Wednesday, August 24, 2011

I am Human Beings

ကျွန်တော့ခံယူချက်လေးကို ဆွေးနွေးကြည့်ချင်တယ်ဗျ
လိင်တူတွေကို လက်မခံဘူးဆိုတာကို ဖြစ်တတ်ပါတယ် ဒါကလည်းအပြစ်မဟုတ်ဘူးဗျ
လူတစ်ကိုယ်စိတ်တစ်မျိုးး ဝက်သားမကြိုက်တဲ့သူက
ဝက်သားကိုအပြစ်မြင်တတ်သလိုပေါ့
တကယ့် Real World မှာလည်း မိသားစုဝင်ချင်းတောင် စိတ်ဓာတ်
ခံယူချက်တွေမတူတာမို့ ဒီလိုခွဲခြားဆက်ဆံတာကိုလည်း အပြစ်ရယ်လို့တော့
မပြောလိုပါဘူး

ဒါပေမယ့်ထူးဆန်းတာက ရွံတယ်လို့ဆိုထားတာလေးတွေပါ အဲဒီလိုပြောတဲ့သူတွေက Gay
တွေထဲမှာမှ တော်တော်အဆင့်အတန်းမရှိတဲ့သူတွေကို မြင်ထားမိတယ်နဲ့တူပါတယ်
ဒီလိုလိင်တူလောကမှာ အားလုံးက အဆင့်အတန်းမမဲ့သလို အားလုံးသည်လည်း
အဆင့်အတန်းမရှိဘူးဆိုတာကိုတော့ ကျွန်တော်ဝန်ခံလျက်ပါ
ဒါပေမယ့် လူအများမြင်သာနေတာက (ဥပမာ - မြင်မကောင်းလောက်အောင်
ဖြတ်သွားသမျှလူကို စည်းရုံးဆွဲဆောင်နေတာတွေ၊ နောက်တစ်ခုက Sex အတွက်
ကိုယ့်မာန ကိုယ့်သိက္ခာကိုတောင် မထိန်းနိုင်ပဲ
အာသာငမ်းငမ်းတက်နေတာတွေပေါ့)
ဒါတွေကိုလူတွေအများဆုံးမြင်ရလေ့ရှိတယ်ပေါ့ဗျာ
အဲ အဲဒီထဲမှာမှမမြင်ရတာလေးတွေလည်းရှိပါတယ်
တကယ့်ကိုကျားကျားယျားယျားပုံစံနဲ့
လိင်တူချစ်သူတွေလည်းအများကြီးရှိနေပါတယ် နောက်ပြီးသူတို့ကလူသိနည်းတယ်
တစ်နည်းမထင်ရဘူးပေါ့
ဘာကြောင့်သူတို့ကအေးအေးဆေးဆေးနေသလဲဆိုတော့
လူတစ်ယောက်ရဲ့ကျင့်ဝတ်ကိုနားလည်ပြီး အဆင့်အတန်းရှိတဲ့သူတွေမို့လို့ပါ
မယုံမရှိပါနဲ့ အများကြီးရှိပါတယ်

နောက်ပြီး Bisexual သမားတွေလည်း၇ှိနေတတ်လို့
လိင်တူဆိုတာကြီးကိုလက်မခံတဲ့မိန်းကလေးတွေအနေနဲ့ ရင်လေးစရာကောင်းနေပါတယ်
ဒါမှမဟုတ် တစ်ချို့သောသူတွေက မိန်းကလေးတစ်ယောက်ကို For Show
ဆိုပြီးစိတ်မဝင်စားပဲတွဲပြနေတာတွေလည်းရှိတာပါပဲ
ဒီလိုနှမချင်းမစာနာရင်တော့ ကျွန်တော်တို့အနေနဲ့ အားမပေးပါဘူး
တစ်ဖက်ကမိန်းကလေးရဲ.အချစ်ကို စော်ကားရာရောက်နေပါတယ်၊

