျာမနီမှာ လေ့လာတော့ ယောက်ျား အသက် ၁၈ နဲ့ ၈ဝ ကြား ၃့၂% မှာ
ကောက်နေကြတာ တွေ့ရတယ်။ အရွယ်လတ်ပိုင်း အဖြစ်များတယ်။
• ဒီလို ဖြစ်နေသူတွေရဲ့ ၃ဝ% ဟာ ကိုယ်ခန္ဓာတခြားနေရာတွေမှာလဲ ဥပမာ
ခြေ-လက်မှာ အဲလို Hardened tissue မာနေတဲ့ (တစ်ရှူး) ရှိနေတယ်။
Dupuytren's contracture လို့ခေါ်တဲ့ လက်မှာ အချောင်းလို ကောက်နေတာမျိုး
ရှိနေသူတွေမှာ တွဲဖြစ်တတ်တယ်။
• မိသားစုထဲမှာ တယောက်မက ဖြစ်တတ်တယ်။

သုတေသနလုပ်သူ တချို့ ယူဆတာက Trauma ထိခိုက်ဒဏ်ရာကနေ ဖြစ်တယ်လို့။
ဒဏ်ရာကနေ အမာရွတ်ဖြစ်စေတယ်။ လိင်ဆက်ဆံနေတုံးဖြစ်ဖြစ်၊
အားကစားလုပ်ရင်းဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် ဒဏ်ဖြစ်လို့ အထဲမှာ
သွေးကြေားလေးတွေ ပေါက်ထွက်နိုင်တယ်။ အနာကျက်ဖြစ်စဉ်ကနေ အမာရွတ်
ဖြစ်လာတယ်။ ဒါပေမဲ့ ဒီရှင်းလင်းချက်က လူနာတိုင်းမှာ မဖြစ်နိုင်တာ
တွေ့ရတယ်။ ဒါ့ကြောင့် တချို့က Autoimmune disorder
ရောဂါပြီးစနစ်ချို့ယွင်းတာလို့ ထင်ကြတယ်။ သွေးတိုးကျဆေး တမျိုးဖြစ်တဲ့
Calcium channel blockers ဆေးနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတယ်။
ဆန်းစစ်ချက် တခုအရ အသက် ၄ဝ ကျော်၊ Blood type A+ (အေ-ပလပ်စ်)
သွေးအုပ်စုသမားတွေ အဖြစ်များတယ်။

• လိင်တံထဲမှာ နာစေတဲ့၊ မာတဲ့၊ မငယ်တဲ့၊ အချောင်းလိုနေတဲ့ Plaques
လို့ခေါ်တာ ရှိနေမှသာ ရောဂါဖြစ်နေတာ ဖြစ်တယ်။
• လိင်တံသန်မာလာရင် မူမှန်မဟုတ်ဘဲ ကောက်နေရတာ ဘာလို့ဖြစ်လဲဆိုတော့ အထဲမှာ
Chronic inflammation of the tunica albuginea (CITA) ခန္ဓာဗေဒအခေါ်
(ကြူနီကာ-အယ်လ်ဘူဂနီယား) တစ်ရှူးတွေ နာတာရှည် ရောင်ရမ်းရာက
အမာရွတ်ဖြစ်နေလို့ပါ။
• ကောက်မနေလဲ ပုံသဏ္ဌာန် ပြောင်းနေရင်လဲ ဒီရောဂါပါဘဲ။
• လိင်ဆက်ဆံရင် နာလိမ့်မယ်။ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ တချို့မှာ
ဒီအခက်အခဲတွေ မရှိဘူး။
• Ultrasound ရိုက်ရင် Scar tissue အမာရွတ်ရှိနေတာမြင်ရမယ်။

လိင်တံသန်မာရင် နာတာခံစားရလို့၊ ကောက်နေတာ မဟုတ်ဘူးထင်လို့၊
လိင်ဆက်ဆံရာမှာ အခက်အခဲရှိလို့ ဆေးကုဘို့ လာကြမယ်။ ဘာလို့ ဖြစ်တယ်ဆိုတာ
ဆရာဝန်တွေက အသေအခြာ မသိတော့ ကုသပေးရတာလဲ ရိုးရိုးသားသားပြောရရင်
Empirically စမ်းကုသနည်းသဘော ဖြစ်တယ်။ အနည်းဆုံး
လိင်ဆက်ဆံနိုင်စွမ်းရဘို့ ရည်မှန်းသင့်တယ်။ ပညာပေးတာနဲ့ ခွဲစိတ်တာ
လုပ်နိုင်တယ်။

တယောက်နဲ့တယောက်လဲ မတူကြလို့ ဆေးကုသနည်းကို တန်းပြောမရဘူး။ ဆေးပေးနည်း
နဲ့ ခွဲနည်းတွေရှိပေမဲ့ မခွဲသေးဘဲ ဆေးအရင်ပေးတာ ကောင်းတယ်။
ဆေးပေးကုသနည်းတွေကတော့ -
• Vitamin E ပေးတယ်။ Vitamin E နဲ့ Colchicine တွဲပေးတယ်။
• Aminobenzoate potassium (Potaba) စားဆေးပေးတယ်။
• Tamoxifen, Pentoxifylline တွေကိုလဲ သုံးတယ်။
• Plaques ထဲကို Verapamil injection (သွေးတိုးအတွက်ဆေး) နဲ့ Interferon
alpha-2b တွေထိုးတာက ကောက်နေတာ သက်သာပုံရတယ်။
• Collagenase က စမ်းသပ်ဆဲအဆင့်မှာသာ ရှိသေးတယ်။
• Steroids စတီရွိုက်ဆေးဖြစ်တဲ့ Cortisone ထိုးရင် ဘေးထွက်-ဆိုးကျိုးရှိမယ်။
• Iontophoresis နည်းဆိုတာက မနာလောက်တဲ့ လျှပ်စစ်နဲ့ ကုကြည့်တာဖြစ်တယ်။
• Radiation therapy ဓါတ်ကင်နည်းလဲ စမ်းတယ်။

Surgery ခွဲစိတ်ကုသနည်းမှာ ၄ နည်းရှိတယ်။
၁။ Plaque ကို လှီးဖြတ်ပြီး အသားအစားထိုးပေးတယ်။ တချို့ကောင်းတယ်။ တချို့
ထုံပြီး သန်မာမှုထိခိုက်တယ်။
၂။ Plication နည်းခေါ်တာက Plaque နဲ့ ဘေး ပြောင်းပြန်နေရာမှာရှိတဲ့ Tunica
albuginea ကို ဖြတ်ယူတော့ ကောက်နေတာ မျှသွားပြီး သက်သာစေမယ်။ ထုံတာနဲ့
လိင်တံ မသန်မာတာ သိပ်မဖြစ်စေဘူး။ ဒါပေမဲ့ လုံးပတ်-အရှည် သေး-တို
သွားနိုင်တယ်။
၃။ Implant တခုထည့်ပေးနည်းဖြစ်တယ်။ ဒီနည်းတခုထဲမရရင် နည်း ၁ နဲ့ ၂
တခုခုကိုပါ တွဲလုပ်နိုင်တယ်။
၎။ Penile prosthesis လိင်ဆံအတု တပ်တာလဲ နောက်ဆုံးနည်းဖြစ်တယ်။

ဆေးမကုဘဲ ၁၂-၁၃% က ကြာလာတာနဲ့ သက်သာလာတယ်။ ၄ဝ-၅ဝ% က ပိုဆိုးလာပြီး
ကျန်သူတွေက ထူးမခြားနား။ အမာရွတ် နေရာကို ကိုယ့်ဖါသာ အလျားလိုက်
ပွတ်ချေနည်းလဲ စမ်းနိုင်တယ်။ Counseling စိတ်ပိုင်းပြုပြင်နည်း
လိုအပ်တယ်။

Dr. တင့်ဆွေ
၁၂-၉-၂ဝ၁၁

PS
- Sedora ကို ဆေးနာမည် အနေနဲ့ မသိပါ။
- Serracor-NK ဆေးကို Fibrinolytic enzyme blend ခေါ်တယ်။
Anti-inflammatory properties ရောင်ရမ်းဖြစ်စဉ်ကို ဆန့်ကျင်စေတယ်။ Fibrin
levels သွေးထဲမှာ (ဖိုင်ဘရင်) အနည်းအများ ထိန်းပေးတယ်။ C-reactive
protein ကို နည်းစေတယ်။ Blood viscosity and platelet stickiness
သွေးအစေး-အပျစ်နည်းစေမယ်။ ဒါ့ကြောင့် သွေးခဲစေတတ်သူတွေ အတွက်သာ သုံးတယ်။

Credit: http://www.yamunaclinic.org/index.php?option=com_content&view=article&id=2937:peyronies-disease-&catid=34:adult-readings&Itemid=49

Sunday, October 2, 2011

ကျေးတောသား Story




ကျုပ်က စာသိပ်ရေးတတ်လှတယ်တော့ မဟုတ်ဘူးဗျ။ ကာရံတွေ နဘေတွေလည်းကျုပ်မစပ်တတ်ဘူး။ တောသားပီပီ ကျုပ်တို့ကတော့
တဲ့ဒိုးပဲပြောတတ်တာ။အတန်းကျောင်းလည်း တက်ဖူးတာမဟုတ်တော့
စာလုံးပေါင်းမှားလည်းခွင့်လွှတ်ကြဗျို့… ဦးဆုံးအနေနဲ့ ကျုပ်ကိုကျုပ်ပဲ
မိတ်ဆက်ပါရစေဗျာ။ကျုပ်အသက်က (၂၈)ကျော်ပြီ။ ကျုပ်နံမည် သာအေး။ နံမည်ကသာ
သာအေး။ ကျုပ်ဘဝဟာသာသာယာယာအေးအေးချမ်းချမ်းတော့ မရှိလှပါဘူး။ သူများလယ်ကို
သူရင်းငှား ဘဝနဲ့နေလာရတဲ့ တကောင်ကြွက်။
ကျုပ်နေတဲ့တဲလား။ဘာကောင်းသလဲတော့မမေးနဲ့။ ညဘက်အိပ်ရင်း ဟိုဘက်ဒီဘက်
လှည့်ရင်တောင်မှအသံဘောင်းစုံ မြည်နေတာ။ ဒါပေမယ့် ကျုပ် စိတ်မညစ်ပါဘူး။

ကိုယ်ထင်ကုတင်ရွှေနန်းဆိုတဲ့ စကားတောင်ရှိသေးမဟုတ်လား။ အိမ်း။
ဒါပေမယ့်ကျုပ်ကိုကျုပ်မို့ပြောတာမဟုတ်ဘူး ကျုပ်ရူုပါကတော့
မဆိုးလှဘူးလို့တော့ပြောရမယ်။ ခန္ဓာကိုယ် အချိုးအဆစ်က
တောင့်တောင့်ဖြောင့်ဖြောင့်။ ရွာသားမို့
အသားမဖြူပေမယ့် အမည်းကြီးတော့လဲ မဟုတ်ဘူး။
ညိုပြီးစိုတဲ့အသားမျိုး။ရင်အုပ်ကားကား ကြွက်သားတွေကလဲ အပိုအလိုမရှိ။
ဓါတ်ရှင်တွေထဲကဘိုင်စကုတ်မင်းသားတွေထက်တောင် အချိုးအစားကြသေး။
ဒါကြောင့်လဲ ရွာထဲကလုံမတွေက ကျုပ်ကိုဆို အရေးပေးကြ။ လိုလိုလားလား
ဆက်ဆံကြမဟုတ်လား။ ခက်တာကကျုပ်ကမိန်းမတွေကို စိတ်မပါတာပဲ။ ကာလသားပေါက်စ
ဘဝကတော့လက်တည့်စမ်းချင်စိတ်နဲ့ အရီးလေး သမီးရွှေမိနဲ့
ချစ်နယ်ကျွံခဲ့ဖူးပါတယ်။
ရွာသူမို့ပဲလားတော့မသိဘူး။ မိန်းမပစ္စည်းက
ငါးပိနံ့လိုလိုငါးေခြောက်စော်လိုလိုနံတာနဲ့ လုပ်ချင်စိတ်ကပျောက်သွားတာ။