နောက်ပြီးတော့ လိင်တူချစ်သူတွေက
သနားစရာလူသားတွေလို့လည်းမသတ်မှတ်စေလိုပါဘူး ဘာကြောင့်လဲဆိုတော့
လိင်တူချစ်သူတော်တော်များများထဲမှာ ဆေး၊ နည်းပညာ၊ IT၊ Business နဲ့
အခြားသော လုပ်ငန်းနယ်ပယ်တွေမှာပါ
ထက်မြက်တဲ့သူတွေအနေနဲ့ရပ်တည်နေကြလို့ပါပဲ၊
မိဘအသိုင်းအဝိုင်းလည်းအဆင့်အတန်းမြင့်သူတွေတစ်ပုံကြီးပါလျက်ပါ

ပြီးတော့ မိန်းကလေးလို့ မိမိကိုယ်ကို ခံယူထားတဲ့သူနဲ့
ယောင်္ကျားလို့ခံယူထားးတဲ့သူတွေရယ်လို့လည်းရှိပါတယ်
ဒါကလည်းခံယူချက်ပါပဲဗျာ
လူပီသဖို့နဲ့ စာရိတ္တကောင်းဖို့ အရည်အချင်းထက်မြက်ဖို့ပဲလိုအပ်တယ်မဟုတ်လား

သုံးစားမရပဲပေတေနေတဲ့ Straight တစ်ယောက်နဲ့ တစ်ထောင့်တစ်နေရာမှာတော်နေတဲ့
လိင်တူချစ်သူတစ်ယောက်နဲ့ နှစ်ယောက်ထဲကတစ်ယောက်နဲ့
အလုပ်တွဲလုပ်ရမယ်ဆိုပါစို့ ဘယ်သူ့ကိုရွေးချယ်မလဲ

လိင်တူတွေမှာလည်း အဆင့်အတန်းတွေရှိပါတယ် ဒါပေမယ့်အဆင့်အတန်းမြင့်သူတွေက
ဘဝကိုအေးအေးလူလူဖြတ်သန်းနေတာကြောင့် လူတွေမြင်တာနည်းပြီး အခုလို
ရွံစရာတွေဖြစ်ကုန်တာတော့ မတတ်နိုင်ပါဘူး
နောက်တစ်ခုက အဆင့်အတန်းမြင်သူတွေမြင်လာအောင်
အဲဒီလူတွေကလူလုံးထွက်ပြဖို့လည်းမဖြစ်နိုင်ပါဘူး
ဒီလိုလူတွေအတွက် လိင်တူချစ်တယ်ဆိုတာ အထူးအဆန်းလည်းမဟုတ်သလို
သာမာန်လိင်ကွဲသမားတွေလိုပဲ အသားကျနေတဲ့ကိစ္စတစ်ခုမို့လို့ပါ
ဒါကြောင့် Sex ဆိုတာကြီးကိုလည်း Real World
မှာတမင်တကာကြီးမြင်အောင်လိုက်ကြည့်မနေကြတော့ပါဘူး အရေးလည်းမလုပ်တော့ပါဘူး