ပြီးတောင်မှမပြီးလိုက်ပါရောလား။
ရွှေမိကျေနပ်အောင်တော့ပြီးသလိုဟန်ဆောင်လိုက်ရရတာပေါ့။ အဲဒီကတည်းက
မိန်းမကော ငါးပိကောမစားတော့ပဲ ဖြတ်လိုက်တာ ဒီနေ့ထိအောင်ပဲ ဆိုပါတော့။
လူ့ရဲ့စိတ်ဆိုတာကလားဆန်းသားလားဗျ. နော။


x x x x x x x x x x


ဒီနေ့လယ်ထဲမှာ ရေသွင်းပြီးပြီဆိုတော့ လုပ်စရာမရှိတော့တာနဲ့
လယ်ပိုင်ရှင်ဦးလေးမြသာဒွန်းတို့ဝိုင်းဘက် ထွက်လာ
ခဲ့တယ်။ရေနံဂျီးနိုင်းခြင်းသုတ်ထားတဲ့ ခြေတံရှည်အိမ်ပေါ်မှာ
ကာလသားတယောက်အင်္ဂလိပ်လိုရေးထားတဲ့ ဘုတ်အုပ်(စာအုပ်) ကိုဖတ်နေတယ်။

ကျုပ်ကိုတွေ့တွေ့ချင်းဖော်ဖော်ရွေရွေပဲ
"ကိုကြီးကိုသာအေး နေကောင်းလဲဗျ. မတွေ့တောတောင်မှ အတော်ကြာပြီ"
ကျုပ်ကိုသိနေတဲ့သူမို့
ကျုပ်လည်းပြန်အလိုက်အထိုက်နှုတ်ဆက်လိုက်တယ်။အဲဒီမှာပဲ လယ်ပိုင်ရှင်
အရီးနုက သူ့သား မြို့ကပြန်လာတဲ့ အကြောင်းစပြီးကြွားလုံးထုတ်တော့တာပဲ။
အရီးနုရဲ့ စကားတွေကို ကြားတချက် မကြားတချက်နားထောင် ရင်းက
မြိုးသားတပိုင်းဖြစ်နေတဲ့ ကျော်ဖြိုးသူရဲ့ပုံစံကို အကဲခတ်နေမိတယ်။
ဒီကောင် မြို့ကျောင်းတက်ဖို့ဆိုပြီး ရွာကထွက် သွားတုန်းက
အသက်ရှစ်နှစ်လောက်ပဲရှိအုံးမယ်။ ဟုတ်စ။

ငယ်ရုပ်ကိုမှန်းပြီး မှတ်မိအောင် မနည်းကြည့်ယူရတယ်။
ကျုပ်တို့ရွာကကာလသားတွေနဲ့တော့ လားလားမှမဆိုင်။ ဒီကောင့်အသားလေးတွေက
နေမထိ လေမထိရေကောင်းမြေကောင်းမှာ အနေကြာလာလို့ထင်ပါရဲ့ ဝင်းမွတ်လို့။

ကျုပ်တို့ကာလသားတွေလို
ကြွက်သားတွေအမြောင်းလိုက်မရှိပေမယ့်ပြည့်ပြည့်ဖြိုးဖြိုးနဲ့
ကြည့်ကောင်းတဲ့ပုံပါပဲ။ အရီးနုစကားတွေကိုသံယောင်လိုက် နှုတ်ဆက်ပြီးတော့
ပြန်ခဲ့ရတယ်။


x x
x x x x x x x x x


ညရောက်တွေ ခြင်ထောင်ထောင်ပြီး အိုက်စပ်စပ်ရှိတာနဲ့ပဲ
ခြင်ထောင်အပြင်ပြန်ထွက်လာလိုက်တယ်။ ရေနံဆီမီးခွက်က မှိုင်းတွေထနေတာကို
ကြည့်ရင်းမအိပ်ချင်သေးတာနဲ့ပဲ ကျော်ဖြိုးသူအကြောင်းစဉ်းစားနေမိတယ်။
သူ့ပုံရိပ်က
ကျုပ်မျက်လုံးထက်က မထွက်။ ဘုတ်အုပ်ကိုတောင် အင်္ဂလိပ်လိုရေးတာကို
ဖတ်တာ။ကျူပ်တို့ကတော့ ဒို့ကျေးရွာဂျာနယ်ကိုတောင်
ပုံမှန်ဖတ်ဖြစ်တာမဟုတ်။ပြီးတော့ဒီကောင်လေးက ဖြူဖြူချောချောလေးရယ်။

မြို့မှာကလဲ မြို့သူတွေကအချောအလှတွေပေါပါဘိနဲ့
ပြီးတော့ခေတ်မီလိုက်ကြတာလဲမပြောနဲ့။ဒီကောင်သမီရည်းစားတွေဘာတွေများ
ရနေပြီလားမသိ။ အို… သူဘာသာသူ ရည်းစားရတာမရတာ ကျုပ်နဲ့ဘာဆိုင်တာမှတ်လို့။
ကျုပ်အတွေးစတွေကို
အာရုံပြောင်းပစ်ပေမယ့် ကျူပ်စိတ်က သူ့ဆီပဲ ပြန်ပြန်ရောက်နေတာ။ ဘုရားဘုရား
ကျုပ်သူ့ကိုများ ကြိုက်သွားပြီလား မသိဘူး။
တခါတလေကြပြန်တော့လည်းကျုပ်ကိုကျုပ် ခြောက်နေသလားလို့တောင်ထင်မိတယ်။
တခြားရွာသားတွေက
ဟိုလုံမကို ပိုးရ ဒီလုံမကို ပိုးရနဲ့။ ကျုပ်ကတော့
ဘယ်လုံမကိုမှစိတ်ထည့်လို့မရ။ ကျုပ်တကယ်များခြောက်နေသလား.
ကျုပ်ကိုကျုပ်ပြန်ငုံ့ကြည့်မိတယ်. ပြီးတော့
ကျုပ်ဘာသာရယ်ချင်လာတယ်.ကျုပ်ပုံစံက တကိုယ်လုံး ဘယ်နေရာမှ
အခြောက်နဲ့တူတာမဟုတ်။ မဆီမဆိုင်အတွေးတခု ထပ်ဝင်လာပြန်တယ်။
ဖြူဖြူချောချောနဲ့ ခပ်နုနုမြို့သားတပိုင်းဖြစ်နေတဲ့ ကျော်ဖြိုးသူကကော
အခြောက်ဖြစ်နိုင်မလား။ အာ…မဖြစ်နိုင်တာ ကျုပ်ဘယ်တွေတွေးနေမိပါလိမ့်။
ကျုပ်တို့နှစ်ယောက်လုံး
ဘယ်သူမှ အခြောက်မဟုတ်ပါဘူး။ ကျုပ်သူ့ကို
ကြိုက်နေမိတယ်ဆိုတာလဲမဟုတ်တန်ပါဘူး။ ကျုပ်ဘဝကမပြည့်မစုံနဲ့
ကြီးပြင်းခဲ့ရတာမဟုတ်လား အဲဒီတော့ပြည့်ပြည့်စုံစုံနေရတဲ့
ကျော်ဖြိုးသူဘဝကို ကျုပ်အားကျတာပဲဖြစ်မှာပါ။

ဒါပေမယ့် ကျုပ်စိတ်ဓါတ်တော့မကျပါဘူး။ ကျုပ်ဘဝကလဲ ငတ်ပြတ်နေတာမှမဟုတ်ဘဲ။
ကျုပ်ကိုယ်ပိုင်တဲရှိ တယ်။ အလုပ်ကလဲ သူများလိုကျပန်း
မဟုတ်ဘူး။သူရင်းငှားတယောက်။ တည်တည်ကျကျရှိတယ်။
ကိုယ်ကိုကိုယ်အားပေးရင်းသက်ကြီးခေါင်းချချိန်ကျော်လာပြီမို့ ကျုပ်လည်း
ရေနံဆီမီးခွက်ကိုမှုတ်ပြီး
အိပ်ရာဝင်လိုက်တော့တယ်။မနက်လင်းအားကြီးချိန်ရောက်မှ ကျုပ်နိုးလာတယ်။
ခါတိုင်းဆို ရွာဦးကျောင်းကအုံးမောင်းခေါက်သံကြားရင် နိုးနေကျ။
မီသွေးခဲကိုကိုင် သွားတိုက်ပြီးယာရှင်ဦးလေး မြသာဒွန်းတို့ ဝိုင်းဘက်ကို
ထွက်လာခဲ့တယ်။ကျုပ်တွေ့ချင်နေတဲ့သူကို တွေ့နေ ရပါပြီ။ ကွပ်ပြစ်ပေါ်မှာ
ထိုင်နေတဲ့ကျော်ဖြိုးသူက ပျူပျူငှာငှာ ခေါ်ရှာပါတယ်။
ရေနွေးကြမ်းကိုသူကိုယ်တိုင်ငှဲ့ပေးပြီး ကောက်ညှင်းပေါင်းနဲ့
ဆတ်သားခြောက်ကို မနက်စာဧည့်ခံတယ်။

ကောင်ညင်းပေါင်းနှိုက်တဲ့သူလက်ချောင်းလေးတွေကဖြူဖွေးသန့်ပြန့်နေတာပဲ။
မျက်နှာကလဲ လပြည့်ညသာတဲ့ "လ"လိုကြည်လင်ချောမွေ့နေတာပဲ။ ကျုပ်စိတ်ထဲ
မကြုံဘ ူးတဲ့ ဖီလင်ကြီးတခုခံစားလိုက်ရတယ်။ ကျုပ်တို့ရွာက
လူတကာစွဲလမ်းတဲ့ကွမ်းတောင်ကိုင် ညိုနှောင်းနဲ့တွေ့ရင်တောင် ဘာခံစားချက်မှ
မဖြစ်တဲ့ကျုပ်ဟာ အခု ဒီကောင်ကိုတွေ့မှ ရင်ခုန်သလိုလိုခံစားလာရတယ်။
သူကတော့ ငယ်ငယ်ထဲက သိလာတဲ့သူမို့တရင်းတနှီးနဲ့ သူ့တို့မြို့ကအကြောင်းတွေ
ကျုပ်ကိုပြောလို့။ကျုပ်နားလည်တာတွေရှိသလို ကျုပ်နား
မလည်တာတွေလည်းပါရဲ့။ယာရှင်ဦလေးမြသာဒွန်းက ဆေးတံဖွာရင်း ပြုံးပြုံးကြီး
လျှောက်လာတယ်။

"မောင်ရင်သာအေး. လယ်ထဲမှာဘယ်လိုအခြေအနေရှိတုန်းကွ"

"လယ်ထဲကို ရေတော့သွင်းပြီးပြီ။ ဦးလေးဒွန်း။ ပျိုးနှုတ်ဖို့ ရက်နဲနဲတော့စောင့်ရမယ်"
ဦးလေးဒွန်းက ဆေးတံကို ဟန်ပါပါနဲ့ဖွာလိုက်ရင်း

" ဒါဆိုရင်တော့ ဟန်ကျတာပဲကွ သာအေးရ။ ဒီမှာ မင်းညီ ငဖြိုးလေ။ သူ့အမေကို
ကပ်ပြီးဂျီကျနေတယ်။ ရွာမှာ မင်းတို့ငါတို့ ချိုးသလို ရေကို
အပြင်မှာမချိုးတတ်ဘူးတဲ့။ သူတို့မြို့မှာလို ရေချိုးခန်းလိုမျိုး
အကာနဲ့အရံနဲ့လုပ်ပေးရမယ်တဲ့။ သူ့အမေ မင်းအရီးကလည်း အလိုလိုက်သတဲ့ဗျာ။
ရွာကညိုနှောင်းတို့ ထွေးညိုတို့တောင် ရေချိုးခန်းမလိုဘူး.
ဒီတိုင်းပဲချိုးနေကြတာ."

တချိန်လုံးငြိမ်နေသော ကျော်ဖြိုးသူက ဒီတခါတော့ ဝင်ပြောတယ်။
` "ဟာ.. အဘကလဲ သူတို့ကတော့ ရွာမှာ အကျင့်ဖြစ်နေပြီလေ။
ကျွန်တော်ကရေချိုးနေတုန်း အပြင်လေတိုက်ရင် ချမ်းတယ်ဗျ… မခံစားနိုင်ဘူး"

အစတည်းက အလိုလိုက်ဟန်ရှိသော ဦးလေးဒွန်းက
"ပြောလို့ကို မရတော့ပါဘူး မောင်သာအေးရယ်။
အဲဒါလယ်ထဲလည်းဆင်းစရာမလိုဘူးဆိုတော့ ရေချိုးခန်းဆောက်ဖို့
ကိုမောင်ရင်ကူလှည့်အုံးကွာ"

" ရပါတယ် ဦးလေးဒွန်းရာ။ ကျုပ် လုပ်ပေးရမှာပေါ့ဗျာ"
ပလုပ်ပလောင်းသံနဲ့ ပွင့်ပွင့်လင်းလင်းပြောလိုက်တဲ့ ကျုပ်ကို
ကျော်ဖြိုးသူပြုံးပြီးကြည့်နေတယ်။ ကျုပ်စိတ်ထဲ
ပျော်လာသလိုလိုအားတွေပြည့်လာသလိုလိုနဲ့။ ပြောမပြတတ်ပါဘူးဗျာ..


x x x x
x x x x x x


ရေချိုးခန်းဆောက်တဲ့ နေ့ကစပြီး
ကျော်ဖြိုးသူနဲ့ကျုပ်ပိုပြီးတောင်ခင်မင်လာတယ်။ ကျုပ်တို့ရွာရဲ့
ထုံးစံအရဟန်တွေပန် တွေလည်းမရှိတဲ့အတွက် ဝိုင်းလုပ်ဝိုင်းစား
ပုံစံမျိုးနဲ့
ယာရှင်အိမ်မှာပဲ ကျုပ်အချိန်ကုန်နေတတ်တယ်။ တခုကောင်းတာက
ကျော်ဖြိုးသူကကျုပ်ကို သူတို့လယ်က သူရင်းငှား အလုပ်သမားတစ်ယောက်လို
သဘောမထားပဲ ကျုပ်ကိုအကိုတယောက်လိုကို သဘောထားတာဗျ။ ကျုပ်ကလဲ
ဒါကိုပဲကျေနပ်ပြီး သူ့ပေါ်အနွံအတာခံရတာ။


x x x x x x x x x x


ဒီနေ့ယာထဲကအပြန် ကျော်ဖြိုးသူတို့
ဝိုင်းဘက်လှည့်ထွက်ခဲတယ်။လှေကားပေါ်တတ်တော့ တအိမ်လုံးဘယ်သူမှ
ရှိမနေကြဘူး။အိမ်နောက်ဖေးမီးဖိုချောင်ထိ ဝင်သွားတော့မှ အိမ်ဖော်မလေး
ဆန်ရွေးနေတာကိုတွေ့ရတယ်။

" ဟဲ့ မိဘုတ်။ ဦးလေးဒွန်းတို့ အရီးနုတို့ ဘယ်မှာလဲ။ ကျုပ်တယောက်မှလည်းမတွေ့ပါလား"

" ဘဘကြီးရော ကြီးကြီးရော ညောင်ပင်သာကအလှူကိုသွားကြတယ်။
အကိုလေးကိုဖြိုးပဲရှိတယ်။ သူကတော့ အခန်းထဲမှာရှိတယ်။
မိဘုတ်ကိုတော့အကိုလေးကိုဖြိုးအခန်းကို မသွားရဘူးလို့ ဘဘကြီးရော၊
ကြီးကြီးရောကမှာထားလို့။ ပြီးတော့ အကိုလေးကိုဖြိုးကလဲ သူ့အခန်းထဲကို
ဝင်တာမကြိုက်ဘူး။

ကိုသာအေးကြီးတော့ ဝင်လို့ရမယ်ထင်တယ် ဝင်ခေါ်ကြည့်ပါလား"မိဘုတ်က
သူ့ဝသီအတိုင်း ရှည်ရှည်ဝေးဝေးရှင်းပြနေ သေးတယ်.။

"အေး အေး.. ညည်းလုပ်စရာရှိတာ ဆက်လုပ်လေ။
ကျုပ်သူ့ကိုသွားခေါ်ကြည့်လိုက်အုံးမယ်။"
ပြောပြောဆိုဆိုနဲ့ ကျော်ဖြိုးသူအခန်းဘက်ကို ကျုပ်ထွက်လာခဲ့တယ်။

"ကျော်ဖြိုးသူ.. ကျော်ဖြိုးသူ…. ကျော်ဖြိုးသူ…."

နှစ်ခါသုံးခါခေါ်ပေမယ့်လည်း ဘာသံမှမကြားတဲ့အတွက်
စေ့ထားတဲ့တံခါးကိုကျုပ်တွန်းဖွင့်လိုက်တယ်။ ကျပ်နေတဲ့တံခါးကို
အားနဲ့အတင်းတွန်းဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက
ကျူပ်ကိုမင်သက်သွားစေတယ်။ ကျော်ဖြိုးသူက စွပ်ကျယ်ကို
ဗိုက်အပေါ်လိပ်တင်ထားပြီးတော့ပုဆိုးကလည်း ဒူးနားကိုလျော့ကျနေတယ်။
လက်တစ်ဖက်က ဘုတ်အုပ်ကိုကိုင်ထားပြီးဘုတ်အုပ်ထဲမှာ ဘိုမက အင်္ဂလိပ်ကြီး
လီးကိုးအားရပါးရ စုပ်နေတဲ့ပုံ။နောက်လက်တဖက်က သူ့လီးကိုကိုင်ထားတယ်။
လီးချောင်းက ပျော့ခွေနေပြီးလီးတံရဲ့ ဒစ်ဟာ ပန်းနုရောင်သန်းနေတယ်။
လုံးပတ်ကတုတ်ပြီး လီးတောင်တာတောင် မဟုတ်ပဲနဲ့တောင် နည်းတာကြီးမဟုတ်ဘူး။
ကျုပ်အာခေါင်တွေခြောက်ကပ်လာပြီး ရင်တွေ တဒိန်းဒိန်းခုန် လာတယ်။
အနီးနားကို သွားကပ်ပြီးသေသေချာချာကြည့်လိုက်တော့မှ
သူ့လီးဟာတော်တော်လှပါလားလို့ တွေးမိတယ်။
ကျုပ်တို့ရောင်းရင်းတွေ စကြနောက်ကြနဲ့ပဲ
လီးတွေကိုတွေ့ဖူးပါတယ်။ကျော်ဖြိုးသူလီးကတော့ ကျုပ်တို့လီးတွေလို ညိုမည်း
မည်းကြီးတွေမဟုတ်ပဲဖြူဖွေးပြီး သွေးကြောနီနီလေးလေးတွေ
အကြောစိမ်းစိမ်းလေးတွေကိုပါ တွေ့ရတယ်။
ဂွင်းထုနေရင်း အိပ်ပျော်သွားပုံရပြီး ပြီးတဲ့ပုံတော့ မပေါ်သေးပါဘူး။

ဘယ်လိုမှစိတ်မထိန်းနိုင်တော့တဲ့ အဆုံးသူ့လီးကို
ဆုပ်ကိုင်လိုက်တယ်။ပူနွေးနွေးအထိအတွေ့က ကျုပ်ကို ရင်ခုန်စေတယ်။
နောက်ပြီးလီးတချောင်းလုံးကထွားကြိုင်းနုဖက်နေတာပဲ။
လီးထိပ်ဟာပန်းရောင်သန်းပြီးမှိုပွင့်ပုံစံလိုမျိူးဖြစ်နေတယ်။
ရာဂမီးတဝင်းဝင်းနဲ့စားမတတ် ဝါးမတတ်ကြည့်မိနေတုန်းမှာပဲ ကျော်ဖြိုးသူ
နိုးသွားပြီးသူ့ပုဆိုးကို ကောက်ကိုင် ပြင်ဝတ်လိုက်တယ်။
ကျုပ်လည်းရှက်သွားပြီးသူ့လက်ထဲက ဘုတ်အုပ်ဆီကို အကြည့်ပြောင်းနေလိုက်တယ်။
သူကတော့
ရှက်တဲ့ပုံမပေါ်ပါဘူး။ ကျုပ်တောင်မှ မျက်နှာပူတယ်ဗျ။
အဲစာအုပ်ကသူ့သူငယ်ချင်းဆီက ဝယ်ခဲ့တဲ့အကြောင်းတွေ သူစိတ်ပါလာရင်
ဒီစာအုပ်ကြည့်ပြီးဂွင်းထုတဲ့အကြောင်းတွေကို တရင်းတနှီး
ပြောပြတယ်။မြို့သားတွေပွင့်လင်းပုံများ ကျုပ်တို့လိုက်လို့ကို မမှီပါဘူး။
ဒါတောင်ဒီကောင်က မြို့သားအစစ်မဟုတ်သေးဘူး။
မြို့ကျောင်းသွားတတ်ယုံပဲရှိသေးတာ။

ကျုပ်တို့ နေ့လည်နေ့ခင်း ယာထဲက ကောက်ရိုးပုံဘေးမှာ
ပြင်းလို့ဂွင်းထုချင်ရင်တော့ လူလစ်အောင် မနည်းကြည့်ရတာ။
သူတို့မြို့မှာကတော့ဂွင်းထုတာကို ထမင်းစားရေသောက်ပုံစံမျိုးထင်ပါရဲ့။
ကျူပ်လည်း စိတ်ထနေတာနဲ့ကျုပ်တဲကို မြန်မြန်ပြန်ပြီး ဂွင်းထုရတော့တာပေါ့။

x x x x x x x x x x x


ဒီနေ့တော့ လယ်ထဲမှာ နေ့လည်စာစားပြီးပြီးချင်း
ပြင်းပြင်းရှိတာနဲ့ဆေးပြင်းလိပ်ကို ထိုင်ဖွာနေလိုက်တယ်။ ကျုပ်မျက်လုံး
ထဲမှာတော့ဆေးလိပ်ငွေ့တွေက ပေါင်းစပ်သွားပြီး ကျော်ဖြိုးသူရဲ့
ဝတ်လစ်စလစ်ခန္ဓာကိုယ်လေး ဖြစ်သွားသလိုလိုပါပဲ။ အချိန်တွေ
ဘယ်လောက်ကုန်သွားလဲမသိဘူး။ခြေနင်းသံကြားမှပဲ လယ်စောင့်ဝကို
မော့်ကြည့်လိုက်မိတယ်။ ကျုပ်ရင်အစုံ ကထပ်မံခုန်သွားရပြန်တယ်။
အခုပဲကျုပ်သူ့အကြောင်းတွေးမိနေတယ်မဟုတ်လားဗျ.. ကျော်ဖြိုးသူက
ကျောပိုးအိတ် တလုံးလွယ်ထားပြီး ကျုပ်နားမှာ လာဝင်ထိုင်တယ်။