နောက်တစ်ခုကျွန်တော်ပြောချင်တာက တစ်ချို့သော Straight ဆိုတဲ့သူတွေက
လိင်တူချစ်သူတွေအကြောင်းရေးသားတဲ့ ရသစာပေ Blog တွေမှာ
ဆဲထားဆိုထားတာတွေကို မကြားဝံ့မနာသာတွေ့နေရပါတယ် ဒါပေမယ့် အောက်က
လိင်တူချစ်သူတွေက ပုံမှန်ပဲတုံ့ပြန်ထားပါတယ် အဲဒါ XMX ဆိုတဲ့ Social Site
တစ်ခုမှာတွေ့ခဲ့မိတာပါ
ဒီတော့ သဘောမကျရင်တောင် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မဆဲသင့်ဘူးလို့ထင်ပါတယ်
ရှေးမြန်မာအဆိုအရ .. အမိယုတ်က နှုတ်ကြမ်း၏ အဖယုတ်ကကိုယ်ကြမ်း၏ ဆိုသလိုပဲ
ကိုယ့်အဆင့်အတန်းကို ကိုယ်လှစ်ဟပြနေတယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်
ဒီလိုဆဲဆိုနေတဲ့သူက Straight ပါလို့ပြောလာတဲ့အခါမှာ တော်တော်လေးကို
အံ့သြစရာကောင်းနေပါတယ်
တစ်ချို့က ယောင်္ကျားလေးဆိုတော့ဆဲမှာပဲဆိုတဲ့ comment
ကိုလည်းရေးထားပါတယ်.... ယောင်္ကျားလေးဆဲတာ Fashion တစ်ခုမဟုတ်သလို
ဖြစ်သင့်တဲ့ကိစ္စတစ်ခုလည်းမဟုတ်ပါဘူး
ယဉ်ကျေးမှုအရ မသင့်တော်ပါဘူး
လိင်တူချစ်သူနှစ်ယောက်လမ်းပေါ်မှာတွဲသွားတာ မြင်လို့ကောင်းပေမယ့်
ယောင်္ကျားနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဆဲနေရင်တော့
အများကကဲ့ရဲ.ဖွယ်ရာဖြစ်တော့မှာပါ
သိုပပေမင့် ဒီလိုလူကြားအရှောင်သူကြားမရှောင်
ငါနဲ့ကိုင်တုပ်ပြီးဆဲတာကိုတော့
ယဉ်ကျေးမှုနဲ့မကိုက်ညီပါလို့အထူးတလည်မပြောကြပဲ ဒီလို လိင်စိတ်ခံယူချက်ကို
တစေ့တစောင်းလေ့လာပြောဆိုမှုတွေ ပုတ်ခတ်စော်ကားမှုတွေတော့မရှိသင့်ဖူးလို့ပဲ
ထင်ပါတယ်
တကယ်တော့ သေးသေးလေးနဲ့ ကြီးကြီးပဲကွာတာပါ ယဉ်ကျေးမှုထုံးတမ်းကိုက
ဆန့်ကျင်တာအတူတူပါပဲ
ကျွန်တော်တို့ရဲ့ လက်တွေလောကကြီးမှာ ကျွန်တော်ပြောခဲ့သလို
သေးသေးလေးတွေလွဲမှားနေတာတွေရှိပါတယ် မြင်တတ်ကြပါစေ
ခုနကလို ပါးစပ်က အဆင့်အတန်းမရှိတဲ့ဆောက်ခြောက်ဆိုတဲ့ စကားလို
ဝါကျတိုလေးတစ်ကြောင်းနဲ့တင် သူပညာရှိဟုတ်သလား
ပညာမရှိတဲ့လူတန်းစားလာဆိုတာကို သိသာစေလို့နောက်တစ်ခါ
လိင်တူချစ်သူတွေကိုစော်ကားတော့မယ်ဆိုရင် ယဉ်ကျေးတဲ့စကားလုံးသုံးပြီး
ပညာရှိဟန်တော့ ဆောင်သင့်ပါတယ်
ဒါမှလည်း ဖတ်မိရှုမိတဲ့ အများပြည်သူမျက်စိမှာ ပသာဒဖြစ်မှာပါ
ဒါကျွန်တော်က သည်ဝါကျကိုပဲ ဥပမာပေးတာပါ နောက်ထပ် နှမသားချင်းမှ
အတူတူဖတ်လို့မသင့်တော်တဲ့ စကားတွေပြောထားတာလည်းတွေ့ပါတယ်
ဒီစာကို ဖတ်နေကြတဲ့ထဲမှာ ခုနကလိုမျိုး လိင်တူချစ်သူတွေကို
ဆဲချင်ဆိုချင်နေတဲ့သူတွေများရှိတယ်ဆိုရင် မဆဲပါနဲ့လိုပဲ မေတ္တာရပ်ခံပါရစေ
ကျွန်တော်တို့မှာ သည်စကားလုံးတွေကိုဖတ်ရှုဖို့အတွက်
အဆင့်အတန်းမကိုက်ညီလို့ပါ ဒါကြောင့်ဆဲထားလဲအရာရောက်မှာမဟုတ်ပါဘူး