မလာစဖူးအလာထူးလို့ ကျူပ်လည်းအံ့သြသွားမိတာပေါ့။ သူက
ကျောပိုးအိပ်ကိုဖွင့်ပြီး ပစ္စည်းတခုကို ထုပ်ပြတယ်။ အရုပ်လေးတရုပ်။
ဒါနဲ့ဘာမသိညာမသိကျုပ်လည်းယောင်ပြီး ကိုင်ကြည့်လိုက်မိတာပေါ့။ အိုး …
မအေးပိုတို့
ကုန်စုံဆိုင်က အရုပ်မတွေလို ကော်ပတ်ရုပ်မဟုတ်ပဲ
အသားကပျော့စိစိနဲ့လူအသားထက်တောင့် နုသေးတယ်။ စုန်းကဝေတွေ
အပင်းသွင်းတဲ့အရုပ်လိုမျိုးကျုပ်ထင်လိုက်မိတယ်။ ပြီးတော့လည်း
ကိုယ်တုံးလုံးမိန်းမတယောက်ရဲ့ပုံ။

အရုပ်ကလေးကသာ သေးတာ မိန်းမစောက်ပတ်က တကယ့်လူရဲ့
အရွယ်အစားတိုင်းပဲ။ကျူပ်စိတ်ထဲ အသည်း ယားသွားတာနဲ့ လွတ်ချလိုက်ပြီးု
နားမလည်တဲ့ပုံနဲ့သူ့ကိုကြည့်လိုက်တယ်။ ထုံးစံအတိုင်း ကျုပ်သဘောကျတဲ့
သူ့ရဲ့ပြုံးနေကျအပြုံမျိုးနဲ့ ကျုပ်ကို ပြုံးပြပြီး

" ကိုကြီးသာအေးကလည်း မလန့်ပါနဲ့ဗျာ။ ဒါက မြို့ကလူတွေ ဂွင်းထုရင်
သုံးတဲ့အရုပ်ပဲ။ အင်္ဂလိပ်လိုတော့ sex toy လို့ ခေါ်တယ်။ ဒီမိန်းမ
ပစ္စည်းထဲကိုသူ့တို့ရဲ့ ဒုတ်ထိုးတည့်ပြီး ဆက်ဆံသလိုနဲ့ စိတ်ဖြေကြတာ.
အဲဒါဈေးကြီးတယ်။ ငါ့အကိုလူပျိုကြီးအတွက် လက်ဆောင်လာပေးတာ"
"မင်းတို့မြို့သားတွေများ အဆန်းတယ်ထွင်ကြသကိုး။ ကိုယ့်လက်နဲ့
ကိုယ်လီးအဆင်ပြေနေရဲ့သားနဲ့ကိုများကွာ"

"အဆင်တော့ပြေတာပေါ့ အကိုရ။ ဒါပေမယ့် အကုန်သုံးကြည့်ပါ။ ပြီးတော့မှပဲ
ဘာကွာလဲ အကိုသိလိမ့်မယ်။ အကိုကြိုက်မှာပါဗျာ…ဟား ဟား ဟား"
သူ့ဘာသာသူပြောပြီး သူ့ဘာသာသဘောကျရယ်နေတယ်။

"မင်းတို့ပစ္စည်းဆန်းတွေငါ မသုံးတတ်ပါဘူးကွာ။
ငါ့လက်နဲ့ငါပဲအဆင်ပြေပါတယ်။ ကျေးဇူးလည်းတင်တယ်။ ပြန်သာယူသွားပါကွာ"

" ဟာဗျာ.. အကိုကလည်း ကျွန်တော်က စေတနာနဲ့ နေပူကြီးထဲ တကူးတကာ့လာပေးတာကို"
ဟုတ်တော့လည်း ဟုတ်တယ်။ အညာနွေက
ကျုပ်တို့ကျေးတောသားတွေတောင်တော်တော်ခံစားရတာ။ သူ့လို့ ကြမ်းတမ်းတဲ့
ရာသီဥတုဒဏ်ကို မခံစားဘူးတဲ့ကလေးက ရွာထဲနဲ့ ဒီလယ်ထဲထိအောင် လာခဲ့ရတာ။
ကျုပ်သူ့ကို သနားသွားမိတယ်။ရွာထဲကလူတွေပင် ဒီလိုအချိန်ဆို ဘယ်သူမှ
လယ်ထဲလာကြတာမဟုတ်။ ညနေနေချိုမှာသာ
လာတတ်ကြတာ။

"ယူတော့ယူထားလိုက်ပါအကိုရာ.. အကိုမသုံးတတ်ရင် ကျွန်တော်ပြပေးမယ်လေ"
ပြောပြောဆိုဆိုနဲ့ ကျုပ်ရဲ့ချည်ကြမ်းပုဆိုးစကို
အသာဆွဲဆောင့်လိုက်တယ်။ထမင်းစားပြီးခါစမို့ ခပ်လျော့လျော့ပဲ ဝတ်ထားမိတဲ့
ကျုပ်ရဲ့ခါးပုံစဟာချက်ချင်းပြေလျော့သွားပြီး ကျွန်တော့် လီးဟာ
ဘွားကနဲပေါ်လာတယ်။ပွင့်လင်းတယ်။ မရှက်တတ်ဘူးဆိုတဲ့ မြို့ကျောင်းသားတောင်
ခဏတော့ မင်သက်ပြီးငြိမ်သွားတယ်။ ပြီးတော့မှ စိတ်လှုပ်ရှားနေတာကို
ဟန်ဆောင်ရင်းကျုပ်လီးကိုကိုင်ပြီး
မိန်းမအရုပ်ရဲ့စောက်ပတ်ထဲကိုထိုးတည့်နေတယ်။မိန်းမစောက်ပတ်ပုံနဲ့
အထိအတွေ့ကြောင့် ငယ်ငယ်ကလိုးဖူးတဲ့ရွှေမိစောက်ပတ်ကို ပြန်မြင်ယောက်ပြီး
ငါးပိငါးခြောက်နဲ့ရလာသလိုလို စိတ်ထဲ
ထင်လာမိတယ်။ အဲဒီအတွေးတွေကြောင့် လီးဟာလည်း
တောင်မလာပဲမထူးခြားတဲ့အခြေအနေကနေ ကျုပ်လီးတံထိပ်က ပူနွေးနွေး
နူးညံညံအထိတွေ့ကြောင့်ကျုပ်ငုတ်ကြည့်လိုက်မိတယ်။ ကျုပ်ရဲ့
ညိုမည်းတုတ်ခိုင်တဲ့လီးဟာနီရဲနုထွေးတဲ့ ကျော်ဖြိုးသူရဲ့ နှုတ်ခမ်းကြားမှာ
မတန်မရာ နေရာယူနေပါပြီ။

ကိုယ်တုံးလုံးပုံ အရုပ်မလည်း ကွပ်ပစ်အောက် လွတ်ကျသွားခဲ့တယ်.
အဲဒီကျမှပဲစောစောက မတောင်နိုင်တဲ့လီးဟာ တရှိန်တိုး
ခေါင်းထောင်လာပါတော့တယ်။ သူ့ကိုအားနာသွားမိပေမယ့်လည်း မရုံးသာတဲ့
အထိအတွေကြားမှာ ကျုပ်တကိုယ်လုံးလေထဲမြောက်သွားသလို လီးထိပ်က
ခံစားမှု့အာရုံက ကျုပ်ရဲ့ ခန္ဓာကိုယ်အနံှ့စီးမြောသွားခဲ့ပါတယ်။
ကျုပ်စိတ်ထဲ ကြိတ်ချစ်နေရတဲ့ ညီလေးဟာ ကျုပ်လီးကိုတယုတယ
စုပ်ပေးနေလေတော့ကျုပ်သိပ်ကိုကြည်နှူးမိတယ်ဗျာ။
ကျုပ်ရဲ့လက်ကလည်းနူးညံ့တဲ့သူ့ကိုယ်အနှံ့ပွတ်သတ်ပေးနေမိတယ်။
သူရဲ့တင်ပါးလေးတွေဟာအိထွေးချောမွတ်ပြီး ကလေးတယောက်လိုကို ဖြစ်နေတာဗျာ။
ကျုပ်လည်းမထိန်းနိုင်တဲ့ အဆုံး သူ့ရဲ့ ချည်ချောလုံချည်ကို အသာအယာပဲ
ဆွဲချွတ်လိုက်တယ်။ သူကလည်း အလိုက်သင့်ပါလာပြီး
အပြန်အလှန်ပုံစံမျိုးနဲ့ကျုပ်ကသူ့ခရေဝကိုယက်။
သူကလည်းကျွန်တော့လီးကိုစုပ်နဲ့ သာယာမှု့တွေအထွတ်အထိပ်ရောက်ကိုပါတယ်။

"ညီလေး.. ကျုပ်ကို ခွင့်ပြုမှာလား"အဆုံမရှိအစမရှိ ဒဲ့ဒိုးပဲ
သူ့ကိုကျုပ်မေးလိုက်တယ်။

သဘောပေါက်လွယ်တဲ့သူလည်း ခေါင်းကို ညိမ့်တယ်ဆိုယုံလေး
ညိမ့်ပြရှာတယ်။လျှာနဲ့အတော်လေးကစားထားပြီးပြီမို့ သူ့ရဲ့ ပန်းနုရောင်
ခရေဝဟာလည်းအသင့်ဖြစ်နေပုံပေါက်ပါတယ်။ ကျုပ်လည်း တုန့်ဆိုင်းမနေတော့ပဲ
အကြောအပြိုင်းပြိုင်း ထအောင် တွင်းအောင်းချင်နေတဲ့
ကျုပ်လီးကြီးကိုပန်းနုရောင် ခရေဝဆီ အလိုက်သင့် ထိုးထည့်ရင်းရင်ခုန်ခြင်း
လှိုင်း တွေကြားမှာ လူးလွန့်မျောပါနေခဲ့တယ်။တင်းကြပ်တဲ့အတားအဆီးတခုက
ရှေ့ဆက်မတိုးဖို့ မေတ္တာရပ်ခံနေပေမယ့်
ရပ်တန့်သွားမှု့က ခဏလေးပါ။
အဲဒီနောက်တော့ရပ်တန့်ပစ်ဖို့ကိုကျုပ်မေ့လျော့သွားတော့တယ်။ ကျုပ်ရဲ့
ကိုယ်တွင်းကဖြစ်တည်လာတဲ့ ရေစင်တချို့ ကျော်ဖြိုးသူထံ
သွန်းလောင်းပြီးချိန်မှာတော့ကျုပ်တို့ တယာက်ကိုတယောက်
ဖတ်တွယ်ထားလိုက်ကြတယ်။

"အကို ကျွန်တော်ပြန်တော့မယ်. မနက်ဖြန်ကျရင် လာခဲ့အုံးမယ်နော်"
ကျုပ်သူ့ကို မြတ်နိုးစွာ ကြည့်နေမိတယ်.