တကယ်တော့ အားလုံးဟာကိုယ့်နယ်ပယ်နဲ့ကိုယ်
အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေကြတာပါ
ဒါပေမယ့်နယ်ပယ်ဖြင်းလက်တွဲပူပေါင်းဆောင်ရွက်ရမယ့် အခြေအနေမှာ
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိနိုင်ဘူးဆိုရင်
ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး

နောက်တစ်ခုက လိင်တူချစ်သူတွေကို တောင်းဆိုအကြံပြုပါရစေ
ကျွန်တော်တို့တွေက အသနားခံရမယ့်လူစားမျိုးတွေမဟုတ်ပါဘူး
သူတောင်းစားလဲမဟုတ်သလို လူဖြစ်ရှုံးနေတဲ့သူတွေမဟုတ်ပါဘူး
တော်တဲ့သူတွေ တတ်တဲ့သူတွေ ထက်မြက်ကြတဲ့သူတွေပါ
အဆင့်အတန်း၇ှိစွာမွေးဖွားလာကြပြီး ဘဝကိုလည်းအဆင့်အတန်းရှိစွာနဲ့
ရပ်တည်ရမှာဖြစ်ပါတယ်
သူလက်သီးတစ်ချက်ထိုးရင် ကိုယ်နားရင်းတစ်ချက်အုပ်နိုင်လောက်တဲ့အထိ
တန်းတူဖြစ်နေအောင် သာနေအောင် ကြိုးစားဖို့လိုပါတယ်
ဒါကြောင့် သိက္ခာမဲ့တဲ့လုပ်ရပ်တွေကို
အတတ်နိုင်ဆုံးရှောင်ရှားဖို့လည်းအလွန်လိုအပ်ပါတယ်
တစ်ဦးနဲ့တစ်ဦးလည်းသစ္စာရှိဖို့လိုအပ်ပါတယ်

Straight တစ်ယောက်ရဲ့ခံယူချက်ကို လေးစားနားလည်သလို Homosexual
တစ်ယောက်ရဲ.ဘဝကိုလည်း လက်ခံနားလည်ပေးနိုင်တဲ့ ကျွန်တော်ဟာလူသားစစ်စစ်ပါ
သင်သည်အများအမြင်အရ ယောင်္ကျားစစ်ချင်မှစစ်မည်၊ မိန်းမစစ်ချင်မှစစ်မည်၊
ယောင်္ကျားစစ်စစ်လည်းဖြစ်မည်၊ မိန်းမစစ်စစ်လည်းဖြစ်နိုင်သည်
သိုသော်
သင်သည်
နွေးထွေးသော၊ ကြင်နာတတ်သော၊ စိတ်ထားမွန်မြတ်သော ...........
လူသားစစ်စစ်ဖြစ်ပြီလား ?

အားလုံးကိုလေးစားပါလျက်
နားလည်ရန်ခက်ခဲနေသေးသူများ အချိန်အတိုင်းအတာတစ်ခုအတွင်း နားလည်ပေးနိုင်ပါစေ

by မီး နတ် on Wednesday, August 24, 2011 at 4:26am at www.facebook.com

3 comments:

Ko Lu Phyu Chaw said...

အင်မတန်မှ ကောင်းမွန်သော ပို့စ်လေးအတွက် ကျေးဇူးပါ။

amway said...

သိပ်ကောင်းပါတယ် ။

Jeremy said...

သိပ်ကောင်းပါတယ်။