"အညာနွေ ဒီလောက်ပူတာ နေ့ခင်းဘက်တော့မလာချင်ပါနဲ့ညီလေးရာ။ ညကျမှာပဲလာပါကွာ"
ခေါင်းညိမ့်သဘောတူပြီး ပြန်သွားတဲ့
သူ့ကျောပြင်ကိုငေးကြည့်ပြီးကျုပ်ငေါင်ငေါင်ကြီးကျန်ခဲ့တယ်။
ကျုပ်လုပ်ရပ်တွေ မှန်မှမှန်ရဲ့လားပေါ့။

နောက်နေ့ညဘက်များမှာတော့ မကြာခဏဆိုသလို သူကျုပ်တဲထဲကို လာတတ်တတ်တယ်။

အရင်တိတ်ဆိက်ခြောက်ကပ်နေတဲ့ ကျုပ်တဲဟာ သူလာတဲ့နေ့တွေမှာ
ချိုုးချိုးချွတ်ချွတ်အသံတချို့ ခပ်သဲ့သဲ့ ထွက်ပေါ်နေ ပါတော့တယ်။

လုလင်ပျို

ဇွန်လ (၆) ရက်၊ ၂၀၁၁ ခုနှစ်
နံနက် ၂ နာရီ ၃၂ မိနစ်။
Credit: http://www.mlgbts.com/magazine.html

Tuesday, September 27, 2011

တစ်မိုးအောက်မှာ..ရောက်မလာမယ့်မိုးကိုမျှော်ခဲ့တယ်

တစ်မိုးအောက်မှာ..ရောက်မလာမယ့်မိုးကိုမျှော်ခဲ့တယ်


(ပထမဆုံးနေ့)


ကားပေါ်တွင်ရှိနေစဉ်တစ်ချိန်လုံးဖွဲဖွဲသာရွာခဲ့သောမိုးသည်ကားပေါ်မှဆင်းလိုက်သည်နှင့်သည်းထန်လာတော့သည်..။ကော်ဖီဆိုင်တစ်ခုတစ်လေမှာမချိန်းပဲဒီကားမှတ်တိုင်းမှာ အဆန်းထွင်ပြီး လာချိန်းသောစန္ဒီကိုရုတ်တရက်ဒေါသထွက်သွားသည်။ သည်ကိစ္စ အတွက် လဲစကားများပြီးပြီ။


ဘာပါလိမ့်..။ကော်ဖီဆိုင်မှာအသိတွေနဲ့တွေ့မှာစိုးလို့တဲ့..။ ဘုရားရေ..။ ငါနဲ့တွဲပြီးလူမြင်ခံရတာ မင်းအတွက်သိက္ခာကျစရာလို့ထင်နေရင် ဘာလို့ငါကို ရည်းစားအဖြစ် လက်ခံခဲ့သေးလဲ..။မနေနိုင်လွန်း ၍ပြောမိတော့..ကိုက နားလည်မှုကိုမရှိဘူး..ဘာညာပြောကာ စိတ်ကောက် သွားတော့ သူပဲအလျှော့ပေးဖြစ်ခဲ့သည်။


ချိန်းထားသောမှတ်တိုင်သို့ရောက်သွားတော့ သူ့တကိုယ်လုံးအတော်စိုရွှဲနေပြီ..။မှတ်တိုင် မှာအမိုးရှိသော်လည်းပြင်းထန်စွာ တိုက်ခတ် နေသောလေက မိုးစက်များကိုသယ်ဆောင်လာသဖြင့် ပို၍ချမ်းလာသည်..။ ဆေးလိပ်တစ်လိပ်လောက်သောက် ရရင်ကောင်းမှာပဲ..။ သူစောင့်နေသောမှတ်တိုင်၏တစ်ဖက်စွန်းတွင်တော့ သူ့လိုပင်တစ်စုံတစ်ယောက်ကိုရပ်စောင့်နေဟန်တူသော လူတစ်ယောက်ရှိသည်။ ကားစောင့်နေတာတော့မဖြစ်နိုင်။


သည်မှတ်တိုင်သည်ညရှစ်နာရီကျော်လျင်ကားမရပ်တော့သောမှတ်တိုင်သာဖြစ်၏။သူကတီရှပ်လက်တိုဖြင့်မိုးတွေစိုနစ်ကာချမ်းနေချိန်တွင်ထိုသူသည်မိုးကာအင်္ကျီကိုတင်းတင်းစေ့ကာဆေးလိပ်တစ်လိပ်ကိုရှိုက်ဖွာလျက်ရှိသည်..။လေပြင်းဝေ့လိုက်တိုင်းယောက်ျားတစ်ယောက်အတွက် အတန်ငယ်ရှည်လျားသောပုခုံးထောက်ဆံပင်ပျော့ပျော့လေးတွေက လွင့်ဝဲသွားသည်။သူကိုယ်တိုင်၏ဆံပင်ကအသားကြမ်းကာ မာကျောသောကြောင့် ဆံပင်ပျော့လေးတွေကိုဘာရယ်မဟုတ်ပဲသဘောကျမိတတ်သည်။


ဆံပင်လေးတွေကစန္ဒီဆံပင်လေးတွေလိုပဲ..။သူ့အတွေးကိုသဘောကျသွားကာ ရုတ်တရက် လေချွန်ပစ်လိုက်တော့ ထိုသူကလှည့်ကြည့် သည်။ နှစ်ယောက်တည်းရှိတာ ရန်စတယ်လို့ထင်သွားပြီလားမသိဘူး..။ဘာပြောရမှန်းမသိပဲနူတ်ကလွှတ်ကနဲထွက်သွားသည်။


' မီးတစ်တို့လောက်'


ဟာ..သေတော့မှာပဲ..။ဆေးလိပ်သောက်ချင်နေတာမှန်သော်လည်းသူ့တွင်ဆေးလိပ်မပါတာသူသိသည်။ထိုသူကဘောင်းဘီအိပ်ကပ်တွေကိုလှည့်ပတ်စမ်းကာ ကြောင်တောင်တောင်ဖြစ်နေ သောသူ့ကိုတစ်ချက်ပြုံးကာဆေးလိပ်ပါထုတ်ပေးသည်။ ဆေးလိပ်ကို မီးညှိ၍အားရ ပါးရရှိုက်ဖွာလိုက်သောအခါတစ်ချို့တစ်ဝက်သည်သူ့အဆုတ်ထဲသို့အဆိပ်များအဖြစ်ဝင်ရောက်ကာတစ်ချို့ကတော့လေထဲသို့လွင့်မျောသွားသည်။ဘာပဲဖြစ်ဖြစ်နွေးသွားတာအမှန်ပဲ..။


ကျေးဇူးပဲ ဟုပြောလိုက်တော့မျက်လုံးကိုအသာမှိတ်ကာပြုံးလျက်ခေါင်းယမ်းပြသည်။ မလိုပါဘူးဆိုတဲ့သဘောပေါ့..။ ထိုစဉ်မှာပဲရင်းနှီးပြီး သားကိုယ်နံ့ကလေးသည်သူ့နားတွင်မွှေးပျံ့လာသည်။ စန္ဒီရောက်လာပြီ..။


' ကိုစောင့်နေတာကြာပြီလား..သွားရအောင်လေ"


စန္ဒီသည်သူ့ထုံးစံအတိုင်း ဘာကိုမှဂရုမထားပဲပြောချင်ရာပြောကာ ရှေ့မှကြိုထွက်သွားသည်။ဟိုလူကိုလှမ်းကြည့်လိုက်တော့ ထွက်ခွာသွား သောစန္ဒီနောက်ကျောကိုစိုက်ကြည့်နေသောကြောင့်သူ့ရင်ထဲတွင်ကျေနပ်သလိုဖြစ်သွားသည်။ဒီလိုဆိုတော့ သူ စန္ဒီပုခုံးကိုပိုင်ဆိုင်စွာ ဖက်ထားရမှာပိုပြီးအရသာရှိပါလိမ့်မည်..။


(၂)


ထိုဘတ်စ်ကားမှတ်တိုင်သို့ စန္ဒီဒုတိယအကြိမ်ချိန်းသောအခါပထမအကြိမ်ကလို သူအတိုက်အခံမလုပ်တော့ပါ။အမြဲနောက်ကျတတ်သော စန္ဒီရောက်မလာခင်ကော်ဖီဆိုင်မှာထိုင်လျက်ကော်ဖီကို မျိုချရင်းမျက်စိနောက်ဖွယ်လူများနှင့် Animal planet ကိုသာဖွင့်သော ထပိတ် ပစ်လို့မရသည့်ရွံရှာဖွယ်တီဗွီအစီအစဉ်ကိုသည်းခံရမှာထက်စာရင် မှတ်တိုင်တွင်တိတ်ဆိတ်စွာထိုင်လျက် Mp3 ကိုနားထဲထည့်ထားရတာ ကပို၍သက်တောင့်သက်သာရှိပေလိမ့်မည်။


ဒုတိယနေ့သည်ပထမနေ့နှင့်ဆန့်ကျင်စွာခြောက်သွေ့ပူအိုက်လျက်ရှိသည်။ ရန်ကုန်သည်တစ်ခါတစ်ရံတော့အပြောင်းအလဲမြန်သောမိန်းမ တစ်ယောက်နှင့်တူသည်။ညနေကမိုးသည်းထန်စွာရွာခဲ့သော်လည်းအခုတော့လမ်းမများသည်သူမဟုတ်သလိုပင်ခြောက်ကပ်နေသည်။မိုးရွာခဲ့သောသင်္ကေတအဖြစ်တစ်နေရာထဲမှာစုပြုံတင်နေသောအမှိုက်များနှင့်ခြောက်သွေ့စပြုကာလေထဲလွင့်ပါချင်နေသည့် သဲစီးကြောင်း ကလေးများသာရှိတော့သည်။


မှတ်တိုင်၏အဆုံးတွင်တော့ပထမနေ့ကလူထိုင်နေသည်ကိုတွေ့ရ၏။သည်လူဝီရိယကောင်းလှချည်လား။ ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ ဆေးလိပ်ပါလာသည့်အတွက် မည်သူ့ကိုမျှအောက်ကျို့စရာမလိုပဲ..သီချင်းနားထောင်ရင်း စန္ဒီကိုစောင့်နိုင်လိမ့်မည်။ မှတ်တိုင်ဆီ သို့လမ်းလျှောက်သွားတော့တိတ်ဆိတ်စပြုနေသောအချိန်တွင် သူ့ဖိနပ်သံကအတန်ငယ်ကျယ်လောင်နေ၏။


အရပ်အမောင်းနှင့်ခန္ဓာကိုယ်ကထွားကျိုင်းသော်လည်းသူ့ကိုလှည့်ကြည့်သောမျက်လုံးများသည် ကလေးတစ်ယောက်လိုကြည်စင်ကာ ပျော့ပျောင်းသောဆံနွယ်နုနုများဖြင့်အနားသတ်သောထိုမျက်နှာသည် သူ့ထက်သုံးလေးနှစ်ငယ်ရွယ်သောလူငယ်လေးတစ်ယောက် သာဖြစ်နိုင်သည်။


သူ့ကိုမြင်တော့မှတ်မိသွားသလိုရယ်ပြတော့ဘာရယ်မဟုတ်ပဲတုံ့ပြန် လိုက်မိသည်။ တကယ်တော့ ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်သက်ငေးမော နေရမှာကိုနှစ်သက်သောသူ သည်အဝေးပြေးကားပေါ်မှာ ဖုန်းဘီလ်တန်းစီသည့်အခါမျိုးမှာကြုံရတတ်သောသိသိမသိသိ မိတ်ဖွဲ့စကား ပြောတတ်သူများကိုမုန်းတီးသူဖြစ်၏။သည်လူကတော့စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင်စကားမများလောက်ဘူးထင်ပါရဲ့။နံရံတွင်မှီထိုင်နေရင်းငါးမိနစ်ခန့်ကြာတော့ ခံတွင်းချဉ်လာသည်။


ဘောင်းဘီအိတ်ထဲကိုစမ်းကြည့်လိုက်တော့ သတိလက်လွတ်ဖိထိုင်မိသောကြောင့် ဆေးလိပ်ဘူးသည်ပြားကပ်နေ၏။ ဆေးစတစ်ချို့ ထွက်ကျကာလိမ်ကောက်နေသောဆေးလိပ်ကိုပြန်ဖြောင့်ရင်းနူတ်ခမ်းမှာတေ့လိုက်တော့မှသူ့မီးခြစ်လွန်ခဲ့သောတစ်ပါတ်လောက်က ပျောက်ဆုံးသွားခဲ့သည်ကိုသတိရသည်။ရှစ်ထ်..။ဒေါသတကြီးဆေးလိပ်ကိုဖြုတ်ယူလွှင့်ပစ်ရန်လက်လှမ်းမိစဉ်မှာပဲ..ဖျောက်ကနဲအသံနှင့်အတူသူ့မျက်နှာနားတွင်မီးတောက်တစ်ခုလင်းလက်လာသည်။


' ညှိလိုက်လေ..အစ်ကို'


'ကျေးဇူးပဲ'


သူနှင့်အနီးကပ်မျက်နှာချင်းဆိုင်မိသောအခါမီးခြစ်မှမီးတောက်ကလေးများက ထိုသူ့မျက်ဝန်းတွေထဲ..ရောင်ပြန်ဟပ် ကာတောက်ပနေခဲ့ သည်။


(၃)


တတိယမြောက်နေ့တွင်တော့သူသည်စန္ဒီဆီသို့သွားရမည့်အစား၁၉လမ်းရှိလူရှင်းသောဆိုင်တစ် ဆိုင်၏ထောင့်ကျသောစားပွဲတစ်လုံးတွင် အယ်လ်ကိုဟောဖြင့်ဝေဒနာတစ်ချို့ကိုမျိုချရန်ကြိုးစားလျက်ရှိ၏။မနေ့ကစန္ဒီနှင့်ရန်ဖြစ်ခဲ့သည်။စန္ဒီနှင့်သူ့ကြားတွင်ရန်ဖြစ်ခြင်းဆိုသည်မှာအဆန်းတော့မဟုတ်ပါ။ဘယ်ကော်ဖီဆိုင်တွင်ထိုင်မလဲဟူသောကိစ္စနှင့်ပတ်သက်၍ရန်ဖြစ်နိုင်သည်။ဘယ်ရုပ်ရှင်ကားကြည့်မလဲဟူသောကိစ္စနှင့်ပတ်သက်၍ရန်ဖြစ်နိုင်သည်။


အနည်းဆုံးတော့ကားလမ်းကူးသည့်အခါအတူတူစောင့်မကူး၍လူကြားထဲမှာလက်ကိုင်ဖို့ ကြိုးစား၍သို့မဟုတ်လမ်းသွားလမ်းလာ ကောင်မလေးတွေကိုလိုက်ငေး၍ဆိုတာတွေနဲ့ပဲဖြစ်ဖြစ်ပေါ့။စိတ်သဘောထားခြင်းမတိုက်ဆိုင်တိုင်းသာလမ်းခွဲရစတမ်းဆိုရင်သူတို့နှစ် ယောက်ပြတ်စဲပြီးတာကာလအတော်ကြာလောက်ပြီ..။သူတို့နှစ်ယောက်ကြားကကွာဟမှုအက်ကြောင်းမည်မျှကြီးမားခဲ့ သည်ဖြစ်စေ စန္ဒီမျက်နှာလေးကိုတစ်ရက်မတွေ့ရလျင်မနေနိုင်သည့်စိတ်က ယိုင်နဲ့နေသောစိတ်များကိုပြန်လည်တည့်မတ်ပေးခဲ့သည်။


အသည်းကွဲသည့်အခါစိတ်ထဲတွင်မွန်းကျပ်စွာကူကယ်ရာမဲ့သည့်အခါအရက်ဖြင့် ထွက်ပေါက်ရှာခြင်းသည်လွန်စွာရိုးရှင်းဟောင်းမြင်းသော နည်းဖြစ်သော်လည်းသူ့မှာရွေးချယ်စရာမရှိပါ။မနေ့က စန္ဒီသည်သူ့နှင့်စတွေ့ကတည်းက ကျောင်းတုန်းကရည်းစားဟောင်းတစ်ယောက်


တော်ကြောင်းတတ်ကြောင်းချမ်းသာကြောင်းများကိုစီကာပတ်ကုံးပြောလျက်ရှိ၏။ဘယ်အချိန်များ သူ့ဟာသူရပ်လိုက်မလဲဟုစောင့်နေ သော်လည်းအတော်ကြာသည်အထိမပြီးနိုင်သောအခါသူတစ်ချက်ဆဲပစ်လိုက်သည်။ထိုအခါမျိုးတွင်သူသည် စန္ဒီအတွက်နားလည်မှုမရှိသူ သဘောထားသေးသိမ်သူဖြစ်၏။ကိုယ့်ချစ်သူကတစ်ခြားယောက်ျားတစ်ယောက်ကောင်းကြောင်းကိုရှည်ဝေးကြာမြင့်စွာပြောပြနေခြင်းကို ပြုံးပြီးနားထောင်ရလောက်အောင်သဘောထားကြီးသောယောက်ျားမရှိသလောက်ရှားပါးသည်ကို စန္ဒီသိရန်လိုပါသည်..။ တစ်ယောက်နှင့် တစ်ယောက်အပြန်အလှန်ပုတ်ခတ်စွပ်စွဲကြရင်စိတ်ပေါက်ကွဲထွက်ကာနံရံကိုသုံးလေးချက်ဆင့်ထိုးပစ်လိုက်တော့ စန္ဒီငိုသည်။


'ထိုင်မယ်နော်'


အသံလာရာဆီသို့လှမ်းကြည့်လိုက်တော့မြင့်မားသောအရိပ်တစ်ခုသည်သူ့စားပွဲကိုလက်ထောက် ကာခန္ဓာကိုယ်ကိုငုံ့ကိုင်းလျက်သူ့ကို မိုးကြည့်နေ၏။ ဟိုလူပါလား...။ သူ၏နားမလည်ဟန်အကြည့်ကိုမြင်လိုက် ရတော့တစ်ဖက်ဝိုင်းတွေထိုင်နေရာကသူ့ကိုမြင်၍ လာနူတ် ဆက်ခြင်းဖြစ်ကြောင်းရှည်လျားစွာရှင်းပြနေတော့မှသူ့ရိုင်းပြမှုအတွက်အားနာသွားသည်။


'ဆောရီး..ကျွန်တော်ရုတ်တရက်ဆိုတော့ ကြောင်သွားတယ်'


'ရပါတယ်..ဒါနဲ့ဟိုတစ်ယောက်နဲ့မတွေ့ဖြစ်ဘူးလား' ထိုမေးခွန်းကိုကြားလိုက်တော့သူ့ရင်ထဲတွင်မွန်းကျပ်ကာ ခေတ္တတိတ်ဆိတ်သွား သည်။


'ဟာ ကျွန်တော်အရမ်းစပ်စုမိသွားပြီ'


ရပါတယ်..။ ခင်ဗျားအလွန်မဟုတ်ဘူး ..။စိတ်ထဲမှာသာပြောလိုက်ကာ သူ့ရှေ့ရှိခွက်အလွတ်ထဲသို့ ဖန်တကောင်းထဲမှလက်ကျန်ဘီယာများ လောင်းထည့်ပေးလိုက်သည်။သူ့ရှေ့ရှိခွက်ကျန်ကို ကောက်မော့ရင်းနောက်တစ်ဂျားထပ်မှာတော့ သူ့ကိုနားမလည်သလိုကြည့်လျက်ရှိ သည်။


'ကျွန်တော်တို့မိတ်မဆက်ရသေးဘူး..ကျွန်တော့်နာမည်သုခပါ'


တည်ငြိမ်အေးချမ်းဟန်ရှိသောသူ့မျက်နှာနှင့်လိုက်ဖက်သောနာမည်ဖြစ်ပါသည်။ မိတ်ဖွဲ့သူများကို မုန်းတီးလေ့ရှိသည့်ထုံးစံနှင့်မသိချင် ယောင်ဆောင်ရမည့်အစားလက်တစ်ဖက်ကိုကမ်းပေးကာလက်ဆွဲနူတ်ဆက်လိုက်မိသည်။


'ကျွန်တော့်နာမည်က ညီညီပါ'


ဘာပဲဖြစ်ဖြစ်သူ့ရှေ့တွင်သောက်ဖော်သောက်ဖက်တစ်ယောက်ရှိနေသည့်အတွက်ခုနကထက်စာရင်တော့ ရင်ထဲမှာအတော်ပေါ့ပါးသွား သည်။


'ဒါနဲ့ ခင်ဗျားကောသွားမစောင့်ဘူးလား' သိပ်မရင်းနှီးသေးသူတစ်ယောက်နှင့်ရင်းနှီးမှုရရင် သူနှင့်သုခကြားရှိတစ်ခုတည်းသောဆက်နွယ်မှု ကိုမေးခွန်းထုတ်လိုက်ရသည်။


'ဗျာ..ဘယ်သူ့ကိုလဲ


'ခင်ဗျားညတိုင်းလာစောင့်တဲ့တစ်ယောက်လေ' သူ၏ဒုတိယမေးခွန်းကိုမျက်လုံးများမှေးစင်းသွားသည်အထိရယ်မောခြင်းဖြင့်တုံ့ပြန်၏။


' ကျွန်တော်ကမှတ်တိုင်မှာဒီအတိုင်းလာထိုင်တာဗျ..' ဘာဖြစ်လို့လဲတော့ သူဆက်မမေးဖြစ်ပါ။ ဆေးလိပ်ကိုသာဖိ၍ဖွာနေလိုက်သည်။ အတန်ကြာသောအခါ သုခဆီမှနောက်မေးခွန်းတစ်ခုထပ်ပေါ်လာသည်။


'စိတ်တော့မဆိုးနဲ့ အစ်ကိုတို့နှစ်ယောက်ကိုကြည့်ရတာ သိပ်အဆင်မပြေဘူးထင်တယ်'


စိတ်ဆိုးချင်စရာမေးခွန်းဖြစ်သော်လည်းစိတ်ဆိုးရမည့်အစားသူဝမ်းနည်းသွားသည်။ကိုယ်တို့အဖြစ်ကသည်လောက်မြင်သာနေခဲ့ပြီလား စန္ဒီရယ်..။


' ဟုတ်တယ်..ကျွန်တော်တို့ရန်ဖြစ်ထားတယ်'


' ဒါကြောင့် ကျွန်တော်ရည်းစားမထားတာဗျ ဟာသတစ်ခုရှိတယ် မိန်းမဆိုတာပြည်သူလိုပဲ..ဘာပဲလုပ်ပေးပေး ဘယ်တော့မှမကျေနပ်ဘူးတဲ့'


သုခဟာသကသိပ်မရယ်ရသော်လည်းမှန်နေသဖြင့်ဝေဒနာကိုခေတ္တမေ့လျော့သွားကာသူရယ်မော လိုက်မိသည်။


'ဒါဆို မင်းဟိုမှတ်တိုင်မှာဘာလို့မှန်မှန်လာထိုင်လဲ ပြောပြလို့ရမလား'


'အင်း..ဘာအကြောင်းမှတော့မရှိဘူး..အဲ့ဒီနေရာကလူရှင်းပြီး တိတ်ဆိတ်လို့ဆေးလိပ်လာသောက်တာ..မီးခိုးငွေ့လေးတွေ လေထဲလွင့် သွားတာ သိပ်ကြည့်လို့ကောင်းတယ်လေ'


သူ့ရှေ့တွင်ထိုင်နေသောလူငယ်လေးသည် သူ့လိုပင်ဆေးလိပ်မီးခိုးငွေ့များကိုကြည့်၍စိတ်ကူးယဉ် တတ်သူတစ်ဦးဖြစ်နိုင်သည်။ အဆုတ် ကင်ဆာ..အသက်ရူလမ်းကြောင်းရောဂါစသောနောက်ဆက်တွဲတွေကိုမေ့လျော့ထားနိုင်ရင်ပေါ့လေ..။အသစ်ရောက်လာသောဖန်တ ကောင်းထဲမှဘီယာများကို ခွက်နှစ်ခုထဲသို့မျှထည့်သည့်အချိန်တွင်ဘီယာနှင့်ဆေးလိပ်နှစ်ပင်လိမ်ကာရီဝေစပြုနေပြီ..။


ဒုတိယတစ်ခွက်ထဲသို့အထည့်တွင်ခွက်စောင်းကာယိုင်သွားလျင်သုခကသူ့လက်ကိုစိုးရိမ်တကြီး ဖမ်းထိန်းလိုက်တော့ လက်ဖ၀ါးချင်း ထိခတ်သွားသည်။


'အစ်ကို့လက်တွေယောင်နေတယ်'


ထိုစကားကိုကြားတော့ သူနာကျင်စွာရယ်မောမိသည်။သူ၏ညာဘက်လက်ဆစ်များနှင့်လက်ဖမိုး များပွန်းပဲ့စုတ်ပြတ်ကာလက်ခုံတစ်ခုလုံး ယောင်ကိုင်းနေတာအမှန်ပဲဖြစ်၏။


'ဒါကျွန်တော်ရဲ့စိတ်ထွက်ပေါက်လေ'


ထို့နောက်တွင်တော့သူရှေ့တွင်ထိုင်နေသူသည်မနေ့တစ်နေ့ကမှသိကျွမ်းလာသူတစ်ယောက်ဖြစ်သည်ကိုမေ့လျော့ကသူနှင့်စန္ဒီကြားမှညှိမရသည့်အယူအဆကွာခြားချက်များကိုအတွင်းကျကျပြောပြနေမိသည်။


'အစ်ကို ပြန်သင့်ပြီထင်တယ်'


သူနားလည်ပါသည်။သိပ်မရင်းနှီးသေးတဲ့လူတစ်ယောက်ရစ်တဲ့ဒဏ်ကိုဘယ်သူသည်းခံနိုင်မှာလဲ..။


'ဆောရီး..ကျွန်တော်စကားသိပ်များသွားပြီ'


'မဟုတ်ဘူး ကျွန်တော်ကဘာမှမဖြစ်ပါဘူး ဒါပေမယ့်အစ်ကိုသိပ်မူးနေပြီ'


ဘီယာခုနှစ်ခွက်သည်တစ်ခါတစ်ရံမှသောက်တတ်သောသူ့အတွက်မှောက်သွားနိုင်သောပမာဏဖြစ်သည်။


'အိုကေ ဒါဆိုပြန်ကြတာပေါ့'


'ကျွန်တော်မှတ်တိုင်လိုက်ပို့မယ်နော်'


'နိုး..ရတယ် ကျွန်တော်ပြန်လို့ဖြစ်ပါတယ်' အခုမှသိသောသူတစ်ယောက်ထံမှဒီထက်ပိုပြီးအခွင့်အရေးမယူသင့်ဟုထင်ပါသည်။


'ကျွန်တော်နဲ့လမ်းကြုံလို့ပါ' ဒုတိယအကြိမ်ထပ်ပြောတော့သူမငြင်းဆန်ဖြစ်တော့ပါ။


ပုံမှန်အချိန်မျိုးတွင်ပင်ပုခုံးချင်းဝင်တိုက်မိရုံဖြင့်စိတ်တိုတတ်သောသူ့အတွက်အခုလိုမူးနေချိန်တွင်ထိန်းကွပ်ဖို့လူတစ်ယောက်လိုအပ်တာအမှန်ပဲ။ ဆိုင်မှထလာသောအချိန်တွင်သုခသည်လက်တစ်ဖက်ကခါးကိုဖက်လျက်နောက်လက်တစ်ဖက်ကိုသူ့ပုခုံးပေါ်တွင်တင်ပေးထားကာ သူယိုင်လဲမသွားအောင်ဖေးမပေးနေသည်။မှတ်တိုင်သို့သွားရာလမ်းသည်လေတိုက်လျင်လွင့်သွားသောသစ်ရွက်ကြွေနှင့် သူတို့နှစ်ဦး၏ ခြေသံမှလွဲ၍တိတ်ဆိတ်နေ၏။သူ့အသိဥာဏ်များလဲလက်ရှိဖြစ်ရပ်ဆီသို့အာရုံရောက်တစ်ချက် မရောက်တစ်ချက်ဖြစ်လျက်ရှိသည်။


'မင်း..အချစ်ဆိုတာကိုဘယ်လိုမြင်လဲ'


အင်း..အခုမှသိကျွမ်းစလူတစ်ယောက်ကိုမေးရတာအနည်းငယ်ကြောင်တောင်တောင်နိုင်သောမေးခွန်းတစ်ခုဖြစ်ပါသည်။မူးနေသော ကြောင့်လား..။ဒါမှမဟုတ်တကယ့်သိချင်စိတ်ဖြင့်ပဲလားသူမေးလိုက်ပြီးမှတစ်စုံတစ်ခုကိုစိုးရိမ်သွားသည်။


'ရစ်တယ်လို့မထင်နဲ့နော်'


'အင်း..မထင်ပါဘူးဗျာ..ကျွန်တော် တကယ်ဖြေရင်လဲကြီးကျယ်တယ်လို့ မထင်နဲ့နော်'


'ကျွန်တော်လဲမထင်ပါဘူးဗျာ..' သူကလဲထိုစကားအတိုင်းပြန်ဖြေလိုက်တော့သူတို့နှစ်ဦးရင်းနှီးမှုရသွားကာပြိုင်တူရယ်မောလိုက်ကြသည်။


'အချစ်ဆိုတာ.....'


(၄)


'အချစ်ဆိုတာရယူခြင်းလဲမဟုတ်ဘူး ပေးဆပ်ခြင်းလဲမဟုတ်ဘူး.. တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ကအလိုက်တသိနဲ့ ဖြည့်စွမ်းနားလည်နိုင်စွမ်းပဲ'


စကားလုံးများစွာမပါသောသုခ၏အချစ်အပေါ်ခံယူချက်သဘောထားသည်သူနှင့် စန္ဒီအတွက်တော့ အလွန်မှန်ကန်သောဖွင့်ဆိုချက် တစ်ခုဖြစ်ပါသည်။ စန္ဒီလိုအပ်ချက် စန္ဒီပြဿနာတွေကိုသူ ဘယ်လောက်နားလည်ခွင့်လွှတ်နိုင်ခဲ့လဲ..။ ဖြည့်ဆည်းနိုင်ခဲ့လဲဟုမေးလာ လျင်သူခေါင်းယမ်းရလိမ့်မည်။ စန္ဒီကိုသိပ်ချစ်သော်လဲအခါများစွာတွင်သူ့အတ္တကိုရှေ့တန်းတင်ခဲ့သည်ကများပါသည်။


ပိုင်ဆိုင်သမျှစာအုပ်များ၏ထောင့်စွန်းတိုင်းမှာတစ်ခြားသူတွေလိုနာမည်မထိုးပဲ ME ဟုရေးထိုး ထားတတ်သောသူသည် စန္ဒီပြောသလို အထူးတလည်အတ္တကြီးသူဖြစ်နိုင်၏။ ထိုမှနောက်ပိုင်းကာလများတွင် စန္ဒီမလာခင်စောင့်ဆိုင်းချိန်များတွင်သုခနှင့်စကား လက်ဆုံကျရ ခြင်းကိုသူပျော်ဝင်နှစ်သက်လာမိသည်။စိတ်သဘောထားအယူအဆမတိုက်ဆိုင်သော ချစ်သူနှင့်ရန်ဖြစ်နေရသည်ထက်စာလျင် ၀ါသနာ တူမိတ်ဆွေတစ်ယောက်ဖြင့်စကားစမြည်ပြောရသည်ကပိုမိုနှစ်သက်ဖွယ်ကောင်းပါသည်။သုခ သည်သူ့လိုပင် slow rock သီချင်းများ ဆာရီယယ်လစ်ဇင်ဝတ္ထုများနှင့်လက်ဖက်ရည်ချိုကျတို့ကိုနှစ်သက်သည်။ စန္ဒီကိုစောင့်ဆိုင်းရသော မိုးရာသီညနေများသည် သူ့အတွက် တစ်စုံတစ်ခုသောအဓိပ္ပါယ်ဖြင့်ပြည့်ဝစပြုလာသည်။


စန္ဒီကတော့အရင်လိုသူပြောသမျှစကားတိုင်းကိုပြဿနာရှာမခံရတော့သဖြင့် ထူးဆန်းအံ့သြလျက်ရှိသည်။ ဒီလိုနေတော့ကိုကသိပ်ချစ်ဖို့ ကောင်းတာပဲဟုမှတ်ချက်ချသောအခါသူပြုံးနေလိုက်သည်။သူ စန္ဒီကိုချစ်ပါသည်။သူ့ကို စန္ဒီသိပ်ချစ်တာလဲသူသိသည်။မွေးကတည်းက မတူညီလာသောဝါသနာဗီဇတို့ကိုဇွတ်ညှိယူရန်မကြိုးစားပဲလိုက်လျောညီထွေထားလိုက်သောအခါ စန္ဒီသည်သူ့အတွက်ပြီးပြည့်စုံသော ချစ်သူတစ်ယောက်ဖြစ်လာခဲ့သည်။


ကာလအချို့ကြာမြင့်ခဲ့ပြီးနောက် တစ်ညနေတွင်သုခသည်သူမထင်မှတ်သောစကား တစ်ခုကိုပြောခဲ့သည်။


'ကျွန်တော်အစ်ကို့ကိုညာခဲ့တာ တစ်ခုရှိတယ်'


'ဘာပါလိမ့်' စပြောလာသောစကားသည်တစ်စုံတစ်ခုကိုရည်ရွယ်ဝန်ခံလိုဟန်ရှိသော်လည်း သူတကယ်မေးလိုက် တော့ပြောသင့်မပြော သင့်ချိန်ဆနေပုံဖြင့် တိတ်ဆိတ်သွားသည်။


'အစ်ကိုနဲ့ပထမဆုံးတွေ့တဲ့နေ့က ကျွန်တော်ဒီမှတ်တိုင်ကိုရောက်နေတာ မိုးရွာလို့ခဏ၀င်ခိုတာ..ဒုတိယနေ့ပြီးတော့ နောက်နေ့တွေက ဆေးလိပ်လာသောက်တာ မဟုတ်ဘူး..'


ဘုရားဘုရား သုခမင်းဘာတွေပြောနေတာလဲ..။သူ့စိတ်ထဲတွင်ဘာကိုမှန်းမသိစိုးရိမ်လာသည်။ သုခမျက်လုံးများသည်နီရဲကာ သူ့ကိုကြည့် နေသောအကြည့်မှာလဲစူးစိုက်လွန်းလှ၏။


'မင်းမူးနေတာလား..သုခ..ငါအိမ်ပြန်လိုက်ပို့ရမလား' သူပြောသောစကားကို ဂရုမစိုက်ပဲနောက်တစ်ခွန်းထပ်ပြောလာသည်။


'နောက်နေ့တွေက အစ်ကို့ကိုတွေ့ချင်လို့လာတာ.. အဲ့ဒါဘာကြောင့်လဲသိလား'


သုခ၏စကားအသွားအလာနှင့်အကြည့်များမှတစ်ဆင့်ဆက်ပြောလာတော့မည့်စကားကိုသူရိပ်မိ သွားတော့သည်။ မပြောနဲ့သုခ..ဆက် မပြောနဲ့..။မင်းပြောလို့မဖြစ်ဘူး။ရင်ထဲတွင်အကြောက်အကန် ငြင်းဆန်နေသော်လည်းတကယ်တမ်းတွင်တော့ သူသည်နူတ်ဆိတ်ဆွံ့အ ကာသုခကိုငေးကြည့် နေမိသည်။


'အစ်ကို့ကို..ချစ်လို့..'


ကြီးမားသောအားတစ်ခုကသူ့ကိုဟိုးအမြင့်ကြီးသို့ပစ်တင်ပြီးရုတ်တရက်ပြန်လွှတ်ချလိုက်သလိုရင်တွေလွတ်ဟာသွားသည်။မဖြစ်သင့် ဘူး..။ မင်းဘာစကားပြောတာလဲလို့မေးလိုက်..ဒါမှမဟုတ် ဆွဲထိုးပစ်လိုက်..သူ့ဦးနှောက်ကဖြစ်သင့်ဖြစ်ထိုက်သည်ကို သတိပေးသော် လည်းသူခြေထောက်များ ကတော့နေရာမှ တစ်လှမ်းမှရွေ့လို့မရ။သူ၏ပျက်ယွင်းသောအခြေအနေကိုကြည့်ကာသုခ ရှေ့တိုးလာကာ သူ့ပုခုံးနှစ်ဖက်ကိုဆွဲကိုင်လှုပ်ယမ်းလျက်


'အစ်ကို..တစ်ခုခုပြောစမ်းပါ..ကျွန်တော့်ကိုဆွဲထိုးပစ်လိုက် ဒါမှမဟုတ်ရင့်ရင့်သီးသီးတစ်ခုလောက်ပြောစမ်းပါ.. ကျွန်တော် ဒီစကားတွေ မပြောဖြစ်အောင်ကြိုးစားခဲ့တယ်.. ဒါပေမယ့်ရင်ထဲမှာမွန်းကျပ်တာမခံနိုင်တော့ဘူး.. ပြီးတော့..'


ထိုစဉ်မှာပင်သူကိုယ်တိုင်မထင်မှတ်သောအပြုအမူတစ်ခုကို သူကျူးလွန်လိုက်မိသည်။ တွန်းကန်ရုန်းဖယ်ပစ်ရမည့်အစားသုခကို တင်းကြပ်စွာပွေ့ဖက်လိုက်မိခြင်းပင်ဖြစ်၏။နွေးထွေးသော ခန္ခာကိုယ်လေးသည်သူ့ရင်ခွင်ထဲတွင်ရှိုက်နေသလိုတုန်ယင်လျက် 'ကျွန်တော့် ကို ခွင့်လွှတ်ပါ' ဟုတတွတ်တွတ်ရေရွတ်နေသည်။ဘာကိုမှမမြင်ချင်မကြားချင်တော့သလိုမျက်လုံးကိုမှတ်ထားလိုက် သော အခါသူ မရေရာခဲ့သောခံစားချက်တို့သည်ကြည်လင်ပြတ်သားလာသည်။


သုခနှင့်မတွေ့ဖြစ်သောညနေများမှာ ခံစားရသောအလိုမကျစိတ်..အားငယ်ဝမ်းနည်း ချိန်များတွင် သုခကိုလိုအပ်စိတ်..စကားလက်ဆုံကျ ချိန်များတွင် ခိုးကြည့်မိသောနူတ်ခမ်းပါးလေး များကိုတွယ်ငြိစိတ်တို့ကိုပြန်လည်သတိထားမိလိုက်သည်။ သူ့ဘက်ကရောသုခ အပေါ် ရိုးသားခဲ့ပါရဲ့လား။


သူ့နူတ်ခမ်းပေါ်သို့နွေးထွေးသောအနမ်းတစ်ခုဖိကပ်လာ၏။မကြာသေးခင်ကမှ သူခိုးကြည့် မိခဲ့သေးသောနူတ်ခမ်းလေးများဖြစ်သည်..။ အခုချိန်တွင် သူ့မှာညှိမရသောပြဿနာတွေမရှိ..စိတ်မွန်းကျပ်မှုမရှိ..ပြီးတော့


စန္ဒီ..


ရုတ်တရက် စန္ဒီကိုသတိရမိသောအခါသုခကိုအလန့်တကြားတွန်းဖယ်လိုက်မိသည်။မဖြစ်ဘူး..။ ငါ့မှာ စန္ဒီရှိတယ်။ သုခသည်ရုတ်တရက် ပြောင်းလဲသွားသောအခြေအနေကိုနားမလည်သလို ကြောင်ကြည့်နေ၏။ 'ဆောရီး..သုခ..ငါသွားတော့မယ်'


သုခသူ့ကိုမတားပါ..။မှတ်တိုင်ကိုကျောခိုင်းလှည့်ထွက်လိုက်တော့ပြင်းထန်စွာတိုက်ခတ်လာသော လေများသည်သစ်ရွက်ကြွေများ ကို လျောတိုက်ခေါ်ဆောင်သွားသည်..။ မကြာခင်မိုးရွာတော့မည်။


(၅)


တစ်ချက်..


လက်ဆစ်များဆီမှနာကျင်မှုသည်ဦးနှောက်သို့စီးဆင်းကာကျဉ်တက်သွားသော်လည်း ရင်ထဲမှ မွန်းကျပ်မှုဝေဒနာကတော့အနည်းငယ်မျှ ပင်လျော့ပါးခြင်းမရှိပါ။


နှစ်ချက်..


စန္ဒီနှင့်ရန်ဖြစ်တုန်းကလိုပူလောင်ဆူဝေသောဒေါသဖြင့်ထိုးနေခြင်းမဟုတ်သောကြောင့်အသည်း ခိုက်အောင်နာကျင်လျက်ရှိသည်။ သူမေ့ပစ်ချင်တော့နူတ်ခမ်းများ၏ချိုမြမှုကတော့လွင့်စင် ပျောက်ပြယ်သွားရမည့်အစားတမ်းတယစ်မူးစိတ်များသာ နက်ရှိုင်း တိုးဝင်လာနေသည်။


သုံးချက်..


သူ့မျက်လုံးများပြာဝေလာသည်။ စန္ဒီ..ကိုယ့်ကိုကယ်ပါဦး စန္ဒီရယ်..။ကိုယ် စန္ဒီကိုချစ်တယ်။


မခွဲနိုင်ဘူး..။ ပြီးတော့..


လေးချက်..။


(နောက်ဆုံးနေ့)


ကားပေါ်မှာရှိနေစဉ်တစ်ချိန်လုံးဖွဲဖွဲရွာခဲ့သောမိုးသည်ကားပေါ်မှဆင်းလိုက်သည်နှင့်သည်းထန်လာတော့သည်။


မှတ်တိုင်အမိုးအောက်ကိုရောက်သွားသော်လည်းပြင်းထန်စွာတိုက်ခတ်နေသောလေက မိုးစက်များကိုသယ်ဆောင်လာ သဖြင့် ပို၍ချမ်းလာသည်..။မှတ်တိုင်၏တစ်ဖက်စွန်းတွင်..မိုးကာအင်္ကျီကိုတင်းတင်းစေ့ကာဆေးလိပ်ကိုရှိုက်နေသောလူတစ်ယောက်ရှိနေသည်။သူ့ခြေသံကြောင့်ထိုသူကလှည့် ကြည့်သောအခါတွင်ရေစိုထားသောပျော့ပျောင်းသည့်ဆံပင်ရှည်များဝဲလွင့်သွား၏။


'အစ်ကို'


သူ့နူတ်ခမ်းများတွန့်ကွေးလိုက်သော်လည်းအပြုံးတစ်ခုဖြစ်မသွားဘူးထင်သည်။စကားတစ်ခွန်းလောက်ပြောရအောင်လဲသူအင်အားမရှိပါ။သုခမျက်လုံးများကိုမကြည့်မိအောင်သတိထားရင်းမိုးကာအင်္ကျီအိတ်ထဲမှာတစ်စုံတစ်ခုကိုထုတ်ပေးလိုက်သည်။လှမ်းယူလိုက်သောလက်ကလေးများသည်တုန်ယင်နေသည်။


သူပေးလိုက်သည်ကစာအိတ်အ၀ါလေးဖြင့်ထည့်ထားသောကဒ်ထူပြားလေးတစ်ခုဖြစ်ပါသည်။ထိုကဒ်ပြားလေးပေါ်တွင်ပုံနှိပ်ထားသောရွှေရောင်စာလုံးများတွင် သူတို့ ဇာတ်လမ်းအတွက်ဖြစ်သင့်ဖြစ်ထိုက်သောဇာတ်သိမ်းတစ်ခုပါဝင်၏။


စာအိတ်ကိုဖွင့်ဖတ်အပြီးပြောစရာစကားမရှိတော့သလိုသုခသူ့ကိုငေးစိုက်ကြည့်နေစဉ်မှာ ပဲ ရနေကျရနံ့ကလေးတစ်ခု သူ့နဘေးတွင်ဝေ့၀ဲ လာသည်။စန္ဒီရောက်လာပြီ..။


' သွားမယ်နော်'


နူတ်ဆက်ရင်းတစ်ဖက်သို့လှည့်ထွက်လိုက်တော့ သူ့ပါးပြင်တွင်ပူနွေးသောအထိအတွေ့နှင့်အတူ မျက်ရည်တစ်ချို့စီးဆင်းလာ၏။ နောက်သို့လှည့်မကြည့်ဖြစ်သလိုသုတ်ဖယ်ရန်လဲမကြိုးစားမိပါ။


သူ့လက်မောင်းကိုယုံကြည်စွာခိုတွဲထားသော စန္ဒီကတော့မိုးရေတွေဟုပဲထင်ပါလိမ့်မည်..။


ဝေဟံ


စာကြွင်း။ ။ ကျွန်တော် ခင်မင်ရသော ညီလေး ဝေဟန်ပိုင်ရဲ့ စာမူတွေကိုပြန်ဖတ်မိတဲ့အခါ ကာလအတော်ကြာတုန်းက သူ့ပရိသတ်ဖြစ်ခဲ့တာကို သတိရမိပါတယ်။ သူရေး သလို ငါလည်းရေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာတွေရေး ခံစားမိရင်းပေါ့။ အချစ်ဆိုတဲ့ ရသတစ်ခုကို ဖန်ဆင်းပြီး စာတစ်ပုဒ်ဖြစ်အောင်ရေးဖို့ဆိုတာ ကျွန်တော့် အတွက်မလွယ် ပါဘူး။ ဒါကြောင့် အချစ်ဝတ္ထုလို့ဆိုနိုင်မယ့် ကျွန်တော့်ကိုယ်ပိုင်စာမူတွေဟာ လက်ချိုးရေလို့ရပါတယ်။ အခုနောက်ပိုင်း အချစ်ဆိုတာကို သိပ်မခံစားရဲတော့တာကြောင့် အချစ်ဝတ္ထုသစ်များမရေးဖြစ်ရတော့ခြင်းပါ။ ကျွန်တော့် ဘလောခ့်မှာပြန်လည်တင်မယ်စိတ်ကူးရင် စာမူပိုင်ရှင် စာရေးသူကို ခွင့်တောင်းပြီးမှတင်တတ်ပါတယ်။ အခုတင် ထားတဲ့စာမူ သို့မဟုတ် ကျွန်တော့်ကိုယ်ပိုင် စာမူတွေကို တစ်ဆင့်ပြန်ဝေမျှချင်သူများ ညီလေးဝေဟံ ဆီခွင့်တောင်းလို့ပဲဖြစ်ဖြစ် ဘယ်ဘလော့ခ် ဘယ်ဆိုက်က ပြန်လည် ကူးယူခြင်းဆိုတာကို ဖော်ပြပေးပါလို့တောင်းဆိုလိုပါတယ်။ ဘာကြောင့်ဆို ကျွန်တော့်ဘလော့ခ်မှတစ်ဆင့် တဆင့်ပြန်လည်ကူးယူဖော်ပြနေ ခြင်းများကို မြင်တွေ့နေရခြင်း ကြောင့်ဖြစ်ပါတယ်။